(3.2)
ချီဟန်က နားမလည်တာကို တွေ့တဲ့ အချိန်မှာတော့ သူက မြေပြင်ပေါ်မှာ လက်ချောင်းလေးနဲ့ တဲအိမ် လေးတွေကို ဆွဲ ပြီးပြီး အခုဒီနေရာနဲ့ ထိုနေရာ အကွာအဝေးကို ဆွဲ ပြကာ လက်ညှိုး ထိုးပြလေတယ်။
( တဲပါတဲ့ ရှင် ဂူ မဟုတ်ဝူးတဲ့)
အခုတော့ ချီဟန် သဘောပေါက်သွားပါပြီ။ မြေပြင်ပေါ်မှာ ရေးဆွဲထားတဲ့ တဲအစုလေးတွေက ကျားသစ် လူသားတို့ရဲ့ အိမ်ဖြစ်ပြီးတော့ ဒီနေရာရဲ့ အကွာ အဝေးတစ်ခု မှာ တည်ရှိနေတာ ပါပဲ။
ဒါက သူ့ကို ကျားသစ်လူ က သူ့အိမ်ကို ခေါ်နေတာလား ?
ဒါမှမဟုတ် သူ့အိမ်က ဘယ်မှာ ရှိနေတယ် ဆိုတာကို ပြနေတာလား?
ကျားသစ်လူက သူ့ကို ပွေ့ပြီးတော့ ဟိုသားရဲ အုပ်လိုက်ကြီးနဲ့ အလန့်တကြား ပြေးခဲ့ ကြတာပဲလေ။ အပင်စား တွေရော အသားစားတွေပါ ကိုယ်ခန္ဓာတွေ အကုန်ကြီးကြ ပေမယ့် သူတို့ရဲ့ ကိုယ်ပေါ်မှာ အဝတ်အစားတွေ မရှိကြပေ။ ဒါက မြင်ရသူ ချီဟန် အတွက်ကတော့ ထူးဆန်းပေမယ့် အစောက အခြေအနေ မျိူးမှာ အဝတ်အစား တွေသာ ဝတ်ထားရင် တစ်ယောက်မှ အသက်ရှင်နိုင်မှာ မဟုတ်လေဘူး။
ကျားသစ် လူသား ဘာကို ပဲ ပြောချင်ပါစေ ကိစ္စမရှိပေ။ ချီဟန်က ခေါင်းကို ညိတ်ကာ လေးနက်စွာနဲ့ မြေပြင်ပေါ်မှာ ပုံဆွဲထားတဲ့ တဲအစုလေးတွေ ဆီကို လက်ညှိုး ထိုးပြလိုက်လေတယ်။
ထို ခဏလေး အတွင်းမှာပဲ ကျားသစ် လူသားရဲ့ မျက်နှာလေးပေါ်မှာ ပန်းပွင့်လေးလို အပြုံးတွေ ပေါ်လာခဲ့လေတယ်။ ဒါကြောင့် ချီဟန်လည်း အပြုံးကြီးကြီး တစ်ခု ပြန်ပေးလိုက်လေတယ်။
မီးမွှေးပြီး မကြာခင်မှာပဲ သားရဲလူသား တွေက သားကောင်ရဲ့ ခြေထောက် နှစ်ချောင်းကို စကင်တော့တယ်။ အချိန်ကြာလာ တာနဲ့ အမျှ အသားကင်ထားတဲ့ မွှေးရနံ့ က လေထဲမှာ ပျံ့နှံ့ လာခဲ့လေတယ်။
ချီဟန်လည်း ထိုမွှေး ရနံ့ကို ရတာကြောင့် လှည့်ကြည့်ကာ သူ့ရဲ့ မျက်လုံးတွေက အသားကင်မှာပဲ ကပ်နေခဲ့လေတယ်။ ပြီးတော့ သူ့ အစာအိမ်ကလည်း အနည်းငယ် အော်မြည်နေခဲ့လေတယ်။
ချီဟန်က အရှက်ရသွားတယ်။ ဒါပေမယ့် သူ့ကိုချည်းပဲ အပြစ်တင်လို့ မရပါချေ။ သူက အသားကို ရက်ပေါင်း များစွာ မတွေ့ရတဲ့ အပြင် သူမနက်စာ မစားခင် အချိန်လေးကတင်မှ ခေါ်ထုတ်ခံ လာရတာလေ။
တုံက အစောကနဲ့ မတူစွာ ထပ်ပြုံးလာခဲ့ပြီးတော့ သူက ချီဟန်ကို လက်ဆွဲကာ ထိုနေရာကို ဦးဆောင် ခေါ်သွားလေတယ်။
သူတို့ မီးပုံဆီကို ရောက်တဲ့ အခါ တုံ က လု ထံ ကနေ သစ်ရွက်နဲ့ ထည့်ထားတဲ့ ရေတစ်ခွက် ကိုတောင်းယူကာ သားရဲ တစ်ဝက် လေးရဲ့ လက်ထဲကို ပြောင်းထည့်ပေးလိုက်တယ်။
ပြီးတော့ သူက ဘေးနားမှာ ချထားတဲ့ ဂျိုရှည် ( နွား) သားကောင်ရဲ့ အသားတစ်ပိုင်းတစ်စ ကို လည်း ဆွဲ ဖဲ့လိုက်တယ်။ ပြီးတော့ သစ်ကိုင်း တစ်ခုနဲ့ထိုးကာ ယောင် ရဲ့ အိတ်ထဲက ဆားအိတ်လေးကို ယူကာ ဖြူးလိုက်တယ်။ ပြီးတော့ ချီဟန်ရဲ့ အနားထိုင်ကာ စပြီးကင်တော့တယ်။
ချီဟန်က သန့်သလား မသန့်ဘူးလား မသိတဲ့ ရေကို ယူထား ရပြီးတော့ စိတ်မရှည်စွာနဲ့ ပါးစပ်အပြည့် သောက်လိုက်လေတယ်။ ထိုသစ်ရွက်ခွက်က ကြီးလွန်းတာကြောင့် သူပါးစပ်အပြည့် သောက်တာတောင်မှ အထဲမှာ အများကြီး ကျန်နေပါသေးတယ်။ ဒါပေမယ့် ချီဟန်က ရေတွေကို တစ်ချိုက်ထဲ အပြောင်ရှင်းကာ လက်နဲ့ ပါးစပ်ကို သုတ်လိုက်တယ်။
ပြီးတော့ သက်ပြင်းချ မိလိုက်တယ်။
အား....ရေသောက် ရတာ အကောင်းဆုံးပဲ!
ထိုရေတွေ က သန့်ရှင်းမှု မရှိပေမယ့်လည်းပေါ့လေ။
ထိုနေရာမှာ စိတ်လွတ်ကိုယ်လွတ် ထိုင်နေပြီးတော့မှပဲ ထိုတစ်ဝိုက်က သားရဲ လူသားတွေက ဝိုင်းကြည့်နေမှန်း ချီဟန် သိလိုက်တော့တယ်။ သားရဲ လူသားတွေ အကုန်လုံးက သဘာဝ မကျစွာနဲ့ အရမ်းကို အရပ်ရှည်ကြတယ်။
သူ့ဘေးနားထိုင်နေတဲ့ လူဆိုရင် ချီဟန်တစ်ယောက် ထိုလူရဲ့ ရင်လောက်ပဲ မြင့်လေတယ်။ ပြောရရင် ပုခုံး ၂ ခုစာ လောက်ကွာလေတယ်။ သူက ၂ မီတာ နီးပါးမြင့်ပေမယ့် တစ်ခြားတစ်ယောက်က သူ့ထက်တောင် ပိုမြင့်နေခဲ့တယ်လေ။ ဒါက သူတို့ ၂ မီတာ မြင့်တဲ့ သူတွေကို အပြတ် နိမ်ချ လိုက်တာပဲ မဟုတ်လား။
( ဟိုင်း ၅ပေ ဂျပုမ ငါပါ)
သူတို့ ထဲက ၂ ယောက် ၃ ယောက် ကတော့ အတော်လေးကို ထင်ရှားသိသာလေတယ်။ သူတို့ အရပ် ၂ မီတာ ထက် ပိုမြင့်လားတော့ ချီဟန်သေချာ မသိပေမယ့် သေချာသိတာ တစ်ခု ကတော့ သူတို့တွေ အကုန်လုံးက ချောမောပြီးတော့ နဖူးကျယ်ကျယ် နှာတံ မြင့်မြင့်တွေ ရှိကြတာ ကိုပဲ။
သူတစ်ချက်ကြည့်တာ နဲ့တင် သူတို့ကို မခွဲတက်တော့ချေ။ ဒါပေမယ့် ခွဲလို့ရတာ ကတော့ သူတို့ရဲ့ ကွဲပြားနေတဲ့ မျက်စံ အရောင်တွေ ပါပဲ။
ချီဟန်က အထက်ပါ အချက် ၃ ချက် ရှိတဲ့ သူတွေကို ကြည့်လိုက်ပြီးတော့ အဝတ်မပါတဲ့ သူတို့ရဲ့ ကိုယ်တွေကို မြင်လိုက် ရတဲ့ အချိန်မှာ အရမ်းကို .... စိတ်သောက ရောက်သွားလေတယ်။
ယောင် က သူတို့ကို လိုက်ကြည့်နေတဲ့ သားရဲတစ်ဝက်ဟာ ခေါင်းလေး ငုံ့ပြီး ဘာတွေးနေသလဲ ဆိုတာကို မသိတာကြောင့် ရွမ်တုံကို ပြောလိုက်တယ်။
'' တုံ သူက ငါတို့နဲ့ အတူ ပြန်လိုက် ခဲ့မှာလား? ''
'' ဟုတ်တယ် ။ သူက စကားမပြောနိုင်ဘူး။ ဒါပေမယ့် သူက အမူအရာနဲ့ အနည်းငယ် စကားပြောနိုင်တယ်။ သူက ဘယ်မျိုးနွယ်စု ကလည်း ဆိုတာကို ငါမသိရဘူး။ သူ့အနံ့က အရွယ်ရောက်ပြီးသား ပဲ။ ပြီးတော့ သူ့မှာ တစ်ခြား သားရဲထီးရဲ့ အနံ့မရဘူး။ သူ့ကို ပြန်ခေါ်သွားမလို့။ တစ်ယောက်ထဲ ဒီလိုနေရာမှာ ထားခဲ့ရင် သူအသက်ရှင် နိုင်မှာ မဟုတ်ဘူး''
တုံ ကပြန်ဖြေပေးလိုက်လေတယ်။
ယောင်က ချီဟန်ကို ထပ်ကြည့်ကာ အထင်သေးစွာနဲ့ ပြောလိုက်တယ်။
'' သူက အရွယ်ရောက် ပြီးသားလား? သူ့ကို ပျိူးထောင် ရမှာ ဒုက္ခများတယ်။ ကြည့်ပါလား သေးကွေးနေတာပဲ။ ငါကတော့ စောင့်ရှောက်ပေးဖို့ စွမ်းအင် မရှိဘူး။ ကျန်တဲ့ သူတစ်ယောက် မှလည်း သူ့ကို မခေါ် ချင်မှကို ငါစိုးရိမ်မိတယ်။ ဆောင်းရာသီ ကလည်း ရောက်နေပြီ။ ပြီးတော့ သေဆုံးမှုကလည်း မြင့်နေဆဲပဲလေ။ ''
တုံ က တိတ်ဆိတ် သွားတယ်။
ဒီလို အကြောင်းပြချက် မျိူးကြောင့် ချီဟန်ရဲ့ နဂို မျိုးနွယ်စုက စွန့်ပစ် သွားတာ ခံ ရတာ ပဲ ဖြစ်ရမယ်လို့ တွေးမိလေတယ်။
အသားကင်လည်း ကျက်ရော တုံ က သူ့လက်ထဲက ဟာကို သားရဲတစ်ဝက် လေးရဲ့ လက်ထဲကို ထည့် ပေးလိုက်တယ်။ ချီဟန်က ထို အသားကင်ကို လေးတွဲ့စွာ ယူလိုက်တယ်။
ထိုလူက တကယ်ကြီး သူ့ကို အသားကင် ပထမဆုံး ကမ်းပေးခဲ့တယ်ပေါ့လေ? ?
ဒါက ဘာကြီးပဲ ဖြစ်နေပါစေ ကိစ္စမရှိပေ။ စပြီး စားကြစို့။ ပြီးတော့ အစားကို အများကြီး စားမယ်။
အသား က အခုချိန်ထိ ပူနေဆဲပဲ။ ချီဟန်က လေကို ခက်ခက် ခဲခဲ မှုတ်ကာ ပါးစပ်ကို ဖွင့်ပြီး ကိုက်ချ လိုက်လေတယ်။ အသားက ကိုက်စားဖို့ အရမ်း မာနေတယ်လို့ သူခံစားမိလေတယ်။ ဒါကြောင့် ကိုက်ရင်း အောက်ကို အတင်းဆွဲချနေမိတယ်။ ဒါပေမယ့်လည်း ထိုအသားစကို ဖဲ့လို့ မရခဲ့ပါချေ။
..... ချီဟန် ထပ်ပြီးတော့ ငိုချင်မိသွား ပြန်တယ်။
အရသာရှိတဲ့ အသားက သူ့မျက်စိရှေ့ ရောက် နေပြီလေ။
သူကတော့ အဲ့တာကို ကိုက်လို့တောင် မရဘူးတဲ့လေ!
......................