Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

38

2.5K 445 121
By callme__kitty

[Unicode]

'ထိုးလို့ရလား'

'ရှောင်ရှဲ့က သူ့ကို ဒီမှာစောင့်နေတာလား။'

"မင်း ငါ့ကိုစောင့်နေရဲသေးတယ်ပေါ့!" သူ ချက်ချင်းအော်ပြောလိုက်သည်။ "မင်း ငါ့မျက်နှာပေါ် ဘယ်လိုတွေလုပ်သွားလဲ ကြည့်! အခု ငါ့ကိုတောင်းပန်စမ်း!"

သူ တစ်သျှူးနှင့် ဖြစ်သလိုသုတ်ခဲ့တာမို့ သူ့မျက်နှာထက်တွင် ခရင်အကြွင်းအကျန်များရှိနေသေးသည်။ ထိုအချိန်မှာပဲ သူ့မျက်လုံးများက ပြူးကျယ်လို့အော်ဟစ်လာတာမို့ ဒေါသတကြီးပုံစံပေါက်ရမည့်အစား အနည်းငယ်မျှရယ်ချင်ဖွယ်ဖြစ်နေတော့သည်။

ရှဲ့ကျူရှင်း သူ့ထံမှ ဒီလိုတုန့်ပြန်မှုမျိုးရလိမ့်မယ်လို့မျှော်လင့်ထားပြီးသားမို့ ပြန်ပြောလိုက်သည်။ "ငါ မင်းကိုတောင်းပန်ပေးမယ်။ မင်း ထောင်းထောင်းကိုရော တောင်းပန်ပြီးပြီလား။"

ဝမ်ချောင် ဒေါသတကြီးပြန်ပြောသည်။ "ငါ ဘာလို့သူ့ကိုတောင်းပန်ရမှာလဲ။ ငါ သူ့ကို စကားတစ်ခွန်းတောင် သွားပြောတာ မဟုတ်ဘူး။"

ရှဲ့ကျူရှင်း ဆက်ပြောသည်။ "ခုနလေးတင် လူတွေအများကြီးရှေ့မှာ မိန်းကလေးတစ်ယောက်ကို ရစရာမရှိအောင် ပြောလိုက်တာ ဘယ်သူလဲ။"

ဝမ်ချောင် မတရားစွပ်စွဲခံရသလိုပြောတော့သည်။ "ဘာ လူအများကြီးအရှေ့မှာ ပြောတာလဲ။ ငါ မင်းကိုပဲ ပြောတာလေ!"

ရှဲ့ကျူရှင်း : "ဒါဆိုရင် ငါ မင်းကို အသံလျော့လို့ပြောတုန်းကရော မင်းနားထောင်လား။"

ဝမ်ချောင် ခဏမျှဒေါသတကြီးလေရှူထုတ်နေပြီးမှပြောလိုက်သည်။ "မင်းကရော ကောင်းကောင်းပြောလို့မရဘူးလား။ လူတိုင်းအရှေ့မှာ ငါ့မျက်နှာကို ကိတ်မုန့်နဲ့ပစ်ပေါက်တယ်။ ငါက ခေါင်းဆောင်ကွ။ ငါကရော မရှက်ရဘူးလား။"

ရှဲ့ကျူရှင်း သူ့ရဲ့တည်တည်တံ့တံ့မျက်နှာသေကို မထိန်းနိုင်တော့မလိုဖြစ်သွားတာမို့ ချောင်းဟန့်ရင်းပြောရတော့သည်။ "တောင်းပန်တယ်ကွာ"

ဝမ်ချောင် သူ့တောင်းပန်စကားကို မလိုချင်လှ။ သူက တစ်ဖက်လူနှင့်အိပ်ချင်ရုံသာဖြစ်ပေမယ့် 'တောင်းပန်တယ်' ဆိုတဲ့စကားကြားချိန်မှာလည်း အတော်လေးခံစားရအဆင်ပြေသွားတော့သည်။ သူ ဘဝင်ခိုက်နေတဲ့မျက်နှာအမူအရာဖြင့် ကားသော့ကိုပစ်ပေးရင်း ပြောလာသည်။ "ငါ အရက်သောက်ထားလို့ မောင်းမရဘူး။ မင်း ငါ့ကိုအိမ်ပြန်ပို့ပေး။"

အိမ်အရင်ပြန်ပြီးတော့မှ တစ်ဖက်လူကို ထောင်ချောက်ဆင်ဖမ်းတာပေါ့။'

— လမ်း၌ —

သူ့ဒေါသမီးတောက်က မငြိမ်းသေးတာမို့ ဝမ်ချောင် ဆက်ပြောတော့သည်။ "အရင်က ငါ ယန်ကျားကျားအကြောင်းပြောတိုင်း မင်း သူ့ကိုကာပြောတယ်။ ငါ လက်ခံတယ်။ ငါ မင်းကို သူ့ထက်နောက်ကျပြီးမှ သိခဲ့တာ၊ မင်းက သူနဲ့လည်း အိပ်ထားဖူးတယ်။ မင်း သူ့ကို နည်းနည်းပါးပါးကာပြောရင် ငါ ဘာမှမဖြစ်သလို သဘောထားလိုက်လို့ရတယ်။ အခု မင်းက ဒီထောင်းထောင်းကိုပါ ကာပေးနေပြန်ပြီ။ မင်းတို့သိတာ ဘယ်လောက်ကြာပြီမို့ ..."

သူ ပြောနေရင်းတန့်သွားပြီး အခုနက ရှဲ့ကျူရှင်းနှင့်ထိုကောင်မလေး ရယ်ရယ်မောမော စကားပြောနေတာကို ပြန်တွေးရင်း ချက်ချင်းဆိုသလို ချဉ်တူး၍ သံသယအတွေးတစ်ခုကလည်း ခေါင်းထဲပေါ်လာလေသည်။ "ရှဲ့ကျူရှင်း! မင်း သူနဲ့ တကယ်မအိပ်ရသေးဘူးမလား။"

ရှဲ့ကျူရှင်း : "... အိပ်တာကလွဲပြီး မင်းခေါင်းထဲ ဘာများရှိသေးလဲ။"

ဝမ်ချောင် ဒေါသတကြီးပြောတော့သည်။ "မင်း ကြောင့်ကြတကြီးဖြစ်နေတာလေ! မင်း သူနဲ့တောင် မအိပ်ဖူးသေးဘဲ ဘာလို့အဲ့လိုဖြစ်နေမှာလဲ။ မင်း ဘယ်တုန်းက သူနဲ့ တိတ်တခိုးသွားလုပ်လိုက်တာလဲ!"

ရှဲ့ကျူရှင်း သူနှင့် ကျိုးကြောင်းဆီလျော်အောင်ပြောမရတော့။ "ငါတို့ နေ့တိုင်း တစ်နေကုန် အတူရှိနေတာ။ ငါ အိမ်သာ ဘယ်နှစ်ကြိမ်သွားလဲဆိုတာကအစ မင်းသိတယ်။ ငါ့ဂျူနီယာညီမလေးဆီသွားဖို့ ငါ့မှာအချိန်ရှိလား။"

ဝမ်ချောင် တွေးကြည့်လိုက်သည်။ 'ပြောတာ မှန်မယ့်ပုံပဲ။ သူတို့အချင်းချင်း မလုပ်ရသေးဘူးနဲ့တူတယ်။'

သူ ထပ်ပြီးစိတ်မတိုတော့၊ အနည်းငယ်မျှ စိတ်ပူလာရုံသာ။

ရှောင်ရှဲ့ သူ့ကို ကိတ်မုန့်ဖြင့်ပစ်ပေါက်တဲ့ကိစ္စလည်း သူ ခွင့်လွှတ်ပေးခဲ့ပြီးပြီ။

သူ့မှာ ရှောင်ရှဲ့ အဲ့မိန်းကလေးအဖွဲ့ထဲက ဂျူနီယာညီမလေးနှင့် တိတ်တခိုးအိပ်ထားတယ်ထင်၍ စိတ်တိုနေမိပေမယ့် ရှောင်ရှဲ့က မလုပ်ထား။

ဒါဆို သူ ရှောင်ရှဲ့နဲ့ အိပ်လို့ရော ရပါဦးမလား။

သူ့ပါးစပ်ထဲရှိအနာဖု မပျောက်ရသေးတဲ့အဓိကအကြောင်းအရင်းမှာ ရှောင်ရှဲ့နှင့်အတူအိပ်ချင်တဲ့သူ့ရဲ့စိတ်ကို ချုပ်တည်း၍မွန်းကျပ်လာမှုများကြောင့်သာ။ အခုနလေးကတင် ရှောင်ရှဲ့နှင့် တစ်ပွဲတစ်လမ်းနွှဲဖို့စိတ်ကူးပြီးနောက် သူ့တစ်ကိုယ်လုံး ချက်ချင်းဆိုသလို နေကောင်းကျန်းမာသွားပြီး ခြေလှမ်းများကအစ ပေါ့ပါးသွားသလိုပင်။ သူ့ပါးစပ်နာတာလည်း အတော်လေးလျော့နည်းသွားတော့သည်။

အခုတော့ သူ့ထံတွင် ရှောင်ရှဲ့နှင့်အတူအိပ်ဖို့ ဆင်ခြေခိုင်ခိုင်မာမာလည်း မရှိတော့။ သို့ပေမယ့် သူ လက်လျော့လိုက်ဖို့ မလိုလားသေး။

ရှဲ့ကျူရှင်း စတီယာတိုင်ကို လက်တစ်ဖက်တည်းဖြင့်ကိုင်ထိန်းထားရင်း တစ်ဖက်မှ သူ့အိတ်ကပ်ထဲရှိ အရာဝတ္ထုအသေးလေးကို ဆွဲထုတ်၍ပြောလာသည်။ "ဒီမှာယူလိုက်"

ဝမ်ချောင် လှမ်းယူပြီးနောက် နားမလည်သလိုမေးလိုက်သည်။ "ဒါ ဘာလဲ။"

ရှဲ့ကျူရှင်း ပြန်ဖြေသည်။ "တရုတ်ရိုးရာဆေးမှုန့်၊ ခံတွင်းအပူဖုတွေပျောက်အောင်သုံးရတာ။"

ဝမ်ချောင် : "...ကျေးဇူးပဲ။"

'ထားလိုက်ပါတော့။'

'သူ ခဏနေကျမှပဲ ကျုံးနျန်းစန်းကို ခေါ်လိုက်ပါ့မယ်။ အဲ့ခွေးသားမျက်နှာပေါ် ရှောင်ရှဲ့ပုံကပ်ပြီးပဲ ကိစ္စရှင်းလိုက်တော့မယ်။'

'ရှောင်ရှဲ့သာ ဂေးဆိုရင် ဘယ်လောက်ကောင်းမလဲ။' သူတွေးနေမိသည်။ 'အခုတော့ ရှောင်ရှဲ့က သူ့လိုပဲ အဖြောင့်တစ်ယောက်ဖြစ်နေတယ်။'

တိုက်ခန်းရောက်လို့ ကားပါကင်ထိုးပြီးတာနှင့် ဝမ်ချောင် ကားခါးပတ်ဖြည်ရင်း စိတ်မပါလက်မပါဖြင့်ပြောလိုက်သည်။ "တက္ကစီငှါးမနေနဲ့တော့။ ဒီကားပဲ မောင်းသွားလိုက်။"

ရှဲ့ကျူရှင်းလည်း ကားခါးပတ်ဖြုတ်ရင်းပြန်ပြောလာသည်။ "ငါလည်း မင်းရဲ့အိမ်သာကို ခဏသုံးဖို့လိုတယ်။"

အပေါ်ရောက်တာနှင့် သူ အိမ်သာဝင်ပြီးနောက် ပြီးသွားတာနှင့် ပြန်ဖို့မရည်ရွယ်ထား။ "ငါ ဒီည ဒီမှာနေမယ်။"

ဝမ်ချောင် : "... ဟင့်အင်း၊ မင်း အိမ်ပဲပြန်တော့။ ငါလုပ်စရာရှိသေးတယ်။"

ရှဲ့ကျူရှင်း သူ့ကို မှေးကျဉ်း၍ကြည့်လိုက်သည်။ "ဘာကိစ္စလဲ။"

ဝမ်ချောင် အကြည့်များက ဘေးဘီဝဲလျက်။ "ဘာလို့လိုက်ဂရုစိုက်နေတာလဲ။ ဘာပဲဖြစ်ဖြစ် ငါလုပ်စရာကိစ္စရှိတယ်။"

သူက အမြဲလိုလို လူအနား တပူးပူးတကပ်ကပ်ရှိနေတတ်တာဖြစ်ပြီး အဲ့လိုမပူးကပ်တော့တဲ့အချိန်ဆိုတာကလည်း သွားပွေလီနေသည့်အချိန်သာ။

ရှဲ့ကျူရှင်း သူ့ကို မြေပြင်ပေါ် ဖိချပြီး ရိုက်ချင်မိတဲ့အထိ။ သို့ပေမယ့် သူ ဒေါသထိန်းထားရင်း ပြန်ပြောလိုက်သည်။ "ငါ သော့မယူလာခဲ့ဘူး။ ရှောင်ကျိုးကလည်း မြို့ပြင်ထွက်သွားတယ်၊ အခု ပေ့ကျင်းမှာ မဟုတ်ဘူး။ ငါ အထဲဝင်လို့မရနိုင်ဘူး။"

ထို့ကြောင့် သူ ဒီနေ့ ဒီမှာအိပ်ရမှဖြစ်မည်။

ဝမ်ချောင် မျက်မှောင်ကြုတ်လျက်ပြန်ပြောသည်။ "ဒါဆိုလည်း ဟုတ်ပြီလေ။"

ရှဲ့ကျူရှင်း တစ်ဖက်လူရဲ့အင်တင်တင်မျက်နှာထားကိုမြင်ချိန် ဒေါသပေါက်ကွဲသွားပြီး မေးတော့သည်။ "မင်း ဘယ်သူ့ကို ခေါ်ထားတာလဲ။"

ဝမ်ချောင် : "... မခေါ်ထားပါဘူး။"

သူ လိမ်ပြောတဲ့အချိန်တိုင်း သူ့အကြည့်များက နေရာမျိုးစုံကို ပတ်ပြေးနေတတ်သည်။ ထိုသူက တကယ်လိမ်ညာတတ်တဲ့လူ မဟုတ်။ 

ရှဲ့ကျူရှင်း ဆက်မေးသည်။ "ပိုင်ထူရဲ့မန်နေဂျာလား။"

ဝမ်ချောင့်မျက်လုံးများပြူးကျယ်သွားရသည်။ "... ဘာ၊ ဘာမန်နေဂျာလဲ။"

ဒေါသတကြီးနှင့် ဝမ်ချောင် သူ့အလိမ်အညာတစ်ခုလုံးကို ထိုးဖောက်ဖော်ထုတ်ပစ်လိုက်တော့သည်။ "လိမ်မနေနဲ့။ ငါ သိပြီးသား။"

ဝမ်ချောင် : "..." 'သူဘယ်လိုသိသွားတာလဲ!'

ရှဲ့ကျူရှင်း ဆက်ပြောသည်။ "မင်း ဒီနေ့ သူနဲ့တွေ့ဖို့ချိန်းထားတာလား။"

ဝမ်ချောင့်မျက်နှာတစ်ခုလုံးအထက်တွက် ရှက်ရွံ့မှုဆိုတာက အတိုင်းသားပေါ်နေပေမယ့် ငြင်းပယ်လာခြင်း မရှိ။ သူ အခုထိ ကျုံးနျန်းစန်းနှင့် ချိန်းရသေးတာ မဟုတ်။ ရှောင်ရှဲ့ပြန်တာစောင့်ပြီးမှ လှမ်းခေါ်ဖို့ပြင်နေခဲ့တာဖြစ်သည်။

ရှဲ့ကျူရှင်း သူ့ဒေါသကိုချုပ်တည်းထားရင်းမေးလာတော့သည်။ "မင်း သူ့ကိုကြိုက်နေတာလား။"

ဝမ်ချောင် ကြောင်အသွားရသည်။ "ငါက ဘာလို့ အဲ့ခွေးကောင်ကိုကြိုက်ရမှာလဲ။ မနောက်စမ်းပါနဲ့။ ငါဖြင့် သူ့ကို ငြီးငွေ့နေပြီ။"

ရှဲ့ကျူရှင်း တကယ်နားမလည်နိုင်။ "ဒါဖြင့် မင်း ဘာလို့ သူ့ကို ထပ်တွေ့ဖို့ခေါ်နေသေးတာလဲ။"

ဝမ်ချောင် ဝေဝေဝါးဝါးရေရွတ်ပြောလာသည်။ "အဲ့တာ ... ငါ့မှာ အတူအိပ်စရာလူ မရှိဘူးလေ။ ငါ့အစ်ကိုကြီးကလည်း ငါ့ကို ကောင်မလေးတွေနဲ့ မပျော်ပါးခိုင်းဘူး။"

ရှဲ့ကျူရှင်း : "..." 'ဒီလိုအရူးကောင်ကိုမှကြိုက်မိတာ သူ တကယ်ကန်းနေလို့ပါပဲ။'

ဝမ်ချောင် မေးလာသည်။ "မင်း အဲ့တာကို ဘယ်လိုသိလာတာလဲ။"

ရှဲ့ကျူရှင်း သူ့ကို ပြန်အော်ပြောလိုက်သည်။ "ငါ ဘယ်လိုသိလဲ မင်းက ဘာလို့လိုက်ဂရုစိုက်နေလဲ!"

ဝမ်ချောင် : "... မင်း ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်လာရတာလဲ။"

ရှဲ့ကျူရှင်း အသက်ပြင်းပြင်းရှူ၍ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီည ဒီမှာနေမှာ။ မင်းဘာသာကြိုက်တာလုပ်။ သူလာရင်လည်း မင်းတို့လုပ်တာ ငါထိုင်ကြည့်နေမယ်။"

ဝမ်ချောင် ခေါင်းကုတ်ရင်းပြန်ပြောသည်။ "မင်း ကြည့်လို့ရမှာ မဟုတ်ဘူး။ ငါ အခုထိ သူ့ကိုမခေါ်ရသေးဘူး။"

ရှဲ့ကျူရှင်းမှာ သူ့အား ထရိုက်ချင်စိတ်ကို ထိန်းထားရင်း ရွံရှာသလိုပြောလိုက်သည်။ "မင်းရဲ့မျက်နှာမှာ ဒီလောက်ပေကျံနေတာတောင် လုပ်ဖို့တွေးနိုင်သေးတယ်ပေါ့?"

ဝမ်ချောင် ထိုအပြောကို လက်မခံနိုင်။ "မင်း ဒီအကြောင်းကို အစဖော်ရဲတယ်ပေါ့။ ဒါကို ဘယ်သူလုပ်လိုက်တာလဲ။ မင်း မဟုတ်ဘူးလား!"

သူ မကျေနပ်ချက်များကို ပွစိပွစိရေရွတ်ရင်း မျက်နှာဆေးဖို့ထသွားတော့သည်။

ရှဲ့ကျူရှင်းမှာ ဒေါသထွက်လွန်းလို့ ခေါင်းမူးလာသလိုပင်။ သူ ဆိုဖာပေါ်ထိုင်ချပြီး တွေ့ရာမဂ္ဂဇင်းကိုကောက်ယူ၍ ဖတ်ရန် ဆွဲဖွင့်ရာ အားအသုံးလွန်ပြီး ထက်ဝက်ပြဲသွားတော့မည့်အလား။

ဝမ်ချောင် မျက်နှာသစ်ပြီးနောက် မှန်ရှေ့တွင် အခြောက်ခံနေချိန် သူ့စိတ်ထဲ လင်းခနဲဖြစ်သွားပြီး ရုတ်တရက်ရှင်းလင်းသွားတော့သည်။

ရှောင်ရှဲ့က သူ ယောက်ျားတစ်ယောက်နဲ့လုပ်ခဲ့မှန်း သိထားတာကြာနေခဲ့ပြီ။ သို့တိုင်အောင် ရှောင်ရှဲ့က သူ့ကို ရှောင်ဖယ်မသွားတဲ့အပြင် တစ်ကုတင်တည်း အတူတူအိပ်ပေးသလို အနမ်းလည်းပေးပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်ကတင် သူ့လျှာကိုလျက်သွားသေးသည်။

... ဖာ့ခ်! ဒါဆို ဒါက ရှောင်ရှဲ့လည်း သူနဲ့အိပ်ချင်နေတယ်ဆိုတဲ့သဘော မဟုတ်လား။

သူ ရေချိုးခန်းထဲမှ အလျင်စလိုပြန်ထွက်လာချိန် ရှောင်ရှဲ့က မဂ္ဂဇင်းစာအုပ်ကို ထိုင်လှန်လျက်ရှိနေတာကိုမြင်လိုက်ရပြီး ရှောင်ရှဲ့မျက်နှာထက်တွင် စိတ်မပျော်ရွှင်မှုက အထင်းသား။

သို့သော်ငြား ဝမ်ချောင်ကတော့ ရှောင်ရှဲ့ရဲ့စိတ်မကျေနပ်မှုကို ရမ္မက်ရဲ့တောင့်တမှုဖြင့်မွန်းကျပ်နေရခြင်းအဖြစ် ဘာသာပြန်ယူလိုက်လေသည်။ ပြောရလျှင် ရှောင်ရှဲ့ သူ့ရည်းစားဟောင်းနှင့် လမ်းခွဲပြီးတာ လအနည်းငယ်မျှရှိနေခဲ့ပြီဖြစ်ပြီး ဒီကြားထဲလည်း အပျော်သဘောတွဲတဲ့ကောင်မလေးမျိုးတောင် မတွေ့ဖူးသေး။ ထို့အပြင် သူ့ရဲ့တစ်ကိုယ်တော်ပြပွဲမျိုးကိုလည်း ဝမ်ချောင် တွေ့ဖူးခြင်း မရှိ။ ဒီလိုအချိန်၌ လိုချင်စိတ်ရှိလာတာက သာမန်ပင်။

သူ ရှဲ့ကျူရှင်းဘေးတွင်ထိုင်ချရင်း မသိမသာလေး သူ့လက်ကို တစ်ဖက်လူရဲ့ပခုံးပေါ်တင်ထားလျက် ဖျစ်ညှစ်ကြည့်လာသည်။

ရှဲ့ကျူရှင်း မျက်နှာသေဖြင့် ဝမ်ချောင့်ကိုပြန်လှည့်ကြည့်လိုက်သည်။

ဝမ်ချောင့်မှာ တစ်ဖန်ထပ်လို့ မသေမချာဖြစ်သွားတာမို့ ရှက်ရွံ့ရွံ့ဖြင့် လက်ပြန်ချထားရင်း ခဏမျှ ကြိုးစားရုန်းကန်ပြီးနောက်ပြောလိုက်သည်။ "ငါ မင်းကို ဟာသတစ်ခုပြောပြမယ်။"

ရှဲ့ကျူရှင်း : "နှင်းလူသားလား။ နားမထောင်ဘူး။"

ဝမ်ချောင် အလျင်စလိုပြောလိုက်၏။ "နှင်းလူသားအကြောင်း မဟုတ်ဘူး။ အသစ်တစ်ခု။"

ထိုအခါမှ ရှဲ့ကျူရှင်းလည်း သူဖတ်နေတဲ့မဂ္ဂဇင်းကို ပိတ်ချလိုက်တော့သည်။

ဝမ်ချောင် စပြောလာသည်။ "ငါတို့နိုင်ငံက နယ်မြေကလည်း ကျယ်ပြောပြီး အရင်းအမြစ်တွေလည်း ပေါများတယ်။ လူနေထိုင်မှုကလည်း များတယ်။ မတူညီတဲ့မျိုးနွယ် ၃၀ တောင် အတူနေထိုင်ကြတာတဲ့၊ မင်းသိလား။"

ရှဲ့ကျူရှင်း : "... ငါသိတယ်။" 'ပထဝီဟာသလား။'

ဝမ်ချောင် ဆက်ပြောသည်။ "ဆိုတော့ ငါတို့မှာ ဒေသိယစကားတွေလည်း အများကြီးရှိတယ်ကွာ။ ဥပမာ မင်းရဲ့ဟယ်နမ်စကားလိုပေါ့။ ငါ နည်းနည်းပြောပြကြည့်မယ်!"

ရှဲ့ကျူရှင်း သူ့ဘာသာတွေးလိုက်သည်။ 'အော်၊ ဒေသိယစကားဟာသပဲ။'

ဝမ်ချောင် မျက်မှောင်ကြုတ်ထားရင်း ဟယ်နမ်စကားပြောဖို့လုပ်တော့သည်။ "ဟင့်အင်း! ဟင့်အင်း!  အား! မင်းဘာလုပ်နေတာလဲ! ပြဲစွမ်း!"

[T/N : 鳖孙 google ကနေ အသံထွက်ပြတာကတော့ 'ပြဲစွမ်း' တဲ့။ Henan လူမျိုးတွေ အသုံးများတဲ့အဆဲစကားပါတဲ့။]

ရှဲ့ကျူရှင်း : "..." 'ဖာ့ခ်! သူက ဒေသယစကားတွေသုံးပြီး အိပ်ရာပေါ်ညည်းနည်းတွေပြောနေတာပဲ။'

ဝမ်ချောင် ခဏကြာအောင်ရယ်နေပြီးမှ ရှဲ့ကျူရှင်းရဲ့အမူအရာမဲ့မျက်နှာကိုကြည့်ပြီး မေးလေသည်။ "မရယ်ရဘူးလား။ ဒါဆို ငါ မင်းကို စီချွမ်းစကားပြောပြမယ်။ အဲ့ပစ္စည်းကို အားကုန်ထည့်လိုက်စမ်းပါ! ခပ်ကြမ်းကြမ်လေး! အစ်ကိုကြီး! လုပ်စမ်းပါ! မြန်မြန်!"

ထို့နောက်မှာတော့ သူက ကွမ်တုံးလိုတစ်မျိုး ဝူဟန့်လိုတစ်ဖုံပြောပြန်သည်။ ပြောပြီးတိုင်းမှာလည်း သူ့ဘာသာ အူတက်အောင်ရယ်နေသည်မှာ သီးသွားတဲ့အထိ။

ရှဲ့ကျူရှင်း : "... ဒီဟာသက နှင်းလူသားထက်တောင် ပိုဆိုးနေသေးတယ်။"

ဝမ်ချောင် သူ့ဗိုက်ကို လက်ဖြင့်အုပ်ကိုင်ထားရင်း ခပ်မတ်မတ်ထထိုင်ပြီးနောက် သူ့ရဲ့နောက်ဆုံးသောအတတ်ပညာကို ထုတ်သုံးတော့သည်။ "နောက်ဆုံးအနေနဲ့ ငါ မင်းကို ငါတို့အရှေ့မြောက်ပိုင်းသားတွေရဲ့စကားကို သင်ပေးမယ်။ အိုက်ယား! ပြင်းပြင်းလေးလုပ်စမ်းပါ! ဘယ်လိုဖြစ်နေတာလဲ! ညစာ မစားထားဘူးလား! မြန်မြန်! များများထိုးထည့်စမ်းပါ!'

နောက်ဆုံးမှာတော့ ရှဲ့ကျူရှင်း ထရယ်မိသွားသည်။

ဝမ်ချောင်လည်း သူ့လုပ်ဆောင်ချက်ကို ဂုဏ်ယူမှုများဖြင့် တဟားဟားရယ်တော့သည်။

ရယ်ပြီးနောက် တိတ်ဆိတ်ခြင်းက ရုတ်တရက် သူတို့ကြားကြီးစိုးသွား၏။

ရှဲ့ကျူရှင်းအနေဖြင့် ဒေသိယစကားများက ရယ်ရတာမို့ ရယ်လိုက်ခြင်း မဟုတ်။ သူ ရယ်မိခြင်းက ဒီနေ့တော့ ဒီအရူးကောင်နဲ့ သူရအောင်အိပ်မည်ဟု စိတ်ဆုံးဖြတ်ပြီးနောက် တကယ်မလုပ်ရသေးခင်မှာပဲ ဒီအရူးကောင်လေးက သူ့ဘာသာ အရင်ညည်းပြနေခဲ့ပြီ။

ဝမ်ချောင် ရယ်လို့ဝသွားမှ 'အရေးကြီးကိစ္စ' ကို သတိရလာတော့သည်။ ရှောင်ရှဲ့ကရော သူနှင့်အတူအိပ်ဖို့ စိတ်ကူးရှိရဲ့လား။

သူ လှမ်းခေါ်လိုက်သည်။ "ရှောင်ရှဲ့"

ရှဲ့ကျူရှင်း ပြန်ဖြေ၏။ "ဘာလဲ။"

ဝမ်ချောင် : "ဟိုဟာလေ ဘာပါလိမ့်။"

ရှဲ့ကျူရှင်း : "ဘယ်ဟာလဲ။"

ဝမ်ချောင် တံတွေးမြိုချရင်း ရှိသမျှသတ္တိအကုန်စုလျက်မေးတော့သည်။ "မင်း .. မင်း ငါ့ကို ထိုးခွင့်ပေးမလား။"

ရှဲ့ကျူရှင်း : "..."

သူ မချုပ်တည်းနိုင်တော့ဘဲ ထပ်ရယ်မိတော့သည်။

'သူ အခွင့်အရေးရပြီ!' ဝမ်ချောင် ချက်ချင်းဆိုသလို သူ့ကို အပြေးဖက်ထားရင်း ပျော်ရွှင်တကြီးပြောလာသည်။ "တကယ်ရတာလား။"

ရှဲ့ကျူရှင်းက ပိုချုပ်တည်းနေတတ်သူဖြစ်တာမို့ သူ အဲ့လိုလုပ်လာချိန် ရှက်ရွံ့သလိုဖြင့် နားများအထိ နီရဲသွားတော့သည်။

ဝမ်ချောင်ကတော့ ဝမ်းသာတကြီးထခုန်လို့ သူ့ကို ဆွဲထူ၍ပြောလေသည်။ "သွားမယ်၊ မြန်မြန်လာ။ အိပ်ရာပေါ် သွားရအောင်!"

အိပ်ခန်းထဲရောက်သွားသည်နှင့် သူ ရှဲ့ကျူရှင်းကို သိုင်းဖက်ပြီး အကြိမ်ရေအနည်းငယ်မျှနမ်းရှိုက်လာသည်။ ထို့နောက်တွင် သူ စိတ်လှုပ်ရှားတကြီး သူ့အဝတ်များကို အလျင်စလိုချွတ်ချလိုက်တော့သည်။ သူ့အင်္ကျီများ ချွတ်ပြီးနောက်မှာတော့ သူ ရှဲ့ကျူရှင်းကို ကူချွတ်ပေးရင်းနှင့် ပါးစပ်ကလည်း ချော့မော့ပြောနေပေးမိသည်။ "ရှောင်ရှဲ့၊ မင်းမကြောက်နဲ့။ ပထမဆုံးအကြိမ်ဆိုတော့ သေချာပေါက်နာမှာဆိုပေမယ့် ခဏပဲ သည်းခံထားလိုက်။ ပြီးရင် မင်းခံစားလို့အရမ်းကောင်းသွားလိမ့်မယ်။"

ရှဲ့ကျူရှင်း မလှုပ်ရှားသလို စကားလည်းမပြော။ နေရာတွင်ရပ်ရင်းသာ တစ်ဖက်လူ အဝတ်ချွတ်ပေးတာကို ငြိမ်ခံနေ၏။

'နောက်ဆုံးတော့ သူ ရှောင်ရှဲ့နှင့်အတူအိပ်ခွင့်ရခဲ့ပြီ။' ဝမ်ချောင် ပြုံးဖြီးဖြီးဖြစ်နေပေမယ့် ရှောင်ရှဲ့အရှေ့မှာမို့ သူ အသံထွက် မရယ်ရဲ။ သို့နှင့် သူ ရှဲ့ကျူရှင်းအတွင်းခံကို ဖြည်းဖြည်းချင်း ဆွဲချွတ်ချရင်း စိတ်အားထက်သန်မှုနှင့် မျက်လုံးရဲ့အရောင်များတောင် တောက်လာတော့သည်။ ထို့နောက်မှာတော့ သူ တောင့်ခဲသွားပြီး ရှဲ့ကျူရှင်းမျက်နှာကို ပြန်မော့ကြည့်မိတော့သည်။

'မျက်နှာက ဒီလောက်ချောမောသေးသွယ်နေတာကို ဘာလို့ ဒီအပိုင်းက အဲ့လောက်ကြီးထိ ကြီးနေရတာလဲ!?'

... ကိစ္စမရှိပါဘူး၊ ဒါက အရေးကြီးတာမှ မဟုတ်တာ။

သူ ရှဲ့ကျူရှင်းကို ကုတင်ပေါ်သို့ တွန်းချပြီးနောက် မျောက်တစ်ကောင်လို စိတ်အားထက်သန်မှုများဖြင့် ရှဲ့ကျူရှင်းရဲ့လည်ပင်းနှင့် မျက်နှာကို အနည်းငယ်မျှနမ်းပေးပြီး တန်းလုပ်ငန်းစဖို့လုပ်လေသည်။

ရှဲ့ကျူရှင်း တော်တော်လေးပြောစရာမဲ့သွားရသည်။ ဒီအရူးကောင်ရဲ့စကေး ဆိုးလောက်မယ်ဟု တွေးထားပြီးသားဆိုပေမယ့် လုပ်ငန်းမစခင် ကျေနပ်မှုအရင်ပေးခြင်းမရှိတဲ့အထိ ဆိုးလိမ့်မည်ဟု မထင်ထား။ 'ကြည့်ရတာ သူ ဒီလောက်နှစ်တွေအကြာကြီး မြင်းရိုင်းဖြစ်နိုင်နေတာ Prada အားကိုးကြောင့်ပဲ ထင်ပါတယ်။'

ဝမ်ချောင်က တန်းလုပ်ငန်းစနိုင်ဖို့အတွက်ပဲ အရမ်းအပျော်ကြူးနေပြီး အစကနေအဆုံးထိ ကွန်ဒုံးဝတ်ဖို့တောင် မတွေးထား။ ဘယ်လိုပဲဖြစ်ပါစေ ဒီလူက ရှောင်ရှဲ့ဖြစ်တာမို့ သန့်ရှင်းပြီးသားပင်။

ရှဲ့ကျူရှင်း လက်မြှောက်၍ သူ့ပခုံးကို လှမ်းဖိထားလိုက်သည်။ ဝမ်ချောင်လည်း ရှဲ့ကျူရှင်းက သူ့ကို နမ်းချင်နေသေးတယ်ဟု ထင်လို့ အလျင်စလိုပြောလာ၏။ "မရဘူး၊ ငါ့ပါးစပ် နာနေသေးတယ်။"

မထင်ထားစွာ ရှဲ့ကျူရှင်းက သူ့ပခုံးကို ဖိထားရင်း သူ့ကို ဘေးသို့ တွန်းလှဲချလိုက်လေသည်။ သူ ခဏမျှကြောင်အသွားပြီးနောက် အသိပြန်မဝင်နိုင်သေးခင်မှာပဲ ရှဲ့ကျူရှင်းက သူ့အပေါ်လှိမ့်တက်လို့ သူ့အနောက်မှ တွန်းဖိထားတော့သည်။

သူ့စိတ်ခံစားချက်အရ တစ်ခုခုမှားနေပြီဟု သိနေရပေမယ့် အလွန်နောက်ကျသွားခဲ့ပြီ။

'ဘယ်သူကများ 'ပထမအကြိမ်မို့ နည်းနည်းနာတာပါ။ သည်းခံလိုက်ရင် ကောင်းသွားမှာ' လို့ပြောခဲ့တာလဲ။ အကျိုးနည်းလိမ်စဉ်တွေ! မင်းအဘကြီးကို သည်းခံ! ဘယ်လူကမှ သည်းမခံနိုင်ဘူးကွ!'

အစပိုင်းမှာတော့ သူက အော်ပြီးရင်းအော်ငိုနေတော့သည်။ "မလှုပ်နဲ့၊ မလှုပ်နဲ့၊ မလှုပ်နဲ့ ... သေတော့မယ်၊ သေတော့မယ်၊ သေတော့မယ် ..."

အတော်ကြာငိုပြီးနောက် အသုံးမဝင်တာကို သိရချိန် သူ စတင်ဆဲရေးလေသည်။ "ရှဲ့ကျူရှင်း .. မင်းရဲ့ဘိုးဘေရှစ်ရာကျော်အထိ ငါ တက်လုပ်ပစ်မယ်! .."

အတန်ကြာ ဆဲရေးပြီးနောက် အသုံးမဝင်တာကို သိလိုက်ရပြီး အော်ရတာလည်း ပင်ပန်းလာတာမို့ ခပ်တိုးတိုးသာ ရေရွတ်တော့သည်။ "မင်း သောက်ကျိုးနည်း မပြီးနိုင်သေးဘူးလား။"

အဆုံးမှာတော့ သူ့အသံတစ်ခုလုံး ကွဲအက်လာပြီး ညည်းညူသံတောင် မထွက်နိုင်တော့ဘဲ ထိုအတိုင်းသာ လဲရင်း ညည်းတွားလို့ ငိုလျက်တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

သူ နာကျင်ရုံတင်မဟုတ်၊ အရမ်းလည်းဝမ်းနည်းနေရသည်။ ဝမ်းနည်းရခြင်းမှာ ရှောင်ရှဲ့ သူ့ကို တကယ်ကြီး လိမ်ထားခဲ့တာမို့ပင်။

သူ ရှောင်ရှဲ့ထဲ ထိုးသွင်းပါမယ်လို့ သေချာပြောထားပြီးသားကို ဘာလို့ ရှောင်ရှဲ့က ဝင်လာရတာလဲ။

သူ နောက်တစ်ကြိမ် ထပ်ပြီးရှောင်ရှဲ့ကို မနမ်းတော့ဘူး၊ ဒီပြဲစွမ်းကောင်!"

နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ။

ရှဲ့ကျူရှင်း စိတ်ကျေနပ်နေပြီး သူ့ဘေးတွင် ထိုင်၍ သူ့ကို အချိန်အတော်ကြာကြည့်နေရင်းမှ မရယ်ဘဲမနေနိုင်တော့။ ဒီအရူးကောင်လေးက အခုကစလို့ သူ့အပိုင်သာ။

ဒီအရူးကောင်လေးက မျက်လုံးများ ဖောင်းအစ်နေတဲ့အထိ ငိုထားတာတောင် အခုထိ တရှုံ့ရှုံ့လုပ်နေသေးသည်မှာ ပြောစရာမလိုအောင် ချစ်ဖို့ကောင်းနေသည်။

သူ အရူးလေးရဲ့နောက်ကျောကို ခပ်ဖွဖွထိပေးရင်းမေးလိုက်သည်။ "နည်းနည်းသက်သာလာပြီလား။"

ဝမ်ချောင့်မှာ ဒေါသထွက်လွန်းပေမယ့် သူ့လက်နှင့်ခြေထောက်တွင် အားမရှိသလို ခါးနှင့်တင်ပါးလည်း နာကျင်နေတော့သည်။ သူ ရှဲ့ကျူရှင်းကို ရိုက်နိုင်မှာ မဟုတ်မှန်းသိတာမို့ လှဲနေရင်းသာ မျက်ဆန်လှန်ပြပြီး ကွဲအက်အက်အသံဖြင့်ဆဲရေးလေသည်။ "မင်းအမေကြီးကို သက်သာ! ထွက်သွား!"

ရှဲ့ကျူရှင်းက စိတ်မရှုပ်သွားဘဲပြောလာသည်။ "နာနေတုန်းလား။ ခံစားလို့ကောင်းတယ်မဟုတ်ဘူးလား။"

ရှဲ့ကျူရှင်းက သူ့ကို သူ့စကားနဲ့ပြန်ပြီးတော့ လာပြောနေတယ်! ဝမ်ချောင် ပိုလို့တောင်စိတ်တိုသွားရပြီး သိသမျှအဆဲစကားလုံးများကို ထုတ်ဆဲပြီး ညစ်ညမ်းသမျှအကုန်ထုတ်ပြောလာသည်မှာ ဒီ့ထက်ညစ်ညမ်းစရာတောင် မရှိတော့တဲ့အထိ။

ရှဲ့ကျူရှင်း ထပ်နားမထောင်နိုင်တော့ဘဲ သူ့တင်ပါးကို ခပ်ဖွဖွလေး တစ်ချက်ရိုက်ချလိုက်သည်။

ဒီတင်ပါးရိုက်ချက်က သူ့အတွက် ဘယ်လောက်ထိနေရအဆင်မပြေဖြစ်စေလဲ ဝမ်ချောင် ပြောပြလို့တောင် မရ။ သူ့တင်ပါးက နာကျင်မှုဖြင့် ပူလောင်နေသလို တစ်ချိန်တည်းမှာပဲ ထုံကျင်ကိုက်ခဲနေ၏။ ရုတ်တရက် ဂုဏ်သိက္ခာနှင့်ဆိုင်တဲ့အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်လာတော့သည်။ "ဖာ့ခ်! ငါ အရှက်ကွဲခံရမယ့်အစား သေပဲသေလိုက်မယ်!"

သူ ခေါင်းအုံးပေါ် လက်ထောက်၍ ကြိုးစားပမ်းစားထထိုင်လိုက်ပေမယ့် သူ့အားထုတ်မှုရဲ့လမ်းတစ်ဝက်မှာတင် အားကုန်သွားခဲ့တာမို့ သူ ကိုးရိုးကားယား ဝပ်လျက်သားအနေအထားလေးနှင့် ကုတင်ရင်းရှိ သူ့ဖုန်းကိုလှမ်းထိ၍ ဖုန်းခေါ်ဖို့လုပ်တော့သည်။

ရှဲ့ကျူရှင်း တွေးလိုက်မိသည်။ 'သူ သူ့အစ်ကိုဆီ ဖုန်းခေါ်ပြီး တိုင်တန်းတော့မလို့လား။'

သို့သော် စက္ကန့်အနည်းငယ်အကြာမှာတင် ဝမ်ချောင် ဖုန်းအတွင်းသို့အော်ပြောလိုက်၏။ "ကျုံးနျန်းစန်း! မင်း အခုချက်ချင်း ဒီလာခဲ့! ဒီလောင်ဇီ မင်းကို ထိုးဦးမယ်!"

KittyKitling

T/N : ဒီလိုငတုံးငမိုက်သားမျိုး ဘယ်ကနေရှာခဲ့တာပါလိမ့်ဟု မေးခွန်းပြန်ထုတ်နေမိတဲ့ Kit

_____///_____

[Zawgyi]

'ထိုးလို႔ရလား'

'ေရွာင္ရွဲ႕က သူ႔ကို ဒီမွာေစာင့္ေနတာလား။'

"မင္း ငါ့ကိုေစာင့္ေနရဲေသးတယ္ေပါ့!" သူ ခ်က္ခ်င္းေအာ္ေျပာလိုက္သည္။ "မင္း ငါ့မ်က္ႏွာေပၚ ဘယ္လိုေတြလုပ္သြားလဲ ၾကည့္! အခု ငါ့ကိုေတာင္းပန္စမ္း!"

သူ တစ္သၽွဴးႏွင့္ ျဖစ္သလိုသုတ္ခဲ့တာမို႔ သူ႔မ်က္ႏွာထက္တြင္ ခရင္အႂကြင္းအက်န္မ်ားရွိေနေသးသည္။ ထိုအခ်ိန္မွာပဲ သူ႔မ်က္လုံးမ်ားက ျပဴးက်ယ္လို႔ေအာ္ဟစ္လာတာမို႔ ေဒါသတႀကီးပုံစံေပါက္ရမည့္အစား အနည္းငယ္မၽွရယ္ခ်င္ဖြယ္ျဖစ္ေနေတာ့သည္။

ရွဲ႕က်ဴရွင္း သူ႔ထံမွ ဒီလိုတုန့္ျပန္မွုမ်ိဳးရလိမ့္မယ္လို႔ေမၽွာ္လင့္ထားၿပီးသားမို႔ ျပန္ေျပာလိုက္သည္။ "ငါ မင္းကိုေတာင္းပန္ေပးမယ္။ မင္း ေထာင္းေထာင္းကိုေရာ ေတာင္းပန္ၿပီးၿပီလား။"

ဝမ္ေခ်ာင္ ေဒါသတႀကီးျပန္ေျပာသည္။ "ငါ ဘာလို႔သူ႔ကိုေတာင္းပန္ရမွာလဲ။ ငါ သူ႔ကို စကားတစ္ခြန္းေတာင္ သြားေျပာတာ မဟုတ္ဘူး။"

ရွဲ႕က်ဴရွင္း ဆက္ေျပာသည္။ "ခုနေလးတင္ လူေတြအမ်ားႀကီးေရွ႕မွာ မိန္းကေလးတစ္ေယာက္ကို ရစရာမရွိေအာင္ ေျပာလိုက္တာ ဘယ္သူလဲ။"

ဝမ္ေခ်ာင္ မတရားစြပ္စြဲခံရသလိုေျပာေတာ့သည္။ "ဘာ လူအမ်ားႀကီးအေရွ႕မွာ ေျပာတာလဲ။ ငါ မင္းကိုပဲ ေျပာတာေလ!"

ရွဲ႕က်ဴရွင္း : "ဒါဆိုရင္ ငါ မင္းကို အသံေလ်ာ့လို႔ေျပာတုန္းကေရာ မင္းနားေထာင္လား။"

ဝမ္ေခ်ာင္ ခဏမၽွေဒါသတႀကီးေလရွူထုတ္ေနၿပီးမွေျပာလိုက္သည္။ "မင္းကေရာ ေကာင္းေကာင္းေျပာလို႔မရဘူးလား။ လူတိုင္းအေရွ႕မွာ ငါ့မ်က္ႏွာကို ကိတ္မုန့္နဲ႔ပစ္ေပါက္တယ္။ ငါက ေခါင္းေဆာင္ကြ။ ငါကေရာ မရွက္ရဘူးလား။"

ရွဲ႕က်ဴရွင္း သူ႔ရဲ့တည္တည္တံ့တံ့မ်က္ႏွာေသကို မထိန္းနိုင္ေတာ့မလိုျဖစ္သြားတာမို႔ ေခ်ာင္းဟန့္ရင္းေျပာရေတာ့သည္။ "ေတာင္းပန္တယ္ကြာ"

ဝမ္ေခ်ာင္ သူ႔ေတာင္းပန္စကားကို မလိုခ်င္လွ။ သူက တစ္ဖက္လူႏွင့္အိပ္ခ်င္႐ုံသာျဖစ္ေပမယ့္ 'ေတာင္းပန္တယ္' ဆိုတဲ့စကားၾကားခ်ိန္မွာလည္း အေတာ္ေလးခံစားရအဆင္ေျပသြားေတာ့သည္။ သူ ဘဝင္ခိုက္ေနတဲ့မ်က္ႏွာအမူအရာျဖင့္ ကားေသာ့ကိုပစ္ေပးရင္း ေျပာလာသည္။ "ငါ အရက္ေသာက္ထားလို႔ ေမာင္းမရဘူး။ မင္း ငါ့ကိုအိမ္ျပန္ပို႔ေပး။"

အိမ္အရင္ျပန္ၿပီးေတာ့မွ တစ္ဖက္လူကို ေထာင္ေခ်ာက္ဆင္ဖမ္းတာေပါ့။'

— လမ္း၌ —

သူ႔ေဒါသမီးေတာက္က မၿငိမ္းေသးတာမို႔ ဝမ္ေခ်ာင္ ဆက္ေျပာေတာ့သည္။ "အရင္က ငါ ယန္က်ားက်ားအေၾကာင္းေျပာတိုင္း မင္း သူ႔ကိုကာေျပာတယ္။ ငါ လက္ခံတယ္။ ငါ မင္းကို သူ႔ထက္ေနာက္က်ၿပီးမွ သိခဲ့တာ၊ မင္းက သူနဲ႔လည္း အိပ္ထားဖူးတယ္။ မင္း သူ႔ကို နည္းနည္းပါးပါးကာေျပာရင္ ငါ ဘာမွမျဖစ္သလို သေဘာထားလိုက္လို႔ရတယ္။ အခု မင္းက ဒီေထာင္းေထာင္းကိုပါ ကာေပးေနျပန္ၿပီ။ မင္းတို႔သိတာ ဘယ္ေလာက္ၾကာၿပီမို႔ ..."

သူ ေျပာေနရင္းတန့္သြားၿပီး အခုနက ရွဲ႕က်ဴရွင္းႏွင့္ထိုေကာင္မေလး ရယ္ရယ္ေမာေမာ စကားေျပာေနတာကို ျပန္ေတြးရင္း ခ်က္ခ်င္းဆိုသလို ခ်ဥ္တူး၍ သံသယအေတြးတစ္ခုကလည္း ေခါင္းထဲေပၚလာေလသည္။ "ရွဲ႕က်ဴရွင္း! မင္း သူနဲ႔ တကယ္မအိပ္ရေသးဘူးမလား။"

ရွဲ႕က်ဴရွင္း : "... အိပ္တာကလြဲၿပီး မင္းေခါင္းထဲ ဘာမ်ားရွိေသးလဲ။"

ဝမ္ေခ်ာင္ ေဒါသတႀကီးေျပာေတာ့သည္။ "မင္း ေၾကာင့္ၾကတႀကီးျဖစ္ေနတာေလ! မင္း သူနဲ႔ေတာင္ မအိပ္ဖူးေသးဘဲ ဘာလို႔အဲ့လိုျဖစ္ေနမွာလဲ။ မင္း ဘယ္တုန္းက သူနဲ႔ တိတ္တခိုးသြားလုပ္လိုက္တာလဲ!"

ရွဲ႕က်ဴရွင္း သူႏွင့္ က်ိဳးေၾကာင္းဆီေလ်ာ္ေအာင္ေျပာမရေတာ့။ "ငါတို႔ ေန႔တိုင္း တစ္ေနကုန္ အတူရွိေနတာ။ ငါ အိမ္သာ ဘယ္ႏွစ္ႀကိမ္သြားလဲဆိုတာကအစ မင္းသိတယ္။ ငါ့ဂ်ဴနီယာညီမေလးဆီသြားဖို႔ ငါ့မွာအခ်ိန္ရွိလား။"

ဝမ္ေခ်ာင္ ေတြးၾကည့္လိုက္သည္။ 'ေျပာတာ မွန္မယ့္ပုံပဲ။ သူတို႔အခ်င္းခ်င္း မလုပ္ရေသးဘူးနဲ႔တူတယ္။'

သူ ထပ္ၿပီးစိတ္မတိုေတာ့၊ အနည္းငယ္မၽွ စိတ္ပူလာ႐ုံသာ။

ေရွာင္ရွဲ႕ သူ႔ကို ကိတ္မုန့္ျဖင့္ပစ္ေပါက္တဲ့ကိစၥလည္း သူ ခြင့္လႊတ္ေပးခဲ့ၿပီးၿပီ။

သူ႔မွာ ေရွာင္ရွဲ႕ အဲ့မိန္းကေလးအဖြဲ႕ထဲက ဂ်ဴနီယာညီမေလးႏွင့္ တိတ္တခိုးအိပ္ထားတယ္ထင္၍ စိတ္တိုေနမိေပမယ့္ ေရွာင္ရွဲ႕က မလုပ္ထား။

ဒါဆို သူ ေရွာင္ရွဲ႕နဲ႔ အိပ္လို႔ေရာ ရပါဦးမလား။

သူ႔ပါးစပ္ထဲရွိအနာဖု မေပ်ာက္ရေသးတဲ့အဓိကအေၾကာင္းအရင္းမွာ ေရွာင္ရွဲ႕ႏွင့္အတူအိပ္ခ်င္တဲ့သူ႔ရဲ့စိတ္ကို ခ်ဳပ္တည္း၍မြန္းက်ပ္လာမွုမ်ားေၾကာင့္သာ။ အခုနေလးကတင္ ေရွာင္ရွဲ႕ႏွင့္ တစ္ပြဲတစ္လမ္းႏႊဲဖို႔စိတ္ကူးၿပီးေနာက္ သူ႔တစ္ကိုယ္လုံး ခ်က္ခ်င္းဆိုသလို ေနေကာင္းက်န္းမာသြားၿပီး ေျခလွမ္းမ်ားကအစ ေပါ့ပါးသြားသလိုပင္။ သူ႔ပါးစပ္နာတာလည္း အေတာ္ေလးေလ်ာ့နည္းသြားေတာ့သည္။

အခုေတာ့ သူ႔ထံတြင္ ေရွာင္ရွဲ႕ႏွင့္အတူအိပ္ဖို႔ ဆင္ေျခခိုင္ခိုင္မာမာလည္း မရွိေတာ့။ သို႔ေပမယ့္ သူ လက္ေလ်ာ့လိုက္ဖို႔ မလိုလားေသး။

ရွဲ႕က်ဴရွင္း စတီယာတိုင္ကို လက္တစ္ဖက္တည္းျဖင့္ကိုင္ထိန္းထားရင္း တစ္ဖက္မွ သူ႔အိတ္ကပ္ထဲရွိ အရာဝတၳဳအေသးေလးကို ဆြဲထုတ္၍ေျပာလာသည္။ "ဒီမွာယူလိုက္"

ဝမ္ေခ်ာင္ လွမ္းယူၿပီးေနာက္ နားမလည္သလိုေမးလိုက္သည္။ "ဒါ ဘာလဲ။"

ရွဲ႕က်ဴရွင္း ျပန္ေျဖသည္။ "တ႐ုတ္ရိုးရာေဆးမွုန့္၊ ခံတြင္းအပူဖုေတြေပ်ာက္ေအာင္သုံးရတာ။"

ဝမ္ေခ်ာင္ : "...ေက်းဇူးပဲ။"

'ထားလိုက္ပါေတာ့။'

'သူ ခဏေနက်မွပဲ က်ဳံးန်န္းစန္းကို ေခၚလိုက္ပါ့မယ္။ အဲ့ေခြးသားမ်က္ႏွာေပၚ ေရွာင္ရွဲ႕ပုံကပ္ၿပီးပဲ ကိစၥရွင္းလိုက္ေတာ့မယ္။'

'ေရွာင္ရွဲ႕သာ ေဂးဆိုရင္ ဘယ္ေလာက္ေကာင္းမလဲ။' သူေတြးေနမိသည္။ 'အခုေတာ့ ေရွာင္ရွဲ႕က သူ႔လိုပဲ အေျဖာင့္တစ္ေယာက္ျဖစ္ေနတယ္။'

တိုက္ခန္းေရာက္လို႔ ကားပါကင္ထိုးၿပီးတာႏွင့္ ဝမ္ေခ်ာင္ ကားခါးပတ္ျဖည္ရင္း စိတ္မပါလက္မပါျဖင့္ေျပာလိုက္သည္။ "တကၠစီငွါးမေနနဲ႔ေတာ့။ ဒီကားပဲ ေမာင္းသြားလိုက္။"

ရွဲ႕က်ဴရွင္းလည္း ကားခါးပတ္ျဖဳတ္ရင္းျပန္ေျပာလာသည္။ "ငါလည္း မင္းရဲ့အိမ္သာကို ခဏသုံးဖို႔လိုတယ္။"

အေပၚေရာက္တာႏွင့္ သူ အိမ္သာဝင္ၿပီးေနာက္ ၿပီးသြားတာႏွင့္ ျပန္ဖို႔မရည္ရြယ္ထား။ "ငါ ဒီည ဒီမွာေနမယ္။"

ဝမ္ေခ်ာင္ : "... ဟင့္အင္း၊ မင္း အိမ္ပဲျပန္ေတာ့။ ငါလုပ္စရာရွိေသးတယ္။"

ရွဲ႕က်ဴရွင္း သူ႔ကို ေမွးက်ဥ္း၍ၾကည့္လိုက္သည္။ "ဘာကိစၥလဲ။"

ဝမ္ေခ်ာင္ အၾကည့္မ်ားက ေဘးဘီဝဲလ်က္။ "ဘာလို႔လိုက္ဂ႐ုစိုက္ေနတာလဲ။ ဘာပဲျဖစ္ျဖစ္ ငါလုပ္စရာကိစၥရွိတယ္။"

သူက အျမဲလိုလို လူအနား တပူးပူးတကပ္ကပ္ရွိေနတတ္တာျဖစ္ၿပီး အဲ့လိုမပူးကပ္ေတာ့တဲ့အခ်ိန္ဆိုတာကလည္း သြားေပြလီေနသည့္အခ်ိန္သာ။

ရွဲ႕က်ဴရွင္း သူ႔ကို ေျမျပင္ေပၚ ဖိခ်ၿပီး ရိုက္ခ်င္မိတဲ့အထိ။ သို႔ေပမယ့္ သူ ေဒါသထိန္းထားရင္း ျပန္ေျပာလိုက္သည္။ "ငါ ေသာ့မယူလာခဲ့ဘူး။ ေရွာင္က်ိဳးကလည္း ၿမိဳ႕ျပင္ထြက္သြားတယ္၊ အခု ေပ့က်င္းမွာ မဟုတ္ဘူး။ ငါ အထဲဝင္လို႔မရနိုင္ဘူး။"

ထို႔ေၾကာင့္ သူ ဒီေန႔ ဒီမွာအိပ္ရမွျဖစ္မည္။

ဝမ္ေခ်ာင္ မ်က္ေမွာင္ၾကဳတ္လ်က္ျပန္ေျပာသည္။ "ဒါဆိုလည္း ဟုတ္ၿပီေလ။"

ရွဲ႕က်ဴရွင္း တစ္ဖက္လူရဲ့အင္တင္တင္မ်က္ႏွာထားကိုျမင္ခ်ိန္ ေဒါသေပါက္ကြဲသြားၿပီး ေမးေတာ့သည္။ "မင္း ဘယ္သူ႔ကို ေခၚထားတာလဲ။"

ဝမ္ေခ်ာင္ : "... မေခၚထားပါဘူး။"

သူ လိမ္ေျပာတဲ့အခ်ိန္တိုင္း သူ႔အၾကည့္မ်ားက ေနရာမ်ိဳးစုံကို ပတ္ေျပးေနတတ္သည္။ ထိုသူက တကယ္လိမ္ညာတတ္တဲ့လူ မဟုတ္။ 

ရွဲ႕က်ဴရွင္း ဆက္ေမးသည္။ "ပိုင္ထူရဲ့မန္ေနဂ်ာလား။"

ဝမ္ေခ်ာင့္မ်က္လုံးမ်ားျပဴးက်ယ္သြားရသည္။ "... ဘာ၊ ဘာမန္ေနဂ်ာလဲ။"

ေဒါသတႀကီးႏွင့္ ဝမ္ေခ်ာင္ သူ႔အလိမ္အညာတစ္ခုလုံးကို ထိုးေဖာက္ေဖာ္ထုတ္ပစ္လိုက္ေတာ့သည္။ "လိမ္မေနနဲ႔။ ငါ သိၿပီးသား။"

ဝမ္ေခ်ာင္ : "..." 'သူဘယ္လိုသိသြားတာလဲ!'

ရွဲ႕က်ဴရွင္း ဆက္ေျပာသည္။ "မင္း ဒီေန႔ သူနဲ႔ေတြ႕ဖို႔ခ်ိန္းထားတာလား။"

ဝမ္ေခ်ာင့္မ်က္ႏွာတစ္ခုလုံးအထက္တြက္ ရွက္ရြံ႕မွုဆိုတာက အတိုင္းသားေပၚေနေပမယ့္ ျငင္းပယ္လာျခင္း မရွိ။ သူ အခုထိ က်ဳံးန်န္းစန္းႏွင့္ ခ်ိန္းရေသးတာ မဟုတ္။ ေရွာင္ရွဲ႕ျပန္တာေစာင့္ၿပီးမွ လွမ္းေခၚဖို႔ျပင္ေနခဲ့တာျဖစ္သည္။

ရွဲ႕က်ဴရွင္း သူ႔ေဒါသကိုခ်ဳပ္တည္းထားရင္းေမးလာေတာ့သည္။ "မင္း သူ႔ကိုႀကိဳက္ေနတာလား။"

ဝမ္ေခ်ာင္ ေၾကာင္အသြားရသည္။ "ငါက ဘာလို႔ အဲ့ေခြးေကာင္ကိုႀကိဳက္ရမွာလဲ။ မေနာက္စမ္းပါနဲ႔။ ငါျဖင့္ သူ႔ကို ၿငီးေငြ႕ေနၿပီ။"

ရွဲ႕က်ဴရွင္း တကယ္နားမလည္နိုင္။ "ဒါျဖင့္ မင္း ဘာလို႔ သူ႔ကို ထပ္ေတြ႕ဖို႔ေခၚေနေသးတာလဲ။"

ဝမ္ေခ်ာင္ ေဝေဝဝါးဝါးေရရြတ္ေျပာလာသည္။ "အဲ့တာ ... ငါ့မွာ အတူအိပ္စရာလူ မရွိဘူးေလ။ ငါ့အစ္ကိုႀကီးကလည္း ငါ့ကို ေကာင္မေလးေတြနဲ႔ မေပ်ာ္ပါးခိုင္းဘူး။"

ရွဲ႕က်ဴရွင္း : "..." 'ဒီလိုအ႐ူးေကာင္ကိုမွႀကိဳက္မိတာ သူ တကယ္ကန္းေနလို႔ပါပဲ။'

ဝမ္ေခ်ာင္ ေမးလာသည္။ "မင္း အဲ့တာကို ဘယ္လိုသိလာတာလဲ။"

ရွဲ႕က်ဴရွင္း သူ႔ကို ျပန္ေအာ္ေျပာလိုက္သည္။ "ငါ ဘယ္လိုသိလဲ မင္းက ဘာလို႔လိုက္ဂ႐ုစိုက္ေနလဲ!"

ဝမ္ေခ်ာင္ : "... မင္း ဘာလို႔ ႐ုတ္တရက္ႀကီး ေဒါသထြက္လာရတာလဲ။"

ရွဲ႕က်ဴရွင္း အသက္ျပင္းျပင္းရွူ၍ေျပာလိုက္သည္။ "ဘယ္လိုပဲျဖစ္ျဖစ္ ငါ ဒီည ဒီမွာေနမွာ။ မင္းဘာသာႀကိဳက္တာလုပ္။ သူလာရင္လည္း မင္းတို႔လုပ္တာ ငါထိုင္ၾကည့္ေနမယ္။"

ဝမ္ေခ်ာင္ ေခါင္းကုတ္ရင္းျပန္ေျပာသည္။ "မင္း ၾကည့္လို႔ရမွာ မဟုတ္ဘူး။ ငါ အခုထိ သူ႔ကိုမေခၚရေသးဘူး။"

ရွဲ႕က်ဴရွင္းမွာ သူ႔အား ထရိုက္ခ်င္စိတ္ကို ထိန္းထားရင္း ရြံရွာသလိုေျပာလိုက္သည္။ "မင္းရဲ့မ်က္ႏွာမွာ ဒီေလာက္ေပက်ံေနတာေတာင္ လုပ္ဖို႔ေတြးနိုင္ေသးတယ္ေပါ့?"

ဝမ္ေခ်ာင္ ထိုအေျပာကို လက္မခံနိုင္။ "မင္း ဒီအေၾကာင္းကို အစေဖာ္ရဲတယ္ေပါ့။ ဒါကို ဘယ္သူလုပ္လိုက္တာလဲ။ မင္း မဟုတ္ဘူးလား!"

သူ မေက်နပ္ခ်က္မ်ားကို ပြစိပြစိေရရြတ္ရင္း မ်က္ႏွာေဆးဖို႔ထသြားေတာ့သည္။

ရွဲ႕က်ဴရွင္းမွာ ေဒါသထြက္လြန္းလို႔ ေခါင္းမူးလာသလိုပင္။ သူ ဆိုဖာေပၚထိုင္ခ်ၿပီး ေတြ႕ရာမဂၢဇင္းကိုေကာက္ယူ၍ ဖတ္ရန္ ဆြဲဖြင့္ရာ အားအသုံးလြန္ၿပီး ထက္ဝက္ျပဲသြားေတာ့မည့္အလား။

ဝမ္ေခ်ာင္ မ်က္ႏွာသစ္ၿပီးေနာက္ မွန္ေရွ႕တြင္ အေျခာက္ခံေနခ်ိန္ သူ႔စိတ္ထဲ လင္းခနဲျဖစ္သြားၿပီး ႐ုတ္တရက္ရွင္းလင္းသြားေတာ့သည္။

ေရွာင္ရွဲ႕က သူ ေယာက္်ားတစ္ေယာက္နဲ႔လုပ္ခဲ့မွန္း သိထားတာၾကာေနခဲ့ၿပီ။ သို႔တိုင္ေအာင္ ေရွာင္ရွဲ႕က သူ႔ကို ေရွာင္ဖယ္မသြားတဲ့အျပင္ တစ္ကုတင္တည္း အတူတူအိပ္ေပးသလို အနမ္းလည္းေပးၿပီး လြန္ခဲ့တဲ့ရက္အနည္းငယ္ကတင္ သူ႔လၽွာကိုလ်က္သြားေသးသည္။

... ဖာ့ခ္! ဒါဆို ဒါက ေရွာင္ရွဲ႕လည္း သူနဲ႔အိပ္ခ်င္ေနတယ္ဆိုတဲ့သေဘာ မဟုတ္လား။

သူ ေရခ်ိဳးခန္းထဲမွ အလ်င္စလိုျပန္ထြက္လာခ်ိန္ ေရွာင္ရွဲ႕က မဂၢဇင္းစာအုပ္ကို ထိုင္လွန္လ်က္ရွိေနတာကိုျမင္လိုက္ရၿပီး ေရွာင္ရွဲ႕မ်က္ႏွာထက္တြင္ စိတ္မေပ်ာ္ရႊင္မွုက အထင္းသား။

သို႔ေသာ္ျငား ဝမ္ေခ်ာင္ကေတာ့ ေရွာင္ရွဲ႕ရဲ့စိတ္မေက်နပ္မွုကို ရမၼက္ရဲ့ေတာင့္တမွုျဖင့္မြန္းက်ပ္ေနရျခင္းအျဖစ္ ဘာသာျပန္ယူလိုက္ေလသည္။ ေျပာရလၽွင္ ေရွာင္ရွဲ႕ သူ႔ရည္းစားေဟာင္းႏွင့္ လမ္းခြဲၿပီးတာ လအနည္းငယ္မၽွရွိေနခဲ့ၿပီျဖစ္ၿပီး ဒီၾကားထဲလည္း အေပ်ာ္သေဘာတြဲတဲ့ေကာင္မေလးမ်ိဳးေတာင္ မေတြ႕ဖူးေသး။ ထို႔အျပင္ သူ႔ရဲ့တစ္ကိုယ္ေတာ္ျပပြဲမ်ိဳးကိုလည္း ဝမ္ေခ်ာင္ ေတြ႕ဖူးျခင္း မရွိ။ ဒီလိုအခ်ိန္၌ လိုခ်င္စိတ္ရွိလာတာက သာမန္ပင္။

သူ ရွဲ႕က်ဴရွင္းေဘးတြင္ထိုင္ခ်ရင္း မသိမသာေလး သူ႔လက္ကို တစ္ဖက္လူရဲ့ပခုံးေပၚတင္ထားလ်က္ ဖ်စ္ညႇစ္ၾကည့္လာသည္။

ရွဲ႕က်ဴရွင္း မ်က္ႏွာေသျဖင့္ ဝမ္ေခ်ာင့္ကိုျပန္လွည့္ၾကည့္လိုက္သည္။

ဝမ္ေခ်ာင့္မွာ တစ္ဖန္ထပ္လို႔ မေသမခ်ာျဖစ္သြားတာမို႔ ရွက္ရြံ႕ရြံ႕ျဖင့္ လက္ျပန္ခ်ထားရင္း ခဏမၽွ ႀကိဳးစား႐ုန္းကန္ၿပီးေနာက္ေျပာလိုက္သည္။ "ငါ မင္းကို ဟာသတစ္ခုေျပာျပမယ္။"

ရွဲ႕က်ဴရွင္း : "ႏွင္းလူသားလား။ နားမေထာင္ဘူး။"

ဝမ္ေခ်ာင္ အလ်င္စလိုေျပာလိုက္၏။ "ႏွင္းလူသားအေၾကာင္း မဟုတ္ဘူး။ အသစ္တစ္ခု။"

ထိုအခါမွ ရွဲ႕က်ဴရွင္းလည္း သူဖတ္ေနတဲ့မဂၢဇင္းကို ပိတ္ခ်လိုက္ေတာ့သည္။

ဝမ္ေခ်ာင္ စေျပာလာသည္။ "ငါတို႔နိုင္ငံက နယ္ေျမကလည္း က်ယ္ေျပာၿပီး အရင္းအျမစ္ေတြလည္း ေပါမ်ားတယ္။ လူေနထိုင္မွုကလည္း မ်ားတယ္။ မတူညီတဲ့မ်ိဳးႏြယ္ ၃၀ ေတာင္ အတူေနထိုင္ၾကတာတဲ့၊ မင္းသိလား။"

ရွဲ႕က်ဴရွင္း : "... ငါသိတယ္။" 'ပထဝီဟာသလား။'

ဝမ္ေခ်ာင္ ဆက္ေျပာသည္။ "ဆိုေတာ့ ငါတို႔မွာ ေဒသိယစကားေတြလည္း အမ်ားႀကီးရွိတယ္ကြာ။ ဥပမာ မင္းရဲ့ဟယ္နမ္စကားလိုေပါ့။ ငါ နည္းနည္းေျပာျပၾကည့္မယ္!"

ရွဲ႕က်ဴရွင္း သူ႔ဘာသာေတြးလိုက္သည္။ 'ေအာ္၊ ေဒသိယစကားဟာသပဲ။'

ဝမ္ေခ်ာင္ မ်က္ေမွာင္ၾကဳတ္ထားရင္း ဟယ္နမ္စကားေျပာဖို႔လုပ္ေတာ့သည္။ "ဟင့္အင္း! ဟင့္အင္း!  အား! မင္းဘာလုပ္ေနတာလဲ! ျပဲစြမ္း!"

[T/N : 鳖孙 google ကေန အသံထြက္ျပတာကေတာ့ 'ျပဲစြမ္း' တဲ့။ Henan လူမ်ိဳးေတြ အသုံးမ်ားတဲ့အဆဲစကားပါတဲ့။]

ရွဲ႕က်ဴရွင္း : "..." 'ဖာ့ခ္! သူက ေဒသယစကားေတြသုံးၿပီး အိပ္ရာေပၚညည္းနည္းေတြေျပာေနတာပဲ။'

ဝမ္ေခ်ာင္ ခဏၾကာေအာင္ရယ္ေနၿပီးမွ ရွဲ႕က်ဴရွင္းရဲ့အမူအရာမဲ့မ်က္ႏွာကိုၾကည့္ၿပီး ေမးေလသည္။ "မရယ္ရဘူးလား။ ဒါဆို ငါ မင္းကို စီခၽြမ္းစကားေျပာျပမယ္။ အဲ့ပစၥည္းကို အားကုန္ထည့္လိုက္စမ္းပါ! ခပ္ၾကမ္းၾကမ္ေလး! အစ္ကိုႀကီး! လုပ္စမ္းပါ! ျမန္ျမန္!"

ထို႔ေနာက္မွာေတာ့ သူက ကြမ္တုံးလိုတစ္မ်ိဳး ဝူဟန့္လိုတစ္ဖုံေျပာျပန္သည္။ ေျပာၿပီးတိုင္းမွာလည္း သူ႔ဘာသာ အူတက္ေအာင္ရယ္ေနသည္မွာ သီးသြားတဲ့အထိ။

ရွဲ႕က်ဴရွင္း : "... ဒီဟာသက ႏွင္းလူသားထက္ေတာင္ ပိုဆိုးေနေသးတယ္။"

ဝမ္ေခ်ာင္ သူ႔ဗိုက္ကို လက္ျဖင့္အုပ္ကိုင္ထားရင္း ခပ္မတ္မတ္ထထိုင္ၿပီးေနာက္ သူ႔ရဲ့ေနာက္ဆုံးေသာအတတ္ပညာကို ထုတ္သုံးေတာ့သည္။ "ေနာက္ဆုံးအေနနဲ႔ ငါ မင္းကို ငါတို႔အေရွ႕ေျမာက္ပိုင္းသားေတြရဲ့စကားကို သင္ေပးမယ္။ အိုက္ယား! ျပင္းျပင္းေလးလုပ္စမ္းပါ! ဘယ္လိုျဖစ္ေနတာလဲ! ညစာ မစားထားဘူးလား! ျမန္ျမန္! မ်ားမ်ားထိုးထည့္စမ္းပါ!'

ေနာက္ဆုံးမွာေတာ့ ရွဲ႕က်ဴရွင္း ထရယ္မိသြားသည္။

ဝမ္ေခ်ာင္လည္း သူ႔လုပ္ေဆာင္ခ်က္ကို ဂုဏ္ယူမွုမ်ားျဖင့္ တဟားဟားရယ္ေတာ့သည္။

ရယ္ၿပီးေနာက္ တိတ္ဆိတ္ျခင္းက ႐ုတ္တရက္ သူတို႔ၾကားႀကီးစိုးသြား၏။

ရွဲ႕က်ဴရွင္းအေနျဖင့္ ေဒသိယစကားမ်ားက ရယ္ရတာမို႔ ရယ္လိုက္ျခင္း မဟုတ္။ သူ ရယ္မိျခင္းက ဒီေန႔ေတာ့ ဒီအ႐ူးေကာင္နဲ႔ သူရေအာင္အိပ္မည္ဟု စိတ္ဆုံးျဖတ္ၿပီးေနာက္ တကယ္မလုပ္ရေသးခင္မွာပဲ ဒီအ႐ူးေကာင္ေလးက သူ႔ဘာသာ အရင္ညည္းျပေနခဲ့ၿပီ။

ဝမ္ေခ်ာင္ ရယ္လို႔ဝသြားမွ 'အေရးႀကီးကိစၥ' ကို သတိရလာေတာ့သည္။ ေရွာင္ရွဲ႕ကေရာ သူႏွင့္အတူအိပ္ဖို႔ စိတ္ကူးရွိရဲ့လား။

သူ လွမ္းေခၚလိုက္သည္။ "ေရွာင္ရွဲ႕"

ရွဲ႕က်ဴရွင္း ျပန္ေျဖ၏။ "ဘာလဲ။"

ဝမ္ေခ်ာင္ : "ဟိုဟာေလ ဘာပါလိမ့္။"

ရွဲ႕က်ဴရွင္း : "ဘယ္ဟာလဲ။"

ဝမ္ေခ်ာင္ တံေတြးၿမိဳခ်ရင္း ရွိသမၽွသတၱိအကုန္စုလ်က္ေမးေတာ့သည္။ "မင္း .. မင္း ငါ့ကို ထိုးခြင့္ေပးမလား။"

ရွဲ႕က်ဴရွင္း : "..."

သူ မခ်ဳပ္တည္းနိုင္ေတာ့ဘဲ ထပ္ရယ္မိေတာ့သည္။

'သူ အခြင့္အေရးရၿပီ!' ဝမ္ေခ်ာင္ ခ်က္ခ်င္းဆိုသလို သူ႔ကို အေျပးဖက္ထားရင္း ေပ်ာ္ရႊင္တႀကီးေျပာလာသည္။ "တကယ္ရတာလား။"

ရွဲ႕က်ဴရွင္းက ပိုခ်ဳပ္တည္းေနတတ္သူျဖစ္တာမို႔ သူ အဲ့လိုလုပ္လာခ်ိန္ ရွက္ရြံ႕သလိုျဖင့္ နားမ်ားအထိ နီရဲသြားေတာ့သည္။

ဝမ္ေခ်ာင္ကေတာ့ ဝမ္းသာတႀကီးထခုန္လို႔ သူ႔ကို ဆြဲထူ၍ေျပာေလသည္။ "သြားမယ္၊ ျမန္ျမန္လာ။ အိပ္ရာေပၚ သြားရေအာင္!"

အိပ္ခန္းထဲေရာက္သြားသည္ႏွင့္ သူ ရွဲ႕က်ဴရွင္းကို သိုင္းဖက္ၿပီး အႀကိမ္ေရအနည္းငယ္မၽွနမ္းရွိုက္လာသည္။ ထို႔ေနာက္တြင္ သူ စိတ္လွုပ္ရွားတႀကီး သူ႔အဝတ္မ်ားကို အလ်င္စလိုခၽြတ္ခ်လိုက္ေတာ့သည္။ သူ႔အကၤ်ီမ်ား ခၽြတ္ၿပီးေနာက္မွာေတာ့ သူ ရွဲ႕က်ဴရွင္းကို ကူခၽြတ္ေပးရင္းႏွင့္ ပါးစပ္ကလည္း ေခ်ာ့ေမာ့ေျပာေနေပးမိသည္။ "ေရွာင္ရွဲ႕၊ မင္းမေၾကာက္နဲ႔။ ပထမဆုံးအႀကိမ္ဆိုေတာ့ ေသခ်ာေပါက္နာမွာဆိုေပမယ့္ ခဏပဲ သည္းခံထားလိုက္။ ၿပီးရင္ မင္းခံစားလို႔အရမ္းေကာင္းသြားလိမ့္မယ္။"

ရွဲ႕က်ဴရွင္း မလွုပ္ရွားသလို စကားလည္းမေျပာ။ ေနရာတြင္ရပ္ရင္းသာ တစ္ဖက္လူ အဝတ္ခၽြတ္ေပးတာကို ၿငိမ္ခံေန၏။

'ေနာက္ဆုံးေတာ့ သူ ေရွာင္ရွဲ႕ႏွင့္အတူအိပ္ခြင့္ရခဲ့ၿပီ။' ဝမ္ေခ်ာင္ ျပဳံးၿဖီးၿဖီးျဖစ္ေနေပမယ့္ ေရွာင္ရွဲ႕အေရွ႕မွာမို႔ သူ အသံထြက္ မရယ္ရဲ။ သို႔ႏွင့္ သူ ရွဲ႕က်ဴရွင္းအတြင္းခံကို ျဖည္းျဖည္းခ်င္း ဆြဲခၽြတ္ခ်ရင္း စိတ္အားထက္သန္မွုႏွင့္ မ်က္လုံးရဲ့အေရာင္မ်ားေတာင္ ေတာက္လာေတာ့သည္။ ထို႔ေနာက္မွာေတာ့ သူ ေတာင့္ခဲသြားၿပီး ရွဲ႕က်ဴရွင္းမ်က္ႏွာကို ျပန္ေမာ့ၾကည့္မိေတာ့သည္။

'မ်က္ႏွာက ဒီေလာက္ေခ်ာေမာေသးသြယ္ေနတာကို ဘာလို႔ ဒီအပိုင္းက အဲ့ေလာက္ႀကီးထိ ႀကီးေနရတာလဲ!?'

... ကိစၥမရွိပါဘူး၊ ဒါက အေရးႀကီးတာမွ မဟုတ္တာ။

သူ ရွဲ႕က်ဴရွင္းကို ကုတင္ေပၚသို႔ တြန္းခ်ၿပီးေနာက္ ေမ်ာက္တစ္ေကာင္လို စိတ္အားထက္သန္မွုမ်ားျဖင့္ ရွဲ႕က်ဴရွင္းရဲ့လည္ပင္းႏွင့္ မ်က္ႏွာကို အနည္းငယ္မၽွနမ္းေပးၿပီး တန္းလုပ္ငန္းစဖို႔လုပ္ေလသည္။

ရွဲ႕က်ဴရွင္း ေတာ္ေတာ္ေလးေျပာစရာမဲ့သြားရသည္။ ဒီအ႐ူးေကာင္ရဲ့စေကး ဆိုးေလာက္မယ္ဟု ေတြးထားၿပီးသားဆိုေပမယ့္ လုပ္ငန္းမစခင္ ေက်နပ္မွုအရင္ေပးျခင္းမရွိတဲ့အထိ ဆိုးလိမ့္မည္ဟု မထင္ထား။ 'ၾကည့္ရတာ သူ ဒီေလာက္ႏွစ္ေတြအၾကာႀကီး ျမင္းရိုင္းျဖစ္နိုင္ေနတာ Prada အားကိုးေၾကာင့္ပဲ ထင္ပါတယ္။'

ဝမ္ေခ်ာင္က တန္းလုပ္ငန္းစနိုင္ဖို႔အတြက္ပဲ အရမ္းအေပ်ာ္ၾကဴးေနၿပီး အစကေနအဆုံးထိ ကြန္ဒုံးဝတ္ဖို႔ေတာင္ မေတြးထား။ ဘယ္လိုပဲျဖစ္ပါေစ ဒီလူက ေရွာင္ရွဲ႕ျဖစ္တာမို႔ သန့္ရွင္းၿပီးသားပင္။

ရွဲ႕က်ဴရွင္း လက္ေျမႇာက္၍ သူ႔ပခုံးကို လွမ္းဖိထားလိုက္သည္။ ဝမ္ေခ်ာင္လည္း ရွဲ႕က်ဴရွင္းက သူ႔ကို နမ္းခ်င္ေနေသးတယ္ဟု ထင္လို႔ အလ်င္စလိုေျပာလာ၏။ "မရဘူး၊ ငါ့ပါးစပ္ နာေနေသးတယ္။"

မထင္ထားစြာ ရွဲ႕က်ဴရွင္းက သူ႔ပခုံးကို ဖိထားရင္း သူ႔ကို ေဘးသို႔ တြန္းလွဲခ်လိုက္ေလသည္။ သူ ခဏမၽွေၾကာင္အသြားၿပီးေနာက္ အသိျပန္မဝင္နိုင္ေသးခင္မွာပဲ ရွဲ႕က်ဴရွင္းက သူ႔အေပၚလွိမ့္တက္လို႔ သူ႔အေနာက္မွ တြန္းဖိထားေတာ့သည္။

သူ႔စိတ္ခံစားခ်က္အရ တစ္ခုခုမွားေနၿပီဟု သိေနရေပမယ့္ အလြန္ေနာက္က်သြားခဲ့ၿပီ။

'ဘယ္သူကမ်ား 'ပထမအႀကိမ္မို႔ နည္းနည္းနာတာပါ။ သည္းခံလိုက္ရင္ ေကာင္းသြားမွာ' လို႔ေျပာခဲ့တာလဲ။ အက်ိဳးနည္းလိမ္စဥ္ေတြ! မင္းအဘႀကီးကို သည္းခံ! ဘယ္လူကမွ သည္းမခံနိုင္ဘူးကြ!'

အစပိုင္းမွာေတာ့ သူက ေအာ္ၿပီးရင္းေအာ္ငိုေနေတာ့သည္။ "မလွုပ္နဲ႔၊ မလွုပ္နဲ႔၊ မလွုပ္နဲ႔ ... ေသေတာ့မယ္၊ ေသေတာ့မယ္၊ ေသေတာ့မယ္ ..."

အေတာ္ၾကာငိုၿပီးေနာက္ အသုံးမဝင္တာကို သိရခ်ိန္ သူ စတင္ဆဲေရးေလသည္။ "ရွဲ႕က်ဴရွင္း .. မင္းရဲ့ဘိုးေဘရွစ္ရာေက်ာ္အထိ ငါ တက္လုပ္ပစ္မယ္! .."

အတန္ၾကာ ဆဲေရးၿပီးေနာက္ အသုံးမဝင္တာကို သိလိုက္ရၿပီး ေအာ္ရတာလည္း ပင္ပန္းလာတာမို႔ ခပ္တိုးတိုးသာ ေရရြတ္ေတာ့သည္။ "မင္း ေသာက္က်ိဳးနည္း မၿပီးနိုင္ေသးဘူးလား။"

အဆုံးမွာေတာ့ သူ႔အသံတစ္ခုလုံး ကြဲအက္လာၿပီး ညည္းညဴသံေတာင္ မထြက္နိုင္ေတာ့ဘဲ ထိုအတိုင္းသာ လဲရင္း ညည္းတြားလို႔ ငိုလ်က္တစ္ကိုယ္လုံး တုန္ယင္ေနေတာ့သည္။

သူ နာက်င္႐ုံတင္မဟုတ္၊ အရမ္းလည္းဝမ္းနည္းေနရသည္။ ဝမ္းနည္းရျခင္းမွာ ေရွာင္ရွဲ႕ သူ႔ကို တကယ္ႀကီး လိမ္ထားခဲ့တာမို႔ပင္။

သူ ေရွာင္ရွဲ႕ထဲ ထိုးသြင္းပါမယ္လို႔ ေသခ်ာေျပာထားၿပီးသားကို ဘာလို႔ ေရွာင္ရွဲ႕က ဝင္လာရတာလဲ။

သူ ေနာက္တစ္ႀကိမ္ ထပ္ၿပီးေရွာင္ရွဲ႕ကို မနမ္းေတာ့ဘူး၊ ဒီျပဲစြမ္းေကာင္!"

ေနာက္ဆုံးေတာ့ ၿပီးသြားခဲ့ၿပီ။

ရွဲ႕က်ဴရွင္း စိတ္ေက်နပ္ေနၿပီး သူ႔ေဘးတြင္ ထိုင္၍ သူ႔ကို အခ်ိန္အေတာ္ၾကာၾကည့္ေနရင္းမွ မရယ္ဘဲမေနနိုင္ေတာ့။ ဒီအ႐ူးေကာင္ေလးက အခုကစလို႔ သူ႔အပိုင္သာ။

ဒီအ႐ူးေကာင္ေလးက မ်က္လုံးမ်ား ေဖာင္းအစ္ေနတဲ့အထိ ငိုထားတာေတာင္ အခုထိ တရွုံ႔ရွုံ႔လုပ္ေနေသးသည္မွာ ေျပာစရာမလိုေအာင္ ခ်စ္ဖို႔ေကာင္းေနသည္။

သူ အ႐ူးေလးရဲ့ေနာက္ေက်ာကို ခပ္ဖြဖြထိေပးရင္းေမးလိုက္သည္။ "နည္းနည္းသက္သာလာၿပီလား။"

ဝမ္ေခ်ာင့္မွာ ေဒါသထြက္လြန္းေပမယ့္ သူ႔လက္ႏွင့္ေျခေထာက္တြင္ အားမရွိသလို ခါးႏွင့္တင္ပါးလည္း နာက်င္ေနေတာ့သည္။ သူ ရွဲ႕က်ဴရွင္းကို ရိုက္နိုင္မွာ မဟုတ္မွန္းသိတာမို႔ လွဲေနရင္းသာ မ်က္ဆန္လွန္ျပၿပီး ကြဲအက္အက္အသံျဖင့္ဆဲေရးေလသည္။ "မင္းအေမႀကီးကို သက္သာ! ထြက္သြား!"

ရွဲ႕က်ဴရွင္းက စိတ္မရွုပ္သြားဘဲေျပာလာသည္။ "နာေနတုန္းလား။ ခံစားလို႔ေကာင္းတယ္မဟုတ္ဘူးလား။"

ရွဲ႕က်ဴရွင္းက သူ႔ကို သူ႔စကားနဲ႔ျပန္ၿပီးေတာ့ လာေျပာေနတယ္! ဝမ္ေခ်ာင္ ပိုလို႔ေတာင္စိတ္တိုသြားရၿပီး သိသမၽွအဆဲစကားလုံးမ်ားကို ထုတ္ဆဲၿပီး ညစ္ညမ္းသမၽွအကုန္ထုတ္ေျပာလာသည္မွာ ဒီ့ထက္ညစ္ညမ္းစရာေတာင္ မရွိေတာ့တဲ့အထိ။

ရွဲ႕က်ဴရွင္း ထပ္နားမေထာင္နိုင္ေတာ့ဘဲ သူ႔တင္ပါးကို ခပ္ဖြဖြေလး တစ္ခ်က္ရိုက္ခ်လိုက္သည္။

ဒီတင္ပါးရိုက္ခ်က္က သူ႔အတြက္ ဘယ္ေလာက္ထိေနရအဆင္မေျပျဖစ္ေစလဲ ဝမ္ေခ်ာင္ ေျပာျပလို႔ေတာင္ မရ။ သူ႔တင္ပါးက နာက်င္မွုျဖင့္ ပူေလာင္ေနသလို တစ္ခ်ိန္တည္းမွာပဲ ထုံက်င္ကိုက္ခဲေန၏။ ႐ုတ္တရက္ ဂုဏ္သိကၡာႏွင့္ဆိုင္တဲ့အေတြးတစ္ခုက သူ႔ေခါင္းထဲ ဝင္လာေတာ့သည္။ "ဖာ့ခ္! ငါ အရွက္ကြဲခံရမယ့္အစား ေသပဲေသလိုက္မယ္!"

သူ ေခါင္းအုံးေပၚ လက္ေထာက္၍ ႀကိဳးစားပမ္းစားထထိုင္လိုက္ေပမယ့္ သူ႔အားထုတ္မွုရဲ့လမ္းတစ္ဝက္မွာတင္ အားကုန္သြားခဲ့တာမို႔ သူ ကိုးရိုးကားယား ဝပ္လ်က္သားအေနအထားေလးႏွင့္ ကုတင္ရင္းရွိ သူ႔ဖုန္းကိုလွမ္းထိ၍ ဖုန္းေခၚဖို႔လုပ္ေတာ့သည္။

ရွဲ႕က်ဴရွင္း ေတြးလိုက္မိသည္။ 'သူ သူ႔အစ္ကိုဆီ ဖုန္းေခၚၿပီး တိုင္တန္းေတာ့မလို႔လား။'

သို႔ေသာ္ စကၠန့္အနည္းငယ္အၾကာမွာတင္ ဝမ္ေခ်ာင္ ဖုန္းအတြင္းသို႔ေအာ္ေျပာလိုက္၏။ "က်ဳံးန်န္းစန္း! မင္း အခုခ်က္ခ်င္း ဒီလာခဲ့! ဒီေလာင္ဇီ မင္းကို ထိုးဦးမယ္!"

KittyKitling

T/N : ဒီလိုငတုံးငမိုက္သားမ်ိဳး ဘယ္ကေနရွာခဲ့တာပါလိမ့္ဟု ေမးခြန္းျပန္ထုတ္ေနမိတဲ့ Kit

Continue Reading

You'll Also Like

209K 19.2K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
258K 9.1K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023
168K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
3.5M 281K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...