ကျွန်တော့်ယောကျာ်း ရောဂါသည် (...

بواسطة PoneyPeach

423K 64.3K 2K

- المزيد

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 41

4.5K 838 10
بواسطة PoneyPeach

Unicode
အခန်း ( ၄၁ )

ကျီဇယ်ဟွေ့က ကျယ်ယန့်ကို သည်လိုအခက်တွေ့စေသော ကိစ္စများကို ဘာ့ကြောင့်လုပ်ရသလဲ၊ ဒေါသလှိုင်းများသီချင်းရမှတ်က အရမ်းနိမ့်နေရတာ ဘာကြောင့်လဲဆိုသော မေးခွန်းများတော့ ရှိနေခဲ့၏။ ကွန်မန့်များက Weibo ပေါ်တွင် အလျင်အမြန်ပျံ့နှံ့သွားကာ ပရိဂရမ်နှင့် ပတ်သက်သမျှ ခေါင်းစဥ်မျိုးစုံသည် ရှာဖွေမှုအများဆုံးစာရင်းသို့ ဝင်သွား၏။ နားပါးသော အဘိုးကြီး၏ Weibo ပို့စ်နှစ်ခုမှာလည်း လူကြိုက်များဆုံးစာရင်းဝင်ကာ ချီးကျူးခံရလျက်ရှိပြီး အမျိုးစုံကြိုးခုန်သော အတင်းအဖျင်း ကောလာဟလများသည်လည်း တစ်ခုပြီးတစ်ခုကို ထွက်ပေါ်လာတော့သည် …

ဒီညတော့ Weibo ကို ငြိမ်အောင်မလုပ်တော့ဘဲ ကံဆိုးမိုးမှောင်ကျလျက်ရှိပြီ။

***

ဟူပျောင်းဆီက အနှိုးခံရသည့် ဖြစ်ရပ်အပြီးကတည်းက ကျယ်ယန်သည် သူအိပ်တိုင်း ဖုန်းပိတ်ပြီးမှ အိပ်တာကို သဘောခွေ့သွား၏။ နောက်တစ်ရက် ကျယ်ယန် အိပ်ရာစောစောနိုးလာပြီး သူ့ဖုန်းကိုဖွင့်လိုက်ရာ ကျီဇယ့်ဟွေ့တစ်ယောက် Weibo မှာ အကြိမ်ရာချီ ထောင်ချီ ကျိန်ဆဲခံရထားရတာကို တွေ့ရ၏။

ကျီဇယ့်ဟွေ့ကလည်း အသံစူးစူးပြာပြာကြီးဖြင့် ဆိုလာသည်။   “ မင်း ဒါကို တမင်လုပ်လိုက်တာမလား။ ဒီနေ့ညတင် ငါ ဖန်ဘယ်လောက်ဆုံးရှုံးလိုက်ရလဲ။  hot search ထဲကနေ ငါ့နာမည်ကို ဖယ်ဖို့ ငွေဘယ်လောက်သုံးလိုက်ရလဲဆိုတာ မင်းသိရဲ့လား။ ”

“ ခင်ဗျားကို ကြာကြာအမှတ်ရနေစေဖို့ ပိုက်ဆံနည်းနည်းလောက်တော့ ကုန်ဖို့လိုမှာပေါ့။ နားလည်​နေ တတ်​နေရင်လည်း ထိပ်ရောက်နေတဲ့ ခင်ဗျားကိုယ်ခင်ဗျား ဆွဲချတဲ့ ဒီလိုလုပ်ရပ်မျိုးတွေ မလုပ်နဲ့ပေါ့ဗျာ။ ”  ကျယ်ယန် ထမင်းစားပွဲသို့ သွားထိုင်လိုက်၏။   “  hot search တွေကို ဆွဲမချနဲ့တော့။ အသံသွင်းစတူဒီယိုနဲ့ ​တီးဝိုင်းကို သွားပြင်ချည်။ ဒီနေ့ လုပ်စရာတွေအကုန်ပြီးစီးရင် နွေဆောင်းဦးညီဓား တရားဝင်ပြန်ပြင်ဗားရှင်းကို အသံသွင်းဖို့ ခင်ဗျားဆီလာခဲ့မယ်။  ပြီးရင် ခင်ဗျားက အဲ့ဒါကို Weibo မှာ တင်လိုက်ပေါ့။ ကျွန်တော်ကလည်း ခင်ဗျားအတွက် စကားကောင်းကောင်းမွန်မွန်လေးတွေ နည်းနည်းပါးပါး ပြောပေးပါ့မယ်။ ပုံမှန်ဆို ဒီလိုကောလာဟလသတင်းဆိုးဂယက်မျိုးကို ခင်ဗျား ကျော်ဖြတ်နိုင်မှာပါ။  ”

ကျီဇယ့်ဟွေ့ကတော့ မယုံပါ။  “ လွယ်လှချည်လား။ ”

“ လွယ်လွယ်ပဲလေ။ ပရိသတ်တွေနဲ့ အသုံးပြုသူတွေက လူသစ်လေးကို အနိုင်ကျင့်တဲ့အတွက် ခင်ဗျားကို လတ်တလော ဆူဆဲပြီး ခင်ဗျားရဲ့ စွမ်းရည်ကို မေးခွန်းထုတ်နေကြတယ်။ အနိုင်ကျင့်တဲ့ကိစ္စအတွက် ကျွန်တော် ခင်ဗျားဘက်က နည်းနည်းလောက်ကူပြောလိုက်ရုံနဲ့ ဖြေရှင်းပေးလိုက်လို့ရတယ်။ ကျန်တဲ့ကိစ္စကိုလည်း ဖြစ်ပြီးတာတွေကို ကျော်ဖြတ်နိုင်မယ့် သီချင်းတစ်ပုဒ်ဆိုပြီး ရှင်းလို့ရမယ်။ ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ပြီး ခင်ဗျားအသံကို ဥထား။ နွေဆောင်းဦးညီဓားအသံသွင်းတဲ့အချိန်သာ အခွင့်အရေးကို လက်လွှတ်မခံလိုက်ရစေနဲ့။ ဒါနဲ့ " တေးဂီတဧကရာဇ်က ဘယ်သူလဲ " ကို ဆက်သွယ်ပြီး ဒေါသလှိုင်းများသီချင်းက ဘာကြောင့် အမှတ်နည်းရသလဲဆိုတဲ့ကိစ္စကို ခင်ဗျား ကူဖြေရှင်းပေးနိုင်ကြောင်း ပြောသင့်တယ်နော်။ ”

ကျီဇယ့်ဟွေ့ ဒေါသပုန်ထပ်ထတော့မည်။

ကျယ်ယန် သူ့အသံကို မြှင့်ပြောလိုက်သည်။  “ ဘာလို့ အရမ်းတွေ ဒေါသထွက်နေတာလဲဗျာ။ ကျွန်တော် ပြောတာကိုသာ နားထောင်စမ်းပါ။ ဒါက နောက်ကျရင် ပြန်လည်ရိုက်ကူးရေးလုပ်တဲ့အကြောင်း တခြားတစ်ယောက်ယောက်စီက ပေါက်ကြားမှာကို ရှောင်ရှားပြီးသားလည်း ဖြစ်သွားမယ်။ ရိုက်ကူးရေးမလုပ်ခင်က ပွဲ​ကြည့်ပရိသတ်တွေကို လျို့ဝှက်ပြီး စာချုပ်ချုပ်ခဲ့ပေမဲ့လည်း အဲ့ဒီစာချုပ်တွေရဲ့ ထိန်းချုပ်နိုင်မှုအင်အား ဘယ်လောက်နည်းသလဲဆိုတာ ခင်ဗျား သိသင့်တယ်နော်။ ဒါ့အပြင့် B မြို့တော် ရုပ်မြင်သံကြားဌာနမှာ ဝန်ထမ်းတွေ အများဆိုမှ အများကြီးရှိတာ။ ဝန်ထမ်းဘယ်လောက်များများက ကျွန်တော့တို့ သီချင်းထပ်ဆိုရတာကို သိသွားကြပါ့မလဲနော်။ သတင်းတွေကို ခင်ဗျား ဖုံးထားနိုင်ရဲ့လား။ ”

ကျီဇယ့်ဟွေ့ တည်ငြိမ်စွာ မေးလိုက်၏။   “ မင်း ဘာလုပ်ချင်တာလဲ။ ”

“ စိတ်ဆင်းရဲစရာ စိတ်ဆိုစရာကဒ်တွေကို ခင်ဗျားကို ကူရောင်းပေးချင်တာလေ။ အိုကေဗျာ သွားပြင်လိုက်တော့။ ”

ကျီဇယ့်ဟွေ့ကို နှစ်သိမ့်ပေးပြီးနောက် ကျယ်ယန် သူ့ဖုန်းကိုချကာ မနက်စာစားဖို့ တူကို ကောက်လေသည်။

“ မင်းကို အနိုင်ကျင့်တဲ့လူကို ကူညီပေးနေတာလား။ ”

ကျယ်ယန့်တူလေး တန့်သွားပြီး သူနှင့်မျက်နှာချင်းဆိုင်က မျက်နှာမကောင်းသော ချိုးရှင်းကို လှမ်းကြည့်လိုက်သည်။ သူ ရှင်းပြလိုက်၏။  “ ကျွန်တော်က စီးပွားရေးလုပ်နေတာ။ သူ့ရဲ့ နာမည်ကို အသုံးချပြီး ကျွန်တော်နဲ့ ယန်ရှင်းကို ဖရီး ပရိုမိုးရှင်းဆင်းနေတာ။ ”

ချိုးရှင်းက စကားမပြန်လာပေမဲ့ သူ့အမူအရာကတော့ ပြန်ကောင်းမလားသေးပေ။ ကျယ်ယန့်ဘက်က လက်ဦးမှုယူကာ ချိုးရှင်းကို မုန့်တွေစထည့်ပေးလိုက်သည်။ 

မနက်စာစားပြီးနောက် သူတို့နှစ်ယောက်သည် B မြို့တော်ဂေဟာမှာ နေမကောင်းဖြစ်နေပါသည်ဆို​သော ဖုန်ချင်းလင်ထံ ထွက်လာခဲ့ကြ၏။ လမ်း၌ ကျယ်ယန်သည် မူရင်းစာအုပ်ဇာတ်ကြောင်းကို ဂရုတစိုက် ပြန်တွေးခဲ့၏။

မူရင်းစာအုပ်၏ ဇာတ်လိုက်အဖြစ် ဖုန်ချင်းလင်သည် ဖုန်မိသားစုထဲ၌ နေရာသေးသေးလေးသာ ရှိ၏။ မည်သို့ပင်ဖြစ်စေကာမူ သူ့မှာ ဇာတ်လိုက်တစ်ယောက် ရှိသင့်သမျှ အရာအားလုံးရှိသည်လေ။ ဥပမာအားဖြင့် အကန့်အသတ်မရှိသော ပိုက်ဆံများ၊ နိုင်ငံတကာမှ စံအိမ်များနှင့် ဇာတ်ခံကား အမြောက်အများပင်။ 

B မြို့တော်က ဇာတ်လိုက်၏ အိမ်တော်သည် အရင်က ချိုးကျင်း(ဖုန်ချင်းလင် အမေ) သူမကိုယ်ပိုင်ပိုက်ဆံနှင့် ဝယ်ယူထားသော ဗီလာလေးဖြစ်သည်ဟု မူရင်းစာအုပ်မှာ ရေးထားကြောင်း ကျယ်ယန် မှတ်မိ၏။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဇာတ်လိုက်မကလည်း ထိုရပ်ကွက်ထဲမှာ အိမ်တစ်လုံး ရှိသည်။ ဇာတ်ကြောင်းအရဆို ဇာတ်လိုက်မက အိမ်ပြောင်းသင့်ပြီးနေပြီ။

ဇာတ်လိုက် ဖျားတာနှင့် ဇာတ်လိုက်မ သူ့ကို ပြုစုပေးဖို့လာသည့်နေရာက မူရင်းဝတ္ထုက ဇာတ်ကွက်တစ်ခုပင်ဖြစ်၏။ ယင်းက လူနှစ်ယောက်၏ ခံစားချက်တွေ တိုးတက်လာစေရန် အရေးကြီးဆုံး အလှည့်အပြောင်းနေရာတစ်ခုပင်။ ဇာတ်အိမ်စသည့်နေရာက ဇာတ်လိုက်မတစ်ယောက် ရုပ်ရှင်ဧကရာဇ်နှင့် ဇာတ်ကားရိုက်ပြီးချိန်မှဖြစ်သည်။ အခုက အချိန်မတန်သေးပေမဲ့လည်း ရုပ်ရှင်ဧကရာဇ်နှင့် ဇာတ်ကားရိုက်နေရမည့် အချိန်ကြီးကို အရင်ရက်ကပဲ C မြို့တော် ရုပ်မြင်သံကြားဌာနရှေ့မှာ ဇာတ်လိုက်မကို တွေ့ခဲ့ရသည်။ သည်ဇာတ်ကွက်ကပဲ မူရင်းဝတ္ထုနှင့် နည်းနည်းကွဲလွဲလာပြီကြောင်း သက်သေပြနေပြီ …

“ ဘာတွေတွေးနေတာလဲ။ ”

ကျယ်ယန် သတိပြန်ဝင်လာပြီး ချိုးရှင်းကို လှည့်ကြည့်သည်။   “ ညတိုင်း ၁၀ နာရီဆို မီးဖျက်ပစ်နေတာကို ခင်ဗျားများ ရပ်ပေးလို့ရမလားလို့ တွေးနေတာ။ ”

ချိုးရှင်းမျက်လုံးထဲတွင် သတိပေးချက်တစ်ခု ပေါ်လာ၏။  “ နောက်ကျအောင် ထပ်နေချင်ပြန်ပြီလား။ ”

“……”

ကျယ်ယန် သူ့ကို နားချ၏။  “ ကျွန်တော် အရွယ်ရောက်လို့ ကိုယ့်ကိုယ်ကိုလည်း ထိန်းကြောင်းနိုင်နေပြီ။  အရင်က အိပ်ရာဝင်နောက်ကျတယ်ဆိုတာကလည်း မတော်တဆပါဗျာ။ ”

“ မတော်တဆဆိုတာ နှစ်ခါဆက်တိုက်ကြုံလာရင် အကျင့်ဆိုးတစ်ခု ဖြစ်သွားလိမ့်မယ်။ ”

ပြန်ချေပစရာကို မရှိတော့ပါလား။ ကျယ်ယန် တိတ်တိတ်လေးသာ နေလိုက်ရတော့သည်။

မိနစ် ၃၀ ကြာတော့ သူတို့နှစ်ယောက် ဖုန်ချင်းလင်အိမ်ကို ရောက်လာကြ၏။ အိမ်အကူအဒေါ်ကြီးက တံခါးလာဖွင့်ပေး၏။ ချိုးရှင်းက ကျယ်ယန်နှင့် အိမ်ထဲအတူဝင်လာရင်း မေးလိုက်သည်။  “ ချင်းလင်ရော။ ”

အိမ်စေက ပြုံးလျက် ပြန်ဖြေ၏။  “ သူ အပေါ်ထပ်မှာ လှဲနေတယ်။ သူ့အဖျားတော့ ကျသွားပါပြီ။ မစ်မု (Miss Mu) က သူ့ကို ပြုစုပေးနေတယ်။ ဒီတစ်ခေါက်ကတော့ မစ်မုရဲ့ ကျေးဇူးတွေပဲ။ ချင်းလင်က တမြန်မနေ့တုန်းက အဖျားကြီးနေတာကို ကျွန်မက အတင်းအိမ်ပြန်လွှတ်လိုက်မိတာ။ မစ်မုကလည်း ချင်းလင်နဲ့ ဆက်သွယ်မရခဲ့ဘူး။ ဒါနဲ့ သူကလည်း ဒီရပ်ကွက်ထဲမှာနေတာဆိုတော့ ချင်းလင်အခြေအနေကို လာကြည့်တာပေါ့။ အဲ့လိုမှမဟုတ်ရင် ချင်းလင်နေမကောင်းဖြစ်နေတာကို ဘယ်သူမှမသိလိုက်မှာတောင် ကြောက်ရတယ်။ ဒီနေ့မနက်လည်း မစ်မုက ချင်းလင်အတွက် ဆန်ပြုတ်ပြုတ်ပေးတယ်။ သူက အရမ်းသနားတတ်တာပဲ !”

ကျယ်ယန်,  “…”

အရမ်းကောင်းတယ်။  အစကတော့ ဇာတ်လိုက် နေမကောင်းတာက မူရင်းစာအုပ်ဇာတ်ကြောင်းကြောင့် အချိန်စောပြီး ဖြစ်သွားတာလားလို့ သူ သိချင်နေခဲ့တာ။ တကယ်ဖြစ်လာမယ်လို့ သူ မထင်ထားခဲ့။ သူ ချိုးရှင်းကို လှည့်ကြည့်လိုက်သည်။ ဒီနေ့ရော ချိုးရှင်းနဲ့ အဲ့ဒီမိန်းမတွေ့ကြဖို့ အချိန်တန်လာပြီလား။

ချိုးရှင်းက အိမ်စေကို မေး၏။   “ မစ်မုက ဘယ်သူလဲ။ ”

အိမ်စေက စိတ်လှုပ်ရှားစွာ ပြန်ဖြေလာသည်။  “ မစ်မုဆိုတာ မု​ကျိုးယိလေ။ သူက အရမ်းလှတဲ့ နာမည်ကြီးစတားတစ်ယောက်ပေါ့။ ချင်းလင်က သူ့ကို အရင်တစ်ခါ S မြို့တော်ကားတိုက်မှုမှာ ဆုံခဲ့တာ။ သူက အရမ်းကောင်းတာပဲ! ချင်းလင် B မြို့တော်ကိုပြန်လာတော့လည်း ဒီရပ်ကွက်ထဲမှာ သူနဲ့ မကြာခဏတွေ့ဖြစ်ကြတယ်။ မစ်မုကလည်း ချင်လင်အတွက် ကိုယ်တိုင်ချက် စွပ်ပြုတ်တွေ လာပို့ပေးတတ်တယ် !”

ကျယ်ယန်သည် မျက်နှာရဲနေသော အိမ်စေကို ကြည့်ရင်း ဇာတ်လိုက်မ၏ စကေးကြောင့် အိမ်စေ၏ စေတနာမေတ္တာများ တိုးပွားလာပြီဖြစ်ကြောင်း သူမှန်းဆမိ၏။ မဟုတ်လျှင် ပုံမှန်  IQ ရှိတဲ့ အိမ်စေတစ်ယောက်က နေမကောင်းဖြစ်နေသည့် အလုပ်ရှင်ထံ လာလည်သော အမည်မသိလူတစ်ယောက်ကို ဘယ်လိုလုပ် ကြွားလုံးထုတ်ပါ့မလဲ။ 

ချိုးရှင်းသည်လည်း အိမ်စေ၏ ထူးဆန်းမှုကို သတိထားမိကာ သူမကို မျက်မှောင်ကြုတ်ပြလိုက်၏။ သူမကို ဆက်စကားမများစေတော့ဘဲ ဒုတိယထပ်က မာစတာအိပ်ခန်းရှိရာသို့ လျှောက်လာခဲ့သည်။ ကျယ်ယန်လည်း သူ့နှင့်အတူ လိုက်လာခဲ့၏။

မာစတာအိပ်ခန်းထဲ မရောက်ခင် ဖုန်ချင်းလင်နှင့် မုကျိုးယိအသံများကို ကြားလိုက်ရသည်။ ဖုန်ချင်းလင်က မုကျိုးယိတားတာခံချင်တာနှင့် အိပ်ရာမှ ထလိုဟန်ရှိ၏။ မုကျိုးယိကလည်း နေ့လည်စာချက်ဖို့အတွက် ဟင်းချက်စရာတွေ ဝယ်လာကြောင်း ပြောနေသည်။

ရုတ်တရက်ဆိုသလို ချိုးရှင်း ခြေလှမ်းတွေတန့်သွားပြီး အောက်ထပ်သို့ လှည့်ဆင်းသွား၏။ ထို့နောက် သူ့အနောက်က ကပ်လိုက်လာသော အိမ်စေထံ လျှောက်သွားသည်။     “ ချင်းလင်ကို ငါရောက်နေတယ်လို့ ပြောလိုက်။ ”

ကျယ်ယန်သည် မာစတာအိပ်ခန်းဘက်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက် ချိုးရှင်းနောက်သို့ ထပ်လိုက်ခဲ့၏။

ဧည့်ခန်းထဲတွင် လူနှစ်ယောက်ထိုင်နေသည်။ ကျယ်ယန် ချိုးရှင်းအတွက် ရေတစ်ခွက် ကုန်းငှဲ့ပေးလိုက်သည်။  “ အခုက ဘာတွေစိတ်ဆိုးသွားပြန်တာလဲ။ ”

ချိုးရှင်း မျိုသိပ်ဖို့ကြိုးစားသော်ငြားလည်း တဖြည်းဖြည်းနှင့် မထိန်းထားနိုင်တော့။ အေးတိအေးစက်အသံကြီးဖြင့်သာ ပြန်ပြောလာလေသည်။  “ သူ့လုပ်ငန်းက အပြည့်အစုံ မတိုးတက်သေးဘူး သူ့ခန္ဓာကိုယ်က ဒဏ်ပိနေပြီ။ သူ့ကျန်းမာရေးကို ဂရုမစိုက်နိုင်တာကို အသာထားဦး။ သူ့အိမ်စေကိုတောင် သေချာမစီမံ မအုပ်ချုပ်နိုင်သေးဘူး။ ဒါက အဖျားကြီးရုံလေးပဲလေ။ ဘယ်လိုလူက အိပ်ရာထဲမှာ အသာလေးလှဲရင်း ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက် ပြုစုတာကို ငြိမ်ခံနေရတာတုန်း။ ဖုန်မိသားစုရဲ့ လမ်းညွှန်ဆုံးမမှုတွေကတော့ သိပ်ကောင်းကွာ !”

“ ဒါပေမဲ့ သူ့ခန္ဓာကိုယ်နဲ့ အိမ်စေကိုတောင် မစီမံမခန့်ခွဲနိုင်တဲ့ လူတစ်ယောက်ကို ခင်ဗျားက ဖုန်မိသားစုနဲ့ ချိုးမိသားစုကို အုပ်စိုးစေချင်နေတယ်လေ။ ”

ချိုးရှင်း ကျယ်ယန့်ကို လှည့်ကြည့်လာ၏။

ကျယ်ယန်က သူ့အတွက်သူ ရေတစ်ခွက် ငှဲ့လိုက်သည်။    “ သူ့အရည်အချင်းက ပေးအပ်တဲ့ တာဝန်နဲ့ မထိုက်တန်ရင် သေခြင်းတရားက အနှေးနဲ့အမြန် ရောက်လာမှာပဲ။ ”

“……”

ချိုးရှင်းကိုယ်မှ ဒေါသအငွေ့အသက်များက ဖြေးဖြေးချင်း ရုတ်လျော့သွား၏။ သူက ရေခွက်ကိုယူကာ မော့သောက်လိုက်သည်။

၁၀ မိနစ်လောက်ကြာတော့ ဖုန်ချင်းလင်တစ်ယောက်တည်း အောက်ထပ်ကို ဆင်းလာသည်။ ဇာတ်လိုက်မ၏ အရိပ်အရောင်ကိုတော့ လုံးလုံးမတွေ့ရပေ။

ချိုးရှင်းမျက်နှာက အေးစက်ခက်ထန်လျက်ရှိကာ ဖုန်ချင်းလင်ပြောတာကိုပင် မစောင့်ဘဲ တန်း​​ပြောလိုက်၏။  “  မင်းအဘွားရဲ့ ကျန်းမာရေးက ပိုဆိုးလာပြီ။ မင်းအဘွားက သေတန်းစာရေးပြီးလို့ မင်းအတွက် ရုန်တင်းရဲ့ ရှယ်ယာတစ်ချို့တစ်ဝက်နဲ့ ကုမ္ပဏီနှစ်ခု ထားခဲ့လိမ့်မယ်။ ဒါလောက်​လေးများ နည်းနည်းလေးဆိုပြီးတော့ တွေးမနေနဲ့။ သူ သေတန်းစာရေးတဲ့အချိန်က မင်း သူ့ကို ‘အဘွား’ လို့လည်းမခေါ်ခဲ့သလို ငါ့ကိုလည်း ‘ဦးလေး’ လို့ မခေါ်ချင်ခဲ့ဘူးလေ။ မင်း ဖုန်မိသားစုဘက်ကို ပိုင်ဆိုင်မှုတွေအများကြီးပေးလိုက်မှာကြောက်လို့ မင်းကို ဘာမှ ထပ်မပေးဝံ့တော့ဘူး။ ”

ဖုန်ချင်းလင် မျက်နှာပျက်သွားကာ ရှေ့နောက်မစဥ်းစားဘဲ မေးလိုက်၏။   “ သေတန်းစာကို အတည်​​ရော ပြုပြီး​ရဲ့​လား။ ”

ကျယ်ယန် အဲ့ဒီကောင်ကို လှည့်ကြည့်လိုက်မိ၏။

ချိုးရှင်းလည်း မပြောဘဲ မနေနိုင်တော့။  “ မလုပ်ပြီးပဲနေမလား။ သေတန်းစာတွေကို ရေးတဲ့သူ အကောင်းပကတိအတိုင်း ရှိတဲ့အချိန်မှာ အတည်ပြုတရားဝင်တာလေ။ မင်းအဘွား ကျန်းမာရေးမကောင်းတော့တာ နှစ်ချီနေပြီ။ ဘယ်အချိန်ရောက်မှ မင်းအဘွားသေတန်းစာကို အတည်ပြုမယ်ထင်နေတာလဲ။ အမေ သေတန်းစာရေးခဲ့တာ ဘယ်အချိန်ကတည်းကလို့ ထင်လဲ။ ဖုန်ချင်းလင် မင်းက ငါ့အမေကို အဘွားတစ်ယောက်လို သဘောမထားခဲ့ပေမဲ့ သူကတော့ မင်းကို သူ့မြေးတစ်ယောက်လိုပဲ အ​မြဲထည့်စဥ်းစားပေးခဲ့တာ။ ”

ဖုန်ချင်းလင်သည် နေရာတွင် မတ်တပ်ရပ်လျက်သားဖြင့် သူ့အမူအရာက ရှုပ်ထွေးနေ၏။

ချိုးရှင်း သူ့ဒေါသတွေကို မျိုသိပ်လိုက်၏။  “ ချင်းလင် မင်းအဘွား မင်းကို ကြိုလွှဲပေးခဲ့သမျှအားလုံးကို ငါ ပေးနိုင်တယ်။ ဒီပမာဏက လုပ်ငန်းတစ်ခုတည်ထောင်ရင် ကြုံတွေ့လာမယ့် ကနဦးအခက်အခဲတွေကို ဖြေရှင်းဖို့ လုံလောက်တယ်။ ဖုန်မိသားစုနဲ့ ပတ်သက်နေတဲ့ မင်းကို ငါ မကူညီပေးနိုင်တော့ဘူး။ ဖုန်မိသားစုမှာ နေရာတစ်နေရာလိုချင်ရင်လည်း ကိုယ့်ဘာသာကိုယ်သာ လုပ်တော့။ ငါ့ရဲ့ နည်းလမ်းဟောင်းတွေက မှားခဲ့တယ်။ မင်းကို သနားလို့  မင်းအတွက် ငါတတ်နိုင်သမျှ အစွမ်းကုန်ကြိုစားပေးခဲ့တာကွ။  ” ထို့နောက် ​နောက်ထပ်တစ်စက္ကန့်လောက်တောင် ထပ်မနေချင်တော့သည့်နှယ် ထထွက်သွား၏။

ကျယ်ယန်လည်းထကာ နှစ်လှမ်းလောက်လှမ်းပြီး ပြန်ရပ်လိုက်သည့်။ ထို့နောက် လှေကားရှိရာသို့ လှမ်းကြည့်ရင်း ဖုန်ချင်းလင်ဆီ အကြည့်လွှဲကာ တီးတိုးပြောလိုက်သည်။  “ မင်းဦးလေး စိတ်ပျော့သွားအောင် တမင်တွက်ချက်ပြီး ဟန်ဆောင်တာမဟုတ်ဘဲ ရုတ်တရက် အဖျားတက်ပြီး မင်း တကယ်ဖျားသွားဖို့ ငါ မျှော်လင့်တယ်။  လူကောင်းပကတိကြီးက နာတာရှည် လူမမာတစ်ယောက်ရှေ့မှ နေမကောင်းချင်ဟန်ဆောင်ပြီး ညည်းညူပြနေတယ်။ ရွံစရာကောင်းလွန်းတယ်လို့ မထင်မိဘူးလား။ ”

ဖုန်ချင်းလင် သတိဝင်လာပြီး ကျယ်ယန့်ကို စူးစိုက်ကြည့်လာသည်။

ကျယ်ယန့်မျက်လုံးများက အေးစက်နေကာ အသံက ပိုမိုတိုးလျသွားသည်။   “ မင်းဦးလေးကိုမင်းပိုင်တယ်၊ ချိုးမိသားစုက မင်းဟာဆိုပြီးတော့ တွေးမနေနဲ့။ ငါက အခု မင်းဦးလေးရဲ့ တရားဝင်အိမ်ထောင်ဖက်ဖြစ်နေပြီ။ မှန်းကြည့်လေ မင်းဦးလေးသေရင် ရုန်တင်းက ဘယ်သူ့လက်ထဲ ရောက်လာမလဲ။ ပြန်စဥ်းစားကြည့်ပါဦးကွာ။ မင်းဦးလေးသာ မရှိတော့ရင် ဖုန်မိသားစုထဲက လူတွေက သူတို့အခုလုပ်သလို မင်းကို ဆက်လွှတ်ထားပါ့မလား။ မလုပ်ဘူးကွ၊ မင်းကို တန်းသတ်ပစ်ကြမှာ !”

***

ကျယ်ယန် ကားထဲဝင်တော့ မျက်လုံးမှိတ်ထားသော ချိုးရှင်းကို တွေ့၏။ သူ ဝင်ထိုင်ပြီး နှစ်သိမ့်ပေးလိုက်သည်။   “ ဒေါသထွက်မနေနဲ့တော့။ ခင်ဗျားအစား ကျွန်တော် သူ့ကို ဆူပေးခဲ့ပြီ။ ”

ချိုးရှင်း မျက်စိဖွင့်လာ၏။

“ ခင်ဗျားတူလေး အသိတရားရသွားအောင် ကျွန်တော်ကူညီပေးပေးမယ်လေ။ ကျွန်တော့်ကို ဘာဆုမှ မပေးတော့ဘူးလား။ ”

ချိုးရှင်း ကြက်သေသေသွား၏။ ထို့နောက် ခပ်ဖွဖွပြုံးလျက် သူ့အမူအရာကလည်း ပိုမိုတောက်ပလာ၏။  “ ချိုးရှင်းသာ မင်းတစ်ဝက်လောက် လိမ္မာရင်တော့လားကွာ —”

ကျယ်ယန် အခွင့်အရေးကို အသုံးချကာ သွေးတိုးစမ်းလိုက်၏။  “ ဒါဆို ကွာရှင်းကြရင်ရော။ ပြီးရင် ခင်ဗျားက ကျွန်တော့်ဦးလေးလုပ်ပေါ့။ ”

ချိုးရှင်း ကြောင်အသွားပြီး ကျယ်ယန့်ကို အေးတိအေးစက်ဖြင့် ဘေးတစောင်း လှည့်ကြည့်လာ၏။ ထို့နောက် မဲ့ရွဲ့လျက် လူယုတ်မာအပြုံးကြီး ပြုံးပြလာပြီး   “ ဒီရက်ပိုင်း ငါ မင်းကို အလိုလိုက်တာ များသွားပြီထင်တယ်။ ကျိုးမြောင် မင်းကရော ဘာလုပ်နေတာလဲ။ အိမ်ကိုမောင်းလေ !”

[ လိမ္မာယဥ်ကျေးတဲ့ အပန်းလေး be like :  I want to be Qiu Qui 's niece… wu wu 🤧😭 ]

━━━━━━━━━━━━━━━━━━━━━━━




Zawgyi
အခန္း ( ၄၁ )

က်ီဇယ္ေဟြ႕က က်ယ္ယန့္ကို သည္လိုအခက္ေတြ႕ေစေသာ ကိစၥမ်ားကို ဘာ့ေၾကာင့္လုပ္ရသလဲ၊ ေဒါသလွိုင္းမ်ားသီခ်င္းရမွတ္က အရမ္းနိမ့္ေနရတာ ဘာေၾကာင့္လဲဆိုေသာ ေမးခြန္းမ်ားေတာ့ ရွိေနခဲ့၏။ ကြန္မန့္မ်ားက Weibo ေပၚတြင္ အလ်င္အျမန္ပ်ံ့ႏွံ႕သြားကာ ပရိဂရမ္ႏွင့္ ပတ္သက္သမွ် ေခါင္းစဥ္မ်ိဳးစုံသည္ ရွာေဖြမႈအမ်ားဆုံးစာရင္းသို႔ ဝင္သြား၏။ နားပါးေသာ အဘိုးႀကီး၏ Weibo ပို႔စ္ႏွစ္ခုမွာလည္း လူႀကိဳက္မ်ားဆုံးစာရင္းဝင္ကာ ခ်ီးက်ဴးခံရလ်က္ရွိၿပီး အမ်ိဳးစုံႀကိဳးခုန္ေသာ အတင္းအဖ်င္း ေကာလာဟလမ်ားသည္လည္း တစ္ခုၿပီးတစ္ခုကို ထြက္ေပၚလာေတာ့သည္ …

ဒီညေတာ့ Weibo ကို ၿငိမ္ေအာင္မလုပ္ေတာ့ဘဲ ကံဆိုးမိုးေမွာင္က်လ်က္ရွိၿပီ။

***

ဟူေပ်ာင္းဆီက အႏွိုးခံရသည့္ ျဖစ္ရပ္အၿပီးကတည္းက က်ယ္ယန္သည္ သူအိပ္တိုင္း ဖုန္းပိတ္ၿပီးမွ အိပ္တာကို သေဘာေခြ႕သြား၏။ ေနာက္တစ္ရက္ က်ယ္ယန္ အိပ္ရာေစာေစာနိုးလာၿပီး သူ႕ဖုန္းကိုဖြင့္လိုက္ရာ က်ီဇယ့္ေဟြ႕တစ္ေယာက္ Weibo မွာ အႀကိမ္ရာခ်ီ ေထာင္ခ်ီ က်ိန္ဆဲခံရထားရတာကို ေတြ႕ရ၏။

က်ီဇယ့္ေဟြ႕ကလည္း အသံစူးစူးျပာျပာႀကီးျဖင့္ ဆိုလာသည္။   “ မင္း ဒါကို တမင္လုပ္လိုက္တာမလား။ ဒီေန႕ညတင္ ငါ ဖန္ဘယ္ေလာက္ဆုံးရႈံးလိုက္ရလဲ။  hot search ထဲကေန ငါ့နာမည္ကို ဖယ္ဖို႔ ေငြဘယ္ေလာက္သုံးလိုက္ရလဲဆိုတာ မင္းသိရဲ႕လား။ ”

“ ခင္ဗ်ားကို ၾကာၾကာအမွတ္ရေနေစဖို႔ ပိုက္ဆံနည္းနည္းေလာက္ေတာ့ ကုန္ဖို႔လိုမွာေပါ့။ နားလည္​ေန တတ္​ေနရင္လည္း ထိပ္ေရာက္ေနတဲ့ ခင္ဗ်ားကိုယ္ခင္ဗ်ား ဆြဲခ်တဲ့ ဒီလိုလုပ္ရပ္မ်ိဳးေတြ မလုပ္နဲ႕ေပါ့ဗ်ာ။ ”  က်ယ္ယန္ ထမင္းစားပြဲသို႔ သြားထိုင္လိုက္၏။   “  hot search ေတြကို ဆြဲမခ်နဲ႕ေတာ့။ အသံသြင္းစတူဒီယိုနဲ႕ ​တီးဝိုင္းကို သြားျပင္ခ်ည္။ ဒီေန႕ လုပ္စရာေတြအကုန္ၿပီးစီးရင္ ေႏြေဆာင္းဦးညီဓား တရားဝင္ျပန္ျပင္ဗားရွင္းကို အသံသြင္းဖို႔ ခင္ဗ်ားဆီလာခဲ့မယ္။  ၿပီးရင္ ခင္ဗ်ားက အဲ့ဒါကို Weibo မွာ တင္လိုက္ေပါ့။ ကြၽန္ေတာ္ကလည္း ခင္ဗ်ားအတြက္ စကားေကာင္းေကာင္းမြန္မြန္ေလးေတြ နည္းနည္းပါးပါး ေျပာေပးပါ့မယ္။ ပုံမွန္ဆို ဒီလိုေကာလာဟလသတင္းဆိုးဂယက္မ်ိဳးကို ခင္ဗ်ား ေက်ာ္ျဖတ္နိုင္မွာပါ။  ”

က်ီဇယ့္ေဟြ႕ကေတာ့ မယုံပါ။  “ လြယ္လွခ်ည္လား။ ”

“ လြယ္လြယ္ပဲေလ။ ပရိသတ္ေတြနဲ႕ အသုံးျပဳသူေတြက လူသစ္ေလးကို အနိုင္က်င့္တဲ့အတြက္ ခင္ဗ်ားကို လတ္တေလာ ဆူဆဲၿပီး ခင္ဗ်ားရဲ႕ စြမ္းရည္ကို ေမးခြန္းထုတ္ေနၾကတယ္။ အနိုင္က်င့္တဲ့ကိစၥအတြက္ ကြၽန္ေတာ္ ခင္ဗ်ားဘက္က နည္းနည္းေလာက္ကူေျပာလိုက္႐ုံနဲ႕ ေျဖရွင္းေပးလိုက္လို႔ရတယ္။ က်န္တဲ့ကိစၥကိုလည္း ျဖစ္ၿပီးတာေတြကို ေက်ာ္ျဖတ္နိုင္မယ့္ သီခ်င္းတစ္ပုဒ္ဆိုၿပီး ရွင္းလို႔ရမယ္။ ဒါ့ေၾကာင့္ အိပ္ေရးဝဝအိပ္ၿပီး ခင္ဗ်ားအသံကို ဥထား။ ေႏြေဆာင္းဦးညီဓားအသံသြင္းတဲ့အခ်ိန္သာ အခြင့္အေရးကို လက္လႊတ္မခံလိုက္ရေစနဲ႕။ ဒါနဲ႕ " ေတးဂီတဧကရာဇ္က ဘယ္သူလဲ " ကို ဆက္သြယ္ၿပီး ေဒါသလွိုင္းမ်ားသီခ်င္းက ဘာေၾကာင့္ အမွတ္နည္းရသလဲဆိုတဲ့ကိစၥကို ခင္ဗ်ား ကူေျဖရွင္းေပးနိုင္ေၾကာင္း ေျပာသင့္တယ္ေနာ္။ ”

က်ီဇယ့္ေဟြ႕ ေဒါသပုန္ထပ္ထေတာ့မည္။

က်ယ္ယန္ သူ႕အသံကို ျမႇင့္ေျပာလိုက္သည္။  “ ဘာလို႔ အရမ္းေတြ ေဒါသထြက္ေနတာလဲဗ်ာ။ ကြၽန္ေတာ္ ေျပာတာကိုသာ နားေထာင္စမ္းပါ။ ဒါက ေနာက္က်ရင္ ျပန္လည္ရိုက္ကူးေရးလုပ္တဲ့အေၾကာင္း တျခားတစ္ေယာက္ေယာက္စီက ေပါက္ၾကားမွာကို ေရွာင္ရွားၿပီးသားလည္း ျဖစ္သြားမယ္။ ရိုက္ကူးေရးမလုပ္ခင္က ပြဲ​ၾကည့္ပရိသတ္ေတြကို လ်ိဳ႕ဝွက္ၿပီး စာခ်ဳပ္ခ်ဳပ္ခဲ့ေပမဲ့လည္း အဲ့ဒီစာခ်ဳပ္ေတြရဲ႕ ထိန္းခ်ဳပ္နိုင္မႈအင္အား ဘယ္ေလာက္နည္းသလဲဆိုတာ ခင္ဗ်ား သိသင့္တယ္ေနာ္။ ဒါ့အျပင့္ B ၿမိဳ႕ေတာ္ ႐ုပ္ျမင္သံၾကားဌာနမွာ ဝန္ထမ္းေတြ အမ်ားဆိုမွ အမ်ားႀကီးရွိတာ။ ဝန္ထမ္းဘယ္ေလာက္မ်ားမ်ားက ကြၽန္ေတာ့တို႔ သီခ်င္းထပ္ဆိုရတာကို သိသြားၾကပါ့မလဲေနာ္။ သတင္းေတြကို ခင္ဗ်ား ဖုံးထားနိုင္ရဲ႕လား။ ”

က်ီဇယ့္ေဟြ႕ တည္ၿငိမ္စြာ ေမးလိုက္၏။   “ မင္း ဘာလုပ္ခ်င္တာလဲ။ ”

“ စိတ္ဆင္းရဲစရာ စိတ္ဆိုစရာကဒ္ေတြကို ခင္ဗ်ားကို ကူေရာင္းေပးခ်င္တာေလ။ အိုေကဗ်ာ သြားျပင္လိုက္ေတာ့။ ”

က်ီဇယ့္ေဟြ႕ကို ႏွစ္သိမ့္ေပးၿပီးေနာက္ က်ယ္ယန္ သူ႕ဖုန္းကိုခ်ကာ မနက္စာစားဖို႔ တူကို ေကာက္ေလသည္။

“ မင္းကို အနိုင္က်င့္တဲ့လူကို ကူညီေပးေနတာလား။ ”

က်ယ္ယန့္တူေလး တန့္သြားၿပီး သူႏွင့္မ်က္ႏွာခ်င္းဆိုင္က မ်က္ႏွာမေကာင္းေသာ ခ်ိဳးရွင္းကို လွမ္းၾကည့္လိုက္သည္။ သူ ရွင္းျပလိုက္၏။  “ ကြၽန္ေတာ္က စီးပြားေရးလုပ္ေနတာ။ သူ႕ရဲ႕ နာမည္ကို အသုံးခ်ၿပီး ကြၽန္ေတာ္နဲ႕ ယန္ရွင္းကို ဖရီး ပရိုမိုးရွင္းဆင္းေနတာ။ ”

ခ်ိဳးရွင္းက စကားမျပန္လာေပမဲ့ သူ႕အမူအရာကေတာ့ ျပန္ေကာင္းမလားေသးေပ။ က်ယ္ယန့္ဘက္က လက္ဦးမႈယူကာ ခ်ိဳးရွင္းကို မုန့္ေတြစထည့္ေပးလိုက္သည္။ 

မနက္စာစားၿပီးေနာက္ သူတို႔ႏွစ္ေယာက္သည္ B ၿမိဳ႕ေတာ္ေဂဟာမွာ ေနမေကာင္းျဖစ္ေနပါသည္ဆို​ေသာ ဖုန္ခ်င္းလင္ထံ ထြက္လာခဲ့ၾက၏။ လမ္း၌ က်ယ္ယန္သည္ မူရင္းစာအုပ္ဇာတ္ေၾကာင္းကို ဂ႐ုတစိုက္ ျပန္ေတြးခဲ့၏။

မူရင္းစာအုပ္၏ ဇာတ္လိုက္အျဖစ္ ဖုန္ခ်င္းလင္သည္ ဖုန္မိသားစုထဲ၌ ေနရာေသးေသးေလးသာ ရွိ၏။ မည္သို႔ပင္ျဖစ္ေစကာမူ သူ႕မွာ ဇာတ္လိုက္တစ္ေယာက္ ရွိသင့္သမွ် အရာအားလုံးရွိသည္ေလ။ ဥပမာအားျဖင့္ အကန့္အသတ္မရွိေသာ ပိုက္ဆံမ်ား၊ နိုင္ငံတကာမွ စံအိမ္မ်ားႏွင့္ ဇာတ္ခံကား အေျမာက္အမ်ားပင္။ 

B ၿမိဳ႕ေတာ္က ဇာတ္လိုက္၏ အိမ္ေတာ္သည္ အရင္က ခ်ိဳးက်င္း(ဖုန္ခ်င္းလင္ အေမ) သူမကိုယ္ပိုင္ပိုက္ဆံႏွင့္ ဝယ္ယူထားေသာ ဗီလာေလးျဖစ္သည္ဟု မူရင္းစာအုပ္မွာ ေရးထားေၾကာင္း က်ယ္ယန္ မွတ္မိ၏။ တိုက္တိုက္ဆိုင္ဆိုင္ပဲ ဇာတ္လိုက္မကလည္း ထိုရပ္ကြက္ထဲမွာ အိမ္တစ္လုံး ရွိသည္။ ဇာတ္ေၾကာင္းအရဆို ဇာတ္လိုက္မက အိမ္ေျပာင္းသင့္ၿပီးေနၿပီ။

ဇာတ္လိုက္ ဖ်ားတာႏွင့္ ဇာတ္လိုက္မ သူ႕ကို ျပဳစုေပးဖို႔လာသည့္ေနရာက မူရင္းဝတၳဳက ဇာတ္ကြက္တစ္ခုပင္ျဖစ္၏။ ယင္းက လူႏွစ္ေယာက္၏ ခံစားခ်က္ေတြ တိုးတက္လာေစရန္ အေရးႀကီးဆုံး အလွည့္အေျပာင္းေနရာတစ္ခုပင္။ ဇာတ္အိမ္စသည့္ေနရာက ဇာတ္လိုက္မတစ္ေယာက္ ႐ုပ္ရွင္ဧကရာဇ္ႏွင့္ ဇာတ္ကားရိုက္ၿပီးခ်ိန္မွျဖစ္သည္။ အခုက အခ်ိန္မတန္ေသးေပမဲ့လည္း ႐ုပ္ရွင္ဧကရာဇ္ႏွင့္ ဇာတ္ကားရိုက္ေနရမည့္ အခ်ိန္ႀကီးကို အရင္ရက္ကပဲ C ၿမိဳ႕ေတာ္ ႐ုပ္ျမင္သံၾကားဌာနေရွ႕မွာ ဇာတ္လိုက္မကို ေတြ႕ခဲ့ရသည္။ သည္ဇာတ္ကြက္ကပဲ မူရင္းဝတၳဳႏွင့္ နည္းနည္းကြဲလြဲလာၿပီေၾကာင္း သက္ေသျပေနၿပီ …

“ ဘာေတြေတြးေနတာလဲ။ ”

က်ယ္ယန္ သတိျပန္ဝင္လာၿပီး ခ်ိဳးရွင္းကို လွည့္ၾကည့္သည္။   “ ညတိုင္း ၁၀ နာရီဆို မီးဖ်က္ပစ္ေနတာကို ခင္ဗ်ားမ်ား ရပ္ေပးလို႔ရမလားလို႔ ေတြးေနတာ။ ”

ခ်ိဳးရွင္းမ်က္လုံးထဲတြင္ သတိေပးခ်က္တစ္ခု ေပၚလာ၏။  “ ေနာက္က်ေအာင္ ထပ္ေနခ်င္ျပန္ၿပီလား။ ”

“……”

က်ယ္ယန္ သူ႕ကို နားခ်၏။  “ ကြၽန္ေတာ္ အ႐ြယ္ေရာက္လို႔ ကိုယ့္ကိုယ္ကိုလည္း ထိန္းေၾကာင္းနိုင္ေနၿပီ။  အရင္က အိပ္ရာဝင္ေနာက္က်တယ္ဆိုတာကလည္း မေတာ္တဆပါဗ်ာ။ ”

“ မေတာ္တဆဆိုတာ ႏွစ္ခါဆက္တိုက္ႀကဳံလာရင္ အက်င့္ဆိုးတစ္ခု ျဖစ္သြားလိမ့္မယ္။ ”

ျပန္ေခ်ပစရာကို မရွိေတာ့ပါလား။ က်ယ္ယန္ တိတ္တိတ္ေလးသာ ေနလိုက္ရေတာ့သည္။

မိနစ္ ၃၀ ၾကာေတာ့ သူတို႔ႏွစ္ေယာက္ ဖုန္ခ်င္းလင္အိမ္ကို ေရာက္လာၾက၏။ အိမ္အကူအေဒၚႀကီးက တံခါးလာဖြင့္ေပး၏။ ခ်ိဳးရွင္းက က်ယ္ယန္ႏွင့္ အိမ္ထဲအတူဝင္လာရင္း ေမးလိုက္သည္။  “ ခ်င္းလင္ေရာ။ ”

အိမ္ေစက ၿပဳံးလ်က္ ျပန္ေျဖ၏။  “ သူ အေပၚထပ္မွာ လွဲေနတယ္။ သူ႕အဖ်ားေတာ့ က်သြားပါၿပီ။ မစ္မု (Miss Mu) က သူ႕ကို ျပဳစုေပးေနတယ္။ ဒီတစ္ေခါက္ကေတာ့ မစ္မုရဲ႕ ေက်းဇူးေတြပဲ။ ခ်င္းလင္က တျမန္မေန႕တုန္းက အဖ်ားႀကီးေနတာကို ကြၽန္မက အတင္းအိမ္ျပန္လႊတ္လိုက္မိတာ။ မစ္မုကလည္း ခ်င္းလင္နဲ႕ ဆက္သြယ္မရခဲ့ဘူး။ ဒါနဲ႕ သူကလည္း ဒီရပ္ကြက္ထဲမွာေနတာဆိုေတာ့ ခ်င္းလင္အေျခအေနကို လာၾကည့္တာေပါ့။ အဲ့လိုမွမဟုတ္ရင္ ခ်င္းလင္ေနမေကာင္းျဖစ္ေနတာကို ဘယ္သူမွမသိလိုက္မွာေတာင္ ေၾကာက္ရတယ္။ ဒီေန႕မနက္လည္း မစ္မုက ခ်င္းလင္အတြက္ ဆန္ျပဳတ္ျပဳတ္ေပးတယ္။ သူက အရမ္းသနားတတ္တာပဲ !”

က်ယ္ယန္,  “…”

အရမ္းေကာင္းတယ္။  အစကေတာ့ ဇာတ္လိုက္ ေနမေကာင္းတာက မူရင္းစာအုပ္ဇာတ္ေၾကာင္းေၾကာင့္ အခ်ိန္ေစာၿပီး ျဖစ္သြားတာလားလို႔ သူ သိခ်င္ေနခဲ့တာ။ တကယ္ျဖစ္လာမယ္လို႔ သူ မထင္ထားခဲ့။ သူ ခ်ိဳးရွင္းကို လွည့္ၾကည့္လိုက္သည္။ ဒီေန႕ေရာ ခ်ိဳးရွင္းနဲ႕ အဲ့ဒီမိန္းမေတြ႕ၾကဖို႔ အခ်ိန္တန္လာၿပီလား။

ခ်ိဳးရွင္းက အိမ္ေစကို ေမး၏။   “ မစ္မုက ဘယ္သူလဲ။ ”

အိမ္ေစက စိတ္လႈပ္ရွားစြာ ျပန္ေျဖလာသည္။  “ မစ္မုဆိုတာ မု​က်ိဳးယိေလ။ သူက အရမ္းလွတဲ့ နာမည္ႀကီးစတားတစ္ေယာက္ေပါ့။ ခ်င္းလင္က သူ႕ကို အရင္တစ္ခါ S ၿမိဳ႕ေတာ္ကားတိုက္မႈမွာ ဆုံခဲ့တာ။ သူက အရမ္းေကာင္းတာပဲ! ခ်င္းလင္ B ၿမိဳ႕ေတာ္ကိုျပန္လာေတာ့လည္း ဒီရပ္ကြက္ထဲမွာ သူနဲ႕ မၾကာခဏေတြ႕ျဖစ္ၾကတယ္။ မစ္မုကလည္း ခ်င္လင္အတြက္ ကိုယ္တိုင္ခ်က္ စြပ္ျပဳတ္ေတြ လာပို႔ေပးတတ္တယ္ !”

က်ယ္ယန္သည္ မ်က္ႏွာရဲေနေသာ အိမ္ေစကို ၾကည့္ရင္း ဇာတ္လိုက္မ၏ စေကးေၾကာင့္ အိမ္ေစ၏ ေစတနာေမတၱာမ်ား တိုးပြားလာၿပီျဖစ္ေၾကာင္း သူမွန္းဆမိ၏။ မဟုတ္လွ်င္ ပုံမွန္  IQ ရွိတဲ့ အိမ္ေစတစ္ေယာက္က ေနမေကာင္းျဖစ္ေနသည့္ အလုပ္ရွင္ထံ လာလည္ေသာ အမည္မသိလူတစ္ေယာက္ကို ဘယ္လိုလုပ္ ႂကြားလုံးထုတ္ပါ့မလဲ။ 

ခ်ိဳးရွင္းသည္လည္း အိမ္ေစ၏ ထူးဆန္းမႈကို သတိထားမိကာ သူမကို မ်က္ေမွာင္ၾကဳတ္ျပလိုက္၏။ သူမကို ဆက္စကားမမ်ားေစေတာ့ဘဲ ဒုတိယထပ္က မာစတာအိပ္ခန္းရွိရာသို႔ ေလွ်ာက္လာခဲ့သည္။ က်ယ္ယန္လည္း သူ႕ႏွင့္အတူ လိုက္လာခဲ့၏။

မာစတာအိပ္ခန္းထဲ မေရာက္ခင္ ဖုန္ခ်င္းလင္ႏွင့္ မုက်ိဳးယိအသံမ်ားကို ၾကားလိုက္ရသည္။ ဖုန္ခ်င္းလင္က မုက်ိဳးယိတားတာခံခ်င္တာႏွင့္ အိပ္ရာမွ ထလိုဟန္ရွိ၏။ မုက်ိဳးယိကလည္း ေန႕လည္စာခ်က္ဖို႔အတြက္ ဟင္းခ်က္စရာေတြ ဝယ္လာေၾကာင္း ေျပာေနသည္။

႐ုတ္တရက္ဆိုသလို ခ်ိဳးရွင္း ေျခလွမ္းေတြတန့္သြားၿပီး ေအာက္ထပ္သို႔ လွည့္ဆင္းသြား၏။ ထို႔ေနာက္ သူ႕အေနာက္က ကပ္လိုက္လာေသာ အိမ္ေစထံ ေလွ်ာက္သြားသည္။     “ ခ်င္းလင္ကို ငါေရာက္ေနတယ္လို႔ ေျပာလိုက္။ ”

က်ယ္ယန္သည္ မာစတာအိပ္ခန္းဘက္သို႔ တစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္ ခ်ိဳးရွင္းေနာက္သို႔ ထပ္လိုက္ခဲ့၏။

ဧည့္ခန္းထဲတြင္ လူႏွစ္ေယာက္ထိုင္ေနသည္။ က်ယ္ယန္ ခ်ိဳးရွင္းအတြက္ ေရတစ္ခြက္ ကုန္းငွဲ႕ေပးလိုက္သည္။  “ အခုက ဘာေတြစိတ္ဆိုးသြားျပန္တာလဲ။ ”

ခ်ိဳးရွင္း မ်ိဳသိပ္ဖို႔ႀကိဳးစားေသာ္ျငားလည္း တျဖည္းျဖည္းႏွင့္ မထိန္းထားနိုင္ေတာ့။ ေအးတိေအးစက္အသံႀကီးျဖင့္သာ ျပန္ေျပာလာေလသည္။  “ သူ႕လုပ္ငန္းက အျပည့္အစုံ မတိုးတက္ေသးဘူး သူ႕ခႏၶာကိုယ္က ဒဏ္ပိေနၿပီ။ သူ႕က်န္းမာေရးကို ဂ႐ုမစိုက္နိုင္တာကို အသာထားဦး။ သူ႕အိမ္ေစကိုေတာင္ ေသခ်ာမစီမံ မအုပ္ခ်ဳပ္နိုင္ေသးဘူး။ ဒါက အဖ်ားႀကီး႐ုံေလးပဲေလ။ ဘယ္လိုလူက အိပ္ရာထဲမွာ အသာေလးလွဲရင္း ဘယ္ကမွန္းမသိတဲ့ မိန္းမတစ္ေယာက္ ျပဳစုတာကို ၿငိမ္ခံေနရတာတုန္း။ ဖုန္မိသားစုရဲ႕ လမ္းၫႊန္ဆုံးမမႈေတြကေတာ့ သိပ္ေကာင္းကြာ !”

“ ဒါေပမဲ့ သူ႕ခႏၶာကိုယ္နဲ႕ အိမ္ေစကိုေတာင္ မစီမံမခန့္ခြဲနိုင္တဲ့ လူတစ္ေယာက္ကို ခင္ဗ်ားက ဖုန္မိသားစုနဲ႕ ခ်ိဳးမိသားစုကို အုပ္စိုးေစခ်င္ေနတယ္ေလ။ ”

ခ်ိဳးရွင္း က်ယ္ယန့္ကို လွည့္ၾကည့္လာ၏။

က်ယ္ယန္က သူ႕အတြက္သူ ေရတစ္ခြက္ ငွဲ႕လိုက္သည္။    “ သူ႕အရည္အခ်င္းက ေပးအပ္တဲ့ တာဝန္နဲ႕ မထိုက္တန္ရင္ ေသျခင္းတရားက အေႏွးနဲ႕အျမန္ ေရာက္လာမွာပဲ။ ”

“……”

ခ်ိဳးရွင္းကိုယ္မွ ေဒါသအေငြ႕အသက္မ်ားက ေျဖးေျဖးခ်င္း ႐ုတ္ေလ်ာ့သြား၏။ သူက ေရခြက္ကိုယူကာ ေမာ့ေသာက္လိုက္သည္။

၁၀ မိနစ္ေလာက္ၾကာေတာ့ ဖုန္ခ်င္းလင္တစ္ေယာက္တည္း ေအာက္ထပ္ကို ဆင္းလာသည္။ ဇာတ္လိုက္မ၏ အရိပ္အေရာင္ကိုေတာ့ လုံးလုံးမေတြ႕ရေပ။

ခ်ိဳးရွင္းမ်က္ႏွာက ေအးစက္ခက္ထန္လ်က္ရွိကာ ဖုန္ခ်င္းလင္ေျပာတာကိုပင္ မေစာင့္ဘဲ တန္း​​ေျပာလိုက္၏။  “  မင္းအဘြားရဲ႕ က်န္းမာေရးက ပိုဆိုးလာၿပီ။ မင္းအဘြားက ေသတန္းစာေရးၿပီးလို႔ မင္းအတြက္ ႐ုန္တင္းရဲ႕ ရွယ္ယာတစ္ခ်ိဳ႕တစ္ဝက္နဲ႕ ကုမၸဏီႏွစ္ခု ထားခဲ့လိမ့္မယ္။ ဒါေလာက္​ေလးမ်ား နည္းနည္းေလးဆိုၿပီးေတာ့ ေတြးမေနနဲ႕။ သူ ေသတန္းစာေရးတဲ့အခ်ိန္က မင္း သူ႕ကို ‘အဘြား’ လို႔လည္းမေခၚခဲ့သလို ငါ့ကိုလည္း ‘ဦးေလး’ လို႔ မေခၚခ်င္ခဲ့ဘူးေလ။ မင္း ဖုန္မိသားစုဘက္ကို ပိုင္ဆိုင္မႈေတြအမ်ားႀကီးေပးလိုက္မွာေၾကာက္လို႔ မင္းကို ဘာမွ ထပ္မေပးဝံ့ေတာ့ဘူး။ ”

ဖုန္ခ်င္းလင္ မ်က္ႏွာပ်က္သြားကာ ေရွ႕ေနာက္မစဥ္းစားဘဲ ေမးလိုက္၏။   “ ေသတန္းစာကို အတည္​​ေရာ ျပဳၿပီး​ရဲ႕​လား။ ”

က်ယ္ယန္ အဲ့ဒီေကာင္ကို လွည့္ၾကည့္လိုက္မိ၏။

ခ်ိဳးရွင္းလည္း မေျပာဘဲ မေနနိုင္ေတာ့။  “ မလုပ္ၿပီးပဲေနမလား။ ေသတန္းစာေတြကို ေရးတဲ့သူ အေကာင္းပကတိအတိုင္း ရွိတဲ့အခ်ိန္မွာ အတည္ျပဳတရားဝင္တာေလ။ မင္းအဘြား က်န္းမာေရးမေကာင္းေတာ့တာ ႏွစ္ခ်ီေနၿပီ။ ဘယ္အခ်ိန္ေရာက္မွ မင္းအဘြားေသတန္းစာကို အတည္ျပဳမယ္ထင္ေနတာလဲ။ အေမ ေသတန္းစာေရးခဲ့တာ ဘယ္အခ်ိန္ကတည္းကလို႔ ထင္လဲ။ ဖုန္ခ်င္းလင္ မင္းက ငါ့အေမကို အဘြားတစ္ေယာက္လို သေဘာမထားခဲ့ေပမဲ့ သူကေတာ့ မင္းကို သူ႕ေျမးတစ္ေယာက္လိုပဲ အ​ၿမဲထည့္စဥ္းစားေပးခဲ့တာ။ ”

ဖုန္ခ်င္းလင္သည္ ေနရာတြင္ မတ္တပ္ရပ္လ်က္သားျဖင့္ သူ႕အမူအရာက ရႈပ္ေထြးေန၏။

ခ်ိဳးရွင္း သူ႕ေဒါသေတြကို မ်ိဳသိပ္လိုက္၏။  “ ခ်င္းလင္ မင္းအဘြား မင္းကို ႀကိဳလႊဲေပးခဲ့သမွ်အားလုံးကို ငါ ေပးနိုင္တယ္။ ဒီပမာဏက လုပ္ငန္းတစ္ခုတည္ေထာင္ရင္ ႀကဳံေတြ႕လာမယ့္ ကနဦးအခက္အခဲေတြကို ေျဖရွင္းဖို႔ လုံေလာက္တယ္။ ဖုန္မိသားစုနဲ႕ ပတ္သက္ေနတဲ့ မင္းကို ငါ မကူညီေပးနိုင္ေတာ့ဘူး။ ဖုန္မိသားစုမွာ ေနရာတစ္ေနရာလိုခ်င္ရင္လည္း ကိုယ့္ဘာသာကိုယ္သာ လုပ္ေတာ့။ ငါ့ရဲ႕ နည္းလမ္းေဟာင္းေတြက မွားခဲ့တယ္။ မင္းကို သနားလို႔  မင္းအတြက္ ငါတတ္နိုင္သမွ် အစြမ္းကုန္ႀကိဳစားေပးခဲ့တာကြ။  ” ထို႔ေနာက္ ​ေနာက္ထပ္တစ္စကၠန့္ေလာက္ေတာင္ ထပ္မေနခ်င္ေတာ့သည့္ႏွယ္ ထထြက္သြား၏။

က်ယ္ယန္လည္းထကာ ႏွစ္လွမ္းေလာက္လွမ္းၿပီး ျပန္ရပ္လိုက္သည့္။ ထို႔ေနာက္ ေလွကားရွိရာသို႔ လွမ္းၾကည့္ရင္း ဖုန္ခ်င္းလင္ဆီ အၾကည့္လႊဲကာ တီးတိုးေျပာလိုက္သည္။  “ မင္းဦးေလး စိတ္ေပ်ာ့သြားေအာင္ တမင္တြက္ခ်က္ၿပီး ဟန္ေဆာင္တာမဟုတ္ဘဲ ႐ုတ္တရက္ အဖ်ားတက္ၿပီး မင္း တကယ္ဖ်ားသြားဖို႔ ငါ ေမွ်ာ္လင့္တယ္။  လူေကာင္းပကတိႀကီးက နာတာရွည္ လူမမာတစ္ေယာက္ေရွ႕မွ ေနမေကာင္းခ်င္ဟန္ေဆာင္ၿပီး ညည္းၫူျပေနတယ္။ ႐ြံစရာေကာင္းလြန္းတယ္လို႔ မထင္မိဘူးလား။ ”

ဖုန္ခ်င္းလင္ သတိဝင္လာၿပီး က်ယ္ယန့္ကို စူးစိုက္ၾကည့္လာသည္။

က်ယ္ယန့္မ်က္လုံးမ်ားက ေအးစက္ေနကာ အသံက ပိုမိုတိုးလ်သြားသည္။   “ မင္းဦးေလးကိုမင္းပိုင္တယ္၊ ခ်ိဳးမိသားစုက မင္းဟာဆိုၿပီးေတာ့ ေတြးမေနနဲ႕။ ငါက အခု မင္းဦးေလးရဲ႕ တရားဝင္အိမ္ေထာင္ဖက္ျဖစ္ေနၿပီ။ မွန္းၾကည့္ေလ မင္းဦးေလးေသရင္ ႐ုန္တင္းက ဘယ္သူ႕လက္ထဲ ေရာက္လာမလဲ။ ျပန္စဥ္းစားၾကည့္ပါဦးကြာ။ မင္းဦးေလးသာ မရွိေတာ့ရင္ ဖုန္မိသားစုထဲက လူေတြက သူတို႔အခုလုပ္သလို မင္းကို ဆက္လႊတ္ထားပါ့မလား။ မလုပ္ဘူးကြ၊ မင္းကို တန္းသတ္ပစ္ၾကမွာ !”

***

က်ယ္ယန္ ကားထဲဝင္ေတာ့ မ်က္လုံးမွိတ္ထားေသာ ခ်ိဳးရွင္းကို ေတြ႕၏။ သူ ဝင္ထိုင္ၿပီး ႏွစ္သိမ့္ေပးလိုက္သည္။   “ ေဒါသထြက္မေနနဲ႕ေတာ့။ ခင္ဗ်ားအစား ကြၽန္ေတာ္ သူ႕ကို ဆူေပးခဲ့ၿပီ။ ”

ခ်ိဳးရွင္း မ်က္စိဖြင့္လာ၏။

“ ခင္ဗ်ားတူေလး အသိတရားရသြားေအာင္ ကြၽန္ေတာ္ကူညီေပးေပးမယ္ေလ။ ကြၽန္ေတာ့္ကို ဘာဆုမွ မေပးေတာ့ဘူးလား။ ”

ခ်ိဳးရွင္း ၾကက္ေသေသသြား၏။ ထို႔ေနာက္ ခပ္ဖြဖြၿပဳံးလ်က္ သူ႕အမူအရာကလည္း ပိုမိုေတာက္ပလာ၏။  “ ခ်ိဳးရွင္းသာ မင္းတစ္ဝက္ေလာက္ လိမၼာရင္ေတာ့လားကြာ —”

က်ယ္ယန္ အခြင့္အေရးကို အသုံးခ်ကာ ေသြးတိုးစမ္းလိုက္၏။  “ ဒါဆို ကြာရွင္းၾကရင္ေရာ။ ၿပီးရင္ ခင္ဗ်ားက ကြၽန္ေတာ့္ဦးေလးလုပ္ေပါ့။ ”

ခ်ိဳးရွင္း ေၾကာင္အသြားၿပီး က်ယ္ယန့္ကို ေအးတိေအးစက္ျဖင့္ ေဘးတေစာင္း လွည့္ၾကည့္လာ၏။ ထို႔ေနာက္ မဲ့႐ြဲ႕လ်က္ လူယုတ္မာအၿပဳံးႀကီး ၿပဳံးျပလာၿပီး   “ ဒီရက္ပိုင္း ငါ မင္းကို အလိုလိုက္တာ မ်ားသြားၿပီထင္တယ္။ က်ိဳးေျမာင္ မင္းကေရာ ဘာလုပ္ေနတာလဲ။ အိမ္ကိုေမာင္းေလ !”

[ လိမၼာယဥ္ေက်းတဲ့ အပန္းေလး be like :  I want to be Qiu Qui 's niece… wu wu 🤧😭 ]

━━━━━━━━━━━━━━━━━━━━━━━



واصل القراءة

ستعجبك أيضاً

256K 40.9K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
274K 26.1K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
841K 39.5K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
436K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...