ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

423K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 37

4.6K 863 22
By PoneyPeach

Unicode
အခန်း ( ၃၇ )

ကျယ်ယန် နောက်တစ်နေ့အိပ်ရာနိုးလာတော့ ချိုးရှင်းက မနက်ခင်းအစည်းအဝေးအတွက် အစည်းအဝေးခန်းကို သွားနှင့်ပြီဖြစ်သည်။ စားပွဲပေါ်မှာ မနက်စာနှင့် ဆိုဖာပေါ်တွင် ရိုးရိုးရှင်းရှင်းဖြင့် သပ်ရပ်သော နက်ပြာရောင် ဝတ်စုံတစ်စုံကို တင်ထား၏။

ဝတ်စုံပေါ်တွင် ဖိရေးထားသော စာလုံးဆက်လက်ရေးလှ မှတ်စုတစ်ခုကပ်ထား၏ : ပရိုဂရမ်ရိုက်ကူးရေးအတွက် ဒီဝတ်စုံဝတ်သွား။ သေချာရ်ိုက်ကူးရေးလုပ်ခဲ့။ ဒုံးမဝေးနဲ့။ 

ကျယ်ယန် ပြုံးလျက် မနက်စာစားနေရင်း ချိုးရှင်းအတွက် မှတ်စုပြန်ရေးပေးခဲ့သည်။ ထို့နောက် ဝတ်စုံကိုဝတ်ကာ ယနေ့ရိုက်ကူးရေးအတွက် မိတ်ကပ်ပြင်ဖို့ ထွက်လာခဲ့၏။

မွန်းလွဲ ၁ နာရီ၌.., တေးဂီတဧကရာဇ် ဘယ်သူလဲအပိုင်းသစ်ကို စတင်ရိုက်ကူး၏။

ကျယ်ယန်သည် ဧည့်ခန်းထဲမှာ ထိုင်နေခဲ့သည်။ 

ဧည့်ခန်းထဲတွင် ဖန်သားပြင်ကျယ်ကြီးရှိရာ စတိတ်ပေါ်က ရိုက်ကူးရေးကို ကြည့်ရှုနိုင်သည်။ အစီအစဥ်တင်ဆင်သူက အဖွင့်စကားပြောနေသည်။ အစက ကျယ်ယန်ကို မသိချင်ယောင်ဆောင်နေခဲ့သော အသားလတ်လတ်နှင့် အဆိုတော်တစ်ယောက်က ရုတ်တရက် ကျယ်ယန်ကို စကားစလာ၏။  “ ငါတော့ အရမ်းစိတ်လှုပ်ရှားနေပြီ။ အဆိုတော်တွေအားလုံးထဲမှာ ငါက အငယ်ဆုံးလေ။ ပွဲဦးထွက်တာလည်း မကြာသေးဘူး။ မင်းရော စိတ်လှုပ်ရှားနေတာလား။ မင်းလက်တွေ ချွေးစို့နေတာပဲ။ ”

ကျယ်ယန်သည် မနေ့က သူ့ကို တစ်ချက်လောက်သာငဲ့ကြည့်ခဲ့သည့် ကောင်လေးကို လှည့်ကြည့််ရင်း ဖြေလိုက်သည်။    “ ငါ စိတ်မလှုပ်ရှားဘူး။ ”

အဆိုတော်ကောင်လေး၏ သရုပ်ဆောင်ချက်က ဖျက်ဆိီးခံလိုက်ရသည်။ သူ့ခံစားချက်များကို ထိန်းချုပ်ပြီး သူ့၏ ပြောစရာစကားမဲ့သွားသည့်ပုံကို ကာကွယ်ရန် အသက်ပြင်းပြင်းရှူသွင်းလိုက်ချေ၏။ သူက ပြန်မေးလာသည်။   “ မင်း တကယ်ကြီး စိတ်မလှုပ်ရှားဘူးလား။  ဟိုနားက စီနီယာတွေအများကြီးတောင် စိတ်လှုပ်ရှားနေကြတာ။ ခဏလောက်နေရင် လူအများကြီးကို မဲနှိုက်တော့မှာ။ ငါ အရင်ဆုံးကျမှာ ကြောက်တယ်။ ”

“ ငါက စိတ်လည်းမလှုပ်ရှားဘူး ကြောက်လည်းမကြောက်ဘူး။ ” ကျယ်ယန်မျက်နှာက ယုံကြည်မှုများဖြင့် တည်သွား၏။   “ ဆရာကျီကို ငါ ယုံတယ်။ ”

“…”   အဆိုတော်ကောင်လေးသည် screen time ရဖို့ လူကပ်တာ သူ လူရွေးမှားသွားပြီမှန်း နားလည်သွား၏။ ကျယ်ယန်နှင့် စကားနည်းနည်းပြောပြီးနောက် သူ့ပါတနာကို ပြောင်းလိုက်ချေတော့၏။

ရိုက်ကူးရေးက ချောချော့မွေ့မွေ့ပင်။

လုပ်ငန်းစဥ်အသေးအမွှားလေးနှစ်ဆင့်အပြီးတွင် သီချင်းဆိုဖို့ အလှည့်ကျမဲနှိုက်သည့် အစီအစဉ် စတင်လာ၏။

မဲမနှိုက်မီ အစီအစဉ်တင်ဆက်သူက ကြားဖြတ်ကြေညာလာသည်။   “ တကယ်တော့ တေးဂီတဧကရာဇ် ဘယ်သူလဲ အစီအစဥ်ရဲ့ ဒီအပိုင်းမှာ သီချင်းဆိုဖျော်ဖြေမယ့်လူတွေကိုပဲ ဖိတ်ကြားခဲ့တာ မဟုတ်ပါဘူး။ ဖျော်ဖြေမှုတွေကို အကဲဖြတ်ပေးမယ့် အထူးဧည့်သည်တော်တစ်ယောက်ကိုလည်း ကျွန်တော်တို့ ဖိတ်ကြားခဲ့ပါတယ်။ အားလုံးပဲ ဘယ်သူဖြစ်မယ်ဆိုတာ ခန့်မှန်းကြည့်ကြပါဦး။ မခန့်မှန်းမိခင် ကျွန်တော် သဲလွန်စ​လေးပေးပါမယ်။ အထူးဧည့်သည်တော်ကြီးက အမျိုးသားပါဗျာ …”

“ ဝိုး အရမ်းမိုက်တာပဲ။ ဒိုင်အသစ်လည်း ရှိတယ်တဲ့။ ဘယ်သူဖြစ်မယ်ထင်လဲ။ ”
အသားလတ်လတ်ဆတ်ဆတ်အဆိုတော်ကောင်လေးက ဆက်ပြီး သရုပ်ဆောင်ပြန်၏။

ကျယ်ယန်သည် ကျီဇယ့်ဟွေ့ရှိနေသော နံပါတ်တစ် နားနေခန်းကို လှမ်းကြည့်လိုက်သည်။ သူသည်လည်း အစီအစဉ်တင်ဆက်သူက လောင်ရှို့ယူနာမည်ကြေညာမှာကို စောင့်ဆိုင်းနေ၏။ ဖန်သားပြင်ကျယ်ကြီးက အချိန်ကိုက်ပဲ နံပါတ်တစ်နားနေခန်းကို ဖြတ်သွားသည်။ ထိုစဥ် ဧည့်သည်များကလည်း ခန့်မှန်းကြည့်နေကြသည်။ စိတ်မရှည်သော ဧည့်သည်များကမူ အစီအစဥ်တင်ဆင်သူကို သဲလွန်စထပ်ပေးဖို့ လောဆော်နေကြ၏။ 

အစီအစဉ်တင်ဆက်သူကတော့ အလျင်မလိုပါ။  “ သူက ဆုတွေအများကြီးရရှိခဲ့ပြီး တေးဂီတဧကရာဇ် သုံးယောက်နဲ့ တေးဂီတဧကရီ သုံးယောက်အတွက်လည်း အယ်လ်ဘမ်တွေ ထုတ်ပေးခဲ့ဖူးပါတယ်။ သူက ချောလည်းချော ငယ်လည်းငယ်သေးတယ်ဗျ။ ခင်ဗျားတဲ့နှစ်ယောက်နဲ့လည်း သိသေးတယ်နော် —”

“ လောင်ရှို့ယူ ! အဲ့ဒါ လောင်ရှို့ယူပဲ။ မှန်တယ်မလား။ သူက ရုပ်ချော အသက်ငယ်ပြီး တအားတော်တာ။ ငါ့အတွက်လည်း အယ်လ်ဘမ်ထုတ်ပေးဖူးတယ် !” အဆိုတော်ကြီးတစ်​ယောက်က စိတ်လှုပ်ရှားစွာဖြင့် လောင်ရှို့ယူနာမည်ကို ထုတ်ပြောလိုက်သည်။

အစီစဥ်တင်ဆက်သူ ပြုံးသွားသည်။ “ ဂုဏ်ယူပါတယ် ဆရာမကျန်းရေ။ဆရာမ့အဖြေ မှန်သွားပါပြီ !”

ကျန်းမင်ဟုခေါ်သော အဆိုတော်ကြီးသည် အဖြေမှန်သော်လည်း မပျော်နိုင်ရှာပေ။ သူမ ပြောရင်းဆိုရင်း ခေါင်းကိုက်လာရ၏။ “ အဲ့ဒီကောင်လေး လောင်ရှို့ယူကို နင်တို့ တကယ်ဖိတ်လိုက်ကြတာပေါ့လေ။ သွားပါပြီ ငါတော့ ရင်တွေတုန်လာပြီ။ နင် သိမလားတော့မသိပေမဲ့ သူ့ပါးစပ်က သိပ်အဆိပ်ပြင်းတာနော်။ ”

လောင်ရှို့ယူနာမည်ကို ကြေညာလိုက်သည့်ခဏ ကျီဇယ့်ဟွေ့၏ အမူအရာတောင့်တင်းသွားတာကို ကျယ်ယန် သတိထားလိုက်မိသည်။

ထို့နောက် အစီစဥ်တင်ဆက်သူက ကျီဇယ့်ဟွေ့ကို ဦးတည်ပြောလာ၏။ “ ကျွန်တော် မှတ်မိသလောက်ဆို လောင်ရှို့ယူနဲ့ ဆရာကျီက တလောလေးကမှ အလုပ်အတူလုပ်ခဲ့ကြတာလေ။ ကျွန်တော်ကဖြင့် ဆရာကျီ အရင်ဆုံးခန့်မှန်းနိုင်လိမ့်မယ်လို့ ထင်ထားတာ။  ”

ကျီဇယ်ဟွေ့က ကိုးရိုးကားယား ပြုံးပြလာသည်။ ကျယ်ယန်သည်လည်း ရေမော့သောက်ကာ သူ့အပြုံးကို ဖုံးကွယ်လိုက်ရသည်။ ကျီဇယ့်ဟွေ့သည် လောင်ရှို့ယူနှင့် ပူးပေါင်းခဲ့ကာ ၎င်းက ပြိုပျက်သွားသောပိုးအိမ်အယ်လ်ဘမ်မှာ ဖြစ်သည်။ သို့သော်လည်း လောင်ရှို့ယူက နောက်ဆုံးမှာ နှုတ်ထွက်သွားခဲ့၏။ အကြောင်းမူကား ကျီဇယ့်ဟွေ့အသံကို သည်းမခံတာကြောင့်ပါတဲ့လေ။

လောင်ရှို့ယူက ထိုအကြောင်းကို ကျယ်ယန်ထံ မပြောပြခဲ့သလို မီ​ဒီယာကိုလည်း မထုတ်ပြန်ခဲ့ပေ။ သို့သော် ဟူပျောင်းက နောက်ပိုင်းမှ စုံစမ်းသိရှိခဲ့တာဖြစ်သည်။

အဆိုတော်ကြီး ကျန်းမင်မှာ ပထမဆုံးမဲနှိုက်ရသော်လည်း ဦးဆုံးနေရာကို နှိုက်မိသွားသည်အထိ သူမကံက ဆိုးလွန်းလှသည်။ ထို့နောက် ဧည့်သည်များက တစ်ယောက်ပြီးတစ်ယောက် အလှည့်ကြမဲနှိုက်ကြသည်။ ကျီဇယ့်ဟွေ့ကတော့ ကံကောင်းတာလား၊ ကံဆိုးတာလားမသိပေမဲ့ နောက်ဆုံးနေရာကိုသာ နှိုက်မိသွား၏။

“ နောက်ဆုံးဆိုရမယ့် အဆိုတော်ရဲ့ဖိအားက အရမ်းကြီးမှာ။ မင်း —” အသားလတ်လတ် အဆိုတော်ကောင်လေးက မနေနိုင်မထိုင်နိုင် နောက်လှည့်ပြီး ကျယ်ယန်ကို စကားပြောလာပြန်သည်။ ထို့နောက် ကျယ်ယန်၏ အေးဆေးတည်ငြိမ်နေသော မျက်နှာထားကို တွေ့လိုက်ရပြီးနောက် သူ့စကားများကို ပြန်မျိုချလိုက်ရတော့သည်။   “ ငါ မင်းကို အားပေးနေမယ်။ ”

ကျယ်ယန်ကလည်း ယဥ်ကျေးရိုကျိုးစွာဖြင့် “ ကျေးဇူးပဲ ငါလည်း မင်းကို အားပေးနေမှာပါ။ ”

စတိတ်ပေါ်၌ အစီစဥ်တင်ဆက်သူ၏ ဖိတ်ခေါ်သံနှင့်အတူ လောင်ရှို့ယူထွက်ပေါ်လာပြီး ဒိုင်စားပွဲက ထိုင်ခုံတွင် ဝင်ထိုင်လိုက်ချေ၏။ 

အစီအစဥ်အပြောင်းအလဲအကြောင်းပြောပြီးနောက် ဖျော်ဖြေရေးအတွက် ပထမဆုံးအဆိုတော် တက်လာ၏။

အဆိုတော်ကြီးတစ်ယောက်အနေဖြင့် ကျန်းမင်၏ အင်အားက အလွန်ကောင်းပြီး သူမ၏ ဧည့်သည်အဆိုတော်နှင့်လည်း အတွဲညီကြသည်။ လူနှစ်ယောက်၏ တွဲဖက်မှုက ပြီးပြည့်စုံလျက်ရှိကာ သီချင်းဆုံးသွားသည်နှင့် လေထုကလည်း ချက်ချင်းနွေးထွေးသွား၏။

ဝေဖန်အကဲဖြတ်ရေးအပိုင်းသို့ ရောက်လာတော့ တခြားဒိုင်လူကြီးများအားလုံးက လေလုံးထွား ချီးကျူးကြ၏။ လောင်ရှို့ယူကသာ တေးဂီတစာရွက်ကိုကြည့်ရင်း မျက်မှောင်ကြုတ်လျက်ရှိသည်။  “ မအောင်မြင်ဘူး။ ”

အဆိုတော်ကြီးက  ‘ ဒီလိုဖြစ်မယ်မှန်း ငါသိသားပဲ’ ဆိုသည့် မျက်နှာထားမျိုး လုပ်နေသည်။

လောင်ရှို့ယူက သီချင်းရွေးချယ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် သီဆိုခြင်းအသီးသီးမှာ ကြုံတွေ့ရသော ပြဿနာများကို အညှာမတာ ထောက်ပြလာ၏။ သူက အဆိုတော်ကြီး၏ ဟန်လုပ်ဆိုသော သီချင်းဆိုစွမ်းရည်ကို အကျဥ်းချုပ်ဝေဖန်ပေးကာ  ပရော်ဖက်ရှင်နယ်ကျသော အကြံပြုချက်တစ်ချို့ ပေးလာ၏။

အဆိုတော်ကြီးက အစီစဉ်တင်ဆက်သူကို ကြည့်ကာ ပြောလာ၏။  “ ယုံချင်ယုံ မယုံချင်နေ အခုလေးတင် ငါသီချင်းဆိုတာကို သူ ကျေနပ်သွားတယ်။ ”

အစီစဥ်တင်ဆက်သူကလည်း ပူးပေါင်းပေးရှာ၏။  “ ယုံပါတယ်ဗျာ။ ဆရာလောင်က လူတွေကို ချီးကျူးခဲတယ်။ ”

ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက်အဆိုတော်များက အလှည့်ကျ ဖျော်ဖြေဖို့ စင်ပေါ်တက်လာကြသည်။

လောင်ရှို့ယူ၏ ဝေဖန်ချက်များက ထက်ပြီးရင်းသာ ပိုထက်လာတော့၏။ သူက လူတိုင်းကို မျက်နှာသာမပေးပေ။ ကျယ်ယန်ကို စကားလာပြောသော အသားလတ်လတ် အဆိုတော်ကောင်လေးဆို လောင်ရှို့ယူကြောင့် ငိုသွားသေး၏။ ကံကောင်းထောက်မစွာပဲ မှတ်ချက်တိုင်း၏ အနောက်တွင် အဆိုတော်၏ ပြဿနာနှင့်ပတ်သက်၍ အသုံးဝင်သော အကြံပြုချက်များကိုလည်း ပေးသေးရာ ရိုက်ကူးရေးအငွေ့အသက်က အရမ်း​ကြီး မဆိုးရွားသွားပေ။

နောက်ဆုံးမှာတော့ ကျီဇယ်ဟွေ့နှင့် ကျယ်ယန်၏ စင်ပေါ်တက်ရမည်အလှည့် ရောက်လာသည်။ အစီစဥ်တင်ဆက်သူ စကားပြောနေစဥ်တွင် ကျယ်ယန် နားနေခန်းမှာ ထွက်လာခဲ့ပြီး ဝန်ထမ်းတစ်​ယောက်က သူ့ကို ကျီဇယ့်ဟွေ့နှင့် ဆုံစေရန် စတိတ်စင်ဝင်ပေါက်သို့ လမ်းပြခေါ်ဆောင်ပေးလာ၏။ 

ကျီဇယ့်ဟွေ့၏အမူအရာမှာ တင်းမာလျက်ရှိ၏။ ကျယ်ယန်ကိုမြင်တာနှင့် ကြုံတောင့်ကြုံခဲ အားပေးစကားဆိုလာကာ ကျယ်ယန်ကို သေချာသီချင်းဆိုဖို့ ပြောလာ၏။ ကျယ်ယန် ခေါင်းပြန်ညိတ်ပြကာ ကျီဇယ့်ဟွေ့နား ကပ်သွားလေ၏။ ထို့နောက် အသံတိုးတိုးဖြင့် ကျီဇယ့်ဟွေ့ကို ပြောလိုက်သည်။  “ လောင်ရှို့ယူကို အထူးတလည် ဖိတ်ကြားခဲ့တာ ကျွန်တော်လေ။ ”

ကျီဇယ်ဟွေ့ နောက်သို့ယိုင်ကျသွားကာ မယုံကြည်ဟန်ဖြင့် ကျယ်ယန်ကို မော့ကြည့်လာသည်။ 

အစီစဥ်တင်ဆက်သူ စကားဆုံးတာနှင့် မီးရောင်များ လင်းလာ၏။ ပရိသတ်များက လက်ခုပ်တီးအားပေးကြကာ ဝန်ထမ်းကလည်း ကျယ်ယန်နှင့် ကျီဇယ်ဟွေ့ကို စင်ပေါ်တက်နိုင်ပြီဖြစ်ကြောင်း အသိပေးလာသည်။

ကျယ်ယန် ကျီဇယ်ဟွေ့နှင့် မျက်လုံးချင်းစုံကြည့်ကာ သတိပေးလိုသည်။  “ ဆရာကျီ ကျွန်တော်က သေချာကြိုးစား သီချင်းဆိုပြီး ဆရာ့ကို ဆွဲမချမိအောင် ကြိုးစားပါ့မယ်။ ”

ကျီဇယ့်ဟွေ့ ကျယ်ယန်ကိုကြည့်နေရင်း သူ့မိုက်ခရိုဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ နဖူးမှာ ချွေးတွေ သိသိသာသာ စို့လာရသည်။

“ ဆရာကျီ ဆရာကျယ် စင်ပေါ်တက်ဖို့ အချိန်ကျပါပြီ။ ”

စိတ်ပိုင်းဆိုင်ရာ ဖိအားများကြောင့် ကျီဇယ့်ဟွေ့သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရသည်။ သူ့မိုက်ခရိုဖုန်းကို တင်းတင်းဆုပ်လျက် စင်ပေါ်သို့ ဦးဆုံးခြေချခဲ့၏။ ကျယ်ယန်က ပြုံးလျက်သားဖြင့် သူ့အနောက်မှ ကပ်လိုက်သွားသည်။ လူနှစ်ယောက် စင်ပေါ်ရောက်သွားတာနှင့် တီးဝိုင်းကလည်း စတင်တီးခတ်လာသည်။

ဒေါသလှိုင်းများ ပြန်ပြင်ဗားရှင်း၏ ပဏာမတီးလုံးက အရမ်းစိတ်လှုပ်ရှားကောင်းသည်။ ကျယ်ယန်က  A-အပိုင်းသီဆိုမှုအားလုံးကိုဆိုဖို့ တာဝန်ယူထားသည်။  သူမိုက်ကိုမြှောက်ကာ ဂီတသံနှင့် ပါဝင်ပေါင်းစပ်လိုက်ပြီး အရင်ကလိုပဲ ပြီးပြည့်စုံတည်ငြိမ်စွာ ဖျော်ဖြေလေသည်။

ပရိသတ်များနှင့် ဧည့်သည်တော်ဒိုင်များသည် သီချင်းမှ ဖန်းတီထားသော ​​ခံစားချက်အတွင်းသို့ အလျင်အမြန် ယူငင်ဆွဲဆောင်ခံလိုက်ကြရသည်။ သူတို့အမူအရာများသည်လည်း သီချင်းနှင့်လိုက်ပြီး ပြောင်းလဲလာသည်။

ကျယ်ယန်သည် သီချင်းတစ်ပိုဒ်သီဆိုပြီးတာနှင့် ကျီဇယ်ဟွေ့ကို လှမ်းကြည့်လိုက်သည်။

ကျီဇယ့်ဟွေ့သည် သီချင်းဆိုရန် အကျင့်ပါနေသည့်အတိုင်း မိုက်ကိုမြှောက်လိုက်သော်လည်း သူ့ဦးနှောက်ကတော့ ကမောက်ကမဖြစ်လို့နေသည်။ ကျယ်ယန့်စကားများကို ကြိုးစားပမ်းစား အပြန်ပြန်အလှန်လှန် တွေးတောကြည့်နေမိသည်။

ကျယ်ယန်က လောင်ရှို့ယူကို တမင်တကာ ဖိတ်ခဲ့တာလား? ကျယ်ယန်က လောင်ရှို့ယူနဲ့ သိတယ် ? ကျယ်ယန်က အနုပညာအသိုင်းအဝိုင်းမှာ ဘာကျောက်ထောက်နောက်ခံမှ မရှိတဲ့သူ မဟုတ်ဘူးလား  ?

သူ့မျက်လုံးများက မသိလိုက်မသိဘာသာပဲ စင်အောက်က လောင်ရှို့ယူကို ကြည့်မိတော့ လောင်ရှို့ယူ မျက်မှောင်ကြုတ်နေတာကို သတိထားမိသွားသည်။ ထို့နောက်မှာတော့ သူစိတ်သည်လည်း ကစဥ့်ကယားဖြစ်လို့သွားရ၏။

မှားနေပြီ ! ကျယ်ယန်က သေချာပေါက် တက်သစ်စလူသစ်လေးတစ်​ယောက်ပဲ။ သူ့အတွက် လောင်ရှို့ယူကို လှုပ်ရှားအသုံးချစေဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း။ ကျယ်ယန်က သူ့ဖျော်ဖြေမှုကို လွမ်းမိုးပြီး လောင်ရှို့ယူ၊ ပရိသတ်တွေနဲ့ ဧည့်သည်တော်တွေအရှေ့မှာ သူ့ကို အရှက်ရအောင် တမင်စကားနာထိုး လှုံ့ဆော်လိုက်တာပဲ ဖြစ်မယ်။

သူ ကျယ်ယန်ကို အောင်မြင်ခွင့်မပေးနိုင်ဘူး ! သံပြိုင် chorus ပိုဒ်ရောက်လာတော့ ကျီဇယ့်ဟွေ့ အေးအေးဆေးဆေးပဲ ဆိုသွားသည်။ ပထမ  chorus ပိုဒ်ကို အောင်အောင်မြင်မြင် သီဆိုသွားပြီးနောက် ကျီဇယ်ဟွေ့ စိတ်သက်သာရာရသွားသည်။ စုံတွဲသီဆိုမှုအပိုင်းသို့ သီချင်းဆက်သွား၏။ ကျယ်ယန်သည် ဒုတိယအပိုဒ်ကိုသီဆိုရန် အချိန်ကိုက် မိုက်ခရိုဖုန်းကိုမြှောက်လိုက်တော့ သူ့ဖျော်ဖြေမှုကလည်း အပြစ်အနာစာမရှိ ပြည့်စုံလို့နေဆဲပင်။

ကျီဇယ့်ဟွေ့ကလည်း အလန့်တကြားဖြစ်မသွားခဲ့ဘဲ ကြိတ်​​ပြီး လှောင်ရယ်လိုက်သည်။ မိုးကောင်းကင်၏ အတိမ်အနက် အမြင့်အကျယ်ကို မသိသော ကောင်ငယ်လေးတစ်ယောက်ကို သူ သင်ခန်းစာပေးသင့်ပြီ။

ဒုတိယ သံပြိုင် chorus အပိုဒ်ကိုရောက်လာသည်နှင့်တစ်ပြိုင်နက် ကျီဇယ့်ဟွေ့၏ အရှိန်အဟုန်က ပိုမိုအားကောင်းလာကာ စူးရှတောက်ပ ဂုဏ်ယူဝင့်ကြွားနေသော အမူအရာဖြင့် အ​မြင့်သံရှည်များကို ဆက်ကာဆက်ကာ သီဆိုလေတော့သည်။ သီချင်းမှ ဖန်တီးထားသော လေထုသည်လည်း ချက်ချင်းလက်ငင်းကို ပြိုကွဲသွားရချေ​ပြီ။

ကျယ်ယန် ကျီဇယ်ဟွေ့ကို အံ့သြတကြီး လှမ်းကြည့်မိသွားသည်။ သူက ကျီဇယ့်ဟွေ့၏ ခံစားချက်များကို နှောင့်ယှက်ရုံသက်သက်အတွက် ကျီဇယ့်ဟွေ့ကို ဆွပေးလိုက်ရုံသာ။ ခံစားချက်တွေ ဖော်ပြပေးဖို့ လိုအပ်သည့် chorus အပိုင်းတွင် ကျီဇယ့်ဟွေ့တစ်​ယောက် သူ့ခံစားချက်များကို ပုံဖော်နိုင်မလားဆိုတာကို သူမြင်ချင်ခဲ့ပါ၏။ အခုတော့ ကျီဇယ့်ဟွေ့ ရူးသွားပြီလား။

နားဆင်သူ ပရိသတ်များသည် သီချင်းမှဖန်တီးထားသော ပတ်ဝန်းကျင်လေးတစ်ခုအတွင်းမှ ဆွဲထုတ်ခံလိုက်ရကာ သူတို့အားလုံး ကြောင်အမှင်သက်နေသော အမူအရာများပေါ်နေကြသည်။ ဧည့်သည်တော် ဒိုင်များမှာလည်း ကျီဇယ့်ဟွေ့၏ ရုတ်တရက် ကိုယ်ရည်သွေးလိုက်သည့်စကေးကြောင့် ကြက်သေသေသွားကြပြီး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ တီးဝိုင်းကတောင် သူ့အမြင့်သံသူ ဆွဲမြှင့်နေသော ကျီဇယ့်ဟွေ့ကို လိုက်ကာမပေးနိုင်တော့။

ကျီဇယ့်ဟွေ့ကမူ ၎င်းတို့ကို နားမလည်ဘဲ ယုံကြည်မှုအပြည့်ဖြင့် ရူးသွပ်မူးဝေလျက်ရှိသည်။

ဒုတိယ သံပြိုင် chorus အပိုင်းပြီးတော့ အလွန်ပြင်းထန်သည့် တီးလုံးသံအပိုင်းရောက်သွားသည်။ ကျီဇယ်ဟွေ့ ဖျက်စီးခဲ့သော သီချင်း၏လေထုသည်လည်း အတော်အတန် ပြန်လည်ရုတ်လျော့သွား၏။

နောက်ဆုံးမှာတော့ အဆုံးသတ် choru ပိုဒ်ရောက်လာသည်။ ၎င်းက ကျီဇယ့်ဟွေ့နှင့် ကျယ်ယန်တို့၏ သံပြိုင် chorus ပဲဖြစ်သည်။ ကျယ်ယန်က ပုံမှန်အတိုင်း ဖျော်ဖြေသွားသော်လည်း ကျီဇယ့်ဟွေ့က ကျယ်ယန့်ကို နှိပ်ကွပ်လိုဟန်ဖြင့် လေးနက်သောအမူအရာနှင့်တကွ သူ့အသံကို တမင်မြှင့်ပစ်လိုက်သည်။ ဤသည်က ကျီဇယ်ဟွေ့၏ ကျယ်လောင်စူးရှပြီး ဒေါသအမျက်ချောင်းချောင်းထွက်နေပါသော ဖျော်ဖြေမှုပါတကား။

စင်အောက်က လောင်ရှို့ယူသည် သိသိသာသာ ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်လေ၏။

ကျယ်ယန်သည် သီချင်းအငွေ့အသက်ကို လွင့်ထွက်မပျက်စီးသွားစေရန် ကျီဇယ့်ဟွေ့အသံကို လိုက်ဖုံးဖို့ ကြိုစားပါသော်လည်း ကျီဇယ့်ဟွေ့က သူ့အသံသူ မထိန်းချုပ်နိုင်တော့ပုံပင်။ တစ်လျှေက်လုံး အမြင့်သံကိုချည်း သီဆိုနေသည်မှာ နောက်ဆုံးစာကြောင်းကိုတောင် ကျော်သွားလုမတတ်ဖြစ်သွားသည်။

ကျယ်ယန် , “…”     သူက ကျီဇယ့်​ဟွေ့ကို နာနာခံခတ်ဖြစ်သွားစေချင်ရုံလေးပေမဲ့ ဒီလောက်ထိ ကြီးကြီးကျယ်ကျယ် ဖြစ်သွားဖို့ မမျှော်လင့်ထားခဲ့ပေ။

သီချင်းပြီးသွားသည့်တိုင် ပရိသတ်များ၏ လက်ခုပ်သံများက နွေးထွေးမှုလည်းမရှိ၊ အားပေးချီးကျူးမှုတို့လည်း မပါဝင်ခဲ့ပါ။ ရိုက်ကူးခွင်တစ်ခုလုံး အိုးတိုးအန်းတန်း ရှက်ရွံမဖှုများဖြင့် ပြည့်နှက်လျက်။

အစီစဥ်တင်ဆက်သူက စင်ပေါ်တက်လာပြီး ကျီဇယ့်ဟွေ့ကို စိတ်ရှုပ်စွာဖြင့် ကြည့်၏။ ထို့နောက် သွယ်ဝိုက်၍ မေးလာသည်။    “ ဒါက အရမ်းထူးခြားတဲ့ ဖျော်ဖြေမှုပါပဲ။ ဆရာကျီ ဆရာ့ရဲ့ ဒီနေ့သီချင်းဆိုတဲ့ပုံစံက အရင် ရီဟာဇယ်တုန်းကနဲ့ မတူဘူးနော်။ ခဏတွင်းချင်း အိုင်ဒီယာအသစ်ရသွားလို့လား။ ”

ကျီဇယ်ဟွေ့ကတော့ သူ့ဖျော်ဖြေမှုက အရမ်းကောင်းသည်ဟု ခံစားမိကာ ပြန်ဖြေလိုက်သည်။  “ သေချာပေါက် အိုင်ဒီယာအသစ်ပဲပေါ့။ ဒီလိုသီချင်းဆိုတဲ့ပုံစံက ခံစားချက်တွေကို ပိုထုတ်ပြနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ”

အစီစဥ်တင်ဆက်သူမှာ ပြောစရာစကားမရှိတော့။ သူက စကားနည်းနည်းပြောပြီးတာနှင့် ထိုကိစ္စကို ဒိုင်များထံသို့ လက်လွှဲပေးလိုက်သည်။ ဒိုင်များကလည်း ကျီဇယ့်ဟွေ့အနောက်က ကုမ္ပဏီကို အရေးထားရသေးတာကြောင့် ကျီဇယ့်ဟွေ့ကို မဝေဖန်ဝံ့ပေ။ သို့တိုင် သူ့ကို ဘယ်လိုချီးကျူးပေးရမှန်းလည်း မသိကြ။ ဤသို့ဖြင့် သီချင်းပြင်ဆင်မှုအပိုင်းကိုသာ ချီးကျူးကြတော့၏။

ကျီဇယ့်ဟွေ့ မိုက်ကို တင်းတင်းဆုပ်လိုက်မိသည်။

နောက်ဆုံးမှာတော့ တခြားဒိုင်များအလှည့်ပြီး၍ လောင်ရှို့ယူတစ်ယောက်သာ ဘာမှမပြောရသေးဘဲ ကျန်နေခဲ့၏။ အစီစဥ်တင်ဆက်သူက လောင်ရှို့ယူကို တည့်တိုးပဲ မေးလိုက်၏။ ကျီဇယ့်ဟွေ့သည် မသိစိတ်အရ အလိုလို ခါးမတ်သွားမိသည်။

လောင်ရှို့ယူက ဒေါသလှိုင်းများ ပြန်ပြင်ဗားရှင်း၏ တေးသွားကိုချလိုက်၏။  “ ဒီသီချင်းရဲ့ ပြင်ဆင်မှုက လိုက်လျောညီထွေဖြစ်ပြီး အရမ်းကောင်းပေမဲ့လည်း သီချင်းဆိုတာကတော့ အရမ်းအရမ်းကို ဆိုးရွားလွန်းတယ်။ ကျီဇယ့်ဟွေ့  မင်း သီချင်းရော ဆိုခဲ့ရဲ့လား။ ”

ထိုစကားက တိတ်ဆိတ်မှုတို့ ကြီးစိုးသွားစေသည်။

လောင်ရှို့ယူ၏စကားများက စက်သေနတ်အလား။   “ ခြောက်တီးခြောက်ကပ်နဲ့ အသံသေကြီးရယ်၊ ခံစားချက်မပါတဲ့ သီဆိုမှုရယ်၊ နားလည်ပေးလို့မရနိုင်တဲ့ ကိုယ်ရည်သွေး သီချင်းသံရယ်၊ အမြင့်သံအကူးအပြောင်းနဲ့ ပြီးတော့ သီချင်းက ပျက်လုနီးပါးပဲ။ ကျယ်ယန်က မင်းရဲ့ သီချင်းနောက်ခံဆိုတဲ့သူ။ မင်းကို ဟာမိုနီကူလိုက်ပေးနေတာ။ ဘာလို့ သူ့အသံကို ဖိချင်ရတာလဲ။ သီချင်းတစ်ပုဒ်လုံးက နှစ်မျိုးနှစ်စား ကွဲနေပြီ။ ကျယ်ယန်က ဒေါသလှိုင်းများသီချင်းကို ဆိုနေတာ။ မင်းကကျ ဘာဆိုနေတာလဲ။ အူနေတာလား။  ”

ကျီဇယ့်ဟွေ့ ဒေါသထောင်းခနဲထွက်သွားကာ ပြန်ချေပ၏။   “ မာစတာလောင်ရှို့ယူ။ ဘာမှမအူဘူးဗျ။ ခင်ဗျား တကယ့်ကို ဟာသပြောတတ်တာပဲ။ ”

“ ငါ ဟာသ​ပြောနေတာမဟုတ်ဘူး။ ” လောင်ရှို့ယူအသံက ပိုမိုလေးနက်သွား၏။  “ မင်းက မင်းအသံနဲ့ ကျယ်ယန်ရဲ့လိုက်လျောညီထွေ သီချင်းပြင်ဆင်မှုကိုလည်း ဖြုန်းတီးပစ်လိုက်တယ်။ ငါတို့နောက်ဆုံးဆုံခဲ့တဲ့အချိန်နဲ့ယှဥ်ရင် မင်းရဲ့ သီချင်းဆိုအရည်အချင်းနဲ့ ခံစားချက်ပုံဖော်စွမ်းရည်တွေက ပိုပြီးကျဆင်းသွားပြီ။ ပွဲဦးထွက်စတုန်းက မင်းရဲ့အစောပိုင်းလက်ရာတွေကို ငါမြင်ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက မင်းက ယုံကြည်ချက်ရှိပြီး သီချင်းဆိုရင်လည်း ခံစားချက်အပြည့်ပဲ။ ဒီအဆင့်မျိုးအထိ မင်းကိုယ်မင်း သုံးစားလို့မရအောင် ဘယ်လိုလုပ်လိုက်သလဲဆိုတာ ငါ့ဖြင့် နားကို မလည်တော့ဘူး။ ကျီဇယ့်ဟွေ့ စိတ်ငြိမ်ငြိမ်နဲ့ မင်းကိုယ်မင်း ပြန်သုံးသပ်​ကြည့်ဖို့ အချိန်တန်ပြီ။ ”

━━━━━━━━━━━━━━━━━━━━━━━












Zawgyi
အခန္း ( ၃၇ )

က်ယ္ယန္ ေနာက္တစ္ေန႕အိပ္ရာနိုးလာေတာ့ ခ်ိဳးရွင္းက မနက္ခင္းအစည္းအေဝးအတြက္ အစည္းအေဝးခန္းကို သြားႏွင့္ၿပီျဖစ္သည္။ စားပြဲေပၚမွာ မနက္စာႏွင့္ ဆိုဖာေပၚတြင္ ရိုးရိုးရွင္းရွင္းျဖင့္ သပ္ရပ္ေသာ နက္ျပာေရာင္ ဝတ္စုံတစ္စုံကို တင္ထား၏။

ဝတ္စုံေပၚတြင္ ဖိေရးထားေသာ စာလုံးဆက္လက္ေရးလွ မွတ္စုတစ္ခုကပ္ထား၏ : ပရိုဂရမ္ရိုက္ကူးေရးအတြက္ ဒီဝတ္စုံဝတ္သြား။ ေသခ်ာရ္ိုက္ကူးေရးလုပ္ခဲ့။ ဒုံးမေဝးနဲ႕။ 

က်ယ္ယန္ ၿပဳံးလ်က္ မနက္စာစားေနရင္း ခ်ိဳးရွင္းအတြက္ မွတ္စုျပန္ေရးေပးခဲ့သည္။ ထို႔ေနာက္ ဝတ္စုံကိုဝတ္ကာ ယေန႕ရိုက္ကူးေရးအတြက္ မိတ္ကပ္ျပင္ဖို႔ ထြက္လာခဲ့၏။

မြန္းလြဲ ၁ နာရီ၌.., ေတးဂီတဧကရာဇ္ ဘယ္သူလဲအပိုင္းသစ္ကို စတင္ရိုက္ကူး၏။

က်ယ္ယန္သည္ ဧည့္ခန္းထဲမွာ ထိုင္ေနခဲ့သည္။ 

ဧည့္ခန္းထဲတြင္ ဖန္သားျပင္က်ယ္ႀကီးရွိရာ စတိတ္ေပၚက ရိုက္ကူးေရးကို ၾကည့္ရႈနိုင္သည္။ အစီအစဥ္တင္ဆင္သူက အဖြင့္စကားေျပာေနသည္။ အစက က်ယ္ယန္ကို မသိခ်င္ေယာင္ေဆာင္ေနခဲ့ေသာ အသားလတ္လတ္ႏွင့္ အဆိုေတာ္တစ္ေယာက္က ႐ုတ္တရက္ က်ယ္ယန္ကို စကားစလာ၏။  “ ငါေတာ့ အရမ္းစိတ္လႈပ္ရွားေနၿပီ။ အဆိုေတာ္ေတြအားလုံးထဲမွာ ငါက အငယ္ဆုံးေလ။ ပြဲဦးထြက္တာလည္း မၾကာေသးဘူး။ မင္းေရာ စိတ္လႈပ္ရွားေနတာလား။ မင္းလက္ေတြ ေခြၽးစို႔ေနတာပဲ။ ”

က်ယ္ယန္သည္ မေန႕က သူ႕ကို တစ္ခ်က္ေလာက္သာငဲ့ၾကည့္ခဲ့သည့္ ေကာင္ေလးကို လွည့္ၾကည့္္ရင္း ေျဖလိုက္သည္။    “ ငါ စိတ္မလႈပ္ရွားဘူး။ ”

အဆိုေတာ္ေကာင္ေလး၏ သ႐ုပ္ေဆာင္ခ်က္က ဖ်က္ဆိီးခံလိုက္ရသည္။ သူ႕ခံစားခ်က္မ်ားကို ထိန္းခ်ဳပ္ၿပီး သူ႕၏ ေျပာစရာစကားမဲ့သြားသည့္ပုံကို ကာကြယ္ရန္ အသက္ျပင္းျပင္းရႉသြင္းလိုက္ေခ်၏။ သူက ျပန္ေမးလာသည္။   “ မင္း တကယ္ႀကီး စိတ္မလႈပ္ရွားဘူးလား။  ဟိုနားက စီနီယာေတြအမ်ားႀကီးေတာင္ စိတ္လႈပ္ရွားေနၾကတာ။ ခဏေလာက္ေနရင္ လူအမ်ားႀကီးကို မဲႏွိုက္ေတာ့မွာ။ ငါ အရင္ဆုံးက်မွာ ေၾကာက္တယ္။ ”

“ ငါက စိတ္လည္းမလႈပ္ရွားဘူး ေၾကာက္လည္းမေၾကာက္ဘူး။ ” က်ယ္ယန္မ်က္ႏွာက ယုံၾကည္မႈမ်ားျဖင့္ တည္သြား၏။   “ ဆရာက်ီကို ငါ ယုံတယ္။ ”

“…”   အဆိုေတာ္ေကာင္ေလးသည္ screen time ရဖို႔ လူကပ္တာ သူ လူေ႐ြးမွားသြားၿပီမွန္း နားလည္သြား၏။ က်ယ္ယန္ႏွင့္ စကားနည္းနည္းေျပာၿပီးေနာက္ သူ႕ပါတနာကို ေျပာင္းလိုက္ေခ်ေတာ့၏။

ရိုက္ကူးေရးက ေခ်ာေခ်ာ့ေမြ႕ေမြ႕ပင္။

လုပ္ငန္းစဥ္အေသးအမႊားေလးႏွစ္ဆင့္အၿပီးတြင္ သီခ်င္းဆိုဖို႔ အလွည့္က်မဲႏွိုက္သည့္ အစီအစဥ္ စတင္လာ၏။

မဲမႏွိုက္မီ အစီအစဥ္တင္ဆက္သူက ၾကားျဖတ္ေၾကညာလာသည္။   “ တကယ္ေတာ့ ေတးဂီတဧကရာဇ္ ဘယ္သူလဲ အစီအစဥ္ရဲ႕ ဒီအပိုင္းမွာ သီခ်င္းဆိုေဖ်ာ္ေျဖမယ့္လူေတြကိုပဲ ဖိတ္ၾကားခဲ့တာ မဟုတ္ပါဘူး။ ေဖ်ာ္ေျဖမႈေတြကို အကဲျဖတ္ေပးမယ့္ အထူးဧည့္သည္ေတာ္တစ္ေယာက္ကိုလည္း ကြၽန္ေတာ္တို႔ ဖိတ္ၾကားခဲ့ပါတယ္။ အားလုံးပဲ ဘယ္သူျဖစ္မယ္ဆိုတာ ခန့္မွန္းၾကည့္ၾကပါဦး။ မခန့္မွန္းမိခင္ ကြၽန္ေတာ္ သဲလြန္စ​ေလးေပးပါမယ္။ အထူးဧည့္သည္ေတာ္ႀကီးက အမ်ိဳးသားပါဗ်ာ …”

“ ဝိုး အရမ္းမိုက္တာပဲ။ ဒိုင္အသစ္လည္း ရွိတယ္တဲ့။ ဘယ္သူျဖစ္မယ္ထင္လဲ။ ”
အသားလတ္လတ္ဆတ္ဆတ္အဆိုေတာ္ေကာင္ေလးက ဆက္ၿပီး သ႐ုပ္ေဆာင္ျပန္၏။

က်ယ္ယန္သည္ က်ီဇယ့္ေဟြ႕ရွိေနေသာ နံပါတ္တစ္ နားေနခန္းကို လွမ္းၾကည့္လိုက္သည္။ သူသည္လည္း အစီအစဥ္တင္ဆက္သူက ေလာင္ရွို႔ယူနာမည္ေၾကညာမွာကို ေစာင့္ဆိုင္းေန၏။ ဖန္သားျပင္က်ယ္ႀကီးက အခ်ိန္ကိုက္ပဲ နံပါတ္တစ္နားေနခန္းကို ျဖတ္သြားသည္။ ထိုစဥ္ ဧည့္သည္မ်ားကလည္း ခန့္မွန္းၾကည့္ေနၾကသည္။ စိတ္မရွည္ေသာ ဧည့္သည္မ်ားကမူ အစီအစဥ္တင္ဆင္သူကို သဲလြန္စထပ္ေပးဖို႔ ေလာေဆာ္ေနၾက၏။ 

အစီအစဥ္တင္ဆက္သူကေတာ့ အလ်င္မလိုပါ။  “ သူက ဆုေတြအမ်ားႀကီးရရွိခဲ့ၿပီး ေတးဂီတဧကရာဇ္ သုံးေယာက္နဲ႕ ေတးဂီတဧကရီ သုံးေယာက္အတြက္လည္း အယ္လ္ဘမ္ေတြ ထုတ္ေပးခဲ့ဖူးပါတယ္။ သူက ေခ်ာလည္းေခ်ာ ငယ္လည္းငယ္ေသးတယ္ဗ်။ ခင္ဗ်ားတဲ့ႏွစ္ေယာက္နဲ႕လည္း သိေသးတယ္ေနာ္ —”

“ ေလာင္ရွို႔ယူ ! အဲ့ဒါ ေလာင္ရွို႔ယူပဲ။ မွန္တယ္မလား။ သူက ႐ုပ္ေခ်ာ အသက္ငယ္ၿပီး တအားေတာ္တာ။ ငါ့အတြက္လည္း အယ္လ္ဘမ္ထုတ္ေပးဖူးတယ္ !” အဆိုေတာ္ႀကီးတစ္​ေယာက္က စိတ္လႈပ္ရွားစြာျဖင့္ ေလာင္ရွို႔ယူနာမည္ကို ထုတ္ေျပာလိုက္သည္။

အစီစဥ္တင္ဆက္သူ ၿပဳံးသြားသည္။ “ ဂုဏ္ယူပါတယ္ ဆရာမက်န္းေရ။ဆရာမ့အေျဖ မွန္သြားပါၿပီ !”

က်န္းမင္ဟုေခၚေသာ အဆိုေတာ္ႀကီးသည္ အေျဖမွန္ေသာ္လည္း မေပ်ာ္နိုင္ရွာေပ။ သူမ ေျပာရင္းဆိုရင္း ေခါင္းကိုက္လာရ၏။ “ အဲ့ဒီေကာင္ေလး ေလာင္ရွို႔ယူကို နင္တို႔ တကယ္ဖိတ္လိုက္ၾကတာေပါ့ေလ။ သြားပါၿပီ ငါေတာ့ ရင္ေတြတုန္လာၿပီ။ နင္ သိမလားေတာ့မသိေပမဲ့ သူ႕ပါးစပ္က သိပ္အဆိပ္ျပင္းတာေနာ္။ ”

ေလာင္ရွို႔ယူနာမည္ကို ေၾကညာလိုက္သည့္ခဏ က်ီဇယ့္ေဟြ႕၏ အမူအရာေတာင့္တင္းသြားတာကို က်ယ္ယန္ သတိထားလိုက္မိသည္။

ထို႔ေနာက္ အစီစဥ္တင္ဆက္သူက က်ီဇယ့္ေဟြ႕ကို ဦးတည္ေျပာလာ၏။ “ ကြၽန္ေတာ္ မွတ္မိသေလာက္ဆို ေလာင္ရွို႔ယူနဲ႕ ဆရာက်ီက တေလာေလးကမွ အလုပ္အတူလုပ္ခဲ့ၾကတာေလ။ ကြၽန္ေတာ္ကျဖင့္ ဆရာက်ီ အရင္ဆုံးခန့္မွန္းနိုင္လိမ့္မယ္လို႔ ထင္ထားတာ။  ”

က်ီဇယ္ေဟြ႕က ကိုးရိုးကားယား ၿပဳံးျပလာသည္။ က်ယ္ယန္သည္လည္း ေရေမာ့ေသာက္ကာ သူ႕အၿပဳံးကို ဖုံးကြယ္လိုက္ရသည္။ က်ီဇယ့္ေဟြ႕သည္ ေလာင္ရွို႔ယူႏွင့္ ပူးေပါင္းခဲ့ကာ ၎က ၿပိဳပ်က္သြားေသာပိုးအိမ္အယ္လ္ဘမ္မွာ ျဖစ္သည္။ သို႔ေသာ္လည္း ေလာင္ရွို႔ယူက ေနာက္ဆုံးမွာ ႏႈတ္ထြက္သြားခဲ့၏။ အေၾကာင္းမူကား က်ီဇယ့္ေဟြ႕အသံကို သည္းမခံတာေၾကာင့္ပါတဲ့ေလ။

ေလာင္ရွို႔ယူက ထိုအေၾကာင္းကို က်ယ္ယန္ထံ မေျပာျပခဲ့သလို မီ​ဒီယာကိုလည္း မထုတ္ျပန္ခဲ့ေပ။ သို႔ေသာ္ ဟူေပ်ာင္းက ေနာက္ပိုင္းမွ စုံစမ္းသိရွိခဲ့တာျဖစ္သည္။

အဆိုေတာ္ႀကီး က်န္းမင္မွာ ပထမဆုံးမဲႏွိုက္ရေသာ္လည္း ဦးဆုံးေနရာကို ႏွိုက္မိသြားသည္အထိ သူမကံက ဆိုးလြန္းလွသည္။ ထို႔ေနာက္ ဧည့္သည္မ်ားက တစ္ေယာက္ၿပီးတစ္ေယာက္ အလွည့္ၾကမဲႏွိုက္ၾကသည္။ က်ီဇယ့္ေဟြ႕ကေတာ့ ကံေကာင္းတာလား၊ ကံဆိုးတာလားမသိေပမဲ့ ေနာက္ဆုံးေနရာကိုသာ ႏွိုက္မိသြား၏။

“ ေနာက္ဆုံးဆိုရမယ့္ အဆိုေတာ္ရဲ႕ဖိအားက အရမ္းႀကီးမွာ။ မင္း —” အသားလတ္လတ္ အဆိုေတာ္ေကာင္ေလးက မေနနိုင္မထိုင္နိုင္ ေနာက္လွည့္ၿပီး က်ယ္ယန္ကို စကားေျပာလာျပန္သည္။ ထို႔ေနာက္ က်ယ္ယန္၏ ေအးေဆးတည္ၿငိမ္ေနေသာ မ်က္ႏွာထားကို ေတြ႕လိုက္ရၿပီးေနာက္ သူ႕စကားမ်ားကို ျပန္မ်ိဳခ်လိဳက္ရေတာ့သည္။   “ ငါ မင္းကို အားေပးေနမယ္။ ”

က်ယ္ယန္ကလည္း ယဥ္ေက်းရိုက်ိဳးစြာျဖင့္ “ ေက်းဇူးပဲ ငါလည္း မင္းကို အားေပးေနမွာပါ။ ”

စတိတ္ေပၚ၌ အစီစဥ္တင္ဆက္သူ၏ ဖိတ္ေခၚသံႏွင့္အတူ ေလာင္ရွို႔ယူထြက္ေပၚလာၿပီး ဒိုင္စားပြဲက ထိုင္ခုံတြင္ ဝင္ထိုင္လိုက္ေခ်၏။ 

အစီအစဥ္အေျပာင္းအလဲအေၾကာင္းေျပာၿပီးေနာက္ ေဖ်ာ္ေျဖေရးအတြက္ ပထမဆုံးအဆိုေတာ္ တက္လာ၏။

အဆိုေတာ္ႀကီးတစ္ေယာက္အေနျဖင့္ က်န္းမင္၏ အင္အားက အလြန္ေကာင္းၿပီး သူမ၏ ဧည့္သည္အဆိုေတာ္ႏွင့္လည္း အတြဲညီၾကသည္။ လူႏွစ္ေယာက္၏ တြဲဖက္မႈက ၿပီးျပည့္စုံလ်က္ရွိကာ သီခ်င္းဆုံးသြားသည္ႏွင့္ ေလထုကလည္း ခ်က္ခ်င္းေႏြးေထြးသြား၏။

ေဝဖန္အကဲျဖတ္ေရးအပိုင္းသို႔ ေရာက္လာေတာ့ တျခားဒိုင္လူႀကီးမ်ားအားလုံးက ေလလုံးထြား ခ်ီးက်ဴးၾက၏။ ေလာင္ရွို႔ယူကသာ ေတးဂီတစာ႐ြက္ကိုၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္လ်က္ရွိသည္။  “ မေအာင္ျမင္ဘူး။ ”

အဆိုေတာ္ႀကီးက  ‘ ဒီလိုျဖစ္မယ္မွန္း ငါသိသားပဲ’ ဆိုသည့္ မ်က္ႏွာထားမ်ိဳး လုပ္ေနသည္။

ေလာင္ရွို႔ယူက သီခ်င္းေ႐ြးခ်ယ္ျခင္း၊ ျပင္ဆင္ျခင္းႏွင့္ သီဆိုျခင္းအသီးသီးမွာ ႀကဳံေတြ႕ရေသာ ျပႆနာမ်ားကို အညွာမတာ ေထာက္ျပလာ၏။ သူက အဆိုေတာ္ႀကီး၏ ဟန္လုပ္ဆိုေသာ သီခ်င္းဆိုစြမ္းရည္ကို အက်ဥ္းခ်ဳပ္ေဝဖန္ေပးကာ  ပေရာ္ဖက္ရွင္နယ္က်ေသာ အႀကံျပဳခ်က္တစ္ခ်ိဳ႕ ေပးလာ၏။

အဆိုေတာ္ႀကီးက အစီစဥ္တင္ဆက္သူကို ၾကည့္ကာ ေျပာလာ၏။  “ ယုံခ်င္ယုံ မယုံခ်င္ေန အခုေလးတင္ ငါသီခ်င္းဆိုတာကို သူ ေက်နပ္သြားတယ္။ ”

အစီစဥ္တင္ဆက္သူကလည္း ပူးေပါင္းေပးရွာ၏။  “ ယုံပါတယ္ဗ်ာ။ ဆရာေလာင္က လူေတြကို ခ်ီးက်ဴးခဲတယ္။ ”

ထို႔ေနာက္ ဒုတိယ၊ တတိယ၊ စတုတၳႏွင့္ ပၪၥမေျမာက္အဆိုေတာ္မ်ားက အလွည့္က် ေဖ်ာ္ေျဖဖို႔ စင္ေပၚတက္လာၾကသည္။

ေလာင္ရွို႔ယူ၏ ေဝဖန္ခ်က္မ်ားက ထက္ၿပီးရင္းသာ ပိုထက္လာေတာ့၏။ သူက လူတိုင္းကို မ်က္ႏွာသာမေပးေပ။ က်ယ္ယန္ကို စကားလာေျပာေသာ အသားလတ္လတ္ အဆိုေတာ္ေကာင္ေလးဆို ေလာင္ရွို႔ယူေၾကာင့္ ငိုသြားေသး၏။ ကံေကာင္းေထာက္မစြာပဲ မွတ္ခ်က္တိုင္း၏ အေနာက္တြင္ အဆိုေတာ္၏ ျပႆနာႏွင့္ပတ္သက္၍ အသုံးဝင္ေသာ အႀကံျပဳခ်က္မ်ားကိုလည္း ေပးေသးရာ ရိုက္ကူးေရးအေငြ႕အသက္က အရမ္း​ႀကီး မဆိုး႐ြားသြားေပ။

ေနာက္ဆုံးမွာေတာ့ က်ီဇယ္ေဟြ႕ႏွင့္ က်ယ္ယန္၏ စင္ေပၚတက္ရမည္အလွည့္ ေရာက္လာသည္။ အစီစဥ္တင္ဆက္သူ စကားေျပာေနစဥ္တြင္ က်ယ္ယန္ နားေနခန္းမွာ ထြက္လာခဲ့ၿပီး ဝန္ထမ္းတစ္​ေယာက္က သူ႕ကို က်ီဇယ့္ေဟြ႕ႏွင့္ ဆုံေစရန္ စတိတ္စင္ဝင္ေပါက္သို႔ လမ္းျပေခၚေဆာင္ေပးလာ၏။ 

က်ီဇယ့္ေဟြ႕၏အမူအရာမွာ တင္းမာလ်က္ရွိ၏။ က်ယ္ယန္ကိုျမင္တာႏွင့္ ႀကဳံေတာင့္ႀကဳံခဲ အားေပးစကားဆိုလာကာ က်ယ္ယန္ကို ေသခ်ာသီခ်င္းဆိုဖို႔ ေျပာလာ၏။ က်ယ္ယန္ ေခါင္းျပန္ညိတ္ျပကာ က်ီဇယ့္ေဟြ႕နား ကပ္သြားေလ၏။ ထို႔ေနာက္ အသံတိုးတိုးျဖင့္ က်ီဇယ့္ေဟြ႕ကို ေျပာလိုက္သည္။  “ ေလာင္ရွို႔ယူကို အထူးတလည္ ဖိတ္ၾကားခဲ့တာ ကြၽန္ေတာ္ေလ။ ”

က်ီဇယ္ေဟြ႕ ေနာက္သို႔ယိုင္က်သြားကာ မယုံၾကည္ဟန္ျဖင့္ က်ယ္ယန္ကို ေမာ့ၾကည့္လာသည္။ 

အစီစဥ္တင္ဆက္သူ စကားဆုံးတာႏွင့္ မီးေရာင္မ်ား လင္းလာ၏။ ပရိသတ္မ်ားက လက္ခုပ္တီးအားေပးၾကကာ ဝန္ထမ္းကလည္း က်ယ္ယန္ႏွင့္ က်ီဇယ္ေဟြ႕ကို စင္ေပၚတက္နိုင္ၿပီျဖစ္ေၾကာင္း အသိေပးလာသည္။

က်ယ္ယန္ က်ီဇယ္ေဟြ႕ႏွင့္ မ်က္လုံးခ်င္းစုံၾကည့္ကာ သတိေပးလိုသည္။  “ ဆရာက်ီ ကြၽန္ေတာ္က ေသခ်ာႀကိဳးစား သီခ်င္းဆိုၿပီး ဆရာ့ကို ဆြဲမခ်မိေအာင္ ႀကိဳးစားပါ့မယ္။ ”

က်ီဇယ့္ေဟြ႕ က်ယ္ယန္ကိုၾကည့္ေနရင္း သူ႕မိုက္ခရိုဖုန္းကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ကာ နဖူးမွာ ေခြၽးေတြ သိသိသာသာ စို႔လာရသည္။

“ ဆရာက်ီ ဆရာက်ယ္ စင္ေပၚတက္ဖို႔ အခ်ိန္က်ပါၿပီ။ ”

စိတ္ပိုင္းဆိုင္ရာ ဖိအားမ်ားေၾကာင့္ က်ီဇယ့္ေဟြ႕သည္ အသက္ျပင္းျပင္း ရႉသြင္းလိုက္ရသည္။ သူ႕မိုက္ခရိုဖုန္းကို တင္းတင္းဆုပ္လ်က္ စင္ေပၚသို႔ ဦးဆုံးေျခခ်ခဲ့၏။ က်ယ္ယန္က ၿပဳံးလ်က္သားျဖင့္ သူ႕အေနာက္မွ ကပ္လိုက္သြားသည္။ လူႏွစ္ေယာက္ စင္ေပၚေရာက္သြားတာႏွင့္ တီးဝိုင္းကလည္း စတင္တီးခတ္လာသည္။

ေဒါသလွိုင္းမ်ား ျပန္ျပင္ဗားရွင္း၏ ပဏာမတီးလုံးက အရမ္းစိတ္လႈပ္ရွားေကာင္းသည္။ က်ယ္ယန္က  A-အပိုင္းသီဆိုမႈအားလုံးကိုဆိုဖို႔ တာဝန္ယူထားသည္။  သူမိုက္ကိုျမႇောက္ကာ ဂီတသံႏွင့္ ပါဝင္ေပါင္းစပ္လိုက္ၿပီး အရင္ကလိုပဲ ၿပီးျပည့္စုံတည္ၿငိမ္စြာ ေဖ်ာ္ေျဖေလသည္။

ပရိသတ္မ်ားႏွင့္ ဧည့္သည္ေတာ္ဒိုင္မ်ားသည္ သီခ်င္းမွ ဖန္းတီထားေသာ ​​ခံစားခ်က္အတြင္းသို႔ အလ်င္အျမန္ ယူငင္ဆြဲေဆာင္ခံလိုက္ၾကရသည္။ သူတို႔အမူအရာမ်ားသည္လည္း သီခ်င္းႏွင့္လိုက္ၿပီး ေျပာင္းလဲလာသည္။

က်ယ္ယန္သည္ သီခ်င္းတစ္ပိုဒ္သီဆိုၿပီးတာႏွင့္ က်ီဇယ္ေဟြ႕ကို လွမ္းၾကည့္လိုက္သည္။

က်ီဇယ့္ေဟြ႕သည္ သီခ်င္းဆိုရန္ အက်င့္ပါေနသည့္အတိုင္း မိုက္ကိုျမႇောက္လိုက္ေသာ္လည္း သူ႕ဦးေႏွာက္ကေတာ့ ကေမာက္ကမျဖစ္လို႔ေနသည္။ က်ယ္ယန့္စကားမ်ားကို ႀကိဳးစားပမ္းစား အျပန္ျပန္အလွန္လွန္ ေတြးေတာၾကည့္ေနမိသည္။

က်ယ္ယန္က ေလာင္ရွို႔ယူကို တမင္တကာ ဖိတ္ခဲ့တာလား? က်ယ္ယန္က ေလာင္ရွို႔ယူနဲ႕ သိတယ္ ? က်ယ္ယန္က အႏုပညာအသိုင္းအဝိုင္းမွာ ဘာေက်ာက္ေထာက္ေနာက္ခံမွ မရွိတဲ့သူ မဟုတ္ဘူးလား  ?

သူ႕မ်က္လုံးမ်ားက မသိလိုက္မသိဘာသာပဲ စင္ေအာက္က ေလာင္ရွို႔ယူကို ၾကည့္မိေတာ့ ေလာင္ရွို႔ယူ မ်က္ေမွာင္ၾကဳတ္ေနတာကို သတိထားမိသြားသည္။ ထို႔ေနာက္မွာေတာ့ သူစိတ္သည္လည္း ကစဥ့္ကယားျဖစ္လို႔သြားရ၏။

မွားေနၿပီ ! က်ယ္ယန္က ေသခ်ာေပါက္ တက္သစ္စလူသစ္ေလးတစ္​ေယာက္ပဲ။ သူ႕အတြက္ ေလာင္ရွို႔ယူကို လႈပ္ရွားအသုံးခ်ေစဖို႔ဆိုတာ ဘယ္လိုလုပ္ ျဖစ္နိုင္မွာတုန္း။ က်ယ္ယန္က သူ႕ေဖ်ာ္ေျဖမႈကို လြမ္းမိုးၿပီး ေလာင္ရွို႔ယူ၊ ပရိသတ္ေတြနဲ႕ ဧည့္သည္ေတာ္ေတြအေရွ႕မွာ သူ႕ကို အရွက္ရေအာင္ တမင္စကားနာထိုး လႈံ႕ေဆာ္လိုက္တာပဲ ျဖစ္မယ္။

သူ က်ယ္ယန္ကို ေအာင္ျမင္ခြင့္မေပးနိုင္ဘူး ! သံၿပိဳင္ chorus ပိုဒ္ေရာက္လာေတာ့ က်ီဇယ့္ေဟြ႕ ေအးေအးေဆးေဆးပဲ ဆိုသြားသည္။ ပထမ  chorus ပိုဒ္ကို ေအာင္ေအာင္ျမင္ျမင္ သီဆိုသြားၿပီးေနာက္ က်ီဇယ္ေဟြ႕ စိတ္သက္သာရာရသြားသည္။ စုံတြဲသီဆိုမႈအပိုင္းသို႔ သီခ်င္းဆက္သြား၏။ က်ယ္ယန္သည္ ဒုတိယအပိုဒ္ကိုသီဆိုရန္ အခ်ိန္ကိုက္ မိုက္ခရိုဖုန္းကိုျမႇောက္လိုက္ေတာ့ သူ႕ေဖ်ာ္ေျဖမႈကလည္း အျပစ္အနာစာမရွိ ျပည့္စုံလို႔ေနဆဲပင္။

က်ီဇယ့္ေဟြ႕ကလည္း အလန့္တၾကားျဖစ္မသြားခဲ့ဘဲ ႀကိတ္​​ၿပီး ေလွာင္ရယ္လိုက္သည္။ မိုးေကာင္းကင္၏ အတိမ္အနက္ အျမင့္အက်ယ္ကို မသိေသာ ေကာင္ငယ္ေလးတစ္ေယာက္ကို သူ သင္ခန္းစာေပးသင့္ၿပီ။

ဒုတိယ သံၿပိဳင္ chorus အပိုဒ္ကိုေရာက္လာသည္ႏွင့္တစ္ၿပိဳင္နက္ က်ီဇယ့္ေဟြ႕၏ အရွိန္အဟုန္က ပိုမိုအားေကာင္းလာကာ စူးရွေတာက္ပ ဂုဏ္ယူဝင့္ႂကြားေနေသာ အမူအရာျဖင့္ အ​ျမင့္သံရွည္မ်ားကို ဆက္ကာဆက္ကာ သီဆိုေလေတာ့သည္။ သီခ်င္းမွ ဖန္တီးထားေသာ ေလထုသည္လည္း ခ်က္ခ်င္းလက္ငင္းကို ၿပိဳကြဲသြားရေခ်​ၿပီ။

က်ယ္ယန္ က်ီဇယ္ေဟြ႕ကို အံ့ၾသတႀကီး လွမ္းၾကည့္မိသြားသည္။ သူက က်ီဇယ့္ေဟြ႕၏ ခံစားခ်က္မ်ားကို ေႏွာင့္ယွက္႐ုံသက္သက္အတြက္ က်ီဇယ့္ေဟြ႕ကို ဆြေပးလိုက္႐ုံသာ။ ခံစားခ်က္ေတြ ေဖာ္ျပေပးဖို႔ လိုအပ္သည့္ chorus အပိုင္းတြင္ က်ီဇယ့္ေဟြ႕တစ္​ေယာက္ သူ႕ခံစားခ်က္မ်ားကို ပုံေဖာ္နိုင္မလားဆိုတာကို သူျမင္ခ်င္ခဲ့ပါ၏။ အခုေတာ့ က်ီဇယ့္ေဟြ႕ ႐ူးသြားၿပီလား။

နားဆင္သူ ပရိသတ္မ်ားသည္ သီခ်င္းမွဖန္တီးထားေသာ ပတ္ဝန္းက်င္ေလးတစ္ခုအတြင္းမွ ဆြဲထုတ္ခံလိုက္ရကာ သူတို႔အားလုံး ေၾကာင္အမွင္သက္ေနေသာ အမူအရာမ်ားေပၚေနၾကသည္။ ဧည့္သည္ေတာ္ ဒိုင္မ်ားမွာလည္း က်ီဇယ့္ေဟြ႕၏ ႐ုတ္တရက္ ကိုယ္ရည္ေသြးလိုက္သည့္စေကးေၾကာင့္ ၾကက္ေသေသသြားၾကၿပီး တစ္ေယာက္ကိုတစ္ေယာက္ လွည့္ၾကည့္လိုက္ၾကသည္။ တီးဝိုင္းကေတာင္ သူ႕အျမင့္သံသူ ဆြဲျမႇင့္ေနေသာ က်ီဇယ့္ေဟြ႕ကို လိုက္ကာမေပးနိုင္ေတာ့။

က်ီဇယ့္ေဟြ႕ကမူ ၎တို႔ကို နားမလည္ဘဲ ယုံၾကည္မႈအျပည့္ျဖင့္ ႐ူးသြပ္မူးေဝလ်က္ရွိသည္။

ဒုတိယ သံၿပိဳင္ chorus အပိုင္းၿပီးေတာ့ အလြန္ျပင္းထန္သည့္ တီးလုံးသံအပိုင္းေရာက္သြားသည္။ က်ီဇယ္ေဟြ႕ ဖ်က္စီးခဲ့ေသာ သီခ်င္း၏ေလထုသည္လည္း အေတာ္အတန္ ျပန္လည္႐ုတ္ေလ်ာ့သြား၏။

ေနာက္ဆုံးမွာေတာ့ အဆုံးသတ္ choru ပိုဒ္ေရာက္လာသည္။ ၎က က်ီဇယ့္ေဟြ႕ႏွင့္ က်ယ္ယန္တို႔၏ သံၿပိဳင္ chorus ပဲျဖစ္သည္။ က်ယ္ယန္က ပုံမွန္အတိုင္း ေဖ်ာ္ေျဖသြားေသာ္လည္း က်ီဇယ့္ေဟြ႕က က်ယ္ယန့္ကို ႏွိပ္ကြပ္လိုဟန္ျဖင့္ ေလးနက္ေသာအမူအရာႏွင့္တကြ သူ႕အသံကို တမင္ျမႇင့္ပစ္လိုက္သည္။ ဤသည္က က်ီဇယ္ေဟြ႕၏ က်ယ္ေလာင္စူးရွၿပီး ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္ေနပါေသာ ေဖ်ာ္ေျဖမႈပါတကား။

စင္ေအာက္က ေလာင္ရွို႔ယူသည္ သိသိသာသာ ျပင္းထန္စြာ မ်က္ေမွာင္ၾကဳတ္လိုက္ေလ၏။

က်ယ္ယန္သည္ သီခ်င္းအေငြ႕အသက္ကို လြင့္ထြက္မပ်က္စီးသြားေစရန္ က်ီဇယ့္ေဟြ႕အသံကို လိုက္ဖုံးဖို႔ ႀကိဳစားပါေသာ္လည္း က်ီဇယ့္ေဟြ႕က သူ႕အသံသူ မထိန္းခ်ဳပ္နိုင္ေတာ့ပုံပင္။ တစ္ေလွ်က္လုံး အျမင့္သံကိုခ်ည္း သီဆိုေနသည္မွာ ေနာက္ဆုံးစာေၾကာင္းကိုေတာင္ ေက်ာ္သြားလုမတတ္ျဖစ္သြားသည္။

က်ယ္ယန္ , “…”     သူက က်ီဇယ့္​ေဟြ႕ကို နာနာခံခတ္ျဖစ္သြားေစခ်င္႐ုံေလးေပမဲ့ ဒီေလာက္ထိ ႀကီးႀကီးက်ယ္က်ယ္ ျဖစ္သြားဖို႔ မေမွ်ာ္လင့္ထားခဲ့ေပ။

သီခ်င္းၿပီးသြားသည့္တိုင္ ပရိသတ္မ်ား၏ လက္ခုပ္သံမ်ားက ေႏြးေထြးမႈလည္းမရွိ၊ အားေပးခ်ီးက်ဴးမႈတို႔လည္း မပါဝင္ခဲ့ပါ။ ရိုက္ကူးခြင္တစ္ခုလုံး အိုးတိုးအန္းတန္း ရွက္႐ြံမဖႈမ်ားျဖင့္ ျပည့္ႏွက္လ်က္။

အစီစဥ္တင္ဆက္သူက စင္ေပၚတက္လာၿပီး က်ီဇယ့္ေဟြ႕ကို စိတ္ရႈပ္စြာျဖင့္ ၾကည့္၏။ ထို႔ေနာက္ သြယ္ဝိုက္၍ ေမးလာသည္။    “ ဒါက အရမ္းထူးျခားတဲ့ ေဖ်ာ္ေျဖမႈပါပဲ။ ဆရာက်ီ ဆရာ့ရဲ႕ ဒီေန႕သီခ်င္းဆိုတဲ့ပုံစံက အရင္ ရီဟာဇယ္တုန္းကနဲ႕ မတူဘူးေနာ္။ ခဏတြင္းခ်င္း အိုင္ဒီယာအသစ္ရသြားလို႔လား။ ”

က်ီဇယ္ေဟြ႕ကေတာ့ သူ႕ေဖ်ာ္ေျဖမႈက အရမ္းေကာင္းသည္ဟု ခံစားမိကာ ျပန္ေျဖလိုက္သည္။  “ ေသခ်ာေပါက္ အိုင္ဒီယာအသစ္ပဲေပါ့။ ဒီလိုသီခ်င္းဆိုတဲ့ပုံစံက ခံစားခ်က္ေတြကို ပိုထုတ္ျပနိုင္တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ”

အစီစဥ္တင္ဆက္သူမွာ ေျပာစရာစကားမရွိေတာ့။ သူက စကားနည္းနည္းေျပာၿပီးတာႏွင့္ ထိုကိစၥကို ဒိုင္မ်ားထံသို႔ လက္လႊဲေပးလိုက္သည္။ ဒိုင္မ်ားကလည္း က်ီဇယ့္ေဟြ႕အေနာက္က ကုမၸဏီကို အေရးထားရေသးတာေၾကာင့္ က်ီဇယ့္ေဟြ႕ကို မေဝဖန္ဝံ့ေပ။ သို႔တိုင္ သူ႕ကို ဘယ္လိုခ်ီးက်ဴးေပးရမွန္းလည္း မသိၾက။ ဤသို႔ျဖင့္ သီခ်င္းျပင္ဆင္မႈအပိုင္းကိုသာ ခ်ီးက်ဴးၾကေတာ့၏။

က်ီဇယ့္ေဟြ႕ မိုက္ကို တင္းတင္းဆုပ္လိုက္မိသည္။

ေနာက္ဆုံးမွာေတာ့ တျခားဒိုင္မ်ားအလွည့္ၿပီး၍ ေလာင္ရွို႔ယူတစ္ေယာက္သာ ဘာမွမေျပာရေသးဘဲ က်န္ေနခဲ့၏။ အစီစဥ္တင္ဆက္သူက ေလာင္ရွို႔ယူကို တည့္တိုးပဲ ေမးလိုက္၏။ က်ီဇယ့္ေဟြ႕သည္ မသိစိတ္အရ အလိုလို ခါးမတ္သြားမိသည္။

ေလာင္ရွို႔ယူက ေဒါသလွိုင္းမ်ား ျပန္ျပင္ဗားရွင္း၏ ေတးသြားကိုခ်လိဳက္၏။  “ ဒီသီခ်င္းရဲ႕ ျပင္ဆင္မႈက လိုက္ေလ်ာညီေထြျဖစ္ၿပီး အရမ္းေကာင္းေပမဲ့လည္း သီခ်င္းဆိုတာကေတာ့ အရမ္းအရမ္းကို ဆိုး႐ြားလြန္းတယ္။ က်ီဇယ့္ေဟြ႕  မင္း သီခ်င္းေရာ ဆိုခဲ့ရဲ႕လား။ ”

ထိုစကားက တိတ္ဆိတ္မႈတို႔ ႀကီးစိုးသြားေစသည္။

ေလာင္ရွို႔ယူ၏စကားမ်ားက စက္ေသနတ္အလား။   “ ေျခာက္တီးေျခာက္ကပ္နဲ႕ အသံေသႀကီးရယ္၊ ခံစားခ်က္မပါတဲ့ သီဆိုမႈရယ္၊ နားလည္ေပးလို႔မရနိုင္တဲ့ ကိုယ္ရည္ေသြး သီခ်င္းသံရယ္၊ အျမင့္သံအကူးအေျပာင္းနဲ႕ ၿပီးေတာ့ သီခ်င္းက ပ်က္လုနီးပါးပဲ။ က်ယ္ယန္က မင္းရဲ႕ သီခ်င္းေနာက္ခံဆိုတဲ့သူ။ မင္းကို ဟာမိုနီကူလိုက္ေပးေနတာ။ ဘာလို႔ သူ႕အသံကို ဖိခ်င္ရတာလဲ။ သီခ်င္းတစ္ပုဒ္လုံးက ႏွစ္မ်ိဳးႏွစ္စား ကြဲေနၿပီ။ က်ယ္ယန္က ေဒါသလွိုင္းမ်ားသီခ်င္းကို ဆိုေနတာ။ မင္းကက် ဘာဆိုေနတာလဲ။ အူေနတာလား။  ”

က်ီဇယ့္ေဟြ႕ ေဒါသေထာင္းခနဲထြက္သြားကာ ျပန္ေခ်ပ၏။   “ မာစတာေလာင္ရွို႔ယူ။ ဘာမွမအူဘူးဗ်။ ခင္ဗ်ား တကယ့္ကို ဟာသေျပာတတ္တာပဲ။ ”

“ ငါ ဟာသ​ေျပာေနတာမဟုတ္ဘူး။ ” ေလာင္ရွို႔ယူအသံက ပိုမိုေလးနက္သြား၏။  “ မင္းက မင္းအသံနဲ႕ က်ယ္ယန္ရဲ႕လိုက္ေလ်ာညီေထြ သီခ်င္းျပင္ဆင္မႈကိုလည္း ျဖဳန္းတီးပစ္လိုက္တယ္။ ငါတို႔ေနာက္ဆုံးဆုံခဲ့တဲ့အခ်ိန္နဲ႕ယွဥ္ရင္ မင္းရဲ႕ သီခ်င္းဆိုအရည္အခ်င္းနဲ႕ ခံစားခ်က္ပုံေဖာ္စြမ္းရည္ေတြက ပိုၿပီးက်ဆင္းသြားၿပီ။ ပြဲဦးထြက္စတုန္းက မင္းရဲ႕အေစာပိုင္းလက္ရာေတြကို ငါျမင္ဖူးပါတယ္။ အဲ့ဒီအခ်ိန္တုန္းက မင္းက ယုံၾကည္ခ်က္ရွိၿပီး သီခ်င္းဆိုရင္လည္း ခံစားခ်က္အျပည့္ပဲ။ ဒီအဆင့္မ်ိဳးအထိ မင္းကိုယ္မင္း သုံးစားလို႔မရေအာင္ ဘယ္လိုလုပ္လိုက္သလဲဆိုတာ ငါ့ျဖင့္ နားကို မလည္ေတာ့ဘူး။ က်ီဇယ့္ေဟြ႕ စိတ္ၿငိမ္ၿငိမ္နဲ႕ မင္းကိုယ္မင္း ျပန္သုံးသပ္​ၾကည့္ဖို႔ အခ်ိန္တန္ၿပီ။ ”

━━━━━━━━━━━━━━━━━━━━━━━












Continue Reading

You'll Also Like

246K 36.7K 88
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
839K 39.4K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
436K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
882K 59.3K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)