ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

423K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 39

5.7K 851 68
By PoneyPeach

Unicode
အခန်း ( ၃၉ )

ကျီဇယ်ဟွေ့သည် ကျယ်ယန်ကို သူတို့နယ်ပယ်က လူတွေဖွင့်သော ကော်ဖီဆိုင်သို့ ခေါ်သွား၏။ ဆိုင်တည်နေရာက လမ်းနှင့် နည်းနည်း အလှမ်းဝေးကာ မျက်နှာစာမှာလည်း ကျဥ်းကျဥ်းလေးပင်။ အပြင်ကကြည့်လျှင် အထင်ကြီးစရာ တစ်ကွက်မှ မရှိသော်ငြားလည်း အထဲဝင်သွားလျှင်တော့ လုံးဝကို ကွဲပြားခြားနားသွားသည်။

ကျီဇယ်ဟွေ့ အထဲဝင်သွားတာနှင့် မနေနိုင် မထိုင်နိုင် ဆိုလာသည်။
“ ငါသာမပါရင် မင်းလိုလူသစ်တစ်ယောက်က ဘယ်တော့မှ ဆိုင်ထဲဝင်နိုင်မှာမဟုတ်ဘူး။ ”

ကျယ်ယန် ပြန်ဖြေသည်။   “ ဆရာကျီ ကျွန်တော့်ကို ဒီလိုမထိမဲ့မြင်ဆက်လုပ်နေမယ်ဆိုရင် မကြာခင် ဒီအသိုင်းအဝိုင်းမှာ ဆရာ့ရဲ့အဆင့်အတန်းဆုံးရှုံးပြီး ဒီနေရာကို ထပ်ဝင်ခွင့်မရတော့ဘူးလို့ ယုံထားလိုက်။ ”

ကျီဇယ့်ဟွေ့ ချောင်းဟန့်ကာ စကားရပ်၏။ ထိုအစား ရှောင်ကျင်းက ကျယ်ယန်ကို ကြိမ်ဖန်တလဲလဲ လှမ်းကြည့်လာသည်။

ကျီဇယ်ဟွေ့သည့် ကျယ်ယန့်ကို သုံးနေကျ အခန်းထဲသို့ ခေါ်လာ၏။ သူက စားပွဲထိုးကို ကော်ဖီနှင့် အချိုပွဲအမြောက်အများကို သာမန်ကာလျှံကာမှာ၍ အဓိကအချက်ကို ဖြတ်​ပြောလိုက်၏။
“ မင်း ဘာလိုချင်တာလဲ။ ”

“ အလျှင်မလိုပါဘူးဗျာ။ လုပ်ငန်းကိစ္စမပြောခင် လက်ရှိအခြေအနေကို ရှင်းကြတာပေါ့။ ”   ကျယ်ယန်သည် မတ်မတ်ထိုင်ကာ စားပွဲခုံကို လက်ညှိုးထိုး၏။    “ စုံတွဲသီချင်းရဲ့ သဲလွန်စတွေအားလုံးကို ခင်ဗျားတို့ မဖျက်နိုင်ဘူး။ " တေးဂီတဧကရာဇ်က ဘယ်သူလဲ " အပိုင်းသစ်အတွက် ထုတ်လုပ်ရေးကိုလည်း စပြီးနေပြီ။   ကျီဇယ့်ဟွေ့အတွက် edit ပေးလို့ရတဲ့အပိုင်းတွေမှာလည်း ရည်ရွယ်ချက်ရှိရှိ တေးသွားကို ပြောင်းပစ််တယ်။ သီချင်းပြောင်းတယ်။ ​ပြောင်းခိုင်းတဲ့ သီချင်းကိုလည်း မသုံးပြန်ဘူး။ သီချင်းဆိုတာလည်း ဆိုးဆိုးရွားရွားနဲ့။ ဧည့်သည်ဒိုင်လူကြီးတွေ ဝေဖန်တာ ခံရ​သေးတယ်။ စင်ပေါ်မှာ မျက်နှာပျက်ရတယ်။ ဒါရိုက်တာကို ရိုက်ကူးရေးဖျက်ဖို့နဲ့ ဖျော်ဖြေရေးကို ပြန်ရိုက်ဖို့ အတင်းအကျပ် ဖိအားပေးပြန်တယ်။ ဒီမကောင်းသတင်းတွေ ထွက်လာတာနဲ့အမျှ ပြိုပျက်သွားသောပိုးအိမ်ရဲ့ ရောင်းအားအတွဲကလည်း ချက်ချင်းရပ်သွားမယ်လို့ ကျွန်တော်အတတ်ပြောရဲတယ်။ စီနီယာကျီလည်း ကျောထောနောက်ခံနည်းနည်းတော့ ဆုံးရှုံးသွားမှာပဲ။ ”

ကျယ်ယန့်စကားများက ကျီဇယ့်ဟွေ့မျက်နှာကို မည်းသထက်မည်း​မှောင်လာစေပြီး သူ့ကို မတ်တပ်ထရပ်လုနီးပါး ဖြစ်သွားစေ၏။ သူ့အေးဂျင့် ရှောင်ကျင်းမှာ ကျီဇယ့်ဟွေ့ကို အတင်းဖိထားရင်း အကြံပေးလိုက်ရသည်။    “ ကျယ်ယန် ငါတို့ မင်းကို တောင်းပန်ခယလာမှာ မဟုတ်ဘူးနော်။ မင်းဘက်က နည်းနည်းလောက် ညှိနှိုင်းပေးသင့်တာ။ ငါတို့မှာလည်း ဒီဖြစ်လာမယ့်ကိစ္စတွေကို ဖယ်ရှားဖို့ တခြားနည်းလမ်းတွေ ရှိပါသေးတယ်ကွ။   ”

“ ဒါပေမဲ့ လောင်ရှို့ယူ ရှိသေးတယ်လေ။ ခင်ဗျားလုပ်နေကြအတိုင်း တခြားနည်းလမ်းတွေကိုသုံးမယ်ဆို ဆယ်ဆပိုခက်သွားလိမ့်မယ်။ ဒီ့အတွက် ငွေ၊ အင်အားလည်း ဆယ်ဆမက ပိုရင်းရမှာ။ ရှင်းပြီးရင်လည်း ဒီကိစ္စအတွက် လုံးလုံးစိတ်အေးရမှာ မဟုတ်ဘူး။ ကျွန်တော်သာ အမှန်အတိုင်း ပြောလိုက်ရင် ကျီဇယ့်ဟွေ့တော့ မကောင်းသတင်းတွေနဲ့ ဟိုလေးတကြော်ကြော်ဖြစ်သွားမှာပဲ။ ပြိုပျက်သွားသော ပိုးအိမ်လည်း ရောင်းအားတန့်သွားပြီး ကျီဇယ့်ဟွေ့လည်း ဘာဆုမှရမှာမဟုတ်တော့ဘူး။ ပိုဆိုးတာက သတင်းတွေ၊ အနာဂတ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားမှာတွေကို ဖုံးဖိရှင်းလင်းဖို့ ခင်​ဗျားတို့ကို ကူညီဖို့အတွက် ဟွမ်ထျန်းက အထောက်အပံ့တွေအများကြီး သုံးရတော့မယ်။ ”

ဘယ်အနုပညာရှင်မှ နာမည်ဆိုးနှင့် ကျော်ကြားမှာကို မလိုချင်ကြပေ။ ကျီဇယ့်ဟွေ့သည် ဆုရဖို့အတွက် ပြိုပျက်သွားသော ပိုးအိမ်ကို အမှီသဟဲပြုဖို့ လိုအပ်သည်။ ၎င်းက သူတို့အကျိုးစီးပွားနှင့် ဆက်စပ်နေသဖြင့် ကျီဇယ့်ဟွေ့နှင့် ရှောင်ကျင်းမှာ စိတ်ကိုလျော့ထားလိုက်ရသည်။ 

ကျီဇယ့်ဟွေ့ သေချာ အတည်ပြုမေးလာသည်။. “ လောင်ရှို့ယူကို မင်းဖိတ်လိုက်တာ တကယ်လား။ ”

ကျယ်ယန် ခေါင်းညိတ်သည်။

ရှောင်ကျင်းက သူ့ဆီမှ စကားညှစ်ဖို့ လုပ်လာ၏။  “ မင်းမှာ ဘာကျောထောက်နောက်ခံ ရှိတာလဲ။”

“  ဒီမလောက်လေးမလောက်စားလောက်နဲ့ လူတွေကို ဖိနှိပ်ဖို့ ကျွန်တော့် နောက်ခံကို မသုံးခဲ့ဖူးဘူး။ ” ကျယ်ယန် သူတို့ကို စူးစူးရဲရဲ ကြည့်လိုက်၏။   “ လုပ်ငန်းကိစ္စ ပြောလို့ရပြီလား။ ”

ရှောင်ကျင်းက နှစ်ယောက်တည်းစကားပြောရန် ကျီဇယ့်ဟွေ့ကို အပြင်ခေါ်ထုတ်သွား၏။ သူတို့ပြန်လာတော့ ကျီဇယ့်ဟွေ့က အများကြီး ပိုတည်ငြိမ်သွားချေပြီ။ သူက မေးလာ၏။   “ လုပ်ငန်းအကြောင်းက ဘယ်လို ပြောကြမလဲ။ ”

ကျယ်ယန် ပြန်ဖြေလာသည်။  “ ရှင်းပါတယ်။ ကျွန်တော်က ခင်းဗျားရဲ့ ရှက်ဖွယ်လိလိ မြင်ကွင်းတွေအားလုံးကို ​ဖြတ်ထုတ်ပစ်ဖို့ တေးဂီတဧကရာဇ်က ဘယ်သူလဲ အဖွဲ့သားတွေကို မထိန်းချုပ်နိုင်သလို လုပ်လည်းမလုပ်ချင်ဘူး —”

သည်စကားကိုကြားတော့ ကျီဇယ်ဟွေ့သည် နောက်ထပ်တစ်ကြိမ် ပေါက်ကွဲတော့မတတ်ဖြစ်သွား၏။

“— ဒါပေမဲ့ နောက်ပိုင်း ခင်ဗျားအတွက် ကြည့်ကြပ်ပြောပေးနိုင်တယ်။ ခင်ဗျားအတွက် ရိုးရှင်းတဲ့ ဇာတ်ကွက်တစ်ခုကို ဖန်တီးပေးလို့ရတယ်။ ခင်ဗျားရဲ့ လုပ်ရပ်တွေက အရမ်းစိတ်တိုစရာကောင်းပေမဲ့ ခင်ဗျားကတော့ စိတ်ကောင်းရှိပြီး လူသစ်လေးတွေကို ဂရုစိုက်ပေးတယ်ပေါ့ဗျာ။ ဒီနည်းအတိုင်းဆိုရင် ဒီရှိုးက ခင်ဗျားကို ပုလ္လင်ပေါ်က ဆွဲချမယ့် မကောင်းသတင်းတွေအစား အဟန့်အတားလေးတစ်ခုသာသာပဲ ဖြစ်သွားလိမ့်မယ်။ ”

ကျီဇယ်ဟွေ့ နည်းနည်း တည်ငြိမ်လာ၏။

“ ခင်ဗျားသာ ကောင်းကောင်းလုပ်မယ်ဆိုရင် ဒီဂယက်ကနေ ပြိုပျက်သွားသော ပိုးအိမ်ခွေအချပ်ရေတွေအများကြီး ပိုရောင်းရတဲ့အထိ အကျိုးရှိလိမ့််မယ်။ ” 

ကျယ်ယန်က သူ့အတွက်သူ ရေတစ်ခွက်ငှဲ့လိုက်၏။ သူ့လက်ထဲမှာတင် လှည့်ရုံသာလှည့်၍  သောက်တော့မသောက်သေးပေ။

" စီနီယာကျီ ခင်ဗျား ကျွန်တော့်ကို တမင်တကာ ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ခင်ဗျား ဗီလိန်ဖြစ်အောင် အတင်းတွန်းပို့ခံလိုက်ရတာ။ ခင်ဗျားနဲ့ ကျွန်တော့်ကြားမှာ တိုက်ရိုက်ပဋိပက္ခရယ်လိုမှ မရှိဘဲ။ IUD က ဒီဂျစ်တယ်ဗားရှင်းခွေလေးတစ်ခွေပဲ ရောင်းရုံတင်ပါ။ အဖွဲ့ကလည်း ပျက်သွားပြီ။ ခင်ဗျားအနေနဲ့ အရှုံးခံပြီး ကျွန်တော့်ကို ပြိုင်ဖို့ ဘယ်တန်ပါ့မလဲဗျာ။ ”

ကျီဇယ့်ဟွေ့ မျက်မှောင်ကြုတ်ကာ အတွေးထဲမျောသွားရ၏။

ကျယ်ယန် သေချာမြင်လိုက်ရသည်။ သည်တစ်ခေါက် ကျီဇယ့်ဟွေ့ ကျယ်ယန်ကို လိုက်နှောင့်ယှက်နေတာက သူ့အယ်လ်ဘမ်ရောင်းအားနှင့် မော့ပင်းကို မှိုင်းမိသွားတာကြောင့် ဖြစ်၏။ မော့ပင်းစကားများကို နားယောင်ပြီး အရှက်မရှိ​သော တက်သစ်စ လူသစ်လေးတစ်ယောက်ကို မြန်မြန်ရှင်းထုတ်ပစ်တာ ကောင်းသည်ဟု သူ​​တွေးခဲ့မိသည်။ ဘာပဲဖြစ်ဖြစ်လေ ကုမ္ပဏီကလည်း အခုတလော ကျယ်ယန်ကြောင့် မပျော်မရွှင်ဖြစ်နေကြရာ လူသစ်လေးတစ်ယောက်ကို အနိုင်ကျင့်ခြင်းက မကောင်းတာမဟုတ်မှန်းတော့ အသေချာပင်။

သူတို့ ယုံကြည်ချက်လွန်ကဲပြီး မဖြစ်သင့်သော အမှားတစ်ခုကို ကျူးလွန်ခဲ့ကြ၏။  “ ဒါဆို ဇယ့်ဟွေ့ကို မင်း ဘယ်လိုကူညီပေးမှာလဲ။ ”

“ လွယ်ပါတယ်။ ”  ကျယ်ယန် သူ့ခွက်ကို ချလိုက်၏။   “ ဟွမ်ထျန်းက မော့ပင်းကို ပိတ်ပင်စေချင်တယ်။ လုပ်မပေးနိုင်ဘူးလို့တော့ ကျွန်တော့်ကို မပြောနဲ့နော်။ မော့ပင်းက ဟွမ်ထျန်းမှာ ဘာမှမဟုတ်သေးဘူး။ ကျွန်တော်ကလည်း တခြား ဘာမှ မလိုချင်ဘူး။ ဟွမ်ထျန်းက ယန်ရှင်းကို ဆက်ပြီး ပစ်မှတ်ထားချင်ရင်လည်း ထားလို့ရတယ်။ မော့ပင်းကို ဖျော်​​ဖြေရေး အသိုင်းအဝိုင်းထဲ ထက်မဝင်ဖို့ပဲ ကျွန်တော်လိုချင်တာ။ ”

ရှောင်ကျင်း ကြက်သေသေသွား၏။ ကျယ်ယန်လိုချင်တာ ဒီအချက်ဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။ ကျယ်ယန်၏ တည်ငြိမ်အေးဆေးလွန်းလှသော မျက်ဝန်းများကို မြင်ပြီးနောက် သူအသိတရားရသွား၏။ ကျီဇယ့်ဟွေ့ကို သည်လိုမကောင်းသတင်းတွေ တစ်ပုံတစ်ပင်ကြီး ရလာအောင် အသည်းအသန် ဖိအားပေးခဲ့တာက ကျယ်ယန်အတွက်တော့ မော့ပင်းကို ရှင်းထုတ်ပစ်ချင်ရုံ သက်သက်တဲ့လား။ 

ဒါက အစကတည်းက ကျယ်ယန်ရဲ့ အစီအစဥ်သာဆိုလျှင် …  ရုတ်တရက် သူ ကြောက်သလို ခံစားလာရပြီ။ ဒီလူသစ်လေးက တကယ့်ကို ကြောက်စရာကောင်းတာပဲ။

***

ကျယ်ယန် ယန်ရှင်းကို ချောချောမွေ့မွေ့ ပြန်​ရောက်လာခဲ့၏။

ဟူပျောင်းက သူ့ဆီ ချက်ချင်း ပြေးလာပြီး ကပျာကယာ မေးလာသည်။
“ ရိုက်ကူးရေး ဘယ်လိုလဲ။ မင်း အနိုင်ကျင့်ခံရသေးလား။ မင်းကို မသွားသင့်ဘူးလို့ ငါပြောသားပဲ။ ကျီဇယ့်ဟွေ့ဘက်က  —”

“ ဟိုး ”  ကျယ်ယန်က စတိုင်လစ် ပုံသွင်းပေးထားသော သူ့ဆံပင်များကို ဖွလိုက်သည်။   “ ကျွန်တော် ခေါင်းအရင်လျှော်လို့ရမလား။ ယားနေပြီ။ ”

ကျယ်ယန်ကြောင့် ဟူပျောင်းမှာ ဒေါကန်ပြီး သေတော့မည်။ ခေါင်းလျော်မယ်။ ဒီအချိန်ကြီးကို ဘာခေါင်းလျော်မှာလဲ !  ဒါပေမဲ့ အလုပ်သမားတွေမှာ လူ့အခွင့်အရေးဆိုတာ မရှိဘူး။ သူဌေးကျယ်ယန်က ခေါင်းအရင် သွားလျော်ပြီ။

ကျယ်ယန် ဆံပင်သုတ်ရင်း ပြန်ထွက်လာတော့ ဆိုဖာပေါ်မှာ ဝမ်းချုပ်နေသော မျက်နှာနှင့်် ထိုင်နေသည့် ဟူပျောင်းကို တွေ့လိုက်ရသည်။ ဟူပျောင်း အသက်ရှူကြပ်မှာစိုးတာ​ကြောင့် ကျယ်ယန့်မှာ ဒီနေ့ ရိုက်ကူးရေးအကြောင်းကို ရှောရှောရှူရှူပြောပြလိုက်တော့သည်။ ထို့နောက် ရိုက်ကူးရေးအပြီး ကျီဇယ့်ဟွေ့နှင့် အပေးအယူအကြောင်းကိုပါ ပြောပြခဲ့၏။

ဟူပျောင်း မှင်တက်သွားရ၏။  “ မင်းဆိုလိုတာ မော့ပင်းက အဘန်း(ban) ခံရတော့မှာလား။ ”

“ ဟုတ်တယ် ဒီနေ့ကစပြီး ဖျော်​ဖြေရေး အသိုင်းအဝိုင်းမှာ သူ့အကြောင်း ဘာသတင်းမှ တွေ့ရတော့မှာ မဟုတ်ဘူး။ ထုံကျန်းနဲ့ ခယ့်လန်ကို နေ့တိုင်း စိတ်ပူနေဖို့ မလိုတော့တဲ့အကြောင်း အစ်ကို ပြော​ပြလိုက်တော့။ ကျွန်တော့်အတွက် သက်တောင့်သက်သာနဲ့ ငွေရှာပေးလို့ ရပြီလို့။ ဒါနဲ့ အရင်တစ်ခေါက်က  ကျွန်တော်စီစဥ်ခိုင်းထားတဲ့ fan gift တွေ ရပြီလား။ ”

ဟူပျောင်းက အိပ်မွေ့ချခံရသူလို မှင်တက်မိန့်မောနေရင်းမှ ဂိုဒေါင်ခန်းထဲကို လက်ညှိုးထိုးပြ၏။  “ ပြီးလို့ ဂိုဒေါင်ထဲတောင် သွင်းပြီးသွားပြီ။ ”

ကျယ်ယန်သည် မျက်နှာသုတ်ပဝါကိုဖယ်ကာ ဂိုဒေါင်ခန်းထဲသို့ တည့်တည့်လျှောက်သွား၏။

ဂိုဒေါင်ကျယ်ကြီးထဲတွင် သေတ္တာကြီးကြီး သေးသေးများဖြင့် ပြည့်နှက်လျက်ရှိသည်။ ကီးချိန်းများ၊ ယပ်တောင်လေးများ၊ ခေါင်းအုံးများနှင့် စောင်များထဲမှ သူလိုချင်တာကို ရှာတွေ့ဖို့ ၁၀ မိနစ်လောက် လှန်လှောရှာလိုက်ရသည်။

IUD အဖွဲ့လိုက်ဖျော်ဖြေပွဲတုန်းက ပုံစံတွေနှင့်ဆင်တူသော ကားတွန်းရုပ်များနှင့် Chibi ပုံ ချစ်စရာအရုပ်လေးများလည်း ရှိသည်။ အရေအတွက်က အကန့်အသတ်ဖြင့်ဖြစ်ကာ အယ်လ်ဘမ်ဝယ်သော ကျပန်းပရိသတ်များအတွက် အထူးစပယ်ရှယ် လက်ဆောင်များအဖြစ် အစောပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားတာဖြစ်သည်။

ကျယ်ယန် နှစ်စုံထုတ်ကာ ရုံခန်းသို့ ယူလာခဲ့၏။ ထို့နောက် သူ့ပုံအရုပ်များကိုထုတ်ကာ အိတ်ထဲထည့်ခဲ့၏။ ထည့်ပြီးတာနှင့် ဂိုဒေါင်ထဲသို့ပြန်သွားကာ သူ့ကာတွန်းပုံလေးတွေနှင့် ပစ္စည်းသေးသေးမွှားမွှားလေးများကို အိတ်ထဲအပြည့်ကောက်ထည့်ပြန်သည်။ နောက်ဆုံးမှာတော့ အောက်ထပ်သို့ဆင်းလာပြီး ချိုးရှင်းကို သွားမကြိုခင် သူ့ကို ရုန်တင်းသို့ပို့ပေးရန် ဝူရွှေ့ကို ပြောလိုက်၏။

*****

ချိုးရှင်းက ဖုန်းကို အမြန်ဆွဲကောက်ကိုင်ပြီး မေးလာသည်။  “ ဘာဖြစ်လို့လဲ။ ”

“  ခင်ဗျား အလုပ်များနေလား။ ကျွန်တော် ရုန်တင်းအောက်မှာ ရောက်နေပြီ။ ခင်ဗျားနဲ့ အိမ်အတူတူပြန်ချင်လို့။ ”

ချိုးရှင်း စက္ကန့်ပိုင်းလောက် အသံတိတ်သွားပြီးမှ သူ့အသံကို ကြားလိုက်ရသည်။    “ ခဏစောင့် ”

၁၀ မိနစ်အကြာတွင် ချိုးရှင်းကားက ကားပါကင်သို့ မောင်းနှင်လာပြီး ကျယ်ယန့်ဘေးတွင် ထိုးရပ်သွား၏။ ကျယ်ယန်လည်း အိတ်ဆွဲကာ သူ့ကားမှထွက်ပြီး ချိုးရှင်းကားထဲသို့ ကူးလာခဲ့၏။ 

“ ဒါ ခင်ဗျားအတွက် ” ကျယ်ယန်သည် အိတ်ကို ချိုးရှင်းပေါင်​​ပေါ် တင်ပေးလိုက်၏။

ချိုးရှင်းက ကျယ်ယန့်ကို တစ်ချက်မျှငဲ့ကြည့်ကာ ဘာမှပြန်မပြောပေ။ အိတ်ကိုသာယူပြီး ကျယ်ယန့်၏ chibi ဗားရှင်းအရုပ်လေးကို ဆွဲထုတ်လိုက်သည်။

အရုပ်က သူ့လက်ဝါးထက် နည်းနည်းလေးသာ ပိုကြီးပြီး ခေါင်းကြီး ကိုယ်သေးလေးနှင့်။ အရုပ်လေးက အနက်ရောင်ဝတ်စုံကိုဝတ်ကာ အဝတ်စဖြင့်လုပ်ထားသော မိုက်သေးသေးကို ကိုင်ထား၏။ အရမ်းအရမ်းကို ချစ်စရာကောင်းလှသည်။

ကျယ်ယန်က ရှင်းပြပေး၏။  “ ဒါတွေက ကျွန်တော့်ပုံအတိုင်း ကုမ္ပဏီက ထုတ်ထားတဲ့ အရုပ်တွေလေ။ အများကြီးမရှိဘူးရယ်။ ကျွန်တော် ခင်ဗျားအတွက်ဆိုပြီး တစ်ရုပ်ယူလာတာ။ လှလား။ ”

ချိုးရှင်းက ပြန်ဖြေမလာသေးပေ။ သူ့မျက်ခုံးများပင့်သွားကာ အရုပ်၏ ဗိုက်လေးကို ဖိကြည့်လိုက်၊ အရုပ်မျက်နှာလေးကို နှိပ်ကြည့်လိုက်၊ မိုက်လေးကို ဆွဲကြည့်လိုက် လုပ်နေသည်။ ထို့နောက် အရုပ်၏ ဘောင်းဘီတိုလေးကို စိတ်အားထက်သန်စွာဖြင့် ဆွဲချလိုက်သည်။

ဘောင်းဘီတွေက တန်းကျွတ်သွားပြီး ခြေထောက်လုံးလုံးတုတ်တုတ်လေးနှစ်ချောင်း ပေါ်လာသည်။

“……”

ချိုးရှင်း အရုပ်၏ဘောင်းဘီကို က​ရောသောပါး ဆွဲတင်လိုက်ရ၏။ သူက မယုံကြည်နိုင်ဟန်ဖြင့် အော်ပြောလာသည်။  “ အင်္ကျီတွေက ဘယ်လိုလုပ် ချွတ်လို့ရနေတာလဲ။ မင်းက ဒီလိုအရုပ်မျိုးကို ဖန်တွေဆီ ရောင်းချင်တာလား။ ဒီအရုပ်ကို ဘယ်သူ ဒီဇိုင်းဆွဲတာလဲ။ ”

“ မရောင်းပါဘူး မဲဖောက်ပေးမှာပါ။ အဝတ်အစားတွေချွတ်လို့ရတာကလည်း အင်္ကျီလဲပေးဖို့လေ။ အရုပ်တွေမှာ ချွတ်လို့မရတဲ့ အတွင်းခံလေးတွေလည်း ဝတ်ပေးထားပါတယ်။  ”   ကျယ်ယန် ရှင်းပြလိုက်သည်။ အိတ်ထဲက နောက်ထပ် အင်္ကျီအပိုတစ်စုံပါ ဆွဲထုတ်​ပြလိုက်၏။    “ ကြည့် ဒါက နောက်ထပ်လဲလို့ရတဲ့ အင်္ကျီတစ်စုံ။  ”

ချိုးရှင်း ကျယ်ယန့်လက်ထဲက အိတ်ကို ကြည့်လိုက်သည်။

အိတ်က အကြည်ဖြစ်ကာ အပြင်ဘက်ကနေတောင် တီရှပ်အဖြူသေးသေးလေး၊ ဂျင်းဘောင်းဘီတို၊ ဖိနပ်ဖြူလေးနှင့် ဂီတာအသေးစားလေးကို မြင်နိုင်သည်။ ကျယ်ယန် ဂီတာကိုင်ပြီး စင်ပေါ်မှာသီချင်းဆိုခဲ့တာကို ချိုးရှင်း အမှတ်ရသွား၏။ နောက်ဆုံးမှာတော့ မုန်တိုင်းတိုက်နေသော သူ့မျက်နှာအသွင်အပြင်က ကြည်လင်သွား၏။ ထို့နောက် အတည်ပြုရန် အရုပ်ဘောင်းဘီကို ဆွဲချွတ်လိုက်၏။ အတွင်းခံဘောင်းဘီလေးရှိနေတာကိုမြင်မှ သူ့အမူအရာ ပုံမှန်ပြန်ဖြစ်သွားသည်။ 

ကျယ်ယန်က အချိန်ကိုက် ဝင်ပြောလိုက်သည်။   “ ကျွန်တော့်ကို အင်္ကျီတွေပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါလေးတွေက လက်ဆောင်ပြန်ပေးတာပါ။ ”

“… မင်းမှာ အသိတရားတော့ ရှိသေးတာပဲ။ ” ချိုးရှင်းသည် အရုပ်လက်မောင်းကိုဆွဲကာ အိတ်ထဲထိုးထည့်၏။ ထို့နောက် ကျယ်ယန်ကိုင်ထားသည့် အင်္ကျီထုတ်ကိုဆွဲယူကာ လက်ဆောင်အိတ်ဘေးတွင် ချထားလိုက်သည်။

ကျယ်ယန် မေးကြည့်လိုက်၏။ “ ခင်ဗျား တစ်ချက်လောက် မကြည့်ကြည့်တော့ဘူးလား။ အိတ်ထဲမှာ တခြားဟာတွေရှိသေးတယ်။ ”

ချိုးရှင်းက ထိုင်ခုံကိုမီကာ မျ​က်လုံးမှိတ်လိုက်သည်။   “ ငါ ပင်ပန်းနေပြီ။ ”

ဒါက ချိုးရှင်းအဖို့ သူပင်ပန်းနေတာကို ကျယ်ယန့်ဆီ ပထမဆုံးအကြိမ် ဝန်ခံတာဖြစ်သည်။

ကျယ်ယန်သည် ဖုံးကွယ်ထားလို့မရသည့် ချိုးရှင်း၏ ပင်ပန်းနွမ်းနယ်မှုကို​မြင်တော့ ချိုးရှင်းတစ်ယောက် မနေ့ညက ခေါင်းကိုက်ဝေဒနာကြောင့် ကောင်းကောင်းအိပ်မရသေးလို့ဖြစ်မည်ဟု မှန်းဆလိုက်သည်။ ကျယ်ယန် ငြိမ်ငြိမ်လေးပဲ ထိုင်ကာ စကားပြောတိတ်သွားသည်။

ခဏကြာတော့ ချိုးရှင်းက ရုတ်တရက် စကားစလာ၏။ “ ချင်းလင်က ငါ့ကို ထပ်ပြီးဆက်သွယ်လာတယ်။ ”

ကျယ်ယန်  Weibo သုံးတာ ရပ်လိုက်၏။  “ ကျွန်တော့်ကိုကျ မဆက်သွယ်ဘူး။ ”

တစ်နည်းဆိုရသော် ဖုန်ချင်းလင်သည် ထိုနေ့က ကျယ်ယန့်ပြောစကားကို နားမထောင်ခဲ့ပေ။

ချိုးရှင်းက မျက်နှာသေဖြင့် မျက်လုံးဖွင့်ကြည့်လာ၏။   “ ဖုန်မိသားစုကို ရှင်းလင်းနိုင်ဖို့ ငါ့ကို သွေးဆွပေးချင်နေမှန်း ငါ သိပါတယ်။ သူက အကျိုးအတွက် ငါးစာချရာမှာ တော်တယ်။ အရင်ကတော့ သူကြံသမျှ အကောင်အထည်ပေါ်လာရင် သူ့လုပ်ရပ်တွေက ကောင်းတယ်လို့ ထင်ခဲ့တာ။ အခု မင်းနဲ့တွေ့ပြီးနောက်တော့ ငါမှားခဲ့မှန်း သိသွားပြီ။ ”

“ အနာဂတ်အတွက် ကြို​​ပြင်ဆင်ထားဖို့ ကြိုးစားခဲ့ဖူးတယ်။ အဲ့ဒီပြင်ဆင်ချက်တွေထဲမှာ ငါ့ရဲ့ ကနဦးအစီအစဥ်အရ ချင်းလင်ကို ငါက အမြင့်နေရာရောက်အောင် ထောက်ပံ့ပေးပြီး ဖုန်မိသားစုနဲ့ ချိုးမိသားစုကို သူ့လက်ထဲ ထည့်ပေးမလို့ပဲ။ သူ့နှလုံးသားက သံလိုမာကျောပြီး သူ့ဆွေမျိုးသားချင်းတွေအပေါ် အပြုအမူတွေက သူ့အကျိုးစီးပွားအတွက် တွက်ချက်ထားတာတွေချည်းပဲ။ သူ နှစ်ပေါင်းများစွာ လွယ်လွယ်ကူကူနဲ့ လှုပ်ရှားခဲ့တာဆိုတာ  … မင်းနဲ့ လုပ်ငန်းကိစ္စ တွေ့ကြတဲ့အချိန်ထိပဲ။”

ကျယ်ယန်သည် မူရင်းစာအုပ်၏ ဇာတ်သိမ်းပိုင်းကို အမှတ်ရသွား၏။ ဇာတ်လိုက်က ဖုန်မိသားနှင့် ချိုးမိသားစုကို အောင်မြင်စွာ ဆက်ခံနိုင်ခဲ့ပြီး စီးပွားရေးလောကတွင် အမြင့်ဆုံးနေရာသို့ ရောက်ရှိခဲ့၏။ ကျယ်ယန် မေးလိုက်သည်။ “ ကျွန်တော်နဲ့တွေ့ပြီးနောက်ရော ?”

“ အဲ့ဒီနောက်တော့ သူ မင်းကို ရှုံသွားတာပေါ့။ သူ့မှာ အနိုင်ရဖို့ အခွင့်အရေးတောင်မရှိဘဲ ရှုံးနိမ့်သွားမှာ။ သူက သူချစ်ရတဲ့လူတွေဆီက အမြတ်ထုတ်ဖို့ပဲ တတ်ပြီး တကယ့်စီးပွားရေးလောကမှာ လူသစ်လေးပဲလေ။   ”  ချိုးရှင်း သူ့လက်များကို ဗိုက်ပေါ်တင်ကာ သူ့မျက်လုံးများမှာ အရောင်မှိန်မှိန်လေး ဖြတ်ပြေးသွား၏။  “ ကျယ်ယန် မင်း မှန်တယ်။ ငါ သူ့ကို အရမ်းအလိုလိုက်ခဲ့မိတာကိုး။ ”

“ ဒါဆို ခင်ဗျား ဘာလုပ်မှာလဲ။ ”

ချိုးရှင်းက စကားပြောတာကိုဖြတ်လိုက်ပြီး သူ့မျက်လုံးများကို ပြန်မှိတ်သွား၏။ ခဏကြာတော့ သူ့လက်ကိုမြှောက်ကာ ဘေးကအိတ်လေးပေါ် အသာတင်ထားလိုက်တော့သည်။ 

***

ထိုနေ့ည ၉ နာရီ၌၊ တေးဂီတဧကရာဇ်က ဘယ်သူလဲအပိုင်းသစ်၏  preview ဗွီဒီယိုကို ထုတ်လွှင့်၏။

ဗီဒီယို၏ ခေါင်းစဥ်က ‘​ နွေဆောင်းဦးညီဓား  ’ဖြစ်ကာ ကာဗာပုံက လေ့ကျင့်ခန်းထဲတွင် မတ်တပ်ရပ်နေသော ကျယ်ယန့်ပုံဖြစ်သည်။ ‘အညွှန်း’ ဆောင်းပါးကို ဖတ်ပြီးသော လူအားလုံးမှာ စိတ်လှုပ်ရှားသွားကြပြီး ဗီဒီယိုကို နှိပ်ကြည့်ကြသည်။

ဗွီဒီယိုက မရှည်ပေ။ တစ်မိနစ်ကိုမှ နည်းနည်းသာ ကျော်၏။  ဗီဒီယိုက ကျီဇယ့်ဟွေ့ ကျယ်ယန့်ကို မေးခွန်းထုတ်ရာမှ စထား၏။

[ သီချင်းပြန်ပြင်တာရော ဘယ်လို​ဖြစ်သွား​ပြီလဲ။ ]

ကျယ်ယန်က သူ့ဖုန်းကိုကြည့်ရင်း ပြန်ဖြေပေးလာသည် : [ ပြီးခါနီးနေပြီ။ ကျွန်တော် မူရင်းအသံကို အခြေခံပြီး အတွဲဗားရှင်းလုပ်ထားတယ်။ မူရင်းသီချင်းမှာ ကျွန်တော့်အသံပေါင်းဆိုထားတာ။ ရလာဒ်ကို နားထောင်ကြည့်ချင်လား။ ]

ကျီဇယ့်ဟွေ့က သဘောတူ၏။ ထို့နောက် ကျယ်ယန်က လေ့ကျင့်ရေးအခန်းထဲက ဂီတကိရိယာနှင့် သူ့ဖုန်းကို ချိတ်လိုက်သည်။

နွေဆောင်းဦးညီဓားကို စတင်တီးခတ်လာ၏။ ကျယ်ယန်က ပထမသံပြိုင်အပိုဒ်ပြီးသွားသည်အထိ မလှုပ်သေး။ အဲ့သည်နားကနေ ကျီဇယ့်ဟွေ့ အလေးအနက်ကြည့်နေသည့်အပိုင်းသို့ ဗွီဒီယိုကို ဖြတ်တောက်လိုက်သည်။

သံပြိုင် chorus စသည်နှင့် ဂီတတီးခတ်မှုအတွဲအဖက်များ ပြောင်းလဲသွားကာ အဆုံးမှာတော့ ကျယ်ယန်ပါးစပ်ပြင်လာ၏။ ဤတွင် ကျယ်ယန့်မျက်နှာနှင့် သူ့၏ အလေးအနက်ထားသော အမူအရာကို zoom ချဲ့လိုက်သည်။

ထို့နောက် preview ဗွီဒီယိုလည်း အဆုံးသတ်သွားသည်။

အားလုံး , “……”    ကျိန်ဆဲနေသောပုံ.jpg

[  Hello … Sweetheart  … 💕 Today is my Birthday. These Chapters are bd present for u. See u late. I will come back soon …  😅💕  ]

အိုင့် သားသားလေးနှစ်ယောက်

━━━━━━━━━━━━━━━━━━━━━━━







Zawgyi
အခန္း ( ၃၉ )

က်ီဇယ္ေဟြ႕သည္ က်ယ္ယန္ကို သူတို႔နယ္ပယ္က လူေတြဖြင့္ေသာ ေကာ္ဖီဆိုင္သို႔ ေခၚသြား၏။ ဆိုင္တည္ေနရာက လမ္းႏွင့္ နည္းနည္း အလွမ္းေဝးကာ မ်က္ႏွာစာမွာလည္း က်ဥ္းက်ဥ္းေလးပင္။ အျပင္ကၾကည့္လွ်င္ အထင္ႀကီးစရာ တစ္ကြက္မွ မရွိေသာ္ျငားလည္း အထဲဝင္သြားလွ်င္ေတာ့ လုံးဝကို ကြဲျပားျခားနားသြားသည္။

က်ီဇယ္ေဟြ႕ အထဲဝင္သြားတာႏွင့္ မေနနိုင္ မထိုင္နိုင္ ဆိုလာသည္။
“ ငါသာမပါရင္ မင္းလိုလူသစ္တစ္ေယာက္က ဘယ္ေတာ့မွ ဆိုင္ထဲဝင္နိုင္မွာမဟုတ္ဘူး။ ”

က်ယ္ယန္ ျပန္ေျဖသည္။   “ ဆရာက်ီ ကြၽန္ေတာ့္ကို ဒီလိုမထိမဲ့ျမင္ဆက္လုပ္ေနမယ္ဆိုရင္ မၾကာခင္ ဒီအသိုင္းအဝိုင္းမွာ ဆရာ့ရဲ႕အဆင့္အတန္းဆုံးရႈံးၿပီး ဒီေနရာကို ထပ္ဝင္ခြင့္မရေတာ့ဘူးလို႔ ယုံထားလိုက္။ ”

က်ီဇယ့္ေဟြ႕ ေခ်ာင္းဟန့္ကာ စကားရပ္၏။ ထိုအစား ေရွာင္က်င္းက က်ယ္ယန္ကို ႀကိမ္ဖန္တလဲလဲ လွမ္းၾကည့္လာသည္။

က်ီဇယ္ေဟြ႕သည့္ က်ယ္ယန့္ကို သုံးေနက် အခန္းထဲသို႔ ေခၚလာ၏။ သူက စားပြဲထိုးကို ေကာ္ဖီႏွင့္ အခ်ိဳပြဲအေျမာက္အမ်ားကို သာမန္ကာလွ်ံကာမွာ၍ အဓိကအခ်က္ကို ျဖတ္​ေျပာလိုက္၏။
“ မင္း ဘာလိုခ်င္တာလဲ။ ”

“ အလွ်င္မလိုပါဘူးဗ်ာ။ လုပ္ငန္းကိစၥမေျပာခင္ လက္ရွိအေျခအေနကို ရွင္းၾကတာေပါ့။ ”   က်ယ္ယန္သည္ မတ္မတ္ထိုင္ကာ စားပြဲခုံကို လက္ညွိုးထိုး၏။    “ စုံတြဲသီခ်င္းရဲ႕ သဲလြန္စေတြအားလုံးကို ခင္ဗ်ားတို႔ မဖ်က္နိုင္ဘူး။ " ေတးဂီတဧကရာဇ္က ဘယ္သူလဲ " အပိုင္းသစ္အတြက္ ထုတ္လုပ္ေရးကိုလည္း စၿပီးေနၿပီ။   က်ီဇယ့္ေဟြ႕အတြက္ edit ေပးလို႔ရတဲ့အပိုင္းေတြမွာလည္း ရည္႐ြယ္ခ်က္ရွိရွိ ေတးသြားကို ေျပာင္းပစ္္တယ္။ သီခ်င္းေျပာင္းတယ္။ ​ေျပာင္းခိုင္းတဲ့ သီခ်င္းကိုလည္း မသုံးျပန္ဘူး။ သီခ်င္းဆိုတာလည္း ဆိုးဆိုး႐ြား႐ြားနဲ႕။ ဧည့္သည္ဒိုင္လူႀကီးေတြ ေဝဖန္တာ ခံရ​ေသးတယ္။ စင္ေပၚမွာ မ်က္ႏွာပ်က္ရတယ္။ ဒါရိုက္တာကို ရိုက္ကူးေရးဖ်က္ဖို႔နဲ႕ ေဖ်ာ္ေျဖေရးကို ျပန္ရိုက္ဖို႔ အတင္းအက်ပ္ ဖိအားေပးျပန္တယ္။ ဒီမေကာင္းသတင္းေတြ ထြက္လာတာနဲ႕အမွ် ၿပိဳပ်က္သြားေသာပိုးအိမ္ရဲ႕ ေရာင္းအားအတြဲကလည္း ခ်က္ခ်င္းရပ္သြားမယ္လို႔ ကြၽန္ေတာ္အတတ္ေျပာရဲတယ္။ စီနီယာက်ီလည္း ေက်ာေထာေနာက္ခံနည္းနည္းေတာ့ ဆုံးရႈံးသြားမွာပဲ။ ”

က်ယ္ယန့္စကားမ်ားက က်ီဇယ့္ေဟြ႕မ်က္ႏွာကို မည္းသထက္မည္း​ေမွာင္လာေစၿပီး သူ႕ကို မတ္တပ္ထရပ္လုနီးပါး ျဖစ္သြားေစ၏။ သူ႕ေအးဂ်င့္ ေရွာင္က်င္းမွာ က်ီဇယ့္ေဟြ႕ကို အတင္းဖိထားရင္း အႀကံေပးလိုက္ရသည္။    “ က်ယ္ယန္ ငါတို႔ မင္းကို ေတာင္းပန္ခယလာမွာ မဟုတ္ဘူးေနာ္။ မင္းဘက္က နည္းနည္းေလာက္ ညွိႏွိုင္းေပးသင့္တာ။ ငါတို႔မွာလည္း ဒီျဖစ္လာမယ့္ကိစၥေတြကို ဖယ္ရွားဖို႔ တျခားနည္းလမ္းေတြ ရွိပါေသးတယ္ကြ။   ”

“ ဒါေပမဲ့ ေလာင္ရွို႔ယူ ရွိေသးတယ္ေလ။ ခင္ဗ်ားလုပ္ေနၾကအတိုင္း တျခားနည္းလမ္းေတြကိုသုံးမယ္ဆို ဆယ္ဆပိုခက္သြားလိမ့္မယ္။ ဒီ့အတြက္ ေငြ၊ အင္အားလည္း ဆယ္ဆမက ပိုရင္းရမွာ။ ရွင္းၿပီးရင္လည္း ဒီကိစၥအတြက္ လုံးလုံးစိတ္ေအးရမွာ မဟုတ္ဘူး။ ကြၽန္ေတာ္သာ အမွန္အတိုင္း ေျပာလိုက္ရင္ က်ီဇယ့္ေဟြ႕ေတာ့ မေကာင္းသတင္းေတြနဲ႕ ဟိုေလးတေၾကာ္ေၾကာ္ျဖစ္သြားမွာပဲ။ ၿပိဳပ်က္သြားေသာ ပိုးအိမ္လည္း ေရာင္းအားတန့္သြားၿပီး က်ီဇယ့္ေဟြ႕လည္း ဘာဆုမွရမွာမဟုတ္ေတာ့ဘူး။ ပိုဆိုးတာက သတင္းေတြ၊ အနာဂတ္မွာ နာမည္ဆိုးနဲ႕ ေက်ာ္ၾကားမွာေတြကို ဖုံးဖိရွင္းလင္းဖို႔ ခင္​ဗ်ားတို႔ကို ကူညီဖို႔အတြက္ ဟြမ္ထ်န္းက အေထာက္အပံ့ေတြအမ်ားႀကီး သုံးရေတာ့မယ္။ ”

ဘယ္အႏုပညာရွင္မွ နာမည္ဆိုးႏွင့္ ေက်ာ္ၾကားမွာကို မလိုခ်င္ၾကေပ။ က်ီဇယ့္ေဟြ႕သည္ ဆုရဖို႔အတြက္ ၿပိဳပ်က္သြားေသာ ပိုးအိမ္ကို အမွီသဟဲျပဳဖို႔ လိုအပ္သည္။ ၎က သူတို႔အက်ိဳးစီးပြားႏွင့္ ဆက္စပ္ေနသျဖင့္ က်ီဇယ့္ေဟြ႕ႏွင့္ ေရွာင္က်င္းမွာ စိတ္ကိုေလ်ာ့ထားလိုက္ရသည္။ 

က်ီဇယ့္ေဟြ႕ ေသခ်ာ အတည္ျပဳေမးလာသည္။. “ ေလာင္ရွို႔ယူကို မင္းဖိတ္လိုက္တာ တကယ္လား။ ”

က်ယ္ယန္ ေခါင္းညိတ္သည္။

ေရွာင္က်င္းက သူ႕ဆီမွ စကားညွစ္ဖို႔ လုပ္လာ၏။  “ မင္းမွာ ဘာေက်ာေထာက္ေနာက္ခံ ရွိတာလဲ။”

“  ဒီမေလာက္ေလးမေလာက္စားေလာက္နဲ႕ လူေတြကို ဖိႏွိပ္ဖို႔ ကြၽန္ေတာ့္ ေနာက္ခံကို မသုံးခဲ့ဖူးဘူး။ ” က်ယ္ယန္ သူတို႔ကို စူးစူးရဲရဲ ၾကည့္လိုက္၏။   “ လုပ္ငန္းကိစၥ ေျပာလို႔ရၿပီလား။ ”

ေရွာင္က်င္းက ႏွစ္ေယာက္တည္းစကားေျပာရန္ က်ီဇယ့္ေဟြ႕ကို အျပင္ေခၚထုတ္သြား၏။ သူတို႔ျပန္လာေတာ့ က်ီဇယ့္ေဟြ႕က အမ်ားႀကီး ပိုတည္ၿငိမ္သြားေခ်ၿပီ။ သူက ေမးလာ၏။   “ လုပ္ငန္းအေၾကာင္းက ဘယ္လို ေျပာၾကမလဲ။ ”

က်ယ္ယန္ ျပန္ေျဖလာသည္။  “ ရွင္းပါတယ္။ ကြၽန္ေတာ္က ခင္းဗ်ားရဲ႕ ရွက္ဖြယ္လိလိ ျမင္ကြင္းေတြအားလုံးကို ​ျဖတ္ထုတ္ပစ္ဖို႔ ေတးဂီတဧကရာဇ္က ဘယ္သူလဲ အဖြဲ႕သားေတြကို မထိန္းခ်ဳပ္နိုင္သလို လုပ္လည္းမလုပ္ခ်င္ဘူး —”

သည္စကားကိုၾကားေတာ့ က်ီဇယ္ေဟြ႕သည္ ေနာက္ထပ္တစ္ႀကိမ္ ေပါက္ကြဲေတာ့မတတ္ျဖစ္သြား၏။

“— ဒါေပမဲ့ ေနာက္ပိုင္း ခင္ဗ်ားအတြက္ ၾကည့္ၾကပ္ေျပာေပးနိုင္တယ္။ ခင္ဗ်ားအတြက္ ရိုးရွင္းတဲ့ ဇာတ္ကြက္တစ္ခုကို ဖန္တီးေပးလို႔ရတယ္။ ခင္ဗ်ားရဲ႕ လုပ္ရပ္ေတြက အရမ္းစိတ္တိုစရာေကာင္းေပမဲ့ ခင္ဗ်ားကေတာ့ စိတ္ေကာင္းရွိၿပီး လူသစ္ေလးေတြကို ဂ႐ုစိုက္ေပးတယ္ေပါ့ဗ်ာ။ ဒီနည္းအတိုင္းဆိုရင္ ဒီရွိုးက ခင္ဗ်ားကို ပုလႅင္ေပၚက ဆြဲခ်မယ့္ မေကာင္းသတင္းေတြအစား အဟန့္အတားေလးတစ္ခုသာသာပဲ ျဖစ္သြားလိမ့္မယ္။ ”

က်ီဇယ္ေဟြ႕ နည္းနည္း တည္ၿငိမ္လာ၏။

“ ခင္ဗ်ားသာ ေကာင္းေကာင္းလုပ္မယ္ဆိုရင္ ဒီဂယက္ကေန ၿပိဳပ်က္သြားေသာ ပိုးအိမ္ေခြအခ်ပ္ေရေတြအမ်ားႀကီး ပိုေရာင္းရတဲ့အထိ အက်ိဳးရွိလိမ့္္မယ္။ ” 

က်ယ္ယန္က သူ႕အတြက္သူ ေရတစ္ခြက္ငွဲ႕လိုက္၏။ သူ႕လက္ထဲမွာတင္ လွည့္႐ုံသာလွည့္၍  ေသာက္ေတာ့မေသာက္ေသးေပ။

" စီနီယာက်ီ ခင္ဗ်ား ကြၽန္ေတာ့္ကို တမင္တကာ ရည္႐ြယ္ၿပီးလုပ္တာမဟုတ္ဘူးလို႔ ယုံၾကည္ပါတယ္။ ခင္ဗ်ား ဗီလိန္ျဖစ္ေအာင္ အတင္းတြန္းပို႔ခံလိုက္ရတာ။ ခင္ဗ်ားနဲ႕ ကြၽန္ေတာ့္ၾကားမွာ တိုက္ရိုက္ပဋိပကၡရယ္လိုမွ မရွိဘဲ။ IUD က ဒီဂ်စ္တယ္ဗားရွင္းေခြေလးတစ္ေခြပဲ ေရာင္း႐ုံတင္ပါ။ အဖြဲ႕ကလည္း ပ်က္သြားၿပီ။ ခင္ဗ်ားအေနနဲ႕ အရႈံးခံၿပီး ကြၽန္ေတာ့္ကို ၿပိဳင္ဖို႔ ဘယ္တန္ပါ့မလဲဗ်ာ။ ”

က်ီဇယ့္ေဟြ႕ မ်က္ေမွာင္ၾကဳတ္ကာ အေတြးထဲေမ်ာသြားရ၏။

က်ယ္ယန္ ေသခ်ာျမင္လိုက္ရသည္။ သည္တစ္ေခါက္ က်ီဇယ့္ေဟြ႕ က်ယ္ယန္ကို လိုက္ေႏွာင့္ယွက္ေနတာက သူ႕အယ္လ္ဘမ္ေရာင္းအားႏွင့္ ေမာ့ပင္းကို မွိုင္းမိသြားတာေၾကာင့္ ျဖစ္၏။ ေမာ့ပင္းစကားမ်ားကို နားေယာင္ၿပီး အရွက္မရွိ​ေသာ တက္သစ္စ လူသစ္ေလးတစ္ေယာက္ကို ျမန္ျမန္ရွင္းထုတ္ပစ္တာ ေကာင္းသည္ဟု သူ​​ေတြးခဲ့မိသည္။ ဘာပဲျဖစ္ျဖစ္ေလ ကုမၸဏီကလည္း အခုတေလာ က်ယ္ယန္ေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနၾကရာ လူသစ္ေလးတစ္ေယာက္ကို အနိုင္က်င့္ျခင္းက မေကာင္းတာမဟုတ္မွန္းေတာ့ အေသခ်ာပင္။

သူတို႔ ယုံၾကည္ခ်က္လြန္ကဲၿပီး မျဖစ္သင့္ေသာ အမွားတစ္ခုကို က်ဴးလြန္ခဲ့ၾက၏။  “ ဒါဆို ဇယ့္ေဟြ႕ကို မင္း ဘယ္လိုကူညီေပးမွာလဲ။ ”

“ လြယ္ပါတယ္။ ”  က်ယ္ယန္ သူ႕ခြက္ကို ခ်လိဳက္၏။   “ ဟြမ္ထ်န္းက ေမာ့ပင္းကို ပိတ္ပင္ေစခ်င္တယ္။ လုပ္မေပးနိုင္ဘူးလို႔ေတာ့ ကြၽန္ေတာ့္ကို မေျပာနဲ႕ေနာ္။ ေမာ့ပင္းက ဟြမ္ထ်န္းမွာ ဘာမွမဟုတ္ေသးဘူး။ ကြၽန္ေတာ္ကလည္း တျခား ဘာမွ မလိုခ်င္ဘူး။ ဟြမ္ထ်န္းက ယန္ရွင္းကို ဆက္ၿပီး ပစ္မွတ္ထားခ်င္ရင္လည္း ထားလို႔ရတယ္။ ေမာ့ပင္းကို ေဖ်ာ္​​ေျဖေရး အသိုင္းအဝိုင္းထဲ ထက္မဝင္ဖို႔ပဲ ကြၽန္ေတာ္လိုခ်င္တာ။ ”

ေရွာင္က်င္း ၾကက္ေသေသသြား၏။ က်ယ္ယန္လိုခ်င္တာ ဒီအခ်က္ျဖစ္မည္ဟု သူ မေမွ်ာ္လင့္ထားေပ။ က်ယ္ယန္၏ တည္ၿငိမ္ေအးေဆးလြန္းလွေသာ မ်က္ဝန္းမ်ားကို ျမင္ၿပီးေနာက္ သူအသိတရားရသြား၏။ က်ီဇယ့္ေဟြ႕ကို သည္လိုမေကာင္းသတင္းေတြ တစ္ပုံတစ္ပင္ႀကီး ရလာေအာင္ အသည္းအသန္ ဖိအားေပးခဲ့တာက က်ယ္ယန္အတြက္ေတာ့ ေမာ့ပင္းကို ရွင္းထုတ္ပစ္ခ်င္႐ုံ သက္သက္တဲ့လား။ 

ဒါက အစကတည္းက က်ယ္ယန္ရဲ႕ အစီအစဥ္သာဆိုလွ်င္ …  ႐ုတ္တရက္ သူ ေၾကာက္သလို ခံစားလာရၿပီ။ ဒီလူသစ္ေလးက တကယ့္ကို ေၾကာက္စရာေကာင္းတာပဲ။

***

က်ယ္ယန္ ယန္ရွင္းကို ေခ်ာေခ်ာေမြ႕ေမြ႕ ျပန္​ေရာက္လာခဲ့၏။

ဟူေပ်ာင္းက သူ႕ဆီ ခ်က္ခ်င္း ေျပးလာၿပီး ကပ်ာကယာ ေမးလာသည္။
“ ရိုက္ကူးေရး ဘယ္လိုလဲ။ မင္း အနိုင္က်င့္ခံရေသးလား။ မင္းကို မသြားသင့္ဘူးလို႔ ငါေျပာသားပဲ။ က်ီဇယ့္ေဟြ႕ဘက္က  —”

“ ဟိုး ”  က်ယ္ယန္က စတိုင္လစ္ ပုံသြင္းေပးထားေသာ သူ႕ဆံပင္မ်ားကို ဖြလိုက္သည္။   “ ကြၽန္ေတာ္ ေခါင္းအရင္ေလွ်ာ္လို႔ရမလား။ ယားေနၿပီ။ ”

က်ယ္ယန္ေၾကာင့္ ဟူေပ်ာင္းမွာ ေဒါကန္ၿပီး ေသေတာ့မည္။ ေခါင္းေလ်ာ္မယ္။ ဒီအခ်ိန္ႀကီးကို ဘာေခါင္းေလ်ာ္မွာလဲ !  ဒါေပမဲ့ အလုပ္သမားေတြမွာ လူ႕အခြင့္အေရးဆိုတာ မရွိဘူး။ သူေဌးက်ယ္ယန္က ေခါင္းအရင္ သြားေလ်ာ္ၿပီ။

က်ယ္ယန္ ဆံပင္သုတ္ရင္း ျပန္ထြက္လာေတာ့ ဆိုဖာေပၚမွာ ဝမ္းခ်ဳပ္ေနေသာ မ်က္ႏွာႏွင့္္ ထိုင္ေနသည့္ ဟူေပ်ာင္းကို ေတြ႕လိုက္ရသည္။ ဟူေပ်ာင္း အသက္ရႉၾကပ္မွာစိုးတာ​ေၾကာင့္ က်ယ္ယန့္မွာ ဒီေန႕ ရိုက္ကူးေရးအေၾကာင္းကို ေရွာေရွာရႉရႉေျပာျပလိုက္ေတာ့သည္။ ထို႔ေနာက္ ရိုက္ကူးေရးအၿပီး က်ီဇယ့္ေဟြ႕ႏွင့္ အေပးအယူအေၾကာင္းကိုပါ ေျပာျပခဲ့၏။

ဟူေပ်ာင္း မွင္တက္သြားရ၏။  “ မင္းဆိုလိုတာ ေမာ့ပင္းက အဘန္း(ban) ခံရေတာ့မွာလား။ ”

“ ဟုတ္တယ္ ဒီေန႕ကစၿပီး ေဖ်ာ္​ေျဖေရး အသိုင္းအဝိုင္းမွာ သူ႕အေၾကာင္း ဘာသတင္းမွ ေတြ႕ရေတာ့မွာ မဟုတ္ဘူး။ ထုံက်န္းနဲ႕ ခယ့္လန္ကို ေန႕တိုင္း စိတ္ပူေနဖို႔ မလိုေတာ့တဲ့အေၾကာင္း အစ္ကို ေျပာ​ျပလိုက္ေတာ့။ ကြၽန္ေတာ့္အတြက္ သက္ေတာင့္သက္သာနဲ႕ ေငြရွာေပးလို႔ ရၿပီလို႔။ ဒါနဲ႕ အရင္တစ္ေခါက္က  ကြၽန္ေတာ္စီစဥ္ခိုင္းထားတဲ့ fan gift ေတြ ရၿပီလား။ ”

ဟူေပ်ာင္းက အိပ္ေမြ႕ခ်ခံရသူလို မွင္တက္မိန့္ေမာေနရင္းမွ ဂိုေဒါင္ခန္းထဲကို လက္ညွိုးထိုးျပ၏။  “ ၿပီးလို႔ ဂိုေဒါင္ထဲေတာင္ သြင္းၿပီးသြားၿပီ။ ”

က်ယ္ယန္သည္ မ်က္ႏွာသုတ္ပဝါကိုဖယ္ကာ ဂိုေဒါင္ခန္းထဲသို႔ တည့္တည့္ေလွ်ာက္သြား၏။

ဂိုေဒါင္က်ယ္ႀကီးထဲတြင္ ေသတၱာႀကီးႀကီး ေသးေသးမ်ားျဖင့္ ျပည့္ႏွက္လ်က္ရွိသည္။ ကီးခ်ိန္းမ်ား၊ ယပ္ေတာင္ေလးမ်ား၊ ေခါင္းအုံးမ်ားႏွင့္ ေစာင္မ်ားထဲမွ သူလိုခ်င္တာကို ရွာေတြ႕ဖို႔ ၁၀ မိနစ္ေလာက္ လွန္ေလွာရွာလိုက္ရသည္။

IUD အဖြဲ႕လိုက္ေဖ်ာ္ေျဖပြဲတုန္းက ပုံစံေတြႏွင့္ဆင္တူေသာ ကားတြန္း႐ုပ္မ်ားႏွင့္ Chibi ပုံ ခ်စ္စရာအ႐ုပ္ေလးမ်ားလည္း ရွိသည္။ အေရအတြက္က အကန့္အသတ္ျဖင့္ျဖစ္ကာ အယ္လ္ဘမ္ဝယ္ေသာ က်ပန္းပရိသတ္မ်ားအတြက္ အထူးစပယ္ရွယ္ လက္ေဆာင္မ်ားအျဖစ္ အေစာပိုင္းကတည္းက ႀကိဳတင္ျပင္ဆင္ထားတာျဖစ္သည္။

က်ယ္ယန္ ႏွစ္စုံထုတ္ကာ ႐ုံခန္းသို႔ ယူလာခဲ့၏။ ထို႔ေနာက္ သူ႕ပုံအ႐ုပ္မ်ားကိုထုတ္ကာ အိတ္ထဲထည့္ခဲ့၏။ ထည့္ၿပီးတာႏွင့္ ဂိုေဒါင္ထဲသို႔ျပန္သြားကာ သူ႕ကာတြန္းပုံေလးေတြႏွင့္ ပစၥည္းေသးေသးမႊားမႊားေလးမ်ားကို အိတ္ထဲအျပည့္ေကာက္ထည့္ျပန္သည္။ ေနာက္ဆုံးမွာေတာ့ ေအာက္ထပ္သို႔ဆင္းလာၿပီး ခ်ိဳးရွင္းကို သြားမႀကိဳခင္ သူ႕ကို ႐ုန္တင္းသို႔ပို႔ေပးရန္ ဝူေ႐ႊ႕ကို ေျပာလိုက္၏။

*****

ခ်ိဳးရွင္းက ဖုန္းကို အျမန္ဆြဲေကာက္ကိုင္ၿပီး ေမးလာသည္။  “ ဘာျဖစ္လို႔လဲ။ ”

“  ခင္ဗ်ား အလုပ္မ်ားေနလား။ ကြၽန္ေတာ္ ႐ုန္တင္းေအာက္မွာ ေရာက္ေနၿပီ။ ခင္ဗ်ားနဲ႕ အိမ္အတူတူျပန္ခ်င္လို႔။ ”

ခ်ိဳးရွင္း စကၠန့္ပိုင္းေလာက္ အသံတိတ္သြားၿပီးမွ သူ႕အသံကို ၾကားလိုက္ရသည္။    “ ခဏေစာင့္ ”

၁၀ မိနစ္အၾကာတြင္ ခ်ိဳးရွင္းကားက ကားပါကင္သို႔ ေမာင္းႏွင္လာၿပီး က်ယ္ယန့္ေဘးတြင္ ထိုးရပ္သြား၏။ က်ယ္ယန္လည္း အိတ္ဆြဲကာ သူ႕ကားမွထြက္ၿပီး ခ်ိဳးရွင္းကားထဲသို႔ ကူးလာခဲ့၏။ 

“ ဒါ ခင္ဗ်ားအတြက္ ” က်ယ္ယန္သည္ အိတ္ကို ခ်ိဳးရွင္းေပါင္​​ေပၚ တင္ေပးလိုက္၏။

ခ်ိဳးရွင္းက က်ယ္ယန့္ကို တစ္ခ်က္မွ်ငဲ့ၾကည့္ကာ ဘာမွျပန္မေျပာေပ။ အိတ္ကိုသာယူၿပီး က်ယ္ယန့္၏ chibi ဗားရွင္းအ႐ုပ္ေလးကို ဆြဲထုတ္လိုက္သည္။

အ႐ုပ္က သူ႕လက္ဝါးထက္ နည္းနည္းေလးသာ ပိုႀကီးၿပီး ေခါင္းႀကီး ကိုယ္ေသးေလးႏွင့္။ အ႐ုပ္ေလးက အနက္ေရာင္ဝတ္စုံကိုဝတ္ကာ အဝတ္စျဖင့္လုပ္ထားေသာ မိုက္ေသးေသးကို ကိုင္ထား၏။ အရမ္းအရမ္းကို ခ်စ္စရာေကာင္းလွသည္။

က်ယ္ယန္က ရွင္းျပေပး၏။  “ ဒါေတြက ကြၽန္ေတာ့္ပုံအတိုင္း ကုမၸဏီက ထုတ္ထားတဲ့ အ႐ုပ္ေတြေလ။ အမ်ားႀကီးမရွိဘူးရယ္။ ကြၽန္ေတာ္ ခင္ဗ်ားအတြက္ဆိုၿပီး တစ္႐ုပ္ယူလာတာ။ လွလား။ ”

ခ်ိဳးရွင္းက ျပန္ေျဖမလာေသးေပ။ သူ႕မ်က္ခုံးမ်ားပင့္သြားကာ အ႐ုပ္၏ ဗိုက္ေလးကို ဖိၾကည့္လိုက္၊ အ႐ုပ္မ်က္ႏွာေလးကို ႏွိပ္ၾကည့္လိုက္၊ မိုက္ေလးကို ဆြဲၾကည့္လိုက္ လုပ္ေနသည္။ ထို႔ေနာက္ အ႐ုပ္၏ ေဘာင္းဘီတိုေလးကို စိတ္အားထက္သန္စြာျဖင့္ ဆြဲခ်လိဳက္သည္။

ေဘာင္းဘီေတြက တန္းကြၽတ္သြားၿပီး ေျခေထာက္လုံးလုံးတုတ္တုတ္ေလးႏွစ္ေခ်ာင္း ေပၚလာသည္။

“……”

ခ်ိဳးရွင္း အ႐ုပ္၏ေဘာင္းဘီကို က​ေရာေသာပါး ဆြဲတင္လိုက္ရ၏။ သူက မယုံၾကည္နိုင္ဟန္ျဖင့္ ေအာ္ေျပာလာသည္။  “ အကၤ်ီေတြက ဘယ္လိုလုပ္ ခြၽတ္လို႔ရေနတာလဲ။ မင္းက ဒီလိုအ႐ုပ္မ်ိဳးကို ဖန္ေတြဆီ ေရာင္းခ်င္တာလား။ ဒီအ႐ုပ္ကို ဘယ္သူ ဒီဇိုင္းဆြဲတာလဲ။ ”

“ မေရာင္းပါဘူး မဲေဖာက္ေပးမွာပါ။ အဝတ္အစားေတြခြၽတ္လို႔ရတာကလည္း အကၤ်ီလဲေပးဖို႔ေလ။ အ႐ုပ္ေတြမွာ ခြၽတ္လို႔မရတဲ့ အတြင္းခံေလးေတြလည္း ဝတ္ေပးထားပါတယ္။  ”   က်ယ္ယန္ ရွင္းျပလိုက္သည္။ အိတ္ထဲက ေနာက္ထပ္ အကၤ်ီအပိုတစ္စုံပါ ဆြဲထုတ္​ျပလိုက္၏။    “ ၾကည့္ ဒါက ေနာက္ထပ္လဲလို႔ရတဲ့ အကၤ်ီတစ္စုံ။  ”

ခ်ိဳးရွင္း က်ယ္ယန့္လက္ထဲက အိတ္ကို ၾကည့္လိုက္သည္။

အိတ္က အၾကည္ျဖစ္ကာ အျပင္ဘက္ကေနေတာင္ တီရွပ္အျဖဴေသးေသးေလး၊ ဂ်င္းေဘာင္းဘီတို၊ ဖိနပ္ျဖဴေလးႏွင့္ ဂီတာအေသးစားေလးကို ျမင္နိုင္သည္။ က်ယ္ယန္ ဂီတာကိုင္ၿပီး စင္ေပၚမွာသီခ်င္းဆိုခဲ့တာကို ခ်ိဳးရွင္း အမွတ္ရသြား၏။ ေနာက္ဆုံးမွာေတာ့ မုန္တိုင္းတိုက္ေနေသာ သူ႕မ်က္ႏွာအသြင္အျပင္က ၾကည္လင္သြား၏။ ထို႔ေနာက္ အတည္ျပဳရန္ အ႐ုပ္ေဘာင္းဘီကို ဆြဲခြၽတ္လိုက္၏။ အတြင္းခံေဘာင္းဘီေလးရွိေနတာကိုျမင္မွ သူ႕အမူအရာ ပုံမွန္ျပန္ျဖစ္သြားသည္။ 

က်ယ္ယန္က အခ်ိန္ကိုက္ ဝင္ေျပာလိုက္သည္။   “ ကြၽန္ေတာ့္ကို အကၤ်ီေတြေပးလို႔ ေက်းဇူးတင္ပါတယ္။ ဒါေလးေတြက လက္ေဆာင္ျပန္ေပးတာပါ။ ”

“… မင္းမွာ အသိတရားေတာ့ ရွိေသးတာပဲ။ ” ခ်ိဳးရွင္းသည္ အ႐ုပ္လက္ေမာင္းကိုဆြဲကာ အိတ္ထဲထိုးထည့္၏။ ထို႔ေနာက္ က်ယ္ယန္ကိုင္ထားသည့္ အကၤ်ီထုတ္ကိုဆြဲယူကာ လက္ေဆာင္အိတ္ေဘးတြင္ ခ်ထားလိုက္သည္။

က်ယ္ယန္ ေမးၾကည့္လိုက္၏။ “ ခင္ဗ်ား တစ္ခ်က္ေလာက္ မၾကည့္ၾကည့္ေတာ့ဘူးလား။ အိတ္ထဲမွာ တျခားဟာေတြရွိေသးတယ္။ ”

ခ်ိဳးရွင္းက ထိုင္ခုံကိုမီကာ မ်​က္လုံးမွိတ္လိုက္သည္။   “ ငါ ပင္ပန္းေနၿပီ။ ”

ဒါက ခ်ိဳးရွင္းအဖို႔ သူပင္ပန္းေနတာကို က်ယ္ယန့္ဆီ ပထမဆုံးအႀကိမ္ ဝန္ခံတာျဖစ္သည္။

က်ယ္ယန္သည္ ဖုံးကြယ္ထားလို႔မရသည့္ ခ်ိဳးရွင္း၏ ပင္ပန္းႏြမ္းနယ္မႈကို​ျမင္ေတာ့ ခ်ိဳးရွင္းတစ္ေယာက္ မေန႕ညက ေခါင္းကိုက္ေဝဒနာေၾကာင့္ ေကာင္းေကာင္းအိပ္မရေသးလို႔ျဖစ္မည္ဟု မွန္းဆလိုက္သည္။ က်ယ္ယန္ ၿငိမ္ၿငိမ္ေလးပဲ ထိုင္ကာ စကားေျပာတိတ္သြားသည္။

ခဏၾကာေတာ့ ခ်ိဳးရွင္းက ႐ုတ္တရက္ စကားစလာ၏။ “ ခ်င္းလင္က ငါ့ကို ထပ္ၿပီးဆက္သြယ္လာတယ္။ ”

က်ယ္ယန္  Weibo သုံးတာ ရပ္လိုက္၏။  “ ကြၽန္ေတာ့္ကိုက် မဆက္သြယ္ဘူး။ ”

တစ္နည္းဆိုရေသာ္ ဖုန္ခ်င္းလင္သည္ ထိုေန႕က က်ယ္ယန့္ေျပာစကားကို နားမေထာင္ခဲ့ေပ။

ခ်ိဳးရွင္းက မ်က္ႏွာေသျဖင့္ မ်က္လုံးဖြင့္ၾကည့္လာ၏။   “ ဖုန္မိသားစုကို ရွင္းလင္းနိုင္ဖို႔ ငါ့ကို ေသြးဆြေပးခ်င္ေနမွန္း ငါ သိပါတယ္။ သူက အက်ိဳးအတြက္ ငါးစာခ်ရာမွာ ေတာ္တယ္။ အရင္ကေတာ့ သူႀကံသမွ် အေကာင္အထည္ေပၚလာရင္ သူ႕လုပ္ရပ္ေတြက ေကာင္းတယ္လို႔ ထင္ခဲ့တာ။ အခု မင္းနဲ႕ေတြ႕ၿပီးေနာက္ေတာ့ ငါမွားခဲ့မွန္း သိသြားၿပီ။ ”

“ အနာဂတ္အတြက္ ႀကိဳ​​ျပင္ဆင္ထားဖို႔ ႀကိဳးစားခဲ့ဖူးတယ္။ အဲ့ဒီျပင္ဆင္ခ်က္ေတြထဲမွာ ငါ့ရဲ႕ ကနဦးအစီအစဥ္အရ ခ်င္းလင္ကို ငါက အျမင့္ေနရာေရာက္ေအာင္ ေထာက္ပံ့ေပးၿပီး ဖုန္မိသားစုနဲ႕ ခ်ိဳးမိသားစုကို သူ႕လက္ထဲ ထည့္ေပးမလို႔ပဲ။ သူ႕ႏွလုံးသားက သံလိုမာေက်ာၿပီး သူ႕ေဆြမ်ိဳးသားခ်င္းေတြအေပၚ အျပဳအမူေတြက သူ႕အက်ိဳးစီးပြားအတြက္ တြက္ခ်က္ထားတာေတြခ်ည္းပဲ။ သူ ႏွစ္ေပါင္းမ်ားစြာ လြယ္လြယ္ကူကူနဲ႕ လႈပ္ရွားခဲ့တာဆိုတာ  … မင္းနဲ႕ လုပ္ငန္းကိစၥ ေတြ႕ၾကတဲ့အခ်ိန္ထိပဲ။”

က်ယ္ယန္သည္ မူရင္းစာအုပ္၏ ဇာတ္သိမ္းပိုင္းကို အမွတ္ရသြား၏။ ဇာတ္လိုက္က ဖုန္မိသားႏွင့္ ခ်ိဳးမိသားစုကို ေအာင္ျမင္စြာ ဆက္ခံနိုင္ခဲ့ၿပီး စီးပြားေရးေလာကတြင္ အျမင့္ဆုံးေနရာသို႔ ေရာက္ရွိခဲ့၏။ က်ယ္ယန္ ေမးလိုက္သည္။ “ ကြၽန္ေတာ္နဲ႕ေတြ႕ၿပီးေနာက္ေရာ ?”

“ အဲ့ဒီေနာက္ေတာ့ သူ မင္းကို ရႈံသြားတာေပါ့။ သူ႕မွာ အနိုင္ရဖို႔ အခြင့္အေရးေတာင္မရွိဘဲ ရႈံးနိမ့္သြားမွာ။ သူက သူခ်စ္ရတဲ့လူေတြဆီက အျမတ္ထုတ္ဖို႔ပဲ တတ္ၿပီး တကယ့္စီးပြားေရးေလာကမွာ လူသစ္ေလးပဲေလ။   ”  ခ်ိဳးရွင္း သူ႕လက္မ်ားကို ဗိုက္ေပၚတင္ကာ သူ႕မ်က္လုံးမ်ားမွာ အေရာင္မွိန္မွိန္ေလး ျဖတ္ေျပးသြား၏။  “ က်ယ္ယန္ မင္း မွန္တယ္။ ငါ သူ႕ကို အရမ္းအလိုလိုက္ခဲ့မိတာကိုး။ ”

“ ဒါဆို ခင္ဗ်ား ဘာလုပ္မွာလဲ။ ”

ခ်ိဳးရွင္းက စကားေျပာတာကိုျဖတ္လိုက္ၿပီး သူ႕မ်က္လုံးမ်ားကို ျပန္မွိတ္သြား၏။ ခဏၾကာေတာ့ သူ႕လက္ကိုျမႇောက္ကာ ေဘးကအိတ္ေလးေပၚ အသာတင္ထားလိုက္ေတာ့သည္။ 

***

ထိုေန႕ည ၉ နာရီ၌၊ ေတးဂီတဧကရာဇ္က ဘယ္သူလဲအပိုင္းသစ္၏  preview ဗြီဒီယိုကို ထုတ္လႊင့္၏။

ဗီဒီယို၏ ေခါင္းစဥ္က ‘​ ေႏြေဆာင္းဦးညီဓား  ’ျဖစ္ကာ ကာဗာပုံက ေလ့က်င့္ခန္းထဲတြင္ မတ္တပ္ရပ္ေနေသာ က်ယ္ယန့္ပုံျဖစ္သည္။ ‘အၫႊန္း’ ေဆာင္းပါးကို ဖတ္ၿပီးေသာ လူအားလုံးမွာ စိတ္လႈပ္ရွားသြားၾကၿပီး ဗီဒီယိုကို ႏွိပ္ၾကည့္ၾကသည္။

ဗြီဒီယိုက မရွည္ေပ။ တစ္မိနစ္ကိုမွ နည္းနည္းသာ ေက်ာ္၏။  ဗီဒီယိုက က်ီဇယ့္ေဟြ႕ က်ယ္ယန့္ကို ေမးခြန္းထုတ္ရာမွ စထား၏။

[ သီခ်င္းျပန္ျပင္တာေရာ ဘယ္လို​ျဖစ္သြား​ၿပီလဲ။ ]

က်ယ္ယန္က သူ႕ဖုန္းကိုၾကည့္ရင္း ျပန္ေျဖေပးလာသည္ : [ ၿပီးခါနီးေနၿပီ။ ကြၽန္ေတာ္ မူရင္းအသံကို အေျခခံၿပီး အတြဲဗားရွင္းလုပ္ထားတယ္။ မူရင္းသီခ်င္းမွာ ကြၽန္ေတာ့္အသံေပါင္းဆိုထားတာ။ ရလာဒ္ကို နားေထာင္ၾကည့္ခ်င္လား။ ]

က်ီဇယ့္ေဟြ႕က သေဘာတူ၏။ ထို႔ေနာက္ က်ယ္ယန္က ေလ့က်င့္ေရးအခန္းထဲက ဂီတကိရိယာႏွင့္ သူ႕ဖုန္းကို ခ်ိတ္လိုက္သည္။

ေႏြေဆာင္းဦးညီဓားကို စတင္တီးခတ္လာ၏။ က်ယ္ယန္က ပထမသံၿပိဳင္အပိုဒ္ၿပီးသြားသည္အထိ မလႈပ္ေသး။ အဲ့သည္နားကေန က်ီဇယ့္ေဟြ႕ အေလးအနက္ၾကည့္ေနသည့္အပိုင္းသို႔ ဗြီဒီယိုကို ျဖတ္ေတာက္လိုက္သည္။

သံၿပိဳင္ chorus စသည္ႏွင့္ ဂီတတီးခတ္မႈအတြဲအဖက္မ်ား ေျပာင္းလဲသြားကာ အဆုံးမွာေတာ့ က်ယ္ယန္ပါးစပ္ျပင္လာ၏။ ဤတြင္ က်ယ္ယန့္မ်က္ႏွာႏွင့္ သူ႕၏ အေလးအနက္ထားေသာ အမူအရာကို zoom ခ်ဲ့လိုက္သည္။

ထို႔ေနာက္ preview ဗြီဒီယိုလည္း အဆုံးသတ္သြားသည္။

အားလုံး , “……”    က်ိန္ဆဲေနေသာပုံ.jpg

[  Hello … Sweetheart  … 💕 Today is my Birthday. These Chapters are bd present for u. See u late. I will come back soon …  😅💕  ]

အိုင့္ သားသားေလးႏွစ္ေယာက္

━━━━━━━━━━━━━━━━━━━━━━━

Continue Reading

You'll Also Like

409K 39K 119
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
303K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
772K 46.6K 30
A love contest between a boy who likes to kick football and a little doctor.
256K 40.9K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .