Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

30

2.3K 444 97
By callme__kitty

[Unicode]

'ချုပ်တည်းထားခြင်း'

ရှောင်ရှဲ့ သူ့ကို ဒေါသထွက်သွားမှာလည်း ကြောက်မိတာမို့ ထိုအတွေးများကို အလျင်စလိုမေ့ဖျောက်ထားလိုက်တော့သည်။

သို့ပေမယ့် ထိုအတွေးမျိုးက စိတ်ထဲရောက်လာပြီးတာနှင့် လျစ်လျူရှုပစ်ဖို့ခက်ခဲလွန်းလှသည်။

စင်ပေါ်ဖျော်ဖြေရာတွင် ဝမ်ချောင့်နေရာက ရှောင်ရှဲ့အနောက်တွင် ရပ်နေရတာမျိုးဖြစ်သည်။ ရှဲ့ကျူရှင်းဝတ်စုံက တိုလှတာမို့ သူလက်မြှောက်လိုက်တာနှင့် ခါးလေးကပါ ပေါ်လာ၏။ အားထုတ်မှုသိပ်မရှိဘဲ သူ့လက်နှင့်ခြေထောက်များကို လှုပ်နေရင်း ဝမ်ချောင့်မျက်လုံးများက ရှဲ့ကျူရှင်းရဲ့လှစ်ပေါ်နေသည့်ခါးအထက်သာ ရောက်သွားတတ်သည်။ ရှောင်ရှဲ့ solo ကပြရချိန်တွင်လည်း အရင်က ချောမောပြီးကြည့်ကောင်းတယ်ဟုသာ တွေးခဲ့ဖူးသလောက် အခုကျ သူ့စိတ်ထဲ ထူးထူးဆန်းဆန်းပုံရိပ်များ ဝင်ရောက်လာလေသည်။

ဖျော်ဖြေပြီးချိန်မှာတော့ ရှောင်ရှဲ့ အနားလျှောက်လာတာကိုမြင်မှ ဝမ်ချောင် အသိကပ်သွားတော့သည်။ ရှောင်ရှဲ့က ဖြောင့်မတ်ပြီးမင်းသားတစ်ပါးနှင့်တူလှသည့် ရုပ်ချောမှုမျိုးရှိတာဖြစ်သည်။ ကပြဖျော်ဖြေဖို့ မိတ်ကပ်လိမ်းထားရပေမယ့် လုံးဝ မိန်းမဆန်နေခြင်း မရှိ။ ဝတ္ထုများထဲက ဓားကိုင်ဆွဲတဲ့သူရဲကောင်းများသည်လည်း ရှောင်ရှဲ့လိုချောမောမှုမျိုးရှိနေလောက်သည်။ သူ့စိတ်ထဲရှိနေတဲ့ညစ်ညစ်ညမ်းညမ်းပုံရိပ်များမှာ ရှောင်ရှဲ့ရဲ့မင်းသားလေးလိုမျက်နှာနှင့် မအပ်စပ်လှ။

သို့ပေမယ့် သူ မကြည့်ဘဲမနေနိုင်လှသလို မတွေးဘဲလည်း မနေနိုင်။

ထို့အပြင် သူလည်း လူမသိသူမသိတွေးနေတာမို့ ဘယ်သူမှ သတိမထားမိလောက်ဟု ခံစားမိနေ၏။

သို့သော် ပြဿနာက သူ ဘယ်လိုများဖုံးကွယ်ထားတတ်မှာလဲ။ ဝမ်ချောင်ဆိုသည်မှာ သူ့ခံစားချက်အကုန် မျက်နှာမှာ ဖော်ပြထားတတ်သည့်လူမျိုးသာ။

ဝမ်ချောင် အဖျားပျောက်သွားတဲ့နေ့က ရှဲ့ကျူရှင်း မနက်ထပြေး၍ မနက်စာဝယ်ပြီးပြန်လာကတည်းက ဆံပင်စုတ်ဖွားနှင့်မျက်ချေးကပ်နေသေးသည့် ဝမ်ချောင်တစ်ယောက် နွားနို့သောက်ရင်း သူ့ညှပ်ရိုးကို လှမ်းလှမ်းကြည့်နေချိန် တစ်ခုခုမှားနေပြီမှန်း ရှဲ့ကျူရှင်း သတိထားမိခဲ့သည်။

သူတို့ကုမ္ပဏီကို သွားချိန်မှာလည်း ဝမ်ချောင်က ရှဲ့ကျူရှင်း ဘေးတွင်ထိုင်လျက် အရင်လိုပူးကပ်နေ၏။ သို့သော် အရင်က ဒီလိုပူးကပ်နေရင်တောင် သူ့မျက်ဝန်းများက ပုံမှန်အတိုင်းပင်။ အခုလိုမျိုး သူ့ညှပ်ရိုးကို စူးစူးစိုက်စိုက်ကြည့်ပြီး သွားရည်မမျိုချနေ။

နောက်နှစ်ရက်အတွင်း ထိုအခြေအနေက ပို ပိုလို့ဆိုးလာသည်။ ဝမ်ချောင့်အကြည့်များက ရှဲ့ကျူရှင်းရဲ့ညှပ်ရိုးမှတစ်ဆင့် ရင်ဘတ်သို့၊ ထို့နောက်မှာတော့ သူ့ခါးပေါ်သို့၊ နောက်ဆုံးတွင် သူ့တင်ပါးနှင့် ပေါင်တံများအကြား ရောက်လာတော့သည်။ ထိုသူက သူ့ကို အပေါ်အောက်ဆန်ကြည့်ရင်း မည်သူမှ သတိမထားမိဘူးဟုထင်ကာ အကြည့်များက ပိုလို့ပိုလို့ရှင်းလင်းထင်ရှားလာ၏။

ထိုနေ့က ကုမ္ပဏီတွင် အစည်းအဝေးရှိခဲ့သည်။ သူတို့ပွဲဦးထွက်ပြီးတာ တစ်လမျှရှိပြီဖြစ်ပြီး Summer Ice အခြေအနေက အကောင်းကြီးလည်း မဟုတ်သလို အဆိုးကြီးလည်း မဟုတ်နေ။ သို့သော် အခြေအနေက ဒီအတိုင်းကြီးသာ ဆက်သွားပါက ကျောင်းသူများ စာမေးပွဲအပြီးပြန်လာရင်တောင် သူတို့အောင်မြင်မှုအတွက် အထောက်အကူ များများစားစားဖြစ်တော့မှာ မဟုတ်။

"မင်းတို့ပထမဆုံးအကြိမ်မှာတင် Top 3 အထိ တက်သွားနိုင်တာ မဆိုးလှပါဘူး။" သွမ့်ယိခွန်း သူတို့ကို နှစ်သိမ့်ပေးလာသည်။ "အိုင်ဒေါ ကောင်လေးအဖွဲ့တွေရဲ့သီချင်းတွေက အရမ်းနာမည်ကျော်သွားဖို့ ခက်တယ်။ ပြီးတော့ မင်းတို့သီချင်းထွက်ချိန်က စီနီယာအဖွဲ့တွေ သီချင်းထုတ်ချိန်နဲ့ တိုက်သွားလို့ပါကွာ။ မင်းတို့တွေ အကောင်းဆုံးလုပ်ခဲ့ပြီးပါပြီ။" 

သူတို့ခြောက်ယောက်လုံး တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ခေါင်းညိတ်လိုက်ပေမယ့် မချင့်မရဲတော့ဖြစ်ကြဆဲ။ သူတို့ သီချင်း charts အကြား ထိပ်ဆုံးအထိ တက်နိုင်တာ ဘယ်လိုမျိုးသဘောလဲ သေချာမသိလှပေမယ့် Weibo က ဆွေးနွေးချက်များကြောင့် သူတို့သီချင်းက ထင်သလောက်ပေါ်ပြူလာမဖြစ်မှန်း သိထားရသည်။ ထို့အပြင် ပွဲဦးထွက်ကာလ ပြီးသွားပြီမို့ Weibo မှာလည်း Fan သိသိသာသာတိုးလာခြင်းမျိုး မရှိတော့။ share နှင့် comments ထောင်ချီအောင်ရှိနေသည့် ရှဲ့ကျူရှင်း account ကလွဲရင် ကျန်အဖွဲ့သားများ၌ အများဆုံးရာကျော်သာရှိနေတတ်သည်။ ထို့အပြင် hot comment အများစုကလည်း ကြော်ငြာစာများသာ။ သူတို့ထဲ အဆိုးဆုံးကတော့ ကောင်းစီ့ယွမ်ပင်။ သူ တောင်ကိုရီးယားဘက်တွင် လေ့ကျင့်သားဖြစ်ခဲ့စဉ် လုပ်မိခဲ့တဲ့မတော်တဆမှုကြောင့် ပြက်ရယ်ပြုခံနေရပြီး သူ့ post အောက်ရှိ comment များကလည်း သူ့ကို တိုက်ခိုက်လို့နေတာမို့ အဆုံးတွင် သူ့မှာ comments ပိတ်ထားရတော့တဲ့အထိဖြစ်သွားရသည်။

သွမ့်ယိခွန်းလည်း သူတို့အကုန် စိတ်ဓာတ်ကျနေမှန်း တွေ့နေတာမို့ အချိန်ကိုက်ပင် သတင်းကောင်းပြောပြပေးလာသည်။ "စိတ်ဓာတ်မကျနေကြနဲ့၊ ပျော်ပျော်နေစမ်းပါ။ မနက်ဖြန် မင်းတို့တွေ ကြော်ငြာတစ်ခုရိုက်ပြီးသွားရင် သန်ဘက်ခါကျ ချန်းရှကို သွားရမယ်။ မင်းတို့တွေ Variety show အသိုင်းအဝိုင်းထဲ ဝင်ဖို့အချိန်ကျပြီလေ။"

သူက နိုင်ငံအတွင်းရှိ အသက်ကြီးငယ်မရွေးသိကြတဲ့ variety show တစ်ခုမှာ ပါဝင်ခိုင်းဖို့ ပြင်ဆင်ပေးထားတာဖြစ်ပြီး ပထမဆုံး စတင် variety show မှာ ပါဝင်မယ့်လူများအတွက်တော့ ဒါက အကောင်းဆုံးရွေးချယ်မှုတစ်ခုလိုပင်။

ထင်ထားသလိုပင်၊ ဒီသတင်းက အဖွဲ့သားများကို တစ်ဖန်ပြန်လို့စိတ်လှုပ်ရှားသွားစေသည်။ ဒီ Variety show က ခဏခဏ အပြစ်တင်ခံရတတ်သည်ဆိုပေမယ့် နှစ်ပေါင်းများစွာ ကြိုးစားပြီး စုစောင်းထားရတဲ့ဂုဏ်သတင်းနှင့် rating ကိုတော့ အခြား ဘယ် variety show မှ ယှဉ်လို့မရနိုင်သေး။ စတားဖြစ်ချင်ကြတဲ့အိပ်မက်များနှင့် လူငယ်လေးများအတွက် သူတို့ငယ်ငယ်က ဒီ show ကို မကြည့်ခဲ့ဖူးသူများ ရှိမလား။ ဘယ်သူကများ ဒီလို variety show ပွဲပေါ်မှာ ခြေချနိုင်ရမည်ဟု အတွေးမဝင်ခဲ့ဖူးသူရှိလို့လဲ။

အစည်းအဝေးပြီးတာနှင့် အဖွဲ့သားများ အချင်းချင်းစကားပြောလျက် ပြန်ထွက်လာကြပြီး သူတို့မျက်နှာထက်က စိတ်လှုပ်ရှားပျော်ရွှင်မှုကို ဖုံးကွယ်ထားလို့တောင် မရ။

ဝမ်ချောင် ရှဲ့ကျူရှင်းပခုံးကို သိုင်းဖက်လျက် ကျန်အဖွဲ့သားများထက် နောက်ကျနေခဲ့ပြီး အသံတိုးတိုးနှင့်ပြောလာသည်။ "စောသေးတာပဲ။ လျန်-ကောအိမ်ကို သွားရအောင်။"

ရှဲ့ကျူရှင်းလည်း သူ ထပ်ပျော်ပါးချင်ပြန်ပြီထင်၍ ပြောလိုက်သည်။ "ဟင့်အင်း၊ ငါ ခဏလောက် အကလေ့ကျင့်ချင်သေးတယ်။"

"မင်း အခြားအချိန်တွေမှာ လေ့ကျင့်လည်းရတာပဲ။ ပြီးတော့ မင်း အကမှာတော်ပြီးသားလေ။ လေ့ကျင့်မနေနဲ့တော့။" ဝမ်ချောင်ပြောလာသည်။

ရှဲ့ကျူရှင်းပခုံးပေါ်တင်ထားတဲ့ ဝမ်ချောင့်လက်များက ရိုးသားနေခြင်း မရှိ။ သူက ရှဲ့ကျူရှင်းဂုတ်ပိုးကို ထိကိုင်လျက် ရှဲ့ကျူရှင်းပခုံးကို ဖျစ်ညှစ်လို့နေသည်။

ရှဲ့ကျူရှင်း မသိချင်ယောင်ဆောင်ထားလိုက်သည်။ "လျန်-ကောနဲ့ ငါက အကြိုက်ချင်း မတူဘူး။ ငါ မင်းနဲ့ လိုက်ခဲ့ရင်တောင် ဘေးမှာပဲ ထိုင်ကြည့်နေရမှာ။"

ဝမ်ချောင် ရှဲ့ကျူရှင်းပခုံးပေါ် လက်တစ်ဖက်တင်၍ ကျန်အဖွဲ့သားများကို ကျောပေးထားလျက် တိုးတိုးလေးပြောရင်း နောက်ပြန်လျှောက်နေလိုက်သည်။ "မင်းရူးနေလား။ ဘယ်သူက မင်းကို အဲ့မှာကစားဖို့သွားမှာလို့ပြောလဲ။ လျန်-ကောက လုပ်တတ်တာ ဘာဆိုဘာမှ မရှိဘူးဆိုပေမယ့် variety show နဲ့ ပတ်သတ်ရင်တော့ အရမ်းတော်လွန်းတယ်။ ငါ မင်းကို သူ့အိမ်ခေါ်သွားပြီး အကြံအချို့ယူခိုင်းမလို့။ ငါတို့ သူ့ဆီကနေ တစ်ခုခုသင်ယူမိတာမျိုးလည်း ဖြစ်နိုင်တာပဲ၊ ဘယ်သူသိမလဲ။"

ရှဲ့ကျူရှင်း : "... ဒါဆို သွားတာပေါ့။"

ဝမ်ချောင်ပြုံးဖြီးသွားပြီး ရှဲ့ကျူရှင်းလည်း ပြုံးလို့သွားသည်။

သူ့အပြုံးကိုမြင်ပြီးသည့်နောက် ဝမ်ချောင့်ရင်ထဲ မြင်းတစ်ကောင် စီးပြေးသွားသလိုခံစားလိုက်ရတော့သည်။ ဘယ်လိုလုပ် ရှောင်ရှဲ့က အရမ်းဆွဲဆောင်မှုရှိနေရတာလဲ။ ဖာ့ခ်!

ကုမ္ပဏီရှိသန့်ရှင်းရေးအဒေါ်ကြီးက အရှေ့တွင် ကြမ်းတိုက်နေပေမယ့် သူက နောက်ပြန်လျှောက်နေတာမို့ မမြင်ခဲ့။ ရှဲ့ကျူရှင်း လှမ်းဆွဲဖို့လုပ်ပေမယ့် တော်တော်လေးနောက်ကျသွားခဲ့ပြီ။ ဝမ်ချောင် ကြမ်းတိုက်တံကို တက်နင်းမိပြီး ချော်လဲကျသွားတော့သည်။ တကယ်တော့ ဒါက ပြဿနာကြီးတစ်ခု မဟုတ်လှ။ နည်းနည်းယိုင်တိယိုင်တိုင်ဖြစ်ပြီးတာနှင့် တည့်တည့်ပြန်မတ်တပ်ရပ်လို့ရနေပေမယ့် ထိုအစား သူက လှဲကျသွားတော့မလို 'အား' ဟုတောင် အသံကျယ်ထွက်လျက် ရှဲ့ကျူရှင်းခါးကို လှမ်းဖက်ပြီး သူ့အကြံ အောင်မြင်သွားတာနှင့် ချက်ချင်းပြန်လွှတ်၍ သန့်ရှင်းရေးသမားကိုပါ အပြစ်တင်ပြောချင်သလိုလုပ်လိုက်သေးသည်။ "ကျွန်တော်ပြောမယ် သာ့ကျဲ၊ လမ်းကို သေချာကြည့်မလျှောက်တတ်ဘူးလား!"

သန့်ရှင်းရေးအမျိုးသမီးကြီး ခါးမတ်မတ်ရပ်လာချိန် သူမရဲ့ဆေးဆိုးပြောင်လက်နေတဲ့ဆံပင်နက်ကပါ ပေါ်လာတော့သည်။ သူမမျက်နှာကိုခန့်မှန်းကြည့်ရသလောက် အသက် လေးဆယ်၊ ငါးဆယ်မျှ ရှိပြီထင်ရ၏။

ဝမ်ချောင် : "... အန်တီ၊ တောင်းပန်ပါတယ်ဗျ။ သွားမယ့်လမ်းကို ကျွန်တော် သေချာမကြည့်မိတာပါ။"

ရှဲ့ကျူရှင်း ရယ်ချင်စိတ်ကို အောင့်ထားရင်း အရှေ့ဆက်လျှောက်သွားရတော့သည်။

သန့်ရှင်းရေးသမားအန်တီက ဝမ်ချောင့်ကို ဂရုစိုက်မနေ။ ဝမ်ချောင်လည်း သူ့ဘာသာ ဖုန်ခါရင်း ရှဲ့ကျူရှင်းအနောက်သို့ ဆူပုတ်ပုတ်နှင့်လိုက်သွားတော့သည်။ သူ အရမ်းစိတ်ပျက်နေရသည်။ သူ ရှောင်ရှဲ့ခါးကို ထိလိုက်နိုင်တယ်ဆိုပေမယ့် သေချာခံစားနိုင်ဖို့ အခွင့်အရေး မရလိုက်။ သူ့လှုပ်ရှားမှုများက တိုတောင်းပြီး ရုတ်တရက်ဆန်လှသည်။

သူတို့နှစ်ယောက် အဖွဲ့သားများကို နှုတ်ဆက်ချိန် လျန်-ကောအိမ် သွားမည့်အကြောင်းကိုတော့ မပြောခဲ့။ ပျော်ပါးဖို့သွားမည်ဟုသာ ပြောခဲ့သည်။ အဖွဲ့သားများကလည်း ထွေထွေထူးထူး မတွေးနေ။ သူတို့က မဟုတ်လည်း အမြဲ တပူးပူးတတွဲတွဲနှင့်ပျော်ပါးနေကြတာပင်။

Ferrari က လူတကာအမြင်ထင်းလှကြောင်း သွမ့်ယိခွန်းမှ နှစ်ကြိမ်နှစ်ခါမျှ စကားအလှသုံး၍ပြောပြီးတဲ့နောက် ဝမ်ချောင် သိပ်မစီးဖြစ်တော့။ သူ ဒီကြားထဲ စီးနေကြ Porsche ကလည်း လျန်ရှီးကို ငှါးထားရတာမို့ အခုတလော Volkswagen အပြာရောင်လေးသာ စီးဖြစ်နေ၏။

သူက ရှဲ့ကျူရှင်းကို ကားမောင်းစေပြီး ကိုယ်တိုင်ကတော့ ဘေးခုံတွင်ထိုင်လျက်ပြောလာသည်။ "လျန်-ကော လက်ဒဏ်ရာရထားတယ်။ ငါတို့ အဲ့ရောက်ရင် ယဉ်ယဉ်ကျေးကျေးပဲ ပြော။ သူ့ကို ဘယ်လိုလုပ် ဒဏ်ရာရလာတာလဲတွေ မမေးနဲ့။"

ရှဲ့ကျူရှင်းလည်း အသေးစိတ်သိချင်တာမျိုး မရှိတာမို့ သဘောတူလိုက်သည်။ "ဟုတ်ပြီ။"

သူ ကားမောင်းနေစဉ် ဝမ်ချောင်က ဘေးတွင်ထိုင်၍ သူ့အား ချောင်းကြည့်နေပြီး သူ ခံစားလာရလို့ လှည့်ကြည့်လိုက်ရင် ဝမ်ချောင်က အလျင်စလို အပြင်သို့ကြည့်သလိုဟန်ဆောင်၍ နားမလည်နိုင်တဲ့သံစဉ်အချို့ ဆိုနေလေသည်။

သူတို့ လျန်ရှီးအိမ် ရောက်သွားချိန် လျန်ရှီးလက်က ပတ်တီးစည်းထားလျက်ရှိနေသည်။ ထို့အပြင် အိမ်ထဲတွင် ခွေးလေး Chow Chow နှစ်ကောင်ပါ ရှိနေပြီး တစ်ကောင်က အထီးလေးဖြစ်၍ နောက်တစ်ကောင်က အမ လေးဖြစ်သည်။ ရှဲ့ကျူရှင်း အထီးလေးကိုတော့ မြင်ဖူးထားသည်။ အရင်တစ်ခေါက်က ပိုင်ထူ ခွေးလည်ပတ်နှင့်အတူဆွဲကိုင်ထားသည့်ခွေးလေးပင်။

ရှဲ့ကျူရှင်း စိတ်ထဲ တစ်ခုခုသဘောပေါက်သိရှိသွားပေမယ့် ထုတ်မပြော။ လျန်ရှီးရဲ့လက်ဒဏ်ရာအခြေအနေ ဘယ်လိုနေသလဲ မေးပြီးနောက် သူ ထပ်မမေးတော့ဘဲ တိတ်တဆိတ်ထိုင်ရင်းသာ ဝမ်ချောင်နှင့် လျန်ရှီး စကားဝိုင်းကို နားထောင်နေလိုက်သည်။

"ကော၊ ကျွန်တော် Variety show သွားရတော့မှာ။" ဝမ်ချောင် စပျစ်သီးများ ထိုင်စားရင်း ပြောလေသည်။ "ကောမှာ အတွေ့အကြုံအများကြီးရှိတာပဲ။ ကျွန်တော်တို့ကို Fan တွေ များများရလာအောင် ဘယ်လိုလုပ်ရမလဲ နည်းပြပေးပါဦး။"

လျန်ရှီးရဲ့စိတ်အခြေအနေက ကောင်းလှပုံမပေါ်လှ။ သူက ဝတ်ကျေတန်းကျေသာ ပြန်ပြောလာသည်။ "အတွေ့အကြုံ မရှိဘူး။ ငါ့ပါးမား ပေးခဲ့တဲ့ရုပ်ရည်ပဲရှိတယ်။"

ဝမ်ချောင် သူပြန်ဖြေလာတာအပေါ် မကျေနပ်။ "ကော၊ လေးလေးနက်နက်ဖြေပါဗျ။ ကျွန်တော် ကောပို့ချတာ နားထောင်ဖို့ ရှောင်ရှဲ့တောင် တကူးတကခေါ်ခဲ့တာ။

လျန်ရှီး လက်ဖြန့်၍ပြောလာသည်။ "ငါ့သင်တန်းက စျေးမနည်းဘူး။ သင်တန်းခ အရင်လွှဲပေးလိုက်။"

ဝမ်ချောင် : "ကောက ကျွန်တော့်ကားကို မောင်းနေတာလေ။ ကားငှါးခ ကျွန်တော်လျော့ပေးလိုက်မယ်။"

လျန်ရှီး ပြန်ပြောသည်။ "မင်း ငါ့စပျစ်သီးတောင် စားနေသေးတာပဲ။ တစ်လုံးကို ဝမ် ၁၅၀၀၊ မင်း ဘယ်နှစ်ခုတောင် စားပြီးပြီလဲ။"

လျန်ရှီး ထိုသို့ပြောလာချိန် ရှဲ့ကျူရှင်းက စပျစ်သီး လှမ်းယူတုန်းရှိသေးသည်။ သူ နေရခက်သလို ပြန်တင်ထားလိုက်တော့သည်။

လျန်ရှီးက သူ့ကို ပစ်မှတ်ထားပြီးပြောနေတာမျိုး မဟုတ်တာမို့ ပြောလာသည်။ "ရှောင်ရှဲ့ကတော့ ငါနဲ့ CP မို့ သူ စားချင်သလောက်စားလို့ရတယ်။ မင်း စားကုန်သွားရင် ရေခဲသေတ္တာထဲမှာ ထပ်ရှိသေးတယ်။"

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင် စပျစ်ခွံကို ထွေးထုတ်ရင်းကြွားလုံးထုတ်လေသည်။ "ကော မေ့လိုက်တော့။ ရှောင်ရှဲ့က ကျွန်တော့် CP ။ ကျွန်တော်တို့နှစ်ယောက်ကမှ တရားဝင်အတွဲတွေဗျ။"

လျန်ရှီး : "ဒါဖြင့် မင်းတို့ CP နာမည်က ဘာတဲ့လဲ။"

ဝမ်ချောင် ထိုကိစ္စ မတွေးထားရသေးတာမို့ တောင့်ခဲသွားတော့သည်။

လျန်ရှီး သူ့ကို ဆက်ပြီးရန်စသည်။ "အားရိုး၊ တရားဝင်အတွဲမှာ နာမည်တောင်မရှိဘူးတဲ့လား။ ငါ့လို တရားမဝင်ပါတနာမှာတောင် တစ်ခုရှိသေးတယ်။"

သူတို့်နှစ်ယောက် အပြန်ပြန်အလှန်လှန်ဖဲ့နေချိန်မှာပဲ တံခါးဘဲလ်သံထွက်ပေါ်လာပြီး ရောက်လာသူမှာ လျန်ရှီးရဲ့မန်နေဂျာဖြစ်သည်။

"ဒါက ကျောက်ကျန်းယိ။" လျန်ရှီး မိတ်ဆက်ပေးလာသည်။ "ဝမ်ချောင်ကတော့ သူ့ကို တွေ့ဖူးပေမယ့် ရှောင်ရှဲ့အတွက် ဒါ ပထမဆုံး မြင်ဖူးတာပဲ။ သူ့ကို ရှောင်ကျောက်လို့ပဲခေါ်။ ငါ့လက် ဒဏ်ရာရထားတော့ ခွေးနဲ့အတူလမ်းလျှောက်ထွက်တဲ့ကိစ္စကို သူ့ပဲ ကူခိုင်းထားရတာ။"

ကျောက်ကျန်းယိကလည်း သူတို့နှစ်ယောက်ကို ပြန်မိတ်ဆက်လာသည်။

လျန်ရှီး ဝမ်ချောင်နှင့် ကိစ္စတစ်ခု ဆွေးနွေးချင်တာမို့ ရှောင်ရှဲ့ကို အားနာမနေတော့ဘဲ ပြောလိုက်သည်။ "ရှောင်ရှဲ့၊ မင်း ရှောင်ကျောက်နဲ့အတူ ခွေးတွေနဲ့ လမ်းလျှောက်ထွက်ကြည့်ပါလား။ သူက အမြဲ ပရမ်းပတာနဲ့၊ လမ်းလျှောက်ထွက်ရင်း ပျောက်သွားမှာစိုးရတယ်။ မင်း သွားကူပေးလို့ရမလား။"

ရှဲ့ကျူရှင်းလည်း ကျောက်ကျန်းယိနှင့်အတူ အပြင်ထွက်သွားလိုက်သည်။

ဝမ်ချောင် စိတ်မချဖြစ်နေတာမို့ တံခါးအနား အပြေးလိုက်သွားပြီး ပြောလာသည်။ "ဒီခွေးက အကြီးကြီးပဲ။ မင်း ထိန်းနိုင်ပါ့မလား။"

"ငါတို့အိမ်မှာလည်း Labrador တစ်ကောင်ရှိတယ်။ ငါ့အမေ လမ်းလျှောက်ထွက်တိုင်း ငါကူထိန်းပေးနေကြမို့ အဆင်ပြေတယ်။" ရှဲ့ကျူရှင်း ပြန်ဖြေသည်။

ရှဲ့ကျူရှင်း သူ့ခေါင်းငုံ့ပြီး ခွေးခေါင်းနှင့်ပွတ်သပ်နေတာကို ဝမ်ချောင် မြင်လိုက်ရသည်။ သူ့အပြုံးကအစ အလွန်အမင်းနူးညံ့နေတာကို မြင်လိုက်ရချိန် ဝမ်ချောင့်ရင်ဘတ်ထဲ တစ်စုံတစ်ခုက ကလိထိုးသွားသလိုပင်။

ရှဲ့ကျူရှင်း မော့ကြည့်လာသည်။

ဝမ်ချောင့်အကြည့်များက သူ့နှုတ်ခမ်းထက်မှာ ရစ်သီနေဆဲဖြစ်ပြီး သူ့လည်စလုတ်လေးကလည်း လှုပ်ရှားလို့နေသည်။

သူ နည်းနည်းတော့ရယ်ချင်သွားပေမယ့် အောင့်ထားလိုက်ရသည်။

သူက ဘာဆိုဘာမှ နားမလည်နေတဲ့ကလေး မဟုတ်။ အခုရက်ပိုင်းအတွင်း ဝမ်ချောင် သူ့ကိုကြည့်လာချိန် စိတ်ထဲ အတွေးရိုင်းတွေ ဝင်နေမှန်း သူသိပြီးသားပင်။

သူကိုယ်တိုင်ကလည်း သဘောကျဟန်ပေါ်သည့်လူတစ်ယောက်က သူနှင့်ဆက်ဆံရေးအား ဒီ့ထက်ပိုတဲ့အဆင့်တစ်ခုတက်ချင်ခြင်းကို သူ မပျော်ရွှင်ဟုပြောလျှင် လိမ်ရာကျလိမ့်မည်။ အခြားတစ်ယောက်သာဆို သူတို့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီးသွားလောက်ပြီ။ ဘဝမှာ ပျော်ရွှင်ချင်ရင် စတင်လှုပ်ရှားမှုကို ကိုယ့်ဘက်မှ စလုပ်ရတာလည်း ရှိတတ်သည်။

သို့ပေမယ့် ရှဲ့ကျူရှင်းက သူ့ကိုယ်သူ အလိုလိုက်ရတာ မကြိုက်သည့်လူတစ်ယောက်ဖြစ်သည်။

သူ ဝမ်ချောင်ကို မဖော်လိုက်ချင်။ ဘာမှမသိသလိုဟန်ဆောင်ရင်းသာ သူ့ကို ထုတ်မပြောရဲပေမယ့် အိပ်ရာပေါ်တင်ခေါ်သွားချင်တဲ့အတွေးများဖြင့် ပါးကုပ်လိုက်၊ နားကုပ်လိုက် ကြောင်ငေးကြည့်နေသေးသည့် ဝမ်ချောင်ကို အေးစက်စက်ပြန်လို့စိုက်ကြည့်လိုက်သည်။ တစ်ဖက်မှာတော့ သူ အရမ်းပျော်နေပေမယ့် တစ်ဖက်မှာတော့ ဒီနှလုံးသားမရှိတဲ့လူရဲ့အရူးလုပ်တာမခံဖို့ သူ့ဘာသာ ချုပ်တည်းထားရသည်။

ဝမ်ချောင် ဘယ်လောက်တုံးအလဲ သူ သိထားသည်။ 'သူနှင့်ရှောင်ရှဲ့က အရင်းနှီးဆုံး' ဆိုတာကို အခြားသူများအား သက်သေပြဖို့အတွက်နှင့်တောင် သူ့ကို နမ်းခဲ့သူဖြစ်သည်။ ဝမ်ချောင် သူနှင့် ရုတ်တရက် ဒီလိုကိစ္စများ လုပ်ချင်လာရတာလည်း အရင်းနှီးဆုံးသူငယ်ချင်းများအကြား နမ်းတာကဲ့သို့ အိပ်ရာပေါ်ကိစ္စများလည်း လုပ်လောက်တယ်ဟု တွေးမိတာမျိုးကြောင့်ဖြစ်နိုင်သည်။

အရူးတစ်ယောက်ကတော့ ဦးနှောက်မရှိလည်း ပျော်ပျော်ကြီးနေလို့ရတယ်ဆိုပေမယ့် ရှဲ့ကျူရှင်းကတော့ မရ။ သူ ဒီလူကို ကြိုက်နေကြောင်း သေချာ မသိရခင်အထိ ထပ်ခါတလဲလဲ သူ့ကိုယ်သူ ငြင်းဆိုလို့နေခဲ့သည်။ သူ ယောက်ျားတစ်ယောက်ဖြင့် တွဲဖို့ တုန့်ဆိုင်းနေသေးတယ်ဆိုပေမယ့် သူ့အပေါ် ဝမ်ချောင်ရဲ့ပူးကပ်နေခြင်းများကိုလည်း မငြင်းဆို။ သူသာ ဝမ်ချောင်နှင့် တကယ်တွဲဖို့ဆုံးဖြတ်လိုက်ပါက လုပ်ချင်သမျှ အရာရာလုပ်ဖို့ အဆင်ပြေလှသည်။ သို့ပေမယ့် အိပ်ရာပေါ်မှာ အချိန်ကောင်းလေးရပြီးရင် နောက်ဆက်တွဲ ဘာဆက်ဖြစ်လာလိမ့်မလဲ။ သူတို့ လိင်တူကြိုက်ရခြင်းအတွက်ဖိအားတွေ၊ အဖွဲ့သားများ၊ သူတို့အလုပ်အကိုင်၊ သူတို့မိသားစု၊ ပတ်ဝန်းကျင်ထံမှရော နေရာပေါင်းစုံမှဖိအားများကို ခံစားရတော့မည်။ သူတို့တွေ ဆုံးဖြတ်ချက်ချပြီးတာနှင့် ပြန်လှည့်နိုင်စရာလမ်း မရှိတော့။ ထို့ကြောင့် သူတို့ အလျင်စလို လုပ်လို့မရ ; အရာရာတိုင်းကို သေချာတွေးတောထားရမည်။ သူကရော ဝမ်ချောင် သူ့ဘဝထဲ ဝင်လာနိုင်ရန်အတွက်နှင့် တစ်ဘဝလုံးစာ အစီအစဉ်များကို ပြန်ပြောင်းရေးဖို့ လိုပါ့မလား။

ထို့အပြင် သူနားမလည်နိုင်သည့်နောက်တစ်ခုရှိသေးသည်။ ထိုညက ဝမ်ချောင် သူ့အလိုပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဆေးခတ်ခံရလို့ ကောင်မလေးနှင့် လုပ်ပြီးတော့မှ အိမ်ပြန်ရောက်လာပြီး အဖျားဖြင့် အိပ်သွား၍ နောက်တစ်နေ့ နိုးလာချိန် သူ့မျက်ဝန်းများက သူ့အပေါ် အာရုံတစိုက်ရှိလာတော့သည်။ ဘာလို့များ သူ့ဦးနှောက်က ရုတ်တရက်ကြီး U ကွေ့ ကွေ့သွားရတာလဲ။

အခု ဝမ်ချောင့်ရဲ့မျက်နှာအမူအရာကို ကြည့်ရုံနှင့် သူ့စိတ်ထဲ မကောင်းတဲ့အရာတစ်ခုခု ထပ်တွေးနေပြီမှန်း သိသာလွန်းလှသည်။

ရှဲ့ကျူရှင်း တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ "အထဲ မြန်မြန်ဝင်တော့။"

ဝမ်ချောင် နှုတ်ခမ်းသပ်ရင်း ပြန်ပြောလာသည်။ "ဟမ်? ဘယ်ထဲ ဝင်ရမှာလဲ။"

ရှဲ့ကျူရှင်း : "..." 'မင်းက ဘယ်ထဲ ဝင်ချင်နေသေးတာလဲ။'

ဝမ်ချောင် အသိပြန်ကပ်လာပြီး ရှက်ရွံ့သလိုပြောတော့သည်။ "ဒါဆို ငါ ဝင်တော့ ... မင်းလည်းသွားတော့။ မြန်မြန်သွားပြီးပြန်လာခဲ့။"

KittyKitling

T/N : Update မြန်ပေးမယ်ပြောပြီးမှ Kit မျက်လုံး ပါဝါထိုးတက် TT

ဝမ်ချောင်တို့ကလေ ပျားရည်စမ်းထားတဲ့ဓားနဲ့ ပိုတူတယ်။ ဓားဆိုပြီး ကြောက်ရမလားတွေးရင် ချိုနေရောပဲ။ ချိုနေပြန်တော့လည်း အောက်မှာဓားကြီး .. ><

_____///_____

[Zawgyi]

'ခ်ဳပ္တည္းထားျခင္း'

ေရွာင္ရွဲ႕ သူ႔ကို ေဒါသထြက္သြားမွာလည္း ေၾကာက္မိတာမို႔ ထိုအေတြးမ်ားကို အလ်င္စလိုေမ့ေဖ်ာက္ထားလိုက္ေတာ့သည္။

သို႔ေပမယ့္ ထိုအေတြးမ်ိဳးက စိတ္ထဲေရာက္လာၿပီးတာႏွင့္ လ်စ္လ်ဴရွုပစ္ဖို႔ခက္ခဲလြန္းလွသည္။

စင္ေပၚေဖ်ာ္ေျဖရာတြင္ ဝမ္ေခ်ာင့္ေနရာက ေရွာင္ရွဲ႕အေနာက္တြင္ ရပ္ေနရတာမ်ိဳးျဖစ္သည္။ ရွဲ႕က်ဴရွင္းဝတ္စုံက တိုလွတာမို႔ သူလက္ေျမႇာက္လိုက္တာႏွင့္ ခါးေလးကပါ ေပၚလာ၏။ အားထုတ္မွုသိပ္မရွိဘဲ သူ႔လက္ႏွင့္ေျခေထာက္မ်ားကို လွုပ္ေနရင္း ဝမ္ေခ်ာင့္မ်က္လုံးမ်ားက ရွဲ႕က်ဴရွင္းရဲ့လွစ္ေပၚေနသည့္ခါးအထက္သာ ေရာက္သြားတတ္သည္။ ေရွာင္ရွဲ႕ solo ကျပရခ်ိန္တြင္လည္း အရင္က ေခ်ာေမာၿပီးၾကည့္ေကာင္းတယ္ဟုသာ ေတြးခဲ့ဖူးသေလာက္ အခုက် သူ႔စိတ္ထဲ ထူးထူးဆန္းဆန္းပုံရိပ္မ်ား ဝင္ေရာက္လာေလသည္။

ေဖ်ာ္ေျဖၿပီးခ်ိန္မွာေတာ့ ေရွာင္ရွဲ႕ အနားေလၽွာက္လာတာကိုျမင္မွ ဝမ္ေခ်ာင္ အသိကပ္သြားေတာ့သည္။ ေရွာင္ရွဲ႕က ေျဖာင့္မတ္ၿပီးမင္းသားတစ္ပါးႏွင့္တူလွသည့္ ႐ုပ္ေခ်ာမွုမ်ိဳးရွိတာျဖစ္သည္။ ကျပေဖ်ာ္ေျဖဖို႔ မိတ္ကပ္လိမ္းထားရေပမယ့္ လုံးဝ မိန္းမဆန္ေနျခင္း မရွိ။ ဝတၳဳမ်ားထဲက ဓားကိုင္ဆြဲတဲ့သူရဲေကာင္းမ်ားသည္လည္း ေရွာင္ရွဲ႕လိုေခ်ာေမာမွုမ်ိဳးရွိေနေလာက္သည္။ သူ႔စိတ္ထဲရွိေနတဲ့ညစ္ညစ္ညမ္းညမ္းပုံရိပ္မ်ားမွာ ေရွာင္ရွဲ႕ရဲ့မင္းသားေလးလိုမ်က္ႏွာႏွင့္ မအပ္စပ္လွ။

သို႔ေပမယ့္ သူ မၾကည့္ဘဲမေနနိုင္လွသလို မေတြးဘဲလည္း မေနနိုင္။

ထို႔အျပင္ သူလည္း လူမသိသူမသိေတြးေနတာမို႔ ဘယ္သူမွ သတိမထားမိေလာက္ဟု ခံစားမိေန၏။

သို႔ေသာ္ ျပႆနာက သူ ဘယ္လိုမ်ားဖုံးကြယ္ထားတတ္မွာလဲ။ ဝမ္ေခ်ာင္ဆိုသည္မွာ သူ႔ခံစားခ်က္အကုန္ မ်က္ႏွာမွာ ေဖာ္ျပထားတတ္သည့္လူမ်ိဳးသာ။

ဝမ္ေခ်ာင္ အဖ်ားေပ်ာက္သြားတဲ့ေန႔က ရွဲ႕က်ဴရွင္း မနက္ထေျပး၍ မနက္စာဝယ္ၿပီးျပန္လာကတည္းက ဆံပင္စုတ္ဖြားႏွင့္မ်က္ေခ်းကပ္ေနေသးသည့္ ဝမ္ေခ်ာင္တစ္ေယာက္ ႏြားနို႔ေသာက္ရင္း သူ႔ညႇပ္ရိုးကို လွမ္းလွမ္းၾကည့္ေနခ်ိန္ တစ္ခုခုမွားေနၿပီမွန္း ရွဲ႕က်ဴရွင္း သတိထားမိခဲ့သည္။

သူတို႔ကုမၸဏီကို သြားခ်ိန္မွာလည္း ဝမ္ေခ်ာင္က ရွဲ႕က်ဴရွင္း ေဘးတြင္ထိုင္လ်က္ အရင္လိုပူးကပ္ေန၏။ သို႔ေသာ္ အရင္က ဒီလိုပူးကပ္ေနရင္ေတာင္ သူ႔မ်က္ဝန္းမ်ားက ပုံမွန္အတိုင္းပင္။ အခုလိုမ်ိဳး သူ႔ညႇပ္ရိုးကို စူးစူးစိုက္စိုက္ၾကည့္ၿပီး သြားရည္မမ်ိဳခ်ေန။

ေနာက္ႏွစ္ရက္အတြင္း ထိုအေျခအေနက ပို ပိုလို႔ဆိုးလာသည္။ ဝမ္ေခ်ာင့္အၾကည့္မ်ားက ရွဲ႕က်ဴရွင္းရဲ့ညႇပ္ရိုးမွတစ္ဆင့္ ရင္ဘတ္သို႔၊ ထို႔ေနာက္မွာေတာ့ သူ႔ခါးေပၚသို႔၊ ေနာက္ဆုံးတြင္ သူ႔တင္ပါးႏွင့္ ေပါင္တံမ်ားအၾကား ေရာက္လာေတာ့သည္။ ထိုသူက သူ႔ကို အေပၚေအာက္ဆန္ၾကည့္ရင္း မည္သူမွ သတိမထားမိဘူးဟုထင္ကာ အၾကည့္မ်ားက ပိုလို႔ပိုလို႔ရွင္းလင္းထင္ရွားလာ၏။

ထိုေန႔က ကုမၸဏီတြင္ အစည္းအေဝးရွိခဲ့သည္။ သူတို႔ပြဲဦးထြက္ၿပီးတာ တစ္လမၽွရွိၿပီျဖစ္ၿပီး Summer Ice အေျခအေနက အေကာင္းႀကီးလည္း မဟုတ္သလို အဆိုးႀကီးလည္း မဟုတ္ေန။ သို႔ေသာ္ အေျခအေနက ဒီအတိုင္းႀကီးသာ ဆက္သြားပါက ေက်ာင္းသူမ်ား စာေမးပြဲအၿပီးျပန္လာရင္ေတာင္ သူတို႔ေအာင္ျမင္မွုအတြက္ အေထာက္အကူ မ်ားမ်ားစားစားျဖစ္ေတာ့မွာ မဟုတ္။

"မင္းတို႔ပထမဆုံးအႀကိမ္မွာတင္ Top 3 အထိ တက္သြားနိုင္တာ မဆိုးလွပါဘူး။" သြမ့္ယိခြန္း သူတို႔ကို ႏွစ္သိမ့္ေပးလာသည္။ "အိုင္ေဒါ ေကာင္ေလးအဖြဲ႕ေတြရဲ့သီခ်င္းေတြက အရမ္းနာမည္ေက်ာ္သြားဖို႔ ခက္တယ္။ ၿပီးေတာ့ မင္းတို႔သီခ်င္းထြက္ခ်ိန္က စီနီယာအဖြဲ႕ေတြ သီခ်င္းထုတ္ခ်ိန္နဲ႔ တိုက္သြားလို႔ပါကြာ။ မင္းတို႔ေတြ အေကာင္းဆုံးလုပ္ခဲ့ၿပီးပါၿပီ။" 

သူတို႔ေျခာက္ေယာက္လုံး တုံ႔ဆိုင္းတုံ႔ဆိုင္းႏွင့္ ေခါင္းညိတ္လိုက္ေပမယ့္ မခ်င့္မရဲေတာ့ျဖစ္ၾကဆဲ။ သူတို႔ သီခ်င္း charts အၾကား ထိပ္ဆုံးအထိ တက္နိုင္တာ ဘယ္လိုမ်ိဳးသေဘာလဲ ေသခ်ာမသိလွေပမယ့္ Weibo က ေဆြးေႏြးခ်က္မ်ားေၾကာင့္ သူတို႔သီခ်င္းက ထင္သေလာက္ေပၚျပဴလာမျဖစ္မွန္း သိထားရသည္။ ထို႔အျပင္ ပြဲဦးထြက္ကာလ ၿပီးသြားၿပီမို႔ Weibo မွာလည္း Fan သိသိသာသာတိုးလာျခင္းမ်ိဳး မရွိေတာ့။ share ႏွင့္ comments ေထာင္ခ်ီေအာင္ရွိေနသည့္ ရွဲ႕က်ဴရွင္း account ကလြဲရင္ က်န္အဖြဲ႕သားမ်ား၌ အမ်ားဆုံးရာေက်ာ္သာရွိေနတတ္သည္။ ထို႔အျပင္ hot comment အမ်ားစုကလည္း ေၾကာ္ျငာစာမ်ားသာ။ သူတို႔ထဲ အဆိုးဆုံးကေတာ့ ေကာင္းစီ့ယြမ္ပင္။ သူ ေတာင္ကိုရီးယားဘက္တြင္ ေလ့က်င့္သားျဖစ္ခဲ့စဥ္ လုပ္မိခဲ့တဲ့မေတာ္တဆမွုေၾကာင့္ ျပက္ရယ္ျပဳခံေနရၿပီး သူ႔ post ေအာက္ရွိ comment မ်ားကလည္း သူ႔ကို တိုက္ခိုက္လို႔ေနတာမို႔ အဆုံးတြင္ သူ႔မွာ comments ပိတ္ထားရေတာ့တဲ့အထိျဖစ္သြားရသည္။

သြမ့္ယိခြန္းလည္း သူတို႔အကုန္ စိတ္ဓာတ္က်ေနမွန္း ေတြ႕ေနတာမို႔ အခ်ိန္ကိုက္ပင္ သတင္းေကာင္းေျပာျပေပးလာသည္။ "စိတ္ဓာတ္မက်ေနၾကနဲ႔၊ ေပ်ာ္ေပ်ာ္ေနစမ္းပါ။ မနက္ျဖန္ မင္းတို႔ေတြ ေၾကာ္ျငာတစ္ခုရိုက္ၿပီးသြားရင္ သန္ဘက္ခါက် ခ်န္းရွကို သြားရမယ္။ မင္းတို႔ေတြ Variety show အသိုင္းအဝိုင္းထဲ ဝင္ဖို႔အခ်ိန္က်ၿပီေလ။"

သူက နိုင္ငံအတြင္းရွိ အသက္ႀကီးငယ္မေရြးသိၾကတဲ့ variety show တစ္ခုမွာ ပါဝင္ခိုင္းဖို႔ ျပင္ဆင္ေပးထားတာျဖစ္ၿပီး ပထမဆုံး စတင္ variety show မွာ ပါဝင္မယ့္လူမ်ားအတြက္ေတာ့ ဒါက အေကာင္းဆုံးေရြးခ်ယ္မွုတစ္ခုလိုပင္။

ထင္ထားသလိုပင္၊ ဒီသတင္းက အဖြဲ႕သားမ်ားကို တစ္ဖန္ျပန္လို႔စိတ္လွုပ္ရွားသြားေစသည္။ ဒီ Variety show က ခဏခဏ အျပစ္တင္ခံရတတ္သည္ဆိုေပမယ့္ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားၿပီး စုေစာင္းထားရတဲ့ဂုဏ္သတင္းႏွင့္ rating ကိုေတာ့ အျခား ဘယ္ variety show မွ ယွဥ္လို႔မရနိုင္ေသး။ စတားျဖစ္ခ်င္ၾကတဲ့အိပ္မက္မ်ားႏွင့္ လူငယ္ေလးမ်ားအတြက္ သူတို႔ငယ္ငယ္က ဒီ show ကို မၾကည့္ခဲ့ဖူးသူမ်ား ရွိမလား။ ဘယ္သူကမ်ား ဒီလို variety show ပြဲေပၚမွာ ေျခခ်နိုင္ရမည္ဟု အေတြးမဝင္ခဲ့ဖူးသူရွိလို႔လဲ။

အစည္းအေဝးၿပီးတာႏွင့္ အဖြဲ႕သားမ်ား အခ်င္းခ်င္းစကားေျပာလ်က္ ျပန္ထြက္လာၾကၿပီး သူတို႔မ်က္ႏွာထက္က စိတ္လွုပ္ရွားေပ်ာ္ရႊင္မွုကို ဖုံးကြယ္ထားလို႔ေတာင္ မရ။

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းပခုံးကို သိုင္းဖက္လ်က္ က်န္အဖြဲ႕သားမ်ားထက္ ေနာက္က်ေနခဲ့ၿပီး အသံတိုးတိုးႏွင့္ေျပာလာသည္။ "ေစာေသးတာပဲ။ လ်န္-ေကာအိမ္ကို သြားရေအာင္။"

ရွဲ႕က်ဴရွင္းလည္း သူ ထပ္ေပ်ာ္ပါးခ်င္ျပန္ၿပီထင္၍ ေျပာလိုက္သည္။ "ဟင့္အင္း၊ ငါ ခဏေလာက္ အကေလ့က်င့္ခ်င္ေသးတယ္။"

"မင္း အျခားအခ်ိန္ေတြမွာ ေလ့က်င့္လည္းရတာပဲ။ ၿပီးေတာ့ မင္း အကမွာေတာ္ၿပီးသားေလ။ ေလ့က်င့္မေနနဲ႔ေတာ့။" ဝမ္ေခ်ာင္ေျပာလာသည္။

ရွဲ႕က်ဴရွင္းပခုံးေပၚတင္ထားတဲ့ ဝမ္ေခ်ာင့္လက္မ်ားက ရိုးသားေနျခင္း မရွိ။ သူက ရွဲ႕က်ဴရွင္းဂုတ္ပိုးကို ထိကိုင္လ်က္ ရွဲ႕က်ဴရွင္းပခုံးကို ဖ်စ္ညႇစ္လို႔ေနသည္။

ရွဲ႕က်ဴရွင္း မသိခ်င္ေယာင္ေဆာင္ထားလိုက္သည္။ "လ်န္-ေကာနဲ႔ ငါက အႀကိဳက္ခ်င္း မတူဘူး။ ငါ မင္းနဲ႔ လိုက္ခဲ့ရင္ေတာင္ ေဘးမွာပဲ ထိုင္ၾကည့္ေနရမွာ။"

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းပခုံးေပၚ လက္တစ္ဖက္တင္၍ က်န္အဖြဲ႕သားမ်ားကို ေက်ာေပးထားလ်က္ တိုးတိုးေလးေျပာရင္း ေနာက္ျပန္ေလၽွာက္ေနလိုက္သည္။ "မင္း႐ူးေနလား။ ဘယ္သူက မင္းကို အဲ့မွာကစားဖို႔သြားမွာလို႔ေျပာလဲ။ လ်န္-ေကာက လုပ္တတ္တာ ဘာဆိုဘာမွ မရွိဘူးဆိုေပမယ့္ variety show နဲ႔ ပတ္သတ္ရင္ေတာ့ အရမ္းေတာ္လြန္းတယ္။ ငါ မင္းကို သူ႔အိမ္ေခၚသြားၿပီး အႀကံအခ်ိဳ႕ယူခိုင္းမလို႔။ ငါတို႔ သူ႔ဆီကေန တစ္ခုခုသင္ယူမိတာမ်ိဳးလည္း ျဖစ္နိုင္တာပဲ၊ ဘယ္သူသိမလဲ။"

ရွဲ႕က်ဴရွင္း : "... ဒါဆို သြားတာေပါ့။"

ဝမ္ေခ်ာင္ျပဳံးၿဖီးသြားၿပီး ရွဲ႕က်ဴရွင္းလည္း ျပဳံးလို႔သြားသည္။

သူ႔အျပဳံးကိုျမင္ၿပီးသည့္ေနာက္ ဝမ္ေခ်ာင့္ရင္ထဲ ျမင္းတစ္ေကာင္ စီးေျပးသြားသလိုခံစားလိုက္ရေတာ့သည္။ ဘယ္လိုလုပ္ ေရွာင္ရွဲ႕က အရမ္းဆြဲေဆာင္မွုရွိေနရတာလဲ။ ဖာ့ခ္!

ကုမၸဏီရွိသန့္ရွင္းေရးအေဒၚႀကီးက အေရွ႕တြင္ ၾကမ္းတိုက္ေနေပမယ့္ သူက ေနာက္ျပန္ေလၽွာက္ေနတာမို႔ မျမင္ခဲ့။ ရွဲ႕က်ဴရွင္း လွမ္းဆြဲဖို႔လုပ္ေပမယ့္ ေတာ္ေတာ္ေလးေနာက္က်သြားခဲ့ၿပီ။ ဝမ္ေခ်ာင္ ၾကမ္းတိုက္တံကို တက္နင္းမိၿပီး ေခ်ာ္လဲက်သြားေတာ့သည္။ တကယ္ေတာ့ ဒါက ျပႆနာႀကီးတစ္ခု မဟုတ္လွ။ နည္းနည္းယိုင္တိယိုင္တိုင္ျဖစ္ၿပီးတာႏွင့္ တည့္တည့္ျပန္မတ္တပ္ရပ္လို႔ရေနေပမယ့္ ထိုအစား သူက လွဲက်သြားေတာ့မလို 'အား' ဟုေတာင္ အသံက်ယ္ထြက္လ်က္ ရွဲ႕က်ဴရွင္းခါးကို လွမ္းဖက္ၿပီး သူ႔အႀကံ ေအာင္ျမင္သြားတာႏွင့္ ခ်က္ခ်င္းျပန္လႊတ္၍ သန့္ရွင္းေရးသမားကိုပါ အျပစ္တင္ေျပာခ်င္သလိုလုပ္လိုက္ေသးသည္။ "ကၽြန္ေတာ္ေျပာမယ္ သာ့က်ဲ၊ လမ္းကို ေသခ်ာၾကည့္မေလၽွာက္တတ္ဘူးလား!"

သန့္ရွင္းေရးအမ်ိဳးသမီးႀကီး ခါးမတ္မတ္ရပ္လာခ်ိန္ သူမရဲ့ေဆးဆိုးေျပာင္လက္ေနတဲ့ဆံပင္နက္ကပါ ေပၚလာေတာ့သည္။ သူမမ်က္ႏွာကိုခန့္မွန္းၾကည့္ရသေလာက္ အသက္ ေလးဆယ္၊ ငါးဆယ္မၽွ ရွိၿပီထင္ရ၏။

ဝမ္ေခ်ာင္ : "... အန္တီ၊ ေတာင္းပန္ပါတယ္ဗ်။ သြားမယ့္လမ္းကို ကၽြန္ေတာ္ ေသခ်ာမၾကည့္မိတာပါ။"

ရွဲ႕က်ဴရွင္း ရယ္ခ်င္စိတ္ကို ေအာင့္ထားရင္း အေရွ႕ဆက္ေလၽွာက္သြားရေတာ့သည္။

သန့္ရွင္းေရးသမားအန္တီက ဝမ္ေခ်ာင့္ကို ဂ႐ုစိုက္မေန။ ဝမ္ေခ်ာင္လည္း သူ႔ဘာသာ ဖုန္ခါရင္း ရွဲ႕က်ဴရွင္းအေနာက္သို႔ ဆူပုတ္ပုတ္ႏွင့္လိုက္သြားေတာ့သည္။ သူ အရမ္းစိတ္ပ်က္ေနရသည္။ သူ ေရွာင္ရွဲ႕ခါးကို ထိလိုက္နိုင္တယ္ဆိုေပမယ့္ ေသခ်ာခံစားနိုင္ဖို႔ အခြင့္အေရး မရလိုက္။ သူ႔လွုပ္ရွားမွုမ်ားက တိုေတာင္းၿပီး ႐ုတ္တရက္ဆန္လွသည္။

သူတို႔ႏွစ္ေယာက္ အဖြဲ႕သားမ်ားကို ႏွုတ္ဆက္ခ်ိန္ လ်န္-ေကာအိမ္ သြားမည့္အေၾကာင္းကိုေတာ့ မေျပာခဲ့။ ေပ်ာ္ပါးဖို႔သြားမည္ဟုသာ ေျပာခဲ့သည္။ အဖြဲ႕သားမ်ားကလည္း ေထြေထြထူးထူး မေတြးေန။ သူတို႔က မဟုတ္လည္း အျမဲ တပူးပူးတတြဲတြဲႏွင့္ေပ်ာ္ပါးေနၾကတာပင္။

Ferrari က လူတကာအျမင္ထင္းလွေၾကာင္း သြမ့္ယိခြန္းမွ ႏွစ္ႀကိမ္ႏွစ္ခါမၽွ စကားအလွသုံး၍ေျပာၿပီးတဲ့ေနာက္ ဝမ္ေခ်ာင္ သိပ္မစီးျဖစ္ေတာ့။ သူ ဒီၾကားထဲ စီးေနၾက Porsche ကလည္း လ်န္ရွီးကို ငွါးထားရတာမို႔ အခုတေလာ Volkswagen အျပာေရာင္ေလးသာ စီးျဖစ္ေန၏။

သူက ရွဲ႕က်ဴရွင္းကို ကားေမာင္းေစၿပီး ကိုယ္တိုင္ကေတာ့ ေဘးခုံတြင္ထိုင္လ်က္ေျပာလာသည္။ "လ်န္-ေကာ လက္ဒဏ္ရာရထားတယ္။ ငါတို႔ အဲ့ေရာက္ရင္ ယဥ္ယဥ္ေက်းေက်းပဲ ေျပာ။ သူ႔ကို ဘယ္လိုလုပ္ ဒဏ္ရာရလာတာလဲေတြ မေမးနဲ႔။"

ရွဲ႕က်ဴရွင္းလည္း အေသးစိတ္သိခ်င္တာမ်ိဳး မရွိတာမို႔ သေဘာတူလိုက္သည္။ "ဟုတ္ၿပီ။"

သူ ကားေမာင္းေနစဥ္ ဝမ္ေခ်ာင္က ေဘးတြင္ထိုင္၍ သူ႔အား ေခ်ာင္းၾကည့္ေနၿပီး သူ ခံစားလာရလို႔ လွည့္ၾကည့္လိုက္ရင္ ဝမ္ေခ်ာင္က အလ်င္စလို အျပင္သို႔ၾကည့္သလိုဟန္ေဆာင္၍ နားမလည္နိုင္တဲ့သံစဥ္အခ်ိဳ႕ ဆိုေနေလသည္။

သူတို႔ လ်န္ရွီးအိမ္ ေရာက္သြားခ်ိန္ လ်န္ရွီးလက္က ပတ္တီးစည္းထားလ်က္ရွိေနသည္။ ထို႔အျပင္ အိမ္ထဲတြင္ ေခြးေလး Chow Chow ႏွစ္ေကာင္ပါ ရွိေနၿပီး တစ္ေကာင္က အထီးေလးျဖစ္၍ ေနာက္တစ္ေကာင္က အမ ေလးျဖစ္သည္။ ရွဲ႕က်ဴရွင္း အထီးေလးကိုေတာ့ ျမင္ဖူးထားသည္။ အရင္တစ္ေခါက္က ပိုင္ထူ ေခြးလည္ပတ္ႏွင့္အတူဆြဲကိုင္ထားသည့္ေခြးေလးပင္။

ရွဲ႕က်ဴရွင္း စိတ္ထဲ တစ္ခုခုသေဘာေပါက္သိရွိသြားေပမယ့္ ထုတ္မေျပာ။ လ်န္ရွီးရဲ့လက္ဒဏ္ရာအေျခအေန ဘယ္လိုေနသလဲ ေမးၿပီးေနာက္ သူ ထပ္မေမးေတာ့ဘဲ တိတ္တဆိတ္ထိုင္ရင္းသာ ဝမ္ေခ်ာင္ႏွင့္ လ်န္ရွီး စကားဝိုင္းကို နားေထာင္ေနလိုက္သည္။

"ေကာ၊ ကၽြန္ေတာ္ Variety show သြားရေတာ့မွာ။" ဝမ္ေခ်ာင္ စပ်စ္သီးမ်ား ထိုင္စားရင္း ေျပာေလသည္။ "ေကာမွာ အေတြ႕အၾကဳံအမ်ားႀကီးရွိတာပဲ။ ကၽြန္ေတာ္တို႔ကို Fan ေတြ မ်ားမ်ားရလာေအာင္ ဘယ္လိုလုပ္ရမလဲ နည္းျပေပးပါဦး။"

လ်န္ရွီးရဲ့စိတ္အေျခအေနက ေကာင္းလွပုံမေပၚလွ။ သူက ဝတ္ေက်တန္းေက်သာ ျပန္ေျပာလာသည္။ "အေတြ႕အၾကဳံ မရွိဘူး။ ငါ့ပါးမား ေပးခဲ့တဲ့႐ုပ္ရည္ပဲရွိတယ္။"

ဝမ္ေခ်ာင္ သူျပန္ေျဖလာတာအေပၚ မေက်နပ္။ "ေကာ၊ ေလးေလးနက္နက္ေျဖပါဗ်။ ကၽြန္ေတာ္ ေကာပို႔ခ်တာ နားေထာင္ဖို႔ ေရွာင္ရွဲ႕ေတာင္ တကူးတကေခၚခဲ့တာ။

လ်န္ရွီး လက္ျဖန့္၍ေျပာလာသည္။ "ငါ့သင္တန္းက ေစ်းမနည္းဘူး။ သင္တန္းခ အရင္လႊဲေပးလိုက္။"

ဝမ္ေခ်ာင္ : "ေကာက ကၽြန္ေတာ့္ကားကို ေမာင္းေနတာေလ။ ကားငွါးခ ကၽြန္ေတာ္ေလ်ာ့ေပးလိုက္မယ္။"

လ်န္ရွီး ျပန္ေျပာသည္။ "မင္း ငါ့စပ်စ္သီးေတာင္ စားေနေသးတာပဲ။ တစ္လုံးကို ဝမ္ ၁၅၀၀၊ မင္း ဘယ္ႏွစ္ခုေတာင္ စားၿပီးၿပီလဲ။"

လ်န္ရွီး ထိုသို႔ေျပာလာခ်ိန္ ရွဲ႕က်ဴရွင္းက စပ်စ္သီး လွမ္းယူတုန္းရွိေသးသည္။ သူ ေနရခက္သလို ျပန္တင္ထားလိုက္ေတာ့သည္။

လ်န္ရွီးက သူ႔ကို ပစ္မွတ္ထားၿပီးေျပာေနတာမ်ိဳး မဟုတ္တာမို႔ ေျပာလာသည္။ "ေရွာင္ရွဲ႕ကေတာ့ ငါနဲ႔ CP မို႔ သူ စားခ်င္သေလာက္စားလို႔ရတယ္။ မင္း စားကုန္သြားရင္ ေရခဲေသတၱာထဲမွာ ထပ္ရွိေသးတယ္။"

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္ စပ်စ္ခြံကို ေထြးထုတ္ရင္းႂကြားလုံးထုတ္ေလသည္။ "ေကာ ေမ့လိုက္ေတာ့။ ေရွာင္ရွဲ႕က ကၽြန္ေတာ့္ CP ။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကမွ တရားဝင္အတြဲေတြဗ်။"

လ်န္ရွီး : "ဒါျဖင့္ မင္းတို႔ CP နာမည္က ဘာတဲ့လဲ။"

ဝမ္ေခ်ာင္ ထိုကိစၥ မေတြးထားရေသးတာမို႔ ေတာင့္ခဲသြားေတာ့သည္။

လ်န္ရွီး သူ႔ကို ဆက္ၿပီးရန္စသည္။ "အားရိုး၊ တရားဝင္အတြဲမွာ နာမည္ေတာင္မရွိဘူးတဲ့လား။ ငါ့လို တရားမဝင္ပါတနာမွာေတာင္ တစ္ခုရွိေသးတယ္။"

သူတို႔္ႏွစ္ေယာက္ အျပန္ျပန္အလွန္လွန္ဖဲ့ေနခ်ိန္မွာပဲ တံခါးဘဲလ္သံထြက္ေပၚလာၿပီး ေရာက္လာသူမွာ လ်န္ရွီးရဲ့မန္ေနဂ်ာျဖစ္သည္။

"ဒါက ေက်ာက္က်န္းယိ။" လ်န္ရွီး မိတ္ဆက္ေပးလာသည္။ "ဝမ္ေခ်ာင္ကေတာ့ သူ႔ကို ေတြ႕ဖူးေပမယ့္ ေရွာင္ရွဲ႕အတြက္ ဒါ ပထမဆုံး ျမင္ဖူးတာပဲ။ သူ႔ကို ေရွာင္ေက်ာက္လို႔ပဲေခၚ။ ငါ့လက္ ဒဏ္ရာရထားေတာ့ ေခြးနဲ႔အတူလမ္းေလၽွာက္ထြက္တဲ့ကိစၥကို သူ႔ပဲ ကူခိုင္းထားရတာ။"

ေက်ာက္က်န္းယိကလည္း သူတို႔ႏွစ္ေယာက္ကို ျပန္မိတ္ဆက္လာသည္။

လ်န္ရွီး ဝမ္ေခ်ာင္ႏွင့္ ကိစၥတစ္ခု ေဆြးေႏြးခ်င္တာမို႔ ေရွာင္ရွဲ႕ကို အားနာမေနေတာ့ဘဲ ေျပာလိုက္သည္။ "ေရွာင္ရွဲ႕၊ မင္း ေရွာင္ေက်ာက္နဲ႔အတူ ေခြးေတြနဲ႔ လမ္းေလၽွာက္ထြက္ၾကည့္ပါလား။ သူက အျမဲ ပရမ္းပတာနဲ႔၊ လမ္းေလၽွာက္ထြက္ရင္း ေပ်ာက္သြားမွာစိုးရတယ္။ မင္း သြားကူေပးလို႔ရမလား။"

ရွဲ႕က်ဴရွင္းလည္း ေက်ာက္က်န္းယိႏွင့္အတူ အျပင္ထြက္သြားလိုက္သည္။

ဝမ္ေခ်ာင္ စိတ္မခ်ျဖစ္ေနတာမို႔ တံခါးအနား အေျပးလိုက္သြားၿပီး ေျပာလာသည္။ "ဒီေခြးက အႀကီးႀကီးပဲ။ မင္း ထိန္းနိုင္ပါ့မလား။"

"ငါတို႔အိမ္မွာလည္း Labrador တစ္ေကာင္ရွိတယ္။ ငါ့အေမ လမ္းေလၽွာက္ထြက္တိုင္း ငါကူထိန္းေပးေနၾကမို႔ အဆင္ေျပတယ္။" ရွဲ႕က်ဴရွင္း ျပန္ေျဖသည္။

ရွဲ႕က်ဴရွင္း သူ႔ေခါင္းငုံ႔ၿပီး ေခြးေခါင္းႏွင့္ပြတ္သပ္ေနတာကို ဝမ္ေခ်ာင္ ျမင္လိုက္ရသည္။ သူ႔အျပဳံးကအစ အလြန္အမင္းႏူးညံ့ေနတာကို ျမင္လိုက္ရခ်ိန္ ဝမ္ေခ်ာင့္ရင္ဘတ္ထဲ တစ္စုံတစ္ခုက ကလိထိုးသြားသလိုပင္။

ရွဲ႕က်ဴရွင္း ေမာ့ၾကည့္လာသည္။

ဝမ္ေခ်ာင့္အၾကည့္မ်ားက သူ႔ႏွုတ္ခမ္းထက္မွာ ရစ္သီေနဆဲျဖစ္ၿပီး သူ႔လည္စလုတ္ေလးကလည္း လွုပ္ရွားလို႔ေနသည္။

သူ နည္းနည္းေတာ့ရယ္ခ်င္သြားေပမယ့္ ေအာင့္ထားလိုက္ရသည္။

သူက ဘာဆိုဘာမွ နားမလည္ေနတဲ့ကေလး မဟုတ္။ အခုရက္ပိုင္းအတြင္း ဝမ္ေခ်ာင္ သူ႔ကိုၾကည့္လာခ်ိန္ စိတ္ထဲ အေတြးရိုင္းေတြ ဝင္ေနမွန္း သူသိၿပီးသားပင္။

သူကိုယ္တိုင္ကလည္း သေဘာက်ဟန္ေပၚသည့္လူတစ္ေယာက္က သူႏွင့္ဆက္ဆံေရးအား ဒီ့ထက္ပိုတဲ့အဆင့္တစ္ခုတက္ခ်င္ျခင္းကို သူ မေပ်ာ္ရႊင္ဟုေျပာလၽွင္ လိမ္ရာက်လိမ့္မည္။ အျခားတစ္ေယာက္သာဆို သူတို႔ ဒီအေျခအေနကို အခြင့္ေကာင္းယူၿပီးသြားေလာက္ၿပီ။ ဘဝမွာ ေပ်ာ္ရႊင္ခ်င္ရင္ စတင္လွုပ္ရွားမွုကို ကိုယ့္ဘက္မွ စလုပ္ရတာလည္း ရွိတတ္သည္။

သို႔ေပမယ့္ ရွဲ႕က်ဴရွင္းက သူ႔ကိုယ္သူ အလိုလိုက္ရတာ မႀကိဳက္သည့္လူတစ္ေယာက္ျဖစ္သည္။

သူ ဝမ္ေခ်ာင္ကို မေဖာ္လိုက္ခ်င္။ ဘာမွမသိသလိုဟန္ေဆာင္ရင္းသာ သူ႔ကို ထုတ္မေျပာရဲေပမယ့္ အိပ္ရာေပၚတင္ေခၚသြားခ်င္တဲ့အေတြးမ်ားျဖင့္ ပါးကုပ္လိုက္၊ နားကုပ္လိုက္ ေၾကာင္ေငးၾကည့္ေနေသးသည့္ ဝမ္ေခ်ာင္ကို ေအးစက္စက္ျပန္လို႔စိုက္ၾကည့္လိုက္သည္။ တစ္ဖက္မွာေတာ့ သူ အရမ္းေပ်ာ္ေနေပမယ့္ တစ္ဖက္မွာေတာ့ ဒီႏွလုံးသားမရွိတဲ့လူရဲ့အ႐ူးလုပ္တာမခံဖို႔ သူ႔ဘာသာ ခ်ဳပ္တည္းထားရသည္။

ဝမ္ေခ်ာင္ ဘယ္ေလာက္တုံးအလဲ သူ သိထားသည္။ 'သူႏွင့္ေရွာင္ရွဲ႕က အရင္းႏွီးဆုံး' ဆိုတာကို အျခားသူမ်ားအား သက္ေသျပဖို႔အတြက္ႏွင့္ေတာင္ သူ႔ကို နမ္းခဲ့သူျဖစ္သည္။ ဝမ္ေခ်ာင္ သူႏွင့္ ႐ုတ္တရက္ ဒီလိုကိစၥမ်ား လုပ္ခ်င္လာရတာလည္း အရင္းႏွီးဆုံးသူငယ္ခ်င္းမ်ားအၾကား နမ္းတာကဲ့သို႔ အိပ္ရာေပၚကိစၥမ်ားလည္း လုပ္ေလာက္တယ္ဟု ေတြးမိတာမ်ိဳးေၾကာင့္ျဖစ္နိုင္သည္။

အ႐ူးတစ္ေယာက္ကေတာ့ ဦးေႏွာက္မရွိလည္း ေပ်ာ္ေပ်ာ္ႀကီးေနလို႔ရတယ္ဆိုေပမယ့္ ရွဲ႕က်ဴရွင္းကေတာ့ မရ။ သူ ဒီလူကို ႀကိဳက္ေနေၾကာင္း ေသခ်ာ မသိရခင္အထိ ထပ္ခါတလဲလဲ သူ႔ကိုယ္သူ ျငင္းဆိုလို႔ေနခဲ့သည္။ သူ ေယာက္်ားတစ္ေယာက္ျဖင့္ တြဲဖို႔ တုန့္ဆိုင္းေနေသးတယ္ဆိုေပမယ့္ သူ႔အေပၚ ဝမ္ေခ်ာင္ရဲ့ပူးကပ္ေနျခင္းမ်ားကိုလည္း မျငင္းဆို။ သူသာ ဝမ္ေခ်ာင္ႏွင့္ တကယ္တြဲဖို႔ဆုံးျဖတ္လိုက္ပါက လုပ္ခ်င္သမၽွ အရာရာလုပ္ဖို႔ အဆင္ေျပလွသည္။ သို႔ေပမယ့္ အိပ္ရာေပၚမွာ အခ်ိန္ေကာင္းေလးရၿပီးရင္ ေနာက္ဆက္တြဲ ဘာဆက္ျဖစ္လာလိမ့္မလဲ။ သူတို႔ လိင္တူႀကိဳက္ရျခင္းအတြက္ဖိအားေတြ၊ အဖြဲ႕သားမ်ား၊ သူတို႔အလုပ္အကိုင္၊ သူတို႔မိသားစု၊ ပတ္ဝန္းက်င္ထံမွေရာ ေနရာေပါင္းစုံမွဖိအားမ်ားကို ခံစားရေတာ့မည္။ သူတို႔ေတြ ဆုံးျဖတ္ခ်က္ခ်ၿပီးတာႏွင့္ ျပန္လွည့္နိုင္စရာလမ္း မရွိေတာ့။ ထို႔ေၾကာင့္ သူတို႔ အလ်င္စလို လုပ္လို႔မရ ; အရာရာတိုင္းကို ေသခ်ာေတြးေတာထားရမည္။ သူကေရာ ဝမ္ေခ်ာင္ သူ႔ဘဝထဲ ဝင္လာနိုင္ရန္အတြက္ႏွင့္ တစ္ဘဝလုံးစာ အစီအစဥ္မ်ားကို ျပန္ေျပာင္းေရးဖို႔ လိုပါ့မလား။

ထို႔အျပင္ သူနားမလည္နိုင္သည့္ေနာက္တစ္ခုရွိေသးသည္။ ထိုညက ဝမ္ေခ်ာင္ သူ႔အလိုပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ ေဆးခတ္ခံရလို႔ ေကာင္မေလးႏွင့္ လုပ္ၿပီးေတာ့မွ အိမ္ျပန္ေရာက္လာၿပီး အဖ်ားျဖင့္ အိပ္သြား၍ ေနာက္တစ္ေန႔ နိုးလာခ်ိန္ သူ႔မ်က္ဝန္းမ်ားက သူ႔အေပၚ အာ႐ုံတစိုက္ရွိလာေတာ့သည္။ ဘာလို႔မ်ား သူ႔ဦးေႏွာက္က ႐ုတ္တရက္ႀကီး U ေကြ႕ ေကြ႕သြားရတာလဲ။

အခု ဝမ္ေခ်ာင့္ရဲ့မ်က္ႏွာအမူအရာကို ၾကည့္႐ုံႏွင့္ သူ႔စိတ္ထဲ မေကာင္းတဲ့အရာတစ္ခုခု ထပ္ေတြးေနၿပီမွန္း သိသာလြန္းလွသည္။

ရွဲ႕က်ဴရွင္း တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္သည္။ "အထဲ ျမန္ျမန္ဝင္ေတာ့။"

ဝမ္ေခ်ာင္ ႏွုတ္ခမ္းသပ္ရင္း ျပန္ေျပာလာသည္။ "ဟမ္? ဘယ္ထဲ ဝင္ရမွာလဲ။"

ရွဲ႕က်ဴရွင္း : "..." 'မင္းက ဘယ္ထဲ ဝင္ခ်င္ေနေသးတာလဲ။'

ဝမ္ေခ်ာင္ အသိျပန္ကပ္လာၿပီး ရွက္ရြံ႕သလိုေျပာေတာ့သည္။ "ဒါဆို ငါ ဝင္ေတာ့ ... မင္းလည္းသြားေတာ့။ ျမန္ျမန္သြားၿပီးျပန္လာခဲ့။"

KittyKitling

T/N : Update ျမန္ေပးမယ္ေျပာၿပီးမွ Kit မ်က္လုံး ပါဝါထိုးတက္ TT

ဝမ္ေခ်ာင္တို႔ကေလ ပ်ားရည္စမ္းထားတဲ့ဓားနဲ႔ ပိုတူတယ္။ ဓားဆိုၿပီး ေၾကာက္ရမလားေတြးရင္ ခ်ိဳေနေရာပဲ။ ခ်ိဳေနျပန္ေတာ့လည္း ေအာက္မွာဓားႀကီး .. ><

Continue Reading

You'll Also Like

168K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
87.6K 4.6K 111
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
2.7M 72.9K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...