Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

44

2.4K 393 65
By callme__kitty

[Unicode]

'ပေါင်ပေ့'

ဝမ်ချောင်တစ်ယောက် သွမ့်ယိခွန်းရုံးခန်းအပြင်တွင် ရှဲ့ကျူရှင်းကိုစောင့်နေရင်း စိတ်ပျက်လက်ပျက်ဖြစ်လာရသည်။

မနက်တုန်းက သူ ရှောင်ရှဲ့ကို လမ်းခွဲပြီးနောက် သူငယ်ချင်း ဆက်ဖြစ်လို့ရသေးလားဟု မေးလိုက်ချိန် ရှောင်ရှဲ့မှ သူ့ကို အဖြေပြန်မပေးလာခဲ့။ သို့ပေမယ့် ထို့နောက်တစ်လျှောက်လုံး အေးစက်စက်မျက်နှာထားဖြစ်သွားတာမို့ မပျော်မရွှင်ဖြစ်နေခြင်းက သိသာလှသည်။

ရည်းစားထားရခြင်းက တကယ် သောက်ကျိုးနည်းအောင် စိတ်ရှုပ်ဖို့ကောင်းတာပဲ။ သူတို့နှစ်ယောက်သာ သူငယ်ချင်းတွေဆို ဒီလိုဖြစ်လာပါ့မလား။ အရင်ကဆို ရှောင်ရှဲ့ ဘယ်လောက်တောင် စိတ်သဘောထားကောင်းလိုက်လဲ။ အခုဆို အခြားလူတစ်ယောက်အဖြစ် ပြောင်းသွားသလိုပင်၊ သူ့စိတ်ခံစားချက်များက အမြဲလိုလို မတည်မငြိမ်နှင့် အချိန်မရွေးလည်း မှုန်သုန်သုန်ဖြစ်လို့သွားတတ်သေးသည်။

ကောင်မလေးနှစ်ယောက်က ကော်ရစ်တာတစ်ဖက်မှ လျှောက်လာနေပြီး သူ့ကိုမြင်တာနှင့် နေရာတွင်ရပ်လျက် တုန့်ဆိုင်းသွားကြတော့သည်။

သူလည်း ထိုကောင်မလေးများကို ရင်းနှီးနေသလိုခံစားမိတာမို့ မေးလိုက်သည်။ "မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ။"

ကောင်မလေးတစ်ယောက်မှ ပြောလာသည်။ "စီနီယာ Leo, ညီမ စီနီယာရှဲ့ကို လာရှာတာပါ။"

သူ ရုတ်တရက် အမှတ်ရသွားသည်။ ဒါ ရှောင်ရှဲ့နဲ့ တစ်ကျောင်းတည်းထွက်လာတဲ့ ဂျူနီယာကောင်မလေး ထောင်းထောင်းမလား။ ဘေးမှပါလာတဲ့တစ်ယောက်ကလည်း fruitgirls အဖွဲ့ထဲကဖြစ်သည်။ သူ့နာမည်က mango လို့ခေါ်မှန်းတောင် သူ မှတ်မိနေသေးသည်။ အကြောင်းကား မျက်နှာပြားကောင် သဘောကျနေတဲ့တစ်ယောက်ဖြစ်နေတာကြောင့်ပင်။

"မင်းက ဘာလုပ်ဖို့ သူ့ကိုရှာတာလဲ။" ထောင်းထောင်းက ရှောင်ရှဲ့ကို နည်းနည်းစိတ်ဝင်စားနေမှန်းလည်း အမှတ်ရသေးတာမို့ သူ မကြည်မလင်အသံဖြင့်ပြောလိုက်သည်။ "ကိစ္စရှိရင် ငါ့ကို ပြောခဲ့။"

ထောင်းထောင်းကလည်း အရိပ်အကဲကြည့်တတ်သူ မဟုတ်တာမို့ အမှန်အတိုင်းပြောလာသည်။ "အဲ့လို မရဘူးရယ်။ ညီမက သူ အရင်တစ်ခေါက် variety show ပွဲမှာ လုပ်သွားတဲ့ popping dance ကကွက်လေးကို ပြန်သင်ပြပေးစေချင်တာ။ ညီမ အားကျရတဲ့လူက စီနီယာဖြစ်ကြောင်း ပြောထားဖူးတာမို့ variety show တွေ သွားရတိုင်း ဒါရိုက်တာက သူ့ကကွက်အတိုင်း ညီမကို ကခိုင်းတာမျိုးရှိလို့ပါ။"

mango မှ ဝင်ပြောသည်။ "အဲ့ကကွက်က နည်းနည်းခက်တယ်။ ထောင်းထောင်း video ကြည့်ပြီး ကနေတာ နေ့တစ်ဝက်နီးပါးရှိပြီ၊ အခုထိ မကတတ်သေးဘူး။ နောက် သူက စီနီယာရှဲ့ကို တစ်ယောက်တည်း လာမေးရမှာလည်း ရှက်လို့ဆိုတာနဲ့ ညီမကိုပါ အဖော်ခေါ်လာတာ။"

ရှောင်ရှဲ့အပေါ် စိတ်မဝင်စားဘူးဆိုရင် ရှက်နေစရာ ဘာအကြောင်းရှိလဲ။ ဝမ်ချောင် ထိုကောင်မလေးကိုကြည့်ရင်း မျက်ဆံလှန်ပြလိုက်ချင်ပေမယ့် ရှောင်ရှဲ့က သူ့ရဲ့ မိန်းကလေးများအပေါ် တလေးတစား မဆက်ဆံတတ်သည့်အမူအကျင့်များကို သဘောမကျကြောင်း အမှတ်ရသွားတာမို့ ထိန်းချုပ်ထားရင်းပြောလိုက်သည်။ "သူ ဒီနေ့ အလုပ်ရှုပ်နေတာ၊ ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး။ အကယ်၍ မင်း တကယ် video ကြည့်ပြီး လိုက်ကကြည့်လို့ မရရင် လီလောင်ရှီဆီ သွားပြီး အခြေခံပိုင်အောင် ပြန်သင်ပေးဖို့ပြောလိုက်။"

ထောင်းထောင်း အနည်းငယ်မျှ အရှက်ရသွားတာမို့ တန်းထွက်သွားချင်ပေမယ့် mango က ဝမ်ချောင့်ထံသို့ ယုံကြည်မှုရှိရှိနှင့် တည့်တည့်လျှောက်သွားလေသည်။ သူမလည်း ခေါင်းရှုပ်သွားပေမယ့် အတူလာခဲ့တာမို့ သူမပါ mango နှင့်အတူ အရှေ့တိုးသွားလိုက်မိသည်။

ဒီ mango ဆိုသူက စံပြ လက်ဖက်စိမ်းကောင်မလေးမျိုးဖြစ်သည်။ ရုပ်ရည်ကလည်း လှပသလို ရင်သားကြီးကြီးနှင့် ကလေးတစ်ယောက်လို ချွဲနွဲ့ရာမှာလည်း တော်လွန်းလှသည်။ ထို့ကြောင့် သူ့ဘေးတွင် ကောင်လေးတိုင်း ပတ်ပတ်လည်နေတတ်ပြီး icedream ထဲက ကျိကျဲလည်း တစ်ယောက်အပါအဝင်ဖြစ်လေသည်။ သူ့အနေနှင့် ဝမ်ချောင်က ရွှေပေါင်အကြီးစားဟု ကြားပြီးကတည်းက ဒီလူ့ပေါင်ကို သွားဖက်ချင်ပေမယ့် တစ်ခါမှ နှစ်ယောက်တည်း အတူတွေ့နိုင်မည့် အခွင့်အရေးမျိုး မရှိခဲ့။ ထို့အပြင် အလျင်စလိုချည်းကပ်မိလို့ တစ်ဖက်သူစိတ်ရှုပ်ပြီး အခြေအနေ ပိုဆိုးသွားမှာကိုလည်း သူကြောက်ရသေးသည်။ အခုတော့ ဒီရွှေပေါင်ဖြစ်သူရဲ့ မြင်းဆန်တဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်းလည်း သိထားပြီးဖြစ်သည့်အပြင် ကုမ္ပဏီ၌ ဒီလိုရှားရှားပါးပါးဆုံနေတာမို့ ထိုသူ့ကို မြူစွယ်ရန် အခုအချိန်ထက် ကောင်းတာ မရှိတော့။

သူက ဝမ်ချောင့်အနား ကပ်သွားပြီး icedream ရဲ့ fan meeting နှင့်ပတ်သတ်၍ စိတ်ဝင်စားသလို အကြောင်းရှာ စကားပြောလျက် သူကိုယ်တိုင်ကလည်း အရှေ့မြောက်ပိုင်းသားဖြစ်ကြောင်းပါ ပြောရင်း ဝမ်ချောင်နှင့် ရင်းရင်းနှီးနှီးဖြစ်သွားအောင် အစွမ်းကုန်ကြိုးစားနေလေသည်။

ဝမ်ချောင်က မျက်မမြင်၊ ဦးနှောက်ပျက်နေသူတစ်ယောက်ဆိုပေမယ့် မိန်းမများနှင့်ပတ်သတ်ရင်တော့ မာစတာဘွဲ့ရထားသူဖြစ်တာမို့ ဒီမိန်းကလေး ဘာလုပ်ချင်နေလဲဆိုတာ သူ ချက်ချင်း သိလိုက်သည်။ သို့ပေမယ့် သူ အချိန်းအချက် မလုပ်ချင်။ သူ့စိတ်အခြေအနေ မကောင်းသည့်အပြင် မနေ့ညကလည်း ရှောင်ရှဲ့နှင့် တစ်ပွဲတစ်လမ်းနွှဲခဲ့သေးတာမို့ ဒီနေ့ သူ့တွင် ဘာခွန်အားမှ မရှိနေ။

သို့ပေမယ့် mango ရင်သားများက တကယ်ကို ကြီးလွန်းလှသည်။ ပျော့ပျော့အိအိနှင့် ဖျစ်ညှစ်လို့ကောင်းမည့်ပုံမျိုးပင်။ ဝမ်ချောင်လည်း ကောင်မလေးတစ်ယောက်ကို မထိမကိုင်ရတာ အတော်ကြာနေပြီမို့ အကြည့်များကို မထိန်းချုပ်နိုင်ဘဲ တစ်ဖက်သူရဲ့ရင်သားကို စူးစိုက်ကြည့်နေမိတော့သည်။

mango က အရိပ်အကဲသိလွန်းတာမို့ ချက်ချင်း သူ့ပခုံးကို လှမ်းရိုက်လို့ ပြုံးရင်းပြောလာသည်။ "စီနီယာ၊ ဘယ်ကိုကြည့်နေတာလဲရှင့်။"

ဝမ်ချောင် သူ့ကိုမေးလိုက်သည်။ "မင်း ဆီလီကွန်ထည့်ထားတာလား။" သူ ရင်သားများကို မတွေ့ရတာကြာလှပြီမို့ အတုလား၊ အစစ်လားတောင် မခွဲခြားတတ်တော့။

mango ပြောလာသည်။ "သေချာပေါက် မရှိဘူးပေါ့။ အကုန်သဘာဝအတိုင်းပဲ။"

ဝမ်ချောင် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ "ငါ မယုံဘူး။ မင်း ငါ့ကို ပေးထိ။ တကယ်သာ အစစ်ဆို ငါ မင်းကို အိတ်ဝယ်ပေးမယ်။"

mango ကလည်း ရက်ရက်ရောရော ပြန်ပြောသည်။ "ဒါဆို ထိကြည့်လေ။"

ဝမ်ချောင် ရင်သားအပေါ်လက်တင်လို့ ဖျစ်ညှစ်ကြည့်လိုက်သည်။

ဘေးမှကြည့်နေသူထောင်းထောင်းကတော့ ရှက်ရွံ့မှုဖြင့် မျက်နှာတစ်ခုလုံးနီရဲသွားရသည်။ 'ဒါဆို အင်တာနက်ပေါ် ပျံ့လာတဲ့သတင်းတွေက အမှန်တွေပေါ့! စီနီယာ leo က ပါးစပ်ဟလိုက်တာနဲ့ "ငါ မင်းကို အိတ်ဝယ်ပေးမယ်" ဆိုပြီး ပြောနေတာပဲ။'

သူက တကယ်ကိုဖြူဖြူစင်စင်ရှိလှသူလေးမို့ ဒီလိုမြင်ကွင်းမျိုးက အတော်လေးရှက်ဖို့ကောင်းနေပြီး သူ့အကြည့်များကို ဘယ်ရွေ့ညာရွေ့လုပ်နေရင်း ဘယ်နေရာကို ကြည့်ရမယ် မသိ ဖြစ်နေတော့သည်။ ရှဲ့ကျူရှင်း ရုံးခန်းထဲမှ ထွက်လာတာကို မြင်တာနှင့် သူ့မှာ ကယ်တင်ရှင်ကိုတွေ့လိုက်သည့်အလား၊ အလျင်စလို အော်ခေါ်ချလိုက်သည်။ "ရှောင်ရှဲ့ကော!"

ဝမ်ချောင်လည်း သူ့အော်ခေါ်သံကို ကြားတာနှင့် ချက်ချင်း လက်ပြန်ရုတ်လိုက်ချင်ပေမယ့် နောက်ကျလွန်းသွားခဲ့ပြီ။ သူ့ရဲ့အသစ်စက်စက်ကောင်လေးဖြစ်သူက သူ ကောင်မလေးတစ်ယောက်ရဲ့ရင်သားအား ထိကိုင်နေခြင်းကို မြင်သွားခဲ့ပြီး မည်းမှောင်နေသည့်မျက်နှာအမူအရာဖြင့် ထွက်ခွာသွားတော့သည်။

သူလည်း ဂျူနီယာညီမလေးနှစ်ယောက်ကို လျစ်လျူရှုပြီး အနောက်မှအလျင်စလို အပြေးလိုက်သွားလိုက်သည်။

ရှဲ့ကျူရှင်းမှာ ဒေါသထွက်လွန်းတာမို့ ခေါင်းတစ်ခုလုံးတောင် မူးဝေလာရပြီး ဝမ်ချောင့်ကိုလည်း လုံးဝဂရုမစိုက်ချင်တာမို့ ခပ်သွက်သွက်လျှောက်နေတော့သည်။

ဝမ်ချောင် သူ့အနောက်မှပြေးလိုက်ရင်း အသံတိုးတိုးနှင့်ရှင်းပြလိုက်သည်။ "ငါ တကယ်ဘာမှမလုပ်ခဲ့ပါဘူး။ ငါ သူ့ရင်သားကိုပဲ ထိခဲ့တာ။ အဲ့ဒါကလည်း သူ ဆီလီကွန်ထည့်ထားလား ငါ သိချင်မိလို့။"

ရှဲ့ကျူရှင်း ရယ်ချမိမလိုဖြစ်သွားသည်။ သူ့အနားမှာ ကောင်မလေးတစ်ယောက်မရှိဘဲ မနေနိုင်ပါဘူးလို့ အမှန်အတိုင်းဝန်ခံတာမှ ဒီလိုသောက်အဓိပ္ပါယ်မရှိဆင်ခြေထက် အကြိမ်ပေါင်းတစ်ထောင်ကျော် ပိုကောင်းဦးမည်။

ဝမ်ချောင် သူ့ခြေထောက်များ နာကျင်လာတဲ့အထိ အနောက်မှအပြေးလိုက်ရင်း ပြောလိုက်သည်။ "ဖြည်းဖြည်းသွား! ငါ မင်းကို လိုက်မမှီတော့ဘူး။"

ရှဲ့ကျူရှင်း ရုတ်တရက်ဆန်ဆန် ရပ်တန့်လိုက်ရာ ဝမ်ချောင့်မှာ အချိန်မှီ လိုက်မရပ်နိုင်ဘဲ တစ်ဖက်လူရဲ့နောက်ကျောကို တည့်တည့်သွားတိုက်မိလေသည်။ သို့နှင့် သူ ချက်ချင်း လက်နှစ်ဖက်ကို ဆန့်တန်းဖွင့်ဟလျက် ခါးကို အရှက်မရှိ ဖက်ထားရင်း ပြောတော့သည်။ "စိတ်မဆိုးနဲ့တော့လေ။ ငါတို့ အခြားသူ သွားမရှာဘူးလို့ သဘောတူထားတာပဲ။ ငါ မှတ်မိပါတယ်။ ငါ တကယ် သူနဲ့ ဘာဆိုဘာမှလုပ်ချင်နေတာ မဟုတ်ဘူး။"

သူတို့နှစ်ယောက်က ကိုယ်ချင်းဆက်အမွှာတွေလို အမြဲပူးကပ်နေကြတာမို့ ဒီလိုပုံစံမျိုးကို လုပ်ဖော်ကိုင်ဖက်များ မြင်သွားမှာလည်း ကြောက်လန့်ခြင်း မရှိကြ။

ရှဲ့ကျူရှင်းမှာ ဝမ်ချောင်တစ်ယောက် ဒီကိစ္စကို ရေးကြီးခွင်ကျယ်မဟုတ်သလို ပြောနေခြင်းအား နားထောင်ရင်း ရင်ထဲ ပိုလို့နေရခက်လာတော့သည်။ "မင်းစိတ်ထဲ မိန်းကလေးတစ်ယောက်ရဲ့ရင်ဘတ်ကို ကိုင်တာက ဘာမှမဟုတ်ဘူးလား။"

ဝမ်ချောင့်အတွက် တကယ်လည်း ဘာမှမဟုတ်နေတာမို့ ပြန်ပြောလိုက်သည်။ "အစကတည်းက ဘာမှမဟုတ်တာလေ။ မင်းဒေါသကလည်း ကြီးလွန်းလိုက်တာ။ ဒီအတိုင်းသာဆို ငါ တကယ် တစ်ခုခု သွားမလုပ်ရသေးခင်မှာဘဲ ငါတို့နှစ်ယောက် လမ်းခွဲဖြစ်သွားဦးမယ်။"

ရှဲ့ကျူရှင်း အံတင်းတင်းကြိတ်ထားတာမို့ သူ့ပါးစပ်ထဲ သွေးအရသာများ ပြည့်နှက်နေတော့သည်။

သူ့ကိုယ်သူ အနည်းငယ်မျှ ထုံသွားသလိုတောင် ခံစားလိုက်ရသည်။ ဒေါသနှင့် သဝန်တိုမှု၊ ရင်ခုန်ရခြင်းနှင့် သဘောကျမှု အရာအားလုံးက ခဏလေးအတွင်းမှာပဲ ဘာမှမဟုတ်တော့သလိုဖြစ်သွား၏။

ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။

ဝမ်ချောင့်စိတ်ထဲ မကောင်းတဲ့ခံစားချက်များ ရလိုက်တာမို့ ဂရုတစိုက်နှင့်ခေါ်ချလိုက်သည်။ "ရှောင်ရှဲ့?"

ရှဲ့ကျူရှင်း ခပ်တိုးတိုးပြောလာသည်။ "ဒါဆိုလည်း အခုကတည်းက ခွဲကြတာပေါ့။"

ဝမ်ချောင် :  "... အာ?"

ရှဲ့ကျူရှင်း သူ့ခါးကိုချိတ်တွယ်ထားသည့်လက်ကို ဆွဲဖြုတ်ချရင်း အေးစက်စက်ပြောလိုက်သည်။ "နောက်ဆို မင်းလည်း ငါ့ကို လာမတွယ်ကပ်နေနဲ့တော့။ ငါစိတ်ရှုပ်နေပြီ။"

ဝမ်ချောင် : "..."

ရှဲ့ကျူရှင်း အရှေ့မှထွက်သွားတာမို့ သူလည်း အနောက်မှ အလောတကြီး အမှီလိုက်ရင်း သူ့စိတ်ထဲ လုံးဝရှုပ်ထွေးနေတော့သည်။

မနေ့ကတင် တွဲမယ်ပြောပြီး ဒီနေ့ကျ လမ်းခွဲမယ်? ရှောင်ရှဲ့ပြောတဲ့စကားအရဆို သူတို့နှစ်ယောက်က သူငယ်ချင်းတောင် မဖြစ်နိုင်တော့သလိုပင်။

ဘာလို့လဲ။ သူ ကောင်မလေးတစ်ယောက်ရဲ့ရင်ဘတ်ကို သွားထိကြည့်လိုက်မိလို့တဲ့လား။

အဖွဲ့သားများက မပြန်သေးဘဲ နားနေခန်းထဲတွင် စကားပြောလျက်ရှိနေကြပြီး သူတို့ရှေ့ဆင့်နောက်ဆင့် ပြန်ဝင်လာတာကို မြင်ချိန် တစ်ခုခုမှားယွင်းနေတာကို သတိမထားမိကြ။ ထို့ကြောင့်လည်း အကုန်လုံးက ရှဲ့ကျူရှင်းကို အလျင်စလို မေးခွန်းများ မေးလိုက်ကြသည်။ "ရှောင်ရှဲ့ကော၊ ခွန်း-ကောက ဇာတ်ကားနဲ့ပတ်သတ်ပြီး ခေါ်ပြောတာမလား။"

ရှဲ့ကျူရှင်း ပြန်ဖြေလိုက်သည်။ "အဲ့တာက ဧည့်သည်အဖြစ်ပါဝင်ရမယ့် ဇာတ်ကောင်အသေးစားလေးပါ။ အင်တာနက်ပေါ်မှာ ပြောထားကြသလို နေရာအကြီးကြီး မဟုတ်ဘူး။"

ချန်းယောင့် သိချင်စိတ်ဖြင့်မေးလာသည်။ "အဲ့ဇာတ်ကောင်နေရာက ပီယာနို တီးတတ်ဖို့ တကယ်လိုတာလား။"

ကျိကျဲ သတိပေးသလို ပခုံးချင်းဝင်တိုက်၍ ဖြတ်ပြောသည်။ "အင်တာနက်ပေါ်က မဟုတ်တရုတ်တွေလည်း မင်း ယုံလိုက်တာပဲ။"

ရှဲ့ကျူရှင်း ပြန်ဖြေသည်။ "ခွန်း-ကောက ပီယာနိုနဲ့ပတ်သတ်တဲ့အကြောင်းတော့ မပြောသွားလို့ ငါလည်း မသိဘူး။"

အဖွဲ့သားများအနေနှင့် အဓိကဇာတ်ဆောင်တွေက ဘယ်သူတွေဖြစ်သလဲဆိုတာနှင့် အခကြေးငွေ ဘယ်လောက်ရသလဲဆိုတာမျိုး မေးမြန်းလာကြပြီး ရှဲ့ကျူရှင်းကလည်း သူတို့ကို တစ်ယောက်ချင်းဆီ ပြန်ဖြေပေးလိုက်သည်။

ဝမ်ချောင် တံခါးနားတွင် ရပ်နေရင်း ရှောင်ရှဲ့ လူတိုင်းနှင့် ဘာမှမဖြစ်သလို စကားပြောနေတာကို ကြည့်လျက် တစ်ဖန်စိတ်ရှုပ်ထွေးသွားရပြန်သည်။ အခုနလေးကတင် လမ်းခွဲဖို့နှင့် သူ့ကိုစိတ်ရှုပ်ဖို့ကောင်းတယ်ဟု ပြောခဲ့တာ ရှောင်ရှဲ့ သူ့ကို စနေတာများလား။

လူတိုင်း အချိန်တစ်ခုလောက်အထိ စကားပြောပြီးနောက်မှာတော့ ယန်ရှောင်းမူက ပြုံးလျက်တောင်းဆိုလာသည်။ "ညီအစ်ကိုတို့၊ မနက်ဖြန်ကျ ငါ့မွေးနေ့။ ငါ မင်းတို့နဲ့ပဲ ပျော်ပျော်ပါးပါးဖြတ်သန်းသွားဖို့ စိတ်ကူးထားပေမယ့် ငါ့မိဘတွေက ငါ့နဲ့အတူ မွေးနေ့ဆင်နွှဲဖို့ မနက်ဖြန်လာခဲ့မယ်တဲ့။ အဲ့တော့ ငါ မင်းတို့ကို ဒီည လိုက်ကျွေးမယ်ကွာ။ မင်းတို့အကုန် အားကြရဲ့လား။" သူ့အိမ်က ဟယ့်ပိန်ကမို့ သူ့မိဘများအနေနှင့် သူ့ကို လာတွေ့ဖို့ အဆင်ပြေပြေရှိလှသည်။

အဖွဲ့သားအကုန်လုံး အဆင်ပြေကြောင်းပြောလာကြတာမို့ ယန်ရှောင်းမူလည်း ထပ်မေးတော့သည်။ "ခေါင်းဆောင်ရော? လိုက်မယ်မလား။"

ဝမ်ချောင် ခပ်တိုးတိုးရေရွတ်လိုက်သည်။ "ငါလည်း အဆင်ပြေပါတယ်။"

သူ့စကားဆုံးသည်နှင့် ရှဲ့ကျူရှင်း ရုတ်တရက် ထပြောလာသည်။ "ငါ မသွားတော့ဘူး။"

ဝမ်ချောင် မယုံနိုင်သလို လှမ်းကြည့်လိုက်ပေမယ့် တစ်ဖက်လူကတော့ တစ်ဖက်သို့မျက်နှာလွှဲနေလျက် အေးစက်စက်အနေအထားဖြစ်နေ၏။

လူတိုင်း တိတ်ဆိတ်သွားတော့သည်။ သူတို့နှစ်ယောက်ကြား ပြဿနာဖြစ်လာတာ သိသာလွန်းလှသည်။

တကယ်တမ်း အဖွဲ့ထဲ၌ အသင်းသားစိတ်ဓာတ်အပြည့်ဝဆုံးသူဆိုလျှင် ယန်ရှောင်းမူဖြစ်လိမ့်မည်။ သူက ချက်ချင်းပင် ဖျန်ဖြေပေးရန် ကြားဝင်ပြီး အပြုံးလေးဖြင့်ပြောလာတော့သည်။ "ရှောင်ရှဲ့ကော၊ ဘာကိစ္စပဲရှိနေနေ မနက်ဖြန်ကျမှ နည်းလမ်းရှာလို့ရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရက်တွေထဲ ကျွန်တော်တို့လည်း schedule သိပ်ရှိတာမှ မဟုတ်တာ။"

ရှဲ့ကျူရှင်း ငြင်းဆန်ဖို့လုပ်လိုက်သည်။ "မဟုတ်ဘူး၊ ငါ .."

ယန်ရှောင်းမူ သူ့စကားကို တုံးတိဖြတ်ပြောလိုက်သည်။ "ဘယ်သူမှမလိုက်ဘူးဆိုရင်တောင် ကော မလိုက်လို့ မရဘူးလေ။"

ရှဲ့ကျူရှင်း ဘာမှဆက်မပြောတော့။

ယန်ရှောင်းမူက ဝမ်ချောင့်ကိုတောင် မျက်စိမှိတ်ပြလိုက်သေးသည်။

ဝမ်ချောင်အနေနှင့် သူကောင်းစေချင်လို့လုပ်ပေးမှန်းသိထားပေမယ့် မရယ်နိုင်နေခဲ့။

ရှောင်ရှဲ့က ဒီတစ်ခေါက်တော့ တကယ်ပြောနေတာပဲ။

ညနေခင်းရောက်ချိန်မှာတော့ သူတို့ခြောက်ယောက်သား ပန်းခြံအပေါ်ထပ်ရှိဘားကို သွားလိုက်ကြသည်။

အဖွဲ့သားများလည်း အရင်အတိုင်း ရှဲ့နှင့်ဝမ်ဟူ၍ သူတို့နှစ်ယောက်အတွက် ကပ်ရပ်ခုံနှစ်ခုံချန်ထားပေးလေသည်။

ရှဲ့ကျူရှင်း ဘာမှမပြောဘဲ ထိုင်ချလိုက်သည်။

ဝမ်ချောင်လည်း သူ့ဘေးတွင် အလျင်စလို ထိုင်ချလိုက်တော့သည်။

အဖွဲ့သားများက poker ဂိမ်း စဆော့နေပြီး ထို့နောက်မှာတော့ လေးယောက်သား ခွဲထွက်၍ tractor ဂိမ်းကို ပြောင်းဆော့နေကြသည်။

ရှဲ့ကျူရှင်းကတော့ စကားမပြောလာ။ သူက ဘီယာတစ်ပုလင်းကို ဆွဲယူပြီး ဖြည်းဖြည်းချင်းသောက်နေသည်။

ပုံမှန်ဆို ဝမ်ချောင်က ဘာမှစဉ်းစားခြင်းမရှိဘဲ စက်သေနတ်ပစ်နေတတ်သူဆိုပေမယ့် အခုလောလောဆယ်မှာတော့ သူ့တွင် ပြောစရာဟူ၍ ဘာမှမစဉ်စားမိနေ။ အချိန်အတော်ကြာမှ သူပြောလိုက်သည်။ "နေ့လည်ခင်းတုန်းက မင်း ဘာလုပ်နေလဲ။"

ရှဲ့ကျူရှင်း ပြန်ပြောသည်။ "ငါ ကုမ္ပဏီမှာ အကလေ့ကျင့်တယ်။"

ဝမ်ချောင် ဆက်ပြောသည်။ "မင်းတစ်ယောက်တည်းလား။"

ရှဲ့ကျူရှင်း ပြောလာသည်။ "မဟုတ်ဘူး။ ငါ ထောင်းထောင်းကို popping ကနည်း သင်ပေးနေတာ။"

ဝမ်ချောင့်စိတ်ထဲ မပျော်မရွှင်ဖြစ်သွားပေမယ့် အတော်ကြာအောင် ထပ်စဉ်းစားပြီးမှ ထပ်ပြောလိုက်သည်။ "မင်းဖုန်းအားသွင်းကြိုးက ငါ့အိမ်မှာရှိနေတုန်းပဲ။ ဒါပြီးသွားရင် မင်း ငါနဲ့အတူ ပြန်လိုက်ယူပါလား။"

ရှဲ့ကျူရှင်း ပြောလာသည်။ "မလိုဘူး။ ငါလည်း ဖုန်းအသစ်လဲဖို့ တွေးနေတာ။"

ဝမ်ချောင် ပိုချဉ်တူးသွားသည်။ ဘာလို့ရှောင်ရှဲ့က 'ငါးစိမ်းမြင်ငါးကင်ပစ်'ချင်ရတာလဲ။

စားပွဲအောက်တွင် သူ ရှဲ့ကျူရှင်းခြေထောက်ကို သူ့ဒူးခေါင်းဖြင့် ဂရုတစိုက်ထိတွေ့နေလိုက်သည်။ ရှဲ့ကျူရှင်း မငြင်းဆန်တာကိုမြင်သည်နှင့် သူ ရှဲ့ကျူရှင်းရဲ့ပေါင်ကိုပါ သူ့ပေါင်ဖြင့် ပွတ်သပ်လိုက်တော့သည်။

သူ နေ့လည်က အိမ်ပြန်ပြီး သူ့သဘောအကျဆုံးအင်္ကျီကို ပြောင်းဝတ်၍ ကျားသစ်ကွက်များပါသည့်အတွင်းခံကိုတောင် တမင်ဝတ်ထားပြီး အပြင်မထွက်လာခင်မှာလည်း CHANEL ရဲ့ ANTAEUS ကိုတောင် ဖြန်းဆွတ်လာသေးသည်။

သူ့အနေနှင့် အတည်ပေါက်ဖြစ်နေသည့်ရှောင်ရှဲ့ကို ဘယ်လိုချော့ရမလဲ မသိလှ။ တွေးကြည့်ပြီးနောက်မှာတော့ အကောင်းဆုံးရွေးချယ်မှုက အိပ်ယာထက်တွင် ရှောင်ရှဲ့စိတ်တိုင်းကျ လုပ်ခွင့်ပေးလိုက်ခြင်းပင်။ နှစ်ယောက်လုံးက ယောက်ျားလေးများဖြစ်သည့်အတွက် ဒီလိုကိစ္စမျိုးကမှ သူတို့အတွက် စိတ်လှုပ်ရှားဖို့အကောင်းဆုံးဖြစ်နေလိမ့်မည်။

သူ အကြိမ်ရေအနည်းငယ်မျှသာ ပွတ်သပ်ရသေးသည်၊ ရှဲ့ကျူရှင်းက သူ့ကို ရှောင်ဖယ်သွားတော့သည်။

"ပြဿနာ မရှာနဲ့။" ရှဲ့ကျူရှင်း အသံတိုးတိုးဖြင့်ပြောလာသည်။ "ငါတို့ လမ်းခွဲပြီးသွားပြီ။"

ဝမ်ချောင် မတရားသလိုခံစားချက်ဖြင့် ပြန်ပြောလိုက်သည်။ "မင်းကမှ ပြဿနာမရှာရမှာ။ မင်း ငါ့ဆီက ဘာများထပ်လိုချင်သေးတာလဲ။"

ရှဲ့ကျူရှင်း ပြန်ပြောလာသည်။ "ငြိမ်ငြိမ်ထိုင်နေပေး။ ငါ့ကို လာမရှုပ်နဲ့။"

ဝမ်ချောင် ဒေါသထွက်သလို စိုးရိမ်တကြီးလည်းဖြစ်လာရသည်။ "မင်း မပြီးသေးဘူးပေါ့၊ ဟုတ်လား။"

ရှဲ့ကျူရှင်း အောက်သို့စိုက်ကြည့်ရင်း ပြောလိုက်သည်။ "ပြီးပြီလေ။ အကုန်ပြီးသွားပြီ။"

ဝမ်ချောင် : "..."

သူ အခုထိ သိပ်နားမလည်နိုင်သေးဘူးဆိုပေမယ့် ဒီစာကြောင်းရဲ့အဓိပ္ပါယ်ကိုတော့ သူနားလည်သည်။

ရှဲ့ကျူရှင်းက သူတို့နှစ်ယောက်ကြား အကုန်ပြီးသွားပြီဟုပြောလာသည်။ သူတို့ လမ်းခွဲခဲ့ပြီးပြီမို့ ထပ်တွဲလို့လည်း မရတော့သလို သူငယ်ချင်းလည်း ဆက်မဖြစ်နိုင်တော့။ သူတို့နှစ်ယောက်ကြားရှိဆက်ဆံရေးတိုင်းက ပြီးဆုံးသွားခဲ့ပြီ။

ဘာလို့လဲ?!

တစ်ဖက်လူရဲ့စကားများကြောင့် သူ့ရင်ထဲမွန်းကြပ်မှုနှင့်အတူ ထပ်ပြီးလည်း ဆက်မချော့နေချင်တော့။ သူ့ဘဝတစ်လျှောက်လုံး တစ်ခါမှ ဒီလောက် အောက်ကျမခံဖူး။ သူ့အဖေနှင့် သူ့အစ်ကိုတို့ သူ့ကို ရိုက်ချင်ရင်တောင် သူ အရှက်မရှိ တောင်းပန်ခယတာမျိုး မရှိခဲ့။

သူ ရှဲ့ကျူရှင်းကို ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် မတ်တပ်ထရပ်၍ ပြောလိုက်သည်။ "ငါပြန်ပြီ!"

'tractor' ဂိမ်းဆော့နေသည့်အဖွဲ့သားများမှာ ကြောင်အသွားရသည်။ ဒီလောက်ကြာနေပြီကို ပြန်မတည့်ကြသေးဘူးလား။ ဒီနေ့ဘာဖြစ်နေကြတာလဲ။

သို့ပေမယ့် ဝမ်ချောင်က မလှုပ်မယှက်နှင့် မတ်တပ်ရပ်နေဆဲ။ သူ့နှလုံးသားထဲမှာတော့ မျှော်လင့်ချက်အနည်းငယ်မျှရှိနေသေးသည်။ သူ့ကို ရှောင်ရှဲ့ လှမ်းဆွဲထားလိမ့်မည်ဟု မျှော်လင့်နေမိသည်။ ဒီနေ့တစ်နေကုန်ဖြစ်ခဲ့သမျှက သူ့ကို စနောက်ဖို့ အကွက်ဆင်ထားတာဟု ပြောလာဖို့ သူမျှော်လင့်နေမိသည်။ ဒီနေ့ သူ့အပေါ်ပြောခဲ့သမျှအရာရာတိုင်းက အတုအယောင်တွေဟူ၍ ...

ထိုအချိန်မှာပဲ စားပွဲပေါ်တင်ထားသည့် ရှဲ့ကျူရှင်းဖုန်း screen က လင်းလာပြီး တစ်စုံတစ်ယောက်ရဲ့ဖုန်းဝင်လာကြောင်း ဖော်ပြနေတော့သည်။

ဝမ်ချောင် မတ်တပ်ရပ်လျက်သားနှင့် လှမ်းကြည့်လိုက်ရာ screen ပေါ်တွင် 'ထောင်းထောင်း' ဆိုတာကို တွေ့လိုက်ရသည်။

ရှဲ့ကျူရှင်း ဖုန်းကို ကောက်ကိုင်လျက်ပြောလာသည်။ "ငါ ဖုန်းသွားပြောလိုက်ဦးမယ်။" ထို့နောက် သူ အပြင်သို့လျှောက်ထွက်သွား၏။

ဝမ်ချောင် : "..."

ယန်ရှောင်းမူ : "...ခေါင်းဆောင်၊ အရင်ပြန်ထိုင်နေပါလား။"

ဝမ်ချောင့်မှာ အရှက်ရလွန်းတာမို့ ပြန်လည်းမထိုင်နိုင်ဘဲ ဒေါသတကြီးဖြင့်ပြောလိုက်သည်။ "ငါ တကယ်ပြန်မှာ! ပြန်မယ်ဆို ပြန်မယ်ပဲ!"

အဖွဲ့သားများ : "..."

သူ စားပွဲဝိုင်းကနေ အဝေးကို လျှောက်ထွက်သွားပေမယ့် တကယ်ထွက်သွားဖို့ကိုတော့ တွန့်ဆုတ်နေဆဲ။ သူ ထောင့်တစ်နေရာတွင် ဖုန်းပြောနေသည့်ရှဲ့ကျူရှင်းကို တိတ်တခိုးလှမ်းကြည့်လိုက်ရာ သူတို့ ဘာပြောနေကြသည် မသိ၊ သူ့မျက်နှာထက်တွင် အပြုံးတစ်ခုက ချိတ်ဆွဲထားလို့ရှိနေ၏။

ဝမ်ချောင်မှာ ဒေါသထွက်လွန်းတာမို့ လက်များပါ တုန်ယင်လာတော့သည်။ တစ်နေ့ခင်းလုံးလည်း ထောင်းထောင်းနှင့် ကခုန်နေပြီး အခုလည်း ဖုန်းလေးတစ်ချက်ဝင်လာရုံနှင့် ပြုံးရယ်နေနိုင်ပြီ။ ဘယ်လိုဖြစ်လို့ သူ့ကို မျက်နှာချင်းဆိုင်နေချိန်တုန်းကတော့ သေသွားတဲ့အမေကို ပြန်တွေ့သည့်မျက်နှာထားအတိုင်းရှိနေရတာလဲ။

ရှဲ့ကျူရှင်း၊ မင်း ကောင်းလွန်းတယ်။

ဟုတ်ပြီလေ၊ ဘယ်လိုပဲဖြစ်ဖြစ် လမ်းခွဲပြီးနေပြီပဲ။ သူ ဘယ်သူ့ကိုပဲ ပြေးရှာချင်ပါစေ ရှာလို့ရနေပြီ။ အဲ့ mango ဆိုသူလည်း မဆိုးလှ၊ သူ အပြင်ရောက်တာနှင့် လှမ်းခေါ်လိုက်ရမည်။

သူ ခေါင်းငုံ့ထားလျက် ထွက်ပေါက်ရှိရာသို့ လျှောက်သွားတာမို့ သိပ်အဝေးကြီးမရောက်သေးခင်မှာပဲ ကမော်ကမဲ့နိုင်လှသူနှင့် ဝင်တိုးပြီး ထိုလူ့လက်ထဲရှိဝိုင်များက သူ့အပေါ်သို့ ဖိတ်ကျလာတော့သည်။

သူ ချက်ချင်း ထဆဲချလိုက်သည်။ "ကန်းနေတာလား မင်း!"

တစ်ဖက်လူက အလျင်စလိုပြောလာသည်။ "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ ကျွန်တော် ခင်ဗျားကို ပြန်သုတ်ပေးမယ်လေ။" ထို့နောက်မှာတော့ သူက သူ့အင်္ကျီလက်ဖြင့် သူ့ရင်ဘတ်ပေါ်ရှိ ဝိုင်အစွန်းကွက်များကို ပွတ်သုတ်ပေးလေသည်။

ဝမ်ချောင် ဒေါသတကြီး ထပ်ဆဲလွှတ်လိုက်သည်။ "ဖယ်စမ်း၊ ဖယ်စမ်း!"

တစ်ဖက်လူမှ ပြန်ပြောလာသည်။ "တောင်းပန်ပါတယ်၊ ဟမ်?မင်းက icedream ထဲက Leo နဲ့တူသလိုပဲ။"

ဝမ်ချောင် ငြင်းဆိုလိုက်သည်။ "အဓိပ္ပါယ်မရှိတာတွေ။ မတူဘူး။"

ထိုကောင်လေးက တောင်းပန်သလိုပြုံးပြလာသည်။ "လူအချို့ကလည်း ကျွန်တော့်ကို အဲ့အဖွဲ့ထဲက Tomas နဲ့တူတယ်လို့ ပြောဖူးကြတယ်။"

ထိုအခါမှသာ ဝမ်ချောင် သူ့မျက်နှာကို မော့ကြည့်မိတော့သည်။

တကယ်ကို နည်းနည်းဆင်လွန်းသည်။ သူက ရှောင်ရှဲ့ရဲ့ မိန်းကလေး version လိုမျိုးပင်။ တောက်တောက်ပြောင်ပြောင်အဝတ်အစားများ ဝတ်စားလျက် ညာဘက်နားရွက်တွင်လည်း နားကပ်နှင့် တစ်ချက်ကြည့်ရုံနှင့်တင် သူက မိန်းကလေးဆန်ဆန်ပြင်တတ်သည့် gay မျိုးဖြစ်သည်။

gay ဖြစ်သူလေးကလည်း သူ့ရဲ့အသိအမှတ်ပြုခြင်းကို ခံစားမိပုံပေါ်သည်။ သူက မရဲတရဲမေးလာ၏။ "ခင်ဗျားရောလား။"

ဝမ်ချောင် ပြန်မေးလိုက်သည်။ "ဘာလဲ။"

gay ဖြစ်သူလေးက သူ တုံးအချင်ယောင်ဆောင်နေသည်ဟု တွေးလိုက်မိပြီး သူ့နှုတ်ခမ်းကို တွန့်ကွေးနေအောင်ပြုံးလျက် မေးလာသည်။ "အတူသွားသောက်ကြမလား။"

ဝမ်ချောင် သူ့နှင့်အတူ မသောက်ချင်တာမို့ မေးလိုက်တော့သည်။ "မင်း ငါနဲ့လုပ်ချင်နေတာလား။"

gay ဖြစ်သူလေး : "... ဒါဆို ခင်ဗျား အဆင်ပြေတာလား။"

ဘာလို့မပြေရမှာလဲ။ ရှောင်ရှဲ့ကမှ သူ့ကိုလုပ်ခွင့်မပေးတာ၊ အနည်းဆုံး ဆင်တူရိုးမှားတစ်ယောက်လောက်ရှာပြီး လုပ်ခွင့်တော့ရသင့်တာပေါ့။

သူ gay လေးနှင့်အတူ အပြင်ထွက်သွားဖို့လုပ်ရင်း ခြေလှမ်းအနည်းငယ်မျှလှမ်းပြီးကာမှ တစ်ခုခု မဟုတ်သေးသလိုခံစားလိုက်ရသည်။ ဒါ သူ ဂိမ်းကစားတုန်း penta kill ရလိုက်တာကို WeChat မှာ တင်ကြွားဖို့ မေ့နေတာနဲ့ မတူဘူးလား။

သူ ထိုကောင်လေးဖြစ်သူကို တံခါးပေါက်ရှေ့တွင် စောင့်ခိုင်းထားပြီး အထဲသို့ သူ့ဘာသာ တိုးတွန်း၍ပြန်ဝင်သွားလိုက်သည်။

ရှဲ့ကျူရှင်း ဖုန်းခေါ်ဆိုမှုပြီးတာနှင့် တူညီတဲ့နေရာမှာပဲ ပြန်ထိုင်နေပြီး ဖုန်းသုံးလျက်ရှိနေသည်။ တစ်ဖက်သူပြန်ဝင်လာချိန် သူ ခေါင်းမော့လာခြင်းတောင် မရှိ။

ဝမ်ချောင် ဝံ့ကြွားမှုအပြည့်ဖြင့်ပြောလိုက်သည်။ "ငါပြန်ပြီနော်။"

ယန်ရှောင်းမူ သူ့ကို ဆက်ဆွဲထားဖို့ ကြိုးစားလိုက်သေးသည်။ "ကျွန်တော်တို့ ခဏနေကျ နောက်တစ်ဝိုင်း သွားစားကြမလို့လေ။"

ဝမ်ချောင် တမင်ကို ဝင်ပေါက်ရှိရာသို့ လက်လှမ်းပြလိုက်ရာ ဂေးကောင်လေးဖြစ်သူကလည်း ပူးပေါင်းလို့ ပြန်လက်ပြပေးလာသည်။

"ငါ အချိန်းအချက်တစ်ခုလုပ်ထားလို့။" သူက ဝံ့ဝံ့ကြွားကြွားမျက်နှာဖြင့်ဆက်ပြောသည်။ "မင်းတို့နဲ့ မဆော့ပေးနိုင်တော့ဘူး။"

အဖွဲ့သားတိုင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိသွားကြသည်။

ရှဲ့ကျူရှင်းကတော့ သူ့ဖုန်းကိုသာ ငုံ့ကြည့်နေဆဲ။

ဝမ်ချောင်ထွက်သွားတာနှင့် ချန်းယောင့် ခပ်တိုးတိုးပြောလာသည်။ "အဲ့လူက ကောင်လေးမလား။"

ဘယ်သူကမှ 'မြင်းဘုရင်'ဟုအမည်တွင်သူက ယောက်ျားတစ်ယောက်နှင့် အချိန်းအချက်လုပ်လိမ့်မည်ဟု မထင်ထား။

ကျိကျဲပြောလိုက်သည်။ "ယောက်ျားလေးလိုဝတ်ထားတဲ့မိန်းကလေးမျိုး ဖြစ်လောက်တယ်။ အခုတလော မိန်းကလေးတော်တော်များများက အဲ့လိုပြင်ဆင်ဝတ်စားလာကြပြီ။ ငါ့အနေနဲ့ ဝမ်ချောင် အဲ့လို type မျိုးကို ကြိုက်မယ်လို့ မထင်ထားမိရုံလေးပဲ။"

လူတိုင်း သူတို့အကြားဆွေးနွေးပွဲများ ဆက်လုပ်နေကြသည်။

ရှဲ့ကျူရှင်း ဖုန်းကို ပြန်ချ၍ပြောလိုက်သည်။ "မင်းတို့တွေ ဆက်ပျော်ကြ။ ငါလည်း ပြန်တော့မယ်။"

ဝမ်ချောင်နှင့် ထိုမိန်းကလေးဆန်ဆန်ဂေးကောင်လေးက ဟိုတယ်သို့သွား၍ အခန်းငှားယူလိုက်ကြသည်။ ဘားထက် လင်းထိန်နေသည့်အလင်းရောင်အောက်တွင် တစ်ဖက်လူကို ပြန်ကြည့်လိုက်ရာ ထို့သူတွင် ရှောင်ရှဲ့နှင့် တူတဲ့နေရာဆိုတာ မရှိနေ။ မျက်နှာကလည်း မတူသလို ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း မတူလှ။ အထူးသဖြင့် သူ့အရှိန်အဝါက ပိုလို့တောင် မတူနေ။

သူ စိတ်ဝင်စားမှုများ လုံးဝမရှိတော့ဘဲ ပျင်းရိရိနှင့်ပြောလိုက်သည်။ "ထားတော့။ မလုပ်တော့ဘူး။"

အဝတ်အစားများအကုန် ချွတ်ထားပြီး ကုတင်ပေါ်လှဲလျက်အနေအထားဖြင့်ရှိနေသည့် ဂေးကောင်လေးမှာ ထိုစကားကို မယုံနိုင်။ "မင်း ငါ့ကိုနောက်နေတာလား။" သူ ဒေါသထွက်သွားရသည်။

ဝမ်ချောင် သူ့ကို ဂရုမစိုက်နေဘဲ အပေါ်ဝတ်ကိုဆွဲယူလို့ ထွက်သွားမည်လုပ်မှ ဂေးကောင်လေးက အိပ်ရာပေါ်မှ ထလာပြီး သူ့အင်္ကျီစကို လှမ်းဆွဲထားလျက်ပြောလေသည်။ "မင်းက ချောလို့ ငါ အလကားပေးလုပ်မယ်လို့ တွေးထားတာ။ ငါ့တစ်ညတာကို ဒီလိုဖျက်ဆီးလိုက်တယ်ပေါ့။ ငါ အများကြီး မတောင်းဘူး။ ယွမ် ၈၀၀ ဆိုရင် ရပြီ။"

ဝမ်ချောင် : "... မင်းက သောက်ကျိုးနည်း အခကြေးငွေယူလုပ်တာလား။"

လိမ်လိမ်မာမာရှိလှပုံပေါ်သည့်ဂေးလေးက ရုတ်တရက်ဆန်ဆန် ကြက်ကောင်လေးအဖြစ်ပြောင်းသွားခဲ့သည်။

ပိုဆိုးလှသည်က ဝမ်ချောင့်လက်ထဲ ပိုက်ဆံမသယ်ထားသည့်အပြင် သူ့ဖုန်းကလည်း အားမရှိတော့။ ထို့အပြင် ကြက်ကလေးကလည်း အခကြေးငွေအဖြစ် credit card ပေးခြင်းကို လက်မခံ။

ဝမ်ချောင် ဘာလုပ်ရတော့မည် မသိဘဲ ပြောလိုက်သည်။ "ငါ ဒီအခန်းအတွက် ပိုက်ဆံသုံးထားတယ်လေ။ ၈၀၀ အတိအကျပဲ။"

သူ တံခါးဖွင့်ပြီးတာနှင့် တန်းထွက်သွားဖို့လုပ်ပေမယ့် ကြက်ကလေးက အဝတ်မပါသည့်ခန္ဓာကိုယ်ဖြင့် အပြေးရောက်လာပြီး သူ့ကို ခြေတစ်လှမ်းမှ ထပ်မလှမ်းနိုင်အောင် တားထားတော့သည်။

စင်္ကြံလမ်းမှ တစ်စုံတစ်ယောက် ဖြတ်သွားလေသည်။

ဝမ်ချောင့်မှာ အရှက်တရားလည်း နည်းနည်းရှိသေးတာမို့ အလျင်အမြန် နောက်ကျောပေးပြီး ညှိနှိုင်းဖို့ကြိုးစားတော့သည်။ "ငါ မင်းကို credit card ပေးခဲ့လို့မရဘူးလား။"

ထိုကြက်ကလေးက ငြင်းဆန်လာသည်။ "ဘယ် card မှ လက်မခံဘူး။ မင်း ကတ်ပျောက်တိုင်ပြီး အသစ်ပြန်ဖွင့်လိုက်ရင် ငါက ဘယ်သူ့ကို သွားရှာရမှာလဲ။ ဒီလိုလုပ်၊ အဲ့အစား မင်းဖုန်း ငါ့ပေးခဲ့။"

ဝမ်ချောင် ပြောလိုက်သည်။ "ဖုန်းကတော့ မရဘူး!" ဒီဖုန်းက ရှောင်ရှဲ့ သူ့ကို ပေးထားခဲ့တာဖြစ်ပြီး သူ့ရဲ့အဖိုးတန်ဆုံးပိုင်ဆိုင်မှုများထဲကတစ်ခုဖြစ်သည်။

သူတို့ ညှိနှိုင်းနေချိန်အတွင်း ကြက်ကလေးက ရုတ်တရက်ဆန်ဆန် တစ်ဝက်ပွင့်နေသည့်တံခါးကို လှမ်းကြည့်လာသည်။

ဝမ်ချောင်လည်း တစ်စုံတစ်ယောက် လာနေတာကို ခံစားမိတာမို့ စိတ်ရှုပ်ရှုပ်နှင့်ပြောချလိုက်သည်။ "မင်းဘိုးအေကို ကြည့်နေတာလား။ အရင်က တစ်ခါမှ မမြင်.. တာ့ကော"

ဝမ်ချီက ဘယ်လိုလုပ် ဒီမှာရှိနေတာလဲ!!

ဝမ်ချီ ထွေထွေထူးထူးမပြောနေ။ သူ့ကို အခန်းထဲမှ ဆွဲမထုတ်ပြီး တစ်ခွန်းမှမပြောဘဲ စတင်ရိုက်နှက်တော့သည်။

သူ အလျင်အမြန်ရှင်းပြလိုက်သည်။ "သူက ကြက်ဖြစ်နေမယ်လို့ ကျွန်တော် တကယ်မထင်ထားဘူး! မင်း ဘယ်သူလဲ! ငါ့ကိုကူရှင်းပြပေးဦး!"

အခြေအနေမကောင်းတာကို မြင်တာနှင့် ကြက်ကလေးက အဝတ်အစား အမြန်ဝတ်လို့ ထွက်ပြေးးသွားတော့သည်။

စင်္ကြံလမ်းပေါ်တွင် ဝမ်ချောင်တစ်ယောက်တည်းသာ အော်ငိုသံများဖြင့် ကျန်ရစ်နေခဲ့ရပြီး အခြားအခန်းများမှဧည့်သည်များလည်း ဆူညံသံကြောင့် ထွက်လာကြည့်ရင်း စိတ်လှုပ်ရှားဖို့ကောင်းသည့်ပွဲတစ်ခုကို မြင်တွေ့လိုက်ရလေသည်။ မျက်ရည်များဖြင့် ဖုံးလွှမ်းနေသည့်ကျေးဇူးကြောင့်သာ သူ ဘယ်သူလဲဆိုတာ မှတ်မိသူမရှိလိုက်။

ရှဲ့ကျူရှင်း သူ့အဖွဲ့သားများနှင့် ညနက်စာ ထပ်စားဖို့ မလိုက်သွားတော့ဘဲ တိုက်ခန်းရှိတာသို့ တစ်ယောက်တည်းပြန်လာခဲ့လိုက်ပြီး ကျိုးကျန်ယိကတော့ ပြန်မရောက်သေး။

သူ ခေါက်ဆွဲတစ်ထုတ်ပြုတ်လျက် TV ကြည့်ရင်း စားနေမိသည်။ TV ၌ variety show တစ်ခု ပြသလျက်ရှိနေပြီး ရယ်ရလွန်းတာမို့ သူ မျက်ရည်များတောင် ဝဲလာရသည်။

စားပြီးသည်နှင့် သူ ပန်းကန်များဆေး၍ မီးဖိုချောင်ထဲရှိ ပစ်စရာအမှိုက်များကို ထုတ်ပိုးချလိုက်သည်။ တံခါးအနားရှိ အနီနှင့် အနက်ဆင်းကြား aj23 ကိုမြင်ချိန် သူ နောက်ထပ် အမှိုက်အိတ်တစ်ခုဖြင့်ထုတ်ချည်လျက် ထိုဖိနပ်ကိုပါ မီးဖိုချောင်အမှိုက်များနှင့်အတူ ရောပစ်လိုက်တော့သည်။

အဆုံးမှာတော့ လူတကာဝိုင်းကြည့်နေတာ ရှက်ဖို့ကောင်းလှသည်ဟု တွေးမိတာကြောင့် ဝမ်ချီတစ်ယောက် ဝမ်ချောင့်ကို အိမ်သို့ ဆွဲခေါ်လာခဲ့လိုက်သည်။

ဝမ်ကျင်း အလုပ်ဆင်းလာတာနှင့် ဖူးယောင်နေသည့်သူ့ညီလေးမျက်နှာကိုကြည့်ရင်း မေးလာသည်။ "ဘာဖြစ်ပြန်တာလဲ။"

ဝမ်ချီပြောလိုက်သည်။ "လူခေါ်လုပ်ပြီး ပိုက်ဆံကျ မပေးချင်ဘူးလေ။"

ဝမ်ချောင် ငိုလွန်းတာမို့ အသက်ရှုရပ်မတတ်ဖြစ်နေပေမယ့် ရှင်းပြချင်ဆဲ။ "ကျွန်တော် 'မပေးချင်တာ' မဟုတ်ဘူး။ ပိုက်ဆံယူခဲ့ဖို့ မေ့သွားတာ။"

သို့ပေမယ့် ထိုရှင်းပြချက်က ဘာများကောင်းကျိုးပေးနိုင်မှာတဲ့လဲ။

ထို့နောက်မှာတော့ သူ ဝမ်ကျင်းရဲ့ဆွဲဆိတ်ခြင်းများကို တစ်ဖန်ထပ်ခံလိုက်ရပြန်သည်။

နောက်ဆုံးတွင် သူ့ဖုန်းရော ကွန်ပြူတာရော အသိမ်းခံလိုက်ရပြီး သူ အခန်းထဲတွင် သော့ခတ်ခံထားရလျက် သူ့ဘာသာ ပြန်စဉ်းစားဆင်ခြင်ဖို့ အပြစ်ပေးခံလိုက်ရတော့သည်။

ကျိုးကျန်းယီ ညတစ်နာရီထိုးမှ အိမ်ပြန်ရောက်လာပြီး သူ သမ်းဝေလျက် တံခါးဖွင့်ပြီးလို့ ဖိနပ်လဲနေချိန်မှာပဲ ရှဲ့ကျူရှင်းတံခါးက ဝုန်းကနဲပွင့်လာပြီး သူ့ကို လန့်ဖြန့်သွားစေသည်။

ရှဲ့ကျူရှင်းက အခန်းထဲမှထွက်လာပြီး အလျင်စလို ဖိနပ်ပြောင်းဝတ်နေလေသည်။

ကျိုးကျန်းယီ သူ့မျက်နှာပေါ်ရှိ မူမမှန်တာကို သတိထားမိပေမယ့် အအိပ်ယောင်ပြီး လမ်းလျှောက်လာသည်အထင်ဖြင့် အော်မခေါ်ကြည့်ရဲ။

သို့ပေမယ့် သူ ရှဲ့ကျူရှင်း ပြောလာတာကိုကြားလိုက်ရသည်။ "အထဲဝင်ပြီး အိပ်နှင့်။ ကျွန်တော် အပြင်သွားမလို့။"

ကျိုးကျန်းယီပြောလိုက်သည်။ "မင်း ညနက်သန်းခေါင်ကြီး ဘာလုပ်မလို့လဲ။ ငါ အဖော်လိုက်ပေးဖို့လိုသေးလား။"

ရှဲ့ကျူရှင်း ပြောလာသည်။ "မလိုဘူး။ ကျွန်တော် ချက်ချင်းပြန်လာမှာ။"

ခဏအကြာမှာတော့ သူပြန်ရောက်လာပြီး ကျိုးကျန်းယီလည်း သွားတိုက်နေရင်း သူ့ကို ထွက်ကြည့်လိုက်သည်။

သူ့လက်ထဲတွင် ဆုတ်ဖြဲထားသည့် အနက်ရောင်အမှိုက်အိတ်တစ်ခုကို ကိုင်ထားပြီး ထိုအထဲမှ ဖိနပ်တစ်ရံကို ပြန်ဆွဲထုတ်လာသည်။

ကျိုးကျန်းယီ ထိုဖိနပ်ကို မှတ်မိလို့နေသည်။ ပုံမှန်အားဖြင့် ရှဲ့ကျူရှင်း အလွန်တယုတယထားတာလေးဖြစ်သည်။

ဘယ်လိုအခြေအနေပါလိမ့်။

ရှဲံကျူရှင်း ဖိနပ်ကို အခန်းထဲ ပြန်ယူသွားပြီး အသီးဖျော်ရည်အရောင်များ ဟိုတစ်ကွက်ဒီတစ်ကွက် ပေနေသည့်ဖိနပ်ကို ကြမ်းပြင်ပေါ်သို့ ချထားလိုက်သည်။

သူ ထိုအကွက်များကို တစ်သျှူးစိုဖြင့် အသေအချာသုတ်ပြီးနောက် အပေါ်ကနေ ဂရုတစိုက်နှင့်တောင် ဖိနပ်တိုက်ဆီဖြင့် ပွတ်တိုက်ပေးလိုက်သေးသည်။

ပြီးသွားတာနှင့် သူ အိပ်ရာဘေးတွင် ထိုင်ချလျက် ကြမ်းပြင်ပေါ်ရှိ ဖိနပ်ကို အချိန်အတော်ကြာ ငေးစိုက်ကြည့်နေမိတော့သည်။

ဘာများလုပ်နိုင်မှာလဲ။ သူကမှ မလွှင့်ပစ်နိုင်တာ။

KittyKitling

T/N : အားးး အခုမှပြီး!!!

_____///_____

[Zawgyi]

'ေပါင္ေပ့'

ဝမ္ေခ်ာင္တစ္ေယာက္ သြမ့္ယိခြန္း႐ုံးခန္းအျပင္တြင္ ရွဲ႕က်ဴရွင္းကိုေစာင့္ေနရင္း စိတ္ပ်က္လက္ပ်က္ျဖစ္လာရသည္။

မနက္တုန္းက သူ ေရွာင္ရွဲ႕ကို လမ္းခြဲၿပီးေနာက္ သူငယ္ခ်င္း ဆက္ျဖစ္လို႔ရေသးလားဟု ေမးလိုက္ခ်ိန္ ေရွာင္ရွဲ႕မွ သူ႔ကို အေျဖျပန္မေပးလာခဲ့။ သို႔ေပမယ့္ ထို႔ေနာက္တစ္ေလၽွာက္လုံး ေအးစက္စက္မ်က္ႏွာထားျဖစ္သြားတာမို႔ မေပ်ာ္မရႊင္ျဖစ္ေနျခင္းက သိသာလွသည္။

ရည္းစားထားရျခင္းက တကယ္ ေသာက္က်ိဳးနည္းေအာင္ စိတ္ရွုပ္ဖို႔ေကာင္းတာပဲ။ သူတို႔ႏွစ္ေယာက္သာ သူငယ္ခ်င္းေတြဆို ဒီလိုျဖစ္လာပါ့မလား။ အရင္ကဆို ေရွာင္ရွဲ႕ ဘယ္ေလာက္ေတာင္ စိတ္သေဘာထားေကာင္းလိုက္လဲ။ အခုဆို အျခားလူတစ္ေယာက္အျဖစ္ ေျပာင္းသြားသလိုပင္၊ သူ႔စိတ္ခံစားခ်က္မ်ားက အျမဲလိုလို မတည္မၿငိမ္ႏွင့္ အခ်ိန္မေရြးလည္း မွုန္သုန္သုန္ျဖစ္လို႔သြားတတ္ေသးသည္။

ေကာင္မေလးႏွစ္ေယာက္က ေကာ္ရစ္တာတစ္ဖက္မွ ေလၽွာက္လာေနၿပီး သူ႔ကိုျမင္တာႏွင့္ ေနရာတြင္ရပ္လ်က္ တုန႔္ဆိုင္းသြားၾကေတာ့သည္။

သူလည္း ထိုေကာင္မေလးမ်ားကို ရင္းႏွီးေနသလိုခံစားမိတာမို႔ ေမးလိုက္သည္။ "မင္းတို႔ႏွစ္ေယာက္ ဘာလုပ္ေနၾကတာလဲ။"

ေကာင္မေလးတစ္ေယာက္မွ ေျပာလာသည္။ "စီနီယာ Leo, ညီမ စီနီယာရွဲ႕ကို လာရွာတာပါ။"

သူ ႐ုတ္တရက္ အမွတ္ရသြားသည္။ ဒါ ေရွာင္ရွဲ႕နဲ႔ တစ္ေက်ာင္းတည္းထြက္လာတဲ့ ဂ်ဴနီယာေကာင္မေလး ေထာင္းေထာင္းမလား။ ေဘးမွပါလာတဲ့တစ္ေယာက္ကလည္း fruitgirls အဖြဲ႕ထဲကျဖစ္သည္။ သူ႔နာမည္က mango လို႔ေခၚမွန္းေတာင္ သူ မွတ္မိေနေသးသည္။ အေၾကာင္းကား မ်က္ႏွာျပားေကာင္ သေဘာက်ေနတဲ့တစ္ေယာက္ျဖစ္ေနတာေၾကာင့္ပင္။

"မင္းက ဘာလုပ္ဖို႔ သူ႔ကိုရွာတာလဲ။" ေထာင္းေထာင္းက ေရွာင္ရွဲ႕ကို နည္းနည္းစိတ္ဝင္စားေနမွန္းလည္း အမွတ္ရေသးတာမို႔ သူ မၾကည္မလင္အသံျဖင့္ေျပာလိုက္သည္။ "ကိစၥရွိရင္ ငါ့ကို ေျပာခဲ့။"

ေထာင္းေထာင္းကလည္း အရိပ္အကဲၾကည့္တတ္သူ မဟုတ္တာမို႔ အမွန္အတိုင္းေျပာလာသည္။ "အဲ့လို မရဘူးရယ္။ ညီမက သူ အရင္တစ္ေခါက္ variety show ပြဲမွာ လုပ္သြားတဲ့ popping dance ကကြက္ေလးကို ျပန္သင္ျပေပးေစခ်င္တာ။ ညီမ အားက်ရတဲ့လူက စီနီယာျဖစ္ေၾကာင္း ေျပာထားဖူးတာမို႔ variety show ေတြ သြားရတိုင္း ဒါရိုက္တာက သူ႔ကကြက္အတိုင္း ညီမကို ကခိုင္းတာမ်ိဳးရွိလို႔ပါ။"

mango မွ ဝင္ေျပာသည္။ "အဲ့ကကြက္က နည္းနည္းခက္တယ္။ ေထာင္းေထာင္း video ၾကည့္ၿပီး ကေနတာ ေန႔တစ္ဝက္နီးပါးရွိၿပီ၊ အခုထိ မကတတ္ေသးဘူး။ ေနာက္ သူက စီနီယာရွဲ႕ကို တစ္ေယာက္တည္း လာေမးရမွာလည္း ရွက္လို႔ဆိုတာနဲ႔ ညီမကိုပါ အေဖာ္ေခၚလာတာ။"

ေရွာင္ရွဲ႕အေပၚ စိတ္မဝင္စားဘူးဆိုရင္ ရွက္ေနစရာ ဘာအေၾကာင္းရွိလဲ။ ဝမ္ေခ်ာင္ ထိုေကာင္မေလးကိုၾကည့္ရင္း မ်က္ဆံလွန္ျပလိုက္ခ်င္ေပမယ့္ ေရွာင္ရွဲ႕က သူ႔ရဲ့ မိန္းကေလးမ်ားအေပၚ တေလးတစား မဆက္ဆံတတ္သည့္အမူအက်င့္မ်ားကို သေဘာမက်ေၾကာင္း အမွတ္ရသြားတာမို႔ ထိန္းခ်ဳပ္ထားရင္းေျပာလိုက္သည္။ "သူ ဒီေန႔ အလုပ္ရွုပ္ေနတာ၊ ဂ႐ုစိုက္ေပးနိုင္မွာ မဟုတ္ဘူး။ အကယ္၍ မင္း တကယ္ video ၾကည့္ၿပီး လိုက္ကၾကည့္လို႔ မရရင္ လီေလာင္ရွီဆီ သြားၿပီး အေျခခံပိုင္ေအာင္ ျပန္သင္ေပးဖို႔ေျပာလိုက္။"

ေထာင္းေထာင္း အနည္းငယ္မၽွ အရွက္ရသြားတာမို႔ တန္းထြက္သြားခ်င္ေပမယ့္ mango က ဝမ္ေခ်ာင့္ထံသို႔ ယုံၾကည္မွုရွိရွိႏွင့္ တည့္တည့္ေလၽွာက္သြားေလသည္။ သူမလည္း ေခါင္းရွုပ္သြားေပမယ့္ အတူလာခဲ့တာမို႔ သူမပါ mango ႏွင့္အတူ အေရွ႕တိုးသြားလိုက္မိသည္။

ဒီ mango ဆိုသူက စံၿပ လက္ဖက္စိမ္းေကာင္မေလးမ်ိဳးျဖစ္သည္။ ႐ုပ္ရည္ကလည္း လွပသလို ရင္သားႀကီးႀကီးႏွင့္ ကေလးတစ္ေယာက္လို ခၽြဲႏြဲ႕ရာမွာလည္း ေတာ္လြန္းလွသည္။ ထို႔ေၾကာင့္ သူ႔ေဘးတြင္ ေကာင္ေလးတိုင္း ပတ္ပတ္လည္ေနတတ္ၿပီး icedream ထဲက က်ိက်ဲလည္း တစ္ေယာက္အပါအဝင္ျဖစ္ေလသည္။ သူ႔အေနႏွင့္ ဝမ္ေခ်ာင္က ေရႊေပါင္အႀကီးစားဟု ၾကားၿပီးကတည္းက ဒီလူ႔ေပါင္ကို သြားဖက္ခ်င္ေပမယ့္ တစ္ခါမွ ႏွစ္ေယာက္တည္း အတူေတြ႕နိုင္မည့္ အခြင့္အေရးမ်ိဳး မရွိခဲ့။ ထို႔အျပင္ အလ်င္စလိုခ်ည္းကပ္မိလို႔ တစ္ဖက္သူစိတ္ရွုပ္ၿပီး အေျခအေန ပိုဆိုးသြားမွာကိုလည္း သူေၾကာက္ရေသးသည္။ အခုေတာ့ ဒီေရႊေပါင္ျဖစ္သူရဲ့ ျမင္းဆန္တဲ့ကိုယ္ရည္ကိုယ္ေသြးအေၾကာင္းလည္း သိထားၿပီးျဖစ္သည့္အျပင္ ကုမၸဏီ၌ ဒီလိုရွားရွားပါးပါးဆုံေနတာမို႔ ထိုသူ႔ကို ျမဴစြယ္ရန္ အခုအခ်ိန္ထက္ ေကာင္းတာ မရွိေတာ့။

သူက ဝမ္ေခ်ာင့္အနား ကပ္သြားၿပီး icedream ရဲ့ fan meeting ႏွင့္ပတ္သတ္၍ စိတ္ဝင္စားသလို အေၾကာင္းရွာ စကားေျပာလ်က္ သူကိုယ္တိုင္ကလည္း အေရွ႕ေျမာက္ပိုင္းသားျဖစ္ေၾကာင္းပါ ေျပာရင္း ဝမ္ေခ်ာင္ႏွင့္ ရင္းရင္းႏွီးႏွီးျဖစ္သြားေအာင္ အစြမ္းကုန္ႀကိဳးစားေနေလသည္။

ဝမ္ေခ်ာင္က မ်က္မျမင္၊ ဦးေႏွာက္ပ်က္ေနသူတစ္ေယာက္ဆိုေပမယ့္ မိန္းမမ်ားႏွင့္ပတ္သတ္ရင္ေတာ့ မာစတာဘြဲ႕ရထားသူျဖစ္တာမို႔ ဒီမိန္းကေလး ဘာလုပ္ခ်င္ေနလဲဆိုတာ သူ ခ်က္ခ်င္း သိလိုက္သည္။ သို႔ေပမယ့္ သူ အခ်ိန္းအခ်က္ မလုပ္ခ်င္။ သူ႔စိတ္အေျခအေန မေကာင္းသည့္အျပင္ မေန႔ညကလည္း ေရွာင္ရွဲ႕ႏွင့္ တစ္ပြဲတစ္လမ္းႏႊဲခဲ့ေသးတာမို႔ ဒီေန႔ သူ႔တြင္ ဘာခြန္အားမွ မရွိေန။

သို႔ေပမယ့္ mango ရင္သားမ်ားက တကယ္ကို ႀကီးလြန္းလွသည္။ ေပ်ာ့ေပ်ာ့အိအိႏွင့္ ဖ်စ္ညႇစ္လို႔ေကာင္းမည့္ပုံမ်ိဳးပင္။ ဝမ္ေခ်ာင္လည္း ေကာင္မေလးတစ္ေယာက္ကို မထိမကိုင္ရတာ အေတာ္ၾကာေနၿပီမို႔ အၾကည့္မ်ားကို မထိန္းခ်ဳပ္နိုင္ဘဲ တစ္ဖက္သူရဲ့ရင္သားကို စူးစိုက္ၾကည့္ေနမိေတာ့သည္။

mango က အရိပ္အကဲသိလြန္းတာမို႔ ခ်က္ခ်င္း သူ႔ပခုံးကို လွမ္းရိုက္လို႔ ျပဳံးရင္းေျပာလာသည္။ "စီနီယာ၊ ဘယ္ကိုၾကည့္ေနတာလဲရွင့္။"

ဝမ္ေခ်ာင္ သူ႔ကိုေမးလိုက္သည္။ "မင္း ဆီလီကြန္ထည့္ထားတာလား။" သူ ရင္သားမ်ားကို မေတြ႕ရတာၾကာလွၿပီမို႔ အတုလား၊ အစစ္လားေတာင္ မခြဲျခားတတ္ေတာ့။

mango ေျပာလာသည္။ "ေသခ်ာေပါက္ မရွိဘူးေပါ့။ အကုန္သဘာဝအတိုင္းပဲ။"

ဝမ္ေခ်ာင္ စိတ္အားထက္သန္စြာျဖင့္ ေျပာလိုက္သည္။ "ငါ မယုံဘူး။ မင္း ငါ့ကို ေပးထိ။ တကယ္သာ အစစ္ဆို ငါ မင္းကို အိတ္ဝယ္ေပးမယ္။"

mango ကလည္း ရက္ရက္ေရာေရာ ျပန္ေျပာသည္။ "ဒါဆို ထိၾကည့္ေလ။"

ဝမ္ေခ်ာင္ ရင္သားအေပၚလက္တင္လို႔ ဖ်စ္ညႇစ္ၾကည့္လိုက္သည္။

ေဘးမွၾကည့္ေနသူေထာင္းေထာင္းကေတာ့ ရွက္ရြံ႕မွုျဖင့္ မ်က္ႏွာတစ္ခုလုံးနီရဲသြားရသည္။ 'ဒါဆို အင္တာနက္ေပၚ ပ်ံ႕လာတဲ့သတင္းေတြက အမွန္ေတြေပါ့! စီနီယာ leo က ပါးစပ္ဟလိုက္တာနဲ႔ "ငါ မင္းကို အိတ္ဝယ္ေပးမယ္" ဆိုၿပီး ေျပာေနတာပဲ။'

သူက တကယ္ကိုျဖဴျဖဴစင္စင္ရွိလွသူေလးမို႔ ဒီလိုျမင္ကြင္းမ်ိဳးက အေတာ္ေလးရွက္ဖို႔ေကာင္းေနၿပီး သူ႔အၾကည့္မ်ားကို ဘယ္ေရြ႕ညာေရြ႕လုပ္ေနရင္း ဘယ္ေနရာကို ၾကည့္ရမယ္ မသိ ျဖစ္ေနေတာ့သည္။ ရွဲ႕က်ဴရွင္း ႐ုံးခန္းထဲမွ ထြက္လာတာကို ျမင္တာႏွင့္ သူ႔မွာ ကယ္တင္ရွင္ကိုေတြ႕လိုက္သည့္အလား၊ အလ်င္စလို ေအာ္ေခၚခ်လိုက္သည္။ "ေရွာင္ရွဲ႕ေကာ!"

ဝမ္ေခ်ာင္လည္း သူ႔ေအာ္ေခၚသံကို ၾကားတာႏွင့္ ခ်က္ခ်င္း လက္ျပန္႐ုတ္လိုက္ခ်င္ေပမယ့္ ေနာက္က်လြန္းသြားခဲ့ၿပီ။ သူ႔ရဲ့အသစ္စက္စက္ေကာင္ေလးျဖစ္သူက သူ ေကာင္မေလးတစ္ေယာက္ရဲ့ရင္သားအား ထိကိုင္ေနျခင္းကို ျမင္သြားခဲ့ၿပီး မည္းေမွာင္ေနသည့္မ်က္ႏွာအမူအရာျဖင့္ ထြက္ခြာသြားေတာ့သည္။

သူလည္း ဂ်ဴနီယာညီမေလးႏွစ္ေယာက္ကို လ်စ္လ်ဴရွုၿပီး အေနာက္မွအလ်င္စလို အေျပးလိုက္သြားလိုက္သည္။

ရွဲ႕က်ဴရွင္းမွာ ေဒါသထြက္လြန္းတာမို႔ ေခါင္းတစ္ခုလုံးေတာင္ မူးေဝလာရၿပီး ဝမ္ေခ်ာင့္ကိုလည္း လုံးဝဂ႐ုမစိုက္ခ်င္တာမို႔ ခပ္သြက္သြက္ေလၽွာက္ေနေတာ့သည္။

ဝမ္ေခ်ာင္ သူ႔အေနာက္မွေျပးလိုက္ရင္း အသံတိုးတိုးႏွင့္ရွင္းျပလိုက္သည္။ "ငါ တကယ္ဘာမွမလုပ္ခဲ့ပါဘူး။ ငါ သူ႔ရင္သားကိုပဲ ထိခဲ့တာ။ အဲ့ဒါကလည္း သူ ဆီလီကြန္ထည့္ထားလား ငါ သိခ်င္မိလို႔။"

ရွဲ႕က်ဴရွင္း ရယ္ခ်မိမလိုျဖစ္သြားသည္။ သူ႔အနားမွာ ေကာင္မေလးတစ္ေယာက္မရွိဘဲ မေနနိုင္ပါဘူးလို႔ အမွန္အတိုင္းဝန္ခံတာမွ ဒီလိုေသာက္အဓိပၸါယ္မရွိဆင္ေျခထက္ အႀကိမ္ေပါင္းတစ္ေထာင္ေက်ာ္ ပိုေကာင္းဦးမည္။

ဝမ္ေခ်ာင္ သူ႔ေျခေထာက္မ်ား နာက်င္လာတဲ့အထိ အေနာက္မွအေျပးလိုက္ရင္း ေျပာလိုက္သည္။ "ျဖည္းျဖည္းသြား! ငါ မင္းကို လိုက္မမွီေတာ့ဘူး။"

ရွဲ႕က်ဴရွင္း ႐ုတ္တရက္ဆန္ဆန္ ရပ္တန႔္လိုက္ရာ ဝမ္ေခ်ာင့္မွာ အခ်ိန္မွီ လိုက္မရပ္နိုင္ဘဲ တစ္ဖက္လူရဲ့ေနာက္ေက်ာကို တည့္တည့္သြားတိုက္မိေလသည္။ သို႔ႏွင့္ သူ ခ်က္ခ်င္း လက္ႏွစ္ဖက္ကို ဆန႔္တန္းဖြင့္ဟလ်က္ ခါးကို အရွက္မရွိ ဖက္ထားရင္း ေျပာေတာ့သည္။ "စိတ္မဆိုးနဲ႔ေတာ့ေလ။ ငါတို႔ အျခားသူ သြားမရွာဘူးလို႔ သေဘာတူထားတာပဲ။ ငါ မွတ္မိပါတယ္။ ငါ တကယ္ သူနဲ႔ ဘာဆိုဘာမွလုပ္ခ်င္ေနတာ မဟုတ္ဘူး။"

သူတို႔ႏွစ္ေယာက္က ကိုယ္ခ်င္းဆက္အမႊာေတြလို အျမဲပူးကပ္ေနၾကတာမို႔ ဒီလိုပုံစံမ်ိဳးကို လုပ္ေဖာ္ကိုင္ဖက္မ်ား ျမင္သြားမွာလည္း ေၾကာက္လန႔္ျခင္း မရွိၾက။

ရွဲ႕က်ဴရွင္းမွာ ဝမ္ေခ်ာင္တစ္ေယာက္ ဒီကိစၥကို ေရးႀကီးခြင္က်ယ္မဟုတ္သလို ေျပာေနျခင္းအား နားေထာင္ရင္း ရင္ထဲ ပိုလို႔ေနရခက္လာေတာ့သည္။ "မင္းစိတ္ထဲ မိန္းကေလးတစ္ေယာက္ရဲ့ရင္ဘတ္ကို ကိုင္တာက ဘာမွမဟုတ္ဘူးလား။"

ဝမ္ေခ်ာင့္အတြက္ တကယ္လည္း ဘာမွမဟုတ္ေနတာမို႔ ျပန္ေျပာလိုက္သည္။ "အစကတည္းက ဘာမွမဟုတ္တာေလ။ မင္းေဒါသကလည္း ႀကီးလြန္းလိုက္တာ။ ဒီအတိုင္းသာဆို ငါ တကယ္ တစ္ခုခု သြားမလုပ္ရေသးခင္မွာဘဲ ငါတို႔ႏွစ္ေယာက္ လမ္းခြဲျဖစ္သြားဦးမယ္။"

ရွဲ႕က်ဴရွင္း အံတင္းတင္းႀကိတ္ထားတာမို႔ သူ႔ပါးစပ္ထဲ ေသြးအရသာမ်ား ျပည့္ႏွက္ေနေတာ့သည္။

သူ႔ကိုယ္သူ အနည္းငယ္မၽွ ထုံသြားသလိုေတာင္ ခံစားလိုက္ရသည္။ ေဒါသႏွင့္ သဝန္တိုမွု၊ ရင္ခုန္ရျခင္းႏွင့္ သေဘာက်မွု အရာအားလုံးက ခဏေလးအတြင္းမွာပဲ ဘာမွမဟုတ္ေတာ့သလိုျဖစ္သြား၏။

ဘာအဓိပၸါယ္မွ မရွိေတာ့ဘူး။

ဝမ္ေခ်ာင့္စိတ္ထဲ မေကာင္းတဲ့ခံစားခ်က္မ်ား ရလိုက္တာမို႔ ဂ႐ုတစိုက္ႏွင့္ေခၚခ်လိုက္သည္။ "ေရွာင္ရွဲ႕?"

ရွဲ႕က်ဴရွင္း ခပ္တိုးတိုးေျပာလာသည္။ "ဒါဆိုလည္း အခုကတည္းက ခြဲၾကတာေပါ့။"

ဝမ္ေခ်ာင္ :  "... အာ?"

ရွဲ႕က်ဴရွင္း သူ႔ခါးကိုခ်ိတ္တြယ္ထားသည့္လက္ကို ဆြဲျဖဳတ္ခ်ရင္း ေအးစက္စက္ေျပာလိုက္သည္။ "ေနာက္ဆို မင္းလည္း ငါ့ကို လာမတြယ္ကပ္ေနနဲ႔ေတာ့။ ငါစိတ္ရွုပ္ေနၿပီ။"

ဝမ္ေခ်ာင္ : "..."

ရွဲ႕က်ဴရွင္း အေရွ႕မွထြက္သြားတာမို႔ သူလည္း အေနာက္မွ အေလာတႀကီး အမွီလိုက္ရင္း သူ႔စိတ္ထဲ လုံးဝရွုပ္ေထြးေနေတာ့သည္။

မေန႔ကတင္ တြဲမယ္ေျပာၿပီး ဒီေန႔က် လမ္းခြဲမယ္? ေရွာင္ရွဲ႕ေျပာတဲ့စကားအရဆို သူတို႔ႏွစ္ေယာက္က သူငယ္ခ်င္းေတာင္ မျဖစ္နိုင္ေတာ့သလိုပင္။

ဘာလို႔လဲ။ သူ ေကာင္မေလးတစ္ေယာက္ရဲ့ရင္ဘတ္ကို သြားထိၾကည့္လိုက္မိလို႔တဲ့လား။

အဖြဲ႕သားမ်ားက မျပန္ေသးဘဲ နားေနခန္းထဲတြင္ စကားေျပာလ်က္ရွိေနၾကၿပီး သူတို႔ေရွ႕ဆင့္ေနာက္ဆင့္ ျပန္ဝင္လာတာကို ျမင္ခ်ိန္ တစ္ခုခုမွားယြင္းေနတာကို သတိမထားမိၾက။ ထို႔ေၾကာင့္လည္း အကုန္လုံးက ရွဲ႕က်ဴရွင္းကို အလ်င္စလို ေမးခြန္းမ်ား ေမးလိုက္ၾကသည္။ "ေရွာင္ရွဲ႕ေကာ၊ ခြန္း-ေကာက ဇာတ္ကားနဲ႔ပတ္သတ္ၿပီး ေခၚေျပာတာမလား။"

ရွဲ႕က်ဴရွင္း ျပန္ေျဖလိုက္သည္။ "အဲ့တာက ဧည့္သည္အျဖစ္ပါဝင္ရမယ့္ ဇာတ္ေကာင္အေသးစားေလးပါ။ အင္တာနက္ေပၚမွာ ေျပာထားၾကသလို ေနရာအႀကီးႀကီး မဟုတ္ဘူး။"

ခ်န္းေယာင့္ သိခ်င္စိတ္ျဖင့္ေမးလာသည္။ "အဲ့ဇာတ္ေကာင္ေနရာက ပီယာနို တီးတတ္ဖို႔ တကယ္လိုတာလား။"

က်ိက်ဲ သတိေပးသလို ပခုံးခ်င္းဝင္တိုက္၍ ျဖတ္ေျပာသည္။ "အင္တာနက္ေပၚက မဟုတ္တ႐ုတ္ေတြလည္း မင္း ယုံလိုက္တာပဲ။"

ရွဲ႕က်ဴရွင္း ျပန္ေျဖသည္။ "ခြန္း-ေကာက ပီယာနိုနဲ႔ပတ္သတ္တဲ့အေၾကာင္းေတာ့ မေျပာသြားလို႔ ငါလည္း မသိဘူး။"

အဖြဲ႕သားမ်ားအေနႏွင့္ အဓိကဇာတ္ေဆာင္ေတြက ဘယ္သူေတြျဖစ္သလဲဆိုတာႏွင့္ အခေၾကးေငြ ဘယ္ေလာက္ရသလဲဆိုတာမ်ိဳး ေမးျမန္းလာၾကၿပီး ရွဲ႕က်ဴရွင္းကလည္း သူတို႔ကို တစ္ေယာက္ခ်င္းဆီ ျပန္ေျဖေပးလိုက္သည္။

ဝမ္ေခ်ာင္ တံခါးနားတြင္ ရပ္ေနရင္း ေရွာင္ရွဲ႕ လူတိုင္းႏွင့္ ဘာမွမျဖစ္သလို စကားေျပာေနတာကို ၾကည့္လ်က္ တစ္ဖန္စိတ္ရွုပ္ေထြးသြားရျပန္သည္။ အခုနေလးကတင္ လမ္းခြဲဖို႔ႏွင့္ သူ႔ကိုစိတ္ရွုပ္ဖို႔ေကာင္းတယ္ဟု ေျပာခဲ့တာ ေရွာင္ရွဲ႕ သူ႔ကို စေနတာမ်ားလား။

လူတိုင္း အခ်ိန္တစ္ခုေလာက္အထိ စကားေျပာၿပီးေနာက္မွာေတာ့ ယန္ေရွာင္းမူက ျပဳံးလ်က္ေတာင္းဆိုလာသည္။ "ညီအစ္ကိုတို႔၊ မနက္ျဖန္က် ငါ့ေမြးေန႔။ ငါ မင္းတို႔နဲ႔ပဲ ေပ်ာ္ေပ်ာ္ပါးပါးျဖတ္သန္းသြားဖို႔ စိတ္ကူးထားေပမယ့္ ငါ့မိဘေတြက ငါ့နဲ႔အတူ ေမြးေန႔ဆင္ႏႊဲဖို႔ မနက္ျဖန္လာခဲ့မယ္တဲ့။ အဲ့ေတာ့ ငါ မင္းတို႔ကို ဒီည လိုက္ေကၽြးမယ္ကြာ။ မင္းတို႔အကုန္ အားၾကရဲ့လား။" သူ႔အိမ္က ဟယ့္ပိန္ကမို႔ သူ႔မိဘမ်ားအေနႏွင့္ သူ႔ကို လာေတြ႕ဖို႔ အဆင္ေျပေျပရွိလွသည္။

အဖြဲ႕သားအကုန္လုံး အဆင္ေျပေၾကာင္းေျပာလာၾကတာမို႔ ယန္ေရွာင္းမူလည္း ထပ္ေမးေတာ့သည္။ "ေခါင္းေဆာင္ေရာ? လိုက္မယ္မလား။"

ဝမ္ေခ်ာင္ ခပ္တိုးတိုးေရရြတ္လိုက္သည္။ "ငါလည္း အဆင္ေျပပါတယ္။"

သူ႔စကားဆုံးသည္ႏွင့္ ရွဲ႕က်ဴရွင္း ႐ုတ္တရက္ ထေျပာလာသည္။ "ငါ မသြားေတာ့ဘူး။"

ဝမ္ေခ်ာင္ မယုံနိုင္သလို လွမ္းၾကည့္လိုက္ေပမယ့္ တစ္ဖက္လူကေတာ့ တစ္ဖက္သို႔မ်က္ႏွာလႊဲေနလ်က္ ေအးစက္စက္အေနအထားျဖစ္ေန၏။

လူတိုင္း တိတ္ဆိတ္သြားေတာ့သည္။ သူတို႔ႏွစ္ေယာက္ၾကား ျပႆနာျဖစ္လာတာ သိသာလြန္းလွသည္။

တကယ္တမ္း အဖြဲ႕ထဲ၌ အသင္းသားစိတ္ဓာတ္အျပည့္ဝဆုံးသူဆိုလၽွင္ ယန္ေရွာင္းမူျဖစ္လိမ့္မည္။ သူက ခ်က္ခ်င္းပင္ ဖ်န္ေျဖေပးရန္ ၾကားဝင္ၿပီး အျပဳံးေလးျဖင့္ေျပာလာေတာ့သည္။ "ေရွာင္ရွဲ႕ေကာ၊ ဘာကိစၥပဲရွိေနေန မနက္ျဖန္က်မွ နည္းလမ္းရွာလို႔ရတာပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီရက္ေတြထဲ ကၽြန္ေတာ္တို႔လည္း schedule သိပ္ရွိတာမွ မဟုတ္တာ။"

ရွဲ႕က်ဴရွင္း ျငင္းဆန္ဖို႔လုပ္လိုက္သည္။ "မဟုတ္ဘူး၊ ငါ .."

ယန္ေရွာင္းမူ သူ႔စကားကို တုံးတိျဖတ္ေျပာလိုက္သည္။ "ဘယ္သူမွမလိုက္ဘူးဆိုရင္ေတာင္ ေကာ မလိုက္လို႔ မရဘူးေလ။"

ရွဲ႕က်ဴရွင္း ဘာမွဆက္မေျပာေတာ့။

ယန္ေရွာင္းမူက ဝမ္ေခ်ာင့္ကိုေတာင္ မ်က္စိမွိတ္ျပလိုက္ေသးသည္။

ဝမ္ေခ်ာင္အေနႏွင့္ သူေကာင္းေစခ်င္လို႔လုပ္ေပးမွန္းသိထားေပမယ့္ မရယ္နိုင္ေနခဲ့။

ေရွာင္ရွဲ႕က ဒီတစ္ေခါက္ေတာ့ တကယ္ေျပာေနတာပဲ။

ညေနခင္းေရာက္ခ်ိန္မွာေတာ့ သူတို႔ေျခာက္ေယာက္သား ပန္းၿခံအေပၚထပ္ရွိဘားကို သြားလိုက္ၾကသည္။

အဖြဲ႕သားမ်ားလည္း အရင္အတိုင္း ရွဲ႕ႏွင့္ဝမ္ဟူ၍ သူတို႔ႏွစ္ေယာက္အတြက္ ကပ္ရပ္ခုံႏွစ္ခုံခ်န္ထားေပးေလသည္။

ရွဲ႕က်ဴရွင္း ဘာမွမေျပာဘဲ ထိုင္ခ်လိုက္သည္။

ဝမ္ေခ်ာင္လည္း သူ႔ေဘးတြင္ အလ်င္စလို ထိုင္ခ်လိုက္ေတာ့သည္။

အဖြဲ႕သားမ်ားက poker ဂိမ္း စေဆာ့ေနၿပီး ထို႔ေနာက္မွာေတာ့ ေလးေယာက္သား ခြဲထြက္၍ tractor ဂိမ္းကို ေျပာင္းေဆာ့ေနၾကသည္။

ရွဲ႕က်ဴရွင္းကေတာ့ စကားမေျပာလာ။ သူက ဘီယာတစ္ပုလင္းကို ဆြဲယူၿပီး ျဖည္းျဖည္းခ်င္းေသာက္ေနသည္။

ပုံမွန္ဆို ဝမ္ေခ်ာင္က ဘာမွစဥ္းစားျခင္းမရွိဘဲ စက္ေသနတ္ပစ္ေနတတ္သူဆိုေပမယ့္ အခုေလာေလာဆယ္မွာေတာ့ သူ႔တြင္ ေျပာစရာဟူ၍ ဘာမွမစဥ္စားမိေန။ အခ်ိန္အေတာ္ၾကာမွ သူေျပာလိုက္သည္။ "ေန႔လည္ခင္းတုန္းက မင္း ဘာလုပ္ေနလဲ။"

ရွဲ႕က်ဴရွင္း ျပန္ေျပာသည္။ "ငါ ကုမၸဏီမွာ အကေလ့က်င့္တယ္။"

ဝမ္ေခ်ာင္ ဆက္ေျပာသည္။ "မင္းတစ္ေယာက္တည္းလား။"

ရွဲ႕က်ဴရွင္း ေျပာလာသည္။ "မဟုတ္ဘူး။ ငါ ေထာင္းေထာင္းကို popping ကနည္း သင္ေပးေနတာ။"

ဝမ္ေခ်ာင့္စိတ္ထဲ မေပ်ာ္မရႊင္ျဖစ္သြားေပမယ့္ အေတာ္ၾကာေအာင္ ထပ္စဥ္းစားၿပီးမွ ထပ္ေျပာလိုက္သည္။ "မင္းဖုန္းအားသြင္းႀကိဳးက ငါ့အိမ္မွာရွိေနတုန္းပဲ။ ဒါၿပီးသြားရင္ မင္း ငါနဲ႔အတူ ျပန္လိုက္ယူပါလား။"

ရွဲ႕က်ဴရွင္း ေျပာလာသည္။ "မလိုဘူး။ ငါလည္း ဖုန္းအသစ္လဲဖို႔ ေတြးေနတာ။"

ဝမ္ေခ်ာင္ ပိုခ်ဥ္တူးသြားသည္။ ဘာလို႔ေရွာင္ရွဲ႕က 'ငါးစိမ္းျမင္ငါးကင္ပစ္'ခ်င္ရတာလဲ။

စားပြဲေအာက္တြင္ သူ ရွဲ႕က်ဴရွင္းေျခေထာက္ကို သူ႔ဒူးေခါင္းျဖင့္ ဂ႐ုတစိုက္ထိေတြ႕ေနလိုက္သည္။ ရွဲ႕က်ဴရွင္း မျငင္းဆန္တာကိုျမင္သည္ႏွင့္ သူ ရွဲ႕က်ဴရွင္းရဲ့ေပါင္ကိုပါ သူ႔ေပါင္ျဖင့္ ပြတ္သပ္လိုက္ေတာ့သည္။

သူ ေန႔လည္က အိမ္ျပန္ၿပီး သူ႔သေဘာအက်ဆုံးအကၤ်ီကို ေျပာင္းဝတ္၍ က်ားသစ္ကြက္မ်ားပါသည့္အတြင္းခံကိုေတာင္ တမင္ဝတ္ထားၿပီး အျပင္မထြက္လာခင္မွာလည္း CHANEL ရဲ့ ANTAEUS ကိုေတာင္ ျဖန္းဆြတ္လာေသးသည္။

သူ႔အေနႏွင့္ အတည္ေပါက္ျဖစ္ေနသည့္ေရွာင္ရွဲ႕ကို ဘယ္လိုေခ်ာ့ရမလဲ မသိလွ။ ေတြးၾကည့္ၿပီးေနာက္မွာေတာ့ အေကာင္းဆုံးေရြးခ်ယ္မွုက အိပ္ယာထက္တြင္ ေရွာင္ရွဲ႕စိတ္တိုင္းက် လုပ္ခြင့္ေပးလိုက္ျခင္းပင္။ ႏွစ္ေယာက္လုံးက ေယာက္်ားေလးမ်ားျဖစ္သည့္အတြက္ ဒီလိုကိစၥမ်ိဳးကမွ သူတို႔အတြက္ စိတ္လွုပ္ရွားဖို႔အေကာင္းဆုံးျဖစ္ေနလိမ့္မည္။

သူ အႀကိမ္ေရအနည္းငယ္မၽွသာ ပြတ္သပ္ရေသးသည္၊ ရွဲ႕က်ဴရွင္းက သူ႔ကို ေရွာင္ဖယ္သြားေတာ့သည္။

"ျပႆနာ မရွာနဲ႔။" ရွဲ႕က်ဴရွင္း အသံတိုးတိုးျဖင့္ေျပာလာသည္။ "ငါတို႔ လမ္းခြဲၿပီးသြားၿပီ။"

ဝမ္ေခ်ာင္ မတရားသလိုခံစားခ်က္ျဖင့္ ျပန္ေျပာလိုက္သည္။ "မင္းကမွ ျပႆနာမရွာရမွာ။ မင္း ငါ့ဆီက ဘာမ်ားထပ္လိုခ်င္ေသးတာလဲ။"

ရွဲ႕က်ဴရွင္း ျပန္ေျပာလာသည္။ "ၿငိမ္ၿငိမ္ထိုင္ေနေပး။ ငါ့ကို လာမရွုပ္နဲ႔။"

ဝမ္ေခ်ာင္ ေဒါသထြက္သလို စိုးရိမ္တႀကီးလည္းျဖစ္လာရသည္။ "မင္း မၿပီးေသးဘူးေပါ့၊ ဟုတ္လား။"

ရွဲ႕က်ဴရွင္း ေအာက္သို႔စိုက္ၾကည့္ရင္း ေျပာလိုက္သည္။ "ၿပီးၿပီေလ။ အကုန္ၿပီးသြားၿပီ။"

ဝမ္ေခ်ာင္ : "..."

သူ အခုထိ သိပ္နားမလည္နိုင္ေသးဘူးဆိုေပမယ့္ ဒီစာေၾကာင္းရဲ့အဓိပၸါယ္ကိုေတာ့ သူနားလည္သည္။

ရွဲ႕က်ဴရွင္းက သူတို႔ႏွစ္ေယာက္ၾကား အကုန္ၿပီးသြားၿပီဟုေျပာလာသည္။ သူတို႔ လမ္းခြဲခဲ့ၿပီးၿပီမို႔ ထပ္တြဲလို႔လည္း မရေတာ့သလို သူငယ္ခ်င္းလည္း ဆက္မျဖစ္နိုင္ေတာ့။ သူတို႔ႏွစ္ေယာက္ၾကားရွိဆက္ဆံေရးတိုင္းက ၿပီးဆုံးသြားခဲ့ၿပီ။

ဘာလို႔လဲ?!

တစ္ဖက္လူရဲ့စကားမ်ားေၾကာင့္ သူ႔ရင္ထဲမြန္းၾကပ္မွုႏွင့္အတူ ထပ္ၿပီးလည္း ဆက္မေခ်ာ့ေနခ်င္ေတာ့။ သူ႔ဘဝတစ္ေလၽွာက္လုံး တစ္ခါမွ ဒီေလာက္ ေအာက္က်မခံဖူး။ သူ႔အေဖႏွင့္ သူ႔အစ္ကိုတို႔ သူ႔ကို ရိုက္ခ်င္ရင္ေတာင္ သူ အရွက္မရွိ ေတာင္းပန္ခယတာမ်ိဳး မရွိခဲ့။

သူ ရွဲ႕က်ဴရွင္းကို ခဏၾကာေအာင္ စိုက္ၾကည့္ေနၿပီးေနာက္ မတ္တပ္ထရပ္၍ ေျပာလိုက္သည္။ "ငါျပန္ၿပီ!"

'tractor' ဂိမ္းေဆာ့ေနသည့္အဖြဲ႕သားမ်ားမွာ ေၾကာင္အသြားရသည္။ ဒီေလာက္ၾကာေနၿပီကို ျပန္မတည့္ၾကေသးဘူးလား။ ဒီေန႔ဘာျဖစ္ေနၾကတာလဲ။

သို႔ေပမယ့္ ဝမ္ေခ်ာင္က မလွုပ္မယွက္ႏွင့္ မတ္တပ္ရပ္ေနဆဲ။ သူ႔ႏွလုံးသားထဲမွာေတာ့ ေမၽွာ္လင့္ခ်က္အနည္းငယ္မၽွရွိေနေသးသည္။ သူ႔ကို ေရွာင္ရွဲ႕ လွမ္းဆြဲထားလိမ့္မည္ဟု ေမၽွာ္လင့္ေနမိသည္။ ဒီေန႔တစ္ေနကုန္ျဖစ္ခဲ့သမၽွက သူ႔ကို စေနာက္ဖို႔ အကြက္ဆင္ထားတာဟု ေျပာလာဖို႔ သူေမၽွာ္လင့္ေနမိသည္။ ဒီေန႔ သူ႔အေပၚေျပာခဲ့သမၽွအရာရာတိုင္းက အတုအေယာင္ေတြဟူ၍ ...

ထိုအခ်ိန္မွာပဲ စားပြဲေပၚတင္ထားသည့္ ရွဲ႕က်ဴရွင္းဖုန္း screen က လင္းလာၿပီး တစ္စုံတစ္ေယာက္ရဲ့ဖုန္းဝင္လာေၾကာင္း ေဖာ္ျပေနေတာ့သည္။

ဝမ္ေခ်ာင္ မတ္တပ္ရပ္လ်က္သားႏွင့္ လွမ္းၾကည့္လိုက္ရာ screen ေပၚတြင္ 'ေထာင္းေထာင္း' ဆိုတာကို ေတြ႕လိုက္ရသည္။

ရွဲ႕က်ဴရွင္း ဖုန္းကို ေကာက္ကိုင္လ်က္ေျပာလာသည္။ "ငါ ဖုန္းသြားေျပာလိုက္ဦးမယ္။" ထို႔ေနာက္ သူ အျပင္သို႔ေလၽွာက္ထြက္သြား၏။

ဝမ္ေခ်ာင္ : "..."

ယန္ေရွာင္းမူ : "...ေခါင္းေဆာင္၊ အရင္ျပန္ထိုင္ေနပါလား။"

ဝမ္ေခ်ာင့္မွာ အရွက္ရလြန္းတာမို႔ ျပန္လည္းမထိုင္နိုင္ဘဲ ေဒါသတႀကီးျဖင့္ေျပာလိုက္သည္။ "ငါ တကယ္ျပန္မွာ! ျပန္မယ္ဆို ျပန္မယ္ပဲ!"

အဖြဲ႕သားမ်ား : "..."

သူ စားပြဲဝိုင္းကေန အေဝးကို ေလၽွာက္ထြက္သြားေပမယ့္ တကယ္ထြက္သြားဖို႔ကိုေတာ့ တြန႔္ဆုတ္ေနဆဲ။ သူ ေထာင့္တစ္ေနရာတြင္ ဖုန္းေျပာေနသည့္ရွဲ႕က်ဴရွင္းကို တိတ္တခိုးလွမ္းၾကည့္လိုက္ရာ သူတို႔ ဘာေျပာေနၾကသည္ မသိ၊ သူ႔မ်က္ႏွာထက္တြင္ အျပဳံးတစ္ခုက ခ်ိတ္ဆြဲထားလို႔ရွိေန၏။

ဝမ္ေခ်ာင္မွာ ေဒါသထြက္လြန္းတာမို႔ လက္မ်ားပါ တုန္ယင္လာေတာ့သည္။ တစ္ေန႔ခင္းလုံးလည္း ေထာင္းေထာင္းႏွင့္ ကခုန္ေနၿပီး အခုလည္း ဖုန္းေလးတစ္ခ်က္ဝင္လာ႐ုံႏွင့္ ျပဳံးရယ္ေနနိုင္ၿပီ။ ဘယ္လိုျဖစ္လို႔ သူ႔ကို မ်က္ႏွာခ်င္းဆိုင္ေနခ်ိန္တုန္းကေတာ့ ေသသြားတဲ့အေမကို ျပန္ေတြ႕သည့္မ်က္ႏွာထားအတိုင္းရွိေနရတာလဲ။

ရွဲ႕က်ဴရွင္း၊ မင္း ေကာင္းလြန္းတယ္။

ဟုတ္ၿပီေလ၊ ဘယ္လိုပဲျဖစ္ျဖစ္ လမ္းခြဲၿပီးေနၿပီပဲ။ သူ ဘယ္သူ႔ကိုပဲ ေျပးရွာခ်င္ပါေစ ရွာလို႔ရေနၿပီ။ အဲ့ mango ဆိုသူလည္း မဆိုးလွ၊ သူ အျပင္ေရာက္တာႏွင့္ လွမ္းေခၚလိုက္ရမည္။

သူ ေခါင္းငုံ႔ထားလ်က္ ထြက္ေပါက္ရွိရာသို႔ ေလၽွာက္သြားတာမို႔ သိပ္အေဝးႀကီးမေရာက္ေသးခင္မွာပဲ ကေမာ္ကမဲ့နိုင္လွသူႏွင့္ ဝင္တိုးၿပီး ထိုလူ႔လက္ထဲရွိဝိုင္မ်ားက သူ႔အေပၚသို႔ ဖိတ္က်လာေတာ့သည္။

သူ ခ်က္ခ်င္း ထဆဲခ်လိုက္သည္။ "ကန္းေနတာလား မင္း!"

တစ္ဖက္လူက အလ်င္စလိုေျပာလာသည္။ "ေတာင္းပန္ပါတယ္၊ ေတာင္းပန္ပါတယ္။ ကၽြန္ေတာ္ ခင္ဗ်ားကို ျပန္သုတ္ေပးမယ္ေလ။" ထို႔ေနာက္မွာေတာ့ သူက သူ႔အကၤ်ီလက္ျဖင့္ သူ႔ရင္ဘတ္ေပၚရွိ ဝိုင္အစြန္းကြက္မ်ားကို ပြတ္သုတ္ေပးေလသည္။

ဝမ္ေခ်ာင္ ေဒါသတႀကီး ထပ္ဆဲလႊတ္လိုက္သည္။ "ဖယ္စမ္း၊ ဖယ္စမ္း!"

တစ္ဖက္လူမွ ျပန္ေျပာလာသည္။ "ေတာင္းပန္ပါတယ္၊ ဟမ္?မင္းက icedream ထဲက Leo နဲ႔တူသလိုပဲ။"

ဝမ္ေခ်ာင္ ျငင္းဆိုလိုက္သည္။ "အဓိပၸါယ္မရွိတာေတြ။ မတူဘူး။"

ထိုေကာင္ေလးက ေတာင္းပန္သလိုျပဳံးျပလာသည္။ "လူအခ်ိဳ႕ကလည္း ကၽြန္ေတာ့္ကို အဲ့အဖြဲ႕ထဲက Tomas နဲ႔တူတယ္လို႔ ေျပာဖူးၾကတယ္။"

ထိုအခါမွသာ ဝမ္ေခ်ာင္ သူ႔မ်က္ႏွာကို ေမာ့ၾကည့္မိေတာ့သည္။

တကယ္ကို နည္းနည္းဆင္လြန္းသည္။ သူက ေရွာင္ရွဲ႕ရဲ့ မိန္းကေလး version လိုမ်ိဳးပင္။ ေတာက္ေတာက္ေျပာင္ေျပာင္အဝတ္အစားမ်ား ဝတ္စားလ်က္ ညာဘက္နားရြက္တြင္လည္း နားကပ္ႏွင့္ တစ္ခ်က္ၾကည့္႐ုံႏွင့္တင္ သူက မိန္းကေလးဆန္ဆန္ျပင္တတ္သည့္ gay မ်ိဳးျဖစ္သည္။

gay ျဖစ္သူေလးကလည္း သူ႔ရဲ့အသိအမွတ္ျပဳျခင္းကို ခံစားမိပုံေပၚသည္။ သူက မရဲတရဲေမးလာ၏။ "ခင္ဗ်ားေရာလား။"

ဝမ္ေခ်ာင္ ျပန္ေမးလိုက္သည္။ "ဘာလဲ။"

gay ျဖစ္သူေလးက သူ တုံးအခ်င္ေယာင္ေဆာင္ေနသည္ဟု ေတြးလိုက္မိၿပီး သူ႔ႏွုတ္ခမ္းကို တြန႔္ေကြးေနေအာင္ျပဳံးလ်က္ ေမးလာသည္။ "အတူသြားေသာက္ၾကမလား။"

ဝမ္ေခ်ာင္ သူ႔ႏွင့္အတူ မေသာက္ခ်င္တာမို႔ ေမးလိုက္ေတာ့သည္။ "မင္း ငါနဲ႔လုပ္ခ်င္ေနတာလား။"

gay ျဖစ္သူေလး : "... ဒါဆို ခင္ဗ်ား အဆင္ေျပတာလား။"

ဘာလို႔မေျပရမွာလဲ။ ေရွာင္ရွဲ႕ကမွ သူ႔ကိုလုပ္ခြင့္မေပးတာ၊ အနည္းဆုံး ဆင္တူရိုးမွားတစ္ေယာက္ေလာက္ရွာၿပီး လုပ္ခြင့္ေတာ့ရသင့္တာေပါ့။

သူ gay ေလးႏွင့္အတူ အျပင္ထြက္သြားဖို႔လုပ္ရင္း ေျခလွမ္းအနည္းငယ္မၽွလွမ္းၿပီးကာမွ တစ္ခုခု မဟုတ္ေသးသလိုခံစားလိုက္ရသည္။ ဒါ သူ ဂိမ္းကစားတုန္း penta kill ရလိုက္တာကို WeChat မွာ တင္ႂကြားဖို႔ ေမ့ေနတာနဲ႔ မတူဘူးလား။

သူ ထိုေကာင္ေလးျဖစ္သူကို တံခါးေပါက္ေရွ႕တြင္ ေစာင့္ခိုင္းထားၿပီး အထဲသို႔ သူ႔ဘာသာ တိုးတြန္း၍ျပန္ဝင္သြားလိုက္သည္။

ရွဲ႕က်ဴရွင္း ဖုန္းေခၚဆိုမွုၿပီးတာႏွင့္ တူညီတဲ့ေနရာမွာပဲ ျပန္ထိုင္ေနၿပီး ဖုန္းသုံးလ်က္ရွိေနသည္။ တစ္ဖက္သူျပန္ဝင္လာခ်ိန္ သူ ေခါင္းေမာ့လာျခင္းေတာင္ မရွိ။

ဝမ္ေခ်ာင္ ဝံ့ႂကြားမွုအျပည့္ျဖင့္ေျပာလိုက္သည္။ "ငါျပန္ၿပီေနာ္။"

ယန္ေရွာင္းမူ သူ႔ကို ဆက္ဆြဲထားဖို႔ ႀကိဳးစားလိုက္ေသးသည္။ "ကၽြန္ေတာ္တို႔ ခဏေနက် ေနာက္တစ္ဝိုင္း သြားစားၾကမလို႔ေလ။"

ဝမ္ေခ်ာင္ တမင္ကို ဝင္ေပါက္ရွိရာသို႔ လက္လွမ္းျပလိုက္ရာ ေဂးေကာင္ေလးျဖစ္သူကလည္း ပူးေပါင္းလို႔ ျပန္လက္ျပေပးလာသည္။

"ငါ အခ်ိန္းအခ်က္တစ္ခုလုပ္ထားလို႔။" သူက ဝံ့ဝံ့ႂကြားႂကြားမ်က္ႏွာျဖင့္ဆက္ေျပာသည္။ "မင္းတို႔နဲ႔ မေဆာ့ေပးနိုင္ေတာ့ဘူး။"

အဖြဲ႕သားတိုင္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္မိသြားၾကသည္။

ရွဲ႕က်ဴရွင္းကေတာ့ သူ႔ဖုန္းကိုသာ ငုံ႔ၾကည့္ေနဆဲ။

ဝမ္ေခ်ာင္ထြက္သြားတာႏွင့္ ခ်န္းေယာင့္ ခပ္တိုးတိုးေျပာလာသည္။ "အဲ့လူက ေကာင္ေလးမလား။"

ဘယ္သူကမွ 'ျမင္းဘုရင္'ဟုအမည္တြင္သူက ေယာက္်ားတစ္ေယာက္ႏွင့္ အခ်ိန္းအခ်က္လုပ္လိမ့္မည္ဟု မထင္ထား။

က်ိက်ဲေျပာလိုက္သည္။ "ေယာက္်ားေလးလိုဝတ္ထားတဲ့မိန္းကေလးမ်ိဳး ျဖစ္ေလာက္တယ္။ အခုတေလာ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက အဲ့လိုျပင္ဆင္ဝတ္စားလာၾကၿပီ။ ငါ့အေနနဲ႔ ဝမ္ေခ်ာင္ အဲ့လို type မ်ိဳးကို ႀကိဳက္မယ္လို႔ မထင္ထားမိ႐ုံေလးပဲ။"

လူတိုင္း သူတို႔အၾကားေဆြးေႏြးပြဲမ်ား ဆက္လုပ္ေနၾကသည္။

ရွဲ႕က်ဴရွင္း ဖုန္းကို ျပန္ခ်၍ေျပာလိုက္သည္။ "မင္းတို႔ေတြ ဆက္ေပ်ာ္ၾက။ ငါလည္း ျပန္ေတာ့မယ္။"

ဝမ္ေခ်ာင္ႏွင့္ ထိုမိန္းကေလးဆန္ဆန္ေဂးေကာင္ေလးက ဟိုတယ္သို႔သြား၍ အခန္းငွားယူလိုက္ၾကသည္။ ဘားထက္ လင္းထိန္ေနသည့္အလင္းေရာင္ေအာက္တြင္ တစ္ဖက္လူကို ျပန္ၾကည့္လိုက္ရာ ထို႔သူတြင္ ေရွာင္ရွဲ႕ႏွင့္ တူတဲ့ေနရာဆိုတာ မရွိေန။ မ်က္ႏွာကလည္း မတူသလို ခႏၶာကိုယ္တည္ေဆာက္ပုံကလည္း မတူလွ။ အထူးသျဖင့္ သူ႔အရွိန္အဝါက ပိုလို႔ေတာင္ မတူေန။

သူ စိတ္ဝင္စားမွုမ်ား လုံးဝမရွိေတာ့ဘဲ ပ်င္းရိရိႏွင့္ေျပာလိုက္သည္။ "ထားေတာ့။ မလုပ္ေတာ့ဘူး။"

အဝတ္အစားမ်ားအကုန္ ခၽြတ္ထားၿပီး ကုတင္ေပၚလွဲလ်က္အေနအထားျဖင့္ရွိေနသည့္ ေဂးေကာင္ေလးမွာ ထိုစကားကို မယုံနိုင္။ "မင္း ငါ့ကိုေနာက္ေနတာလား။" သူ ေဒါသထြက္သြားရသည္။

ဝမ္ေခ်ာင္ သူ႔ကို ဂ႐ုမစိုက္ေနဘဲ အေပၚဝတ္ကိုဆြဲယူလို႔ ထြက္သြားမည္လုပ္မွ ေဂးေကာင္ေလးက အိပ္ရာေပၚမွ ထလာၿပီး သူ႔အကၤ်ီစကို လွမ္းဆြဲထားလ်က္ေျပာေလသည္။ "မင္းက ေခ်ာလို႔ ငါ အလကားေပးလုပ္မယ္လို႔ ေတြးထားတာ။ ငါ့တစ္ညတာကို ဒီလိုဖ်က္ဆီးလိုက္တယ္ေပါ့။ ငါ အမ်ားႀကီး မေတာင္းဘူး။ ယြမ္ ၈၀၀ ဆိုရင္ ရၿပီ။"

ဝမ္ေခ်ာင္ : "... မင္းက ေသာက္က်ိဳးနည္း အခေၾကးေငြယူလုပ္တာလား။"

လိမ္လိမ္မာမာရွိလွပုံေပၚသည့္ေဂးေလးက ႐ုတ္တရက္ဆန္ဆန္ ၾကက္ေကာင္ေလးအျဖစ္ေျပာင္းသြားခဲ့သည္။

ပိုဆိုးလွသည္က ဝမ္ေခ်ာင့္လက္ထဲ ပိုက္ဆံမသယ္ထားသည့္အျပင္ သူ႔ဖုန္းကလည္း အားမရွိေတာ့။ ထို႔အျပင္ ၾကက္ကေလးကလည္း အခေၾကးေငြအျဖစ္ credit card ေပးျခင္းကို လက္မခံ။

ဝမ္ေခ်ာင္ ဘာလုပ္ရေတာ့မည္ မသိဘဲ ေျပာလိုက္သည္။ "ငါ ဒီအခန္းအတြက္ ပိုက္ဆံသုံးထားတယ္ေလ။ ၈၀၀ အတိအက်ပဲ။"

သူ တံခါးဖြင့္ၿပီးတာႏွင့္ တန္းထြက္သြားဖို႔လုပ္ေပမယ့္ ၾကက္ကေလးက အဝတ္မပါသည့္ခႏၶာကိုယ္ျဖင့္ အေျပးေရာက္လာၿပီး သူ႔ကို ေျခတစ္လွမ္းမွ ထပ္မလွမ္းနိုင္ေအာင္ တားထားေတာ့သည္။

စႀကႍလမ္းမွ တစ္စုံတစ္ေယာက္ ျဖတ္သြားေလသည္။

ဝမ္ေခ်ာင့္မွာ အရွက္တရားလည္း နည္းနည္းရွိေသးတာမို႔ အလ်င္အျမန္ ေနာက္ေက်ာေပးၿပီး ညႇိႏွိုင္းဖို႔ႀကိဳးစားေတာ့သည္။ "ငါ မင္းကို credit card ေပးခဲ့လို႔မရဘူးလား။"

ထိုၾကက္ကေလးက ျငင္းဆန္လာသည္။ "ဘယ္ card မွ လက္မခံဘူး။ မင္း ကတ္ေပ်ာက္တိုင္ၿပီး အသစ္ျပန္ဖြင့္လိုက္ရင္ ငါက ဘယ္သူ႔ကို သြားရွာရမွာလဲ။ ဒီလိုလုပ္၊ အဲ့အစား မင္းဖုန္း ငါ့ေပးခဲ့။"

ဝမ္ေခ်ာင္ ေျပာလိုက္သည္။ "ဖုန္းကေတာ့ မရဘူး!" ဒီဖုန္းက ေရွာင္ရွဲ႕ သူ႔ကို ေပးထားခဲ့တာျဖစ္ၿပီး သူ႔ရဲ့အဖိုးတန္ဆုံးပိုင္ဆိုင္မွုမ်ားထဲကတစ္ခုျဖစ္သည္။

သူတို႔ ညႇိႏွိုင္းေနခ်ိန္အတြင္း ၾကက္ကေလးက ႐ုတ္တရက္ဆန္ဆန္ တစ္ဝက္ပြင့္ေနသည့္တံခါးကို လွမ္းၾကည့္လာသည္။

ဝမ္ေခ်ာင္လည္း တစ္စုံတစ္ေယာက္ လာေနတာကို ခံစားမိတာမို႔ စိတ္ရွုပ္ရွုပ္ႏွင့္ေျပာခ်လိုက္သည္။ "မင္းဘိုးေအကို ၾကည့္ေနတာလား။ အရင္က တစ္ခါမွ မျမင္.. တာ့ေကာ"

ဝမ္ခ်ီက ဘယ္လိုလုပ္ ဒီမွာရွိေနတာလဲ!!

ဝမ္ခ်ီ ေထြေထြထူးထူးမေျပာေန။ သူ႔ကို အခန္းထဲမွ ဆြဲမထုတ္ၿပီး တစ္ခြန္းမွမေျပာဘဲ စတင္ရိုက္ႏွက္ေတာ့သည္။

သူ အလ်င္အျမန္ရွင္းျပလိုက္သည္။ "သူက ၾကက္ျဖစ္ေနမယ္လို႔ ကၽြန္ေတာ္ တကယ္မထင္ထားဘူး! မင္း ဘယ္သူလဲ! ငါ့ကိုကူရွင္းျပေပးဦး!"

အေျခအေနမေကာင္းတာကို ျမင္တာႏွင့္ ၾကက္ကေလးက အဝတ္အစား အျမန္ဝတ္လို႔ ထြက္ေျပးးသြားေတာ့သည္။

စႀကႍလမ္းေပၚတြင္ ဝမ္ေခ်ာင္တစ္ေယာက္တည္းသာ ေအာ္ငိုသံမ်ားျဖင့္ က်န္ရစ္ေနခဲ့ရၿပီး အျခားအခန္းမ်ားမွဧည့္သည္မ်ားလည္း ဆူညံသံေၾကာင့္ ထြက္လာၾကည့္ရင္း စိတ္လွုပ္ရွားဖို႔ေကာင္းသည့္ပြဲတစ္ခုကို ျမင္ေတြ႕လိုက္ရေလသည္။ မ်က္ရည္မ်ားျဖင့္ ဖုံးလႊမ္းေနသည့္ေက်းဇူးေၾကာင့္သာ သူ ဘယ္သူလဲဆိုတာ မွတ္မိသူမရွိလိုက္။

ရွဲ႕က်ဴရွင္း သူ႔အဖြဲ႕သားမ်ားႏွင့္ ညနက္စာ ထပ္စားဖို႔ မလိုက္သြားေတာ့ဘဲ တိုက္ခန္းရွိတာသို႔ တစ္ေယာက္တည္းျပန္လာခဲ့လိုက္ၿပီး က်ိဳးက်န္ယိကေတာ့ ျပန္မေရာက္ေသး။

သူ ေခါက္ဆြဲတစ္ထုတ္ျပဳတ္လ်က္ TV ၾကည့္ရင္း စားေနမိသည္။ TV ၌ variety show တစ္ခု ျပသလ်က္ရွိေနၿပီး ရယ္ရလြန္းတာမို႔ သူ မ်က္ရည္မ်ားေတာင္ ဝဲလာရသည္။

စားၿပီးသည္ႏွင့္ သူ ပန္းကန္မ်ားေဆး၍ မီးဖိုေခ်ာင္ထဲရွိ ပစ္စရာအမွိုက္မ်ားကို ထုတ္ပိုးခ်လိုက္သည္။ တံခါးအနားရွိ အနီႏွင့္ အနက္ဆင္းၾကား aj23 ကိုျမင္ခ်ိန္ သူ ေနာက္ထပ္ အမွိုက္အိတ္တစ္ခုျဖင့္ထုတ္ခ်ည္လ်က္ ထိုဖိနပ္ကိုပါ မီးဖိုေခ်ာင္အမွိုက္မ်ားႏွင့္အတူ ေရာပစ္လိုက္ေတာ့သည္။

အဆုံးမွာေတာ့ လူတကာဝိုင္းၾကည့္ေနတာ ရွက္ဖို႔ေကာင္းလွသည္ဟု ေတြးမိတာေၾကာင့္ ဝမ္ခ်ီတစ္ေယာက္ ဝမ္ေခ်ာင့္ကို အိမ္သို႔ ဆြဲေခၚလာခဲ့လိုက္သည္။

ဝမ္က်င္း အလုပ္ဆင္းလာတာႏွင့္ ဖူးေယာင္ေနသည့္သူ႔ညီေလးမ်က္ႏွာကိုၾကည့္ရင္း ေမးလာသည္။ "ဘာျဖစ္ျပန္တာလဲ။"

ဝမ္ခ်ီေျပာလိုက္သည္။ "လူေခၚလုပ္ၿပီး ပိုက္ဆံက် မေပးခ်င္ဘူးေလ။"

ဝမ္ေခ်ာင္ ငိုလြန္းတာမို႔ အသက္ရွုရပ္မတတ္ျဖစ္ေနေပမယ့္ ရွင္းျပခ်င္ဆဲ။ "ကၽြန္ေတာ္ 'မေပးခ်င္တာ' မဟုတ္ဘူး။ ပိုက္ဆံယူခဲ့ဖို႔ ေမ့သြားတာ။"

သို႔ေပမယ့္ ထိုရွင္းျပခ်က္က ဘာမ်ားေကာင္းက်ိဳးေပးနိုင္မွာတဲ့လဲ။

ထို႔ေနာက္မွာေတာ့ သူ ဝမ္က်င္းရဲ့ဆြဲဆိတ္ျခင္းမ်ားကို တစ္ဖန္ထပ္ခံလိုက္ရျပန္သည္။

ေနာက္ဆုံးတြင္ သူ႔ဖုန္းေရာ ကြန္ျပဴတာေရာ အသိမ္းခံလိုက္ရၿပီး သူ အခန္းထဲတြင္ ေသာ့ခတ္ခံထားရလ်က္ သူ႔ဘာသာ ျပန္စဥ္းစားဆင္ျခင္ဖို႔ အျပစ္ေပးခံလိုက္ရေတာ့သည္။

က်ိဳးက်န္းယီ ညတစ္နာရီထိုးမွ အိမ္ျပန္ေရာက္လာၿပီး သူ သမ္းေဝလ်က္ တံခါးဖြင့္ၿပီးလို႔ ဖိနပ္လဲေနခ်ိန္မွာပဲ ရွဲ႕က်ဴရွင္းတံခါးက ဝုန္းကနဲပြင့္လာၿပီး သူ႔ကို လန႔္ျဖန႔္သြားေစသည္။

ရွဲ႕က်ဴရွင္းက အခန္းထဲမွထြက္လာၿပီး အလ်င္စလို ဖိနပ္ေျပာင္းဝတ္ေနေလသည္။

က်ိဳးက်န္းယီ သူ႔မ်က္ႏွာေပၚရွိ မူမမွန္တာကို သတိထားမိေပမယ့္ အအိပ္ေယာင္ၿပီး လမ္းေလၽွာက္လာသည္အထင္ျဖင့္ ေအာ္မေခၚၾကည့္ရဲ။

သို႔ေပမယ့္ သူ ရွဲ႕က်ဴရွင္း ေျပာလာတာကိုၾကားလိုက္ရသည္။ "အထဲဝင္ၿပီး အိပ္ႏွင့္။ ကၽြန္ေတာ္ အျပင္သြားမလို႔။"

က်ိဳးက်န္းယီေျပာလိုက္သည္။ "မင္း ညနက္သန္းေခါင္ႀကီး ဘာလုပ္မလို႔လဲ။ ငါ အေဖာ္လိုက္ေပးဖို႔လိုေသးလား။"

ရွဲ႕က်ဴရွင္း ေျပာလာသည္။ "မလိုဘူး။ ကၽြန္ေတာ္ ခ်က္ခ်င္းျပန္လာမွာ။"

ခဏအၾကာမွာေတာ့ သူျပန္ေရာက္လာၿပီး က်ိဳးက်န္းယီလည္း သြားတိုက္ေနရင္း သူ႔ကို ထြက္ၾကည့္လိုက္သည္။

သူ႔လက္ထဲတြင္ ဆုတ္ျဖဲထားသည့္ အနက္ေရာင္အမွိုက္အိတ္တစ္ခုကို ကိုင္ထားၿပီး ထိုအထဲမွ ဖိနပ္တစ္ရံကို ျပန္ဆြဲထုတ္လာသည္။

က်ိဳးက်န္းယီ ထိုဖိနပ္ကို မွတ္မိလို႔ေနသည္။ ပုံမွန္အားျဖင့္ ရွဲ႕က်ဴရွင္း အလြန္တယုတယထားတာေလးျဖစ္သည္။

ဘယ္လိုအေျခအေနပါလိမ့္။

ရွဲံက်ဴရွင္း ဖိနပ္ကို အခန္းထဲ ျပန္ယူသြားၿပီး အသီးေဖ်ာ္ရည္အေရာင္မ်ား ဟိုတစ္ကြက္ဒီတစ္ကြက္ ေပေနသည့္ဖိနပ္ကို ၾကမ္းျပင္ေပၚသို႔ ခ်ထားလိုက္သည္။

သူ ထိုအကြက္မ်ားကို တစ္သၽွဴးစိုျဖင့္ အေသအခ်ာသုတ္ၿပီးေနာက္ အေပၚကေန ဂ႐ုတစိုက္ႏွင့္ေတာင္ ဖိနပ္တိုက္ဆီျဖင့္ ပြတ္တိုက္ေပးလိုက္ေသးသည္။

ၿပီးသြားတာႏွင့္ သူ အိပ္ရာေဘးတြင္ ထိုင္ခ်လ်က္ ၾကမ္းျပင္ေပၚရွိ ဖိနပ္ကို အခ်ိန္အေတာ္ၾကာ ေငးစိုက္ၾကည့္ေနမိေတာ့သည္။

ဘာမ်ားလုပ္နိုင္မွာလဲ။ သူကမွ မလႊင့္ပစ္နိုင္တာ။

KittyKitling

T/N : အားးး အခုမွၿပီး!!!

_____///_____

Continue Reading

You'll Also Like

99.8K 7.2K 100
(Second Album)តពីអាល់ប៊ុបមួយទៀតព្រោះតែអាទី1ពេញហើយ😅
215K 23.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
168K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...