ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

422K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 46

4.5K 845 19
By PoneyPeach

Unicode
အခန်း ( ၄၆ )

ကျယ်ယန် ထိုလူကို ထိပ်တိုက်ရင်ဆိုင်တွေ့ဖို့ သတ္တိရှိရှိခေါ်ထုတ်ရဲသည်မှာလည်း မူလပိုင်ရှင်ထားရစ်ခဲ့သမျှ ပစ္စည်းတွေထဲမှာ မုကျိုးယိနှင့်ပတ်သက်တာ ဘာတစ်ခုမှ မပါတာကြောင့်ပင်။ Weibo အရန်အကောင့်မှတစ်ပါး မူရင်းပိုင်ရှင်၏ ဆိုရှယ်မီဒီယာများအားလုံးတွင် ဘာဆက်ဆံရေး ဘာသဲလွန်စမှာ ချန်မထားခဲ့ပေ။ 

မူလပိုင်ရှင်က သည်အရန်အကောင့်ကို ဖွင့်ခဲ့သည်ဟု ကောက်ချက်ချနိုင်သော်လည်း မုကျိူးယိ  Weibo ပေါ်မှာတောင် သူ့အိုင်ဒေါလ်ကို မချီးကျူးဖူးပေ။ မူလပိုင်ရှင်သာ မုကျိုးယိ၏ဖန်တစ်ယောက်ဖြစ်ခဲ့ပါလျှင်လည်း ပေါ်ပေါ်ထင်ထင် နောက်ယောင်ခံလိုက်တာမျိုးကို ဘယ်တော့မှ လုပ်ခဲ့မှာမဟုတ်။

ဓာတ်ပုံဝယ်သည့်ကိစ္စကလည်း တစ်စုံတစ်ယောက် တမင်တကာ ကြံစည်ထားသော သတင်းအတုသာ ဖြစ်ရမည်။

ကျယ်ယန်က​တော့ မကြောက်ပေါင်။

သူ့တုံ့ပြန်မှုက ရဲတင်းလွန်းပြီး မှားယွင်းစွပ်စွဲခံရလို့ ဒေါသထွက်နေသည့်လူနှယ် ကောလာဟလဖြန့်သူကိုသာ ရှာဖွေချင်နေ၏။ ထိုအမူအရာက သတင်းကို တိုက်ရိုက်ငြင်းလိုက်တာထက် ပိုယုံဖို့ကောင်းသွားသည်။

Comment နေရာက ခဏမျှ အေးခဲသွားပြန်၏။ ထိုစဥ် လူတစ်​ယောက်က ကျယ်ယန်သည် စတားတစ်ယောက်ဆိုသော နာမည်ကိုအသုံးချဖိအားပေးကာ သတင်းဖြန့်သူ့ကို ထိခိုက်​စေဖို့ ပရိသတ်တွေကို တိုက်တွန်းနေသည်ဟု ထွက်ပြောလာသည်။

ကျယ်ယန် မျက်ခုံးပင့်သွား၏။   “ ကျွန်တော့်ပရိသတ်တွေက လိမ္မာပြီး ဥပဒေကို လိုက်နာတဲ့ ချစ်စရာကလေးလေးတွေပါ။ ကျွန်တော့်ကို နာမည်ဖျက်တဲ့လူကို ကိုယ်ထိလက်ရောက်ထိခိုက်စေမယ့် ကိစ္စမျိုးကို လုပ်ကြမှာမဟုတ်ဘူး။  ဥပဒေအရ … အချက်အလက်တွေကို အားလုံးကို အမှန်လို့ ယူဆရင်တောင်  လူတစ်ယောက်ရဲ့ ဝယ်ယူမှုမှတ်တမ်းကို ချပြတဲ့အပြုအမူက  အွန်လိုင်းအကြမ်းဖက်မှုမြောက်နေပြီမဟုတ်လား။ စျေးသည်တစ်ယောက်က  ဒီမှာရှိနေတဲ့လူအားလုံးရဲ့ ဝယ်ယူမှုမှတ်တမ်းတွေကိုချပြလို့ အတင်းအဖျင်းတွေ ကောလာဟလတွေထွက်လာခဲ့ရင်ရော။ ဒီကိစ္စကို အရေးမကြီးဘူးလို့ပဲ ယူဆကြဦးမှာလား။ အချက်အလက်တွေက အမှားတွေဖြစ်​နေရင် ကိစ္စက ပိုဆိုးသွားပြီလေ။ ငါက ကောလာဟလဖြန့်ဖို့ အသုံးချခံလိုက်ရတာ။ ပြီးတော့ ဒီကောလာဟလမှာ အပြစ်မဲ့တဲ့ စီနီယာကိုပါ ဆွဲထည့်ထားသေးတယ်။ အရာအားလုံးကို ဖြေရှင်းပြီး ကောလာဟလတွေ ဆက်မပြန့်ပွားစေဖို့  ဒီလူကို ငါရင်ဆိုင်သင့်တယ် မဟုတ်ဘူးလား။ ”

Commentနေရာက ထပ်တိတ်သွားပြန်၏။

“ လူဆိုတာ ပြောရင်ပြောတဲ့အတိုင်း လုပ်နိုင်ရမယ်။ ငါက စတားတစ်ယောက်ဆိုတာနဲ့ မင်း ငါ့ကို မဟုတ်တမ်းတရားတွေ စွပ်စွဲလို့မရဘူး။ ”  ကျယ်ယန် မတ်တပ်ထရပ်လိုက်၏။  

“ အနုပညာရှင်တွေကလည်း ဥပဒေရဲ့ ကာကွယ်မှုကို ထံယူထိုက်တဲ့ နိုင်ငံသားတွေပဲ။ သူတို့မှာလည်း ဥပဒေကို သူတို့အကာအကွယ်အဖြစ် အသုံးချပိုင်ခွင့်ရှိတယ်။ ဒီနေ့လို အတိုက်အခံတွေဖြစ်လာအောင် ကောလာဟလတွေဖြန့်၊  ကင်မရာရှုထောင့်ကို တမင်တကာ ကိုင်တွယ်ပြီး လုပ်ကြံတဲ့ မားကတ်တင်းအကောင့်တွေ မင်းတို့လုပ်ရပ်က ဥပဒေကို ချိုးဖောက်မှု ရှိမရှိ စဥ်းစားကြည့်ကြပါဦး။ ရဲသားလူကြီးမင်းတွေ အိမ်တံခါးထိရောက်လာပြီး ဆိုက်ဘာ(cyber) အကြမ်းဖက်မှုနဲ့ အမှုမစွဲတဲ့အချိန်ထိလည်း အချိန်ဆွဲစဥ်းစားမနေကြနဲ့နော်။ ”

ကင်မရာနောက်ကွယ်မှာထိုင်ကာ ဖုန်းဖြင့် လူထုအမြင်ကိုလိုက်ကြည့်နေသော ဟူပျောင်းသည် စိတ်လှုပ်ရှားဟန်ဖြင့် ရုတ်ခြည်း မတ်တပ်ထရပ်လိုက်၏။ သူက စာရွက်တစ်ရွက်ဆွဲယူကာ စာကြောင်းအကြီးကြီးတစ်ကြောင်းရေးလျက် ကျယ်ယန့်ကို ပြသည်။ 

ကျယ်ယန် စာရွက်ကိုလှမ်းကြည့်လျက် ကင်မရာဘက်သို့ ပြုံးကြည့်လာ၏။  “ ကားပါကင် စောင့်ကြည့်ကင်မရာ အပြည့်ဗားရှင်းထွက်လာပြီတဲ့။ သွားကြည့်ရအောင်။ ”  ထို့နောက် တိုက်ရိုက် live ထုတ်လွှင့်မှုကိုပိတ်ကာ ဟူပျောင်းဆီ လျှောက်သွား၏။

ဟူပျောင်းက ကျယ်ယန့်ကို ဗီဒီယိုဖွင့်ပြရင်း ရှင်းပြသည်။    “ အသစ်ထွက်လာတဲ့ ဗွီဒီယိုက ပြည့်စုံပြီး လုံးဝအကြည်ကွာ။ မင်းနဲ့ ကျီဇယ့်ဟွေ့ ဓာတ်လှေကားကထွက်ပြီး ယွမ်ဖန်နဲ့ဆုံတဲ့နေရာကနေ မင်းပြန်သွားတဲ့အထိကို ရှင်းလင်းနေတာပဲ။ မုကျိုးယိ မင်းကိုထိမိတဲ့နေရာကိုလည်း သေချာ ချဲ့ပြထားတာကွ။ မင်းလက်တွေကို အိတ်ထောင်ထဲ ထည့်ထားပါတယ်ဆိုမှ မင်းတို့က လက်ချင်းချိတ်ထားတယ်တဲ့။ မဖြစ်နိုင်တာတွေ !”

ကျယ်ယန် တစ်ချက်ကြည့်လိုက်တာနှင့် အသစ်ထွက်လာသော ထိုဗီဒီယိုက ဟူပျောင်းပြောသလို အမှန်ပင် ကြည်လင်နေမှန်း တွေ့လိုက်ရ၏။ ကျီဇယ့်ဟွေ့နှင့် ယွမ်ဖန်တို့ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ဆုံမိချိန်မှာ ရှုံ့မဲ့သွားသော အမူအရာများကိုတောင် သေချာမြင်နေရသည်။ ဗွီဒီယိုရှုထောင့်ကလည်း ပြတ်သားရှင်းလင်းလျက်။ ဗီဒီယိုကို အရှေ့ဘက် အပေါ်စီးကနေ ရိုက်ကူးထားကာ လူတိုင်း၏ လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား မြင်နိုင်သည်။

“ ဒါနဲ့ မုကျိုးယိ မင်းကို မတော်တဆ ရိုက်မိတဲ့ကိစ္စက ဘာလို့ နည်းနည်းထူးဆန်းသလို ထင်နေရပါလိမ့်။ ”  ဟူပျောင်းက ဗီဒီယိုနောက်ဆုံးအပိုင်းကို ပြန်ရစ်လိုက်၏။    “ သူက လက်ထောက်ကို ရှာနေတာလေ။  ဘယ်လိုလုပ် လက်ထောက်အနောက်ကနေ မင်းဘက်ကို သေချာလှမ်းလာပြီး သူ့လက်ကိုမြှောက်လိုက်တာကြီးက  …  တိုက်ဆိုင်လွန်းအားကြီးသွားပြီ။ သူ မင်းကို တမင်သက်သက် ရိုက်ချင်နေသလိုကြီးနော်။ ”

ဟူပျောင်းက ကျယ်ယန့်ကို သင်္ကာမကင်းဖြင့် အကဲခတ်၏။ ထို့နောက် ကျယ်ယန့်မျက်နှာကို စိုက်ကြည့်လျက် တွန့်ဆုတ်စွာဖြင့် မေးလာသည်။  “ သူ … မင်းကို တကယ်ကြီးကြိုက်နေတာများလား။ စကားလေး ဘာလေး ပြောဖြစ်ကြ​သေးလား။ ”

ကျယ်ယန် ဟူပျောင်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။   “ ဘာလို့ ကြောက်စရာအကြောင်းတွေလာပြောနေတာလဲ။ ကျွန်တော့်ကို လန့်အောင်လို့။ ”

“……”

ကျယ်ယန် ဟူပျောင်းကို သူ့ရုံးခန်းထဲမှ မောင်းထုတ်ကာ သူ့ဖုန်းဖြင့် Weibo ကိုဖွင့်လျက် အသစ်ထွက်လာသော ဗွီဲဒီယိုကို ရှာကြည့်လိုက်သည်။

ဗီဒီယိုကို သတင်းမီဒီယာ​ကြီးတစ်ခု၏ တရားဝင်အကောင့်မှ တင်ထားတာဖြစ်သည်။ အောက်က comment များကလည်း ထောင်ချီနေပြီး တတိယမြောက် လူကြိုက်များသော comment ကိုတွေ့တော့ ကျယ်ယန် အသံထွက်ရယ်မိသွား၏။

ရေနွေးပူထဲက လောင်ဟွမ် : ??? အနုပညာသတင်းတဲ့လား ? မင်းတို့ ဘယ်သူ့အကြောင်းပြောနေတာလဲ။ မဖြစ်နိုင်တာဟာ မင်းတို့ မှားတင်မိကြတာလား။ ပုံမှန်ဆို နိုင်ငံရေးနဲ့ စီးပွားရေးသတင်းတွေပဲ တင်တာမဟုတ်ဘူးလား။ ဒီနေ့ကျမှ ဘာလို့ အနုပညာသတင်းဘက် ရောက်သွားတာတုန်းဟ။ 

ကျယ်ယန် ရယ်ချင်စိတ်ကိုထိန်းကာ ချိုးရှင်းကို ဖုန်းခေါ်လိုက်၏။

တစ်ဖက်လူက ချက်ချင်း ဖုန်းတန်းကိုင်လိုက်သော်လည်း ပြန်မဖြေပေ။

“ စောင့်ကြည့်ကင်မရာကို တစ်ယောက်ယောက် ရှာတွေ့ခဲ့တာလား။ ”

ချိုးရှင်းက နှုတ်ပိတ်နေဆဲ။

“ ခင်ဗျား ရှာခိုင်းလိုက်တာလား။ ”

နောက်ဆုံးမှာတော့ ချိုးရှင်းက အေးတိအေးစက်ဖြင့် ဆိုလာသည်။  “ လျိုရှားက မင်းတို့တရားရေးရာဌာနခေါင်းဆောင်ကို ဟယ်ကျွင်းနဲ့ တွေ့ဖို့ ရုန်တင်းကို ခေါ်လာပြီလား။ မဟုတ်တမ်းတရားတွေ လျှောက်ဖြန့်ခဲ့တဲ့ ဘယ်မားကတ်တင်းအကောင့်ကိုမှ မလွတ်စေနဲ့။ ”

ကျယ်ယန် ကြိတ်ရယ်လိုက်မိသည်။  “ အင်း ကူညီပေးတဲ့အတွက် ကျေးဇူးဗျာ။ နေ့လည် ထမင်းအတူစားကြမလား။ ”

ချိုးရှင်း အသံတိတ်သွား၏။

“ နေ့လည်ကျ ငါ မင်းကို လာခေါ်မယ်။ ”

ထို့နောက် ချိုးရှင်းဘက်က ဖုန်းအရင်ချသွား၏။

***

နာမည်ကြီးအဆိုတော်လေးနှင့် နာမည်ကြီးပန်းပွင့်လေးတို့ ချစ်နေကြသည့် ဟိုးလေးတကျော်ကျော်သတင်းသည်ကား ကားပါကင် စောင့်ကြည့်ဗီဒီယိုအပြည့်အစုံထွက်လာချိန်မှာတော့ ဟာသတစ်ခုသာ ဖြစ်သွားခဲ့၏။

မကြာပေ။ မုကျိုးယိ၊ ကျီဇယ့်ဟွေ့နှင့် ယွမ်ဖန်တို့မှာလည်း ၎င်းက တွေ့ဆုံမိရုံသက်သက်သာဖြစ်ကြောင်း Weibo ပေါ် ပို့စ်တင်ကာ ရှင်းလင်းချက်ထုတ်ပြန်ရတော့၏။

နောက်တော့ ဟူပျောင်းက အခွင့်အရေးကို အရယူကာ ကျယ်ယန့် ကျောင်းမတက်တာ ကြာသည့်အကြောင်းကို ရှင်းပြခဲ့၏။ အကြောင်းမူကား ကျယ်ယန်သည် အလုပ်သင်လုပ်ရိုးလုပ်စဥ်များကို အပြည့်အဝ လျှောက်ထားလျက် internship ပြီးဖို့ ကြိုးစားနေသည်ဟု။ သူက ကျယ်ယန့်ကိစ္စမှန်သမျှကို ရှင်းထုတ်ရန် အခွင့်အရေးကို အမိအရ အသုံးချခဲ့၏။

ရယ်စရာကိစ္စတစ်ခုကတော့ ကျယ်ယန်၏ အလုပ်သင်ကိစ္စပေါက်ကြားသွားပြီးနောက် ထိုကိစ္စက ပျော်ရွှင်စရာ အကြောင်းအရာတစ်ခုပေါ်လာစေတာပင်။ အဘယ့်ကြောင့်ဆိုသော် လူတစ်ယောက်က လူချမ်းသာတွေ အလုပ်သင်ဆင်းတာက သာမန်လူတွေနှင့် တခြားစီပဲဟု ညည်းညူတာမှ စသည်။ သူတို့မှာ အလုပ်အကိုင် အသဲအသန်ရှာရပြီး ရှာလို့ရပြန်တော့လည်း သူများလက်အောက်မှာ ကျွန်လို အလုပ်လုပ်ကြရသည်။ ထိုစဥ် ကျယ်ယန်၏ အလုပ်သင်ဘဝကတော့ ပွဲဦးထွက်ပြီး ကုမ္ပဏီထောင်လိုက်တာတဲ့လေ။ ထိုညည်းညူစာပေါ်လာတာနှင့် ဖရဲသီးစားနေသော လူများစွာ၏ အာရုံကို ဆွဲဆောင်သွား၏။ လူတိုင်းက သူတို့၏ ခက်ခဲကြမ်းတမ်းလှသော အလုပ်သင်အတွေ့အကြုံများကို မျှဝေကာ ကျယ်ယန့်ကို အားကျမနာလိုကြောင်း ပြောလာကြ၏။

# လူချမ်းသာတွေအတွက် အလုပ်သင် #ဟူသော ခေါင်းစဥ်က ထူးထူးဆန်းဆန်း hot search ထဲဝင်သွားကာ ကျယ်ယန့်လည်း ကြားထဲက အချောင်နာမည်ကြီးသွားပြန်၏။

ကျယ်ယန်ကတော့ ထိုမမျှော်လင့်ထားသော ပျော်စရာအတွေ့အကြုံကို သဘောကျ​နေသည်။ သူက ဝမ်းနည်းပူဆွေးစွာဖြင့် ရေးထားသော ဦးဆုံး comment ကို Forward လုပ်ကာ စာပြန်လိုက်သည် :   internship ဆင်းချင်တဲ့ ဘွဲ့ရပြီးသူများအားလုံး ယန်ရှင်းမှာ ကိုယ်ရေးရာဇဝင်တင်ဖို့ ဖိတ်ခေါ်ပါတယ်။ ယန်ရှင်းအနေနဲ့ ဝန်ထမ်းတွေကို ဘယ်တော့မှ ကျွန်လို ဆက်ဆံမှာမဟုတ်ပါဘူး။

“ လာစားတော့။ ”

comment တွေကို refresh လုပ်ပြီး ပြန်ကြည့်နေသော ကျယ်ယန်သည် အသံကြားတာနှင့်  ဖုန်းကို လိမ်လိမ်မာမာ ချလိုက်၏။ ထို့နောက် စားပွဲသို့ ဝင်ထိုင်လိုက်သည်။ 

ချိုးရှင်းက စားပွဲတစ်ဖက်မှာထိုင်လျက်ရှိကာ သူ့စိတ်အခြေအနေက မနက်ကထက် ပိုမိုကောင်းမွန်နေသည်။ သူက ဆိုလာသည်။    “ ကောလာဟလ​တွေကို အမြန်ဆုံး ဖြေရှင်းရမယ်။ အလွန်ဆုံးကြာ ဒီနေ့နေမကုန်ခင်ပေါ့ မင်းအကြောင်း သတင်းဖြန့်ခဲ့တဲ့လူတွေ မင်းကို ပြန်တောင်းပန်လာလိမ့်မယ်။  ”

ကျယ်ယန် ချိုးရှင်းကို ကြည့်လိုက်မိသည်။

“ ဘာကိစ္စနဲ့လဲ။ ”

ချိုးရှင်းမျက်နှာက ပြန်လည်ခက်ထန်သွားပြီး ထူးထူးဆန်းဆန်း အသံကျယ်သွား၏။   “ မင်းကိစ္စတွေကို ငါဝင်မစွက်ဖက်ကောင်းဘူးလို့ မင်းထင်နေတာလား။ ”

“ ကျွန်တော်က ဖုန်ချင်းလင်မဟုတ်ဘူး။ သူ့လိုလည်း မဆိုးဘူး။ ”  ကျယ်ယန်က ချိုးရှင်းအတွက် စွပ်ပြုတ်တစ်ပန်းကန် ခပ်ထည့်ပေးကာ သူ့အတွက်လည်း ထည့်လိုက်သည်။  ထို့နောက် ပန်ကန်လုံးကိုကောက်ကာ ချိုးရှင်းပန်းကန်လုံးနှင့် အသာတိုက်ကာ ပြောလိုက်သည်။    “ ကျေးဇူး ”

ချိုးရှင်းမျက်နှာက ပြန်ပြေလျော့သွားပြန်၏။ ထို့နောက် စွပ်ပြုတ်ထဲ ဇွန်းနှစ်ကာ မွှေသည်။  “ အဲ့ဒီမုကျိုးယိနဲ့ … နောက်ဆို မင်း သူနဲ့ ဝေးဝေးနေ။ ”

ကျယ်ယန် ရင်ထဲထိတ်ခနဲဖြစ်သွားကာ ချိုးရှင်းမျက်နှာထားကို သေချာအကဲခတ်ကြည့်လိုက်သည်။   “ ဘာလို့လဲ။ ဒီကိစ္စက မုကျိုးယိလုပ်တာမှ မဟုတ်တာ။ သူက ခင်ဗျားတူကိုကြိုက်နေတာဆိုရင် ကျွန်တော်နဲ့ အခုလိုအတင်းအဖျင်းမျိုးထွက်တာက သူ့အတွက် ကောင်းမှာမဟုတ်ဘူး။ ”

“ သူနဲ့ ဘာမှမဆိုင်ဘူးလား။ ”  ချိုးရှင်း ဘာကိုတွေးလိုက်မှန်းမသိပေမဲ့ သူ့အသံက အေးစက်သွား၏။   “ တိုက်ဆိုင်မှုဆိုတာကို ငါ မယုံဘူး။ သူက တမင်တကာ မင်းအနားမှ တဝဲလည်လည်လုပ်ပြီး မင်းကိုထိသွားတာ။ သူ သေချာစဥ်းစားရမှာပေါ့။ ဒီတစ်ကြိမ် သတင်းကို သူဖြန့်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကို ရည်ရွယ်ချက်ရှိရှိ တမင်မထိခဲ့ဘူးဆိုရင် ကိစ္စတွေက ဒီလောက်ကြီးထွားလာပါ့မလား။ ”

ချိုးရှင်း စကားဆုံးတာနှင့် စားပွဲပေါ်က ကျယ်ယန့်ဖုန်းက တုန်ခါကာ မက်ဆေ့တစ်စောင် ဝင်လာ၏။

ကျယ်ယန် အရင်လက်ဦးမှုယူကာ ကြည့်လိုက်တော့ မက်ဆေ့ထဲက စာတစ်ခုကို သတိထားမိသွားသွားပြီး ဖုန်းကို ချက်ချင်းလှမ်းယူလိုက်၏။

ချိုးရှင်းက မျက်နှာကြီးမဲမှောင်လျက် စားပွဲကိုတတောက်တောက်ခေါက်လိုက်သည်။  “ ဘာလုပ်တာလဲ။ ဆက်စား။ ”

“ စိတ်ဝင်စားစရာပဲ ”  ကျယ်ယန် သူ့ဖုန်းထဲက မက်ဆေ့ကို ချိုးရှင်းအား ပြလိုက်သည်။  “ နောက်ဆုံးတော့ ခင်ဗျားတူလေး ကျွန်တော့်ကို ဆက်သွယ်လာပြီ။ ဒီကိစ္စက မုကျိုးယိ မလုပ်တာ သေချာတာမလို့ သူ့ကို အထင်မလွှဲဖို့ ပြောထားတယ်ဗျ။  ”

“……”

ချလွမ် !

ချိုးရှင်းက ဇွန်းကို ပန်ကန်လုံးထဲ ပစ်ချလိုက်သည်။

***

ဖုန်ချင်းလင်က ကျယ်ယန့်ကို မုကျိုးယိဘက်က ကာကွယ်ရှင်းလင်းပေးဖို့ ဆက်သွယ်တာကိုမြင်တာနှင့် ချိုးရှင်းမှာ ထမင်းပြီးအောင်တောင် မစားဘဲ ရုံးခန်းထဲ ပြန်ဝင်သွားသည်။ ကျယ်ယန်လည်း ချိုးရှင်းဗိုက်ဆာနေမှာကို စိုးရိမ်ပြီး အဆာပြေ မုန့်တစ်ပန်းကန် ပို့ပေးခဲ့၏။

မုန့်ပို့ပြီးနောက် ဖုန်ချင်းလင်ပို့ထားသော မက်ဆေ့ကို ကျယ်ယန် ပြန်ဖတ်ကြည့်လိုက်သည်။ ဖတ်ကြည့်လေလေ ဇာတ်လိုက်မ၏ အရည်အချင်းကြောင့် ဖုန်ချင်းလင်၏ စေတနာတွေပိုလာသည်ကို မြင်ရလေလေဖြစ်နေ၏။ မဟုတ်လျှင် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မာနခေါင်ခိုက်နေတဲ့ ပုံမှန်လူတစ်ယောက်က သည်လိုရူးမိုက်တဲ့ လုပ်ရပ်မျိုးကို ဘယ်လိုလုပ် လုပ်မှာလဲ။

အရင်တစ်ခါ သူ ချိုးရှင်းအစား ဖုန်ချင်းလင်ကို စကားပြောခဲ့ချိန်က ဖုန်ချင်းလင် ကျယ်ယန့်ကို သူ့ဘက်ကစပြီး မဆက်သွယ်ခဲ့ပေ။ သည်တစ်ခါတော့ ဖုန်ချင်းလင် သူ့ကို ဆက်သွယ်ခဲ့တာက မိန်းမတစ်ယောက်ကြောင့််တဲ့။ ဒါက ဖုန်ချင်းလင်မျက်လုံးထဲမှာ သူ့ဦးလေးက သူစိမ်းမိန်းမတစ်ယောက်လောက်တောင် အဖိုးမတန်ဘူးလို့ ပြောလိုက်တာပဲ မဟုတ်လား။

တကယ့်အမှိုက်ကောင်ပဲ။

ကျယ်ယန် စာပြန်ဖို့ လုပ်လိုက်သည် : ဖျားနေရင်လည်း ဆေးလှုပ်သောက်​လေ။

***

ညနေ ၃ နာရီခန့်၌ ကျယ်ယန်နှင့် မုကျိုးယိတို့ အချစ်ဇာတ်လမ်းအကြောင်း ကောလာဟလဖြန့်ခဲ့သော မားကတ်တင်းအကောင့်များသည် ကျယ်ယန်နှင့် မုကျိုးယိတို့ကို မလိုမုန်းတီးစိတ်ဖြင့် မဟုတ်မမှန် သတင်းလွှင့်ခဲ့မိကြောင်း ဝန်ခံကြကုန်သည်။ သူတို့လုပ်ရပ်အတွက် ဥပဒေအရ အပြစ်ဒဏ်ခံယူဖို့ ဆန္ဒရှိ​ကြောင်းလည်း ဖော်ပြလာကြ၏။

မုန်တိုင်းဆဲပြီဟု ထင်နေကြသော လူများမှာ ကြက်သေသေသွားကြသည်။

သူတို့ နှစ်ပေါင်းများစွာ ဖရဲသီးစားကာ ရုပ်ရှင်ဧကရာဇ်များနှင့် တက်သစ်စများကို မားကတ်တင်းအကောင့်များက အ​ကြောက်အလန့်မရှိ နာမည်ဖျက်သည်များကို စောင့်ကြည့်ခဲ့ကြ၏။ သည်လူတွေကြောက်လန့်နေမည့် မြင်ကွင်းကို မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြရာ ရုတ်တရက် ပျော်ရွှင်သွားကြ၏။ သည်မားကတ်တင်းအကောင့်တွေက ဆေးထိုးခံလိုက်ရသလိုပဲ။ သူတို့ နာမည်ဖျက်ခဲ့တဲ့လူကို ရိုသေလေးစားစွာဖြင့် တောင်းပန်နေကြသည်။

ဒီပွဲကတော့ နည်းနည်းလွဲနေပြီ။ ဖရဲသီးစားနေသော အင်တာနက်အသုံးပြုသူများမှာ အနံ့တစ်ခုရပြီး အံ့အားသင့်နေကြ၏။

သို့သော် သည်လောက်နှင့် မပြီသေး။ မကြာခင်မှာပဲ အမည်မဖော်ပဲ ပို့စ်တင်ခဲ့သူက သူ့ Weibo အကောင့်ကိုသုံးကာ ကျယ်ယန့်က internship ကြောင့် ကျောင်းမတက်ရတာကို မနာလိုပြီး ပို့စ်တင်ခဲ့သည့်အတွက် တောင်းပန်ကြောင်းတင်လာသည်။

screenshot တွေ ဖြန့်ခဲ့သူကလည်း သူ့၏ နောက်ထပ်အတန်းဖော်တစ်ယောက်ဖြစ်ကြောင်း ဝန်ခံ၏။ နှစ်ယောက်လုံးက မနာလိုပြီး ပူးပေါင်းကြံစည်ခဲ့ကြတာဖြစ်သည်။ စကားပြောမှတ်တမ်းတွေကလည်း ကျောင်းသားဟောင်းများအဖွဲ့က သူ့အခန်းဖော်တစ်ယောက်ထံမှ ရခဲ့တာဖြစ်လို့ အမှန်ဟုတ်မဟုတ်ကို မဆုံးဖြတ်နိုင်ပေ။ 

နောက်ဆုံးပိတ်မှာတော့ ဟွမ်ထျန်းနှင့် ဆက်နွှယ်နေသော အသံသွင်းစတူဒီယိုက Weibo မှာ တောင်းပန်လာ၏။ စောင့်ကြည့်ဗီဒီယိုပေါက်ကြားမှုက သူတို့၏ စီမံခန့်ခွဲမှု ညံ့ဖျင်း၍ဖြစ်ရာ သူတို့တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြားလာ၏။ 

သည်လိုဖြင့် လူထုအမြင်ကို ဝရုန်းသုန်းကားဖြစ်စေခဲ့သူမှန်သမျှက ကျယ်ယန့်ကို တောင်းပန်ခဲ့ပြီးဖြစ်လေသည်။

ဖရဲသီးစားနေသော မိတ်ဆွေများနှင့် ကျယ်ယန့်ပရိသတ်များမှာ ကြောင်အသွားကြလေပြီ။ ကျယ်ယန့်၏ ကိုယ့်ကိုယ်ကို မော်ကြွားမှုနှင့် မုကျိုးယိ၏ ကျော်ကြားမှုကို ပုတ်ခတ်နေကြသော မားကတ်တင်းအကောင့်များမှာ ချက်ချင်းလက်ငင်းကို အမြီးကုတ်သွားကြသည်။ မုန်တိုင်းက ဘယ်တုန်းကမှမတိုက်ခဲ့သလို ငြိမ်သက်သွားသည့်တိုင် လူတိုင်းက တဝဲလည်လည်ဖြင့် သေချာမစဥ်းစားကြည့်ဘဲ မနေနိုင်အောင် တွေးကျန်ရစ်ခဲ့ကြတော့လေသတည်း။


━━━━━━━━━━━━━━━━━━━━━━━










Zawgyi
အခန္း ( ၄၆ )

က်ယ္ယန္ ထိုလူကို ထိပ္တိုက္ရင္ဆိုင္ေတြ႕ဖို႔ သတၱိရွိရွိေခၚထုတ္ရဲသည္မွာလည္း မူလပိုင္ရွင္ထားရစ္ခဲ့သမွ် ပစၥည္းေတြထဲမွာ မုက်ိဳးယိႏွင့္ပတ္သက္တာ ဘာတစ္ခုမွ မပါတာေၾကာင့္ပင္။ Weibo အရန္အေကာင့္မွတစ္ပါး မူရင္းပိုင္ရွင္၏ ဆိုရွယ္မီဒီယာမ်ားအားလုံးတြင္ ဘာဆက္ဆံေရး ဘာသဲလြန္စမွာ ခ်န္မထားခဲ့ေပ။ 

မူလပိုင္ရွင္က သည္အရန္အေကာင့္ကို ဖြင့္ခဲ့သည္ဟု ေကာက္ခ်က္ခ်နိဳင္ေသာ္လည္း မုက်ိဴးယိ  Weibo ေပၚမွာေတာင္ သူ႕အိုင္ေဒါလ္ကို မခ်ီးက်ဴးဖူးေပ။ မူလပိုင္ရွင္သာ မုက်ိဳးယိ၏ဖန္တစ္ေယာက္ျဖစ္ခဲ့ပါလွ်င္လည္း ေပၚေပၚထင္ထင္ ေနာက္ေယာင္ခံလိုက္တာမ်ိဳးကို ဘယ္ေတာ့မွ လုပ္ခဲ့မွာမဟုတ္။

ဓာတ္ပုံဝယ္သည့္ကိစၥကလည္း တစ္စုံတစ္ေယာက္ တမင္တကာ ႀကံစည္ထားေသာ သတင္းအတုသာ ျဖစ္ရမည္။

က်ယ္ယန္က​ေတာ့ မေၾကာက္ေပါင္။

သူ႕တုံ႕ျပန္မႈက ရဲတင္းလြန္းၿပီး မွားယြင္းစြပ္စြဲခံရလို႔ ေဒါသထြက္ေနသည့္လူႏွယ္ ေကာလာဟလျဖန့္သူကိုသာ ရွာေဖြခ်င္ေန၏။ ထိုအမူအရာက သတင္းကို တိုက္ရိုက္ျငင္းလိုက္တာထက္ ပိုယုံဖို႔ေကာင္းသြားသည္။

Comment ေနရာက ခဏမွ် ေအးခဲသြားျပန္၏။ ထိုစဥ္ လူတစ္​ေယာက္က က်ယ္ယန္သည္ စတားတစ္ေယာက္ဆိုေသာ နာမည္ကိုအသုံးခ်ဖိအားေပးကာ သတင္းျဖန့္သူ႕ကို ထိခိုက္​ေစဖို႔ ပရိသတ္ေတြကို တိုက္တြန္းေနသည္ဟု ထြက္ေျပာလာသည္။

က်ယ္ယန္ မ်က္ခုံးပင့္သြား၏။   “ ကြၽန္ေတာ့္ပရိသတ္ေတြက လိမၼာၿပီး ဥပေဒကို လိုက္နာတဲ့ ခ်စ္စရာကေလးေလးေတြပါ။ ကြၽန္ေတာ့္ကို နာမည္ဖ်က္တဲ့လူကို ကိုယ္ထိလက္ေရာက္ထိခိုက္ေစမယ့္ ကိစၥမ်ိဳးကို လုပ္ၾကမွာမဟုတ္ဘူး။  ဥပေဒအရ … အခ်က္အလက္ေတြကို အားလုံးကို အမွန္လို႔ ယူဆရင္ေတာင္  လူတစ္ေယာက္ရဲ႕ ဝယ္ယူမႈမွတ္တမ္းကို ခ်ျပတဲ့အျပဳအမူက  အြန္လိုင္းအၾကမ္းဖက္မႈေျမာက္ေနၿပီမဟုတ္လား။ ေစ်းသည္တစ္ေယာက္က  ဒီမွာရွိေနတဲ့လူအားလုံးရဲ႕ ဝယ္ယူမႈမွတ္တမ္းေတြကိုခ်ျပလို႔ အတင္းအဖ်င္းေတြ ေကာလာဟလေတြထြက္လာခဲ့ရင္ေရာ။ ဒီကိစၥကို အေရးမႀကီးဘူးလို႔ပဲ ယူဆၾကဦးမွာလား။ အခ်က္အလက္ေတြက အမွားေတြျဖစ္​ေနရင္ ကိစၥက ပိုဆိုးသြားၿပီေလ။ ငါက ေကာလာဟလျဖန့္ဖို႔ အသုံးခ်ခံလိုက္ရတာ။ ၿပီးေတာ့ ဒီေကာလာဟလမွာ အျပစ္မဲ့တဲ့ စီနီယာကိုပါ ဆြဲထည့္ထားေသးတယ္။ အရာအားလုံးကို ေျဖရွင္းၿပီး ေကာလာဟလေတြ ဆက္မျပန့္ပြားေစဖို႔  ဒီလူကို ငါရင္ဆိုင္သင့္တယ္ မဟုတ္ဘူးလား။ ”

Commentေနရာက ထပ္တိတ္သြားျပန္၏။

“ လူဆိုတာ ေျပာရင္ေျပာတဲ့အတိုင္း လုပ္နိုင္ရမယ္။ ငါက စတားတစ္ေယာက္ဆိုတာနဲ႕ မင္း ငါ့ကို မဟုတ္တမ္းတရားေတြ စြပ္စြဲလို႔မရဘူး။ ”  က်ယ္ယန္ မတ္တပ္ထရပ္လိုက္၏။  

“ အႏုပညာရွင္ေတြကလည္း ဥပေဒရဲ႕ ကာကြယ္မႈကို ထံယူထိုက္တဲ့ နိုင္ငံသားေတြပဲ။ သူတို႔မွာလည္း ဥပေဒကို သူတို႔အကာအကြယ္အျဖစ္ အသုံးခ်ပိဳင္ခြင့္ရွိတယ္။ ဒီေန႕လို အတိုက္အခံေတြျဖစ္လာေအာင္ ေကာလာဟလေတြျဖန့္၊  ကင္မရာရႈေထာင့္ကို တမင္တကာ ကိုင္တြယ္ၿပီး လုပ္ႀကံတဲ့ မားကတ္တင္းအေကာင့္ေတြ မင္းတို႔လုပ္ရပ္က ဥပေဒကို ခ်ိဳးေဖာက္မႈ ရွိမရွိ စဥ္းစားၾကည့္ၾကပါဦး။ ရဲသားလူႀကီးမင္းေတြ အိမ္တံခါးထိေရာက္လာၿပီး ဆိုက္ဘာ(cyber) အၾကမ္းဖက္မႈနဲ႕ အမႈမစြဲတဲ့အခ်ိန္ထိလည္း အခ်ိန္ဆြဲစဥ္းစားမေနၾကနဲ႕ေနာ္။ ”

ကင္မရာေနာက္ကြယ္မွာထိုင္ကာ ဖုန္းျဖင့္ လူထုအျမင္ကိုလိုက္ၾကည့္ေနေသာ ဟူေပ်ာင္းသည္ စိတ္လႈပ္ရွားဟန္ျဖင့္ ႐ုတ္ျခည္း မတ္တပ္ထရပ္လိုက္၏။ သူက စာ႐ြက္တစ္႐ြက္ဆြဲယူကာ စာေၾကာင္းအႀကီးႀကီးတစ္ေၾကာင္းေရးလ်က္ က်ယ္ယန့္ကို ျပသည္။ 

က်ယ္ယန္ စာ႐ြက္ကိုလွမ္းၾကည့္လ်က္ ကင္မရာဘက္သို႔ ၿပဳံးၾကည့္လာ၏။  “ ကားပါကင္ ေစာင့္ၾကည့္ကင္မရာ အျပည့္ဗားရွင္းထြက္လာၿပီတဲ့။ သြားၾကည့္ရေအာင္။ ”  ထို႔ေနာက္ တိုက္ရိုက္ live ထုတ္လႊင့္မႈကိုပိတ္ကာ ဟူေပ်ာင္းဆီ ေလွ်ာက္သြား၏။

ဟူေပ်ာင္းက က်ယ္ယန့္ကို ဗီဒီယိုဖြင့္ျပရင္း ရွင္းျပသည္။    “ အသစ္ထြက္လာတဲ့ ဗြီဒီယိုက ျပည့္စုံၿပီး လုံးဝအၾကည္ကြာ။ မင္းနဲ႕ က်ီဇယ့္ေဟြ႕ ဓာတ္ေလွကားကထြက္ၿပီး ယြမ္ဖန္နဲ႕ဆုံတဲ့ေနရာကေန မင္းျပန္သြားတဲ့အထိကို ရွင္းလင္းေနတာပဲ။ မုက်ိဳးယိ မင္းကိုထိမိတဲ့ေနရာကိုလည္း ေသခ်ာ ခ်ဲ့ျပထားတာကြ။ မင္းလက္ေတြကို အိတ္ေထာင္ထဲ ထည့္ထားပါတယ္ဆိုမွ မင္းတို႔က လက္ခ်င္းခ်ိတ္ထားတယ္တဲ့။ မျဖစ္နိုင္တာေတြ !”

က်ယ္ယန္ တစ္ခ်က္ၾကည့္လိုက္တာႏွင့္ အသစ္ထြက္လာေသာ ထိုဗီဒီယိုက ဟူေပ်ာင္းေျပာသလို အမွန္ပင္ ၾကည္လင္ေနမွန္း ေတြ႕လိုက္ရ၏။ က်ီဇယ့္ေဟြ႕ႏွင့္ ယြမ္ဖန္တို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ဆုံမိခ်ိန္မွာ ရႈံ႕မဲ့သြားေသာ အမူအရာမ်ားကိုေတာင္ ေသခ်ာျမင္ေနရသည္။ ဗြီဒီယိုရႈေထာင့္ကလည္း ျပတ္သားရွင္းလင္းလ်က္။ ဗီဒီယိုကို အေရွ႕ဘက္ အေပၚစီးကေန ရိုက္ကူးထားကာ လူတိုင္း၏ လႈပ္ရွားမႈမ်ားကို ျပတ္ျပတ္သားသား ျမင္နိုင္သည္။

“ ဒါနဲ႕ မုက်ိဳးယိ မင္းကို မေတာ္တဆ ရိုက္မိတဲ့ကိစၥက ဘာလို႔ နည္းနည္းထူးဆန္းသလို ထင္ေနရပါလိမ့္။ ”  ဟူေပ်ာင္းက ဗီဒီယိုေနာက္ဆုံးအပိုင္းကို ျပန္ရစ္လိုက္၏။    “ သူက လက္ေထာက္ကို ရွာေနတာေလ။  ဘယ္လိုလုပ္ လက္ေထာက္အေနာက္ကေန မင္းဘက္ကို ေသခ်ာလွမ္းလာၿပီး သူ႕လက္ကိုျမႇောက္လိုက္တာႀကီးက  …  တိုက္ဆိုင္လြန္းအားႀကီးသြားၿပီ။ သူ မင္းကို တမင္သက္သက္ ရိုက္ခ်င္ေနသလိုႀကီးေနာ္။ ”

ဟူေပ်ာင္းက က်ယ္ယန့္ကို သကၤာမကင္းျဖင့္ အကဲခတ္၏။ ထို႔ေနာက္ က်ယ္ယန့္မ်က္ႏွာကို စိုက္ၾကည့္လ်က္ တြန့္ဆုတ္စြာျဖင့္ ေမးလာသည္။  “ သူ … မင္းကို တကယ္ႀကီးႀကိဳက္ေနတာမ်ားလား။ စကားေလး ဘာေလး ေျပာျဖစ္ၾက​ေသးလား။ ”

က်ယ္ယန္ ဟူေပ်ာင္းကို စူးစူးရဲရဲ စိုက္ၾကည့္လိုက္၏။   “ ဘာလို႔ ေၾကာက္စရာအေၾကာင္းေတြလာေျပာေနတာလဲ။ ကြၽန္ေတာ့္ကို လန့္ေအာင္လို႔။ ”

“……”

က်ယ္ယန္ ဟူေပ်ာင္းကို သူ႕႐ုံးခန္းထဲမွ ေမာင္းထုတ္ကာ သူ႕ဖုန္းျဖင့္ Weibo ကိုဖြင့္လ်က္ အသစ္ထြက္လာေသာ ဗြီဲဒီယိုကို ရွာၾကည့္လိုက္သည္။

ဗီဒီယိုကို သတင္းမီဒီယာ​ႀကီးတစ္ခု၏ တရားဝင္အေကာင့္မွ တင္ထားတာျဖစ္သည္။ ေအာက္က comment မ်ားကလည္း ေထာင္ခ်ီေနၿပီး တတိယေျမာက္ လူႀကိဳက္မ်ားေသာ comment ကိုေတြ႕ေတာ့ က်ယ္ယန္ အသံထြက္ရယ္မိသြား၏။

ေရေႏြးပူထဲက ေလာင္ဟြမ္ : ??? အႏုပညာသတင္းတဲ့လား ? မင္းတို႔ ဘယ္သူ႕အေၾကာင္းေျပာေနတာလဲ။ မျဖစ္နိုင္တာဟာ မင္းတို႔ မွားတင္မိၾကတာလား။ ပုံမွန္ဆို နိုင္ငံေရးနဲ႕ စီးပြားေရးသတင္းေတြပဲ တင္တာမဟုတ္ဘူးလား။ ဒီေန႕က်မွ ဘာလို႔ အႏုပညာသတင္းဘက္ ေရာက္သြားတာတုန္းဟ။ 

က်ယ္ယန္ ရယ္ခ်င္စိတ္ကိုထိန္းကာ ခ်ိဳးရွင္းကို ဖုန္းေခၚလိုက္၏။

တစ္ဖက္လူက ခ်က္ခ်င္း ဖုန္းတန္းကိုင္လိုက္ေသာ္လည္း ျပန္မေျဖေပ။

“ ေစာင့္ၾကည့္ကင္မရာကို တစ္ေယာက္ေယာက္ ရွာေတြ႕ခဲ့တာလား။ ”

ခ်ိဳးရွင္းက ႏႈတ္ပိတ္ေနဆဲ။

“ ခင္ဗ်ား ရွာခိုင္းလိုက္တာလား။ ”

ေနာက္ဆုံးမွာေတာ့ ခ်ိဳးရွင္းက ေအးတိေအးစက္ျဖင့္ ဆိုလာသည္။  “ လ်ိဳရွားက မင္းတို႔တရားေရးရာဌာနေခါင္းေဆာင္ကို ဟယ္ကြၽင္းနဲ႕ ေတြ႕ဖို႔ ႐ုန္တင္းကို ေခၚလာၿပီလား။ မဟုတ္တမ္းတရားေတြ ေလွ်ာက္ျဖန့္ခဲ့တဲ့ ဘယ္မားကတ္တင္းအေကာင့္ကိုမွ မလြတ္ေစနဲ႕။ ”

က်ယ္ယန္ ႀကိတ္ရယ္လိုက္မိသည္။  “ အင္း ကူညီေပးတဲ့အတြက္ ေက်းဇူးဗ်ာ။ ေန႕လည္ ထမင္းအတူစားၾကမလား။ ”

ခ်ိဳးရွင္း အသံတိတ္သြား၏။

“ ေန႕လည္က် ငါ မင္းကို လာေခၚမယ္။ ”

ထို႔ေနာက္ ခ်ိဳးရွင္းဘက္က ဖုန္းအရင္ခ်သြား၏။

***

နာမည္ႀကီးအဆိုေတာ္ေလးႏွင့္ နာမည္ႀကီးပန္းပြင့္ေလးတို႔ ခ်စ္ေနၾကသည့္ ဟိုးေလးတေက်ာ္ေက်ာ္သတင္းသည္ကား ကားပါကင္ ေစာင့္ၾကည့္ဗီဒီယိုအျပည့္အစုံထြက္လာခ်ိန္မွာေတာ့ ဟာသတစ္ခုသာ ျဖစ္သြားခဲ့၏။

မၾကာေပ။ မုက်ိဳးယိ၊ က်ီဇယ့္ေဟြ႕ႏွင့္ ယြမ္ဖန္တို႔မွာလည္း ၎က ေတြ႕ဆုံမိ႐ုံသက္သက္သာျဖစ္ေၾကာင္း Weibo ေပၚ ပို႔စ္တင္ကာ ရွင္းလင္းခ်က္ထုတ္ျပန္ရေတာ့၏။

ေနာက္ေတာ့ ဟူေပ်ာင္းက အခြင့္အေရးကို အရယူကာ က်ယ္ယန့္ ေက်ာင္းမတက္တာ ၾကာသည့္အေၾကာင္းကို ရွင္းျပခဲ့၏။ အေၾကာင္းမူကား က်ယ္ယန္သည္ အလုပ္သင္လုပ္ရိုးလုပ္စဥ္မ်ားကို အျပည့္အဝ ေလွ်ာက္ထားလ်က္ internship ၿပီးဖို႔ ႀကိဳးစားေနသည္ဟု။ သူက က်ယ္ယန့္ကိစၥမွန္သမွ်ကို ရွင္းထုတ္ရန္ အခြင့္အေရးကို အမိအရ အသုံးခ်ခဲ့၏။

ရယ္စရာကိစၥတစ္ခုကေတာ့ က်ယ္ယန္၏ အလုပ္သင္ကိစၥေပါက္ၾကားသြားၿပီးေနာက္ ထိုကိစၥက ေပ်ာ္႐ႊင္စရာ အေၾကာင္းအရာတစ္ခုေပၚလာေစတာပင္။ အဘယ့္ေၾကာင့္ဆိုေသာ္ လူတစ္ေယာက္က လူခ်မ္းသာေတြ အလုပ္သင္ဆင္းတာက သာမန္လူေတြႏွင့္ တျခားစီပဲဟု ညည္းၫူတာမွ စသည္။ သူတို႔မွာ အလုပ္အကိုင္ အသဲအသန္ရွာရၿပီး ရွာလို႔ရျပန္ေတာ့လည္း သူမ်ားလက္ေအာက္မွာ ကြၽန္လို အလုပ္လုပ္ၾကရသည္။ ထိုစဥ္ က်ယ္ယန္၏ အလုပ္သင္ဘဝကေတာ့ ပြဲဦးထြက္ၿပီး ကုမၸဏီေထာင္လိုက္တာတဲ့ေလ။ ထိုညည္းၫူစာေပၚလာတာႏွင့္ ဖရဲသီးစားေနေသာ လူမ်ားစြာ၏ အာ႐ုံကို ဆြဲေဆာင္သြား၏။ လူတိုင္းက သူတို႔၏ ခက္ခဲၾကမ္းတမ္းလွေသာ အလုပ္သင္အေတြ႕အႀကဳံမ်ားကို မွ်ေဝကာ က်ယ္ယန့္ကို အားက်မနာလိုေၾကာင္း ေျပာလာၾက၏။

# လူခ်မ္းသာေတြအတြက္ အလုပ္သင္ #ဟူေသာ ေခါင္းစဥ္က ထူးထူးဆန္းဆန္း hot search ထဲဝင္သြားကာ က်ယ္ယန့္လည္း ၾကားထဲက အေခ်ာင္နာမည္ႀကီးသြားျပန္၏။

က်ယ္ယန္ကေတာ့ ထိုမေမွ်ာ္လင့္ထားေသာ ေပ်ာ္စရာအေတြ႕အႀကဳံကို သေဘာက်​ေနသည္။ သူက ဝမ္းနည္းပူေဆြးစြာျဖင့္ ေရးထားေသာ ဦးဆုံး comment ကို Forward လုပ္ကာ စာျပန္လိုက္သည္ :   internship ဆင္းခ်င္တဲ့ ဘြဲ႕ရၿပီးသူမ်ားအားလုံး ယန္ရွင္းမွာ ကိုယ္ေရးရာဇဝင္တင္ဖို႔ ဖိတ္ေခၚပါတယ္။ ယန္ရွင္းအေနနဲ႕ ဝန္ထမ္းေတြကို ဘယ္ေတာ့မွ ကြၽန္လို ဆက္ဆံမွာမဟုတ္ပါဘူး။

“ လာစားေတာ့။ ”

comment ေတြကို refresh လုပ္ၿပီး ျပန္ၾကည့္ေနေသာ က်ယ္ယန္သည္ အသံၾကားတာႏွင့္  ဖုန္းကို လိမ္လိမ္မာမာ ခ်လိဳက္၏။ ထို႔ေနာက္ စားပြဲသို႔ ဝင္ထိုင္လိုက္သည္။ 

ခ်ိဳးရွင္းက စားပြဲတစ္ဖက္မွာထိုင္လ်က္ရွိကာ သူ႕စိတ္အေျခအေနက မနက္ကထက္ ပိုမိုေကာင္းမြန္ေနသည္။ သူက ဆိုလာသည္။    “ ေကာလာဟလ​ေတြကို အျမန္ဆုံး ေျဖရွင္းရမယ္။ အလြန္ဆုံးၾကာ ဒီေန႕ေနမကုန္ခင္ေပါ့ မင္းအေၾကာင္း သတင္းျဖန့္ခဲ့တဲ့လူေတြ မင္းကို ျပန္ေတာင္းပန္လာလိမ့္မယ္။  ”

က်ယ္ယန္ ခ်ိဳးရွင္းကို ၾကည့္လိုက္မိသည္။

“ ဘာကိစၥနဲ႕လဲ။ ”

ခ်ိဳးရွင္းမ်က္ႏွာက ျပန္လည္ခက္ထန္သြားၿပီး ထူးထူးဆန္းဆန္း အသံက်ယ္သြား၏။   “ မင္းကိစၥေတြကို ငါဝင္မစြက္ဖက္ေကာင္းဘူးလို႔ မင္းထင္ေနတာလား။ ”

“ ကြၽန္ေတာ္က ဖုန္ခ်င္းလင္မဟုတ္ဘူး။ သူ႕လိုလည္း မဆိုးဘူး။ ”  က်ယ္ယန္က ခ်ိဳးရွင္းအတြက္ စြပ္ျပဳတ္တစ္ပန္းကန္ ခပ္ထည့္ေပးကာ သူ႕အတြက္လည္း ထည့္လိုက္သည္။  ထို႔ေနာက္ ပန္ကန္လုံးကိုေကာက္ကာ ခ်ိဳးရွင္းပန္းကန္လုံးႏွင့္ အသာတိုက္ကာ ေျပာလိုက္သည္။    “ ေက်းဇူး ”

ခ်ိဳးရွင္းမ်က္ႏွာက ျပန္ေျပေလ်ာ့သြားျပန္၏။ ထို႔ေနာက္ စြပ္ျပဳတ္ထဲ ဇြန္းႏွစ္ကာ ေမႊသည္။  “ အဲ့ဒီမုက်ိဳးယိနဲ႕ … ေနာက္ဆို မင္း သူနဲ႕ ေဝးေဝးေန။ ”

က်ယ္ယန္ ရင္ထဲထိတ္ခနဲျဖစ္သြားကာ ခ်ိဳးရွင္းမ်က္ႏွာထားကို ေသခ်ာအကဲခတ္ၾကည့္လိုက္သည္။   “ ဘာလို႔လဲ။ ဒီကိစၥက မုက်ိဳးယိလုပ္တာမွ မဟုတ္တာ။ သူက ခင္ဗ်ားတူကိုႀကိဳက္ေနတာဆိုရင္ ကြၽန္ေတာ္နဲ႕ အခုလိုအတင္းအဖ်င္းမ်ိဳးထြက္တာက သူ႕အတြက္ ေကာင္းမွာမဟုတ္ဘူး။ ”

“ သူနဲ႕ ဘာမွမဆိုင္ဘူးလား။ ”  ခ်ိဳးရွင္း ဘာကိုေတြးလိုက္မွန္းမသိေပမဲ့ သူ႕အသံက ေအးစက္သြား၏။   “ တိုက္ဆိုင္မႈဆိုတာကို ငါ မယုံဘူး။ သူက တမင္တကာ မင္းအနားမွ တဝဲလည္လည္လုပ္ၿပီး မင္းကိုထိသြားတာ။ သူ ေသခ်ာစဥ္းစားရမွာေပါ့။ ဒီတစ္ႀကိမ္ သတင္းကို သူျဖန့္ခဲ့တာ မဟုတ္ဘူး။ ဒါေပမဲ့ မင္းကို ရည္႐ြယ္ခ်က္ရွိရွိ တမင္မထိခဲ့ဘူးဆိုရင္ ကိစၥေတြက ဒီေလာက္ႀကီးထြားလာပါ့မလား။ ”

ခ်ိဳးရွင္း စကားဆုံးတာႏွင့္ စားပြဲေပၚက က်ယ္ယန့္ဖုန္းက တုန္ခါကာ မက္ေဆ့တစ္ေစာင္ ဝင္လာ၏။

က်ယ္ယန္ အရင္လက္ဦးမႈယူကာ ၾကည့္လိုက္ေတာ့ မက္ေဆ့ထဲက စာတစ္ခုကို သတိထားမိသြားသြားၿပီး ဖုန္းကို ခ်က္ခ်င္းလွမ္းယူလိုက္၏။

ခ်ိဳးရွင္းက မ်က္ႏွာႀကီးမဲေမွာင္လ်က္ စားပြဲကိုတေတာက္ေတာက္ေခါက္လိုက္သည္။  “ ဘာလုပ္တာလဲ။ ဆက္စား။ ”

“ စိတ္ဝင္စားစရာပဲ ”  က်ယ္ယန္ သူ႕ဖုန္းထဲက မက္ေဆ့ကို ခ်ိဳးရွင္းအား ျပလိုက္သည္။  “ ေနာက္ဆုံးေတာ့ ခင္ဗ်ားတူေလး ကြၽန္ေတာ့္ကို ဆက္သြယ္လာၿပီ။ ဒီကိစၥက မုက်ိဳးယိ မလုပ္တာ ေသခ်ာတာမလို႔ သူ႕ကို အထင္မလႊဲဖို႔ ေျပာထားတယ္ဗ်။  ”

“……”

ခ်လြမ္ !

ခ်ိဳးရွင္းက ဇြန္းကို ပန္ကန္လုံးထဲ ပစ္ခ်လိဳက္သည္။

***

ဖုန္ခ်င္းလင္က က်ယ္ယန့္ကို မုက်ိဳးယိဘက္က ကာကြယ္ရွင္းလင္းေပးဖို႔ ဆက္သြယ္တာကိုျမင္တာႏွင့္ ခ်ိဳးရွင္းမွာ ထမင္းၿပီးေအာင္ေတာင္ မစားဘဲ ႐ုံးခန္းထဲ ျပန္ဝင္သြားသည္။ က်ယ္ယန္လည္း ခ်ိဳးရွင္းဗိုက္ဆာေနမွာကို စိုးရိမ္ၿပီး အဆာေျပ မုန့္တစ္ပန္းကန္ ပို႔ေပးခဲ့၏။

မုန့္ပို႔ၿပီးေနာက္ ဖုန္ခ်င္းလင္ပို႔ထားေသာ မက္ေဆ့ကို က်ယ္ယန္ ျပန္ဖတ္ၾကည့္လိုက္သည္။ ဖတ္ၾကည့္ေလေလ ဇာတ္လိုက္မ၏ အရည္အခ်င္းေၾကာင့္ ဖုန္ခ်င္းလင္၏ ေစတနာေတြပိုလာသည္ကို ျမင္ရေလေလျဖစ္ေန၏။ မဟုတ္လွ်င္ ကိုယ့္ကိုယ္ကို အထင္ႀကီးၿပီး မာနေခါင္ခိုက္ေနတဲ့ ပုံမွန္လူတစ္ေယာက္က သည္လို႐ူးမိုက္တဲ့ လုပ္ရပ္မ်ိဳးကို ဘယ္လိုလုပ္ လုပ္မွာလဲ။

အရင္တစ္ခါ သူ ခ်ိဳးရွင္းအစား ဖုန္ခ်င္းလင္ကို စကားေျပာခဲ့ခ်ိန္က ဖုန္ခ်င္းလင္ က်ယ္ယန့္ကို သူ႕ဘက္ကစၿပီး မဆက္သြယ္ခဲ့ေပ။ သည္တစ္ခါေတာ့ ဖုန္ခ်င္းလင္ သူ႕ကို ဆက္သြယ္ခဲ့တာက မိန္းမတစ္ေယာက္ေၾကာင့္္တဲ့။ ဒါက ဖုန္ခ်င္းလင္မ်က္လုံးထဲမွာ သူ႕ဦးေလးက သူစိမ္းမိန္းမတစ္ေယာက္ေလာက္ေတာင္ အဖိုးမတန္ဘူးလို႔ ေျပာလိုက္တာပဲ မဟုတ္လား။

တကယ့္အမွိုက္ေကာင္ပဲ။

က်ယ္ယန္ စာျပန္ဖို႔ လုပ္လိုက္သည္ : ဖ်ားေနရင္လည္း ေဆးလႈပ္ေသာက္​ေလ။

***

ညေန ၃ နာရီခန့္၌ က်ယ္ယန္ႏွင့္ မုက်ိဳးယိတို႔ အခ်စ္ဇာတ္လမ္းအေၾကာင္း ေကာလာဟလျဖန့္ခဲ့ေသာ မားကတ္တင္းအေကာင့္မ်ားသည္ က်ယ္ယန္ႏွင့္ မုက်ိဳးယိတို႔ကို မလိုမုန္းတီးစိတ္ျဖင့္ မဟုတ္မမွန္ သတင္းလႊင့္ခဲ့မိေၾကာင္း ဝန္ခံၾကကုန္သည္။ သူတို႔လုပ္ရပ္အတြက္ ဥပေဒအရ အျပစ္ဒဏ္ခံယူဖို႔ ဆႏၵရွိ​ေၾကာင္းလည္း ေဖာ္ျပလာၾက၏။

မုန္တိုင္းဆဲၿပီဟု ထင္ေနၾကေသာ လူမ်ားမွာ ၾကက္ေသေသသြားၾကသည္။

သူတို႔ ႏွစ္ေပါင္းမ်ားစြာ ဖရဲသီးစားကာ ႐ုပ္ရွင္ဧကရာဇ္မ်ားႏွင့္ တက္သစ္စမ်ားကို မားကတ္တင္းအေကာင့္မ်ားက အ​ေၾကာက္အလန့္မရွိ နာမည္ဖ်က္သည္မ်ားကို ေစာင့္ၾကည့္ခဲ့ၾက၏။ သည္လူေတြေၾကာက္လန့္ေနမည့္ ျမင္ကြင္းကို ျမင္ရလိမ့္မည္ဟု မေမွ်ာ္လင့္ထားခဲ့ၾကရာ ႐ုတ္တရက္ ေပ်ာ္႐ႊင္သြားၾက၏။ သည္မားကတ္တင္းအေကာင့္ေတြက ေဆးထိုးခံလိုက္ရသလိုပဲ။ သူတို႔ နာမည္ဖ်က္ခဲ့တဲ့လူကို ရိုေသေလးစားစြာျဖင့္ ေတာင္းပန္ေနၾကသည္။

ဒီပြဲကေတာ့ နည္းနည္းလြဲေနၿပီ။ ဖရဲသီးစားေနေသာ အင္တာနက္အသုံးျပဳသူမ်ားမွာ အနံ႕တစ္ခုရၿပီး အံ့အားသင့္ေနၾက၏။

သို႔ေသာ္ သည္ေလာက္ႏွင့္ မၿပီေသး။ မၾကာခင္မွာပဲ အမည္မေဖာ္ပဲ ပို႔စ္တင္ခဲ့သူက သူ႕ Weibo အေကာင့္ကိုသုံးကာ က်ယ္ယန့္က internship ေၾကာင့္ ေက်ာင္းမတက္ရတာကို မနာလိုၿပီး ပို႔စ္တင္ခဲ့သည့္အတြက္ ေတာင္းပန္ေၾကာင္းတင္လာသည္။

screenshot ေတြ ျဖန့္ခဲ့သူကလည္း သူ႕၏ ေနာက္ထပ္အတန္းေဖာ္တစ္ေယာက္ျဖစ္ေၾကာင္း ဝန္ခံ၏။ ႏွစ္ေယာက္လုံးက မနာလိုၿပီး ပူးေပါင္းႀကံစည္ခဲ့ၾကတာျဖစ္သည္။ စကားေျပာမွတ္တမ္းေတြကလည္း ေက်ာင္းသားေဟာင္းမ်ားအဖြဲ႕က သူ႕အခန္းေဖာ္တစ္ေယာက္ထံမွ ရခဲ့တာျဖစ္လို႔ အမွန္ဟုတ္မဟုတ္ကို မဆုံးျဖတ္နိုင္ေပ။ 

ေနာက္ဆုံးပိတ္မွာေတာ့ ဟြမ္ထ်န္းႏွင့္ ဆက္ႏႊယ္ေနေသာ အသံသြင္းစတူဒီယိုက Weibo မွာ ေတာင္းပန္လာ၏။ ေစာင့္ၾကည့္ဗီဒီယိုေပါက္ၾကားမႈက သူတို႔၏ စီမံခန့္ခြဲမႈ ညံ့ဖ်င္း၍ျဖစ္ရာ သူတို႔တာဝန္ယူေျဖရွင္းေပးမည္ျဖစ္ေၾကာင္း ေျပာၾကားလာ၏။ 

သည္လိုျဖင့္ လူထုအျမင္ကို ဝ႐ုန္းသုန္းကားျဖစ္ေစခဲ့သူမွန္သမွ်က က်ယ္ယန့္ကို ေတာင္းပန္ခဲ့ၿပီးျဖစ္ေလသည္။

ဖရဲသီးစားေနေသာ မိတ္ေဆြမ်ားႏွင့္ က်ယ္ယန့္ပရိသတ္မ်ားမွာ ေၾကာင္အသြားၾကေလၿပီ။ က်ယ္ယန့္၏ ကိုယ့္ကိုယ္ကို ေမာ္ႂကြားမႈႏွင့္ မုက်ိဳးယိ၏ ေက်ာ္ၾကားမႈကို ပုတ္ခတ္ေနၾကေသာ မားကတ္တင္းအေကာင့္မ်ားမွာ ခ်က္ခ်င္းလက္ငင္းကို အၿမီးကုတ္သြားၾကသည္။ မုန္တိုင္းက ဘယ္တုန္းကမွမတိုက္ခဲ့သလို ၿငိမ္သက္သြားသည့္တိုင္ လူတိုင္းက တဝဲလည္လည္ျဖင့္ ေသခ်ာမစဥ္းစားၾကည့္ဘဲ မေနနိုင္ေအာင္ ေတြးက်န္ရစ္ခဲ့ၾကေတာ့ေလသတည္း။


━━━━━━━━━━━━━━━━━━━━━━━










Continue Reading

You'll Also Like

337K 8.3K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.5M 344K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...
290K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
765K 46.3K 30
A love contest between a boy who likes to kick football and a little doctor.