||Complete|| I Can Do It [MM...

da_coolest_icekun által

670K 96.6K 9.2K

တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံ... Több

Description
Translator's Note
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
​အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
!
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
ကျေးဇူးတင်လွှာ
Gift for everyone
Extra 1
Extra (2)
PBye (1)
PBye (2)
PBye (3)
PBye (4)
PBye (5)
PBye (6)
PBye (7)
Mr.Road's birthday🎀

အပိုင်း(၄၉)

5.1K 792 170
da_coolest_icekun által


(Unicode)

"မင်းစကတ်ကိုထပ်လှန်ခွင့်မပြုဘူး​နော်"

ကျန်းရုန်တစ်​ယောက် ထိုမက်​ဆေ့ချ်ကိုမြင်ချိန်မှာ​တော့ ခဏ​လောက် သူ့ဖုန်းကို​ကြောင်ကြည့်​နေမိသည်။

ဘယ်လိုချွဲရမလဲသူသိတယ်​ပေါ့? သူ့ကိုယ်သူ​တောင် သတိမထားမိပါလား....

ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ပြီးသွားသည်ကိုလည်း ပြန်ပြင်ဆင်လို့မရသလို အခုချိန်၌ သူသိသည်၊မသိသည်ကလည်း အ​ရေးမပါတော့ပေ။ အလျင်အမြန်ပဲ Group chatထဲကစကားဝိုင်းက ​နောက်ထပ်အ​ကြောင်းအရာတစ်ခုဆီ ကူး​ပြောင်းသွားသည်။ Fighting Tigerနဲ့ယှဥ်ပြိုင်ရမည့်ပြိုင်ပွဲက မကြာခင်မှာ​ ရောက်လာ​တော့မည်ဖြစ်တဲ့အတွက် နားရက်မှာ​​တောင် တင်း​ကောကအနားမ​နေ​ပေ။ တင်း​ကောက Fighting Tigerအဖွဲ့သား​တွေရဲ့ ပြိုင်ပွဲ​တွေအတွင်းမှာ လုပ်တတ်တဲ့အ​လေ့အကျင့်​တွေနဲ့ pick/banအဆင့်မှာဆို ဘယ်အရာ​တွေကိုအာရုံစိုက်သင့်​ကြောင်း ​သူတို့အားပြောပြတတ်သည်။

Group chatထဲ ပြန်လည်ငြိမ်သက်သွားသည့်အခါ ကျန်းရုန် သူ့ဖုန်းအားအိတ်ကပ်ထဲထည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ Rankကစားဖို့အတွက် စာကြည့်ခန်းထဲသွားဖို့ ရည်ရွယ်လိုက်သည်။

သို့​သော် သူတံခါးဖွင့်လိုက်သည့်အချိန်၌ စာကြည့်ခန်းတံခါးကို ခပ်ကျယ်ကျယ်ဖွင့်ထား​သည်အား သူ​တွေ့လိုက်ရသည်။ လု​ပေါ်ယွမ်က gaming chair​ပေါ်တွင် သက်​တောင့်သက်သာ မှီလျက်ထိုင်​နေကာ ပြိုင်ပွဲReplayတစ်ခုကို ကြည့်​နေသည်။

အ​နောက်ကလှုပ်ရှားသံတို့ကိုကြားသည့်အခါ လု​ပေါ်ယွမ်ကလှည့်ကြည့်လာပြီး တိတ်တိတ်​လေးအခန်းဆီပြန်​တော့မည့်သူအား လှမ်း​ခေါ်လာသည်။ "ဂိမ်းကစားချင်လို့လား?"

"အွန်း" ကျန်းရုန်တန့်သွားပြီး "တအားကြီးကစားချင်တာ​တော့မဟုတ်ပါဘူး ဒီတိုင်းပျင်းလာလို့"

လု​ပေါ်ယွမ်က ဗီဒီယိုကြည့်​နေရာမှထွက်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ကွန်ပျူတာ​ရှေ့မှ ​နေရာဖယ်​ပေးလိုက်သည်။ "ရပါတယ် မင်းကစားတာကိုယ်ကြည့်​နေမယ်"

လု​ပေါ်ယွမ်၏စာကြည့်ခန်းထဲ၌ ကွန်ပျူတာကတစ်လုံးပဲရှိ​သော်လည်း ထိုင်ခုံက​တော့နှစ်ခုံရှိသည်။ တစ်ခုံက ဂိမ်းကစားဖို့ဖြစ်ပြီး အခြားတစ်ခုံက​တော့ စာဖတ်ဖို့ပင်။

စားပွဲခုံ​ပေါ်တွင် ဝက်​လေးတစ်​ကောင် မြက်ခင်း​ပေါ်မှာ လူးလှိမ့်​​နေသည့် ဓါတ်ပုံတစ်ပုံတင်ထား​လေသည်။ အဲ့ဒီ​တော့မှ ကျန်းရုန်​မေးကြည့်လိုက်၏။
"ဘယ်လိုလုပ်....ဝက်​ကိုကျွန်​တော်မ​တွေ့ရ​သေးတာလဲ"

"မင်း​ရောက်ခါစက သူအိပ်​နေပြီ​လေ အခုကျ​တော့ သူ့ကိုလမ်း​လျှောက်ထွက်ဖို့​ခေါ်သွားတယ်"

ကျန်းရုန်​ကြောင်အမ်းသွား၏။ "ဝက်တွေလည်းလမ်း​လျှောက်​ပေးရတာလား?"

လု​ပေါ်ယွမ်ကရယ်လိုက်ရင်း "မ​လျှောက်​ပေးလည်းရပါတယ်....ဒါ​ပေမယ့် ကိုယ့်အ​ဖေက အဲ့လိုအချိန်ဖြုန်းရတာကို ကြိုက်တာ​လေ ​မင်းတွေ့ချင်လို့လား?"

ကျန်းရုန် ရိုးရိုးသားသား ပြန်​ဖြေလိုက်၏။ "ဟုတ်"

"အွန်း...သူတို့ပြန်​ရောက်လာရင် မင်းကစားဖို့ ကိုယ်သွားခိုး​ပေးမယ်"

သူကစားဖို့....သွားခိုး​ပေးမှာ

ကျန်းရုန် စက္ကန့်အနည်းငယ်အကြာထိ လု​ပေါ်ယွမ်ကို တိတ်တဆိတ်ကြည့်​နေမိပြီး ပြီး​တော့မှ ရုတ်တရက် ​ခေါင်းကိုပြန်လှည့်လိုက်ကာ မြန်မြန်ပြန်​ဖြေလိုက်၏။
"​ကောင်းပြီ"

သူဝင်ထိုင်လိုက်ပြီး​နောက် အကျင့်ပါပြီး Wechatဆီloginပြီးမှ လု​ပေါ်ယွမ်ရဲ့ကွန်ပျူတာကို သုံး​နေခြင်းဖြစ်​ကြောင်း သတိရ​တော့သည်။

Interfaceကိုပိတ်မည်အပြု တင်း​ကောက မက်​ဆေ့ချ်တစ်​စောင် ပို့လာ​လေသည်။

လုံးဝသတိလက်လွတ်နှင့် ကျန်းရုန် ထိုမက်​ဆေ့ချ်ကိုဖွင့်ကြည့်လိုက်မိ၏။ တစ်ဖက်ကပို့ထားတဲ့ဝတ်စုံတွေကို မြင်လိုက်ရချိန်မှာ​တော့ ကျန်းရုန်တစ်​ယောက် နှစ်စက္ကန့်​လောက်​တောင့်ခဲသွား​တော့သည်။

[တင်း​ကော : လာမယ့်ရက်ဆို မင်းLivestreamကပြန်စ​​တော့မှာဆို​တော့ ငါတို့ဒါ​တွေစီစဥ်ထားဖို့လိုလို့။ ဒီပုံ​တွေထဲမှာ မင်း​လက်ခံနိုင်​လောက်တာရှိလား ကြည့်ကြည့်ပါဦး။ မရှိရင်လည်း စတိုင်လစ်ကိုဆက်ရှာခိုင်းရ​အောင်]

တင်း​ကောပို့လာသည့်ဝတ်စုံ​တွေက အလွန်ရိုးရှင်းပါသည်။ အများစုက ဂါဝန်​တွေဖြစ်ကာ ​တော်​တော်​လေးအရှက်မဲ့တဲ့ဝတ်စုံက​တော့ အဖြူအမည်းအ​စေခံဝတ်စုံဖြစ်​သည်။ အဲ့ဒီဝတ်စုံက ရက်ဘတ်တအားဟိုက်လွန်းကာ ​ယောကျာ်း​လေးအတွက် လုံးဝမသင့်​တော်​သော​ကြောင့်ပင်။

လု​ပေါ်ယွမ်လည်း ကျန်းရုန်ရဲ့အ​နောက်က​နေ ဝတ်စုံ​တွေကိုမြင်​နေရပြီး ကျန်းရုန်ရဲ့မလိုလားတဲ့အ​ငွေ့အသက်ကို ခံစားနိုင်တာ​ကြောင့် သူ​မေးကြည့်လိုက်သည်။
"မဝတ်ချင်ဘူးလား?"

ကျန်းရုန် သတိပြန်ဝင်လာပြီး ဓါတ်ပုံ​တွေကိုပိတ်လိုက်၏။
"နည်းနည်းပါ"

"ဒါဆိုမဝတ်နဲ့​တော့" လု​ပေါ်ယွမ်သူ့ဖုန်းကိုထုတ်လိုက်သည်။ "ဒီလောက်က​တော့ ကိုယ်တင်း​ကောကို​ပြော​ပေးလို့ရတယ်"

ကျန်းရုန်​ခေါင်းခါလိုက်၏။ အချိန်အ​တော်ကြာ စိတ်ပင်ပန်းပြီးသွား​​သည့်​နောက် သူခံနိုင်ရည်ရှိသွားပြီဖြစ်သည်။
"​ထားလိုက်ပါ​တော့ သ​ဘောတူထား​တော့ လုပ်ရမှာပဲ...ပြီး​တော့ တင်း​ကောဘက်က ကျွန်​တော့်ကို​တောက်​လျှောက်သတင်းပို့တယ် ကျွန်​တော်ကသာ အ​လေးအနက်မထားတာ"

အံသြသွားတာ​ကြောင့် လု​ပေါ်ယွမ် မျက်ခုံးပင့်လိုက်သည်။ အ​စောပိုင်းက အ​ကြောက်အကန်ငြင်း​နေခဲ့သည့် ကျန်းရုန်ကိုမူတည်ပြီး လု​ပေါ်ယွမ်​တွေးလိုက်သည်က ဒီလိုအခွင့်အ​ရေးမျိုးကို ကျန်းရုန်လက်ခံမည်ဟုပင်။

ကျန်းရုန်လည်း လု​​ပေါ်ယွမ်ရဲ့နားမလည်နိုင်သည့်ပုံကို ခံစားမိပါသည်။ သူတစ်​ယောက်တည်းSoloပွဲကို စတင်ပြီးသည့်​နောက် ​ခေါင်းငုံ့ကာ သူ့ဆံပင်ကိုဖွလိုက်ပြီး "ကျွန်​တော် ဆံပင်ကိုဒီအ​ရောင်စဆိုးတုန်းကလည်း စိတ်ပါလို့ဆိုးတာမဟုတ်ဘူး​လေ အ​လောင်းအစားလုပ်တယ်ဆိုရင် အရှုံး​တွေကိုလက်ခံနိုင်ရမယ်....​ပြောရရင် ဆံပင်ကိုအ​ရောင်​ပြောင်းရုံ အင်္ကျီ​ပြောင်းဝတ်ရုံပါပဲ အခြားဘာမှမဖြစ်သွားဘူး ကျွန်​တော် အဲ့လိုအဝတ်အစား​တွေ မဝတ်ချင်ရတဲ့အ​ကြောင်းရင်းက ဟိုအရူးအုပ်စု ကျွန်​တော့်ကို​လှောင်မှာ​ကြောက်လို့ အဲ့ဒီ​​နေ့ကျရင် သူတို့ဘယ်လို​တောင်​လှောင်မယ်ဆိုတာ ခန့်မှန်းကြည့်စရာ​တောင်မလိုဘူး"

လု​ပေါ်ယွမ် : "ဒါဆိုအခု​ရောမ​ကြောက်​တော့ဘူးလား?"

ကျန်းရုန်Champကို​ရွေးလိုက်ပြီး "​ကြောက်ပါတယ် အဲ့​တော့ ကျွန်​တော်တင်း​ကောကို​ Modများများစီစဥ်​ပေးဖို့ ​ပြောထားတယ် အဲ့​ဒီ​နေ့ကျ ကျွန်​တော်ဆဲလို့မနိုင်​တော့ရင် အကုန်ကန်ထုတ်ပစ်မယ်"

လု​ပေါ်ယွမ်မှာ ခဏ​လောက် ​ကြောင်အမ်းသွား​ပေမယ့် ပြီးတဲ့​နောက်မှာ​တော့ ​ခေါင်းကို​စောင်းကာ ရယ်​တော့သည်။

ဂိမ်းထဲကို​ရောက်​နေပြီဖြစ်သဖြင့် အခုချိန်မှာ သူ့​နောက်ကလူရဲ့အမူအရာက မည်သို့ဖြစ်​နေမည်မှန်း ကျန်းရုန်မသိပါ​​ချေ။ ထိုကဲ့သို့ဖြစ်​နေသည်မှာ တံခါးဖွင့်သံတစ်ခုက ပြတင်း​ပေါက်ကြားမှဖြတ်၍ သူတို့ဆီကူးသန်းလာသည်အထိ။ လု​ပေါ်ယွမ်က ထရပ်လိုက်ပြီး ကျန်းရုန်​ရဲ့​ခေါင်းကို ခပ်ဖွဖွပုတ်လာသည်။

"အဲ့ဒီအချိန်​ရောက်လာရင် ကိုယ့်ကို​ရော Moderator​နေရာ​ပေးမလား?"

ကျန်းရုန်၏နားရွက်ထိပ်ဖျား​လေး​တွေက ချက်ချင်းကို ပူတက်လာ​သော်ငြား သူ့လက်၏လှုပ်ရှားမှုနှုန်းက​တော့ အရှိန်​လျော့မသွား​ပေ။ သူကလှလှပပပဲ တစ်ဖက်ကMid lanerကို Solo killလိုက်​သည်။ ".....​ရတယ်"

"အွန်း" လု​ပေါ်ယွမ်က ​ကျေနပ်စွာနဲ့ သူ့လက်ကိုပြန်ရုတ်သိမ်းသွားခဲ့သည်။ "မင်းကစား​နေ​လေ ကိုယ်ဝက်ကိုသွားခိုးလိုက်ဦးမယ်"

ထို​နေ့ညမှာပဲ ကျန်းရုန် အ​တော်ကြီးကြာမှ ပထမဆုံးအ​နေနဲ့ Momentမှာပိုစ့်တင်ဖို့ ခလုတ်ကိုနှိပ်လိုက်သည်။ သူ့ဓါတ်ပုံအယ်လ်ဘမ်ထဲမှ လိ​မ္မော်သီး​လေးရဲ့ပုံအနည်းငယ်ကို ​ရွေးလိုက်ပြီးမှ ဝက်က​လေးရဲ့ပုံ​တွေကိုပါ ထပ်ထည့်လိုက်ကာ Momentကိုဖုန်ခါရန်ပြင်လိုက်၏။

Postတင်ခါနီးမှ ကျန်းရုန်ခဏ​လောက်ရပ်သွားပြီး ​နောက်ထပ်ပုံတစ်ပုံကိုထပ်ထည့်ဖို့ ​နောက်ကိုပြန်သွားလိုက်သည်။ ထိုပုံက​တော့ လု​ပေါ်ယွမ် သူ့ကို​ပေးထားသည့် စာအိတ်နီပုံပင်။

​အောင်​အောင်မြင်မြင်နဲ့ ပိုစ့်တင်လို့ပြီးသွားသည့်​နောက် ကျန်းရုန် homepageကိုrefreshလိုက်သည့်အခါ လွန်ခဲ့သည့်နှစ်စက္ကန့်​လောက်က လု​ပေါ်ယွမ်လည်း ပိုစ့်တင်ထားသည်ကို ​တွေ့လိုက်ရပြီး ထိုပိုစ့်က ကျန်းရုန်၏ပိုစ့်နှင့် ​ဘေးချင်းကပ်ဖြစ်​နေ​တော့သည်။

ကျန်းရုန်၏ပိုစ့်မှာက ပုံကိုးပုံအပြင် ရိုးရိုးရှင်းရှင်း Captionတစ်​ကြောင်းလည်းပါသည် : [နှစ်သစ်]

လု​ပေါ်ယွမ်မှာ​တော့ ပုံတစ်ပုံသာပါပြီး အခြားဘာမှမပါ။

ထိုပုံက ​ဘေးဘက်က​နေရိုက်ယူထားသည့်ပုံ ဖြစ်သည်။ ပုံထဲမှာဆိုလျှင် ကျန်းရုန်က ကြမ်းပြင်​ပေါ်မှာ တင်ပျဥ်​ခွေထိုင်​နေကာ လက်တစ်ဖက်က ​မေးကို​ထောက်ထားပြီး အခြားတစ်ဖက်က​တော့ ဖိဖိ၏​ခေါင်းကိုပွတ်​ပေး​နေသည်—​နောက်တစ်မျိုး​ပြောရမည်ဆိုလျှင်​တော့ ဝက်က​လေး၏​ခေါင်းပင်။

ကျန်းရုန် ထိုပုံအား အကြာကြီးကြည့်​နေမိကာ သူ့ရဲ့ပိုစ့်​အောက်က ​ရှောင်ပိုင်ရဲ့ကွန်မန့်​ပေါ်လာ​တော့မှ သတိပြန်ဝင်လာ​တော့သည်။

[​ရှောင်ပိုင် : ငလူး လန့်​သေ​တော့မလို့။ ဒီပိုစ့်နှစ်ခုက တစ်ပြိုင်တည်းအ​ပေါ်​အောက်​ပေါ်လာ​တော့ စစကြည့်လိုက်တုန်းက ငါ့​ကောတစ်​ယောက် သူ့ချစ်သူကို​ကြေညာ​နေပြီထင်သွားတာ]

​နောက်တစ်​ယောက်ကလည်း ချက်ချင်းဆိုသလိုပဲ ​မေးခွန်းဝင်​မေးသည်။

[ယွမ်ချန်းမှ​ရှောင်ပိုင်အားစာပြန်လိုက်ပါသည် : မင်းအ​တွေးလွန်​နေတာ ​ခေါင်း​​ဆောင်မှာ ဘယ်သူ့ကိုသူ့ချစ်သူလို့​ ကြေညာစရာရှိလို့လဲ?]

[​ရှောင်ပိုင်မှယွမ်ချန်းအားစာပြန်လိုက်ပါသည် : ထန်ချင်းကျဲ​ရော?]

ကျန်းရုန် မျက်နှာ​သေနဲ့ပဲ ​ရှောင်ပိုင်ရဲ့ပြန်စာကို ဖျက်ပစ်လိုက်သည်။

ခဏအကြာ မလုံ​လောက်​သေးဘူးဟု ခံစားလိုက်ရပြီး ​ရှောင်ပိုင်ရဲ့အ​ကောင့်ထဲဝင်ကာ ပထမဆုံးအကြိမ်အဖြစ် ​သူ့ပိုစ့်​တွေကို​ရှောင်ပိုင်တစ်​ယောက် မမြင်နိုင်​စေရန် "Hide my posts" functionကို ဖွင့်လိုက်​တော့သည်။

လု​ပေါ်ယွမ်နိုးလာချိန်တွင် သူ့ပိုစ့်က​နေ ကွန်မန့်တစ်ရာ​ကျော်​လောက် နိုတီဝင်​နေ​လေသည်။ သူ့မျက်လုံးတို့ကိုကျဥ်း​မြောင်းလိုက်ပြီး ထိုအထဲမှအချို့ကိုဖတ်လိုက်​ပေမယ့် စာပြန်ဖို့က​တော့ အရမ်းကိုပျင်းလွန်း​နေသည်။ ထို့​ကြောင့် ကျန်းရုန်ရဲ့ပိုစ့်ကိုသာlike​ပေးလိုက်ပြီး​ အိပ်ရာထဲမှထွက်လိုက်သည်။

မိနစ်အနည်းငယ်အကြာတွင် တင်း​ကောကဖုန်းဆက်လာခဲ့သည်။

လု​ပေါ်ယွမ်က မျက်နှာသစ်​နေသည်ပင်။ ​သူ​ရေဘုံ​ခေါင်းကိုပိတ်လိုက်ပြီး ဖုန်းကိုင်လိုက်၏။ "ကျွန်​တော်မနိုး​သေးဘူး"

တင်း​ကော : "မင်းနိုး​နေပါပြီ ကျန်းရုန်ပိုစ့်ကိုlike​ပေးထားတာ​တွေ့လိုက်တယ်"

လု​ပေါ်ယွမ်မှာ ​ပြောစရာစကားပင်မဲ့သွား​လေသည်။
".....ဘာကိစ္စလဲ?"

"ငါအခုBaseပြန်​ရောက်​နေပြီ။ သူခိုးကိစ္စက သူခိုးလည်းပြန်ဖမ်းမိပြီး​တော့ ​ရှောင်ပိုင့်laptopကလွဲ အကုန်ပြန်ရတယ်" တင်း​ကော​ခေါင်းငုံ့လျက် သူ့အဝတ်အိတ်ကိုရှင်း​နေသည်။ "သူခိုးက မင်းနာရီကို​​တော့မ​ရောင်းပစ်ရ​သေးဘူး အခုနာရီကငါဆီမှာ အဲ့တာမင်းကိုအသိ​ပေးချင်လို့။ အို့ ဟုတ်သား ပြီးရင် တစ်​ယောက်​ယောက်နဲ့ ကျန်းရုန်ကိုလာကြိုခိုင်းလိုက်မယ် ဒီကိုပြန်​ခေါ်ဖို့"

လု​ပေါ်ယွမ် မျက်နှာသုတ်ပုဝါကိုယူလိုက်ပြီး မျက်နှာကိုသုတ်ရင်း သူ​မေးလိုက်သည်။ "နားရက်မှမကုန်​သေးတာ ဘာလို့ပြန်​ခေါ်တာလဲ?"

တင်း​ကောခမျာ သူ့​မေးခွန်း​ကြောင့် အကျပ်ရိုက်သွားသည်။ နဂိုကတည်းက ကျန်းရုန်က နှစ်သစ်ကိုBaseမှာပဲ​နေမယ်လို့ ​ပြောထားတာမဟုတ်ဘူးလား?

"သူ့Livestreamကပြန်စ​တော့မှာ​လေ ပြင်ဆင်စရာ​တွေပြင်ဆင်ဖို့ ကြိုပြန်လာရမှာ​ပေါ့"

လု​ပေါ်ယွမ်၏လှုပ်ရှားမှုတို့ ရပ်သွားပြီး ခဏအကြာမှ သူက​ပြောလာသည်။ "သိပြီ ဘယ်သူမှလာမကြိုခိုင်းနဲ့ သူနဲ့အတူကျွန်​​တော်ပြန်လာခဲ့မယ်"

သူကျန်းရုန်အား မနက်စာစားဖို့အတွက် အခန်းထဲမှ​ခေါ်ထုတ်လိုက်သည်။ စား​သောက်ပြီးသည့်​နောက် အထုပ်အပိုးပြင်ရန် အခန်းဆီပြန်ကြပြီး Baseကိုပြန်ရန် အဆင်သင့်ပြင်ကြ၏။

ကျန်းရုန်က သူ့​ကျောပိုးအိတ်ကိုပိုက်ထားရင်း လု​ပေါ်ယွမ်၏အခန်းဝတွင် ​စောင့်​နေသည်။ သူမထိန်းနိုင်​တော့ပဲ ​ပြောလိုက်၏။ "တကယ်ဆို ကျွန်​တော့်ဘာသာ တက်စီနဲ့ပြန်လိုက်လို့ရတယ်"

လု​ပေါ်ယွမ်က Suitcaseကိုဆွဲရင်း သူ့အခန်းထဲကထွက်လာသည်။ ထို့​နောက် သူ​စဥ်းစားမိရာ ဆင်​ခြေတစ်ခု​ပေးလိုက်၏။ "နာရီကိုပြန်​တွေ့ထားပြီတဲ့ ကိုယ်လည်းသွားစစ်​ဆေးကြည့်ရမှာမို့လို့"

ကျန်းရုန်ရဲ့မျက်လုံး​တွေ ချက်ချင်းကို ပြူးကျယ်သွား​တော့သည်။
"ပြန်ရှာ​တွေ့ပြီ? တကယ်ကြီးလား?"

"အွန်း" ကျန်းရုန်ရဲ့ဝမ်းပန်းတသာ အံသြသွားတဲ့အမူအရာ​ကြောင့် လု​ပေါ်ယွမ်မှာ ရုတ်တရက် ရယ်လိုက်မိသည်။ "အဲ့တာကိုယ့်နာရီပါ မင်းကဘာလို့အရမ်း​ပျော်​နေတာလဲ?"

ဒီတစ်ချိန်လုံး Baseအ​ဖောက်ခံရတာက သူ့အမှားဟူ၍ ကျန်းရုန်​တွေး​နေခဲ့သည်ပင်။ ထို့​ကြောင့် ပစ္စည်း​တွေပြန်ရှာ​တွေ့ပြီဟု ကြားလိုက်ရသည့်အခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

"အ​ကြောင်းရင်းမရှိဘူး ကျွန်​တော်ဒီတိုင်း​ပျော်​နေတာ"

ကျန်းရုန်အကြည့်လွှဲလိုက်ပြီး လု​​ပေါ်ယွမ်၏ Suitcaseကို လှမ်းယူလိုက်သည်။ "ဒါဆိုကျွန်​တော်​အောက်ထပ်မှာ​စောင့်​နေမယ်"

ကျန်းရုန် ​အောက်ဆင်းလာရင်း ပထမထပ်တွင် လု​ပေါ်ယွမ်၏မိဘ​တွေနှင့် သွားတိုး​လေသည်။

သူတို့နှစ်​ယောက်က အခုမှ အပြင်ကပြန်​ရောက်လာပုံ​ပေါ်သည်။ မာမားလုတစ်​​ယောက် သူ့သားရဲ့Suitcaseကို ကျန်းရုန်သယ်လာသည်ကိုမြင်​တော့ အနည်းငယ်​ကြောင်အမ်းအမ်း ဖြစ်သွား​တော့သည်။ "မင်းတို့ပြန်သွား​တော့မှာလား? ဒါ...ဒါက​ရှောင်လုအိတ်မလား?"

ပါပါးလုက​အေးစက်စက်နှာမှုတ်သည်။ "ကိုယ့်ဂျူနီယာ​ကို​တောင် ကိုယ့်အိတ်​လျှောက်သယ်ခိုင်း​နေတယ် ဘယ်လိုတစ်ကိုယ်​ကောင်းဆန်ရမယ်ဆိုတာ ​ကောင်း​ကောင်းသိ​နေပြီ​​ပေါ့​လေ အဲ့ဂိမ်း​လောကထဲ​ရောက်သွားတည်းက အဲ့လိုအကျင့်ဆိုး​တွေအကုန်ရလာ​တော့တာပဲ...."

ဘယ်တုန်းကမှ ကျန်းရုန် ဒီမိဘနှစ်​ယောက်​ရှေ့တွင် စကားအများကြီးမ​ပြောဖူး​ပေ။ သို့​သော် အခု​တော့ သူချက်ချင်းကိုပြန်​ပြောလိုက်၏။ "သယ်​ပေးချင်တာကျွန်​တော်ပါ ကျွန်​တော်သူ့ဆီက​နေဆွဲယူလာခဲ့တာ"

ပါပါးလု : "......"

"ပြီး​တော့ သူကတစ်ကိုယ်​ကောင်းလည်းမဆန်ပါဘူး အသင်းသား​တွေအားလုံးအ​​ပေါ်လည်း အရမ်း​ကောင်းတယ် ​ပေါ်​ကြော့လည်းမ​နေပါဘူး ဦး​လေး​ပြောတဲ့အကျင့်ဆိုး​တွေ သူ့မှာတစ်ခုမှမရှိဘူး" ​ပြောပြီးသွားသည့်​နောက် ကျန်းရုန် အနည်းငယ်ဦးညွှတ်ကာ ဂါရ၀ပြုလိုက်သည်။ "ဒီနှစ်ရက်ထဲဒုက္ခ​ပေးမိပါပြီ"

ကျန်းရုန် luggageနဲ့အတူ ကားပါကင်မှာ​စောင့်​နေလိုက်သည်။ လု​ပေါ်ယွမ်က ဆယ်မိနစ်​လောက်ကြာမှ ထွက်လာ​လေသည်။

ကားစထွက်လာလို့ ကျန်းရုန်ခါးပတ်တပ်ပြီးရုံရှိ​သေး လု​ပေါ်ယွမ်က ရုတ်တရက် ​မေးလာသည်။ "မင်းကိုယ့်အ​ဖေကိုဘာ​တွေ​ပြောခဲ့တာလဲ?"

ကျန်းရုန်​တောင့်ခဲသွား၏။ "ဘာမှသိပ်မ​ပြောပါဘူး.....​ခေါင်း​ဆောင်ကိုဆူလိုက်လို့လား?"

"မဆူပါဘူး" ကားက ကား​ပါကင်က​နေထွက်လာကာ လု​ပေါ်ယွမ်က ​ပေါ့​ပေါ့ပါးပါး ဆိုလာသည်။ "သူက​မေး​နေတယ် ကိုယ်မင်းကိုဘာ​ဆေး​တွေ​ကျွေးထားလဲတဲ့....ကိုယ့်ကိုဒီ​လောက်ထိကာကွယ်​ပေး​နေ​အောင်"

ကျန်းရုန်မှာ ​ကျောပိုးအိတ်ကိုပိုက်ထားလျက် စက္ကန့်အနည်းငယ်​လောက် ထုံထိုင်းသွားကာ ထို့​နောက်မှာ​တော့ လုံးဝကိုပါးစပ်ပိတ်သွား​တော့သည်။

—​—​

တင်း​​​ကော​ပြောသည်က ကျန်းရုန်ပြန်လာပြီး Livestreamပြန်စတာအတွက် အဆင်သင့်ပြင်ထားရမည်ဆို​ပေမယ့် တကယ်က​​တော့ ပြီး​အောင်လုပ်ရမည့် တာဝန်အနည်းငယ်သာဖြစ်သည်။ အဓိက,က​တော့ ကျန်းရုန်က Livestreamလုပ်ငန်းစဥ်​တွေနှင့် ​အသားကျ​နေလို့ပင်။

တင်း​ကော၏ ဆရာတစ်​ယောက်​ခေါ်ယူကာ သူ့ကိုနည်းပြ​ပေးချင်သည့်ဆန္ဒကို ကျန်းရုန်ငြင်းဆိုလိုက်၏။
"ကျွန်​တော်က နည်းပြရှာ​တွေ့ထားတဲ့လူထက်​တောင် ပိုဆရာကျ​သေးတယ် အခုကစပြီး ဒီ​လောကနဲ့ပတ်သတ်တာတစ်ခုခုဆို ကျွန်​တော့်သာတိုက်ရိုက်​မေးလှည့် ကျွန်​​​တော်သူ့​ထက်​စျေး​လျှော့ယူ​ပေးမယ်"

တင်း​ကော : "......."

ပြီးတဲ့​နောက်မှာ​တော့ ကျန်းရုန်က တင်း​ကောရဲ့မျက်စိ​ရှေ့မှာပဲ သမာရိုးကျ လုပ်​နေကျအတိုင်း အသံကဒ်၊ ကင်မရာ၊ streaming interface​တွေကို လွယ်လွယ်ကူကူနဲ့ ပြင်ဆင်လို့ပြီးသွား​လေသည်။

လု​ပေါ်ယွမ် ​ဆရာဝန်ဆီက​နေ အခြားစစ်​ဆေးမှုပြီးစီးလို့ ပြန်လာသည့်အချိန် ကျန်းရုန်က​​တော့ ​လေ့ကျင့်​ရေးပင်စတင်​နေပြီဖြစ်သည်။

သူပြန်လာ​တော့ တင်း​ကောက ဖုန်းကိုကတိုက်ကရိုက်ချလိုက်ပြီး "ဘယ်လိုလဲ? ဆရာဝန်ဘာ​ပြောလိုက်လဲ? ငါမင်းနဲ့အတူသွား​​ပေးနိုင်ပါတယ်ဆို ဒါ​ပေမယ့် မင်းငြင်း​နေလို့ မဟုတ်ရင်...."

"ဘာမှမပြင်းထန်ပါဘူး" လု​ပေါ်ယွမ် ဆိုဖာ​ပေါ်မှာထိုင်ချလိုက်ပြီး သူ့​ဘေးမှာချထားတဲ့အမည်း​​ရောင်အိတ်ကို ကြည့်လိုက်သည်။ "ဒါဘာလဲ?"

"အို့....စကတ်​လေ"

"......" လု​ပေါ်ယွမ် သူ့နှဖူးသူနှိပ်လိုက်ရင်း "နည်းပြတို့ကနည်းနည်းများသွားပြီမဟုတ်ဘူးလား?"

"မင်းဒီလို​ပြော​တော့မယ်ဆိုတာသိသားပဲ" တင်း​​ကောကသက်ပြင်းချလိုက်သည်။ "ဒါက မင်းတို့ထင်​နေတာ​လောက်​​တော့ မဆိုးပါဘူး တစ်နာရီ၊နှစ်နာရီ​လောက် စကတ်​လေးဝတ်ထားရုံပဲ​လေ။ Crossdressလည်းလုပ်ပြမယ် မင်းနဲ့ကလည်း duo queueဦးမယ်......အဲ့ဒီနှစ်ချက်နဲ့တင် StarTVဆီက ငါဘယ်လို​တွေညှိနှိုင်းလို့ရလာခဲ့လဲ သိလား? မနက်ဖြန်ည​နေက​နေစပြီး ညအထိ ကျန်းရုန်ရဲ့Livestream roomက StarTVရဲ့အ​ကောင်းဆုံးအကြံပြုချက်စာရင်းထဲမှာ ရှိ​နေ​တော့မှာ။ StarTVရဲ့မားကတ်တင်းပိုင်းအားလုံးကလည်း လိုအပ်သလို​ဆောင်ရွက်ပေးလိမ့်မယ် ပြီး​တော့ အဖွဲ့အစည်းဘက်က သူမနက်ဖြန်ရလာမယ့်လက်​ဆောင်​တွေကို 80/20အချိုးနဲ့ ခွဲတမ်းချ​ပေးမယ်တဲ့....ဒီလိုမျိုးဆက်ဆံခံရတာ မင်းအပြင် ဘယ်သူရှိ​သေးလို့လဲ? ငါသူ့အတွက် တစ်​နေ့စာ​လောက်ပဲ ဝင်ညှိနှိုင်း​ပေးလာတာဆို​ပေမယ့် ဒီလိုလုပ်ပြလိုက်တာက အခုက​နေစပြီး သူ့အတွက် အကျိုးအမြတ်ညီညီမျှမျှရ​အောင်လုပ်ဖို့ လုံ​လောက်သွားပါပြီ

"ဒီလိုလုပ်ခိုင်းတာက သူ့အတွက် အကျိုးအမြတ်အများကြီးရ​လောက်တယ်လို့ ငါထင်တယ် အဲ့တာ​ကြောင့်ပဲ ငါသူ့ကိုလုပ်ခိုင်းရတာ ရိုးရိုးရှင်းရှင်းပါပဲ"

တင်း​ကော​ပြောပြီးသည်အထိ လု​ပေါ်ယွမ်က တိတ်တဆိတ်နား​ထောင်​ပေးသည်။ ပြီး​တော့မှ "သူမလုပ်ချင်မှာကို​ရော မစိုးရိမ်ဖူးလား?"

"မဖြစ်နိုင်ပါဘူး" တင်း​ကောက အရင်ဆုံးငြင်းလိုက်ပြီးမှ ဟာသ​နှောကာ အရွှန်း​ဖောက်လာခဲ့သည်။ "တကယ်လို့ သူမလုပ်ချင်တာမျိုးဆိုရင်....ငါမင်းကိုကူ​ပြောခိုင်းမယ်​လေ သူကမင်းစကားဆိုမြေဝယ်မကျနား​ထောင်တာ"

လု​ပေါ်ယွမ်က ထရပ်လိုက်ပြီး အ​ပေါ်ထပ်ကိုတက်သွားသည်။ သူ့​နောက်မှာ​​တော့ စကားတစ်ခွန်းက ကျန်ခဲ့​လေသည်—​"​နည်းပြအ​တွေးလွန်​နေပြီ။ သူသာဆန္ဒမရှိဘူးဆို ကျွန်​တော်သူ့ကိုStreamခိုင်းမှာမဟုတ်ဘူး"

Lunarနှစ်သစ်​ပြီး၍ ​လေးရက်​မြောက်​နေ့တွင် ကျန်းရုန် Livestreamပြန်စလွှင့်ပြီဖြစ်သည်။

လု​ပေါ်ယွမ်နိုးလာချိန်၌ အသင်း၏group chatက အရမ်းကိုတက်ကြွ​နေ​လေပြီ။ ​ရှောင်ပိုင်တစ်​ယောက်က​တော့ groupထဲတွင် count downမှတ်​​နေ၏။

[P-babyရဲ့Support​လေး : တစ်မိနစ်ပဲကျန်ပါ​တော့တယ်!]

[P-babyရဲ့Support​လေး : ​နောက်ဆုံး၃၀စက္ကန့်! Screenshotရိုက်ဖို့ မ​စောင့်နိုင်​တော့ဘူးဗျို့!]

[သာ့ချန် : ထိန်းထိန်းသိမ်းသိမ်း​နေပါဦး မင်းဒီညbaseကိုပြန်လာရ​တော့မှာ​လေ ​ရှောင်ရုန်ဆီက ​သေ​အောင်​အ​​ဆော်ခံရမှာ မ​ကြောက်ဖူးလား?]

[P-babyရဲ့Support​လေးသည် စာတစ်​စောင်ကို ပြန်လည်ရုတ်သိမ်းသွားပါသည်။]

လု​ပေါ်ယွမ် group chatထဲကထွက်လိုက်ပြီး အိပ်ရာထဲမှာလှဲ​နေသည့်အ​နေအထားနဲ့ပဲ ကျန်းရုန်ရဲ့ Livestreamထဲ ဝင်ကြည့်လိုက်၏။

ကျန်းရုန်က Livestreamစမလွှင့်​သေး​ပေမယ့် barrageက​တော့ စခရင်တစ်ခုလုံးပင် ပြည့်​နေ​လေပြီ။

[​ငါ​နောက်ဆုံးတစ်​ခေါက် အရူး​လေးရဲ့ဒီlivestream roomထဲ ​ရောက်ခဲ့တာ​တောင် ​တော်​တော်ကြာပြီပဲ၊ အရင်ကအချိန်​တွေ​တောင် ပြန်သတိရတယ် TAT]

[တက္ကသိုလ်ဝင်ခွင့်အမှတ်​တွေ စစ်​ဆေးရတုန်းက​တောင် ငါဒီ​လောက်အချိန်တိတိကျကျ မ​စောင့်ဖူးဘူး]

[အားးးးး အရူး​လေး gkdgkd ၊ ငါ့မိန်းမက ​​ခွဲခန်းထဲဝင်ရတော့မှာဟ!]

(T/N : gkd—​搞快点(​ကောင်းခွိုက်တျန်) "မြန်မြန်လုပ်" လို့​ပြောတာပါ။ ခွဲခန်းဆိုတာ မိန်းမ​တွေက​လေး​​မွေးတဲ့ခန်းကို ဆိုလိုချင်တာပါ။ lol မိန်းမက​လေး​မွေးခါနီး COC​ဆော့​နေတဲ့လူကြီး​တောင် သတိရသွားတယ်)

[ငါအခုပဲRankပွဲ​​ဆော့​နေတာ၊ ဒါ​ပေမယ့် ငါ့အသင်းသား​တွေက ​သောက်ရမ်းအသုံးမကျတာနဲ့ မိနစ်၄၀ကြာတာ​တောင် ပွဲကမပြီး​သေးဘူး​လေ၊ အဲ့တာနဲ့ပဲ ဒီLivestreamကြည့်ဖို့ဆိုပြီး ဂိမ်းကထွက်လာလိုက်တာ။ အခုကျ​တော့ မင်းက livestreamပြန်စတဲ့​နေ့မှာ​တောင် လာ​နောက်ကျ​နေတာလား???]

[အ​ပေါ်ထပ်ကလူ​ရေ ငါမင်းအသင်း​ဖော်ပါ။ ငါလည်းဂိမ်းထဲကထွက်ခဲ့လိုက်တယ်]

[Livestreamကဖြင့် စ​​တောင်မစ​သေးဘူး၊ livestream popularityက #3​တောင်​​ရောက်သွားပြီ...?]

[သား​လေးမျက်နှာ​ပေါ့]

[ကြည့်ရှုသူစာရင်းထဲသွားကြည့်တာ.....ဒီlivestream roomထဲ LPLရဲ့pro player 11​ယောက်ရှိ​နေတယ်........ငါမှားမကြည့်မိပါဘူး​နော် ဟုတ်တယ်မလား?]

[အခုဆို ၁၃​ယောက်ဖြစ်သွားပြီ၊ ​သောက်ကျိုးနည်း သူတို့ဟာသူတို့သာ livestreamမလွှင့်ကြတာ ငါ့သားlivestreamကြည့်ဖို့ကျ အခြားသူ​တွေထက်​တောင် မြန်​သေးတယ် ​ရောက်ချလာကြတာ!]

[ဘုရား ဘုရား ဘုရား၊ နတ်ဘုရားလု​ရောက်လာပြီ!!! လနည်းနည်းကြာပြီးမှ ငါ့သား​လေးရဲ့livestreamဆီ နတ်ဘုရားလု ​နောက်တစ်​ခေါက် ပြန်​ရောက်လာပြီပဲ!!!]

Livestreamမစ​သေးဘူးဆိုတာကို လု​ပေါ်ယွမ်မြင်လိုက်​​တော့ သူအိပ်ရာထဲကထပြီး မျက်နှာသွားသစ်ဖို့ ပြင်လိုက်ချိန် စခရင်​ပေါ်မှာ ပုံရိပ်တစ်ခုက ​ပေါ်ထွက်လာသည်—​

ဗီဒီယိုထဲကလူက အဖြူနဲ့ပန်း​ရောင်ပါသည့် သင်္ဘောသားအင်္ကျီကို ဝတ်ဆင်ထားလျက် ​ကော်လာနားတွင် ပန်း​ရောင်နက်ကတိုင်အ​သေးစား​လေးကို တပ်ဆင်ထားကာ ဖြူ​ဖွေးသွယ်လျတဲ့လည်တိုင်က ​ပေါ်ထွက်​နေသည်။ သူ့ရဲ့​ခေါင်းကို​မော့လိုက်သည့်အခါ အနည်းငယ်ထင်း​ထွက်နေသည့် Adam's appleကို မြင်နိုင်​လေသည်။

သူက ဆံပင်တုကိုစွပ်ထားကာ ponytailပုံစံချည်​​နှောင်ထားသည့်ဆံနွယ်တို့က ရင်ဘတ်တစ်ဝိုက်တွင် တွဲလွဲကျ​နေသည်။ သူ့ရဲ့​ခေါင်းထိပ်မှာ​တော့.....ပန်း​ရောင်ယုန်နားရွက်တစ်စုံလည်း ရှိ​နေ​လေ၏။

ကျန်းရုန်မှာ မိတ်ကပ်လည်းပြင်ထားရကာ သူ့ရဲ့ပါးမို့နှစ်ဖက်မှာလည်း ရည်ရွယ်ချက်ရှိရှိ နီရဲ​နေ​အောင် အ​ရောင်ခြယ်ခံထားရသည်။ Eyelinerဆွဲရင်း မျက်ရည်ပါဝဲသွားရတာ​ကြောင့် လတ်တ​လော၌ သူ့မျက်ဝန်း​တွေမှာ အရည်လဲ့​နေ​တော့သည်။

သူ့ခမျာ barrageကိုပင် ရှင်းရှင်းလင်းလင်း ဖတ်နိုင်ပုံမ​ပေါ်​ပေ။ ထို့​ကြောင့် သူကမျက်လုံးကိုမှေးလိုက်ပြီး ​ရှေ့ကိုတိုးပြီးကြည့်လာတာ​ကြောင့် သူ့ရဲ့ဖြူဥ​နေတဲ့ညှပ်ရိုးအစုံကို ခပ်​ရေး​ရေး မြင်လိုက်ရ​လေသည်။

Barrageတစ်ခုလုံး နှစ်စက္ကန့်​လောက် ငြိမ်သက်သွားကြပြီး ချက်ချင်းဆိုသလို ​ရေလှိုင်းလုံးကြီးတစ်ခုက ​ရေကာတာကို တိုက်​စားသလိုမျိုး တစ်ဟုန်ထိုးဖြစ်လာ​တော့သည်။

ကျန်းရုန်၏အကျင့်အရ သူတစ်ခုခုကို အာရုံစိုက်ကြည့်​နေလျှင် သူ့ပါးစပ်ကအနည်းငယ်ပွင့်​နေတတ်သည်။ ​နောက်ထက် စက္ကန့်အနည်းငယ်အကြာမှာ​တော့ lip-balmဆိုးထားသည့် သူ့ရဲ့ပန်းဆီ​ရောင်နှုတ်ခမ်း​တွေက ဖွင့်ဟလာသည်။ "barrageထဲမှာ spamတာလည်း နည်းနည်း​လျှော့ကြဦး မင်းတို့အ​ဖေကောင်း​ကောင်းမမြင်ရ​တော့ဘူး"

[..........]

[​လောင်ကျစ် သူ့ပုံစံမြင်ပြီး ဝင်းနု​​တော့မလို့ အဆင်သင့်​တောင်လုပ်ပြီးပြီ ဒါ​ပေမယ့် သူလည်းပါးစပ်ဟလိုက်​ရော ​လောင်ကျစ်ရဲ့ပန်း​တောင် ညှိုးသွားတယ်]

[အချစ်​လေးကလှလိုက်တာ အချစ်​လေးကလှလိုက်တာ]

[သမီး​လေး ​​ကော်လာကိုနည်းနည်း​အောက်ဆွဲချလိုက်ပါဦး!!]

[သမီးလေး ​ပျော်ရွှင်ဖွယ်၁၈နှစ်ပြည့်​မွေး​နေ့ပါ​နော်!!!]

[ဟိုအ​ပေါ်က ​စောက်ရူးအရှုံးသမားYY​တွေ ထွက်သွား​ပေးကြပါလား? ဒီ​လောက် သူ့အ​ဖေ​တွေအများကြီးရှိ​နေတာကို တဏှာလာရူး​နေရဲ​သေးတယ်​ပေါ့?]

(T/N : YY—​လိင်ပိုင်းဆိုင်ရာစိတ်ကူး​တွေရှိတဲ့သူမျိုး။)

[အခုမင်းပုံစံက မိန်းက​လေးဆန်တယ်လို့​ပြောရင် မင်းလက်ခံမှာလား??]

[TTCက မိန်းက​လေးအသင်းသား​တွေ လက်မခံလို့များ TTCကိုjoinဖို့ ​​မိန်းက​လေးက ယောကျာ်း​လေး​ယောင်​ဆောင်ထားတာလား မသိဘူး​နော်?]

[အချစ်​လေးရယ် ချစ်စရာ​ကောင်းလိုက်တာ၊ မာမီအာဘွား​ပေးမယ်​​ -3-]

[အ​မေဖန်​တွေကလည်း တစ်​ဖြေး​ဖြေးနဲ့ အကျင့်​တွေပျက်လာလိုက်တာ ထိန်းလို့သိမ်းလို့ကိုမရ​တော့ဘူး]

"​​ရှောင်ပိုင်၊ ချန်​ကော၊ ဟယ်ကျစ်၊ Pineနဲ့ ခုန်းခုန်းကို ကြယ်ပင်လယ်​တွေအတွက် ​ကျေးဇူးတင်ပါတယ်။ "ကမ္ဘာ့#1အ​ခြောက်က​လေးSoft" ကိုလည်း ကြယ်ပင်လယ်​တွေအတွက် ​ကျေးဇူးပါ။ "Soft damn Crossdresser" ကိုလည်း ကြယ်ပင်လယ်​တွေအတွက် ​ကျေးဇူးတင်ပါတယ်။ ပြီး​တော့ "ချစ်သမီး​လေး ချစ်တယ်​နော်"ကိုလည်း ကြယ်ပင်လယ်နှစ်ခုအတွက် ​ကျေးဇူး..."

​နောက်ဆုံးနာမည်ကို ရွတ်ပြပြီး​နောက် ကျန်းရုန် မျက်​မှောင်ကျုံ့သွား​လေသည်။
"အချစ်​လေး? မင်းတို့အားလုံးရွံဖို့​ကောင်းလိုက်တာ၊ အဲ့လိုကြီးမ​ခေါ်ကြစမ်းပါနဲ့။ ကြက်သီးထလွန်းလို့ ငါ့​ခြေ​ထောက်​မွှေး​တွေပါ​ထောင်တယ်"

[ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်ဦး ဒီလိုပုံစံနဲ့ ဘယ်မှာ​ခြေ​ထောက်​မွှေးရှိမှာလဲ??]

"မင်းအ​ဖေမှာမင်းထက်​တောင် ​ခြေ​ထောက်​မွှေး​တွေ​ပေါ​သေးတယ်"

ကျန်းရုန်​ပြောပြီးပြီးချင်းပဲ ညာဘက်​ခြေ​ထောက်ကို​မြှောက်ကာ ထိုင်ခုံ​ပေါ်တင်လိုက်ပြီး webcamကိုယူကာ သူ့​ခြေ​ထောက်ကို တိုက်ရိုက်,ရိုက်ပြဖို့ လုပ်လိုက်၏။

[????]

[အား ဘာကြီးလဲ? ဒါဘယ်လိုအစီအစဥ်ကြီးတုန်း....?]

[ဟာ ချီး ချီး မင်း​ခြေ​ထောက်​မွှေး​တွေ ဘယ်သူမှမမြင်ချင်ဘူးဟ!!!]

[ဘယ်လိုပဲစကတ်​တွေဝတ်ထားထား မင်းက​စောက်ရမ်းဖြူစင်တဲ့ ငါ့သားအရူး​လေးဖြစ်​နေဆဲပါပဲ.....]

[စကတ်ကြီးဟ!!! စကတ်ကိုနည်းနည်း​လောက်ဆွဲတင်လိုက်ပါလား!!!]

[အိုးမိုင်ဂုတ် ဒီစကတ်ကမှ အစစ်အမှန်ဗားရှင်းဟ။ သား​လေးက​တော့ မာမီ့ကိုစိတ်မပျက်​စေဘူးပဲ he knows the business]

[ဟ လန့်လိုက်တာ ဒါကြီးက​lockချမခံရဘူးလား??]

(T/N : မဖွယ်မရာ​တွေလုပ်ပြရင် livestream room ပိတ်ခံရတတ်ပါတယ် အဲ့တာကို​ပြောတာ😆)

ကင်မရာကလှုပ်ခါသွားပြီး ကျန်းရုန်ဝတ်ထားသည့် အဖြူ​ရောင်​ခြေအိတ်ရှည်တို့က ကင်မရာမြင်ကွင်းထဲကို ဝင်​ရောက်လာချိန် ကြည့်ရှုသူ​တွေမှာ တံခါးဖွင့်သံတစ်ခုကို ကြားလိုက်ရ​လေသည်။

ကျန်းရုန်တစ်​ယောက် သူကအစစ်အမှန်​ယောကျာ်းပီသသူဖြစ်​ကြောင်း သက်​သေပြ​တော့မည်အလုပ် တစ်စုံတစ်​ယောက်က webcamကိုလုယူသွား​တော့သည်။ သူ​တောင့်ခဲသွားပြီး ​မော့ကြည့်လိုက်၏။

လု​ပေါ်ယွမ်က လက်တိုရှပ်အင်္ကျီနှင့် မီးခိုး​ရောင်​ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်​တွေက အနည်းငယ်ရှုပ်ပွ​နေကာ အခုမှနိုးလာပြီး ပုံစံမသွင်းရ​သေးပုံ​ပေါက်သည်။

ဤသည်က အိပ်ရာထဲကအ​ပြေးထလာပြီး မျက်နှာပင်သစ်ဖို့အချိန်မ​လောက်သည့် လူတစ်​ယောက်၏ပုံစံပင်။

လု​ပေါ်ယွမ် webကင်မရာကို လက်ထဲမှာကိုင်ထားလျက် ကျန်းရုန်၏ ခုံ​ပေါ်တင်ထားသည့်​ခြေ​ထောက်၏ဒူး​ခေါင်း​အား သူ့လက်ညှိုးကိုကွေးကာ ပုတ်လိုက်သည်။

"​သေချာထိုင်" သူ့အသံက အနည်းငယ် ကြမ်းရှ​နေသည်။

ကျန်းရုန် သတိပြန်ဝင်လာပြီး ​ခြေ​ထောက်ကို​အောက်ပြန်ချလိုက်၏။ "နိုးပြီလား?"

လု​ပေါ်ယွမ်မှာ အခုထိ မျက်နှာ​တောင်မသစ်ရ​သေး​ပေ။ Webcamကို ​မော်နီတာ​ပေါ်ပြန်တင်လိုက်ပြီး ကျန်းရုန်ကိုငုံ့ကြည့်လိုက်ကာ "livestreamအပိတ်ခံချင်လို့လား?"

ကျန်းရုန်မှာ​ကြောင်အမ်းသွား၏။ ပြီး​တော့မှ အလျင်အမြန် ပြန်​ဖြေလိုက်သည်။ "ဟင့်အင်း၊ ကျွန်​တော် ​အောက်ခံဘောင်းဘီဝတ်ထားတယ် ဒီမှာကြည့်"

​ပြောပြီးသည်နှင့် ချက်ချင်းပဲ ကျန်းရုန်က စကတ်ကိုလှန်လိုက်ကာ လု​ပေါ်ယွမ်အား ​အောက်ခံ​ဘောင်းဘီတို​လေးကို ပြလာခဲ့သည်။

လု​ပေါ်ယွမ် : "."

လွန်ခဲ့သည့်လအနည်းငယ်အတွင်း ကျန်းရုန်မှာ ဟိုလူက​ကျွေးလိုက်၊ ဒီလူက​ကျွေးလိုက်နှင့် ပြည့်ပြည့်​လေးဖြစ်လာပြီး အရိုးစုနှင့်မတူ​​တော့​ပေ။ သူ့ရဲ့​ပေါင်တံက ဖြူ​ဖွေး​နေကာ မှည့်​သေး​သေး​လေးနှစ်လုံးကလည်း ​ပေါင်တံ​ပေါ်မှာ ထင်း​နေ​လေသည်။

[????]

[မမြင်ရဘူး မမြင်ရဘူး မမြင်ရဘူးလို့ ​အောက်ခံ​ဘောင်းဘီက ဘာပုံစံ​လေးလဲပြပါဦး!]

[ငါ့​ယောကျာ်းရဲ့အိပ်ရာထထချင်းပုံစံက ​စောက်ရမ်း​ချောတာပဲ!]

[rwkk! rwkk! နတ်ဘုရားလု​​ရေ ကင်မရာကို ​အောက်​လေးနည်းနည်း​လောက်နှိမ့်​ပေးပါလား—​]

(T/N : rwkk—​让我看看(ရန့်​ဝေါ်ခန့်ခန့်) "ကြည့်ပါရ​စေဦး" အဲ့လိုအဓိပ္ပါယ်ပါ)

[နတ်ဘုရားလုအသံက ​စောက်ရမ်းဆွဲ​ဆောင်မှုရှိတာပဲ အားးးး wsl]

(T/N : wsl—​我死了(​​ဝေါ်စစ်လဲ့) "ငါ​တော့​သေပါပြီ" အဲ့လိုမျိုးပါ)

[နတ်ဘုရားလုနဲ့duo queueမယ်ဆို?? ဘယ်​တော့စကြမှာလဲ?]

လု​ပေါ်ယွမ်က လက်လှမ်းကာ ကျန်းရုန်ရဲ့စကတ်ကို ပြန်ဆွဲချ​ပေးလိုက်သည်။ သူ့ရဲ့လက်​ချောင်းထိပ်တို့က ကျန်းရုန်ရဲ့​ပေါင်တံကို အနည်းငယ် ခပ်ဖွဖွ ထိမိသွား၏။

အစက​တော့ ကျန်းရုန်မှာ ဘာမှသိပ်မ​တွေးဖြစ်​ပေ။ သို့​သော်လည်း ထိုသို့ထိမိပြီးသွားသည့်​နောက်မှာ​တော့ ချက်ချင်းကို သူ​သေ​သေချာချာထိုင်လိုက်ပြီး ငြိမ်ငြိမ်​လေးဖြစ်သွား​တော့သည်။

"ကိုယ်မျက်နှာအရင်သစ်ပြီးမှ မင်းနဲ့duo queueဖို့လာခဲ့မယ်" လု​ပေါ်ယွမ်က ​ပေါ့​ပေါ့ပါးပါး ဆိုလာခဲ့သည်။ "မင်းစကတ်ကိုထပ်လှန်ခွင့်မပြုဘူး​နော်"

—​—​

သားသားဝတ်ရတဲ့ဝတ်စုံပုံစံ

ဒါက​တော့သားသားရဲ့fan made photo​လေးပါ🥺


ဟဲဟဲ ​နောက်​နေ့update​ပေးမယ်ဆိုပြီး အိုက်ခွင်ပ​လေးမိသွားတယ်။ ​ချောတီးပါ အပြစ်ဒဏ်အ​နေနဲ့ ကိုကိုRoadကိုသုံးခါနမ်း​လိုက်ပါမယ်😔

(Zawgyi)

"မင္းစကတ္ကိုထပ္လွန္ခြင့္မျပဳဘူး​ေနာ္"

က်န္း႐ုန္တစ္​ေယာက္ ထိုမက္​ေဆ့ခ်္ကိုျမင္ခ်ိန္မွာ​ေတာ့ ခဏ​ေလာက္ သူ႔ဖုန္းကို​ေၾကာင္ၾကည့္​ေနမိသည္။

ဘယ္လိုခြၽဲရမလဲသူသိတယ္​ေပါ့? သူ႔ကိုယ္သူ​ေတာင္ သတိမထားမိပါလား....

ဘယ္လိုပဲျဖစ္ျဖစ္ ျဖစ္ၿပီးသြားသည္ကိုလည္း ျပန္ျပင္ဆင္လို႔မရသလို အခုခ်ိန္၌ သူသိသည္၊မသိသည္ကလည္း အ​ေရးမပါေတာ့ေပ။ အလ်င္အျမန္ပဲ Group chatထဲကစကားဝိုင္းက ​ေနာက္ထပ္အ​ေၾကာင္းအရာတစ္ခုဆီ ကူး​ေျပာင္းသြားသည္။ Fighting Tigerနဲ႔ယွဥ္ၿပိဳင္ရမည့္ၿပိဳင္ပြဲက မၾကာခင္မွာ​ ေရာက္လာ​ေတာ့မည္ျဖစ္တဲ့အတြက္ နားရက္မွာ​​ေတာင္ တင္း​ေကာကအနားမ​ေန​ေပ။ တင္း​ေကာက Fighting Tigerအဖြဲ႕သား​ေတြရဲ႕ ၿပိဳင္ပြဲ​ေတြအတြင္းမွာ လုပ္တတ္တဲ့အ​ေလ့အက်င့္​ေတြနဲ႔ pick/banအဆင့္မွာဆို ဘယ္အရာ​ေတြကိုအာ႐ုံစိုက္သင့္​ေၾကာင္း ​သူတို႔အားေျပာျပတတ္သည္။

Group chatထဲ ျပန္လည္ၿငိမ္သက္သြားသည့္အခါ က်န္း႐ုန္ သူ႔ဖုန္းအားအိတ္ကပ္ထဲထည့္လိုက္ၿပီး မတ္တပ္ထရပ္လိုက္ကာ Rankကစားဖို႔အတြက္ စာၾကည့္ခန္းထဲသြားဖို႔ ရည္႐ြယ္လိုက္သည္။

သို႔​ေသာ္ သူတံခါးဖြင့္လိုက္သည့္အခ်ိန္၌ စာၾကည့္ခန္းတံခါးကို ခပ္က်ယ္က်ယ္ဖြင့္ထား​သည္အား သူ​ေတြ႕လိုက္ရသည္။ လု​ေပၚယြမ္က gaming chair​ေပၚတြင္ သက္​ေတာင့္သက္သာ မွီလ်က္ထိုင္​ေနကာ ၿပိဳင္ပြဲReplayတစ္ခုကို ၾကည့္​ေနသည္။

အ​ေနာက္ကလႈပ္ရွားသံတို႔ကိုၾကားသည့္အခါ လု​ေပၚယြမ္ကလွည့္ၾကည့္လာၿပီး တိတ္တိတ္​ေလးအခန္းဆီျပန္​ေတာ့မည့္သူအား လွမ္း​ေခၚလာသည္။ "ဂိမ္းကစားခ်င္လို႔လား?"

"အြန္း" က်န္း႐ုန္တန္႔သြားၿပီး "တအားႀကီးကစားခ်င္တာ​ေတာ့မဟုတ္ပါဘူး ဒီတိုင္းပ်င္းလာလို႔"

လု​ေပၚယြမ္က ဗီဒီယိုၾကည့္​ေနရာမွထြက္လိုက္ၿပီး မတ္တပ္ထရပ္လိုက္ကာ ကြန္ပ်ဴတာ​ေရွ႕မွ ​ေနရာဖယ္​ေပးလိုက္သည္။ "ရပါတယ္ မင္းကစားတာကိုယ္ၾကည့္​ေနမယ္"

လု​ေပၚယြမ္၏စာၾကည့္ခန္းထဲ၌ ကြန္ပ်ဴတာကတစ္လုံးပဲရွိ​ေသာ္လည္း ထိုင္ခုံက​ေတာ့ႏွစ္ခုံရွိသည္။ တစ္ခုံက ဂိမ္းကစားဖို႔ျဖစ္ၿပီး အျခားတစ္ခုံက​ေတာ့ စာဖတ္ဖို႔ပင္။

စားပြဲခုံ​ေပၚတြင္ ဝက္​ေလးတစ္​ေကာင္ ျမက္ခင္း​ေပၚမွာ လူးလွိမ့္​​ေနသည့္ ဓါတ္ပုံတစ္ပုံတင္ထား​ေလသည္။ အဲ့ဒီ​ေတာ့မွ က်န္း႐ုန္​ေမးၾကည့္လိုက္၏။
"ဘယ္လိုလုပ္....ဝက္​ကိုကြၽန္​ေတာ္မ​ေတြ႕ရ​ေသးတာလဲ"

"မင္း​ေရာက္ခါစက သူအိပ္​ေနၿပီ​ေလ အခုက်​ေတာ့ သူ႔ကိုလမ္း​ေလွ်ာက္ထြက္ဖို႔​ေခၚသြားတယ္"

က်န္း႐ုန္​ေၾကာင္အမ္းသြား၏။ "ဝက္ေတြလည္းလမ္း​ေလွ်ာက္​ေပးရတာလား?"

လု​ေပၚယြမ္ကရယ္လိုက္ရင္း "မ​ေလွ်ာက္​ေပးလည္းရပါတယ္....ဒါ​ေပမယ့္ ကိုယ့္အ​ေဖက အဲ့လိုအခ်ိန္ျဖဳန္းရတာကို ႀကိဳက္တာ​ေလ ​မင္းေတြ႕ခ်င္လို႔လား?"

က်န္း႐ုန္ ႐ိုး႐ိုးသားသား ျပန္​ေျဖလိုက္၏။ "ဟုတ္"

"အြန္း...သူတို႔ျပန္​ေရာက္လာရင္ မင္းကစားဖို႔ ကိုယ္သြားခိုး​ေပးမယ္"

သူကစားဖို႔....သြားခိုး​ေပးမွာ

က်န္း႐ုန္ စကၠန္႔အနည္းငယ္အၾကာထိ လု​ေပၚယြမ္ကို တိတ္တဆိတ္ၾကည့္​ေနမိၿပီး ၿပီး​ေတာ့မွ ႐ုတ္တရက္ ​ေခါင္းကိုျပန္လွည့္လိုက္ကာ ျမန္ျမန္ျပန္​ေျဖလိုက္၏။
"​ေကာင္းၿပီ"

သူဝင္ထိုင္လိုက္ၿပီး​ေနာက္ အက်င့္ပါၿပီး Wechatဆီloginၿပီးမွ လု​ေပၚယြမ္ရဲ႕ကြန္ပ်ဴတာကို သုံး​ေနျခင္းျဖစ္​ေၾကာင္း သတိရ​ေတာ့သည္။

Interfaceကိုပိတ္မည္အျပဳ တင္း​ေကာက မက္​ေဆ့ခ်္တစ္​ေစာင္ ပို႔လာ​ေလသည္။

လုံးဝသတိလက္လြတ္ႏွင့္ က်န္း႐ုန္ ထိုမက္​ေဆ့ခ်္ကိုဖြင့္ၾကည့္လိုက္မိ၏။ တစ္ဖက္ကပို႔ထားတဲ့ဝတ္စုံေတြကို ျမင္လိုက္ရခ်ိန္မွာ​ေတာ့ က်န္း႐ုန္တစ္​ေယာက္ ႏွစ္စကၠန္႔​ေလာက္​ေတာင့္ခဲသြား​ေတာ့သည္။

[တင္း​ေကာ : လာမယ့္ရက္ဆို မင္းLivestreamကျပန္စ​​ေတာ့မွာဆို​ေတာ့ ငါတို႔ဒါ​ေတြစီစဥ္ထားဖို႔လိုလို႔။ ဒီပုံ​ေတြထဲမွာ မင္း​လက္ခံႏိုင္​ေလာက္တာရွိလား ၾကည့္ၾကည့္ပါဦး။ မရွိရင္လည္း စတိုင္လစ္ကိုဆက္ရွာခိုင္းရ​ေအာင္]

တင္း​ေကာပို႔လာသည့္ဝတ္စုံ​ေတြက အလြန္႐ိုးရွင္းပါသည္။ အမ်ားစုက ဂါဝန္​ေတြျဖစ္ကာ ​ေတာ္​ေတာ္​ေလးအရွက္မဲ့တဲ့ဝတ္စုံက​ေတာ့ အျဖဴအမည္းအ​ေစခံဝတ္စုံျဖစ္​သည္။ အဲ့ဒီဝတ္စုံက ရက္ဘတ္တအားဟိုက္လြန္းကာ ​ေယာက်ာ္း​ေလးအတြက္ လုံးဝမသင့္​ေတာ္​ေသာ​ေၾကာင့္ပင္။

လု​ေပၚယြမ္လည္း က်န္း႐ုန္ရဲ႕အ​ေနာက္က​ေန ဝတ္စုံ​ေတြကိုျမင္​ေနရၿပီး က်န္း႐ုန္ရဲ႕မလိုလားတဲ့အ​ေငြ႕အသက္ကို ခံစားႏိုင္တာ​ေၾကာင့္ သူ​ေမးၾကည့္လိုက္သည္။
"မဝတ္ခ်င္ဘူးလား?"

က်န္း႐ုန္ သတိျပန္ဝင္လာၿပီး ဓါတ္ပုံ​ေတြကိုပိတ္လိုက္၏။
"နည္းနည္းပါ"

"ဒါဆိုမဝတ္နဲ႔​ေတာ့" လု​ေပၚယြမ္သူ႔ဖုန္းကိုထုတ္လိုက္သည္။ "ဒီေလာက္က​ေတာ့ ကိုယ္တင္း​ေကာကို​ေျပာ​ေပးလို႔ရတယ္"

က်န္း႐ုန္​ေခါင္းခါလိုက္၏။ အခ်ိန္အ​ေတာ္ၾကာ စိတ္ပင္ပန္းၿပီးသြား​​သည့္​ေနာက္ သူခံႏိုင္ရည္ရွိသြားၿပီျဖစ္သည္။
"​ထားလိုက္ပါ​ေတာ့ သ​ေဘာတူထား​ေတာ့ လုပ္ရမွာပဲ...ၿပီး​ေတာ့ တင္း​ေကာဘက္က ကြၽန္​ေတာ့္ကို​ေတာက္​ေလွ်ာက္သတင္းပို႔တယ္ ကြၽန္​ေတာ္ကသာ အ​ေလးအနက္မထားတာ"

အံၾသသြားတာ​ေၾကာင့္ လု​ေပၚယြမ္ မ်က္ခုံးပင့္လိုက္သည္။ အ​ေစာပိုင္းက အ​ေၾကာက္အကန္ျငင္း​ေနခဲ့သည့္ က်န္း႐ုန္ကိုမူတည္ၿပီး လု​ေပၚယြမ္​ေတြးလိုက္သည္က ဒီလိုအခြင့္အ​ေရးမ်ိဳးကို က်န္း႐ုန္လက္ခံမည္ဟုပင္။

က်န္း႐ုန္လည္း လု​​ေပၚယြမ္ရဲ႕နားမလည္ႏိုင္သည့္ပုံကို ခံစားမိပါသည္။ သူတစ္​ေယာက္တည္းSoloပြဲကို စတင္ၿပီးသည့္​ေနာက္ ​ေခါင္းငုံ႔ကာ သူ႔ဆံပင္ကိုဖြလိုက္ၿပီး "ကြၽန္​ေတာ္ ဆံပင္ကိုဒီအ​ေရာင္စဆိုးတုန္းကလည္း စိတ္ပါလို႔ဆိုးတာမဟုတ္ဘူး​ေလ အ​ေလာင္းအစားလုပ္တယ္ဆိုရင္ အရႈံး​ေတြကိုလက္ခံႏိုင္ရမယ္....​ေျပာရရင္ ဆံပင္ကိုအ​ေရာင္​ေျပာင္း႐ုံ အက်ႌ​ေျပာင္းဝတ္႐ုံပါပဲ အျခားဘာမွမျဖစ္သြားဘူး ကြၽန္​ေတာ္ အဲ့လိုအဝတ္အစား​ေတြ မဝတ္ခ်င္ရတဲ့အ​ေၾကာင္းရင္းက ဟိုအ႐ူးအုပ္စု ကြၽန္​ေတာ့္ကို​ေလွာင္မွာ​ေၾကာက္လို႔ အဲ့ဒီ​​ေန႔က်ရင္ သူတို႔ဘယ္လို​ေတာင္​ေလွာင္မယ္ဆိုတာ ခန္႔မွန္းၾကည့္စရာ​ေတာင္မလိုဘူး"

လု​ေပၚယြမ္ : "ဒါဆိုအခု​ေရာမ​ေၾကာက္​ေတာ့ဘူးလား?"

က်န္း႐ုန္Champကို​ေ႐ြးလိုက္ၿပီး "​ေၾကာက္ပါတယ္ အဲ့​ေတာ့ ကြၽန္​ေတာ္တင္း​ေကာကို​ Modမ်ားမ်ားစီစဥ္​ေပးဖို႔ ​ေျပာထားတယ္ အဲ့​ဒီ​ေန႔က် ကြၽန္​ေတာ္ဆဲလို႔မႏိုင္​ေတာ့ရင္ အကုန္ကန္ထုတ္ပစ္မယ္"

လု​ေပၚယြမ္မွာ ခဏ​ေလာက္ ​ေၾကာင္အမ္းသြား​ေပမယ့္ ၿပီးတဲ့​ေနာက္မွာ​ေတာ့ ​ေခါင္းကို​ေစာင္းကာ ရယ္​ေတာ့သည္။

ဂိမ္းထဲကို​ေရာက္​ေနၿပီျဖစ္သျဖင့္ အခုခ်ိန္မွာ သူ႔​ေနာက္ကလူရဲ႕အမူအရာက မည္သို႔ျဖစ္​ေနမည္မွန္း က်န္း႐ုန္မသိပါ​​ေခ်။ ထိုကဲ့သို႔ျဖစ္​ေနသည္မွာ တံခါးဖြင့္သံတစ္ခုက ျပတင္း​ေပါက္ၾကားမွျဖတ္၍ သူတို႔ဆီကူးသန္းလာသည္အထိ။ လု​ေပၚယြမ္က ထရပ္လိုက္ၿပီး က်န္း႐ုန္​ရဲ႕​ေခါင္းကို ခပ္ဖြဖြပုတ္လာသည္။

"အဲ့ဒီအခ်ိန္​ေရာက္လာရင္ ကိုယ့္ကို​ေရာ Moderator​ေနရာ​ေပးမလား?"

က်န္း႐ုန္၏နား႐ြက္ထိပ္ဖ်ား​ေလး​ေတြက ခ်က္ခ်င္းကို ပူတက္လာ​ေသာ္ျငား သူ႔လက္၏လႈပ္ရွားမႈႏႈန္းက​ေတာ့ အရွိန္​ေလ်ာ့မသြား​ေပ။ သူကလွလွပပပဲ တစ္ဖက္ကMid lanerကို Solo killလိုက္​သည္။ ".....​ရတယ္"

"အြန္း" လု​ေပၚယြမ္က ​ေက်နပ္စြာနဲ႔ သူ႔လက္ကိုျပန္႐ုတ္သိမ္းသြားခဲ့သည္။ "မင္းကစား​ေန​ေလ ကိုယ္ဝက္ကိုသြားခိုးလိုက္ဦးမယ္"

ထို​ေန႔ညမွာပဲ က်န္း႐ုန္ အ​ေတာ္ႀကီးၾကာမွ ပထမဆုံးအ​ေနနဲ႔ Momentမွာပိုစ့္တင္ဖို႔ ခလုတ္ကိုႏွိပ္လိုက္သည္။ သူ႔ဓါတ္ပုံအယ္လ္ဘမ္ထဲမွ လိ​ေမၼာ္သီး​ေလးရဲ႕ပုံအနည္းငယ္ကို ​ေ႐ြးလိုက္ၿပီးမွ ဝက္က​ေလးရဲ႕ပုံ​ေတြကိုပါ ထပ္ထည့္လိုက္ကာ Momentကိုဖုန္ခါရန္ျပင္လိုက္၏။

Postတင္ခါနီးမွ က်န္း႐ုန္ခဏ​ေလာက္ရပ္သြားၿပီး ​ေနာက္ထပ္ပုံတစ္ပုံကိုထပ္ထည့္ဖို႔ ​ေနာက္ကိုျပန္သြားလိုက္သည္။ ထိုပုံက​ေတာ့ လု​ေပၚယြမ္ သူ႔ကို​ေပးထားသည့္ စာအိတ္နီပုံပင္။

​ေအာင္​ေအာင္ျမင္ျမင္နဲ႔ ပိုစ့္တင္လို႔ၿပီးသြားသည့္​ေနာက္ က်န္း႐ုန္ homepageကိုrefreshလိုက္သည့္အခါ လြန္ခဲ့သည့္ႏွစ္စကၠန္႔​ေလာက္က လု​ေပၚယြမ္လည္း ပိုစ့္တင္ထားသည္ကို ​ေတြ႕လိုက္ရၿပီး ထိုပိုစ့္က က်န္း႐ုန္၏ပိုစ့္ႏွင့္ ​ေဘးခ်င္းကပ္ျဖစ္​ေန​ေတာ့သည္။

က်န္း႐ုန္၏ပိုစ့္မွာက ပုံကိုးပုံအျပင္ ႐ိုး႐ိုးရွင္းရွင္း Captionတစ္​ေၾကာင္းလည္းပါသည္ : [ႏွစ္သစ္]

လု​ေပၚယြမ္မွာ​ေတာ့ ပုံတစ္ပုံသာပါၿပီး အျခားဘာမွမပါ။

ထိုပုံက ​ေဘးဘက္က​ေန႐ိုက္ယူထားသည့္ပုံ ျဖစ္သည္။ ပုံထဲမွာဆိုလွ်င္ က်န္း႐ုန္က ၾကမ္းျပင္​ေပၚမွာ တင္ပ်ဥ္​ေခြထိုင္​ေနကာ လက္တစ္ဖက္က ​ေမးကို​ေထာက္ထားၿပီး အျခားတစ္ဖက္က​ေတာ့ ဖိဖိ၏​ေခါင္းကိုပြတ္​ေပး​ေနသည္—​ေနာက္တစ္မ်ိဳး​ေျပာရမည္ဆိုလွ်င္​ေတာ့ ဝက္က​ေလး၏​ေခါင္းပင္။

က်န္း႐ုန္ ထိုပုံအား အၾကာႀကီးၾကည့္​ေနမိကာ သူ႔ရဲ႕ပိုစ့္​ေအာက္က ​ေရွာင္ပိုင္ရဲ႕ကြန္မန္႔​ေပၚလာ​ေတာ့မွ သတိျပန္ဝင္လာ​ေတာ့သည္။

[​ေရွာင္ပိုင္ : ငလူး လန္႔​ေသ​ေတာ့မလို႔။ ဒီပိုစ့္ႏွစ္ခုက တစ္ၿပိဳင္တည္းအ​ေပၚ​ေအာက္​ေပၚလာ​ေတာ့ စစၾကည့္လိုက္တုန္းက ငါ့​ေကာတစ္​ေယာက္ သူ႔ခ်စ္သူကို​ေၾကညာ​ေနၿပီထင္သြားတာ]

​ေနာက္တစ္​ေယာက္ကလည္း ခ်က္ခ်င္းဆိုသလိုပဲ ​ေမးခြန္းဝင္​ေမးသည္။

[ယြမ္ခ်န္းမွ​ေရွာင္ပိုင္အားစာျပန္လိုက္ပါသည္ : မင္းအ​ေတြးလြန္​ေနတာ ​ေခါင္း​​ေဆာင္မွာ ဘယ္သူ႔ကိုသူ႔ခ်စ္သူလို႔​ ေၾကညာစရာရွိလို႔လဲ?]

[​ေရွာင္ပိုင္မွယြမ္ခ်န္းအားစာျပန္လိုက္ပါသည္ : ထန္ခ်င္းက်ဲ​ေရာ?]

က်န္း႐ုန္ မ်က္ႏွာ​ေသနဲ႔ပဲ ​ေရွာင္ပိုင္ရဲ႕ျပန္စာကို ဖ်က္ပစ္လိုက္သည္။

ခဏအၾကာ မလုံ​ေလာက္​ေသးဘူးဟု ခံစားလိုက္ရၿပီး ​ေရွာင္ပိုင္ရဲ႕အ​ေကာင့္ထဲဝင္ကာ ပထမဆုံးအႀကိမ္အျဖစ္ ​သူ႔ပိုစ့္​ေတြကို​ေရွာင္ပိုင္တစ္​ေယာက္ မျမင္ႏိုင္​ေစရန္ "Hide my posts" functionကို ဖြင့္လိုက္​ေတာ့သည္။

လု​ေပၚယြမ္ႏိုးလာခ်ိန္တြင္ သူ႔ပိုစ့္က​ေန ကြန္မန္႔တစ္ရာ​ေက်ာ္​ေလာက္ ႏိုတီဝင္​ေန​ေလသည္။ သူ႔မ်က္လုံးတို႔ကိုက်ဥ္း​ေျမာင္းလိုက္ၿပီး ထိုအထဲမွအခ်ိဳ႕ကိုဖတ္လိုက္​ေပမယ့္ စာျပန္ဖို႔က​ေတာ့ အရမ္းကိုပ်င္းလြန္း​ေနသည္။ ထို႔​ေၾကာင့္ က်န္း႐ုန္ရဲ႕ပိုစ့္ကိုသာlike​ေပးလိုက္ၿပီး​ အိပ္ရာထဲမွထြက္လိုက္သည္။

မိနစ္အနည္းငယ္အၾကာတြင္ တင္း​ေကာကဖုန္းဆက္လာခဲ့သည္။

လု​ေပၚယြမ္က မ်က္ႏွာသစ္​ေနသည္ပင္။ ​သူ​ေရဘုံ​ေခါင္းကိုပိတ္လိုက္ၿပီး ဖုန္းကိုင္လိုက္၏။ "ကြၽန္​ေတာ္မႏိုး​ေသးဘူး"

တင္း​ေကာ : "မင္းႏိုး​ေနပါၿပီ က်န္း႐ုန္ပိုစ့္ကိုlike​ေပးထားတာ​ေတြ႕လိုက္တယ္"

လု​ေပၚယြမ္မွာ ​ေျပာစရာစကားပင္မဲ့သြား​ေလသည္။
".....ဘာကိစၥလဲ?"

"ငါအခုBaseျပန္​ေရာက္​ေနၿပီ။ သူခိုးကိစၥက သူခိုးလည္းျပန္ဖမ္းမိၿပီး​ေတာ့ ​ေရွာင္ပိုင့္laptopကလြဲ အကုန္ျပန္ရတယ္" တင္း​ေကာ​ေခါင္းငုံ႔လ်က္ သူ႔အဝတ္အိတ္ကိုရွင္း​ေနသည္။ "သူခိုးက မင္းနာရီကို​​ေတာ့မ​ေရာင္းပစ္ရ​ေသးဘူး အခုနာရီကငါဆီမွာ အဲ့တာမင္းကိုအသိ​ေပးခ်င္လို႔။ အို႔ ဟုတ္သား ၿပီးရင္ တစ္​ေယာက္​ေယာက္နဲ႔ က်န္း႐ုန္ကိုလာႀကိဳခိုင္းလိုက္မယ္ ဒီကိုျပန္​ေခၚဖို႔"

လု​ေပၚယြမ္ မ်က္ႏွာသုတ္ပုဝါကိုယူလိုက္ၿပီး မ်က္ႏွာကိုသုတ္ရင္း သူ​ေမးလိုက္သည္။ "နားရက္မွမကုန္​ေသးတာ ဘာလို႔ျပန္​ေခၚတာလဲ?"

တင္း​ေကာခမ်ာ သူ႔​ေမးခြန္း​ေၾကာင့္ အက်ပ္႐ိုက္သြားသည္။ နဂိုကတည္းက က်န္း႐ုန္က ႏွစ္သစ္ကိုBaseမွာပဲ​ေနမယ္လို႔ ​ေျပာထားတာမဟုတ္ဘူးလား?

"သူ႔Livestreamကျပန္စ​ေတာ့မွာ​ေလ ျပင္ဆင္စရာ​ေတြျပင္ဆင္ဖို႔ ႀကိဳျပန္လာရမွာ​ေပါ့"

လု​ေပၚယြမ္၏လႈပ္ရွားမႈတို႔ ရပ္သြားၿပီး ခဏအၾကာမွ သူက​ေျပာလာသည္။ "သိၿပီ ဘယ္သူမွလာမႀကိဳခိုင္းနဲ႔ သူနဲ႔အတူကြၽန္​​ေတာ္ျပန္လာခဲ့မယ္"

သူက်န္း႐ုန္အား မနက္စာစားဖို႔အတြက္ အခန္းထဲမွ​ေခၚထုတ္လိုက္သည္။ စား​ေသာက္ၿပီးသည့္​ေနာက္ အထုပ္အပိုးျပင္ရန္ အခန္းဆီျပန္ၾကၿပီး Baseကိုျပန္ရန္ အဆင္သင့္ျပင္ၾက၏။

က်န္း႐ုန္က သူ႔​ေက်ာပိုးအိတ္ကိုပိုက္ထားရင္း လု​ေပၚယြမ္၏အခန္းဝတြင္ ​ေစာင့္​ေနသည္။ သူမထိန္းႏိုင္​ေတာ့ပဲ ​ေျပာလိုက္၏။ "တကယ္ဆို ကြၽန္​ေတာ့္ဘာသာ တက္စီနဲ႔ျပန္လိုက္လို႔ရတယ္"

လု​ေပၚယြမ္က Suitcaseကိုဆြဲရင္း သူ႔အခန္းထဲကထြက္လာသည္။ ထို႔​ေနာက္ သူ​စဥ္းစားမိရာ ဆင္​ေျခတစ္ခု​ေပးလိုက္၏။ "နာရီကိုျပန္​ေတြ႕ထားၿပီတဲ့ ကိုယ္လည္းသြားစစ္​ေဆးၾကည့္ရမွာမို႔လို႔"

က်န္း႐ုန္ရဲ႕မ်က္လုံး​ေတြ ခ်က္ခ်င္းကို ျပဴးက်ယ္သြား​ေတာ့သည္။
"ျပန္ရွာ​ေတြ႕ၿပီ? တကယ္ႀကီးလား?"

"အြန္း" က်န္း႐ုန္ရဲ႕ဝမ္းပန္းတသာ အံၾသသြားတဲ့အမူအရာ​ေၾကာင့္ လု​ေပၚယြမ္မွာ ႐ုတ္တရက္ ရယ္လိုက္မိသည္။ "အဲ့တာကိုယ့္နာရီပါ မင္းကဘာလို႔အရမ္း​ေပ်ာ္​ေနတာလဲ?"

ဒီတစ္ခ်ိန္လုံး Baseအ​ေဖာက္ခံရတာက သူ႔အမွားဟူ၍ က်န္း႐ုန္​ေတြး​ေနခဲ့သည္ပင္။ ထို႔​ေၾကာင့္ ပစၥည္း​ေတြျပန္ရွာ​ေတြ႕ၿပီဟု ၾကားလိုက္ရသည့္အခါ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္မိသည္။

"အ​ေၾကာင္းရင္းမရွိဘူး ကြၽန္​ေတာ္ဒီတိုင္း​ေပ်ာ္​ေနတာ"

က်န္း႐ုန္အၾကည့္လႊဲလိုက္ၿပီး လု​​ေပၚယြမ္၏ Suitcaseကို လွမ္းယူလိုက္သည္။ "ဒါဆိုကြၽန္​ေတာ္​ေအာက္ထပ္မွာ​ေစာင့္​ေနမယ္"

က်န္း႐ုန္ ​ေအာက္ဆင္းလာရင္း ပထမထပ္တြင္ လု​ေပၚယြမ္၏မိဘ​ေတြႏွင့္ သြားတိုး​ေလသည္။

သူတို႔ႏွစ္​ေယာက္က အခုမွ အျပင္ကျပန္​ေရာက္လာပုံ​ေပၚသည္။ မာမားလုတစ္​​ေယာက္ သူ႔သားရဲ႕Suitcaseကို က်န္း႐ုန္သယ္လာသည္ကိုျမင္​ေတာ့ အနည္းငယ္​ေၾကာင္အမ္းအမ္း ျဖစ္သြား​ေတာ့သည္။ "မင္းတို႔ျပန္သြား​ေတာ့မွာလား? ဒါ...ဒါက​ေရွာင္လုအိတ္မလား?"

ပါပါးလုက​ေအးစက္စက္ႏွာမႈတ္သည္။ "ကိုယ့္ဂ်ဴနီယာ​ကို​ေတာင္ ကိုယ့္အိတ္​ေလွ်ာက္သယ္ခိုင္း​ေနတယ္ ဘယ္လိုတစ္ကိုယ္​ေကာင္းဆန္ရမယ္ဆိုတာ ​ေကာင္း​ေကာင္းသိ​ေနၿပီ​​ေပါ့​ေလ အဲ့ဂိမ္း​ေလာကထဲ​ေရာက္သြားတည္းက အဲ့လိုအက်င့္ဆိုး​ေတြအကုန္ရလာ​ေတာ့တာပဲ...."

ဘယ္တုန္းကမွ က်န္း႐ုန္ ဒီမိဘႏွစ္​ေယာက္​ေရွ႕တြင္ စကားအမ်ားႀကီးမ​ေျပာဖူး​ေပ။ သို႔​ေသာ္ အခု​ေတာ့ သူခ်က္ခ်င္းကိုျပန္​ေျပာလိုက္၏။ "သယ္​ေပးခ်င္တာကြၽန္​ေတာ္ပါ ကြၽန္​ေတာ္သူ႔ဆီက​ေနဆြဲယူလာခဲ့တာ"

ပါပါးလု : "......"

"ၿပီး​ေတာ့ သူကတစ္ကိုယ္​ေကာင္းလည္းမဆန္ပါဘူး အသင္းသား​ေတြအားလုံးအ​​ေပၚလည္း အရမ္း​ေကာင္းတယ္ ​ေပၚ​ေၾကာ့လည္းမ​ေနပါဘူး ဦး​ေလး​ေျပာတဲ့အက်င့္ဆိုး​ေတြ သူ႔မွာတစ္ခုမွမရွိဘူး" ​ေျပာၿပီးသြားသည့္​ေနာက္ က်န္း႐ုန္ အနည္းငယ္ဦးၫႊတ္ကာ ဂါရ၀ျပဳလိုက္သည္။ "ဒီႏွစ္ရက္ထဲဒုကၡ​ေပးမိပါၿပီ"

က်န္း႐ုန္ luggageနဲ႔အတူ ကားပါကင္မွာ​ေစာင့္​ေနလိုက္သည္။ လု​ေပၚယြမ္က ဆယ္မိနစ္​ေလာက္ၾကာမွ ထြက္လာ​ေလသည္။

ကားစထြက္လာလို႔ က်န္း႐ုန္ခါးပတ္တပ္ၿပီး႐ုံရွိ​ေသး လု​ေပၚယြမ္က ႐ုတ္တရက္ ​ေမးလာသည္။ "မင္းကိုယ့္အ​ေဖကိုဘာ​ေတြ​ေျပာခဲ့တာလဲ?"

က်န္း႐ုန္​ေတာင့္ခဲသြား၏။ "ဘာမွသိပ္မ​ေျပာပါဘူး.....​ေခါင္း​ေဆာင္ကိုဆူလိုက္လို႔လား?"

"မဆူပါဘူး" ကားက ကား​ပါကင္က​ေနထြက္လာကာ လု​ေပၚယြမ္က ​ေပါ့​ေပါ့ပါးပါး ဆိုလာသည္။ "သူက​ေမး​ေနတယ္ ကိုယ္မင္းကိုဘာ​ေဆး​ေတြ​ေကြၽးထားလဲတဲ့....ကိုယ့္ကိုဒီ​ေလာက္ထိကာကြယ္​ေပး​ေန​ေအာင္"

က်န္း႐ုန္မွာ ​ေက်ာပိုးအိတ္ကိုပိုက္ထားလ်က္ စကၠန္႔အနည္းငယ္​ေလာက္ ထုံထိုင္းသြားကာ ထို႔​ေနာက္မွာ​ေတာ့ လုံးဝကိုပါးစပ္ပိတ္သြား​ေတာ့သည္။

—​—​

တင္း​​​ေကာ​ေျပာသည္က က်န္း႐ုန္ျပန္လာၿပီး Livestreamျပန္စတာအတြက္ အဆင္သင့္ျပင္ထားရမည္ဆို​ေပမယ့္ တကယ္က​​ေတာ့ ၿပီး​ေအာင္လုပ္ရမည့္ တာဝန္အနည္းငယ္သာျဖစ္သည္။ အဓိက,က​ေတာ့ က်န္း႐ုန္က Livestreamလုပ္ငန္းစဥ္​ေတြႏွင့္ ​အသားက်​ေနလို႔ပင္။

တင္း​ေကာ၏ ဆရာတစ္​ေယာက္​ေခၚယူကာ သူ႔ကိုနည္းျပ​ေပးခ်င္သည့္ဆႏၵကို က်န္း႐ုန္ျငင္းဆိုလိုက္၏။
"ကြၽန္​ေတာ္က နည္းျပရွာ​ေတြ႕ထားတဲ့လူထက္​ေတာင္ ပိုဆရာက်​ေသးတယ္ အခုကစၿပီး ဒီ​ေလာကနဲ႔ပတ္သတ္တာတစ္ခုခုဆို ကြၽန္​ေတာ့္သာတိုက္႐ိုက္​ေမးလွည့္ ကြၽန္​​​ေတာ္သူ႔​ထက္​ေစ်း​ေလွ်ာ့ယူ​ေပးမယ္"

တင္း​ေကာ : "......."

ၿပီးတဲ့​ေနာက္မွာ​ေတာ့ က်န္း႐ုန္က တင္း​ေကာရဲ႕မ်က္စိ​ေရွ႕မွာပဲ သမာ႐ိုးက် လုပ္​ေနက်အတိုင္း အသံကဒ္၊ ကင္မရာ၊ streaming interface​ေတြကို လြယ္လြယ္ကူကူနဲ႔ ျပင္ဆင္လို႔ၿပီးသြား​ေလသည္။

လု​ေပၚယြမ္ ​ဆရာဝန္ဆီက​ေန အျခားစစ္​ေဆးမႈၿပီးစီးလို႔ ျပန္လာသည့္အခ်ိန္ က်န္း႐ုန္က​​ေတာ့ ​ေလ့က်င့္​ေရးပင္စတင္​ေနၿပီျဖစ္သည္။

သူျပန္လာ​ေတာ့ တင္း​ေကာက ဖုန္းကိုကတိုက္က႐ိုက္ခ်လိုက္ၿပီး "ဘယ္လိုလဲ? ဆရာဝန္ဘာ​ေျပာလိုက္လဲ? ငါမင္းနဲ႔အတူသြား​​ေပးႏိုင္ပါတယ္ဆို ဒါ​ေပမယ့္ မင္းျငင္း​ေနလို႔ မဟုတ္ရင္...."

"ဘာမွမျပင္းထန္ပါဘူး" လု​ေပၚယြမ္ ဆိုဖာ​ေပၚမွာထိုင္ခ်လိုက္ၿပီး သူ႔​ေဘးမွာခ်ထားတဲ့အမည္း​​ေရာင္အိတ္ကို ၾကည့္လိုက္သည္။ "ဒါဘာလဲ?"

"အို႔....စကတ္​ေလ"

"......" လု​ေပၚယြမ္ သူ႔ႏွဖူးသူႏွိပ္လိုက္ရင္း "နည္းျပတို႔ကနည္းနည္းမ်ားသြားၿပီမဟုတ္ဘူးလား?"

"မင္းဒီလို​ေျပာ​ေတာ့မယ္ဆိုတာသိသားပဲ" တင္း​​ေကာကသက္ျပင္းခ်လိုက္သည္။ "ဒါက မင္းတို႔ထင္​ေနတာ​ေလာက္​​ေတာ့ မဆိုးပါဘူး တစ္နာရီ၊ႏွစ္နာရီ​ေလာက္ စကတ္​ေလးဝတ္ထား႐ုံပဲ​ေလ။ Crossdressလည္းလုပ္ျပမယ္ မင္းနဲ႔ကလည္း duo queueဦးမယ္......အဲ့ဒီႏွစ္ခ်က္နဲ႔တင္ StarTVဆီက ငါဘယ္လို​ေတြညႇိႏႈိင္းလို႔ရလာခဲ့လဲ သိလား? မနက္ျဖန္ည​ေနက​ေနစၿပီး ညအထိ က်န္း႐ုန္ရဲ႕Livestream roomက StarTVရဲ႕အ​ေကာင္းဆုံးအႀကံျပဳခ်က္စာရင္းထဲမွာ ရွိ​ေန​ေတာ့မွာ။ StarTVရဲ႕မားကတ္တင္းပိုင္းအားလုံးကလည္း လိုအပ္သလို​ေဆာင္႐ြက္ေပးလိမ့္မယ္ ၿပီး​ေတာ့ အဖြဲ႕အစည္းဘက္က သူမနက္ျဖန္ရလာမယ့္လက္​ေဆာင္​ေတြကို 80/20အခ်ိဳးနဲ႔ ခြဲတမ္းခ်​ေပးမယ္တဲ့....ဒီလိုမ်ိဳးဆက္ဆံခံရတာ မင္းအျပင္ ဘယ္သူရွိ​ေသးလို႔လဲ? ငါသူ႔အတြက္ တစ္​ေန႔စာ​ေလာက္ပဲ ဝင္ညႇိႏႈိင္း​ေပးလာတာဆို​ေပမယ့္ ဒီလိုလုပ္ျပလိုက္တာက အခုက​ေနစၿပီး သူ႔အတြက္ အက်ိဳးအျမတ္ညီညီမွ်မွ်ရ​ေအာင္လုပ္ဖို႔ လုံ​ေလာက္သြားပါၿပီ

"ဒီလိုလုပ္ခိုင္းတာက သူ႔အတြက္ အက်ိဳးအျမတ္အမ်ားႀကီးရ​ေလာက္တယ္လို႔ ငါထင္တယ္ အဲ့တာ​ေၾကာင့္ပဲ ငါသူ႔ကိုလုပ္ခိုင္းရတာ ႐ိုး႐ိုးရွင္းရွင္းပါပဲ"

တင္း​ေကာ​ေျပာၿပီးသည္အထိ လု​ေပၚယြမ္က တိတ္တဆိတ္နား​ေထာင္​ေပးသည္။ ၿပီး​ေတာ့မွ "သူမလုပ္ခ်င္မွာကို​ေရာ မစိုးရိမ္ဖူးလား?"

"မျဖစ္ႏိုင္ပါဘူး" တင္း​ေကာက အရင္ဆုံးျငင္းလိုက္ၿပီးမွ ဟာသ​ေႏွာကာ အ႐ႊန္း​ေဖာက္လာခဲ့သည္။ "တကယ္လို႔ သူမလုပ္ခ်င္တာမ်ိဳးဆိုရင္....ငါမင္းကိုကူ​ေျပာခိုင္းမယ္​ေလ သူကမင္းစကားဆိုေျမဝယ္မက်နား​ေထာင္တာ"

လု​ေပၚယြမ္က ထရပ္လိုက္ၿပီး အ​ေပၚထပ္ကိုတက္သြားသည္။ သူ႔​ေနာက္မွာ​​ေတာ့ စကားတစ္ခြန္းက က်န္ခဲ့​ေလသည္—​"​နည္းျပအ​ေတြးလြန္​ေနၿပီ။ သူသာဆႏၵမရွိဘူးဆို ကြၽန္​ေတာ္သူ႔ကိုStreamခိုင္းမွာမဟုတ္ဘူး"

Lunarႏွစ္သစ္​ၿပီး၍ ​ေလးရက္​ေျမာက္​ေန႔တြင္ က်န္း႐ုန္ Livestreamျပန္စလႊင့္ၿပီျဖစ္သည္။

လု​ေပၚယြမ္ႏိုးလာခ်ိန္၌ အသင္း၏group chatက အရမ္းကိုတက္ႂကြ​ေန​ေလၿပီ။ ​ေရွာင္ပိုင္တစ္​ေယာက္က​ေတာ့ groupထဲတြင္ count downမွတ္​​ေန၏။

[P-babyရဲ႕Support​ေလး : တစ္မိနစ္ပဲက်န္ပါ​ေတာ့တယ္!]

[P-babyရဲ႕Support​ေလး : ​ေနာက္ဆုံး၃၀စကၠန္႔! Screenshot႐ိုက္ဖို႔ မ​ေစာင့္ႏိုင္​ေတာ့ဘူးဗ်ိဳ႕!]

[သာ့ခ်န္ : ထိန္းထိန္းသိမ္းသိမ္း​ေနပါဦး မင္းဒီညbaseကိုျပန္လာရ​ေတာ့မွာ​ေလ ​ေရွာင္႐ုန္ဆီက ​ေသ​ေအာင္​အ​​ေဆာ္ခံရမွာ မ​ေၾကာက္ဖူးလား?]

[P-babyရဲ႕Support​ေလးသည္ စာတစ္​ေစာင္ကို ျပန္လည္႐ုတ္သိမ္းသြားပါသည္။]

လု​ေပၚယြမ္ group chatထဲကထြက္လိုက္ၿပီး အိပ္ရာထဲမွာလွဲ​ေနသည့္အ​ေနအထားနဲ႔ပဲ က်န္း႐ုန္ရဲ႕ Livestreamထဲ ဝင္ၾကည့္လိုက္၏။

က်န္း႐ုန္က Livestreamစမလႊင့္​ေသး​ေပမယ့္ barrageက​ေတာ့ စခရင္တစ္ခုလုံးပင္ ျပည့္​ေန​ေလၿပီ။

[​ငါ​ေနာက္ဆုံးတစ္​ေခါက္ အ႐ူး​ေလးရဲ႕ဒီlivestream roomထဲ ​ေရာက္ခဲ့တာ​ေတာင္ ​ေတာ္​ေတာ္ၾကာၿပီပဲ၊ အရင္ကအခ်ိန္​ေတြ​ေတာင္ ျပန္သတိရတယ္ TAT]

[တကၠသိုလ္ဝင္ခြင့္အမွတ္​ေတြ စစ္​ေဆးရတုန္းက​ေတာင္ ငါဒီ​ေလာက္အခ်ိန္တိတိက်က် မ​ေစာင့္ဖူးဘူး]

[အားးးးး အ႐ူး​ေလး gkdgkd ၊ ငါ့မိန္းမက ​​ခြဲခန္းထဲဝင္ရေတာ့မွာဟ!]

(T/N : gkd—​搞快点(​ေကာင္းခြိဳက္တ်န္) "ျမန္ျမန္လုပ္" လို႔​ေျပာတာပါ။ ခြဲခန္းဆိုတာ မိန္းမ​ေတြက​ေလး​​ေမြးတဲ့ခန္းကို ဆိုလိုခ်င္တာပါ။ lol မိန္းမက​ေလး​ေမြးခါနီး COC​ေဆာ့​ေနတဲ့လူႀကီး​ေတာင္ သတိရသြားတယ္)

[ငါအခုပဲRankပြဲ​​ေဆာ့​ေနတာ၊ ဒါ​ေပမယ့္ ငါ့အသင္းသား​ေတြက ​ေသာက္ရမ္းအသုံးမက်တာနဲ႔ မိနစ္၄၀ၾကာတာ​ေတာင္ ပြဲကမၿပီး​ေသးဘူး​ေလ၊ အဲ့တာနဲ႔ပဲ ဒီLivestreamၾကည့္ဖို႔ဆိုၿပီး ဂိမ္းကထြက္လာလိုက္တာ။ အခုက်​ေတာ့ မင္းက livestreamျပန္စတဲ့​ေန႔မွာ​ေတာင္ လာ​ေနာက္က်​ေနတာလား???]

[အ​ေပၚထပ္ကလူ​ေရ ငါမင္းအသင္း​ေဖာ္ပါ။ ငါလည္းဂိမ္းထဲကထြက္ခဲ့လိုက္တယ္]

[Livestreamကျဖင့္ စ​​ေတာင္မစ​ေသးဘူး၊ livestream popularityက #3​ေတာင္​​ေရာက္သြားၿပီ...?]

[သား​ေလးမ်က္ႏွာ​ေပါ့]

[ၾကည့္ရႈသူစာရင္းထဲသြားၾကည့္တာ.....ဒီlivestream roomထဲ LPLရဲ႕pro player 11​ေယာက္ရွိ​ေနတယ္........ငါမွားမၾကည့္မိပါဘူး​ေနာ္ ဟုတ္တယ္မလား?]

[အခုဆို ၁၃​ေယာက္ျဖစ္သြားၿပီ၊ ​ေသာက္က်ိဳးနည္း သူတို႔ဟာသူတို႔သာ livestreamမလႊင့္ၾကတာ ငါ့သားlivestreamၾကည့္ဖို႔က် အျခားသူ​ေတြထက္​ေတာင္ ျမန္​ေသးတယ္ ​ေရာက္ခ်လာၾကတာ!]

[ဘုရား ဘုရား ဘုရား၊ နတ္ဘုရားလု​ေရာက္လာၿပီ!!! လနည္းနည္းၾကာၿပီးမွ ငါ့သား​ေလးရဲ႕livestreamဆီ နတ္ဘုရားလု ​ေနာက္တစ္​ေခါက္ ျပန္​ေရာက္လာၿပီပဲ!!!]

Livestreamမစ​ေသးဘူးဆိုတာကို လု​ေပၚယြမ္ျမင္လိုက္​​ေတာ့ သူအိပ္ရာထဲကထၿပီး မ်က္ႏွာသြားသစ္ဖို႔ ျပင္လိုက္ခ်ိန္ စခရင္​ေပၚမွာ ပုံရိပ္တစ္ခုက ​ေပၚထြက္လာသည္—​

ဗီဒီယိုထဲကလူက အျဖဴနဲ႔ပန္း​ေရာင္ပါသည့္ သေဘၤာသားအက်ႌကို ဝတ္ဆင္ထားလ်က္ ​ေကာ္လာနားတြင္ ပန္း​ေရာင္နက္ကတိုင္အ​ေသးစား​ေလးကို တပ္ဆင္ထားကာ ျဖဴ​ေဖြးသြယ္လ်တဲ့လည္တိုင္က ​ေပၚထြက္​ေနသည္။ သူ႔ရဲ႕​ေခါင္းကို​ေမာ့လိုက္သည့္အခါ အနည္းငယ္ထင္း​ထြက္ေနသည့္ Adam's appleကို ျမင္ႏိုင္​ေလသည္။

သူက ဆံပင္တုကိုစြပ္ထားကာ ponytailပုံစံခ်ည္​​ေႏွာင္ထားသည့္ဆံႏြယ္တို႔က ရင္ဘတ္တစ္ဝိုက္တြင္ တြဲလြဲက်​ေနသည္။ သူ႔ရဲ႕​ေခါင္းထိပ္မွာ​ေတာ့.....ပန္း​ေရာင္ယုန္နား႐ြက္တစ္စုံလည္း ရွိ​ေန​ေလ၏။

က်န္း႐ုန္မွာ မိတ္ကပ္လည္းျပင္ထားရကာ သူ႔ရဲ႕ပါးမို႔ႏွစ္ဖက္မွာလည္း ရည္႐ြယ္ခ်က္ရွိရွိ နီရဲ​ေန​ေအာင္ အ​ေရာင္ျခယ္ခံထားရသည္။ Eyelinerဆြဲရင္း မ်က္ရည္ပါဝဲသြားရတာ​ေၾကာင့္ လတ္တ​ေလာ၌ သူ႔မ်က္ဝန္း​ေတြမွာ အရည္လဲ့​ေန​ေတာ့သည္။

သူ႔ခမ်ာ barrageကိုပင္ ရွင္းရွင္းလင္းလင္း ဖတ္ႏိုင္ပုံမ​ေပၚ​ေပ။ ထို႔​ေၾကာင့္ သူကမ်က္လုံးကိုေမွးလိုက္ၿပီး ​ေရွ႕ကိုတိုးၿပီးၾကည့္လာတာ​ေၾကာင့္ သူ႔ရဲ႕ျဖဴဥ​ေနတဲ့ညႇပ္႐ိုးအစုံကို ခပ္​ေရး​ေရး ျမင္လိုက္ရ​ေလသည္။

Barrageတစ္ခုလုံး ႏွစ္စကၠန္႔​ေလာက္ ၿငိမ္သက္သြားၾကၿပီး ခ်က္ခ်င္းဆိုသလို ​ေရလႈိင္းလုံးႀကီးတစ္ခုက ​ေရကာတာကို တိုက္​စားသလိုမ်ိဳး တစ္ဟုန္ထိုးျဖစ္လာ​ေတာ့သည္။

က်န္း႐ုန္၏အက်င့္အရ သူတစ္ခုခုကို အာ႐ုံစိုက္ၾကည့္​ေနလွ်င္ သူ႔ပါးစပ္ကအနည္းငယ္ပြင့္​ေနတတ္သည္။ ​ေနာက္ထက္ စကၠန္႔အနည္းငယ္အၾကာမွာ​ေတာ့ lip-balmဆိုးထားသည့္ သူ႔ရဲ႕ပန္းဆီ​ေရာင္ႏႈတ္ခမ္း​ေတြက ဖြင့္ဟလာသည္။ "barrageထဲမွာ spamတာလည္း နည္းနည္း​ေလွ်ာ့ၾကဦး မင္းတို႔အ​ေဖေကာင္း​ေကာင္းမျမင္ရ​ေတာ့ဘူး"

[..........]

[​ေလာင္က်စ္ သူ႔ပုံစံျမင္ၿပီး ဝင္းႏု​​ေတာ့မလို႔ အဆင္သင့္​ေတာင္လုပ္ၿပီးၿပီ ဒါ​ေပမယ့္ သူလည္းပါးစပ္ဟလိုက္​ေရာ ​ေလာင္က်စ္ရဲ႕ပန္း​ေတာင္ ညႇိဳးသြားတယ္]

[အခ်စ္​ေလးကလွလိုက္တာ အခ်စ္​ေလးကလွလိုက္တာ]

[သမီး​ေလး ​​ေကာ္လာကိုနည္းနည္း​ေအာက္ဆြဲခ်လိုက္ပါဦး!!]

[သမီးေလး ​ေပ်ာ္႐ႊင္ဖြယ္၁၈ႏွစ္ျပည့္​ေမြး​ေန႔ပါ​ေနာ္!!!]

[ဟိုအ​ေပၚက ​ေစာက္႐ူးအရႈံးသမားYY​ေတြ ထြက္သြား​ေပးၾကပါလား? ဒီ​ေလာက္ သူ႔အ​ေဖ​ေတြအမ်ားႀကီးရွိ​ေနတာကို တဏွာလာ႐ူး​ေနရဲ​ေသးတယ္​ေပါ့?]

(T/N : YY—​လိင္ပိုင္းဆိုင္ရာစိတ္ကူး​ေတြရွိတဲ့သူမ်ိဳး။)

[အခုမင္းပုံစံက မိန္းက​ေလးဆန္တယ္လို႔​ေျပာရင္ မင္းလက္ခံမွာလား??]

[TTCက မိန္းက​ေလးအသင္းသား​ေတြ လက္မခံလို႔မ်ား TTCကိုjoinဖို႔ ​​မိန္းက​ေလးက ေယာက်ာ္း​ေလး​ေယာင္​ေဆာင္ထားတာလား မသိဘူး​ေနာ္?]

[အခ်စ္​ေလးရယ္ ခ်စ္စရာ​ေကာင္းလိုက္တာ၊ မာမီအာဘြား​ေပးမယ္​​ -3-]

[အ​ေမဖန္​ေတြကလည္း တစ္​ေျဖး​ေျဖးနဲ႔ အက်င့္​ေတြပ်က္လာလိုက္တာ ထိန္းလို႔သိမ္းလို႔ကိုမရ​ေတာ့ဘူး]

"​​ေရွာင္ပိုင္၊ ခ်န္​ေကာ၊ ဟယ္က်စ္၊ Pineနဲ႔ ခုန္းခုန္းကို ၾကယ္ပင္လယ္​ေတြအတြက္ ​ေက်းဇူးတင္ပါတယ္။ "ကမာၻ႔#1အ​ေျခာက္က​ေလးSoft" ကိုလည္း ၾကယ္ပင္လယ္​ေတြအတြက္ ​ေက်းဇူးပါ။ "Soft damn Crossdresser" ကိုလည္း ၾကယ္ပင္လယ္​ေတြအတြက္ ​ေက်းဇူးတင္ပါတယ္။ ၿပီး​ေတာ့ "ခ်စ္သမီး​ေလး ခ်စ္တယ္​ေနာ္"ကိုလည္း ၾကယ္ပင္လယ္ႏွစ္ခုအတြက္ ​ေက်းဇူး..."

​ေနာက္ဆုံးနာမည္ကို ႐ြတ္ျပၿပီး​ေနာက္ က်န္း႐ုန္ မ်က္​ေမွာင္က်ဳံ႕သြား​ေလသည္။
"အခ်စ္​ေလး? မင္းတို႔အားလုံး႐ြံဖို႔​ေကာင္းလိုက္တာ၊ အဲ့လိုႀကီးမ​ေခၚၾကစမ္းပါနဲ႔။ ၾကက္သီးထလြန္းလို႔ ငါ့​ေျခ​ေထာက္​ေမႊး​ေတြပါ​ေထာင္တယ္"

[ကိုယ့္ကိုကိုယ္လည္း ျပန္ၾကည့္ဦး ဒီလိုပုံစံနဲ႔ ဘယ္မွာ​ေျခ​ေထာက္​ေမႊးရွိမွာလဲ??]

"မင္းအ​ေဖမွာမင္းထက္​ေတာင္ ​ေျခ​ေထာက္​ေမႊး​ေတြ​ေပါ​ေသးတယ္"

က်န္း႐ုန္​ေျပာၿပီးၿပီးခ်င္းပဲ ညာဘက္​ေျခ​ေထာက္ကို​ေျမႇာက္ကာ ထိုင္ခုံ​ေပၚတင္လိုက္ၿပီး webcamကိုယူကာ သူ႔​ေျခ​ေထာက္ကို တိုက္႐ိုက္,႐ိုက္ျပဖို႔ လုပ္လိုက္၏။

[????]

[အား ဘာႀကီးလဲ? ဒါဘယ္လိုအစီအစဥ္ႀကီးတုန္း....?]

[ဟာ ခ်ီး ခ်ီး မင္း​ေျခ​ေထာက္​ေမႊး​ေတြ ဘယ္သူမွမျမင္ခ်င္ဘူးဟ!!!]

[ဘယ္လိုပဲစကတ္​ေတြဝတ္ထားထား မင္းက​ေစာက္ရမ္းျဖဴစင္တဲ့ ငါ့သားအ႐ူး​ေလးျဖစ္​ေနဆဲပါပဲ.....]

[စကတ္ႀကီးဟ!!! စကတ္ကိုနည္းနည္း​ေလာက္ဆြဲတင္လိုက္ပါလား!!!]

[အိုးမိုင္ဂုတ္ ဒီစကတ္ကမွ အစစ္အမွန္ဗားရွင္းဟ။ သား​ေလးက​ေတာ့ မာမီ့ကိုစိတ္မပ်က္​ေစဘူးပဲ he knows the business]

[ဟ လန္႔လိုက္တာ ဒါႀကီးက​lockခ်မခံရဘူးလား??]

(T/N : မဖြယ္မရာ​ေတြလုပ္ျပရင္ livestream room ပိတ္ခံရတတ္ပါတယ္ အဲ့တာကို​ေျပာတာ😆)

ကင္မရာကလႈပ္ခါသြားၿပီး က်န္း႐ုန္ဝတ္ထားသည့္ အျဖဴ​ေရာင္​ေျခအိတ္ရွည္တို႔က ကင္မရာျမင္ကြင္းထဲကို ဝင္​ေရာက္လာခ်ိန္ ၾကည့္ရႈသူ​ေတြမွာ တံခါးဖြင့္သံတစ္ခုကို ၾကားလိုက္ရ​ေလသည္။

က်န္း႐ုန္တစ္​ေယာက္ သူကအစစ္အမွန္​ေယာက်ာ္းပီသသူျဖစ္​ေၾကာင္း သက္​ေသျပ​ေတာ့မည္အလုပ္ တစ္စုံတစ္​ေယာက္က webcamကိုလုယူသြား​ေတာ့သည္။ သူ​ေတာင့္ခဲသြားၿပီး ​ေမာ့ၾကည့္လိုက္၏။

လု​ေပၚယြမ္က လက္တိုရွပ္အက်ႌႏွင့္ မီးခိုး​ေရာင္​ေဘာင္းဘီရွည္ကို ဝတ္ဆင္ထားသည္။ သူ႔ဆံပင္​ေတြက အနည္းငယ္ရႈပ္ပြ​ေနကာ အခုမွႏိုးလာၿပီး ပုံစံမသြင္းရ​ေသးပုံ​ေပါက္သည္။

ဤသည္က အိပ္ရာထဲကအ​ေျပးထလာၿပီး မ်က္ႏွာပင္သစ္ဖို႔အခ်ိန္မ​ေလာက္သည့္ လူတစ္​ေယာက္၏ပုံစံပင္။

လု​ေပၚယြမ္ webကင္မရာကို လက္ထဲမွာကိုင္ထားလ်က္ က်န္း႐ုန္၏ ခုံ​ေပၚတင္ထားသည့္​ေျခ​ေထာက္၏ဒူး​ေခါင္း​အား သူ႔လက္ညႇိဳးကိုေကြးကာ ပုတ္လိုက္သည္။

"​ေသခ်ာထိုင္" သူ႔အသံက အနည္းငယ္ ၾကမ္းရွ​ေနသည္။

က်န္း႐ုန္ သတိျပန္ဝင္လာၿပီး ​ေျခ​ေထာက္ကို​ေအာက္ျပန္ခ်လိုက္၏။ "ႏိုးၿပီလား?"

လု​ေပၚယြမ္မွာ အခုထိ မ်က္ႏွာ​ေတာင္မသစ္ရ​ေသး​ေပ။ Webcamကို ​ေမာ္နီတာ​ေပၚျပန္တင္လိုက္ၿပီး က်န္း႐ုန္ကိုငုံ႔ၾကည့္လိုက္ကာ "livestreamအပိတ္ခံခ်င္လို႔လား?"

က်န္း႐ုန္မွာ​ေၾကာင္အမ္းသြား၏။ ၿပီး​ေတာ့မွ အလ်င္အျမန္ ျပန္​ေျဖလိုက္သည္။ "ဟင့္အင္း၊ ကြၽန္​ေတာ္ ​ေအာက္ခံေဘာင္းဘီဝတ္ထားတယ္ ဒီမွာၾကည့္"

​ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းပဲ က်န္း႐ုန္က စကတ္ကိုလွန္လိုက္ကာ လု​ေပၚယြမ္အား ​ေအာက္ခံ​ေဘာင္းဘီတို​ေလးကို ျပလာခဲ့သည္။

လု​ေပၚယြမ္ : "."

လြန္ခဲ့သည့္လအနည္းငယ္အတြင္း က်န္း႐ုန္မွာ ဟိုလူက​ေကြၽးလိုက္၊ ဒီလူက​ေကြၽးလိုက္ႏွင့္ ျပည့္ျပည့္​ေလးျဖစ္လာၿပီး အ႐ိုးစုႏွင့္မတူ​​ေတာ့​ေပ။ သူ႔ရဲ႕​ေပါင္တံက ျဖဴ​ေဖြး​ေနကာ မွည့္​ေသး​ေသး​ေလးႏွစ္လုံးကလည္း ​ေပါင္တံ​ေပၚမွာ ထင္း​ေန​ေလသည္။

[????]

[မျမင္ရဘူး မျမင္ရဘူး မျမင္ရဘူးလို႔ ​ေအာက္ခံ​ေဘာင္းဘီက ဘာပုံစံ​ေလးလဲျပပါဦး!]

[ငါ့​ေယာက်ာ္းရဲ႕အိပ္ရာထထခ်င္းပုံစံက ​ေစာက္ရမ္း​ေခ်ာတာပဲ!]

[rwkk! rwkk! နတ္ဘုရားလု​​ေရ ကင္မရာကို ​ေအာက္​ေလးနည္းနည္း​ေလာက္ႏွိမ့္​ေပးပါလား—​]

(T/N : rwkk—​让我看看(ရန္႔​ေဝၚခန္႔ခန္႔) "ၾကည့္ပါရ​ေစဦး" အဲ့လိုအဓိပၸါယ္ပါ)

[နတ္ဘုရားလုအသံက ​ေစာက္ရမ္းဆြဲ​ေဆာင္မႈရွိတာပဲ အားးးး wsl]

(T/N : wsl—​我死了(​​ေဝၚစစ္လဲ့) "ငါ​ေတာ့​ေသပါၿပီ" အဲ့လိုမ်ိဳးပါ)

[နတ္ဘုရားလုနဲ႔duo queueမယ္ဆို?? ဘယ္​ေတာ့စၾကမွာလဲ?]

လု​ေပၚယြမ္က လက္လွမ္းကာ က်န္း႐ုန္ရဲ႕စကတ္ကို ျပန္ဆြဲခ်​ေပးလိုက္သည္။ သူ႔ရဲ႕လက္​ေခ်ာင္းထိပ္တို႔က က်န္း႐ုန္ရဲ႕​ေပါင္တံကို အနည္းငယ္ ခပ္ဖြဖြ ထိမိသြား၏။

အစက​ေတာ့ က်န္း႐ုန္မွာ ဘာမွသိပ္မ​ေတြးျဖစ္​ေပ။ သို႔​ေသာ္လည္း ထိုသို႔ထိမိၿပီးသြားသည့္​ေနာက္မွာ​ေတာ့ ခ်က္ခ်င္းကို သူ​ေသ​ေသခ်ာခ်ာထိုင္လိုက္ၿပီး ၿငိမ္ၿငိမ္​ေလးျဖစ္သြား​ေတာ့သည္။

"ကိုယ္မ်က္ႏွာအရင္သစ္ၿပီးမွ မင္းနဲ႔duo queueဖို႔လာခဲ့မယ္" လု​ေပၚယြမ္က ​ေပါ့​ေပါ့ပါးပါး ဆိုလာခဲ့သည္။ "မင္းစကတ္ကိုထပ္လွန္ခြင့္မျပဳဘူး​ေနာ္"

—​—​

သားသားဝတ္ရတဲ့ဝတ္စုံပုံစံ

ဒါက​ေတာ့သားသားရဲ႕fan made photo​ေလးပါ🥺


ဟဲဟဲ ​ေနာက္​ေန႔update​ေပးမယ္ဆိုၿပီး အိုက္ခြင္ပ​ေလးမိသြားတယ္။ ​ေခ်ာတီးပါ အျပစ္ဒဏ္အ​ေနနဲ႔ ကိုကိုRoadကိုသုံးခါနမ္း​လိုက္ပါမယ္😔

Olvasás folytatása

You'll Also Like

2.1K 222 7
အလုပ်ပြုတ်သွားပြီးတဲ့နောက်မှာ ချစ်သူနဲ့လည်း ပြတ်စဲသွားခဲ့ပြီးတော့ "ကြယ်တွေကြည့်ချင်တယ်" ဆိုတဲ့ အတွေးနဲ့ ဘာအစီအစဉ်မှမရှိပါဘဲ Hokkaido ကိုရောက်လာခဲ့တဲ့...
430K 22.5K 49
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
308K 34.9K 35
Title - A contractual marriage with the best leading actor Author - Gu Zheng (故筝) Genre- Comedy ,Drama ,Romance , Shounen Ai Slice of Life, Yaoi S...
668K 121K 89
Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flyin...