Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

34

2.2K 456 71
By callme__kitty

[Unicode]

'သဝန်တိုခြင်း'

နောက်တစ်နေ့က ဆောင်းလယ်ပွဲတော်နေ့ဖြစ်သည်။

ဒါက အားလပ်ရက် နောက်ဆုံးရက်လည်းဖြစ်တာမို့ ဝမ်မိသားစုရဲ့မိဘများက ဥရောပဘက်သို့ ပျော်ပါးလည်ပတ်ဖို့ ရောက်နေပြီး အခုထိ ပြန်မလာသေး။

အစကတော့ ဝမ်ချောင်တစ်ယောက် အိမ်ပြန်ပြီး သူ့အားလပ်ရက်ကို အစ်ကိုနှစ်ယောက်နှင့် ကုန်ဆုံးဖို့ ဖုန်းခေါ်လိုက်ပေမယ့် ဝမ်ချီနှင့်သူ့ဇနီးဖြစ်သူက သူ့ယောက်ဖဖြစ်သူနှင့် ညစာစားဖို့ ချိန်းထားပြီးဖြစ်ကာ ဝမ်ကျင်းကတော့ ဆေးရုံတွင် တာဝန်ကျနေသဖြင့် အလုပ်ရှုပ်လွန်းနေပြီး အိမ်တောင် မပြန်နိုင်။

ထို့နောက် သူ ရှဲ့ကျူရှင်းကို ဖုန်းခေါ်လိုက်သည်။ ဘယ်သူမှ ဖြေကြားခြင်း မရှိ။ သူ ထပ်တလဲလဲခေါ်ဆိုနေပေမယ့် ဘယ်သူမှ ပြန်ဖြေလာခြင်း မရှိဘဲ နောက်ဆုံးမှာတော့ 'လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်' ဆိုသည့်အသံသာ ပေါ်ထွက်လာသည်။

ဝမ်ချောင် လက်မလျော့ဘဲ ရှဲ့ကျူရှင်းရဲ့တိုက်ခန်းဘက် သွားကြည့်ပေမယ့် အဲ့မှာလည်း မရှိနေ။ သူ ဘာများလုပ်နေတာပါလိမ့်။

သူ စိတ်ဓာတ်ကျသွားရသည်။ ဒီနေ့က ပိတ်ရက်ကြီးကို ဘယ်လိုဖြစ်လို့ ဘယ်သူကမှ သူနဲ့ အတူမကုန်ဆုံးချင်နေရတာလဲ။

စိတ်ဓာတ်ကျနေစဉ်မှာပဲ သူ သူ့သူငယ်ချင်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိလာသည်။

"ဒီနေ့က ငါ့မွေးနေ့" တစ်ဖက်လူက ပြောလာသည်။ "နာမည်ကျော်ကြီး အဆင်ပြေတယ်ဆို ငါ့ပါတီကို လာပျော်လေ?"

ကျန်းမျိုးရိုးနာမည်ရှိတဲ့ ထိုသူငယ်ချင်းဖြစ်သူက ဝမ်ချောင့်ထက် နှစ်အနည်းငယ် အသက်ပိုကြီးသည်။ သူတို့မိသားစုက လက်ဝတ်ရတနာစီးပွါးရေးလုပ်ကိုင်ပြီး သူက ရယ်ရလို့ ရက်ရက်ရောရောရှိကာ ပါတီလုပ်ရတာလည်း ကြိုက်သူဖြစ်၏။ ထို့ကြောင့်လည်း ပြောစရာမလို ဝမ်ချောင်နှင့် ကီးကိုက်လို့နေသည်။ အရင်နှစ် ဆောင်းတွင်းက သူ့ကို သူ့မိသားစုက အီတလီဘက်သို့ ဒီဇိုင်းနှင့်ပတ်သတ်တာများ လေ့လာရန်လွှတ်လိုက်ပြီးနောက် ပြန်ရောက်တာ မကြာသေးပေမယ့် ဝမ်ချောင်ကလည်း အိုင်ဒေါကိစ္စများဖြင့် အလုပ်ရှုပ်နေတာမို့ သူတို့အချင်းချင်း မတွေ့ဖြစ်ကြသေး။

သူ့သူငယ်ချင်းမှန်း သိလိုက်တာနှင့် ဝမ်ချောင် ချက်ချင်းဆိုသလို စိတ်ပျော်သွားတော့သည်။ ရယ်လျက် သူ ပြန်ပြောလိုက်သည်။ "မဟုတ်တာတွေ ပြောမနေနဲ့။ ဒီနေ့က မင်းမွေးနေ့တဲ့လား။"

သူ့သူငယ်ချင်းဖြစ်သူလည်း ရယ်သွားသည်။ "ငါက ဘာလို့များ မင်းကို လိမ်ရမှာလဲ။ တကယ် ဒီနေ့ဟ။ ငါက ဆောင်းလယ်ပွဲတော် နေ့လည် ၁၂ နာရီအတိမှာ မွေးတာမို့ ငါ့မိဘတွေက နာမည်တောင် ချိုးယန်လို့ ပေးထားတာလေ။ ဒါနဲ့ မင်း လာမှာလား။"

[T/N : 秋阳 : 秋 က ဆောင်းဦးဆိုတဲ့အဓိပ္ပါယ်ရပြီး 阳 က နေမင်းဆိုတဲ့သဘောပါတဲ့။]

ဝမ်ချောင်မှာလည်း ဘာမှလုပ်စရာမရှိနေ။ သို့နှင့် သူပြောလိုက်တော့သည်။ "မင်းမွေးနေ့ကို ငါ ဘာလို့ မလာရမှာလဲ။ မင်း ဘယ်မှာလဲ။"

အလုပ်သမားတော်တော်များများ ပိတ်ရက်ရတာမို့ ကုမ္ပဏီတွင် လူနည်းစုသာ ရှိနေသည်။

ဧည့်ကြိုကောင်တာမှာ တာဝန်ကျနေတဲ့ဝန်ထမ်းက ရှဲ့ကျူရှင်းကို မြင်ချိန် တအံ့တဩဖြင့်ပြောလာသည်။ "Tomas, အပေါ်ရုံးခန်းမှာ ဘယ်သူမှ မရှိဘူး။ ရှင် တစ်ခုခုလိုချင်တာရှိရင် မနက်ဖြန်အထိ စောင့်ရလိမ့်မယ်။"

ရှဲ့ကျူရှင်း သူ့ကို ပြန်ပြောလိုက်သည်။ "ရတယ်။ ကျွန်တော် ဒီကို ခဏလောက် အကလေ့ကျင့်ချင်လို့ရောက်လာတာ။"

သူ ဓာတ်လှေကားရှိရာသို့ ဦးတည်သွားလိုက်ပြီး တံခါးပွင့်လာမှာကို စောင့်နေချိန်မှာပဲ ကောင်မလေးနှစ်ယောက်ရဲ့ တီးတိုးပြောနေသံကို ကြားလိုက်ရလေသည်။ "ရုပ်ကလည်း ချောတယ်၊ အရမ်းလည်း ကြိုးစားတယ်။ အဲ့တာကြောင့်မို့လည်း သူက ပေါ်ပြူလာအများဆုံးဖြစ်နေတာ။ အချို့သောခေါင်းဆောင်တွေနဲ့တော့ မတူဘူးပေါ့၊ ကျစ်ကျစ်"

ဓာတ်လှေကားမှန်အတွင်းပေါ်နေတဲ့ သူ့ပုံရိပ်က မျက်မှောင်ကြုတ်သွားတာကို သူ မြင်လိုက်ရတော့သည်။

သူ ဘယ်အချိန်ကတည်းကများ ဝမ်ချောင့်ကို မကောင်းပြောတာတွေ ကြားရတာ မကြိုက်တော့တာပါလိမ့်။

အကလေ့ကျင့်ခန်းထဲ ရောက်ချိန် သူ သီချင်းဖွင့်ထား၍ သွေးပူအောင်လုပ်လျက် အခြေခံအဆင့်များ လေ့ကျင့်ပြီးမှ 'Summer Ice' သီချင်းရဲ့ကကွက်များ ကို ကလိုက်တော့သည်။

သီချင်းသံက ကျယ်လွန်းတာမို့ သူ့ဖုန်းမြည်နေတာကို မကြားလိုက်။ သူ့ကို ဝမ်ချောင် ဖုန်းခေါ်ထားမှန်းသိရချိန် missed call များက ဆယ်ကြိမ်ကျော်ရှိနေခဲ့ပြီး ခေါ်ဆိုမှုများက တစ်ခါခေါ်ပြီးသည်နှင့် ချက်ချင်း ထပ်ခေါ်ထားခြင်းမျိုးပင်။

တစ်ဖက်ရှိ ဝမ်ချောင်ရဲ့ရှုံ့တွနေတဲ့မျက်နှာကိုတောင် သူ မြင်ယောင်ကြည့်လို့ရနေသည်။

ဖုန်းက တစ်ဖန်ထပ်မြည်လာပြီး ခေါ်ဆိုသူကလည်း ဝမ်ချောင်ဖြစ်နေပြန်သည်။

ဖြေဆိုမည့်အစား သူ ဖုန်းကို mute လုပ်ပြီး အိတ်ထဲ ပစ်ထည့်ကာ သီချင်းသံကို အဆုံးထိမြင့်၍ မှန်အရှေ့တွင် သူ့အကြိုက်ဆုံး jazz သီချင်းဖြင့် ကနေလိုက်မိသည်။

လေ့ကျင့်ရေးသင်တန်းအချိန်တုန်းကလည်း ဒီမှန်နှင့် ဒီအကလေ့ကျင့်ခန်းသာ။

ဝမ်ချောင့်ကို အကြောလျော့ပေးတာနှင့် သူက သေတော့မလိုအော်ငိုတတ်ပြီး ဆရာ့ထံမှလည်း သူ့ရွေ့လျားပုံများ မမှန်ကန်တာကြောင့် အငေါက်ခံရဖူးသည်။ သူက ဆရာအရှေ့မှာတော့ ပြန်ပြောလေ့မရှိပေမယ့် နောက်ကွယ်ရောက်တာနှင့် ဆရာပြောသလို ပြန်တုပပြောဆိုတာမျိုးလည်း ရှိသေးသည်။ တကယ်ကို ဆိုးသွမ်းနေတဲ့ကလေးတစ်ယောက်ကဲ့သို့ပင်။

ထိုအချိန်တုန်းက သူ တကယ်ကြီး ဝမ်ချောင်ကြောင့် ပင်ပန်းစိတ်ညစ်ခဲ့ရဖူးသည်။ ဒီငပျင်းကောင်လေးက အားနည်းနည်းလေးပဲ စိုက်ထုတ်ရမယ့်ကိစ္စရပ်မျိုးကိုတောင် ညီးတွားအပြစ်ရှာနေတတ်ပြီး သူ့မျက်နှာကလည်း မဟာတံတိုင်းထက်တောင် ပိုထူနေသည်။ ဒီကမ္ဘာပေါ်တွင် သူ့လောက် စိတ်ရှုပ်ဖို့ကောင်းတဲ့လူဆိုတာ ရှိမှာ မဟုတ်။

သို့ပေမယ့် ဒီအရှုပ်ထုတ်လေးက သူ့စိတ်ရှုပ်မှုကိုတောင် မမြင်နိုင်ဘဲ သူ့အနား ကော်နှင့်ကပ်ထားသကဲ့သို့ ရှိနေပြီး သူက အခြားလူတွေနဲ့ မတူကွဲပြားကြောင်း၊ အရမ်းကောင်းပေးကြောင်း၊ ထိုကြောင့်မို့လည်း သူ့ကို အချစ်ရဆုံး၊ အခင်ရဆုံးဖြစ်ကြောင်းပြောလာလိမ့်ရှိသည်။ ထို့နောက်မှာတော့ သူ့ကို နေရာတကာ အမိန့်ပေး၍ အတွင်းခံ၊ ခြေအိတ်များလျှော်ပေးဖို့ ခိုင်းတတ်သလို မနက်စာလည်း ဝယ်စေပြီး ညလယ်စာစားဖို့လည်း အတူလိုက်ခဲ့စေပြန်သည်။ စိတ်ပျော်နေတဲ့အချိန်ဆို သူ့အနားကို ပြုံးဖြီးဖြီးနှင့် ရောက်လာတတ်ပြီး မတရားသဖြင့် အပစ်အပယ်ခံထားရချိန်မှာလည်း သူ့အနားကို မျက်ရည်ဝဲဝဲနှင့်ရောက်လာတတ်သေးသည်။ အဲ့ကောင်လေးက သူ့ဘေးနား အိပ်ရတာကိုလည်း သဘောကျပြီး သူ့နှုတ်ခမ်းကိုလည်း နမ်းချင်သေးသည်။ သူ့ထံ၌ ကိစ္စတစ်ခုခုများဖြစ်လာခဲ့လျှင် ဒီအရှုပ်ထုတ်လေးက သူ့ထက်တောင် ပိုစိုးရိမ်ပူပန်နေတတ်ပြီး မြေပဲထက် ပိုမကြီးနိုင်တဲ့ သူ့ဦးနှောက်ဖြင့် လူမှုဆက်ဆံရေးပိုင်းကိုတောင် သူ့အစား စိတ်ပူပေးနေသည်။

တဖြည်းဖြည်းနှင့် သူကိုယ်တိုင်လည်း ဝမ်ချောင့်ကို စိတ်ရှုပ်တာများ လျော့နည်းလာခဲ့ပြီး ဝမ်ချောင်က တော်တော်လေးချစ်ဖို့ကောင်းလှပြီး သူ့အပေါ်ဆို ခင်တွယ်လွန်းတယ်ဟု မြင်လာတော့သည်။ တစ်ခါတစ်လေဆို သူ့ခင်တွယ်မှုများက ... ဖျားယောင်းနေသကဲ့သို့ပင်။

ရှဲ့ကျူရှင်း တကယ်လည်း ဖျားယောင်းခံလိုက်ရပါသည်။ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် သူ့ခံစားချက်များကို လက်ခံလိုက်ရပြီး သူတို့တစ်ဘဝလုံးစာအတွက် အပြာရောင်အိမ်သာအဖုံးကို အတူမျှသုံးကြမယ်ဟု ဆုံးဖြတ်ချက်ချထားမိတဲ့အထိ။

လိင်တူဖြစ်နေခြင်းကိစ္စကို ဘေးချိတ်ထားလို့ရပြီး သူတို့ဆက်ဆံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ လက်တွေ့ဆန်မှုများကိုလည်း ကြိုးစားကျော်ဖြတ်လို့ရနိုင်မည်သာ။ သူ့အိပ်မက်များအတွက်ကလည်း တစ်မျိုးတစ်ဖုံ ပြန်ဖြည့်ဆည်းလို့ရတာပင်။ ဘဝက တိုတောင်းလွန်းလှသည်။ ဆယ်စုနှစ်ကျော်မျှသာ ရှိတဲ့ဘဝအတွင်း လူတိုင်း သူတို့ရဲ့ Right person ကို တွေ့နိုင်လှတဲ့အထိ ကံကောင်းလှတာ မဟုတ်။ သူ သူ့ကံကောင်းမှုကို လျစ်လျူမရှုသင့်။ သူ့အနေနှင့် လက်ခံထား၍ သဘောတကျ နှစ်သက်ကျေနပ်နေသင့်သည်။

သို့ပေမယ့် ဒီလိုကံကောင်းခြင်းမျိုးရှိနေတယ်ဆိုတဲ့အဆိုကလည်း ဝမ်ချောင်က သူ့ကို ကြိုက်နေမှသာ။

မနေ့ညကအထိ ဝမ်ချောင်က အချစ်ကိစ္စပိုင်းတွင် အလင်းပွင့်သွားပြီဟု သူ အမြဲယုံကြည်ထားပေမယ့် မနေ့ညပြီးနောက်မှာတော့ သူ့ရဲ့ကံကောင်းမှုဆိုတာက သူ့ဘာသာ တစ်ဖက်သတ်တွေးနေမိတဲ့အချစ်မှန်း သိလာရတော့သည်။

ဒီမြင်းကောင်အတွက် ယောက်ျားတစ်ယောက်နှင့် မတော်တဆအိပ်မိသွားပြီးမှ သာယာမှုရှာတွေသွားခြင်းမျိုးဖြစ်နေသည်။

သူ ရှဲ့ကျူရှင်းအပေါ် ချစ်မိခြင်းမျိုး မရှိ။ အနမ်း၊ အထိအတွေ့နှင့် ဖျားယောင်းမှုများကလည်း တစ်ပွဲတစ်လမ်းနွှဲချင်လို့သာ။

ထိုလူက ရှဲ့ကျူရှင်းဖြစ်နိုင်သည်။ ကျုံးနျန်းစန်း ဒါမှမဟုတ် လမ်းသွားလမ်းလာတစ်ယောက်တောင် ဖြစ်လို့ရနေသည်။

ရှဲ့ကျူရှင်းတစ်ယောက်ထဲကသာ ဒါကို 'သဘောကျခြင်း' ဟု အထင်မှားနေခဲ့သည်။

သောက်ကျိုးနည်း ရယ်ချင်စဖွယ်ပင်။

သူ ည ၇ နာရီအထိ အကလေ့ကျင့်နေလိုက်သည်။ ဖုန်းပြန်ထုတ်ကြည့်လိုက်ချိန် သူ့ဖုန်းက လွန်ခဲ့သည့်တစ်နာရီလောက်ကတည်းက စက်ပိတ်သွားခဲ့ပြီ။

သူ ကုမ္ပဏီမှ ထွက်လာပြီးနောက် ဘာကိုမှ မစီးဘဲ ပြေးလျက်သာ အိမ်သို့ ပြန်လာလိုက်သည်။

ကောင်းကင်ထက်တွင် လင်းထိန်နေတဲ့လပြည့်ဝိုင်းကြီးရှိနေပြီး ဘေးပတ်ပတ်လည်၌ ကြယ်များဖြင့် အလှခြယ်လို့ထားသည်။ ဆောင်းဦးလေပြေအေးကလည်း ညင်ညင်သာသာလေးတိုက်ခတ်နေလျက် တစ်နှစ်လုံးအတွင်း သက်တောင့်သက်သာအဖြစ်ဆုံးရာသီဥတုလေးဖြစ်၏။

ညအလင်းရောင်အောက်ရှိပေ့ကျင်းမြို့က သစ်လွင်မှုနှင့်အိုဟောင်းမှု ရောစပ်လို့နေသည်။ အပြာရောင် အုတ်ခဲများဖြင့် ဟူသုန်းလမ်းတွေက သမိုင်းထဲ နှစ်ရာကျော်အောင် တည်ရှိနေခဲ့တဲ့မှတ်တမ်းဝင်များဖြစ်လို့ ဆောက်လုပ်ရေးအသစ်များဖြင့်တိုက်ကြီးများကလည်း သစ်လွင်တက်ကြွမှုကို ပြသနေတော့သည်။

သူကတော့ ဘေးပတ်ပတ်လည်ဝိုင်းနေတဲ့အလင်းရောင်များကို ကျော်ဖြတ်လို့ အရှေ့တည့်တည့်ကြည့်ရင်းသာ ပြေးလွှားနေမိသည်။

ချွေးများဖြင့် ရွှဲနစ်နေတဲ့ခံစားချက်က အရမ်းကို လန်းဆန်းလှသည်။ ချွေးပေါက်တစ်ခုချင်းဆီက သူ့နှလုံးသားထဲမှ စိတ်မွန်းကျပ်မှုများကို ဖွင့်ထုတ်ပေးနေပြီး မနက်ဖြန် နိုးလာသည့်အချိန် သူကိုယ်တိုင်က စိတ်သစ်လူသစ်ဖြစ်သွားတော့မည့်အလား။

လေ့ကျင့်ခန်းလုပ်ရာမှ ရလာသည့်ပျော်ရွှင်မှုက သူ့အိမ်အောက်ရောက်တဲ့အထိသာ ခံခဲ့သည်။

အဝေးမှ အဆောက်အဦးဝင်ပေါက်အနားတွင် ကားရပ်ထားတာကို မြင်လိုက်ရပြီး သူ ပြေးနေတာကို အရှိန်လျော့ချလိုက်သည်။

ဒါ ဝမ်ချောင့်ရဲ့ကားဖြစ်ပြီး မောင်းသူတံခါးကလည်း ဖွင့်ထားသည်။

ကားပိုင်ရှင်ကတော့ ကားအပြင်ဘက်ကို ခြေဆန့်ချထားလျက် လိမ်တွန့်လို့ သက်တောင့်သက်သာအနေအထားဖြင့် ထိုင်နေပြီး လက်ဝါးတမျှရှိတဲ့ကိတ်မုန့်ကို စားနေ၏။

ရှဲ့ကျူရှင်း : "... မင်း ဘာလုပ်နေတာလဲ။"

ဝမ်ချောင် ရှဲ့ကျူရှင်းကို မြင်တာနှင့် ပြုံးဖြီးဖြီးဖြင့် ကားပေါ်မှ ခုန်ဆင်းကာ ကျန်ရှိနေသေးတဲ့ကိတ်ကို သူ့ပါးစပ်ထဲ ထည့်လျက် ပြည့်ဖောင်းဖောင်းပါးမို့လေးဖြင့် တမြုံ့မြုံ့ဝါးရင်းပြောလာသည်။ "မင်း ပြန်လာပြီပဲ! ငါ မင်းကို စောင့်နေတာ နာရီနဲ့ချီနေပြီ။ ငါ စောင့်နေရင်း ဗိုက်တောင်ဆာတယ်။ တော်သေးတယ်၊ ငါ ဒီကို မလာခင် ကိတ်မုန့်တစ်စိတ် ဆွဲခဲ့လို့။ ဒါနဲ့ မင်း ဘာလုပ်နေတာလဲ။ ဘာလို့ ချွေးတွေ အများကြီး ထွက်နေရတာလဲ။"

ရှဲ့ကျူရှင်း ပြန်ဖြေသည်။ "အက သွားလေ့ကျင့်တာ။ ပြန်တော့ ပြေးပြီးပြန်လာလိုက်လို့။"

ဝမ်ချောင် သူ့ပါးစပ်ထဲ ကျန်နေသေးတဲ့ကိတ်မုန့်များကို မြိုချလျက် ပြောလာသည်။ "မင်းဖုန်းကို ယူသွားဖို့မေ့နေတာလား။ ငါ ခေါ်တာလည်း မင်း မကိုင်ဘူး။"

သူမေးရင်း သူ့ပါးစပ်ထောင့်တွင်ကပ်နေတဲ့ခရင်များကို လျှာဖြင့်သပ်ယူလိုက်သည်။

ရှဲ့ကျူရှင်း : "ဖုန်းအားကုန်သွားလို့။"

ဝမ်ချောင်လည်း ဒီည အပြည့်အဝပျော်ပါးခဲ့တာမို့ အတင်းဆက်မေးမနေတော့။ သူ့လက်ချောင်းထက် ခရင်များကပ်နေသေးတာကို မြင်လိုက်ရချိန် သူက ပါးစပ်ထဲ ထည့်သွပ်စုပ်ယူပြီးနောက် သူ့လက်များကို တစ်ဖက်လူရဲ့ပခုံးထက် ဆော့ကစားသလို လှမ်းသုတ်လို့ ပြောလေသည်။ "သွားမယ်၊ သွားမယ်။ အပေါ်တက်ရအောင်။ ငါ အပေါ့သွားဖို့လိုနေပြီ။"

ရှဲ့ကျူရှင်း : "..."

သူ ဝမ်ချောင်ရဲ့ညစ်ပတ်နေတဲ့လက်များကို သဘောမကျတာ မဟုတ်။ သို့ပေမယ့် ဝမ်ချောင့်ကိုယ်မှ ထွက်နေတဲ့ရေမွေးနံ့ကို သူမှတ်မိလို့နေသည်။ Coco Mademoiselle ; ရေမွှေးအကြောင်း သူ တတ်ကျွမ်းနေလို့ မဟုတ်လှ။ သူ အရင်က ဒီရေမွှေးဘူးကို ယန်ကျားကျားကို လက်ဆောင်ပေးဖူးတာမို့ မှတ်မိနေခြင်းပင်။

သူ မေးလိုက်သည်။ "မင်း ဘယ်ကနေပြန်လာတာလဲ။"

'တစ်ကိုယ်လုံး မိန်းကလေးရေမွေးနံ့တွေနဲ့ မွှန်ထူနေတဲ့အထိလေ?' 

ဝမ်ချောင် ပြုံးလျက်ပြောလိုက်သည်။ "သူငယ်ချင်းမွေးနေ့ပါတီလေ။ ငါ ခဏသွားလိုက်တာ။"

ရှဲ့ကျူရှင်း အံကြိတ်ထားရင်းပြန်ပြော၏။ "ဘယ်သူကများ ဆောင်းဦးပွဲတော်မှာ မွေးနေ့ရှိတာလဲ။ မင်း တစ်ခါမှပြောတာလည်း မကြားဖူးပါဘူး။"

ဝမ်ချောင် ရှင်းပြလာသည်။ "ကျန်းချိုးယန်တဲ့။ မင်း သူ့ကို မမြင်ဖူးသေးဘူး။ ငါ ခုနက စားနေတဲ့ကိတ်က သူ့မွေးနေ့ပါတီကနေ ယူလာတာလေ။"

ရှဲ့ကျူရှင်း ဆက်မေးလိုက်သည်။ "ယောက်ျားလေးလား။"

ဝမ်ချောင် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ ငါ နောက်တစ်ခေါက်ကျရင် မင်းကိုပါ အတူခေါ်သွားမယ်။ သူကလည်း တော်တော်လေး သဘောကောင်းတယ်။"

ဝမ်ချောင်ရဲ့အခြားလူများကို 'ကောင်းတယ်' လို့ ပြောလာတဲ့ချီးကျူးမှတ်ချက်က ရှဲ့ကျူရှင်းနားထဲ ကိုးလိုးကန့်လန့်ဖြစ်နေသည်။

တိုက်ခန်းထဲရောက်တာနှင့် ဝမ်ချောင် ရေချိုးခန်းထဲ တန်းဝင်သွားပြီး တံခါးကိုတောင် မပိတ်နေဘဲ ဇစ်ဆွဲချလျက် ကိစ္စရှင်းရင်း မေးလာသည်။ "မင်း အကလေ့ကျင့်ဖို့ကို ဘယ်များသွားနေတာလဲ။"

ရှဲ့ကျူရှင်း : "ဘယ်နေရာမှာပဲဖြစ်ဖြစ်လေ့ကျင့်လို့ရတာပဲ။"

ဝမ်ချောင် ဆက်ပြောသည်။ "ဒါပေမယ့်လည်း မင်း ဖုန်းမကြည့်ဘဲ မနေနဲ့လေ။ နောက်တစ်ခါ ငါ မင်းကို ဖုန်းခေါ်ပြီး ရှာမရရင် မင်းကိုယ်ပေါ် GPS တပ်ထားရလိမ့်မယ်။"

ရှဲ့ကျူရှင်း ဤမျှသာပြန်ပြောလိုက်သည်။ "မင်း ဘာလို့ ငါ့ရှာနေတာလဲ။"

ဝမ်ချောင် အကြောင်းအရင်းကိုတော့ တိတိကျကျထောက်မပြနိုင်ပေမယ့် ဒီနေ့ ရှဲ့ကျူရှင်းစကားများကို နားထောင်ရင်း နည်းနည်းသက်တောင့်သက်သာ မရှိသလို ခံစားလိုက်ရသည်။ ကိစ္စရှင်းပြီးတာနှင့် သူ သူ့ပစ္စည်းလေးကို အနည်းငယ်မျှလှုပ်ခါလျက် မျက်မှောင်ကြုတ်၍ပြောတော့သည်။ "မင်းနဲ့ အတူပျော်ချင်လို့ လာရှာတာပေါ့။ မင်းဆီက ပိုက်ဆံချေးချင်လို့ လာရှာရမှာလား။"

ရှဲ့ကျူရှင်း : "..." 'သူက ဆင်းရဲတယ်လို့ ပြောချင်နေတာမလား။'

သူ ဝမ်ချောင့်ကို စကားပြန်ပြောချင်စိတ် မရှိတော့ဘဲ အပေါ်ထပ်ကိုချွတ်၍ ဖုန်းအားသွင်းရင်း ဖုန်းပြန်ဖွင့်ထားလိုက်သည်။

ဝမ်ချောင် ရေချိုးခန်းထဲမှ ပြန်ထွက်လာချိန် သူ့အကြည့်များက တစ်ဖက်လူရဲ့ ချွေးများရွှဲနစ်နေတဲ့နောက်ကျောပြင်နှင့် ခေါင်းငုံ့လို့ဖုန်းကြည့်နေချိန် လည်ဂုတ်အနားရှိချွေးစက်တွေက မီးအလင်းရောင်အောက် လက်ကနဲဖြစ်သွားခြင်းအပေါ် စူးစိုက်လို့ကြည့်နေမိတော့သည်။

... ဆွဲဆောင်မှုရှိလွန်းသည်။

ဝမ်ချောင် တံတွေးမြိုချမိသွားသည်။ ငွေရောင်လဲ့နေတဲ့ချွေးလွှာအောက်က ခန္ဓာကိုယ်ကို ထိကိုင်ကြည့်မိချင်စိတ်ဖြင့် သူ့အာခေါင်တောင် ခြောက်သွေ့လာတော့သည်။ သူ ရှဲ့ကျူရှင်းအနားလျှောက်သွားပြီး စနောက်သလိုဖြင့် တစ်ဖက်သူရဲ့ဂုတ်ပိုးကို ဖွဖွလေးပွတ်သပ်လေသည်။ "မင်း ဘယ်ကနေများပြေးလာတာလဲ။ ချွေးတွေချည်းပဲ။"

သူ့အသံက အတော်လေးကို ဖြားယောင်းမှုအပြည့်ရှိနေ၏။

ရှဲ့ကျူရှင်း သူ့ဖုန်းကို ပိုလို့တင်းတင်းဆုပ်ကိုင်ထားမိတော့သည်။

ပြန်ခုခံခြင်း မရှိတာမို့ ဝမ်ချောင်လည်း ပိုလို့အရဲစွန့်လာပြီး ရှဲ့ကျူရှင်းတီရှပ်အောက် လက်ဝင်လျက် သူ့ခါးကို ပွတ်သပ်တော့သည်။ သူက ချွေးများဖြင့် စိုရွှဲနေပြီး တောင့်တောင့်တင်းတင်းကြွက်သားများရှိတာမို့ ထိရတာ အေးမြလို့ချောချောလေးဖြစ်နေ၏။

ရှဲ့ကျူရှင်း : "... မင်းလက်ကို ပြန်ထုတ်။"

စိတ်ကျေနပ်ခြင်း မရှိသေးတာမို့ ဝမ်ချောင် ထုတ်ဖို့တွန့်ဆုတ်နေပြီး ပြောလိုက်သည်။ "ထိကြည့်တာ ဘာများဖြစ်လို့လဲ။ မင်းက အရမ်းကပ်စီးကုပ်တာပဲ။"

ရှဲ့ကျူရှင်း အေးစက်စက်ပြန်ပြောသည်။ "အင်း၊ မင်းလောက်တော့ မရက်ရောနိုင်ဘူး။"

ဝမ်ချောင် : "..."

ဒီနေ့ ရှောင်ရှဲ့တစ်ခုခုမှားနေမှန်း သူ အသေအချာသိနေတာမို့ နားမလည်နိုင်သလိုပြောလိုက်သည်။ "ငါ မင်းကို တစ်ခါလေးထိမိတာနဲ့ မင်းက စိတ်ဆိုးသွားတယ်ပေါ့။ ဒါဆို မင်းလည်း ငါ့ကိုထိလေ။ လာ၊ မင်း ကြိုက်တဲ့နေရာ ထိ။"

သူ ရက်ရောကြောင်းပြဖို့ သူ့အင်္ကျီကိုတောင် လှန်ပြတော့သည်။

ရှဲ့ကျူရှင်း တစ်ချက်လှမ်းကြည့်လိုက်ရာ ဝမ်ချောင့်ကျောနောက်ဘက်တွင် နီရဲတွတ်နေသည့်ခြစ်ရာများရှိနေသည်။ သူကလည်း အရူးတစ်ယောက် မဟုတ်။ ဒီလိုခြစ်ရာများပေါ်နေဖို့ တစ်ဖက်လူ ဘာတွေလုပ်ခဲ့လဲ သူ သိလို့နေ၏။

ဝမ်ချောင်လည်း ချက်ချင်း အမှတ်ရသွားပြီး အင်္ကျီ ပြန်ဆွဲချလျက် ရှဲ့ကျူရှင်းဘက်ကို တိတ်တခိုးလှမ်းကြည့်လေသည်။ 

ရှဲ့ကျူရှင်း အကြည့်ပြန်လွှဲပြီးပြောလိုက်သည်။ "မင်းမှာ ဘာကိစ္စမှ မရှိတော့ဘူးဆို ပြန်တော့။ ငါ ရေချိုးပြီးတာနဲ့ အိပ်တော့မှာ။"

ဝမ်ချောင် အလန့်တကြားနှင့်ပြောတော့သည်။ "ငါ မင်းနဲ့အတူ မာလာပုစွန်ချက်စားချင်လို့ လာရှာတာလေ။"

ရှဲ့ကျူရှင်း ငြင်းသည်။ "ငါ မကြိုက်ဘူး။ မင်းနဲ့အတူစားဖို့ အခြားတစ်ယောက်သာ သွားရှာလိုက်။"

ဝမ်ချောင် စိုးရွံ့တကြီးပြောလာသည်။ "ဘာလို့လဲ။ မင်း အရင်ကလည်း စားရမကြိုက်ဘူးလေ။ ဒီနေ့ကျမှ ဘာလို့ အတူ မလိုက်ပေးရတာလဲ။"

'အရင်က ငါ အရူးဖြစ်နေခဲ့တာမလို့' ရှဲ့ကျူရှင်း သူ့ဘာသာတွေးရင်း ပြန်ပြောလိုက်သည်။ "ငါ့ကိုယ်ငါ ဒီ့ထက်ပိုပြီး တွန်းအားမပေးချင်တော့လို့၊ ဟုတ်ပြီလား။"

ဝမ်ချောင် : "... မင်း ဘာဖြစ်နေတာလဲ။"

သူ ရှဲ့ကျူရှင်းကို လှမ်းထိဖို့လုပ်ပေမယ့် တစ်ဖက်က ရှောင်သွားသည်။

သူ ကြောင်အသွားပြီး ခဏတာမျှ စကားမပြောနိုင်တော့။ "မင်း ပြဿနာတစ်ခုခုဖြစ်လာတာလား။ ငါ့ကို ဒေါသချည်း ထွက်မနေဘဲ ဘာဖြစ်တာလဲ ပြောပြလေ။ ပိုက်ဆံလိုလို့လား၊ ဒါမှမဟုတ် အခြားတစ်ခုလား။ ငါ မင်းကို နည်းလမ်းကူရှာပေးမယ်လေ။"

ရှဲ့ကျူရှင်း : "ဘာမှမဖြစ်ထားဘူး။ အဆင်ပြေတယ်။ မြန်မြန်ပြန်တော့။ ငါ တကယ်ပင်ပန်းနေပြီ။"

ရှဲ့ကျူရှင်းရဲ့မျက်နှာအမူအရာက တည်ငြိမ်လွန်းနေတာမို့ ဘာဖြစ်နေသလဲ ဝမ်ချောင် မခန့်မှန်းနိုင်။ သူ ခေါင်းရှုပ်ရှုပ်နှင့် တံခါးဖွင့်လို့ အပြင်ထွက်သွားရတော့သည်။

သူ နေရာမှာတင် ခဏရပ်နေရင်း လက်မြှောက်၍ ဝမ်ချောင် အခုနလေးကတင် ထိသွားတဲ့သူ့ခါးနေရာလေးကို ပြန်ထိကြည့်နေမိသည်။

အဲ့ပေါ့ပျက်ပျက်ကောင်လေးက သူ့လက်ချောင်းပေါ်မှာ တံတွေးများပေလျက်ရှိနေကာ အပေါ့သွားပြီးနောက်မှာလည်း လက်ဆေးထားပုံ မပေါ်လှ။

နောက်တစ်ကြိမ် ထပ်ထိရဲရင်တော့ သူ့ကို တကယ် ထရိုက်ရလိမ့်မယ်။

ရုတ်တရက် တံခါးက သုံးကြိမ်ခေါက်ခံလိုက်ရသည်။ 'ဘန်း၊ ဘန်း၊ ဘန်း' ဆိုတဲ့အသံနှင့်တင် ဘယ်သူရောက်လာတာလဲ သူ ခန့်မှန်းလို့ရနေသည်။

"ဘာဖြစ်ပြန်ပြီလဲ။" သူ တံခါးဖွင့်၍ မျက်နှာသေဖြင့်ပြောလိုက်သည်။

ဝမ်ချောင်က သူ့ကို ဘူးတစ်ခုထိုးပေးရင်းပြောလာသည်။ "အိမ်ကနေ ငါ မင်းအတွက် လမုန့်ယူလာခဲ့တာ။ ကားထဲ ထည့်ထားပြီးမှ ခုနကအထိ ငါမေ့နေတယ်။"

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင် ရှက်ရွံ့သလိုဆက်ပြောသည်။ "အင်း.. ဘာတဲ့၊ ပျော်ရွှင်စရာဆောင်းဦးလယ်ပွဲတော်ဖြစ်ပါစေ။"

ရှဲ့ကျူရှင်း : "... ပျော်ရွှင်စရာဆောင်းဦးလယ်ပွဲတော်ဖြစ်ပါစေ။"

ဝမ်ချောင် : "ဒါဆို ငါပြန်တော့မယ်။"

ရှဲ့ကျူရှင်း ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပြီ။"

ဝမ်ချောင် ဓာတ်လှေကားရှိရာသို့ သွားနေရင်းမှ သူ့ဘက်ကိုလည်း ပြန် ပြန်လှည့်ကြည့်လို့လာသည်။

ရှဲ့ကျူရှင်း သူ ဓာတ်လှေကားထဲ ဝင်သွားတာကို ကြည့်နေရင်း တံခါးပိတ်တော့မည့်အချိန်မှာမှ ဝမ်ချောင် ဓာတ်လှေကားအတွင်းမှ ခေါင်းပြူထွက်၍ သူ့ကို လှမ်းခေါ်လာသည်။ "ရှောင်ရှဲ့!"

ရှဲ့ကျူရှင်း : "???"

ဝမ်ချောင် ဓာတ်လှေကားတံခါးကို ဆုပ်ကိုင်ထားရင်းမေးလေသည်။ "မင်း မာလာပုစွန်ချက်ကို ဒီနေ့မစားချင်ရင် မနက်ဖြန်စားချင်လား။"

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင် နောက်ဆုံးတော့ ပြန်သွားခဲ့ပြီ။

ရှဲ့ကျူရှင်း တံခါးပြန်ပိတ်ပြီး လမုန့်ဘူးကို ကိုင်ထားလျက် တံခါးနား အချိန်အတော်ကြာရပ်နေပြီးမှ ရုတ်တရက် ထရယ်မိတော့သည်။

'မင်း မာလာပုစွန်ချက်ကို ဒီနေ့မစားချင်ရင် မနက်ဖြန် စားချင်လား။'

ဒီအရူးကောင်လေးသာ သူ့ကို ဒီလိုမျိုးမေးလိမ့်မည်။

သို့ပေမယ့် ဒီလိုမေးခွန်းမျိုးကို ဒီအရူးကောင်လေးက သူ့ကိုကလွဲပြီး ကျန်တဲ့လူဆို မေးလိမ့်မှာ မဟုတ်။

အခြားလူများ သူ့ကို အေးစက်စက်ဆက်ဆံရင် သူ့ဘက်ကလည်း လမုန့်ဘူးပေးဖို့ အပြေးပြန်လာမှာ မဟုတ်။

သူ ဘာလို့များ တစ်နေကုန်လုံး ဝမ်ချောင်က သူ့ကို မကြိုက်နေဘူးဆိုတဲ့အတွေးများဖြင့် အချိန်ဖြုန်းခဲ့ရတာပါလိမ့်။

ဒါကို သဘောကျတယ်လို့ မခေါ်နိုင်ရင် ဘာကို သဘောကျတယ်လို့ ခေါ်ရမှာလဲ။

မနေ့ညက ကျုံးနျန်းစန်းရဲ့ဖူးယောင်နေသည့်မျက်နှာနှင့် ပြောခဲ့တဲ့စကားများကို သူ အမှတ်ရနေသည်။ "မင်းက ငါ့ကို မနာလိုနေတာပဲ။"

'မှန်၏၊ သူ မနာလိုဖြစ်လှသည်။'

သူ ကျုံးနျန်းစန်းကိုလည်း မနာလိုသလို Coco ရေမွေးနံ့ဖြန်းထားမည့်ကောင်မလေးကိုလည်း မနာလိုလှ။

သူ တစ်နေ့ကုန် သူ့ကိုယ်သူဒေါသထွက်နေလျက် အချိန် အတော်ကြာအောင် ကနေပြီး တစ်ကိုယ်လုံး ပင်ပန်းသွားရတဲ့အထိ 20 km နီးပါး အကွာအဝေးကို လည်းပြေးခဲ့သည်။ သို့တိုင်အောင် သူ့စိတ်ထဲ မဖြေလျော့နိုင်သေးတာ ဒေါသ မဟုတ်ဘဲ ရင်ဘတ်ထဲ တင်းကျပ်နေစေသည့် ရှုပ်ထွေးလွန်းလှတဲ့မနာလိုသဝန်တိုစိတ်များပင်။

ကိုယ်တစ်ယောက်တည်းရဲ့အပိုင်သာ ဖြစ်စေချင်တဲ့စိတ်ဆန္ဒမှ ပေါက်ဖွားလာသည့် မနာလိုသဝန်တိုစိတ်များဖြစ်၏။

ဝမ်ချောင်တစ်ယောက်တည်း ရမက်ရဲ့လွှမ်းမိုးမှုကို ခံနေရတာ မဟုတ်။

သူလည်း ဝမ်ချောင့်ကို ထိတွေ့ချင်သည်၊ ဝမ်ချောင့်ကို နမ်းရှိုက်ချင်သလို သူ့ကျောပေါ် သွေးရာထင်စေမည့်ကုတ်ခြစ်ရာများ ပြုလုပ်ချင်မိသည်။

ဘာ ကျုံးနျန်းစန်းလဲ၊ ဘာ Coco Madeleines လဲ၊ အခုအချိန်ကစပြီး သူတို့အတွက် အခွင့်အရေးဆိုတာ မကျန်တော့။

KittyKitling

T/N : ဘာသာပြန်ရင်း စဉ်းစားမိတာ 'နေပါဦး၊ ရှဲ့ကျူရှင်းက 0 လုပ်ပေးဖို့တွေးထားတာလား?'

_____///_____

[Zawgyi]

'သဝန္တိုျခင္း'

ေနာက္တစ္ေန႔က ေဆာင္းလယ္ပြဲေတာ္ေန႔ျဖစ္သည္။

ဒါက အားလပ္ရက္ ေနာက္ဆုံးရက္လည္းျဖစ္တာမို႔ ဝမ္မိသားစုရဲ့မိဘမ်ားက ဥေရာပဘက္သို႔ ေပ်ာ္ပါးလည္ပတ္ဖို႔ ေရာက္ေနၿပီး အခုထိ ျပန္မလာေသး။

အစကေတာ့ ဝမ္ေခ်ာင္တစ္ေယာက္ အိမ္ျပန္ၿပီး သူ႔အားလပ္ရက္ကို အစ္ကိုႏွစ္ေယာက္ႏွင့္ ကုန္ဆုံးဖို႔ ဖုန္းေခၚလိုက္ေပမယ့္ ဝမ္ခ်ီႏွင့္သူ႔ဇနီးျဖစ္သူက သူ႔ေယာက္ဖျဖစ္သူႏွင့္ ညစာစားဖို႔ ခ်ိန္းထားၿပီးျဖစ္ကာ ဝမ္က်င္းကေတာ့ ေဆး႐ုံတြင္ တာဝန္က်ေနသျဖင့္ အလုပ္ရွုပ္လြန္းေနၿပီး အိမ္ေတာင္ မျပန္နိုင္။

ထို႔ေနာက္ သူ ရွဲ႕က်ဴရွင္းကို ဖုန္းေခၚလိုက္သည္။ ဘယ္သူမွ ေျဖၾကားျခင္း မရွိ။ သူ ထပ္တလဲလဲေခၚဆိုေနေပမယ့္ ဘယ္သူမွ ျပန္ေျဖလာျခင္း မရွိဘဲ ေနာက္ဆုံးမွာေတာ့ 'လူႀကီးမင္းေခၚဆိုေသာတယ္လီဖုန္းမွာ စက္ပိတ္ထားပါတယ္ရွင္' ဆိုသည့္အသံသာ ေပၚထြက္လာသည္။

ဝမ္ေခ်ာင္ လက္မေလ်ာ့ဘဲ ရွဲ႕က်ဴရွင္းရဲ့တိုက္ခန္းဘက္ သြားၾကည့္ေပမယ့္ အဲ့မွာလည္း မရွိေန။ သူ ဘာမ်ားလုပ္ေနတာပါလိမ့္။

သူ စိတ္ဓာတ္က်သြားရသည္။ ဒီေန႔က ပိတ္ရက္ႀကီးကို ဘယ္လိုျဖစ္လို႔ ဘယ္သူကမွ သူနဲ႔ အတူမကုန္ဆုံးခ်င္ေနရတာလဲ။

စိတ္ဓာတ္က်ေနစဥ္မွာပဲ သူ သူ႔သူငယ္ခ်င္းထံမွ ဖုန္းေခၚဆိုမွုတစ္ခု ရရွိလာသည္။

"ဒီေန႔က ငါ့ေမြးေန႔" တစ္ဖက္လူက ေျပာလာသည္။ "နာမည္ေက်ာ္ႀကီး အဆင္ေျပတယ္ဆို ငါ့ပါတီကို လာေပ်ာ္ေလ?"

က်န္းမ်ိဳးရိုးနာမည္ရွိတဲ့ ထိုသူငယ္ခ်င္းျဖစ္သူက ဝမ္ေခ်ာင့္ထက္ ႏွစ္အနည္းငယ္ အသက္ပိုႀကီးသည္။ သူတို႔မိသားစုက လက္ဝတ္ရတနာစီးပြါးေရးလုပ္ကိုင္ၿပီး သူက ရယ္ရလို႔ ရက္ရက္ေရာေရာရွိကာ ပါတီလုပ္ရတာလည္း ႀကိဳက္သူျဖစ္၏။ ထို႔ေၾကာင့္လည္း ေျပာစရာမလို ဝမ္ေခ်ာင္ႏွင့္ ကီးကိုက္လို႔ေနသည္။ အရင္ႏွစ္ ေဆာင္းတြင္းက သူ႔ကို သူ႔မိသားစုက အီတလီဘက္သို႔ ဒီဇိုင္းႏွင့္ပတ္သတ္တာမ်ား ေလ့လာရန္လႊတ္လိုက္ၿပီးေနာက္ ျပန္ေရာက္တာ မၾကာေသးေပမယ့္ ဝမ္ေခ်ာင္ကလည္း အိုင္ေဒါကိစၥမ်ားျဖင့္ အလုပ္ရွုပ္ေနတာမို႔ သူတို႔အခ်င္းခ်င္း မေတြ႕ျဖစ္ၾကေသး။

သူ႔သူငယ္ခ်င္းမွန္း သိလိုက္တာႏွင့္ ဝမ္ေခ်ာင္ ခ်က္ခ်င္းဆိုသလို စိတ္ေပ်ာ္သြားေတာ့သည္။ ရယ္လ်က္ သူ ျပန္ေျပာလိုက္သည္။ "မဟုတ္တာေတြ ေျပာမေနနဲ႔။ ဒီေန႔က မင္းေမြးေန႔တဲ့လား။"

သူ႔သူငယ္ခ်င္းျဖစ္သူလည္း ရယ္သြားသည္။ "ငါက ဘာလို႔မ်ား မင္းကို လိမ္ရမွာလဲ။ တကယ္ ဒီေန႔ဟ။ ငါက ေဆာင္းလယ္ပြဲေတာ္ ေန႔လည္ ၁၂ နာရီအတိမွာ ေမြးတာမို႔ ငါ့မိဘေတြက နာမည္ေတာင္ ခ်ိဳးယန္လို႔ ေပးထားတာေလ။ ဒါနဲ႔ မင္း လာမွာလား။"

[T/N : 秋阳 : 秋 က ေဆာင္းဦးဆိုတဲ့အဓိပၸါယ္ရၿပီး 阳 က ေနမင္းဆိုတဲ့သေဘာပါတဲ့။]

ဝမ္ေခ်ာင္မွာလည္း ဘာမွလုပ္စရာမရွိေန။ သို႔ႏွင့္ သူေျပာလိုက္ေတာ့သည္။ "မင္းေမြးေန႔ကို ငါ ဘာလို႔ မလာရမွာလဲ။ မင္း ဘယ္မွာလဲ။"

အလုပ္သမားေတာ္ေတာ္မ်ားမ်ား ပိတ္ရက္ရတာမို႔ ကုမၸဏီတြင္ လူနည္းစုသာ ရွိေနသည္။

ဧည့္ႀကိဳေကာင္တာမွာ တာဝန္က်ေနတဲ့ဝန္ထမ္းက ရွဲ႕က်ဴရွင္းကို ျမင္ခ်ိန္ တအံ့တဩျဖင့္ေျပာလာသည္။ "Tomas, အေပၚ႐ုံးခန္းမွာ ဘယ္သူမွ မရွိဘူး။ ရွင္ တစ္ခုခုလိုခ်င္တာရွိရင္ မနက္ျဖန္အထိ ေစာင့္ရလိမ့္မယ္။"

ရွဲ႕က်ဴရွင္း သူ႔ကို ျပန္ေျပာလိုက္သည္။ "ရတယ္။ ကၽြန္ေတာ္ ဒီကို ခဏေလာက္ အကေလ့က်င့္ခ်င္လို႔ေရာက္လာတာ။"

သူ ဓာတ္ေလွကားရွိရာသို႔ ဦးတည္သြားလိုက္ၿပီး တံခါးပြင့္လာမွာကို ေစာင့္ေနခ်ိန္မွာပဲ ေကာင္မေလးႏွစ္ေယာက္ရဲ့ တီးတိုးေျပာေနသံကို ၾကားလိုက္ရေလသည္။ "႐ုပ္ကလည္း ေခ်ာတယ္၊ အရမ္းလည္း ႀကိဳးစားတယ္။ အဲ့တာေၾကာင့္မို႔လည္း သူက ေပၚျပဴလာအမ်ားဆုံးျဖစ္ေနတာ။ အခ်ိဳ႕ေသာေခါင္းေဆာင္ေတြနဲ႔ေတာ့ မတူဘူးေပါ့၊ က်စ္က်စ္"

ဓာတ္ေလွကားမွန္အတြင္းေပၚေနတဲ့ သူ႔ပုံရိပ္က မ်က္ေမွာင္ၾကဳတ္သြားတာကို သူ ျမင္လိုက္ရေတာ့သည္။

သူ ဘယ္အခ်ိန္ကတည္းကမ်ား ဝမ္ေခ်ာင့္ကို မေကာင္းေျပာတာေတြ ၾကားရတာ မႀကိဳက္ေတာ့တာပါလိမ့္။

အကေလ့က်င့္ခန္းထဲ ေရာက္ခ်ိန္ သူ သီခ်င္းဖြင့္ထား၍ ေသြးပူေအာင္လုပ္လ်က္ အေျခခံအဆင့္မ်ား ေလ့က်င့္ၿပီးမွ 'Summer Ice' သီခ်င္းရဲ့ကကြက္မ်ား ကို ကလိုက္ေတာ့သည္။

သီခ်င္းသံက က်ယ္လြန္းတာမို႔ သူ႔ဖုန္းျမည္ေနတာကို မၾကားလိုက္။ သူ႔ကို ဝမ္ေခ်ာင္ ဖုန္းေခၚထားမွန္းသိရခ်ိန္ missed call မ်ားက ဆယ္ႀကိမ္ေက်ာ္ရွိေနခဲ့ၿပီး ေခၚဆိုမွုမ်ားက တစ္ခါေခၚၿပီးသည္ႏွင့္ ခ်က္ခ်င္း ထပ္ေခၚထားျခင္းမ်ိဳးပင္။

တစ္ဖက္ရွိ ဝမ္ေခ်ာင္ရဲ့ရွုံ႔တြေနတဲ့မ်က္ႏွာကိုေတာင္ သူ ျမင္ေယာင္ၾကည့္လို႔ရေနသည္။

ဖုန္းက တစ္ဖန္ထပ္ျမည္လာၿပီး ေခၚဆိုသူကလည္း ဝမ္ေခ်ာင္ျဖစ္ေနျပန္သည္။

ေျဖဆိုမည့္အစား သူ ဖုန္းကို mute လုပ္ၿပီး အိတ္ထဲ ပစ္ထည့္ကာ သီခ်င္းသံကို အဆုံးထိျမင့္၍ မွန္အေရွ႕တြင္ သူ႔အႀကိဳက္ဆုံး jazz သီခ်င္းျဖင့္ ကေနလိုက္မိသည္။

ေလ့က်င့္ေရးသင္တန္းအခ်ိန္တုန္းကလည္း ဒီမွန္ႏွင့္ ဒီအကေလ့က်င့္ခန္းသာ။

ဝမ္ေခ်ာင့္ကို အေၾကာေလ်ာ့ေပးတာႏွင့္ သူက ေသေတာ့မလိုေအာ္ငိုတတ္ၿပီး ဆရာ့ထံမွလည္း သူ႔ေရြ႕လ်ားပုံမ်ား မမွန္ကန္တာေၾကာင့္ အေငါက္ခံရဖူးသည္။ သူက ဆရာအေရွ႕မွာေတာ့ ျပန္ေျပာေလ့မရွိေပမယ့္ ေနာက္ကြယ္ေရာက္တာႏွင့္ ဆရာေျပာသလို ျပန္တုပေျပာဆိုတာမ်ိဳးလည္း ရွိေသးသည္။ တကယ္ကို ဆိုးသြမ္းေနတဲ့ကေလးတစ္ေယာက္ကဲ့သို႔ပင္။

ထိုအခ်ိန္တုန္းက သူ တကယ္ႀကီး ဝမ္ေခ်ာင္ေၾကာင့္ ပင္ပန္းစိတ္ညစ္ခဲ့ရဖူးသည္။ ဒီငပ်င္းေကာင္ေလးက အားနည္းနည္းေလးပဲ စိုက္ထုတ္ရမယ့္ကိစၥရပ္မ်ိဳးကိုေတာင္ ညီးတြားအျပစ္ရွာေနတတ္ၿပီး သူ႔မ်က္ႏွာကလည္း မဟာတံတိုင္းထက္ေတာင္ ပိုထူေနသည္။ ဒီကမၻာေပၚတြင္ သူ႔ေလာက္ စိတ္ရွုပ္ဖို႔ေကာင္းတဲ့လူဆိုတာ ရွိမွာ မဟုတ္။

သို႔ေပမယ့္ ဒီအရွုပ္ထုတ္ေလးက သူ႔စိတ္ရွုပ္မွုကိုေတာင္ မျမင္နိုင္ဘဲ သူ႔အနား ေကာ္ႏွင့္ကပ္ထားသကဲ့သို႔ ရွိေနၿပီး သူက အျခားလူေတြနဲ႔ မတူကြဲျပားေၾကာင္း၊ အရမ္းေကာင္းေပးေၾကာင္း၊ ထိုေၾကာင့္မို႔လည္း သူ႔ကို အခ်စ္ရဆုံး၊ အခင္ရဆုံးျဖစ္ေၾကာင္းေျပာလာလိမ့္ရွိသည္။ ထို႔ေနာက္မွာေတာ့ သူ႔ကို ေနရာတကာ အမိန့္ေပး၍ အတြင္းခံ၊ ေျခအိတ္မ်ားေလၽွာ္ေပးဖို႔ ခိုင္းတတ္သလို မနက္စာလည္း ဝယ္ေစၿပီး ညလယ္စာစားဖို႔လည္း အတူလိုက္ခဲ့ေစျပန္သည္။ စိတ္ေပ်ာ္ေနတဲ့အခ်ိန္ဆို သူ႔အနားကို ျပဳံးၿဖီးၿဖီးႏွင့္ ေရာက္လာတတ္ၿပီး မတရားသျဖင့္ အပစ္အပယ္ခံထားရခ်ိန္မွာလည္း သူ႔အနားကို မ်က္ရည္ဝဲဝဲႏွင့္ေရာက္လာတတ္ေသးသည္။ အဲ့ေကာင္ေလးက သူ႔ေဘးနား အိပ္ရတာကိုလည္း သေဘာက်ၿပီး သူ႔ႏွုတ္ခမ္းကိုလည္း နမ္းခ်င္ေသးသည္။ သူ႔ထံ၌ ကိစၥတစ္ခုခုမ်ားျဖစ္လာခဲ့လၽွင္ ဒီအရွုပ္ထုတ္ေလးက သူ႔ထက္ေတာင္ ပိုစိုးရိမ္ပူပန္ေနတတ္ၿပီး ေျမပဲထက္ ပိုမႀကီးနိုင္တဲ့ သူ႔ဦးေႏွာက္ျဖင့္ လူမွုဆက္ဆံေရးပိုင္းကိုေတာင္ သူ႔အစား စိတ္ပူေပးေနသည္။

တျဖည္းျဖည္းႏွင့္ သူကိုယ္တိုင္လည္း ဝမ္ေခ်ာင့္ကို စိတ္ရွုပ္တာမ်ား ေလ်ာ့နည္းလာခဲ့ၿပီး ဝမ္ေခ်ာင္က ေတာ္ေတာ္ေလးခ်စ္ဖို႔ေကာင္းလွၿပီး သူ႔အေပၚဆို ခင္တြယ္လြန္းတယ္ဟု ျမင္လာေတာ့သည္။ တစ္ခါတစ္ေလဆို သူ႔ခင္တြယ္မွုမ်ားက ... ဖ်ားေယာင္းေနသကဲ့သို႔ပင္။

ရွဲ႕က်ဴရွင္း တကယ္လည္း ဖ်ားေယာင္းခံလိုက္ရပါသည္။ တုံ႔ဆိုင္းတုံ႔ဆိုင္းျဖင့္ သူ႔ခံစားခ်က္မ်ားကို လက္ခံလိုက္ရၿပီး သူတို႔တစ္ဘဝလုံးစာအတြက္ အျပာေရာင္အိမ္သာအဖုံးကို အတူမၽွသုံးၾကမယ္ဟု ဆုံးျဖတ္ခ်က္ခ်ထားမိတဲ့အထိ။

လိင္တူျဖစ္ေနျခင္းကိစၥကို ေဘးခ်ိတ္ထားလို႔ရၿပီး သူတို႔ဆက္ဆံေရးကို ၿခိမ္းေျခာက္လာနိုင္တဲ့ လက္ေတြ႕ဆန္မွုမ်ားကိုလည္း ႀကိဳးစားေက်ာ္ျဖတ္လို႔ရနိုင္မည္သာ။ သူ႔အိပ္မက္မ်ားအတြက္ကလည္း တစ္မ်ိဳးတစ္ဖုံ ျပန္ျဖည့္ဆည္းလို႔ရတာပင္။ ဘဝက တိုေတာင္းလြန္းလွသည္။ ဆယ္စုႏွစ္ေက်ာ္မၽွသာ ရွိတဲ့ဘဝအတြင္း လူတိုင္း သူတို႔ရဲ့ Right person ကို ေတြ႕နိုင္လွတဲ့အထိ ကံေကာင္းလွတာ မဟုတ္။ သူ သူ႔ကံေကာင္းမွုကို လ်စ္လ်ဴမရွုသင့္။ သူ႔အေနႏွင့္ လက္ခံထား၍ သေဘာတက် ႏွစ္သက္ေက်နပ္ေနသင့္သည္။

သို႔ေပမယ့္ ဒီလိုကံေကာင္းျခင္းမ်ိဳးရွိေနတယ္ဆိုတဲ့အဆိုကလည္း ဝမ္ေခ်ာင္က သူ႔ကို ႀကိဳက္ေနမွသာ။

မေန႔ညကအထိ ဝမ္ေခ်ာင္က အခ်စ္ကိစၥပိုင္းတြင္ အလင္းပြင့္သြားၿပီဟု သူ အျမဲယုံၾကည္ထားေပမယ့္ မေန႔ညၿပီးေနာက္မွာေတာ့ သူ႔ရဲ့ကံေကာင္းမွုဆိုတာက သူ႔ဘာသာ တစ္ဖက္သတ္ေတြးေနမိတဲ့အခ်စ္မွန္း သိလာရေတာ့သည္။

ဒီျမင္းေကာင္အတြက္ ေယာက္်ားတစ္ေယာက္ႏွင့္ မေတာ္တဆအိပ္မိသြားၿပီးမွ သာယာမွုရွာေတြသြားျခင္းမ်ိဳးျဖစ္ေနသည္။

သူ ရွဲ႕က်ဴရွင္းအေပၚ ခ်စ္မိျခင္းမ်ိဳး မရွိ။ အနမ္း၊ အထိအေတြ႕ႏွင့္ ဖ်ားေယာင္းမွုမ်ားကလည္း တစ္ပြဲတစ္လမ္းႏႊဲခ်င္လို႔သာ။

ထိုလူက ရွဲ႕က်ဴရွင္းျဖစ္နိုင္သည္။ က်ဳံးန်န္းစန္း ဒါမွမဟုတ္ လမ္းသြားလမ္းလာတစ္ေယာက္ေတာင္ ျဖစ္လို႔ရေနသည္။

ရွဲ႕က်ဴရွင္းတစ္ေယာက္ထဲကသာ ဒါကို 'သေဘာက်ျခင္း' ဟု အထင္မွားေနခဲ့သည္။

ေသာက္က်ိဳးနည္း ရယ္ခ်င္စဖြယ္ပင္။

သူ ည ၇ နာရီအထိ အကေလ့က်င့္ေနလိုက္သည္။ ဖုန္းျပန္ထုတ္ၾကည့္လိုက္ခ်ိန္ သူ႔ဖုန္းက လြန္ခဲ့သည့္တစ္နာရီေလာက္ကတည္းက စက္ပိတ္သြားခဲ့ၿပီ။

သူ ကုမၸဏီမွ ထြက္လာၿပီးေနာက္ ဘာကိုမွ မစီးဘဲ ေျပးလ်က္သာ အိမ္သို႔ ျပန္လာလိုက္သည္။

ေကာင္းကင္ထက္တြင္ လင္းထိန္ေနတဲ့လျပည့္ဝိုင္းႀကီးရွိေနၿပီး ေဘးပတ္ပတ္လည္၌ ၾကယ္မ်ားျဖင့္ အလွျခယ္လို႔ထားသည္။ ေဆာင္းဦးေလေျပေအးကလည္း ညင္ညင္သာသာေလးတိုက္ခတ္ေနလ်က္ တစ္ႏွစ္လုံးအတြင္း သက္ေတာင့္သက္သာအျဖစ္ဆုံးရာသီဥတုေလးျဖစ္၏။

ညအလင္းေရာင္ေအာက္ရွိေပ့က်င္းၿမိဳ႕က သစ္လြင္မွုႏွင့္အိုေဟာင္းမွု ေရာစပ္လို႔ေနသည္။ အျပာေရာင္ အုတ္ခဲမ်ားျဖင့္ ဟူသုန္းလမ္းေတြက သမိုင္းထဲ ႏွစ္ရာေက်ာ္ေအာင္ တည္ရွိေနခဲ့တဲ့မွတ္တမ္းဝင္မ်ားျဖစ္လို႔ ေဆာက္လုပ္ေရးအသစ္မ်ားျဖင့္တိုက္ႀကီးမ်ားကလည္း သစ္လြင္တက္ႂကြမွုကို ျပသေနေတာ့သည္။

သူကေတာ့ ေဘးပတ္ပတ္လည္ဝိုင္းေနတဲ့အလင္းေရာင္မ်ားကို ေက်ာ္ျဖတ္လို႔ အေရွ႕တည့္တည့္ၾကည့္ရင္းသာ ေျပးလႊားေနမိသည္။

ေခၽြးမ်ားျဖင့္ ရႊဲနစ္ေနတဲ့ခံစားခ်က္က အရမ္းကို လန္းဆန္းလွသည္။ ေခၽြးေပါက္တစ္ခုခ်င္းဆီက သူ႔ႏွလုံးသားထဲမွ စိတ္မြန္းက်ပ္မွုမ်ားကို ဖြင့္ထုတ္ေပးေနၿပီး မနက္ျဖန္ နိုးလာသည့္အခ်ိန္ သူကိုယ္တိုင္က စိတ္သစ္လူသစ္ျဖစ္သြားေတာ့မည့္အလား။

ေလ့က်င့္ခန္းလုပ္ရာမွ ရလာသည့္ေပ်ာ္ရႊင္မွုက သူ႔အိမ္ေအာက္ေရာက္တဲ့အထိသာ ခံခဲ့သည္။

အေဝးမွ အေဆာက္အဦးဝင္ေပါက္အနားတြင္ ကားရပ္ထားတာကို ျမင္လိုက္ရၿပီး သူ ေျပးေနတာကို အရွိန္ေလ်ာ့ခ်လိုက္သည္။

ဒါ ဝမ္ေခ်ာင့္ရဲ့ကားျဖစ္ၿပီး ေမာင္းသူတံခါးကလည္း ဖြင့္ထားသည္။

ကားပိုင္ရွင္ကေတာ့ ကားအျပင္ဘက္ကို ေျခဆန့္ခ်ထားလ်က္ လိမ္တြန့္လို႔ သက္ေတာင့္သက္သာအေနအထားျဖင့္ ထိုင္ေနၿပီး လက္ဝါးတမၽွရွိတဲ့ကိတ္မုန့္ကို စားေန၏။

ရွဲ႕က်ဴရွင္း : "... မင္း ဘာလုပ္ေနတာလဲ။"

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းကို ျမင္တာႏွင့္ ျပဳံးၿဖီးၿဖီးျဖင့္ ကားေပၚမွ ခုန္ဆင္းကာ က်န္ရွိေနေသးတဲ့ကိတ္ကို သူ႔ပါးစပ္ထဲ ထည့္လ်က္ ျပည့္ေဖာင္းေဖာင္းပါးမို႔ေလးျဖင့္ တျမဳံ႕ျမဳံ႕ဝါးရင္းေျပာလာသည္။ "မင္း ျပန္လာၿပီပဲ! ငါ မင္းကို ေစာင့္ေနတာ နာရီနဲ႔ခ်ီေနၿပီ။ ငါ ေစာင့္ေနရင္း ဗိုက္ေတာင္ဆာတယ္။ ေတာ္ေသးတယ္၊ ငါ ဒီကို မလာခင္ ကိတ္မုန့္တစ္စိတ္ ဆြဲခဲ့လို႔။ ဒါနဲ႔ မင္း ဘာလုပ္ေနတာလဲ။ ဘာလို႔ ေခၽြးေတြ အမ်ားႀကီး ထြက္ေနရတာလဲ။"

ရွဲ႕က်ဴရွင္း ျပန္ေျဖသည္။ "အက သြားေလ့က်င့္တာ။ ျပန္ေတာ့ ေျပးၿပီးျပန္လာလိုက္လို႔။"

ဝမ္ေခ်ာင္ သူ႔ပါးစပ္ထဲ က်န္ေနေသးတဲ့ကိတ္မုန့္မ်ားကို ၿမိဳခ်လ်က္ ေျပာလာသည္။ "မင္းဖုန္းကို ယူသြားဖို႔ေမ့ေနတာလား။ ငါ ေခၚတာလည္း မင္း မကိုင္ဘူး။"

သူေမးရင္း သူ႔ပါးစပ္ေထာင့္တြင္ကပ္ေနတဲ့ခရင္မ်ားကို လၽွာျဖင့္သပ္ယူလိုက္သည္။

ရွဲ႕က်ဴရွင္း : "ဖုန္းအားကုန္သြားလို႔။"

ဝမ္ေခ်ာင္လည္း ဒီည အျပည့္အဝေပ်ာ္ပါးခဲ့တာမို႔ အတင္းဆက္ေမးမေနေတာ့။ သူ႔လက္ေခ်ာင္းထက္ ခရင္မ်ားကပ္ေနေသးတာကို ျမင္လိုက္ရခ်ိန္ သူက ပါးစပ္ထဲ ထည့္သြပ္စုပ္ယူၿပီးေနာက္ သူ႔လက္မ်ားကို တစ္ဖက္လူရဲ့ပခုံးထက္ ေဆာ့ကစားသလို လွမ္းသုတ္လို႔ ေျပာေလသည္။ "သြားမယ္၊ သြားမယ္။ အေပၚတက္ရေအာင္။ ငါ အေပါ့သြားဖို႔လိုေနၿပီ။"

ရွဲ႕က်ဴရွင္း : "..."

သူ ဝမ္ေခ်ာင္ရဲ့ညစ္ပတ္ေနတဲ့လက္မ်ားကို သေဘာမက်တာ မဟုတ္။ သို႔ေပမယ့္ ဝမ္ေခ်ာင့္ကိုယ္မွ ထြက္ေနတဲ့ေရေမြးနံ႔ကို သူမွတ္မိလို႔ေနသည္။ Coco Mademoiselle ; ေရေမႊးအေၾကာင္း သူ တတ္ကၽြမ္းေနလို႔ မဟုတ္လွ။ သူ အရင္က ဒီေရေမႊးဘူးကို ယန္က်ားက်ားကို လက္ေဆာင္ေပးဖူးတာမို႔ မွတ္မိေနျခင္းပင္။

သူ ေမးလိုက္သည္။ "မင္း ဘယ္ကေနျပန္လာတာလဲ။"

'တစ္ကိုယ္လုံး မိန္းကေလးေရေမြးနံ႔ေတြနဲ႔ မႊန္ထူေနတဲ့အထိေလ?' 

ဝမ္ေခ်ာင္ ျပဳံးလ်က္ေျပာလိုက္သည္။ "သူငယ္ခ်င္းေမြးေန႔ပါတီေလ။ ငါ ခဏသြားလိုက္တာ။"

ရွဲ႕က်ဴရွင္း အံႀကိတ္ထားရင္းျပန္ေျပာ၏။ "ဘယ္သူကမ်ား ေဆာင္းဦးပြဲေတာ္မွာ ေမြးေန႔ရွိတာလဲ။ မင္း တစ္ခါမွေျပာတာလည္း မၾကားဖူးပါဘူး။"

ဝမ္ေခ်ာင္ ရွင္းျပလာသည္။ "က်န္းခ်ိဳးယန္တဲ့။ မင္း သူ႔ကို မျမင္ဖူးေသးဘူး။ ငါ ခုနက စားေနတဲ့ကိတ္က သူ႔ေမြးေန႔ပါတီကေန ယူလာတာေလ။"

ရွဲ႕က်ဴရွင္း ဆက္ေမးလိုက္သည္။ "ေယာက္်ားေလးလား။"

ဝမ္ေခ်ာင္ ေခါင္းညိတ္ျပလိုက္သည္။ "ဟုတ္တယ္၊ ငါ ေနာက္တစ္ေခါက္က်ရင္ မင္းကိုပါ အတူေခၚသြားမယ္။ သူကလည္း ေတာ္ေတာ္ေလး သေဘာေကာင္းတယ္။"

ဝမ္ေခ်ာင္ရဲ့အျခားလူမ်ားကို 'ေကာင္းတယ္' လို႔ ေျပာလာတဲ့ခ်ီးက်ဴးမွတ္ခ်က္က ရွဲ႕က်ဴရွင္းနားထဲ ကိုးလိုးကန့္လန့္ျဖစ္ေနသည္။

တိုက္ခန္းထဲေရာက္တာႏွင့္ ဝမ္ေခ်ာင္ ေရခ်ိဳးခန္းထဲ တန္းဝင္သြားၿပီး တံခါးကိုေတာင္ မပိတ္ေနဘဲ ဇစ္ဆြဲခ်လ်က္ ကိစၥရွင္းရင္း ေမးလာသည္။ "မင္း အကေလ့က်င့္ဖို႔ကို ဘယ္မ်ားသြားေနတာလဲ။"

ရွဲ႕က်ဴရွင္း : "ဘယ္ေနရာမွာပဲျဖစ္ျဖစ္ေလ့က်င့္လို႔ရတာပဲ။"

ဝမ္ေခ်ာင္ ဆက္ေျပာသည္။ "ဒါေပမယ့္လည္း မင္း ဖုန္းမၾကည့္ဘဲ မေနနဲ႔ေလ။ ေနာက္တစ္ခါ ငါ မင္းကို ဖုန္းေခၚၿပီး ရွာမရရင္ မင္းကိုယ္ေပၚ GPS တပ္ထားရလိမ့္မယ္။"

ရွဲ႕က်ဴရွင္း ဤမၽွသာျပန္ေျပာလိုက္သည္။ "မင္း ဘာလို႔ ငါ့ရွာေနတာလဲ။"

ဝမ္ေခ်ာင္ အေၾကာင္းအရင္းကိုေတာ့ တိတိက်က်ေထာက္မျပနိုင္ေပမယ့္ ဒီေန႔ ရွဲ႕က်ဴရွင္းစကားမ်ားကို နားေထာင္ရင္း နည္းနည္းသက္ေတာင့္သက္သာ မရွိသလို ခံစားလိုက္ရသည္။ ကိစၥရွင္းၿပီးတာႏွင့္ သူ သူ႔ပစၥည္းေလးကို အနည္းငယ္မၽွလွုပ္ခါလ်က္ မ်က္ေမွာင္ၾကဳတ္၍ေျပာေတာ့သည္။ "မင္းနဲ႔ အတူေပ်ာ္ခ်င္လို႔ လာရွာတာေပါ့။ မင္းဆီက ပိုက္ဆံေခ်းခ်င္လို႔ လာရွာရမွာလား။"

ရွဲ႕က်ဴရွင္း : "..." 'သူက ဆင္းရဲတယ္လို႔ ေျပာခ်င္ေနတာမလား။'

သူ ဝမ္ေခ်ာင့္ကို စကားျပန္ေျပာခ်င္စိတ္ မရွိေတာ့ဘဲ အေပၚထပ္ကိုခၽြတ္၍ ဖုန္းအားသြင္းရင္း ဖုန္းျပန္ဖြင့္ထားလိုက္သည္။

ဝမ္ေခ်ာင္ ေရခ်ိဳးခန္းထဲမွ ျပန္ထြက္လာခ်ိန္ သူ႔အၾကည့္မ်ားက တစ္ဖက္လူရဲ့ ေခၽြးမ်ားရႊဲနစ္ေနတဲ့ေနာက္ေက်ာျပင္ႏွင့္ ေခါင္းငုံ႔လို႔ဖုန္းၾကည့္ေနခ်ိန္ လည္ဂုတ္အနားရွိေခၽြးစက္ေတြက မီးအလင္းေရာင္ေအာက္ လက္ကနဲျဖစ္သြားျခင္းအေပၚ စူးစိုက္လို႔ၾကည့္ေနမိေတာ့သည္။

... ဆြဲေဆာင္မွုရွိလြန္းသည္။

ဝမ္ေခ်ာင္ တံေတြးၿမိဳခ်မိသြားသည္။ ေငြေရာင္လဲ့ေနတဲ့ေခၽြးလႊာေအာက္က ခႏၶာကိုယ္ကို ထိကိုင္ၾကည့္မိခ်င္စိတ္ျဖင့္ သူ႔အာေခါင္ေတာင္ ေျခာက္ေသြ႕လာေတာ့သည္။ သူ ရွဲ႕က်ဴရွင္းအနားေလၽွာက္သြားၿပီး စေနာက္သလိုျဖင့္ တစ္ဖက္သူရဲ့ဂုတ္ပိုးကို ဖြဖြေလးပြတ္သပ္ေလသည္။ "မင္း ဘယ္ကေနမ်ားေျပးလာတာလဲ။ ေခၽြးေတြခ်ည္းပဲ။"

သူ႔အသံက အေတာ္ေလးကို ျဖားေယာင္းမွုအျပည့္ရွိေန၏။

ရွဲ႕က်ဴရွင္း သူ႔ဖုန္းကို ပိုလို႔တင္းတင္းဆုပ္ကိုင္ထားမိေတာ့သည္။

ျပန္ခုခံျခင္း မရွိတာမို႔ ဝမ္ေခ်ာင္လည္း ပိုလို႔အရဲစြန့္လာၿပီး ရွဲ႕က်ဴရွင္းတီရွပ္ေအာက္ လက္ဝင္လ်က္ သူ႔ခါးကို ပြတ္သပ္ေတာ့သည္။ သူက ေခၽြးမ်ားျဖင့္ စိုရႊဲေနၿပီး ေတာင့္ေတာင့္တင္းတင္းႂကြက္သားမ်ားရွိတာမို႔ ထိရတာ ေအးျမလို႔ေခ်ာေခ်ာေလးျဖစ္ေန၏။

ရွဲ႕က်ဴရွင္း : "... မင္းလက္ကို ျပန္ထုတ္။"

စိတ္ေက်နပ္ျခင္း မရွိေသးတာမို႔ ဝမ္ေခ်ာင္ ထုတ္ဖို႔တြန့္ဆုတ္ေနၿပီး ေျပာလိုက္သည္။ "ထိၾကည့္တာ ဘာမ်ားျဖစ္လို႔လဲ။ မင္းက အရမ္းကပ္စီးကုပ္တာပဲ။"

ရွဲ႕က်ဴရွင္း ေအးစက္စက္ျပန္ေျပာသည္။ "အင္း၊ မင္းေလာက္ေတာ့ မရက္ေရာနိုင္ဘူး။"

ဝမ္ေခ်ာင္ : "..."

ဒီေန႔ ေရွာင္ရွဲ႕တစ္ခုခုမွားေနမွန္း သူ အေသအခ်ာသိေနတာမို႔ နားမလည္နိုင္သလိုေျပာလိုက္သည္။ "ငါ မင္းကို တစ္ခါေလးထိမိတာနဲ႔ မင္းက စိတ္ဆိုးသြားတယ္ေပါ့။ ဒါဆို မင္းလည္း ငါ့ကိုထိေလ။ လာ၊ မင္း ႀကိဳက္တဲ့ေနရာ ထိ။"

သူ ရက္ေရာေၾကာင္းျပဖို႔ သူ႔အကၤ်ီကိုေတာင္ လွန္ျပေတာ့သည္။

ရွဲ႕က်ဴရွင္း တစ္ခ်က္လွမ္းၾကည့္လိုက္ရာ ဝမ္ေခ်ာင့္ေက်ာေနာက္ဘက္တြင္ နီရဲတြတ္ေနသည့္ျခစ္ရာမ်ားရွိေနသည္။ သူကလည္း အ႐ူးတစ္ေယာက္ မဟုတ္။ ဒီလိုျခစ္ရာမ်ားေပၚေနဖို႔ တစ္ဖက္လူ ဘာေတြလုပ္ခဲ့လဲ သူ သိလို႔ေန၏။

ဝမ္ေခ်ာင္လည္း ခ်က္ခ်င္း အမွတ္ရသြားၿပီး အကၤ်ီ ျပန္ဆြဲခ်လ်က္ ရွဲ႕က်ဴရွင္းဘက္ကို တိတ္တခိုးလွမ္းၾကည့္ေလသည္။ 

ရွဲ႕က်ဴရွင္း အၾကည့္ျပန္လႊဲၿပီးေျပာလိုက္သည္။ "မင္းမွာ ဘာကိစၥမွ မရွိေတာ့ဘူးဆို ျပန္ေတာ့။ ငါ ေရခ်ိဳးၿပီးတာနဲ႔ အိပ္ေတာ့မွာ။"

ဝမ္ေခ်ာင္ အလန့္တၾကားႏွင့္ေျပာေတာ့သည္။ "ငါ မင္းနဲ႔အတူ မာလာပုစြန္ခ်က္စားခ်င္လို႔ လာရွာတာေလ။"

ရွဲ႕က်ဴရွင္း ျငင္းသည္။ "ငါ မႀကိဳက္ဘူး။ မင္းနဲ႔အတူစားဖို႔ အျခားတစ္ေယာက္သာ သြားရွာလိုက္။"

ဝမ္ေခ်ာင္ စိုးရြံ႕တႀကီးေျပာလာသည္။ "ဘာလို႔လဲ။ မင္း အရင္ကလည္း စားရမႀကိဳက္ဘူးေလ။ ဒီေန႔က်မွ ဘာလို႔ အတူ မလိုက္ေပးရတာလဲ။"

'အရင္က ငါ အ႐ူးျဖစ္ေနခဲ့တာမလို႔' ရွဲ႕က်ဴရွင္း သူ႔ဘာသာေတြးရင္း ျပန္ေျပာလိုက္သည္။ "ငါ့ကိုယ္ငါ ဒီ့ထက္ပိုၿပီး တြန္းအားမေပးခ်င္ေတာ့လို႔၊ ဟုတ္ၿပီလား။"

ဝမ္ေခ်ာင္ : "... မင္း ဘာျဖစ္ေနတာလဲ။"

သူ ရွဲ႕က်ဴရွင္းကို လွမ္းထိဖို႔လုပ္ေပမယ့္ တစ္ဖက္က ေရွာင္သြားသည္။

သူ ေၾကာင္အသြားၿပီး ခဏတာမၽွ စကားမေျပာနိုင္ေတာ့။ "မင္း ျပႆနာတစ္ခုခုျဖစ္လာတာလား။ ငါ့ကို ေဒါသခ်ည္း ထြက္မေနဘဲ ဘာျဖစ္တာလဲ ေျပာျပေလ။ ပိုက္ဆံလိုလို႔လား၊ ဒါမွမဟုတ္ အျခားတစ္ခုလား။ ငါ မင္းကို နည္းလမ္းကူရွာေပးမယ္ေလ။"

ရွဲ႕က်ဴရွင္း : "ဘာမွမျဖစ္ထားဘူး။ အဆင္ေျပတယ္။ ျမန္ျမန္ျပန္ေတာ့။ ငါ တကယ္ပင္ပန္းေနၿပီ။"

ရွဲ႕က်ဴရွင္းရဲ့မ်က္ႏွာအမူအရာက တည္ၿငိမ္လြန္းေနတာမို႔ ဘာျဖစ္ေနသလဲ ဝမ္ေခ်ာင္ မခန့္မွန္းနိုင္။ သူ ေခါင္းရွုပ္ရွုပ္ႏွင့္ တံခါးဖြင့္လို႔ အျပင္ထြက္သြားရေတာ့သည္။

သူ ေနရာမွာတင္ ခဏရပ္ေနရင္း လက္ေျမႇာက္၍ ဝမ္ေခ်ာင္ အခုနေလးကတင္ ထိသြားတဲ့သူ႔ခါးေနရာေလးကို ျပန္ထိၾကည့္ေနမိသည္။

အဲ့ေပါ့ပ်က္ပ်က္ေကာင္ေလးက သူ႔လက္ေခ်ာင္းေပၚမွာ တံေတြးမ်ားေပလ်က္ရွိေနကာ အေပါ့သြားၿပီးေနာက္မွာလည္း လက္ေဆးထားပုံ မေပၚလွ။

ေနာက္တစ္ႀကိမ္ ထပ္ထိရဲရင္ေတာ့ သူ႔ကို တကယ္ ထရိုက္ရလိမ့္မယ္။

႐ုတ္တရက္ တံခါးက သုံးႀကိမ္ေခါက္ခံလိုက္ရသည္။ 'ဘန္း၊ ဘန္း၊ ဘန္း' ဆိုတဲ့အသံႏွင့္တင္ ဘယ္သူေရာက္လာတာလဲ သူ ခန့္မွန္းလို႔ရေနသည္။

"ဘာျဖစ္ျပန္ၿပီလဲ။" သူ တံခါးဖြင့္၍ မ်က္ႏွာေသျဖင့္ေျပာလိုက္သည္။

ဝမ္ေခ်ာင္က သူ႔ကို ဘူးတစ္ခုထိုးေပးရင္းေျပာလာသည္။ "အိမ္ကေန ငါ မင္းအတြက္ လမုန့္ယူလာခဲ့တာ။ ကားထဲ ထည့္ထားၿပီးမွ ခုနကအထိ ငါေမ့ေနတယ္။"

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္ ရွက္ရြံ႕သလိုဆက္ေျပာသည္။ "အင္း.. ဘာတဲ့၊ ေပ်ာ္ရႊင္စရာေဆာင္းဦးလယ္ပြဲေတာ္ျဖစ္ပါေစ။"

ရွဲ႕က်ဴရွင္း : "... ေပ်ာ္ရႊင္စရာေဆာင္းဦးလယ္ပြဲေတာ္ျဖစ္ပါေစ။"

ဝမ္ေခ်ာင္ : "ဒါဆို ငါျပန္ေတာ့မယ္။"

ရွဲ႕က်ဴရွင္း ေခါင္းညိတ္ျပလိုက္သည္။ "ဟုတ္ၿပီ။"

ဝမ္ေခ်ာင္ ဓာတ္ေလွကားရွိရာသို႔ သြားေနရင္းမွ သူ႔ဘက္ကိုလည္း ျပန္ ျပန္လွည့္ၾကည့္လို႔လာသည္။

ရွဲ႕က်ဴရွင္း သူ ဓာတ္ေလွကားထဲ ဝင္သြားတာကို ၾကည့္ေနရင္း တံခါးပိတ္ေတာ့မည့္အခ်ိန္မွာမွ ဝမ္ေခ်ာင္ ဓာတ္ေလွကားအတြင္းမွ ေခါင္းျပဴထြက္၍ သူ႔ကို လွမ္းေခၚလာသည္။ "ေရွာင္ရွဲ႕!"

ရွဲ႕က်ဴရွင္း : "???"

ဝမ္ေခ်ာင္ ဓာတ္ေလွကားတံခါးကို ဆုပ္ကိုင္ထားရင္းေမးေလသည္။ "မင္း မာလာပုစြန္ခ်က္ကို ဒီေန႔မစားခ်င္ရင္ မနက္ျဖန္စားခ်င္လား။"

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္ ေနာက္ဆုံးေတာ့ ျပန္သြားခဲ့ၿပီ။

ရွဲ႕က်ဴရွင္း တံခါးျပန္ပိတ္ၿပီး လမုန့္ဘူးကို ကိုင္ထားလ်က္ တံခါးနား အခ်ိန္အေတာ္ၾကာရပ္ေနၿပီးမွ ႐ုတ္တရက္ ထရယ္မိေတာ့သည္။

'မင္း မာလာပုစြန္ခ်က္ကို ဒီေန႔မစားခ်င္ရင္ မနက္ျဖန္ စားခ်င္လား။'

ဒီအ႐ူးေကာင္ေလးသာ သူ႔ကို ဒီလိုမ်ိဳးေမးလိမ့္မည္။

သို႔ေပမယ့္ ဒီလိုေမးခြန္းမ်ိဳးကို ဒီအ႐ူးေကာင္ေလးက သူ႔ကိုကလြဲၿပီး က်န္တဲ့လူဆို ေမးလိမ့္မွာ မဟုတ္။

အျခားလူမ်ား သူ႔ကို ေအးစက္စက္ဆက္ဆံရင္ သူ႔ဘက္ကလည္း လမုန့္ဘူးေပးဖို႔ အေျပးျပန္လာမွာ မဟုတ္။

သူ ဘာလို႔မ်ား တစ္ေနကုန္လုံး ဝမ္ေခ်ာင္က သူ႔ကို မႀကိဳက္ေနဘူးဆိုတဲ့အေတြးမ်ားျဖင့္ အခ်ိန္ျဖဳန္းခဲ့ရတာပါလိမ့္။

ဒါကို သေဘာက်တယ္လို႔ မေခၚနိုင္ရင္ ဘာကို သေဘာက်တယ္လို႔ ေခၚရမွာလဲ။

မေန႔ညက က်ဳံးန်န္းစန္းရဲ့ဖူးေယာင္ေနသည့္မ်က္ႏွာႏွင့္ ေျပာခဲ့တဲ့စကားမ်ားကို သူ အမွတ္ရေနသည္။ "မင္းက ငါ့ကို မနာလိုေနတာပဲ။"

'မွန္၏၊ သူ မနာလိုျဖစ္လွသည္။'

သူ က်ဳံးန်န္းစန္းကိုလည္း မနာလိုသလို Coco ေရေမြးနံ႔ျဖန္းထားမည့္ေကာင္မေလးကိုလည္း မနာလိုလွ။

သူ တစ္ေန႔ကုန္ သူ႔ကိုယ္သူေဒါသထြက္ေနလ်က္ အခ်ိန္ အေတာ္ၾကာေအာင္ ကေနၿပီး တစ္ကိုယ္လုံး ပင္ပန္းသြားရတဲ့အထိ 20 km နီးပါး အကြာအေဝးကို လည္းေျပးခဲ့သည္။ သို႔တိုင္ေအာင္ သူ႔စိတ္ထဲ မေျဖေလ်ာ့နိုင္ေသးတာ ေဒါသ မဟုတ္ဘဲ ရင္ဘတ္ထဲ တင္းက်ပ္ေနေစသည့္ ရွုပ္ေထြးလြန္းလွတဲ့မနာလိုသဝန္တိုစိတ္မ်ားပင္။

ကိုယ္တစ္ေယာက္တည္းရဲ့အပိုင္သာ ျဖစ္ေစခ်င္တဲ့စိတ္ဆႏၵမွ ေပါက္ဖြားလာသည့္ မနာလိုသဝန္တိုစိတ္မ်ားျဖစ္၏။

ဝမ္ေခ်ာင္တစ္ေယာက္တည္း ရမက္ရဲ့လႊမ္းမိုးမွုကို ခံေနရတာ မဟုတ္။

သူလည္း ဝမ္ေခ်ာင့္ကို ထိေတြ႕ခ်င္သည္၊ ဝမ္ေခ်ာင့္ကို နမ္းရွိုက္ခ်င္သလို သူ႔ေက်ာေပၚ ေသြးရာထင္ေစမည့္ကုတ္ျခစ္ရာမ်ား ျပဳလုပ္ခ်င္မိသည္။

ဘာ က်ဳံးန်န္းစန္းလဲ၊ ဘာ Coco Madeleines လဲ၊ အခုအခ်ိန္ကစၿပီး သူတို႔အတြက္ အခြင့္အေရးဆိုတာ မက်န္ေတာ့။

KittyKitling

T/N : ဘာသာျပန္ရင္း စဥ္းစားမိတာ 'ေနပါဦး၊ ရွဲ႕က်ဴရွင္းက 0 လုပ္ေပးဖို႔ေတြးထားတာလား?'

Continue Reading

You'll Also Like

1.4M 185K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
25.3K 4.1K 47
ဘာသာပြန်သူ - စွဲညို့အသင်း
189K 21.8K 68
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...