Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

46

2.2K 420 118
By callme__kitty

[Unicode]

'ငါ မင်းကိုကြိုက်တယ်'

ထိုစကားများကိုပြောလိုက်ချိန် ဝမ်ချောင် သူ့ဘာသာတွေးနေသည်က 'ဘာကို လာကြွားဖို့လုပ်နေတာလဲ။ ဘယ်သူ့မှာ ရည်းစားမရှိလို့လဲ။' ဟူ၍ဖြစ်သည်။ သို့သော် ပြောပြီးသွားသည်နှင့် သူ ရုတ်တရက် အရှက်လွန်သွားပြီး ပီယာနိုဘက်သို့ မျက်နှာလွှဲထားလျက် လျန်ရှီကို မျက်နှာချင်းဆိုင်မကြည့်ရဲတော့။

လျန်ရှီက ဝမ်ချောင့်ထက်လည်း အသက်ပိုကြီးပြီး သူ အရွယ်ရောက်လာတာကို ကြည့်ရှုခဲ့ရသူဟုလည်း ပြောလို့ရနိုင်တာမို့ ဝမ်ချောင့်အကြောင်း သေချာနားလည်လွန်းသူဖြစ်သည်။ ဝမ်ချောင် ထိုကဲ့သိုဖြစ်နေတာကို ကြည့်ရုံနှင့် ၈၀ ရာခိုင်နှုန်းလောက် အတည်ဖြစ်မှန်း သူသိနေသည်။ သူ့မှာ တအံ့တဩဖြစ်သွားတာမို့ အချိန်တစ်ခုထိ ဘာမှမပြောနိုင်။ "မင်းကတော့ တကယ်ပါပဲ။ ယုန်တောင်မှ သူတို့အသိုက်နားက မြက်ကို မစားဘူး။ မင်း ဘယ်လိုလုပ် အဲ့လိုသွားထိနိုင်ရတာလဲ။"

ဒီနေရာတွင် အခြားသူတစ်ယောက်သာဆို ချက်ချင်းခုန်ထ၍ ကိုယ်တိုင်က အစားခံလိုက်ရတဲ့မြက်လေးဖြစ်ကြောင်း ပြောမှာဆိုပေမယ့် ဝမ်ချောင်ကတော့ မဟုတ်။ သူ့အနေနှင့် မြက်ဖြစ်ရခြင်းက ယုန်ဖြစ်ရသည်နှင့် ကွာခြားမှုရှိလှသည်ဟု မတွေး။ ဘယ်လိုပဲဖြစ်နေပါစေ သူနှင့်ရှောင်ရှဲ့ လုပ်ပြီးခဲ့ကြပြီဖြစ်သည်။

သူ ခပ်တိုးတိုးရေရွတ်ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော်က သူနဲ့ ညီအစ်ကိုလိုပေါင်းချင်တာ။ ဒါပေမယ့် သူက ကျွန်တော်နဲ့ တွဲချင်တယ်လေ။"

လျန်ရှီပြောလာသည်။ "ငါ မင်းကို မပြောချင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အမြဲဒီလိုချည်းပဲ။ သူ့မှာ ကောင်မလေးရှိတယ်မဟုတ်ဘူးလား။ မင်းတို့ ငါ့အိမ်မှာ လာပျော်ပါးတဲ့နေ့တုန်းက အဲ့ကောင်မလေးကို ငါ မြင်ဖူးလိုက်တယ်လေ။"

ဝမ်ချောင် ပြောလိုက်သည်။ "လမ်းခွဲပြီးတာ ကြာလှပြီ။ အဲ့ကောင်မလေးက ကောင်းတဲ့လူမဟုတ်ဘူး။ သူတို့တွဲနေချိန်ကြီးမှာတောင် အပြင်မှာ ပတ်ရှုပ်နေသေးတယ်။"

လျန်ရှီ ဆွံ့အသွားတော့သည်။ "ကြည့်ရတာ မင်းလည်း အပြင်မှာ ကြက်ကလေးနဲ့သွားရှုပ်ရင်း မင်းအစ်ကိုမိသွားလို့ ပြန်လာရတာပဲမလား။"

ဝမ်ချောင် မတရားခံရသလို ခံစားလိုက်ရသည်။ "ကျွန်တော် ပိုက်ဆံပေးပြီးမလုပ်ဘူး! သူက ကြက်ဖြစ်နေမယ်လို့ ကျွန်တော် ဘယ်လိုသိမှာလဲ။ သူ့မျက်နှာပေါ် ရေးထားတာမှ မဟုတ်တာ!"

လျန်ရှီပြောလာသည်။ "ဒါက အဲ့တစ်ယောက် ကြက်ဟုတ်လား၊ မဟုတ်လားနဲ့ မဆိုင်ဘူး။ မင်း ရှောင်ရှဲ့နဲ့ တွဲနေတုန်းမလား။ အဲ့ဒါတောင် အပြင်မှာ ပတ်ရှုပ်နေသေးတယ်? မင်းကရော သူ့ရည်းစားဟောင်းနဲ့ ဘာများကွာခြားသွားလဲ။"

ဝမ်ချောင် : "..."

ကြည့်ရတာ သူ ဂရုမစိုက်ခဲ့ပုံပဲ။

သူ အတော်ကြာအောင် တုန့်ဆိုင်းနေပြီးမှ သူ့အရှုံးသူ လက်မခံချင်တာမို့ ကျိုးကြောင်းဆီလျော်မှုမရှိလှသည့် အကြောင်းပြချက်များ ထုတ်ပြောလာတော့သည်။ "အဲ့ဒါကြောင့် ကျွန်တော် သူနဲ့မတွဲချင်တာလေဗျာ။ သူကပဲ ကျွန်တော်တို့ဆက်ဆံရေးကို ရှုပ်ထွေးအောင်လုပ်ပစ်တာ။ ညီအစ်ကိုလုပ်ရတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ။ ဘာကို တွဲကြမှာလဲ။ စိတ်ရှုပ်ဖို့အရမ်းကောင်းတာချည်း။"

လျန်ရှီမေးလိုက်သည်။ "ဒါဆို မင်းတို့နှစ်ယောက် အတူအိပ်ပြီးကြပြီလား။"

ဝမ်ချောင်က ဒီလိုကိစ္စမျိုးနှင့်ပတ်သတ်ရင်တော့ တုန့်ဆိုင်းခြင်းမရှိ၊ ချက်ချင်းဝန်ခံလာသည်။ "အိပ်ပြီးပြီလေ။"

လျန်ရှီ သူ့ကို စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေသည့်လူတစ်ယောက်လို ကြည့်ပြီး ပြောလိုက်သည်။ "မင်းတို့နှစ်ယောက် အတူအိပ်ပြီးတာတောင် မင်းက မင်းတို့ဆက်ဆံရေးကို ပိုရှုပ်ထွေးသွားအောင် လုပ်လို့ဆိုပြီး တစ်ဖက်လူကို အပြစ်တင်ချင်သေးတယ်ပေါ့။ မင်းက လူတိုင်းကို မင်းလိုသဘောထားနေတာ။ ဒီလိုကိစ္စတွေက ထမင်းစားရေသောက်ကိစ္စတွေနဲ့တူမယ်များ ထင်နေတာလား။"

ဝမ်ချောင် ယုံကြည်ချက်ရှိရှိပြောလာသည်။ "ဒါဆို ကျွန်တော်က အဲ့လိုလူမျိုးပဲလေ။ သူနဲ့စသိချိန်ကတည်းက ကျွန်တော့်ပုံစံက အဲ့လိုပဲ။ သူလည်း သိနေရက်သားနဲ့ ဘာလို့ ကျွန်တော်နဲ့တွဲချင်ရတာလဲ။"

လျန်ရှီ သူ့ကို အနည်းငယ်မျှယုံကြည်ခြင်းမရှိတာမို့ ပြန်ပြောလိုက်သည်။ "ထားလိုက်ပါတော့။ ငါကြည့်ရသလောက် မင်းက တစ်ဖက်သူကို အတင်းတွဲရအောင်ဆိုပြီး ဆွဲထားသလိုပဲ။ မဟုတ်ရင် သူ့လို လူကောင်းလေးက မျက်ကန်းဖြစ်နေတယ်ဆိုရင်တောင် မင်းကို လှည့်ကြည့်မှာမဟုတ်ဘူး။"

ဝမ်ချောင် မပျော်မရွှင်ဖြစ်သွားပြီး အော်ပြောလာသည်။ "ကျွန်တော့် ဘယ်နားကများ မကောင်းလို့လဲ။ မျက်နှာဆိုလည်းမျက်နှာ၊ ပိုက်ဆံဆိုလည်းပိုက်ဆံ။ ဘယ်နားကများ သူ မကြိုက်ချင်စရာရှိလဲ။"

လျန်ရှီ ပြန်ပြောသည်။ "ရှောင်ရှဲ့က မင်းထက်တောင် ပိုကြည့်မကောင်းဘူးလား။ ပြီးတော့ မင်းလောက် လက်ဖွာတာ ဘယ်နား ပိုက်ဆံကျန်လဲ။"

ဝမ်ချောင်လည်း ရှောင်ရှဲ့က ပိုကြည့်ကောင်းတာ ဝန်ခံပေမယ့် မနေနိုင်စွာ တစ်ဖက်သူကို ပြန်လှောင်လိုက်သေးသည်။ "ကော ပြောသလိုဆို ပိုင်ထုက ဒီလောက်ရုပ်ချောတာ ကိုယ့်ဘာသာကိုယ်လည်း မှန်ထဲပြန်ကြည့်ကြည့်ပါဦး။"

လျန်ရှီကလည်း ဝင့်ဝင့်ကြွားကြွားပြန်ပြောလာသည်။ "ဒါဆို သူက ငါရုပ်ဆိုးနေတာလေးကို ကြိုက်တာပဲ။"

ဝမ်ချောင် ပြန်ပြောလိုက်သည်။ "ဒါဆို ရှောင်ရှဲ့ကလည်း ကျွန်တော့်အသုံးဖွာတဲ့ပုံစံလေးကိုမှ ကြိုက်တာ!"

လျန်ရှီ ရယ်သွားသည်။ "ဒါဆို မင်းကရော သူ့ရဲ့ ဘယ်အချက်တွေကို သဘောကျတာလဲ။"

ဝမ်ချောင် လွှတ်ကနဲပြောထွက်လာသည်။ "ကျွန်တော်က သူကောင်းပေးတဲ့ပုံစံကို သဘောကျတာဗျာ!"

လျန်ရှီလည်း အဓိပ္ပါယ်ရှိရှိ သံရှည်ဆွဲပြောလိုက်သည်။ "အိုးးး"

ဝမ်ချောင် : "... မဟုတ်သေးပါဘူး၊ ဘယ်သူက သူ့ကြိုက်လို့လဲ။"

လျန်ရှီ သက်ပြင်းချသွားသည်။ "တုံးလွန်းတဲ့ငါ့ညီရ၊ ဒါ မင်းဘာသာပြောတာလေ။ ငါ ဘယ်လိုလုပ်သိမှာလဲ။"

ဝမ်ချောင် : "..." 'ဘယ်လို? သူ ရှောင်ရှဲ့ကို သဘောကျနေတာလား။'

သူက ရှောင်ရှဲ့ကို သဘောကျတယ်???

သူ ခဏကြာအောင် ကြောင်အနေပြီးမှ လျန်ရှီကို မေးလိုက်သည်။ "သဘောကျတယ်ဆိုတာ ဘယ်လိုမျိုးလဲ။"

လျန်ရှီပြောလာသည်။ "မင်း ဘယ်လိုတွေးလဲတော့ ငါမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ပိုင်ထုကို သဘောကျတယ်ဆိုတာ နေ့တိုင်း ငါ သူနဲ့အတူရှိနေချင်တယ်။ သူ လိုချင်တာ ဘာပဲဖြစ်နေပါစေ၊ ငါ့မှာရှိတယ်ဆို ငါ သူ့ကိုပေးချင်တယ်။"

ဝမ်ချောင် တွေးကြည့်လိုက်သည်။ သူလည်း ရှောင်ရှဲ့နှင့် နေ့တိုင်းအတူရှိနေချင်ပြီး ရှောင်ရှဲ့က လိုချင်တယ်ဟု တစ်ခါမှမပြောခဲ့ဖူးတာတောင် သူ ရှူးဖိနပ်တစ်စုံ သဘောကျနေမှန်းသိသည်နှင့် ဝယ်ပေးပြီးဖြစ်နေသည်။ အကယ်၍ ရှောင်ရှဲ့ဘက်က တစ်ခုခုလိုချင်သည်ဟု ပြောလာခဲ့ရင်လည်း သူပေးလိုက်မည်ဖြစ်သည်။ အကယ်၍ သူ မတတ်နိုင်သည့်အရာမျိုးဆိုလျှင် ဝမ်ချီ ဒါမှမဟုတ် သူ့အဖေထံမှ ပိုက်ဆံချေးလို့ ဝယ်ပေးလိုက်မည်သာ။

... ဒါဆို သူ တကယ်ကြီး ရှောင်ရှဲ့ကို အများကြီးသဘောကျနေတာပဲမလား။

လျန်ရှီက သူနှင့် အကြာကြီးအချိန်ဖြုန်းမနေဘဲ သူ့ချစ်သူကို အဖော်ပြုပေးရဦးမည်ဟု ပြောလာတော့သည်။

ဝမ်ချောင် သူ့ကို လှမ်းသတိပေးလိုက်သည်။ "ကျွန်တော့်ကောကို ပြန်မပြောလိုက်နဲ့။"

လျန်ရှီ သိသိလျက်နှင့်မေးလာသည်။ "ဘာကို မပြောရမှာလဲ။"

ဝမ်ချောင် ကိုးရိုးကားရားပြန်ပြောလိုက်သည်။ "ကျွန်တော်နဲ့ရှောင်ရှဲ့ကြားကကိစ္စ။ ကျွန်တော့်ကောတွေ သိသွားရင် အဖွဲ့ထဲ ပြန်သွားနိုင်တော့မှာ မဟုတ်ဘူး။"

လျန်ရှီ သဘောတူလိုက်ပြီးနောက် ထပ်မေးလာသည်။ "ငါ ရှောင်ရှဲ့ကို ဖုန်းပြန်ဆက်ပြီး မင်းအခြေအနေအကြောင်း ပြောပြဖို့လိုသေးလား။"

ဝမ်ချောင် အချိန်အတော်ကြာစဉ်းစားပြီးမှ ပြောလိုက်သည်။ "နောက်ထပ်ရက်အနည်းငယ်လောက်နေရင် ပြန်လာခဲ့မယ်လို့ပဲ ပြောထားပေး။"

လျန်ရှီ တံခါးနားအထိ လျှောက်သွားပြီးကာမှ ဝမ်ချောင်ရဲ့တားဆီးခြင်းကို တစ်ဖန်ခံလိုက်ရပြန်သည်။ "ကော .. သူ့ကို ကျွန်တော့်ရဲ့ကြက်ဖမ်းမိတဲ့ကိစ္စအကြောင်း မပြောပြနဲ့။ ကျွန်တော် တကယ် ဘာမှမလုပ်ခဲ့ဘူး။ အဲ့တစ်ယောက်က ကြက်ဖြစ်နေမှန်းလည်း ကျွန်တော် မသိထားဘူး။"

လျန်ရှီ တမင်ပြောလိုက်သည်။ "မင်းပဲ သူနဲ့ မတွဲချင်တော့တာမဟုတ်ဘူးလား။ မင်း ကြက်သွားရှာတဲ့အကြောင်း သူ့ကိုပေးသိလိုက်လေ။ သူ စိတ်ပျက်သွားတာနဲ့ အဲ့ဒါ လမ်းခွဲဖို့အတွက် အခွင့်ကောင်းတစ်ခုပဲ။"

ဝမ်ချောင့်ယောင်ကိုင်းနေတဲ့မျက်နှာတစ်ခုလုံး ရှုံ့တွသွားတော့သည်။ "ဘယ်သူက ကျွန်တော် လမ်းခွဲမယ်လို့ပြောလဲ။ ကော သူ့ဆီ မဟုတ်တရုတ်တွေ သွားပြောထားရင် ကျွန်တော်နဲ့ အတွေ့ပဲနော်။"

လျန်ရှီလည်း ပြုံးရယ်လျက်ထွက်သွား၏။

ဝမ်ချောင် ထိုင်ခုံပေါ် ပုံကနဲလဲကျပြီး ခံစားချက်များရှုပ်ထွေးနေတော့သည်။

ဆိုတော့ အချိန်အတော်ကြာကတည်းက သူ ရှောင်ရှဲ့ကို ကြိုက်နေခဲ့တာပေါ့။

ထိုသို့တွေးကြည့်ရာ ကိစ္စတော်တော်များများကို သူ ပို့လို့နားလည်လာတော့သည်။

ဘာလို့ ရှောင်ရှဲ့နဲ့ ထောင်းထောင်း အတူတွဲရှိနေတာကိုမြင်ရုံနှင့် သူ ဒေါသထွက်လာရတာလဲ။ 'သဝန်တိုခြင်း' ဆိုသည့်စကားလုံးကို ဘယ်သူကများ တီထွင်ခဲ့တာပါလိမ့်။ အသုံးအနှုန်းက လုံးဝတိကျလွန်းသည်။ အရသာက တကယ်ချဉ်၏။

ဘာလို့ နတ်ဘုရားမရဲ့တံတွေးကိုတောင် မထိတွေ့ချင်ခဲ့တဲ့သူက ရှောင်ရှဲ့နှင့် french kiss နမ်းရတာကို ရွံ့ရှာတယ်ဟု မတွေးခဲ့ရတာလဲ။ ထို့အပြင် သူ့အနေနှင့် စိတ်ဝင်စားဖို့ကောင်းသည်ဟုတောင် တွေးခဲ့သေးသည်။

ဘာလို့ ရှောင်ရှဲ့ သူ့ကို တစ်ချက်နှစ်ချက်ရိုက်ရုံမကလို့ ဘယ်နှစ်ကြိမ်ပဲရိုက်ရိုက် သူ သိပ်ဒေါသမထွက်ဘဲ နောက်ကျရင်လည်း ရှောင်ရှဲ့ သူ့ကို ဒီလိုမျိုး အမြဲဆူငေါက်နေဖို့မျှော်လင့်ခဲ့တာလဲ။

ရှောင်ရှဲ့က သူ့ကို မေးခဲ့ဖူးသည်၊ ကျူ့ကျန်းမြစ်ကမ်းဘေးရှိ မှို့ပင်အောက်တွင် သူ့ကို ဘာလို့ရုတ်တရက်နမ်းလာသလဲဟူ၍။

ထိုအချိန်ကတော့ သူ စိတ်ခံစားချက်ကောင်းနေလို့ဟူ၍သာ ပြန်ဖြေပေးခဲ့မိသည်။

အခုတော့ သူ နည်းနည်းနားလည်စပြုလာပြီ။ ထို'စိတ်ခံစားချက်ကောင်းခြင်း'ဆိုသည်မှာ သူ့ရင်ထဲက ရှောင်ရှဲ့အတွက်ချစ်ခြင်းများဖြစ်လိမ့်မည်။ ပြည့်နှက်လွန်းပြီး လျှံကျမတတ်ဖြစ်နေတာမို့ သူ ရှောင်ရှဲ့ကို နမ်းချင်စိတ် ပြင်းပြသွားခြင်းသာ။

သူ့အသက်က ၂၂ နှစ်ရှိနေပြီဆိုပေမယ့် ဒီနေ့ဒီအချိန်ထိ သူ့ဘဝထဲ ချစ်ရမည့်လူတစ်ယောက်ရှိလာလိမ့်မည်ဟု တစ်ခါမှ မတွေးထားဖူး။

ဒီကိစ္စက အတော်လေးစိတ်လှုပ်ရှားဖို့ကောင်းလှသည်။

သူ ပီယာနိုပေါ်သို့ လက်တစ်ဖက်တင်လျက် စိတ်လွတ်လက်လွတ် စိတ်ခေါ်ဆောင်ရာအတိုင်း သံစဉ်အချို့ကို တီးခတ်လိုက်တော့သည်။

ဒိုဒို ဆိုဆို လာလာ ဆို .. ဖာဖာ မီမီ ရာ့ရာ့ ဒို ..။

'မှိတ်တုတ်မှိတ်တုတ်ကောင်းကင်ထက် ... ရှဲ့ကျူရှင်းနဲ့ပြည့်နှက်နှက် ...'

[T/N : 一闪一闪亮晶晶,满天都是谢竹星。(ယိရှန်ယိရှန် လျန့်ကျင်းကျင်း .. မန်တျန်းသိုးရှစ် ရှဲ့ကျူရှင်း) twinkle twinkle little star ရဲ့ တရုတ် ver ကိုမှ ရှောင်ရှင်းရှင်း (ကြယ်လေး) ဆိုတဲ့နေ့ရာမှာ ရှဲ့ကျူရှင်းဆိုပြီး ပြောင်းထည့်လိုက်တာပါ။ ရှဲ့ကျူရှင်းရဲ့ 'ရှင်း' ကလည်း ကြယ်ဆိုပြီး အဓိပ္ပါယ်ရတာမို့ ကောင်းကင်ထက်မှာ ကြယ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။]

ဟေး ဟေး ဟေး

နေ့လည်ခင်း ဝမ်ချီ စစ်ဆေးဖို့ အိမ်ပြန်လာချိန် အပေါ်ထပ်မှ ဝမ်ချောင်ရဲ့ပီယာနိုလေ့ကျင့်နေသံကို ကြားလိုက်ရတော့သည်။ သူကိုယ်တိုင်တော့ မတီးတတ်ပေမယ့် အရင်က ဝမ်ချောင်လေ့ကျင့်တာကို နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့ရတာမို့ သံစဉ်ကိုတောင် သူ အလွတ်ရနေခဲ့ပြီ။ ဒါ Chopin ရဲ့ "Grande Valse Brillante" ဖြစ်၏။

ထူးဆန်းနေသလိုခံစားချက်နှင့် သူ လော့ခ်ဖွင့်၍ အခန်းထဲဝင်သွားတာတောင်မှ ဝမ်ချောင်က အလေးအနက်လေ့ကျင့်နေတာမို့ သူဝင်လာသံကိုတောင် မကြား။

သူ ခဏမျှ ရပ်ကြည့်နေပြီးနောက် တိတ်တဆိတ်ပြန်ထွက်သွားပြီး ဝမ်ကျင်းကို မေးလိုက်သည်။ "ဘာကများ သူ့ကို အဲ့လောက်လှုံ့ဆော်သွားရတာလဲ။"

ဝမ်ကျင်း ပြန်ပြောလာသည်။ "မသိဘူး။ သူ ဒီနေ့တစ်ရက်လုံး ပီယာနိုတီးလေ့ကျင့်နေတာ။ ငါ နေ့လည်က အပေါ်တက်သွားတော့လည်း သူ ဘာမှပြန်မပြောဘူး။ မင်းရိုက်တာများပြီး သူ တကယ်ရူးအအဖြစ်သွားတာများလား။"

ဝမ်ချီ ပြောလိုက်သည်။ "အဓိပ္ပါယ်မရှိ"

ဝမ်ကျင်း ထပ်ပြောသည်။ "သူလည်း ဒီရက်ပိုင်း တော်တော်အပိုးကျိုးနေတာပဲ။ ငါ့အထင် ကြက်နဲ့ဇယားသွားရှုပ်တယ်ဆိုတာ တကယ်အထင်လွဲခံရတာနေမယ်။"

ဝမ်ချီ ဒေါသထွက်သွားတော့သည်။ "သူ ယောက်ျားတစ်ယောက်နဲ့ ဟော်တယ်ခန်းထဲရောက်နေတဲ့အချိန် ဘာအထင်လွဲစရာများရှိဦးမှာလဲ။"

ဝမ်ကျင်း သူ့ကို မျက်စိမှေးကြည့်လိုက်သည်။ "သာ့ကော၊ ငါလည်း မင်းကို အခုထိ မမေးရသေးဘူး။ မင်းကရော ဘာကိစ္စရှိလို့လဲ။ ညနက်ကြီး ဟော်တယ်ရောက်နေတာ။"

ဝမ်ချီ နှုတ်ခမ်းတင်းတင်းစေ့ထားမိသည်။

ဝမ်ကျင်း ဆက်ပြောသည်။ "တကယ်တော့ သူ အခု အိုင်ဒေါလုပ်နေတာလည်း အတော်လေးကောင်းပါတယ်။ မင်း သူ့ကို ပေးမလုပ်ဘူးဆို နောက်ကျ ဘာဆက်လုပ်ခိုင်းမှာလဲ။"

ဝမ်ချီ ပြန်ဖြေသည်။ "ငါ သူ့ကို နိုင်ငံခြားပညာသင်လွှတ်ဖို့လုပ်နေတာ။"

ဝမ်ကျင်း အံ့ဩလွန်းနေသည့်မျက်နှာအမူအရာဖြင့် ပြောလာသည်။ "မျက်စိအောက်မှာတောင်မှ ထိန်းရခက်နေတာ။ မင်း သူ့ကို နိုင်ငံခြားလွှတ်လိုက်ရင် နှစ်ဝက်အတွင်း အဲ့ကောင်လေး သုံးစားမရဖြစ်သွားလိမ့်မယ်။"

ဝမ်ချီ မျက်မှောင်ကြုတ်သွားသည်။ သူလည်း ဝမ်ချောင့်အကြောင်း ကောင်းကောင်းသိထားသည်။ စောင့်ကြည့်မည့်သူမရှိဘဲ နိုင်ငံခြားကို တစ်ယောက်တည်းလွှတ်လိုက်ဖို့ဆိုတာ သေချာပေါက်မဖြစ်နိုင်။

ဝမ်ကျင်းလည်း အခုအခြေအနေကို အခွင့်ကောင်းယူ၍ ကူပြောပေးတော့သည်။ "သူလည်း လူကြီးဖြစ်နေပြီ။ ဒီလိုအလုပ်တစ်ခုကို လေးလေးနက်နက်လုပ်လာဖို့လည်း လွယ်တာမဟုတ်ဘူး။ အခုမှ ရလဒ်အချို့ ရတုန်းရှိသေးတယ်။ မင်းက သူ့ကို သွားရှုပ်နေတာ။ ငါ ပြောလို့ပြောတာ မဟုတ်ဘူး၊ သူ မင်းကို တစ်သက်လုံးအပြစ်တင်နေလိမ့်မယ်။"

ဝမ်ချီ မျက်ဆန်လှန်ပြလိုက်သည်။ "သူ လုပ်ရဲတယ်ပေါ့။"

ဝမ်ကျင်း ပြန်ပြောသည်။ "ဒါဆို မင်းစမ်းကြည့်လိုက်လေ။"

ဝမ်ချီ မစမ်းကြည့်ချင်လှ။

သူက သူ့အဖေရဲ့ရိုက်နှက်မှုများဖြင့် ငယ်ရာမှကြီးလာသူဖြစ်သည်။ ဝမ်ကျင်းလည်း ထိုအရိုက်ခံရမှုကို လွှတ်မြောက်ခဲ့ခြင်းမရှိ။ ဒါကိုက သူတို့မိသားစုရဲ့သင်ကြားရေးနည်းလမ်းစဉ်ဖြစ်နေသည်။ အသက် ၇၀ အရွယ်ရှိ သူ့အဘိုးကလည်း မနက်ခင်းတစ်ခုတွင် ရုတ်တရက် ဦးနှောက်သွေးစုပြီး မသေခင် သူ့အဖေကို လမ်းလျှောက်တုတ်ချောင်းဖြင့် ရိုက်ခဲ့သေးသည်သာ။

ဒီလိုသင်ကြားထိန်းကျောင်းမှုနှင့် သူနှင့်ဝမ်ကျင်းနှစ်ယောက်လုံး ဂုဏ်ရှိထင်ရှားကျောင်းများတွင် တက်ခွင့်ရခဲ့ပြီး အချိန်တစ်ခုရောက်လာချိန် သူလည်း လက်ထပ်ဖြစ်သွားသလို ဝမ်ကျင်းလည်း သူ့လိင်စိတ်တိမ်းညွှတ်မှုကို ဖွင့်ပြောလာခဲ့သည်။ ဝမ်ကျင်းရဲ့ရည်းစားရေးက အဆင်ပြေပြေအဆုံးမသတ်သွားပေမယ့် ထိုအချိန်က သူ့ရဲ့ပုန်ကန်မှုများက အစ်ကိုကြီးတစ်ယောက်ဖြစ်သည့်သူ့အတွက် ကြောက်လန့်ဖို့ကောင်းဆဲ။ အသက် ၂၄၊ ၂၅ အရွယ်က ပုန်ကန်ထကြွမှုဖြစ်ဖို့ အရမ်းနောက်ကျလွန်းနေတဲ့အရွယ် မဟုတ်ပါလား။ သို့ပေမယ့် ဒီနှစ်တွင် အသက် ၃၁ နှစ်ရှိနေပြီဖြစ်သည့်သူကိုယ်တိုင်ကလည်း ကြိုတင်အသိပေးခြင်းမရှိ၊ ပုန်ကန်ထကြွတဲ့အရွယ်ရောက်လာခဲ့သည်။ သူ အလုပ်ကထွက်ခဲ့သလို မိန်းမနှင့်လည်း လမ်းခွဲလိုက်ပြီး ဘယ်တော့မှ အတူမရှိနေသင့်သည့်လူတစ်ယောက်နှင့်လည်း တွဲနေခဲ့ပြီ။ သူသာ ဟာ့ပင်းကိုပြန်၍ မိဘများနှင့်သွားတွေ့ပါက သူ့အဖေထံမှ အရိုက်ခံရနိုင်သည်မှာ အံ့ဖွယ်မရှိနေ။

ဝမ်ချောင်က သူတို့မိသားစုထဲတွင် အကွဲပြားဆုံးကလေးတစ်ယောက်ဖြစ်သည်။ သူက မွေးလာကတည်းက ပုန်ကန်အရွယ်ထဲ စဝင်ခဲ့ပြီး တစ်ရက်လောက် မရိုက်ဘဲ လွှတ်ထားမိလိုက်တာနှင့် အိမ်အမိုးကွာသည်အထိ ပြဿနာရှာနိုင်သူတစ်ယောက်သာ။ မလုပ်ဖို့ပြောထားသမျှအရာအားလုံးကိုလည်း သူက တစ်သွေမတိမ်းလိုက်လုပ်တတ်တာမို့ သူတို့ ဘာနည်းလမ်းများ သုံးနိုင်ဦးမှာလဲ။ ရိုက်ရတာပေါ့။ ထိုသို့ ရိုက်လိုက်ခဲ့သည်မှာလည်း သူ့အသက် ၂၂ နှစ်အထိ ရောက်နေခဲ့ပြီ၊ အခုထိ ထိုပုန်ကန်အရွယ်က မပြီးဆုံးသေး။

ထိုသို့ရိုက်နေပေမယ့်လည်း ဝမ်ချီက သူ့ညီလေးကိုတော့ တကယ်ချစ်လှသည်။ မဟုတ်ပါက ဝမ်ချောင်တစ်ယောက် သူ့ကိုယ်ပိုင်ကမ္ဘာလေးထဲ ပျော်ပျော်ရွှင်ရွှင်၊ လုံလုံခြုံခြုံနေနိုင်တဲ့အထိ အလိုလိုက်ခံထားရမှာမဟုတ်။ ဒီလိုကံကောင်းခြင်းမျိုးကို ဒီကမ္ဘာပေါ်တွင် ရရှိနိုင်သူမှာ လူနည်းစုမျှသာရှိသည်။

ဝမ်ချောင်တစ်ယောက် ပီယာနိုကို ရက်အနည်းငယ်ကြာအောင် လေ့ကျင့်ပြီးသည့်နောက် ဆုချီးမြှင့်ခံလိုက်ရတော့သည်။

ဝမ်ချီက သူ့ဖုန်းကို ပြန်ပေးလို့လာသည်။

"ဂိမ်းဆော့ဖို့ချည်းပဲ မတွေးနေနဲ့။" ဝမ်ချီပြောသည်။ "ရှောင်သွမ့်ကို ဖုန်းခေါ်ပြီး မင်းကျန်းမာရေးကောင်းလာပြီလို့ ပြောလိုက်။"

ဝမ်ချောင်မှာ ငိုချမတတ်ဖြစ်သွားတော့သည်။ "ကျွန်တော် ရှန့်ဟိုင်ကိုရော လိုက်သွားလို့ရသေးလား။"

ဝမ်ချီ ပြောလာသည်။ "မင်းလုပ်ရပ်တွေကို ကြည့်ဦးမယ်။"

ဝမ်ချီ အပြင်ပြန်ထွက်သွားသည်နှင့် ဝမ်ချောင် ဖုန်းကိုမြှောက်လျက် နှစ်ကြိမ်မျှနမ်းလိုက်ပြီး စိတ်လှုပ်ရှားလွန်းတာမို့ ဝိုင်းဝိုင်းပတ်လည်ပြီးတောင် လမ်းလျှောက်ချင်နေတော့သည်။

ရှောင်ရှဲ့ကို ဖုန်းဆက်မယ်!

... ဘာအကြောင်းများ ပြောရပါ့မလဲ။

ဝမ်ချောင် အချိန်အတော်ကြာလွန်ဆွဲပြီးနောက် ရှဲ့ကျူရှင်းထံ ဖုန်းခေါ်ဖို့ ရှက်ရွံ့လွန်းသလိုခံစားနေတာမို့ မခေါ်ဖြစ်တော့။ သူတို့ နောက်ဆုံးတစ်ခေါက်တွေ့ဖြစ်ချိန် သူက ဝံ့ဝံ့ကြွားကြွားနှင့် ကြက်ကလေးနှင့် ဘားမှထွက်သွားခဲ့ပြီး တစ်ညတာပျော်ပါးမည့်အကြောင်းလည်း ကြွားဝါလို့ပြောခဲ့သေးသည်။

သူ တစ်ဖက်လမ်းနည်းဖြင့် ချည်းကပ်ဖို့ဆုံးဖြတ်ပြီးနောက် ချန်းယောင့်ကို ဖုန်းခေါ်လိုက်တော့သည်။

ချန်းယောင့်က တစ်ဖက်မှ အသံကုန်အော်ဟစ်လာသည်။ "အားးးးးးးးး ခေါင်းဆောင်!!!"

ဝမ်ချောင် : "... မအော်နဲ့၊ မအော်နဲ့တော့။ ငါ့နားလည်း ကန်းတော့မယ်!"

ချန်းယောင့်မှာ သူ့စိတ်လှုပ်ရှားနေမှုကို မဖုံးဖိနိုင်။ "ခေါင်းဆောင်၊ ဘယ်ရောက်နေတာလဲဗျာ။ တကယ်ကြီး ရှန့်ဟိုင်ကို မလိုက်တော့ဘူးလား။ အဖွဲ့ထဲကနေရော တကယ်ထွက်တော့မှာလား။ ခေါင်းဆောင်ရဲ့ဖန်တွေက လိုင်းပေါ်မှ ကုမ္ပဏီကို အော်ငေါက်ဆဲဆိုနေပြီး လက်မှတ်ပြန်အမ်းပေးဆိုတာတွေအထိ ပြောနေကြတာ။"

ဝမ်ချောင့်မှာ သူနှင့် စကားစမြည်ပြောချင်စိတ် မရှိနေတာမို့ မေးလိုက်သည်။ "မင်း ကုမ္ပဏီမှာပဲ ရှိနေသေးတာလား။ အဲ့တစ်ယောက်ရော မရှိဘူးလား။ သူ့ကို လာခိုင်းလိုက်။ ငါ သူနဲ့ စကားနည်းနည်းပြောစရာရှိလို့။"

ချန်းယောင့် ပြောလာသည်။ "ဘယ်တစ်ယောက်လဲ။"

ဝမ်ချောင့်မှာ နာမည်ထုတ်ပြောဖို့ နည်းနည်းရှက်ရွံ့နေမိသည်။

ချန်းယောင့် ရုတ်တရက်ပြောလာ၏။ "ရှောင်ရှဲ့ကောလား။ သူက ထောင်းထောင်းနဲ့ လေ့ကျင့်ရေးခန်းထဲမှာ အတူတူအကလေ့ကျင့်နေတယ်။"

ဝမ်ချောင် ပြန်မေးလိုက်သည်။ "ဘယ်သူ? သူက ဘယ်သူနဲ့ရှိနေတယ်လို့ မင်းပြောလိုက်တာ?"

ချန်းယောင့်ပြောလာသည်။ "ဂျူနီယာညီမလေးတွေအဖွဲ့က ရှန့်ဟိုင် fan meeting မှာ ကျွန်တော်တို့ရဲ့ guest တွေအနေနဲ့ ပါဝင်ပေးမှာလေ။ ခွန်း-ကောက ထောင်းထောင်းနဲ့ ရှောင်ရှဲ့ကောကို အကတစ်ပုဒ် အတူတူဖျော်ဖြေခိုင်းထားတာ။ အဲ့တာနဲ့ သူတို့အတူလေ့ကျင့်နေတာ နှစ်ရက်လောက်ရှိပြီ။"

ဝမ်ချောင် ဒေါသတကြီးပြောတော့သည်။ "ခွန်း-ကောရဲ့ဦးနှောက်ထဲ ရေဝင်သွားတာလား! ငါတို့ fan meeting ကို သူတို့ခေါ်ပြီး ဘာလုပ်မှာလဲ။ ပြီးတော့ အတူတူတောင် ကပြဦးမယ်?"

ချန်းယောင့် ပြန်ပြောသည်။ "ခွန်း-ကော မဟုတ်ဘူး။ ကြည့်ရတာ အဲ့အစီအစဉ်ကို ရှောင်ရှဲ့ကောကိုယ်တိုင်က လုပ်ပေးဖို့ တောင်းဆိုခဲ့တဲ့ပုံပဲ။"

ဝမ်ချောင် ပိုလို့တောင်ဒေါသထွက်သွားသည်။ "သူ ရူးသွားတာလား။"

ချန်းယောင့် ဆက်ပြောသည်။ "စီယွမ်ကော ပြောတာတော့ ထောင်းထောင်းက ရှောင်ရှဲ့ကောကို ဖွင့်ပြောထားတယ်တဲ့။ အရင်က ဆိုရိုးစကားတွေလိုပေါ့၊ မိန်းကလေးဘက်က လိုက်တာဆို ကောင်လေးဘက်က အလွှာတစ်ခုပဲ ခြားထားတာမျိုးလေ။ သူတို့နှစ်ယောက်က တွဲနေလောက်ပြီ။ ရှောင်ရှဲ့ကောအနေနဲ့လည်း သူ့ကောင်မလေးကို သူနဲ့အတူခေါ်လာချင်တာ သာမန်ပဲမလား။ ခေါင်းဆောင်၊ ခေါင်းဆောင်ကရော ဘယ်အချိန်ပြန်လာမှာလဲ။"

ဝမ်ချောင် ဒေါသတကြီးပြောချလိုက်သည်။ "ပြန်မလာတော့ဘူး! ဒီတစ်သက်လုံး ပြန်မလာတော့ဘူး!"

သူ ဖုန်းချပြီးတာနှင့် သစ်သားခုံကို ခြေထောက်ဖြင့်ကန်လိုက်မိရာ သူ့ခြေချောင်းများနှင့် တိုက်မိသွားပြီး နာကျင်စွာအော်ဟစ်လျက် ခြေတစ်ဖက်ထောက်အနေအထားနှင့် ဆယ်စက္ကန့်မျှကြာအောင် ခုန်ဆွခုန်ဆွလုပ်နေမိတော့သည်။ ထို့နောက် သူ ခြေအိတ်ကိုဆွဲချွတ်၍ ကြည့်လိုက်ရာ သူ့ခြေမက မုန်လာဥနီလေးလို နီရဲနေတော့သည်။

တကယ်ကံဆိုးမိုးမှောင်ကျနေတာပဲ။

ညနက်လာချိန် ဝမ်ချီက အိမ်ပြန်မလာဘဲ ဝမ်ကျင်းကလည်း သူ့အခန်းသူ ပြန်သွားခဲ့ပြီ။

ဝမ်ချောင် ဂရုတစိုက်နှင့် ပြတင်းပေါက်တံခါးကို တွန်းဖွင့်လျက် ပြတင်းပေါက်ဘောင်ပေါ်တွင် မတ်တပ်ရပ်ရင်း ပြတင်းပေါက်မှန်ဘောင်ကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်၍ အားအပြည့်နှင့် တစ်ဖက်အခန်း၏ ပြတင်းပေါက်ဘောင်ပေါ်သို့ လှမ်းခုန်တက်လိုက်လေသည်။ လမ်းတစ်ဝက်တွင် ပြုတ်ကျမလိုဖြစ်သွားသေးတာမို့ သူ ချွေးအေးများတောင် လှိမ့်ထွက်လာတော့သည်။ ကံကောင်းစွာဖြင့် တစ်ဖက်အခန်းတံခါးက သော့မခတ်ထားတာမို့ သူ လွယ်လွယ်ကူကူ အခန်းထဲဝင်လျက် အောက်သို့ ခြေသံဖျော့ဖျော့နှင့် ဆင်းသွားလိုက်သည်။ သူ့အနေနှင့် ဝမ်ကျင်း သူ့လှုပ်လှုပ်ရှားရှားအသံများကို ကြားသွားမှာ စိုးရိမ်တာမို့ အိမ်တံခါးကနေတောင် မဖြတ်သွားရဲဘဲ နံရံကိုကျော်၍ ထွက်သွားဖို့လုပ်ရသည်။ သူ မြက်ပေါ်သို့ ပြုတ်ကျ၍ ရွံ့ဗွက်များလည်း ဖုံးလွှမ်းသွားပေမယ့် ကျယ်ကျယ်လောင်လောင် မအော်ရဲတာမို့ ခပ်တိုးတိုးဆဲဆိုရင်းသာ အလျင်စလိုပြေးထွက်သွားရလေသည်။

ရှဲ့ကျူရှင်း ကုမ္ပဏီမှ အိမ်သို့ပြန်ရောက်တာနှင့် အိပ်ရာပေါ်ထိုင်လျက် နားကြပ်တပ်၍ အကဗီဒီယိုများကို ကြည့်နေလိုက်သည်။

သူ လျန်ရှီထံမှတစ်ဆင့် ဝမ်ချောင်တစ်ယောက် အိမ်ထဲတွင် အကျဉ်းချခံထားရမှန်း သိပြီးဖြစ်သည်။ လျန်ရှီပြောလာသည်မှာ "အင်တာနက်ပေါ်တွင် သူ အရင်က အချိန်းအချက်ယူဖူးတဲ့ကိစ္စများ ပေါ်ထွက်လာတာမို့ သူ့သာ့ကောက ဒေါသတကြီးနှင့် သူ့ကို ပြုပြင်ပေးဖို့လုပ်နေတယ်။" ဟူ၍ပင်။ သို့ပေမယ့် ရှဲ့ကျူရှင်း သိထားသည်၊ ဒီကိစ္စရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အခြားကိစ္စတစ်ခုခုရှိနေတာကြောင့်ဖြစ်ရမည်။ ဝမ်ချောင်ဆိုသည်မှာ အရင်ကတည်းက ခဏခဏရိုက်ခံဖူးနေသူဖြစ်ပြီး သူ့သာ့ကောကလည်း အင်တာနက်ပေါ်ရောက်လာသည့်အတိတ်ကိစ္စများကြောင့် ဒီလိုလုပ်သည်မှာ မဖြစ်နိုင်။

လျန်ရှီက ဘာမှထပ်မပြောလာသလို သူကလည်း အသေးစိတ် ထပ်မမေးတော့။ သူ လျန်ရှီကို ကျေးဇူးတင်ကြောင်းသာ ပြောလိုက်သည်။

လျန်ရှီ တုန့်ဆိုင်းနေပြီးမှ နောက်ဆုံးပြောထွက်လာခဲ့သည်။ "ရှောင်ရှဲ့၊ မင်း အရမ်းပင်ပန်းသွားပါပြီ။"

ရှဲ့ကျူရှင်း : "???"

သူ အစက ဘယ်လိုတုန့်ပြန်ရမှန်း မသိပေမယ့် ဖုန်းချပြီးမှ ရုတ်တရက်ဆိုသလို အသိပြန်ဝင်လာတော့သည်။ ဒီအရူးကောင်လေး .. လျန်ရှီကို မဟုတ်တရုတ်တွေများ ပြောချလိုက်တာလား။

အဲ့လူကတော့ သူ့ဘဝတစ်လျှောက်လုံး အခန်းထဲပိတ်ခံထားသင့်သည်။ အဲ့ဒါမှလည်း ပြန်ထွက်လာပြီး တစ်ဖက်လူရဲ့ဘဝထဲ ဗရုတ်သုတ်ခဖြစ်သွားအောင် မလုပ်နိုင်မှာပင်။

အဖွဲ့ထဲက ထွက်သွားတာလည်း ကောင်းပါတယ်၊ လမ်းခွဲပြီး အချင်းချင်းပြန်မတွေ့နိုင်တော့ အရာအားလုံးက တဖြည်းဖြည်းချင်း မှေးမှိန်သွားမှာပင်။ မှေးမှိန်ပျောက်ကွယ်သွားသည့်တစ်နေ့ကျရင်တော့ ဒါတွေကလည်း အဆင်ပြေလာမည်သာ။

လူတစ်ယောက်က သူ့ပခုံးကို လာတို့သည်။

သူ တအံ့တဩ ခေါင်းမော့ကြည့်လိုက်ရာ သူ့အရှေ့တွင် ပန်းရောင် hoodie နှင့်လူတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရလေသည်။ သူက hoodie ဝတ်ထားသည့်အပြင် ခေါင်းစွပ်ကြိုးကိုလည်း အဆုံးထိဆွဲထားတာမို့ မျက်ဝန်းတစ်စုံကိုသာ မြင်နေရ၏။

သို့ပေမယ့် ထိုမျက်ဝန်းများနှင့်တင် မှတ်မိဖို့လုံလောက်နေသည်။

ကျိုးကျန်းယိက တံခါးဝမှ လှမ်းကြည့်လှမ်းကြည့်လုပ်နေပြီး ကြည့်ရသည်မှာ တစ်ဖက်လူကို ပေးဝင်လိုက်မိသည့်အတွက် နည်းနည်းစိတ်ပူနေပုံပေါ်လှသည်။

ရှဲ့ကျူရှင်း ခါးမတ်မတ်ထိုင်လျက် နားကြပ်များကို ဆွဲချွတ်၍ သူ့ကိုလှမ်းပြောလိုက်သည်။ "လုပ်စရာရှိတာ လုပ်နှင့်ပါ။ ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး။"

ကျိုးကျန်းယိလည်း ထွက်သွားဖို့လုပ်တော့သည်။

ဝမ်ချောင် လှမ်းပြောလိုက်သည်။ "ကျိုးကျန်းယိ! တံခါးပိတ်သွား!"

ကျိုးကျန်းယိလည်း အလျင်အမြန်ပင် သူတို့နှစ်ယောက်အတွက် တံခါးပိတ်ပေးခဲ့လေသည်။

သူတို့နှစ်ယောက်တွင် တစ်ယောက် အိပ်ရာပေါ်ထိုင်နေလျက် တစ်ယောက်ကတော့ အိပ်ရာဘေးတွင် မတ်တပ်ရပ်နေ၏။

ရှဲ့ကျူရှင်း ပြောလာသည်။ "မင်း ဘာလုပ်ဖို့လာတာလဲ။"

ဝမ်ချောင် သူ့ခေါင်းစွပ်ကာနေသည့်ကြားမှ အသက်ပြင်းပြင်းရှူချလိုက်သည်။

ရှဲ့ကျူရှင်း မျက်မှောင်ကြုတ်သွားတော့သည်။ "အပြင်မှာ မအေးဘူးလား။ ဘာလို့ နည်းနည်းလေးပဲ ဝတ်ထားတာလဲ။"

ဝမ်ချောင် ပြန်ပြောလိုက်သည်။ "မင်း ဂရုစိုက်စရာမလိုဘူး!"

ရှဲ့ကျူရှင်း အိပ်ရာခေါင်းရင်းကိုမှီလျက် တည်တည်ငြိမ်ငြိမ်ပြောလာသည်။ "ငါလည်း မင်းကို ဂရုမစိုက်နေပါဘူး။ အစကတည်းက ငါတို့ကြားထဲ ဘာကိစ္စမှရှိတော့တာ မဟုတ်ဘူး။ မင်း ငါ့ကို ဘာလုပ်ဖို့ လာရှာတာလဲ။"

ဝမ်ချောင် တစ်ဖန်ထပ်လို့ အသက်ပြင်းပြင်းရှူချသွားသည်။

ရှဲ့ကျူရှင်း သူ့ကိုမော့ကြည့်၍ ပြောလိုက်သည်။ "မင်း တစ်ညတာ အချိန်းအချက်လုပ်ချင်ရင် အခြားတစ်ယောက်သွားရှာ။ ငါတော့ မလုပ်ဘူး။"

သူ ဒီဆက်ဆံရေးကို ငြိမ်းငြိမ်းချမ်းချမ်းလေး အဆုံးသတ်ချင်မိသည်။

သို့သော်လည်း ဝမ်ချောင်ကတော့ တည်ငြိမ်နေခြင်း လုံးဝမရှိဘဲ ယမ်းမှုန့်များပေါ် မီးစကျသွားသည့်အလား ခက်ခက်ထန်ထန်ပြန်ပြောလာသည်။ "မင်းက မလုပ်ဘူးလို့ပြောတာနဲ့ မလုပ်ရတော့ဘူးလား။ ဘာကိစ္စ အရာရာ မင်းပြောသမျှက အဟုတ်ပဲလဲ။ မင်းပြီးပြီဆိုတာနဲ့ ပြီးရောလား။ မင်း ငါ့ကိုရော မေးခဲ့ဖူးလား။"

ရှဲ့ကျူရှင်း ပြန်ပြောလိုက်သည်။ "မင်းအသံကို တိုးထား။"

ဝမ်ချောင် နားမထောင်ဘဲ ခပ်ကျယ်ကျယ်ပြန်မေးလာသည်။ "မင်း ထောင်းထောင်းနဲ့တွဲနေတာလား။"

ရှဲ့ကျူရှင်းကိုယ်တိုင်လည်း ဒီကောလဟာလအကြောင်း ကုမ္ပဏီမှာကြားခဲ့ပေမယ့် သူ့အကြောင်းကို ပြန်ထုချေမပြောပြချင်နေ။ "ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်လဲ။"

ဝမ်ချောင် စကားဆက်မပြောတော့ဘဲ ရှဲ့ကျူရှင်းမျက်နှာကိုသာ အကြည့်မလွဲတမ်း ဆက်စိုက်ကြည့်နေသည်။

ရှဲ့ကျူရှင်း အကြည့်လွှဲရင်းပြောလိုက်သည်။ "မင်း အိမ်မြန်မြန်ပြန်တော့။ ခဏနေကျ ပိုအေးလာတော့မှာ။"

ဝမ်ချောင် : "... ငါ မပြန်ဘူး။"

ရှဲ့ကျူရှင်း သူ့လက်ချောင်းများကို ခပ်တင်းတင်းဆုပ်ထားမိသည်။ ဒီကောင်လေး အရှက်မရှိ ဘာမှမဖြစ်ထားခဲ့သလိုဟန်ဆောင်ဖို့လုပ်နေပြန်ပြီလား။ သူ့နည်းလမ်းလေး ပြောင်းလို့မရဘူးလား။

ဝမ်ချောင့်မှာ နှင်းကိုက်ခံထားရသည့်ခရမ်းသီးအလား၊ အိပ်ရာဘေး ပုံကနဲထိုင်ချလျက် အော်ဟစ်ခြင်းလည်း မရှိတော့ဘဲ ထုံထုံထိုင်းထိုင်းပြောလာသည်။ "ရှောင်ရှဲ့၊ မင်း သူနဲ့လမ်းခွဲလိုက်လို့ မရဘူးလား။"

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင်က မျက်ဝန်းတစ်စုံကိုသာ ဖော်ထားလျက်ရှိနေသေးပေမယ့် သူ့မျက်ဝန်းများက နီရဲလာပြီး ခပ်တိုးတိုးပြောလာသည်။ "ငါတောင် မင်းနဲ့လမ်းခွဲဖို့ သဘောမတူသေးတာ။ မင်းက အခြားတစ်ယောက်နဲ့တွဲနေပြီတဲ့လား။ မင်းက ဘာလို့ငါ့ထက်ပိုပြီး မကောင်းတဲ့ကောင်ဖြစ်နေရတာလဲ။"

ရှဲ့ကျူရှင်း : "... မင်းမျက်နှာက ဘာဖြစ်တာလဲ။"

ဝမ်ချောင် ဇစ်ကို အောက်အထိဆွဲချပြီး အရိုက်ခံထားရသည့်မျက်နှာလေးကို လှစ်ဟပြလာသည်။ "ငါ့သာ့ကော ငါ့ကိုရိုက်ထားတာ။ သူက ငါ ကြက်တစ်ကောင်နဲ့အတူရှိနေတာကို မိသွားလို့။"

ရှဲ့ကျူရှင်း အံကြိတ်ထားရင်းပြောလိုက်သည်။ "အဲ့တာတောင်မှ ငါက မင်းထက် မကောင်းတဲ့ကောင်လို့ပြောချင်သေးတယ်ပေါ့။ ခေါင်းဆောင်၊ မင်း နည်းနည်းလောက်ရှက်တတ်စမ်းပါ။"

ဝမ်ချောင် ပြောလာသည်။ "ငါ့အတွက် အရှက်မလိုဘူး။"

ရှဲ့ကျူရှင်း : "... ဒါဆို မင်းအတွက်ကောင်းတာပေါ့။"

ဝမ်ချောင် လှမ်းခေါ်လိုက်သည်။ "ရှဲ့ကျူရှင်း"

ရှဲ့ကျူရှင်း စိတ်ပင်ပန်းလွန်းနေတာမို့ ပြန်ပြောလိုက်သည်။ "မပြောနဲ့တော့။ ငါ နားမထောင်ချင်ဘူး။"

ဝမ်ချောင့်မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေသည့်အချိန် မျက်ရည်များကလည်း လှိမ့်စီးကျလာတာမို့ သူ့ငိုပုံက အတော်လေးရုပ်ဆိုးလှသည်။

ရှဲ့ကျူရှင်း : "..." ဖာ့ခ်

ဝမ်ချောင် တရှုံ့ရှုံ့ငိုရင်းပြောလာသည်။ "မင်းနားမထောင်ချင်လည်း ရတယ်။ ငါ ငါ့ဘာသာပြောမယ်။"

ရှဲ့ကျူရှင်း သူ့ဘာသာတွေးလိုက်မိသည်။ 'ဒေါသတွေပြေသွားအောင် သူ့ကိုပဲ ထရိုက်လိုက်ရမလား။'

ဝမ်ချောင် ဆက်ပြောသည်။ "မင်းမှာ နားကြပ်ရှိရင်တပ်ထား။ ဒီပါ့ပါးပြောတာကို နားထောင်မနေနဲ့။"

ရှဲ့ကျူရှင်းကလည်း သူ့နားကြပ်ကို တကယ်ပြန်တပ်လို့သွားသည်။

ဝမ်ချောင် ရုတ်တရက်ကြီး ပိုလို့တောင်ဝမ်းနည်းတကြီးငိုချတော့သည်။ သူ သူ့မျက်ရည်များကို အင်္ကျီလက်စနှင့်သုတ်ရင်း အင်္ကျီလက်တွင် ရှိနေသည့်ရွံ့များက သူ့မျက်နှာထံ ပေကျံသွားတာကိုလည်း မသိနေ။ သူက ရုပ်ဆိုးညစ်ပေနေသည့်မျက်နှာဖြင့် ငိုရင်းဆဲဆိုတော့သည်။ "မင်းက သူများကို သောက်ကျိုးနည်း မျက်နှာသာတောင် မပေးချင်ဘူးလား။ နားကြပ်တပ်ထားလို့ပြောတာနဲ့ တကယ်တပ်လိုက်တယ်ပေါ့။ ဒီပါ့ပါးမှာ မင်းကို လာရှာရကတည်းက အရှက်ဆိုတာ မရှိတော့ဘူးကွ။ ဖွင့်ပြောချင်ရုံလေးကို၊ သောက်ကျိုးနည်း မင်းက နားမထောင်ချင်ဘူး။ မင်းမေကြီးကို လစ်လိုက်တော့။ မင်းနားမထောင်ချင်သလို ပါ့ပါးလည်း မပြောချင်တော့ဘူး။ ဒီပါ့ပါးက အခြားဘယ်ကောင်ကိုပဲဖြစ်ဖြစ် သွားကြိုက်လို့မရဘူးလား။ မင်းလိုအရူးကောင်ကိုမှ ကြိုက်မိရတယ်လို့။"

ရှဲ့ကျူရှင်း : "... မင်းကမှ အရူးကောင်"

ဝမ်ချောင် ငုံ့ကြည့်လိုက်ရာ ရှဲ့ကျူရှင်း ဖုန်းထဲရှိဗီဒီယိုက ရပ်ထားဆဲဖြစ်ပြီး နားကြပ်ထဲတွင် ဘာအသံမှ မရှိနေ။

သူ ငိုတာရပ်သွားပြီး ဆက်လည်းမဆဲဆိုတော့။ ရုတ်တရပ်ထရပ်ပြီး ထွက်ပြေးချင်စိတ်သာရှိတော့သည်။

ရှဲ့ကျူရှင်း သူ့ကိုဆွဲထားပြီးပြောလိုက်သည်။ "မင်း ဘာကိုပြေးတာလဲ။"

ဝမ်ချောင့်မျက်နှာတစ်ခုလုံး နီရဲလာပြီး ပြန်ပြောလိုက်သည်။ "မင်းလက်လွှတ်!"

ရှဲ့ကျူရှင်း ပြန်ပြောသည်။ "ငါ မင်းပြောသမျှ အကုန်ကြားလိုက်တယ်။"

ဝမ်ချောင် : "... ငါ ဘာမှမပြောဘူး။"

ရှဲ့ကျူရှင် ခပ်ကြမ်းကြမ်းပြောလာသည်။ "မင်း ငါ့ကိုကြိုက်တယ်လို့ ပြောလိုက်တယ်။"

ဝမ်ချောင် ရှက်လွန်းတာမို့ ငြင်းဆန်ဖို့လုပ်တော့သည်။ "ရူးနေတဲ့ကောင်ကပဲ မင်းကိုကြိုက်မှာ!"

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင် စိတ်ထဲ သူ့ကိုယ်သူ တစ်ချက်ဆဲရေးလိုက်ပြီးမှ တစ်ဖန်ပြန်တွေးကြည့်လိုက်မိသည်။ 'ဒီလိုအရေးကြီတဲ့အချိန်ရောက်နေမှတော့ မျက်နှာလိုချင်နေသေးလို့ရမလား။ ရှောင်ရှဲ့က ပိုအရေးကြီးတာပေါ့။'

သူ သူ့ကိုယ်သူလက်ညိုးပြန်ထိုး၍ မချင့်မရဲပြောလိုက်သည်။ "ငါက အဲ့အရူးပဲ။ ငါ မင်းကိုကြိုက်တယ်။"

KittyKitling

T/N : ပြောလို့ပြောတာမဟုတ်၊ ဖတ်နေရင်းနဲ့ကို ထငိုမိတာ။ ဒီလို ဒီနေ့အပြီးရေးပစ်မယ်ဆိုတဲ့ တက်ကြွမှုမျိုးလည်း မပေါ်လာတာတောင်ကြာပြီ.. TT

_____///_____

[Zawgyi]

'ငါ မင္းကိုႀကိဳက္တယ္'

ထိုစကားမ်ားကိုေျပာလိုက္ခ်ိန္ ဝမ္ေခ်ာင္ သူ႔ဘာသာေတြးေနသည္က 'ဘာကို လာႂကြားဖို႔လုပ္ေနတာလဲ။ ဘယ္သူ႔မွာ ရည္းစားမရွိလို႔လဲ။' ဟူ၍ျဖစ္သည္။ သို႔ေသာ္ ေျပာၿပီးသြားသည္ႏွင့္ သူ ႐ုတ္တရက္ အရွက္လြန္သြားၿပီး ပီယာနိုဘက္သို႔ မ်က္ႏွာလႊဲထားလ်က္ လ်န္ရွီကို မ်က္ႏွာခ်င္းဆိုင္မၾကည့္ရဲေတာ့။

လ်န္ရွီက ဝမ္ေခ်ာင့္ထက္လည္း အသက္ပိုႀကီးၿပီး သူ အရြယ္ေရာက္လာတာကို ၾကည့္ရွုခဲ့ရသူဟုလည္း ေျပာလို႔ရနိုင္တာမို႔ ဝမ္ေခ်ာင့္အေၾကာင္း ေသခ်ာနားလည္လြန္းသူျဖစ္သည္။ ဝမ္ေခ်ာင္ ထိုကဲ့သိုျဖစ္ေနတာကို ၾကည့္႐ုံႏွင့္ ၈၀ ရာခိုင္ႏွုန္းေလာက္ အတည္ျဖစ္မွန္း သူသိေနသည္။ သူ႔မွာ တအံ့တဩျဖစ္သြားတာမို႔ အခ်ိန္တစ္ခုထိ ဘာမွမေျပာနိုင္။ "မင္းကေတာ့ တကယ္ပါပဲ။ ယုန္ေတာင္မွ သူတို႔အသိုက္နားက ျမက္ကို မစားဘူး။ မင္း ဘယ္လိုလုပ္ အဲ့လိုသြားထိနိုင္ရတာလဲ။"

ဒီေနရာတြင္ အျခားသူတစ္ေယာက္သာဆို ခ်က္ခ်င္းခုန္ထ၍ ကိုယ္တိုင္က အစားခံလိုက္ရတဲ့ျမက္ေလးျဖစ္ေၾကာင္း ေျပာမွာဆိုေပမယ့္ ဝမ္ေခ်ာင္ကေတာ့ မဟုတ္။ သူ႔အေနႏွင့္ ျမက္ျဖစ္ရျခင္းက ယုန္ျဖစ္ရသည္ႏွင့္ ကြာျခားမွုရွိလွသည္ဟု မေတြး။ ဘယ္လိုပဲျဖစ္ေနပါေစ သူႏွင့္ေရွာင္ရွဲ႕ လုပ္ၿပီးခဲ့ၾကၿပီျဖစ္သည္။

သူ ခပ္တိုးတိုးေရရြတ္ေျပာလိုက္သည္။ "တကယ္ေတာ့ ကၽြန္ေတာ္က သူနဲ႔ ညီအစ္ကိုလိုေပါင္းခ်င္တာ။ ဒါေပမယ့္ သူက ကၽြန္ေတာ္နဲ႔ တြဲခ်င္တယ္ေလ။"

လ်န္ရွီေျပာလာသည္။ "ငါ မင္းကို မေျပာခ်င္ေတာ့ဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ မင္းက အျမဲဒီလိုခ်ည္းပဲ။ သူ႔မွာ ေကာင္မေလးရွိတယ္မဟုတ္ဘူးလား။ မင္းတို႔ ငါ့အိမ္မွာ လာေပ်ာ္ပါးတဲ့ေန႔တုန္းက အဲ့ေကာင္မေလးကို ငါ ျမင္ဖူးလိုက္တယ္ေလ။"

ဝမ္ေခ်ာင္ ေျပာလိုက္သည္။ "လမ္းခြဲၿပီးတာ ၾကာလွၿပီ။ အဲ့ေကာင္မေလးက ေကာင္းတဲ့လူမဟုတ္ဘူး။ သူတို႔တြဲေနခ်ိန္ႀကီးမွာေတာင္ အျပင္မွာ ပတ္ရွုပ္ေနေသးတယ္။"

လ်န္ရွီ ဆြံ႕အသြားေတာ့သည္။ "ၾကည့္ရတာ မင္းလည္း အျပင္မွာ ၾကက္ကေလးနဲ႔သြားရွုပ္ရင္း မင္းအစ္ကိုမိသြားလို႔ ျပန္လာရတာပဲမလား။"

ဝမ္ေခ်ာင္ မတရားခံရသလို ခံစားလိုက္ရသည္။ "ကၽြန္ေတာ္ ပိုက္ဆံေပးၿပီးမလုပ္ဘူး! သူက ၾကက္ျဖစ္ေနမယ္လို႔ ကၽြန္ေတာ္ ဘယ္လိုသိမွာလဲ။ သူ႔မ်က္ႏွာေပၚ ေရးထားတာမွ မဟုတ္တာ!"

လ်န္ရွီေျပာလာသည္။ "ဒါက အဲ့တစ္ေယာက္ ၾကက္ဟုတ္လား၊ မဟုတ္လားနဲ႔ မဆိုင္ဘူး။ မင္း ေရွာင္ရွဲ႕နဲ႔ တြဲေနတုန္းမလား။ အဲ့ဒါေတာင္ အျပင္မွာ ပတ္ရွုပ္ေနေသးတယ္? မင္းကေရာ သူ႔ရည္းစားေဟာင္းနဲ႔ ဘာမ်ားကြာျခားသြားလဲ။"

ဝမ္ေခ်ာင္ : "..."

ၾကည့္ရတာ သူ ဂ႐ုမစိုက္ခဲ့ပုံပဲ။

သူ အေတာ္ၾကာေအာင္ တုန႔္ဆိုင္းေနၿပီးမွ သူ႔အရွုံးသူ လက္မခံခ်င္တာမို႔ က်ိဳးေၾကာင္းဆီေလ်ာ္မွုမရွိလွသည့္ အေၾကာင္းျပခ်က္မ်ား ထုတ္ေျပာလာေတာ့သည္။ "အဲ့ဒါေၾကာင့္ ကၽြန္ေတာ္ သူနဲ႔မတြဲခ်င္တာေလဗ်ာ။ သူကပဲ ကၽြန္ေတာ္တို႔ဆက္ဆံေရးကို ရွုပ္ေထြးေအာင္လုပ္ပစ္တာ။ ညီအစ္ကိုလုပ္ရတာ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္လဲ။ ဘာကို တြဲၾကမွာလဲ။ စိတ္ရွုပ္ဖို႔အရမ္းေကာင္းတာခ်ည္း။"

လ်န္ရွီေမးလိုက္သည္။ "ဒါဆို မင္းတို႔ႏွစ္ေယာက္ အတူအိပ္ၿပီးၾကၿပီလား။"

ဝမ္ေခ်ာင္က ဒီလိုကိစၥမ်ိဳးႏွင့္ပတ္သတ္ရင္ေတာ့ တုန႔္ဆိုင္းျခင္းမရွိ၊ ခ်က္ခ်င္းဝန္ခံလာသည္။ "အိပ္ၿပီးၿပီေလ။"

လ်န္ရွီ သူ႔ကို စိတ္ပိုင္းဆိုင္ရာျပႆနာရွိေနသည့္လူတစ္ေယာက္လို ၾကည့္ၿပီး ေျပာလိုက္သည္။ "မင္းတို႔ႏွစ္ေယာက္ အတူအိပ္ၿပီးတာေတာင္ မင္းက မင္းတို႔ဆက္ဆံေရးကို ပိုရွုပ္ေထြးသြားေအာင္ လုပ္လို႔ဆိုၿပီး တစ္ဖက္လူကို အျပစ္တင္ခ်င္ေသးတယ္ေပါ့။ မင္းက လူတိုင္းကို မင္းလိုသေဘာထားေနတာ။ ဒီလိုကိစၥေတြက ထမင္းစားေရေသာက္ကိစၥေတြနဲ႔တူမယ္မ်ား ထင္ေနတာလား။"

ဝမ္ေခ်ာင္ ယုံၾကည္ခ်က္ရွိရွိေျပာလာသည္။ "ဒါဆို ကၽြန္ေတာ္က အဲ့လိုလူမ်ိဳးပဲေလ။ သူနဲ႔စသိခ်ိန္ကတည္းက ကၽြန္ေတာ့္ပုံစံက အဲ့လိုပဲ။ သူလည္း သိေနရက္သားနဲ႔ ဘာလို႔ ကၽြန္ေတာ္နဲ႔တြဲခ်င္ရတာလဲ။"

လ်န္ရွီ သူ႔ကို အနည္းငယ္မၽွယုံၾကည္ျခင္းမရွိတာမို႔ ျပန္ေျပာလိုက္သည္။ "ထားလိုက္ပါေတာ့။ ငါၾကည့္ရသေလာက္ မင္းက တစ္ဖက္သူကို အတင္းတြဲရေအာင္ဆိုၿပီး ဆြဲထားသလိုပဲ။ မဟုတ္ရင္ သူ႔လို လူေကာင္းေလးက မ်က္ကန္းျဖစ္ေနတယ္ဆိုရင္ေတာင္ မင္းကို လွည့္ၾကည့္မွာမဟုတ္ဘူး။"

ဝမ္ေခ်ာင္ မေပ်ာ္မရႊင္ျဖစ္သြားၿပီး ေအာ္ေျပာလာသည္။ "ကၽြန္ေတာ့္ ဘယ္နားကမ်ား မေကာင္းလို႔လဲ။ မ်က္ႏွာဆိုလည္းမ်က္ႏွာ၊ ပိုက္ဆံဆိုလည္းပိုက္ဆံ။ ဘယ္နားကမ်ား သူ မႀကိဳက္ခ်င္စရာရွိလဲ။"

လ်န္ရွီ ျပန္ေျပာသည္။ "ေရွာင္ရွဲ႕က မင္းထက္ေတာင္ ပိုၾကည့္မေကာင္းဘူးလား။ ၿပီးေတာ့ မင္းေလာက္ လက္ဖြာတာ ဘယ္နား ပိုက္ဆံက်န္လဲ။"

ဝမ္ေခ်ာင္လည္း ေရွာင္ရွဲ႕က ပိုၾကည့္ေကာင္းတာ ဝန္ခံေပမယ့္ မေနနိုင္စြာ တစ္ဖက္သူကို ျပန္ေလွာင္လိုက္ေသးသည္။ "ေကာ ေျပာသလိုဆို ပိုင္ထုက ဒီေလာက္႐ုပ္ေခ်ာတာ ကိုယ့္ဘာသာကိုယ္လည္း မွန္ထဲျပန္ၾကည့္ၾကည့္ပါဦး။"

လ်န္ရွီကလည္း ဝင့္ဝင့္ႂကြားႂကြားျပန္ေျပာလာသည္။ "ဒါဆို သူက ငါ႐ုပ္ဆိုးေနတာေလးကို ႀကိဳက္တာပဲ။"

ဝမ္ေခ်ာင္ ျပန္ေျပာလိုက္သည္။ "ဒါဆို ေရွာင္ရွဲ႕ကလည္း ကၽြန္ေတာ့္အသုံးဖြာတဲ့ပုံစံေလးကိုမွ ႀကိဳက္တာ!"

လ်န္ရွီ ရယ္သြားသည္။ "ဒါဆို မင္းကေရာ သူ႔ရဲ့ ဘယ္အခ်က္ေတြကို သေဘာက်တာလဲ။"

ဝမ္ေခ်ာင္ လႊတ္ကနဲေျပာထြက္လာသည္။ "ကၽြန္ေတာ္က သူေကာင္းေပးတဲ့ပုံစံကို သေဘာက်တာဗ်ာ!"

လ်န္ရွီလည္း အဓိပၸါယ္ရွိရွိ သံရွည္ဆြဲေျပာလိုက္သည္။ "အိုးးး"

ဝမ္ေခ်ာင္ : "... မဟုတ္ေသးပါဘူး၊ ဘယ္သူက သူ႔ႀကိဳက္လို႔လဲ။"

လ်န္ရွီ သက္ျပင္းခ်သြားသည္။ "တုံးလြန္းတဲ့ငါ့ညီရ၊ ဒါ မင္းဘာသာေျပာတာေလ။ ငါ ဘယ္လိုလုပ္သိမွာလဲ။"

ဝမ္ေခ်ာင္ : "..." 'ဘယ္လို? သူ ေရွာင္ရွဲ႕ကို သေဘာက်ေနတာလား။'

သူက ေရွာင္ရွဲ႕ကို သေဘာက်တယ္???

သူ ခဏၾကာေအာင္ ေၾကာင္အေနၿပီးမွ လ်န္ရွီကို ေမးလိုက္သည္။ "သေဘာက်တယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ။"

လ်န္ရွီေျပာလာသည္။ "မင္း ဘယ္လိုေတြးလဲေတာ့ ငါမသိဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ငါ ပိုင္ထုကို သေဘာက်တယ္ဆိုတာ ေန႔တိုင္း ငါ သူနဲ႔အတူရွိေနခ်င္တယ္။ သူ လိုခ်င္တာ ဘာပဲျဖစ္ေနပါေစ၊ ငါ့မွာရွိတယ္ဆို ငါ သူ႔ကိုေပးခ်င္တယ္။"

ဝမ္ေခ်ာင္ ေတြးၾကည့္လိုက္သည္။ သူလည္း ေရွာင္ရွဲ႕ႏွင့္ ေန႔တိုင္းအတူရွိေနခ်င္ၿပီး ေရွာင္ရွဲ႕က လိုခ်င္တယ္ဟု တစ္ခါမွမေျပာခဲ့ဖူးတာေတာင္ သူ ရွူးဖိနပ္တစ္စုံ သေဘာက်ေနမွန္းသိသည္ႏွင့္ ဝယ္ေပးၿပီးျဖစ္ေနသည္။ အကယ္၍ ေရွာင္ရွဲ႕ဘက္က တစ္ခုခုလိုခ်င္သည္ဟု ေျပာလာခဲ့ရင္လည္း သူေပးလိုက္မည္ျဖစ္သည္။ အကယ္၍ သူ မတတ္နိုင္သည့္အရာမ်ိဳးဆိုလၽွင္ ဝမ္ခ်ီ ဒါမွမဟုတ္ သူ႔အေဖထံမွ ပိုက္ဆံေခ်းလို႔ ဝယ္ေပးလိုက္မည္သာ။

... ဒါဆို သူ တကယ္ႀကီး ေရွာင္ရွဲ႕ကို အမ်ားႀကီးသေဘာက်ေနတာပဲမလား။

လ်န္ရွီက သူႏွင့္ အၾကာႀကီးအခ်ိန္ျဖဳန္းမေနဘဲ သူ႔ခ်စ္သူကို အေဖာ္ျပဳေပးရဦးမည္ဟု ေျပာလာေတာ့သည္။

ဝမ္ေခ်ာင္ သူ႔ကို လွမ္းသတိေပးလိုက္သည္။ "ကၽြန္ေတာ့္ေကာကို ျပန္မေျပာလိုက္နဲ႔။"

လ်န္ရွီ သိသိလ်က္ႏွင့္ေမးလာသည္။ "ဘာကို မေျပာရမွာလဲ။"

ဝမ္ေခ်ာင္ ကိုးရိုးကားရားျပန္ေျပာလိုက္သည္။ "ကၽြန္ေတာ္နဲ႔ေရွာင္ရွဲ႕ၾကားကကိစၥ။ ကၽြန္ေတာ့္ေကာေတြ သိသြားရင္ အဖြဲ႕ထဲ ျပန္သြားနိုင္ေတာ့မွာ မဟုတ္ဘူး။"

လ်န္ရွီ သေဘာတူလိုက္ၿပီးေနာက္ ထပ္ေမးလာသည္။ "ငါ ေရွာင္ရွဲ႕ကို ဖုန္းျပန္ဆက္ၿပီး မင္းအေျခအေနအေၾကာင္း ေျပာျပဖို႔လိုေသးလား။"

ဝမ္ေခ်ာင္ အခ်ိန္အေတာ္ၾကာစဥ္းစားၿပီးမွ ေျပာလိုက္သည္။ "ေနာက္ထပ္ရက္အနည္းငယ္ေလာက္ေနရင္ ျပန္လာခဲ့မယ္လို႔ပဲ ေျပာထားေပး။"

လ်န္ရွီ တံခါးနားအထိ ေလၽွာက္သြားၿပီးကာမွ ဝမ္ေခ်ာင္ရဲ့တားဆီးျခင္းကို တစ္ဖန္ခံလိုက္ရျပန္သည္။ "ေကာ .. သူ႔ကို ကၽြန္ေတာ့္ရဲ့ၾကက္ဖမ္းမိတဲ့ကိစၥအေၾကာင္း မေျပာျပနဲ႔။ ကၽြန္ေတာ္ တကယ္ ဘာမွမလုပ္ခဲ့ဘူး။ အဲ့တစ္ေယာက္က ၾကက္ျဖစ္ေနမွန္းလည္း ကၽြန္ေတာ္ မသိထားဘူး။"

လ်န္ရွီ တမင္ေျပာလိုက္သည္။ "မင္းပဲ သူနဲ႔ မတြဲခ်င္ေတာ့တာမဟုတ္ဘူးလား။ မင္း ၾကက္သြားရွာတဲ့အေၾကာင္း သူ႔ကိုေပးသိလိုက္ေလ။ သူ စိတ္ပ်က္သြားတာနဲ႔ အဲ့ဒါ လမ္းခြဲဖို႔အတြက္ အခြင့္ေကာင္းတစ္ခုပဲ။"

ဝမ္ေခ်ာင့္ေယာင္ကိုင္းေနတဲ့မ်က္ႏွာတစ္ခုလုံး ရွုံ႔တြသြားေတာ့သည္။ "ဘယ္သူက ကၽြန္ေတာ္ လမ္းခြဲမယ္လို႔ေျပာလဲ။ ေကာ သူ႔ဆီ မဟုတ္တ႐ုတ္ေတြ သြားေျပာထားရင္ ကၽြန္ေတာ္နဲ႔ အေတြ႕ပဲေနာ္။"

လ်န္ရွီလည္း ျပဳံးရယ္လ်က္ထြက္သြား၏။

ဝမ္ေခ်ာင္ ထိုင္ခုံေပၚ ပုံကနဲလဲက်ၿပီး ခံစားခ်က္မ်ားရွုပ္ေထြးေနေတာ့သည္။

ဆိုေတာ့ အခ်ိန္အေတာ္ၾကာကတည္းက သူ ေရွာင္ရွဲ႕ကို ႀကိဳက္ေနခဲ့တာေပါ့။

ထိုသို႔ေတြးၾကည့္ရာ ကိစၥေတာ္ေတာ္မ်ားမ်ားကို သူ ပို႔လို႔နားလည္လာေတာ့သည္။

ဘာလို႔ ေရွာင္ရွဲ႕နဲ႔ ေထာင္းေထာင္း အတူတြဲရွိေနတာကိုျမင္႐ုံႏွင့္ သူ ေဒါသထြက္လာရတာလဲ။ 'သဝန္တိုျခင္း' ဆိုသည့္စကားလုံးကို ဘယ္သူကမ်ား တီထြင္ခဲ့တာပါလိမ့္။ အသုံးအႏွုန္းက လုံးဝတိက်လြန္းသည္။ အရသာက တကယ္ခ်ဥ္၏။

ဘာလို႔ နတ္ဘုရားမရဲ့တံေတြးကိုေတာင္ မထိေတြ႕ခ်င္ခဲ့တဲ့သူက ေရွာင္ရွဲ႕ႏွင့္ french kiss နမ္းရတာကို ရြံ႕ရွာတယ္ဟု မေတြးခဲ့ရတာလဲ။ ထို႔အျပင္ သူ႔အေနႏွင့္ စိတ္ဝင္စားဖို႔ေကာင္းသည္ဟုေတာင္ ေတြးခဲ့ေသးသည္။

ဘာလို႔ ေရွာင္ရွဲ႕ သူ႔ကို တစ္ခ်က္ႏွစ္ခ်က္ရိုက္႐ုံမကလို႔ ဘယ္ႏွစ္ႀကိမ္ပဲရိုက္ရိုက္ သူ သိပ္ေဒါသမထြက္ဘဲ ေနာက္က်ရင္လည္း ေရွာင္ရွဲ႕ သူ႔ကို ဒီလိုမ်ိဳး အျမဲဆူေငါက္ေနဖို႔ေမၽွာ္လင့္ခဲ့တာလဲ။

ေရွာင္ရွဲ႕က သူ႔ကို ေမးခဲ့ဖူးသည္၊ က်ဴ႕က်န္းျမစ္ကမ္းေဘးရွိ မွို႔ပင္ေအာက္တြင္ သူ႔ကို ဘာလို႔႐ုတ္တရက္နမ္းလာသလဲဟူ၍။

ထိုအခ်ိန္ကေတာ့ သူ စိတ္ခံစားခ်က္ေကာင္းေနလို႔ဟူ၍သာ ျပန္ေျဖေပးခဲ့မိသည္။

အခုေတာ့ သူ နည္းနည္းနားလည္စျပဳလာၿပီ။ ထို'စိတ္ခံစားခ်က္ေကာင္းျခင္း'ဆိုသည္မွာ သူ႔ရင္ထဲက ေရွာင္ရွဲ႕အတြက္ခ်စ္ျခင္းမ်ားျဖစ္လိမ့္မည္။ ျပည့္ႏွက္လြန္းၿပီး လၽွံက်မတတ္ျဖစ္ေနတာမို႔ သူ ေရွာင္ရွဲ႕ကို နမ္းခ်င္စိတ္ ျပင္းျပသြားျခင္းသာ။

သူ႔အသက္က ၂၂ ႏွစ္ရွိေနၿပီဆိုေပမယ့္ ဒီေန႔ဒီအခ်ိန္ထိ သူ႔ဘဝထဲ ခ်စ္ရမည့္လူတစ္ေယာက္ရွိလာလိမ့္မည္ဟု တစ္ခါမွ မေတြးထားဖူး။

ဒီကိစၥက အေတာ္ေလးစိတ္လွုပ္ရွားဖို႔ေကာင္းလွသည္။

သူ ပီယာနိုေပၚသို႔ လက္တစ္ဖက္တင္လ်က္ စိတ္လြတ္လက္လြတ္ စိတ္ေခၚေဆာင္ရာအတိုင္း သံစဥ္အခ်ိဳ႕ကို တီးခတ္လိုက္ေတာ့သည္။

ဒိုဒို ဆိုဆို လာလာ ဆို .. ဖာဖာ မီမီ ရာ့ရာ့ ဒို ..။

'မွိတ္တုတ္မွိတ္တုတ္ေကာင္းကင္ထက္ ... ရွဲ႕က်ဴရွင္းနဲ႔ျပည့္ႏွက္ႏွက္ ...'

[T/N : 一闪一闪亮晶晶,满天都是谢竹星。(ယိရွန္ယိရွန္ လ်န႔္က်င္းက်င္း .. မန္တ်န္းသိုးရွစ္ ရွဲ႕က်ဴရွင္း) twinkle twinkle little star ရဲ့ တ႐ုတ္ ver ကိုမွ ေရွာင္ရွင္းရွင္း (ၾကယ္ေလး) ဆိုတဲ့ေန႔ရာမွာ ရွဲ႕က်ဴရွင္းဆိုၿပီး ေျပာင္းထည့္လိုက္တာပါ။ ရွဲ႕က်ဴရွင္းရဲ့ 'ရွင္း' ကလည္း ၾကယ္ဆိုၿပီး အဓိပၸါယ္ရတာမို႔ ေကာင္းကင္ထက္မွာ ၾကယ္ေတြနဲ႔ ျပည့္ႏွက္ေနတယ္ဆိုတဲ့အဓိပၸါယ္ပါ။]

ေဟး ေဟး ေဟး

ေန႔လည္ခင္း ဝမ္ခ်ီ စစ္ေဆးဖို႔ အိမ္ျပန္လာခ်ိန္ အေပၚထပ္မွ ဝမ္ေခ်ာင္ရဲ့ပီယာနိုေလ့က်င့္ေနသံကို ၾကားလိုက္ရေတာ့သည္။ သူကိုယ္တိုင္ေတာ့ မတီးတတ္ေပမယ့္ အရင္က ဝမ္ေခ်ာင္ေလ့က်င့္တာကို ႏွစ္ေပါင္းမ်ားစြာ ေစာင့္ၾကည့္ခဲ့ရတာမို႔ သံစဥ္ကိုေတာင္ သူ အလြတ္ရေနခဲ့ၿပီ။ ဒါ Chopin ရဲ့ "Grande Valse Brillante" ျဖစ္၏။

ထူးဆန္းေနသလိုခံစားခ်က္ႏွင့္ သူ ေလာ့ခ္ဖြင့္၍ အခန္းထဲဝင္သြားတာေတာင္မွ ဝမ္ေခ်ာင္က အေလးအနက္ေလ့က်င့္ေနတာမို႔ သူဝင္လာသံကိုေတာင္ မၾကား။

သူ ခဏမၽွ ရပ္ၾကည့္ေနၿပီးေနာက္ တိတ္တဆိတ္ျပန္ထြက္သြားၿပီး ဝမ္က်င္းကို ေမးလိုက္သည္။ "ဘာကမ်ား သူ႔ကို အဲ့ေလာက္လွုံ႔ေဆာ္သြားရတာလဲ။"

ဝမ္က်င္း ျပန္ေျပာလာသည္။ "မသိဘူး။ သူ ဒီေန႔တစ္ရက္လုံး ပီယာနိုတီးေလ့က်င့္ေနတာ။ ငါ ေန႔လည္က အေပၚတက္သြားေတာ့လည္း သူ ဘာမွျပန္မေျပာဘူး။ မင္းရိုက္တာမ်ားၿပီး သူ တကယ္႐ူးအအျဖစ္သြားတာမ်ားလား။"

ဝမ္ခ်ီ ေျပာလိုက္သည္။ "အဓိပၸါယ္မရွိ"

ဝမ္က်င္း ထပ္ေျပာသည္။ "သူလည္း ဒီရက္ပိုင္း ေတာ္ေတာ္အပိုးက်ိဳးေနတာပဲ။ ငါ့အထင္ ၾကက္နဲ႔ဇယားသြားရွုပ္တယ္ဆိုတာ တကယ္အထင္လြဲခံရတာေနမယ္။"

ဝမ္ခ်ီ ေဒါသထြက္သြားေတာ့သည္။ "သူ ေယာက္်ားတစ္ေယာက္နဲ႔ ေဟာ္တယ္ခန္းထဲေရာက္ေနတဲ့အခ်ိန္ ဘာအထင္လြဲစရာမ်ားရွိဦးမွာလဲ။"

ဝမ္က်င္း သူ႔ကို မ်က္စိေမွးၾကည့္လိုက္သည္။ "သာ့ေကာ၊ ငါလည္း မင္းကို အခုထိ မေမးရေသးဘူး။ မင္းကေရာ ဘာကိစၥရွိလို႔လဲ။ ညနက္ႀကီး ေဟာ္တယ္ေရာက္ေနတာ။"

ဝမ္ခ်ီ ႏွုတ္ခမ္းတင္းတင္းေစ့ထားမိသည္။

ဝမ္က်င္း ဆက္ေျပာသည္။ "တကယ္ေတာ့ သူ အခု အိုင္ေဒါလုပ္ေနတာလည္း အေတာ္ေလးေကာင္းပါတယ္။ မင္း သူ႔ကို ေပးမလုပ္ဘူးဆို ေနာက္က် ဘာဆက္လုပ္ခိုင္းမွာလဲ။"

ဝမ္ခ်ီ ျပန္ေျဖသည္။ "ငါ သူ႔ကို နိုင္ငံျခားပညာသင္လႊတ္ဖို႔လုပ္ေနတာ။"

ဝမ္က်င္း အံ့ဩလြန္းေနသည့္မ်က္ႏွာအမူအရာျဖင့္ ေျပာလာသည္။ "မ်က္စိေအာက္မွာေတာင္မွ ထိန္းရခက္ေနတာ။ မင္း သူ႔ကို နိုင္ငံျခားလႊတ္လိုက္ရင္ ႏွစ္ဝက္အတြင္း အဲ့ေကာင္ေလး သုံးစားမရျဖစ္သြားလိမ့္မယ္။"

ဝမ္ခ်ီ မ်က္ေမွာင္ၾကဳတ္သြားသည္။ သူလည္း ဝမ္ေခ်ာင့္အေၾကာင္း ေကာင္းေကာင္းသိထားသည္။ ေစာင့္ၾကည့္မည့္သူမရွိဘဲ နိုင္ငံျခားကို တစ္ေယာက္တည္းလႊတ္လိုက္ဖို႔ဆိုတာ ေသခ်ာေပါက္မျဖစ္နိုင္။

ဝမ္က်င္းလည္း အခုအေျခအေနကို အခြင့္ေကာင္းယူ၍ ကူေျပာေပးေတာ့သည္။ "သူလည္း လူႀကီးျဖစ္ေနၿပီ။ ဒီလိုအလုပ္တစ္ခုကို ေလးေလးနက္နက္လုပ္လာဖို႔လည္း လြယ္တာမဟုတ္ဘူး။ အခုမွ ရလဒ္အခ်ိဳ႕ ရတုန္းရွိေသးတယ္။ မင္းက သူ႔ကို သြားရွုပ္ေနတာ။ ငါ ေျပာလို႔ေျပာတာ မဟုတ္ဘူး၊ သူ မင္းကို တစ္သက္လုံးအျပစ္တင္ေနလိမ့္မယ္။"

ဝမ္ခ်ီ မ်က္ဆန္လွန္ျပလိုက္သည္။ "သူ လုပ္ရဲတယ္ေပါ့။"

ဝမ္က်င္း ျပန္ေျပာသည္။ "ဒါဆို မင္းစမ္းၾကည့္လိုက္ေလ။"

ဝမ္ခ်ီ မစမ္းၾကည့္ခ်င္လွ။

သူက သူ႔အေဖရဲ့ရိုက္ႏွက္မွုမ်ားျဖင့္ ငယ္ရာမွႀကီးလာသူျဖစ္သည္။ ဝမ္က်င္းလည္း ထိုအရိုက္ခံရမွုကို လႊတ္ေျမာက္ခဲ့ျခင္းမရွိ။ ဒါကိုက သူတို႔မိသားစုရဲ့သင္ၾကားေရးနည္းလမ္းစဥ္ျဖစ္ေနသည္။ အသက္ ၇၀ အရြယ္ရွိ သူ႔အဘိုးကလည္း မနက္ခင္းတစ္ခုတြင္ ႐ုတ္တရက္ ဦးေႏွာက္ေသြးစုၿပီး မေသခင္ သူ႔အေဖကို လမ္းေလၽွာက္တုတ္ေခ်ာင္းျဖင့္ ရိုက္ခဲ့ေသးသည္သာ။

ဒီလိုသင္ၾကားထိန္းေက်ာင္းမွုႏွင့္ သူႏွင့္ဝမ္က်င္းႏွစ္ေယာက္လုံး ဂုဏ္ရွိထင္ရွားေက်ာင္းမ်ားတြင္ တက္ခြင့္ရခဲ့ၿပီး အခ်ိန္တစ္ခုေရာက္လာခ်ိန္ သူလည္း လက္ထပ္ျဖစ္သြားသလို ဝမ္က်င္းလည္း သူ႔လိင္စိတ္တိမ္းညႊတ္မွုကို ဖြင့္ေျပာလာခဲ့သည္။ ဝမ္က်င္းရဲ့ရည္းစားေရးက အဆင္ေျပေျပအဆုံးမသတ္သြားေပမယ့္ ထိုအခ်ိန္က သူ႔ရဲ့ပုန္ကန္မွုမ်ားက အစ္ကိုႀကီးတစ္ေယာက္ျဖစ္သည့္သူ႔အတြက္ ေၾကာက္လန႔္ဖို႔ေကာင္းဆဲ။ အသက္ ၂၄၊ ၂၅ အရြယ္က ပုန္ကန္ထႂကြမွုျဖစ္ဖို႔ အရမ္းေနာက္က်လြန္းေနတဲ့အရြယ္ မဟုတ္ပါလား။ သို႔ေပမယ့္ ဒီႏွစ္တြင္ အသက္ ၃၁ ႏွစ္ရွိေနၿပီျဖစ္သည့္သူကိုယ္တိုင္ကလည္း ႀကိဳတင္အသိေပးျခင္းမရွိ၊ ပုန္ကန္ထႂကြတဲ့အရြယ္ေရာက္လာခဲ့သည္။ သူ အလုပ္ကထြက္ခဲ့သလို မိန္းမႏွင့္လည္း လမ္းခြဲလိုက္ၿပီး ဘယ္ေတာ့မွ အတူမရွိေနသင့္သည့္လူတစ္ေယာက္ႏွင့္လည္း တြဲေနခဲ့ၿပီ။ သူသာ ဟာ့ပင္းကိုျပန္၍ မိဘမ်ားႏွင့္သြားေတြ႕ပါက သူ႔အေဖထံမွ အရိုက္ခံရနိုင္သည္မွာ အံ့ဖြယ္မရွိေန။

ဝမ္ေခ်ာင္က သူတို႔မိသားစုထဲတြင္ အကြဲျပားဆုံးကေလးတစ္ေယာက္ျဖစ္သည္။ သူက ေမြးလာကတည္းက ပုန္ကန္အရြယ္ထဲ စဝင္ခဲ့ၿပီး တစ္ရက္ေလာက္ မရိုက္ဘဲ လႊတ္ထားမိလိုက္တာႏွင့္ အိမ္အမိုးကြာသည္အထိ ျပႆနာရွာနိုင္သူတစ္ေယာက္သာ။ မလုပ္ဖို႔ေျပာထားသမၽွအရာအားလုံးကိုလည္း သူက တစ္ေသြမတိမ္းလိုက္လုပ္တတ္တာမို႔ သူတို႔ ဘာနည္းလမ္းမ်ား သုံးနိုင္ဦးမွာလဲ။ ရိုက္ရတာေပါ့။ ထိုသို႔ ရိုက္လိုက္ခဲ့သည္မွာလည္း သူ႔အသက္ ၂၂ ႏွစ္အထိ ေရာက္ေနခဲ့ၿပီ၊ အခုထိ ထိုပုန္ကန္အရြယ္က မၿပီးဆုံးေသး။

ထိုသို႔ရိုက္ေနေပမယ့္လည္း ဝမ္ခ်ီက သူ႔ညီေလးကိုေတာ့ တကယ္ခ်စ္လွသည္။ မဟုတ္ပါက ဝမ္ေခ်ာင္တစ္ေယာက္ သူ႔ကိုယ္ပိုင္ကမၻာေလးထဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္၊ လုံလုံျခဳံျခဳံေနနိုင္တဲ့အထိ အလိုလိုက္ခံထားရမွာမဟုတ္။ ဒီလိုကံေကာင္းျခင္းမ်ိဳးကို ဒီကမၻာေပၚတြင္ ရရွိနိုင္သူမွာ လူနည္းစုမၽွသာရွိသည္။

ဝမ္ေခ်ာင္တစ္ေယာက္ ပီယာနိုကို ရက္အနည္းငယ္ၾကာေအာင္ ေလ့က်င့္ၿပီးသည့္ေနာက္ ဆုခ်ီးျမႇင့္ခံလိုက္ရေတာ့သည္။

ဝမ္ခ်ီက သူ႔ဖုန္းကို ျပန္ေပးလို႔လာသည္။

"ဂိမ္းေဆာ့ဖို႔ခ်ည္းပဲ မေတြးေနနဲ႔။" ဝမ္ခ်ီေျပာသည္။ "ေရွာင္သြမ့္ကို ဖုန္းေခၚၿပီး မင္းက်န္းမာေရးေကာင္းလာၿပီလို႔ ေျပာလိုက္။"

ဝမ္ေခ်ာင္မွာ ငိုခ်မတတ္ျဖစ္သြားေတာ့သည္။ "ကၽြန္ေတာ္ ရွန႔္ဟိုင္ကိုေရာ လိုက္သြားလို႔ရေသးလား။"

ဝမ္ခ်ီ ေျပာလာသည္။ "မင္းလုပ္ရပ္ေတြကို ၾကည့္ဦးမယ္။"

ဝမ္ခ်ီ အျပင္ျပန္ထြက္သြားသည္ႏွင့္ ဝမ္ေခ်ာင္ ဖုန္းကိုေျမႇာက္လ်က္ ႏွစ္ႀကိမ္မၽွနမ္းလိုက္ၿပီး စိတ္လွုပ္ရွားလြန္းတာမို႔ ဝိုင္းဝိုင္းပတ္လည္ၿပီးေတာင္ လမ္းေလၽွာက္ခ်င္ေနေတာ့သည္။

ေရွာင္ရွဲ႕ကို ဖုန္းဆက္မယ္!

... ဘာအေၾကာင္းမ်ား ေျပာရပါ့မလဲ။

ဝမ္ေခ်ာင္ အခ်ိန္အေတာ္ၾကာလြန္ဆြဲၿပီးေနာက္ ရွဲ႕က်ဴရွင္းထံ ဖုန္းေခၚဖို႔ ရွက္ရြံ႕လြန္းသလိုခံစားေနတာမို႔ မေခၚျဖစ္ေတာ့။ သူတို႔ ေနာက္ဆုံးတစ္ေခါက္ေတြ႕ျဖစ္ခ်ိန္ သူက ဝံ့ဝံ့ႂကြားႂကြားႏွင့္ ၾကက္ကေလးႏွင့္ ဘားမွထြက္သြားခဲ့ၿပီး တစ္ညတာေပ်ာ္ပါးမည့္အေၾကာင္းလည္း ႂကြားဝါလို႔ေျပာခဲ့ေသးသည္။

သူ တစ္ဖက္လမ္းနည္းျဖင့္ ခ်ည္းကပ္ဖို႔ဆုံးျဖတ္ၿပီးေနာက္ ခ်န္းေယာင့္ကို ဖုန္းေခၚလိုက္ေတာ့သည္။

ခ်န္းေယာင့္က တစ္ဖက္မွ အသံကုန္ေအာ္ဟစ္လာသည္။ "အားးးးးးးးး ေခါင္းေဆာင္!!!"

ဝမ္ေခ်ာင္ : "... မေအာ္နဲ႔၊ မေအာ္နဲ႔ေတာ့။ ငါ့နားလည္း ကန္းေတာ့မယ္!"

ခ်န္းေယာင့္မွာ သူ႔စိတ္လွုပ္ရွားေနမွုကို မဖုံးဖိနိုင္။ "ေခါင္းေဆာင္၊ ဘယ္ေရာက္ေနတာလဲဗ်ာ။ တကယ္ႀကီး ရွန႔္ဟိုင္ကို မလိုက္ေတာ့ဘူးလား။ အဖြဲ႕ထဲကေနေရာ တကယ္ထြက္ေတာ့မွာလား။ ေခါင္းေဆာင္ရဲ့ဖန္ေတြက လိုင္းေပၚမွ ကုမၸဏီကို ေအာ္ေငါက္ဆဲဆိုေနၿပီး လက္မွတ္ျပန္အမ္းေပးဆိုတာေတြအထိ ေျပာေနၾကတာ။"

ဝမ္ေခ်ာင့္မွာ သူႏွင့္ စကားစျမည္ေျပာခ်င္စိတ္ မရွိေနတာမို႔ ေမးလိုက္သည္။ "မင္း ကုမၸဏီမွာပဲ ရွိေနေသးတာလား။ အဲ့တစ္ေယာက္ေရာ မရွိဘူးလား။ သူ႔ကို လာခိုင္းလိုက္။ ငါ သူနဲ႔ စကားနည္းနည္းေျပာစရာရွိလို႔။"

ခ်န္းေယာင့္ ေျပာလာသည္။ "ဘယ္တစ္ေယာက္လဲ။"

ဝမ္ေခ်ာင့္မွာ နာမည္ထုတ္ေျပာဖို႔ နည္းနည္းရွက္ရြံ႕ေနမိသည္။

ခ်န္းေယာင့္ ႐ုတ္တရက္ေျပာလာ၏။ "ေရွာင္ရွဲ႕ေကာလား။ သူက ေထာင္းေထာင္းနဲ႔ ေလ့က်င့္ေရးခန္းထဲမွာ အတူတူအကေလ့က်င့္ေနတယ္။"

ဝမ္ေခ်ာင္ ျပန္ေမးလိုက္သည္။ "ဘယ္သူ? သူက ဘယ္သူနဲ႔ရွိေနတယ္လို႔ မင္းေျပာလိုက္တာ?"

ခ်န္းေယာင့္ေျပာလာသည္။ "ဂ်ဴနီယာညီမေလးေတြအဖြဲ႕က ရွန႔္ဟိုင္ fan meeting မွာ ကၽြန္ေတာ္တို႔ရဲ့ guest ေတြအေနနဲ႔ ပါဝင္ေပးမွာေလ။ ခြန္း-ေကာက ေထာင္းေထာင္းနဲ႔ ေရွာင္ရွဲ႕ေကာကို အကတစ္ပုဒ္ အတူတူေဖ်ာ္ေျဖခိုင္းထားတာ။ အဲ့တာနဲ႔ သူတို႔အတူေလ့က်င့္ေနတာ ႏွစ္ရက္ေလာက္ရွိၿပီ။"

ဝမ္ေခ်ာင္ ေဒါသတႀကီးေျပာေတာ့သည္။ "ခြန္း-ေကာရဲ့ဦးေႏွာက္ထဲ ေရဝင္သြားတာလား! ငါတို႔ fan meeting ကို သူတို႔ေခၚၿပီး ဘာလုပ္မွာလဲ။ ၿပီးေတာ့ အတူတူေတာင္ ကျပဦးမယ္?"

ခ်န္းေယာင့္ ျပန္ေျပာသည္။ "ခြန္း-ေကာ မဟုတ္ဘူး။ ၾကည့္ရတာ အဲ့အစီအစဥ္ကို ေရွာင္ရွဲ႕ေကာကိုယ္တိုင္က လုပ္ေပးဖို႔ ေတာင္းဆိုခဲ့တဲ့ပုံပဲ။"

ဝမ္ေခ်ာင္ ပိုလို႔ေတာင္ေဒါသထြက္သြားသည္။ "သူ ႐ူးသြားတာလား။"

ခ်န္းေယာင့္ ဆက္ေျပာသည္။ "စီယြမ္ေကာ ေျပာတာေတာ့ ေထာင္းေထာင္းက ေရွာင္ရွဲ႕ေကာကို ဖြင့္ေျပာထားတယ္တဲ့။ အရင္က ဆိုရိုးစကားေတြလိုေပါ့၊ မိန္းကေလးဘက္က လိုက္တာဆို ေကာင္ေလးဘက္က အလႊာတစ္ခုပဲ ျခားထားတာမ်ိဳးေလ။ သူတို႔ႏွစ္ေယာက္က တြဲေနေလာက္ၿပီ။ ေရွာင္ရွဲ႕ေကာအေနနဲ႔လည္း သူ႔ေကာင္မေလးကို သူနဲ႔အတူေခၚလာခ်င္တာ သာမန္ပဲမလား။ ေခါင္းေဆာင္၊ ေခါင္းေဆာင္ကေရာ ဘယ္အခ်ိန္ျပန္လာမွာလဲ။"

ဝမ္ေခ်ာင္ ေဒါသတႀကီးေျပာခ်လိုက္သည္။ "ျပန္မလာေတာ့ဘူး! ဒီတစ္သက္လုံး ျပန္မလာေတာ့ဘူး!"

သူ ဖုန္းခ်ၿပီးတာႏွင့္ သစ္သားခုံကို ေျခေထာက္ျဖင့္ကန္လိုက္မိရာ သူ႔ေျခေခ်ာင္းမ်ားႏွင့္ တိုက္မိသြားၿပီး နာက်င္စြာေအာ္ဟစ္လ်က္ ေျခတစ္ဖက္ေထာက္အေနအထားႏွင့္ ဆယ္စကၠန႔္မၽွၾကာေအာင္ ခုန္ဆြခုန္ဆြလုပ္ေနမိေတာ့သည္။ ထို႔ေနာက္ သူ ေျခအိတ္ကိုဆြဲခၽြတ္၍ ၾကည့္လိုက္ရာ သူ႔ေျခမက မုန္လာဥနီေလးလို နီရဲေနေတာ့သည္။

တကယ္ကံဆိုးမိုးေမွာင္က်ေနတာပဲ။

ညနက္လာခ်ိန္ ဝမ္ခ်ီက အိမ္ျပန္မလာဘဲ ဝမ္က်င္းကလည္း သူ႔အခန္းသူ ျပန္သြားခဲ့ၿပီ။

ဝမ္ေခ်ာင္ ဂ႐ုတစိုက္ႏွင့္ ျပတင္းေပါက္တံခါးကို တြန္းဖြင့္လ်က္ ျပတင္းေပါက္ေဘာင္ေပၚတြင္ မတ္တပ္ရပ္ရင္း ျပတင္းေပါက္မွန္ေဘာင္ကို လက္ႏွစ္ဖက္လုံးျဖင့္ ဆုပ္ကိုင္၍ အားအျပည့္ႏွင့္ တစ္ဖက္အခန္း၏ ျပတင္းေပါက္ေဘာင္ေပၚသို႔ လွမ္းခုန္တက္လိုက္ေလသည္။ လမ္းတစ္ဝက္တြင္ ျပဳတ္က်မလိုျဖစ္သြားေသးတာမို႔ သူ ေခၽြးေအးမ်ားေတာင္ လွိမ့္ထြက္လာေတာ့သည္။ ကံေကာင္းစြာျဖင့္ တစ္ဖက္အခန္းတံခါးက ေသာ့မခတ္ထားတာမို႔ သူ လြယ္လြယ္ကူကူ အခန္းထဲဝင္လ်က္ ေအာက္သို႔ ေျခသံေဖ်ာ့ေဖ်ာ့ႏွင့္ ဆင္းသြားလိုက္သည္။ သူ႔အေနႏွင့္ ဝမ္က်င္း သူ႔လွုပ္လွုပ္ရွားရွားအသံမ်ားကို ၾကားသြားမွာ စိုးရိမ္တာမို႔ အိမ္တံခါးကေနေတာင္ မျဖတ္သြားရဲဘဲ နံရံကိုေက်ာ္၍ ထြက္သြားဖို႔လုပ္ရသည္။ သူ ျမက္ေပၚသို႔ ျပဳတ္က်၍ ရြံ႕ဗြက္မ်ားလည္း ဖုံးလႊမ္းသြားေပမယ့္ က်ယ္က်ယ္ေလာင္ေလာင္ မေအာ္ရဲတာမို႔ ခပ္တိုးတိုးဆဲဆိုရင္းသာ အလ်င္စလိုေျပးထြက္သြားရေလသည္။

ရွဲ႕က်ဴရွင္း ကုမၸဏီမွ အိမ္သို႔ျပန္ေရာက္တာႏွင့္ အိပ္ရာေပၚထိုင္လ်က္ နားၾကပ္တပ္၍ အကဗီဒီယိုမ်ားကို ၾကည့္ေနလိုက္သည္။

သူ လ်န္ရွီထံမွတစ္ဆင့္ ဝမ္ေခ်ာင္တစ္ေယာက္ အိမ္ထဲတြင္ အက်ဥ္းခ်ခံထားရမွန္း သိၿပီးျဖစ္သည္။ လ်န္ရွီေျပာလာသည္မွာ "အင္တာနက္ေပၚတြင္ သူ အရင္က အခ်ိန္းအခ်က္ယူဖူးတဲ့ကိစၥမ်ား ေပၚထြက္လာတာမို႔ သူ႔သာ့ေကာက ေဒါသတႀကီးႏွင့္ သူ႔ကို ျပဳျပင္ေပးဖို႔လုပ္ေနတယ္။" ဟူ၍ပင္။ သို႔ေပမယ့္ ရွဲ႕က်ဴရွင္း သိထားသည္၊ ဒီကိစၥရဲ့ ၈၀ ရာခိုင္ႏွုန္းေလာက္က အျခားကိစၥတစ္ခုခုရွိေနတာေၾကာင့္ျဖစ္ရမည္။ ဝမ္ေခ်ာင္ဆိုသည္မွာ အရင္ကတည္းက ခဏခဏရိုက္ခံဖူးေနသူျဖစ္ၿပီး သူ႔သာ့ေကာကလည္း အင္တာနက္ေပၚေရာက္လာသည့္အတိတ္ကိစၥမ်ားေၾကာင့္ ဒီလိုလုပ္သည္မွာ မျဖစ္နိုင္။

လ်န္ရွီက ဘာမွထပ္မေျပာလာသလို သူကလည္း အေသးစိတ္ ထပ္မေမးေတာ့။ သူ လ်န္ရွီကို ေက်းဇူးတင္ေၾကာင္းသာ ေျပာလိုက္သည္။

လ်န္ရွီ တုန႔္ဆိုင္းေနၿပီးမွ ေနာက္ဆုံးေျပာထြက္လာခဲ့သည္။ "ေရွာင္ရွဲ႕၊ မင္း အရမ္းပင္ပန္းသြားပါၿပီ။"

ရွဲ႕က်ဴရွင္း : "???"

သူ အစက ဘယ္လိုတုန႔္ျပန္ရမွန္း မသိေပမယ့္ ဖုန္းခ်ၿပီးမွ ႐ုတ္တရက္ဆိုသလို အသိျပန္ဝင္လာေတာ့သည္။ ဒီအ႐ူးေကာင္ေလး .. လ်န္ရွီကို မဟုတ္တ႐ုတ္ေတြမ်ား ေျပာခ်လိုက္တာလား။

အဲ့လူကေတာ့ သူ႔ဘဝတစ္ေလၽွာက္လုံး အခန္းထဲပိတ္ခံထားသင့္သည္။ အဲ့ဒါမွလည္း ျပန္ထြက္လာၿပီး တစ္ဖက္လူရဲ့ဘဝထဲ ဗ႐ုတ္သုတ္ချဖစ္သြားေအာင္ မလုပ္နိုင္မွာပင္။

အဖြဲ႕ထဲက ထြက္သြားတာလည္း ေကာင္းပါတယ္၊ လမ္းခြဲၿပီး အခ်င္းခ်င္းျပန္မေတြ႕နိုင္ေတာ့ အရာအားလုံးက တျဖည္းျဖည္းခ်င္း ေမွးမွိန္သြားမွာပင္။ ေမွးမွိန္ေပ်ာက္ကြယ္သြားသည့္တစ္ေန႔က်ရင္ေတာ့ ဒါေတြကလည္း အဆင္ေျပလာမည္သာ။

လူတစ္ေယာက္က သူ႔ပခုံးကို လာတို႔သည္။

သူ တအံ့တဩ ေခါင္းေမာ့ၾကည့္လိုက္ရာ သူ႔အေရွ႕တြင္ ပန္းေရာင္ hoodie ႏွင့္လူတစ္ေယာက္ ရပ္ေနတာကို ေတြ႕လိုက္ရေလသည္။ သူက hoodie ဝတ္ထားသည့္အျပင္ ေခါင္းစြပ္ႀကိဳးကိုလည္း အဆုံးထိဆြဲထားတာမို႔ မ်က္ဝန္းတစ္စုံကိုသာ ျမင္ေနရ၏။

သို႔ေပမယ့္ ထိုမ်က္ဝန္းမ်ားႏွင့္တင္ မွတ္မိဖို႔လုံေလာက္ေနသည္။

က်ိဳးက်န္းယိက တံခါးဝမွ လွမ္းၾကည့္လွမ္းၾကည့္လုပ္ေနၿပီး ၾကည့္ရသည္မွာ တစ္ဖက္လူကို ေပးဝင္လိုက္မိသည့္အတြက္ နည္းနည္းစိတ္ပူေနပုံေပၚလွသည္။

ရွဲ႕က်ဴရွင္း ခါးမတ္မတ္ထိုင္လ်က္ နားၾကပ္မ်ားကို ဆြဲခၽြတ္၍ သူ႔ကိုလွမ္းေျပာလိုက္သည္။ "လုပ္စရာရွိတာ လုပ္ႏွင့္ပါ။ ကၽြန္ေတာ္တို႔ ဘာမွမျဖစ္ပါဘူး။"

က်ိဳးက်န္းယိလည္း ထြက္သြားဖို႔လုပ္ေတာ့သည္။

ဝမ္ေခ်ာင္ လွမ္းေျပာလိုက္သည္။ "က်ိဳးက်န္းယိ! တံခါးပိတ္သြား!"

က်ိဳးက်န္းယိလည္း အလ်င္အျမန္ပင္ သူတို႔ႏွစ္ေယာက္အတြက္ တံခါးပိတ္ေပးခဲ့ေလသည္။

သူတို႔ႏွစ္ေယာက္တြင္ တစ္ေယာက္ အိပ္ရာေပၚထိုင္ေနလ်က္ တစ္ေယာက္ကေတာ့ အိပ္ရာေဘးတြင္ မတ္တပ္ရပ္ေန၏။

ရွဲ႕က်ဴရွင္း ေျပာလာသည္။ "မင္း ဘာလုပ္ဖို႔လာတာလဲ။"

ဝမ္ေခ်ာင္ သူ႔ေခါင္းစြပ္ကာေနသည့္ၾကားမွ အသက္ျပင္းျပင္းရွူခ်လိုက္သည္။

ရွဲ႕က်ဴရွင္း မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္။ "အျပင္မွာ မေအးဘူးလား။ ဘာလို႔ နည္းနည္းေလးပဲ ဝတ္ထားတာလဲ။"

ဝမ္ေခ်ာင္ ျပန္ေျပာလိုက္သည္။ "မင္း ဂ႐ုစိုက္စရာမလိုဘူး!"

ရွဲ႕က်ဴရွင္း အိပ္ရာေခါင္းရင္းကိုမွီလ်က္ တည္တည္ၿငိမ္ၿငိမ္ေျပာလာသည္။ "ငါလည္း မင္းကို ဂ႐ုမစိုက္ေနပါဘူး။ အစကတည္းက ငါတို႔ၾကားထဲ ဘာကိစၥမွရွိေတာ့တာ မဟုတ္ဘူး။ မင္း ငါ့ကို ဘာလုပ္ဖို႔ လာရွာတာလဲ။"

ဝမ္ေခ်ာင္ တစ္ဖန္ထပ္လို႔ အသက္ျပင္းျပင္းရွူခ်သြားသည္။

ရွဲ႕က်ဴရွင္း သူ႔ကိုေမာ့ၾကည့္၍ ေျပာလိုက္သည္။ "မင္း တစ္ညတာ အခ်ိန္းအခ်က္လုပ္ခ်င္ရင္ အျခားတစ္ေယာက္သြားရွာ။ ငါေတာ့ မလုပ္ဘူး။"

သူ ဒီဆက္ဆံေရးကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလး အဆုံးသတ္ခ်င္မိသည္။

သို႔ေသာ္လည္း ဝမ္ေခ်ာင္ကေတာ့ တည္ၿငိမ္ေနျခင္း လုံးဝမရွိဘဲ ယမ္းမွုန႔္မ်ားေပၚ မီးစက်သြားသည့္အလား ခက္ခက္ထန္ထန္ျပန္ေျပာလာသည္။ "မင္းက မလုပ္ဘူးလို႔ေျပာတာနဲ႔ မလုပ္ရေတာ့ဘူးလား။ ဘာကိစၥ အရာရာ မင္းေျပာသမၽွက အဟုတ္ပဲလဲ။ မင္းၿပီးၿပီဆိုတာနဲ႔ ၿပီးေရာလား။ မင္း ငါ့ကိုေရာ ေမးခဲ့ဖူးလား။"

ရွဲ႕က်ဴရွင္း ျပန္ေျပာလိုက္သည္။ "မင္းအသံကို တိုးထား။"

ဝမ္ေခ်ာင္ နားမေထာင္ဘဲ ခပ္က်ယ္က်ယ္ျပန္ေမးလာသည္။ "မင္း ေထာင္းေထာင္းနဲ႔တြဲေနတာလား။"

ရွဲ႕က်ဴရွင္းကိုယ္တိုင္လည္း ဒီေကာလဟာလအေၾကာင္း ကုမၸဏီမွာၾကားခဲ့ေပမယ့္ သူ႔အေၾကာင္းကို ျပန္ထုေခ်မေျပာျပခ်င္ေန။ "ဟုတ္တယ္ဆိုရင္ေရာ ဘာျဖစ္လဲ။"

ဝမ္ေခ်ာင္ စကားဆက္မေျပာေတာ့ဘဲ ရွဲ႕က်ဴရွင္းမ်က္ႏွာကိုသာ အၾကည့္မလြဲတမ္း ဆက္စိုက္ၾကည့္ေနသည္။

ရွဲ႕က်ဴရွင္း အၾကည့္လႊဲရင္းေျပာလိုက္သည္။ "မင္း အိမ္ျမန္ျမန္ျပန္ေတာ့။ ခဏေနက် ပိုေအးလာေတာ့မွာ။"

ဝမ္ေခ်ာင္ : "... ငါ မျပန္ဘူး။"

ရွဲ႕က်ဴရွင္း သူ႔လက္ေခ်ာင္းမ်ားကို ခပ္တင္းတင္းဆုပ္ထားမိသည္။ ဒီေကာင္ေလး အရွက္မရွိ ဘာမွမျဖစ္ထားခဲ့သလိုဟန္ေဆာင္ဖို႔လုပ္ေနျပန္ၿပီလား။ သူ႔နည္းလမ္းေလး ေျပာင္းလို႔မရဘူးလား။

ဝမ္ေခ်ာင့္မွာ ႏွင္းကိုက္ခံထားရသည့္ခရမ္းသီးအလား၊ အိပ္ရာေဘး ပုံကနဲထိုင္ခ်လ်က္ ေအာ္ဟစ္ျခင္းလည္း မရွိေတာ့ဘဲ ထုံထုံထိုင္းထိုင္းေျပာလာသည္။ "ေရွာင္ရွဲ႕၊ မင္း သူနဲ႔လမ္းခြဲလိုက္လို႔ မရဘူးလား။"

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္က မ်က္ဝန္းတစ္စုံကိုသာ ေဖာ္ထားလ်က္ရွိေနေသးေပမယ့္ သူ႔မ်က္ဝန္းမ်ားက နီရဲလာၿပီး ခပ္တိုးတိုးေျပာလာသည္။ "ငါေတာင္ မင္းနဲ႔လမ္းခြဲဖို႔ သေဘာမတူေသးတာ။ မင္းက အျခားတစ္ေယာက္နဲ႔တြဲေနၿပီတဲ့လား။ မင္းက ဘာလို႔ငါ့ထက္ပိုၿပီး မေကာင္းတဲ့ေကာင္ျဖစ္ေနရတာလဲ။"

ရွဲ႕က်ဴရွင္း : "... မင္းမ်က္ႏွာက ဘာျဖစ္တာလဲ။"

ဝမ္ေခ်ာင္ ဇစ္ကို ေအာက္အထိဆြဲခ်ၿပီး အရိုက္ခံထားရသည့္မ်က္ႏွာေလးကို လွစ္ဟျပလာသည္။ "ငါ့သာ့ေကာ ငါ့ကိုရိုက္ထားတာ။ သူက ငါ ၾကက္တစ္ေကာင္နဲ႔အတူရွိေနတာကို မိသြားလို႔။"

ရွဲ႕က်ဴရွင္း အံႀကိတ္ထားရင္းေျပာလိုက္သည္။ "အဲ့တာေတာင္မွ ငါက မင္းထက္ မေကာင္းတဲ့ေကာင္လို႔ေျပာခ်င္ေသးတယ္ေပါ့။ ေခါင္းေဆာင္၊ မင္း နည္းနည္းေလာက္ရွက္တတ္စမ္းပါ။"

ဝမ္ေခ်ာင္ ေျပာလာသည္။ "ငါ့အတြက္ အရွက္မလိုဘူး။"

ရွဲ႕က်ဴရွင္း : "... ဒါဆို မင္းအတြက္ေကာင္းတာေပါ့။"

ဝမ္ေခ်ာင္ လွမ္းေခၚလိုက္သည္။ "ရွဲ႕က်ဴရွင္း"

ရွဲ႕က်ဴရွင္း စိတ္ပင္ပန္းလြန္းေနတာမို႔ ျပန္ေျပာလိုက္သည္။ "မေျပာနဲ႔ေတာ့။ ငါ နားမေထာင္ခ်င္ဘူး။"

ဝမ္ေခ်ာင့္မ်က္ႏွာတစ္ခုလုံး ေယာင္ကိုင္းေနသည့္အခ်ိန္ မ်က္ရည္မ်ားကလည္း လွိမ့္စီးက်လာတာမို႔ သူ႔ငိုပုံက အေတာ္ေလး႐ုပ္ဆိုးလွသည္။

ရွဲ႕က်ဴရွင္း : "..." ဖာ့ခ္

ဝမ္ေခ်ာင္ တရွုံ႔ရွုံ႔ငိုရင္းေျပာလာသည္။ "မင္းနားမေထာင္ခ်င္လည္း ရတယ္။ ငါ ငါ့ဘာသာေျပာမယ္။"

ရွဲ႕က်ဴရွင္း သူ႔ဘာသာေတြးလိုက္မိသည္။ 'ေဒါသေတြေျပသြားေအာင္ သူ႔ကိုပဲ ထရိုက္လိုက္ရမလား။'

ဝမ္ေခ်ာင္ ဆက္ေျပာသည္။ "မင္းမွာ နားၾကပ္ရွိရင္တပ္ထား။ ဒီပါ့ပါးေျပာတာကို နားေထာင္မေနနဲ႔။"

ရွဲ႕က်ဴရွင္းကလည္း သူ႔နားၾကပ္ကို တကယ္ျပန္တပ္လို႔သြားသည္။

ဝမ္ေခ်ာင္ ႐ုတ္တရက္ႀကီး ပိုလို႔ေတာင္ဝမ္းနည္းတႀကီးငိုခ်ေတာ့သည္။ သူ သူ႔မ်က္ရည္မ်ားကို အကၤ်ီလက္စႏွင့္သုတ္ရင္း အကၤ်ီလက္တြင္ ရွိေနသည့္ရြံ႕မ်ားက သူ႔မ်က္ႏွာထံ ေပက်ံသြားတာကိုလည္း မသိေန။ သူက ႐ုပ္ဆိုးညစ္ေပေနသည့္မ်က္ႏွာျဖင့္ ငိုရင္းဆဲဆိုေတာ့သည္။ "မင္းက သူမ်ားကို ေသာက္က်ိဳးနည္း မ်က္ႏွာသာေတာင္ မေပးခ်င္ဘူးလား။ နားၾကပ္တပ္ထားလို႔ေျပာတာနဲ႔ တကယ္တပ္လိုက္တယ္ေပါ့။ ဒီပါ့ပါးမွာ မင္းကို လာရွာရကတည္းက အရွက္ဆိုတာ မရွိေတာ့ဘူးကြ။ ဖြင့္ေျပာခ်င္႐ုံေလးကို၊ ေသာက္က်ိဳးနည္း မင္းက နားမေထာင္ခ်င္ဘူး။ မင္းေမႀကီးကို လစ္လိုက္ေတာ့။ မင္းနားမေထာင္ခ်င္သလို ပါ့ပါးလည္း မေျပာခ်င္ေတာ့ဘူး။ ဒီပါ့ပါးက အျခားဘယ္ေကာင္ကိုပဲျဖစ္ျဖစ္ သြားႀကိဳက္လို႔မရဘူးလား။ မင္းလိုအ႐ူးေကာင္ကိုမွ ႀကိဳက္မိရတယ္လို႔။"

ရွဲ႕က်ဴရွင္း : "... မင္းကမွ အ႐ူးေကာင္"

ဝမ္ေခ်ာင္ ငုံ႔ၾကည့္လိုက္ရာ ရွဲ႕က်ဴရွင္း ဖုန္းထဲရွိဗီဒီယိုက ရပ္ထားဆဲျဖစ္ၿပီး နားၾကပ္ထဲတြင္ ဘာအသံမွ မရွိေန။

သူ ငိုတာရပ္သြားၿပီး ဆက္လည္းမဆဲဆိုေတာ့။ ႐ုတ္တရပ္ထရပ္ၿပီး ထြက္ေျပးခ်င္စိတ္သာရွိေတာ့သည္။

ရွဲ႕က်ဴရွင္း သူ႔ကိုဆြဲထားၿပီးေျပာလိုက္သည္။ "မင္း ဘာကိုေျပးတာလဲ။"

ဝမ္ေခ်ာင့္မ်က္ႏွာတစ္ခုလုံး နီရဲလာၿပီး ျပန္ေျပာလိုက္သည္။ "မင္းလက္လႊတ္!"

ရွဲ႕က်ဴရွင္း ျပန္ေျပာသည္။ "ငါ မင္းေျပာသမၽွ အကုန္ၾကားလိုက္တယ္။"

ဝမ္ေခ်ာင္ : "... ငါ ဘာမွမေျပာဘူး။"

ရွဲ႕က်ဴရွင္ ခပ္ၾကမ္းၾကမ္းေျပာလာသည္။ "မင္း ငါ့ကိုႀကိဳက္တယ္လို႔ ေျပာလိုက္တယ္။"

ဝမ္ေခ်ာင္ ရွက္လြန္းတာမို႔ ျငင္းဆန္ဖို႔လုပ္ေတာ့သည္။ "႐ူးေနတဲ့ေကာင္ကပဲ မင္းကိုႀကိဳက္မွာ!"

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္ စိတ္ထဲ သူ႔ကိုယ္သူ တစ္ခ်က္ဆဲေရးလိုက္ၿပီးမွ တစ္ဖန္ျပန္ေတြးၾကည့္လိုက္မိသည္။ 'ဒီလိုအေရးႀကီတဲ့အခ်ိန္ေရာက္ေနမွေတာ့ မ်က္ႏွာလိုခ်င္ေနေသးလို႔ရမလား။ ေရွာင္ရွဲ႕က ပိုအေရးႀကီးတာေပါ့။'

သူ သူ႔ကိုယ္သူလက္ညိဳးျပန္ထိုး၍ မခ်င့္မရဲေျပာလိုက္သည္။ "ငါက အဲ့အ႐ူးပဲ။ ငါ မင္းကိုႀကိဳက္တယ္။"

KittyKitling

T/N : ေျပာလို႔ေျပာတာမဟုတ္၊ ဖတ္ေနရင္းနဲ႔ကို ထငိုမိတာ။ ဒီလို ဒီေန႔အၿပီးေရးပစ္မယ္ဆိုတဲ့ တက္ႂကြမွုမ်ိဳးလည္း မေပၚလာတာေတာင္ၾကာၿပီ.. TT

Continue Reading

You'll Also Like

217K 24.1K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
25.9K 4.3K 48
ဘာသာပြန်သူ - စွဲညို့အသင်း
3M 232K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
2.8M 394K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...