Unicode
အခန်း ( ၅၄ )
ချိုးရှင်း
...ပြီးတော့ မုကျိုးယိ !
မုကျိုးယိကို ချိုးရှင်းနဲ့ တွေ့ခွင့်မပေးနိုင်ဘူး !
ကျယ်ယန် ဆတ်ခနဲ နိုးလာ၏။ သူ ချိုးရှင်းကို ကြိုးစားပြီး ခေါ်ကြည့်ပေမဲ့ သူ့လည်ချောင်းတွေက အရမ်းကိုခြောက်သွေ့လွန်းနေရာ လေသံတွေသာ ထွက်လာ၏။ တံခါးက စကားသံတွေကို ကြားနေရဆဲဖြစ်ကာ မုကျိုးယိကို မောင်းမထုတ်ရသေး။
သူ ကိုယ်ကိုအားပြု၍ ထထိုင်ကာ သူ့လက်ဖမိုးက အပ်ကိုဆွဲဖြုတ်လျက် ခြေဗလာဖြင့် လူနာဆောင်တံခါးသို့ ထွက်လာခဲ့သည်။
မုကျိုးယိ ချိုးရှင်းနဲ့ တွေ့လို့မဖြစ်ဘူး။ မုကျိုးယိနှင့် တိုက်ရိုက်ထိတွေ့မှုက ချိုးရှင်းကို တစ်ခုခုဖြစ်စေမှာ သေချာသည်။ မုကျိုးယိ၏ ရွှေလက်ချောင်းက ထိမိပြီးသွားရင် လူ့ဦးနှောက်ကို တိုက်ရိုက်အကျိုးသက်ရောက်စေနိုင်သည်။ ၎င်းကို စွမ်းအားတစ်ခုအဖြစ် ခွဲခြမ်းစိပ်ဖြာရလျှင် စိတ်ထိန်းချုပ်မှုစွမ်းအားဖြစ်မှာ အတိအကျပင်။
စိတ်ထိန်းချုပ်မှုစွမ်းအားတွေက လူ့ဦးနှောက်ကို အနည်းနှင့်အများဆိုသလို ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ ထိုဆိုးကျိုးများက ကျန်းမာသောလူများကို မထိခိုက်စေသော်လည်း ချိုးရှင်းမှာ နာတာရှည်ရောဂါရှိသည်။ ထို့အပြင် သူ့နာတာရှည်ရောဂါ၏ မူလဇစ်မြစ်က ဦးနှောက်ထဲမှာလေ။ ဦးနှောက်ထဲမှာ ကင်ဆာအကြိတ်ရှိနေသော လူတစ်ယောက်က စိတ်ထိန်းချုပ်မှု သူ့ဦးနှောက်ကို သက်ရောက်ပြီးသွားလျှင် အခြေအနေပိုဆိုးလာမလားဆိုတာ ကျယ်ယန်မှ မသိတာ။
မူရင်းဝတ္ထုထဲတွင် ဇာတ်လိုက်မနှင့် အကြိမ်ကြိမ်တွေ့ဆုံမိပြီးနောက်မှာ ချိုးရှင်းရောဂါက ပိုမိုဆိုးရွားလာခဲ့သည်။ သူ ချိုးရှင်းကို သည်လို ဖြစ်ခွင့်မပြုနိုင် ...
" တောင်းပန်ပါတယ်ရှင် ဒါရိုက်တာရွှီက ဒီ character biography ကို ကျယ်ယန့်ဆီ ပေးခိုင်းလိုက်လို့ပါ။ မစ္စတာချိုး ကြည့်ကြည့် ..."
" ငါ့ကို ပေး "
သူ့မျက်လုံးတွေထဲမှာ ချိုးရှင်းက မုကျိုးယိဆီ လက်လှမ်းလိုက်ပြီးပြီ။
ဘယ်က ဘယ်လို အားအင်တွေထွက်လာမှန်း ကျယ်ယန်မသိတော့။ သူ့၏ အားနည်းချိနဲ့သော ခန္ဓာကိုယ်ဖြင့် တံခါးဆီသို့ အပြေးသွားကာ မုကျိုးယိဆီလှမ်းထားသော ချိုးရှင်းကို လက်နောက်ပြန်ဆွဲလိုက်၏။ ချိုးရှင်းပုခုံးကို မျက်နှာချင်းဆိုင်ဆွဲလှည့်ပြီး ချိုးရှင်းကို သူ့ကိုယ်လုံးနှင့် ကာလိုက်လေသည်။ သူ မုကျိုးယိကို လှည့်ကြည့်ပြီး အားတင်းကာ မေးလိုက်သည်။
" မင်းကို ဘယ်သူလာခိုင်းလို့လဲ။ "
မုကျိုးယိ၏ ကမ်းထားသောလက်က ပြန်ပြုတ်ကျသွားပြီး သူမက ကျယ်ယန့်ကို ကြောင်အစွာဖြင့် ကြည့်နေသည်။ သူမ မျက်လုံးများက ကျယ်ယန်နှင့် ချိုးရှင်း၏ ဒွိဟဖြစ်စရာ ကိုယ်ဟန်ကို ဝေ့ဝဲကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ စကားတောင် မပြောနိုင်တော့။
" ခင်ဗျားက ဖုန်ချင်းလင်ကို ကြိုက်နေတာမဟုတ်ဘူးလား။ သူ့ဆီ သွားကပ်နေ။ ငါ့လူကို လာမထိနဲ့။ ဒီနေရာက ထွက်သွား !"
ကျယ်ယန် မုကျိုးယိလက်ထဲက character biography ကို ဆွဲလုကာ ချိုးရှင်းကို နှစ်လမ်းလောက် အတွင်းထဲတွန်းပို့ပြီး လူနာဆောင်တံခါးကို ဂျိုင်းခနဲမြည်အောင် ဆောင့်ပိတ်လိုက်ချေ၏။ ထို့နောက် မျက်မှောင်ကြုတ်ကာ ချိုးရှင်းကို ကြည့်လိုက်သည်။ သူ ချိုးရှင်းကို လူညစ်ပတ်တွေနှင့် မတွေ့ဖို့ ပြောချင်သည်။ သို့သော်လည်း ရုတ်တရတ် မူးဝေလာပြီး ချိုးရှင်းပုခုံးပေါ် မသက်မသာတင်ထားသော လက်ဖြင့် ချိုးရှင်းကို တင်းတင်းဆုပ်ကာ ဖက်လိုက်ရသည်။
ကျယ်ယန်ဖက်တာခံလိုက်ရ၍ ချိုးရှင်း တောင့်တောင့်ကြီးဖြစ်သွားရသည်။ ခဏမျှကြာတော့ သူ လှုပ်ရှားလိုက်သည်။ သူ့ပုခုံးထက်က ခေါင်းလေးကို ငုံ့ကြည့်ရင်း သူ ချီတုံချတုံဖြစ်သွားရသည်။ ထို့နောက် ကျယ်ယန့်ကိုယ်ကို ထိန်းပေးရန်အတွက် ဂရုတစိုက်ဖြင့် ကျင့်သားမရစွာ ကျယ်ယန့်ကျောပေါ် သူ့လက်နှင့် ဖက်လိုက်သည်။
သာမန်ထက် ပိုမြင့်သော ခန္ဓာကိုယ်အပူချိန်က ဆေးရုံအင်္ကျီမှတစ်ဆင့် လွှင့်ထွက်လာကာ သူ့လည်ပင်းနှင့်တည့်တည့်မှာ ဝင်သက်ထွက်သက်တို့က ရိုက်ခတ်နေသည်။ ချိုးရှင်း ကျယ်ယန့်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။
" ကျယ်ယန် ခုနက မင်းလူဆိုတာ ... အဲ့တာ ဘာလဲ။ "
ကျယ်ယန့်ဦးနှောက်က ပူလောင်နေပြီး ချိုးရှင်းအသံကို လုံးဝမကြားရ။ သူ့ စွမ်အင်အမြုတေက မတည်မငြိမ်ဖြစ်လာပြီး သူ့အသက်ရှူနှုန်းတွေလည်း တိုတောင်းလာသည်။ သူ ချိုးရှင်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ရုံမှတစ်ပါး မတတ်နိုင်တော့ချေ။
သူ့ပုံခုံးက တင်းတင်းအဖက်ခံရတာကြောင့် နာလာသည်။ ချိုးရှင်း မျက်မှောင်ကြုတ်သွားကာ တစ်ခုခုတော့ မှားနေပြီမှန်း သဘောပေါက်သွားခဲ့သည်။ သူ ကျယ်ယန့်မျက်နှာကို ဆွဲမော့လိုက်တော့ ကိုယ်အပူချိန်က မူမမှန်စွာ မြင့်တက်လို့နေမှန်း သိလိုက်ရသည်။ သူ့မျက်နှာထားသည်လည်း ပြောင်းလဲသွား၏။ အစက ကျယ်ယန့်ကိုဖက်ထားမည့်အစား ကျယ်ယန့်လက်ကို တွဲထား၏။ အခုတော့ ကျယ်ယန့်ကို အိပ်ရာထဲပြန်သယ်လာပြီး ကုတင်ခေါင်းရင်းက လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။
ကုတင်ပေါ်ရောက်တာနှင့် ကျယ်ယန်က ခွေခွေလေးဖြစ်သွားကာ လက်မြှောက်၍ ခေါင်းကိုထိထား၏။
ခေါင်းကိုဖိထားသော ကျယ်ယန့်၏အပြုအမူက ချိုးရှင်းကိုလှုံ့ဆော်မိသွားပြီး သူ့အမူအရာက အလွန်အမင်း ထိတ်လန့်စရာကောင်းလာသည်။ သူ ကျယ်ယန့်လက်ကို ဆွဲဖယ်ကာ မေးလိုက်သည်။ " ဘာဖြစ်တာလဲ။ "
ကျယ်ယန့်အသိစိတ်များကလည်း မတည်ငြိမ်တော့။
" ဘာဖြစ်လို့လဲ !" ကျယ်ယန့်ကို ကြည့်ရင်း ချိုးရှင်းအသံက ကျယ်လာသည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ လူနာဆောင်တံခါးဘက်သို့ လှည့်အော်လိုက်၏။ " ဆရာဝန် ! ဘာလို့ အခုထိ မလာကြသေးတာလဲ !"
ကမ္ဘာကြီးက ဆန်းကြယ်ပြီး လှပခမ်းနားသည်။ ကျယ်ယန် ခက်ခက်ခဲခဲ မျက်လုံးများကိုဖွင့်ကြည့်မိတော့ ရှုံ့တွရွဲပြဲနေသော ရုပ်ပုံတစ်ခုလို သုန်မှုန်တည်တင်းနေသော ချိုူရှင်းမျက်နှာကို မြင်လိုက်ရသည်။ သူ့မျက်လုံးတွေ တစ်ဖန်ပြန်မှတ်ကျသွားပြီး နောက်တစ်ကြိမ် သတိမလစ်ခင်မှာ လက်ဆန့်ကာ ချိုးရှင်းကို လှမ်းထိလိုက်မိပါသေး၏။
သူနိုးလာတော့ သူ့ကိုယ်အပူချန်က လုံးဝကျသွားပြီ။ သူ့ဦးနှောက်ထဲတွင် နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုးလာသော စွမ်းအင်အမြုတေက တိတ်တဆိတ် အလုပ်လုပ်နေပြီး စွမ်းအင်ရရှိမှုကို တောင့်တနေသည်။ သူ့ကိုယ်ကလည်း ယခင်ထက် ပိုမိုသက်သာလာပြီး အာရုံငါးပါးကလည်း ကြည်လင်ထက်မြက်လာပြီ။
အခန်းထဲက အလင်းရောင်က အတော်လေးမှိန်နေသည်။ ကျယ်ယန် သူ့အကြည့်ကို အခန်းထဲက နောက်ထပ်အသက်ရှူသံ လားရာတစ်ခုဆီ ပို့လိုက်၏။ ချိုးရှင်းက လူနာဆောင်ထဲက ဆိုဖာတစ်လုံးပေါ်မှာထိုင်နေကာ သူ့မျက်လုံးများက အရိပ်တွေကွယ်နေသည်။ မျက်နှာက ဖျော့တော့ကာ နှုတ်ခမ်းများက ဖြူယော်လျက် မျက်လုံးများက မှုန်မှိုင်းနေသည်။ သေဆုံးသွားပြီးဖြစ်သော တစ္ဆေတစ်ကောင်အလား။
" ကျယ်ယန် နေသာရဲ့လား။ "
ချိုးရှင်းအသံက ပုံမှန် အလိုမကျဖြစ်နေတတ်သော ဒေါသတို့စွန်းထင်းကာ တိုးလျ၍ အပ်ကွဲနေသည်။
" မင်းရဲ့ ခရီးစဥ် ပထမရက်မှာ ငါ့ဖုန်းမှန်သမျှ ပြန်မဖြေဘဲ မိုးချုပ်အောင်နေတယ်။ ပြီးတော့ နောက်ရက်ကျတော့ ဆေးရုံတက်ရတယ်။ ဆေးရုံတက်ရုံနဲ့မပြီးသေးဘူး အဖျားက ပြန်တက်လာသေးတယ်။ ဆရာဝင်တွေက အဖြေရှာမတွေ့သေးဘူး။ ငါ့ကိုပြောစမ်းပါ ငါ့ရဲ့ သန်း ၅၀၀ ကို ပြန်ဆပ်အောင် မင်းကို သံကြိုးနဲ့ပဲ တုပ်ထားရတော့မလား။ "
ကျယ်ယန် သူ့ကိုယ်ကိုထိန်းကာ ထထိုင်လိုက်၏။ သူ ချိုးရှင်းကို အတန်ကြာစိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်၏။ " ကျွန်တော် ဗိုက်ဆာနေပြီ။ "
ချိုးရှင်းက ကျယ်ယန့်ကို မျက်နှာသေဖြင့် စိုက်ကြည့်နေရင်း နက်နက်ရှိုင်းရှိုင်း ခံစားချက်များက သူ့မျက်ဝန်းများထဲမှာ ဝေ့ဝဲလျက်။
" အိမ်သာသွားပြီး ရေလည်းချိုးချင်တယ်။ "
ချိုးရှင်းက အခုထိမလှုပ်သေး။
" ဆောရီး "
ချိုးရှင်း မျက်လုံး တင်းတင်းမှိတ်ကာ ထရပ်လိုက်ပြီး ကျယ်ယန့်ကို အိပ်ရာထက်မှ မသယ်လိုက်သည်။ ကျယ်ယန့်ကို ရေချိုးခန်းထဲသို့ ကိုယ်တစ်ပိုင်း ဆွဲခေါ်လာပြီး အိမ်သာရှေ့မှာ ချပေးသည်။
ကျယ်ယန် ချိုးရှင်းကို တစ်ချက်မော့ကြည့်လိုက်၏။ " ခင်ဗျား ကြည့်ချင်လို့လား။ "
ချိုးရှင်းက မှောင်မိုက်နေသော မျက်နှာထားဖြင့် လှည့်သွား၏။
" ခင်ဗျား အပြင်မထွက်ဘူးလား။ "
" ဆက်လုပ်စမ်းပါ !"
ကျယ်ယန် ဘောင်းဘီချွတ်ကာ ကိစ္စရှင်းပြီးနောက် အိမ်သာရေဆွဲချ၏။ ထို့နောက် ချိုးရှင်းကျောပေးထားရာဘက်လှည့်ကာ မေးလိုက်သည်။ " ကျွန်တော် ရေချိုးတော့မှာ။ ခင်ဗျားရော ဒီမှာ ဆက်စောင့်ပေးချင်သေးလား။ "
ချိုးရှင်းက လှည့်ကြည့်လာပြီး ကျယ်ယန့်ကို နှာခေါင်းရှုံ့ကာ လှောင်ရယ်လာ၏။ " ကျယ်ယန် မင်း အသိစိတ်ရောရှိသေးရဲ့လား။ မင်းက အခုမှ သေမင်းတံခါးက နိုးလာခါစရှိသေး ထမင်းစား ရေချိုးချင်နေပြီ။ မင်း -"
ကျယ်ယန် ချိုးရှင်းရှေ့တိုးကာ ဖက်လိုက်ပြီး ချိုးရှင်းကျောကို အသာလေး ပုတ်ပေးလိုက်၏။ ချိုးရှင်း ချက်ချင်းပဲ အသံတိတ်သွားကာ သူ့နှုတ်ခမ်းများသည်လည်း တင်းတင်းစေ့သွား၏။
" ကျွန်တော် သတိရလာချိန် ပထမဆုံးမြင်ရတဲ့သူက ခင်ဗျားဖြစ်နေတာ အရမ်းပျော်တာပဲ။ ချိုးရှင်း ဒီတစ်ခါက တကယ်ကို မတော်တဆပါ။ ကျွန်တော်က ကျန်းကျန်းမာမာနဲ့ အသက် ၁၀၀ အထိ နေသွားဦးမှာ။ ကတိပေးတယ်။ "
ချိုးရှင်း ခေါင်းကို တစ်ဖက်စောင်းလှည့်လိုက်သည်။
" ပြီးတော့ ကျေးဇူးပါ "
"......"
ချိုးရှင်း နောက်ဆုံးမှာတော့ လက်မြှောက်ကာ ကျယ်ယန့်ကျောကို ခဏမျှ ခပ်လျှော့လျှော့လေး ကိုင်လိုက်မိ၏။ ထို့နောက် ကျယ်ယန့် ပုခုံးပေါ်က သူ့လက်များကိုဖယ်ပြီး ကျယ်ယန့်ကို တွန်းထုတ်လိုက်သည်။ " ၅ မိနစ်အတွင်း အပြီးချိုးခဲ့။ ငါးမိနစ်နေလို့မှ ထွက်မလာရင် ဒီလူနာခန်းထဲကနေ ဘယ်တော့မှ မထွက်ရတော့ဘူးမှတ်။ "
ထို့နောက် ရေချိုးခန်းထဲမှ လှည့်ထွက်သွားကာ တံခါးကို ဆောင့်ပိတ်သွားချေ၏။
ကျယ်ယန် တံခါးဘက်သို့ ခဏစိုက်ကြည့်ကာ ပြုံးလိုက်မိ၏။ " ပြီးတော့ ခင်ဗျားလည်း အသက် ၁၀၀ ပြည့်အောင် နေရမယ်။ "
***
ကျယ်ယန် သူ့ဘဝမှာ အမြန်ဆုံးနှုန်းဖြင့် ရေချိုးခဲ့ရ၏။ သူ့ကိုယ်ကို ရေခြောက်အောင်တောင် မသုတ်နိုင်။ သူ့ကိုယ်သူ တံဘတ်တစ်ထည်နှင့်ပတ်ကာ ရေချိုးခန်းတံခါးကို ဖွင့်၏။ တံဘတ်အကြီးကြီးက သူ့တစ်ကိုယ်လုံးကို ပတ်လျက်သား။
ချိုးရှင်းက သူ့ကို တင်းတင်းကြပ်ကြပ် ထုတ်ပိုးကာ ဆွဲခေါ်လျက် ဆိုသည်။ " အင်္ကျီလဲပြီး အစာစားတော့။ "
ကျယ်ယန် သူ့လက်မောင်းကိုဖယ်ဖို့ ကြိုးစားသော်လည်း လှုပ်လို့တောင်မရ။ ချိုးရှင်းက သူ့ကို တင်းကြပ်နေအောင် ဖက်ထားတာကိုး။ " ကျွန်တော် သွားမတိုက်ရသေးဘူး။ ဒီလောက်တင်းအောင်ဖက်ထားရင် ကျွန်တော် လှုပ်လို့တောင် ရမှာမဟုတ်တော့ဘူး။ "
ချိုးရှင်း ခဏမျှတန့်သွားကာ မကျေမနပ်ဖြင့် တဘတ်ကိုဖြည်ပေး၏။ ထို့နောက် ကျယ်ယန့်ကိုယ်အပေါ်ပိုင်းကို သစ်သားပွတ်သလိုပွတ်ကာ စောင်ကို လွှတ်ပစ်လိုက်သည်။ ပြီးနောက် ကျယ်ယန့်အတွက် ရေချိုးဝတ်စုံတစ်ထည် ပစ်ပေးကာ သူကတော့ ဗီရိုထဲမှ hair dryer ကို ငုံ့ယူရင်း ပြောလာသည်။ " သွား သွားတိုက်ချည်။"
ကျယ်ယန်ကလည်း ပြောသည့်အတိုင်း နာခံပါ၏။
ချိုးရှင်းက hair dryer ကို ပလပ်ထိုးကာ သွားတိုက်နေသော ကျယ်ယန့်နောက်မှာ မတ်တပ်လာရပ်၏။ ဒီလူရဲ့အပြုအမူတွေက အောချရအောင်ကို သိမ်မွေ့နေသည်။ ကျယ်ယန် ချိုးရှင်းကို မှန်ထဲကနေ ပြုံးပြလိုက်သည်။
" ဘာလို့ အရူးလို ပြုံးနေတာလား။ "
ကျယ်ယန် ခေါင်းခါပြကာ သွားဆက်တိုက်နေလိုက်သည်။ မှန်ထဲက သူ့ကိုယ်သူပြန်ကြည့်မိတော့ တဒင်္ဂမျှ မှင်သက်သွား၏။ သူ့ပုံက နည်းနည်းပြောင်းလဲလာတာကို တွေ့လိုက်ရသည်။
မူလပိုင်ရှင်၏ ခန္ဓာကိုယ်က သူ့မူရင်းပုံစံနှင့် 80-90% ဆင်တူသော်လည်း နောက်ဆုံးမှာ 80-90% တူတာက တူတာပဲ။ အတိအကျ တူနေတာမှမဟုတ်တာ။ သူ့မူရင်းပုံနှင့် အမြဲတမ်း နည်းနည်းတော့ ကွဲပြားနေဆဲပင်။ အခုတော့ ထိုကွဲပြားမှု နည်းနည်းလေးကပင် မသိသာတော့။
မူလပိုင်ရှင်ရော သူရောက လူချောတွေဖြစ်ပေမဲ့ မူလပိုင်ရှင်၏ မျက်နှာသွင်ပြင်နှင့် ပင်ကိုယ်စိတ်ရင်းက နုညံ့သိမ်မွေ့ကာ သူကတော့ ပိုပြီး စွာသည်။ သူတို့မှာ မျက်လုံးပုံစံ တစ်ပုံတည်းရှိသော်ငြား သူမျက်လုံးထောင့်နားလေးတွေက မူလပိုင်ရှင်ထက် ကျယ်ကာ မျက်နှာလည်း ပိုချွန်သည်။ အမှန်က အရပ်ဆိုလည်း မူလပိုင်ရှင်ထက် စင်တီမီတာ နည်းနည်းလောက် ပိုမြင့်သေးသည်။ ထို့ကြောင့်ပဲ သူက မှန်ကြည့်ရတာ မကြိုက်တော့ဘဲ သူ့လက်ရှိအသွင်အပြင်ကို သိပ်အရေးမစိုက်တော့။ သို့သော် အခုက ...
ကျယ်ယန် သူ့မျက်လုံးစွန်းတွေကို ထိကြည့်ရင်း မှန်ထဲကနေ ချိုးရှင်းကို ကြည့်လိုက်သည်။ သွားတိုက်ဆေးအမြှုပ်များကိုလည်း ထွေးထုတ်ကာ ပြောလိုက်၏။ " ကျွန်တော် အရပ်ပိုရှည်လာသလိုပဲနော်။ " သူ့မျက်နှာပေါက်ကလည်း နဂိုပုံနှင့် ပိုတူလာသည်။
ချိုးရှင်း မှန်ထဲကိုလှည့်ကြည့်ကာ ကျယ်ယန့်ကို မျက်လုံးချင်းဆုံကြည့်လိုက်သည်။ ချက်ချင်းကို အကြည့်လွှဲဖို့ မျက်မှောင်ကြုတ်လိုက်ပြီး ကျယ်ယန့်၏ ဖွာလန်ကြဲနေသော ဆံပင်များကို လက်နှင့်ဖိကာ hair dryer ကို ပိတ်လိုက်သည်။ " အိပ်မက်မက်မနေနဲ့။ အဲ့ဒါ မင်းဆံပင်တွေ ထောင်နေလို့။ သွားတိုက်ပြီး ထမင်းစားတော့။ "
သူ့ဆံပင်ကြောင့်မဟုတ်တာ ရှင်းနေတာကို။
ကျယ်ယန် သွားတိုက်ဆေးအမြှုပ်များကို ပွတ်ဆေးကာ ချိုးရှင်းကို တမင်သက်သက် ရေစက်တွေဖြင့် ပတ်လိုက်သည်။ ချိုးရှင်းက ကျယ်ယန့်ကို စိုက်ကြည့်လာသော်ငြား ဘာမှတော့မပြော။ ရေချိုးခန်းထဲကသာ လှည့်ထွက်သွား၏။
***
အစားစားနေစဥ် သူ သတိလစ်နေတာ သုံးရက်တောင်ရှိသွားပြီမှန်း သိလိုက်ရ၏။ ထိုသုံးရက်အတွင်း ချိုးရှင်းက လူနာဆောင်မှာသာ နေခဲ့သည်။
" ဒါဆို ဝူရွေ့ဆီက ဖုန်းရတာနဲ့ ချက်ချင်းလိုက်လာတာပေါ့။ "
ချိုးရှင်းက စကားလမ်းကြောင်း လွှဲပစ်၏။ " အဲ့ဒီမုကျိုးယိက မင်းကို နေ့တိုင်းဖုန်းဆက်နေတာ။ ဒီနေ့တော့ လူကိုယ်တိုင် လာရှာတာပဲ။ "
ကျယ်ယန်သည် ချိုးရှင်း၏အမူအရာက တစ်ခုခုလွဲနေပြီးမှန်း သိလိုက်ရာ ရှင်းပြလိုက်ရသည်။ " ကျွန်တော်ဖျားနေတဲ့အကြောင်း ရွှီဟုန့်ကိုပဲပြောဖို့ ဝူရွှေ့ကို မှာခဲ့တယ်။ ဘယ်သူမှ ကျွန်တော့်ကို လာမတွေ့ခိုင်းနဲ့လို့လည်း ပြောခဲ့သေးတယ်။ "
" အားလုံးက ဟိုတယ်တစ်ခုတည်းမှာ နေတာ။ ဖုံးကွယ်လို့ ရမယ်လို့ ဘယ်လိုကြောင့် တွေးလိုက်တာတုန်း။ မုကျိုးယိနဲ့ ဘာတွေဖြစ်ခဲ့တာလဲ။ သူ့ကိုရော သေချာသိရဲ့လား။ "
" ကျွန်တော် သူနဲ့ မရင်းနှီးပါဘူး။"
" ဒါပေမဲ့ သူက မင်းကို အရမ်းဂရုစိုက်နေတာကရော။ "
" ဒါက အကြောင်းပြချက်နေမှာ။ ခင်ဗျား ကျွန်တော်နဲ့ ဖုန်းပြောနေတာကို ကြားသွားပြီး ခင်ဗျားကို သွေးဆောင်ဖြားယောင်ချင်လို့ လာတာနေမှာပေါ့။ "
"......"
ချိုးရှင်း ကျယ်ယန့်ကို မှုန်ကုတ်စွာဖြင့် ကြည့်လာ၏။
ကျယ်ယန်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ဆန်ပြုတ်သောက်နေသည်။ " အာဏာနဲ့ ပိုက်ဆံရဲ့ အစွမ်းကို လျော့မတွက်နဲ့။ မုကျိုးယိက ပိုက်ဆံ၊ အာဏာ၊ အဆင့်အတန်းရှိတဲ့လူတွေကို သဘောကျပုံပဲ။ သူက လူတွေရဲ့စိတ်ကိုလည်း လွယ်လွယ်ဖမ်းစားနိုင်တယ်။ ဒါ့အပြင် ဒါကတော့ ကျွန်တော့်ခန့်မှန်းချက်ပေါ့နော်။ သူက သူဌေးသားနဲ့ လက်ထပ်လို့ရအောင် ခင်ဗျားနဲ့ ကျွန်တော့်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေတာ။ သူ ဖုန်ချင်းလင်ကို ကြိုက်နေကြောင်းလည်း ကျွန်တော့်ကို ဝန်ခံထားသေးတယ်။ Congratulations ဗျာ ခင်ဗျားတူရဲ့ ဒုက္ခအိုးဇနီးသည်ကို ကြိုဆိုရတော့မယ်။ "
"... မင်းလောက်တော့ ဘယ်သူမှ ငါ့ကို ဒုက္ခမပေးပါဘူးကွာ။ " ချိုးရှင်းမျက်ခုံးက ပြေလျော့သွားပြီး သူ့မျက်နှာထားကလည်း ပိုကောင်းလာသည်။ သူက ကျယ်ယန့်ရှေ့ကို ဟင်းပွဲတိုးပေး၏။ " နားလိုက်ဦး ငါ့တူမှာ ဒီလိုမိန်းမမျိုး ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။ "
ကျယ်ယန် မျက်ခုံးပင့်လိုက်၏။ " ခင်ဗျားက မက်ဒရင်းဘဲ ရိုက်ချင်လို့လား။ "
(ETL: မက်ဒရင်းဘဲဆိုတာ တရုတ်မှာ တစ်သက်လုံးလက်တွဲသွားတဲ့ စုံတွဲတွေပါတဲ့။ အချစ်နဲ့ သစ္စရှိမှုရဲ့ သင်္ကေတပါ။ )
ချိုးရှင်းက ပြန်မဖြေ။
***
ညသန်းခေါင်ယံတွင် ကျယ်ယန်နိုးလာကာ သူ့ဘေးရှိ အိပ်ရာထက်မှာ အိပ်မောကျနေသော ချိုးရှင်းကို လှမ်းကြည့်လိုက်သည်။ သူ အသာထကာ ဘေးက စားပွဲပေါ်ရှိ ပန်းစည်းကို လှမ်းယူလိုက်သည်။
လတ်ဆတ်သော သဘာဝပေါက်ပင်၏ ရနံ့များက သူ့လက်ချောင်းထိပ်မှ ခန္ဓာကိုယ်သို့ ပျံ့နှံ့လာသည်။ သူ့စွမ်းအင်အမြုတေက လှုပ်ခါလာပြီး အခြေတည်စ စွမ်းအားများက စိမ့်ထွက်လာကာ အပင်ပတ်လည်မှာ ရှုပ်ထွေးတွယ်ငြိလျက်ရှိသည်။ စွမ်းအားများက ရောစပ်သွားကာ ပြန်လည်စစ်ထုတ်ပြီးနောက် အညစ်အကြေးများကို သန့်စင်သည်။ ထို့နောက် ပြန်လည်စုပ်ယူကာ သံသရာလည်စေရန် အပင်များကို ပြန်လည်အစာကျွေးပြန်သည်။
လူနာဆောင်ထဲက ပန်းရနံ့များက ရုတ်တရက် ပိုမိုသိပ်သည်းလာ၏။
ကျယ်ယန် သူ့လက်ကို ပြန်ရုတ်လိုက်သည်။
မူလပိုင်ရှင်၏ ကိုယ်လုံးကိုယ်ပေါက်က သူ့နှင့် နည်းနည်းကွာခြား၏။ သည်နိုးထမှုက သူ့ကို သန့်စင်စွမ်းအားကို ရလာစေသည်။ သန့်စင်စွမ်းအားအပြင် အရင်ဘဝက အားပြင်းသော ဖျက်ဆီးစွမ်းအားနှင့် တိုက်ခိုက်ရေးစွမ်းအားတို့နှင့်တော့ ကွာခြားသည်။
မဆိုးပါဘူး။
သူ့လက်ကို ငုံ့ကြည့်ရင်းမှ အိပ်ရာပေါ်က ချိုးရှင်းကို တစ်ဖန်ပြန်ကြည့်လိုက်မိသည်။ သူ အိပ်ရာကို အသာထိကာ အိပ်နေရင်း တောင့်တင်းနေသော ချိုးရှင်းမျက်နှာထားကို ကြည့်မိ၏။ သူ ဒူးထောက်ထိုင်ချကာ စောင်အပြင်က ချိုးရှင်းလက်ကို ထိကြည့်လိုက်သည်။
သူ့စွမ်းအားက နိုးထလာခါစဖြစ်၍ သူ့အမြုတေ၏ သိုလှောင်နိုင်စွမ်းပမာဏက အရမ်းနည်းသည်။ အဆင့်လည်း အကူအညီမဖြစ်သေး။ ချိုးရှင်းကို ကူညီချင်လျှင် သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာက ...
" ကိုယ့်ကို ထိချင်တာနဲ့ တစ်ညလုံး မအိပ်ဘဲ နေနေတာလား။ "
ကျယ်ယန် လန့်သွားကာ သူ့လက်ချောင်းထိပ်ကနေ စွမ်းအားအနည်းငယ်ကို ထုတ်လွှတ်မိသွား၏။ သူ မော့ကြည့်လိုက်တော့ ချိုးရှင်း၏ ပွင့်နေသော မျက်လုံးများနှင့် ဆုံသွားသည်။ နှုတ်ဆိတ်နေမိရာမှ " တကယ်တော့ ကျွန်တော် အိပ်မက်ယောင်နေပြီး လမ်းထလျှောက်နေတာ (Sleepwalking) " ဟု ဖြေလိုက်တော့သည်။
━━━━━━━━━━━━━━━━━━━━━━━
Zawgyi
အခန္း ( ၅၄ )
ခ်ိဳးရွင္း
...ၿပီးေတာ့ မုက်ိဳးယိ !
မုက်ိဳးယိကို ခ်ိဳးရွင္းနဲ႕ ေတြ႕ခြင့္မေပးနိုင္ဘူး !
က်ယ္ယန္ ဆတ္ခနဲ နိုးလာ၏။ သူ ခ်ိဳးရွင္းကို ႀကိဳးစားၿပီး ေခၚၾကည့္ေပမဲ့ သူ႕လည္ေခ်ာင္းေတြက အရမ္းကိုေျခာက္ေသြ႕လြန္းေနရာ ေလသံေတြသာ ထြက္လာ၏။ တံခါးက စကားသံေတြကို ၾကားေနရဆဲျဖစ္ကာ မုက်ိဳးယိကို ေမာင္းမထုတ္ရေသး။
သူ ကိုယ္ကိုအားျပဳ၍ ထထိုင္ကာ သူ႕လက္ဖမိုးက အပ္ကိုဆြဲျဖဳတ္လ်က္ ေျခဗလာျဖင့္ လူနာေဆာင္တံခါးသို႔ ထြက္လာခဲ့သည္။
မုက်ိဳးယိ ခ်ိဳးရွင္းနဲ႕ ေတြ႕လို႔မျဖစ္ဘူး။ မုက်ိဳးယိႏွင့္ တိုက္ရိုက္ထိေတြ႕မႈက ခ်ိဳးရွင္းကို တစ္ခုခုျဖစ္ေစမွာ ေသခ်ာသည္။ မုက်ိဳးယိ၏ ေ႐ႊလက္ေခ်ာင္းက ထိမိၿပီးသြားရင္ လူ႕ဦးေႏွာက္ကို တိုက္ရိုက္အက်ိဳးသက္ေရာက္ေစနိုင္သည္။ ၎ကို စြမ္းအားတစ္ခုအျဖစ္ ခြဲျခမ္းစိပ္ျဖာရလွ်င္ စိတ္ထိန္းခ်ဳပ္မႈစြမ္းအားျဖစ္မွာ အတိအက်ပင္။
စိတ္ထိန္းခ်ဳပ္မႈစြမ္းအားေတြက လူ႕ဦးေႏွာက္ကို အနည္းႏွင့္အမ်ားဆိုသလို ဆိုးက်ိဳးသက္ေရာက္မႈမ်ား ျဖစ္ေပၚေစသည္။ ထိုဆိုးက်ိဳးမ်ားက က်န္းမာေသာလူမ်ားကို မထိခိုက္ေစေသာ္လည္း ခ်ိဳးရွင္းမွာ နာတာရွည္ေရာဂါရွိသည္။ ထို႔အျပင္ သူ႕နာတာရွည္ေရာဂါ၏ မူလဇစ္ျမစ္က ဦးေႏွာက္ထဲမွာေလ။ ဦးေႏွာက္ထဲမွာ ကင္ဆာအႀကိတ္ရွိေနေသာ လူတစ္ေယာက္က စိတ္ထိန္းခ်ဳပ္မႈ သူ႕ဦးေႏွာက္ကို သက္ေရာက္ၿပီးသြားလွ်င္ အေျခအေနပိုဆိုးလာမလားဆိုတာ က်ယ္ယန္မွ မသိတာ။
မူရင္းဝတၳဳထဲတြင္ ဇာတ္လိုက္မႏွင့္ အႀကိမ္ႀကိမ္ေတြ႕ဆုံမိၿပီးေနာက္မွာ ခ်ိဳးရွင္းေရာဂါက ပိုမိုဆိုး႐ြားလာခဲ့သည္။ သူ ခ်ိဳးရွင္းကို သည္လို ျဖစ္ခြင့္မျပဳနိုင္ ...
" ေတာင္းပန္ပါတယ္ရွင္ ဒါရိုက္တာ႐ႊီက ဒီ character biography ကို က်ယ္ယန့္ဆီ ေပးခိုင္းလိုက္လို႔ပါ။ မစၥတာခ်ိဳး ၾကည့္ၾကည့္ ..."
" ငါ့ကို ေပး "
သူ႕မ်က္လုံးေတြထဲမွာ ခ်ိဳးရွင္းက မုက်ိဳးယိဆီ လက္လွမ္းလိုက္ၿပီးၿပီ။
ဘယ္က ဘယ္လို အားအင္ေတြထြက္လာမွန္း က်ယ္ယန္မသိေတာ့။ သူ႕၏ အားနည္းခ်ိနဲ႕ေသာ ခႏၶာကိုယ္ျဖင့္ တံခါးဆီသို႔ အေျပးသြားကာ မုက်ိဳးယိဆီလွမ္းထားေသာ ခ်ိဳးရွင္းကို လက္ေနာက္ျပန္ဆြဲလိုက္၏။ ခ်ိဳးရွင္းပုခုံးကို မ်က္ႏွာခ်င္းဆိုင္ဆြဲလွည့္ၿပီး ခ်ိဳးရွင္းကို သူ႕ကိုယ္လုံးႏွင့္ ကာလိုက္ေလသည္။ သူ မုက်ိဳးယိကို လွည့္ၾကည့္ၿပီး အားတင္းကာ ေမးလိုက္သည္။
" မင္းကို ဘယ္သူလာခိုင္းလို႔လဲ။ "
မုက်ိဳးယိ၏ ကမ္းထားေသာလက္က ျပန္ျပဳတ္က်သြားၿပီး သူမက က်ယ္ယန့္ကို ေၾကာင္အစြာျဖင့္ ၾကည့္ေနသည္။ သူမ မ်က္လုံးမ်ားက က်ယ္ယန္ႏွင့္ ခ်ိဳးရွင္း၏ ဒြိဟျဖစ္စရာ ကိုယ္ဟန္ကို ေဝ့ဝဲၾကည့္ရင္း ပါးစပ္အေဟာင္းသားျဖစ္သြားသည္။ စကားေတာင္ မေျပာနိုင္ေတာ့။
" ခင္ဗ်ားက ဖုန္ခ်င္းလင္ကို ႀကိဳက္ေနတာမဟုတ္ဘူးလား။ သူ႕ဆီ သြားကပ္ေန။ ငါ့လူကို လာမထိနဲ႕။ ဒီေနရာက ထြက္သြား !"
က်ယ္ယန္ မုက်ိဳးယိလက္ထဲက character biography ကို ဆြဲလုကာ ခ်ိဳးရွင္းကို ႏွစ္လမ္းေလာက္ အတြင္းထဲတြန္းပို႔ၿပီး လူနာေဆာင္တံခါးကို ဂ်ိဳင္းခနဲျမည္ေအာင္ ေဆာင့္ပိတ္လိုက္ေခ်၏။ ထို႔ေနာက္ မ်က္ေမွာင္ၾကဳတ္ကာ ခ်ိဳးရွင္းကို ၾကည့္လိုက္သည္။ သူ ခ်ိဳးရွင္းကို လူညစ္ပတ္ေတြႏွင့္ မေတြ႕ဖို႔ ေျပာခ်င္သည္။ သို႔ေသာ္လည္း ႐ုတ္တရတ္ မူးေဝလာၿပီး ခ်ိဳးရွင္းပုခုံးေပၚ မသက္မသာတင္ထားေသာ လက္ျဖင့္ ခ်ိဳးရွင္းကို တင္းတင္းဆုပ္ကာ ဖက္လိုက္ရသည္။
က်ယ္ယန္ဖက္တာခံလိုက္ရ၍ ခ်ိဳးရွင္း ေတာင့္ေတာင့္ႀကီးျဖစ္သြားရသည္။ ခဏမွ်ၾကာေတာ့ သူ လႈပ္ရွားလိုက္သည္။ သူ႕ပုခုံးထက္က ေခါင္းေလးကို ငုံ႕ၾကည့္ရင္း သူ ခ်ီတုံခ်တဳံျဖစ္သြားရသည္။ ထို႔ေနာက္ က်ယ္ယန့္ကိုယ္ကို ထိန္းေပးရန္အတြက္ ဂ႐ုတစိုက္ျဖင့္ က်င့္သားမရစြာ က်ယ္ယန့္ေက်ာေပၚ သူ႕လက္ႏွင့္ ဖက္လိုက္သည္။
သာမန္ထက္ ပိုျမင့္ေသာ ခႏၶာကိုယ္အပူခ်ိန္က ေဆး႐ုံအကၤ်ီမွတစ္ဆင့္ လႊင့္ထြက္လာကာ သူ႕လည္ပင္းႏွင့္တည့္တည့္မွာ ဝင္သက္ထြက္သက္တို႔က ရိုက္ခတ္ေနသည္။ ခ်ိဳးရွင္း က်ယ္ယန့္ကို ငုံ႕ၾကည့္ကာ ေမးလိုက္သည္။
" က်ယ္ယန္ ခုနက မင္းလူဆိုတာ ... အဲ့တာ ဘာလဲ။ "
က်ယ္ယန့္ဦးေႏွာက္က ပူေလာင္ေနၿပီး ခ်ိဳးရွင္းအသံကို လုံးဝမၾကားရ။ သူ႕ စြမ္အင္အျမဳေတက မတည္မၿငိမ္ျဖစ္လာၿပီး သူ႕အသက္ရႉႏႈန္းေတြလည္း တိုေတာင္းလာသည္။ သူ ခ်ိဳးရွင္းကို တင္းတင္းက်ပ္က်ပ္ ဖက္တြယ္႐ုံမွတစ္ပါး မတတ္နိုင္ေတာ့ေခ်။
သူ႕ပုံခုံးက တင္းတင္းအဖက္ခံရတာေၾကာင့္ နာလာသည္။ ခ်ိဳးရွင္း မ်က္ေမွာင္ၾကဳတ္သြားကာ တစ္ခုခုေတာ့ မွားေနၿပီမွန္း သေဘာေပါက္သြားခဲ့သည္။ သူ က်ယ္ယန့္မ်က္ႏွာကို ဆြဲေမာ့လိုက္ေတာ့ ကိုယ္အပူခ်ိန္က မူမမွန္စြာ ျမင့္တက္လို႔ေနမွန္း သိလိုက္ရသည္။ သူ႕မ်က္ႏွာထားသည္လည္း ေျပာင္းလဲသြား၏။ အစက က်ယ္ယန့္ကိုဖက္ထားမည့္အစား က်ယ္ယန့္လက္ကို တြဲထား၏။ အခုေတာ့ က်ယ္ယန့္ကို အိပ္ရာထဲျပန္သယ္လာၿပီး ကုတင္ေခါင္းရင္းက လူေခၚေခါင္းေလာင္းကို ႏွိပ္လိုက္သည္။
ကုတင္ေပၚေရာက္တာႏွင့္ က်ယ္ယန္က ေခြေခြေလးျဖစ္သြားကာ လက္ျမႇောက္၍ ေခါင္းကိုထိထား၏။
ေခါင္းကိုဖိထားေသာ က်ယ္ယန့္၏အျပဳအမူက ခ်ိဳးရွင္းကိုလႈံ႕ေဆာ္မိသြားၿပီး သူ႕အမူအရာက အလြန္အမင္း ထိတ္လန့္စရာေကာင္းလာသည္။ သူ က်ယ္ယန့္လက္ကို ဆြဲဖယ္ကာ ေမးလိုက္သည္။ " ဘာျဖစ္တာလဲ။ "
က်ယ္ယန့္အသိစိတ္မ်ားကလည္း မတည္ၿငိမ္ေတာ့။
" ဘာျဖစ္လို႔လဲ !" က်ယ္ယန့္ကို ၾကည့္ရင္း ခ်ိဳးရွင္းအသံက က်ယ္လာသည္။ ထို႔ေနာက္ အသက္ျပင္းျပင္းရႉကာ လူနာေဆာင္တံခါးဘက္သို႔ လွည့္ေအာ္လိုက္၏။ " ဆရာဝန္ ! ဘာလို႔ အခုထိ မလာၾကေသးတာလဲ !"
ကမာၻႀကီးက ဆန္းၾကယ္ၿပီး လွပခမ္းနားသည္။ က်ယ္ယန္ ခက္ခက္ခဲခဲ မ်က္လုံးမ်ားကိုဖြင့္ၾကည့္မိေတာ့ ရႈံ႕တြ႐ြဲၿပဲေနေသာ ႐ုပ္ပုံတစ္ခုလို သုန္မႈန္တည္တင္းေနေသာ ခ်ိဳူရွင္းမ်က္ႏွာကို ျမင္လိုက္ရသည္။ သူ႕မ်က္လုံးေတြ တစ္ဖန္ျပန္မွတ္က်သြားၿပီး ေနာက္တစ္ႀကိမ္ သတိမလစ္ခင္မွာ လက္ဆန့္ကာ ခ်ိဳးရွင္းကို လွမ္းထိလိုက္မိပါေသး၏။
သူနိုးလာေတာ့ သူ႕ကိုယ္အပူခ်န္က လုံးဝက်သြားၿပီ။ သူ႕ဦးေႏွာက္ထဲတြင္ နက္နက္ရွိုင္းရွိုင္း ဖြံ႕ၿဖိဳးလာေသာ စြမ္းအင္အျမဳေတက တိတ္တဆိတ္ အလုပ္လုပ္ေနၿပီး စြမ္းအင္ရရွိမႈကို ေတာင့္တေနသည္။ သူ႕ကိုယ္ကလည္း ယခင္ထက္ ပိုမိုသက္သာလာၿပီး အာ႐ုံငါးပါးကလည္း ၾကည္လင္ထက္ျမက္လာၿပီ။
အခန္းထဲက အလင္းေရာင္က အေတာ္ေလးမွိန္ေနသည္။ က်ယ္ယန္ သူ႕အၾကည့္ကို အခန္းထဲက ေနာက္ထပ္အသက္ရႉသံ လားရာတစ္ခုဆီ ပို႔လိုက္၏။ ခ်ိဳးရွင္းက လူနာေဆာင္ထဲက ဆိုဖာတစ္လုံးေပၚမွာထိုင္ေနကာ သူ႕မ်က္လုံးမ်ားက အရိပ္ေတြကြယ္ေနသည္။ မ်က္ႏွာက ေဖ်ာ့ေတာ့ကာ ႏႈတ္ခမ္းမ်ားက ျဖဴေယာ္လ်က္ မ်က္လုံးမ်ားက မႈန္မွိုင္းေနသည္။ ေသဆုံးသြားၿပီးျဖစ္ေသာ တေစၦတစ္ေကာင္အလား။
" က်ယ္ယန္ ေနသာရဲ႕လား။ "
ခ်ိဳးရွင္းအသံက ပုံမွန္ အလိုမက်ျဖစ္ေနတတ္ေသာ ေဒါသတို႔စြန္းထင္းကာ တိုးလ်၍ အပ္ကြဲေနသည္။
" မင္းရဲ႕ ခရီးစဥ္ ပထမရက္မွာ ငါ့ဖုန္းမွန္သမွ် ျပန္မေျဖဘဲ မိုးခ်ဳပ္ေအာင္ေနတယ္။ ၿပီးေတာ့ ေနာက္ရက္က်ေတာ့ ေဆး႐ုံတက္ရတယ္။ ေဆး႐ုံတက္႐ုံနဲ႕မၿပီးေသးဘူး အဖ်ားက ျပန္တက္လာေသးတယ္။ ဆရာဝင္ေတြက အေျဖရွာမေတြ႕ေသးဘူး။ ငါ့ကိုေျပာစမ္းပါ ငါ့ရဲ႕ သန္း ၅၀၀ ကို ျပန္ဆပ္ေအာင္ မင္းကို သံႀကိဳးနဲ႕ပဲ တုပ္ထားရေတာ့မလား။ "
က်ယ္ယန္ သူ႕ကိုယ္ကိုထိန္းကာ ထထိုင္လိုက္၏။ သူ ခ်ိဳးရွင္းကို အတန္ၾကာစိုက္ၾကည့္ကာ တစ္လုံးခ်င္း ေျပာလိုက္၏။ " ကြၽန္ေတာ္ ဗိုက္ဆာေနၿပီ။ "
ခ်ိဳးရွင္းက က်ယ္ယန့္ကို မ်က္ႏွာေသျဖင့္ စိုက္ၾကည့္ေနရင္း နက္နက္ရွိုင္းရွိုင္း ခံစားခ်က္မ်ားက သူ႕မ်က္ဝန္းမ်ားထဲမွာ ေဝ့ဝဲလ်က္။
" အိမ္သာသြားၿပီး ေရလည္းခ်ိဳးခ်င္တယ္။ "
ခ်ိဳးရွင္းက အခုထိမလႈပ္ေသး။
" ေဆာရီး "
ခ်ိဳးရွင္း မ်က္လုံး တင္းတင္းမွိတ္ကာ ထရပ္လိုက္ၿပီး က်ယ္ယန့္ကို အိပ္ရာထက္မွ မသယ္လိုက္သည္။ က်ယ္ယန့္ကို ေရခ်ိဳးခန္းထဲသို႔ ကိုယ္တစ္ပိုင္း ဆြဲေခၚလာၿပီး အိမ္သာေရွ႕မွာ ခ်ေပးသည္။
က်ယ္ယန္ ခ်ိဳးရွင္းကို တစ္ခ်က္ေမာ့ၾကည့္လိုက္၏။ " ခင္ဗ်ား ၾကည့္ခ်င္လို႔လား။ "
ခ်ိဳးရွင္းက ေမွာင္မိုက္ေနေသာ မ်က္ႏွာထားျဖင့္ လွည့္သြား၏။
" ခင္ဗ်ား အျပင္မထြက္ဘူးလား။ "
" ဆက္လုပ္စမ္းပါ !"
က်ယ္ယန္ ေဘာင္းဘီခြၽတ္ကာ ကိစၥရွင္းၿပီးေနာက္ အိမ္သာေရဆြဲခ်၏။ ထို႔ေနာက္ ခ်ိဳးရွင္းေက်ာေပးထားရာဘက္လွည့္ကာ ေမးလိုက္သည္။ " ကြၽန္ေတာ္ ေရခ်ိဳးေတာ့မွာ။ ခင္ဗ်ားေရာ ဒီမွာ ဆက္ေစာင့္ေပးခ်င္ေသးလား။ "
ခ်ိဳးရွင္းက လွည့္ၾကည့္လာၿပီး က်ယ္ယန့္ကို ႏွာေခါင္းရႈံ႕ကာ ေလွာင္ရယ္လာ၏။ " က်ယ္ယန္ မင္း အသိစိတ္ေရာရွိေသးရဲ႕လား။ မင္းက အခုမွ ေသမင္းတံခါးက နိုးလာခါစရွိေသး ထမင္းစား ေရခ်ိဳးခ်င္ေနၿပီ။ မင္း -"
က်ယ္ယန္ ခ်ိဳးရွင္းေရွ႕တိုးကာ ဖက္လိုက္ၿပီး ခ်ိဳးရွင္းေက်ာကို အသာေလး ပုတ္ေပးလိုက္၏။ ခ်ိဳးရွင္း ခ်က္ခ်င္းပဲ အသံတိတ္သြားကာ သူ႕ႏႈတ္ခမ္းမ်ားသည္လည္း တင္းတင္းေစ့သြား၏။
" ကြၽန္ေတာ္ သတိရလာခ်ိန္ ပထမဆုံးျမင္ရတဲ့သူက ခင္ဗ်ားျဖစ္ေနတာ အရမ္းေပ်ာ္တာပဲ။ ခ်ိဳးရွင္း ဒီတစ္ခါက တကယ္ကို မေတာ္တဆပါ။ ကြၽန္ေတာ္က က်န္းက်န္းမာမာနဲ႕ အသက္ ၁၀၀ အထိ ေနသြားဦးမွာ။ ကတိေပးတယ္။ "
ခ်ိဳးရွင္း ေခါင္းကို တစ္ဖက္ေစာင္းလွည့္လိုက္သည္။
" ၿပီးေတာ့ ေက်းဇူးပါ "
"......"
ခ်ိဳးရွင္း ေနာက္ဆုံးမွာေတာ့ လက္ျမႇောက္ကာ က်ယ္ယန့္ေက်ာကို ခဏမွ် ခပ္ေလွ်ာ့ေလွ်ာ့ေလး ကိုင္လိုက္မိ၏။ ထို႔ေနာက္ က်ယ္ယန့္ ပုခုံးေပၚက သူ႕လက္မ်ားကိုဖယ္ၿပီး က်ယ္ယန့္ကို တြန္းထုတ္လိုက္သည္။ " ၅ မိနစ္အတြင္း အၿပီးခ်ိဳးခဲ့။ ငါးမိနစ္ေနလို႔မွ ထြက္မလာရင္ ဒီလူနာခန္းထဲကေန ဘယ္ေတာ့မွ မထြက္ရေတာ့ဘူးမွတ္။ "
ထို႔ေနာက္ ေရခ်ိဳးခန္းထဲမွ လွည့္ထြက္သြားကာ တံခါးကို ေဆာင့္ပိတ္သြားေခ်၏။
က်ယ္ယန္ တံခါးဘက္သို႔ ခဏစိုက္ၾကည့္ကာ ၿပဳံးလိုက္မိ၏။ " ၿပီးေတာ့ ခင္ဗ်ားလည္း အသက္ ၁၀၀ ျပည့္ေအာင္ ေနရမယ္။ "
***
က်ယ္ယန္ သူ႕ဘဝမွာ အျမန္ဆုံးႏႈန္းျဖင့္ ေရခ်ိဳးခဲ့ရ၏။ သူ႕ကိုယ္ကို ေရေျခာက္ေအာင္ေတာင္ မသုတ္နိုင္။ သူ႕ကိုယ္သူ တံဘတ္တစ္ထည္ႏွင့္ပတ္ကာ ေရခ်ိဳးခန္းတံခါးကို ဖြင့္၏။ တံဘတ္အႀကီးႀကီးက သူ႕တစ္ကိုယ္လုံးကို ပတ္လ်က္သား။
ခ်ိဳးရွင္းက သူ႕ကို တင္းတင္းၾကပ္ၾကပ္ ထုတ္ပိုးကာ ဆြဲေခၚလ်က္ ဆိုသည္။ " အကၤ်ီလဲၿပီး အစာစားေတာ့။ "
က်ယ္ယန္ သူ႕လက္ေမာင္းကိုဖယ္ဖို႔ ႀကိဳးစားေသာ္လည္း လႈပ္လို႔ေတာင္မရ။ ခ်ိဳးရွင္းက သူ႕ကို တင္းၾကပ္ေနေအာင္ ဖက္ထားတာကိုး။ " ကြၽန္ေတာ္ သြားမတိုက္ရေသးဘူး။ ဒီေလာက္တင္းေအာင္ဖက္ထားရင္ ကြၽန္ေတာ္ လႈပ္လို႔ေတာင္ ရမွာမဟုတ္ေတာ့ဘူး။ "
ခ်ိဳးရွင္း ခဏမွ်တန့္သြားကာ မေက်မနပ္ျဖင့္ တဘတ္ကိုျဖည္ေပး၏။ ထို႔ေနာက္ က်ယ္ယန့္ကိုယ္အေပၚပိုင္းကို သစ္သားပြတ္သလိုပြတ္ကာ ေစာင္ကို လႊတ္ပစ္လိုက္သည္။ ၿပီးေနာက္ က်ယ္ယန့္အတြက္ ေရခ်ိဳးဝတ္စုံတစ္ထည္ ပစ္ေပးကာ သူကေတာ့ ဗီရိုထဲမွ hair dryer ကို ငုံ႕ယူရင္း ေျပာလာသည္။ " သြား သြားတိုက္ခ်ည္။"
က်ယ္ယန္ကလည္း ေျပာသည့္အတိုင္း နာခံပါ၏။
ခ်ိဳးရွင္းက hair dryer ကို ပလပ္ထိုးကာ သြားတိုက္ေနေသာ က်ယ္ယန့္ေနာက္မွာ မတ္တပ္လာရပ္၏။ ဒီလူရဲ႕အျပဳအမူေတြက ေအာခ်ရေအာင္ကို သိမ္ေမြ႕ေနသည္။ က်ယ္ယန္ ခ်ိဳးရွင္းကို မွန္ထဲကေန ၿပဳံးျပလိုက္သည္။
" ဘာလို႔ အ႐ူးလို ၿပဳံးေနတာလား။ "
က်ယ္ယန္ ေခါင္းခါျပကာ သြားဆက္တိုက္ေနလိုက္သည္။ မွန္ထဲက သူ႕ကိုယ္သူျပန္ၾကည့္မိေတာ့ တဒဂၤမွ် မွင္သက္သြား၏။ သူ႕ပုံက နည္းနည္းေျပာင္းလဲလာတာကို ေတြ႕လိုက္ရသည္။
မူလပိုင္ရွင္၏ ခႏၶာကိုယ္က သူ႕မူရင္းပုံစံႏွင့္ 80-90% ဆင္တူေသာ္လည္း ေနာက္ဆုံးမွာ 80-90% တူတာက တူတာပဲ။ အတိအက် တူေနတာမွမဟုတ္တာ။ သူ႕မူရင္းပုံႏွင့္ အၿမဲတမ္း နည္းနည္းေတာ့ ကြဲျပားေနဆဲပင္။ အခုေတာ့ ထိုကြဲျပားမႈ နည္းနည္းေလးကပင္ မသိသာေတာ့။
မူလပိုင္ရွင္ေရာ သူေရာက လူေခ်ာေတြျဖစ္ေပမဲ့ မူလပိုင္ရွင္၏ မ်က္ႏွာသြင္ျပင္ႏွင့္ ပင္ကိုယ္စိတ္ရင္းက ႏုညံ့သိမ္ေမြ႕ကာ သူကေတာ့ ပိုၿပီး စြာသည္။ သူတို႔မွာ မ်က္လုံးပုံစံ တစ္ပုံတည္းရွိေသာ္ျငား သူမ်က္လုံးေထာင့္နားေလးေတြက မူလပိုင္ရွင္ထက္ က်ယ္ကာ မ်က္ႏွာလည္း ပိုခြၽန္သည္။ အမွန္က အရပ္ဆိုလည္း မူလပိုင္ရွင္ထက္ စင္တီမီတာ နည္းနည္းေလာက္ ပိုျမင့္ေသးသည္။ ထို႔ေၾကာင့္ပဲ သူက မွန္ၾကည့္ရတာ မႀကိဳက္ေတာ့ဘဲ သူ႕လက္ရွိအသြင္အျပင္ကို သိပ္အေရးမစိုက္ေတာ့။ သို႔ေသာ္ အခုက ...
က်ယ္ယန္ သူ႕မ်က္လုံးစြန္းေတြကို ထိၾကည့္ရင္း မွန္ထဲကေန ခ်ိဳးရွင္းကို ၾကည့္လိုက္သည္။ သြားတိုက္ေဆးအျမႇုပ္မ်ားကိုလည္း ေထြးထုတ္ကာ ေျပာလိုက္၏။ " ကြၽန္ေတာ္ အရပ္ပိုရွည္လာသလိုပဲေနာ္။ " သူ႕မ်က္ႏွာေပါက္ကလည္း နဂိုပုံႏွင့္ ပိုတူလာသည္။
ခ်ိဳးရွင္း မွန္ထဲကိုလွည့္ၾကည့္ကာ က်ယ္ယန့္ကို မ်က္လုံးခ်င္းဆုံၾကည့္လိုက္သည္။ ခ်က္ခ်င္းကို အၾကည့္လႊဲဖို႔ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး က်ယ္ယန့္၏ ဖြာလန္ႀကဲေနေသာ ဆံပင္မ်ားကို လက္ႏွင့္ဖိကာ hair dryer ကို ပိတ္လိုက္သည္။ " အိပ္မက္မက္မေနနဲ႕။ အဲ့ဒါ မင္းဆံပင္ေတြ ေထာင္ေနလို႔။ သြားတိုက္ၿပီး ထမင္းစားေတာ့။ "
သူ႕ဆံပင္ေၾကာင့္မဟုတ္တာ ရွင္းေနတာကို။
က်ယ္ယန္ သြားတိုက္ေဆးအျမႇုပ္မ်ားကို ပြတ္ေဆးကာ ခ်ိဳးရွင္းကို တမင္သက္သက္ ေရစက္ေတြျဖင့္ ပတ္လိုက္သည္။ ခ်ိဳးရွင္းက က်ယ္ယန့္ကို စိုက္ၾကည့္လာေသာ္ျငား ဘာမွေတာ့မေျပာ။ ေရခ်ိဳးခန္းထဲကသာ လွည့္ထြက္သြား၏။
***
အစားစားေနစဥ္ သူ သတိလစ္ေနတာ သုံးရက္ေတာင္ရွိသြားၿပီမွန္း သိလိုက္ရ၏။ ထိုသုံးရက္အတြင္း ခ်ိဳးရွင္းက လူနာေဆာင္မွာသာ ေနခဲ့သည္။
" ဒါဆို ဝူေ႐ြ႕ဆီက ဖုန္းရတာနဲ႕ ခ်က္ခ်င္းလိုက္လာတာေပါ့။ "
ခ်ိဳးရွင္းက စကားလမ္းေၾကာင္း လႊဲပစ္၏။ " အဲ့ဒီမုက်ိဳးယိက မင္းကို ေန႕တိုင္းဖုန္းဆက္ေနတာ။ ဒီေန႕ေတာ့ လူကိုယ္တိုင္ လာရွာတာပဲ။ "
က်ယ္ယန္သည္ ခ်ိဳးရွင္း၏အမူအရာက တစ္ခုခုလြဲေနၿပီးမွန္း သိလိုက္ရာ ရွင္းျပလိုက္ရသည္။ " ကြၽန္ေတာ္ဖ်ားေနတဲ့အေၾကာင္း ႐ႊီဟုန့္ကိုပဲေျပာဖို႔ ဝူေ႐ႊ႕ကို မွာခဲ့တယ္။ ဘယ္သူမွ ကြၽန္ေတာ့္ကို လာမေတြ႕ခိုင္းနဲ႕လို႔လည္း ေျပာခဲ့ေသးတယ္။ "
" အားလုံးက ဟိုတယ္တစ္ခုတည္းမွာ ေနတာ။ ဖုံးကြယ္လို႔ ရမယ္လို႔ ဘယ္လိုေၾကာင့္ ေတြးလိုက္တာတုန္း။ မုက်ိဳးယိနဲ႕ ဘာေတြျဖစ္ခဲ့တာလဲ။ သူ႕ကိုေရာ ေသခ်ာသိရဲ႕လား။ "
" ကြၽန္ေတာ္ သူနဲ႕ မရင္းႏွီးပါဘူး။"
" ဒါေပမဲ့ သူက မင္းကို အရမ္းဂ႐ုစိုက္ေနတာကေရာ။ "
" ဒါက အေၾကာင္းျပခ်က္ေနမွာ။ ခင္ဗ်ား ကြၽန္ေတာ္နဲ႕ ဖုန္းေျပာေနတာကို ၾကားသြားၿပီး ခင္ဗ်ားကို ေသြးေဆာင္ျဖားေယာင္ခ်င္လို႔ လာတာေနမွာေပါ့။ "
"......"
ခ်ိဳးရွင္း က်ယ္ယန့္ကို မႈန္ကုတ္စြာျဖင့္ ၾကည့္လာ၏။
က်ယ္ယန္ကေတာ့ တည္တည္ၿငိမ္ၿငိမ္ပဲ ဆန္ျပဳတ္ေသာက္ေနသည္။ " အာဏာနဲ႕ ပိုက္ဆံရဲ႕ အစြမ္းကို ေလ်ာ့မတြက္နဲ႕။ မုက်ိဳးယိက ပိုက္ဆံ၊ အာဏာ၊ အဆင့္အတန္းရွိတဲ့လူေတြကို သေဘာက်ပဳံပဲ။ သူက လူေတြရဲ႕စိတ္ကိုလည္း လြယ္လြယ္ဖမ္းစားနိုင္တယ္။ ဒါ့အျပင္ ဒါကေတာ့ ကြၽန္ေတာ့္ခန့္မွန္းခ်က္ေပါ့ေနာ္။ သူက သူေဌးသားနဲ႕ လက္ထပ္လို႔ရေအာင္ ခင္ဗ်ားနဲ႕ ကြၽန္ေတာ့္ကို မ်က္ႏွာလိုမ်က္ႏွာရ လုပ္ခ်င္ေနတာ။ သူ ဖုန္ခ်င္းလင္ကို ႀကိဳက္ေနေၾကာင္းလည္း ကြၽန္ေတာ့္ကို ဝန္ခံထားေသးတယ္။ Congratulations ဗ်ာ ခင္ဗ်ားတူရဲ႕ ဒုကၡအိုးဇနီးသည္ကို ႀကိဳဆိုရေတာ့မယ္။ "
"... မင္းေလာက္ေတာ့ ဘယ္သူမွ ငါ့ကို ဒုကၡမေပးပါဘူးကြာ။ " ခ်ိဳးရွင္းမ်က္ခုံးက ေျပေလ်ာ့သြားၿပီး သူ႕မ်က္ႏွာထားကလည္း ပိုေကာင္းလာသည္။ သူက က်ယ္ယန့္ေရွ႕ကို ဟင္းပြဲတိုးေပး၏။ " နားလိုက္ဦး ငါ့တူမွာ ဒီလိုမိန္းမမ်ိဳး ဘယ္ေတာ့မွ ရွိလာမွာမဟုတ္ဘူး။ "
က်ယ္ယန္ မ်က္ခုံးပင့္လိုက္၏။ " ခင္ဗ်ားက မက္ဒရင္းဘဲ ရိုက္ခ်င္လို႔လား။ "
(ETL: မက္ဒရင္းဘဲဆိုတာ တ႐ုတ္မွာ တစ္သက္လုံးလက္တြဲသြားတဲ့ စုံတြဲေတြပါတဲ့။ အခ်စ္နဲ႕ သစၥရွိမႈရဲ႕ သေကၤတပါ။ )
ခ်ိဳးရွင္းက ျပန္မေျဖ။
***
ညသန္းေခါင္ယံတြင္ က်ယ္ယန္နိုးလာကာ သူ႕ေဘးရွိ အိပ္ရာထက္မွာ အိပ္ေမာက်ေနေသာ ခ်ိဳးရွင္းကို လွမ္းၾကည့္လိုက္သည္။ သူ အသာထကာ ေဘးက စားပြဲေပၚရွိ ပန္းစည္းကို လွမ္းယူလိုက္သည္။
လတ္ဆတ္ေသာ သဘာဝေပါက္ပင္၏ ရနံ႕မ်ားက သူ႕လက္ေခ်ာင္းထိပ္မွ ခႏၶာကိုယ္သို႔ ပ်ံ့ႏွံ႕လာသည္။ သူ႕စြမ္းအင္အျမဳေတက လႈပ္ခါလာၿပီး အေျခတည္စ စြမ္းအားမ်ားက စိမ့္ထြက္လာကာ အပင္ပတ္လည္မွာ ရႈပ္ေထြးတြယ္ၿငိလ်က္ရွိသည္။ စြမ္းအားမ်ားက ေရာစပ္သြားကာ ျပန္လည္စစ္ထုတ္ၿပီးေနာက္ အညစ္အေၾကးမ်ားကို သန့္စင္သည္။ ထို႔ေနာက္ ျပန္လည္စုပ္ယူကာ သံသရာလည္ေစရန္ အပင္မ်ားကို ျပန္လည္အစာေကြၽးျပန္သည္။
လူနာေဆာင္ထဲက ပန္းရနံ႕မ်ားက ႐ုတ္တရက္ ပိုမိုသိပ္သည္းလာ၏။
က်ယ္ယန္ သူ႕လက္ကို ျပန္႐ုတ္လိုက္သည္။
မူလပိုင္ရွင္၏ ကိုယ္လုံးကိုယ္ေပါက္က သူ႕ႏွင့္ နည္းနည္းကြာျခား၏။ သည္နိုးထမႈက သူ႕ကို သန့္စင္စြမ္းအားကို ရလာေစသည္။ သန့္စင္စြမ္းအားအျပင္ အရင္ဘဝက အားျပင္းေသာ ဖ်က္ဆီးစြမ္းအားႏွင့္ တိုက္ခိုက္ေရးစြမ္းအားတို႔ႏွင့္ေတာ့ ကြာျခားသည္။
မဆိုးပါဘူး။
သူ႕လက္ကို ငုံ႕ၾကည့္ရင္းမွ အိပ္ရာေပၚက ခ်ိဳးရွင္းကို တစ္ဖန္ျပန္ၾကည့္လိုက္မိသည္။ သူ အိပ္ရာကို အသာထိကာ အိပ္ေနရင္း ေတာင့္တင္းေနေသာ ခ်ိဳးရွင္းမ်က္ႏွာထားကို ၾကည့္မိ၏။ သူ ဒူးေထာက္ထိုင္ခ်ကာ ေစာင္အျပင္က ခ်ိဳးရွင္းလက္ကို ထိၾကည့္လိုက္သည္။
သူ႕စြမ္းအားက နိုးထလာခါစျဖစ္၍ သူ႕အျမဳေတ၏ သိုေလွာင္နိုင္စြမ္းပမာဏက အရမ္းနည္းသည္။ အဆင့္လည္း အကူအညီမျဖစ္ေသး။ ခ်ိဳးရွင္းကို ကူညီခ်င္လွ်င္ သူ လုပ္နိုင္သည့္ တစ္ခုတည္းေသာ အရာက ...
" ကိုယ့္ကို ထိခ်င္တာနဲ႕ တစ္ညလုံး မအိပ္ဘဲ ေနေနတာလား။ "
က်ယ္ယန္ လန့္သြားကာ သူ႕လက္ေခ်ာင္းထိပ္ကေန စြမ္းအားအနည္းငယ္ကို ထုတ္လႊတ္မိသြား၏။ သူ ေမာ့ၾကည့္လိုက္ေတာ့ ခ်ိဳးရွင္း၏ ပြင့္ေနေသာ မ်က္လုံးမ်ားႏွင့္ ဆုံသြားသည္။ ႏႈတ္ဆိတ္ေနမိရာမွ " တကယ္ေတာ့ ကြၽန္ေတာ္ အိပ္မက္ေယာင္ေနၿပီး လမ္းထေလွ်ာက္ေနတာ (Sleepwalking) " ဟု ေျဖလိုက္ေတာ့သည္။
━━━━━━━━━━━━━━━━━━━━━━━