တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

By Kyiphyuswe

249K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (4.1)

3.6K 507 4
By Kyiphyuswe

(4. 1)

တုံ က နောက်တစ်ဖဲ့ကို ကင်လိုက်ပြီးတော့ သူ့ရဲ့ မျက်လုံးထောင့် ကနေ သားရဲတစ်ဝက်လေးကို ခိုးကြည့်နေခဲ့လေတယ်။ ထိုသားရဲတစ်ဝက်လေး က ကင်ပြီးသား အသားကို ကိုက်တောင် မကိုက်နိုင်ဘူး ဆိုတာ ကို တွေ့လိုက်ရလေတယ်။ ဒါကြောင့် သားရဲတစ်ဝက်လေးက မကျက်တကျက် အသားကိုများ စားနိုင်လောက် လား ဆိုပြီး ထူးဆန်းစွာ တွေးနေမိခဲ့တယ်။

သူက လက်ထဲက အကင်တံကို ချကာ သားရဲတစ်ဝက်လေး ဆီကို လှည့်လိုက်ပြီး လက်တစ်ဖက်က သားရဲ တစ်ဝက်လေးရဲ့ မျက်နှာကို ပင့်ကိုင်ထားပြီးတော့ ကျန်တစ်ဖက်က လက်ချောင်း လေးတွေနဲ့ ပါးစပ်လေး ဖြဲ ကြည့်လိုက်တော့တယ်။

သားရဲတစ်ဝက်လေးမှာ ချွန်ထက်တဲ့ သွားစွယ်တွေတောင် မရှိရှာဘူးပဲ!

သူ မကိုက်နိုင်တာ အံ့သြ စရာတော့ မဟုတ်တော့ဘူးပဲ။ လက်တွေကို ပြန်ရုတ်ကာ ချီဟန်ရဲ့ လက်ထဲက အသားကင်ကို ပြန်ယူသွားပြီးတော့ မီးဖိုပေါ်မှာထပ်ကင် လိုက်လေတယ်။

ပြီးတော့ ချီဟန်ကို အံ့သြတကြီးနဲ့ စိုက်ကြည့်နေမိတယ်။

ဘာလို့များ ဒီဟာလေးရဲ့ သွားတွေက တစ်ခြား သားရဲတစ်ဝက်တွေရဲ့ သွားတွေနဲ့ ကွဲပြားနေရတာလဲ?

သွားစွယ်တောင် မရှိဘူး! ?

ဒါကြောင့်လည်း စွန့်ပစ်ခံ ရတာ ဖြစ်ရမယ်။

ထိုဟာလေးကို ပျိုးထောင် ဖို့ရာ အရမ်းကို ခက်ခဲမှာပဲ။ ဒါပေမယ့် သူလေးရဲ့ အသားရည်က အရမ်းကောင်းတယ်။ မျိုးနွယ်စု ထဲမှာ ဆင်းရဲဒုက္ခတွေ ခံစားခဲ့ရပုံတော့ မပေါ်ဘူး။

သူ့မိဘတွေက သူလေးကို အလိုလိုက် ပျိူးထောင် ခဲ့ပေမယ့် သူ့မိဘတွေလည်း သေသွားရော မျိူးနွယ်စုက အဝေးကို စွန့်ပစ်လိုက်တာ ပဲ ဖြစ်ရမယ်။

ဟုတ်တယ် ။

ဒါက ဖြစ်နိုင်ချေ အရှိဆုံးပဲ။

အရမ်း သနားဖို့ ကောင်းလိုက်တာ ။

တုံက ချီဟန်ရဲ့ ဘဝအတွေ့အကြုံကို တွေးတော နေရင်းနဲ့ အသားကင်ရဲ့ အပေါ်ယံ အလွှာကို ဆုတ်ဖြဲလိုက်လေတယ်။

အပေါ်ယံ အလွှာက ကျက်အောင်  ကင်ထားတာကြောင့် ကြွပ်ရွ နေခဲ့လေတယ်။ ထိုဟာလေးတွေကို အချောင်းအသေးလေးတွေ ဖြစ်အောင် လက်နဲ့ဆွဲခွာလိုက်ပြီးတော့ သူက သားရဲတစ်ဝက်လေးစားဖို့ လက်ထဲ ထည့်ပေးလိုက်တယ်။

ချီဟန်ဟာ ကျားသစ်လူသားရဲ့ ကြားဖြတ် စစ်ဆေးမှုကို ခံခဲ့ရတယ်လေ။ သူ့သွားတွေကို ထိုလူ မြင်ပြီးတာနဲ့ သူ့လက်ထဲက အသားကင်ကိုပြန် လုသွားတယ်လေ။ ဒါပေပယ့် ကျားသစ်လူသားက ထိုဟာရဲ့ အပေါ်ယံလွှာကို ကျက်အောင် ကင်ပြီး အချောင်းလေးတွေ ခွဲ ပြီးတော့ ပြန်ပေးတဲ့ အချိန်မှာတော့ ချီဟန်က အမြန်ယူလိုက်ကာ သူ့ပါးစပ်ထဲကို ထည့်ပြီးတော့ ခက်ခက်ခဲခဲ ဝါးခဲ့လေတယ်။

အသားက ဝါးစားဖို့ ခက်နေတုံးပဲ ပြီးတော့ သူ့ဗိုက်ကလည်း အရမ်းကို ဆာလောင်နေခဲ့ပြီ။ သူက ပါးစပ်ထဲက ဟာကို ခက်ခဲစွာ မြိုချလိုက်ပြီးတော့ သူ့လက်ထဲက အသားကင်အစ အကြီးတစ်ခုကိုတော့ မစားနိုင်ခဲ့ချေ။

သူက ခေါင်းကို ခါပြလိုက်ပြီးတော့ ဗိုက်ကို ပုတ်ပြကာ ဝပြီ ဖြစ်ကြောင်းကို ပြသလိုက် လေတယ်။

တုံ က အရမ်းကို အံ့အားသင့်သွားတယ်။

ဒီသားရဲ တစ်ဝက်လေးက အရမ်းကို အစားနည်းတာပဲ။

သူ့ဗိုက်လေးကို ထိကြည့်ပြီးတဲ့နောက် အစာအိမ်က တစ်ကယ် ပြည့်သွားပုံ ပေါ်လေတယ်။ ဒါကြောင့် ကျန်တဲ့ ဟာတွေကို သူပဲ စားပေးလိုက်လေတယ်။

သားရဲလူသားတွေက မကျက်တကျက် အသားကင် ကိုစားရတာ အရမ်းကြိုက်ကြလေတယ်။ ဒါကြောင့် အနည်းငယ် လောက် ကင်ပြီးတာနဲ့ သူက ထပ်စားလိုက်လေတယ်။ တုံ က ချီဟန်ကို ဂရုစိုက်ဖို့ လိုအပ်တယ် လို့ ခံစားမိလေတယ်။ အစားအသောက်ကို ဖြေးညှင်းစွာ စားပြီးတဲ့ နောက်ဆုံးမှာတော့ တစ်စုလုံးက စားပြီးသွားပြီ ပဲ ဖြစ်လေတယ်။

သူတို့က မီးကို ငြိမ်းသက် ပြီးတဲ့နောက် သားရဲ ပုံတွေ ပြန်ပြောင်း လိုက်ပြီးတော့ ပြန်ဖို့ လမ်းပေါ် အစပြုနေပြီ ပဲ ဖြစ်လေတယ်။ မမှောင်ခင် သူတို့ မျိုးနွယ်စုကို ရောက်အောင် အမြန် ပြန်ရတော့ မှာပဲ ဖြစ်လေတယ်။

ယောင် က ရိုးရာပွဲကို လွတ်သွားမှာ စိုးရိမ်နေခဲ့တယ်။ အခု ကျင်းပမယ့် ပွဲမှာ အရွယ်ရောက် သားရဲတစ်ဝက်တွေနဲ့ အမတွေက အရေအတွက် ၂၀ လောက် ရှိနေတာကြောင့် သူက ထိုနေရာကို အမြန်ရောက်ချင်နေတာ ပဲဖြစ်လေတယ်။

တုံက အလုပ်အနည်းငယ်နဲ့ အသားကင်တွေကို အပြောင်ရှင်းကာ ဘေးနားမှာ ချထားတဲ့ သစ်ရွက်ရေခွက် ကိုယူကာ မော့သောက်ချ လိုက်ပြီးတော့ လုံးဝကို စားလို့ပြီးသွားလေတယ်။

သူက သားရဲတစ်ဝက်လေးကို ပြန်ကောက်ပွေ့ကာ သားရဲတစ်အုပ်က မျိုးနွယ်စု ရှိရာဆီကို အမြန်ပြေးသွား တော့လေတယ်။

ချီဟန်က ရေကော အသားပါ ဝအောင် စားခဲ့ရပြီး ဖြစ်တဲ့ အပြင် အခုတော့ ကျားသစ်သားရဲ လူသားရဲ့ ရင်ခွင်ထဲမှာ ရောက်နေကာ ဘေးပတ်ဝန်းကျင် ကို ကြည့်နေမိလေတယ်။ ထိုသားရဲ အုပ်အသေးလေးက ဦးတည်ရာတစ်ခု ထည်းကိုပဲ ​ပြေးနေပြီးတော့ လမ်းမှာလည်း မရေမတွက် နိုင်တဲ့ သားရဲ အုပ်တွေကို ဖြတ်ကျော်ခဲ့သေးတယ်။ ငှက်တွေ ကိုလည်း ခြောက်လန့်ခဲ့သေးတယ် ။ ပြီးတော့ အမြန်​ပြေးနေဆဲပဲ။

သူတို့ရဲ့ အရွယ်အစားက အရမ်းကို မကြီးမားပေမယ့် အစွယ်ရှည် ကျားကြီး ကလွဲရင် အစာကွင်းဆက်မှာ ထိုသူတွေက ထိပ်ဆုံးမှာ ရှိနေတာပဲ ဖြစ်ရမယ်။

လမ်းမှာ ချီဟန်က ပုံမှန် လှုပ်ယမ်းနေမှုကြောင့် အိပ်ငိုက် လာလေတယ်။ ပြီးတော့ ဘေးက ကျားသစ်လူသားတွေရဲ့ တိုးဝှေ့သံ တွေကိုနားထောင်ပြီး သတိရှိစေခဲ့တယ်။ အချိန်ကြာလာတာနဲ့ အမျှ လေကလည်း အေးလာကာ သူ့ရဲ့ ကိုယ်လည်း အေးလာခဲ့လေတယ်။

နေဝင်သွားတဲ့ အခါမှာတော့ သားရဲလူသားတွေက ရပ်လိုက်ကြတော့တယ်။

ယောင်က ဟိန်း လိုက်တဲ့ အခါမှာတော့ ဆန့်ကျင်ဘက် တောအုပ်ထဲက ပြန်ပြီးတော့ တုံ့ပြန်လာခဲ့တယ်။ သားရဲအုပ်က ထရပ်ပြီးတော့ သစ်တော ထဲကို ​ပြေးဝင်သွားတော့တယ်။ သစ်တောတွေကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာတော့ အလံတွေ လွှင့်ထားတဲ့ တဲအိမ်လေးတွေနဲ့ မီးအလင်းရောင် တွေကို တွေ့လိုက် ရတယ်။ ထိုနေရာမှာ လှပတဲ့ အမျိုးသမီးတွေကို တွေ့လိုက်ရပြီးတော့ သူတို့တွေကို စောင့်နေကြတာ တွေ့လိုက်ရတယ်။

သူတို့က အချင်းချင်း တင်းကြပ်စွာ ပွေ့ဖက်နေကြပြီးတော့ တစ်ယောက်မှ လာနှုတ်ဆက်ခြင်းအနမ်း   မခံ ရတဲ့ တုံ ကတော့ မရပ်နားခဲ့ပါချေ။

သူလည်း ဖြတ်သွားရော ပြင်းပြစွာ နမ်းနေကြတဲ့ ယောင် ဟာ သူ့ခေါင်းကို အနောက်ပြန် လှည့်ကာ ပြောလိုက်တယ်။

( အော် သူလေးတောင် ကောင်မလေးရှိတာပဲ 😔)

'' ငါခေါင်းဆောင် ဆီကို နောက်ကျမှ သွားလိုက်မယ်။ ကိုယ်ဝန်ဆောင် အသီးတွေကို မင်းပဲ အရင်ယူသွား ပေးလိုက်''

ယောင် က သူ့ကို ထပ်မကြည့်တော့ပဲ လှပတဲ့ အမျိုးသမီးကို ကြည့်ရင်း ပွေ့ဖက်ကာ ပြန်နမ်းနေခဲ့လေတယ်။

တုံ က မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ကြီးမားတဲ့ တဲကြီးဆီကို မရပ်မနားပဲ ပြေးသွားကာ ရောက်တော့ သားရဲတစ်ဝက်လေးကို အောက်ချပေးပြီး ထိုထဲမှာ မျိူးနွယ်စု စုန်းမနဲ့ သူ့သား အငယ် စုန် လည်း ထိုနေရာမှာ ရှိတယ်ဆိုတာ လည်း တွေ့ရော အမြန်ပဲ အလေးပြုလိုက်တယ်။ သူ့ရဲ့ ညာလက်ကို ဘယ်ဘက်ရင်အုံပေါ် တင်ကာ အလေးပြု လိုက်ပြီးပြောလိုက်တယ်။

'' မျိုးနွယ်စု ခေါင်းဆောင် ၊ စုန်းမ ကျွန်တော်တို့ ကိုယ်ဝန်ဆောင် အသီးတွေကို ပြန်ယူလာခဲ့ ပါပြီ ''

ခေါင်းဆောင်နဲ့ မျိုးနွယ်စု စုန်းမ တို့က သိသိသာသာပဲ တစ်စုံတစ်ရာကို ဆွေးနွေးနေကြတာ ပဲ ဖြစ်လေတယ်။

နှစ်ယောက်စလုံးက မျက်နှာချင်းဆိုင် ထိုင်နေကြတာပဲ ဖြစ်ပြီးတော့ အသံ ကြားလိုက်တဲ့ အခါ ဆွေးနွေးနေတာ ရပ်သွားပြီး ခေါင်းတွေ လှည့်ကြည့်လာ ခဲ့လေတယ်။

'' ကောင်းပြီ။ ဒါနဲ့ ဒီသားရဲတစ်ဝက်က ဘာဖြစ်တာလဲ? ''

မျိူးနွယ်စု ခေါင်းဆောင်က ချီဟန်ကို ကြည့်ကာ မေးမြန်းလာခဲ့တယ်။

'' ကိုယ်ဝန်ဆောင်အပင်မှာ ဒီသားရဲ တစ်ဝက်ကို တွေ့လာခဲ့ရတာပါ။ သူက ကျွန်တော်တို့ရဲ့ ဘာသာစကားကို မပြောတက်တာ ​ကြောင့် ဘယ်မျိူးနွယ်စု ကမှန်း မသိပါဘူး။ သူက အရွယ်ရောက်ပြီးသား ဖြစ်တဲ့ အပြင် တစ်ခြား သားရဲထီးရဲ့ အနံ့လည်း မရှိပါဘူး။ တကယ်လို့ သူ့ကိုသာ ပြန်မခေါ်လာ ခဲ့ရင် အန္တရယ် များတဲ့ ဇုန်မှာ တစ်ယောက်ထဲ အသက်ရှင် နိုင်မှာ မဟုတ်လို့ပါ ''

တုံ က ရိုးသားစွာ ဖြေလိုက်တယ်။

'' ဟိုးးး ''

မျိုးနွယ်စု စုန်းမက ချီဟန်ကို လာရောက် စူးစမ်းစပ်စု ကြည့်ပြီးတော့ ယောင် ပြောခဲ့တဲ့ အတိုင်းပဲ ပြောလာ ခဲ့လေတယ်။

'' ငါ ကြောက်မိတာက သူ့ကို ဘယ်သူမှ မလိုချင်မှာ ကိုပဲ။ ပြီးတော့ ဒီနှစ်ဆောင်းမှာ အသက်မရှင် နိုင်လောက်ဘူး။ ''

ဒါပေမယ့် သူတို့ ဝင်လာတည်းက သူ့သားငယ် စုန့် ရဲ့ မျက်လုံးတွေက ထိုသားရဲ တစ်ဝက်အပေါ် မှာပဲ ရှိနေခဲ့လေတယ်။

ထိုသားရဲတစ်ဝက်လေးရဲ့ အသားအရည်က အသေးစိတ်ကြည့်ရင်တောင်မှ ကောင်းနေဆဲ ဖြစ်ကာ ခန္တာကိုယ်လေး ကလည်း သေးသေးလေး။ ပြီးတော့ ရှိဖို့ရာ ရှားပါးတဲ့ ကြယ်တွေလိုမျိူး အနက်ရောင် မျက်လုံးလေးတွေ။

သူ့ကို ဖြေး​ဖြေးချင်း ပျိုးထောင် နိုင်ပါတယ်! !

အသားအရည်လေး က ဖြူပြီး ချောမွေ့လွန်းလို့ တစ်ချက်လောက် ကိုက်တာ ​ဖိညှစ်တာ မျိုး လုပ်လိုက် ရရင်...... !

စုန့််ခယ် ဟာ ပုံမှန် သားရဲလူသား တွေလို မဟုတ်ပါချေ။ သူက ခေါင်းဆောင်ရဲ့  သမီးအငယ်နဲ့ အစကတည်းက အတူတူ ရှိနေကြပြီးသားပဲ ဖြစ်လေတယ်။ ဒါကြောင့် ဒီချိန်မှာ သူ့အမေက ခေါင်းဆောင်ဆီ ပွဲတော်မတိုင်ခင် လာကမ်းလှမ်းမှု လုပ်နေတာပဲ ဖြစ်လေတယ်။

ထိုနေရာမှာ သားရဲအထီးတွေကို တစ်ယောက်ပဲ လက်ထပ်ရမယ် ဆိုတဲ့ စည်းမျဥ်း မရှိပါချေ။ ထိုသူက ကျွေးနိုင်တယ်ဆိုရင် ကြိုက်သလောက် ယူခွင့် ရှိလေတယ်။ မင်းက ကျွေးမွေးနိုင် သရွေ့ ကိစ္စမရှိချေ။ အရေးအကြီးဆုံးက အသက်ရှင်ဖို့ပဲ မဟုတ်ဘူးလား။

သားရဲတစ်ဝက်တွေ ထဲမှာဆိုရင် စုန့်ခယ်မှာ သူငယ်ဂျင်းကောင်း ( အိပ်ယာပေါ်မှ) နှစ်ယောက်တောင် ရှိလေတယ်။

ဘာပဲ ဖြစ်ဖြစ် သူ့အမေက မျိုးနွယ်စု စုန်းမပဲလေ။ ထိုသားရဲတစ်ဝက်တွေ အတွက် ဆောင်းရာသီသိုလှောင် မှုက မလုံလောက်တာကြောင့် သူက သူ့အမေရဲ့ ခွဲတမ်းထဲ ကနေ ထောက်ပံ့ပေး လို့ရလေတယ်။

ထို အကြောင်း ကိုလည်း စဥ်းစားပြီးရော သူက ချီဟန်ကို အမဲဖျက်တော့မယ့် ဟန်ကြီးနဲ့ ယုတ်မာစွာ ကြည့်လာခဲ့လေတယ်။

ချီဟန်က တစ်ချက်ကြည့်တာ နဲ့တင် သဘောပေါက် လေတယ်။ ဒါက သူ့အ​နေနဲ့ ဘော့စ်ကို နေခိုင်းစေဖို့ လုပ်ရမယ့် အချိန်ရောက် လာပြီပဲ ဖြစ်လေတယ်။ သူက ဆန့်ကျင်ဘက်က လူတွေကို ကြည့်လိုက်ပြီးတော့ ထိုထဲမှာမှ တောင်ကုန်းငယ် သဖွယ် ကိုယ်ရှိတဲ့ လူလတ်ပိုင်း ဦးလေးကြီးက လည်ပင်းမှာ အစွယ်တွေ ပတ်ထားတာကို တွေ့လိုက် ရလေတယ်။

ထို ချွန်ထက်နေတဲ့ သွားတွေကို ဆွဲကြိုးအဖြစ် ဝတ်ထားကာ ဘာသားကောင်ရဲ့ အရေခွံလည်း မသိပေမယ့် အောက်ပိုင်းကို ထိုဟာနဲ့ ဖုံးကွယ်ထားလေ တယ်။ အမွေးအမျှင်တွေ( ရင်ဘက်မွေးတွေ ပြောတာနေမယ်)   ကလည်း ပြောင်းရှင်းနေကာ ရိပ်ထားပုံပေါ် ပြီးတော့ ခုံမှာ ထိုင်နေတာက အရှင်ဘုရင်ထက်တော့ မနိမ့်ကျ ခဲ့ပေ။

.......

Continue Reading

You'll Also Like

478K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
138K 11.4K 138
Title - 百里天的故事 [ပိုင်လီထျန်း၏ပုံပြင်] Author -张雨神 Genre - Transmigration, Romance, Comedy, Slice of life, Yaoi, Harem, Xuanhuan Chapters 113 (+3 extr...
406K 13.2K 17
My priority /property/privacy