Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.2K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

32

2.4K 423 50
By callme__kitty

[Unicode]

'ရထားတွဲလေးရဲ့လက်မှတ်ရောင်းသူ'

ဝမ်ချောင်မှာ ရှဲ့ကျူရှင်းနှင့် ယန်ကျားကျား အတူတူမတ်တပ်ရပ်နေတာကို မြင်လိုက်ကတည်းက ဒေါသထွက်နေပြီးဖြစ်သည်။ သူတို့ပြောနေတဲ့အကြောင်း အနည်းငယ်မျှကြားပြီးနောက် ရှဲ့ကျူရှင်းရဲ့ သူမအပေါ် ဆက်ဆံတာများ ပြန်နူးညံ့ပျော့ပြောင်းသွားတာကို တွေ့လိုက်ရချိန် ပိုလို့တောင်ဒေါသထွက်သွားရတော့သည်။

သူ ဒေါသပေါက်ကွဲသွားပြီး ရှောင်ရှဲ့ကို ဆူငေါက်မိသွားသည်။ ဒါကလည်း ရှောင်ရှဲ့ကောင်းစေရန်သာ။

သူ့စိတ်ထဲတော့ သူ့ဒေါသထွက်ခြင်းက ဖြစ်သင့်တဲ့ကိစ္စဟု ခံစားမိနေသည်။

သို့ပေမယ့် ရှဲ့ကျူရှင်း တစ်ဖက်လှည့်ထွက်သွားမလိုလုပ်ချိန် ဝမ်ချောင်မှာ ဘယ်သူမှားလဲဆိုတာတောင် ဂရုမစိုက်နိုင်တော့။ ထိုအစား လူကိုသာ အနားမှ မထွက်ခွါသွားဖို့ အပြေးခုန်အုပ်လိုက်မိသည်။

ဝမ်ချောင့်စကားလုံးများက ပြင်းထန်လွန်းလှတာမို့ ရှဲ့ကျူရှင်း တကယ်ကို နည်းနည်းလေးဒေါသထွက်မိပေမယ့် သူ့ကို ဒီလိုမျိုး အရှက်မရှိ ခိုတွယ်ထားတာ မြင်ချိန်မှာလည်း ဆက်ပြီးဒေါသမထွက်နိုင်တော့။

ထို့အပြင် သူတို့က အပြင်မှာပဲရှိသေးသည်။ ဒီလိုမျိုးကို အခြားသူမြင်သွားရင်လည်း မကောင်းလှတာမို့ ရှဲ့ကျူရှင်း ပြောလိုက်သည်။ "မင်း အရင်ဆင်းလိုက်။"

ဝမ်ချောင် ငြင်းဆိုသည်။ "မင်း ဒေါသ မပေါက်ကွဲဘူးဆိုမှ ငါ ဆင်းမယ်။"

ရှဲ့ကျူရှင်း : "..." 'ဘယ်သူက ဒေါသပေါက်ကွဲနေလို့လဲ။'

ဝမ်ချောင်လည်း ရှဲ့ကျူရှင်း အခုနကလောက် ဒေါသမထွက်တော့မှန်း ခံစားမိတာမို့ ဖြည်းဖြည်းချင်း ပြန်ဆင်းလာလိုက်သည်။

ရှဲ့ကျူရှင်းလည်း တစ်ဖက်ပြန်လှည့်လာပြီး သူတို့ တစ်ယောက်ကိုတစ်ယောက် ခဏမျှကြည့်နေမိကြသည်။

ဝမ်ချောင်က မတရားခံနေရပုံပေါ်သည်။

ရှဲ့ကျူရှင်းကတော့ သူ့ကိုရိုက်ချင်နေ၏။

ဝမ်ချောင်ကတော့ အပြစ်တင်ချက်ပေါင်းများစွာပြောလာသည်။ "အင်တာနက်ပေါ်မှာ မင်းကို ရုပ်ဆိုးတယ်လို့ ပြောတုန်းကတောင် မင်း ဒေါသမထွက်ဘူး။ ငါ မင်းကို တစ်ခွန်းနှစ်ခွန်းပဲ ပြောလိုက်တာ၊ မင်းက ငါ့အပေါ် ဒေါသထွက်သွားတယ်ပေါ့။ ငါတို့ ရင်းနှီးမှုအတွက် နမ်းခဲ့သမျှက အရာရာ အလကားပဲလား။"

သူက သူ့စကားတွေ ဘယ်လောက်ပြင်းထန်သွားလဲဆိုတာကိုတောင် မေ့နေပြီး ရှဲ့ကျူရှင်း သူ့အပေါ် ဒေါသထွက်သွားခြင်းကိုသာ မှတ်မိနေတော့သည်။

ရှဲ့ကျူရှင်း ခပ်ပြတ်ပြတ်ပြန်သတိပေးလိုက်သည်။ "ငါ့လာမနမ်းနဲ့။ အခြားသူသာ သွားနမ်း။ ငါက နံရံကောင်းကောင်းတစ်ခု ဆောက်နိုင်မှာ မဟုတ်တဲ့ရွှံ့ပဲ မဟုတ်လား။

ဝမ်ချောင် ကြောင်အသွားရသည်။ "ငါ မင်းကို အဲ့လိုပြောလိုက်မိလို့လား။"

ရှဲ့ကျူရှင်း သူ့ကို ထပ်ရိုက်ချင်လာပြန်သည်။

ဝမ်ချောင် နည်းနည်းနောင်တရသလိုခံစားရသွားပေမယ့် သူ့အမှားကိုလည်း ဝန်မခံချင်။ "ငါ အဲ့လိုပြောခဲ့ရင်တောင် မင်းကလည်း အဖွဲ့ကွဲမယ့်အကြောင်း ရုတ်တရက်ကြီး ထပြောဖို့ မလိုဘူးလေ။ အဖွဲ့ကွဲတာက ပြဿနာကြီး မဟုတ်ဘူး! ငါလည်း ဒီအဖွဲ့ကို ဂရုမစိုက်ဘူး၊ ဒါပေမယ့် မင်း သူတို့ရှေ့မှာ ပြောလို့မရဘူးလေ။ မင်းက သူတို့အားလုံးထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံး။ သူတို့တွေက ထုတ်မပြပေမယ့် ရင်ထဲမှာတော့ မနာလိုနေကြတဲ့လူတွေကြီး။ သူတို့အရှေ့မှာ 'အဖွဲ့ကွဲတာပေါ့' လို့ သွားပြောတာ၊ မင်း ရူးနေတာလား။"

ရှဲ့ကျူရှင်း : "..."

'ဒီအရူးကောင်'

ဝမ်ချောင်ဆိုသူက ဘယ်တော့မှတွေးပူနေခြင်းမျိုး မရှိ။ ဘယ်အရာကိုမှ ကျိုးကြောင်းမကြည့်၊ အလေးမထားသလောက် သူ့အပေါ်လည်း လူတိုင်းထက် ဂရုစိုက်တတ်သေးသည်။

ထိုသူက တကယ်ကို ရူးအလျက် အရှက်မရှိသလို စိတ်ရှုပ်ဖို့လည််းကောင်းလှပေမယ့် ကြည့်လေလေ မျက်စိထဲ အမြင်အေးလေလေဖြစ်လာပြီး အတူတူရှိနေရတဲ့စက္ကန့်တိုင်းမှာ သူ ပိုလို့ ပိုလို့စွဲမက်လာတော့သည်။

ဝမ်ချောင် သူ့လက်မောင်းကို ဖြည်းဖြည်းချင်းလှုပ်ခါလျက် အသနားခံသလိုပြောလာသည်။ "မင်း စိတ်တိုနေတုန်းလား။ စိတ်မတိုပါနဲ့တော့။ မင်းကြည့်၊ ငါတောင် မင်းကို စိတ်မတိုတော့ဘူးလေ။"

ရှဲ့ကျူရှင်းရဲ့အသံလည်း ပျော့ပြောင်းလာပြီး ပြန်ပြောလိုက်သည်။ "မင်းက ဘာအတွက် စိတ်ဆိုးရတာလဲ။ ငါ့ပိုက်ဆံငါ ချေးလိုက်တာကို မင်းက ဘာလို့ စိတ်တိုနေတာလဲ။"

သဝန်တိုခြင်းဆိုတာ သဘောမပေါက်သေးတဲ့ ဝမ်ချောင်ကတော့ ယုံကြည်မှုရှိရှိပြန်ပြောလေသည်။ "မင်းကောင်းဖို့အတွက်ပဲလေ၊ မဟုတ်ဘူးလား။"

ရှဲ့ကျူရှင်းမှာ သူ့ရဲ့ရိုးအမှုကြောင့် စိတ်တိုရသလို တစ်ချိန်တည်းမှာပင် ကျေနပ်သွားသလိုခံစားနေရ၏။ "မင်းက တကယ်ဒရမ်မာကွင်းပဲ။"

အတော်လေးရိုင်းပျတဲ့စာကြောင်းဖြစ်ပေမယ့် ထိုစကားတစ်ခွန်းမှတစ်ဆင့် ရင်းနှီးမှုတစ်ခုစီးဝင်လို့နေမှန်း သူတို့နှစ်ယောက်လုံး ခံစားမိနေကြသည်။

သူတို့နှစ်ယောက် ပြန်အဆင်ပြေသွားကြပြီး တစ်ယောက်ပခုံးပေါ် တစ်ယောက်လက်တင်လျက် ဘာမှမဖြစ်ခဲ့ကြသလို အဝတ်လဲခန်းအတွင်းသို့ ပြန်ဝင်သွားလိုက်သည်။

အဖွဲ့သားများလည်း အတူပူးပေါင်းပေးလာကာ အကုန်လုံး အတိတ်မေ့ရောဂါရထားသလို ဘယ်သူကမှ ခုနကအဖြစ်အပျက်များကို ပြန်မပြောလာကြ။ 

လျန်ရှီးအတွက် သူ့ခွေးများဖြင့် နှစ်ရက်မျှ လမ်းလျှောက်ပေးပြီးနောက်မှာတော့ ဝမ်ချောင်နှင့် ရှဲ့ကျူရှင်း သူ့အဖွဲ့သားများနှင့်အတူ ချန်းရှသို့ ထွက်ခွါသွားတော့သည်။

Variety show ရိုက်ကူးရေးက အဆင်ပြေပြေပြီးသွားပေမယ့် show ပွဲ အလယ်ပိုင်း၌ အပြောင်းအလဲလေးတစ်ခု အနည်းငယ်မျှဖြစ်သွားခဲ့သည်။

IceDream က အခုမှ ပွဲဦးထွက်ထားတာဖြစ်ပြီး Variety show ကို ရောက်လာခြင်းကလည်း ဒါပထမဆုံးဖြစ်တာမို့ Show ဘက်မှလည်း သူတို့ Rating အခြေအနေကို စိုးရိမ်နေကြသည်။ သို့်နှင့် သူတို့က အချိန်စာရင်း အားလပ်နေသည့် ပီယာနိုဆရာလေးတစ်ယောက်ကို show သို့ ဖိတ်ထားပြီး IceDream နှင့်အတူ Variety show ရိုက်ဖို့ စီစဉ်ထားတော့သည်။

ပီယာနိုသမားလေးက သိမ်သိမ်မွေ့မွေ့နှင့် အိုင်ဒေါအဖွဲ့က မြူးကြွလို့နေပေမယ့် သူတို့တွေအချင်းချင်း ပနံသင့်နေသလိုပင်။

တစ်ခုတည်းသောပြဿနာက စင်ပေါ်တွင် IceDream ရဲ့ ကိုယ်ပိုင်အရည်အချင်းထုတ်ပြရာ၌ ဝမ်ချောင်က ပုံမှန်ဆို ပီယာနိုတီးပြရမှာဖြစ်ပေမယ့် ဒီလိုနာမည်ကျော်ရှိနေသည့်အချိန် တီးပြရခြင်းက ရှက်စရာကောင်းနေသည်။

လေ့ကျင့်နေချိန်အတော်အတွင်း ဝမ်ချောင်က ရှဲ့ကျူရှင်း အမြင့်ခုန်ဂိမ်းအတွက် လေ့ကျင့်နေတာကို ထိုင်ကြည့်နေသည်။ သူက 1.7 m အထိ ခုန်ပြီးပြီဆိုပေမယ့် အားမစိုက်ထုတ်ရသေးသလို ပေါ့ပါးနေဆဲ။ ဝမ်ချောင်လည်း ဘေးမှ လေချွန်၍အားပေးနေတော့သည်။

သူတို့ခြောက်ယောက်လုံး အကုန်ပျော်ရွှင်နေပေမယ့် ဒါရိုက်တာက အခြေအနေအကြောင်း ရုတ်တရက် ရှင်းပြ၍ မေးလာသည်။ "Leo မှာ အခြားအရည်အချင်းရော ရှိသေးလား။"

အဖွဲ့သားတွေအကုန်လုံး သူတို့ခေါင်းဆောင်ဖြစ်သူ ထသောင်းကျန်းမှာကို ကြောက်နေမိတော့သည်။

ထင်ထားသည့်အတိုင်း ဝမ်ချောင်က သူ့မျက်နှာသူ ပွတ်၍ပြောလာသည်။ "ဒါဆိုလည်း ဘာလို့ မင်းတို့တွေ ငါ့ကို စောစောမပြောလဲ။"

ရှဲ့ကျူရှင်း ဝမ်ချောင် ပြဿနာရှာမှာကို မလိုလားတာမို့ အလျင်စလို အနားဆွဲခေါ်ထားလိုက်ရသည်။ တကယ်တော့ သူလည်း မကျေနပ်နေ။ သူတို့ရဲ့လေ့ကျင့်ချိန်ပြီးခါနီးမှ အသိပေးခြင်းက Variety Show ဘက်မှ လူသစ်လေးများကို အလေးမထားကြောင်းပေါ်လွင်နေသည်။

သူတို့ကို လာအသိပေးတဲ့ဒါရိုက်တာလေးက အသက်အရမ်းငယ်ပုံပေါ်ပြီး ရှက်ရွံ့စွာတောင်းပန်၍ ပြောလာသည်။ "ကိစ္စတွေက ဒီလိုဖြစ်နေပြီပဲ။ အခြားအရည်အချင်းတစ်ခုကို မြန်မြန်ပြောင်းရအောင်လေ။"

အဖွဲ့သားများ စိတ်မပူဘဲ မနေနိုင်တော့။ ဝမ်ချောင် ပီယာနိုသာ တီးခွင့်မရရင် သူ ဘာလုပ်နိုင်မှာတဲ့လဲ။

"ဒါဆိုလည်း ငါ တယောတီးမယ်။" ဝမ်ချောင်က စိတ်မရှည်တော့သလိုပြောလာသည်။ "ငါ့ကို တယောကောင်းကောင်းရှာပေး။ မကောင်းရင် ငါ မတီးဘူး။"

ဒါရိုက်တာလည်း သဘောတူပေးပြီး အရည်အသွေးကောင်းတဲ့တယောတစ်လက် ပြေးရှာတော့သည်။

ရှဲ့ကျူရှင်း သံသယများဖြင့်မေးလိုက်သည်။ "မင်း တယောတီးတတ်တယ်ပေါ့?"

ဝမ်ချောင် : "ငါ့မှာ အပျော်တမ်းကစားသမား Level 11 အောင်လက်မှတ်ရှိတယ်။"

အဖွဲ့သားများ : "..." 'သူ အဲ့အောင်လက်မှတ်ကို ဘယ်လောက်ပေးပြီး ဝယ်ခဲ့တာလဲ။'

ဒါရိုက်တာက တယောတစ်လက် အလျင်အမြန်ယူလာပြီး ဝမ်ချောင် လှမ်းယူကာ နေရာချိန်ညှိယူပြီးမှ ပြန်ချ၍ ထင်းရှူးဆီအချို့တောင်းဆိုလာသည်။

ထင်းရှူးဆီ ယူလာပေးချိန် သူက တယောထိုးသံအပေါ် သုတ်ချလိုက်သည်။ ထိုသို့သုတ်နေရင်း တယောရဲ့အရည်အသွေးကို မကြိုက်ကြောင်းလည်း ပြောနေသည်။ "စျေးပေါပေါတယောတွေ ရှာမလာပါနဲ့ဆိုတာကို ဒီလိုအမှိုက်သာသာကို ငါ့လာပေးတယ်။ ဒါရိုးရိုးအထပ်သားနဲ့ လုပ်ထားတဲ့တယောကြီး၊ မင်းတို့ TV station က အဲ့လောက်ပိုက်ဆံမရှိတာလား။"

သူ့အဖွဲ့သားများရဲ့သံသယမျက်ဝန်းများကို တွေ့ချိန် ဒါရိုက်တာလည်း ဝမ်ချောင်ရဲ့ယုံကြည်ချက်ခိုင်မာနေမှုက ကြွားဝါယုံသက်သက်ပဲလားဟုတောင် အတွေးဝင်လာတော့သည်။

နောက်ဆုံး သူ ထင်းရှူးဆီသုတ်ပြီးသွားတာနှင့် တစ်ဖန်ထပ်လို့ ကိုယ်ဟန်အနေအထားပြင်လေသည်။ သူ ကြိုးဆွဲ၍ စတင် မတီးခင် ရှဲ့ကျူရှင်းကို မျက်ဝန်းထောင့်မှကြည့်၍ မေးလိုက်သည်။ "မင်း ဘာနားထောင်ချင်လဲ။"

ရှဲ့ကျူရှင်းက နာမည်ကျော်တယောသံစဉ်များကို မသိလှ။ ထို့အပြင် သူ ဝမ်ချောင့်ရဲ့လုပ်နိုင်စွမ်းကိုပါ သံသယဖြစ်နေသေးတာမို့ မဝံ့မရဲနှင့်ပြောလိုက်တော့သည်။ "'The Butterfly Lovers' ဆိုရင်ရော?"

ဝမ်ချောင် သူ့ကိုပြုံးပြလာသည်။ "ဟုတ်ပြီ။"

တယောထံမှ သံစဉ်များ စီးဆင်းထွက်လာပြီး တစ်ခါတစ်ရံ ပျော်ရွှင်ဖွယ်အတိ၊ တစ်ခါတစ်ရံလွမ်းဆွတ်ဖွယ်များဖြင့် သံစဉ်များအားလုံး အတူစီးယှက်လို့ လိပ်ပြာချစ်သူဆိုတဲ့ ရင်းနှီးနေကြတေးလုံးသံလေး ထွက်ပေါ်လာတော့သည်။

ဝမ်ချောင်က အတိုချုန်းတစ်ကြော့မျှတီးပြီးတာနှင့် ရပ်တန့်လိုက်သည်။

သူ့အဖွဲ့သားများလည်း အလွန်အမင်းအံ့အားသင့်နေလျက် လက်ခုပ်တီးပေးလာကြသည်။

ဝမ်ချောင် ဝံ့ကြွားကြွားနှင့်ပြောတော့သည်။ "ငါ မင်းတို့ကို နောက်ထပ်တစ်ပုဒ် တီးပြပေးမယ်။ လက်ဆောင်အနေနဲ့ပေါ့။ ဘာနားထောင်ချင်ကြလဲ။"

ချန်းယောင့် သူ့ကို 'Summer Ice' သီချင်း တီးပြဖို့ ချော့မော့ပြောလိုက်ပြီး ကီးအချို့နှင့် chorus နှစ်ပိုဒ် တီးကြည့်ပြီးနောက် ဝမ်ချောင့်စိတ်အားထက်သန်မှုများ ပျောက်ဆုံးသွားတော့သည်။ သူ ဒါရိုက်တာထံသို့ တယောပြန်ပေး၍ပေးလိုက်သည်။ "မနက်ဖြန် live ကျမှပဲ ထပ်တီးပြမယ်။ ငါ့လက်မောင်းတွေ နာနေပြီ။"

ဒါရိုက်တာလည်း တယောပြန်ယူပြီး ကျေနပ်မှုအပြည့်ဖြင့် ထွက်သွားတော့သည်။

ဝမ်ချောင် ရှဲ့ကျူရှင်းပခုံးကို တို့ထိလျက် အသိပြန်ဝင်စေသည်။ "ဘာဖြစ်တာလဲ။ ဘာလို့ မင်း ငေးကြောင်နေရတာလဲ။"

ရှဲ့ကျူရှင်း : "..."

သူ့မျက်လုံးထဲတွင် ဝမ်ချောင်က ဘလင်းဘလင်းအရောင်များဖြင့် လင်းလက်တောက်ပနေသည်။ သူက ရုပ်ရည်လည်းချောသည်၊ ကြော့ရှင်းပြီး အနည်းငယ်မျှချစ်ဖို့ကောင်းလှသည်။

ဒီလိုတွေးနေပေမယ့်လည်း ရှဲ့ကျူရှင်း ဝမ်ချောင်ကို သိပ်မမြှောက်ချင်။ သူက ရိုးရှင်းတဲ့ချီးကျူးမှုလေး တစ်ခုနှစ်ခုနှင့်တောင် လေပေါ်တက်တော့မတတ်ပင်။ "မင်း တကယ်တီးတတ်လိမ့်မယ်လို့ ငါ မထင်ထားဘူး။"

ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဝမ်ချောင် သူ့အနားကပ်လာပြီး တိုးတိုးပြောပြသည်။ "ငါ မင်းကိုမို့ပြောပြတာ။ ဘယ်သူ့ကိုမှ သွားမပြောနဲ့။ ပြောရရင် အရှည်ကြီးပဲ။ ငါ ငယ်ငယ်တုန်းက ဟာ့ကျိက ငါ့လက်ချောင်းတွေ ရှည်တယ်ဆိုပြီး ပီယာနို အတင်းသင်ခိုင်းတယ်။ သူ ပီယာနိုဝယ်ဖို့ ဆိုင်ထဲဝင်သွားပေမယ့် အဲ့ဆိုင်မှာ တယောက စျေးချထားတယ်လေ။ သူ မနေနိုင်ဘဲ အဲ့တယောကိုပါ ဝယ်ခဲ့ရော။ ငါ့အဖေက သူ ပိုက်ဆံအရမ်းဖြုန်းတယ်လို့ ပြောတော့ ငါ့ကို ဓားစာခံ လုပ်သွားတယ်လေ။ ငါက ဝယ်ချင်တာဆိုပြီး။ ငါ့အဖေက ငါ့ကို တယောအတွက်ပါ သင်တန်းအပ်ပေးလာရော။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာမှာ ပီယာနို။ အင်္ဂါ၊ ကြာသာပတေး၊ စနေမှာ တယော။"

ရှဲ့ကျူရှင်း : "..." 'ရပြီ။ ဘလင်းဘလင်းတွေ ပြန်ပိတ်လိုက်တော့။'

Program ရိုက်ကူးပြီး ပေ့ကျင်းပြန်ရောက်တာနှင့် အမျိုးသားနေ့လည်း နီးကပ်လာပြီမို့ သူတို့အကုန် နားရက် မရတော့။ အဖွဲ့သစ်လေးဖြစ်တဲ့အလျောက် သူတို့ အောင်မြင်မှုဆိုတာ အဖူးအညွှန့်ထွက်ကာစလေးဖြစ်ပြီး မတည်ငြိမ်လှသေး။ သူတို့ဖြစ်တည်မှုကို တည်တည်ငြိမ်ငြိမ်ဖြစ်လာအောင် လူထုအကြား တစ်ဖန်ပြန်ဖျော်ဖြေပြရဦးမှာဖြစ်၏။

အောက်တိုဘာ တစ်ရက်နေ့တွင် အားကစား Brand ကြော်ငြာကလည်း တီဗွီနှင့် online media ပေါ်တွင် တရားဝင်ပြသလာသည်။ Variety show ကလည်း ပိတ်ရက်အပတ်အတွင်း ထုတ်လွှင့်ပြသခဲ့တာမို့ IceDream အဖွဲ့က Fan အများကြီး ဆွဲဆောင်မိတော့သည်။

Variety Show မှ ရလာတဲ့ Fan အများစုတွင် အကောင်းဆုံးဖျော်ဖြေမှုပေးထားသည့် Tomas ရှဲ့အပြင် ပီယာနိုရော တယောပါ တီးတတ်တဲ့ Leo က မြင်းနက်တစ်ကောင်လိုပေါ်ထွက်လာကာ Fan အများစုကို စုစည်းမိသွားတော့သည်။ ထို့အပြင် သူတို့နှစ်ယောက်က အားကစား brand ကြော်ငြာ၌ စာကြောင်းနှစ်ကြောင်းကို ခွဲပြောထားရသေးသည်။

ထိုအချိန်ကစပြီး IceDream Fandom ထဲတွင် ရှဲ့ကျူရှင်း fan များရဲ့အုပ်စိုးချုပ်ချယ်မှုများသာ မရှိတော့။ ထိုအစား သူတို့အိုင်ဒေါက အဖွဲ့ထဲ ပိုအာဏာရှိတယ်ဟူသည့်ပြိုင်ဆိုင်မှုများဖြင့် ရှဲ့ကျူရှင်း fan နှင့် ဝမ်ချောင် fan များ အမြဲလိုလိုရန်သတ်နေကြတော့သည်။

အောက်တိုဘာ ၈ ရက်နေ့တွင် ဆောင်းဦးပွဲတော်များရှိပြီး ထိုညမတိုင်ခင် သူတို့အဖွဲ့က ပွဲတော်ကြိုဆိုပွဲအဖြစ် live ဖျော်ဖြေပေးရမှာဖြစ်သည်။

သူတို့စင်နောက်တွင် တည်တည်ငြိမ်ငြိမ်စောင့်ရင်း အချို့က ဖုန်းသုံးလို့ အချို့ကတော့ အချင်းချင်း စကားပြောလျက်ရှိနေကြသည်။ လွန်ခဲ့တဲ့ တစ်လက live ဖျော်ဖြေရခြင်းဆိုတာ သူတို့ကို အလွန်အမင်း စိတ်လှုပ်ရှားတုန်လှုပ်စေပြီး စင်ပေါ်က ဆင်းလာတာတောင် တုန်လှုပ်နေဆဲ။ အခုတော့ သူတို့ ဒီလိုဖျော်ဖြေပွဲများကို ကျင့်သားရသွားခဲ့ပြီ။

ဝမ်ချောင် Weibo သုံးနေရင်း ရှဲ့ကျူရှင်းထံ ညီးတွားပြောလာသည်။ "မင်း fan တွေ ငါ့ကို လာဖဲ့နေပြန်ပြီ။ အဲ့ 'ရထားတွဲလေးရဲ့လက်မှတ်ရောင်းသူ' ဆိုတဲ့တစ်ယောက်၊ ငါ့ကို လာလာဆဲနေတာ အကြိမ်မနည်းတော့ဘူး။ သူတို့က ငါ့ကို လှောင်ဖို့ ငါ့ပုံကိုတောင် photoshop လုပ်ထားသေးတယ်၊ ကြည့်!"

ရှဲ့ကျူရှင်းလည်း ထို fan က ဝမ်ချောင့်ပုံကို Yuan Mou လို photoshop ၍ ဝမ်ချောင့်အရိုးဖွံ့ဖြိုးမှုပုံစံက ဒီလိုရုပ်ဆိုးဆိုးအသွင်ပြောင်းသွားစေမည်ဟု ပြောထားသည်။

ရှဲ့ကျူရှင်း : "အရင်ကလို အမှားမျိုး ထပ်မလုပ်နဲ့။ Fan တွေနဲ့ ရန်သွားမဖြစ်နဲ့။"

လွန်ခဲ့တဲ့ရက်အနည်းငယ်က Variety show လွှင့်ပြီးနောက် ဝမ်ချောင့်မှာ ရုတ်တရက်ကြီး fan တွေ အများအပြားရလာသလို anti fan များလည်း ရလာခဲ့သည်။ Weibo က comment များထဲ သူ့ကို ရုပ်ဆိုးကြောင်း စော်ကားပြောဆိုကြပြီး သူ့အမေပုံကိုပါ သွားရှာဖွေကာ 'အမေကရုပ်ဆိုးနေလို့ ထွက်လာတဲ့သားကပါရုပ်ဆိုးခြင်း' ဟု တမင်လှောင်ပြောင်ကြတော့သည်။

ထိုနေ့မနက်က ဝမ်ချောင်နိုးလာချိန် စိတ်ကြည်မနေ။ သူ့အမေကို ဦးတည်တိုက်ခိုက်နေတဲ့ comment များကို မြင်ချိန်မှာတော့ သူ နေရာမှာတင် ပေါက်ကွဲချတော့သည်။ သူက အိမ်သာခုံပေါ်တွင်ထိုင်လျက် သွားတိုက်တံကို ပါးစပ်က ကိုက်ထားပြီး သူနှင့် anti fan များ တစ်ယောက်ဘိုးဘွားများကိုတစ်ယောက် ခေါ်ယူဆဲငေါက်တဲ့အထိပြုလုပ်ကြသည်မှာ hot search ထဲတောင် ဝင်သွားတဲ့အထိ။

အဆုံးမှာတော့ ကုမ္ပဏီဘက်က သူ့ acc hack ခံရကြောင်း အလျင်အမြန်စာတင်ရှင်းလာရသည်။ သို့သော် ဘယ်သူကမှ Acc hack ခံရခြင်းကို မယုံကြ၊ သို့ပေမယ့်လည်း ဝမ်ချောင့်အပေါ် လူထုတော်တော်များများရဲ့အမြင်က ကောင်းမွန်နေတာမို့ နာမည်ပျက်သွားစေတဲ့အထိ ထိခိုက်မှု မရှိသွား။

ဝမ်ချောင် photoshop ခံထားရတဲ့ 'Yuanmou Ran' ပုံကို ဆက်စိုက်ကြည့်နေရင်း ဒေါသတကြီးပြောလာသည်။ "ဒီအကောင့်က ဒီလိုပုံတွေနဲ့ edit တာကို မင်းပုံ ယူသုံးရင် ငါ သူ့ကို သွားသတ်ပြီ။"

ရှဲ့ကျူရှင်းလည်း သူ့ဖုန်းကို လှမ်းဆွဲထုတ်ပြီး Weibo ထဲဝင်လိုက်သည်။

ဝမ်ချောင် သိချင်စိတ်ဖြင့် ခေါင်းစောင်းကြည့်မိရာ သူက 'ရထားတွဲလေးရဲ့လက်မှတ်ရောင်းသူ' ဆိုတဲ့အကောင့်ကို ရှာပြီး block လိုက်တာကို တွေ့လိုက်ရတော့သည်။

KittyKitling

T/N : နောက်ကျသွားတယ် ><

_____///_____

[Zawgyi]

'ရထားတြဲေလးရဲ့လက္မွတ္ေရာင္းသူ'

ဝမ္ေခ်ာင္မွာ ရွဲ႕က်ဴရွင္းႏွင့္ ယန္က်ားက်ား အတူတူမတ္တပ္ရပ္ေနတာကို ျမင္လိုက္ကတည္းက ေဒါသထြက္ေနၿပီးျဖစ္သည္။ သူတို႔ေျပာေနတဲ့အေၾကာင္း အနည္းငယ္မၽွၾကားၿပီးေနာက္ ရွဲ႕က်ဴရွင္းရဲ့ သူမအေပၚ ဆက္ဆံတာမ်ား ျပန္ႏူးညံ့ေပ်ာ့ေျပာင္းသြားတာကို ေတြ႕လိုက္ရခ်ိန္ ပိုလို႔ေတာင္ေဒါသထြက္သြားရေတာ့သည္။

သူ ေဒါသေပါက္ကြဲသြားၿပီး ေရွာင္ရွဲ႕ကို ဆူေငါက္မိသြားသည္။ ဒါကလည္း ေရွာင္ရွဲ႕ေကာင္းေစရန္သာ။

သူ႔စိတ္ထဲေတာ့ သူ႔ေဒါသထြက္ျခင္းက ျဖစ္သင့္တဲ့ကိစၥဟု ခံစားမိေနသည္။

သို႔ေပမယ့္ ရွဲ႕က်ဴရွင္း တစ္ဖက္လွည့္ထြက္သြားမလိုလုပ္ခ်ိန္ ဝမ္ေခ်ာင္မွာ ဘယ္သူမွားလဲဆိုတာေတာင္ ဂ႐ုမစိုက္နိုင္ေတာ့။ ထိုအစား လူကိုသာ အနားမွ မထြက္ခြါသြားဖို႔ အေျပးခုန္အုပ္လိုက္မိသည္။

ဝမ္ေခ်ာင့္စကားလုံးမ်ားက ျပင္းထန္လြန္းလွတာမို႔ ရွဲ႕က်ဴရွင္း တကယ္ကို နည္းနည္းေလးေဒါသထြက္မိေပမယ့္ သူ႔ကို ဒီလိုမ်ိဳး အရွက္မရွိ ခိုတြယ္ထားတာ ျမင္ခ်ိန္မွာလည္း ဆက္ၿပီးေဒါသမထြက္နိုင္ေတာ့။

ထို႔အျပင္ သူတို႔က အျပင္မွာပဲရွိေသးသည္။ ဒီလိုမ်ိဳးကို အျခားသူျမင္သြားရင္လည္း မေကာင္းလွတာမို႔ ရွဲ႕က်ဴရွင္း ေျပာလိုက္သည္။ "မင္း အရင္ဆင္းလိုက္။"

ဝမ္ေခ်ာင္ ျငင္းဆိုသည္။ "မင္း ေဒါသ မေပါက္ကြဲဘူးဆိုမွ ငါ ဆင္းမယ္။"

ရွဲ႕က်ဴရွင္း : "..." 'ဘယ္သူက ေဒါသေပါက္ကြဲေနလို႔လဲ။'

ဝမ္ေခ်ာင္လည္း ရွဲ႕က်ဴရွင္း အခုနကေလာက္ ေဒါသမထြက္ေတာ့မွန္း ခံစားမိတာမို႔ ျဖည္းျဖည္းခ်င္း ျပန္ဆင္းလာလိုက္သည္။

ရွဲ႕က်ဴရွင္းလည္း တစ္ဖက္ျပန္လွည့္လာၿပီး သူတို႔ တစ္ေယာက္ကိုတစ္ေယာက္ ခဏမၽွၾကည့္ေနမိၾကသည္။

ဝမ္ေခ်ာင္က မတရားခံေနရပုံေပၚသည္။

ရွဲ႕က်ဴရွင္းကေတာ့ သူ႔ကိုရိုက္ခ်င္ေန၏။

ဝမ္ေခ်ာင္ကေတာ့ အျပစ္တင္ခ်က္ေပါင္းမ်ားစြာေျပာလာသည္။ "အင္တာနက္ေပၚမွာ မင္းကို ႐ုပ္ဆိုးတယ္လို႔ ေျပာတုန္းကေတာင္ မင္း ေဒါသမထြက္ဘူး။ ငါ မင္းကို တစ္ခြန္းႏွစ္ခြန္းပဲ ေျပာလိုက္တာ၊ မင္းက ငါ့အေပၚ ေဒါသထြက္သြားတယ္ေပါ့။ ငါတို႔ ရင္းႏွီးမွုအတြက္ နမ္းခဲ့သမၽွက အရာရာ အလကားပဲလား။"

သူက သူ႔စကားေတြ ဘယ္ေလာက္ျပင္းထန္သြားလဲဆိုတာကိုေတာင္ ေမ့ေနၿပီး ရွဲ႕က်ဴရွင္း သူ႔အေပၚ ေဒါသထြက္သြားျခင္းကိုသာ မွတ္မိေနေတာ့သည္။

ရွဲ႕က်ဴရွင္း ခပ္ျပတ္ျပတ္ျပန္သတိေပးလိုက္သည္။ "ငါ့လာမနမ္းနဲ႔။ အျခားသူသာ သြားနမ္း။ ငါက နံရံေကာင္းေကာင္းတစ္ခု ေဆာက္နိုင္မွာ မဟုတ္တဲ့ရႊံ့ပဲ မဟုတ္လား။

ဝမ္ေခ်ာင္ ေၾကာင္အသြားရသည္။ "ငါ မင္းကို အဲ့လိုေျပာလိုက္မိလို႔လား။"

ရွဲ႕က်ဴရွင္း သူ႔ကို ထပ္ရိုက္ခ်င္လာျပန္သည္။

ဝမ္ေခ်ာင္ နည္းနည္းေနာင္တရသလိုခံစားရသြားေပမယ့္ သူ႔အမွားကိုလည္း ဝန္မခံခ်င္။ "ငါ အဲ့လိုေျပာခဲ့ရင္ေတာင္ မင္းကလည္း အဖြဲ႕ကြဲမယ့္အေၾကာင္း ႐ုတ္တရက္ႀကီး ထေျပာဖို႔ မလိုဘူးေလ။ အဖြဲ႕ကြဲတာက ျပႆနာႀကီး မဟုတ္ဘူး! ငါလည္း ဒီအဖြဲ႕ကို ဂ႐ုမစိုက္ဘူး၊ ဒါေပမယ့္ မင္း သူတို႔ေရွ႕မွာ ေျပာလို႔မရဘူးေလ။ မင္းက သူတို႔အားလုံးထဲမွာ ေပၚျပဴလာ အျဖစ္ဆုံး။ သူတို႔ေတြက ထုတ္မျပေပမယ့္ ရင္ထဲမွာေတာ့ မနာလိုေနၾကတဲ့လူေတြႀကီး။ သူတို႔အေရွ႕မွာ 'အဖြဲ႕ကြဲတာေပါ့' လို႔ သြားေျပာတာ၊ မင္း ႐ူးေနတာလား။"

ရွဲ႕က်ဴရွင္း : "..."

'ဒီအ႐ူးေကာင္'

ဝမ္ေခ်ာင္ဆိုသူက ဘယ္ေတာ့မွေတြးပူေနျခင္းမ်ိဳး မရွိ။ ဘယ္အရာကိုမွ က်ိဳးေၾကာင္းမၾကည့္၊ အေလးမထားသေလာက္ သူ႔အေပၚလည္း လူတိုင္းထက္ ဂ႐ုစိုက္တတ္ေသးသည္။

ထိုသူက တကယ္ကို ႐ူးအလ်က္ အရွက္မရွိသလို စိတ္ရွုပ္ဖို႔လည္္းေကာင္းလွေပမယ့္ ၾကည့္ေလေလ မ်က္စိထဲ အျမင္ေအးေလေလျဖစ္လာၿပီး အတူတူရွိေနရတဲ့စကၠန့္တိုင္းမွာ သူ ပိုလို႔ ပိုလို႔စြဲမက္လာေတာ့သည္။

ဝမ္ေခ်ာင္ သူ႔လက္ေမာင္းကို ျဖည္းျဖည္းခ်င္းလွုပ္ခါလ်က္ အသနားခံသလိုေျပာလာသည္။ "မင္း စိတ္တိုေနတုန္းလား။ စိတ္မတိုပါနဲ႔ေတာ့။ မင္းၾကည့္၊ ငါေတာင္ မင္းကို စိတ္မတိုေတာ့ဘူးေလ။"

ရွဲ႕က်ဴရွင္းရဲ့အသံလည္း ေပ်ာ့ေျပာင္းလာၿပီး ျပန္ေျပာလိုက္သည္။ "မင္းက ဘာအတြက္ စိတ္ဆိုးရတာလဲ။ ငါ့ပိုက္ဆံငါ ေခ်းလိုက္တာကို မင္းက ဘာလို႔ စိတ္တိုေနတာလဲ။"

သဝန္တိုျခင္းဆိုတာ သေဘာမေပါက္ေသးတဲ့ ဝမ္ေခ်ာင္ကေတာ့ ယုံၾကည္မွုရွိရွိျပန္ေျပာေလသည္။ "မင္းေကာင္းဖို႔အတြက္ပဲေလ၊ မဟုတ္ဘူးလား။"

ရွဲ႕က်ဴရွင္းမွာ သူ႔ရဲ့ရိုးအမွုေၾကာင့္ စိတ္တိုရသလို တစ္ခ်ိန္တည္းမွာပင္ ေက်နပ္သြားသလိုခံစားေနရ၏။ "မင္းက တကယ္ဒရမ္မာကြင္းပဲ။"

အေတာ္ေလးရိုင္းပ်တဲ့စာေၾကာင္းျဖစ္ေပမယ့္ ထိုစကားတစ္ခြန္းမွတစ္ဆင့္ ရင္းႏွီးမွုတစ္ခုစီးဝင္လို႔ေနမွန္း သူတို႔ႏွစ္ေယာက္လုံး ခံစားမိေနၾကသည္။

သူတို႔ႏွစ္ေယာက္ ျပန္အဆင္ေျပသြားၾကၿပီး တစ္ေယာက္ပခုံးေပၚ တစ္ေယာက္လက္တင္လ်က္ ဘာမွမျဖစ္ခဲ့ၾကသလို အဝတ္လဲခန္းအတြင္းသို႔ ျပန္ဝင္သြားလိုက္သည္။

အဖြဲ႕သားမ်ားလည္း အတူပူးေပါင္းေပးလာကာ အကုန္လုံး အတိတ္ေမ့ေရာဂါရထားသလို ဘယ္သူကမွ ခုနကအျဖစ္အပ်က္မ်ားကို ျပန္မေျပာလာၾက။ 

လ်န္ရွီးအတြက္ သူ႔ေခြးမ်ားျဖင့္ ႏွစ္ရက္မၽွ လမ္းေလၽွာက္ေပးၿပီးေနာက္မွာေတာ့ ဝမ္ေခ်ာင္ႏွင့္ ရွဲ႕က်ဴရွင္း သူ႔အဖြဲ႕သားမ်ားႏွင့္အတူ ခ်န္းရွသို႔ ထြက္ခြါသြားေတာ့သည္။

Variety show ရိုက္ကူးေရးက အဆင္ေျပေျပၿပီးသြားေပမယ့္ show ပြဲ အလယ္ပိုင္း၌ အေျပာင္းအလဲေလးတစ္ခု အနည္းငယ္မၽွျဖစ္သြားခဲ့သည္။

IceDream က အခုမွ ပြဲဦးထြက္ထားတာျဖစ္ၿပီး Variety show ကို ေရာက္လာျခင္းကလည္း ဒါပထမဆုံးျဖစ္တာမို႔ Show ဘက္မွလည္း သူတို႔ Rating အေျခအေနကို စိုးရိမ္ေနၾကသည္။ သို႔္ႏွင့္ သူတို႔က အခ်ိန္စာရင္း အားလပ္ေနသည့္ ပီယာနိုဆရာေလးတစ္ေယာက္ကို show သို႔ ဖိတ္ထားၿပီး IceDream ႏွင့္အတူ Variety show ရိုက္ဖို႔ စီစဥ္ထားေတာ့သည္။

ပီယာနိုသမားေလးက သိမ္သိမ္ေမြ႕ေမြ႕ႏွင့္ အိုင္ေဒါအဖြဲ႕က ျမဴးႂကြလို႔ေနေပမယ့္ သူတို႔ေတြအခ်င္းခ်င္း ပနံသင့္ေနသလိုပင္။

တစ္ခုတည္းေသာျပႆနာက စင္ေပၚတြင္ IceDream ရဲ့ ကိုယ္ပိုင္အရည္အခ်င္းထုတ္ျပရာ၌ ဝမ္ေခ်ာင္က ပုံမွန္ဆို ပီယာနိုတီးျပရမွာျဖစ္ေပမယ့္ ဒီလိုနာမည္ေက်ာ္ရွိေနသည့္အခ်ိန္ တီးျပရျခင္းက ရွက္စရာေကာင္းေနသည္။

ေလ့က်င့္ေနခ်ိန္အေတာ္အတြင္း ဝမ္ေခ်ာင္က ရွဲ႕က်ဴရွင္း အျမင့္ခုန္ဂိမ္းအတြက္ ေလ့က်င့္ေနတာကို ထိုင္ၾကည့္ေနသည္။ သူက 1.7 m အထိ ခုန္ၿပီးၿပီဆိုေပမယ့္ အားမစိုက္ထုတ္ရေသးသလို ေပါ့ပါးေနဆဲ။ ဝမ္ေခ်ာင္လည္း ေဘးမွ ေလခၽြန္၍အားေပးေနေတာ့သည္။

သူတို႔ေျခာက္ေယာက္လုံး အကုန္ေပ်ာ္ရႊင္ေနေပမယ့္ ဒါရိုက္တာက အေျခအေနအေၾကာင္း ႐ုတ္တရက္ ရွင္းျပ၍ ေမးလာသည္။ "Leo မွာ အျခားအရည္အခ်င္းေရာ ရွိေသးလား။"

အဖြဲ႕သားေတြအကုန္လုံး သူတို႔ေခါင္းေဆာင္ျဖစ္သူ ထေသာင္းက်န္းမွာကို ေၾကာက္ေနမိေတာ့သည္။

ထင္ထားသည့္အတိုင္း ဝမ္ေခ်ာင္က သူ႔မ်က္ႏွာသူ ပြတ္၍ေျပာလာသည္။ "ဒါဆိုလည္း ဘာလို႔ မင္းတို႔ေတြ ငါ့ကို ေစာေစာမေျပာလဲ။"

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင္ ျပႆနာရွာမွာကို မလိုလားတာမို႔ အလ်င္စလို အနားဆြဲေခၚထားလိုက္ရသည္။ တကယ္ေတာ့ သူလည္း မေက်နပ္ေန။ သူတို႔ရဲ့ေလ့က်င့္ခ်ိန္ၿပီးခါနီးမွ အသိေပးျခင္းက Variety Show ဘက္မွ လူသစ္ေလးမ်ားကို အေလးမထားေၾကာင္းေပၚလြင္ေနသည္။

သူတို႔ကို လာအသိေပးတဲ့ဒါရိုက္တာေလးက အသက္အရမ္းငယ္ပုံေပၚၿပီး ရွက္ရြံ႕စြာေတာင္းပန္၍ ေျပာလာသည္။ "ကိစၥေတြက ဒီလိုျဖစ္ေနၿပီပဲ။ အျခားအရည္အခ်င္းတစ္ခုကို ျမန္ျမန္ေျပာင္းရေအာင္ေလ။"

အဖြဲ႕သားမ်ား စိတ္မပူဘဲ မေနနိုင္ေတာ့။ ဝမ္ေခ်ာင္ ပီယာနိုသာ တီးခြင့္မရရင္ သူ ဘာလုပ္နိုင္မွာတဲ့လဲ။

"ဒါဆိုလည္း ငါ တေယာတီးမယ္။" ဝမ္ေခ်ာင္က စိတ္မရွည္ေတာ့သလိုေျပာလာသည္။ "ငါ့ကို တေယာေကာင္းေကာင္းရွာေပး။ မေကာင္းရင္ ငါ မတီးဘူး။"

ဒါရိုက္တာလည္း သေဘာတူေပးၿပီး အရည္အေသြးေကာင္းတဲ့တေယာတစ္လက္ ေျပးရွာေတာ့သည္။

ရွဲ႕က်ဴရွင္း သံသယမ်ားျဖင့္ေမးလိုက္သည္။ "မင္း တေယာတီးတတ္တယ္ေပါ့?"

ဝမ္ေခ်ာင္ : "ငါ့မွာ အေပ်ာ္တမ္းကစားသမား Level 11 ေအာင္လက္မွတ္ရွိတယ္။"

အဖြဲ႕သားမ်ား : "..." 'သူ အဲ့ေအာင္လက္မွတ္ကို ဘယ္ေလာက္ေပးၿပီး ဝယ္ခဲ့တာလဲ။'

ဒါရိုက္တာက တေယာတစ္လက္ အလ်င္အျမန္ယူလာၿပီး ဝမ္ေခ်ာင္ လွမ္းယူကာ ေနရာခ်ိန္ညႇိယူၿပီးမွ ျပန္ခ်၍ ထင္းရွူးဆီအခ်ိဳ႕ေတာင္းဆိုလာသည္။

ထင္းရွူးဆီ ယူလာေပးခ်ိန္ သူက တေယာထိုးသံအေပၚ သုတ္ခ်လိုက္သည္။ ထိုသို႔သုတ္ေနရင္း တေယာရဲ့အရည္အေသြးကို မႀကိဳက္ေၾကာင္းလည္း ေျပာေနသည္။ "ေစ်းေပါေပါတေယာေတြ ရွာမလာပါနဲ႔ဆိုတာကို ဒီလိုအမွိုက္သာသာကို ငါ့လာေပးတယ္။ ဒါရိုးရိုးအထပ္သားနဲ႔ လုပ္ထားတဲ့တေယာႀကီး၊ မင္းတို႔ TV station က အဲ့ေလာက္ပိုက္ဆံမရွိတာလား။"

သူ႔အဖြဲ႕သားမ်ားရဲ့သံသယမ်က္ဝန္းမ်ားကို ေတြ႕ခ်ိန္ ဒါရိုက္တာလည္း ဝမ္ေခ်ာင္ရဲ့ယုံၾကည္ခ်က္ခိုင္မာေနမွုက ႂကြားဝါယုံသက္သက္ပဲလားဟုေတာင္ အေတြးဝင္လာေတာ့သည္။

ေနာက္ဆုံး သူ ထင္းရွူးဆီသုတ္ၿပီးသြားတာႏွင့္ တစ္ဖန္ထပ္လို႔ ကိုယ္ဟန္အေနအထားျပင္ေလသည္။ သူ ႀကိဳးဆြဲ၍ စတင္ မတီးခင္ ရွဲ႕က်ဴရွင္းကို မ်က္ဝန္းေထာင့္မွၾကည့္၍ ေမးလိုက္သည္။ "မင္း ဘာနားေထာင္ခ်င္လဲ။"

ရွဲ႕က်ဴရွင္းက နာမည္ေက်ာ္တေယာသံစဥ္မ်ားကို မသိလွ။ ထို႔အျပင္ သူ ဝမ္ေခ်ာင့္ရဲ့လုပ္နိုင္စြမ္းကိုပါ သံသယျဖစ္ေနေသးတာမို႔ မဝံ့မရဲႏွင့္ေျပာလိုက္ေတာ့သည္။ "'The Butterfly Lovers' ဆိုရင္ေရာ?"

ဝမ္ေခ်ာင္ သူ႔ကိုျပဳံးျပလာသည္။ "ဟုတ္ၿပီ။"

တေယာထံမွ သံစဥ္မ်ား စီးဆင္းထြက္လာၿပီး တစ္ခါတစ္ရံ ေပ်ာ္ရႊင္ဖြယ္အတိ၊ တစ္ခါတစ္ရံလြမ္းဆြတ္ဖြယ္မ်ားျဖင့္ သံစဥ္မ်ားအားလုံး အတူစီးယွက္လို႔ လိပ္ျပာခ်စ္သူဆိုတဲ့ ရင္းႏွီးေနၾကေတးလုံးသံေလး ထြက္ေပၚလာေတာ့သည္။

ဝမ္ေခ်ာင္က အတိုခ်ဳန္းတစ္ေၾကာ့မၽွတီးၿပီးတာႏွင့္ ရပ္တန့္လိုက္သည္။

သူ႔အဖြဲ႕သားမ်ားလည္း အလြန္အမင္းအံ့အားသင့္ေနလ်က္ လက္ခုပ္တီးေပးလာၾကသည္။

ဝမ္ေခ်ာင္ ဝံ့ႂကြားႂကြားႏွင့္ေျပာေတာ့သည္။ "ငါ မင္းတို႔ကို ေနာက္ထပ္တစ္ပုဒ္ တီးျပေပးမယ္။ လက္ေဆာင္အေနနဲ႔ေပါ့။ ဘာနားေထာင္ခ်င္ၾကလဲ။"

ခ်န္းေယာင့္ သူ႔ကို 'Summer Ice' သီခ်င္း တီးျပဖို႔ ေခ်ာ့ေမာ့ေျပာလိုက္ၿပီး ကီးအခ်ိဳ႕ႏွင့္ chorus ႏွစ္ပိုဒ္ တီးၾကည့္ၿပီးေနာက္ ဝမ္ေခ်ာင့္စိတ္အားထက္သန္မွုမ်ား ေပ်ာက္ဆုံးသြားေတာ့သည္။ သူ ဒါရိုက္တာထံသို႔ တေယာျပန္ေပး၍ေပးလိုက္သည္။ "မနက္ျဖန္ live က်မွပဲ ထပ္တီးျပမယ္။ ငါ့လက္ေမာင္းေတြ နာေနၿပီ။"

ဒါရိုက္တာလည္း တေယာျပန္ယူၿပီး ေက်နပ္မွုအျပည့္ျဖင့္ ထြက္သြားေတာ့သည္။

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းပခုံးကို တို႔ထိလ်က္ အသိျပန္ဝင္ေစသည္။ "ဘာျဖစ္တာလဲ။ ဘာလို႔ မင္း ေငးေၾကာင္ေနရတာလဲ။"

ရွဲ႕က်ဴရွင္း : "..."

သူ႔မ်က္လုံးထဲတြင္ ဝမ္ေခ်ာင္က ဘလင္းဘလင္းအေရာင္မ်ားျဖင့္ လင္းလက္ေတာက္ပေနသည္။ သူက ႐ုပ္ရည္လည္းေခ်ာသည္၊ ေၾကာ့ရွင္းၿပီး အနည္းငယ္မၽွခ်စ္ဖို႔ေကာင္းလွသည္။

ဒီလိုေတြးေနေပမယ့္လည္း ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင္ကို သိပ္မေျမႇာက္ခ်င္။ သူက ရိုးရွင္းတဲ့ခ်ီးက်ဴးမွုေလး တစ္ခုႏွစ္ခုႏွင့္ေတာင္ ေလေပၚတက္ေတာ့မတတ္ပင္။ "မင္း တကယ္တီးတတ္လိမ့္မယ္လို႔ ငါ မထင္ထားဘူး။"

ဂုဏ္ယူဝံ့ႂကြားစြာျဖင့္ ဝမ္ေခ်ာင္ သူ႔အနားကပ္လာၿပီး တိုးတိုးေျပာျပသည္။ "ငါ မင္းကိုမို႔ေျပာျပတာ။ ဘယ္သူ႔ကိုမွ သြားမေျပာနဲ႔။ ေျပာရရင္ အရွည္ႀကီးပဲ။ ငါ ငယ္ငယ္တုန္းက ဟာ့က်ိက ငါ့လက္ေခ်ာင္းေတြ ရွည္တယ္ဆိုၿပီး ပီယာနို အတင္းသင္ခိုင္းတယ္။ သူ ပီယာနိုဝယ္ဖို႔ ဆိုင္ထဲဝင္သြားေပမယ့္ အဲ့ဆိုင္မွာ တေယာက ေစ်းခ်ထားတယ္ေလ။ သူ မေနနိုင္ဘဲ အဲ့တေယာကိုပါ ဝယ္ခဲ့ေရာ။ ငါ့အေဖက သူ ပိုက္ဆံအရမ္းျဖဳန္းတယ္လို႔ ေျပာေတာ့ ငါ့ကို ဓားစာခံ လုပ္သြားတယ္ေလ။ ငါက ဝယ္ခ်င္တာဆိုၿပီး။ ငါ့အေဖက ငါ့ကို တေယာအတြက္ပါ သင္တန္းအပ္ေပးလာေရာ။ တနလၤာ၊ ဗုဒၶဟူး၊ ေသာၾကာမွာ ပီယာနို။ အဂၤါ၊ ၾကာသာပေတး၊ စေနမွာ တေယာ။"

ရွဲ႕က်ဴရွင္း : "..." 'ရၿပီ။ ဘလင္းဘလင္းေတြ ျပန္ပိတ္လိုက္ေတာ့။'

Program ရိုက္ကူးၿပီး ေပ့က်င္းျပန္ေရာက္တာႏွင့္ အမ်ိဳးသားေန႔လည္း နီးကပ္လာၿပီမို႔ သူတို႔အကုန္ နားရက္ မရေတာ့။ အဖြဲ႕သစ္ေလးျဖစ္တဲ့အေလ်ာက္ သူတို႔ ေအာင္ျမင္မွုဆိုတာ အဖူးအညႊန့္ထြက္ကာစေလးျဖစ္ၿပီး မတည္ၿငိမ္လွေသး။ သူတို႔ျဖစ္တည္မွုကို တည္တည္ၿငိမ္ၿငိမ္ျဖစ္လာေအာင္ လူထုအၾကား တစ္ဖန္ျပန္ေဖ်ာ္ေျဖျပရဦးမွာျဖစ္၏။

ေအာက္တိုဘာ တစ္ရက္ေန႔တြင္ အားကစား Brand ေၾကာ္ျငာကလည္း တီဗြီႏွင့္ online media ေပၚတြင္ တရားဝင္ျပသလာသည္။ Variety show ကလည္း ပိတ္ရက္အပတ္အတြင္း ထုတ္လႊင့္ျပသခဲ့တာမို႔ IceDream အဖြဲ႕က Fan အမ်ားႀကီး ဆြဲေဆာင္မိေတာ့သည္။

Variety Show မွ ရလာတဲ့ Fan အမ်ားစုတြင္ အေကာင္းဆုံးေဖ်ာ္ေျဖမွုေပးထားသည့္ Tomas ရွဲ႕အျပင္ ပီယာနိုေရာ တေယာပါ တီးတတ္တဲ့ Leo က ျမင္းနက္တစ္ေကာင္လိုေပၚထြက္လာကာ Fan အမ်ားစုကို စုစည္းမိသြားေတာ့သည္။ ထို႔အျပင္ သူတို႔ႏွစ္ေယာက္က အားကစား brand ေၾကာ္ျငာ၌ စာေၾကာင္းႏွစ္ေၾကာင္းကို ခြဲေျပာထားရေသးသည္။

ထိုအခ်ိန္ကစၿပီး IceDream Fandom ထဲတြင္ ရွဲ႕က်ဴရွင္း fan မ်ားရဲ့အုပ္စိုးခ်ဳပ္ခ်ယ္မွုမ်ားသာ မရွိေတာ့။ ထိုအစား သူတို႔အိုင္ေဒါက အဖြဲ႕ထဲ ပိုအာဏာရွိတယ္ဟူသည့္ၿပိဳင္ဆိုင္မွုမ်ားျဖင့္ ရွဲ႕က်ဴရွင္း fan ႏွင့္ ဝမ္ေခ်ာင္ fan မ်ား အျမဲလိုလိုရန္သတ္ေနၾကေတာ့သည္။

ေအာက္တိုဘာ ၈ ရက္ေန႔တြင္ ေဆာင္းဦးပြဲေတာ္မ်ားရွိၿပီး ထိုညမတိုင္ခင္ သူတို႔အဖြဲ႕က ပြဲေတာ္ႀကိဳဆိုပြဲအျဖစ္ live ေဖ်ာ္ေျဖေပးရမွာျဖစ္သည္။

သူတို႔စင္ေနာက္တြင္ တည္တည္ၿငိမ္ၿငိမ္ေစာင့္ရင္း အခ်ိဳ႕က ဖုန္းသုံးလို႔ အခ်ိဳ႕ကေတာ့ အခ်င္းခ်င္း စကားေျပာလ်က္ရွိေနၾကသည္။ လြန္ခဲ့တဲ့ တစ္လက live ေဖ်ာ္ေျဖရျခင္းဆိုတာ သူတို႔ကို အလြန္အမင္း စိတ္လွုပ္ရွားတုန္လွုပ္ေစၿပီး စင္ေပၚက ဆင္းလာတာေတာင္ တုန္လွုပ္ေနဆဲ။ အခုေတာ့ သူတို႔ ဒီလိုေဖ်ာ္ေျဖပြဲမ်ားကို က်င့္သားရသြားခဲ့ၿပီ။

ဝမ္ေခ်ာင္ Weibo သုံးေနရင္း ရွဲ႕က်ဴရွင္းထံ ညီးတြားေျပာလာသည္။ "မင္း fan ေတြ ငါ့ကို လာဖဲ့ေနျပန္ၿပီ။ အဲ့ 'ရထားတြဲေလးရဲ့လက္မွတ္ေရာင္းသူ' ဆိုတဲ့တစ္ေယာက္၊ ငါ့ကို လာလာဆဲေနတာ အႀကိမ္မနည္းေတာ့ဘူး။ သူတို႔က ငါ့ကို ေလွာင္ဖို႔ ငါ့ပုံကိုေတာင္ photoshop လုပ္ထားေသးတယ္၊ ၾကည့္!"

ရွဲ႕က်ဴရွင္းလည္း ထို fan က ဝမ္ေခ်ာင့္ပုံကို Yuan Mou လို photoshop ၍ ဝမ္ေခ်ာင့္အရိုးဖြံ႕ၿဖိဳးမွုပုံစံက ဒီလို႐ုပ္ဆိုးဆိုးအသြင္ေျပာင္းသြားေစမည္ဟု ေျပာထားသည္။

ရွဲ႕က်ဴရွင္း : "အရင္ကလို အမွားမ်ိဳး ထပ္မလုပ္နဲ႔။ Fan ေတြနဲ႔ ရန္သြားမျဖစ္နဲ႔။"

လြန္ခဲ့တဲ့ရက္အနည္းငယ္က Variety show လႊင့္ၿပီးေနာက္ ဝမ္ေခ်ာင့္မွာ ႐ုတ္တရက္ႀကီး fan ေတြ အမ်ားအျပားရလာသလို anti fan မ်ားလည္း ရလာခဲ့သည္။ Weibo က comment မ်ားထဲ သူ႔ကို ႐ုပ္ဆိုးေၾကာင္း ေစာ္ကားေျပာဆိုၾကၿပီး သူ႔အေမပုံကိုပါ သြားရွာေဖြကာ 'အေမက႐ုပ္ဆိုးေနလို႔ ထြက္လာတဲ့သားကပါ႐ုပ္ဆိုးျခင္း' ဟု တမင္ေလွာင္ေျပာင္ၾကေတာ့သည္။

ထိုေန႔မနက္က ဝမ္ေခ်ာင္နိုးလာခ်ိန္ စိတ္ၾကည္မေန။ သူ႔အေမကို ဦးတည္တိုက္ခိုက္ေနတဲ့ comment မ်ားကို ျမင္ခ်ိန္မွာေတာ့ သူ ေနရာမွာတင္ ေပါက္ကြဲခ်ေတာ့သည္။ သူက အိမ္သာခုံေပၚတြင္ထိုင္လ်က္ သြားတိုက္တံကို ပါးစပ္က ကိုက္ထားၿပီး သူႏွင့္ anti fan မ်ား တစ္ေယာက္ဘိုးဘြားမ်ားကိုတစ္ေယာက္ ေခၚယူဆဲေငါက္တဲ့အထိျပဳလုပ္ၾကသည္မွာ hot search ထဲေတာင္ ဝင္သြားတဲ့အထိ။

အဆုံးမွာေတာ့ ကုမၸဏီဘက္က သူ႔ acc hack ခံရေၾကာင္း အလ်င္အျမန္စာတင္ရွင္းလာရသည္။ သို႔ေသာ္ ဘယ္သူကမွ Acc hack ခံရျခင္းကို မယုံၾက၊ သို႔ေပမယ့္လည္း ဝမ္ေခ်ာင့္အေပၚ လူထုေတာ္ေတာ္မ်ားမ်ားရဲ့အျမင္က ေကာင္းမြန္ေနတာမို႔ နာမည္ပ်က္သြားေစတဲ့အထိ ထိခိုက္မွု မရွိသြား။

ဝမ္ေခ်ာင္ photoshop ခံထားရတဲ့ 'Yuanmou Ran' ပုံကို ဆက္စိုက္ၾကည့္ေနရင္း ေဒါသတႀကီးေျပာလာသည္။ "ဒီအေကာင့္က ဒီလိုပုံေတြနဲ႔ edit တာကို မင္းပုံ ယူသုံးရင္ ငါ သူ႔ကို သြားသတ္ၿပီ။"

ရွဲ႕က်ဴရွင္းလည္း သူ႔ဖုန္းကို လွမ္းဆြဲထုတ္ၿပီး Weibo ထဲဝင္လိုက္သည္။

ဝမ္ေခ်ာင္ သိခ်င္စိတ္ျဖင့္ ေခါင္းေစာင္းၾကည့္မိရာ သူက 'ရထားတြဲေလးရဲ့လက္မွတ္ေရာင္းသူ' ဆိုတဲ့အေကာင့္ကို ရွာၿပီး block လိုက္တာကို ေတြ႕လိုက္ရေတာ့သည္။

KittyKitling

T/N : ေနာက္က်သြားတယ္ ><

Continue Reading

You'll Also Like

681K 39.7K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
1.1M 84.4K 94
"မောင့်အတွက်လွမ်းရှင်သန်ရမယ် ပီးရင် သူတို့ကိုပြန်လက်စားချေမယ်" "hostရေ~ကျနော့်နဲ့လက်တွဲပီးပြန်လက်စားချေရအောင်" "ေမာင့္အတြက္လြမ္း႐ွင္သန္ရမယ္ ပီးရင္ သူ...
1.1M 87.2K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
1.6M 291K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...