(11)
တုံ က ချီဟန် ပြန်သွားပြီး နောက်မိနစ် အနည်းငယ် အကြာမှာပဲ တဲရှိရာ ဆီကို အမြန်ပြန်လာခဲ့တယ်။ သူတဲဆီ အမြန်ပြန်လာတော့ ချီဟန်ကို မတွေ့ရပါပေ။ ချီဟန်ရဲ့ ကြိုးစားမှုကြောင့် သူက သာ မျိူးနွယ်စု ထဲမှာ နေရာကောင်း မျက်နှာကောင်း ရလာတာ မလို့ သူ့မိတ်ဖက်လေး ကို တွေ့ဖို့ တုံ အရမ်းကို စိတ်အား ထက်သန်နေခဲ့ပါတယ်။
သူ့တဲ ထဲမှာ ချီဟန် မရှိနေတော့ သူက ဟုန်ယွင်တဲမှာ များရောက်နေသလား ဆိုပြီး သွားရှာတော့ လည်း မတွေ့ခဲ့ပါပေ။ ဒါကြောင့် အကြောက်တရားတွေ က တုံ ရဲ့ ခေါင်းထဲမှာ ရေတွေလို ပြင်းထန်စွာ ပြည့်လျံ လာခဲ့ပါတယ်။
'' ဝေါင်း... ဝေါင်း ချီဟန်... ''
တုံ က သားရဲ ပုံကိုပြောင်းလိုက်ကာ ထိုနည်းလမ်းနဲ့ ချီဟန်ကို ရှာဖို့ လုပ်လိုက်တယ်။ ပြီးတော့ ချီဟန် ထွက်သွားတဲ့ လမ်းတစ်လျောက် အနံ့ကို စတင်ပြီး လိုက်ခံ ကာ ရှာတော့တယ်။ တုံ ကိုတွေ့တော့ ဟုန်ယွင်က အတော်လေး စိတ်ရှုပ်ထွေး သွားပြီးတော့ နှစ်သိမ့် လိုက်တယ်။
'' စိတ် သိပ်မပူပါနဲ့။ လမ်းတစ်ဝက်မှာ သားရဲတစ်ဝက်တွေက သူ့ကို ပြန်ဆွဲခေါ်သွားတာ ဖြစ်မှာပါ။ မျိူးနွယ်စု အလယ် ကနေ ပြန်တဲ့ လမ်းက တစ်လမ်းပဲ ရှိတာပါ။ မင်း သူ့ကို ဆုံးရှုံးမှာ မဟုတ် ပါဘူး။ ''
သူ့ပါးစပ်ကသာ တစ်ဖက်လူကို နှစ်သိမ့်ပေး နေပေမယ့် ဒါက မဖြစ်နိုင်ဘူး ဆိုတာကို သူသိတယ်။ ချီဟန်က သူကလွဲရင် တစ်ခြားလူနဲ့ ဆက်ဆံရေး မရှိတဲ့ တဲအပြင်မထွက်တက်သူ ဆိုတာ ဟုန်ယွင် သိတယ်။
ဘယ်သူ က သူ့ကို ခေါ်သွားတာလဲ?
မျိုးနွယ်စု ထဲက လမ်းတွေက အရမ်းကို လုံခြုံတယ်လို့ပြောတယ် မလား??
အဲ့မှာလည်း သားရဲမရှိ....!????
သူက မြန်မြန်သွားကာ သူ့မိတ်ဖက် သားရဲထီး လျောင် ကို သွားပြီးတော့ တုံနဲ့ လိုက်သွား ပေးဖို့ ပြောလိုက်တယ်။
အရင်တစ်ခေါက်က တိုကျူ မူးလဲ နေတုံးကလဲ ဘယ်သူကမှ သူ့ကို ရှာလို့မတွေ့ခဲ့ဘူးလေ။
တုံ က အမြန်ပြန်ပြေး လာပြီး လမ်းတစ်လျောက် တစ်ရှုံ့ရှုံ့ နဲ့ အနံ့ခံကာ ချီဟန်ရဲ့ အနံ့ပျောက်သွားတဲ့ နေရာကို ရောက်လာခဲ့လေတယ်။ ချီဟန်က အလိုရမ္မက်ကြီးတဲ့ အနံ့ကို ရလိုက်တယ်။ သူတို့ မျိုးနွယ်ထဲမှာ စုန့်က အလိုရမ္မက်ကြီးတဲ့ သူမှန်း အကုန်သိကြလေတယ်။ ဒါကြောင့် အဝေးမှာ ရှိတဲ့ စုန့်ရဲ့ တဲဆီကို တုံ အသားကုန်ပြေး ပါတော့တယ်။
အကွာအဝေးတစ်ခု ကနေတောင် တောထဲက မြက်တွေရဲ့ မူမမှန်တဲ့ လှုပ်ရှားမှု ကို တုံ မြင်နေရလေတယ်။
တုံ လည်း စုန့်နားကို ရောက်လာတော့ သူဟာ ချီဟန်ကို ဖိထားပြီး ပါးစပ်ပိတ်ထားကာ သူ့ပါးစပ်ကြီးနဲ့ နေရာအနှံ့ လိုက်နမ်းနေပြီးတော့ ကျန်လက်တစ်ဖက်က ချီဟန်ရဲ့ အတွင်းခံထဲ ရောက်နေတာကို တွေ့လိုက်ရတယ်။
တုံ တစ်ယောက် သူ့ရဲ့ သွေးတွေက ခြေမကနေ ခေါင်းအထိ ဆောင့်တိုးသွား သလို ခံစားရကာ ဟိန်းသံ ပေးပြီး တစ်ဟုန်ထိုး ပြေးသွားလေတယ်။
စုန့် က အောင်မြင်တော့မှာ ပဲ ဖြစ်လေတယ်။ သူ့ သားရဲထီးညီလေးက လည်း နူးညံ့တဲ့ ကိုယ်လုံးလေးကြောင့် အတော်လေး လိုချင်စိတ် ပြင်းပြနေခဲ့တယ်။ သူက သူ့ရဲ့ သတိကို လျော့ချလိုက်ရုံပဲ ရှိသေးတယ် တုံ ရဲ့ လက်ဝါးနဲ့ ရိုက်ခြင်းခံ လိုက် ရပြီး မရပ်တန့်ခင် အကြိမ်အနည်းငယ်လောက် လှိမ့်သွားလေတယ်။
သူက အခုထိ လူသား ပုံ ပဲ ဖြစ်နေသေးတာကြောင့် အချိန်တိုလေး အတွင်းမှာ ဘာမှပြန်မလုပ်နိုင် ခဲ့တာပဲ ဖြစ်လေတယ်။ လွင့်သွားမှုကြောင့် သူ့မျက်နှာနဲ့ ကိုယ်က မြေကြီးကို ပွတ်တိုက် သွားကာ ပွန်းပဲ့တာတွေ ဖြစ်ခဲ့တယ်။
စုန့်ခယ် က ဒေါသတကြီးနဲ့ သားရဲ ပုံပြောင်းကာ ရွမ်တုံ ဘေးနားကို ပတ်ပတ်လည် လျောက်နေခဲ့တယ်။ လျောင် ကလည်း အနောက်ကနေ လိုက်လာခဲ့တယ်။ သူက ချီဟန်ရဲ့ လျော့ရဲနေတဲ့ အဝတ်အစားတွေကို မြင်လိုက်ရတော့ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို သူချက်ချင်းပဲ သဘောပေါက် သွားလေတယ်။ ဒါကြောင့် လျောင်က သူ့အဝတ်တစ်ခုကို အမြန်ထုတ်ကာ ချီဟန်ကို ခြုံပေးလိုက်လေတယ်။ ပြီးတော့ အမြန်ထူမ ပေးလိုက်တယ်။
ချီဟန်က ထပ်ပြီး ရှက်ရွံဒေါသ ထွက်စွာပြီးတော့ တုံ ရဲ့ဘက်ကနေ စိတ်ရှုပ်ထွေးမှုကိုတောင် သူ ခံစားမိ လေတယ်။ သူက စုန့်ကို သေအောင် မုန်းပေမယ့် သားရဲ ပုံက တုံ ထက်အနည်းဆုံး တစ်မီတာ ခွဲလောက်ကို ကြီးနေတာ တွေ့လိုက်ရတယ်။ ပြီးတော့ ကိုယ်အရွယ်အစား ကွာဟ ချက်ကလည်း များတော့ သူ မနေနိုင်ပဲ တုံ အတွက် စိုးရိမ်မိလေတယ်။
အတိုင်းစ မဲ့ ကျလာတဲ့ မျက်ရည်တွေကို လက်နှစ်ဖက်နဲ့ လျင်မြန်စွာ သုတ်ရင်း တုံ ရဲ့ ပုံရိပ်ကို ကြည့်ဖို့ ကြိုးစား နေခဲ့တယ်။ သားရဲ နှစ်ကောင်က လုံးထွေး သက်ပုတ်နေကြလေတယ်။ နောက်တော့ တုံ ရဲ့ ခေါင်းမှာ သွေးတွေ စီးကျ လာလေတယ်။ ဒါက သေချာပေါက် စုန့် က တိုက်ခိုက်ခဲ့တာပေါ့။
စုန့် က တုံ ထက် အရပ်ပိုရှည်ပေမယ့် တုံလောက်တော့ အမဲကို ခက်ခဲစွာ မလိုက်ခဲ့ရပေ။ ဒါကြောင့် သူက ဒဏ်ရာ ရအောင်ပဲ လုပ်နိုင်ပြီးတော့ တုံ ကို သေအောင် မသတ် နိုင်ပေ။ ဒါပေမယ့် သူ့ကိုယ်ပေါ်က ဒဏ်ရာတွေက နက်သထက် နက်လာတာကို တွေ့တော့ တုံက သူ့ကို သတ်ချင်နေပြီ မှန်း သိလိုက်ရကာ သူက ပိုပြီးတော့ အားစိုက်ထုတ်လာခဲ့တယ်။
တုံ က ရန်သူကို သတ်နိုင်ဖို့ သူ့ကိုယ်သူလည် အနာခံ မယ်ဆိုတဲ့ ပုံမျိူးနဲ့ တိုက်နေတာကို တွေ့တာကြောင့် ချီဟန်က မျက်ရည်တောင် ဆက်မကျ နိုင်တော့ပဲ စိတ်သောက ရောက်စွာ အော်ဟစ်လိုက်လေတယ်။
'' မလုပ်ပါနဲ့! ရပ်လိုက်ပါတော့! မလုပ်ပါနဲ့တော့ မတိုက်ခိုက်ပါနဲ့တော့ မလုပ်နဲ့တော့လို့ ငါတောင်းဆို ပါတယ် !!... ''
ဒါပေမယ့် တုံ က မကြားသလို ပဲ ဟန်ဆောင်လိုက်တယ်။ သားရဲထီး ၂ ကောင်လုံး က သွေးတွေနဲ့ စိုရွဲနေပြီးတော့ ချီဟန်ရဲ့ မျက်နှာပေါ်ကို တစ်ခါတစ်ရံ တစ်စက် နှစ်စက် လာစင်လေတယ်။ ထိုသွေးတွေက ဘယ်သူ့ရဲ့ သွေးတွေမှန်းတောင် ချီဟန် မသိတော့ပေ။
'' တုံ...... !''
ချီဟန်က ဝမ်းနည်းပန်းနည်းနဲ့ အလွန်ငိုကြွေးကာ အော်တော့တယ်။
'' ထပ်ပြီး မတိုက်ပါနဲ့တော့! ကျေးဇူးပြုပြီး! ငါ မင်းကို အဆုံးရှုံး မခံ နိုင်ဘူး..... ''
လျောင် ကလည်း စိတ်သောက ရောက်နေလေတယ်။ ဘေးကနေ ထို နှစ်ကောင်ကို ခွဲနိုင်ဖို့ ဝင်ပြီး ခွဲပေမယ့် အချိန်ကြာလာတော့ သူပါ ဒဏ်ရာ ရလာလေတယ်။ လျောင်ရဲ့ သားရဲ ပုံ က ထို နှစ်ယောက်ထက် ပိုသေးလေတယ်။
သူ့မျက်နှာကို ထိကြည့်တော့ သွေးတွေက စင်ပေ လာခဲ့တယ်။ ထိုနှစ်ကောင်ဟာ မောတဲ့ အထိ သွေးထွက်လွန်ပြီး ဖျော့တော့ တဲ့အထိ ဖြစ်မှ ရပ်သွားကြလေတယ်။
သူလှဲလျောင်းနေတာ အချိန်ဘယ်လောက် ကြာသွားပြီလဲ ဆိုတာကို မသိတော့ပေ။ တုံ က ချီဟန်ရဲ့ အသံကို ရှင်းရှင်းလင်းလင်း ကြားရတာကြောင့် သူ့ရဲ့ မျက်လုံးကို အားအင်တွေ အများကြီး သုံးကာ ဖွင့်လိုက်တယ်။
သူနဲ့ ချီဟန်က သူတို့ တဲ ထဲမှာ ရောက်နေတာ ကို တွေ့လိုက်ရတယ် ။ သူက ထဖို့ရာ အတွက် မရုန်းကန်ခဲ့ပေ။ သူက ချီဟန်ရဲ့ အနီရောင် မျက်လုံးလေးကို မြင်တော့ သူ့ရဲ့လက်တွေကို မြောက်လိုက်လေတယ်။ သူ့ရဲ့ ကျန်သမျှ အားအင်တွေကို သုံးပြီးနောက် ချီဟန်ရဲ့ ဆံပင်လေးကို ပွတ်ပေးကာ စကားပြောခြင်ပေမယ့် ဘယ်ကနေ စပြောရမလဲ မသိတော့ပါပေ။ အချိန်ခဏလောက် နေပြီးတော့မှ သူက အသံ တိုးတိုးလေး နဲ့ ပြောလာခဲ့တယ်။
'' တောင်းပန်ပါတယ် ''
သူ့မိဘတွေ သေသွားပြီး ကတည်းက ထိုနှစ်တွေက စပြီးတော့ သူမငိုခဲ့ပါပေ။ ဒါပေမယ့် အခုတော့ မျက်ရည်တွေက ထိန်းမနိုင်စွာ ကျလာကာ စိတ်ထဲမှာ ခံစားချက်တွေ ပြည့်နှက်လာပြီးတော့ သူ့ကိုယ်သူ ရှက်လာခဲ့တယ်။
တကယ်လို့ သူသာ အားမနည်းခဲ့ရင် စုန့်ဆို တဲ့ကောင်က ချီဟန်ကို ဒီလိုမျိုး မရိုးမသားတာ လုပ်ရဲမှာ မဟုတ်လေဘူး!
သူနိုးလာတာ ကို တွေ့တော့ ချီဟန်က လက်တွေကို ပျော်ရွင်စွာ ဝှေ့ယမ်းပြီး ပြောလာတယ်။
'' မင်း တောင်းပန် ပါတယ်လို့ မပြောနဲ့! မင်းက အကောင်းဆုံးပဲ ! မင်းနိုးလာတာ အကောင်း ဆုံးပဲ! ! ''
သူမနေနိုင်ပဲ တစ်ခုခု မှားနေတာကို ခံစားမိလေတယ်။
'' မင်း ဘာလို့ ဒီလောက်တောင် သတိမထားပဲ လုပ်တက်နေရတာလဲ။ တကယ်လို့ မင်းသာ သေဆုံးခဲ့ရင် ငါက ဘယ်လို ဆက်လုပ်ရမှာလဲ! ''
တုံ ကို ကိုင်ထားတဲ့ လက်အစုံက ခပ်ပါးပါးလေး တုန်ရီနေတာကို ခံစားရပြီးတော့ တုံ က ထကာ နှစ်သိမ့်ပေးလိုက် ချင်ပေမယ့် သူ မထနိုင်ခဲ့ပေ။ ဒါကြောင့် စိတ်သောက ရောက်စွာနဲ့ ပြောလိုက်တယ်။
'' မငိုပါနဲ့ ၊ မငိုပါနဲ့။ ဒါတွေ အကုန်လုံး က ငါ့အမှားတွေပါ။ နောက်အခါ ပိုသန်မာလာအောင် ငါကြိုးစား ပါ့မယ်။ အနာဂတ်မှာ ငါ မင်းကို ကာကွယ်ပေးပါ့မယ်။ ဘယ်သူကမှ မင်းကို အနိုင် မကျင့်စေ ရပါဘူး ။ ''
တုံ က စုန့်ကို အရမ်းမုန်းသွားတယ်။ မနေ့က မြင်ကွင်းကို သူပြန်သတိရ မိတာနဲ့ သူက စုန့်ရဲ့ အရွက်တွေကို ဖြဲ ပြီး အသွေးတွေကို သောက်ပစ်ချင်စိတ်တွေ ပေါ်လာတယ်။ ချီဟန်က သူ့ရဲ့ စိတ်ခံစားချက်တွေကို ထပ်ပြီး မလွတ်ပေးရဲတော့ပေ။ သူက မျက်ရည်တွေ မကျအောင် ထိန်းကာ ကောင်းမွန်စွာ ပြောလိုက်တယ်။
'' ငါက အဆင်ပြေပါတယ်။ မင်းက တကယ်ကို အချိန်မှီ ရောက်လာတာ။ သူက ဘာအကျိုးအမြတ်မှ မရသွားပါဘူး။ စိတ်မတိုနေနဲ့တော့နော်။ ခေါင်းဆောင် က သူ့ကို အပြစ်ပေးနေပြီ။ မင်းဒဏ်ရာတွေကိုသာ သေချာကုသတော့နော် ''
ချီဟန်ရဲ့ စိတ်ထဲမှာတော့ ခေါင်းဆောင်က တစ်ကိုယ်ကောင်း သမားဆိုတာကို သိလေတယ်။ သူက စုန့်ကို တစ်လပဲ အကျဥ်းချ ကာ အပြင်ထွက်ခွင့် မပြုခဲ့တာလေးပဲ လုပ်ခဲ့တာ။ တကယ်လို့ ဒဏ်ရာ အများကြီး ရခဲ့ရင်တောင်မှ ကောင်းစွာ ကုသပေးခံ ရအုံးမယ်။ ဒါက မျိုးနွယ်စု စုန်းမရဲ့ သားဖြစ်နေတာ ကြောင့်ပဲ ဖြစ်တယ်။
သူက ဒီမျိုးနွယ်မှာ ထပ်ပြီးတော့ မရှိချင်တော့ပေ။ ပြီးတော့ မျိုးနွယ်စုထဲက အဆင့်မြင့်တဲ့ ရာထူးရှိတဲ့ သူတွေကိုလည်း သူမကျေနပ်ပါချေ။ တကယ်လို့ နတ်ဘုရားတွေရဲ့ ကိုးကွယ်မှု စည်းမျဥ်းကြောင့်သာ မဟုတ်ခံရင် သူတို့က လူတစ်ယောက်ကိုတောင် အလွယ်တကူ သတ်ပစ် နိုင်လိမ့်မယ်။
တုံ က သန်မာလာအောင် လုပ်ချင်ပေမယ့် ထိုမတိုင်ခင် ဆောင်းရာသီကို အရင် လုံခြုံအောင် ဖြတ်ကျော်ကအုံးမယ်။ အဲ့တာကို တွေးမိတာနဲ့ တုံက ဆက်ပြီး မလှဲနေနိုင်တော့ပဲ ရုန်းထကာ ပြောလိုက်တယ်။
'' ငါ မိကျောင်းတွေကို အမဲ လိုက်ရအုံးမယ် ''
'' ပြန်လှဲနေ မလှုပ်နဲ့! ''
ချီဟန်က တုံ ကို ပြန်ဖိချလိုက်တယ်။
'' စိတ်ပူမနေနဲ့။ လျောင် က ငါ့ကို ပြောထားတာ ရှိတယ်။ ငါက သူတို့ကို အမဲလိုက်နည်း ပေးခဲ့လို့ မျိူးနွယ်စု သားတွေက သူတို့ သဘောထားကို ပြတဲ့ အနေနဲ့ ဖမ်းလို့ ရလာတဲ့ ထဲ က ဝေစုတွေ ပေးမယ်တဲ့လေ။ မင်းစိတ်အေးလက်အေး အနားယူလို့ရပါတယ်''
တုံ က တကယ်ကြီး မထနိုင်တာကြောင့် သူလည်း ထဖို့ကို ရုန်းကန်မနေတော့ပေ။ သူက ပြန်လှဲ ချနေကာ ချီဟန်က သူ့ကို အသားမီးကင် နဲ့ စွပ်ပြုတ် တစ်ချို့ တိုက်ခွင့်ပေး ထားလိုက်တယ်။
သူတို့ အတူ နေကတည်းက တုံက ပဲ ချက်ပြုတ်ပေးပြီး ချီဟန်ကို ဘာမှ မခိုင်းခဲ့ပေ။ ဒီနေ့တော့ ချီဟန် ချက်တာပဲ ဖြစ်တယ်။ ဒီနေ့ စွပ်ပြုတ်က အရသာရှိပြီး မွှေးနေတော့ ဘာပါဝင်ပစ္စည်း ထည့်ထားမှန်း မခန့်မှန်း တက်တာကြောင့် တုံ က မေးလိုက်တယ်။
'' ဒါက ဘယ်လို စွပ်ပြုတ်မျိုးလဲ ။ ငါ ဒီလိုမျိုး အရင်က မသောက်ဘူးပါဘူး။ ဒါက မိကျောင်း စွပ်ပြုတ်လား။ အရမ်း အရသာ ရှိတာပဲ! ''
ချီဟန်က ပြုံးကာ ပြောလိုက်တယ်။
'' ဒါက အရိုးစွပ်ပြုတ်လေ။ မင်းတို့ မျိုးနွယ်စုက လူတွေက အသားပဲ စားကြတာလေ။ ဘယ်သူကမှ မိကျောင်းရဲ့ အရေခွံနဲ့ အရိုးကို မလိုချင်ကြဘူးလေ။ ဒါကြောင့် ငါက ကောင်းတဲ့ ဟာတွေ ယူလာခဲ့တယ်။ ငါ့မျိုးနွယ်စုက လူတွေက အရိုးစွပ်ပြုတ် ကို လူတိုင်းသောက်တယ်။ ပြီးတော့ဒါက မင်းရဲ့ ကျန်းမာရေးကို အထောက်အကူ ပြုတယ်။ ဒါတွေက လူတွေကို ပိုအရပ်ရှည်ပြီး သန်မာအောင် လုပ်ပေးနိုင် တယ်။ ''
တုံ က မိကျောင်းရဲ့ အရိုးက ဒီလို အာနိသင်မျိူး ရှိနေတာကို ကြားလိုက် ရတော့ သူက အများကြီး သောက်လိုက်လေတယ်။ သူက သားကောင်တွေရဲ့ အရိုးတိုင်းတော့ ပြုတ်သောက်လို့ ရမှန်း မသိခဲ့ပေ။ သူက ဒီလိုမျိုး အရင်က မကြားခဲ့ဘူးပေ။ သူတို့တွေက အသားကိုပဲ ကင်စားကြတာလေ။
အခုတော့ မိကျောင်းရိုးကသာ ဒီလိုကောင်းတယ်လို့ တုံ တွေးမိလေတယ်။ ထိုဟာရဲ့ အကျိူးအာနိသင်ကို သိလိုက်ရတော့ ပိုပြီး အရပ်ရှည်ကာ သန်မာချင်တဲ့ တုံ အတွက် ယုံကြည်ချက်တွေ ပိုရှိလာကာ သူ့ရဲ့ သားရဲတစ်ဝက်လေး က အရာရာကို သိနေတော့တာ ဆိုပြီးတော့စိတ်ထဲမှာ ပျော်ရွှင် မိလေတယ်။
ဒါက အရမ်းကောင်းတာပဲ။
ချီဟန်က တုံရဲ့ ဘေးမှာ ယဲ့ယဲ့လေး ထိုင်လိုက်တယ်။ ဒီနှစ်ရက်မှာ သူအတော် မောပန်းခဲ့ရတယ်။ သူက ဒီလို ကိစ္စကြိးမျိုး က ဒီလောက် ရိုးရှင်းရဲ့ ကမ္ဘာမှာ ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ပါချေ။
တုံ က သူ့ကို ကြည့်ပြီးတော့ သူ့ရဲ့ စိတ်ထဲနာကျင် သွားကာ သူကျိန်ဆိုလိုက်တယ်။
ဒါက သူတစ်ယောက်ထဲ ပိုင်တဲ့ သားရဲတစ်ဝက်လေးပဲ။
အခုက စပြီးတော့ အရင်ကထက် ပိုကောင်းမွန်စွာ ဆက်ဆံမယ်။
ပြီးတော့ အနည်းမျှတောင် မခံစားရစေဘူး။
သူ့ကို ဘယ်လို မကျေနပ်ချက် မျိုးမှ မရှိစေရဘူး။
ဘယ်တစ်ယောက်မှ သူ့မိတ်ဖက်လေး ကို သူ့ဆီကနေ ဆွဲခေါ် သွားလို့ မရစေရဘူး ။
.......
[ တစ်သျှူး အနည်းငယ်ဆောင်ထား ကြပါ]