(5. 1)
ချီဟန် တစ်ယောက် ဒီလိုအရသာ ရှိတဲ့ အစားအသောက်ကို မစားရတာ အတော်ကြာပြီပဲ ဖြစ်လေတယ်။ နူးညံ့ချိုမြိန်လှတဲ့ ခရမ်းနုရောင် အမြစ်ပြုတ်လေးကို အနည်းငယ် စားပြီးတာနဲ့ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေ ကျလာခဲ့တယ်။
တကယ်ကြီး ငိုချင်နေခဲ့တာ ပဲ ဖြစ်လေတယ်။ ဒီလို သရဲလို နေရာကြီးကို ရောက်လာခဲ့တဲ့အချိန် တုံးကဆို အကြိမ် ၁၀၀၀ လောက်ကို အော်ငိုပစ်ချင်ခဲ့တာ။
အသားကတော့ ကိုက်စားလို့ မရဆဲပဲ။ ဒါကြောင့် ချီဟန်က ပါးစပ်ထဲမှာ ဝါးနေလိုက်လေတယ်။ ကြီးမားလှတဲ့ ခရမ်းရောင်ကန်စွမ်းဥ ပြုတ် နဲ့ အသားတုံးလေးတွေ ပါတဲ့ စွပ်ပြုတ်ခွက်ကြီးဟာ အချိန်ခဏ အတွင်းမှာပဲ အောက်ခြေကိုတောင် မြင်လာရလေတယ်။ ပြီးတော့ လက်ကျန် စွပ်ပြုတ်ရည်လေး တွေကို အကုန်မော့သောက် လိုက်လေတယ်။
''ဟမ်း...ဒါက အရမ်း သက်တောင့် သက်သာ ဖြစ်တာပဲ ''
သူဗိုက်ပြည့်နေပြီ ဖြစ်တာကြောင့် ဆက်စားရင် အစာအိမ်က လက်မခံ နိုင်တော့မှာ စိုးရိမ်တာ မလို့ နောက်တစ်ပန်းကန် လောက် သောက်ချင်တဲ့ လောဘ စိတ်လေးကို ထိန်းချုပ်လိုက်ရတယ်။
သူက ဇွန်းနဲ့ ပန်းကန်လေးကို ချကာ သူရဲ့ ဗိုက်လေးကို ပုတ်ပြပြီး ဝ သွားပြီ ဆိုတာကို ပြောပြနေခဲ့တယ်။ ဟုန်ယွင်က လည်း သူ့ဗိုက်လေးကို ကိုင်ကြည့်ပြီးတော့မှ ချီဟန်တကယ် ဗိုက်ပြည့် သွားပြီ ဆိုတာ ကို သိလိုက်ရတယ်။ ပြီးတော့မှ အခုလေးတင် ချီဟန်သောက်ထားတဲ့ ခွက်နဲ့ ဇွန်းကို ယူပြီး သူ့အတွက် စွပ်ပြုတ်ထည့်ကာ သောက်လေတယ်။
ချီဟန်က ကြောင်အ သွားတယ်။
ဘာလဲ ဒီနေရာမှာ ဇွန်းနဲ့ ပန်းကန် တစ်စုံပဲ ရှိတာလား?
ဒါကို တောင်မှ ထိုအလှလေးက သူ့ကို အရင်စားခိုင်း တာလား? ?
ချီဟန်က ရှက်သွေးဖြာ သွားတယ်။
သူ.... သူ ဒီဟာတွေ ကိုတောင် မဆေးပေး လိုက်ရဘူးလေ!
တဲလေး က သေးငယ်တာကြောင့် ချီဟန်က သူ့ရဲ့ ခြေတွေ လက်တွေကို ဘယ်နား ထားရမလဲ ဆိုတာကို မသိတော့ပါချေ။ ဟုန်ယွင် ကလည်း စွပ်ပြုတ်သောက် ပြီးတာနဲ့ သားရေ အပိုင်းအစ နှစ်ခု ထုတ်ပေးကာ ချီဟန်ဆီကို ကမ်းပေးလိုက်တယ်။
ဟုန်ယွင်က သူ့ဘေးမှာ လဲကာ အနားယူချိန်မှာတော့ ချီဟန်တစ်ယောက် ဆက်သွယ်ပြောဆို ဖို့ မလွယ်ကူဘူးလို့ ခံစား ခဲ့ရတယ်။
သူက စွတ်ပြုတ် တစ်ခွက်လေး သောက်ပြီးတာနဲ့ တင် ချွေးတွေ အရမ်းထွက်လာ ခဲ့လေတယ်။ သူ သစ်ပင်ကြီးပေါ် ရောက်တဲ့ ရက်အနည်းငယ် လောက် ကတည်းက ရေချိူးချင် နေတာ ပဲ ဖြစ်လေတယ်။
ချီဟန်က ဟုန်ယွင်ကို ဆုပ်ကိုင်ကာ သူ့မျက်နှာနဲ့ ကိုယ်ကို ညွှန်ပြပြီးတော့ ရေချိူးချင်ကြောင်း ပြောပြတယ်။ ဟုန်ယွင်က သူပြောချင်တာ ကို နားလည်တယ်။ ဒါပေမယ့် မိုးမှမရွာပဲ ရေဘယ်လုပ် ချိူးလို့ ရမှာလဲ ။
မြစ်ထဲမှာလဲ မိချောင်းတွေနဲ့ တစ်ခြား သားရဲတွေ ပြည့်နေတာ ပဲလေ။ ဒါကြောင့် ဘယ်လိုလုပ် အဲ့ထဲကို ရေဆင်းချိူးကြမလဲ ။
ဟုန်ယွင်က ချီဟန်ကို ပြန်ဆုတ်ကိုင်လိုက်ပြီး ထောင့်နားလေးမှာ ရှိနေတဲ့ ၈၀ စင်တီမီတာ လောက်ပဲ မြင့်တဲ့ သစ်သားစည်ပိုင်း အသေးလေးတွေကို ညွှန်ပြလိုက်တယ်။ ပြီးတော့ အဲ့တာလေးတွေကို ဖွင့်ပြပြီးတော့ သူ့ကို ပြလိုက်တယ်။ ပြီးတော့ ချီဟန်ကို ခေါင်းလေးနဲ့ လက်လေး ခါပြလိုက်တယ်။
ဒါက ရေချိူးလို့ မရဘူး ဆိုတဲ့ အပြုအမူပဲ ဖြစ်လေတယ်။
ချီဟန်က ရေနည်းနည်း ပဲ ကျန်တော့တယ့် စည်ပိုင်း ကို ကြည့်ကာ အံဩ သွားလေတယ်။ ပြောချင်တာက ရေက နည်းနည်းလေးပဲ ရှိတော့တာမို့ စားလို့ရတယ်၊ သောက်လို့ရတယ်။ ဒါပေမယ့် ရေချိူးလို့တော့ မရဘူးပေါ့လေ? ?
သူက မြစ်မှာ မိချောင်းတွေ နဲ့ ပြည့်နေ တာကိုတွေးမိတော့ ရေရ ဖို့က မလွယ်တဲ့ ကိစ္စမှန်း သဘောပေါက်သွားတယ်။
ဒီနေရာမှာ တစ်ခြားရေ အရင်းအမြစ်လေးတွေတောင် မရှိတော့ဘူးလား? ?
ဒီလ်ိုဆိုရင် အတော်လေးကို မသက်မသာ ဖြစ်ရတော့မှာပဲ!
ချီဟန်က မတက်နိုင်ပဲနဲ့ ဟုန်ယွင်ဘေးမှာပဲ သားရေစ ခင်းကာ လှဲအိပ်လိုက်တယ်။
အခုက ရိတ်သိမ်း ရာသီ ကို ရောက်နေပြီပဲ ဖြစ်လေတယ်။ ရိတ်သိမ်းရာသီ ရဲ့အချိန်ကာလ ကအရမ်းကို တိုတောင်းလေတယ်။ နှင်းထူထူ တွေ မကျခင် နေဝင်နေထွက် အကြိမ် ၄၀ ပဲ ကျန်တော့တယ်။
အခုတော့ ဟုန်ယွင်က နေ့တိုင်းပဲ တောင်တစ်ဝိုက်ကို ပြေးလွှားကာ ခရမ်းနုရောင် အမြစ်တွေကို ခွဲခြားပြီးတော့ တူးထုတ်နေခဲ့တယ်။
တိရိစ္ဆာန်တွေက တောင်အရပ်ဆီ ဆောင်းခိုဖို့ရာ အုပ်စုလိုက် ပြောင်းရွေ့နေပြီ ဖြစ်တာကြောင့် သားရဲလူသား တွေကလည်း လုံးဝကို အခွင့်အရေးအား ဖမ်းဆုတ်ထားခဲ့လေတယ်။
ပြောင်းရွေ့အုပ်လိုက် ကြီးထဲမှာမှ ဂျိုရှည် တိရိစ္ဆာန် အုပ် ကိုပဲ အထူးပစ်မှတ်ထား ခဲ့ကြလေတယ်။ ဂျိုရှည် အကောင် တွေက အရမ်းကို ကြီးမားကြတာကြောင့် ထိုဟာရဲ့ အရွယ်ရောက်ပြီးသား တစ်ကောင်ကို သားရဲလူသား ၁၀ ယောက် စားလို့ရလေတယ်။ ဒါပေမယ့် ထိုအကောင်တွေက ပြေးတာ အရမ်းမြန်လေတယ်။ တစ်ခါတစ်လေ ဆိုရင် ဂျိုရှည်ကောင်ကို သားရဲလူသား ၂ ယောက် နဲ့ဖမ်းရလေတယ်။ အဲ့အခါ ကျရင် တစ်ယောက်က ခြောက်လန့်ပြီးတော့ တစ်ယောက်က ဖမ်းဆီးရလေတယ်။
ဒါက မလွယ်ကူပေ။ တကယ်လို့ ထပ်ကာ ထပ်ကာ အစခံရမယ် ဆိုရင် ထိုအကောင်တွေက စိတ်ကျဥ်းကျပ် ပြီးကြောက်လန့်ကာ ပြန်ရန်ပြု လာနိုင်ပြီး ပြေးတဲ့ အရှိန် ကလည်း နှစ်ဆ လောက် ဖြစ်သွားနိုင်လေတယ်။
ဂျိုရှည်ကောင် တွေရဲ့ အရေပြားက ထူလွန်းလို့ မေ့ကြောကိုက်ဖို့ မလွယ်ပေ။ ပြောသာပြောရတာ လိုက်ဖမ်းနေရတာနဲ့တင် ကိုက်ဖြဲ ဖို့ဆိုတာ အတော်လေးကို ခဲယဥ်းလေတယ်။
ဒါတောင်မှ အကောင်းဆုံး မုဆိုး ကျားသားရဲ လူသားနှစ်ယောက် ပေါင်းမှ တစ်နေ့လုံးနေမှ ဂျိုရှည်ကောင် တစ်ကောင်ကို ပဲ ဖမ်းမိနိုင်မှာ ဖြစ်လေတယ်။
တကယ်လို့ သားကောင်က ကြောက်လန့်တကြားနဲ့ ရေထဲ ပြေးဆင်းသွားလို့ကတော့ အဲ့တာ က မိချောင်းတွေရဲ့ အမဲလိုက် ပိုင်နက် ဖြစ်သွားကာ သားရဲ လူသားတွေလည်း လက်လျော့လိုက်ရတယ်။ ဒီလိုရက်တွေ များလာတော့ သားရဲလူသားတွေက ထိုကောင်တွေကို သိပ်မဖမ်းကြတော့ပေ။
အကောင်းဆုံး မုဆိုးသားရဲ တောင်မှ သားကောင်မိဖို့ တစ်နေ့နဲ့ တစ်ဝက်လောက် အချိန်ယူရပြီး တစ်ကောင်သာ မိလေတယ်။ နေဝင်နေထွက် ၄၀ ပြည့်သွားရင် သားရဲလူသားတွေ ဆီမှာ အနည်းဆုံးတော့ သားကောင် ၂၀ လောက် ရှိနေပြီပဲ ဖြစ်လေတယ်။
ထိုရထားတဲ့ ထဲက သုံးပုံတစ်ပုံကို မျိူးနွယ်စုကို ပေးရတာကြောင့် သူတို့မှာ ၁၃ ကောင်ပဲ ကျန်လေတယ်။ တကယ်လို့ တစ်နေ့မှာ အသားတစ်နှပ် သာ စားမယ်ဆိုရင် သားရဲလူသားတွေ ဆီမှာ အကောင် ၄ ကောင်လောက် တော့ပိုသေးတယ်။ လ အများကြီး စားရမှာပေါ့လေ။
ဆောင်းခိုရတဲ့ ဆောင်းတွင်းက အနည်းဆုံး ၅ လမှ အများဆုံး ၆ လ နီးပါး ကြာလေတယ်။ ဒါကြောင့် သားရဲလူသားတွေက အမဲလိုက်ပေမယ့် ဆောင်းတွင်းမှာဆို အမြဲဆာလောင် နေရတဲ့ အကြောင်းအရင်က သူတို့လက်တွဲဖော် ရှိရင် ထို့ထက်ပိုပြီးတော့ ကလေးပါ ရှိရင် ထောက်ပံပေးဖို့ ခဲယဥ်းတာ ကြောင့်ပဲ ဖြစ်လေတယ်။
ခရမ်းနုရောင် အမြစ်တွေကို စားတဲ့ အချိန်မှာ သားရဲလူသားတွေက မဝလင် ဘူးလို့ ခံစားကြရတယ်။ တကယ်လို့ သူတို့ အများကြီး စားလိုက်မိတဲ့ အချိန်ကျရင်လည်း အစာမချေနိုင်လို့ နေမကောင်း ဖြစ်ကြရတာ မို့ သူတို့က မစားပဲ နေတော့တာ ဖြစ်လေတယ်။ ခရမ်းရောင် အမြစ်တွေက သားရဲအမ တွေနဲ့ သားရဲတစ်ဝက်တွေ အတွက် အစားအစာပဲ ဖြစ်လေတယ်။
ထိုအစားအစာတွေ ကိုလည်း သားရဲတစ်ဝက်တွေ ကသာ ကိုယ်တိုင်စုဆောင်းကြ ပြီးတော့ ကျန်တဲ့ သားရဲအမတွေက သူတို့ရဲ့ လက်တွဲဖော်တွေကို သွားပြီး စုဆောင်းစေတယ်။ အစားအစာစုဆောင်းဖို့ အတွက် အမတွေက အပြင်ကို ဘယ်တော့မှ မထွက်ကြပေ။
ထိုနားက သစ်တောတွေနဲ့ တောတောင် တစ်ဝိုက်က သားရဲလူသားတွေ အမဲလိုက်ပြီး ရှင်းပေးထားပေမယ့် တစ်ခါတစ်လေ ကျူးကျော်ဝင်ရောက် လာတာမျိုးတွေ လည်း ရှိတယ်။ ဒါကြောင့်ပဲ ဟုန်ယွင်ရဲ့ မျက်လုံးတစ်ဖက် မရှိတော့တာပေါ့။
သူက ရိုင်းစိုင်းတဲ့ အကောင်တွေကြောင့် မျက်လုံးတစ်ဖက် ပေးလိုက်ရပေမယ့် အဲ့အချိန်မှာသာ သူ့ကိုယ်သူ ကယ်တင်ဖို့ သတ္တိမရှိပဲ မကယ်တင် နိုင်ခဲ့ရင် အဲ့နေရာမှာ အသက်ပါ ပေးလိုက် ရမှာပဲ ဖြစ်လေတယ်။
ဆောင်းရာသီက အရမ်းပဲ ဝမ်းနည်းစရာ ကောင်းလေတယ်။ အရင်တုံးကတော့ သားရဲလူသားတွေ ကလည်း ပြောင်းရွေ့ ကြချင်ပေမယ့် ထိုဟာက ပိုပြီးတော့တောင် ခက်ခဲလေတယ်။
သားရဲ အမတွေက အားနည်းလွန်းလို့ လမ်းမှာတင် သေကြပြီးတော့ သန်မာလှတဲ့ သားရဲတစ်ဝက် လူသား အနည်းငယ်လောက်သာ ရှင်သန်ခဲ့တယ်လေ။
မိုးရာသီမှာတော့ တောင်ပိုင်းက ရေအရမ်းကြီးပြီး နေရာတိုင်း နစ်မြုပ်နေတာကြောင့် ထိုနေရာကလည်း ရှင်သန်ဖို့ သင့်တော်တဲ့ နေရာတစ်ခု မဟုတ်ခဲ့ပါပေ။
တိုင်ကွန်းခ် တိုက်ကြီးရဲ့ နွေရာသီနဲ့ ဆောင်းဦးရာသီက အရမ်းကို တိုတောင်းလွန်းလေတယ်။ နေဝင်နေထွက် အကြိမ် ၄၀ လောက်သာ ကြာမြင့်ပြီးတော့ မိုးရာသီ က ၃လကြာကာ ခြောက်သွေ့ရာသီက ၃လနဲ့ ဆောင်းတွင်း ရာသီက ၅လ ရှိလေတယ်။
ပြီးတော့ ဆောင်းရာသီမှာဆို အများစု အပင်တွေနဲ့ တိရိစ္ဆာန်တွေ မရှင်သန်နိုင်ကြပေ။
သူတို့သာလျှင် အသက်ရှင် ဖို့ အံကိုက်နေနိုင်တာပဲ ဖြစ်တယ်!
ဟုန်ယွင်က သူ့ရဲ့ အတွေ့အကြုံ အသေးစိတ်ကို ပြန်လည်တွေးကြည့် နေရင်းနဲ့ အိပ်ပျော် သွားတော့တယ်။
ချီဟန် ထင်တာ ကတော့ သူအိပ်လို့ မပျော်နိုင် ဘူးဆိုတာ ပေါ့။ ရေမချိုးရတော့ သက်တောင့်သက်သာ မရှိဘူးလေ!
ဒါပေမယ့် လက်တွေ့မှာတော့ ချီဟန်က လှဲပြီးတဲ့နောက် အိပ်ပျော်သွားတော့တယ်။ သူက ရက်ပေါင်းများစွာ ကြောက်လန့်ခြင်း ၊ ကောင်းမွန်စွာ မစားရခြင်းတို့ကြောင့် အတော်လေးကို ပင်ပန်းနေခဲ့ပြီ ပဲ ဖြစ်လေတယ်။
နောက်တစ်နေ့မနက် မှာတော့ ချီဟန်က မွေးပျံ့လှတဲ့ အစားအစာ ရနံ့တွေကြောင့် နိုးထ လာခဲ့တယ်။ ဒီတစ်ခါမှာတော့ ကန်စွမ်းဥ ချိုတွေ ပဲ ပါပြီးတော့ အသား မပါတော့ပါချေ။
ပုံမှန် အားဖြင့် ချီဟန်က တစ်ခြားသူရဲ့ အစားအသောက်ကို အရင်မစားပဲ ဟုန်ယွင်ကို ပထမဆုံးစားစေ ခဲ့တယ်။ ဟုန်ယွင် ကလည်း စားနေတုံးမှာပဲ စကားလုံး အနည်းငယ်ကို သင်ပေးခဲ့လေတယ်။
'' မီး ၊ ခရမ်းရောင် အမြစ် ၊ အိုး ၊ ရေ ၊ တဲ ''
ချီဟန်က ထိုစကားလုံးတွေကို သေချာလေး မှတ်သား ထားလိုက် တယ်။ ဘာလို့လဲ ဆိုတော့ ထိုစာလုံးတွေဟာ နေ့စဥ် ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အရာတွေ ဖြစ်လို့ပဲ ဖြစ််တယ်။
စားသောက်ပြီးကြတဲ့ နောက် ဟုန်ယွင်က ငါးဖမ်းပိုက်ကွန်လိုမျိုး ရက်လုပ်ထားတဲ့ အိတ်လေးတွေကို သစ်သားခြင်းလေးထဲက နေယူကာ ချွန်ထက်တဲ့ သားရဲအစွယ် ၂ ခုကို ယူပြီး ချီဟန်နဲ့ အတူ အပြင်ကို ထွက်လာခဲ့တော့တယ်။
နေက အခုမှ စတက်ခါစ အာရုံဦးချိန်လေး ကျော်ရုံပဲ ဆိုပေမယ့် သစ်တောထဲကို လူတွေ အများကြီး သွားနေကြပြီ ပဲ ဖြစ်လေတယ်။
........