ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

423K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 47

4.9K 849 44
By PoneyPeach

Unicode
အခန်း ( ၄၇ )

ညနေ ၄ နာရီ၌။

ချိုးရှင်း ရုံးခန်းထဲမှထွက်လာတော့ မပြန်သေးသော ကျယ်ယန်ကို တွေ့သွား၏။ သူက နားနေခန်းထဲက ဆိုဖာပေါ်မှာ တစ်ရေးတစ်မော မှေးနေ၏။ ချိုးရှင်း တန့်သွားပြီး လှစ်ခနဲ နောက်ပြန်ပြေးလေတော့သည်။

သို့သော် ကျယ်ယန်က ချက်ချင်းနိုးလာကာ ချိုးရှင်းရှိရာကို လှမ်းကြည့်လာ၏။ ထို့နောက် သူ့အမူအရာကို ပြန်ပြင်ကာ ထိုင်ရာမှထလျက် မေးလိုက်သည်။  “ အလုပ်​ပြီးပြီလား။ ဗိုက်ဆာနေပြီလား။ နေ့လည်က ခင်ဗျား ထမင်းသိပ်မစားမှန်း ကျွန်တော်သိတယ်။ ”

“……”

ချိုးရှင်းက နေရာမှာပဲ ရပ်လိုက်၏။   “ ငါ့ကို ဒါလေးမေးဖို့အတွက် ဒီမှာအိပ်စောင့်နေတာလား။ ”

“ ခင်ဗျား ဗိုက်ဆာနေမှာစိုးလို့။ ”  ကျယ်ယန် မတ်တပ်ရပ်လျက် သူ့လည်ပင်းကို ပွတ်လိုက်မိသည်။  ထိုနောက် စားပွဲရှိရာသို့ ထသွားကာ အပူခံဘူးကို ယူလိုက်၏။ ထို့နောက် ဘူးဖွင့်ကာ မှိုဖြူစွပ်ပြုတ်လောင်းထည့်လျက် ဇွန်းတပ်ကာ ချိုးရှင်းဘက် လှည့်ပေးသည်။   “ လာစားလှည့်လေ။ ကျွန်တော် အိမ်တော်ထိန်းကို ချက်ခိုင်းပြီး ယူလာခိုင်းလိုက်တာ။ ”

ချိုးရှင်းက မလှုက်မယှက်ရှိနေကာ သူ့မျက်နှာမှာလည်း ဘာခံစားချက်မှမရှိပေ။ သူ့မျက်ဝန်းများ ထူးဆန်းနေတာကိုတော့ ကျယ်ယန် တွေ့သွားသည်။ 

ကျယ်ယန် မျက်ခုံးပင့်သွား၏။   “ ရင်ခုန်သွားတာလား။ ”

ချိုးရှင်း အသိပြန်ဝင်လာပြီး သူ့အမူအရာက ချက်ချင်း အေးစက်သွားပြီးနောက် ဆိုလာသည်။  “ စိတ်ကူးယဥ်မနေနဲ့။ ”  သို့တိုင် စားပွဲဆီသို့ သတိအနေအထားဖြင့် လျှောက်ကာ ဝင်ထိုင်လိုက်ပြီး ဇွန်းကောက်ကာ မှိုဖြူစွပ်ပြုတ်ကို မွှေလိုက်သည်။ ထို့နောက် ကျယ်ယန့်ကို လှမ်းကြည့်လာ၏။   “ မင်းလည်း မစားရသေးဘူးမလား။ ”

“ မစားရသေးပါဘူး။ ဒါပေမဲ့ နေ့လည်က စားတာများပြီး ဗိုက်က မဆာသေးဘူး။ ”

ချိုးရှင်းက မှိုဖြူစွပ်ပြုတ်ကို ဖြေးဖြေးချင်း သောက်နေ၏။   “ ဒီတစ်ခါ မင်းကို အပုပ်ချတဲ့လူကို ဖော်ထုတ်ရမယ်။ မင်း စအောင်မြင်လာပါပြီဆိုကတည်းက ကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတာ။ နောက်ထပ်တစ်ကြိမ်လောက်များ ထပ်ဖြစ်ကြည့်စမ်း။ မင်းကုမ္ပဏီက ထပ်​ပြီးတာဝန်ယူနိုင်ပါ့မလားတောင် မသိတော့ဘူး။ ပြဿနာတွေကို မင်းဖြေရှင်းတာကလည်း အရမ်းနှေးတယ်။ လျိုရှားက မင်းကို ဘယ်လိုအဖွဲ့မျိုး ဖွဲ့ပေးသွားတာလဲ။ ”

ကျယ်ယန် ပြန်ဖြေလိုက်၏။  “ လျိုရှားနဲ့ မဆိုင်ဘူး။ ”

“ ဒါပေမဲ့ ပြဿနာဆိုတာ အမြဲရှိနေမှာပဲ။ စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုမှ မဖြစ်သင့်ဆုံးအရာက တုံ့ဆိုင်းမှုနဲ့ စိတ်ခံစားချက်ပဲ။ မကောင်းတဲ့နေရာမှန်သမျှကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းတာ ပိုကောင်းတယ်။ ”

ကျယ်ယန် သေချာစဥ်းစားပြီးနောက် ပြန်ဖြေလိုက်၏။   “ ကျွန်တော် နားလည်ပါတယ်။ ဖြေရှင်းဖို့လည်း စီစဥ်ပြီးပါပြီ။ ”

ကျယ်ယန်မှာ့ အစီအစဥ်ရှိပြီးဖြစ်တာကိုမြင်တော့ ချိုးရှင်း ဘာမှမပြောတော့။

အလုပ်ဆင်းချိန်နီးနေပြီဖြစ်သော်လည်း ကျယ်ယန် ယန်ရှင်းကို မပြန်တော့ပေ။ သူက ရုန်တင်းမှာနေပြီး ချိုးရှင်းအလုပ်ဆင်းတာကို စောင့်ဖို့ စီစဥ်ထား၏။ ပြီးလျှင် အိမ်အတူပြန်ကြမည်။

ချိုးရှင်းက ကျယ်ယန့်ကို ထူးဆန်းသလို စိုက်ကြည့်နေပြီးမှ ထသွား၏။ " မင်းသဘောပဲ။"

အရှင်သခင်ကြီး၏ ခွင့်ပြုချက်ကို ရပြီးတာကြောင့် ကျယ်ယန်လည်း ဧည့်ခန်းထဲက ဆိုဖာပေါ် ပြန်လှဲလိုက်တော့၏။ ထို့နောက် ချိုးရှင်းစကားများကို တွေးမိကာ ဖုန်းထုတ်လျက် လျိုရှားထံ စာသားမက်ဆေ့ပို့လိုက်သည်။   “ ကျွန်တော့်ကို အေးဂျင့်တစ်ယောက်ရှာဖို့ ထိပ်သီးအမှုဆောင်ရှာဖွေရေးကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ပေးပါ။  ယုံကြည်စိတ်ချရပြီး တွေးခေါ်တတ်ရမယ်။ ကျောထောက်နောက်ခံမရှိရင်လည်း ကိစ္စမရှိဘူး။ ကျွန်တော့်ဘာသာကျွန်တော် ရှာနိုင်တယ်။  နောက်တစ်ခါ ကုမ္ပဏီမှာ ဝန်ထမ်းခေါ်တဲ့အခါ  ကုမ္ပဏီမှာ နောက်ပိုင်း အနုပညာရှင်တွေ တိုးချဲ့ခေါ်ယူဖို့အတွက် အေးဂျင့်​တွေငှားဖို့ပါ HR ဌာနကို မှာထားလိုက်။ ”

လျိုရှားက အမြန်အကောင်အထည်ဖော်ပေး၏။

ကျယ်ယန် သဘောတူကာ မနက်ဖြန် ပြောစရာရှိကြောင်း ဟူပျောင်းကို WeChat မက်ဆေ့ပို့လိုက်သည်။ ဟူပျောင်းသည်လည်း ချက်ချင်းစာပြန်လာ၏။

အလုပ်မဆင်းခင်မှာ ဟယ်ကျွင်းက ချိုးရှင်းရုံးခန်းကိုရောက်လာပြီး ကျယ်ယန့်ကို နာမည်တစ်ခု သတင်းပို့လာ၏။

ကျယ်ယန် မေးလိုက်သည်။   “ ကျွန်တော့်အတန်းဖော်နဲ့ မားကတ်တင်းအကောင့်တွေကို ငွေပေးခဲ့လူက သူဆိုတာ သေချာလား။  ”

ဟယ်ကျွင်းက ခေါင်းညိတ်၏။  “ ဟုတ်ပါတယ် ဒီအချက်အလက်တွေကို တိကျသေချာတဲ့ မားကတ်တင်းအကောင့်တွေဆီက ရခဲ့တာပါ။ ဒီလူကို ဘယ်လိုလုပ်မလဲဆိုတာ သူဌေးလေးကိုယ်တိုင် ဆုံးဖြတ်လို့ရတယ်လို့ ဘော့စ်က ပြောပါတယ်။ ”

ကျယ်ယန် နားလည်သမှုဖြင့် ခေါင်းညိတ်လိုက်၏။

အိမ်ပြန်လမ်း၌ ချိုးရှင်းက ရုတ်တရက် မေးလာသည်။  “ ဒီကိစ္စကို ငါဖြေရှင်းပေးဖို့ လိုသေးလား။ ”

ကျယ်ယန် ခေါင်းယမ်းလိုက်သည်။   “ မလိုပါဘူး။ ခင်ဗျားရဲ့ အရင်းအနှီးတွေကို ဒီလိုပမွှားလူတစ်ယောက်ကြောင့် မဖြုန်းတီးသင့်ဘူး။ ”

ချိုးရှင်းက နှာခေါင်းရှုံ့လိုက်ရင်း ငြိမ်သွား၏။

***

ညစာစားပြီးနောက် ကျယ်ယန် သူ့အခန်းထဲပြန်လာကာ လက်ပ်တော့ယူပြီး နာမည်တစ်ခုကို ရိုက်ရှာလိုက်သည်။

ရွယ်ရှန့်။ ဂီတတူရိယာမျိုးစုံကို တီးခတ်နိုင်သော တေးရေးတေးဆိုတစ်ယောက်။ အသက် ၂၅ နှစ်ရှိပြီဖြစ်ကာ လွန်ခဲ့သော ၂ နှစ်က  idol audition ရှိုးတစ်ခုမှ ပွဲဦးထွက်ခဲ့သည်။ ရလာဒ်ကောင်းသော အယ်လ်ဘမ်တစ်ချပ်ထွက်ထားကာ ယွဲ့ရှန်းအင်တာတိန်းမန့်လက်အောက်ကဖြစ်သည်။ လောလောဆယ် သူ့ကုမ္ပဏီနှင့် စာချုပ်စာတမ်းကိစ္စ ပြဿနာတက်နေသည်ဟု ကောလာဟလများ ထွက်နေသည်။ သူက  လူကြိုက်လည်း အတော်များပြီး အနုပညာနယ်ပယ် မျိုးဆက်သစ်အဆိုတော်များ၏ ခေါင်းဆောင်ဟု ချီးကျူးကြ၏။

ကျယ်ယန် သူ့ကို လုံးဝမသိပါ။ မူရင်းစာအုပ်ထဲမှာလည်း ပြန်ဖော်လို့မရတာကြောင့် သည်အတိုင်း အရေးမပါသော ဖြတ်လျှောက်တစ်ယောက်သာ ဖြစ်မည်။ ဒါနဲ့ ဒီဖြတ်လျှောက်က ကျယ်ယန်နဲ့ မုကျိုးယိတို့အကြောင်းကို ဖော်ကောင်လုပ်တာ ဘာလို့လဲ။

ရုတ်တရက် သူ့ဖုန်းက တုန်ခါသွားပြီး WeChat မက်ဆေ့တစ်စောင် ဝင်လာသည်။

ကျယ်ယန် ဖုန်းကောက်ကိုင်လိုက်တော့ ကျီဇယ့်ဟွေ့ဆီက မက်ဆေ့ဖြစ်နေသည်။ အကြောင်းအရာက ဝှက်စာနှင့်။ ကျယ်ယန် စာရိုက်လိုက်သည် : ရှင်းရှင်းပြော။

ကျီဇယ့်ဟွေ့က စက္ကန့်ပိုင်းအတွင်း စာပြန်လာ၏ : မင်းနဲ့ မုကျိုးယိကိစ္စ ဖော်တဲ့လူကို ငါသိတယ်။

ကျယ်ယန် မျက်ခုံးပင့်လျက် စာရိုက်လိုက်သည်  : သိပြီးပြီ။

ခဏမျှ တိတ်ဆိတ်မှုတို့ ကြီးစိုးသွား၏။

ကျီဇယ်ဟွေ့ :  မင်းမှာရှိတဲ့ နောက်ခံက ဘာလိုတုန်းဟ။ ငါကြားတာတော့ မင်း live လွင့်ပြီးမကြာဘူး ရှေ့နေတစ်သိုက်က မားကတ်တင်းရုံးချုပ်ကို မောင်ပိုင်စီးဝင်ပြီး ကိစ္စအကြီးကြီးကို သွားရှုပ်မိတယ်​ ထင်နေတဲ့ ကုမ္ပဏီတွေကို ကြောက်အောင် ဖြဲခြောက်ခဲဲ့ကြတယ်တဲ့။ ဒါပေမဲ့ တကယ်လည်း ရှုပ်ခဲ့ကြပုံပါပဲ။ နယ်ပယ်ထဲက အကောင်ကြီးကြီးတစ်ယောက်ရဲ့ ပစ်မှတ်ထားတာ ခံလိုက်ရတယ်လို့ သတင်းတွေထွက်နေ​ပြီ။ ဒီတစ်ခါ မားကတ်တင်းကုမ္ပဏီတွေ အရေခွံအခွာခံရပြီလို့တောင် ထင်နေကြတာ။

ကျယ်ယန် မေးလိုက်သည် : ခင်ဗျား ဘာပြောချင်တာလဲ။

ခဏမျှငြိမ်ကျသွားပြီးနောက် ကျီဇယ့်ဟွေ့က သွေးတိုးစမ်းသည့်နှယ် စာပြန်လာ၏ : အရင်တစ်ခါ ငါ့ရဲ့ အထောက်အပံ့နှစ်ခု ဆုံးရှုံးပြီးကတည်းက ငါ့ကို ထပ်မဆက်သွယ်ကြတော့ဘူး။ အဲ့ဒါလည်း မင်းလက်ချက်ပဲလား …

ကျယ်ယန် အံ့သြပြီး သိချင်သွား၏ : ဘယ်ဟာတွေလဲ။

ကျီဇယ့်ဟွေ့က  brand နာမည်နှစ်ခုကို ပြလာ၏။

ကျယ်ယန်ရှာကြည့်လိုက်တော့ နှစ်ခုလုံးက ရုန်တင်း၏ ထုတ်ကုန်များဖြစ်နေကြသည်။

“……”

သူ ပြုံးကာ ဖြေလိုက်သည် : ကျွန်တော်မဟုတ်ပေမဲ့ ကျွန်တော့်မိသားစုဝင်လုပ်ခဲ့တာ။ ခင်ဗျားမပြောရင် ကျွန်တော်သိမှာတောင် မဟုတ်ဘူး။ သူ့ကို နောက်မှ ကျေးဇူးတင်ရဦးမယ်။

ကျီဇယ်ဟွေ့ : ……

ကျီဇယ့်ဟွေ့က စာအကြာကြီးရိုက်ကာ မက်ဆေ့အရှည်ကြီးပို့လာ၏ :  မင်းကို အပုပ်ချခဲ့တဲ့လူက ရွယ်ရှန့်၊ စောင့်ကြည့်ကင်မရာ ထုတ်ပေးခဲ့တာက ယွမ်ဖန်ပဲ။  ယွမ်ဖန်က ရွယ်ရှန့်ကို ဟွမ်ထျန်းနဲ့ စာချုပ်ချုပ်ဖို့ကူညီပေးပြီး အပြန်အလှန်အနေနဲ့ သူ့အတွက် သီချင်းရေးပေးစေချင်နေတာ။ ရွယ်ရှန့်ကလည်း ရုပ်ရှင်တစ်ပုဒ်အတွက် သီချင်းရေးပေးချင်နေပေမဲ့ ရုပ်ရှင်ဒါရိုက်တာ ရွှီဟုန်က မင်းကို ပိုသေဘောကျနေပုံပဲ။ မုကျိုးယိကလည်း မင်းသမီးလေ။  မုကျိုးယိပရိသတ်တွေက နာမည်ဆိုးနဲ့ ကျော်ကြားကြပြန်ရော။ ဒါ့ကြောင် ရွယ်ရှန့်က မုကျိုးယိပရိသတ်တွေကို မင်းတို့တွဲနေကြတယ်ဆိုတဲ့ သတင်းနဲ့ရန်စပြီး မင်းကို ကလော်ထုတ်ဖို့ သူ့ပရိသတ်တွေကို အသုံးချလိုက်တာ။ ဒီလိုဆို ရွှီဟုန်လည်း မင်းနဲ့ လက်တွဲမယ့်အကြံကို လက်လျှော့လိုက်လိမ့်မယ်။

မုကျိုးယိ ရုပ်ရှင်လား။ ကျယ်ယန်သိသလောက်ဆို မုကျိုးယိ အခုရိုက်နေတဲ့ရုပ်ရှင်က  ‘ဂီတရူး’ဖြစ်လိမ့်မည်။ သူက ရုပ်ရှင်ဧဏရီ ဇာတ်ပို့နေရာက ပါရမည်ဖြစ်မည်။

ကျယ်ယန် ခေါင်းထဲမှာ အတွေးဝင်လာပြီး စာရိုက်လိုက်သည် :  ခင်ဗျားတို့ ဟွမ်ထျန်းက သိပ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။ အမှိုက်တွေချည်း ​သေချာ စုထားတာနော်။

ကျီဇယ်ဟွေ့ : … မင်း စကားကောင်းရော ပြောတတ်ရဲ့လား !

ကျယ်ယန် : ဒါပေါ့။ ခင်ဗျားလည်း ကျွန်တော့်ကို ဒီလိုပြောတာပဲ​လေ။ ကျွန်တော်နဲ့ အပေးအယူ လုပ်ချင်လား။

ကျီဇယ့်ဟွေ့က  yes ဆိုသောစာနှင့် လက်ဆွဲနှုတ်ဆက်နေသောပုံပို့လာ၏။

***

နောက်တစ်နေ့ ကျယ်ယန် အိပ်ရာစောစောနိုးလာ၏။ ဆရာကြီးလောင်နှင့် မုန့်ပုံစံခွက်၏ လမ်းညွှန်သွန်သင်မှုဖြင့် လှပသည့် ကြက်ဥဝိုင်းလေးတစ်ခုကို ချိုးရှင်းအတွက် လုပ်နိုင်ခဲ့သည်။

ချိုးရှင်းမှာ သူ့အရှေ့က ကြက်ဥကြော်ကိုတစ်လှည့် မျက်နှာချင်းဆိုင်က ကျယ်ယန့်ကို တစ်လှည့် ကြည့်နေ၏။ သူ့နှုတ်ခမ်းတွေက ဖြတ်ခနဲကွေးတက်သွားပါသော်လည်း အမြန်ပြန်တည်လိုက်နိုင်၏။ ထို့နောက် ရေတစ်ငုံသောက်ကာ အေးတိအေးစက်ဖြင့် မေးလိုက်သည်။   “ ဒီတစ်ခါရော ငါ့ကို ဘာလုပ်ခိုင်းစေချင်တာလဲ။ ”

“ ဘာမှမလုပ်ခိုင်းပါဘူး။ ”  ကျယ်ယန် ပြုံးလိုက်၏။   “ ဒီကြက်ဥက ခင်ဗျားရဲ့ ကိုယ်ကျိုးမငဲ့ဘဲ ကျွန်တော့်ကို ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးဆပ်တာပါ။ ”

ချိုးရှင်း သူ့ခက်ရင်းကို ယူကာ ကြက်ဥအနှစ်ကို ထိလိုက်၏။ သူက ကြက်ဥကိုလှီးချင်ပေမဲ့လည်း ကြက်ဥက ခက်ရင်းထိပ်နှင့်ထိတာနှင့် ချော်ထွက်သွားသည်။ ထို့ကြောင့် တူကို ပြောင်းကိုင်လိုက်ရ၏။   “ ငါမှာတော့ နောက်ဆက်တွဲပြဿနာတွေပါ ကူဖြေရှင်းဖို့ဆိုပြီး ရှေ့နေတစ်ဖွဲ့ကြီး ပို့ပေးလိုက်ရတာ။ မင်းကျေးဇူးဆပ်တာက ကြက်ဥတစ်လုံးပဲ တန်တာလား။ ”

ကျယ်ယန်လည်း မတန်ဘူးဟုထင်မိတာကြောင့် မေးလိုက်သည်။  “ ကျွန်တော် နောက်တစ်လုံး သွားကြော်ပေးရမလား။ ”

“……”

ချိုးရှင်းမှာ ကျယ်ယန့်၏ ရိုးသားဖြူစင်မှုကို မျက်လုံးအေးကြီးများဖြင့် တုံ့ပြန်လိုက်၏။ သူက ကြက်ဥကို တူနှင့်ထိကာ နေရာချပြီးနောက်  ခက်ရင်းနှင့် ဓားကို တစ်ခါပြန်ယူလိုက်ပြန်သည်။ ထို့နောက် ကြက်ဥကို သေချာလှီးဖဲ့ယူလိုက်ပြီး အနှစ်တွေထွက်မကျတာကို ကျေနပ်စွာဖြင့် ကြည့်လေ၏။ ပြီးမှ တစ်ခုလုံး ပါးစပ်ထဲထည့်ကာ မျိုချလိုက်တော့သည်။   “ စားသောက်ပြီးရင် ကျောင်းစာကိုလည်း အာရုံစိုက်ဦး။ မဟုတ်ရင် လေးနှစ်ပြည့်တောင် ဒီပလိုမာဘွဲ့မရဘဲ နေလိမ့်မယ်။ ”

ကျယ်ယန်သည် ချိုးရှင်းစိတ်ကောင်းဝင်နေတာကို မမြင်ချင်ယောင်ဆောင်က သူပြောသလို လိုက်လုပ်ပေးလိုက်၏။  ချိုးရှင်းကို ဖက်ထုပ်လတ်လတ်ဆတ်ဆတ်တွေတောင် ပေးလိုက်သေးသည်။

***

မနက်စာပြီးနောက် ကျယ်ယန် ကုမ္ပဏီသွားပြီး ဟူပျောင်းကို ရုံခန်းထဲ ခေါ်တွေ့ခဲ့​သည်။
“ မကြာခင်က ရုပ်ရှင်တေးရေး တေးဆိုအတွက် ကျွန်တော့်ကို ကမ်းလှမ်းလာတာမျိုး မရှိဘူးလား။ ”

ဟူပျောင်း အံ့သြသွား၏။ သူ့ဖုန်းကို အမြန်ထုတ်ကာ မှတ်စုတွေဖတ်ပြသည်။  “ နောက်ဆုံးတော့ မင်း အလုပ်လုပ်ချင်လာပြီပေါ့။ မင်းကို ကမ်းလှမ်းထားတဲ့ ရုပ်ရှင်လုပ်ငန်း သုံးခုရှိတယ်။ တစ်ခုက ကုန်ကျစရိတ်နည်းတဲ့ လူငယ်ဒရာမာ ဇာတ်သိမ်းသီချင်းအတွက် ကမ်းလှမ်းထားတာ။ ဒါရိုက်တာက အခုမှဘွဲ့ရတဲ့ လူသစ်လေးဆိုတော့ ဒါတစ်ခုကို ရွေးဖို့ အားမပေးလိုဘူး။ နောက်တစ်ခုက နှစ်သစ်ကူးအားလပ်ချိန်အတွက် ဖန်တီးထားတဲ့ ဒါရိုက်တာ ရွှီဟုန်ရဲ့ ဂီတရူးပဲ။ သူက နည်းနည်းရှုပ်ပြီး ကွဲပြားတယ်။ အရင်ကတော့ သဘောကျခဲ့ဖူးပေမယ့် အခု မင်းနဲ့ ဒီဇာတ်ကားက ဇာတ်လိုက်မင်းသမီး မုကျိုးယိတို့က သတင်းထွက်ထားတယ်လေ။ ဒါ့ကြောင့် ငါ —”

“ ကျွန်တော် လက်ခံမယ်။ ”

“ ငါတော့ မစဥ်းစားတော့ … ဘာ ?”

ကျယ်ယန် ထပ်ပြောလိုက်သည်။  “ ဒီအလုပ်ကို လက်ခံမယ်လို့ပြောတာ။ ဒါရိုက်တာနဲ့ ကူဆက်သွယ်ပေးပါဦး။ ”

ဟူပျောင်း ကြောင်အသွားပြီး မေးလာသည်။   “ ဘာလို့ ရုတ်တရက်ကြီး အလုပ်ထလုပ်ချင်လာတာလဲ။ ဒါက အခွင့်အရေးကောင်းတစ်ခုဆိုပေမဲ့ မင်းနဲ့ မုကျိုးယိက သတင်းထွက်ထားတာလေ။ ဒီအလုပ်ကိုယူဖို့ မင်းအတွက် မသင့်တော်ဘူးထင်တယ်။ ”

ကျယ်ယန် ဟူပျောင်းကို ရွယ်ရှန့်အကြောင်း ပြောပြလိုက်၏။    “ သူက ကျွန့်တော့်ကို အခွင့်အရေးအတွက် အပုပ်ချခဲ့တာလေ။ ကျွန်တော်သာ သူ့အခွင့်အရေးကို ခိုးမယူရင် သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအတွက် စိတ်မကောင်း​ဖြစ်ရမှာပေါ့။ ”

“……”

ဟူပျောင်း ဘာမှပြောစရာမရှိတော့ဘူး။  တစ်ယောက်နှင့်တစ်ယောက် မဆက်သွယ် အတည်မပြုခင် ဟူပျောင်း နားချဖို့ ကြိုးစားပါသေးသည်။

ရွှီဟုန်က ချက်ချင်းအကြောင်းပြန်လာ၏။ ဟူပျောင်းက ကျယ်ယန့်အစား စကားပြောပေးသည်။ ပြောဆိုဆွေးနွေးပြီးနောက် ရုံးခန်းထဲ သွားကာ ကျယ်ယန့်ကို ပြန်တင်ပြ၏။
“ ဒါရိုက်တာ ရွှီဟုန်က လူအပြောင်းအလဲအသေးစိတ်အတွက် မင်းကို လူကိုယ်တိုင်လာဖို့ ဖိတ်ချင်နေတယ်။ ”

ရုပ်ရှင်အဖွဲ့သားတွေဆီမျက်နှာ​ပြ​ဖို့ တောင်းဆိုတာက ရင်းနှီးလိုသည့် သဘောကိုပြသတာကြောင့် ကျယ်ယန် ခေါင်းညိတ်သဘောတူလိုက်​ပြီး ဟူပျောင်းကိုလည်း သူ အမြန်ဆုံးလာမည်ဖြစ်ကြောင်း တစ်ဖက်ကို ပြန်ပြော​​စေသည်။

အလုပ်အကိုင်အကြောင်း ဆွေးနွေးကြပြီးနောက် ဟူပျောင်းကို ထိုင်ခိုင်းလိုက်သည်။    “ ပျောင်းကော အစ်ကို ရာထူးပြောင်းချင်လား။ ”

ဟူပျောင်း ခဏမျှတောင့်သွားပြီး ဘာတွေဖြစ်နေမှန်း သူ နားလည်သွားသည်။ သူ ထိုင်ပင်မထိုင်နိုင်တော့ဘဲ ရုတ်ခြည်းထသွားကာ သူ့အသံကလည်း ခက်ထန်သွား၏။    “ ဘာလို့မေးတာလဲ။ မနေ့ကကြောင့် —”

“ မဟုတ်တာ ပျောင်းကော စိတ်မဆိုးနဲ့​နော်။  ”  ကျယ်ယန် ဟူပျောင်းစကားကိုဖြတ်ပြောလိုက်ပြီး ဟူပျောင်းအတွက် ရေတစ်ခွက် ထငှဲ့ပေးလိုက်သည်။ သူ ရှင်း​ပြလိုက်ပါ၏။   “ အမှန်တော့ အစ်ကို့ကို အလုပ်ပြောင်းပေးမယ့် အကြံက ရှိပြီးသားပါ။  အင်တာတိန်းမန့်ကုမ္ပဏီတွေက ငွေရှာဖို့အတွက် အနုပညာရှင်တွေကို အားကိုးရတယ်။ လက်ရှိ ယန်ရှင်းအတွက်ငွေရှာပေးတဲ့ အနုပညာရှင်က သုံးယောက်ပဲရှိသေးတယ်။ အရမ်းနည်းတယ်လေ။ ဒါ့ကြောင့် ကုမ္ပဏီမှာ အသစ်တွေထပ်ထည့်ဖို့ စီစဥ်ထားတယ်။ အစ်ကိုက လူရွေးတဲ့နေရာမှာ အမြင်ကောင်းပြီး အစ်ကို့လက်အောက်က အနုပညာရှင်တွေကို ဂရုစိုက်တယ်။ ဒါ့ကြောင့် အစ်ကိုက Artist လေ့ကျင့်သင်ကြားရေးတာဝန်ခံနေရာနဲ့ သင့်တော်တယ်။ ”

ဟူ​ပျောင်း မျက်မှောင်ကြုတ်လိုက်မိ၏။ “ ငါက စင်နောက်ကွယ်ရောက်သွားရင်  မင်း၊ ထုံကျန်းနဲ့ ခယ်လန်တို့ကရော။ ”

“ အစ်ကို အလုပ်ပြောင်းဖို့ သဘောတူရင် သူတို့အတွက် သင့်တော်တဲ့ အေးဂျင့်ရှာပေးမှာပါ။ ကျွန်တော် အစ်ကို့ရဲ့ အကြံဉာဏ်ကို တကယ်လေးစားပါတယ်။  အစ်ကို အေးဂျင့်ဆက်ဖြစ်ချင်တယ်ဆိုရင်လည်း ထုံကျန်းနဲ့ ခယ့်လန်တို့ရဲ့ အေးဂျင့်ဆက်လုပ်ပါ။ ကျွန်တော်ကတော့ အစ်ကို့အနုပညာရှင်မလုပ်တော့ဘူးပေါ့။ တစ်ယောက်တည်းနဲ့ အနုပညာရှင်သုံးယောက်ကို လိုက်တာဝန်ယူပေးနေရတာက အရမ်းပင်ပန်းတယ်လေ။ ”

ဟူပျောင်း နှုတ်ဆိတ်သွား၏။

ဟူပျောင်း အတွေးမှားမှာစိုးတာကြောင့် ကျယ်ယန် ထပ်ပြောလိုက်သည်။    “ အစ်ကို ရာထူးပြောင်းဖို့သဘောတူရင် ရာထူးပြောင်းတဲ့နေရာရဲ့ လစာက အေးဂျင့်ဖြစ်ချိန်က လစာထက်မနိမ့်တာ သေချာအောင် ယန်ရှင်းရဲ့ ရှယ်ယာတစ်ချို့ ခွဲပေးမယ်။  ”

“ မဟုတ်တာ ငွေရေးကြေးရေးက အရေးမကြီးပါဘူး။ ဒါက …”  ဟူပျောင်းက လက်သီးဆုပ်လျက် ကျယ်ယန့်ကို လှမ်းကြည့်သည်။    “ စဥ်းစားကြည့်လို့ရမလား။ ”

ကျယ်ယန် မတ်တပ်ထကာ ဟူပျောင်းပုခုံးကို ပုတ်လိုက်သည်။    “ ဒါပေါ့ ပျောင်းကောရာ။ ယန်ရှင်းက ကျွန်တော်ရယ်၊ ခယ့်လန်ရယ်၊ ထုံကျန်းရယ်၊ အစ်ကိုရယ် အတူတူတည်ထောင်ထားကြတာပဲဟာ။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဘယ်လောက်ပဲ အောင်မြင်ကြီးပွားသွားကြပါစေ အစ်ကိုက ကျွန်တော်တို့ရဲ့ အရေးပါဆုံး ကျောထောက်နောက်ခံကြီးပဲ ဖြစ်နေမှာ။ ကျွန်တော် ရုပ်ရှင်အဖွဲ့ဆီ ရက်ပိုင်းလောက်သွားနေလိုက်ဦးမယ်။ ကျွန်တော့်နောက်မလိုက်ဘဲ အချိန်ယူပြီး ဖြည်းဖြည်းချင်း စဥ်းစားပေါ့။ ”

━━━━━━━━━━━━━━━━━━━━━━━




Zawgyi
အခန္း ( ၄၇ )

ညေန ၄ နာရီ၌။

ခ်ိဳးရွင္း ႐ုံးခန္းထဲမွထြက္လာေတာ့ မျပန္ေသးေသာ က်ယ္ယန္ကို ေတြ႕သြား၏။ သူက နားေနခန္းထဲက ဆိုဖာေပၚမွာ တစ္ေရးတစ္ေမာ ေမွးေန၏။ ခ်ိဳးရွင္း တန့္သြားၿပီး လွစ္ခနဲ ေနာက္ျပန္ေျပးေလေတာ့သည္။

သို႔ေသာ္ က်ယ္ယန္က ခ်က္ခ်င္းနိုးလာကာ ခ်ိဳးရွင္းရွိရာကို လွမ္းၾကည့္လာ၏။ ထို႔ေနာက္ သူ႕အမူအရာကို ျပန္ျပင္ကာ ထိုင္ရာမွထလ်က္ ေမးလိုက္သည္။  “ အလုပ္​ၿပီးၿပီလား။ ဗိုက္ဆာေနၿပီလား။ ေန႕လည္က ခင္ဗ်ား ထမင္းသိပ္မစားမွန္း ကြၽန္ေတာ္သိတယ္။ ”

“……”

ခ်ိဳးရွင္းက ေနရာမွာပဲ ရပ္လိုက္၏။   “ ငါ့ကို ဒါေလးေမးဖို႔အတြက္ ဒီမွာအိပ္ေစာင့္ေနတာလား။ ”

“ ခင္ဗ်ား ဗိုက္ဆာေနမွာစိုးလို႔။ ”  က်ယ္ယန္ မတ္တပ္ရပ္လ်က္ သူ႕လည္ပင္းကို ပြတ္လိုက္မိသည္။  ထိုေနာက္ စားပြဲရွိရာသို႔ ထသြားကာ အပူခံဘူးကို ယူလိုက္၏။ ထို႔ေနာက္ ဘူးဖြင့္ကာ မွိုျဖဴစြပ္ျပဳတ္ေလာင္းထည့္လ်က္ ဇြန္းတပ္ကာ ခ်ိဳးရွင္းဘက္ လွည့္ေပးသည္။   “ လာစားလွည့္ေလ။ ကြၽန္ေတာ္ အိမ္ေတာ္ထိန္းကို ခ်က္ခိုင္းၿပီး ယူလာခိုင္းလိုက္တာ။ ”

ခ်ိဳးရွင္းက မလႈက္မယွက္ရွိေနကာ သူ႕မ်က္ႏွာမွာလည္း ဘာခံစားခ်က္မွမရွိေပ။ သူ႕မ်က္ဝန္းမ်ား ထူးဆန္းေနတာကိုေတာ့ က်ယ္ယန္ ေတြ႕သြားသည္။ 

က်ယ္ယန္ မ်က္ခုံးပင့္သြား၏။   “ ရင္ခုန္သြားတာလား။ ”

ခ်ိဳးရွင္း အသိျပန္ဝင္လာၿပီး သူ႕အမူအရာက ခ်က္ခ်င္း ေအးစက္သြားၿပီးေနာက္ ဆိုလာသည္။  “ စိတ္ကူးယဥ္မေနနဲ႕။ ”  သို႔တိုင္ စားပြဲဆီသို႔ သတိအေနအထားျဖင့္ ေလွ်ာက္ကာ ဝင္ထိုင္လိုက္ၿပီး ဇြန္းေကာက္ကာ မွိုျဖဴစြပ္ျပဳတ္ကို ေမႊလိုက္သည္။ ထို႔ေနာက္ က်ယ္ယန့္ကို လွမ္းၾကည့္လာ၏။   “ မင္းလည္း မစားရေသးဘူးမလား။ ”

“ မစားရေသးပါဘူး။ ဒါေပမဲ့ ေန႕လည္က စားတာမ်ားၿပီး ဗိုက္က မဆာေသးဘူး။ ”

ခ်ိဳးရွင္းက မွိုျဖဴစြပ္ျပဳတ္ကို ေျဖးေျဖးခ်င္း ေသာက္ေန၏။   “ ဒီတစ္ခါ မင္းကို အပုပ္ခ်တဲ့လူကို ေဖာ္ထုတ္ရမယ္။ မင္း စေအာင္ျမင္လာပါၿပီဆိုကတည္းက ကိစၥေတြ တစ္ခုၿပီးတစ္ခု ျဖစ္လာတာ။ ေနာက္ထပ္တစ္ႀကိမ္ေလာက္မ်ား ထပ္ျဖစ္ၾကည့္စမ္း။ မင္းကုမၸဏီက ထပ္​ၿပီးတာဝန္ယူနိုင္ပါ့မလားေတာင္ မသိေတာ့ဘူး။ ျပႆနာေတြကို မင္းေျဖရွင္းတာကလည္း အရမ္းေႏွးတယ္။ လ်ိဳရွားက မင္းကို ဘယ္လိုအဖြဲ႕မ်ိဳး ဖြဲ႕ေပးသြားတာလဲ။ ”

က်ယ္ယန္ ျပန္ေျဖလိုက္၏။  “ လ်ိဳရွားနဲ႕ မဆိုင္ဘူး။ ”

“ ဒါေပမဲ့ ျပႆနာဆိုတာ အၿမဲရွိေနမွာပဲ။ စီမံခန့္ခြဲေရးကုမၸဏီတစ္ခုမွ မျဖစ္သင့္ဆုံးအရာက တုံ႕ဆိုင္းမႈနဲ႕ စိတ္ခံစားခ်က္ပဲ။ မေကာင္းတဲ့ေနရာမွန္သမွ်ကို အျမန္ဆုံး ကိုင္တြယ္ေျဖရွင္းတာ ပိုေကာင္းတယ္။ ”

က်ယ္ယန္ ေသခ်ာစဥ္းစားၿပီးေနာက္ ျပန္ေျဖလိုက္၏။   “ ကြၽန္ေတာ္ နားလည္ပါတယ္။ ေျဖရွင္းဖို႔လည္း စီစဥ္ၿပီးပါၿပီ။ ”

က်ယ္ယန္မွာ့ အစီအစဥ္ရွိၿပီးျဖစ္တာကိုျမင္ေတာ့ ခ်ိဳးရွင္း ဘာမွမေျပာေတာ့။

အလုပ္ဆင္းခ်ိန္နီးေနၿပီျဖစ္ေသာ္လည္း က်ယ္ယန္ ယန္ရွင္းကို မျပန္ေတာ့ေပ။ သူက ႐ုန္တင္းမွာေနၿပီး ခ်ိဳးရွင္းအလုပ္ဆင္းတာကို ေစာင့္ဖို႔ စီစဥ္ထား၏။ ၿပီးလွ်င္ အိမ္အတူျပန္ၾကမည္။

ခ်ိဳးရွင္းက က်ယ္ယန့္ကို ထူးဆန္းသလို စိုက္ၾကည့္ေနၿပီးမွ ထသြား၏။ " မင္းသေဘာပဲ။"

အရွင္သခင္ႀကီး၏ ခြင့္ျပဳခ်က္ကို ရၿပီးတာေၾကာင့္ က်ယ္ယန္လည္း ဧည့္ခန္းထဲက ဆိုဖာေပၚ ျပန္လွဲလိုက္ေတာ့၏။ ထို႔ေနာက္ ခ်ိဳးရွင္းစကားမ်ားကို ေတြးမိကာ ဖုန္းထုတ္လ်က္ လ်ိဳရွားထံ စာသားမက္ေဆ့ပို႔လိုက္သည္။   “ ကြၽန္ေတာ့္ကို ေအးဂ်င့္တစ္ေယာက္ရွာဖို႔ ထိပ္သီးအမႈေဆာင္ရွာေဖြေရးကုမၸဏီတစ္ခုနဲ႕ ဆက္သြယ္ေပးပါ။  ယုံၾကည္စိတ္ခ်ရၿပီး ေတြးေခၚတတ္ရမယ္။ ေက်ာေထာက္ေနာက္ခံမရွိရင္လည္း ကိစၥမရွိဘူး။ ကြၽန္ေတာ့္ဘာသာကြၽန္ေတာ္ ရွာနိုင္တယ္။  ေနာက္တစ္ခါ ကုမၸဏီမွာ ဝန္ထမ္းေခၚတဲ့အခါ  ကုမၸဏီမွာ ေနာက္ပိုင္း အႏုပညာရွင္ေတြ တိုးခ်ဲ့ေခၚယူဖို႔အတြက္ ေအးဂ်င့္​ေတြငွားဖို႔ပါ HR ဌာနကို မွာထားလိုက္။ ”

လ်ိဳရွားက အျမန္အေကာင္အထည္ေဖာ္ေပး၏။

က်ယ္ယန္ သေဘာတူကာ မနက္ျဖန္ ေျပာစရာရွိေၾကာင္း ဟူေပ်ာင္းကို WeChat မက္ေဆ့ပို႔လိုက္သည္။ ဟူေပ်ာင္းသည္လည္း ခ်က္ခ်င္းစာျပန္လာ၏။

အလုပ္မဆင္းခင္မွာ ဟယ္ကြၽင္းက ခ်ိဳးရွင္း႐ုံးခန္းကိုေရာက္လာၿပီး က်ယ္ယန့္ကို နာမည္တစ္ခု သတင္းပို႔လာ၏။

က်ယ္ယန္ ေမးလိုက္သည္။   “ ကြၽန္ေတာ့္အတန္းေဖာ္နဲ႕ မားကတ္တင္းအေကာင့္ေတြကို ေငြေပးခဲ့လူက သူဆိုတာ ေသခ်ာလား။  ”

ဟယ္ကြၽင္းက ေခါင္းညိတ္၏။  “ ဟုတ္ပါတယ္ ဒီအခ်က္အလက္ေတြကို တိက်ေသခ်ာတဲ့ မားကတ္တင္းအေကာင့္ေတြဆီက ရခဲ့တာပါ။ ဒီလူကို ဘယ္လိုလုပ္မလဲဆိုတာ သူေဌးေလးကိုယ္တိုင္ ဆုံးျဖတ္လို႔ရတယ္လို႔ ေဘာ့စ္က ေျပာပါတယ္။ ”

က်ယ္ယန္ နားလည္သမႈျဖင့္ ေခါင္းညိတ္လိုက္၏။

အိမ္ျပန္လမ္း၌ ခ်ိဳးရွင္းက ႐ုတ္တရက္ ေမးလာသည္။  “ ဒီကိစၥကို ငါေျဖရွင္းေပးဖို႔ လိုေသးလား။ ”

က်ယ္ယန္ ေခါင္းယမ္းလိုက္သည္။   “ မလိုပါဘူး။ ခင္ဗ်ားရဲ႕ အရင္းအႏွီးေတြကို ဒီလိုပမႊားလူတစ္ေယာက္ေၾကာင့္ မျဖဳန္းတီးသင့္ဘူး။ ”

ခ်ိဳးရွင္းက ႏွာေခါင္းရႈံ႕လိုက္ရင္း ၿငိမ္သြား၏။

***

ညစာစားၿပီးေနာက္ က်ယ္ယန္ သူ႕အခန္းထဲျပန္လာကာ လက္ပ္ေတာ့ယူၿပီး နာမည္တစ္ခုကို ရိုက္ရွာလိုက္သည္။

႐ြယ္ရွန့္။ ဂီတတူရိယာမ်ိဳးစုံကို တီးခတ္နိုင္ေသာ ေတးေရးေတးဆိုတစ္ေယာက္။ အသက္ ၂၅ ႏွစ္ရွိၿပီျဖစ္ကာ လြန္ခဲ့ေသာ ၂ ႏွစ္က  idol audition ရွိုးတစ္ခုမွ ပြဲဦးထြက္ခဲ့သည္။ ရလာဒ္ေကာင္းေသာ အယ္လ္ဘမ္တစ္ခ်ပ္ထြက္ထားကာ ယြဲ႕ရွန္းအင္တာတိန္းမန့္လက္ေအာက္ကျဖစ္သည္။ ေလာေလာဆယ္ သူ႕ကုမၸဏီႏွင့္ စာခ်ဳပ္စာတမ္းကိစၥ ျပႆနာတက္ေနသည္ဟု ေကာလာဟလမ်ား ထြက္ေနသည္။ သူက  လူႀကိဳက္လည္း အေတာ္မ်ားၿပီး အႏုပညာနယ္ပယ္ မ်ိဳးဆက္သစ္အဆိုေတာ္မ်ား၏ ေခါင္းေဆာင္ဟု ခ်ီးက်ဴးၾက၏။

က်ယ္ယန္ သူ႕ကို လုံးဝမသိပါ။ မူရင္းစာအုပ္ထဲမွာလည္း ျပန္ေဖာ္လို႔မရတာေၾကာင့္ သည္အတိုင္း အေရးမပါေသာ ျဖတ္ေလွ်ာက္တစ္ေယာက္သာ ျဖစ္မည္။ ဒါနဲ႕ ဒီျဖတ္ေလွ်ာက္က က်ယ္ယန္နဲ႕ မုက်ိဳးယိတို႔အေၾကာင္းကို ေဖာ္ေကာင္လုပ္တာ ဘာလို႔လဲ။

႐ုတ္တရက္ သူ႕ဖုန္းက တုန္ခါသြားၿပီး WeChat မက္ေဆ့တစ္ေစာင္ ဝင္လာသည္။

က်ယ္ယန္ ဖုန္းေကာက္ကိုင္လိုက္ေတာ့ က်ီဇယ့္ေဟြ႕ဆီက မက္ေဆ့ျဖစ္ေနသည္။ အေၾကာင္းအရာက ဝွက္စာႏွင့္။ က်ယ္ယန္ စာရိုက္လိုက္သည္ : ရွင္းရွင္းေျပာ။

က်ီဇယ့္ေဟြ႕က စကၠန့္ပိုင္းအတြင္း စာျပန္လာ၏ : မင္းနဲ႕ မုက်ိဳးယိကိစၥ ေဖာ္တဲ့လူကို ငါသိတယ္။

က်ယ္ယန္ မ်က္ခုံးပင့္လ်က္ စာရိုက္လိုက္သည္  : သိၿပီးၿပီ။

ခဏမွ် တိတ္ဆိတ္မႈတို႔ ႀကီးစိုးသြား၏။

က်ီဇယ္ေဟြ႕ :  မင္းမွာရွိတဲ့ ေနာက္ခံက ဘာလိုတုန္းဟ။ ငါၾကားတာေတာ့ မင္း live လြင့္ၿပီးမၾကာဘူး ေရွ႕ေနတစ္သိုက္က မားကတ္တင္း႐ုံးခ်ဳပ္ကို ေမာင္ပိုင္စီးဝင္ၿပီး ကိစၥအႀကီးႀကီးကို သြားရႈပ္မိတယ္​ ထင္ေနတဲ့ ကုမၸဏီေတြကို ေၾကာက္ေအာင္ ၿဖဲေျခာက္ခဲဲ့ၾကတယ္တဲ့။ ဒါေပမဲ့ တကယ္လည္း ရႈပ္ခဲ့ၾကပုံပါပဲ။ နယ္ပယ္ထဲက အေကာင္ႀကီးႀကီးတစ္ေယာက္ရဲ႕ ပစ္မွတ္ထားတာ ခံလိုက္ရတယ္လို႔ သတင္းေတြထြက္ေန​ၿပီ။ ဒီတစ္ခါ မားကတ္တင္းကုမၸဏီေတြ အေရခြံအခြာခံရၿပီလို႔ေတာင္ ထင္ေနၾကတာ။

က်ယ္ယန္ ေမးလိုက္သည္ : ခင္ဗ်ား ဘာေျပာခ်င္တာလဲ။

ခဏမွ်ၿငိမ္က်သြားၿပီးေနာက္ က်ီဇယ့္ေဟြ႕က ေသြးတိုးစမ္းသည့္ႏွယ္ စာျပန္လာ၏ : အရင္တစ္ခါ ငါ့ရဲ႕ အေထာက္အပံ့ႏွစ္ခု ဆုံးရႈံးၿပီးကတည္းက ငါ့ကို ထပ္မဆက္သြယ္ၾကေတာ့ဘူး။ အဲ့ဒါလည္း မင္းလက္ခ်က္ပဲလား …

က်ယ္ယန္ အံ့ၾသၿပီး သိခ်င္သြား၏ : ဘယ္ဟာေတြလဲ။

က်ီဇယ့္ေဟြ႕က  brand နာမည္ႏွစ္ခုကို ျပလာ၏။

က်ယ္ယန္ရွာၾကည့္လိုက္ေတာ့ ႏွစ္ခုလုံးက ႐ုန္တင္း၏ ထုတ္ကုန္မ်ားျဖစ္ေနၾကသည္။

“……”

သူ ၿပဳံးကာ ေျဖလိုက္သည္ : ကြၽန္ေတာ္မဟုတ္ေပမဲ့ ကြၽန္ေတာ့္မိသားစုဝင္လုပ္ခဲ့တာ။ ခင္ဗ်ားမေျပာရင္ ကြၽန္ေတာ္သိမွာေတာင္ မဟုတ္ဘူး။ သူ႕ကို ေနာက္မွ ေက်းဇူးတင္ရဦးမယ္။

က်ီဇယ္ေဟြ႕ : ……

က်ီဇယ့္ေဟြ႕က စာအၾကာႀကီးရိုက္ကာ မက္ေဆ့အရွည္ႀကီးပို႔လာ၏ :  မင္းကို အပုပ္ခ်ခဲ့တဲ့လူက ႐ြယ္ရွန့္၊ ေစာင့္ၾကည့္ကင္မရာ ထုတ္ေပးခဲ့တာက ယြမ္ဖန္ပဲ။  ယြမ္ဖန္က ႐ြယ္ရွန့္ကို ဟြမ္ထ်န္းနဲ႕ စာခ်ဳပ္ခ်ဳပ္ဖို႔ကူညီေပးၿပီး အျပန္အလွန္အေနနဲ႕ သူ႕အတြက္ သီခ်င္းေရးေပးေစခ်င္ေနတာ။ ႐ြယ္ရွန့္ကလည္း ႐ုပ္ရွင္တစ္ပုဒ္အတြက္ သီခ်င္းေရးေပးခ်င္ေနေပမဲ့ ႐ုပ္ရွင္ဒါရိုက္တာ ႐ႊီဟုန္က မင္းကို ပိုေသေဘာက်ေနပုံပဲ။ မုက်ိဳးယိကလည္း မင္းသမီးေလ။  မုက်ိဳးယိပရိသတ္ေတြက နာမည္ဆိုးနဲ႕ ေက်ာ္ၾကားၾကျပန္ေရာ။ ဒါ့ေၾကာင္ ႐ြယ္ရွန့္က မုက်ိဳးယိပရိသတ္ေတြကို မင္းတို႔တြဲေနၾကတယ္ဆိုတဲ့ သတင္းနဲ႕ရန္စၿပီး မင္းကို ကေလာ္ထုတ္ဖို႔ သူ႕ပရိသတ္ေတြကို အသုံးခ်လိဳက္တာ။ ဒီလိုဆို ႐ႊီဟုန္လည္း မင္းနဲ႕ လက္တြဲမယ့္အႀကံကို လက္ေလွ်ာ့လိုက္လိမ့္မယ္။

မုက်ိဳးယိ ႐ုပ္ရွင္လား။ က်ယ္ယန္သိသေလာက္ဆို မုက်ိဳးယိ အခုရိုက္ေနတဲ့႐ုပ္ရွင္က  ‘ဂီတ႐ူး’ျဖစ္လိမ့္မည္။ သူက ႐ုပ္ရွင္ဧဏရီ ဇာတ္ပို႔ေနရာက ပါရမည္ျဖစ္မည္။

က်ယ္ယန္ ေခါင္းထဲမွာ အေတြးဝင္လာၿပီး စာရိုက္လိုက္သည္ :  ခင္ဗ်ားတို႔ ဟြမ္ထ်န္းက သိပ္ကို စိတ္ဝင္စားစရာေကာင္းတာပဲ။ အမွိုက္ေတြခ်ည္း ​ေသခ်ာ စုထားတာေနာ္။

က်ီဇယ္ေဟြ႕ : … မင္း စကားေကာင္းေရာ ေျပာတတ္ရဲ႕လား !

က်ယ္ယန္ : ဒါေပါ့။ ခင္ဗ်ားလည္း ကြၽန္ေတာ့္ကို ဒီလိုေျပာတာပဲ​ေလ။ ကြၽန္ေတာ္နဲ႕ အေပးအယူ လုပ္ခ်င္လား။

က်ီဇယ့္ေဟြ႕က  yes ဆိုေသာစာႏွင့္ လက္ဆြဲႏႈတ္ဆက္ေနေသာပုံပို႔လာ၏။

***

ေနာက္တစ္ေန႕ က်ယ္ယန္ အိပ္ရာေစာေစာနိုးလာ၏။ ဆရာႀကီးေလာင္ႏွင့္ မုန့္ပုံစံခြက္၏ လမ္းၫႊန္သြန္သင္မႈျဖင့္ လွပသည့္ ၾကက္ဥဝိုင္းေလးတစ္ခုကို ခ်ိဳးရွင္းအတြက္ လုပ္နိုင္ခဲ့သည္။

ခ်ိဳးရွင္းမွာ သူ႕အေရွ႕က ၾကက္ဥေၾကာ္ကိုတစ္လွည့္ မ်က္ႏွာခ်င္းဆိုင္က က်ယ္ယန့္ကို တစ္လွည့္ ၾကည့္ေန၏။ သူ႕ႏႈတ္ခမ္းေတြက ျဖတ္ခနဲေကြးတက္သြားပါေသာ္လည္း အျမန္ျပန္တည္လိုက္နိုင္၏။ ထို႔ေနာက္ ေရတစ္ငုံေသာက္ကာ ေအးတိေအးစက္ျဖင့္ ေမးလိုက္သည္။   “ ဒီတစ္ခါေရာ ငါ့ကို ဘာလုပ္ခိုင္းေစခ်င္တာလဲ။ ”

“ ဘာမွမလုပ္ခိုင္းပါဘူး။ ”  က်ယ္ယန္ ၿပဳံးလိုက္၏။   “ ဒီၾကက္ဥက ခင္ဗ်ားရဲ႕ ကိုယ္က်ိဳးမငဲ့ဘဲ ကြၽန္ေတာ့္ကို ကူညီေပးခဲ့တာေတြအတြက္ ေက်းဇူးဆပ္တာပါ။ ”

ခ်ိဳးရွင္း သူ႕ခက္ရင္းကို ယူကာ ၾကက္ဥအႏွစ္ကို ထိလိုက္၏။ သူက ၾကက္ဥကိုလွီးခ်င္ေပမဲ့လည္း ၾကက္ဥက ခက္ရင္းထိပ္ႏွင့္ထိတာႏွင့္ ေခ်ာ္ထြက္သြားသည္။ ထို႔ေၾကာင့္ တူကို ေျပာင္းကိုင္လိုက္ရ၏။   “ ငါမွာေတာ့ ေနာက္ဆက္တြဲျပႆနာေတြပါ ကူေျဖရွင္းဖို႔ဆိုၿပီး ေရွ႕ေနတစ္ဖြဲ႕ႀကီး ပို႔ေပးလိုက္ရတာ။ မင္းေက်းဇူးဆပ္တာက ၾကက္ဥတစ္လုံးပဲ တန္တာလား။ ”

က်ယ္ယန္လည္း မတန္ဘူးဟုထင္မိတာေၾကာင့္ ေမးလိုက္သည္။  “ ကြၽန္ေတာ္ ေနာက္တစ္လုံး သြားေၾကာ္ေပးရမလား။ ”

“……”

ခ်ိဳးရွင္းမွာ က်ယ္ယန့္၏ ရိုးသားျဖဴစင္မႈကို မ်က္လုံးေအးႀကီးမ်ားျဖင့္ တုံ႕ျပန္လိုက္၏။ သူက ၾကက္ဥကို တူႏွင့္ထိကာ ေနရာခ်ၿပီးေနာက္  ခက္ရင္းႏွင့္ ဓားကို တစ္ခါျပန္ယူလိုက္ျပန္သည္။ ထို႔ေနာက္ ၾကက္ဥကို ေသခ်ာလွီးဖဲ့ယူလိုက္ၿပီး အႏွစ္ေတြထြက္မက်တာကို ေက်နပ္စြာျဖင့္ ၾကည့္ေလ၏။ ၿပီးမွ တစ္ခုလုံး ပါးစပ္ထဲထည့္ကာ မ်ိဳခ်လိဳက္ေတာ့သည္။   “ စားေသာက္ၿပီးရင္ ေက်ာင္းစာကိုလည္း အာ႐ုံစိုက္ဦး။ မဟုတ္ရင္ ေလးႏွစ္ျပည့္ေတာင္ ဒီပလိုမာဘြဲ႕မရဘဲ ေနလိမ့္မယ္။ ”

က်ယ္ယန္သည္ ခ်ိဳးရွင္းစိတ္ေကာင္းဝင္ေနတာကို မျမင္ခ်င္ေယာင္ေဆာင္က သူေျပာသလို လိုက္လုပ္ေပးလိုက္၏။  ခ်ိဳးရွင္းကို ဖက္ထုပ္လတ္လတ္ဆတ္ဆတ္ေတြေတာင္ ေပးလိုက္ေသးသည္။

***

မနက္စာၿပီးေနာက္ က်ယ္ယန္ ကုမၸဏီသြားၿပီး ဟူေပ်ာင္းကို ႐ုံခန္းထဲ ေခၚေတြ႕ခဲ့​သည္။
“ မၾကာခင္က ႐ုပ္ရွင္ေတးေရး ေတးဆိုအတြက္ ကြၽန္ေတာ့္ကို ကမ္းလွမ္းလာတာမ်ိဳး မရွိဘူးလား။ ”

ဟူေပ်ာင္း အံ့ၾသသြား၏။ သူ႕ဖုန္းကို အျမန္ထုတ္ကာ မွတ္စုေတြဖတ္ျပသည္။  “ ေနာက္ဆုံးေတာ့ မင္း အလုပ္လုပ္ခ်င္လာၿပီေပါ့။ မင္းကို ကမ္းလွမ္းထားတဲ့ ႐ုပ္ရွင္လုပ္ငန္း သုံးခုရွိတယ္။ တစ္ခုက ကုန္က်စရိတ္နည္းတဲ့ လူငယ္ဒရာမာ ဇာတ္သိမ္းသီခ်င္းအတြက္ ကမ္းလွမ္းထားတာ။ ဒါရိုက္တာက အခုမွဘြဲ႕ရတဲ့ လူသစ္ေလးဆိုေတာ့ ဒါတစ္ခုကို ေ႐ြးဖို႔ အားမေပးလိုဘူး။ ေနာက္တစ္ခုက ႏွစ္သစ္ကူးအားလပ္ခ်ိန္အတြက္ ဖန္တီးထားတဲ့ ဒါရိုက္တာ ႐ႊီဟုန္ရဲ႕ ဂီတ႐ူးပဲ။ သူက နည္းနည္းရႈပ္ၿပီး ကြဲျပားတယ္။ အရင္ကေတာ့ သေဘာက်ခဲ့ဖူးေပမယ့္ အခု မင္းနဲ႕ ဒီဇာတ္ကားက ဇာတ္လိုက္မင္းသမီး မုက်ိဳးယိတို႔က သတင္းထြက္ထားတယ္ေလ။ ဒါ့ေၾကာင့္ ငါ —”

“ ကြၽန္ေတာ္ လက္ခံမယ္။ ”

“ ငါေတာ့ မစဥ္းစားေတာ့ … ဘာ ?”

က်ယ္ယန္ ထပ္ေျပာလိုက္သည္။  “ ဒီအလုပ္ကို လက္ခံမယ္လို႔ေျပာတာ။ ဒါရိုက္တာနဲ႕ ကူဆက္သြယ္ေပးပါဦး။ ”

ဟူေပ်ာင္း ေၾကာင္အသြားၿပီး ေမးလာသည္။   “ ဘာလို႔ ႐ုတ္တရက္ႀကီး အလုပ္ထလုပ္ခ်င္လာတာလဲ။ ဒါက အခြင့္အေရးေကာင္းတစ္ခုဆိုေပမဲ့ မင္းနဲ႕ မုက်ိဳးယိက သတင္းထြက္ထားတာေလ။ ဒီအလုပ္ကိုယူဖို႔ မင္းအတြက္ မသင့္ေတာ္ဘူးထင္တယ္။ ”

က်ယ္ယန္ ဟူေပ်ာင္းကို ႐ြယ္ရွန့္အေၾကာင္း ေျပာျပလိုက္၏။    “ သူက ကြၽန့္ေတာ့္ကို အခြင့္အေရးအတြက္ အပုပ္ခ်ခဲ့တာေလ။ ကြၽန္ေတာ္သာ သူ႕အခြင့္အေရးကို ခိုးမယူရင္ သူ႕ရဲ႕ႀကိဳးစားအားထုတ္မႈေတြအတြက္ စိတ္မေကာင္း​ျဖစ္ရမွာေပါ့။ ”

“……”

ဟူေပ်ာင္း ဘာမွေျပာစရာမရွိေတာ့ဘူး။  တစ္ေယာက္ႏွင့္တစ္ေယာက္ မဆက္သြယ္ အတည္မျပဳခင္ ဟူေပ်ာင္း နားခ်ဖိဳ႕ ႀကိဳးစားပါေသးသည္။

႐ႊီဟုန္က ခ်က္ခ်င္းအေၾကာင္းျပန္လာ၏။ ဟူေပ်ာင္းက က်ယ္ယန့္အစား စကားေျပာေပးသည္။ ေျပာဆိုေဆြးေႏြးၿပီးေနာက္ ႐ုံးခန္းထဲ သြားကာ က်ယ္ယန့္ကို ျပန္တင္ျပ၏။
“ ဒါရိုက္တာ ႐ႊီဟုန္က လူအေျပာင္းအလဲအေသးစိတ္အတြက္ မင္းကို လူကိုယ္တိုင္လာဖို႔ ဖိတ္ခ်င္ေနတယ္။ ”

႐ုပ္ရွင္အဖြဲ႕သားေတြဆီမ်က္ႏွာ​ျပ​ဖို႔ ေတာင္းဆိုတာက ရင္းႏွီးလိုသည့္ သေဘာကိုျပသတာေၾကာင့္ က်ယ္ယန္ ေခါင္းညိတ္သေဘာတူလိုက္​ၿပီး ဟူေပ်ာင္းကိုလည္း သူ အျမန္ဆုံးလာမည္ျဖစ္ေၾကာင္း တစ္ဖက္ကို ျပန္ေျပာ​​ေစသည္။

အလုပ္အကိုင္အေၾကာင္း ေဆြးေႏြးၾကၿပီးေနာက္ ဟူေပ်ာင္းကို ထိုင္ခိုင္းလိုက္သည္။    “ ေပ်ာင္းေကာ အစ္ကို ရာထူးေျပာင္းခ်င္လား။ ”

ဟူေပ်ာင္း ခဏမွ်ေတာင့္သြားၿပီး ဘာေတြျဖစ္ေနမွန္း သူ နားလည္သြားသည္။ သူ ထိုင္ပင္မထိုင္နိုင္ေတာ့ဘဲ ႐ုတ္ျခည္းထသြားကာ သူ႕အသံကလည္း ခက္ထန္သြား၏။    “ ဘာလို႔ေမးတာလဲ။ မေန႕ကေၾကာင့္ —”

“ မဟုတ္တာ ေပ်ာင္းေကာ စိတ္မဆိုးနဲ႕​ေနာ္။  ”  က်ယ္ယန္ ဟူေပ်ာင္းစကားကိုျဖတ္ေျပာလိုက္ၿပီး ဟူေပ်ာင္းအတြက္ ေရတစ္ခြက္ ထငွဲ႕ေပးလိုက္သည္။ သူ ရွင္း​ျပလိုက္ပါ၏။   “ အမွန္ေတာ့ အစ္ကို႔ကို အလုပ္ေျပာင္းေပးမယ့္ အႀကံက ရွိၿပီးသားပါ။  အင္တာတိန္းမန့္ကုမၸဏီေတြက ေငြရွာဖို႔အတြက္ အႏုပညာရွင္ေတြကို အားကိုးရတယ္။ လက္ရွိ ယန္ရွင္းအတြက္ေငြရွာေပးတဲ့ အႏုပညာရွင္က သုံးေယာက္ပဲရွိေသးတယ္။ အရမ္းနည္းတယ္ေလ။ ဒါ့ေၾကာင့္ ကုမၸဏီမွာ အသစ္ေတြထပ္ထည့္ဖို႔ စီစဥ္ထားတယ္။ အစ္ကိုက လူေ႐ြးတဲ့ေနရာမွာ အျမင္ေကာင္းၿပီး အစ္ကို႔လက္ေအာက္က အႏုပညာရွင္ေတြကို ဂ႐ုစိုက္တယ္။ ဒါ့ေၾကာင့္ အစ္ကိုက Artist ေလ့က်င့္သင္ၾကားေရးတာဝန္ခံေနရာနဲ႕ သင့္ေတာ္တယ္။ ”

ဟူ​ေပ်ာင္း မ်က္ေမွာင္ၾကဳတ္လိုက္မိ၏။ “ ငါက စင္ေနာက္ကြယ္ေရာက္သြားရင္  မင္း၊ ထုံက်န္းနဲ႕ ခယ္လန္တို႔ကေရာ။ ”

“ အစ္ကို အလုပ္ေျပာင္းဖို႔ သေဘာတူရင္ သူတို႔အတြက္ သင့္ေတာ္တဲ့ ေအးဂ်င့္ရွာေပးမွာပါ။ ကြၽန္ေတာ္ အစ္ကို႔ရဲ႕ အႀကံဉာဏ္ကို တကယ္ေလးစားပါတယ္။  အစ္ကို ေအးဂ်င့္ဆက္ျဖစ္ခ်င္တယ္ဆိုရင္လည္း ထုံက်န္းနဲ႕ ခယ့္လန္တို႔ရဲ႕ ေအးဂ်င့္ဆက္လုပ္ပါ။ ကြၽန္ေတာ္ကေတာ့ အစ္ကို႔အႏုပညာရွင္မလုပ္ေတာ့ဘူးေပါ့။ တစ္ေယာက္တည္းနဲ႕ အႏုပညာရွင္သုံးေယာက္ကို လိုက္တာဝန္ယူေပးေနရတာက အရမ္းပင္ပန္းတယ္ေလ။ ”

ဟူေပ်ာင္း ႏႈတ္ဆိတ္သြား၏။

ဟူေပ်ာင္း အေတြးမွားမွာစိုးတာေၾကာင့္ က်ယ္ယန္ ထပ္ေျပာလိုက္သည္။    “ အစ္ကို ရာထူးေျပာင္းဖို႔သေဘာတူရင္ ရာထူးေျပာင္းတဲ့ေနရာရဲ႕ လစာက ေအးဂ်င့္ျဖစ္ခ်ိန္က လစာထက္မနိမ့္တာ ေသခ်ာေအာင္ ယန္ရွင္းရဲ႕ ရွယ္ယာတစ္ခ်ိဳ႕ ခြဲေပးမယ္။  ”

“ မဟုတ္တာ ေငြေရးေၾကးေရးက အေရးမႀကီးပါဘူး။ ဒါက …”  ဟူေပ်ာင္းက လက္သီးဆုပ္လ်က္ က်ယ္ယန့္ကို လွမ္းၾကည့္သည္။    “ စဥ္းစားၾကည့္လို႔ရမလား။ ”

က်ယ္ယန္ မတ္တပ္ထကာ ဟူေပ်ာင္းပုခုံးကို ပုတ္လိုက္သည္။    “ ဒါေပါ့ ေပ်ာင္းေကာရာ။ ယန္ရွင္းက ကြၽန္ေတာ္ရယ္၊ ခယ့္လန္ရယ္၊ ထုံက်န္းရယ္၊ အစ္ကိုရယ္ အတူတူတည္ေထာင္ထားၾကတာပဲဟာ။ ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ ဘယ္ေလာက္ပဲ ေအာင္ျမင္ႀကီးပြားသြားၾကပါေစ အစ္ကိုက ကြၽန္ေတာ္တို႔ရဲ႕ အေရးပါဆုံး ေက်ာေထာက္ေနာက္ခံႀကီးပဲ ျဖစ္ေနမွာ။ ကြၽန္ေတာ္ ႐ုပ္ရွင္အဖြဲ႕ဆီ ရက္ပိုင္းေလာက္သြားေနလိုက္ဦးမယ္။ ကြၽန္ေတာ့္ေနာက္မလိုက္ဘဲ အခ်ိန္ယူၿပီး ျဖည္းျဖည္းခ်င္း စဥ္းစားေပါ့။ ”

━━━━━━━━━━━━━━━━━━━━━━━

















Continue Reading

You'll Also Like

843K 39.6K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
2.5M 156K 99
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
437K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
258K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...