ကျွန်တော့်ယောကျာ်း ရောဂါသည် (...

Par PoneyPeach

423K 64.3K 2K

- Plus

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 57

4.3K 815 20
Par PoneyPeach

Unicode
အခန်း (၅၇)

WeChat မက်ဆေ့က ပင်လယ်ထဲကိုပစ်ချလိုက်သော ကျောက်တုံးလိုပင်။ ကျယ်ယန် ခဏလောက်စောင့်ကြည့်ပေမဲ့လည်း  reply ပြန်မလာပေ။ ကျယ်ယန် ချိုးရှင်းကို စာပို့တာကို လက်လျော့လိုက်၏။ ထိုအစား ကျီဇယ့်ဟွေ့ WeChat ကိုနှိပ်ကာ စာစရိုက်၏။

ကျယ်ယန် : မုကျိုးယိကို ဂီတရူး audition အခွင့်အရေးပေးခဲ့တဲ့ အဆင့်မြင့်စီမံခန့်ခွဲရေးမှူးက ဘယ်သူလဲ။

ကျီဇယ့်ဟွေ့က စက္ကန့်ပိုင်းအတွင်း စာပြန်လာ၏ : ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဌာနမန်နေဂျာ ဟယ်ယို့မင်လေ။ သူက ဟွမ်ထျန်း ဒုဥက္ကဌ ဒါရိုက်တာ ဟယ်ရွှမ်ရဲ့ သား။

မူရင်းစာအုပ်နှင့် အတူတူပင်။ ယို့မင်နဲ့ ဟယ်ရွှမ်က ဟွမ်ထျန်း၏ ပြောခွင့်မရှိသော စည်းမျဥ်များကို နှစ်သက်သည့် ကြွက်ချေးများဖြစ်ကြ၏။

ကျယ်ယန်: မုကျိုးယိက ဂီတရူးရုပ်ရှင်ရိုက်ကူးရင်း ရှန်ယန်ကို ချဥ်ကပ်ပြီး ဟွမ်ထျန်းကနေ ထွက်ဖို့ကြိုးစားနေတဲ့အကြောင်း သူ့ကိုပြောဖို့ နည်းလမ်းရှာပေးပါ။ ရှန်ယန်ကို အကွက်ရွှေ့နေပြီလို့။

ကျီဇယ့်ဟွေ့: မုကျိုးယိက သင်္ဘောပေါ်က ခုန်ချမလို့လား။ အရင်နှစ်တွေတုန်းကဆို ကုမ္ပဏီက သူ့ကို ထောက်ပံ့ပေးနေခဲ့တာလေ။ ဘာလို့ သင်္ဘောပြောင်းခုန်ချင်တာလဲ။

ကျယ်ယန် : လူတွေနဲ့ဆက်ဆံပြီးရင် သူတို့ကို ရှောင်ချင်လာရော။ 

တကယ်တော့ မုကျိုးယိက သည်တဏှာရူး၏ အကောင်းမြင်စိတ်ကို တိုးပွားလာစေကာ သူပေးသော အရင်းအနှီး အထောက်အပံ့များကို ရယူခဲ့သော်လည်း ဘာမှ ပြန်မပေးဆပ်ချင်ပေ။ ထို့​ကြောင့် သူမ ထွက်ပြေးချင်နေတာပင်။

ကျီဇယ့်ဟွေ့ : ?

ကျယ်ယန် : အခုတော့ ဒါပဲလုပ်ထားပေး။ ခင်ဗျားအတွက်လည်း ကောင်းပါတယ်။

ကျီဇယ့်ဟွေ့က လက်ဆွဲနှုတ်ဆက်သည့်ပုံ ပို့လာ၏။

***

ကျီဇယ့်ဟွေ့၏ လုပ်နိုင်စွမ်းက မထင်ရလောက်အောင်ကို မြင့်မား၏။ သူက တစ်နာရီအတွင်း နောက်ဆက်တွဲ ဖြေရှင်းချက်များကို ပို့ပေးလာသည်။

ကျီဇယ့်ဟွေ့ : ငါ ဒီအကြောင်းပြောဖို့ လူတစ်ယောက်ရှာပြီးပြီ။ ဒီအကြောင်း ဟွမ်ယွီကနေ ပေါက်ကြားလာတာလို့ပဲ ​ပြောလိုက်တယ်။ ဟယ်ယို့မင်က ဒေါသပုန်ထပြီး မုကျိုးယိအေးဂျင့်ဆီ သွားတွေ့တယ်တဲ့။ မုကျိုးယိ အေးဂျင့် လုဇီကတော့ မုကျိုးယိ ကုမ္ပဏီပြောင်းချင်တဲ့အကြောင်း မသိသေးတဲ့ပုံပဲ။ ဟယ်ယို့မင်နဲ့ စကားပြောပြီးတာနဲ့  H မြို့တော် အမြန်ဆုံးလေယာဥ်ကို ဘိုကင်တင်တော့တာပါ။ မုကျိုးယိကို သွားမေးမှာနေမှာ။

ကျီဇယ့်ဟွေ့ : မုကျိုးယိက တကယ်ကြီး ကုမ္ပဏီပြောင်းတော့မှာလား။ ဒါသာ အမှန်ဆိုရင် သူက ကုမ္ပဏီနဲ့ လုဇီကို သက်သက်စော်ကားလိုက်တာပဲ။ အစက ဘာရုပ်ရှင်မှ ရိုက်စရာမရှိတဲ့ သူ့လို တက်သစ်စလေးကို လုဇီက ရွေးချယ်ခဲ့တာလေ။ ဒီနှစ်ထဲ သိပ်အောင်မြင်လာတာကို သူက ကုမ္ပဏီပြောင်းချင်တာလား။ ငါသာဆို ဒီလို မသင့်တော်တဲ့ကိစ္စမျိုးကို လုပ်နိုင်မှာမဟုတ်ဘူး။

ကျယ်ယန် : အဲ့လိုဆိုရင်တော့ ခင်ဗျားကိုယ်ခင်ဗျား အထင်ကြီးလွန်းနေပြီ။

ကျီဇယ့်ဟွေ့ : ……

ကျီဇယ်ဟွေ့က သူ ဒေါသထွက်ကြောင်း ပြသည့်အနေဖြင့် ဓားသေးသေးလေးပုံ ပို့လာ၏။

ကျယ်ယန် ကျီဇယ့်ဟွေ့နှင့် စကားပြောဖြတ်ပြီး လုဇီဟူသော နာမည်ကို စဥ်းစားကြည့်၏။

လုဇီဆိုတာ ဟွမ်ထျန်း၏ ရွှေအဆင့် အေးဂျင့်တွေထဲက တစ်ယောက်ဖြစ်ကာ ရုပ်ရှင်ဧကရာဇ်နှစ်ယောက်နှင့် girl group တစ်ဖွဲ့ကို ဟွမ်ထျန်းအတွက် မွေးထုတ်ပေးခဲ့၏။ မူရင်းစာအုပ်တွင် မုကျိုးယိ ကုမ္ပဏီပြောင်းတော့ လုဇီကိုပါ ခေါ်ထုတ်သွားခဲ့သည်။ လုဇီ မုကျိုးယိကို မျက်နှာသာပေးပြီး သစ္စာရှိသောအချက်က သေချာပေါက် ရွှေလက်ချောင်း၏ လွှမ်းမိုးမှုကြောင့်ပဲပေါ့။

ကျယ်ယန် ပြုံးလိုက်သည်။ မုကျိုးယိ၏ ရွှေလက်ချောင်းကို ဒုက္ခများသည်ဟု သူတွေးခဲ့ဖူးပေမဲ့လည်း အခုတော့ သူမ၏ ရွှေလက်ချောင်းအပေါ် မှီခိုသောအကျင့်က အတော်လေးကောင်းသည်ဟု တွေးမိလာသည်။

မအိပ်ခင် ကျယ်ယန် ချိုးရှင်းကို ဖုန်းထပ်ခေါ်ကြည့်သည်။ သည်တစ်ခါတော့ ဖုန်းက ဆက်မပိတ်တော့ပေမဲ့လို့ ပြန်ဖြေမည့်သူလည်း မရှိပေ။

ကျယ်ယန် ဖုန်းချက WeChat ပိတ်၍ ချိုးရှင်းကို စာထပ်ပို့လိုက်သည်။

ကျယ်ယန် : Good night.

reply က ပြန်မလာသေးပေ။ ကျယ်ယန် ဖုန်းဖန်သားပြင်ကိုပိတ်ကာ လှဲအိပ်လိုက်တော့သည်။

***

နောက်တစ်နေ့ ကျယ်ယန် ရုပ်ရှင်အဖွဲ့ကိုရောက်တော့ လေထုက နည်းနည်းထူးဆန်းနေတာကို တွေ့လိုက်ရသည်။ ရှန်ယန်က အနားယူသည့်နေရာမှာထိုင်ကာ ဇာတ်ညွှန်းငုံ့ဖတ်နေ၏။ သူ့ပတ်ပတ်လည်က ဖိအားများက အလွန်အမင်းကို လျော့ကျနေကာ မုကျိုးယိက မရောက်လာသေး။

ရွှီဟုန်မျက်နှာကတော့ ခက်ထန်နေကာ ဇာတ်ညွှန်းတရာနှင့် တစ်ခုခု ပြောနေကြသည်။ ရိုက်ကွင်းထဲက ဝန်ထမ်းများကတော့ အလုပ်လုပ်တဲ့အချိန် သူတို့အပြုအမူများကို ညင်သာနေ​ကြကာ တစ်ချက်တစ်ချက် ရှန်ယန်ကို မျက်လုံးဆန်းဆန်း​တွေနှင့် လှမ်း​​ကြည့်တတ်​ကြ၏။​

ကျယ်ယန် လောင်ရှိုယူဘေး ဝင်ထိုင်ကာ မေးလိုက်သည်။  “အကုန်လုံး ဘာတွေဖြစ်နေကြတာလဲ။”

လောင်ရှို့ယူက တေးသွားများမှ အာရုံလွှဲလိုက်၏။ သူကိုယ်တိုင် ပြန်ဖြေမည့်အစား သူလက်ထောက်ကိုခေါ်ကာ ပြောခိုင်း၏။

လက်ထောက်ကလည်းလာကာ အသံတိုး၍ဆို၏။  “ဒါက ဒီလိုရှိတယ်။ မနေ့က မုကျိုးယိရဲ့အေးဂျင့်က ညသန်းခေါင်ကြီး ဟိုတယ်ကိုရောက်ချလာပြီး  ဇာတ်ညွှန်းနဲ့ ရှန်ယန်ကိုသွားတွေ့တဲ့ မုကျိုးယိကို တွေ့သွားတယ်။ မုကျိုးယိက သူ့လက်ထောက်နဲ့ အတူရှိနေတာဆိုတော့ အတင်းအဖျင်းတွေအတွက် စိုးရိမ်စရာမရှိပေမဲ့ သူ့အေးဂျင့်ကတော့ တစ်ချို့ကိစ္စတွေကြောင့် ပေါက်ကွဲသွားတယ်။ သူက မုကျိုးယိကို ဆူပြီး သူမအခန်းထဲကို ပြန်ပို့လိုက်သတဲ့လေ။ သူကတော့ ရှန်ယန်ကို တစ်ယောက်တည်း သွားတွေ့တယ်။ သူတို့ ဘာတွေဆွေးနွေးခဲ့ကြလဲဆိုတာ ဘယ်သူမှမသိပေမဲ့ မုကျိုးယိရဲ့အေးဂျင့်ကတော့ သူ့ကို ညတွင်းချင်း ဟိုတယ်ပြောင်းပေးသွားတယ်။”

လက်ထောက်က အသက်ပြင်းပြင်းရှူသွင်းကာ လက်ချောင်းများကို ခါ၏။  “ရှန်ယန်နဲ့ မုကျိုးယိက တိတ်တိတ်လေး ခိုးတွဲ​​နေ​တာကို မုကျိုးယိအေးဂျင့်က မိသွားတာလို့ အားလုံးက ခန့်မှန်းနေကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ဒီကိစ္စကို အဲ့လိုမထင်ပေါင်။ မစ္စတာကျယ် ရုပ်ရှင်ဧကရာဇ်ရှန်ရဲ့ မျက်နှာကိုကြည့်လိုက်။ ဘယ်နားမှာများ အချစ်ကိုရှာတွေ့နေတဲ့ မျက်နှာနဲ့ တူလို့လဲ။ အစွပ်စွဲခံရလို့ ဒေါသထွက်နေတာမှန်း ဒီလောက်သိသာနေတဲ့ဟာ။”

အကျဥ်းချုပ်ပြောပြီးတာနှင့် လောင်ရှို့ယူက သူ့လက်ထောက်ကို သွားခိုင်းလိုက်တော့၏။ လက်ထောက်ကလည်း နာနာခံခံပဲ နောက်ဆုတ်သွားသည်။

ကျယ်ယန် ချီးကျူးလိုက်သည်။ “ခင်ဗျားလက်ထောက်က တော်လိုက်တာ။”

လောင်ရှို့ယူက မေး၏။  “မင်းကြည့်ရတာ မုကျိုးယိကို အထူးတလည် စိတ်ဝင်စားနေသလိုပဲ။”

“ကျွန်တော် သူ့ကို သဘောမကျရုံပါ ပြီးတော့ သူ ကံဆိုးတာကိုလည်း မြင်ချင်တယ်။”

လောင်ရှို့ယူက ထိုကိစ္စကိုတွေးရင်း နားလည်သည့်သဘောဖြင့် ခေါင်းညိတ်၏။ ထို့နောက် အကြည့်လွှဲက သီချင်းကိုသာ ပြန်အာရုံစိုက်သွားသည်။

***

နာရီဝက်အကြာတွင် မုကျိုးယိက လုဇီနှင့်အတူ စတူဒီယိုကို ရောက်လာသည်။

လုဇီနှင့် မုကျိုးယိက ရွှီဟုန်နှင့် ကျန်အဖွဲ့သားများကို နောက်ကျနေသည့်အတွက် တောင်းပန်၏။ ရွှီဟုန်က လုဇီလုပ်ရပ်ကို ဘာမှမပြောဘဲ ကြည့်နေသည်။ သူက မုကျိုးယိကိုသာ ရှုတင်စဖို့ အဝတ်လဲ မိတ်ကပ်အမြန်ပြင်ခိုင်း၏။

မုကျိုးယိ ပြင်ဆင်ဖို့သွားချိန်တွင် လုဇီက ရှန်ယန်ကို အရင်စကားသွားပြောကာ တောင်းပန်သည်ကို သတိထားမိ၏။ ရှန်ယန်သဘောထားကတော့ အေးတိအေးစက်ဖြစ်နေကာ လုဇီကို စကားပြန်ပြီးတာနှင့် ဇာတ်ညွှန်းကိုသာ ပြန်ဖတ်နေသည်။

တစ်နာရီကြာပြီးနောက် မုကျိုးယိ မိတ်ကပ်အပြင်အဆင်များ ပြီးစီးသွားက ဒီနေ့ရှုတင်ကို တရားဝင်စတင်ခဲ့၏။ ထို့နောက် မုကျိုးယိအပေါ် ရှန်ယန် သဘောထား​ပြောင်းလဲသွားတာအား  အားလုံးမြင်လိုက်ကြရသည်။ သူ့ဘက်က အရင် နီးစပ်သော ဂရုစိုက်မှုလည်း မပေးသလို မနေ့တုန်းကလို တယဥ်တကျေးဖြင့် ခပ်ခွာခွာနေတာမျိူးလည်း မလုပ်တော့။ သူမကို တမင်ဥပေက္ခာပြုထား၏။ ရိုက်​ကူးရေးမှအပ မုကျိုးယိနှင့် သာမန်အခေါ်အပြောတောင် မရှိတော့။ မုကျိုးယိက စကားပြောဖို့ ကြိုးစားသော်လည်း ရှန်ယန်က မသိချင်ယောင်ဆောင်သွား၏။

လူတိုင်းကတော့ လန့်နေကြ၏။ ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ရှန်ယန်ဆိုတာက EQ မြင့်သော လူသိများသည့် လူ​ကြီးလူကောင်းတစ်ယောက်။ သည်နှစ်တွေအတွင်းမှာ သူက လူတွေအများကြီးနှင့် ပေါင်းသင်းဆက်ဆံခဲ့၏။ ရှန်ယန်ကို သည်လိုလူသိရှင်ကြားဖြစ်အောင်လုပ်သည်အထိ မုကျိုးယိက ဘာတွေများတွန်းအားပေးလိုက်တာပါလိမ့်။

ရိုက်ကွင်းရှိ လေထုက ပိုမိုစိမ်းသက်လာ၏။ ရွှီဟုန် မကြည်မလင်ဖြစ်နေပေမဲ့ ဘာမှတော့မပြော။ သည်ထူးဆန်းနေသော ပတ်ဝန်းကျင်ဖြင့်ပဲ ဇာတ်ဝင်ခန်းများကို ရိုက်ကူးခဲ့သည်။ ခဏအကြာတွင် လုဇီ စတူဒီယိုမှ ထွက်သွား၏။ ကျယ်ယန်လည်း သူ့တေးသွားစာရွက်ကိုချကာ စတူဒီယိုထဲမှ လိုက်ထွက်ခဲ့၏။

ငါးမိနစ်အကြာတွင် ကျယ်ယန်နှင့် လုဇီ စတူဒီယို အိမ်သာမှာ ဆုံမိကြသည်။

လုဇီ ကျယ်ယန်ကို သိသည်။ မကြာခင်က မုကျိုးယိသည် ကျယ်ယန်နှင့် သတင်းထွက်ခဲ့၏။ သူအနေဖြင့် ကျယ်ယန်နှင့် သည်မှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့။ သူ ရုတ်တရက် နေရခက်သွားကာ သည်ကောင်လေးကို ဘယ်လိုနှုတ်ဆက်ရမှန်း မသိတော့။

ကျယ်ယန်ကတော့ ရှင်းရှင်းပဲ။ ရေပိုက်ခေါင်းကိုဖွင့်ကာ လက်ဆေးလိုက်၏။ လက်ကိုအခြောက်ခံပြီးနောက် စိတ်အားတက်ကြွစွာဖြင့် လုဇီကို လက်ကမ်းလိုက်သည်။  “ဟယ်လို မစ္စတာလု။ ကျွန်တော်က ယန်ရှင်းရဲ့ဘော့စ် ကျယ်ယန်ပါ။တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။”

လုဇီက သူ့လက်ကို အမြန်သုတ်ကာ အခြောက်ခံပြီး ကျယ်ယန့်ကို လက်ဆွဲနှုတ်ဆက်လာ၏။  “တေွ့ရတာ ဝမ်းသာပါတယ်ဗျ။”

ကျယ်ယန်က လုဇီဦးနှောက်ထဲက အမှိုက်ကို သူ့စွမ်းအားဖြင့်ရှင်းဖို့ သည်အခွင့်ကောင်းကို အသုံးချလိုက်၏။ ထို့နောက် လက်လွှတ်ကာ လုဇီကိုပြုံးပြပြီး အိမ်သာထဲမှ အရင်ထွက်ခဲ့၏။

လုဇီ  “……”

ကျယ်ယန်က ဘယ်လိုလုပ် … သူ  ရုတ်တရက် လက်မြှောက်ကာ ကွယ်၍ သမ်းဝေမိ၏။ ထို့နောက် စိတ်ရှုပ်စွာဖြင့် ခေါင်းယမ်းလိုက်သည်။

***

ကျယ်ယန် စတူဒီယိုမှ တမင်ထွက်လာတာဖြစ်ပြီး အချိန်ဖြုန်းရန် ကော်ဖီနှစ်ခွက်ဝယ်ခဲ့၏။ ထို့နောက် လမ်းကိုလည်း ဖြည်းဖြည်းပဲ လျှောက်လာ၏။ စတူဒီယိုကတော့ သက်ဝင်လှုပ်ရှားလျက်။ လုဇီနှင့် မုကျိုးယိက စကားများနေကြ၏။ နှစ်ယောက်က အသံတွေလျော့ထားပေမဲ့လည်း သူတို့၏ ရန်လိုနေသောဟန်ပန်တွေက စကားများနေမှန်း သိသာလွန်းနေကာ အာရုံစိုက်စရာဖြစ်နေသည်။

ရွှီဟုန်မျက်နှာက စကားမပြောနိုင်အောင်ကို မည်းမှောင်နေသည်။ ထို့နောက် လုဇီကာ လက်ခါကာ ထွက်သွား၏။ မုကျိုယိကတော့ သူမထိုင်ခုံမှာ ဖြူဖျော့နေသောမျက်နှာဖြင့် မျက်ရည်အဝဲသားနှင့် ထိုင်နေခဲ့သည်။

လောင်ရှို့ယူ၏လက်ထောက်ကတော့ အချိန်ကိုက်ပေါ်လာ၏။ သူက လောင်ရှို့ယူနှင့် မုကျိုးယိတို့ထိုင်ခုံကြားမှာ ကုတ်ကုတ်လေးဝင်ထိုင်ကာ အတင်းတုပ်ဖို့ အသံကို လျော့လိုက်၏။
“ကျွန်တော် သွားချောင်းလာတယ်ဗျ။ လုဇီနဲ့ မုကျိုးယိက ပြဿနာတက်နေကြပုံပဲ။ လုဇီက မုကျိုးယိကို သူ့အကြောင်းနဲ့ ဟွမ်ထျန်းကို springboard လို မတွေးဖို့ ပြောနေတယ်။ သူက ကုမ္ပဏီကို အနုညာရှင်ပြောင်းပေးဖို့အကြောင်း တင်ပြဖို့ ကုမ္ပဏီကို ပြန်သွားမှာတဲ့။ သူက နောက်လည်း မုကျိုးယိနဲ့ အလုပ်တွဲမလုပ်တော့ဘူးဆိုပဲ။”

တကယ်ကြီး အဆုံးသတ်သွားပြီလား။

ကျယ်ယန် သူဝယ်လာသော ကော်ဖီတစ်ခွက်ကို လောင်ရှို့ယူ၏ လက်ထောက်လိမ္မာလေးကို ပေးလိုက်၏။
  “လုပ်တာတော်တယ်။.”

လက်ထောက်လေးက ကော်ဖီခွက်ယူကာ ပြုံးလျက်ထွက်သွား၏။

လောင်ရှို့ယူကတော့ လက်ထောက်လေးလက်ထဲက ကော်ဖီခွက်ကိုကြည့်လိုက် သူ့လက်ဗလာကို ပြန်ကြည့်လိုက်ဖြင့်။

“……”

***

ရွှီဟုန်က ကျယ်ယန်နှင့် လောင်ရှို့ယူတို့နှင့် စကား​ပြောနေတာကြောင့် ရိုက်ကူးရေးကို ခဏရပ်ထား၏။ သူက အကြံဥာဏ်ဖလှယ်ဖို့ အစည်းအဝေးကို ပိုစောစောစရန် ဇာတ်ညွှန်းဆရာနှင့် ရှန်ယန်ကိုပါ ခေါ်ထား၏။

အစည်းအဝေးက ၄ နာရီကြာသွားသည်။ သူတို့ ဇာတ်ညွှန်းဖတ်ကာ တေးသွားအတွက်လိုအပ်သော အပိုင်းများကို ရွေးကြ၏။ ဇာတ်ကောင်တစ်ယောက်ချင်းစီ၏ စိတ်နေစိတ်ထားများနှင့် ဇာတ်လမ်းအတွက်လိုအပ်​သော ဝန်းကျင်​ကို ခွဲခြားစိစစ်ကြ၏။ သူတို့က အစီအစဥ်တစ်သီတစ်တန်းကြီး ချမှတ်ပြီးနောက် တေးသွားနှင့် သီချင်းအတွက် ပဏာမဆုံးဖြတ်ချက်များကို အပြီးသတ်ခဲ့သည်။

အစည်းအဝေးအပြီးတွင် ရှန်ယန်က ကျယ်ယန့်နား ကပ်ပြောလာသည်မှာ။
“မင်း မှန်တယ်။ အနုပညာရှင်တွေနဲ့ စာချုပ်ချုပ်တာက တကယ့်ကို သတိထားဖို့လိုတယ်။”

ကျယ်ယန် မေးလိုက်၏။ “ဘာဖြစ်လို့လဲ။”

ရှန်ယန်က ထပ်ပြောပြဖို့ ဝန်လေးဟန်ဖြင့် ခေါင်းခါပြသည်။

“ခင်ဗျား မုကျိူးယိကို ဟွမ်ယွီနဲ့ စာချုပ်ချုပ်စေချင်တုန်းလား။”

ရှန်ယန် အမူအရာက အေးခဲသွား၏။  “ဒီဘဝတော့မဖြစ်နိုင်တော့ပါဘူးကွာ။”

***

သူ့ရည်မှန်းချက် အောင်မြင်ခဲ့ပြီ။ ကျယ်ယန်သည် သူ့စွမ်းအားကုန်ခမ်းမှုကြောင့်ဖြစ်သော မသက်မသာဖြစ်မှုကို သည်းခံကာ မုကျိုးယိ၏ ရွှေလက်ချောင်းကို တောင့်ခံနိုင်သော ကာကွယ်ဆေးအဖြစ် ရှန်ယန်နှင့် ရွှီဟုန်ကို သူ့စွမ်းအားတွေ လွှဲပေးခဲ့၏။ ထို့နောက် ရွှီဟုန်ကို နှုတ်ဆက်ကာ ဇာတ်ညွှန်းဆရာပေးသော ဇာတ်ညွှန်းအတွဲများကို ယူကာ အမြန်ဆုံးလေယာဥ်လက်မှတ် ဘိုကင်ယူ၍  B မြို့တော်သို့ ပြန်ခဲ့၏။

လေယာဥ် B မြို့တော်ကိုဆိုက်တော့ ၁၁:၃၀ ရှိနေပြီ။ ကျယ်ယန် ကျင်းဟယ်ဂါဒင်းကို ကားမောင်းပြန်လာချိန်မှာ နောက်တစ်ရက်တောင် ကူးသွားရော။

သူ တက္ကစီကို ဒုတိယဂိတ်မှာ ရပ်စေကာ လုံခြုံရေးအစောင့်ကို နှုတ်ဆက်ပြီး ခရီးဆောင်အိတ်ကို ဝူရွှေ့ထံ လွှဲပေးလိုက်သည်။ ထို့နောက် ဗီလာသို့ အေးအေးဆေးဆေး လျှောက်လာခဲ့၏။

မှောင်မည်းနေပြီး ဆောင်းညလေ​ပြေက ခြံဝင်းကိုဖြတ်၍ တိုက်ခတ်လာ၏။ မနီးမဝေးက မှောင်မည်းနေသော ဗီလာကြီးက သရဲအိမ်ကြီးလိုပင်။

ကျယ်ယန် အိမ်ထဲက လူတွေကို မနှောင့်ယှက်တော့။ သူ့ကိုယ်ပိုင်သော့ဖြင့် ဗီလာတံခါးကိုဖွင့်ကာ ဒုတိယထပ်သို့တက်လာရင်း သူ့အိတ်ကပ်ထဲက စာရွက်အပိုင်းလေးကိုထုတ်ကာ ချိုးရှင်းတံခါးမှာ ကပ်လိုက်၏။ ထို့နောက် တတိယထပ်သို့ တက်လာ၏။ ရေချိုးပြီးနောက် အိပ်ရာပေါ်လှဲချရင်း ချက်ချင်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

ဘာအိပ်မက်မှမမက်ဘဲ တစ်ညတာ ကုန်လွန်သွားသည်။ သူ ပြန်နိုးလာတော့ နေတောင်မြင့်နေပြီ။ ကျယ်ယန် အမြန်မျက်နှာသစ်ကာ အောက်ထပ်သို့ ဆင်းခဲ့၏။

မမျှော်လင့်စွာပဲ ချိုးရှင်းက အလုပ်မသွားသေး ဧည့်ခန်းထဲမှာပဲ ရှိသေးသည်။

ချိုးရှင်းက ခေါင်းငုံ့လျက် ဖုန်းကြည့်နေ၏။ သူက အီးမေးလ်ကိုသာ မမှိန်မသုတ်စိုက်ကြည့်နေကာ ခေါင်းကိုမော့မလာပေ။

တစ်ညကုန်ဆုံးပြီးနောက် ကျယ်ယန်၏ ကုန်ခန်းသွားသော စွမ်းအားများက အတော်လေးပြန်ပြည့်လာ​သည်။ ထို့အတူ ပြီးခဲ့သော ရက်များအတွင်း မုကျိုးယိအစွမ်းကို အကြိမ်ကြိမ်ဝါးမျိုခဲ့ရာ သူ့စွမ်းအားကလည်း ပိုအားကောင်းလာပြီ။

ကျယ်ယန် ချိုးရှင်းဘေးမှာ ဝင်ထိုင်ပြီး ချိုးရှင်းလက်ကို ဆွဲကိုင်လိုက်၏။ ချိုးရှင်း တောင့်တင်းသွားပြီး အေးတိအေးစက်ဖြင့် ဆိုလာသည်။
“ငါ့ကို လွှတ်”

ကျယ်ယန် ချိုးရှင်းကိုယ်ထဲသို့ သူ့စွမ်းအားတွေအကုန် ပြောင်းပေးလိုက်၏။ ထို့နောက် လိမ်လိမ်မာမာဖြင့် လက်လွှတ်ပေးလိုက်သည်။ ပြီးလျှင် သူ့၏ တဂွီဂွီမြည်နေသောဗိုက်ကိုဖိရင်း ထမင်းစားခန်းသို့ ထွက်လာခဲ့တော့သည်။

[ T/N: ညကျ ထပ်တင်ပေးမယ်နော်။ ဒါလေးအရင်ဖတ်ထားပေး 🥺💕 ]

━━━━━━━━━━━━━━━━━━━━━━━





Zawgyi
အခန္း (၅၇)

WeChat မက္ေဆ့က ပင္လယ္ထဲကိုပစ္ခ်လိဳက္ေသာ ေက်ာက္တုံးလိုပင္။ က်ယ္ယန္ ခဏေလာက္ေစာင့္ၾကည့္ေပမဲ့လည္း  reply ျပန္မလာေပ။ က်ယ္ယန္ ခ်ိဳးရွင္းကို စာပို႔တာကို လက္ေလ်ာ့လိုက္၏။ ထိုအစား က်ီဇယ့္ေဟြ႕ WeChat ကိုႏွိပ္ကာ စာစရိုက္၏။

က်ယ္ယန္ : မုက်ိဳးယိကို ဂီတ႐ူး audition အခြင့္အေရးေပးခဲ့တဲ့ အဆင့္ျမင့္စီမံခန့္ခြဲေရးမႉးက ဘယ္သူလဲ။

က်ီဇယ့္ေဟြ႕က စကၠန့္ပိုင္းအတြင္း စာျပန္လာ၏ : ႐ုပ္ရွင္နဲ႕ ႐ုပ္ျမင္သံၾကားဌာနမန္ေနဂ်ာ ဟယ္ယို႔မင္ေလ။ သူက ဟြမ္ထ်န္း ဒုဥကၠဌ ဒါရိုက္တာ ဟယ္႐ႊမ္ရဲ႕ သား။

မူရင္းစာအုပ္ႏွင့္ အတူတူပင္။ ယို႔မင္နဲ႕ ဟယ္႐ႊမ္က ဟြမ္ထ်န္း၏ ေျပာခြင့္မရွိေသာ စည္းမ်ဥ္မ်ားကို ႏွစ္သက္သည့္ ႂကြက္ေခ်းမ်ားျဖစ္ၾက၏။

က်ယ္ယန္: မုက်ိဳးယိက ဂီတ႐ူး႐ုပ္ရွင္ရိုက္ကူးရင္း ရွန္ယန္ကို ခ်ဥ္ကပ္ၿပီး ဟြမ္ထ်န္းကေန ထြက္ဖို႔ႀကိဳးစားေနတဲ့အေၾကာင္း သူ႕ကိုေျပာဖို႔ နည္းလမ္းရွာေပးပါ။ ရွန္ယန္ကို အကြက္ေ႐ႊ႕ေနၿပီလို႔။

က်ီဇယ့္ေဟြ႕: မုက်ိဳးယိက သေဘၤာေပၚက ခုန္ခ်မလို႔လား။ အရင္ႏွစ္ေတြတုန္းကဆို ကုမၸဏီက သူ႕ကို ေထာက္ပံ့ေပးေနခဲ့တာေလ။ ဘာလို႔ သေဘၤာေျပာင္းခုန္ခ်င္တာလဲ။

က်ယ္ယန္ : လူေတြနဲ႕ဆက္ဆံၿပီးရင္ သူတို႔ကို ေရွာင္ခ်င္လာေရာ။ 

တကယ္ေတာ့ မုက်ိဳးယိက သည္တဏွာ႐ူး၏ အေကာင္းျမင္စိတ္ကို တိုးပြားလာေစကာ သူေပးေသာ အရင္းအႏွီး အေထာက္အပံ့မ်ားကို ရယူခဲ့ေသာ္လည္း ဘာမွ ျပန္မေပးဆပ္ခ်င္ေပ။ ထို႔​ေၾကာင့္ သူမ ထြက္ေျပးခ်င္ေနတာပင္။

က်ီဇယ့္ေဟြ႕ : ?

က်ယ္ယန္ : အခုေတာ့ ဒါပဲလုပ္ထားေပး။ ခင္ဗ်ားအတြက္လည္း ေကာင္းပါတယ္။

က်ီဇယ့္ေဟြ႕က လက္ဆြဲႏႈတ္ဆက္သည့္ပုံ ပို႔လာ၏။

***

က်ီဇယ့္ေဟြ႕၏ လုပ္နိုင္စြမ္းက မထင္ရေလာက္ေအာင္ကို ျမင့္မား၏။ သူက တစ္နာရီအတြင္း ေနာက္ဆက္တြဲ ေျဖရွင္းခ်က္မ်ားကို ပို႔ေပးလာသည္။

က်ီဇယ့္ေဟြ႕ : ငါ ဒီအေၾကာင္းေျပာဖို႔ လူတစ္ေယာက္ရွာၿပီးၿပီ။ ဒီအေၾကာင္း ဟြမ္ယြီကေန ေပါက္ၾကားလာတာလို႔ပဲ ​ေျပာလိုက္တယ္။ ဟယ္ယို႔မင္က ေဒါသပုန္ထၿပီး မုက်ိဳးယိေအးဂ်င့္ဆီ သြားေတြ႕တယ္တဲ့။ မုက်ိဳးယိ ေအးဂ်င့္ လုဇီကေတာ့ မုက်ိဳးယိ ကုမၸဏီေျပာင္းခ်င္တဲ့အေၾကာင္း မသိေသးတဲ့ပုံပဲ။ ဟယ္ယို႔မင္နဲ႕ စကားေျပာၿပီးတာနဲ႕  H ၿမိဳ႕ေတာ္ အျမန္ဆုံးေလယာဥ္ကို ဘိုကင္တင္ေတာ့တာပါ။ မုက်ိဳးယိကို သြားေမးမွာေနမွာ။

က်ီဇယ့္ေဟြ႕ : မုက်ိဳးယိက တကယ္ႀကီး ကုမၸဏီေျပာင္းေတာ့မွာလား။ ဒါသာ အမွန္ဆိုရင္ သူက ကုမၸဏီနဲ႕ လုဇီကို သက္သက္ေစာ္ကားလိုက္တာပဲ။ အစက ဘာ႐ုပ္ရွင္မွ ရိုက္စရာမရွိတဲ့ သူ႕လို တက္သစ္စေလးကို လုဇီက ေ႐ြးခ်ယ္ခဲ့တာေလ။ ဒီႏွစ္ထဲ သိပ္ေအာင္ျမင္လာတာကို သူက ကုမၸဏီေျပာင္းခ်င္တာလား။ ငါသာဆို ဒီလို မသင့္ေတာ္တဲ့ကိစၥမ်ိဳးကို လုပ္နိုင္မွာမဟုတ္ဘူး။

က်ယ္ယန္ : အဲ့လိုဆိုရင္ေတာ့ ခင္ဗ်ားကိုယ္ခင္ဗ်ား အထင္ႀကီးလြန္းေနၿပီ။

က်ီဇယ့္ေဟြ႕ : ……

က်ီဇယ္ေဟြ႕က သူ ေဒါသထြက္ေၾကာင္း ျပသည့္အေနျဖင့္ ဓားေသးေသးေလးပုံ ပို႔လာ၏။

က်ယ္ယန္ က်ီဇယ့္ေဟြ႕ႏွင့္ စကားေျပာျဖတ္ၿပီး လုဇီဟူေသာ နာမည္ကို စဥ္းစားၾကည့္၏။

လုဇီဆိုတာ ဟြမ္ထ်န္း၏ ေ႐ႊအဆင့္ ေအးဂ်င့္ေတြထဲက တစ္ေယာက္ျဖစ္ကာ ႐ုပ္ရွင္ဧကရာဇ္ႏွစ္ေယာက္ႏွင့္ girl group တစ္ဖြဲ႕ကို ဟြမ္ထ်န္းအတြက္ ေမြးထုတ္ေပးခဲ့၏။ မူရင္းစာအုပ္တြင္ မုက်ိဳးယိ ကုမၸဏီေျပာင္းေတာ့ လုဇီကိုပါ ေခၚထုတ္သြားခဲ့သည္။ လုဇီ မုက်ိဳးယိကို မ်က္ႏွာသာေပးၿပီး သစၥာရွိေသာအခ်က္က ေသခ်ာေပါက္ ေ႐ႊလက္ေခ်ာင္း၏ လႊမ္းမိုးမႈေၾကာင့္ပဲေပါ့။

က်ယ္ယန္ ၿပဳံးလိုက္သည္။ မုက်ိဳးယိ၏ ေ႐ႊလက္ေခ်ာင္းကို ဒုကၡမ်ားသည္ဟု သူေတြးခဲ့ဖူးေပမဲ့လည္း အခုေတာ့ သူမ၏ ေ႐ႊလက္ေခ်ာင္းအေပၚ မွီခိုေသာအက်င့္က အေတာ္ေလးေကာင္းသည္ဟု ေတြးမိလာသည္။

မအိပ္ခင္ က်ယ္ယန္ ခ်ိဳးရွင္းကို ဖုန္းထပ္ေခၚၾကည့္သည္။ သည္တစ္ခါေတာ့ ဖုန္းက ဆက္မပိတ္ေတာ့ေပမဲ့လို႔ ျပန္ေျဖမည့္သူလည္း မရွိေပ။

က်ယ္ယန္ ဖုန္းခ်က WeChat ပိတ္၍ ခ်ိဳးရွင္းကို စာထပ္ပို႔လိုက္သည္။

က်ယ္ယန္ : Good night.

reply က ျပန္မလာေသးေပ။ က်ယ္ယန္ ဖုန္းဖန္သားျပင္ကိုပိတ္ကာ လွဲအိပ္လိုက္ေတာ့သည္။

***

ေနာက္တစ္ေန႕ က်ယ္ယန္ ႐ုပ္ရွင္အဖြဲ႕ကိုေရာက္ေတာ့ ေလထုက နည္းနည္းထူးဆန္းေနတာကို ေတြ႕လိုက္ရသည္။ ရွန္ယန္က အနားယူသည့္ေနရာမွာထိုင္ကာ ဇာတ္ၫႊန္းငုံ႕ဖတ္ေန၏။ သူ႕ပတ္ပတ္လည္က ဖိအားမ်ားက အလြန္အမင္းကို ေလ်ာ့က်ေနကာ မုက်ိဳးယိက မေရာက္လာေသး။

႐ႊီဟုန္မ်က္ႏွာကေတာ့ ခက္ထန္ေနကာ ဇာတ္ၫႊန္းတရာႏွင့္ တစ္ခုခု ေျပာေနၾကသည္။ ရိုက္ကြင္းထဲက ဝန္ထမ္းမ်ားကေတာ့ အလုပ္လုပ္တဲ့အခ်ိန္ သူတို႔အျပဳအမူမ်ားကို ညင္သာေန​ၾကကာ တစ္ခ်က္တစ္ခ်က္ ရွန္ယန္ကို မ်က္လုံးဆန္းဆန္း​ေတြႏွင့္ လွမ္း​​ၾကည့္တတ္​ၾက၏။​

က်ယ္ယန္ ေလာင္ရွိုယူေဘး ဝင္ထိုင္ကာ ေမးလိုက္သည္။  “အကုန္လုံး ဘာေတြျဖစ္ေနၾကတာလဲ။”

ေလာင္ရွို႔ယူက ေတးသြားမ်ားမွ အာ႐ုံလႊဲလိုက္၏။ သူကိုယ္တိုင္ ျပန္ေျဖမည့္အစား သူလက္ေထာက္ကိုေခၚကာ ေျပာခိုင္း၏။

လက္ေထာက္ကလည္းလာကာ အသံတိုး၍ဆို၏။  “ဒါက ဒီလိုရွိတယ္။ မေန႕က မုက်ိဳးယိရဲ႕ေအးဂ်င့္က ညသန္းေခါင္ႀကီး ဟိုတယ္ကိုေရာက္ခ်လာၿပီး  ဇာတ္ၫႊန္းနဲ႕ ရွန္ယန္ကိုသြားေတြ႕တဲ့ မုက်ိဳးယိကို ေတြ႕သြားတယ္။ မုက်ိဳးယိက သူ႕လက္ေထာက္နဲ႕ အတူရွိေနတာဆိုေတာ့ အတင္းအဖ်င္းေတြအတြက္ စိုးရိမ္စရာမရွိေပမဲ့ သူ႕ေအးဂ်င့္ကေတာ့ တစ္ခ်ိဳ႕ကိစၥေတြေၾကာင့္ ေပါက္ကြဲသြားတယ္။ သူက မုက်ိဳးယိကို ဆူၿပီး သူမအခန္းထဲကို ျပန္ပို႔လိုက္သတဲ့ေလ။ သူကေတာ့ ရွန္ယန္ကို တစ္ေယာက္တည္း သြားေတြ႕တယ္။ သူတို႔ ဘာေတြေဆြးေႏြးခဲ့ၾကလဲဆိုတာ ဘယ္သူမွမသိေပမဲ့ မုက်ိဳးယိရဲ႕ေအးဂ်င့္ကေတာ့ သူ႕ကို ညတြင္းခ်င္း ဟိုတယ္ေျပာင္းေပးသြားတယ္။”

လက္ေထာက္က အသက္ျပင္းျပင္းရႉသြင္းကာ လက္ေခ်ာင္းမ်ားကို ခါ၏။  “ရွန္ယန္နဲ႕ မုက်ိဳးယိက တိတ္တိတ္ေလး ခိုးတြဲ​​ေန​တာကို မုက်ိဳးယိေအးဂ်င့္က မိသြားတာလို႔ အားလုံးက ခန့္မွန္းေနၾကတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ေတာ့ ဒီကိစၥကို အဲ့လိုမထင္ေပါင္။ မစၥတာက်ယ္ ႐ုပ္ရွင္ဧကရာဇ္ရွန္ရဲ႕ မ်က္ႏွာကိုၾကည့္လိုက္။ ဘယ္နားမွာမ်ား အခ်စ္ကိုရွာေတြ႕ေနတဲ့ မ်က္ႏွာနဲ႕ တူလို႔လဲ။ အစြပ္စြဲခံရလို႔ ေဒါသထြက္ေနတာမွန္း ဒီေလာက္သိသာေနတဲ့ဟာ။”

အက်ဥ္းခ်ဳပ္ေျပာၿပီးတာႏွင့္ ေလာင္ရွို႔ယူက သူ႕လက္ေထာက္ကို သြားခိုင္းလိုက္ေတာ့၏။ လက္ေထာက္ကလည္း နာနာခံခံပဲ ေနာက္ဆုတ္သြားသည္။

က်ယ္ယန္ ခ်ီးက်ဴးလိုက္သည္။ “ခင္ဗ်ားလက္ေထာက္က ေတာ္လိုက္တာ။”

ေလာင္ရွို႔ယူက ေမး၏။  “မင္းၾကည့္ရတာ မုက်ိဳးယိကို အထူးတလည္ စိတ္ဝင္စားေနသလိုပဲ။”

“ကြၽန္ေတာ္ သူ႕ကို သေဘာမက်႐ုံပါ ၿပီးေတာ့ သူ ကံဆိုးတာကိုလည္း ျမင္ခ်င္တယ္။”

ေလာင္ရွို႔ယူက ထိုကိစၥကိုေတြးရင္း နားလည္သည့္သေဘာျဖင့္ ေခါင္းညိတ္၏။ ထို႔ေနာက္ အၾကည့္လႊဲက သီခ်င္းကိုသာ ျပန္အာ႐ုံစိုက္သြားသည္။

***

နာရီဝက္အၾကာတြင္ မုက်ိဳးယိက လုဇီႏွင့္အတူ စတူဒီယိုကို ေရာက္လာသည္။

လုဇီႏွင့္ မုက်ိဳးယိက ႐ႊီဟုန္ႏွင့္ က်န္အဖြဲ႕သားမ်ားကို ေနာက္က်ေနသည့္အတြက္ ေတာင္းပန္၏။ ႐ႊီဟုန္က လုဇီလုပ္ရပ္ကို ဘာမွမေျပာဘဲ ၾကည့္ေနသည္။ သူက မုက်ိဳးယိကိုသာ ရႈတင္စဖို႔ အဝတ္လဲ မိတ္ကပ္အျမန္ျပင္ခိုင္း၏။

မုက်ိဳးယိ ျပင္ဆင္ဖို႔သြားခ်ိန္တြင္ လုဇီက ရွန္ယန္ကို အရင္စကားသြားေျပာကာ ေတာင္းပန္သည္ကို သတိထားမိ၏။ ရွန္ယန္သေဘာထားကေတာ့ ေအးတိေအးစက္ျဖစ္ေနကာ လုဇီကို စကားျပန္ၿပီးတာႏွင့္ ဇာတ္ၫႊန္းကိုသာ ျပန္ဖတ္ေနသည္။

တစ္နာရီၾကာၿပီးေနာက္ မုက်ိဳးယိ မိတ္ကပ္အျပင္အဆင္မ်ား ၿပီးစီးသြားက ဒီေန႕ရႈတင္ကို တရားဝင္စတင္ခဲ့၏။ ထို႔ေနာက္ မုက်ိဳးယိအေပၚ ရွန္ယန္ သေဘာထား​ေျပာင္းလဲသြားတာအား  အားလုံးျမင္လိုက္ၾကရသည္။ သူ႕ဘက္က အရင္ နီးစပ္ေသာ ဂ႐ုစိုက္မႈလည္း မေပးသလို မေန႕တုန္းကလို တယဥ္တေက်းျဖင့္ ခပ္ခြာခြာေနတာမ်ိဴးလည္း မလုပ္ေတာ့။ သူမကို တမင္ဥေပကၡာျပဳထား၏။ ရိုက္​ကူးေရးမွအပ မုက်ိဳးယိႏွင့္ သာမန္အေခၚအေျပာေတာင္ မရွိေတာ့။ မုက်ိဳးယိက စကားေျပာဖို႔ ႀကိဳးစားေသာ္လည္း ရွန္ယန္က မသိခ်င္ေယာင္ေဆာင္သြား၏။

လူတိုင္းကေတာ့ လန့္ေနၾက၏။ ေဖ်ာ္ေျဖေရးနယ္ပယ္ထဲတြင္ ရွန္ယန္ဆိုတာက EQ ျမင့္ေသာ လူသိမ်ားသည့္ လူ​ႀကီးလူေကာင္းတစ္ေယာက္။ သည္ႏွစ္ေတြအတြင္းမွာ သူက လူေတြအမ်ားႀကီးႏွင့္ ေပါင္းသင္းဆက္ဆံခဲ့၏။ ရွန္ယန္ကို သည္လိုလူသိရွင္ၾကားျဖစ္ေအာင္လုပ္သည္အထိ မုက်ိဳးယိက ဘာေတြမ်ားတြန္းအားေပးလိုက္တာပါလိမ့္။

ရိုက္ကြင္းရွိ ေလထုက ပိုမိုစိမ္းသက္လာ၏။ ႐ႊီဟုန္ မၾကည္မလင္ျဖစ္ေနေပမဲ့ ဘာမွေတာ့မေျပာ။ သည္ထူးဆန္းေနေသာ ပတ္ဝန္းက်င္ျဖင့္ပဲ ဇာတ္ဝင္ခန္းမ်ားကို ရိုက္ကူးခဲ့သည္။ ခဏအၾကာတြင္ လုဇီ စတူဒီယိုမွ ထြက္သြား၏။ က်ယ္ယန္လည္း သူ႕ေတးသြားစာ႐ြက္ကိုခ်ကာ စတူဒီယိုထဲမွ လိုက္ထြက္ခဲ့၏။

ငါးမိနစ္အၾကာတြင္ က်ယ္ယန္ႏွင့္ လုဇီ စတူဒီယို အိမ္သာမွာ ဆုံမိၾကသည္။

လုဇီ က်ယ္ယန္ကို သိသည္။ မၾကာခင္က မုက်ိဳးယိသည္ က်ယ္ယန္ႏွင့္ သတင္းထြက္ခဲ့၏။ သူအေနျဖင့္ က်ယ္ယန္ႏွင့္ သည္မွာေတြ႕လိမ့္မည္ဟု မထင္ထားခဲ့။ သူ ႐ုတ္တရက္ ေနရခက္သြားကာ သည္ေကာင္ေလးကို ဘယ္လိုႏႈတ္ဆက္ရမွန္း မသိေတာ့။

က်ယ္ယန္ကေတာ့ ရွင္းရွင္းပဲ။ ေရပိုက္ေခါင္းကိုဖြင့္ကာ လက္ေဆးလိုက္၏။ လက္ကိုအေျခာက္ခံၿပီးေနာက္ စိတ္အားတက္ႂကြစြာျဖင့္ လုဇီကို လက္ကမ္းလိုက္သည္။  “ဟယ္လို မစၥတာလု။ ကြၽန္ေတာ္က ယန္ရွင္းရဲ႕ေဘာ့စ္ က်ယ္ယန္ပါ။ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်ာ။”

လုဇီက သူ႕လက္ကို အျမန္သုတ္ကာ အေျခာက္ခံၿပီး က်ယ္ယန့္ကို လက္ဆြဲႏႈတ္ဆက္လာ၏။  “ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်။”

က်ယ္ယန္က လုဇီဦးေႏွာက္ထဲက အမွိုက္ကို သူ႕စြမ္းအားျဖင့္ရွင္းဖို႔ သည္အခြင့္ေကာင္းကို အသုံးခ်လိဳက္၏။ ထို႔ေနာက္ လက္လႊတ္ကာ လုဇီကိုၿပဳံးျပၿပီး အိမ္သာထဲမွ အရင္ထြက္ခဲ့၏။

လုဇီ  “……”

က်ယ္ယန္က ဘယ္လိုလုပ္ … သူ  ႐ုတ္တရက္ လက္ျမႇောက္ကာ ကြယ္၍ သမ္းေဝမိ၏။ ထို႔ေနာက္ စိတ္ရႈပ္စြာျဖင့္ ေခါင္းယမ္းလိုက္သည္။

***

က်ယ္ယန္ စတူဒီယိုမွ တမင္ထြက္လာတာျဖစ္ၿပီး အခ်ိန္ျဖဳန္းရန္ ေကာ္ဖီႏွစ္ခြက္ဝယ္ခဲ့၏။ ထို႔ေနာက္ လမ္းကိုလည္း ျဖည္းျဖည္းပဲ ေလွ်ာက္လာ၏။ စတူဒီယိုကေတာ့ သက္ဝင္လႈပ္ရွားလ်က္။ လုဇီႏွင့္ မုက်ိဳးယိက စကားမ်ားေနၾက၏။ ႏွစ္ေယာက္က အသံေတြေလ်ာ့ထားေပမဲ့လည္း သူတို႔၏ ရန္လိုေနေသာဟန္ပန္ေတြက စကားမ်ားေနမွန္း သိသာလြန္းေနကာ အာ႐ုံစိုက္စရာျဖစ္ေနသည္။

႐ႊီဟုန္မ်က္ႏွာက စကားမေျပာနိုင္ေအာင္ကို မည္းေမွာင္ေနသည္။ ထို႔ေနာက္ လုဇီကာ လက္ခါကာ ထြက္သြား၏။ မုက်ိဳယိကေတာ့ သူမထိုင္ခုံမွာ ျဖဴေဖ်ာ့ေနေသာမ်က္ႏွာျဖင့္ မ်က္ရည္အဝဲသားႏွင့္ ထိုင္ေနခဲ့သည္။

ေလာင္ရွို႔ယူ၏လက္ေထာက္ကေတာ့ အခ်ိန္ကိုက္ေပၚလာ၏။ သူက ေလာင္ရွို႔ယူႏွင့္ မုက်ိဳးယိတို႔ထိုင္ခုံၾကားမွာ ကုတ္ကုတ္ေလးဝင္ထိုင္ကာ အတင္းတုပ္ဖို႔ အသံကို ေလ်ာ့လိုက္၏။
“ကြၽန္ေတာ္ သြားေခ်ာင္းလာတယ္ဗ်။ လုဇီနဲ႕ မုက်ိဳးယိက ျပႆနာတက္ေနၾကပုံပဲ။ လုဇီက မုက်ိဳးယိကို သူ႕အေၾကာင္းနဲ႕ ဟြမ္ထ်န္းကို springboard လို မေတြးဖို႔ ေျပာေနတယ္။ သူက ကုမၸဏီကို အႏုညာရွင္ေျပာင္းေပးဖို႔အေၾကာင္း တင္ျပဖို႔ ကုမၸဏီကို ျပန္သြားမွာတဲ့။ သူက ေနာက္လည္း မုက်ိဳးယိနဲ႕ အလုပ္တြဲမလုပ္ေတာ့ဘူးဆိုပဲ။”

တကယ္ႀကီး အဆုံးသတ္သြားၿပီလား။

က်ယ္ယန္ သူဝယ္လာေသာ ေကာ္ဖီတစ္ခြက္ကို ေလာင္ရွို႔ယူ၏ လက္ေထာက္လိမၼာေလးကို ေပးလိုက္၏။
  “လုပ္တာေတာ္တယ္။.”

လက္ေထာက္ေလးက ေကာ္ဖီခြက္ယူကာ ၿပဳံးလ်က္ထြက္သြား၏။

ေလာင္ရွို႔ယူကေတာ့ လက္ေထာက္ေလးလက္ထဲက ေကာ္ဖီခြက္ကိုၾကည့္လိုက္ သူ႕လက္ဗလာကို ျပန္ၾကည့္လိုက္ျဖင့္။

“……”

***

႐ႊီဟုန္က က်ယ္ယန္ႏွင့္ ေလာင္ရွို႔ယူတို႔ႏွင့္ စကား​ေျပာေနတာေၾကာင့္ ရိုက္ကူးေရးကို ခဏရပ္ထား၏။ သူက အႀကံဥာဏ္ဖလွယ္ဖို႔ အစည္းအေဝးကို ပိုေစာေစာစရန္ ဇာတ္ၫႊန္းဆရာႏွင့္ ရွန္ယန္ကိုပါ ေခၚထား၏။

အစည္းအေဝးက ၄ နာရီၾကာသြားသည္။ သူတို႔ ဇာတ္ၫႊန္းဖတ္ကာ ေတးသြားအတြက္လိုအပ္ေသာ အပိုင္းမ်ားကို ေ႐ြးၾက၏။ ဇာတ္ေကာင္တစ္ေယာက္ခ်င္းစီ၏ စိတ္ေနစိတ္ထားမ်ားႏွင့္ ဇာတ္လမ္းအတြက္လိုအပ္​ေသာ ဝန္းက်င္​ကို ခြဲျခားစိစစ္ၾက၏။ သူတို႔က အစီအစဥ္တစ္သီတစ္တန္းႀကီး ခ်မွတ္ၿပီးေနာက္ ေတးသြားႏွင့္ သီခ်င္းအတြက္ ပဏာမဆုံးျဖတ္ခ်က္မ်ားကို အၿပီးသတ္ခဲ့သည္။

အစည္းအေဝးအၿပီးတြင္ ရွန္ယန္က က်ယ္ယန့္နား ကပ္ေျပာလာသည္မွာ။
“မင္း မွန္တယ္။ အႏုပညာရွင္ေတြနဲ႕ စာခ်ဳပ္ခ်ဳပ္တာက တကယ့္ကို သတိထားဖို႔လိုတယ္။”

က်ယ္ယန္ ေမးလိုက္၏။ “ဘာျဖစ္လို႔လဲ။”

ရွန္ယန္က ထပ္ေျပာျပဖို႔ ဝန္ေလးဟန္ျဖင့္ ေခါင္းခါျပသည္။

“ခင္ဗ်ား မုက်ိဴးယိကို ဟြမ္ယြီနဲ႕ စာခ်ဳပ္ခ်ဳပ္ေစခ်င္တုန္းလား။”

ရွန္ယန္ အမူအရာက ေအးခဲသြား၏။  “ဒီဘဝေတာ့မျဖစ္နိုင္ေတာ့ပါဘူးကြာ။”

***

သူ႕ရည္မွန္းခ်က္ ေအာင္ျမင္ခဲ့ၿပီ။ က်ယ္ယန္သည္ သူ႕စြမ္းအားကုန္ခမ္းမႈေၾကာင့္ျဖစ္ေသာ မသက္မသာျဖစ္မႈကို သည္းခံကာ မုက်ိဳးယိ၏ ေ႐ႊလက္ေခ်ာင္းကို ေတာင့္ခံနိုင္ေသာ ကာကြယ္ေဆးအျဖစ္ ရွန္ယန္ႏွင့္ ႐ႊီဟုန္ကို သူ႕စြမ္းအားေတြ လႊဲေပးခဲ့၏။ ထို႔ေနာက္ ႐ႊီဟုန္ကို ႏႈတ္ဆက္ကာ ဇာတ္ၫႊန္းဆရာေပးေသာ ဇာတ္ၫႊန္းအတြဲမ်ားကို ယူကာ အျမန္ဆုံးေလယာဥ္လက္မွတ္ ဘိုကင္ယူ၍  B ၿမိဳ႕ေတာ္သို႔ ျပန္ခဲ့၏။

ေလယာဥ္ B ၿမိဳ႕ေတာ္ကိုဆိုက္ေတာ့ ၁၁:၃၀ ရွိေနၿပီ။ က်ယ္ယန္ က်င္းဟယ္ဂါဒင္းကို ကားေမာင္းျပန္လာခ်ိန္မွာ ေနာက္တစ္ရက္ေတာင္ ကူးသြားေရာ။

သူ တကၠစီကို ဒုတိယဂိတ္မွာ ရပ္ေစကာ လုံၿခဳံေရးအေစာင့္ကို ႏႈတ္ဆက္ၿပီး ခရီးေဆာင္အိတ္ကို ဝူေ႐ႊ႕ထံ လႊဲေပးလိုက္သည္။ ထို႔ေနာက္ ဗီလာသို႔ ေအးေအးေဆးေဆး ေလွ်ာက္လာခဲ့၏။

ေမွာင္မည္းေနၿပီး ေဆာင္းညေလ​ေျပက ၿခံဝင္းကိုျဖတ္၍ တိုက္ခတ္လာ၏။ မနီးမေဝးက ေမွာင္မည္းေနေသာ ဗီလာႀကီးက သရဲအိမ္ႀကီးလိုပင္။

က်ယ္ယန္ အိမ္ထဲက လူေတြကို မေႏွာင့္ယွက္ေတာ့။ သူ႕ကိုယ္ပိုင္ေသာ့ျဖင့္ ဗီလာတံခါးကိုဖြင့္ကာ ဒုတိယထပ္သို႔တက္လာရင္း သူ႕အိတ္ကပ္ထဲက စာ႐ြက္အပိုင္းေလးကိုထုတ္ကာ ခ်ိဳးရွင္းတံခါးမွာ ကပ္လိုက္၏။ ထို႔ေနာက္ တတိယထပ္သို႔ တက္လာ၏။ ေရခ်ိဳးၿပီးေနာက္ အိပ္ရာေပၚလွဲခ်ရင္း ခ်က္ခ်င္းကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားခဲ့သည္။

ဘာအိပ္မက္မွမမက္ဘဲ တစ္ညတာ ကုန္လြန္သြားသည္။ သူ ျပန္နိုးလာေတာ့ ေနေတာင္ျမင့္ေနၿပီ။ က်ယ္ယန္ အျမန္မ်က္ႏွာသစ္ကာ ေအာက္ထပ္သို႔ ဆင္းခဲ့၏။

မေမွ်ာ္လင့္စြာပဲ ခ်ိဳးရွင္းက အလုပ္မသြားေသး ဧည့္ခန္းထဲမွာပဲ ရွိေသးသည္။

ခ်ိဳးရွင္းက ေခါင္းငုံ႕လ်က္ ဖုန္းၾကည့္ေန၏။ သူက အီးေမးလ္ကိုသာ မမွိန္မသုတ္စိုက္ၾကည့္ေနကာ ေခါင္းကိုေမာ့မလာေပ။

တစ္ညကုန္ဆုံးၿပီးေနာက္ က်ယ္ယန္၏ ကုန္ခန္းသြားေသာ စြမ္းအားမ်ားက အေတာ္ေလးျပန္ျပည့္လာ​သည္။ ထို႔အတူ ၿပီးခဲ့ေသာ ရက္မ်ားအတြင္း မုက်ိဳးယိအစြမ္းကို အႀကိမ္ႀကိမ္ဝါးမ်ိဳခဲ့ရာ သူ႕စြမ္းအားကလည္း ပိုအားေကာင္းလာၿပီ။

က်ယ္ယန္ ခ်ိဳးရွင္းေဘးမွာ ဝင္ထိုင္ၿပီး ခ်ိဳးရွင္းလက္ကို ဆြဲကိုင္လိုက္၏။ ခ်ိဳးရွင္း ေတာင့္တင္းသြားၿပီး ေအးတိေအးစက္ျဖင့္ ဆိုလာသည္။
“ငါ့ကို လႊတ္”

က်ယ္ယန္ ခ်ိဳးရွင္းကိုယ္ထဲသို႔ သူ႕စြမ္းအားေတြအကုန္ ေျပာင္းေပးလိုက္၏။ ထို႔ေနာက္ လိမ္လိမ္မာမာျဖင့္ လက္လႊတ္ေပးလိုက္သည္။ ၿပီးလွ်င္ သူ႕၏ တဂြီဂြီျမည္ေနေသာဗိုက္ကိုဖိရင္း ထမင္းစားခန္းသို႔ ထြက္လာခဲ့ေတာ့သည္။

[ T/N: ညက် ထပ္တင္ေပးမယ္ေနာ္။ ဒါေလးအရင္ဖတ္ထားေပး 🥺💕 ]

━━━━━━━━━━━━━━━━━━━━━━━





Continuer la Lecture

Vous Aimerez Aussi

397K 3K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
884K 59.3K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
256K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
344K 8.6K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်