ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

423K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 52

4.5K 787 2
By PoneyPeach

Unicode
  အခန်း ( ၅၂ )

မီးခိုးမြူဂီတသံက ရုတ်တရက်ပျံ့လွင့်လာပြီး ပိုမိုပါးလွှာပြတ်သားလာ၏။ ၎င်းက မမြင်နိုင်သော ကြိုးကွင်းတစ်ခုနှယ် သူတို့အာရုံများကို တင်းကြပ်စွာ တုပ်နှောင်သွာသည်။

အစက အေးအေးသက်သာဖြစ်နေသော ရှန်ယန်၏ ကိုယ်နေဟန်ထားက ချက်ချင်းလက်ငင်း ပြောင်းလဲသွားပြီး ကျယ်ယန့်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေ၏။ ရိုက်ကွင်းထဲရှိလူအားလုံးက အံ့သြမှင်သက်လျက်ရှိကာ ကျယ်ယန့်ကို အသံတိတ် စိုက်ကြည့်နေကြသည်။ ဒီအမူအရာ၊ ဒီအရှိန်အဝါ၊ ဒီကျက်သေရှိမှုက ရူးသွပ်ဖွယ် တယောဟန်ပန်နှင့် ပေါင်းစပ်သွား၏ … ကျယ်ယန်က အဆိုတော်မဟုတ်ဘူးလား။ ဒီ ရုတ်တရက် ပေါက်ကွဲထွက်မှုကြီးက ဘာလဲ။

တစ်ဖက်၌မူ ရွှီဟုန် သူ့စိုးရိမ်ပူပန်မှုများ သက်သာသွားချေပြီ။ သူ့နေရာကို အမြန်ပြန်လာပြီး ကျယ်ယန့်ကို ကင်မရာချိန်လိုက်၏။ သူ့အမူအရာကတော့ အတော့်ကိုစိတ်လှုပ်ရှားလို့။ သူ့ဘယ်ဘက်က လောင်ရှို့ယူကတော့ ကျယ်ယန် တယောညှိကတည်းက ကျယ်ယန့်ကို စောင့်ကြည့်နေခဲ့၏။ အခုတော့ သတိအနေအထားဖြင့် မတ်တပ်ရပ်လျှက် လက်သီးဆုပ်ထား၏။ တစ်ဖက်တွင်တော့ ရွယ်ရှန့်က အံ့သြမှင်သက်ကာ တုန်လှုပ်သွားရသည်။

လူတကာက ကျယ်ယန့်ကို စိုက်ကြည့်နေသော်လည်း ကျယ်ယန့်အကြည့်များက နားနေခန်းထဲက သူနှင့်မျက်စောင်းထိုးမှာထိုင်နေသော မုကျိုးယိအပေါ်သာ မြဲမြံလျက်။ မုကျိုးယိကို စိုက်​ကြည့်​နေ​သော သူ့မျက်လုံးများက သားကောင်ကိုချောင်ပိတ်ဖမ်းမိလိုက်သော မုဆိုးတစ်ကောင်လို။ သူ့လက်လှုပ်ရှားမှုများက တင်းကျပ်ကာ မြန်ဆန်လာ၏။  

တယောသံစူးရှရှက အမဲလိုက်နေသောသားကောင်းကို လည်ပင်းညှစ်လိုက်ရသော သုံးလွန်းတင်ကြိုးတစ်ချောင်းနှယ် အသံတိမ်ဝင်သွားသည်။ အရူးအမူး ကြိုးကိုတင်းပြီးမှ ထောင်ချောက်တစ်ခုလို ဖြေလျှော့ပေးပြန်၏။ ခုတစ်မျိုး တော်ကြာတစ်မျိုးဖြင့် အပြောင်းအလဲမြန်ကာ အေးစက်ပြီး သွေးဆာနေသည်။

ကျယ်ယန်၏ အမူအရာ ပို၍ပို၍ စိတ်လှုပ်ရှားတက်ကြွလာ၏။ သူက မုကျိုးယိမျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ ပြုံးနေသော နှုတ်ခမ်းကို ပြန်တည်လိုက်သည်။ သူဘေးရှိဘီရိုမှ ထင်နေသော အရိပ်ထဲသို့ တိုးဝင်သွားကာ ကြိုးကို ခပ်လေးလေးဆွဲ၏။

တယောသံက သွေးရည်ကြည်သံတွေလို ပွက်ပွက်ဆူလာပြီး တတွတ်တွတ် ရေရွတ်နေဟန် : ပြေးလေ ဘာလို့မပြေးတာလဲ။

မုကျိုးယိက ကြောင်အလျက်သား။  သူမအကြည့်လွှဲလိုက်သည့်အဆုံးမှသာ ကျယ်ယန့်မျက်ဝန်းများနှင့် တယောသံ၏ ထိန်းချုပ်မှုမှ ပြန်လည်လွတ်မြောက်လာသည်။ ထို့နောက် ကျယ်ယန်က ဘေးသို့လှည့်သွားပြီး သူ့ဘေးက နာရီအထူကြီးနောက်သို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ တယောသံသည်လည်း ရုတ်ခြည်း ရပ်တန့်သွားပြီ။ 

အသိပြန်ဝင်လာသော မုကျိုးယိသည် အနီးကပ်သေချာကြည့််လိုက်ပါသော်လည်း ထိန်းမနိုင်သိမ်းမရ ကြောက်ရွံ့တုန်လှုပ်နေသည်။ ဒီလူက သူမကို စိုက်ကြည့်နေတုန်းပဲ။ သူ့ကို ကြည့်နေသေးတယ်ဆိုတာကို မုကျိုးယိသိသည်။

ရိုက်ကွင်းက တခြားသူများကတော့ တယောသံမှ နိုးထကာ ဂနာမငြိမ်ဖြစ်နေကြ၏။ ရွီဟုန်က သူ့ကင်မရာကို အရှေ့တွန်းထုတ်လိုက်သည်နှင့် ပိုလို့တောင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ရိုက်ကွင်းထဲက ရှန်ယန်သည်လည်း နားလည်သွားပြီး ရိုက်ကူးရေးမှ နောက်သို့ဆုတ်ပေးလိုက်သည်။

ချူသံတချွင်ချွင်။ ဆည်းလည်းများက စတူဒီယို၏ လေငြိမ်ရာ ထောင့်တစ်နေရာမှ ရုတ်တရက် မြည်လာ၏။ တိတ်ဆိတ်နေသော လေထုတွင် ကြည်လင်ပြတ်သားနေသော ပင်ကိုယ်အသံက ခြေထောက်နှင့် မြေကြီးမထိသည့် ခံစားချက်မျိုး ပေးစွမ်းလျက်သား။

မုကျိုးယိ လန့်ဖြန့်သွား၏။ ဘယ်နေရာကလဲ။ သူ့မျက်လုံးများက ကတုန်ကယင်ဖြစ်နေကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဆည်းလည်းများကို မကြည့်ဘဲမနေနိုင်၍ လှမ်းကြည့်လိုက်သည်။

ချွင်… ချွင်

သရဲတစ်ကောင်က အမှောင်ထဲမှာ လူသတ်လက်နက်ကို တရွတ်တိုက်ဆွဲလာသည့်အလား ဆည်းလည်းများက တစ်ဆက်တည်း လှုပ်ရှားသွားသည်။ ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ကြီးကလည်း တစ်ဖန်ပြန်လည်တိတ်ဆိတ်သွား၏။ လူအများ၏ စိတ်အာရုံသည်ကား ဆည်းလည်းသံ၊ စာအုပ်စင်ပေါ်က ရုတ်တရက်ပွင့်လာသော music box နှင့် ဂီတသံတိုးတိုးညင်းညင်းထွက်လာသော အရုပ်အကျိုးအပဲ့တို့ထံမှ ဖမ်းစားခံလိုက်ရသည်။  

လူတိုင်းက အလန့်တကြားဖြင့် music box ကို စိုက်ကြည့်ကြ၏။ မုကျိုးယိသည်လည်း  music box ကို မကြည့်ဘဲမနေနိုင်ချေ။ ခဏအကြာတွင်  music box ၏ စည်းချက်အတိုင်း တယောထိုးလာပြန်သည်။

လူအများက တယောသံလာရာကို ကူကယ်ရာမဲ့ ကြည့်မိကြ၏။ တယောယံထွက်လာတာ ဘယ်ကလဲ။ ညာဘက်ကလား မဟုတ်ဘူး အနောက်ဘက်က —

ထိတ်လန့်ဖွယ် မသဲမကွဲအသံထွက်လာပြီးနောက် တယောသံငြိမ့်ငြိမ့်က ပိုမိုကျယ်လောင် သိပ်သည်းလာ၏။ ၎င်းက နားစည်ကို တူရှည်ကြီးတစ်ခုနှင့် ပြင်းထန်စွာ ထုရိုက်နေသည့်နှယ် အသက်ရှူကျပ်ကာ နှလုံးခုန်နှုန်းတွေ မြန်လာ၏။ တယောသံစည်းချက်က ပိုမြန်ကာ ပိုကျယ်လာသည်။ လူအများ၏ နှလုံးခုန်သံ အကန့်အသတ်ကို ကျော်ဖြတ်သွားကာ ရုတ်တရက် ပြန်တိုးလျသွားပြီးနောက် အရှိုက်ကိုထိသွားသည်။

အားလုံးက ခြောက်ခြားထိတ်လန့်စွာ လှည့်ပတ်ကြည့်ကြသည်။ ဂီတသံ ဘယ်ကလာသလဲဆိုတာ သူတို့မပြောနိုင်သေး။

သုံးလွန်းတင်ကြိုးက နတ်ဆိုး၏လက်ဖဝါးဖြစ်လာပြီး လူအများ၏ နှလုံးသားကို ဆွဲထုတ်နေသည်။ ထပ်မံတင်းကျပ်စေပြီးနောက် ကြိုးကို ဆော့ကစားသည့်နှယ် တစ်ဖန်ပြန်လျှော့ပေးပြန်သည်။ စိတ်တုန်လှုပ်စရာ ကွဲအက်အက်တ​ယောသံက မကောင်းဆိုးဝါး၏ သောကနှင့် ရယ်မောသံအလား။ မကောင်းဆိုးဝါးက အမှောင်ထုထဲမှ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာကာ ထွက်ပေါက်ရှာမတွေ့သော သားကောင်ထံသို့ လက်သည်းများကို ဆန့်ထုတ်လိုက်လေတော့သတည်း …

“ အား !”

ရိုက်ကွင်းအစွန်းနားလေးက မုကျိုးယိသည် ကြောက်လန့်တကြားဖြင့် ထအော်၏။ သူမက သူမနှင့်အနီးဆုံး ရိုက်ကွင်းထောင့်တစ်နေရာကို ဖျော့တော့စွာကြည့်ရင်း သူမလက်ထောက်အနောက်သို့ ဒယီးဒယိုင်ဖြင့် ထပုန်းတော့သည်။ 

တယောသံကလည်း ရပ်တန့်သွားချေပြီ။ ကျယ်ယန်က မုကျိုးယိစိုက်ကြည့်နေသော ထောင့်နားမှထွက်လာပြီး သူမကို ပြောသည်။
“ တောင်းပန်ပါတယ်ဗျာ။ စီနီယာကို လန့်သွားစေဖို့ မရည်ရွယ်ပါဘူး။ ”

ဂီတက ထွက်ပေါ်လာသော စိတ်၏လှည့်စားရာက ပျောက်ကွယ်သွားပြီး လူတိုင်းအသိဝင်လာကြသည်။ ထို့နောက် သူတို့အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ ကျယ်ယန်က ဒီကို ဘယ်တုန်းက ရောက်နေတာပါလိမ့်။

မုကျိုးယိက သူမလက်ထောက်ကိုဆွဲကာ ပုံမှန်ပြန်ဖြစ်သွားသော ကျယ်ယန်ကို လှမ်းကြည့်နေ၏။ သူမက စကားမပြောနိုင်လောက်အောင်ကို အံ့အားသင့်လျက်။ တခြားသူတွေက သိပ်မခံစားရပေမဲ့ သူမကတော့ တယောသံကြားမှာ လှောင်ပိတ်မိခဲ့သည်။ ဟုတ်တယ် သူမကို ဂီတသံက ပိတ်လှောင်သွားခဲ့တာ ! အခုလေးတင် ဂီတင်သံတွေက သူမအနားကို တရွေ့ရွေ့ ချဥ်းကပ်လာခဲ့သည်။ ကျယ်ယန့်ပုံရိပ် ဘွားခနဲပေါ်လာပြီး တေးဂီတစည်းချက်တွေက လူသတ်လက်နက်နှင့် ချဥ်းကပ်လာသော လူသတ်သမားတစ်ယောက်အလား။  ကျယ်ယန့်မျက်လုံးနဲ့ အမူအရာတွေက ... ကြောက်စရာကောင်းတယ်။ တကယ်ကြောက်စရာကြီး။

ရွှီဟုန်က စိတ်လှုပ်ရှားစွာဖြင့် ထအော်၏။   “ ဒီခံစားချက်ပဲ !  ဇာတ်ညွှန်းထဲမှာ ဒီလိုရေးထားတယ်။ ဆည်းလည်း၊ music box၊ တယောနဲ့ အသံတွေက တရွေ့ရွေ့ချဥ်းကပ်လာတယ်။ ရီပင်းကို ဂီတဆိုင်ဟောင်းကို မျှားခေါ် လာပြီး ခေါင်းပြတ်ယင်ကောင်လိုမျိုး လှည့်ပတ်ပျံသန်းနေတာ။ ကျယ်ယန် မင်းအခုတီးလိုက်တဲ့ သီချင်းက အရမ်းကောင်းတယ် ! မင်းအမူအရာနဲ့ ကိုယ်ဟန်အနေအထားတွေကလည်း အရမ်းမိုက်ပဲ ! ဒါပဲသုံးရအောင် တေးသွားအတွက် ဒါကိုပဲ သုံး​ကြမယ် !”

ကျယ်ယန် ရွှီဟုန်ကို ကြည့်လိုက်သည်။   “ ဒီလိုဆို ကျွန်တော်က ဆရာလောင်ရဲ့အလုပ်ကို လုယူလိုက်သလိုဖြစ်မနေဘူးလား။ ”

“ အလုပ်ဆိုတာ အရည်အချင်းနဲ့ ဆိုင်တယ်။ မင်းတေးသွားက ပြည့်စုံနေပြီ။ ဒါထက်ပိုကောင်းတဲ့တစ်ပုဒ်ကို ကိုယ် မလုပ်နိုင်တော့ဘူး။ ”  လောင်ရှို့ယူက ကျယ်ယန့်ထံ လျှောက်လာ၏။ သူက ကျယ်ယန့်လက်ထဲက တယောကိုဆွဲယူကာ နုတ်အနည်းငယ်ကို သူ့ဘာသာတီးခတ်ကြည့်သည်။ ထို့နောက် စိတ်အားထက်သန်စွာဖြင့် မေးလာ၏။  “ ခုနက တေးသွား copy ကို လုပ်ပေးနိုင်မလား။ ”

“ ဟုတ်ကဲ့ ”

ရှန်ယန်ကလည်း ထွက်လာပြီး ကျယ်ယန့်ကို ဂရုတစိုက် စုံစမ်းမေးမြန်းလာ၏။  “ ကိုယ် မှတ်မိသလောက်ဆို မင်းက သရုပ်ဆောင်မေဂျာကမလား။ ”

“ ဟုတ်ပေမဲ့ ကျွန်တော့်ရဲ့ ပညာအဆင့်က ဆိုးပါတယ်။ ”  ဒါက အမှန်ပင်။ မူလပိုင်ရှင်၏ မေဂျာက သိပ်မကောင်းပေ။ ထို့အပြင် ကျယ်ယန်ကလည်း အရင်ဘဝတုန်းကတည်းက သရုပ်ဆောင်နယ်ပယ်နှင့် လုံးဝအဆက်အဆံမရှိခဲ့ရာ သူ့၏သရုပ်ဆောင်စွမ်းရည်ကလည်း လုံးဝဥဿုံ ဗလာနတ္ထိ။

သူက ကျယ်ယန့်စကားကို သဘောမတူဟန်ဖြင့် ခေါင်းခါ၏။

ရွှီဟုန်ပါရောက်လာပြီး ရှန်ယန်နှင့် ကျယ်ယန်စကားပြောနေတာကို ကြားသွားသည်။ သူက ခေါင်းယမ်းကာ ကျယ်ယန့်ပုခုံးကို အားတက်သရောဖြင့် ပုတ်၏။  “ မင်း ဘာတွေပြောနေတာလဲ။ မင်းက တကယ့်ကို သရုပ်ဆောင်ပါရမီရှိတာ။ မင်းရဲ့ အမူအရာနဲ့ ခံစားချက်တွေက မှန်တယ်။ မင်းသာ ဂီတပညာရှင်ရဲ့ပုံစံနဲ့လိုက်ဖက်အောင် အသက်မငယ်လွန်း​နေဘူးဆိုရင် ယွင်ကျား ဇာတ်ညွှန်းထဲက ခုန်ထွက်လာတယ်လို့ ထင်မိ​တော့မှာ။ ”

ရွှီဟုန် မုကျိုးယိကို ဆတ်ခနဲကြည့်ကာ မျက်မှောင်ကြုတ်သွား၏။ “ ခုနက မင်းရဲ့တုံ့ပြန်မှုက ဘာလဲ။ မင်း တကယ်ကြောက်သွားတာလား။ နောက်တစ်ခါ ရိုက်ကူးရေးလုပ်ရင် ဒီလိုပုံမျိုးမဖြစ်စေနဲ့။ နောက်ငါးမိနစ်နား​လိုက်။ ငါးမိနစ်နားပြီးရင် ရိုက်ကူးရေးစကြမယ် !”

လူတိုင်းက သက်ဆိုင်ရာနေရာအသီးသီးသို့ပြန်သွားကာ အများစုက ကျယ်ယန့်ကို ခိုးကြည့်ကြ၏။ ရွယ်ရှန့်ကလည်း ကျယ်ယန့်ကို လှမ်းကြည့်နေသည်။ သူက ဇာတ်ညွှန်းစာရွက်ကို အေးစက်နေသော လက်ချောင်းများဖြင့် တင်းတင်းဆုပ်ကိုင်ထား၏။ အကယ်၍ ခုနက တေးသွားကသာ ကျယ်ယန်၏ အမြင့်ဆုံးလယ်ဘယ်လ်ဖြစ်လျှင် … သူ မယှဥ်နိုင်တော့။

ငါးမိနစ်ကြာပြီးနောက် ရိုက်ကူးရေးစသည်။

ဆက်ပြီး စျာန်ဝင်စားစေရန်အလို့ငှာ ရွှီဟုန်က ရှန်ယန်နေရာကို အစားထိုးကာ ဇာတ်ညွှန်းထဲမှာ နေရာချထားသည့်အတိုင်း ကျယ်ယန့်ကို မုကျိုးယိအား တယောထိုးပြစေ၏။ ရွှီဟုန်က ရီပင်း၏ အဓိက အနီးကပ်ဇာတ်ဝင်ခန်းများကို ရိုက်ဖို့ စီစဥ်ထားသည်။

မုကျိုးယိက ရိုက်ကွင်းအလယ်တွင် ရပ်နေရာမှ ရိုက်ကူးရေးထောင့်နားမှာကွယ်နေသော ကျယ်ယန့်ကိုလှမ်းကြည့်ရင်း သူ့မစိတ်ခံစားချက်များကို ထိန်းချုပ်ရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ 

ကျယ်ယန် တယောကို မြှောက်လိုက်သည်။

“ Cut!  မင်း ဒေါသကရော။ မင်းက ဘာလို့ကြောက်နေတာလဲ။ ”

“Cut! ဒါ စိတ်တိုနေတာလား။ မင်းမျက်လုံးတွေက အကြောက်တရားတွေနဲ့ ပြည့်နေတာဟ။ ”

“Cut!  သူ့ကို မိတ်ကပ်နည်းနည်း ဖို့ပေးလိုက်ဦး။ သူ့မျက်နှာက ဘာလို့အရမ်းဖြူနေရတာလဲ ! ”

……

“Cut! တော်ပြီ !  မုကျိုးယိ သွားနားတော့။ ဒီနေ့ ဇာတ်ပို့တွေကို အရင်ရိုက်ဖို့ ဝမ့်ရှုန်းကို ပြောရအောင် လူတစ်ယောက်သွားရှာချည်။  ”

စတူဒီယိုထဲက လေထုက မကောင်းတော့။ အားလုံးက မုကျိုးယိကို မယုံသင်္ကာ မကျေနပ်မှုများဖြင့် ကြည့်လာကြ၏။ သူမက သရုပ်ဆောင်အထူးပြုတစ်ယောက်ဖြစ်နေတာကို ဘယ်လိုကြောင့် ပိုပိုဆိုးလာရတာလဲ။ ထို့အပြင် ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ယောက်မဟုတ်သော အဆိုတော်တစ်ယောက်ကကျတော့ မြန်မြန်ဆန်ဆန်ကြီးကို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်သွားသည်။ ဘာတွေဖြစ်နေကြတာလဲ။ 

မုကျိုးယိက လက်သီးဆုပ်လျက် အားလုံးကို ပြန်​တောင်းပန်ကာ သူမလက်ထောက်နှင့်အတူ စတူဒီယိုထဲမှ ကပျာကယာ လှည့်ထွက်သွား၏။

ကျယ်ယန်လည်း သူ့တယောကိုချကာ ရိုက်ကွင်းမှ ထွက်ခဲ့၏။

“ ကျယ်ယန် ”

ကျယ်ယန် ရပ်ကြည့်တော့ ရှန်ယန်ကို မြင်လိုက်ရ၏။

ရှန်ယန်က မေးလာသည်။  “ ကိုယ်တို့ စကားပြောလို့ရမလား။ ”

ကျယ်ယန် မျက်ခုံးပင့်သွားကာ ခေါင်းညိတ်လိုက်လေ၏။  “ ရပါတယ် ”

သူတို့နှစ်ယောက် ရွှီဟုန်ကိုရှာကာ ဇာတ်ကောင်၏ခံစားချက်များကို ဆွေးနွေးလို၍ စတူဒီယိုမှ ခဏအပြင်ထွက်လိုကြောင်း ပြောလိုက်ကြသည်။ ထို့နောက် ရှန်ယန်၏အဝတ်လဲခန်းထဲသို့ ဝင်ခဲ့ကြသည်။

ရှန်ယန်က သူ့လက်ထောက်ကို တံခါးမှစောင့်နေစေကာ ကျယ်ယန့်ကို ဆိုဖာအတိုပေါ်မှ ထိုင်ခိုင်း၏။ သူက ထိုင်ခုံတစ်လုံးဆွဲလျက် ကျယ်ယန်နှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။ သူက ခဏမျှ ချီတုံချတုံဖြစ်နေပြီးမှ စကားစလာ၏။  “ ကိုယ်မေးချင်တာက မင်းနဲ့ မုကျိုးယိက အရင်ကတည်းက တစ်ယောက်ကိုတစ်ယောက် သိကြတာလား။ ”

ဆိုတော့ သူက ဒီအကြောင်းမေးချင်တာပေါ့။

ကျယ်ယန်က အဖြေကိုရှောင်ပေးလိုက်၏။ “ စီနီယာ ဒီမေးခွန်းကိုမေးတာက မနေ့က ကျွန်တော်ပြောခဲ့တဲ့စကားတွေကြောင့်လား။ တောင်းပန်ပါတယ် ကျွန်တော် အရက်မူးနေခဲ့လို့ပါ။ ကျွန်တော်ပြောသမျှ မယုံပါနဲ့။ ကျွန်တော့်စကားတွေကို အရေးလုပ်စရာမလိုပါဘူး။ ”

ကျယ်ယန်က သူ့မေးခွန်းကိုမ​ဖြေတာကိုမြင်တော့ ရှန်ယန်က မုကျိုးယိကို ဟွမ်ယီနှင့် စာချုပ်ချုပ်ရန်ကူညီမည့်ကိစ္စကို ပွင့်ပွင့်လင်းလင်း မပြောပြခင် စဥ်းစားချင့်ချိန်ကြည့်လိုက်သည်။ ထို့နောက် သူရှင်းပြ၏။  “ ကိုယ်က ကိုယ်ရေးကိုယ်တာကိစ္စတွေကို မဖော်ထုတ်ချင်ပါဘူး။ တခြားတစ်ယောက်ဆီက မုကျိုးယိအပေါ် အမြင်ကို ရချင်ရုံပဲ။ မုကျိုးယိအပေါ် ကိုယ့်အမြင်က တစ်ဖက်သတ်ဆန်နေတယ်ပုံမို့လို့လေ။  ”

“ စီနီယာရှန် သူနဲ့စာချုပ်မချုပ်ခင် လေ့လာစစ်ဆေးချက်တစ်ချို့လုပ်ချင်ရင် စီနီယာမုရဲ့ စီးပွားရေးတန်ဖိုးအကြောင်းလေ့လာဖို့ ပရော်ဖက်ရှင်နယ် အကဲဖြတ်အဖွဲ့ကို ဟွမ်ထျန်ကိုပို့ဖို့ ကျွန်တော်အကြံပြုပါတယ်။ ”

ဒီလို မရိုးသားတဲ့မေးခွန်းမှာ သူ ကျရှုံးမှာမဟုတ်ဘူး။

ရှန်ယန်သည် အသက် ၂၀ နှင့်မတူစွာ တည်ငြိမ်ရင့်ကျက်ပြီး အတွေးအခေါ်ရှိသော တစ်ဖက်လူကို သူလှမ်းကြည့်လိုက်မိ၏။ သူ နည်းလမ်းပြောင်းပြီး မေးလိုက်သည်။  “ မင်းဆိုရင်ရော မုကျိုးယိကို ယန်ရှင်းနဲ့ စာချုပ်ချုပ်မှာလား။ ”

ကျယ်ယန် တုံးတိတန်းဖြေလိုက်သည်။  “ မချုပ်ဘူး။ ”

“ ဘာလို့လဲ ?”

ကျယ်ယန် ရှန်ယန်ကို အသံတိတ် စိုက်ကြည့်လိုက်၏။

ရှန်ယန်သည် ကျယ်ယန်၏ သဘောထားကို သဘောပေါက်သွားကာ သဘောတကျ ရယ်မောလျက် အနည်းငယ် ကူကယ်ရာမဲ့ဖြစ်သွားသည်။   “ ယန်ရှင်းက လိုအပ်တာရှိရင် ဟွမ်ယွီက ဘယ်အချိန်မဆို မင်းတို့ရဲ့ပါတနာဖြစ်ပေးနိုင်ပါတယ်။ ”

သိပ်ကောင်းတယ်။

ကျယ်ယန် ကျေနပ်သွားပြီး အဓိကအချက်ကိုတော့ ရှောင်လိုက်သည်။   “ ကျွန်တော် မုကျိုးယိနဲ့ စာချုပ်ချုပ်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မုကျိုးယိက စွမ်းရည်အတက်အကျနဲ့ ဒုက္ခရောက်နေတဲ့သူမလို့လေ။ သူက အထောက်အပံ့တွေကို အရယူပြီး လူတွေရဲ့နှလုံးသားကို ဆွဲဆောင်ရာမှာ အရမ်းတော်တယ်။ သူ့ကို ကျွန်တော့်ကုမ္ပဏီမှာ စာချုပ်ချုပ်တာက ကျွန်တော်တို့ကုမ္ပဏီလက်အောက်က တခြားအနုပညာရှင်တွေရဲ့ အောင်မြင်တိုးတက်မှုကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်တော့ဘူး။  ဒါ့အပြင် သူက ကျွန်တော့်အမျိုးတစ်ယောက်ရဲ့ ရည်းစားဆိုတော့ မယုံသင်္ကာမဖြစ်အောင် ရှောင်ရမယ်။ ”

ရှန်ယန် မျက်မှောင်ကြုတ်သွား၏။  “ သူက အထောက်အပံ့တွေကို အရယူရာမှာ အရမ်းတော်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ ”

ကျယ်ယန် အဖြေမှန်အတိအကျမပေးဘဲ သဲလွန်စသာ ပေးလိုက်၏။ “ စီနီယာရှန်  ဟွမ်ထျန်းမှာ စီနီယာမုထက် သရုပ်ဆောင်တာ ပိုတည်ငြိမ်တဲ့ မင်းသမီးတွေအများကြီးရှိပါတယ်။ ဂီတရူးက audition အခွင့်အရေးကောင်းတစ်ခုပဲ။ ဘာလို့ စီနီယာမုကျိုးယိလက်ထဲမှ ရောက်သွားရတာလဲ။ ”

ရှန်ယန် ဟာကွက်ကို ရုတ်ခြည်းမြင်သွားကာ နက်နက်နဲနဲ မျက်မှောက်ကြုတ်လျက် ခဏမျှ တောင့်တင်းသွားမိသည်။

***

မုကျိုးယိက မွန်းတည့်ချိန် နေ့လည်စာစားပြီးနောက် ပြန်ရောက်လာသည်။ သူမက အားလုံးအတွက် သစ်သီးဝလံများနှင့် အအေးများဝယ်လာကာ မနက်ခင်းက သူမ၏ စိတ်ပျက်စရာ အခြေအနေအတွက် ထပ်မံတောင်းပန်ပြန်သည်။

သည်လူတွေက စိတ်ထဲ အတေးအမှတ်ထားတတ်သောလူမျိူးများမဟုတ်ရာ အားလုံးက အဆင်ပြေတယ်ဟုသာ ပြောကြသည်။ ကြာရှည်အနားယူပြီးနောက် မုမဝင်တာက ပုံမှန်ဖြစ်ကြောင်း မုကျိုးယိကို နှစ်သိမ့်ပေးကြ၏။

မုကျိုးယိ၏ အရှိန်အဝါက ပြန်ရောက်လာပြီးကတည်းက တစ်ခုခုမှားနေမှန်း ကျယ်ယန် ခံစားမိသည်။ သူမက အရမ်းသက်တောင့်သက်သာဖြစ်သွားပြီ။ သူ တစ်ခုခုကိုသဘောပေါက်သွားကာ ဖုန်းထုတ်ပြီး Weibo ကို စစ်ကြည့်၏။ မကြာလိုက် သူလိုချင်သော  hot search ကို ရှာတွေ့သွားသည်။

# မုကျိုးယိမှ မျှော်လင့်ချက် မူလတန်းကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ #

သူ လူအုပ်ကြီးခြံရံနေသော မုကျိုးယိကို တစ်ချက်လှမ်းကြည့်၍ အကြောင်းအရာကိုကြည့်ရန် ခေါင်းငုံ့လိုက်၏။

မုကျိုးယိ တရားဝင် ထောက်ပံ့​ရေးကလပ်က မကြာသေးမီက အများပြည်သူဝန်ဆောင်မှု Weibo ပို့စ်တစ်ခုတင်ခဲ့၏။ ပို့စ်ပါအကြောင်းအရာက လွန်ခဲ့သောတစ်နာရီက မုကျိုးယိသည် ပရဟိတအဖွဲ့တစ်ခုမှတစ်ဆင့် မျှော်လင့်ချက် မူလကျောင်းသုံးကျောင်းကို လှူဒါန်းခဲ့ကြောင်း ဖော်ပြထားတာပင်။

ပရဟိတလုပ်တာက ကောင်းချီးရဖို့ အမြန်ဆုံးနည်းလမ်းပင်။ ပို့စ်အောက်က ကွန်းမန့်များက ထပ်ခါတလဲလဲ တက်လာ၏။ လူများစွာက မုကျိုးယိ၏ အလှနှင့် ကြင်နာမှုကို ချီးကျူးနေကြကာ ဘေးလူများက သူတို့လည်း ပရိသတ်တွေဖြစ်လာပြီဖြစ်ကြောင်း ပြောနေကြသည်။

ကျယ်ယန် သူ့လက်ကိုင်ဖုန်းကိုချကာ မုကျိုးယိရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူမက အအေးနှစ်ခွက်ကိုင်ကာ ရွှီဟုန်နှင့် ရှန်ယန်ဆီလျှောက်လာတာကို မြင်လိုက်ရသည်။ ကျယ်ယန် လောင်ရှို့ယူ အခုလေးတင်ယူကာ နည်းနည်းကိုက်ဝါးလိုက်သော ပန်းသီးကို ဆွဲယူလိုက်၏။

လောင်ရှို့ယူက သူ့ကို ကြောင်ကြည့်လာသည်။

“ ဒါက အဆိပ်ပါတဲ့ ပန်းသီး။ ”  ကျယ်ယန် ရုပ်ရှင်အဖွဲ့သားများ ဝေပေးထားသော နေ့လည်စာထမင်းဘူးကို လောင်ရှို့ယူလက်ထဲ ထိုးပေးပြီး ပုခုံးကို ပုတ်လိုက်၏။  “ အစားကောင်းကောင်းစား ဆေးမမိစေနဲ့။ ”

━━━━━━━━━━━━━━━━━━━━━━━

Zawgyi
အခန္း ( ၅၂ )

မီးခိုးျမဴဂီတသံက ႐ုတ္တရက္ပ်ံ့လြင့္လာၿပီး ပိုမိုပါးလႊာျပတ္သားလာ၏။ ၎က မျမင္နိုင္ေသာ ႀကိဳးကြင္းတစ္ခုႏွယ္ သူတို႔အာ႐ုံမ်ားကို တင္းၾကပ္စြာ တုပ္ေႏွာင္သြာသည္။

အစက ေအးေအးသက္သာျဖစ္ေနေသာ ရွန္ယန္၏ ကိုယ္ေနဟန္ထားက ခ်က္ခ်လက္ငင္း ေျပာင္းလဲသြားၿပီး က်ယ္ယန့္ကို မယုံၾကည္နိုင္ဟန္ျဖင့္ ၾကည့္ေန၏။ ရိုက္ကြင္းထဲရွိလူအားလုံးက အံ့ၾသမွင္သက္လ်က္ရွိကာ က်ယ္ယန့္ကို အသံတိတ္ စိုက္ၾကည့္ေနၾကသည္။ ဒီအမူအရာ၊ ဒီအရွိန္အဝါ၊ ဒီက်က္ေသရွိမႈက ႐ူးသြပ္ဖြယ္ တေယာဟန္ပန္ႏွင့္ ေပါင္းစပ္သြား၏ … က်ယ္ယန္က အဆိုေတာ္မဟုတ္ဘူးလား။ ဒီ ႐ုတ္တရက္ ေပါက္ကြဲထြက္မႈႀကီးက ဘာလဲ။

တစ္ဖက္၌မူ ႐ႊီဟုန္ သူ႕စိုးရိမ္ပူပန္မႈမ်ား သက္သာသြားေခ်ၿပီ။ သူ႕ေနရာကို အျမန္ျပန္လာၿပီး က်ယ္ယန့္ကို ကင္မရာခ်ိန္လိုက္၏။ သူ႕အမူအရာကေတာ့ အေတာ့္ကိုစိတ္လႈပ္ရွားလို႔။ သူ႕ဘယ္ဘက္က ေလာင္ရွို႔ယူကေတာ့ က်ယ္ယန္ တေယာညွိကတည္းက က်ယ္ယန့္ကို ေစာင့္ၾကည့္ေနခဲ့၏။ အခုေတာ့ သတိအေနအထားျဖင့္ မတ္တပ္ရပ္လွ်က္ လက္သီးဆုပ္ထား၏။ တစ္ဖက္တြင္ေတာ့ ႐ြယ္ရွန့္က အံ့ၾသမွင္သက္ကာ တုန္လႈပ္သြားရသည္။

လူတကာက က်ယ္ယန့္ကို စိုက္ၾကည့္ေနေသာ္လည္း က်ယ္ယန့္အၾကည့္မ်ားက နားေနခန္းထဲက သူႏွင့္မ်က္ေစာင္းထိုးမွာထိုင္ေနေသာ မုက်ိဳးယိအေပၚသာ ၿမဲၿမံလ်က္။ မုက်ိဳးယိကို စိုက္​ၾကည့္​ေန​ေသာ သူ႕မ်က္လုံးမ်ားက သားေကာင္ကိုေခ်ာင္ပိတ္ဖမ္းမိလိုက္ေသာ မုဆိုးတစ္ေကာင္လို။ သူ႕လက္လႈပ္ရွားမႈမ်ားက တင္းက်ပ္ကာ ျမန္ဆန္လာ၏။  

တေယာသံစူးရွရွက အမဲလိုက္ေနေသာသားေကာင္းကို လည္ပင္းညွစ္လိုက္ရေသာ သုံးလြန္းတင္ႀကိဳးတစ္ေခ်ာင္းႏွယ္ အသံတိမ္ဝင္သြားသည္။ အ႐ူးအမူး ႀကိဳးကိုတင္းၿပီးမွ ေထာင္ေခ်ာက္တစ္ခုလို ေျဖေလွ်ာ့ေပးျပန္၏။ ခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳးျဖင့္ အေျပာင္းအလဲျမန္ကာ ေအးစက္ၿပီး ေသြးဆာေနသည္။

က်ယ္ယန္၏ အမူအရာ ပို၍ပို၍ စိတ္လႈပ္ရွားတက္ႂကြလာ၏။ သူက မုက်ိဳးယိမ်က္လုံးမ်ားကို တည့္တည့္စိုက္ၾကည့္ကာ ၿပဳံးေနေသာ ႏႈတ္ခမ္းကို ျပန္တည္လိုက္သည္။ သူေဘးရွိဘီရိုမွ ထင္ေနေသာ အရိပ္ထဲသို႔ တိုးဝင္သြားကာ ႀကိဳးကို ခပ္ေလးေလးဆြဲ၏။

တေယာသံက ေသြးရည္ၾကည္သံေတြလို ပြက္ပြက္ဆူလာၿပီး တတြတ္တြတ္ ေရ႐ြတ္ေနဟန္ : ေျပးေလ ဘာလို႔မေျပးတာလဲ။

မုက်ိဳးယိက ေၾကာင္အလ်က္သား။  သူမအၾကည့္လႊဲလိုက္သည့္အဆုံးမွသာ က်ယ္ယန့္မ်က္ဝန္းမ်ားႏွင့္ တေယာသံ၏ ထိန္းခ်ဳပ္မႈမွ ျပန္လည္လြတ္ေျမာက္လာသည္။ ထို႔ေနာက္ က်ယ္ယန္က ေဘးသို႔လွည့္သြားၿပီး သူ႕ေဘးက နာရီအထူႀကီးေနာက္သို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြား၏။ တေယာသံသည္လည္း ႐ုတ္ျခည္း ရပ္တန့္သြားၿပီ။ 

အသိျပန္ဝင္လာေသာ မုက်ိဳးယိသည္ အနီးကပ္ေသခ်ာၾကည့္္လိုက္ပါေသာ္လည္း ထိန္းမနိုင္သိမ္းမရ ေၾကာက္႐ြံ႕တုန္လႈပ္ေနသည္။ ဒီလူက သူမကို စိုက္ၾကည့္ေနတုန္းပဲ။ သူ႕ကို ၾကည့္ေနေသးတယ္ဆိုတာကို မုက်ိဳးယိသိသည္။

ရိုက္ကြင္းက တျခားသူမ်ားကေတာ့ တေယာသံမွ နိုးထကာ ဂနာမၿငိမ္ျဖစ္ေနၾက၏။ ႐ြီဟုန္က သူ႕ကင္မရာကို အေရွ႕တြန္းထုတ္လိုက္သည္ႏွင့္ ပိုလို႔ေတာင္ လႈပ္လႈပ္ရွားရွားျဖစ္သြားသည္။ ရိုက္ကြင္းထဲက ရွန္ယန္သည္လည္း နားလည္သြားၿပီး ရိုက္ကူးေရးမွ ေနာက္သို႔ဆုတ္ေပးလိုက္သည္။

ခ်ဴသံတခြၽင္ခြၽင္။ ဆည္းလည္းမ်ားက စတူဒီယို၏ ေလၿငိမ္ရာ ေထာင့္တစ္ေနရာမွ ႐ုတ္တရက္ ျမည္လာ၏။ တိတ္ဆိတ္ေနေသာ ေလထုတြင္ ၾကည္လင္ျပတ္သားေနေသာ ပင္ကိုယ္အသံက ေျခေထာက္ႏွင့္ ေျမႀကီးမထိသည့္ ခံစားခ်က္မ်ိဳး ေပးစြမ္းလ်က္သား။

မုက်ိဳးယိ လန့္ျဖန့္သြား၏။ ဘယ္ေနရာကလဲ။ သူ႕မ်က္လုံးမ်ားက ကတုန္ကယင္ျဖစ္ေနကာ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လ်က္ ဆည္းလည္းမ်ားကို မၾကည့္ဘဲမေနနိုင္၍ လွမ္းၾကည့္လိုက္သည္။

ခြၽင္… ခြၽင္

သရဲတစ္ေကာင္က အေမွာင္ထဲမွာ လူသတ္လက္နက္ကို တ႐ြတ္တိုက္ဆြဲလာသည့္အလား ဆည္းလည္းမ်ားက တစ္ဆက္တည္း လႈပ္ရွားသြားသည္။ ႐ုတ္႐ုတ္သဲသဲျဖစ္ေနေသာ လူအုပ္ႀကီးကလည္း တစ္ဖန္ျပန္လည္တိတ္ဆိတ္သြား၏။ လူအမ်ား၏ စိတ္အာ႐ုံသည္ကား ဆည္းလည္းသံ၊ စာအုပ္စင္ေပၚက ႐ုတ္တရက္ပြင့္လာေသာ music box ႏွင့္ ဂီတသံတိုးတိုးညင္းညင္းထြက္လာေသာ အ႐ုပ္အက်ိဳးအပဲ့တို႔ထံမွ ဖမ္းစားခံလိုက္ရသည္။  

လူတိုင္းက အလန့္တၾကားျဖင့္ music box ကို စိုက္ၾကည့္ၾက၏။ မုက်ိဳးယိသည္လည္း  music box ကို မၾကည့္ဘဲမေနနိုင္ေခ်။ ခဏအၾကာတြင္  music box ၏ စည္းခ်က္အတိုင္း တေယာထိုးလာျပန္သည္။

လူအမ်ားက တေယာသံလာရာကို ကူကယ္ရာမဲ့ ၾကည့္မိၾက၏။ တေယာယံထြက္လာတာ ဘယ္ကလဲ။ ညာဘက္ကလား မဟုတ္ဘူး အေနာက္ဘက္က —

ထိတ္လန့္ဖြယ္ မသဲမကြဲအသံထြက္လာၿပီးေနာက္ တေယာသံၿငိမ့္ၿငိမ့္က ပိုမိုက်ယ္ေလာင္ သိပ္သည္းလာ၏။ ၎က နားစည္ကို တူရွည္ႀကီးတစ္ခုႏွင့္ ျပင္းထန္စြာ ထုရိုက္ေနသည့္ႏွယ္ အသက္ရႉက်ပ္ကာ ႏွလုံးခုန္ႏႈန္းေတြ ျမန္လာ၏။ တေယာသံစည္းခ်က္က ပိုျမန္ကာ ပိုက်ယ္လာသည္။ လူအမ်ား၏ ႏွလုံးခုန္သံ အကန့္အသတ္ကို ေက်ာ္ျဖတ္သြားကာ ႐ုတ္တရက္ ျပန္တိုးလ်သြားၿပီးေနာက္ အရွိုက္ကိုထိသြားသည္။

အားလုံးက ေျခာက္ျခားထိတ္လန့္စြာ လွည့္ပတ္ၾကည့္ၾကသည္။ ဂီတသံ ဘယ္ကလာသလဲဆိုတာ သူတို႔မေျပာနိုင္ေသး။

သုံးလြန္းတင္ႀကိဳးက နတ္ဆိုး၏လက္ဖဝါးျဖစ္လာၿပီး လူအမ်ား၏ ႏွလုံးသားကို ဆြဲထုတ္ေနသည္။ ထပ္မံတင္းက်ပ္ေစၿပီးေနာက္ ႀကိဳးကို ေဆာ့ကစားသည့္ႏွယ္ တစ္ဖန္ျပန္ေလွ်ာ့ေပးျပန္သည္။ စိတ္တုန္လႈပ္စရာ ကြဲအက္အက္တ​ေယာသံက မေကာင္းဆိုးဝါး၏ ေသာကႏွင့္ ရယ္ေမာသံအလား။ မေကာင္းဆိုးဝါးက အေမွာင္ထုထဲမွ ျဖည္းျဖည္းခ်င္း ေလွ်ာက္လွမ္းထြက္လာကာ ထြက္ေပါက္ရွာမေတြ႕ေသာ သားေကာင္ထံသို႔ လက္သည္းမ်ားကို ဆန့္ထုတ္လိုက္ေလေတာ့သတည္း …

“ အား !”

ရိုက္ကြင္းအစြန္းနားေလးက မုက်ိဳးယိသည္ ေၾကာက္လန့္တၾကားျဖင့္ ထေအာ္၏။ သူမက သူမႏွင့္အနီးဆုံး ရိုက္ကြင္းေထာင့္တစ္ေနရာကို ေဖ်ာ့ေတာ့စြာၾကည့္ရင္း သူမလက္ေထာက္အေနာက္သို႔ ဒယီးဒယိုင္ျဖင့္ ထပုန္းေတာ့သည္။ 

တေယာသံကလည္း ရပ္တန့္သြားေခ်ၿပီ။ က်ယ္ယန္က မုက်ိဳးယိစိုက္ၾကည့္ေနေသာ ေထာင့္နားမွထြက္လာၿပီး သူမကို ေျပာသည္။
“ ေတာင္းပန္ပါတယ္ဗ်ာ။ စီနီယာကို လန့္သြားေစဖို႔ မရည္႐ြယ္ပါဘူး။ ”

ဂီတက ထြက္ေပၚလာေသာ စိတ္၏လွည့္စားရာက ေပ်ာက္ကြယ္သြားၿပီး လူတိုင္းအသိဝင္လာၾကသည္။ ထို႔ေနာက္ သူတို႔အားလုံး လႈပ္လႈပ္ရွားရွားျဖစ္သြား၏။ က်ယ္ယန္က ဒီကို ဘယ္တုန္းက ေရာက္ေနတာပါလိမ့္။

မုက်ိဳးယိက သူမလက္ေထာက္ကိုဆြဲကာ ပုံမွန္ျပန္ျဖစ္သြားေသာ က်ယ္ယန္ကို လွမ္းၾကည့္ေန၏။ သူမက စကားမေျပာနိုင္ေလာက္ေအာင္ကို အံ့အားသင့္လ်က္။ တျခားသူေတြက သိပ္မခံစားရေပမဲ့ သူမကေတာ့ တေယာသံၾကားမွာ ေလွာင္ပိတ္မိခဲ့သည္။ ဟုတ္တယ္ သူမကို ဂီတသံက ပိတ္ေလွာင္သြားခဲ့တာ ! အခုေလးတင္ ဂီတင္သံေတြက သူမအနားကို တေ႐ြ႕ေ႐ြ႕ ခ်ဥ္းကပ္လာခဲ့သည္။ က်ယ္ယန့္ပုံရိပ္ ဘြားခနဲေပၚလာၿပီး ေတးဂီတစည္းခ်က္ေတြက လူသတ္လက္နက္ႏွင့္ ခ်ဥ္းကပ္လာေသာ လူသတ္သမားတစ္ေယာက္အလား။  က်ယ္ယန့္မ်က္လုံးနဲ႕ အမူအရာေတြက ... ေၾကာက္စရာေကာင္းတယ္။ တကယ္ေၾကာက္စရာႀကီး။

႐ႊီဟုန္က စိတ္လႈပ္ရွားစြာျဖင့္ ထေအာ္၏။   “ ဒီခံစားခ်က္ပဲ !  ဇာတ္ၫႊန္းထဲမွာ ဒီလိုေရးထားတယ္။ ဆည္းလည္း၊ music box၊ တေယာနဲ႕ အသံေတြက တေ႐ြ႕ေ႐ြ႕ခ်ဥ္းကပ္လာတယ္။ ရီပင္းကို ဂီတဆိုင္ေဟာင္းကို မွ်ားေခၚ လာၿပီး ေခါင္းျပတ္ယင္ေကာင္လိုမ်ိဳး လွည့္ပတ္ပ်ံသန္းေနတာ။ က်ယ္ယန္ မင္းအခုတီးလိုက္တဲ့ သီခ်င္းက အရမ္းေကာင္းတယ္ ! မင္းအမူအရာနဲ႕ ကိုယ္ဟန္အေနအထားေတြကလည္း အရမ္းမိုက္ပဲ ! ဒါပဲသုံးရေအာင္ ေတးသြားအတြက္ ဒါကိုပဲ သုံး​ၾကမယ္ !”

က်ယ္ယန္ ႐ႊီဟုန္ကို ၾကည့္လိုက္သည္။   “ ဒီလိုဆို ကြၽန္ေတာ္က ဆရာေလာင္ရဲ႕အလုပ္ကို လုယူလိုက္သလိုျဖစ္မေနဘူးလား။ ”

“ အလုပ္ဆိုတာ အရည္အခ်င္းနဲ႕ ဆိုင္တယ္။ မင္းေတးသြားက ျပည့္စုံေနၿပီ။ ဒါထက္ပိုေကာင္းတဲ့တစ္ပုဒ္ကို ကိုယ္ မလုပ္နိုင္ေတာ့ဘူး။ ”  ေလာင္ရွို႔ယူက က်ယ္ယန့္ထံ ေလွ်ာက္လာ၏။ သူက က်ယ္ယန့္လက္ထဲက တေယာကိုဆြဲယူကာ ႏုတ္အနည္းငယ္ကို သူ႕ဘာသာတီးခတ္ၾကည့္သည္။ ထို႔ေနာက္ စိတ္အားထက္သန္စြာျဖင့္ ေမးလာ၏။  “ ခုနက ေတးသြား copy ကို လုပ္ေပးနိုင္မလား။ ”

“ ဟုတ္ကဲ့ ”

ရွန္ယန္ကလည္း ထြက္လာၿပီး က်ယ္ယန့္ကို ဂ႐ုတစိုက္ စုံစမ္းေမးျမန္းလာ၏။  “ ကိုယ္ မွတ္မိသေလာက္ဆို မင္းက သ႐ုပ္ေဆာင္ေမဂ်ာကမလား။ ”

“ ဟုတ္ေပမဲ့ ကြၽန္ေတာ့္ရဲ႕ ပညာအဆင့္က ဆိုးပါတယ္။ ”  ဒါက အမွန္ပင္။ မူလပိုင္ရွင္၏ ေမဂ်ာက သိပ္မေကာင္းေပ။ ထို႔အျပင္ က်ယ္ယန္ကလည္း အရင္ဘဝတုန္းကတည္းက သ႐ုပ္ေဆာင္နယ္ပယ္ႏွင့္ လုံးဝအဆက္အဆံမရွိခဲ့ရာ သူ႕၏သ႐ုပ္ေဆာင္စြမ္းရည္ကလည္း လုံးဝဥႆုံ ဗလာနတၳိ။

သူက က်ယ္ယန့္စကားကို သေဘာမတူဟန္ျဖင့္ ေခါင္းခါ၏။

႐ႊီဟုန္ပါေရာက္လာၿပီး ရွန္ယန္ႏွင့္ က်ယ္ယန္စကားေျပာေနတာကို ၾကားသြားသည္။ သူက ေခါင္းယမ္းကာ က်ယ္ယန့္ပုခုံးကို အားတက္သေရာျဖင့္ ပုတ္၏။  “ မင္း ဘာေတြေျပာေနတာလဲ။ မင္းက တကယ့္ကို သ႐ုပ္ေဆာင္ပါရမီရွိတာ။ မင္းရဲ႕ အမူအရာနဲ႕ ခံစားခ်က္ေတြက မွန္တယ္။ မင္းသာ ဂီတပညာရွင္ရဲ႕ပုံစံနဲ႕လိုက္ဖက္ေအာင္ အသက္မငယ္လြန္း​ေနဘူးဆိုရင္ ယြင္က်ား ဇာတ္ၫႊန္းထဲက ခုန္ထြက္လာတယ္လို႔ ထင္မိ​ေတာ့မွာ။ ”

႐ႊီဟုန္ မုက်ိဳးယိကို ဆတ္ခနဲၾကည့္ကာ မ်က္ေမွာင္ၾကဳတ္သြား၏။ “ ခုနက မင္းရဲ႕တုံ႕ျပန္မႈက ဘာလဲ။ မင္း တကယ္ေၾကာက္သြားတာလား။ ေနာက္တစ္ခါ ရိုက္ကူးေရးလုပ္ရင္ ဒီလိုပုံမ်ိဳးမျဖစ္ေစနဲ႕။ ေနာက္ငါးမိနစ္နား​လိုက္။ ငါးမိနစ္နားၿပီးရင္ ရိုက္ကူးေရးစၾကမယ္ !”

လူတိုင္းက သက္ဆိုင္ရာေနရာအသီးသီးသို႔ျပန္သြားကာ အမ်ားစုက က်ယ္ယန့္ကို ခိုးၾကည့္ၾက၏။ ႐ြယ္ရွန့္ကလည္း က်ယ္ယန့္ကို လွမ္းၾကည့္ေနသည္။ သူက ဇာတ္ၫႊန္းစာ႐ြက္ကို ေအးစက္ေနေသာ လက္ေခ်ာင္းမ်ားျဖင့္ တင္းတင္းဆုပ္ကိုင္ထား၏။ အကယ္၍ ခုနက ေတးသြားကသာ က်ယ္ယန္၏ အျမင့္ဆုံးလယ္ဘယ္လ္ျဖစ္လွ်င္ … သူ မယွဥ္နိုင္ေတာ့။

ငါးမိနစ္ၾကာၿပီးေနာက္ ရိုက္ကူးေရးစသည္။

ဆက္ၿပီး စ်ာန္ဝင္စားေစရန္အလို႔ငွာ ႐ႊီဟုန္က ရွန္ယန္ေနရာကို အစားထိုးကာ ဇာတ္ၫႊန္းထဲမွာ ေနရာခ်ထားသည့္အတိုင္း က်ယ္ယန့္ကို မုက်ိဳးယိအား တေယာထိုးျပေစ၏။ ႐ႊီဟုန္က ရီပင္း၏ အဓိက အနီးကပ္ဇာတ္ဝင္ခန္းမ်ားကို ရိုက္ဖို႔ စီစဥ္ထားသည္။

မုက်ိဳးယိက ရိုက္ကြင္းအလယ္တြင္ ရပ္ေနရာမွ ရိုက္ကူးေရးေထာင့္နားမွာကြယ္ေနေသာ က်ယ္ယန့္ကိုလွမ္းၾကည့္ရင္း သူ႕မစိတ္ခံစားခ်က္မ်ားကို ထိန္းခ်ဳပ္ရန္ အသက္ျပင္းျပင္း ရႉသြင္းလိုက္၏။ 

က်ယ္ယန္ တေယာကို ျမႇောက္လိုက္သည္။

“ Cut!  မင္း ေဒါသကေရာ။ မင္းက ဘာလို႔ေၾကာက္ေနတာလဲ။ ”

“Cut! ဒါ စိတ္တိုေနတာလား။ မင္းမ်က္လုံးေတြက အေၾကာက္တရားေတြနဲ႕ ျပည့္ေနတာဟ။ ”

“Cut!  သူ႕ကို မိတ္ကပ္နည္းနည္း ဖို႔ေပးလိုက္ဦး။ သူ႕မ်က္ႏွာက ဘာလို႔အရမ္းျဖဴေနရတာလဲ ! ”

……

“Cut! ေတာ္ၿပီ !  မုက်ိဳးယိ သြားနားေတာ့။ ဒီေန႕ ဇာတ္ပို႔ေတြကို အရင္ရိုက္ဖို႔ ဝမ့္ရႈန္းကို ေျပာရေအာင္ လူတစ္ေယာက္သြားရွာခ်ည္။  ”

စတူဒီယိုထဲက ေလထုက မေကာင္းေတာ့။ အားလုံးက မုက်ိဳးယိကို မယုံသကၤာ မေက်နပ္မႈမ်ားျဖင့္ ၾကည့္လာၾက၏။ သူမက သ႐ုပ္ေဆာင္အထူးျပဳတစ္ေယာက္ျဖစ္ေနတာကို ဘယ္လိုေၾကာင့္ ပိုပိုဆိုးလာရတာလဲ။ ထို႔အျပင္ ပေရာ္ဖက္ရွင္နယ္ သ႐ုပ္ေဆာင္တစ္ေယာက္မဟုတ္ေသာ အဆိုေတာ္တစ္ေယာက္ကက်ေတာ့ ျမန္ျမန္ဆန္ဆန္ႀကီးကို အံဝင္ခြင္က် သ႐ုပ္ေဆာင္နိုင္သြားသည္။ ဘာေတြျဖစ္ေနၾကတာလဲ။ 

မုက်ိဳးယိက လက္သီးဆုပ္လ်က္ အားလုံးကို ျပန္​ေတာင္းပန္ကာ သူမလက္ေထာက္ႏွင့္အတူ စတူဒီယိုထဲမွ ကပ်ာကယာ လွည့္ထြက္သြား၏။

က်ယ္ယန္လည္း သူ႕တေယာကိုခ်ကာ ရိုက္ကြင္းမွ ထြက္ခဲ့၏။

“ က်ယ္ယန္ ”

က်ယ္ယန္ ရပ္ၾကည့္ေတာ့ ရွန္ယန္ကို ျမင္လိုက္ရ၏။

ရွန္ယန္က ေမးလာသည္။  “ ကိုယ္တို႔ စကားေျပာလို႔ရမလား။ ”

က်ယ္ယန္ မ်က္ခုံးပင့္သြားကာ ေခါင္းညိတ္လိုက္ေလ၏။  “ ရပါတယ္ ”

သူတို႔ႏွစ္ေယာက္ ႐ႊီဟုန္ကိုရွာကာ ဇာတ္ေကာင္၏ခံစားခ်က္မ်ားကို ေဆြးေႏြးလို၍ စတူဒီယိုမွ ခဏအျပင္ထြက္လိုေၾကာင္း ေျပာလိုက္ၾကသည္။ ထို႔ေနာက္ ရွန္ယန္၏အဝတ္လဲခန္းထဲသို႔ ဝင္ခဲ့ၾကသည္။

ရွန္ယန္က သူ႕လက္ေထာက္ကို တံခါးမွေစာင့္ေနေစကာ က်ယ္ယန့္ကို ဆိုဖာအတိုေပၚမွ ထိုင္ခိုင္း၏။ သူက ထိုင္ခုံတစ္လုံးဆြဲလ်က္ က်ယ္ယန္ႏွင့္ မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္သည္။ သူက ခဏမွ် ခ်ီတုံခ်တဳံျဖစ္ေနၿပီးမွ စကားစလာ၏။  “ ကိုယ္ေမးခ်င္တာက မင္းနဲ႕ မုက်ိဳးယိက အရင္ကတည္းက တစ္ေယာက္ကိုတစ္ေယာက္ သိၾကတာလား။ ”

ဆိုေတာ့ သူက ဒီအေၾကာင္းေမးခ်င္တာေပါ့။

က်ယ္ယန္က အေျဖကိုေရွာင္ေပးလိုက္၏။ “ စီနီယာ ဒီေမးခြန္းကိုေမးတာက မေန႕က ကြၽန္ေတာ္ေျပာခဲ့တဲ့စကားေတြေၾကာင့္လား။ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ အရက္မူးေနခဲ့လို႔ပါ။ ကြၽန္ေတာ္ေျပာသမွ် မယုံပါနဲ႕။ ကြၽန္ေတာ့္စကားေတြကို အေရးလုပ္စရာမလိုပါဘူး။ ”

က်ယ္ယန္က သူ႕ေမးခြန္းကိုမ​ေျဖတာကိုျမင္ေတာ့ ရွန္ယန္က မုက်ိဳးယိကို ဟြမ္ယီႏွင့္ စာခ်ဳပ္ခ်ဳပ္ရန္ကူညီမည့္ကိစၥကို ပြင့္ပြင့္လင္းလင္း မေျပာျပခင္ စဥ္းစားခ်င့္ခ်ိန္ၾကည့္လိုက္သည္။ ထို႔ေနာက္ သူရွင္းျပ၏။  “ ကိုယ္က ကိုယ္ေရးကိုယ္တာကိစၥေတြကို မေဖာ္ထုတ္ခ်င္ပါဘူး။ တျခားတစ္ေယာက္ဆီက မုက်ိဳးယိအေပၚ အျမင္ကို ရခ်င္႐ုံပဲ။ မုက်ိဳးယိအေပၚ ကိုယ့္အျမင္က တစ္ဖက္သတ္ဆန္ေနတယ္ပုံမို႔လို႔ေလ။  ”

“ စီနီယာရွန္ သူနဲ႕စာခ်ဳပ္မခ်ဳပ္ခင္ ေလ့လာစစ္ေဆးခ်က္တစ္ခ်ိဳ႕လုပ္ခ်င္ရင္ စီနီယာမုရဲ႕ စီးပြားေရးတန္ဖိုးအေၾကာင္းေလ့လာဖို႔ ပေရာ္ဖက္ရွင္နယ္ အကဲျဖတ္အဖြဲ႕ကို ဟြမ္ထ်န္ကိုပို႔ဖို႔ ကြၽန္ေတာ္အႀကံျပဳပါတယ္။ ”

ဒီလို မရိုးသားတဲ့ေမးခြန္းမွာ သူ က်ရႈံးမွာမဟုတ္ဘူး။

ရွန္ယန္သည္ အသက္ ၂၀ ႏွင့္မတူစြာ တည္ၿငိမ္ရင့္က်က္ၿပီး အေတြးအေခၚရွိေသာ တစ္ဖက္လူကို သူလွမ္းၾကည့္လိုက္မိ၏။ သူ နည္းလမ္းေျပာင္းၿပီး ေမးလိုက္သည္။  “ မင္းဆိုရင္ေရာ မုက်ိဳးယိကို ယန္ရွင္းနဲ႕ စာခ်ဳပ္ခ်ဳပ္မွာလား။ ”

က်ယ္ယန္ တုံးတိတန္းေျဖလိုက္သည္။  “ မခ်ဳပ္ဘူး။ ”

“ ဘာလို႔လဲ ?”

က်ယ္ယန္ ရွန္ယန္ကို အသံတိတ္ စိုက္ၾကည့္လိုက္၏။

ရွန္ယန္သည္ က်ယ္ယန္၏ သေဘာထားကို သေဘာေပါက္သြားကာ သေဘာတက် ရယ္ေမာလ်က္ အနည္းငယ္ ကူကယ္ရာမဲ့ျဖစ္သြားသည္။   “ ယန္ရွင္းက လိုအပ္တာရွိရင္ ဟြမ္ယြီက ဘယ္အခ်ိန္မဆို မင္းတို႔ရဲ႕ပါတနာျဖစ္ေပးနိုင္ပါတယ္။ ”

သိပ္ေကာင္းတယ္။

က်ယ္ယန္ ေက်နပ္သြားၿပီး အဓိကအခ်က္ကိုေတာ့ ေရွာင္လိုက္သည္။   “ ကြၽန္ေတာ္ မုက်ိဳးယိနဲ႕ စာခ်ဳပ္ခ်ဳပ္မွာမဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ မုက်ိဳးယိက စြမ္းရည္အတက္အက်နဲ႕ ဒုကၡေရာက္ေနတဲ့သူမလို႔ေလ။ သူက အေထာက္အပံ့ေတြကို အရယူၿပီး လူေတြရဲ႕ႏွလုံးသားကို ဆြဲေဆာင္ရာမွာ အရမ္းေတာ္တယ္။ သူ႕ကို ကြၽန္ေတာ့္ကုမၸဏီမွာ စာခ်ဳပ္ခ်ဳပ္တာက ကြၽန္ေတာ္တို႔ကုမၸဏီလက္ေအာက္က တျခားအႏုပညာရွင္ေတြရဲ႕ ေအာင္ျမင္တိုးတက္မႈကို ေထာက္ပံ့ေပးနိုင္မွာ မဟုတ္ေတာ့ဘူး။  ဒါ့အျပင္ သူက ကြၽန္ေတာ့္အမ်ိဳးတစ္ေယာက္ရဲ႕ ရည္းစားဆိုေတာ့ မယုံသကၤာမျဖစ္ေအာင္ ေရွာင္ရမယ္။ ”

ရွန္ယန္ မ်က္ေမွာင္ၾကဳတ္သြား၏။  “ သူက အေထာက္အပံ့ေတြကို အရယူရာမွာ အရမ္းေတာ္တယ္ဆိုတာက ဘာကိုဆိုလိုတာလဲ။ ”

က်ယ္ယန္ အေျဖမွန္အတိအက်မေပးဘဲ သဲလြန္စသာ ေပးလိုက္၏။ “ စီနီယာရွန္  ဟြမ္ထ်န္းမွာ စီနီယာမုထက္ သ႐ုပ္ေဆာင္တာ ပိုတည္ၿငိမ္တဲ့ မင္းသမီးေတြအမ်ားႀကီးရွိပါတယ္။ ဂီတ႐ူးက audition အခြင့္အေရးေကာင္းတစ္ခုပဲ။ ဘာလို႔ စီနီယာမုက်ိဳးယိလက္ထဲမွ ေရာက္သြားရတာလဲ။ ”

ရွန္ယန္ ဟာကြက္ကို ႐ုတ္ျခည္းျမင္သြားကာ နက္နက္နဲနဲ မ်က္ေမွာက္ၾကဳတ္လ်က္ ခဏမွ် ေတာင့္တင္းသြားမိသည္။

***

မုက်ိဳးယိက မြန္းတည့္ခ်ိန္ ေန႕လည္စာစားၿပီးေနာက္ ျပန္ေရာက္လာသည္။ သူမက အားလုံးအတြက္ သစ္သီးဝလံမ်ားႏွင့္ အေအးမ်ားဝယ္လာကာ မနက္ခင္းက သူမ၏ စိတ္ပ်က္စရာ အေျခအေနအတြက္ ထပ္မံေတာင္းပန္ျပန္သည္။

သည္လူေတြက စိတ္ထဲ အေတးအမွတ္ထားတတ္ေသာလူမ်ိဴးမ်ားမဟုတ္ရာ အားလုံးက အဆင္ေျပတယ္ဟုသာ ေျပာၾကသည္။ ၾကာရွည္အနားယူၿပီးေနာက္ မုမဝင္တာက ပုံမွန္ျဖစ္ေၾကာင္း မုက်ိဳးယိကို ႏွစ္သိမ့္ေပးၾက၏။

မုက်ိဳးယိ၏ အရွိန္အဝါက ျပန္ေရာက္လာၿပီးကတည္းက တစ္ခုခုမွားေနမွန္း က်ယ္ယန္ ခံစားမိသည္။ သူမက အရမ္းသက္ေတာင့္သက္သာျဖစ္သြားၿပီ။ သူ တစ္ခုခုကိုသေဘာေပါက္သြားကာ ဖုန္းထုတ္ၿပီး Weibo ကို စစ္ၾကည့္၏။ မၾကာလိုက္ သူလိုခ်င္ေသာ  hot search ကို ရွာေတြ႕သြားသည္။

# မုက်ိဳးယိမွ ေမွ်ာ္လင့္ခ်က္ မူလတန္းေက်ာင္းကို ေဆာက္လုပ္လႉဒါန္းခဲ့ #

သူ လူအုပ္ႀကီးၿခံရံေနေသာ မုက်ိဳးယိကို တစ္ခ်က္လွမ္းၾကည့္၍ အေၾကာင္းအရာကိုၾကည့္ရန္ ေခါင္းငုံ႕လိုက္၏။

မုက်ိဳးယိ တရားဝင္ ေထာက္ပံ့​ေရးကလပ္က မၾကာေသးမီက အမ်ားျပည္သူဝန္ေဆာင္မႈ Weibo ပို႔စ္တစ္ခုတင္ခဲ့၏။ ပို႔စ္ပါအေၾကာင္းအရာက လြန္ခဲ့ေသာတစ္နာရီက မုက်ိဳးယိသည္ ပရဟိတအဖြဲ႕တစ္ခုမွတစ္ဆင့္ ေမွ်ာ္လင့္ခ်က္ မူလေက်ာင္းသုံးေက်ာင္းကို လႉဒါန္းခဲ့ေၾကာင္း ေဖာ္ျပထားတာပင္။

ပရဟိတလုပ္တာက ေကာင္းခ်ီးရဖို႔ အျမန္ဆုံးနည္းလမ္းပင္။ ပို႔စ္ေအာက္က ကြန္းမန့္မ်ားက ထပ္ခါတလဲလဲ တက္လာ၏။ လူမ်ားစြာက မုက်ိဳးယိ၏ အလွႏွင့္ ၾကင္နာမႈကို ခ်ီးက်ဴးေနၾကကာ ေဘးလူမ်ားက သူတို႔လည္း ပရိသတ္ေတြျဖစ္လာၿပီျဖစ္ေၾကာင္း ေျပာေနၾကသည္။

က်ယ္ယန္ သူ႕လက္ကိုင္ဖုန္းကိုခ်ကာ မုက်ိဳးယိရွိရာသို႔ လွမ္းၾကည့္လိုက္သည္။ သူမက အေအးႏွစ္ခြက္ကိုင္ကာ ႐ႊီဟုန္ႏွင့္ ရွန္ယန္ဆီေလွ်ာက္လာတာကို ျမင္လိုက္ရသည္။ က်ယ္ယန္ ေလာင္ရွို႔ယူ အခုေလးတင္ယူကာ နည္းနည္းကိုက္ဝါးလိုက္ေသာ ပန္းသီးကို ဆြဲယူလိုက္၏။

ေလာင္ရွို႔ယူက သူ႕ကို ေၾကာင္ၾကည့္လာသည္။

“ ဒါက အဆိပ္ပါတဲ့ ပန္းသီး။ ”  က်ယ္ယန္ ႐ုပ္ရွင္အဖြဲ႕သားမ်ား ေဝေပးထားေသာ ေန႕လည္စာထမင္းဘူးကို ေလာင္ရွို႔ယူလက္ထဲ ထိုးေပးၿပီး ပုခုံးကို ပုတ္လိုက္၏။  “ အစားေကာင္းေကာင္းစား ေဆးမမိေစနဲ႕။ ”

━━━━━━━━━━━━━━━━━━━━━━━



Continue Reading

You'll Also Like

2.5M 156K 99
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
247K 37.1K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
308K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
332K 34.8K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...