ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

422K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 50

4.8K 795 10
By PoneyPeach

Unicode
အခန်း (၅၀)

ကျယ်ယန် ရှန်ယန်ကို အကဲခတ်ရင်း ဝတ္ထုဇာတ်ကြောင်းကို နောက်ကြောင်းပြန်စဥ်းစားနေစဥ် ညစားပွဲ၏ စကားလမ်းကြောင်းက အဓိကအကြောင်းအရာသို့ ပြောင်းလဲသွားချေပြီ။

ဒါရိုက်ရွှီဟုန်က သက်ပြင်းချ၏။  “ ဂီတရူးရုပ်ရှင်က ဂီတသမားတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတဲ့အကြောင်းဖြစ််လို့  ရုပ်ရှင်ထဲက မူရင်းဂီတတွေက ဂီတသမားတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်သဘာဝနဲ့ ဇာတ်ကြောင်းကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်တယ်။ အစကတော့ ဒါကိုလုပ်ဖို့ နိုင်ငံခြားကုမ္ပဏီတစ်ခုကို ရှာတွေ့ခဲ့တယ်။ သူတို့ဖန်တီးတဲ့ တေးသွားနဲ့ သီချင်းတွေက ကောင်းပေမဲ့ အဓိပ္ပါယ်သိပ်မရှိဘူးလေ။ ”

ကျယ်ယန် သူအတွေးများမှ နိုးထကာ ရွှီဟုန်ကို ကြည့်လိုက်၏။

ရွှီဟုန်က အသက် ၃၀ ကျော်၊ အရပ်အမောင်းနှင့် ရုပ်ရည်သွင်ပြင်ကလည်း သာမန်သာ။ သို့သော် သဘောကောင်းကာ တောင်ပိုင်းလေယူလေသိမ်းဖြင့် ဖြည်းဖြည်းညှင်သာစွာ စကားပြောတတ်၏။ တစ်ချက်လောက်ကြည့်ရုံဖြင့်တော့ သူက ဒေါသထွက်ခဲသည်ဟု လူတွေကို အထင်မှားစေနိုင်သည်။

ရွှီဟုန်က သူ့ဘေးရှိ ရှန်ယန်ပုခုံးကိုပုတ်ကာ ပြောသည်။  “ ငါ ဒီကောင့်ကို တခြားဒါရိုက်တာတစ်ယောက်ဆီကနေ အလစ်သုတ်လာတာလေ။ သူက သီချင်းလည်းဆိုတတ် သရုပ်ဆောင်လည်းလုပ်တတ်တော့ ငါ မျက်စိကျနေတာပေါ့။ ကံမကောင်းတာက သူ့အသံကကောင်းပေမဲ့ ရုပ်ရှင်ရဲ့  ‘ရူးသွပ်မှု’ တေးသွားနဲ့ကျ မကိုက်ဘူး။ တစ်ခုက ရုပ်ရှင်တေးသွားနဲ့ နောက်တစ်ခုက သီချင်းပဲ။ ငါတို့ ဒီမှာ ထိတာပဲ။ ခံစားချက်တွေကို ဆွဲဆောင်ယူလာပေမဲ့ ဂီတအပေါ်မူတည်နေတဲ့ ရုပ်ရှင်ရဲ့ အဓိကဇာတ်ဝင်ခန်းတွေက  အလုပ်မဖြစ်တော့ဘူးလေ။ ”

ရှန်ယန်၏ ရုပ်ရည်သွင်ပြင်က ချောမောပြီး ခန့်ညားထည်ဝါသော မျက်နှာမျိုးထဲမှာပါသည်။ သူစကားမပြောသရွေ့ လူတွေကို ရှိန်စေသည့်အငွေ့အသက်မျိုး ပေးစွမ်းနေ၏။ သူပြုံးလိုက်လျှင်တော့ အင်မတန်မှ နှစ်လိုခင်မင်ဖွယ်ကောင်းပြန်သည်။ သူက ရွှီဟုန်နောက်ကျောကိုရိုက်ကာ ဆိုသည်။  “ မင်း ဇီဇာကြောင်လွန်းတာ ရှင်းနေတာပဲ။ ”

“ ငါသာ ဇီဇာမကြောင်ရင် မင်းက လာပါ့မလား။ ”  ရွှီဟုန်က ရှန်ယန်လက်ကို ပုတ်ထုတ်၏။ သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းကြပုံ ပေါ်၏။

ရွှီဟုန်က ဇာတ်ညွှန်းဆရာ ပြင်ထားသော ဇာတ်ညွှန်းကို ရွယ်ရှန့်၊ ကျယ်ယန်နှင့် လောင်ရှို့ယူတို့အား မပေးမီ အသေးစိတ်အခြေအနေများကို ပြောပြ၏။ “ ဒါက ဇာတ်ညွှန်း။ တီထွင်ဖန်တီးမှု အကြံဉာဏ်တွေကို တရားဝင်စမဆွေးနွေးကြခင် ဇာတ်ညွှန်းကို သေချာဖတ်ကြည့်စေချင်တယ်။ ဖြစ်နိုင်ရင် စတူဒီယိုကိုလာပြီး ရိုက်ကွင်းကို လာကြည့်တာ အကောင်းဆုံးပေါ့။ ကျယ်ယန် ”

ကျယ်ယန်ကို ရုတ်တရက် အခေါ်ခံလိုက်ရ၍ စားပွဲကလူအားလုံးက ကျယ်ယန်အား လှမ်းကြည့်လာကြသည်။ ကျယ်ယန် ရွှီဟုန်ကို ကြည့်လိုက်၏။

ရွှီဟုန်က သူ့ကို ပြောလာ၏။  “ မင်းရေးထားသမျှ ပြင်ထားသမျှ သီချင်းတွေအားလုံးကို ငါ နားထောင်ပြီးပြီ။ မင်းမှာ စတိုင်မျိုးစုံရှိတယ်။ ထုံကျန်းအတွက်သီချင်းက ထုံကျန်းအသံနဲ့ အရမ်းလိုက်တယ်။ မင်းအတွက်ရေးတဲ့ သီချင်းကလည်း မင်းအသံနဲ့ လိုက်နေပြန်ရော။ ကျီဇယ့်ဟွေ့အတွက်ပြင်ပေးတဲ့ သီချင်းကလည်း ပုံစံတစ်မျိုးလေး။ ဒီမှာ ရှန်ယန်။ မင်း သူ့ကို အကဲဖြတ်ရမှာဆိုပေမဲ့လို့ သူနဲ့သင့်တော်လိုက်ဖက်မယ့်အပြင် ဇာတ်ကောင်ရဲ့ စိတ်နေစိတ်ထားကိုပါ အတတ်နိုင်ဆုံး ဖော်ပြနိုင်မယ့် သီချင်းမျိုးကို မင်းကိုရေးပေးစေချင်တယ်။ နားလည်မလားပဲ။ ”

ထိုစကားတွေထွက်လာတာနှင့် ကျယ့်ယန့်ဘေးက ရွယ်ရှန့်၏ မျက်နှာက ကြည့်ရဆိုးသွား၏။ 

သီချင်းရေးဖို့ လူနှစ်ယောက်ခေါ်ထားပေမဲ့ တစ်​ယောက်တည်းကိုပဲ သရုပ်ဆောင်ကို အကဲဖြတ်ခိုင်းနေသည်လေ။ ဒါ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာမဟုတ်ပါလား။ လက်ထောက်ဒါရိုက်တာက ရွှီဟုန်ကို ကပျာကယာ လှမ်းဆွဲလိုက်၏။

ထိုသို့မှ ရွှီဟုန်သည် ကျယ်ယန်တစ်ယောက်တည်းကို ရည်ညွှန်းပြောဆိုနေသော သူ့လုပ်ရပ်က အတော်လေးမသင့်တော်ကြောင်း သိသွား၏။ သူက ရွယ်ရှန့်ဘက်ကိုပါကြည့်ရင်း ပြောလိုက်၏။  “ အမှန်တော့ ရွယ်ရှန့်လည်း အတူတူပဲပေါ့ကွာ။ အားလုံး အတူတူပူးပေါင်းပြီး အလုပ်လုပ်သင့်တာပေါ့။ ရှို့ယူ  ငါ မင်းကို တေးသွားအပိုင်း လက်လွှဲလိုက်ပြီနော်။ ”

လက်ထောက်ဒါရိုက်တာနှင့် ဇာတ်ညွှန်းဆရာတို့က ရွှီဟုန်မွှေသွားသော အရှက်ကွဲအကျိုးနည်းကိစ္စကို ရှောင်ရှားရန် ကျယ်ယန်၊ ရွယ်ရှန့်နှင့် လောင်ရှို့ယူတို့ကို အမြန်အရက်ခွက်မြှောက်စေတော့၏။ အားလုံးကလည်း အလိုက်တသိဖြ
င့် ခွက်တွေကိုယ်စီမြှောက်လိုက်ကြသည်။ ရွယ်ရှန့်သည်လည်း ခါးသီးစွာဖြစ်ညှစ်ပြုံးလျက် အလိုက်သင့်ပူးပေါင်းရတော့သည်။

ညစာစားပွဲပြီးတော့ ရွှီဟုန်က အရက်မသောက်နိုင်သူပီပီ တန်းမူးသွား၏။ သူက မူးနေပေမဲ့ အသောက်မရပ်ပေ။ လူတကာကိုဆွဲပြီး လုပ်ငန်းအကြောင်းတွေ ပြော၏။ နောက်ဆုံး သူ ကမောက်ကမနဲ့မူးရူးနေတာတောင် ကျယ်ယန်၊ ရှန်ယန်နှင့် မုကျိုးယိတို့ကို တစ်ကိုယ်တည်း ကားထဲဆွဲခေါ်နိုင်သွားသည်။

ကျယ်ယန်သည်လည်း ရှန်ယန်နှင့် မုကျိုးယိတို့ကြားမှာ ထိုင်လိုက်ရသည်။ ကားထဲကို နောက်ဆုံးမှဝင်လာသော မုကျိုးယိနှင့် ခရီးသည် အရှေ့ခုံမှာထိုင်နေသော ရွှီဟုန်ကို သူတစ်ချက်ကြည့်လိုက်သည်။ ဒါရိုက်တာကိုပဲ ကျေးဇူးတက်တယ်​ပြောရမလား၊ ‘ ဘုရားသခင်ရဲ့ ဆန္ဒအရ’လို့ပဲ ပြောရမလား မသိတော့။

မုကျိုးယိကလည်း သည်ကားထဲမှာ ကျယ်ယန်ရှိနေမည်ကို မမျှော်လင့်ထားမှန်း အသိသာပင်။ ကားထဲဝင်ရင်း ခဏမျှမှင်သက်သွားကာ သူမက ဟာသပင်ဆိုလာသေး၏။   “ အစ်ကိုချောလေးနှစ်ယောက်နဲ့ထိုင်ရမှာဆိုတော့ ကြည့်ရတာ ဒီနေ့ ကျွန်မ့ကံတွေ ဇွတ်ကောင်းနေတဲ့ပုံပါရှင်။ ”

ရှန်ယန်က ပြုံးလျက်ပြန်ဖြေသည်။  “ ဒါဆိုရင် ကျွန်တော်က ကံဆိုးတာပေါ့ဗျာ။ လူချောလေးနဲ့ မိန်းမလှလေးတစ်ယောက်ရှိနေပေမဲ့ အရှေ့ခုံမှာ အမူးသမားတစ်ယောက်ပါ ရှိနေတယ်လေဗျာ။ ကဖျက်ကယက်နဲ့ပဲ။ ”

ရှန်ယန်စကားက မုကျိုးယိကို ကျေနပ်သွားစေ၏။

အလယ်ခေါင်က ကျယ်ယန်:  “……”

သူ နေလို့မကောင်းသလို ဟန်ဆောင်လိုက်၏။ ထိုင်ရာမှထကာ ဒါရိုက်ဘာကို ရေတစ်ဘူးလှမ်းတောင်းလိုက်သည်။ ရေတစ်ကျိုက်သောက်ပြီး နဖူးကို နှိပ်လိုက်သည်။

မုကျိုးယိက စိုးရိမ်ဟန်ဖြင့် မေးလာ၏။  “ ဘာဖြစ်လို့လဲ။ ”

“ ကျွန်တော်က အရက်မသောက်နိုင်တော့ နည်းနည်းမူးလာလို့။ ”  ကျယ်ယန် သူ့ကိုယ်သူ အမူးသမားဘွဲ့ပေးလိုက်၏။ ထို့နောက် မုကျိုးယိကိုကြည့်ကာ မေးလိုက်သည်။  “ စီနီယာမု စီနီယာနဲ့ ချင်းလင်က တွဲနေကြပြီလား။  ”

ထိုစကားထွက်လာသည်နှင့် ကားက ခေတ္တခဏတိတ်သွား၏။ သူဘေးက ရှန့်ယန်ကိုယ် တောင့်တင်းသွားတာကို ကျယ်ယန် သတိထားမိလိုက်သည်။

မုကျိုးယိ အေးခဲသွား၏။ ထို့နောက် သူ့ကိုကူညီပေးသလိုလိုဖြင့် ကျယ်ယန့်ပုခုံးကို လက်ဖြင့်ဖိလာ၏။  “ ကျယ်ယန် မင်း နားလည်မှုလွဲနေပြီ။ မစ္စတာဖုန်နဲ့ ကိုယ်နဲ့က မိတ်ဆွေတွေပါ။  မင်းနေလို့မကောင်းရင် ခဏလောက် မျက်စိမှိတ် မှိန်းနေလိုက်ပါလား။ ”

အကိုင်ခံထားရသော သူ့လက်မောင်းနေရာကနေ ထူးထူးဆန်းဆန်း ရှိန်းတက်လာ၏။ ရုတ်တရက် ခေါင်းထဲမှာ ဝေဝါးလာကာ သူ့ဦးနှောက်ကနေ မအီမသာခံစားချက်များ ပေါက်ထွက်လာရာ သူ အန်တောင်အန်မိတော့မည်။

သူ ဝေးဝေးနေရန် လက်သီးဆုပ်လျက် ရေသောက်နေသောလက်ဖြင့် မုကျိုးယိလက်ကို ဖယ်ထုတ်ပစ်လိုက်သည်။ သူ ရှန်ယန်ဘက်သို့ နောက်ပြန်မှီကာ ပြော၏။  “ ဒီလိုလေးတွေ ရှိခဲ့တယ်ဗျာ။  ချင်းလင်အိမ်စေပြောတာတော့ သူဖျားနေတုန်း စီနီယာက သူ့ဘေးမှာ ရှိနေပေးခဲ့တာတဲ့။ အိမ်စေ နောက်​တစ်နေ့ အလုပ်လာတော့လည်း စီနီယာက ချင်းလင်အတွက် ဆန်ပြုတ်ပြုတ်ပေးပြီး သူစားဖို့ ဟင်းချက်စရာတွေလည်း ဝယ်ခဲ့ပေးတယ်ဆိုပဲ။ ပြီးတော့လည်း ကျွန်တော်နဲ့စီနီယာ သတင်းထွက်ကြတုန်းက ချင်းလင်က စီနီယာဘက်က မက်ဆေ့ပို့ပြီး ကျွန်တော့်ကို ရှင်းပြပေးခဲ့သေးတယ်။ စီနီယာတို့က ဒီလိုတစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်နေကြတော့ ကျွန်တော်က တွဲနေကြပြီထင်တာပေါ့။ ဒါပေမဲ့ မဟုတ်ဘူးတဲ့လား။ ”

မုကျိုးယိက သူ့ကိုထိန်းဟန်ဖြင့် ထပ်ရှင်းပြဖို့ကြိုးစားပြန်သည်။  “ မစ္စတာဖုန်က ဖျားပြီး အိမ်မှာတစ်ယောက်တည်း။ ချက်ချင်းကြီး ပြန်လှည့်သွားရင် မကောင်းတတ်ဘူးလေ။ ကျယ်ယန် မင်း ရှန်ကောကို မမှီထားနဲ့လေ။ မင်း မမူးဘူးမလား။ မတ်မတ်ထိုင်တာ ပိုကောင်းမယ်။ ”

“ အင်း ”  ကျယ်ယန်က မုကျိုးယိလက်ကိုရှောင်ကာ မတ်မတ်ထိုင်လျက် မျက်လုံးမှိတ်လိုက်၏။   “ စီနီယာမု ချင်းလင်ရဲ့မိသားစုဝင်တစ်ယောက်ရဲ့ အမြင်အရ ချင်းလင်အပေါ် ဘာခံစားချက်မှမရှိဘူးဆိုရင် စီနီယာအနေနဲ့ ဒီလိုနားလည်မှုလွဲစေမယ့်ကိစ္စမျိုးကို နောက်ထပ် ထပ်မလုပ်ဖို့ မျှော်လင့်ပါတယ်။ သူ့ကို ကြုံလို့ဆုံလို့ ပြုစုပြီး သူနဲ့တစ်ညလုံးနေပေးတာထက် လူနာတင်ယာဥ်ခေါ်ပြီး သူ့မိတ်ဆွေ မိသားစုဝင်တွေကို ဖုန်းဆက်အကြောင်းကြားပေးတာက စီနီယာအတွက် အကောင်းဆုံးနည်းလမ်းပါ။ ဒါ့အပြင် ကျွန်တော်တို့မိသားစုတွေ ဧည့်ခန်းမှာ စကားပြောနေတာကို သူစိမ်းမိန်းမတစ်ယောက်ကို ပုန်း​ပြီးနား​ထောင်မ​နေစေချင်ဘူး။ ဒီလိုခိုးနားထောင်နေတာက ကျွန်တော်တို့ကို မသက်မသာဖြစ်စေတယ်။ ပြီးတော့ အရင်တစ်ခါ ကားပါကင်မှာ ကျွန်တော့်ကိုရိုက်မိတဲ့ မတော်တဆကိစ္စရောပဲ။ နောက်ထပ် ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်ဗျာ။ ”

ပြောပြီးတာနှင့် ကျယ်ယန် ငြိမ်ငြိမ်လေးနေကာ သူ့ကိုယ်မှာကျန်နေသေးသော အော်ဂလီဆန်မှုကြီးကို သည်းခံဖို့သာ အာရုံစိုက်လိုက်လေသည်။ ကားကလည်း လုံးလုံးလျားလျားကို တိတ်ဆိတ်သွား၏။ အချိန်ဘယ်လောက်ကြာသွားလဲတော့မသိ။ ကားက ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။

ဒါရိုက်ဘာ၏ သတိပေးသံကို ကြားလိုက်ရသည်။  “ ဒါ… ကျွန်တော်တို့ ဟိုတယ်ရောက်ပြီနော်။ ကျွန်တော် ဒါရိုက်တာရွှီကို သူ့အခန်းထဲ ပြန်ပို့ပေးလိုက်မယ်။ ဒါနဲ့ မစ္စတာကျယ်က … ”

“ ကျွန်တော်လိုက်ပို့လိုက်မယ်။ ”  ရှန့်ယန်က ဆိုသည်။  သူ့အသံက အရင်လို ရယ်ရယ်မြူးမြူးမရှိ။ အနည်းငယ် အေးစက်လျက်။

“ ရှန်ကော ကျွန်မ အစ်ကို့ကို ကူပေးမယ်လေ။ ”

“ မလိုဘူး မင်းအခန်း မင်းပြန်ပြီးသာ နားလိုက်ပါ။ ”

တံခါးဖွင့်သံထွက်လာပြီးနောက် သူ့ကိုယ်ကို ကားအပြင်ဆွဲထုတ်ခံလိုက်ရ၏။ မကြာလိုက် ဝူရွှေ့အသံကိုကြားလိုက်ရကာ ကျောပေါ်တင်ကာ အသယ်ခံလိုက်ရသည်။

သူ့မျက်လုံးတွေကို အသာဖွင့်ကြည့်လိုက်ရာ ဝူရွှေ့ခေါင်းကို မြင်လိုက်ရမှ စိတ်အေးသွားရသည်။ ထို့နောက် အနောက်ဘက်ခပ်ဝေးဝေးက ရှန်ယန်နှင့် ကားဘေးမှာမတ်တပ်ရပ်နေသော မုကျိုးယိကို လှည့်ကြည့်ရင်း ခပ်သဲ့သဲ့ ရယ်မောလိုက်မိသည်။

***

အခန်းကိုပြန်ရောက်တော့ ကျယ်ယန် ကိုယ်ကိုဆန့်ကာ သူ့ကိုချပေးဖို့ ဝူရွှေ့ကိုခိုင်းလိုက်သည်။

ဝူရွှေ့က အလန့်တကြားဖြင့် သူ့ကို အမြန်ချပေး၏။  “ သူဌေးလေးက အရက်မမူးဘူးလား။ ”

“  ဘီယာလေးနည်းနည်းလောက်နဲ့ ဘယ်သူက မူးမှာတုန်း။ အဲ့ဒီလူတွေနဲ့စကားမပြောချင်လို့ ကျွန်တော်က မူးချင်ယောင်ဆောင်လိုက်တာ။ ” ကျယ်ယန် အင်္ကျီချွတ်ရင်း သူ့နားထင်ကို လက်ဖြင့်နှိပ်သည်။   “ ချိုးရှင်းကို ကျွန်တော် အရက်မူးဟန်ယောင်ဆောင်တဲ့အကြောင်း သွားမပြောနဲ့နော် မဟုတ်ရင် စိတ်ဆိုးနေပြန်ဦးမယ်။ ”

ဝူရွှေ့က နာခံစွာဖြင့် ခေါင်းညိတ်၏။ ထို့နောက် တစ်ခုခုတွေးမိသွားကာ သူ့ဖုန်းကို ထုတ်သည်။  “ ဘော့စ် ဘော့စ်ရဲ့အေးဂျင့်က ဖုန်းဆက်တာ မကိုင်လို့ဆိုပြီး ကျွန်တော့်ကို ဖုန်းခေါ်ထားတယ်။ ကျွန်တော့်ကိုပြောတာတော့ ဒီနေ့မနက်လေဆိပ်မှာ ဘော့စ်က ဓာတ်ပုံခိုးရိုက်ခံလိုက်ရတယ်တဲ့။ မီဒီယာတချို့ကလည်း ဒီလျို့ဝှက်ဓာတ်ပုံတွေနဲ့အတူ မကောင်းသတင်းတွေ ရေးကြတယ်။ ဒါက အစောပိုင်း ဆောင်းပါးတွေပါ။ ”

ကျယ်ယန် ဝူရွေ့ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်၏။  မျက်နှာပြင်က သိပ်မကျယ်။ ’ လေဆိပ်ကို ပရိသတ်တွေလိုက်ပို့တာခံရတဲ့ ရွယ်ရှန်ကို မနာလိုအားကျပြီး အထီးကျန်နေတဲ့ ကျယ်ယန် ’ ဆိုသော စကားလုံးက မျက်နှာပြင်တစ်ဝက်ကို နေရာယူထား၏။ ကျန်တာကတော့ ဓာတ်ပုံတစ်ပုံက ချယ်လှယ်လို့။ ဓာတ်ပုံထဲမှာတော့  လေဆိပ်လော်ဘီထောင့်နားလေးမှာ သူက မတ်တပ်လေးရပ်လျက် သက်တော်စောင့်တွေ၏ အစောင့်အရှောက်အောက်မှနေ၍ ပရိသတ်တစ်သိုက်ကို ကျော်ဖြတ်သွားသော ရွယ်ရှန့်ကို လှမ်းကြည့်နေသည်။

“……”

သူ ဝူရွှေ့ကို အဝေးပထုတ်ကာ ညစာစားပွဲတစ်လျှောက် အသံပိတ်ထားသော သူ့ဖုန်းကို ထုတ်လိုက်သည်။ ထို့နောက် ဟူပျောင်း  missed call ကိုနှိပ်ကာ ပြန်ခေါ်လေသည်။

သူဖုန်းကိုက်ပြီး စက္ကန့်ပိုင်းအတွင်း ဟူပျောင်းအသံကို ကြားရသည်။   “ မင်း hot search ထဲရောက်နေပြန်ပြီ။ ”

“ hot search က ဘာတဲ့လဲ။”

“# ရွယ်ရှန့်ကို မနာလိုနေတဲ့ ကျယ်ယန် # ဒီ hot search က အရမ်းရွံဖို့ကောင်းတယ်။ မင်းကိုချနင်းပြီး မင်းက ရွှယ်ရှန့်လောက်မတော်ဘူးလို့ တစ်ခြားလူတွေကို ဦးနှောက်ဆေးတာ အရှင်းသားကြီး။ မစိုးရိမ်နဲ့ ငါ  PR ဌာနနဲ့ hot search ကို ဖျက်ဖို့ကြိုးစားနေတယ်။ ရွယ်ရှန့် မင်းကိုဒီအတိုင်း ချမနင်းစေရဘူး။  ”

“ ဒီကိစ္စကိုမရှင်းနဲ့။ ကျွန်တော့်ကို ချနင်းသွားပါစေ။ ”

“… ဟမ် ?”

“ အဲ့ဒီအချိန်တုန်းက ကျွန်တော်က လောင်ရှို့ယူနဲ့ အတူရပ်နေပြီး လောင်ရှို့ယူလည်း လှမ်းကြည့်နေခဲ့တာပဲ။ လေဆိပ်မှာလည်း လူတွေအများကြီးပဲ။ ကျွန်တော့်ကို ဓာတ်ပုံရိုက်ထားတဲ့သူရှိရင် လောင်ရှို့ယူနဲ့ အတူရပ်နေတဲ့ကျွန်တော့်ပုံနဲ့ ရွယ်ရှန့်ကိုကြည့်နေတဲ့ လောင်ရှို့ယူကို ဓာတ်ပုံရိုက်မိထားတဲ့သူကတော့ ရှိကိုရှိမှာပဲ။ Weibo မှာတင်ထားတဲ့ အဲ့ဒီလိုပုံမျိုးတွေ ရှိမရှိရှာကြည့်ပါဦး။ ရှိရင် ပုံကိုဖြန့်ပြီး အခြေအနေကို ဖြေရှင်းလိုက်ပါ။ ”

ဟူပျောင်း စက္ကန့်အနည်းငယ် အသံတိတ်သွားပြီးမှ ပြန်ဖြေ၏။ “ ငါ သိပြီ။ ”

ကျယ်ယန်လည်း ဖုန်းချဖို့ပြင်လိုက်၏။

“ ကျယ်ယန် ”

ကျယ်ယန် ဖုန်းကို တစ်ဖက်နားသို့ ပြောင်းကိုင်လိုက်သည်။   “ ပြောစရာရှိသေးတာလား။ ”

“ ငါ့လို အေးဂျင့်တစ်ယောက်ရှိတာ အရမ်းပင်ပန်းတယ်မလား။ ”

ကျယ်ယန် သူ့ကို ဖြေသိပ်ပေးလိုက်၏။   “ ပျောင်းကော လူတိုင်းမှာ သူတို့ကိုယ်ပိုင် အားသာချက်ကိုယ်စီရှိကြတယ်။ သိပ်မတွေးပါနဲ့။ ”

ဟူပျောင်းက ခဏလောက်တိတ်ဆိတ်သွားကာ သူ့ခံစားချက်များကို ထိန်းညှိ၏။ သူ ကျယ်ယန်ကို စကားပြန်လိုက်သည်။   “ မင်း အဲ့ဒီမှာ သတိထားသင့်တယ်။  မင်းရော ရွယ်ရှန့်ရောက ဖန်တီးနိုင်စွမ်းရှိတဲ့ အဆိုတော်တွေ။ မင်းတို့အနေအထားက အတော်လေးဆင်ပြီး အသက်ကလည်း မတိမ်းမယိမ်းနဲ့။ သူက မင်းကို လန့်နေမှာ။ မင်းကလည်း သူ့ကို သတိထားပြီး စောင့်ကြည့်နေသင့်တယ်။ ”

“ ကျွန်တော် သတိထားပါ့မယ်။ ကျေးဇူး ပျောင်းကော ”

ကျယ်ယန် ဟူပျောင်းနှင့်စကားပြောတာကို ဖြတ်ပြီး ရေချိုးသွား၏။ ထို့နောက် ဇာတ်ညွှန်းကိုင်ကာ အိပ်ရာထဲလဲရင်း ကားထဲက အဖြစ်အပျက်များကို ပြန်တွေးတောမိသည်။

ဇာတ်ကြောင်းအနေအထားအရ ရှန်ယန်၏ မုကျိုးယိအ​ပေါ် လက်ရှိခံစားများက သဘောကျသည့်အဆင့်သို့ အပြည့်အဝ မကူးပြောင်းသေးချေ။ မုကျိုးယိအပေါ် သူ့၏ လတ်တလောခံစားချက်များက ထူးချွန်ထက်မြက်သော လူငယ်မျိုးဆက်သစ်တစ်ယောက်အပေါ်က စီနီယာတစ်ယောက်၏ လေးစားတန်ဖိုးထားမှုနှင့် ပိုတူသည်။

ရှန်ယန် မုကျိုးယိကို ဘာကြောင့် လေစားတန်ဖိုးထားသလဲဆိုရသော် ဦးစွာပထမ သူမ၏ ထူးချွန်မှုကြောင့်ဖြစ်ကာ ဟွမ်ထျန်း၏ လျို့ဝှက်စည်းကမ်းချက်များကို မလိုက်နာခြင်းကြောင့်ဖြစ်သည်။ အခုတော့ မုကျိုးယိ၏ နောက်ထပ်တစ်ဖက်ခြမ်းကို သိရှိပြီးသွားပြီဖြစ်၍ မုကျိုးယိအပေါ် ရှန်ယန်၏နှစ်သက်မှုများ လျော့ကျသွားပြီလား  မသိသေးပါ။

ကျယ်ယန်ကတော့ လျော့သွားဖို့ မျှော်လင့်သည်။ အနည်းဆုံးတော့ ဇာတ်လိုက်မ ရှန်ယန်ဦးလေးတည်​ထောင်ထားသော အင်တာတိန်းမန့်ကုမ္ပဏီဟောင်း ဟွမ်ယွီနဲ့ စာချုပ်ချုပ်လျှင် ရှန်ယန် စိတ်ကွက်ဖို့ မျှော်လင့်သည်။

မူရင်းဝတ္ထု၌ ဇာတ်လိုက်မသည် ဟွမ်ယွီကိုဝင်ပြီးမကြာမီ သူမ၏အယ်လ်ဘမ်ထုတ်လုပ်​ရေးကို စတင်ခဲ့၏။ မုကျိုးယိသာ ယွမ်ထျန်းမှာဆက်နေနေပါက သူမစီနီယာများ၏ တင်းကျပ်သောစီမံခန့်ခွဲမှုအောက်တွင် သူမအတွက် အယ်လ်ဘမ်ထုတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

ကားထဲမှာ သူကြုံတွေ့ခဲ့ရတဲ့ အန်ချင်စိတ်လည်းရှိသေး၏။

ခုနက မုကျိုးယိကိုင်ခဲ့သော လက်မောင်းကို ကျယ်ယန် ကြည့်လိုက်၏။

သည်တစ်ခါ ထူးဆန်းသော ပူရှိန်းမှုတစ်ခုကို သူထပ်သတိထားမိခဲ့ပေမဲ့ သူ့၏စွမ်းရည်အမြုတေကတော့ ပြန်ပေါ်မလာခဲ့ပေ။ ထူးဆန်းနေပြီ။ မုကျိုးယိက အကောင်းမြင်စိတ် မတိုးပွားလာစေသော စွမ်အင်တစ်ခုကို သုံးခဲ့လို့လား။ ဒါမှမဟုတ် မုကျိုးယိရဲ့ ရွှေလက်ချောင်းနှင့်ထိစဥ် အရင်ကလောက် သူ သတိထားမနေခဲ့လို့များလား။ ဒါမှမဟုတ် သူ့အဝတ်အစားတွေက အရင်တစ်ခါထက်ပိုထူပြီး ရွှေလက်ချောင်း၏ လွှမ်းမိုးမှုကနေ သူကို ကာကွယ်ပေးတာကြောင့်ပဲ ဖြစ်လေမလား။

ကျယ်ယန် လက်မြှောက်ကာ လက်ချောင်းများကို ဆုပ်ချည်ဖြန့်ချည် လုပ်၏။ သူ ထပ်ခါထပ်ခါလုပ်ကြည့်ပြီးနောက် လက်သီးဆုပ်ကြည့်သည်။

နောက်တစ်ခါ … အသားချင်း တိုက်ရိုက်ထိကြည့်ရမလား။

━━━━━━━━━━━━━━━━━━━━━━━












Zawgyi
အခန္း (၅၀)

က်ယ္ယန္ ရွန္ယန္ကို အကဲခတ္ရင္း ဝတၳဳဇာတ္ေၾကာင္းကို ေနာက္ေၾကာင္းျပန္စဥ္းစားေနစဥ္ ညစားပြဲ၏ စကားလမ္းေၾကာင္းက အဓိကအေၾကာင္းအရာသို႔ ေျပာင္းလဲသြားေခ်ၿပီ။

ဒါရိုက္႐ႊီဟုန္က သက္ျပင္းခ်၏။  “ ဂီတ႐ူး႐ုပ္ရွင္က ဂီတသမားတစ္ေယာက္ရဲ႕ ဇာတ္လမ္းကို ေျပာျပတဲ့အေၾကာင္းျဖစ္္လို႔  ႐ုပ္ရွင္ထဲက မူရင္းဂီတေတြက ဂီတသမားတစ္ေယာက္ရဲ႕ ပင္ကိုယ္စရိုက္သဘာဝနဲ႕ ဇာတ္ေၾကာင္းကို ျဖည့္ဆည္းေပးနိုင္ဖို႔ လိုအပ္တယ္။ အစကေတာ့ ဒါကိုလုပ္ဖို႔ နိုင္ငံျခားကုမၸဏီတစ္ခုကို ရွာေတြ႕ခဲ့တယ္။ သူတို႔ဖန္တီးတဲ့ ေတးသြားနဲ႕ သီခ်င္းေတြက ေကာင္းေပမဲ့ အဓိပၸါယ္သိပ္မရွိဘူးေလ။ ”

က်ယ္ယန္ သူအေတြးမ်ားမွ နိုးထကာ ႐ႊီဟုန္ကို ၾကည့္လိုက္၏။

႐ႊီဟုန္က အသက္ ၃၀ ေက်ာ္၊ အရပ္အေမာင္းႏွင့္ ႐ုပ္ရည္သြင္ျပင္ကလည္း သာမန္သာ။ သို႔ေသာ္ သေဘာေကာင္းကာ ေတာင္ပိုင္းေလယူေလသိမ္းျဖင့္ ျဖည္းျဖည္းညွင္သာစြာ စကားေျပာတတ္၏။ တစ္ခ်က္ေလာက္ၾကည့္႐ုံျဖင့္ေတာ့ သူက ေဒါသထြက္ခဲသည္ဟု လူေတြကို အထင္မွားေစနိုင္သည္။

႐ႊီဟုန္က သူ႕ေဘးရွိ ရွန္ယန္ပုခုံးကိုပုတ္ကာ ေျပာသည္။  “ ငါ ဒီေကာင့္ကို တျခားဒါရိုက္တာတစ္ေယာက္ဆီကေန အလစ္သုတ္လာတာေလ။ သူက သီခ်င္းလည္းဆိုတတ္ သ႐ုပ္ေဆာင္လည္းလုပ္တတ္ေတာ့ ငါ မ်က္စိက်ေနတာေပါ့။ ကံမေကာင္းတာက သူ႕အသံကေကာင္းေပမဲ့ ႐ုပ္ရွင္ရဲ႕  ‘႐ူးသြပ္မႈ’ ေတးသြားနဲ႕က် မကိုက္ဘူး။ တစ္ခုက ႐ုပ္ရွင္ေတးသြားနဲ႕ ေနာက္တစ္ခုက သီခ်င္းပဲ။ ငါတို႔ ဒီမွာ ထိတာပဲ။ ခံစားခ်က္ေတြကို ဆြဲေဆာင္ယူလာေပမဲ့ ဂီတအေပၚမူတည္ေနတဲ့ ႐ုပ္ရွင္ရဲ႕ အဓိကဇာတ္ဝင္ခန္းေတြက  အလုပ္မျဖစ္ေတာ့ဘူးေလ။ ”

ရွန္ယန္၏ ႐ုပ္ရည္သြင္ျပင္က ေခ်ာေမာၿပီး ခန့္ညားထည္ဝါေသာ မ်က္ႏွာမ်ိဳးထဲမွာပါသည္။ သူစကားမေျပာသေ႐ြ႕ လူေတြကို ရွိန္ေစသည့္အေငြ႕အသက္မ်ိဳး ေပးစြမ္းေန၏။ သူၿပဳံးလိုက္လွ်င္ေတာ့ အင္မတန္မွ ႏွစ္လိုခင္မင္ဖြယ္ေကာင္းျပန္သည္။ သူက ႐ႊီဟုန္ေနာက္ေက်ာကိုရိုက္ကာ ဆိုသည္။  “ မင္း ဇီဇာေၾကာင္လြန္းတာ ရွင္းေနတာပဲ။ ”

“ ငါသာ ဇီဇာမေၾကာင္ရင္ မင္းက လာပါ့မလား။ ”  ႐ႊီဟုန္က ရွန္ယန္လက္ကို ပုတ္ထုတ္၏။ သူတို႔ႏွစ္ေယာက္က ဆက္ဆံေရးေကာင္းၾကပုံ ေပၚ၏။

႐ႊီဟုန္က ဇာတ္ၫႊန္းဆရာ ျပင္ထားေသာ ဇာတ္ၫႊန္းကို ႐ြယ္ရွန့္၊ က်ယ္ယန္ႏွင့္ ေလာင္ရွို႔ယူတို႔အား မေပးမီ အေသးစိတ္အေျခအေနမ်ားကို ေျပာျပ၏။ “ ဒါက ဇာတ္ၫႊန္း။ တီထြင္ဖန္တီးမႈ အႀကံဉာဏ္ေတြကို တရားဝင္စမေဆြးေႏြးၾကခင္ ဇာတ္ၫႊန္းကို ေသခ်ာဖတ္ၾကည့္ေစခ်င္တယ္။ ျဖစ္နိုင္ရင္ စတူဒီယိုကိုလာၿပီး ရိုက္ကြင္းကို လာၾကည့္တာ အေကာင္းဆုံးေပါ့။ က်ယ္ယန္ ”

က်ယ္ယန္ကို ႐ုတ္တရက္ အေခၚခံလိုက္ရ၍ စားပြဲကလူအားလုံးက က်ယ္ယန္အား လွမ္းၾကည့္လာၾကသည္။ က်ယ္ယန္ ႐ႊီဟုန္ကို ၾကည့္လိုက္၏။

႐ႊီဟုန္က သူ႕ကို ေျပာလာ၏။  “ မင္းေရးထားသမွ် ျပင္ထားသမွ် သီခ်င္းေတြအားလုံးကို ငါ နားေထာင္ၿပီးၿပီ။ မင္းမွာ စတိုင္မ်ိဳးစုံရွိတယ္။ ထုံက်န္းအတြက္သီခ်င္းက ထုံက်န္းအသံနဲ႕ အရမ္းလိုက္တယ္။ မင္းအတြက္ေရးတဲ့ သီခ်င္းကလည္း မင္းအသံနဲ႕ လိုက္ေနျပန္ေရာ။ က်ီဇယ့္ေဟြ႕အတြက္ျပင္ေပးတဲ့ သီခ်င္းကလည္း ပုံစံတစ္မ်ိဳးေလး။ ဒီမွာ ရွန္ယန္။ မင္း သူ႕ကို အကဲျဖတ္ရမွာဆိုေပမဲ့လို႔ သူနဲ႕သင့္ေတာ္လိုက္ဖက္မယ့္အျပင္ ဇာတ္ေကာင္ရဲ႕ စိတ္ေနစိတ္ထားကိုပါ အတတ္နိုင္ဆုံး ေဖာ္ျပနိုင္မယ့္ သီခ်င္းမ်ိဳးကို မင္းကိုေရးေပးေစခ်င္တယ္။ နားလည္မလားပဲ။ ”

ထိုစကားေတြထြက္လာတာႏွင့္ က်ယ့္ယန့္ေဘးက ႐ြယ္ရွန့္၏ မ်က္ႏွာက ၾကည့္ရဆိုးသြား၏။ 

သီခ်င္းေရးဖို႔ လူႏွစ္ေယာက္ေခၚထားေပမဲ့ တစ္​ေယာက္တည္းကိုပဲ သ႐ုပ္ေဆာင္ကို အကဲျဖတ္ခိုင္းေနသည္ေလ။ ဒါ သူ႕မ်က္ႏွာကို ျဖတ္ရိုက္လိုက္တာမဟုတ္ပါလား။ လက္ေထာက္ဒါရိုက္တာက ႐ႊီဟုန္ကို ကပ်ာကယာ လွမ္းဆြဲလိုက္၏။

ထိုသို႔မွ ႐ႊီဟုန္သည္ က်ယ္ယန္တစ္ေယာက္တည္းကို ရည္ၫႊန္းေျပာဆိုေနေသာ သူ႕လုပ္ရပ္က အေတာ္ေလးမသင့္ေတာ္ေၾကာင္း သိသြား၏။ သူက ႐ြယ္ရွန့္ဘက္ကိုပါၾကည့္ရင္း ေျပာလိုက္၏။  “ အမွန္ေတာ့ ႐ြယ္ရွန့္လည္း အတူတူပဲေပါ့ကြာ။ အားလုံး အတူတူပူးေပါင္းၿပီး အလုပ္လုပ္သင့္တာေပါ့။ ရွို႔ယူ  ငါ မင္းကို ေတးသြားအပိုင္း လက္လႊဲလိုက္ၿပီေနာ္။ ”

လက္ေထာက္ဒါရိုက္တာႏွင့္ ဇာတ္ၫႊန္းဆရာတို႔က ႐ႊီဟုန္ေမႊသြားေသာ အရွက္ကြဲအက်ိဳးနည္းကိစၥကို ေရွာင္ရွားရန္ က်ယ္ယန္၊ ႐ြယ္ရွန့္ႏွင့္ ေလာင္ရွို႔ယူတို႔ကို အျမန္အရက္ခြက္ျမႇောက္ေစေတာ့၏။ အားလုံးကလည္း အလိုက္တသိျဖ
င့္ ခြက္ေတြကိုယ္စီျမႇောက္လိုက္ၾကသည္။ ႐ြယ္ရွန့္သည္လည္း ခါးသီးစြာျဖစ္ညွစ္ၿပဳံးလ်က္ အလိုက္သင့္ပူးေပါင္းရေတာ့သည္။

ညစာစားပြဲၿပီးေတာ့ ႐ႊီဟုန္က အရက္မေသာက္နိုင္သူပီပီ တန္းမူးသြား၏။ သူက မူးေနေပမဲ့ အေသာက္မရပ္ေပ။ လူတကာကိုဆြဲၿပီး လုပ္ငန္းအေၾကာင္းေတြ ေျပာ၏။ ေနာက္ဆုံး သူ ကေမာက္ကမနဲ႕မူး႐ူးေနတာေတာင္ က်ယ္ယန္၊ ရွန္ယန္ႏွင့္ မုက်ိဳးယိတို႔ကို တစ္ကိုယ္တည္း ကားထဲဆြဲေခၚနိုင္သြားသည္။

က်ယ္ယန္သည္လည္း ရွန္ယန္ႏွင့္ မုက်ိဳးယိတို႔ၾကားမွာ ထိုင္လိုက္ရသည္။ ကားထဲကို ေနာက္ဆုံးမွဝင္လာေသာ မုက်ိဳးယိႏွင့္ ခရီးသည္ အေရွ႕ခုံမွာထိုင္ေနေသာ ႐ႊီဟုန္ကို သူတစ္ခ်က္ၾကည့္လိုက္သည္။ ဒါရိုက္တာကိုပဲ ေက်းဇူးတက္တယ္​ေျပာရမလား၊ ‘ ဘုရားသခင္ရဲ႕ ဆႏၵအရ’လို႔ပဲ ေျပာရမလား မသိေတာ့။

မုက်ိဳးယိကလည္း သည္ကားထဲမွာ က်ယ္ယန္ရွိေနမည္ကို မေမွ်ာ္လင့္ထားမွန္း အသိသာပင္။ ကားထဲဝင္ရင္း ခဏမွ်မွင္သက္သြားကာ သူမက ဟာသပင္ဆိုလာေသး၏။   “ အစ္ကိုေခ်ာေလးႏွစ္ေယာက္နဲ႕ထိုင္ရမွာဆိုေတာ့ ၾကည့္ရတာ ဒီေန႕ ကြၽန္မ့ကံေတြ ဇြတ္ေကာင္းေနတဲ့ပုံပါရွင္။ ”

ရွန္ယန္က ၿပဳံးလ်က္ျပန္ေျဖသည္။  “ ဒါဆိုရင္ ကြၽန္ေတာ္က ကံဆိုးတာေပါ့ဗ်ာ။ လူေခ်ာေလးနဲ႕ မိန္းမလွေလးတစ္ေယာက္ရွိေနေပမဲ့ အေရွ႕ခုံမွာ အမူးသမားတစ္ေယာက္ပါ ရွိေနတယ္ေလဗ်ာ။ ကဖ်က္ကယက္နဲ႕ပဲ။ ”

ရွန္ယန္စကားက မုက်ိဳးယိကို ေက်နပ္သြားေစ၏။

အလယ္ေခါင္က က်ယ္ယန္:  “……”

သူ ေနလို႔မေကာင္းသလို ဟန္ေဆာင္လိုက္၏။ ထိုင္ရာမွထကာ ဒါရိုက္ဘာကို ေရတစ္ဘူးလွမ္းေတာင္းလိုက္သည္။ ေရတစ္က်ိဳက္ေသာက္ၿပီး နဖူးကို ႏွိပ္လိုက္သည္။

မုက်ိဳးယိက စိုးရိမ္ဟန္ျဖင့္ ေမးလာ၏။  “ ဘာျဖစ္လို႔လဲ။ ”

“ ကြၽန္ေတာ္က အရက္မေသာက္နိုင္ေတာ့ နည္းနည္းမူးလာလို႔။ ”  က်ယ္ယန္ သူ႕ကိုယ္သူ အမူးသမားဘြဲ႕ေပးလိုက္၏။ ထို႔ေနာက္ မုက်ိဳးယိကိုၾကည့္ကာ ေမးလိုက္သည္။  “ စီနီယာမု စီနီယာနဲ႕ ခ်င္းလင္က တြဲေနၾကၿပီလား။  ”

ထိုစကားထြက္လာသည္ႏွင့္ ကားက ေခတၱခဏတိတ္သြား၏။ သူေဘးက ရွန့္ယန္ကိုယ္ ေတာင့္တင္းသြားတာကို က်ယ္ယန္ သတိထားမိလိုက္သည္။

မုက်ိဳးယိ ေအးခဲသြား၏။ ထို႔ေနာက္ သူ႕ကိုကူညီေပးသလိုလိုျဖင့္ က်ယ္ယန့္ပုခုံးကို လက္ျဖင့္ဖိလာ၏။  “ က်ယ္ယန္ မင္း နားလည္မႈလြဲေနၿပီ။ မစၥတာဖုန္နဲ႕ ကိုယ္နဲ႕က မိတ္ေဆြေတြပါ။  မင္းေနလို႔မေကာင္းရင္ ခဏေလာက္ မ်က္စိမွိတ္ မွိန္းေနလိုက္ပါလား။ ”

အကိုင္ခံထားရေသာ သူ႕လက္ေမာင္းေနရာကေန ထူးထူးဆန္းဆန္း ရွိန္းတက္လာ၏။ ႐ုတ္တရက္ ေခါင္းထဲမွာ ေဝဝါးလာကာ သူ႕ဦးေႏွာက္ကေန မအီမသာခံစားခ်က္မ်ား ေပါက္ထြက္လာရာ သူ အန္ေတာင္အန္မိေတာ့မည္။

သူ ေဝးေဝးေနရန္ လက္သီးဆုပ္လ်က္ ေရေသာက္ေနေသာလက္ျဖင့္ မုက်ိဳးယိလက္ကို ဖယ္ထုတ္ပစ္လိုက္သည္။ သူ ရွန္ယန္ဘက္သို႔ ေနာက္ျပန္မွီကာ ေျပာ၏။  “ ဒီလိုေလးေတြ ရွိခဲ့တယ္ဗ်ာ။  ခ်င္းလင္အိမ္ေစေျပာတာေတာ့ သူဖ်ားေနတုန္း စီနီယာက သူ႕ေဘးမွာ ရွိေနေပးခဲ့တာတဲ့။ အိမ္ေစ ေနာက္​တစ္ေန႕ အလုပ္လာေတာ့လည္း စီနီယာက ခ်င္းလင္အတြက္ ဆန္ျပဳတ္ျပဳတ္ေပးၿပီး သူစားဖို႔ ဟင္းခ်က္စရာေတြလည္း ဝယ္ခဲ့ေပးတယ္ဆိုပဲ။ ၿပီးေတာ့လည္း ကြၽန္ေတာ္နဲ႕စီနီယာ သတင္းထြက္ၾကတုန္းက ခ်င္းလင္က စီနီယာဘက္က မက္ေဆ့ပို႔ၿပီး ကြၽန္ေတာ့္ကို ရွင္းျပေပးခဲ့ေသးတယ္။ စီနီယာတို႔က ဒီလိုတစ္ေယာက္နဲ႕တစ္ေယာက္ ဂ႐ုစိုက္ေနၾကေတာ့ ကြၽန္ေတာ္က တြဲေနၾကၿပီထင္တာေပါ့။ ဒါေပမဲ့ မဟုတ္ဘူးတဲ့လား။ ”

မုက်ိဳးယိက သူ႕ကိုထိန္းဟန္ျဖင့္ ထပ္ရွင္းျပဖို႔ႀကိဳးစားျပန္သည္။  “ မစၥတာဖုန္က ဖ်ားၿပီး အိမ္မွာတစ္ေယာက္တည္း။ ခ်က္ခ်င္းႀကီး ျပန္လွည့္သြားရင္ မေကာင္းတတ္ဘူးေလ။ က်ယ္ယန္ မင္း ရွန္ေကာကို မမွီထားနဲ႕ေလ။ မင္း မမူးဘူးမလား။ မတ္မတ္ထိုင္တာ ပိုေကာင္းမယ္။ ”

“ အင္း ”  က်ယ္ယန္က မုက်ိဳးယိလက္ကိုေရွာင္ကာ မတ္မတ္ထိုင္လ်က္ မ်က္လုံးမွိတ္လိုက္၏။   “ စီနီယာမု ခ်င္းလင္ရဲ႕မိသားစုဝင္တစ္ေယာက္ရဲ႕ အျမင္အရ ခ်င္းလင္အေပၚ ဘာခံစားခ်က္မွမရွိဘူးဆိုရင္ စီနီယာအေနနဲ႕ ဒီလိုနားလည္မႈလြဲေစမယ့္ကိစၥမ်ိဳးကို ေနာက္ထပ္ ထပ္မလုပ္ဖို႔ ေမွ်ာ္လင့္ပါတယ္။ သူ႕ကို ႀကဳံလို႔ဆုံလို႔ ျပဳစုၿပီး သူနဲ႕တစ္ညလုံးေနေပးတာထက္ လူနာတင္ယာဥ္ေခၚၿပီး သူ႕မိတ္ေဆြ မိသားစုဝင္ေတြကို ဖုန္းဆက္အေၾကာင္းၾကားေပးတာက စီနီယာအတြက္ အေကာင္းဆုံးနည္းလမ္းပါ။ ဒါ့အျပင္ ကြၽန္ေတာ္တို႔မိသားစုေတြ ဧည့္ခန္းမွာ စကားေျပာေနတာကို သူစိမ္းမိန္းမတစ္ေယာက္ကို ပုန္း​ၿပီးနား​ေထာင္မ​ေနေစခ်င္ဘူး။ ဒီလိုခိုးနားေထာင္ေနတာက ကြၽန္ေတာ္တို႔ကို မသက္မသာျဖစ္ေစတယ္။ ၿပီးေတာ့ အရင္တစ္ခါ ကားပါကင္မွာ ကြၽန္ေတာ့္ကိုရိုက္မိတဲ့ မေတာ္တဆကိစၥေရာပဲ။ ေနာက္ထပ္ ထပ္မျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္ဗ်ာ။ ”

ေျပာၿပီးတာႏွင့္ က်ယ္ယန္ ၿငိမ္ၿငိမ္ေလးေနကာ သူ႕ကိုယ္မွာက်န္ေနေသးေသာ ေအာ္ဂလီဆန္မႈႀကီးကို သည္းခံဖို႔သာ အာ႐ုံစိုက္လိုက္ေလသည္။ ကားကလည္း လုံးလုံးလ်ားလ်ားကို တိတ္ဆိတ္သြား၏။ အခ်ိန္ဘယ္ေလာက္ၾကာသြားလဲေတာ့မသိ။ ကားက ျဖည္းျဖည္းခ်င္း ရပ္တန့္သြားသည္။

ဒါရိုက္ဘာ၏ သတိေပးသံကို ၾကားလိုက္ရသည္။  “ ဒါ… ကြၽန္ေတာ္တို႔ ဟိုတယ္ေရာက္ၿပီေနာ္။ ကြၽန္ေတာ္ ဒါရိုက္တာ႐ႊီကို သူ႕အခန္းထဲ ျပန္ပို႔ေပးလိုက္မယ္။ ဒါနဲ႕ မစၥတာက်ယ္က … ”

“ ကြၽန္ေတာ္လိုက္ပို႔လိုက္မယ္။ ”  ရွန့္ယန္က ဆိုသည္။  သူ႕အသံက အရင္လို ရယ္ရယ္ျမဴးျမဴးမရွိ။ အနည္းငယ္ ေအးစက္လ်က္။

“ ရွန္ေကာ ကြၽန္မ အစ္ကို႔ကို ကူေပးမယ္ေလ။ ”

“ မလိုဘူး မင္းအခန္း မင္းျပန္ၿပီးသာ နားလိုက္ပါ။ ”

တံခါးဖြင့္သံထြက္လာၿပီးေနာက္ သူ႕ကိုယ္ကို ကားအျပင္ဆြဲထုတ္ခံလိုက္ရ၏။ မၾကာလိုက္ ဝူေ႐ႊ႕အသံကိုၾကားလိုက္ရကာ ေက်ာေပၚတင္ကာ အသယ္ခံလိုက္ရသည္။

သူ႕မ်က္လုံးေတြကို အသာဖြင့္ၾကည့္လိုက္ရာ ဝူေ႐ႊ႕ေခါင္းကို ျမင္လိုက္ရမွ စိတ္ေအးသြားရသည္။ ထို႔ေနာက္ အေနာက္ဘက္ခပ္ေဝးေဝးက ရွန္ယန္ႏွင့္ ကားေဘးမွာမတ္တပ္ရပ္ေနေသာ မုက်ိဳးယိကို လွည့္ၾကည့္ရင္း ခပ္သဲ့သဲ့ ရယ္ေမာလိုက္မိသည္။

***

အခန္းကိုျပန္ေရာက္ေတာ့ က်ယ္ယန္ ကိုယ္ကိုဆန့္ကာ သူ႕ကိုခ်ေပးဖို႔ ဝူေ႐ႊ႕ကိုခိုင္းလိုက္သည္။

ဝူေ႐ႊ႕က အလန့္တၾကားျဖင့္ သူ႕ကို အျမန္ခ်ေပး၏။  “ သူေဌးေလးက အရက္မမူးဘူးလား။ ”

“  ဘီယာေလးနည္းနည္းေလာက္နဲ႕ ဘယ္သူက မူးမွာတုန္း။ အဲ့ဒီလူေတြနဲ႕စကားမေျပာခ်င္လို႔ ကြၽန္ေတာ္က မူးခ်င္ေယာင္ေဆာင္လိုက္တာ။ ” က်ယ္ယန္ အကၤ်ီခြၽတ္ရင္း သူ႕နားထင္ကို လက္ျဖင့္ႏွိပ္သည္။   “ ခ်ိဳးရွင္းကို ကြၽန္ေတာ္ အရက္မူးဟန္ေယာင္ေဆာင္တဲ့အေၾကာင္း သြားမေျပာနဲ႕ေနာ္ မဟုတ္ရင္ စိတ္ဆိုးေနျပန္ဦးမယ္။ ”

ဝူေ႐ႊ႕က နာခံစြာျဖင့္ ေခါင္းညိတ္၏။ ထို႔ေနာက္ တစ္ခုခုေတြးမိသြားကာ သူ႕ဖုန္းကို ထုတ္သည္။  “ ေဘာ့စ္ ေဘာ့စ္ရဲ႕ေအးဂ်င့္က ဖုန္းဆက္တာ မကိုင္လို႔ဆိုၿပီး ကြၽန္ေတာ့္ကို ဖုန္းေခၚထားတယ္။ ကြၽန္ေတာ့္ကိုေျပာတာေတာ့ ဒီေန႕မနက္ေလဆိပ္မွာ ေဘာ့စ္က ဓာတ္ပုံခိုးရိုက္ခံလိုက္ရတယ္တဲ့။ မီဒီယာတခ်ိဳ႕ကလည္း ဒီလ်ိဳ႕ဝွက္ဓာတ္ပုံေတြနဲ႕အတူ မေကာင္းသတင္းေတြ ေရးၾကတယ္။ ဒါက အေစာပိုင္း ေဆာင္းပါးေတြပါ။ ”

က်ယ္ယန္ ဝူေ႐ြ႕ဖုန္းမ်က္ႏွာျပင္ကို တစ္ခ်က္ၾကည့္လိုက္၏။  မ်က္ႏွာျပင္က သိပ္မက်ယ္။ ’ ေလဆိပ္ကို ပရိသတ္ေတြလိုက္ပို႔တာခံရတဲ့ ႐ြယ္ရွန္ကို မနာလိုအားက်ၿပီး အထီးက်န္ေနတဲ့ က်ယ္ယန္ ’ ဆိုေသာ စကားလုံးက မ်က္ႏွာျပင္တစ္ဝက္ကို ေနရာယူထား၏။ က်န္တာကေတာ့ ဓာတ္ပုံတစ္ပုံက ခ်ယ္လွယ္လို႔။ ဓာတ္ပုံထဲမွာေတာ့  ေလဆိပ္ေလာ္ဘီေထာင့္နားေလးမွာ သူက မတ္တပ္ေလးရပ္လ်က္ သက္ေတာ္ေစာင့္ေတြ၏ အေစာင့္အေရွာက္ေအာက္မွေန၍ ပရိသတ္တစ္သိုက္ကို ေက်ာ္ျဖတ္သြားေသာ ႐ြယ္ရွန့္ကို လွမ္းၾကည့္ေနသည္။

“……”

သူ ဝူေ႐ႊ႕ကို အေဝးပထုတ္ကာ ညစာစားပြဲတစ္ေလွ်ာက္ အသံပိတ္ထားေသာ သူ႕ဖုန္းကို ထုတ္လိုက္သည္။ ထို႔ေနာက္ ဟူေပ်ာင္း  missed call ကိုႏွိပ္ကာ ျပန္ေခၚေလသည္။

သူဖုန္းကိုက္ၿပီး စကၠန့္ပိုင္းအတြင္း ဟူေပ်ာင္းအသံကို ၾကားရသည္။   “ မင္း hot search ထဲေရာက္ေနျပန္ၿပီ။ ”

“ hot search က ဘာတဲ့လဲ။”

“# ႐ြယ္ရွန့္ကို မနာလိုေနတဲ့ က်ယ္ယန္ # ဒီ hot search က အရမ္း႐ြံဖို႔ေကာင္းတယ္။ မင္းကိုခ်နင္းၿပီး မင္းက ႐ႊယ္ရွန့္ေလာက္မေတာ္ဘူးလို႔ တစ္ျခားလူေတြကို ဦးေႏွာက္ေဆးတာ အရွင္းသားႀကီး။ မစိုးရိမ္နဲ႕ ငါ  PR ဌာနနဲ႕ hot search ကို ဖ်က္ဖို႔ႀကိဳးစားေနတယ္။ ႐ြယ္ရွန့္ မင္းကိုဒီအတိုင္း ခ်မနင္းေစရဘူး။  ”

“ ဒီကိစၥကိုမရွင္းနဲ႕။ ကြၽန္ေတာ့္ကို ခ်နင္းသြားပါေစ။ ”

“… ဟမ္ ?”

“ အဲ့ဒီအခ်ိန္တုန္းက ကြၽန္ေတာ္က ေလာင္ရွို႔ယူနဲ႕ အတူရပ္ေနၿပီး ေလာင္ရွို႔ယူလည္း လွမ္းၾကည့္ေနခဲ့တာပဲ။ ေလဆိပ္မွာလည္း လူေတြအမ်ားႀကီးပဲ။ ကြၽန္ေတာ့္ကို ဓာတ္ပုံရိုက္ထားတဲ့သူရွိရင္ ေလာင္ရွို႔ယူနဲ႕ အတူရပ္ေနတဲ့ကြၽန္ေတာ့္ပုံနဲ႕ ႐ြယ္ရွန့္ကိုၾကည့္ေနတဲ့ ေလာင္ရွို႔ယူကို ဓာတ္ပုံရိုက္မိထားတဲ့သူကေတာ့ ရွိကိုရွိမွာပဲ။ Weibo မွာတင္ထားတဲ့ အဲ့ဒီလိုပုံမ်ိဳးေတြ ရွိမရွိရွာၾကည့္ပါဦး။ ရွိရင္ ပုံကိုျဖန့္ၿပီး အေျခအေနကို ေျဖရွင္းလိုက္ပါ။ ”

ဟူေပ်ာင္း စကၠန့္အနည္းငယ္ အသံတိတ္သြားၿပီးမွ ျပန္ေျဖ၏။ “ ငါ သိၿပီ။ ”

က်ယ္ယန္လည္း ဖုန္းခ်ဖိဳ႕ျပင္လိုက္၏။

“ က်ယ္ယန္ ”

က်ယ္ယန္ ဖုန္းကို တစ္ဖက္နားသို႔ ေျပာင္းကိုင္လိုက္သည္။   “ ေျပာစရာရွိေသးတာလား။ ”

“ ငါ့လို ေအးဂ်င့္တစ္ေယာက္ရွိတာ အရမ္းပင္ပန္းတယ္မလား။ ”

က်ယ္ယန္ သူ႕ကို ေျဖသိပ္ေပးလိုက္၏။   “ ေပ်ာင္းေကာ လူတိုင္းမွာ သူတို႔ကိုယ္ပိုင္ အားသာခ်က္ကိုယ္စီရွိၾကတယ္။ သိပ္မေတြးပါနဲ႕။ ”

ဟူေပ်ာင္းက ခဏေလာက္တိတ္ဆိတ္သြားကာ သူ႕ခံစားခ်က္မ်ားကို ထိန္းညွိ၏။ သူ က်ယ္ယန္ကို စကားျပန္လိုက္သည္။   “ မင္း အဲ့ဒီမွာ သတိထားသင့္တယ္။  မင္းေရာ ႐ြယ္ရွန့္ေရာက ဖန္တီးနိုင္စြမ္းရွိတဲ့ အဆိုေတာ္ေတြ။ မင္းတို႔အေနအထားက အေတာ္ေလးဆင္ၿပီး အသက္ကလည္း မတိမ္းမယိမ္းနဲ႕။ သူက မင္းကို လန့္ေနမွာ။ မင္းကလည္း သူ႕ကို သတိထားၿပီး ေစာင့္ၾကည့္ေနသင့္တယ္။ ”

“ ကြၽန္ေတာ္ သတိထားပါ့မယ္။ ေက်းဇူး ေပ်ာင္းေကာ ”

က်ယ္ယန္ ဟူေပ်ာင္းႏွင့္စကားေျပာတာကို ျဖတ္ၿပီး ေရခ်ိဳးသြား၏။ ထို႔ေနာက္ ဇာတ္ၫႊန္းကိုင္ကာ အိပ္ရာထဲလဲရင္း ကားထဲက အျဖစ္အပ်က္မ်ားကို ျပန္ေတြးေတာမိသည္။

ဇာတ္ေၾကာင္းအေနအထားအရ ရွန္ယန္၏ မုက်ိဳးယိအ​ေပၚ လက္ရွိခံစားမ်ားက သေဘာက်သည့္အဆင့္သို႔ အျပည့္အဝ မကူးေျပာင္းေသးေခ်။ မုက်ိဳးယိအေပၚ သူ႕၏ လတ္တေလာခံစားခ်က္မ်ားက ထူးခြၽန္ထက္ျမက္ေသာ လူငယ္မ်ိဳးဆက္သစ္တစ္ေယာက္အေပၚက စီနီယာတစ္ေယာက္၏ ေလးစားတန္ဖိုးထားမႈႏွင့္ ပိုတူသည္။

ရွန္ယန္ မုက်ိဳးယိကို ဘာေၾကာင့္ ေလစားတန္ဖိုးထားသလဲဆိုရေသာ္ ဦးစြာပထမ သူမ၏ ထူးခြၽန္မႈေၾကာင့္ျဖစ္ကာ ဟြမ္ထ်န္း၏ လ်ိဳ႕ဝွက္စည္းကမ္းခ်က္မ်ားကို မလိုက္နာျခင္းေၾကာင့္ျဖစ္သည္။ အခုေတာ့ မုက်ိဳးယိ၏ ေနာက္ထပ္တစ္ဖက္ျခမ္းကို သိရွိၿပီးသြားၿပီျဖစ္၍ မုက်ိဳးယိအေပၚ ရွန္ယန္၏ႏွစ္သက္မႈမ်ား ေလ်ာ့က်သြားၿပီလား  မသိေသးပါ။

က်ယ္ယန္ကေတာ့ ေလ်ာ့သြားဖို႔ ေမွ်ာ္လင့္သည္။ အနည္းဆုံးေတာ့ ဇာတ္လိုက္မ ရွန္ယန္ဦးေလးတည္​ေထာင္ထားေသာ အင္တာတိန္းမန့္ကုမၸဏီေဟာင္း ဟြမ္ယြီနဲ႕ စာခ်ဳပ္ခ်ဳပ္လွ်င္ ရွန္ယန္ စိတ္ကြက္ဖို႔ ေမွ်ာ္လင့္သည္။

မူရင္းဝတၳဳ၌ ဇာတ္လိုက္မသည္ ဟြမ္ယြီကိုဝင္ၿပီးမၾကာမီ သူမ၏အယ္လ္ဘမ္ထုတ္လုပ္​ေရးကို စတင္ခဲ့၏။ မုက်ိဳးယိသာ ယြမ္ထ်န္းမွာဆက္ေနေနပါက သူမစီနီယာမ်ား၏ တင္းက်ပ္ေသာစီမံခန့္ခြဲမႈေအာက္တြင္ သူမအတြက္ အယ္လ္ဘမ္ထုတ္ဖို႔ဆိုတာ လုံးဝမျဖစ္နိုင္ေပ။

ကားထဲမွာ သူႀကဳံေတြ႕ခဲ့ရတဲ့ အန္ခ်င္စိတ္လည္းရွိေသး၏။

ခုနက မုက်ိဳးယိကိုင္ခဲ့ေသာ လက္ေမာင္းကို က်ယ္ယန္ ၾကည့္လိုက္၏။

သည္တစ္ခါ ထူးဆန္းေသာ ပူရွိန္းမႈတစ္ခုကို သူထပ္သတိထားမိခဲ့ေပမဲ့ သူ႕၏စြမ္းရည္အျမဳေတကေတာ့ ျပန္ေပၚမလာခဲ့ေပ။ ထူးဆန္းေနၿပီ။ မုက်ိဳးယိက အေကာင္းျမင္စိတ္ မတိုးပြားလာေစေသာ စြမ္အင္တစ္ခုကို သုံးခဲ့လို႔လား။ ဒါမွမဟုတ္ မုက်ိဳးယိရဲ႕ ေ႐ႊလက္ေခ်ာင္းႏွင့္ထိစဥ္ အရင္ကေလာက္ သူ သတိထားမေနခဲ့လို႔မ်ားလား။ ဒါမွမဟုတ္ သူ႕အဝတ္အစားေတြက အရင္တစ္ခါထက္ပိုထူၿပီး ေ႐ႊလက္ေခ်ာင္း၏ လႊမ္းမိုးမႈကေန သူကို ကာကြယ္ေပးတာေၾကာင့္ပဲ ျဖစ္ေလမလား။

က်ယ္ယန္ လက္ျမႇောက္ကာ လက္ေခ်ာင္းမ်ားကို ဆုပ္ခ်ည္ျဖန့္ခ်ည္ လုပ္၏။ သူ ထပ္ခါထပ္ခါလုပ္ၾကည့္ၿပီးေနာက္ လက္သီးဆုပ္ၾကည့္သည္။

ေနာက္တစ္ခါ … အသားခ်င္း တိုက္ရိုက္ထိၾကည့္ရမလား။

━━━━━━━━━━━━━━━━━━━━━━━












Continue Reading

You'll Also Like

245K 36.7K 88
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
838K 31.8K 20
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
1.2M 63.9K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...