Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

29

2.1K 463 57
By callme__kitty

[Unicode]

'ရယူနိုင်ဖို့ခက်ခဲလိမ့်မည်။'

ဆေးကြောင့်လား၊ သူကပဲ အလွန်အားနည်းနေ၍လား မသိ၊ ရေချိုးပြီးတာနှင့် သူ တစ်ကိုယ်လုံး တုန်ယင်ချမ်းနေပြီး အဖျားမိထားသလိုခံစားနေရ၏။

သူ ခေါင်းသုတ်ရင်း ဘေးဘီကြည့်ပေမယ့် ရှဲ့ကျူရှင်းကို မတွေ့တာမို့ လှမ်းခေါ်လိုက်သည်။ "ရှောင်ရှဲ့"

ခဏအကြာမှာတော့ ရှဲ့ကျူရှင်း ဝရံတာတံခါးကို ဘေးတွန်းဖွင့်၍ အထဲပြန်ဝင်လာသည်။ အခန်းထဲ လေအေးပေးစက်ဖွင့်ထားတာမို့ သူ ဘေးတွန်းတံခါးကို ပြန်ဆွဲပိတ်လိုက်သေးသည်။

သို့ပေမယ့် ဝမ်ချောင်ကတော့ ဆေးလိပ်နံ့နည်းနည်းလေးကို အနံ့ခံမိသွားဆဲ။ သို့နှင့် သူ သိချင်စိတ်ဖြင့်မေးလိုက်သည်။ "မင်း ဆေးလိပ်သောက်တာလား။"

သူ တစ်ခါမှ ရှဲ့ကျူရှင်းဆေးလိပ်သောက်တာကို မမြင်ဖူး။

ရှဲ့ကျူရှင်း ပြန်မဖြေ။ သူ့ကိုလည်း လှည့်မကြည့်ဘဲပြောလာသည်။ "ရေချိုးပြီးရင် ပြန်တော့။"

ဝမ်ချောက် မပြန်ချင်။ "အရမ်းနောက်ကျနေပြီ။ ငါ ကားလည်းမယူလာဘူး။ ဒီမှာပဲ အိပ်တော့မယ်။"

ပြောပြီးတာနှင့် သူ အိပ်ရာပေါ် တက်သွားတော့သည်။

ရှဲ့ကျူရှင်း : "... မအိပ်ခင် ခေါင်းခြောက်အောင် သွားမှုတ်။"

သူ ရိုက်လို့လည်းမရသလို အော်ငေါက်လို့လည်း မရ။ သူ အရမ်းဒေါသထွက်နေပေမယ့် ဒီအရှက်မရှိတဲ့လူအပေါ် ဘယ်လိုမှပုံချလို့ မရနိုင်။

ဝမ်ချောင် သူ့ဆံပင်ကို အကြိမ်ရေအနည်းငယ်မျှ လေသွားမှုတ်ပေမယ့် ခြောက်တဲ့အထိ မလုပ်ဘဲ အိပ်ရာပေါ် ပြန်လာလှဲတော့သည်။

"အပျင်းတစ်" ရှဲ့ကျူရှင်း သူ့ကိုပြောလိုက်သည်။

ဝမ်ချောင် သူ့ကို ဆင်ခြေပေးလာသည်။ "မင်းရဲ့လေမှုတ်စက်က အရမ်းလေးလွန်းတယ်။ နောက်ကျ ပေါ့တာလေး ဝယ်။"

ရှဲ့ကျူရှင်း သူ့ကို ဂရုစိုက်မနေတော့ဘဲ အိပ်ရာတစ်ဖက်ခြမ်းသို့ သွားလှဲကာ သူတို့နှစ်ယောက်ကြား မီတာဝက်မျှ အကွာအဝေးခြားထားလိုက်လေသည်။

ဝမ်ချောင်ကတော့ သူ ဘာဆိုလိုတယ် နားမလည်ဘဲ အနားတိုးကပ်၍ ရှဲ့ကျူရှင်းကိုယ်ပေါ်ရှိ ဆေးလိပ်နံ့ကို ရှူကြည့်ရင်းမေးလာသည်။ "ဆိုတော့ မင်း ဆေးလိပ်သောက်တယ်ပေါ့။ ဘာလို့ ငါ အရင်က မင်း ဆေးလိပ်သောက်တာကို မမြင်ဖူးရတာလဲ။"

အခုတော့ ရှဲ့ကျူရှင်းက အိပ်ရာအစွန်နားရောက်နေပြီဖြစ်ပြီး ပြေးစရာနေရာမရှိတော့။ သူ စိတ်ရှုပ်သလိုပြောလိုက်သည်။ "ငါ ဆေးလိပ် မသောက်ဘူး။ မပြောနဲ့၊ အိပ်တော့။"

သူ တစ်ဖက်လှည့်ကာ မီးလှမ်းပိတ်လိုက်လေသည်။

ခဏအကြာမှာတော့ ဝမ်ချောင် သူ့အနားတိုးကပ်လာတာကို ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်က ပူးကပ်သွားတော့မလိုအထိနီးကပ်နေ၏။ သူ ဝမ်ချောင့်ကိုယ်မှ ထွက်နေတဲ့အပူဓာတ်များကအစ ခံစားမိနေရသည်။

သည်းမခံနိုင်တော့တဲ့အဆုံး သူ မီးဖွင်ကြည့်လိုက်မိသည်။ ထင်ထားသည့်အတိုင်းပင်၊ ဝမ်ချောင်က သူ့ခေါင်းအုံးထက် အိပ်နေပြီး တစ်ဖက်ခေါင်းအုံးနှင့် အိပ်ရာတစ်ဝက်က နေရာလွတ်ဖြစ်နေသည်။

"မင်း ဘာလုပ်နေတာလဲ။" သူ ဒေါသတကြီးပြောတော့သည်။ "မင်းအိပ်ဖို့ ကုတင်တစ်ဝက်လုံးပေးထားတာကို ဘာလို့ ငါ့ဘက်ပဲလာတိုးအိပ်နေရတာလဲ။"

ဝမ်ချောင် သူ့ကို သနားစဖွယ်ကြည့်၍ပြောလာသည်။ "ရှောင်ရှဲ့၊ ငါ အေးတယ်။"

ရှဲ့ကျူရှင်း : "...." 'သနားဖို့ကောင်းအောင် ဆက်ပြီးဟန်ဆောင်နေစမ်းပါ။ ဘယ်သူက ယုံမှာလဲ။'

"ငါ အဖျားရှိနေပုံပဲ။" ဝမ်ချောင် သူ့နဖူးသူ ထိကြည့်ပြီးပြောလာသည်။ "ငါ့ဘာသာဆို မသိရဘူး။ မင်း ထိကြည့်ပါလား။"

ရှဲ့ကျူရှင်း မယုံသလို လှမ်းထိကြည့်လိုက်သည်။ သိသိသာသာပူနေတာမျိုး မဟုတ်ပေမယ့် သူ့နဖူးပေါ် ပြန်တင်ကြည့်လိုက်ချိန် တကယ်ကို နည်းနည်းတော့ ပူနေသည်။

ရှဲ့ကျူရှင်းလက်က သူ့နဖူးပေါ်ရှိဒဏ်ရာကို ဖိထားမိတာမို့ သူ မျက်မှောင်ကြုတ်သွားရင်းမေးလိုက်သည်။ "ပူနေလား။"

ရှဲ့ကျူရှင်းလည်း မျက်မှောင်ကြုတ်သွားသည်။ သူ စိတ်တိုနေပေမယ့် တစ်ဖက်ကလည်း ကူကယ်ရာမဲ့သလိုခံစားချက်ဖြစ်နေသည်။ "နည်းနည်း"

သူ အိပ်ရာပေါ်မှဆင်းကာ အံဆွဲအတွင်းမွှေနှောက်ရှာကြည့်လိုက်သည်။ သူ့မှာ အဖျားပျောက်ဆေးအချို့ကျန်သေးတာကို အမှတ်ရနေပေမယ့် အတော်ကြာရှာပြီးတာတောင် မရှိနေ။ သို့နှင့် သူ့အိတ်တစ်ခုခုထဲ ရှိနေလိမ့်မည်ဟု တွေးမိကာ ဗီရိုထဲအထိ သွားရှာတော့သည်။

ဝမ်ချောင် လှဲလျက်သားနှင့် ရှဲ့ကျူရှင်း ရှာဖွေနေတာကို ကြည့်နေမိသည်။ ရှောင်ရှဲ့က သူ့အတွက် ဆေးရှာပေးနေတာမို့ သူ့ကို အလွန်ပျော်ရွှင်သွားပြီး ပြောလိုက်သည်။ "ရှာမတွေ့ရင်လည်း ထားတော့။ ငါ အိပ်လိုက်ရင် မနက်ကျ ကောင်းသွားမှာ။"

နေရာအနှံ့ရှာပြီးတာတောင် မတွေ့တာမို့ ရှဲ့ကျူရှင်း စိတ်ရှုပ်သလိုပြောလာသည်။ "အပြင်မှာ ဒီလောက်ပူနေတာကို မင်းက ဘယ်လိုလုပ်ပြီး ဖျားလာရတာလဲ။"

ဝမ်ချောင်လည်း သူ့ခန္ဓာကိုယ် အားနည်းလိမ့်မည်ဟု မထင်ထား။ "ကြည့်ရတာ ဆေးကြောင့်နေမယ်။ ငါ စိတ်ကြွဆေး သောက်လိုက်မိတယ်။"

ရှဲ့ကျူရှင်း : "...." 'အပူလွန်ပြီး သေသွားတောင် သနားဖို့ကောင်းမနေဘူး။'

သူ အဖျားကျဆေး ဆက်မရှာနေတော့ဘဲ ဗီရိုကို ဘန်းကနဲ စောင့်ပိတ်လိုက်တော့သည်။

သူ ထပ်ဒေါသထွက်တော့မှာကို မြင်လိုက်ရတာမို့ ဝမ်ချောင် အလောစလိုရှင်းပြရတော့သည်။ "ငါက သောက်ချင်တာ မဟုတ်ဘူး။ ငါ့ကို ဆေးခတ်သွားတာ။"

ရှဲ့ကျူရှင်း ကြောင်အသွားသည်။ "... ဘယ်သူက မင်းကို ဆေးခတ်သွားတာလဲ။"

ဝမ်ချောင် ဒီတစ်ညနေလုံး သည်းခံထားရတာဖြစ်ပြီး အခု အခွင့်အရေးရလာချိန် ဖြစ်ကြောင်းကုန်စင် ထုတ်ပြောတော့သည်။ "မင်း မသိဘူး။ သာ့ကော ငါ့ကို နောက်ဆုံးတစ်ခေါက်ရိုက်ထားပြီးကတည်းက ငါ့တင်ပါးတွေ ရက်အတော်ကြာတဲ့အထိ နာနေတာ။ အဲ့ကတည်းက အပြင်ပျော်ပါးလည်ဖို့လည်း အခွင့်အရေးမရလာဘူး။ ဒီနေ့လည်း ငါ မင်းနဲ့ ညစာ အတူစားဖို့ ချိန်းထားတာမို့ မြန်မြန်ပြန်လာချင်ပေမယ့် ဒီလိုကိစ္စမျိုးနဲ့ ကြုံတွေ့လာရမယ်လို့ ဘယ်သူက ထင်မှာလဲ။ ငါ ဆေးခတ်ထားတဲ့ရေအချို့ သောက်မိသွားတယ်လေ။ ငါ အဲ့လူကို ရီဝေဝေအနေအထားနဲ့ လုပ်မိသွားတယ်။ ပြီးမှ မင်း ငါနဲ့ မာလာပုစွန်ချက် အတူစားဖို့စောင့်နေမှာကို တွေးမိပြီး ရေတောင်မချိုးဘဲ အမြန်ပြန်လာခဲ့တာပဲ။"

တစ်ဖက်လူက ယောက်ျားတစ်ယောက်ဖြစ်ကြောင်းကိုတော့ သူ မပြောခဲ့။ သူ ဒီနေ့ဖြစ်သွားခဲ့သမျှကို သူ့မှတ်ဉာဏ်အတွင်းမှ အမြန်ဖျက်ပစ်လိုက်ချင်သည်။ သူ ယောက်ျားတစ်ယောက်ရဲ့ အတင်းတက်လုပ်တာကို ခံရမလိုဖြစ်ပြီးမှ သူကပဲ ထိုလူကို ရီဝေဝေအခြေအနေတွင် အတင်းတက်လုပ်ခဲ့တယ်ဆိုတာကြီးက တကယ့်ကို ဟာသကြီးတစ်ခုလိုပင်။ 

ရှဲ့ကျူရှင်းလည်း တစ်ဖက်လူက ယောက်ျားဖြစ်နေလိမ့်မည်ဟု မတွေးမိ။ ဝမ်ချောင်ရဲ့ အမြန်ပြန်လာပြီး သူနှင့်အတူ မာလာပုစွန်ချက်စားချင်ကြောင်း ပြောတာကို နားထောင်ရင်း ရယ်ချင်သလိုခံစားချက်နှင့် ဒေါသများတောင် ပြေလျော့ချင်သလိုဖြစ်သွားသည်။ သူ့ဒေါသတစ်ဝက်လောက်ကလည်း ထိုသူပေါက်ကွဲတာကို နားထောင်ရင်း ပျောက်ကွယ်သွားပြီသာ။ သူ မေးလိုက်သည်။ "အဖျားအပြင်ရော မင်း နေရထိုင်ရ မသက်သာတာမျိုး ရှိသေးလား။"

သူ့အသံ အနည်းငယ်မျှပျော့ပျောင်းသွားတာကို ကြားသည်နှင့် ဝမ်ချောင် ချက်ချင်း ထထိုင်ကာ သနားသဖွယ်ဖြစ်အောင်နေတော့သည်။ "ငါ ငါ့နဖူးနဲ့လည်း တိုက်မိသွားသေးတယ်။ ဒီဘုထနေတာဆို ပျောက်ဖို့ နှစ်ရက်သုံးရက်လောက်ကြာမှာ။ ဘယ်လောက်နီရဲနေလဲ မင်းကြည့်။ ပြီးတော့ သေအောင်လည်း နာတယ်။"

ရှဲ့ကျူရှင်း တစ်ဖန်ထပ်ရှာပြီး အိမ်မှာ ဆေးမရှိမှန်း သေချာမှ ပြောလိုက်သည်။ "ငါ မင်းအတွက် ဆေးသွားဝယ်လိုက်ဦးမယ်။"

ဝမ်ချောင် အိပ်ရာပေါ်ထိုင်၍ သူ့ကိုယ်သူ စောင်ဖြင့် ထွေးပတ်ထားပြီး ပြောလိုက်သည်။ "မင်း ဆေးသွားဝယ်ဖို့ မလိုဘူး။ အဲလ်ကွန်းပဲ ပိတ်ပေး။ ငါ အေးနေလို့။"

ရှဲ့ကျူရှင်း အနားလျှောက်လာပြီး သူ့နဖူးကို ပြန်ထိကြည့်လိုက်သည်။ အဖျားကြီးတစ်ခုဖြစ်ပုံ မပေါ်လှ။ ဝမ်ချောင့်မျက်လုံးတွေ တစ်လက်လက်တောက်နေတာကို ကြည့်ရင်လည်း ထိုသူ့မှာ တစ်ခုခုမှားနေတာမျိုး မရှိလှသလိုပင်။ သို့နှင့် ရှဲ့ကျူရှင်း လေအေးပေးစက်သာ ပိတ်ပေးပြီး ပြောလိုက်သည်။ "ဒါဆိုလည်း အိပ်တော့။ စောင်သေချာခြုံထား၊ ကန်မထုတ်နဲ့။"

ရှဲ့ကျူရှင်း မီးပြန်ပိတ်ပြီးနောက် သူတို့နှစ်ယောက် တစ်ဖန်ပြန်လှဲလိုက်ကြသည်။

ဝမ်ချောင် သူ့ကိုယ်သူ စောင်ဖြင့်ထွေးပတ်ထားရင်း ခဏမျှလှဲလျောင်းနေပေမယ့် အေးသလိုခံစားနေရသေးတာမို့ ရှဲ့ကျူရှင်း အနားတိုးကပ်သွားပြီး ပွတ်သပ်နေလိုက်သည်။

ရှဲ့ကျူရှင်း မလှုပ်ရှားသွား။ သူ အခုနကလို ဒေါသထွက်တာမျိုးလည်း မရှိတော့။

ဝမ်​ချောင်လည်း သူက နွေးထွေးလွန်းတယ်ဟု ခံစားနေရတာမို့ တင်းတင်းကျပ်ကျပ်ဖက်ထားပြီး သူ့ပခုံးထက် မျက်နှာအပ်ထားလိုက်သည်။

ရှဲ့ကျူရှင်း လည်စလုတ်လေး လှုပ်ရှားသွားရသည်။ "မင်း ဘာလုပ်နေတာလဲ။"

ဝမ်ချောင် တိုးတိုးညီးလို့ပြောလာသည်။ "ငါ တကယ်အေးနေတယ်။"

သူ့အသက်ရှူမှုက ရှဲ့ကျူရှင်းရဲ့ပခုံးနှင့်လည်ပင်းကို သွားကျီစယ်၏။

ထုံတေးတေးယားယံမှုလေးက ရှဲ့ကျူရှင်းခေါင်းအထက် စုပြုံရောက်သွားပြီး အမည်ဖော်မရသည့်ယားယံမှုလေးကလည်း သူ့နှလုံးသားအတွင်း ဖြည်းဖြည်းချင်းနယ်ချဲ့နေတော့သည်။

.... သွားပြီ။ သူ့အရှုံးကို သူ ဝန်ခံရတော့မယ်။

ဝမ်ချောင့်နှလုံးသားထဲမှာလည်း ဗုံတီးသံများဆူညံနေသည်။

သူနှင့်ရှောင်ရှဲ့အကြားတွင် ပွေ့ဖက်ရုံကလွဲပြီး အခြားရင်းရင်းနှီးနှီးဆက်ဆံမှုမျိုး ရှိလို့ရမည်ဟု တစ်ခါမှ မတွေးထားဖူး။ သူတို့နှစ်ယောက် တစ်ခါတော့ နမ်းဖူးပေမယ့် သူ့စိတ်ထဲ ဒါ သူတို့ရဲ့ 'အရင်းနှီးဆုံး' ဆက်ဆံရေး အခြေအနေဟုသာ တွေးထင်ခဲ့ဖူးသည်။

ဒီညမှ သူ ကမ္ဘာသစ်တစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် မြင်လာရတော့သည်။ အနမ်းလိုမျိုး သေးသေးမွှားမွှားကိစ္စလေးက ဘာလုပ်ရမှာလဲ။ သူ ရှောင်ရှဲ့နှင့် အိပ်ချင်လှသေးသည်။

သူ ယောက်ျားတွေကို သဘောမကျ။ ဘား၊ ကလပ်လိုနေရာမျိုးတွင် ဆွဲဆောင်မှုရှိတဲ့ယောက်ျားလေးများ တစ်ခါတစ်ရံရှိနေတတ်သည်။ သူသာ သူတို့ကို သဘောကျလျှင် အရင်ကတည်းက လုပ်ပြီးနေပြီဖြစ်၏။ သူ့မှာ လူကျင့်ဝတ်ဆိုတာ မရှိပေမယ့် သူ တကယ်ကြီးဂေးတော့ မဟုတ်နေ။ အကယ်၍များ ပိုင်ထူရဲ့ရူးကြောင်ကြောင်မန်နေဂျာသာ သူ့ကိုဆေးမခတ်ခဲ့လျှင် သူ ဒီတစ်သက်လုံး ယောက်ျားတစ်ယောက်ကို ထိမိဖို့ဖြစ်လာမှာ မဟုတ်။

အခု သူ တွေ့ကြုံခဲ့ရပြီးမှ မိန်းမတစ်ယောက်ဖြင့် လုပ်ရတာနှင့် သိပ်မကွာကြောင်း သိလာရသည်။

သူ ယောက်ျားတွေနှင့် လုပ်နိုင်နေမှတော့ ဘာလို့များ ရှောင်ရှဲ့နှင့် မလုပ်ရမှာလဲ။

ရှောင်ရှဲ့ခါးက သွယ်သွယ်လေး။

ရှောင်ရှဲ့အသားအရည်ကလည်း ချောမွေ့လွန်းသည်။

ရှောင်ရှဲ့ညှပ်ရိုးလေးကလည်း ကြည့်လှ၏။

ရှောင်ရှဲ့နှင့်လုပ်ရတာ သေချာသလောက် ခံစားလို့ကောင်းလှမည်သာ။

သူ တွေးလေလေ ရှောင်ရှဲ့နှင့် လုပ်ချင်လေလေ ဖြစ်လာသည်။ သို့ပေမယ့် သူ ထုတ်မပြောရဲ။

သူ့အတွက် ဒီလိုအိပ်ရာထက်ကိစ္စမျိုးက ခေါက်ဆွဲတစ်ပွဲစားသလိုမျိုးဆိုပေမယ့် ရှောင်ရှဲ့ကတော့ သူ့လိုပေါ့တိပေါ့ပျက်မဆန်လှ။ သေချာပေါက်ဖြစ်ခွင့်ပေးမှာ မဟုတ်။ ထို့အပြင် အလွယ်တကူလည်း ရှက်တတ်တာမို့ သူမေးမိရင် အရိုက်ခံနိုင်ရချေပါ များလှသည်။

ရှောင်ရှဲ့နှင့်အတူအိပ်ရဖို့ဆိုတာ နည်းနည်းတော့ ရယူနိုင်ဖို့ခက်ခဲလှမည်သာ။

KittyKitling

T/N : စိတ်ကူးတွေက အရမ်းလှတယ်၊ အပေါ်ကကို မဆင်းဘူး!

_____///_____

[Zawgyi]

'ရယူနိုင္ဖို႔ခက္ခဲလိမ့္မည္။'

ေဆးေၾကာင့္လား၊ သူကပဲ အလြန္အားနည္းေန၍လား မသိ၊ ေရခ်ိဳးၿပီးတာႏွင့္ သူ တစ္ကိုယ္လုံး တုန္ယင္ခ်မ္းေနၿပီး အဖ်ားမိထားသလိုခံစားေနရ၏။

သူ ေခါင္းသုတ္ရင္း ေဘးဘီၾကည့္ေပမယ့္ ရွဲ႕က်ဴရွင္းကို မေတြ႕တာမို႔ လွမ္းေခၚလိုက္သည္။ "ေရွာင္ရွဲ႕"

ခဏအၾကာမွာေတာ့ ရွဲ႕က်ဴရွင္း ဝရံတာတံခါးကို ေဘးတြန္းဖြင့္၍ အထဲျပန္ဝင္လာသည္။ အခန္းထဲ ေလေအးေပးစက္ဖြင့္ထားတာမို႔ သူ ေဘးတြန္းတံခါးကို ျပန္ဆြဲပိတ္လိုက္ေသးသည္။

သို႔ေပမယ့္ ဝမ္ေခ်ာင္ကေတာ့ ေဆးလိပ္နံ႔နည္းနည္းေလးကို အနံ႔ခံမိသြားဆဲ။ သို႔ႏွင့္ သူ သိခ်င္စိတ္ျဖင့္ေမးလိုက္သည္။ "မင္း ေဆးလိပ္ေသာက္တာလား။"

သူ တစ္ခါမွ ရွဲ႕က်ဴရွင္းေဆးလိပ္ေသာက္တာကို မျမင္ဖူး။

ရွဲ႕က်ဴရွင္း ျပန္မေျဖ။ သူ႔ကိုလည္း လွည့္မၾကည့္ဘဲေျပာလာသည္။ "ေရခ်ိဳးၿပီးရင္ ျပန္ေတာ့။"

ဝမ္ေခ်ာက္ မျပန္ခ်င္။ "အရမ္းေနာက္က်ေနၿပီ။ ငါ ကားလည္းမယူလာဘူး။ ဒီမွာပဲ အိပ္ေတာ့မယ္။"

ေျပာၿပီးတာႏွင့္ သူ အိပ္ရာေပၚ တက္သြားေတာ့သည္။

ရွဲ႕က်ဴရွင္း : "... မအိပ္ခင္ ေခါင္းေျခာက္ေအာင္ သြားမွုတ္။"

သူ ရိုက္လို႔လည္းမရသလို ေအာ္ေငါက္လို႔လည္း မရ။ သူ အရမ္းေဒါသထြက္ေနေပမယ့္ ဒီအရွက္မရွိတဲ့လူအေပၚ ဘယ္လိုမွပုံခ်လို႔ မရနိုင္။

ဝမ္ေခ်ာင္ သူ႔ဆံပင္ကို အႀကိမ္ေရအနည္းငယ္မၽွ ေလသြားမွုတ္ေပမယ့္ ေျခာက္တဲ့အထိ မလုပ္ဘဲ အိပ္ရာေပၚ ျပန္လာလွဲေတာ့သည္။

"အပ်င္းတစ္" ရွဲ႕က်ဴရွင္း သူ႔ကိုေျပာလိုက္သည္။

ဝမ္ေခ်ာင္ သူ႔ကို ဆင္ေျခေပးလာသည္။ "မင္းရဲ့ေလမွုတ္စက္က အရမ္းေလးလြန္းတယ္။ ေနာက္က် ေပါ့တာေလး ဝယ္။"

ရွဲ႕က်ဴရွင္း သူ႔ကို ဂ႐ုစိုက္မေနေတာ့ဘဲ အိပ္ရာတစ္ဖက္ျခမ္းသို႔ သြားလွဲကာ သူတို႔ႏွစ္ေယာက္ၾကား မီတာဝက္မၽွ အကြာအေဝးျခားထားလိုက္ေလသည္။

ဝမ္ေခ်ာင္ကေတာ့ သူ ဘာဆိုလိုတယ္ နားမလည္ဘဲ အနားတိုးကပ္၍ ရွဲ႕က်ဴရွင္းကိုယ္ေပၚရွိ ေဆးလိပ္နံ႔ကို ရွူၾကည့္ရင္းေမးလာသည္။ "ဆိုေတာ့ မင္း ေဆးလိပ္ေသာက္တယ္ေပါ့။ ဘာလို႔ ငါ အရင္က မင္း ေဆးလိပ္ေသာက္တာကို မျမင္ဖူးရတာလဲ။"

အခုေတာ့ ရွဲ႕က်ဴရွင္းက အိပ္ရာအစြန္နားေရာက္ေနၿပီျဖစ္ၿပီး ေျပးစရာေနရာမရွိေတာ့။ သူ စိတ္ရွုပ္သလိုေျပာလိုက္သည္။ "ငါ ေဆးလိပ္ မေသာက္ဘူး။ မေျပာနဲ႔၊ အိပ္ေတာ့။"

သူ တစ္ဖက္လွည့္ကာ မီးလွမ္းပိတ္လိုက္ေလသည္။

ခဏအၾကာမွာေတာ့ ဝမ္ေခ်ာင္ သူ႔အနားတိုးကပ္လာတာကို ခံစားလိုက္ရသည္။ သူတို႔ႏွစ္ေယာက္က ပူးကပ္သြားေတာ့မလိုအထိနီးကပ္ေန၏။ သူ ဝမ္ေခ်ာင့္ကိုယ္မွ ထြက္ေနတဲ့အပူဓာတ္မ်ားကအစ ခံစားမိေနရသည္။

သည္းမခံနိုင္ေတာ့တဲ့အဆုံး သူ မီးဖြင္ၾကည့္လိုက္မိသည္။ ထင္ထားသည့္အတိုင္းပင္၊ ဝမ္ေခ်ာင္က သူ႔ေခါင္းအုံးထက္ အိပ္ေနၿပီး တစ္ဖက္ေခါင္းအုံးႏွင့္ အိပ္ရာတစ္ဝက္က ေနရာလြတ္ျဖစ္ေနသည္။

"မင္း ဘာလုပ္ေနတာလဲ။" သူ ေဒါသတႀကီးေျပာေတာ့သည္။ "မင္းအိပ္ဖို႔ ကုတင္တစ္ဝက္လုံးေပးထားတာကို ဘာလို႔ ငါ့ဘက္ပဲလာတိုးအိပ္ေနရတာလဲ။"

ဝမ္ေခ်ာင္ သူ႔ကို သနားစဖြယ္ၾကည့္၍ေျပာလာသည္။ "ေရွာင္ရွဲ႕၊ ငါ ေအးတယ္။"

ရွဲ႕က်ဴရွင္း : "...." 'သနားဖို႔ေကာင္းေအာင္ ဆက္ၿပီးဟန္ေဆာင္ေနစမ္းပါ။ ဘယ္သူက ယုံမွာလဲ။'

"ငါ အဖ်ားရွိေနပုံပဲ။" ဝမ္ေခ်ာင္ သူ႔နဖူးသူ ထိၾကည့္ၿပီးေျပာလာသည္။ "ငါ့ဘာသာဆို မသိရဘူး။ မင္း ထိၾကည့္ပါလား။"

ရွဲ႕က်ဴရွင္း မယုံသလို လွမ္းထိၾကည့္လိုက္သည္။ သိသိသာသာပူေနတာမ်ိဳး မဟုတ္ေပမယ့္ သူ႔နဖူးေပၚ ျပန္တင္ၾကည့္လိုက္ခ်ိန္ တကယ္ကို နည္းနည္းေတာ့ ပူေနသည္။

ရွဲ႕က်ဴရွင္းလက္က သူ႔နဖူးေပၚရွိဒဏ္ရာကို ဖိထားမိတာမို႔ သူ မ်က္ေမွာင္ၾကဳတ္သြားရင္းေမးလိုက္သည္။ "ပူေနလား။"

ရွဲ႕က်ဴရွင္းလည္း မ်က္ေမွာင္ၾကဳတ္သြားသည္။ သူ စိတ္တိုေနေပမယ့္ တစ္ဖက္ကလည္း ကူကယ္ရာမဲ့သလိုခံစားခ်က္ျဖစ္ေနသည္။ "နည္းနည္း"

သူ အိပ္ရာေပၚမွဆင္းကာ အံဆြဲအတြင္းေမႊေႏွာက္ရွာၾကည့္လိုက္သည္။ သူ႔မွာ အဖ်ားေပ်ာက္ေဆးအခ်ိဳ႕က်န္ေသးတာကို အမွတ္ရေနေပမယ့္ အေတာ္ၾကာရွာၿပီးတာေတာင္ မရွိေန။ သို႔ႏွင့္ သူ႔အိတ္တစ္ခုခုထဲ ရွိေနလိမ့္မည္ဟု ေတြးမိကာ ဗီရိုထဲအထိ သြားရွာေတာ့သည္။

ဝမ္ေခ်ာင္ လွဲလ်က္သားႏွင့္ ရွဲ႕က်ဴရွင္း ရွာေဖြေနတာကို ၾကည့္ေနမိသည္။ ေရွာင္ရွဲ႕က သူ႔အတြက္ ေဆးရွာေပးေနတာမို႔ သူ႔ကို အလြန္ေပ်ာ္ရႊင္သြားၿပီး ေျပာလိုက္သည္။ "ရွာမေတြ႕ရင္လည္း ထားေတာ့။ ငါ အိပ္လိုက္ရင္ မနက္က် ေကာင္းသြားမွာ။"

ေနရာအႏွံ့ရွာၿပီးတာေတာင္ မေတြ႕တာမို႔ ရွဲ႕က်ဴရွင္း စိတ္ရွုပ္သလိုေျပာလာသည္။ "အျပင္မွာ ဒီေလာက္ပူေနတာကို မင္းက ဘယ္လိုလုပ္ၿပီး ဖ်ားလာရတာလဲ။"

ဝမ္ေခ်ာင္လည္း သူ႔ခႏၶာကိုယ္ အားနည္းလိမ့္မည္ဟု မထင္ထား။ "ၾကည့္ရတာ ေဆးေၾကာင့္ေနမယ္။ ငါ စိတ္ႂကြေဆး ေသာက္လိုက္မိတယ္။"

ရွဲ႕က်ဴရွင္း : "...." 'အပူလြန္ၿပီး ေသသြားေတာင္ သနားဖို႔ေကာင္းမေနဘူး။'

သူ အဖ်ားက်ေဆး ဆက္မရွာေနေတာ့ဘဲ ဗီရိုကို ဘန္းကနဲ ေစာင့္ပိတ္လိုက္ေတာ့သည္။

သူ ထပ္ေဒါသထြက္ေတာ့မွာကို ျမင္လိုက္ရတာမို႔ ဝမ္ေခ်ာင္ အေလာစလိုရွင္းျပရေတာ့သည္။ "ငါက ေသာက္ခ်င္တာ မဟုတ္ဘူး။ ငါ့ကို ေဆးခတ္သြားတာ။"

ရွဲ႕က်ဴရွင္း ေၾကာင္အသြားသည္။ "... ဘယ္သူက မင္းကို ေဆးခတ္သြားတာလဲ။"

ဝမ္ေခ်ာင္ ဒီတစ္ညေနလုံး သည္းခံထားရတာျဖစ္ၿပီး အခု အခြင့္အေရးရလာခ်ိန္ ျဖစ္ေၾကာင္းကုန္စင္ ထုတ္ေျပာေတာ့သည္။ "မင္း မသိဘူး။ သာ့ေကာ ငါ့ကို ေနာက္ဆုံးတစ္ေခါက္ရိုက္ထားၿပီးကတည္းက ငါ့တင္ပါးေတြ ရက္အေတာ္ၾကာတဲ့အထိ နာေနတာ။ အဲ့ကတည္းက အျပင္ေပ်ာ္ပါးလည္ဖို႔လည္း အခြင့္အေရးမရလာဘူး။ ဒီေန႔လည္း ငါ မင္းနဲ႔ ညစာ အတူစားဖို႔ ခ်ိန္းထားတာမို႔ ျမန္ျမန္ျပန္လာခ်င္ေပမယ့္ ဒီလိုကိစၥမ်ိဳးနဲ႔ ၾကဳံေတြ႕လာရမယ္လို႔ ဘယ္သူက ထင္မွာလဲ။ ငါ ေဆးခတ္ထားတဲ့ေရအခ်ိဳ႕ ေသာက္မိသြားတယ္ေလ။ ငါ အဲ့လူကို ရီေဝေဝအေနအထားနဲ႔ လုပ္မိသြားတယ္။ ၿပီးမွ မင္း ငါနဲ႔ မာလာပုစြန္ခ်က္ အတူစားဖို႔ေစာင့္ေနမွာကို ေတြးမိၿပီး ေရေတာင္မခ်ိဳးဘဲ အျမန္ျပန္လာခဲ့တာပဲ။"

တစ္ဖက္လူက ေယာက္်ားတစ္ေယာက္ျဖစ္ေၾကာင္းကိုေတာ့ သူ မေျပာခဲ့။ သူ ဒီေန႔ျဖစ္သြားခဲ့သမၽွကို သူ႔မွတ္ဉာဏ္အတြင္းမွ အျမန္ဖ်က္ပစ္လိုက္ခ်င္သည္။ သူ ေယာက္်ားတစ္ေယာက္ရဲ့ အတင္းတက္လုပ္တာကို ခံရမလိုျဖစ္ၿပီးမွ သူကပဲ ထိုလူကို ရီေဝေဝအေျခအေနတြင္ အတင္းတက္လုပ္ခဲ့တယ္ဆိုတာႀကီးက တကယ့္ကို ဟာသႀကီးတစ္ခုလိုပင္။ 

ရွဲ႕က်ဴရွင္းလည္း တစ္ဖက္လူက ေယာက္်ားျဖစ္ေနလိမ့္မည္ဟု မေတြးမိ။ ဝမ္ေခ်ာင္ရဲ့ အျမန္ျပန္လာၿပီး သူႏွင့္အတူ မာလာပုစြန္ခ်က္စားခ်င္ေၾကာင္း ေျပာတာကို နားေထာင္ရင္း ရယ္ခ်င္သလိုခံစားခ်က္ႏွင့္ ေဒါသမ်ားေတာင္ ေျပေလ်ာ့ခ်င္သလိုျဖစ္သြားသည္။ သူ႔ေဒါသတစ္ဝက္ေလာက္ကလည္း ထိုသူေပါက္ကြဲတာကို နားေထာင္ရင္း ေပ်ာက္ကြယ္သြားၿပီသာ။ သူ ေမးလိုက္သည္။ "အဖ်ားအျပင္ေရာ မင္း ေနရထိုင္ရ မသက္သာတာမ်ိဳး ရွိေသးလား။"

သူ႔အသံ အနည္းငယ္မၽွေပ်ာ့ေပ်ာင္းသြားတာကို ၾကားသည္ႏွင့္ ဝမ္ေခ်ာင္ ခ်က္ခ်င္း ထထိုင္ကာ သနားသဖြယ္ျဖစ္ေအာင္ေနေတာ့သည္။ "ငါ ငါ့နဖူးနဲ႔လည္း တိုက္မိသြားေသးတယ္။ ဒီဘုထေနတာဆို ေပ်ာက္ဖို႔ ႏွစ္ရက္သုံးရက္ေလာက္ၾကာမွာ။ ဘယ္ေလာက္နီရဲေနလဲ မင္းၾကည့္။ ၿပီးေတာ့ ေသေအာင္လည္း နာတယ္။"

ရွဲ႕က်ဴရွင္း တစ္ဖန္ထပ္ရွာၿပီး အိမ္မွာ ေဆးမရွိမွန္း ေသခ်ာမွ ေျပာလိုက္သည္။ "ငါ မင္းအတြက္ ေဆးသြားဝယ္လိုက္ဦးမယ္။"

ဝမ္ေခ်ာင္ အိပ္ရာေပၚထိုင္၍ သူ႔ကိုယ္သူ ေစာင္ျဖင့္ ေထြးပတ္ထားၿပီး ေျပာလိုက္သည္။ "မင္း ေဆးသြားဝယ္ဖို႔ မလိုဘူး။ အဲလ္ကြန္းပဲ ပိတ္ေပး။ ငါ ေအးေနလို႔။"

ရွဲ႕က်ဴရွင္း အနားေလၽွာက္လာၿပီး သူ႔နဖူးကို ျပန္ထိၾကည့္လိုက္သည္။ အဖ်ားႀကီးတစ္ခုျဖစ္ပုံ မေပၚလွ။ ဝမ္ေခ်ာင့္မ်က္လုံးေတြ တစ္လက္လက္ေတာက္ေနတာကို ၾကည့္ရင္လည္း ထိုသူ႔မွာ တစ္ခုခုမွားေနတာမ်ိဳး မရွိလွသလိုပင္။ သို႔ႏွင့္ ရွဲ႕က်ဴရွင္း ေလေအးေပးစက္သာ ပိတ္ေပးၿပီး ေျပာလိုက္သည္။ "ဒါဆိုလည္း အိပ္ေတာ့။ ေစာင္ေသခ်ာျခဳံထား၊ ကန္မထုတ္နဲ႔။"

ရွဲ႕က်ဴရွင္း မီးျပန္ပိတ္ၿပီးေနာက္ သူတို႔ႏွစ္ေယာက္ တစ္ဖန္ျပန္လွဲလိုက္ၾကသည္။

ဝမ္ေခ်ာင္ သူ႔ကိုယ္သူ ေစာင္ျဖင့္ေထြးပတ္ထားရင္း ခဏမၽွလွဲေလ်ာင္းေနေပမယ့္ ေအးသလိုခံစားေနရေသးတာမို႔ ရွဲ႕က်ဴရွင္း အနားတိုးကပ္သြားၿပီး ပြတ္သပ္ေနလိုက္သည္။

ရွဲ႕က်ဴရွင္း မလွုပ္ရွားသြား။ သူ အခုနကလို ေဒါသထြက္တာမ်ိဳးလည္း မရွိေတာ့။

ဝမ္​ေခ်ာင္လည္း သူက ေႏြးေထြးလြန္းတယ္ဟု ခံစားေနရတာမို႔ တင္းတင္းက်ပ္က်ပ္ဖက္ထားၿပီး သူ႔ပခုံးထက္ မ်က္ႏွာအပ္ထားလိုက္သည္။

ရွဲ႕က်ဴရွင္း လည္စလုတ္ေလး လွုပ္ရွားသြားရသည္။ "မင္း ဘာလုပ္ေနတာလဲ။"

ဝမ္ေခ်ာင္ တိုးတိုးညီးလို႔ေျပာလာသည္။ "ငါ တကယ္ေအးေနတယ္။"

သူ႔အသက္ရွူမွုက ရွဲ႕က်ဴရွင္းရဲ့ပခုံးႏွင့္လည္ပင္းကို သြားက်ီစယ္၏။

ထုံေတးေတးယားယံမွုေလးက ရွဲ႕က်ဴရွင္းေခါင္းအထက္ စုျပဳံေရာက္သြားၿပီး အမည္ေဖာ္မရသည့္ယားယံမွုေလးကလည္း သူ႔ႏွလုံးသားအတြင္း ျဖည္းျဖည္းခ်င္းနယ္ခ်ဲ့ေနေတာ့သည္။

.... သြားၿပီ။ သူ႔အရွုံးကို သူ ဝန္ခံရေတာ့မယ္။

ဝမ္ေခ်ာင့္ႏွလုံးသားထဲမွာလည္း ဗုံတီးသံမ်ားဆူညံေနသည္။

သူႏွင့္ေရွာင္ရွဲ႕အၾကားတြင္ ေပြ႕ဖက္႐ုံကလြဲၿပီး အျခားရင္းရင္းႏွီးႏွီးဆက္ဆံမွုမ်ိဳး ရွိလို႔ရမည္ဟု တစ္ခါမွ မေတြးထားဖူး။ သူတို႔ႏွစ္ေယာက္ တစ္ခါေတာ့ နမ္းဖူးေပမယ့္ သူ႔စိတ္ထဲ ဒါ သူတို႔ရဲ့ 'အရင္းႏွီးဆုံး' ဆက္ဆံေရး အေျခအေနဟုသာ ေတြးထင္ခဲ့ဖူးသည္။

ဒီညမွ သူ ကမၻာသစ္တစ္ခုကို က်ယ္က်ယ္ျပန့္ျပန့္ ျမင္လာရေတာ့သည္။ အနမ္းလိုမ်ိဳး ေသးေသးမႊားမႊားကိစၥေလးက ဘာလုပ္ရမွာလဲ။ သူ ေရွာင္ရွဲ႕ႏွင့္ အိပ္ခ်င္လွေသးသည္။

သူ ေယာက္်ားေတြကို သေဘာမက်။ ဘား၊ ကလပ္လိုေနရာမ်ိဳးတြင္ ဆြဲေဆာင္မွုရွိတဲ့ေယာက္်ားေလးမ်ား တစ္ခါတစ္ရံရွိေနတတ္သည္။ သူသာ သူတို႔ကို သေဘာက်လၽွင္ အရင္ကတည္းက လုပ္ၿပီးေနၿပီျဖစ္၏။ သူ႔မွာ လူက်င့္ဝတ္ဆိုတာ မရွိေပမယ့္ သူ တကယ္ႀကီးေဂးေတာ့ မဟုတ္ေန။ အကယ္၍မ်ား ပိုင္ထူရဲ့႐ူးေၾကာင္ေၾကာင္မန္ေနဂ်ာသာ သူ႔ကိုေဆးမခတ္ခဲ့လၽွင္ သူ ဒီတစ္သက္လုံး ေယာက္်ားတစ္ေယာက္ကို ထိမိဖို႔ျဖစ္လာမွာ မဟုတ္။

အခု သူ ေတြ႕ၾကဳံခဲ့ရၿပီးမွ မိန္းမတစ္ေယာက္ျဖင့္ လုပ္ရတာႏွင့္ သိပ္မကြာေၾကာင္း သိလာရသည္။

သူ ေယာက္်ားေတြႏွင့္ လုပ္နိုင္ေနမွေတာ့ ဘာလို႔မ်ား ေရွာင္ရွဲ႕ႏွင့္ မလုပ္ရမွာလဲ။

ေရွာင္ရွဲ႕ခါးက သြယ္သြယ္ေလး။

ေရွာင္ရွဲ႕အသားအရည္ကလည္း ေခ်ာေမြ႕လြန္းသည္။

ေရွာင္ရွဲ႕ညႇပ္ရိုးေလးကလည္း ၾကည့္လွ၏။

ေရွာင္ရွဲ႕ႏွင့္လုပ္ရတာ ေသခ်ာသေလာက္ ခံစားလို႔ေကာင္းလွမည္သာ။

သူ ေတြးေလေလ ေရွာင္ရွဲ႕ႏွင့္ လုပ္ခ်င္ေလေလ ျဖစ္လာသည္။ သို႔ေပမယ့္ သူ ထုတ္မေျပာရဲ။

သူ႔အတြက္ ဒီလိုအိပ္ရာထက္ကိစၥမ်ိဳးက ေခါက္ဆြဲတစ္ပြဲစားသလိုမ်ိဳးဆိုေပမယ့္ ေရွာင္ရွဲ႕ကေတာ့ သူ႔လိုေပါ့တိေပါ့ပ်က္မဆန္လွ။ ေသခ်ာေပါက္ျဖစ္ခြင့္ေပးမွာ မဟုတ္။ ထို႔အျပင္ အလြယ္တကူလည္း ရွက္တတ္တာမို႔ သူေမးမိရင္ အရိုက္ခံနိုင္ရေခ်ပါ မ်ားလွသည္။

ေရွာင္ရွဲ႕ႏွင့္အတူအိပ္ရဖို႔ဆိုတာ နည္းနည္းေတာ့ ရယူနိုင္ဖို႔ခက္ခဲလွမည္သာ။

KittyKitling

T/N : စိတ္ကူးေတြက အရမ္းလွတယ္၊ အေပၚကကို မဆင္းဘူး!

Continue Reading

You'll Also Like

1M 122K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
3.5M 281K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
87.8K 4.7K 111
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
3M 232K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023