တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

Galing kay Kyiphyuswe

249K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... Higit pa

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (2.1)

4.6K 587 27
Galing kay Kyiphyuswe

(2.1)

ကျားသစ်လေး ရွမ်တုံက အသက် ၁၅ နှစ်မှ အရွယ်ရောက်မယ် ဆိုတဲ့ သားရဲလူသားတွေ စံချိန်ထက် ၂ နှစ်ပိုငယ် နေခဲ့ပါတယ်။ သူလို အရွယ်မရောက်သေး တဲ့ သားရဲ လူသားက အစောကြီး ဘာကြောင့် အဖွဲ့ထဲ ပါလာရသလဲ ဆိုတော့ သူမစောင့်နိုင် တော့လို့ပဲ ဖြစ်လေတယ်။

သူ့ရဲ့ အဖေ ဖြစ်တဲ့ မျိုးနွယ်စု အကြီးအကဲ က အမဲလိုက်သွားတဲ့ အချိန်မှာပဲ ဆုံးပါး သွားတာ ဖြစ်ပြီးတော့ အဲ့တုံးက သူဟာ အသက် ၁၀ နှစ်သာ ရှိပါသေးတယ်။ သူ့မိခင် ကလည်း ထိုစိတ်ကြောင့်ပဲ နောက်တစ်နှစ်မှာ ဆုံးသွားခဲ့ပြန်တယ်။

အခု လူမျိုးစု အကြီးအကဲ က သူ့ဖခင်ရဲ့ သူငယ်ချင်းကောင်း ဖြစ်တဲ့ အတွက်ကြောင့် သူက ထိုလူတွေရဲ့ နောက်ကိုလိုက်ကာ ထိုနှစ်တွေမှာ ရှင်သန်ခဲ့ရတယ်။ ရွမ်တုံလေး ဟာ သူ့အဖေ မျိူးနွယ်စု ခေါင်းဆောင်ရဲ့ တစ်ဦးသော သားဖြစ်လေတယ်။ ဒါကြောင့်ပဲ အခုမျိုးနွယ်စု ခေါင်းဆောင်က သူ့ကလေးတွေဟာ ဆယ်ကျော်သက် အောက်အရွယ်တွေပဲ ရှိသေးတာကြောင့် ရွမ်တုံကို လျှို့ဝှက်စွာ အဆုံးသတ်ဖို့ ကြိုးစား လေ့ရှိတယ်။

ရိုးရှင်း တဲ့ သားရဲ ကမ္ဘာ ​ဖြစ်တာတောင်မှပဲ မျိူးနွယ်စု ခေါင်းဆောင် နေရာက သူတို့ရဲ့ သားတွေ ကသာ ဆက်ခံ ရလေတယ်။

ဘယ်သူ က ဒီလို မျိုး တစ်ကိုယ်ကောင်း မဆန်ကြလို့လဲ!

ထပ်ပေါင်းပြောရရင် ခေါင်းဆောင် ဖြစ်တဲ့သူက အားကိုးအားထား ပြုရလောက်တဲ့ လူဖြစ်ရမှာ ဖြစ်ပြီးတော့ ဉာဏ်ပညာ ရှိရင်တော့ ပိုကောင်း တာပေါ့လေ။ အကောင်းဆုံး နေရာမှာ နေရပြီးတော့ အကောင်းဆုံး အစားအသောက်တွေ ကိုလည်း စားရတယ်လေ။

ဒီလိုနေရာမျိုးကို သူ့သားကို မပေးချင်ပဲ ဘယ်နေပါ့မလဲ?

ထိုကဲ့သို့ ထိခိုက်အောင် လုပ်ကြံတဲ့ နည်းလမ်းတွေက အထူးသဖြင့် ဆောင်းတွင်းမှာ လုပ်လေတယ်။ အသိသာဆုံး မျက်နှာလွဲ မှုကြီးကတော့ ​ဆောင်းခိုဖို့ရာ အစားအစာတွေကို ခွဲဝေတဲ့ နေရာမှာ ဖြစ်လေတယ်။

မျိုးနွယ်စုက အမျိုးသားတွေက သီးခြားဆီ ခွဲထွက် ပြီးတော့ ဆောင်းရာသီ အတွက် သားကောင်လိုက်ကြပေမယ့် မျိုးနွယ်စုထဲက အသက်ကြီးနေတဲ့ သားရဲ လူသား တွေ ၊ သားရဲ လူသားငယ်လေးတွေနဲ့ သားရဲတစ်ဝက် တွေက ဆာလောင်မှုကြောင့် တစ်ရာသီကုန် သွားတိုင်း အများအပြား သေသွားလေ့ ရှိကြလေတယ်။

ထိုသူတွေ အတွက်က အမဲမလိုက်နိုင်တဲ့ အတွက်ကြောင့် ခက်ခဲစွာ သေသွား ခဲ့ရတာ ပဲ ဖြစ်တယ်!

အသက် ၁၃ နှစ် ဆိုတာက သားရဲ အငယ်လေး လို့ ပြောလို့ရတယ်။ အစားအစာတွေက သားရဲလေး တွေနဲ့ အမ တွေ အတွက် အရမ်းကို အရေးပါလေတယ်။

ရွမ်တုံလေးဟာ လွန်ခဲ့တဲ့ ဆောင်းရာသီ ၂ ခု အတွင်းမှာ ဆာလောင် မှုကြောင့် သေလုနီးပါး ခံစားခဲ့ ရလေတယ်။ ပြီးတော့ ထို နှစ်နှစ် အတွင်းမှာ ရွမ်တုံလေးက ရင့်ကျင့်လာခဲ့တယ်။ စားသောက်ဖို့ လိုအပ်ချက် ကလည်း အရမ်းကို တိုးပွားလာတယ်။ သားကောင်တွေ ပေါများတဲ့ ဆောင်းဦးလို အချိန်မျိုး တောင်မှပဲ သူ့မှာ စားဖို့ လုံလောက်စွာ မရခဲ့ပေ။

မတက်နိုင်ပဲ သူက အမဲလိုက် အဖွဲ့နဲ့ လိုက်ခဲ့ရလေတယ်။ ဘာလို့လဲ ဆိုတော့ သူက သားရဲ ငယ်လေး ဖြစ်နေတာကြောင့် ကိုယ်ပိုင် ဂူမရှိသေးကာ သူ့ရဲ့ အစားအစာက ခေါင်းဆောင် ဆီကနေ ခွဲဝေ ခံရတာကြောင့်ပဲ ဖြစ်လေတယ်။

အရွယ်ရောက် သားရဲ လူသားတွေက ဖမ်းမိထားတဲ့ သားကောင် သုံးပုံ နှစ်ပုံကို ယူထားခွင့်ရှိပြီးတော့ ကျန်တဲ့ သုံးပုံ တစ်ပုံကိုတော့ အရွယ်မရောက်သေး တဲ့ အမတွေ၊ ခေါင်းဆောင် ၊ မျိုးနွယ်စု စုန်းမ အတွက် ဆက်သရလေတယ်။ အေးလှတဲ့ ရာသီမှာတောင်မှ သူတို့တွေ အစာမပြတ်လပ် စေဖို့ရာ ပေးရလေ့ရှိတယ်။

ဒါကြောင့်မလို့ ရွမ်တုံလေးဟာ ခေါင်းဆောင်ကို ရှာပြီးတော့ ဆောင်းဦး ချန်ပီယံ ပြိုင်ပွဲ အကြောင်းကို မေးခဲ့လေတယ်။ ခေါင်းဆောင် က အဲ့အကြောင်းကို ချက်ချင်း ပြန်မပြောပေးခဲ့ပေ။

သူ့ရဲ့ အရေးမပါလှတဲ့ အခြေအနေမှာ သူ့ကိုချစ်တဲ့ မိဘတွေ ကလည်း မရှိတော့တာကြောင့် ဆောင်းရာသီ လုံးလုံး မဝင်ခင် ဘယ်အမမှ သူ့ကို လက်မထပ်လိုကြပေ။ သူက သားရဲ တစ်ဝက်တွေ ကိုပဲ လက်ဆက်ခွင့် ရှိလေတယ်။ ပြီးတော့ သားရဲ တစ်ဝက်က တောင်မှ သူ့ကို ငြင်းပယ်လိုက်ရင် သူ့မှာ လက်ဆက်လို့ မရတော့ပါချေ။

သန်မာမှုတဲ့ သားရဲ လူသားက အားလုံး ထဲမှာ  အကောင်းဆုံး ပဲလေ။ ဘယ်သူက ဆောင်းရာသီမှာ လုံလုံ ခြုံခြုံမဖြတ်သန်း ချင်ပဲ နေမှာတဲ့လဲ။

အရွယ်ရောက် သားရဲတွေ ထက် ပိုသေးငယ်တဲ့ ကိုယ်လေး ကို ကြည့်ပြီးတော့ ခေါင်းဆောင် က တစ်ခဏလောက် တွေးပြီးတော့ ပြောလိုက်တယ်။

'' မင်းရဲ့ လက်ရှိ အခြေအနေကို ကြည့်ရတာ တော့ ဘယ်အမ တွေကမှ မင်းနဲ့အတူ အတူမရှိချင် ကြလောက်ဘူး။ မင်းက အရမ်းလည်း ငယ်သေးတယ်။ ပြီးတော့ သားရဲတစ်ဝက်နဲ့ လက်ထပ်မယ် ဆိုရင်တောင်မှ အရမ်းကိုစော လွန်းနေတယ် ။ နောက် နှစ်နှစ်လောက် စောင့်လိုက် ပါအုံး။ ငါနဲ့ မင်းအဖေ က သူငယ်ချင်းကောင်း တွေပဲလေ။ မင်းကို ဒီနှစ်နှစ် အတွင်းမှာ ထပ်ပြီး ဂရုစိုက် ပေးရမှာပေါ့ ''

( ထဝီ)

ရွမ်တုံက သူ့ခန္ဓာကိုယ် ကို ဆန့်ကာ သူ့ကိုယ်သူ အရပ်ရှည်အောင် လုပ်လိုက်ပြီး ပြောလိုက်တယ်။

''ကျွန်တော် မငယ်တော့ပါဘူး။ ကျွန်တော်က လက်တွဲဖော်ကို ထောက်ပံ့ပေး နိုင်ပါပြီ။ ပြီးတော့ မိဘတွေ ကလည်း  အသက် ၁၃ နှစ်မှာ ကတည်းက လက်ထပ်ဖို့ ​တောင်းဆို ခဲ့ကြတာပဲလေ။ ခေါင်းဆောင် ကသာ ကျွန်တော့်ကို သဘောတူပေးဖို့ ပဲလိုတာပါ။ အချိန်ကျရင် လောင်ရှန်း နေရာဆီကို သွားပြီးတော့ ကိုယ်ဝန်ဆောင် အသီးသွားယူ ပါ့မယ်''

ယို့!

ဒီကောင်လေးမှာ လက်ထပ်ခွင့် ရဖို့ မျှော်လင့် ချက်မရှိဘူး ဆိုတာကို ခေါင်းဆောင် က နေပြီးသားပါ။

ဒါပေမယ့် သူက ထိုင်ခုံမှာ ထိုင်ကာ အနည်းငယ် တွေးတော လိုက်တယ်။

အရွယ်ရောက် သားရဲ လူသားတွေ တောင်မှ ဆောင်းရာသီ မှာ ဆာလောင်မှုကြောင့် သေကြတယ်လေ။ ဒါက လိုင်ယန်းရဲ့ သားပဲလေ။ ထို ကောင်လေး က အရွယ်ရောက်လာ လို့ကတော့ ခေါင်းဆောင် နေရာကို အကောင်းဆုံး ယှဥ်ပြိုင်တိုက်ခိုက်ပြီးတော့ သူ့ကို အရှက်ရအောင် လုပ်လာလိမ့်မယ်။

သူက ထိုကောင်လေး ကို လွန်ခဲ့တဲ့ နှစ်နှစ် အတွင်းမှာ ဆာလောင်ပြီးတော့ သေစေလိုခဲ့တယ်။ ဒါပေမယ့် ဒါက လိုင်ယန်းရဲ့ တစ်ဦးတည်းသော သားဖြစ်တာကို သတိရသွားခဲ့လေတယ်။ အဲ့လို သတိရတိုင်း သူ့စိတ်က ပျော့ပျော့ သွားလေတယ်။ ဒီတစ်ကြိမ် ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက် ကို ပြတ်သားအောင် လုပ်ရတော့မယ့် အချိန်ပဲ။ သူက ထိုင်ခုံကို မှီချလိုက်ကာ ပြောလိုက်တယ်။

'' မင်း အဖေက မင်းအမေကို အသက်၁၃နှစ်မှာ လက်ထပ်ဖို့ တောင်းဆိုခဲ့တယ်ဆိုတာ ကတော့ အမှန်ပဲ။ သူက အရမ်း အံ့အား သင့်ဖို့ကောင်းတယ်။ ကျားအဖေက ခွေးသားလေး မရှိနိုင်ဘူး။ ငါသဘောတူတယ်။ မင်းနဲ့ တစ်ခြားသူတွေ ကိုယ်ဝန်ဆောင် အသီးတွေကို သွားယူတော့ ''

( ဘာလဲ ဥဥ က ယွခမ ကြီးကို ကြိုက်ခဲ့တာလား)

'' အရမ်းကောင်းတာ ပဲ ဟဟ ။ ကျေးဇူးတင် ပါတယ် ခေါင်းဆောင် ''

( လင်ရတော့မှာ မို့ပျော်နေတဲ့ ကောင်လေး)

ခေါင်းဆောင်က သူ့ကို တကယ် သဘောတူ ပေးလိုက်တယ်ဆိုတာ ကို ရွမ်တုံ မယုံပါချေ။ အကြံပြုံးကြီး ၂ခါလောက် ပြုံးလိုက်ပြီးတော့ အနည်းငယ် ဆုံးရှုံးသွားသလို လုပ်လိုက်တယ်။ ခေါင်းဆောင် က ပြုံးနေရင်းပဲ ထိုရူးမိုက်နေတဲ့ လူငယ်လေး အကြောင်းကို တွေးနေမိတယ်။

'' သွားပြီးတော့ သန့်ရှင်းတော့ ။ ငါတို့ မနက်ဖြန် ထွက်ခွာကြမယ် ''

'' အမ်း ''

ရွမ်တုံက ခေါင်းဆောင်ရဲ့ ဂူထဲ ကနေ ပြီးတော့ အရှိန်နဲ့ ပြေးထွက် လာကာ အရင်တစ်ခေါက်က လောင်းရှန်းဆီ ကိုယ်ဝန်ဆောင် အသီးသွားယူတဲ့ ကျား သားရဲလူသား ချန်ယောင် ဆီကို ပြေးသွားလိုက်တယ်။ သူက တဲထဲကို မဝင်ရသေးခင်တောင်မှပဲ အော်ဟစ်နေခဲ့တယ်။

'' ယောင်...  ခေါင်းဆောင် က သဘောတူလိုက်ပြီ။ သဘောတူလိုက်ပြီကွ ''

အားရဝမ်းသာနဲ့ ဂူထဲကို ပြေးဝင်လာခဲ့လေတယ်။

'' ခေါင်းဆောင် က သားရဲအမ နဲ့ လက်ထပ်ဖို့ သဘောတူပေးလိုက်ပြီ။ ငါလောင်ရှင်း ကို မနက်ဖြန် မင်းနဲ့ အတူသွားမယ်''

ထိုဟာကို ကြားတော့ ယောင်က မျက်မှောင် အသာလေး ကြုတ်လိုက်လေတယ်။ သူက တုံ ထက် ၂ နှစ်ပိုကြီးပြီးတော့ အခုဆို သူ့မိဘတွေရဲ့ အကူအညီနဲ့ အတူ ဂူတစ်လုံး ရသွားပြီပဲ ဖြစ်လေတယ်။ သူက ကျားလူသား ဖြစ်ပေမယ့် မျိုးနွယ်စုထဲက အမတွေကို သူ့ရဲ့ အေးစက်တဲ့ ဇရိုက်ကြောင့် မဆွဲဆောင်နိုင်ပေ။ ဒါကြောင့်ပဲ သူ့အမေက မြည်တွန်တောက်တီး နေလေ့ရှိတယ်။

လူတိုင်း က တုံ ရဲ့ အခြေအနေ ကို သိကြလေတယ်။ သူက တုံကို ကိုယ်ပိုင် မိသားစု ရှိစေချင်ပေမယ့်လည်း သူအရွယ်ရောက်လာတာ နဲ့အမျှ ခေါင်းဆောင်က ပို ပိုပြီးတော့.......  ။

ထိုဟာကို တွေးမိတာ နဲ့ သူက သက်ပြင်းချကာ သူ့ထက် ခေါင်းတစ်လုံး နိမ့်တဲ့ တုံ ကို ပုတ်ပေးလိုက်တော့တယ်။

'' ကောင်းပြီ။ လောင်းရှန်းဆီ မနက်ဖြန် မင်းကို ငါခေါ် သွားပေးမယ်။ တကယ်လို့ မင်းနဲ့ အတူရှိချင်တဲ့ သားရဲ့အမ ရှိခဲ့ရင် ငါနဲ့ အဖွဲ့သားတွေက  မင်းအတွက် ရှိနေပေးတယ်ဆိုတာ မမေ့နဲ့။ မင်းတို့အတွက် ဂူ ကို ကူဆောက်ပေးမယ် ''

ရွမ်တုံက ထို ဟာကို ကြားတော့ အရမ်း စိတ်လှုပ်ရှား သွားလေတယ်။ သူ့မှာ ဂူ ကူဆောက်ပေးမယ့် မိဘတွေ မရှိတော့ပေမယ့် သူ့ရဲ့ အုပ်စုက သူငယ်ချင်းတွေ ရှိနေသေးတယ်လေ။

'' ကောင်းပြီ ညီကို ငါ အရမ်း ကျေးဇူးတင် ပါတယ် ''

သူက ဘယ်သားရဲ အမနဲ့ လက်ထပ်မလဲ လို့ မေးတဲ့ အခါမှာ သူက ဒီလိုနည်းနဲ့ စဥ်းစားလေတယ်။

တကယ်လို့ သန်မာပြီးတော့ ကောင်းမွန်တဲ့ သားရဲအမတွေသာ မက မသန်မာတဲ့ သားရဲတစ်ဝက်တွေ ကတောင် သူ့ကို ငြင်းပယ်ခဲ့ရင် သူက မျက်လုံးတစ်လုံးပဲ ရှိတော့တဲ့ ဟုန်ရွမ် ကို သွားယူမယ်။ ဟုန်ရွမ်က အရမ်းကို အားနည်းတာကြောင့် သေချာပေါက် သဘောတူမှာပဲ!

သင့်တော်တဲ့ လက်တွဲဖော်နဲ့သာ လက်ဆက်သင့်တယ် ဆိုပေမယ့် သိသိသာသာကြီးကို အခု အရေးကြီးတာက အတူတူ ရှင်သန် ကြဖို့ပဲလေ!

နောက်တစ်နေ့ မနက်ခင်းအစော  မှာတော့ သားရဲ အမတွေက လက်ထပ်ဖို့ နည်းပါးတဲ့ သားရဲလူသား အနည်းငယ်က အတူတကွ စုစည်းကြ ကာ သူတို့ရဲ့ သားရဲ ပုံကို ပြောင်းပြီးတော့ လောင်ရှန်း ဆီကို တဟုန်ထိုး ပြေးသွားကြတော့တယ်။

( အဖ်အေ ကောင်ဇိုးလေးတွေ 🤣🤣)

.....

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

405K 13.2K 17
My priority /property/privacy
477K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke