Bi De • Pan Yu Xin De Rui la...

By callme__kitty

182K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

39

2.4K 466 64
By callme__kitty

[Unicode]

'သုံးရက်'

တစ်ဖက်မှ ပြန်ပြောလာတာ ဘာပဲဖြစ်နေပါစေ ဝမ်ချောင် နားမထောင်ဘဲ ဖုန်းချကာ စားပွဲပေါ်သို့ ပြန်ပစ်တင်ပြီး ထိုအူကြောင်ကြားပုံစံအတိုင်း ဆက်လှဲနေတော့သည်။ မခြောက်သေးတဲ့မျက်ရည်၊ ဖူးယောင်နေတဲ့မျက်ဝန်းများဖြင့် သူ ရှဲ့ကျူရှင်းကို လှည့်ကြည့်ပြီး မောက်မာခြင်းအပြည့်နှင့်ပြောချလာသည်။ "ကြားတယ်မလား။ မင်းကသာ လောင်ဇီကို ပေးမလုပ်တာ။ ဒီလောင်ဇီလုပ်တာကို ခံချင်တဲ့လူတွေများ တန်းစီပြီးတောင် စောင့်နေရတယ်။"

သူ သူ့အစ်ကိုကို တကယ် ဖုန်းလှမ်းခေါ်ပြီး တိုင်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ကို လှမ်းခေါ်လိုက်တာပဲဖြစ်ဖြစ်လုပ်လိုက်ရင်တောင် ရှဲ့ကျူရှင်း ဒီလောက် ဒေါသထွက်မှာ မဟုတ်။ အခုတော့ သူက ရှဲ့ကျူရှင်း သဘောမတွေ့ဆုံးလူကို ခေါ်ချလိုက်လေသည်။

ရှဲ့ကျူရှင်း ရုတ်တရက်ဒေါသထွက်သွားပြီး မျက်မှောင်ကြုတ်လျက်မေးတော့သည်။ "မင်း အဲ့ကျုံးမျိုးရိုး မရှိဘဲ မနေနိုင်ဘူးလား။"

ဝမ်ချောင် ခေါင်းမာမာနှင့်ပြန်ပြောသည်။ "သူက စကားလည်းနားထောင်တယ်၊ အိပ်ရာပေါ်လည်းကောင်းတယ်။ ငါ သူ မရှိဘဲကို မနေနိုင်တော့ဘူး။ ဘာဖြစ်ချင်လဲ!"

ရှဲ့ကျူရှင်း လွန်ခဲ့တဲ့တစ်မိနစ်အထိ နွေးထွေးလို့နေပေမယ့် တစ်ဖက်လူရဲ့စကားအဆုံးမှာတော့ မျက်နှာအမူအရာပါ ချက်ချင်းပြောင်းလဲသွားတော့သည်။ သူ အရင်က ဒီလိုအကြောင်းတွေ တစ်ခါမှ မတွေးဖူးသလို အတွေ့အကြုံလည်း သိပ်မရှိတာမို့ ကောင်းအောင်လုပ်ပေးနိုင်မည့်အစား စကေးတောင် သိပ်မရှိလှမှန်း သူ့ကိုယ်သူလည်း သိထားသည်။ ပြဿနာက သူတို့အတူအိပ်ပြီး ခဏမကြာသေးခင်မှာပဲ ဒီအရူးကောင်က အခြားလူတစ်ယောက်ကို ဖုန်းခေါ်၍ ထိုလူက 'အိပ်ရာပေါ်မှာကောင်းတယ်' ဟုပါ ချီးကျူးလာသေးသည်။ ဘယ်သူကများ ဒီလိုကိစ္စမျိုးကို သည်းခံနိုင်မှာတဲ့လဲ။

ရှဲ့ကျူရှင်း ထထိုင်ကာ အိပ်ရာထဲမှထွက်၍ စကားအပိုတစ်ခွန်းမှ မပြောတော့ဘဲ အင်္ကျီပြန်ဝတ်တော့သည်။

ဝမ်ချောင် ကြောင်အသွားရသည်။ "မင်း ဘာလုပ်နေတာလဲ။"

ရှဲ့ကျူရှင်း သူ့ကို ပြန်လှည့်မကြည့်။ "အိမ်ပြန်ပြီ။"

ဝမ်ချောင် : "..." 'မင်း အိမ်သော့ မမေ့ကျန်ခဲ့ဘူးလား။'

ရှဲ့ကျူရှင်း လျင်လျင်မြန်မြန် အင်္ကျီလဲပြီးတာနှင့် ပြန်လှည့်ကြည့်မနေဘဲ တံခါးကို ဝုန်းကနဲပိတ်လို့ ထွက်သွားလေသည်။

ဝမ်ချောင် နေရာ၌ အတော်ကြာအောင် ကြောင်အအလှဲနေပြီးမှ ဝမ်းနည်းဒေါသမျက်ရည်များ ယိုစီးကျလာကာ ငိုရင်း ဆဲရေးနေတော့သည်။

သူကိုယ်တိုင်က မကောင်းတဲ့ကောင်လို့ဆိုနိုင်ပေမယ့် သူတောင် ဒီလိုလုပ်ပြီးတာနှင့် ဂရုစိုက်ပေးခြင်းမရှိ၊ တန်းထားခဲ့ခြင်းမျိုး မလုပ်။ ကောင်မလေးတိုင်းကို အဖိုးတန်အိတ်များ ဝယ်ပေးခဲ့သလို ကျုံးနျန်းစန်းလိုကောင်တောင်မှ နောက်ပိုင်း တောင်းဆိုချက်တစ်ခုလုပ်ပေးခဲ့သေးတာပင်။

'အဲ့ရှဲ့ကျူရှင်းဆိုတဲ့ကောင်က စိတ်လွတ်သွားပြီပဲ။ ဖင်ထဲလွှတ်ပြီးသွားတာနဲ့ ဘာမှတောင်မလုပ်ပေးဘဲ တံခါးပါ စောင့်ပိတ်သွားသေးတယ်? အရှက်မရှိလွန်းလိုက်တာ!"

တကယ်တော့ ရှဲ့ကျူရှင်းကလည်း မပြန်သွားသေး။ သူက တံခါးအရှေ့တွင်ရပ်လျက် ကျုံးနျန်းစန်း တကယ်ရောက်လာမှာ စိုးရိမ်စိတ်ဖြင့် စောင့်နေပေးသေးသည်။

ဝမ်ချောင်က အခုလောလောဆယ် အဝတ်ဗလာဖြင့် လှဲလျောင်းနေတာဖြစ်ပြီး အနောက်ကလည်း ပွင့်ဟာနေသေးတာမို့ အခြားယောက်ျားတစ်ယောက်သာ ဒီမြင်ကွင်းကို မြင်လိုက်ပါက သေချာသလောက် ထလုပ်ချင်သွားမှာပင်။

ဝမ်ချောင် သူ့ခေါင်းအုံးတစ်ခုလုံး စိုရွှဲသွားတဲ့အထိ ငိုနေရင်းမှ ရုတ်တရက် သူ ကျုံးနျန်းစန်းကို ခေါ်ထားမိကြောင်း သတိရသွားပြီး နည်းနည်းနောင်တရသွားတော့သည်။ သူ ထိုလူကို တွေ့လည်းမတွေ့ချင်သလို အိပ်ရာပေါ်ကောင်းလှတယ်ဟုလည်း မတွေး။ ဖုန်းခေါ်ခြင်းနှင့် မထိတထိပြောခြင်းများက ရှဲ့ကျူရှင်းကို ရန်စချင်ရုံအတွက်သာ။

သူ ကျုံးနျန်းစန်းကို ဖုန်းထပ်ခေါ်ပြီး လာဖို့မလိုကြောင်းပြောချင်ပေမယ့် ဖုန်းလှမ်းယူလိုက်ချိန် ကျုံးနျန်းစန်းထံမှ သူ့အိမ်တွင် ကိစ္စလေးရှိတာမို့ မလာနိုင်တဲ့အကြောင်း စာဝင်နေတာကို တွေ့လိုက်ရလေသည်။

ကောင်းလွန်းတယ်၊ သူ ဖုန်းထပ်ခေါ်စရာ မလိုတော့။

သူ ဖုန်းကို စားပွဲပေါ်ပစ်တင်လိုက်ပေမယ့် သေသေချာချာ မပစ်တင်မိတာမို့ အောက်သို့ပြုတ်ကျသွားတော့သည်။ ချက်ချင်းဆိုသလို ပူပန်မှုအပြည့်ဖြင့် ကုတင်စွန်းအနားထိ သူ့ကိုယ်သူ ပွတ်ဆွဲသွား၍ ဖုန်းကို လှမ်းကောက်ယူလိုက်လေသည်။ ကံကောင်းလှသည်က ဖုန်းကို cover တပ်ပြီးသားဖြစ်တာမို့ ခြစ်ရာများ မထင်နေ။

... နေပါဦး! မဟုတ်သေးပါဘူး! ကိစ္စတွေက ဒီလိုတောင်ဖြစ်နေပြီပဲ၊ သူက ဘာလို့ ရှဲ့ကျူရှင်းပေးထားတဲ့ဖုန်းအတွက် စိတ်မကောင်းဖြစ်နေရဦးမှာလဲ။

သူ ဒေါသတကြီးဖြင့် သူ့ဖုန်းကို ကြမ်းပြင်ပေါ် ပစ်ပေါက်ရန်ကြံပေမယ့် တကယ်လုပ်မိချိန် သူ့မသိစိတ်က တုံ့ဆိုင်းနေပြီး အားအများကြီးလည်းမသုံးမိ။

ရှဲ့ကျူရှင်းလည်း တံခါးရှေ့တွင် တစ်နာရီကျော်မျှ ရပ်စောင့်ပြီး ၁၂ ထိုးခါမှ တစ်ဖက်လူ မလာတော့ဘူးဟု ယူဆ၍ ယုံကြည်ချက်အပြည့်ဖြင့် ပြန်သွားတော့သည်။

သူ သူ့တိုက်ခန်းသို့ပြန်ရောက်ချိန် ကျိုးကျန်းယိက အိပ်မောကျနေပြီဖြစ်၏။

တကယ်တော့ သူ သော့လည်း မမေ့ကျန်ခဲ့သလို သူ့အခန်းဖော်ကျိုးကျန်းယိကလည်း မြို့ပြင်မှာ မဟုတ်။

သူ အိပ်မပျော်နိုင်။ သူ့မှာ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ စိတ်လှုပ်ရှားလွန်းနေတာမို့ နောက်ဆုံး၌ ဒိုက်ထိုး စလုပ်လေသည်။ ထို့နောက် သူ့အဖြစ်သူ မရယ်ပဲ မနေနိုင်တော့။

သူ့ရဲ့အရူးလေး။ အပေါ်က နှုတ်ခမ်းပေါက်ကသာ တကယ် စိတ်ရှုပ်ဖို့ကောင်းတာ၊ အောက်ဘက်ကအပေါက်ကျလည်း တကယ်ချစ်ဖို့ကောင်းလှသည်။ ချိုမြိန်နူးညံ့ပြီး ကလေးတစ်ယောက်လို အချွဲလည်းကျွမ်းလှသည်။

ကောင်းကောင်းမလုပ်နိုင်ဘူးဆို လှောင်ချင်တာပေါ့၊ နောက်ကျ များများလေ့ကျင့်ပြီးသွားရင် သူ့စကေးလည်း တဖြည်းဖြည်း ပိုကောင်းသွားမှာပင်။

နောက်တစ်နေ့မနက်တွင် အခန်းဖော်အချင်းချင်းတွေ့ကြတော့သည်။

ကျိုးကျန်းယိ ပြောလာ၏။ "ရှောင်ရှဲ့၊ မင်း မနေ့ညက ပြန်ရောက်တာ နောက်ကျတာနဲ့ မင်းတို့ ဆုရတာကို​တောင် ဂုဏ်မပြုရသေးဘူး။"

ရှဲ့ကျူရှင်း နှိမ့်ချ၍သာ ပြန်ပြောလိုက်သည်။ "ကံကောင်းသွားတာပါဗျာ။"

ကျိုးကျန်းယိ သူ့ရဲ့ပင်ပန်းနွမ်းနယ်မှုအပြည့်ရှိနေတဲ့ပန်ဒါမျက်လုံးများဖြင့် ရှဲ့ကျူရှင်းကိုကြည့်၍ ပြန်ပြောသည်။ "ဒါဆိုလည်း မင်း မနက် ၃ နာရီအထိ ရယ်နေစရာမလိုဘူးလေကွာ။"

ရှဲ့ကျူရှင်း အလျင်စလို ပြုံးလို့တောင်းပန်လိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ တွေးနေမိသည်။ 'ဆုရခဲ့လို့ မဟုတ်ဘူးဗျ။ မနေ့ညက သူ သတို့သားဖြစ်သွားလို့ပါ။'

ဒီလ ၁၀ ရက်နေ့က ကွမ်ကျို့တွင် Fan meeting ကျင်းပရမယ့်နေ့ဖြစ်ပြီး တစ်နေရာနှင့်တစ်နေရာ ဖျော်ဖြေရမည်များက မတူညီတာမို့ သူတို့ activity အသစ်များ ထပ်လို့လေ့ကျင့်နေရပြန်သည်။

ရှဲ့ကျူရှင်းလည်း ကုမ္ပဏီကို အချိန်ကိုက်ရောက်လာခဲ့သည်။

အံ့ဩဖွယ်မရှိ၊ ဝမ်ချောင် ပေါ်မလာခဲ့။ သွမ့်ယိခွန်းကလည်း သူ့ကို ဖုန်းခေါ်ပေးဖို့ ပြောလာပြန်သည်။

သို့သော် ဝမ်ချောင့်ဘက်မှ ဖုန်းဖြေကြားခြင်း မရှိ။

ရှဲ့ကျူရှင်းလည်း ဒီလိုဖြစ်လိမ့်မည်မှန်း သိနေပြီးသားပင်။ "ခွန်း-ကော၊ အဖွဲ့သားတွေကို အတန်း အရင်သွားတက်ခိုင်းထားလိုက်ပါလား။ ကျွန်တော် သူ့အိမ် သွားကြည့်လိုက်ပါ့မယ်။"

သွမ့်ယိခွန်း မေးလာသည်။ "ငါ ဘယ်လိုလုပ် မနေ့ညက KTV မှာ မင်းတို့နှစ်ယောက် ပြဿနာတက်သွားကြတယ်လို့ ကြားခဲ့ရတာလဲ။"

'ဘယ်သူများ သွားတိုင်လိုက်တာလဲ။' သူ ဖုံးထားလို့မရတာကို မြင်ချိန် ရှဲ့ကျူရှင်းလည်း ဤမျှသာပြောလိုက်တော့သည်။ "စကားနည်းနည်းများသွားရုံပါ။"

သွမ့်ယိခွန်း : "အခု ဒီမှာလည်း အခြားသူတွေမရှိနေဘူးဆိုတော့ ငါ သွယ်ဝှက်မနေဘဲ တည့်ပဲပြောတော့မယ်။ စိတ်တော့မခုနဲ့ကွာ။"

ရှဲ့ကျူရှင်းလည်း သူ အသေအချာနားထောင်နေကြောင်း သိစေရန် အသံပြုလိုက်သည်။

သွမ့်ယိခွန်း တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလာသည်။ "ရှောင်ရှဲ့၊ မင်းက သူ့ကို မင်းဖြစ်စေချင်တဲ့အတိုင်း ချော့ပြောလို့ရတယ်။ ဒါကိုက မင်းရဲ့စကေးပဲ။ ဒါပေမယ့် ဘယ်နေရာမှာ ရပ်သင့်တယ်ဆိုတာကိုလည်း မင်း သိသင့်တယ်။ အချို့လမ်းတွေက တစ်ခါသွားပြီးတာနဲ့ ပြန်လှည့်လာလို့ မရတော့ဘူး။"

ရှဲ့ကျူရှင်း : "... ခွန်း-ကော၊ ကော အထင်လွဲနေပါပြီ။"

သွမ့်ယိခွန်း ပြုံးပြီးပြော၏။ "အထင်လွဲတာဆိုရင် အကောင်းဆုံးပေါ့။"

သူပြောသမျှ မယုံမှန်း ရှဲ့ကျူရှင်း သိထားပေမယ့် အသေအချာလည်း မရှင်းပြနိုင်။ သူနှင့်ဝမ်ချောင်အကြားရှိဆက်ဆံရေးက သေချာခြင်း မရှိသလို တည်ငြိမ်ခြင်းလည်း မရှိ။ အချိန်တစ်ခုရောက်လာခဲ့ရင် သူ အဖွဲ့သားတွေရော သွမ့်ယိခွန်းကိုပါ ပြောပြမှာဆိုပေမယ့် အခုကတော့ အရမ်းစောလွန်းသည်။

သွမ့်ယိခွန်းလည်း ရှဲ့ကျူရှင်း စကားမပြောလာတာမြင်ချိန် သူ့ခန့်မှန်းချက် ပိုသေချာသွားသလိုနှင့် အပြုံးတစ်ခုဖန်တီးလျက် ပြောလာသည်။ "အခုတော့ ဒီအကြောင်းတွေ မပြောကြသေးရအောင်။ မြန်မြန် သူ့အိမ်ကို သွားကြည့်လိုက်။"

ရှဲ့ကျူရှင်းလည်း ဒီ့ထက်ပိုပြီးမစောင့်နိုင်တော့။ ဖြစ်နိုင်လျှင် အတောင်ပံပေါက်လာပြီး ထိုနေရာကို ပျံသွားချင်မိတဲ့အထိ။

သို့သော် သူ ဝမ်ချောင့်တိုက်ခန်းကိုရောက်ချိန် တံခါးခေါက်လိုက်ပေမယ့် ဘယ်သူမှ ပြန်မဖြေ။ တိုက်ခန်းသော့ကို သူ ယူလာခဲ့ပြီးဖြစ်တာမို့ တံခါးဖွင့်၍ တစ်ခါတည်း အထဲဝင်သွားဖို့လုပ်တော့သည်။ သို့သော်ငြား တံခါးဖွင့်လိုက်တာနှင့် သူ့စိတ်လှုပ်ရှားများ ရုတ်ချည်းပျောက်ကွယ်သွားရတော့သည်။ ဤသည်မှာ ရေအေးပုံးတစ်ပုံးဖြင့် ခေါင်းပေါ်သို့ လောင်းချခံလိုက်သည့်အလား။

အိပ်ရာတစ်ခုလုံး ရှုပ်ပွလျက်ရှိနေသေးပေမယ့် နေရာတွင် ဘယ်သူမှ မရှိနေ။

သူ ဒီကိုလာတဲ့လမ်းတစ်လျှောက်လုံး မင်္ဂလာဦးညအပြီး နောက်မနက်ခင်းတစ်ခုကို ဖြတ်သန်းနေရတဲ့လူတစ်ယောက်လို ရှက်သွေးဖြာမှုအနည်းငယ်နှင့် စိတ်လှုပ်ရှားနေပြီး ဒီနေ့ ဝမ်ချောင် ဘယ်လိုပြဿနာစကားတွေပဲ ပြောလာပါစေ သည်းခံမယ်ဆိုတဲ့အထိ စိတ်ပိုင်းဖြတ်ထားခဲ့သည်။

သို့ပေမယ့် အခုက ဘာအခြေအနေလဲ။ သူ့သတိုးသမီးလေးကရော?

ဝမ်ချောင် အိမ်သို့ပြန်ပြေးသွားခဲ့သည်။

သူ မနေ့ညက အိပ်နေရင်း ဗိုက်အောင့်လာတာမို့ နိုးလာရပြီး မနက်မိုးလင်းတဲ့အထိ ဝမ်းလျှောနေ၍ ထပ်မတောင့်ခံနိုင်တော့ဘဲ အဝတ်အစားလဲလျက် အိမ်သို့ တရွတ်တိုက်ပြန်သွားပြီး ဝမ်ကျင်းကို ဖက်လို့ အားပါးတရငိုကြွေးတော့သည်။

မနက်စာ စားနေတဲ့ဝမ်ကျင်းမှာ ဝမ်ချောင့်ကြောင့် ကြောင်အသွားရပြီး သူ့နောက်ကျောကို ပုတ်ပေးရင်း ခပ်ဖွဖွမေးလိုက်ရသည်။ "ဘာဖြစ်လို့လဲ။ ဘယ်သူ မင်းကို အနိုင်ကျင့်လို့လဲ။"

ငိုနေရင်း အတော်ကြာမှ ဝမ်ချောင်ပြန်ပြောလာသည်။ "မာလာပုစွန်ချက် စားတာများသွားလို့ ကျွန်တော့်ဖင်နာနေတယ်။"

အပြစ်ကင်းစင်လှတဲ့ပုစွန်လုံးလေးမှာ သူ့အဖြစ်ကို ပြန်ငြင်းဆန်နိုင်ဖို့ အခွင့်မရခဲ့။

ဝမ်ကျင်း သူ့ကို ဆေးရုံခေါ်သွားချင်ပေမယ့် သူကတော့ အပြင်းအထန်ငြင်းဆန်လျက် ဆင်ခြေပေးလာရသည်။ "ကျွန်တော်က အိုင်ဒေါဗျ။ ဝမ်းလျောလို့ ဆေးရုံသွားရမှန်း လူတွေသိကုန်ရင် ရှက်စရာကြီး။"

သို့နှင့် ဝမ်ကျင်းလည်း သူ့ကို ဆေးယူပေးပြီးတော့ သောက်ခိုင်းရလေသည်။

ဝမ်ချောင်က သူ့အလိမ်အညာများကို ဝမ်ကျင်း သိသွားမှာကြောက်သလို ဝမ့်ချီကို ပိုကြောက်ရတာမို့ မေးလိုက်သည်။ "တာ့ကောရော? သူ ဒီကြားထဲ အိမ်ပြန်လာမှာလား။"

ဝမ်ကျင်း ပြန်ပြောသည်။ "သူ အလုပ်ထွက်ဖို့ ပြင်နေတာနဲ့ သူ့အလုပ်တွေ လွှဲပြောင်းပေးနေရတဲ့ကာလမို့ တော်တော်အလုပ်ရှုပ်နေတယ်။ ဒီနေရာကလည်း အလုပ်နဲ့ဝေးတော့ ဒီကြားထဲတော့ အိမ်ပြန်လာဦးမှာ မဟုတ်ဘူး။"

'သူ ရာထူးတိုးတော့မှာမဟုတ်ဘူးလား။ ဘာလို့ အလုပ်ကနေ ထွက်မှာလဲ။' ဝမ်ချောင် နားမလည်ပေမယ့် ဒီတစ်ကြိမ်မှာတော့ မေးဖို့လည်း အင်အားမရှိနေ။

တကယ်တော့ ဝမ်ကျင်းလည်း သံသယ မဝင်တာတော့ မဟုတ်။ ဘယ်လိုပဲကြည့်ကြည့် ဝမ်းလျောတာက သိပ်ကြီးမားတဲ့ရောဂါမဟုတ်ပေမယ့် သူ့ညီကတော့ အမြဲလိုလိုပျော့ဖတ်ပြီး အလိုလိုက်ခံထားရတာမို့ သာမန်လူများအဖြစ်နှင့် သွားယှဉ်ကြည့်လို့ မရနေ။ သို့ပေမယ့် သူကိုယ်တိုင်ကလည်း ဆေးရုံသို့ အမြန်ပြန်သွားရန်လိုနေတာမို့ ထွေထွေထူးထူး မတွေးနေတော့။

အိမ်၌ သုံးရက် အနားယူနေချိန်အတွင်း ဝမ်ချောင် ဖုန်းလည်းမကိုင်သလို Weibo လည်း မသုံး၊ moments လည်း မတင်သလို သူ့မှာ ဂိမ်းဆော့ဖို့တောင် အင်အား မရှိ။ သို့သော် သူ့ဖုန်းအားကုန်ခါနီးတိုင်း ရှဲ့ကျူရှင်း ဖုန်းခေါ်ချိန် မဝင်မှာ စိုးရိမ်စိတ်ဖြင့် အပြေးအားသွင်းဆဲ။

စိတ်တိုဖို့ကောင်းလှသည်က ရှဲ့ကျူရှင်းက သူ့ကို တစ်ရက်တစ်ခါသာ ဖုန်းခေါ်လာသည်ပင်။

သူ့ကျန်းမာရေးပြန်ကောင်းလာတာနှင့် သူ့ဒေါသအခြေအနေကလည်း ပိုပိုဆိုးလာလေဖြစ်နေသည်။ သူ့အတွေးထဲတွင် ဘယ်လိုလက်စားချေရမလဲဆိုတာနှင့် ပြီးခဲ့တဲ့သုံးရက်အတွင်း ခံစားခဲ့ရသမျှကို ရှဲ့ကျူရှင်းပါ ခံစားရလေအောင် ဘယ်လိုလုပ်ရမလဲဆိုတာများသာရှိနေ၏။

သူ့အနေနှင့် လက်စားချေလို့ရမည့် အခြားနည်းလမ်းတွေကိုတောင် မတွေးမိ။ သူလည်း ရှဲ့ကျူရှင်းလို တုန့်ပြန်တိုက်ခိုက်ချင်သည်။ အနည်းဆုံးတော့ ကွန်ဒုံးနှင့် သုံးကြိမ်၊ ကွန်ဒုံးမသုံးဘဲ သုံးကြိမ်လောက်တော့ဖြစ်ရမည်။ 

သုံးရက်အကြာတွင် သူ ကုမ္ပဏီ၌ ပြန်ပေါ်လာပြီး အပေါ်တက်သွားလိုက်တာနှင့် ကျိကျဲနှင့်ချန်းယောင့်တို့ကို မျက်နှာချင်းဆိုင်တွေ့တော့သည်။

"ပြန်လာသေးတယ်ပေါ့? ငါကဖြင့် မင်း အဖွဲ့က ထွက်ပြီထင်နေတာ။" ကျိကျဲ ချက်ချင်း သူ့ကိုရန်စပြောလာသည်။

ဝမ်ချောင် ဒေါသတကြီးပြန်ပြောလိုက်သည်။ "မင်းပဲ အဖွဲ့က ထွက်မှာ! မင်းရဲ့သောက်ရေးမပါတာတွေ လစ်လိုက်စမ်းပါ!"

ချန်ယောင့် သူတို့ရန်ဖြစ်မှာစိုးတာမို့ အမြန်ဝင်ပြောရသည်။ "ခေါင်းဆောင်၊ ဒီကြားထဲ ကျွန်တော်တို့ဖုန်းခေါ်တာကို ဘာလို့မကိုင်တာလဲဗျာ။ ရှဲ့ကောဆို အရမ်းစိတ်ပူနေတာ။"

ဝမ်ချောင့်မျက်ဝန်းများ ချက်ချင်းဆိုသလိုအရောင်တောက်သွားသည်။ "သူက ဘယ်လိုတွေများစိတ်ပူနေတာလဲ။"

ချန်းယောင်ပြောလာ၏။ "သူ ခေါင်းဆောင့်အိမ်ကိုလည်း ခဏခဏသွားကြည့်တယ်။ အတန်းထဲလည်း အာရုံပျံ့နေတာ။ အတန်းနားပြီဆိုတာနဲ့ ခေါင်းဆောင် တစ်ခုခုတင်ထားသေးလား အမြဲပြေးကြည့်တော့တာပဲ။"

သူတို့ခေါင်းဆောင်ကို စိတ်ကျေနပ်စေဖို့ သူလည်း ချဲ့ကားပြောရတော့သည်။ 

သို့ပေမယ့် ခေါင်းဆောင်ဖြစ်သူက ချက်ချင်းယုံသွားပြီး အနိုင်ရသူတစ်ယောက်လိုပြောလာသည်။ "သူ အခုဘယ်မှာလဲ။ ကုမ္ပဏီမှာပဲလား။"

ဒီတစ်ကြိမ်မှာတော့ ချန်းယောင့် ဘာဖြေရမလဲ တကယ် မသိတော့တာမို့ ကျိကျဲကို လှမ်းကြည့်ရလေသည်။

ကျိကျဲပြောလာသည်။ "အကလေ့ကျင့်ခန်းထဲမှာ လေ့ကျင့်နေတာလားပဲ။"

ထို့နောက်မှာတော့ ဝမ်ချောင် လေ့ကျင့်ခန်းရှိရာသို့ ပျော်ပျော်ကြီးထွက်သွားလေသည်။

ကျိကျဲနှင့် ချန်းယောင့်လည်း အချင်းချင်းကြည့်ရင်း ခေါင်းတခါခါဖြစ်နေမိတော့သည်။

ရှဲ့ကျူရှင်း အတော်ကြာအောင် ကထားတာမို့ အင်္ကျီတွင် ချွေးများရွှဲစိုနေပြီး သူ သူ့တီရှပ်အင်္ကျီစကို ပခုံးပေါ် ဆွဲတင်ထားလျက် ရေတစ်ဘူးကို လှမ်းဆွဲသောက်ရင်း ဖုန်းကလိနေ၏။

ဝမ်ချောင့်ဖုန်းက အမြဲလိုလိုစက်ဖွင့်ထားပေမယ့် သူဖုန်းခေါ်သမျှကို ပြန်မဖြေ။ သေချာသလောက် ကလေးဆန်ဆန်စိတ်ဆိုးပြနေခြင်းပင်။

ဝမ်ချောင် တံခါးကို ခပ်ဟဟလေးတွန်းကြည့်ရင်း အထဲ၌ လူရှိနေတာ သေချာမှ မောက်မာခြင်းအပြည့်ဖြင့် ဝုန်းကနဲတွန်းဖွင့်လိုက်သည်။

ပြတင်းပေါက်ကို မှီနေတဲ့ရှဲ့ကျူရှင်းက ခေါင်းမော့ကြည့်လာပြီး သူ့ဆံပင်ထိပ်ဖျားတွင် ချွေးစက်လေးတွဲခိုနေလျက် အပြင်ဘက်ရှိနေရောင်ခြည်လေးကလည်း ပြတင်းပေါက်မှတစ်ဆင့် ဖြာကျပေးနေရာ လူတစ်ကိုယ်လုံး လင်းထိန်သွားစေသည့်အလား။

ဝမ်ချောင်မှာ သူ့အစွယ်တွေ၊ လက်သည်းတွေ ဘယ်လိုထုတ်ပြရမလဲဆိုတာကိုတောင် မေ့သွားရပြီး တံတွေးမြိုချမိသွားသည်။ 'ဘယ်လိုဖြစ်လို့ ရှောင်ရှဲ့က ရက်နည်းနည်းလေးပဲ မတွေ့ရသေးတာတောင် ပိုကြည့်ကောင်းလာရတာလဲ။'

ရှဲ့ကျူရှင်းလည်း ရေဘူးကို ဖျစ်ညှစ်ထားမိသည်မှာ ပေါက်ကွဲထွက်သွားတော့မည်အထိ။

တစ်နှစ်နီးပါးကြာမြင့်နေပြီဟုထင်ရတဲ့သုံးရက်တာက နောက်ဆုံးတော့ပြီးဆုံးသွားခဲ့ပြီ။ 

KittyKitling

T/N : Good Night

_____///_____

[Zawgyi]

'သုံးရက္'

တစ္ဖက္မွ ျပန္ေျပာလာတာ ဘာပဲျဖစ္ေနပါေစ ဝမ္ေခ်ာင္ နားမေထာင္ဘဲ ဖုန္းခ်ကာ စားပြဲေပၚသို႔ ျပန္ပစ္တင္ၿပီး ထိုအူေၾကာင္ၾကားပုံစံအတိုင္း ဆက္လွဲေနေတာ့သည္။ မေျခာက္ေသးတဲ့မ်က္ရည္၊ ဖူးေယာင္ေနတဲ့မ်က္ဝန္းမ်ားျဖင့္ သူ ရွဲ႕က်ဴရွင္းကို လွည့္ၾကည့္ၿပီး ေမာက္မာျခင္းအျပည့္ႏွင့္ေျပာခ်လာသည္။ "ၾကားတယ္မလား။ မင္းကသာ ေလာင္ဇီကို ေပးမလုပ္တာ။ ဒီေလာင္ဇီလုပ္တာကို ခံခ်င္တဲ့လူေတြမ်ား တန္းစီၿပီးေတာင္ ေစာင့္ေနရတယ္။"

သူ သူ႔အစ္ကိုကို တကယ္ ဖုန္းလွမ္းေခၚၿပီး တိုင္တာျဖစ္ျဖစ္၊ ဒါမွမဟုတ္ ေကာင္မေလးတစ္ေယာက္ကို လွမ္းေခၚလိုက္တာပဲျဖစ္ျဖစ္လုပ္လိုက္ရင္ေတာင္ ရွဲ႕က်ဴရွင္း ဒီေလာက္ ေဒါသထြက္မွာ မဟုတ္။ အခုေတာ့ သူက ရွဲ႕က်ဴရွင္း သေဘာမေတြ႕ဆုံးလူကို ေခၚခ်လိုက္ေလသည္။

ရွဲ႕က်ဴရွင္း ႐ုတ္တရက္ေဒါသထြက္သြားၿပီး မ်က္ေမွာင္ၾကဳတ္လ်က္ေမးေတာ့သည္။ "မင္း အဲ့က်ဳံးမ်ိဳးရိုး မရွိဘဲ မေနနိုင္ဘူးလား။"

ဝမ္ေခ်ာင္ ေခါင္းမာမာႏွင့္ျပန္ေျပာသည္။ "သူက စကားလည္းနားေထာင္တယ္၊ အိပ္ရာေပၚလည္းေကာင္းတယ္။ ငါ သူ မရွိဘဲကို မေနနိုင္ေတာ့ဘူး။ ဘာျဖစ္ခ်င္လဲ!"

ရွဲ႕က်ဴရွင္း လြန္ခဲ့တဲ့တစ္မိနစ္အထိ ေႏြးေထြးလို႔ေနေပမယ့္ တစ္ဖက္လူရဲ့စကားအဆုံးမွာေတာ့ မ်က္ႏွာအမူအရာပါ ခ်က္ခ်င္းေျပာင္းလဲသြားေတာ့သည္။ သူ အရင္က ဒီလိုအေၾကာင္းေတြ တစ္ခါမွ မေတြးဖူးသလို အေတြ႕အၾကဳံလည္း သိပ္မရွိတာမို႔ ေကာင္းေအာင္လုပ္ေပးနိုင္မည့္အစား စေကးေတာင္ သိပ္မရွိလွမွန္း သူ႔ကိုယ္သူလည္း သိထားသည္။ ျပႆနာက သူတို႔အတူအိပ္ၿပီး ခဏမၾကာေသးခင္မွာပဲ ဒီအ႐ူးေကာင္က အျခားလူတစ္ေယာက္ကို ဖုန္းေခၚ၍ ထိုလူက 'အိပ္ရာေပၚမွာေကာင္းတယ္' ဟုပါ ခ်ီးက်ဴးလာေသးသည္။ ဘယ္သူကမ်ား ဒီလိုကိစၥမ်ိဳးကို သည္းခံနိုင္မွာတဲ့လဲ။

ရွဲ႕က်ဴရွင္း ထထိုင္ကာ အိပ္ရာထဲမွထြက္၍ စကားအပိုတစ္ခြန္းမွ မေျပာေတာ့ဘဲ အကၤ်ီျပန္ဝတ္ေတာ့သည္။

ဝမ္ေခ်ာင္ ေၾကာင္အသြားရသည္။ "မင္း ဘာလုပ္ေနတာလဲ။"

ရွဲ႕က်ဴရွင္း သူ႔ကို ျပန္လွည့္မၾကည့္။ "အိမ္ျပန္ၿပီ။"

ဝမ္ေခ်ာင္ : "..." 'မင္း အိမ္ေသာ့ မေမ့က်န္ခဲ့ဘူးလား။'

ရွဲ႕က်ဴရွင္း လ်င္လ်င္ျမန္ျမန္ အကၤ်ီလဲၿပီးတာႏွင့္ ျပန္လွည့္ၾကည့္မေနဘဲ တံခါးကို ဝုန္းကနဲပိတ္လို႔ ထြက္သြားေလသည္။

ဝမ္ေခ်ာင္ ေနရာ၌ အေတာ္ၾကာေအာင္ ေၾကာင္အအလွဲေနၿပီးမွ ဝမ္းနည္းေဒါသမ်က္ရည္မ်ား ယိုစီးက်လာကာ ငိုရင္း ဆဲေရးေနေတာ့သည္။

သူကိုယ္တိုင္က မေကာင္းတဲ့ေကာင္လို႔ဆိုနိုင္ေပမယ့္ သူေတာင္ ဒီလိုလုပ္ၿပီးတာႏွင့္ ဂ႐ုစိုက္ေပးျခင္းမရွိ၊ တန္းထားခဲ့ျခင္းမ်ိဳး မလုပ္။ ေကာင္မေလးတိုင္းကို အဖိုးတန္အိတ္မ်ား ဝယ္ေပးခဲ့သလို က်ဳံးန်န္းစန္းလိုေကာင္ေတာင္မွ ေနာက္ပိုင္း ေတာင္းဆိုခ်က္တစ္ခုလုပ္ေပးခဲ့ေသးတာပင္။

'အဲ့ရွဲ႕က်ဴရွင္းဆိုတဲ့ေကာင္က စိတ္လြတ္သြားၿပီပဲ။ ဖင္ထဲလႊတ္ၿပီးသြားတာနဲ႔ ဘာမွေတာင္မလုပ္ေပးဘဲ တံခါးပါ ေစာင့္ပိတ္သြားေသးတယ္? အရွက္မရွိလြန္းလိုက္တာ!"

တကယ္ေတာ့ ရွဲ႕က်ဴရွင္းကလည္း မျပန္သြားေသး။ သူက တံခါးအေရွ႕တြင္ရပ္လ်က္ က်ဳံးန်န္းစန္း တကယ္ေရာက္လာမွာ စိုးရိမ္စိတ္ျဖင့္ ေစာင့္ေနေပးေသးသည္။

ဝမ္ေခ်ာင္က အခုေလာေလာဆယ္ အဝတ္ဗလာျဖင့္ လွဲေလ်ာင္းေနတာျဖစ္ၿပီး အေနာက္ကလည္း ပြင့္ဟာေနေသးတာမို႔ အျခားေယာက္်ားတစ္ေယာက္သာ ဒီျမင္ကြင္းကို ျမင္လိုက္ပါက ေသခ်ာသေလာက္ ထလုပ္ခ်င္သြားမွာပင္။

ဝမ္ေခ်ာင္ သူ႔ေခါင္းအုံးတစ္ခုလုံး စိုရႊဲသြားတဲ့အထိ ငိုေနရင္းမွ ႐ုတ္တရက္ သူ က်ဳံးန်န္းစန္းကို ေခၚထားမိေၾကာင္း သတိရသြားၿပီး နည္းနည္းေနာင္တရသြားေတာ့သည္။ သူ ထိုလူကို ေတြ႕လည္းမေတြ႕ခ်င္သလို အိပ္ရာေပၚေကာင္းလွတယ္ဟုလည္း မေတြး။ ဖုန္းေခၚျခင္းႏွင့္ မထိတထိေျပာျခင္းမ်ားက ရွဲ႕က်ဴရွင္းကို ရန္စခ်င္႐ုံအတြက္သာ။

သူ က်ဳံးန်န္းစန္းကို ဖုန္းထပ္ေခၚၿပီး လာဖို႔မလိုေၾကာင္းေျပာခ်င္ေပမယ့္ ဖုန္းလွမ္းယူလိုက္ခ်ိန္ က်ဳံးန်န္းစန္းထံမွ သူ႔အိမ္တြင္ ကိစၥေလးရွိတာမို႔ မလာနိုင္တဲ့အေၾကာင္း စာဝင္ေနတာကို ေတြ႕လိုက္ရေလသည္။

ေကာင္းလြန္းတယ္၊ သူ ဖုန္းထပ္ေခၚစရာ မလိုေတာ့။

သူ ဖုန္းကို စားပြဲေပၚပစ္တင္လိုက္ေပမယ့္ ေသေသခ်ာခ်ာ မပစ္တင္မိတာမို႔ ေအာက္သို႔ျပဳတ္က်သြားေတာ့သည္။ ခ်က္ခ်င္းဆိုသလို ပူပန္မွုအျပည့္ျဖင့္ ကုတင္စြန္းအနားထိ သူ႔ကိုယ္သူ ပြတ္ဆြဲသြား၍ ဖုန္းကို လွမ္းေကာက္ယူလိုက္ေလသည္။ ကံေကာင္းလွသည္က ဖုန္းကို cover တပ္ၿပီးသားျဖစ္တာမို႔ ျခစ္ရာမ်ား မထင္ေန။

... ေနပါဦး! မဟုတ္ေသးပါဘူး! ကိစၥေတြက ဒီလိုေတာင္ျဖစ္ေနၿပီပဲ၊ သူက ဘာလို႔ ရွဲ႕က်ဴရွင္းေပးထားတဲ့ဖုန္းအတြက္ စိတ္မေကာင္းျဖစ္ေနရဦးမွာလဲ။

သူ ေဒါသတႀကီးျဖင့္ သူ႔ဖုန္းကို ၾကမ္းျပင္ေပၚ ပစ္ေပါက္ရန္ႀကံေပမယ့္ တကယ္လုပ္မိခ်ိန္ သူ႔မသိစိတ္က တုံ႔ဆိုင္းေနၿပီး အားအမ်ားႀကီးလည္းမသုံးမိ။

ရွဲ႕က်ဴရွင္းလည္း တံခါးေရွ႕တြင္ တစ္နာရီေက်ာ္မၽွ ရပ္ေစာင့္ၿပီး ၁၂ ထိုးခါမွ တစ္ဖက္လူ မလာေတာ့ဘူးဟု ယူဆ၍ ယုံၾကည္ခ်က္အျပည့္ျဖင့္ ျပန္သြားေတာ့သည္။

သူ သူ႔တိုက္ခန္းသို႔ျပန္ေရာက္ခ်ိန္ က်ိဳးက်န္းယိက အိပ္ေမာက်ေနၿပီျဖစ္၏။

တကယ္ေတာ့ သူ ေသာ့လည္း မေမ့က်န္ခဲ့သလို သူ႔အခန္းေဖာ္က်ိဳးက်န္းယိကလည္း ၿမိဳ႕ျပင္မွာ မဟုတ္။

သူ အိပ္မေပ်ာ္နိုင္။ သူ႔မွာ စိတ္ပိုင္းဆိုင္ရာအရေရာ ႐ုပ္ပိုင္းဆိုင္ရာအရပါ စိတ္လွုပ္ရွားလြန္းေနတာမို႔ ေနာက္ဆုံး၌ ဒိုက္ထိုး စလုပ္ေလသည္။ ထို႔ေနာက္ သူ႔အျဖစ္သူ မရယ္ပဲ မေနနိုင္ေတာ့။

သူ႔ရဲ့အ႐ူးေလး။ အေပၚက ႏွုတ္ခမ္းေပါက္ကသာ တကယ္ စိတ္ရွုပ္ဖို႔ေကာင္းတာ၊ ေအာက္ဘက္ကအေပါက္က်လည္း တကယ္ခ်စ္ဖို႔ေကာင္းလွသည္။ ခ်ိဳၿမိန္ႏူးညံ့ၿပီး ကေလးတစ္ေယာက္လို အခၽြဲလည္းကၽြမ္းလွသည္။

ေကာင္းေကာင္းမလုပ္နိုင္ဘူးဆို ေလွာင္ခ်င္တာေပါ့၊ ေနာက္က် မ်ားမ်ားေလ့က်င့္ၿပီးသြားရင္ သူ႔စေကးလည္း တျဖည္းျဖည္း ပိုေကာင္းသြားမွာပင္။

ေနာက္တစ္ေန႔မနက္တြင္ အခန္းေဖာ္အခ်င္းခ်င္းေတြ႕ၾကေတာ့သည္။

က်ိဳးက်န္းယိ ေျပာလာ၏။ "ေရွာင္ရွဲ႕၊ မင္း မေန႔ညက ျပန္ေရာက္တာ ေနာက္က်တာနဲ႔ မင္းတို႔ ဆုရတာကို​ေတာင္ ဂုဏ္မျပဳရေသးဘူး။"

ရွဲ႕က်ဴရွင္း ႏွိမ့္ခ်၍သာ ျပန္ေျပာလိုက္သည္။ "ကံေကာင္းသြားတာပါဗ်ာ။"

က်ိဳးက်န္းယိ သူ႔ရဲ့ပင္ပန္းႏြမ္းနယ္မွုအျပည့္ရွိေနတဲ့ပန္ဒါမ်က္လုံးမ်ားျဖင့္ ရွဲ႕က်ဴရွင္းကိုၾကည့္၍ ျပန္ေျပာသည္။ "ဒါဆိုလည္း မင္း မနက္ ၃ နာရီအထိ ရယ္ေနစရာမလိုဘူးေလကြာ။"

ရွဲ႕က်ဴရွင္း အလ်င္စလို ျပဳံးလို႔ေတာင္းပန္လိုက္ေပမယ့္ သူ႔စိတ္ထဲမွာေတာ့ ေတြးေနမိသည္။ 'ဆုရခဲ့လို႔ မဟုတ္ဘူးဗ်။ မေန႔ညက သူ သတို႔သားျဖစ္သြားလို႔ပါ။'

ဒီလ ၁၀ ရက္ေန႔က ကြမ္က်ိဳ႕တြင္ Fan meeting က်င္းပရမယ့္ေန႔ျဖစ္ၿပီး တစ္ေနရာႏွင့္တစ္ေနရာ ေဖ်ာ္ေျဖရမည္မ်ားက မတူညီတာမို႔ သူတို႔ activity အသစ္မ်ား ထပ္လို႔ေလ့က်င့္ေနရျပန္သည္။

ရွဲ႕က်ဴရွင္းလည္း ကုမၸဏီကို အခ်ိန္ကိုက္ေရာက္လာခဲ့သည္။

အံ့ဩဖြယ္မရွိ၊ ဝမ္ေခ်ာင္ ေပၚမလာခဲ့။ သြမ့္ယိခြန္းကလည္း သူ႔ကို ဖုန္းေခၚေပးဖို႔ ေျပာလာျပန္သည္။

သို႔ေသာ္ ဝမ္ေခ်ာင့္ဘက္မွ ဖုန္းေျဖၾကားျခင္း မရွိ။

ရွဲ႕က်ဴရွင္းလည္း ဒီလိုျဖစ္လိမ့္မည္မွန္း သိေနၿပီးသားပင္။ "ခြန္း-ေကာ၊ အဖြဲ႕သားေတြကို အတန္း အရင္သြားတက္ခိုင္းထားလိုက္ပါလား။ ကၽြန္ေတာ္ သူ႔အိမ္ သြားၾကည့္လိုက္ပါ့မယ္။"

သြမ့္ယိခြန္း ေမးလာသည္။ "ငါ ဘယ္လိုလုပ္ မေန႔ညက KTV မွာ မင္းတို႔ႏွစ္ေယာက္ ျပႆနာတက္သြားၾကတယ္လို႔ ၾကားခဲ့ရတာလဲ။"

'ဘယ္သူမ်ား သြားတိုင္လိုက္တာလဲ။' သူ ဖုံးထားလို႔မရတာကို ျမင္ခ်ိန္ ရွဲ႕က်ဴရွင္းလည္း ဤမၽွသာေျပာလိုက္ေတာ့သည္။ "စကားနည္းနည္းမ်ားသြား႐ုံပါ။"

သြမ့္ယိခြန္း : "အခု ဒီမွာလည္း အျခားသူေတြမရွိေနဘူးဆိုေတာ့ ငါ သြယ္ဝွက္မေနဘဲ တည့္ပဲေျပာေတာ့မယ္။ စိတ္ေတာ့မခုနဲ႔ကြာ။"

ရွဲ႕က်ဴရွင္းလည္း သူ အေသအခ်ာနားေထာင္ေနေၾကာင္း သိေစရန္ အသံျပဳလိုက္သည္။

သြမ့္ယိခြန္း တည္တည္ၿငိမ္ၿငိမ္ျဖင့္ေျပာလာသည္။ "ေရွာင္ရွဲ႕၊ မင္းက သူ႔ကို မင္းျဖစ္ေစခ်င္တဲ့အတိုင္း ေခ်ာ့ေျပာလို႔ရတယ္။ ဒါကိုက မင္းရဲ့စေကးပဲ။ ဒါေပမယ့္ ဘယ္ေနရာမွာ ရပ္သင့္တယ္ဆိုတာကိုလည္း မင္း သိသင့္တယ္။ အခ်ိဳ႕လမ္းေတြက တစ္ခါသြားၿပီးတာနဲ႔ ျပန္လွည့္လာလို႔ မရေတာ့ဘူး။"

ရွဲ႕က်ဴရွင္း : "... ခြန္း-ေကာ၊ ေကာ အထင္လြဲေနပါၿပီ။"

သြမ့္ယိခြန္း ျပဳံးၿပီးေျပာ၏။ "အထင္လြဲတာဆိုရင္ အေကာင္းဆုံးေပါ့။"

သူေျပာသမၽွ မယုံမွန္း ရွဲ႕က်ဴရွင္း သိထားေပမယ့္ အေသအခ်ာလည္း မရွင္းျပနိုင္။ သူႏွင့္ဝမ္ေခ်ာင္အၾကားရွိဆက္ဆံေရးက ေသခ်ာျခင္း မရွိသလို တည္ၿငိမ္ျခင္းလည္း မရွိ။ အခ်ိန္တစ္ခုေရာက္လာခဲ့ရင္ သူ အဖြဲ႕သားေတြေရာ သြမ့္ယိခြန္းကိုပါ ေျပာျပမွာဆိုေပမယ့္ အခုကေတာ့ အရမ္းေစာလြန္းသည္။

သြမ့္ယိခြန္းလည္း ရွဲ႕က်ဴရွင္း စကားမေျပာလာတာျမင္ခ်ိန္ သူ႔ခန့္မွန္းခ်က္ ပိုေသခ်ာသြားသလိုႏွင့္ အျပဳံးတစ္ခုဖန္တီးလ်က္ ေျပာလာသည္။ "အခုေတာ့ ဒီအေၾကာင္းေတြ မေျပာၾကေသးရေအာင္။ ျမန္ျမန္ သူ႔အိမ္ကို သြားၾကည့္လိုက္။"

ရွဲ႕က်ဴရွင္းလည္း ဒီ့ထက္ပိုၿပီးမေစာင့္နိုင္ေတာ့။ ျဖစ္နိုင္လၽွင္ အေတာင္ပံေပါက္လာၿပီး ထိုေနရာကို ပ်ံသြားခ်င္မိတဲ့အထိ။

သို႔ေသာ္ သူ ဝမ္ေခ်ာင့္တိုက္ခန္းကိုေရာက္ခ်ိန္ တံခါးေခါက္လိုက္ေပမယ့္ ဘယ္သူမွ ျပန္မေျဖ။ တိုက္ခန္းေသာ့ကို သူ ယူလာခဲ့ၿပီးျဖစ္တာမို႔ တံခါးဖြင့္၍ တစ္ခါတည္း အထဲဝင္သြားဖို႔လုပ္ေတာ့သည္။ သို႔ေသာ္ျငား တံခါးဖြင့္လိုက္တာႏွင့္ သူ႔စိတ္လွုပ္ရွားမ်ား ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားရေတာ့သည္။ ဤသည္မွာ ေရေအးပုံးတစ္ပုံးျဖင့္ ေခါင္းေပၚသို႔ ေလာင္းခ်ခံလိုက္သည့္အလား။

အိပ္ရာတစ္ခုလုံး ရွုပ္ပြလ်က္ရွိေနေသးေပမယ့္ ေနရာတြင္ ဘယ္သူမွ မရွိေန။

သူ ဒီကိုလာတဲ့လမ္းတစ္ေလၽွာက္လုံး မဂၤလာဦးညအၿပီး ေနာက္မနက္ခင္းတစ္ခုကို ျဖတ္သန္းေနရတဲ့လူတစ္ေယာက္လို ရွက္ေသြးျဖာမွုအနည္းငယ္ႏွင့္ စိတ္လွုပ္ရွားေနၿပီး ဒီေန႔ ဝမ္ေခ်ာင္ ဘယ္လိုျပႆနာစကားေတြပဲ ေျပာလာပါေစ သည္းခံမယ္ဆိုတဲ့အထိ စိတ္ပိုင္းျဖတ္ထားခဲ့သည္။

သို႔ေပမယ့္ အခုက ဘာအေျခအေနလဲ။ သူ႔သတိုးသမီးေလးကေရာ?

ဝမ္ေခ်ာင္ အိမ္သို႔ျပန္ေျပးသြားခဲ့သည္။

သူ မေန႔ညက အိပ္ေနရင္း ဗိုက္ေအာင့္လာတာမို႔ နိုးလာရၿပီး မနက္မိုးလင္းတဲ့အထိ ဝမ္းေလၽွာေန၍ ထပ္မေတာင့္ခံနိုင္ေတာ့ဘဲ အဝတ္အစားလဲလ်က္ အိမ္သို႔ တရြတ္တိုက္ျပန္သြားၿပီး ဝမ္က်င္းကို ဖက္လို႔ အားပါးတရငိုေႂကြးေတာ့သည္။

မနက္စာ စားေနတဲ့ဝမ္က်င္းမွာ ဝမ္ေခ်ာင့္ေၾကာင့္ ေၾကာင္အသြားရၿပီး သူ႔ေနာက္ေက်ာကို ပုတ္ေပးရင္း ခပ္ဖြဖြေမးလိုက္ရသည္။ "ဘာျဖစ္လို႔လဲ။ ဘယ္သူ မင္းကို အနိုင္က်င့္လို႔လဲ။"

ငိုေနရင္း အေတာ္ၾကာမွ ဝမ္ေခ်ာင္ျပန္ေျပာလာသည္။ "မာလာပုစြန္ခ်က္ စားတာမ်ားသြားလို႔ ကၽြန္ေတာ့္ဖင္နာေနတယ္။"

အျပစ္ကင္းစင္လွတဲ့ပုစြန္လုံးေလးမွာ သူ႔အျဖစ္ကို ျပန္ျငင္းဆန္နိုင္ဖို႔ အခြင့္မရခဲ့။

ဝမ္က်င္း သူ႔ကို ေဆး႐ုံေခၚသြားခ်င္ေပမယ့္ သူကေတာ့ အျပင္းအထန္ျငင္းဆန္လ်က္ ဆင္ေျခေပးလာရသည္။ "ကၽြန္ေတာ္က အိုင္ေဒါဗ်။ ဝမ္းေလ်ာလို႔ ေဆး႐ုံသြားရမွန္း လူေတြသိကုန္ရင္ ရွက္စရာႀကီး။"

သို႔ႏွင့္ ဝမ္က်င္းလည္း သူ႔ကို ေဆးယူေပးၿပီးေတာ့ ေသာက္ခိုင္းရေလသည္။

ဝမ္ေခ်ာင္က သူ႔အလိမ္အညာမ်ားကို ဝမ္က်င္း သိသြားမွာေၾကာက္သလို ဝမ့္ခ်ီကို ပိုေၾကာက္ရတာမို႔ ေမးလိုက္သည္။ "တာ့ေကာေရာ? သူ ဒီၾကားထဲ အိမ္ျပန္လာမွာလား။"

ဝမ္က်င္း ျပန္ေျပာသည္။ "သူ အလုပ္ထြက္ဖို႔ ျပင္ေနတာနဲ႔ သူ႔အလုပ္ေတြ လႊဲေျပာင္းေပးေနရတဲ့ကာလမို႔ ေတာ္ေတာ္အလုပ္ရွုပ္ေနတယ္။ ဒီေနရာကလည္း အလုပ္နဲ႔ေဝးေတာ့ ဒီၾကားထဲေတာ့ အိမ္ျပန္လာဦးမွာ မဟုတ္ဘူး။"

'သူ ရာထူးတိုးေတာ့မွာမဟုတ္ဘူးလား။ ဘာလို႔ အလုပ္ကေန ထြက္မွာလဲ။' ဝမ္ေခ်ာင္ နားမလည္ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ေမးဖို႔လည္း အင္အားမရွိေန။

တကယ္ေတာ့ ဝမ္က်င္းလည္း သံသယ မဝင္တာေတာ့ မဟုတ္။ ဘယ္လိုပဲၾကည့္ၾကည့္ ဝမ္းေလ်ာတာက သိပ္ႀကီးမားတဲ့ေရာဂါမဟုတ္ေပမယ့္ သူ႔ညီကေတာ့ အျမဲလိုလိုေပ်ာ့ဖတ္ၿပီး အလိုလိုက္ခံထားရတာမို႔ သာမန္လူမ်ားအျဖစ္ႏွင့္ သြားယွဥ္ၾကည့္လို႔ မရေန။ သို႔ေပမယ့္ သူကိုယ္တိုင္ကလည္း ေဆး႐ုံသို႔ အျမန္ျပန္သြားရန္လိုေနတာမို႔ ေထြေထြထူးထူး မေတြးေနေတာ့။

အိမ္၌ သုံးရက္ အနားယူေနခ်ိန္အတြင္း ဝမ္ေခ်ာင္ ဖုန္းလည္းမကိုင္သလို Weibo လည္း မသုံး၊ moments လည္း မတင္သလို သူ႔မွာ ဂိမ္းေဆာ့ဖို႔ေတာင္ အင္အား မရွိ။ သို႔ေသာ္ သူ႔ဖုန္းအားကုန္ခါနီးတိုင္း ရွဲ႕က်ဴရွင္း ဖုန္းေခၚခ်ိန္ မဝင္မွာ စိုးရိမ္စိတ္ျဖင့္ အေျပးအားသြင္းဆဲ။

စိတ္တိုဖို႔ေကာင္းလွသည္က ရွဲ႕က်ဴရွင္းက သူ႔ကို တစ္ရက္တစ္ခါသာ ဖုန္းေခၚလာသည္ပင္။

သူ႔က်န္းမာေရးျပန္ေကာင္းလာတာႏွင့္ သူ႔ေဒါသအေျခအေနကလည္း ပိုပိုဆိုးလာေလျဖစ္ေနသည္။ သူ႔အေတြးထဲတြင္ ဘယ္လိုလက္စားေခ်ရမလဲဆိုတာႏွင့္ ၿပီးခဲ့တဲ့သုံးရက္အတြင္း ခံစားခဲ့ရသမၽွကို ရွဲ႕က်ဴရွင္းပါ ခံစားရေလေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာမ်ားသာရွိေန၏။

သူ႔အေနႏွင့္ လက္စားေခ်လို႔ရမည့္ အျခားနည္းလမ္းေတြကိုေတာင္ မေတြးမိ။ သူလည္း ရွဲ႕က်ဴရွင္းလို တုန့္ျပန္တိုက္ခိုက္ခ်င္သည္။ အနည္းဆုံးေတာ့ ကြန္ဒုံးႏွင့္ သုံးႀကိမ္၊ ကြန္ဒုံးမသုံးဘဲ သုံးႀကိမ္ေလာက္ေတာ့ျဖစ္ရမည္။ 

သုံးရက္အၾကာတြင္ သူ ကုမၸဏီ၌ ျပန္ေပၚလာၿပီး အေပၚတက္သြားလိုက္တာႏွင့္ က်ိက်ဲႏွင့္ခ်န္းေယာင့္တို႔ကို မ်က္ႏွာခ်င္းဆိုင္ေတြ႕ေတာ့သည္။

"ျပန္လာေသးတယ္ေပါ့? ငါကျဖင့္ မင္း အဖြဲ႕က ထြက္ၿပီထင္ေနတာ။" က်ိက်ဲ ခ်က္ခ်င္း သူ႔ကိုရန္စေျပာလာသည္။

ဝမ္ေခ်ာင္ ေဒါသတႀကီးျပန္ေျပာလိုက္သည္။ "မင္းပဲ အဖြဲ႕က ထြက္မွာ! မင္းရဲ့ေသာက္ေရးမပါတာေတြ လစ္လိုက္စမ္းပါ!"

ခ်န္ေယာင့္ သူတို႔ရန္ျဖစ္မွာစိုးတာမို႔ အျမန္ဝင္ေျပာရသည္။ "ေခါင္းေဆာင္၊ ဒီၾကားထဲ ကၽြန္ေတာ္တို႔ဖုန္းေခၚတာကို ဘာလို႔မကိုင္တာလဲဗ်ာ။ ရွဲ႕ေကာဆို အရမ္းစိတ္ပူေနတာ။"

ဝမ္ေခ်ာင့္မ်က္ဝန္းမ်ား ခ်က္ခ်င္းဆိုသလိုအေရာင္ေတာက္သြားသည္။ "သူက ဘယ္လိုေတြမ်ားစိတ္ပူေနတာလဲ။"

ခ်န္းေယာင္ေျပာလာ၏။ "သူ ေခါင္းေဆာင့္အိမ္ကိုလည္း ခဏခဏသြားၾကည့္တယ္။ အတန္းထဲလည္း အာ႐ုံပ်ံ႕ေနတာ။ အတန္းနားၿပီဆိုတာနဲ႔ ေခါင္းေဆာင္ တစ္ခုခုတင္ထားေသးလား အျမဲေျပးၾကည့္ေတာ့တာပဲ။"

သူတို႔ေခါင္းေဆာင္ကို စိတ္ေက်နပ္ေစဖို႔ သူလည္း ခ်ဲ့ကားေျပာရေတာ့သည္။ 

သို႔ေပမယ့္ ေခါင္းေဆာင္ျဖစ္သူက ခ်က္ခ်င္းယုံသြားၿပီး အနိုင္ရသူတစ္ေယာက္လိုေျပာလာသည္။ "သူ အခုဘယ္မွာလဲ။ ကုမၸဏီမွာပဲလား။"

ဒီတစ္ႀကိမ္မွာေတာ့ ခ်န္းေယာင့္ ဘာေျဖရမလဲ တကယ္ မသိေတာ့တာမို႔ က်ိက်ဲကို လွမ္းၾကည့္ရေလသည္။

က်ိက်ဲေျပာလာသည္။ "အကေလ့က်င့္ခန္းထဲမွာ ေလ့က်င့္ေနတာလားပဲ။"

ထို႔ေနာက္မွာေတာ့ ဝမ္ေခ်ာင္ ေလ့က်င့္ခန္းရွိရာသို႔ ေပ်ာ္ေပ်ာ္ႀကီးထြက္သြားေလသည္။

က်ိက်ဲႏွင့္ ခ်န္းေယာင့္လည္း အခ်င္းခ်င္းၾကည့္ရင္း ေခါင္းတခါခါျဖစ္ေနမိေတာ့သည္။

ရွဲ႕က်ဴရွင္း အေတာ္ၾကာေအာင္ ကထားတာမို႔ အကၤ်ီတြင္ ေခၽြးမ်ားရႊဲစိုေနၿပီး သူ သူ႔တီရွပ္အကၤ်ီစကို ပခုံးေပၚ ဆြဲတင္ထားလ်က္ ေရတစ္ဘူးကို လွမ္းဆြဲေသာက္ရင္း ဖုန္းကလိေန၏။

ဝမ္ေခ်ာင့္ဖုန္းက အျမဲလိုလိုစက္ဖြင့္ထားေပမယ့္ သူဖုန္းေခၚသမၽွကို ျပန္မေျဖ။ ေသခ်ာသေလာက္ ကေလးဆန္ဆန္စိတ္ဆိုးျပေနျခင္းပင္။

ဝမ္ေခ်ာင္ တံခါးကို ခပ္ဟဟေလးတြန္းၾကည့္ရင္း အထဲ၌ လူရွိေနတာ ေသခ်ာမွ ေမာက္မာျခင္းအျပည့္ျဖင့္ ဝုန္းကနဲတြန္းဖြင့္လိုက္သည္။

ျပတင္းေပါက္ကို မွီေနတဲ့ရွဲ႕က်ဴရွင္းက ေခါင္းေမာ့ၾကည့္လာၿပီး သူ႔ဆံပင္ထိပ္ဖ်ားတြင္ ေခၽြးစက္ေလးတြဲခိုေနလ်က္ အျပင္ဘက္ရွိေနေရာင္ျခည္ေလးကလည္း ျပတင္းေပါက္မွတစ္ဆင့္ ျဖာက်ေပးေနရာ လူတစ္ကိုယ္လုံး လင္းထိန္သြားေစသည့္အလား။

ဝမ္ေခ်ာင္မွာ သူ႔အစြယ္ေတြ၊ လက္သည္းေတြ ဘယ္လိုထုတ္ျပရမလဲဆိုတာကိုေတာင္ ေမ့သြားရၿပီး တံေတြးၿမိဳခ်မိသြားသည္။ 'ဘယ္လိုျဖစ္လို႔ ေရွာင္ရွဲ႕က ရက္နည္းနည္းေလးပဲ မေတြ႕ရေသးတာေတာင္ ပိုၾကည့္ေကာင္းလာရတာလဲ။'

ရွဲ႕က်ဴရွင္းလည္း ေရဘူးကို ဖ်စ္ညႇစ္ထားမိသည္မွာ ေပါက္ကြဲထြက္သြားေတာ့မည္အထိ။

တစ္ႏွစ္နီးပါးၾကာျမင့္ေနၿပီဟုထင္ရတဲ့သုံးရက္တာက ေနာက္ဆုံးေတာ့ၿပီးဆုံးသြားခဲ့ၿပီ။ 

KittyKitling

T/N : Good Night

Continue Reading

You'll Also Like

1.3M 176K 150
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
3.4M 277K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
266K 42.1K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
829K 147K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။