Unicode
အခန်း ( ၃၅ )
၄၅ မိနစ်လောက်နေတော့ ကျီဇယ့်ဟွေ့ လေ့ကျင့်ရေးအခန်းသို့ ရောက်လာ၏။ ကံမကောင်းအကြောင်းမလှစွာပဲ ဝန်ထမ်းတွေအတွက် ကော်ဖီတွေဝယ်လာပါသည့်တိုင် သူဝယ်လာတာတွေက ဝယ်ထားတာကြာသွားပြီဖြစ်၍ မပူတော့ပေ။ ဝန်ထမ်းတွေလက်ထဲမှာ ကိုင်ထားနှင့်ပြီးသော ကော်ဖီနှင့် နို့လက်ဖက်ရည်များကို ကျီဇယ့်ဟွေ့မြင်သွား၏။ သူ စိတ်ထဲကမပါဘဲ ရယ်မောလိုက်ချေ၏။ “ ရှောင်ကျယ်က သိပ်အကင်းပါးတာပဲ။ ”
ကျယ်ယန် အပြုံးလေးဖြင့် စကားပြန်လိုက်၏။ “ စီနီယာ ကျွန်တော့်ကို သင်ပြပေးထားလို့ပါ။ ”
ရိုက်ကူးရေးအချိန်မကျသေး၍ ကင်မရာမန်းက သူတို့နောက်ကို လိုက်မလာပေ။ ထိုအချိန်တွင် အခန်းထောင့်အသီးသီးက ကင်မရာအသေများကိုမူ ဖွင့်ထားပြီးပြီ။ ကျီဇယ့်ဟွေ့သည် သူ့မျက်နှာမပေါ်လောက်သော ရှုထောင့်ကိုရှာကာ ခပ်ဖွဖွ ပြုံးလိုက်၏။ “ မင်းက တကယ်ကို တော်ပါပေတယ်။ ”
“ စီနီယာက ကျွန်တော့်အတွက် ကြိုးကြိုးစားစား လမ်းခင်းပေးထားတာကိုး။ ကျွန်တော်လည်း အမြဲတမ်း ပိုကြိုးစားရတော့တာပေါ့။ ”
“……”
ကျီဇယ့်ဟွေ့ ဘေးသို့ပြန်လှည့်သွားသည်နှင့် စီနီယာတစ်ယောက်၏ အသွင်အပြင်ကောင်းကို ပြန်တပ်ဆင်လိုက်သည်။ “ ရှောင်ကျယ် ကိုယ် မနေ့က ပြန်သွားတော့ အဲ့ဒီအကြောင်းကို တွေးခဲ့သေးတယ်။ သီချင်းပြောင်းတာက ပိုကောင်းမယ်လို့ ထင်တယ်။ ‘ နွေဆောင်းဦးညီဓား (One Sword is Equal to Spring and Autumn)’ဆိုရင်ရော ဘယ်လိုထင်လဲ။ ”
နွေဆောင်းဦးညီဓားက ကျီဇယ့်ဟွေ့၏ ပွဲဦးထွက်သီချင်းဖြစ်ကာ ဂန္တဝင်သိုင်းဇာတ်လမ်းတစ်ခုခု၏ ဇာတ်ဝင်သီချင်းဖြစ်သည်။ ပုံစံက အထိန်းအကွပ်မဲ့ကာ သူရဲကောင်းဆန်၏။ သီချင်းဆိုဖို့ လိုအပ်ချက်တွေက ဒေါသလှိုင်းများလောက် အရမ်းမမြင့်သည့်တိုင် အသံအရမ်းရွေး၏။ အသံတိုင်း ဆိုလို့မရနိုင်ချေ။
အရေးကြီးဆုံးအချက်သည်ကား တီဗွီစီးရီးကြောင့်လည်း ပါသည်။ " နွေဆောင်းဦးညီဓား " ကို တီဗွီဒရာမာပရိသတ်များက မြတ်နိုးသဘောကျကြကာ ဂန္တဝင်တေးတစ်ပုဒ်အဖြစ် မှတ်ယူထားကြသည်။ စိတ်ခံစားချက်များနှင့် သီချင်းဆိုပုံက တီဗွီစီးရီးနှင့် တွဲဆက်ထားပြီးဖြစ်ရာ နောက်ထပ်တေးသွားအသစ်ပြောင်းဖို့ရန် ခက်ခဲပေလိမ့်မည်။ ယခင်နှစ်များအတွင်း သိုင်းကားဇာတ်လမ်းကို အကြိမ်ကြိမ်အထပ်ထပ် ထပ်မံထုတ်လွှင့်ပြသခဲ့သည့် ကျေးဇူးဖြင့် တီဗွီဒရာမာပရိသတ်များသည် နွေဆောင်းဦးညီဓားကို အကြိမ်များစွာ နားရည်ဝလျက်ရှိပြီး နွေဆောင်းဦးညီဓားသီချင်း၏ လူထုအမြင်များသည်လည်း အထင်ကြီးလေးစားမှုများသာ စွဲမြဲနေတော့၏။
ထိုအကြောင်းအရင်းများကြောင့် ထိုသို့သော ဂန္တဝင်သီချင်းမျိုးကို မူရင်းအဆိုတော်နှင့်အတူ ပြီးပြည့်စုံအောင်ပြန်ပြင်ဖို့ရန်က သိပ်ကိုခက်ခဲလွန်းလှပေသည်။ ဤသီချင်း၏ ပရိသတ်များ မဝေဖန် အပြစ်မတင်နိုင်စေဖို့ ကောင်းမွန်စွာ ချောချောမွေ့မွေ့ဖျော်ဖြေရန်မှာ ကျယ်ယန်အတွက် အလွန်တရာကို ခက်ခဲလွန်းချေ၏။
ကျယ်ယန်သည် ကျီဇယ့်ဟွေ့အမေးကို ချက်ချင်းတန်းမဖြေဘဲ အကြံပေးလိုက်၏။ “ ဆရာကျီ မနေ့ကတော့ ဒေါသလှိုင်းများသီချင်းကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားကြည့်ထားဖို့ ကျွန်တော့်ကို ပြောခဲ့တယ်နော်။ ကျွန်တော် အကြံတစ်ချို့ပေါ်လာတာနဲ့ သီချင်းကို ပြောင်းထားသေးတယ်။ အရင်နားထောင်ကြည့်ပြီး ပြောင်းထားတာတွေကို ကြည့်ချင်လား။ ”
သီချင်းပြောင်းတာက ကျီဇယ့်ဟွေ့၏ ရုတ်တရက် အကြံပြုချက်ပင်။ မနေ့က ကျီဇယ့်ဟွေ့၏ အကြံပြုချက်ဖြင့် ကျယ်ယန်သည် ဒေါသလှိုင်းများသီချင်းကို ပြုပြင်ခဲ့၏။
ကျီဇယ့်ဟွေ့က ခေါင်းညိတ်၏။ “ ဒါဆိုလည်း ထပ်ဆိုပြပါဦး။ အမှန်တော့ ကိုယ်လည်း ဒေါသလှိုင်းများသီချင်းကို လက်လျော့ဖို့ ဝန်လေးနေတာ။ သီချင်းပြောင်းဖို့ကိုလည်း အတိအလင်း မသတ်မှတ်ရသေးပါဘူးလေ။ မင်းရဲ့ ဒေါသလှိုင်းများ သီချင်းပြင်တာက ပိုကောင်းနေရင်လည်း အရင်အတိုင်းပဲ ဒီသီချင်းကို ဆိုကြတာပေါ့။ ”
“ ကျေးဇူးတင်ပါတယ် ဆရာကျီ ”
ကျယ်ယန်က ပျော်ရွှင်သွားသည့် အမူအရာဖြင့် လေ့ကျင့်ရေးအခန်းထဲက စန္ဒယားရှိရာသို့ လျှောက်သွား၏။ သူ ခုံရှည်ပေါ်မှာထိုင်ပြီး အဖုံးကိုမကာ စန္ဒယားခလုတ်များပေါ် လက်တင်လိုက်၏။ သူ တီးမလို့ပြင်နေရင်းမှ ရုတ်တရက်လက်ရုတ်ကာ ကျီဇယ့်ဟွေ့ကို လှည့်ကြည့်သည်။ “ ဆရာကျီ ကျွန်တော်စပြီနော်။ ”
ကျီဇယ့်ဟွေ့က ‘ ကျယ်ယန်က တကယ်ကြီး စန္ဒယားတီးတတ်တယ်ဟ ’ ဆိုသော အံ့သြမှုကို ထိန်းချုပ်ရင်း ခေါင်းညိတ်ပြလာသည်။
အခန်းထဲက ဝန်ထမ်းများသည် သူတို့နှစ်ယောက်ကြားက အပြန်အလှန် စကားပြောသံများကိုကြားကာ အဓိကအချက်ကို သိရှိသွားကြ၏။ လက်ထောက်က ကြိုတင်ရိုက်ကူးထားဖို့ ကင်မရာမန်းကို ခေါ်လိုက်သည်။
ကင်မရာမန်းတစ်ယောက်လုံး ဘေးသို့ရောက်လာသော်လည်း ကျယ်ယန်က အရေးစိုက်မနေပါ။ ခေါင်းငုံ့ကာ မျက်လုံးမှိတ်ပြီးတာနှင့် သူက ပင်လယ်အလည်တွင် မတ်တပ်ရပ်နေကာ သူ့ခြေထောက်ကို ပင်လယ်ရေနက်ထဲသို့ ဆွဲချခံနေရသလို စိတ်ကူးလိုက်၏။ လွင့်မျောနေသော ခံစားချက်က သူ့ကိုယ်ကို လွှမ်းခြုံသွားပြီ … သူ့လက်ချောင်းများကို မြှောက်ကာ နှိပ်လိုက်စဥ်တွင် …
အနိမ့်သံလေးလေးတစ်ခုက အခန်းအတွင်း မြည်ဟီးသွား၏။ ထိုအသံကျယ်ကျယ်က အဆက်မပြတ်ပျံ့လွင့်နေ၍ ပင်လယ်နက်ထဲသို့ လူတစ်ယောက်ကို ဆွဲချဖို့ကြိုးစားနေသည့် လှိုင်းလုံးများနှင့် တူသည်။ အခန်းတွင်းရှိ လေထုသည် တမင်ဟုတ်ခြင်း လေးလံဖိစီးသွားရ၏။
ကျီဇယ့်ဟွေ့ မျက်နှာအမူအရာက ပြောင်းလဲမသွားသော်လည်း ဒူးပေါ်တင်ထားသော လက်များမှာမူ တုန်ယင်လို့နေလေပြီ။
တင်းမာခက်ထန်သော ပဏာမတီးလုံးအပြီးတွင် ကျယ်ယန်သည် အချိန်ကိုက် သီချင်းစဆိုလာ၏။ သူ့အသံက မနေ့ကနှင့် ကွဲပြားခြာနားလျက်ရှိသည်။ အသံကတိုးဖွသော်လည်း မာန်ပါ၏။ သီချင်းတစ်ပုဒ်လုံးသည်ကား ပင်လယ်ရေနက်ထဲသို့ ဆွဲချနေပါသော လှိုင်းတံပိုးများ ချုပ်နှောင်ခံထားရသည့် လူတစ်ယောက်သည် သေရေးရှင်ရေးအခြေအနေမှ လွတ်မြောက်ရန် နောက်ဆုံးရေကုန်ရေခန်းကြိုးစားနေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
လှိုင်းလုံးများက ထိုလူ့ကို ပင်လယ်နက်ထဲဆွဲသွင်းနေရာမှ လှိုင်းတစ်လုံးနှင့် တစ်လုံး အဆက်မပြတ် ရိုက်ခတ်မိနေကြသည်။ စန္ဒယားအသံက ထိုးတက်ကာ မြန်ဆန်လာပြီးနောက် ပင်လယ်ထဲတွင် မျောပါသွားသော လူတစ်ယောက်ကဲ့သို့ ရုတ်တရက်တန့်သွား၏။
အဆုံးသတ်တွင် မာန်ပါသော နောက်ဆုံးသီချင်းအပိုင်းအပြီးတွင် အမျိုးသားသည် သေရေးရှင်ရေး အခြေအနေမှ လွတ်မြောက်လာပြီး လတ်ဆတ်သောလေအေးကို နောက်တစ်ဖန် ရှူရှိုက်နိုင်ခဲ့ချေပြီ။ စန္ဒယားတေးသံက ရုတ်ခြည်းနုညံ့သွားကာ သီချင်းသည်လည်း သာယာနာပျော်ဖွယ် တေးညည်းသံဖြင့် အဆုံးသတ်သွား၏။
အခန်းကလည်း တိတ်ဆိတ်လို့သွားသည်။
ကျယ်ယန် ကျီဇယ့်ဟွေ့ရှိရာ လှမ်းကြည့်ပြီး မေးလိုက်၏။ “ ဆရာကျီ ကျွန်တော်ဆိုသွားတဲ့ တေးသွားကို ဘယ်လိုထင်လဲ။ ကျွန်တော့်ကတော့ ဒီတေးသွားက ကျွန်တော့်အသံရော ဆရာ့ဟန်နဲ့ပါ ပိုကိုက်ညီတယ်လို့ ထင်တယ်။ ”
ကျီဇယ့်ဟွေ့သည် ဆုပ်ထားသော သူ့လက်သီးများကို အသာဖြေလျော့ရင်း သူ့ရင်ထဲမှာတော့ မီးတောက်နေသည်။ ပြောင်းထားတဲ့ တေးသွားကျေးဇူးနဲ့ ကျယ်ယန်ရဲ့ အမြင့်သံက ဒေါသလှိုင်းများနဲ့ လုံးဝဥဿုံ လိိုက်ဖက်လို့သွားပြီ ! ဒါ့အပြင် ကျယ်ယန်က တကယ့်ကို မာန်ပါပါ သီချင်းဆိုနိုင်သေးတယ် !
ကျီဇယ့်ဟွေ့ သူ့ခံစားချက်များကို ထိန်းချုပ်ကာ တစ်ဖက်လူကို ပြောလိုက်၏။ “ ကောင်းပေမဲ့ သီချင်းက ကိုယ်နဲ့လိုက်လွန်းအားကြီးနေတယ်။ မင်းဘက်ကိုလည်း ကိုယ်ထည့်စဥ်းစားရဦးမယ်လေ။ နွေဆောင်းဦးညီဓားကို ပြန်ကြိုးစားကြဦးစို့။ ”
ခိုးနားထောင်နေသော ဝန်ထမ်းများသည် ကျီဇယ့်ဟွေ့ကို မယုံကြည်နိုင်ဟန်ဖြင့် ငေးစိုက်ကြည့်လာကြသည်။ ဒီလိုဖြစ်သွားတာတောင် သူက သီချင်းပြောင်းချင်သေးတာလား။
ကျီဇယ့်ဟွေ့ ထိုသို့ပဲပြောမည်ကို ကျယ်ယန်သိပြီးသားဖြစ်ကာ အချိန်ကိုက်ပဲ မှုန်ကုတ်ကုတ် အကြည့်တစ်ချက်ပေးလိုက်၏။ စန္ဒယားခလုတ်ကို ထိရင်း နာခံစွာဖြင့် ဖြေလိုက်သည်။ “ ဒါဆို နွေဆောင်းဦးညီဓားနဲ့ ရင်းနှီးအောင် လုပ်လိုက်ပါ့မယ်။ ဒီသီချင်းကို ကျွန်တော် ခဏခဏကြားဖူးပေမဲ့ သေချာတော့ မလေ့ကျင့်ဖူးဘူး။ ဆရာကျီ နွေဆောင်းဦးညီဓား တေးသွားနဲ့ ပတ်သက်ပြီး ဆရာ့မှာ အကြံရှိလား။ ”
“ နည်းနည်းပေါ့။ ” အဓိကအချက်ကို ရောက်လာတာနှင့် ကျီဇယ့်ဟွေ့အပြုံးက နောက်ဆုံးတော့ အလိုအလျောက် ပေါ်ထွက်လာခဲ့ချေပြီ။ “ သီချင်းထဲမှာ ရက်ပ်(rap) တစ်ပုဒ်လောက် ထည့်ချင်တယ်။ ”
ပျော်ရွှင်အားရဖွယ် ရဲရင့်သော သူရဲကောင်းများသီချင်းတွင် ရက်ပ်ထည့်လို့ရပေမဲ့လည်း ရက်ပ်အပိုင်းကို ကျကျနန မထည့်နိုင်ပါက သီချင်းတစ်ခုလုံး၏ အငွေ့အသက်ကို ပျက်စီးသွားစေကာ မလိုလားအပ်သော တေးသွားနေရာသက်သက်သာ ဖြစ်သွားပေလိမ့်မည်။
ကျီဇယ့်ဟွေ့က သူ့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေချင်လို့မှန်း ကျယ်ယန် နားလည်သွားပြီး စမ်းသပ်မေးကြည့်လိုက်၏။ “ ဆရာကျီ ဆရာက ကျွန်တော့်ကို ရက်ပ်အပိုဒ်ကို တာဝန်ယူစေချင်တာလား။ ”
“ ဒါပေါ့ ရှောင်ကျယ်က တော်ပါတယ်။ မင်းလုပ်နိုင်မယ်လို့လည်း ကိုယ်ယုံကြည်တယ်။ ”
ကျယ်ယန် ပြန်မဖြေတော့။ ‘ ကျွန်တော်လုပ်နိုင်တာတော့ အမှန်ပဲ။ ခင်ဗျား နောင်တမရဖို့ပဲ မျှော်လင့်ပါတယ်။ ’
***
နောက်ပိုင်းတွင် နွေဆောင်းဦးညီဓားတေးသွားပြင်သည့် လုပ်ငန်းတစ်လျှောက်လုံး ကျီဇယ့်ဟွေ့သည် ကျယ်ယန်ကို ဝင်ရောက်စွက်ဖက်ခွင့် မပေးတော့ချေ။ ကျယ်ယန်မှာ ဘယ်လိုအကြံပြုချက်ပဲရှိပါစေ ကျီဇယ့်ဟွေ့က ဆင်ခြေပေးပြီး ငြင်းပယ်နေမည်သာ။ နောက်ဆုံးမှာတော့ ကျယ်ယန် ဘာမှဝင်မပြောတော့ဘဲ ကျီဇယ်ဟွေ့ပြောသမျှကိုသာ ခေါင်းညိတ်နာခံရတော့၏။
ပရိုဂရမ်က ဧည့်သည်များကို သီချင်းနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဖို့ အချိန်သုံးရက်ပေးထား၏။ စင်စစ်၌မူ နှစ်ရက်နှင့် နေ့တစ်ဝက်သာဖြစ်၏။ တီးဝိုင်းကို ပြင်လိုက်သော တေးသွားနှင့် ရင်းနှီးစေရန် နေ့တစ်ဝက် သုံးလိုက်ရသည်။
သည်နေ့ ရိုက်ကူးရေးအပြီးတွင် ကျီဇယ့်ဟွေ့၏ နွေဆောင်းဦးညီဓားတေးသွားသည်ကား အိုင်ဒီယာတစ်ခုအဖြစ်သာ ရှိနေဆဲဖြစ်ပြီး ကျယ်ယန့်အတွက်မူ လက်ဆုပ်လက်ကိုင်ပြစရာ ဂီတတေးသွားစာရွက်တောင် ရှိမနေခဲ့ပါ။
အချိန်တွေသာ ကုန်သွားရသည်။ ကျီဇယ့်ဟွေ့ မပြန်ခင် ကျယ်ယန် သူ့ကိုမေးလိုက်၏။ “ ဆရာကျီ ကျွန်တော် နွေဆောင်းဦးညီဓားကို ကိုယ့်ဘာသာ တေးသွားပြင်ကြည့်လို့ ရမလား။ ဒီအတိုင်း ရက်ပ်အပိုင်းနဲ့လိုက်အောင် ပြင်ရုံပါပဲ။ ”
ကျီဇယ့်ဟွေ့ ငြင်းပစ်လိုက်ချင်သော်လည်း သည်တစ်နေ့လည်လုံး ကျယ်ယန်၏ အကြံပြုချက်မှန်သမျှကို သူ ဘယ်လောက်ငြင်းခဲ့ပြီးပြီလဲဆိုတာနှင့် အစမ်းလေ့ကျင့်ဖို့ အချိန်အများကြီး မကျန်တော့တာကို တွေးမိသွား၏။ သူ ကင်မရာကိုကြောက်တာကြောင့် ခေါင်းညိတ်ဖို့သာ ရှိတော့၏။ “ ကောင်းပြီလေ ကိုယ်လည်း ဒီအပိုင်းကျတော့ ဘာမှနားလည်တာမှ မဟုတ်တာ။ ”
“ ကျေးဇူးတင်ပါတယ် ဆရာကျီ ”
ထိုနေ့ည၌ ကျယ်ယန့်အခန်းထဲက အရေးပေါ်မီးလုံးလေးများသည် အလွန်နောက်ကျသည်အထိ လင်းနေခဲ့ကာ ဂီတာသံကိုလည်း ရံဖန်ရံခါ ကြားရတတ်၏။
အောက်ထပ်၌ ချိုးရှင်းသည် စူပုပ်နေသော မျက်နှာပေးဖြင့် အိပ်ရာကို ကျောမှီလှဲနေလေသည်။ ည ၁၂ ထိုးတော့ သူ ဆက်သည်းမခံနိုင်တော့ဘဲ ကျယ်ယန်ထံ WeChat မက်ဆေ့ပို့ဖို့ ဖုန်းထုတ်လိုက်သည် : အိပ်တော့ !
ဂီတာသံ ရပ်သွား၏။ ခဏကြာတော့ ကျယ်ယန်က မက်ဆေ့ပြန်ပို့လာ၍ ဖုန်းက တုန်ခါသွား၏။
ကျယ်ယန် : ခင်ဗျား နားငြီးလို့လား။ တောင်းပန်ပါတယ် ကျွန်တော် ဆက်မတီးတော့ဘူးနော်။ ကောင်းကောင်းအိပ်ပါ။
ချိုးရှင်းသည် မှုန်ကုပ်နေသော မျက်နှာဖြင့် ဖုန်းကို လွှတ်ပစ်လိုကိ၏။ ထို့နောက် ဒေါသအပြည့်ဖြင့် စောင်ကိုမကာ ဝင်လှဲလိုက်တော့သည်။
နောက်တစ်နေ့ ကျယ်ယန် အပြင်မထွက်ခင် အင်္ကျီအသစ်တစ်စုံ ရပြန်၏။ ၎င်းက ချိုးရှင်းဆီမှတော့ မဟုတ်။ ဝူရွှေ့ပေးတာပင်။
“ သူဌေးချိုးက တက်စရာ အစည်းအဝေးတစ်ခုရှိလို့ စောစောထသွားပါတယ်။ ”
ကျယ်ယန် နားလည်သမှုဖြင့် ခေါင်းညိတ်ကာ အင်္ကျီတွေ ယူလဲလိုက်၏။
သည်နေ့တွင် ကျယ်ယန်သည် လေ့ကျင့်ရေးအခန်းသို့ စောစောရောက်မလာခဲ့သော်လည်း သဘောတူထားသည့်အချိန်အတိုင်း ရောက်လာခဲ့၏။ သူ လေ့ကျင့်ခန်းထဲ ဝင်သွားပြီးတာနှင့် ကျီဇယ့်ဟွေ့ကို အားတုံ့အားနာဖြင့် ချက်ချင်းတောင်းပန်လိုက်သည်။ “ တောင်းပန်ပါတယ် မနေ့ညက သီချင်းပြင်ဖို့အကြောင်းတွေးရင်း ညည့်နက်သွားတာနဲ့ ဒီနေ့ စောစောမနိုးလို့ပါ။ ဆရာကျီကို အကြာကြီး စောင့်မိသွားစေပြီ။ ”
ကျယ်ယန် အမှန်တကယ် ပင်ပန်းနေတာကို ကျီဇယ့်ဟွေ့ မြင်တော့ သီချင်းပြောင်းလိုက်သည့် တေးသွားကြောင့် ကျယ်ယန်တစ်ယောက် အခက်တွေ့သွားတာဖြစ်မည်ဆိုသော အတွေးဖြင့် ကျေနပ်ရွှင်မြူးသွား၏။ သူက စိတ်ရှည်သော အမူအရာဖြင့် ပြန်ဖြေလာသည်။ “ အဆင်ပြေပါတယ်။ ကိုယ်လည်း အကြာကြီး မစောင့်လိုက်ရပါဘူး။ သီချင်းပြင်တာရော ဘယ်လိုဖြစ်သွားပြီလဲ။ ”
“ ပြီးခါနီးပါပြီ။” ကျယ်ယန် သူ့ဖုန်းကို ထုတ်လိုက်၏။ “ ကျွန်တော် မူရင်းအသံကို အခြေခံပြီး အတွဲဗားရှင်းလုပ်ထားတယ်။ မူရင်းသီချင်းမှာ ကျွန်တော့်အသံပေါင်းဆိုထားတာ။ ရလာဒ်ကို နားထောင်ကြည့်ချင်လား။ ”
သူက စုံတွဲဗားရှင်းကို တကယ်ကြီး ပြောင်းနိုင်တာပေါ့။
ကျီဇယ့်ဟွေ့ မော့ပင်းကို စိတ်ထဲမှာ နောက်တစ်ခါ ထပ်ကျိန်ဆဲရင်း ကျယ်ယန့် တောင်းဆိုချက်ကို သဘောတူလိုက်ရသည်။
ကျယ်ယန်သည် သူ့ဖုန်းကို လေ့ကျင့်ရေးအခန်းထဲက ကိရိယာတန်ဆာပလာများဖြင့် ချိတ်ဆက်ကာ play ကို နှိပ်လိုက်၏။
နွေဆောင်းဦးညီဓား၏ ပဏာမတီးလုံး ပေါ်ထွက်လာသည်။ ၎င်းက မူရင်းဗားရှင်းဖြင့် တစ်ထပ်တည်းဖြစ်သော်လည်း ကွဲပြားမှုတစ်ချို့တော့ ရှိနေဆဲပါပေ။ တီးလုံးအပြီးတွင် ကျီဇယ့်ဟွေ့၏ မူလသီချင်းသံအပိုင်း ထွက်ပေါ်လာကာ အရမ်းကို ရိုးရှင်းလှပါသည်။ ထို့နောက် ပထမ chorus ပြီးသွားပြီး ဂီတတူရိယာသံများ ပြောင်းလဲသွားကာ ပိုပြီးမြိုင်ဆိုင်လာ၏။ ဒရမ်အသံများကိုလည်း ထပ်ထည့်ထားသေးသည်။ ထိုစဥ် ကျယ်ယန်၏ ကြည်လင်ရှင်းသန့်သော အသံထွက်ပေါ်လာပြီး မင်းမျိုးမင်းနွယ်မိသားစုက ကျောက်စိမ်းသားတော်တစ်ပါးသည် တောအုပ်တွင်းက လေညှင်းလို သိုင်းလောကထဲက သူ့ပရိသတ်များကို လက်ပြနှုတ်ဆက်လိုက်သည့်အလား။
ကျီဇယ့်ဟွေ့သည် သိုင်းလောကထဲသို့ ကျင်လည်ကျက်သားပြီးဖြစ်သော ရင့်ကျက်သည့် သူရဲကောင်းတစ်ယောက်ဖြစ်ပါလျှင် ကျယ်ယန်သည်ကား ပထမဆုံးအကြိမ် သိုင်းလောကအတွင်း ခြေချဖူးသော လူငယ်လေးတစ်ယောက်လို တေးဆိုနေ၏။ လူဟောင်းနှင့် လူသစ်ကြားတွင် ပဋိပက္ခတစ်ခုတော့ ရှိ၏။ တစ်ယောက်က သူရဲကောင်းစိတ်ထားကို မဆုတ်မနစ် ကြိုးစားစွဲမြဲဖို့ ကြိုးစားနေကာ တစ်ယောက်ကတော့ စစ်မှန်သော ရိုးသားမှုများ အပြည့်ဖြင့်။ မူရင်းသီချင်းတွင် သိုင်းလောကကြီးက အာဃတတရားများဖြင့် ပူလောင်လျက်ရှိသည်။ အခုတော့ လူငယ်လေးတစ်ယောက်၏ ဟော့ဟော့ဒိုင်းဒိုင်း ရိုးသားပွင့်လင်းမှုကြောင့် ရုတ်တရက် ပြိုပျက်လွင့်စင်သွားရပြီး တောအုပ်ထဲက လေနုအေးအလား တက်ကြွမှုများ အသစ်တဖန် နိုးကြွားလာချေ၏။
အခန်းတွင်းရှိ ဝန်ထမ်းများ မှင်တက်သွားကြကာ သူတို့မျက်လုံးများမှာ တောက်ပလျက်ရှိသည်။
ကျီဇယ့်ဟွေ့၏ အမူအရာမှာမူ နောက်ထပ်တစ်ဖန် တောင့်တင်းလို့သွား၏။
ယင်းက အဆုံးသတ် မဟုတ်သေး။ ပထမရက်ပ်အပိုင်းအပြီးတွင် ပုလွေသံတစ်သံက ရုတ်တရက်ပေါ်လာပြီး တစ်ချိန်တည်းမှာပဲ ကျီဇယ့်ဟွေ့အသံနှင့် ပေါင်းစည်းသွား၏။ ကျယ်ယန်က ကျီဇယ့်ဟွေ့၏ မူရင်းအသံနှင့် ထပ်ပေါင်းသွားပြန်သည်။ သူ့အသံက သိသိသာသာ ဖျော့တော့တိုးလျလျက်ရှိကာ ကျီဇယ့်ဟွေ့၏ မူရင်းအသံနှင့် သဟဇာတဖြစ်သွားသည်။ စီနီယာတစ်ယောက်က သူ့ဆက်ခံသူကို သိုင်းလောအကြောင်းနားလည်ရန် ခေါ်ဆောင်လမ်းပြသွားသည့်နှယ်။
ကျီဇယ့်ဟွေ့ လက်သီးဆုပ်မိလိုက်ပြန်သည်။
ထိုသဟဇာတဖြစ်မှုက ဒုတိယ chorus အပုဒ်ထိ ဖြစ်၏။ ကျီဇယ့်ဟွေ့၏ လေးနက်သော သီချင်းသံထွက်လာတာနှင့် ကျယ်ယန်က ဂုဏ်ယူဝံ့ကြွားမှုအပြည့်ဖြင့် ရက်ပ်ဒုတိယအပိုင်းကို စပြောင်းသွား၏။
အသံက နှစ်သံဖြစ်နေသည်မှာ အသိသာပင်။ တစ်ယောက်က ရက်ပ်ဆိုနေပြီး ကျန်တစ်ယောက်က အမြင့်သံဆိုနေသော်လည်း နှစ်ယောက်က တစ်သီးတစ်သန့်စီဖြစ်မနေ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်တရာကိုမှ သဟဇာတဖြစ်လို့နေသည်။ သူတို့အချင်းချင်း လိုက်ဖက်ညီနေရင်းမှ ရုတ်တရက်ဆိုသလို သီချင်း၏ သူရဲကောင်းစိတ်ဝိညာဥ်က နိုးထလာကာ လူအပေါင်းကို အချုပ်အနှောင်များမှ လွှတ်မြောက်ကယ်တင်ပေးလိုက်သည့် ခံစားချက်မျိုးကို ဆောင်ယူလာ၏။
ထို chorus အနောက်တွင် ပုလွေသံငြိမ့်ငြိမ့်လေးပါလာပြီးနောက် နောက်ဆုံး chorus ပိုဒ်ကို ကြားရ၏။ ကျယ်ယန်က အရင်ဆုံး ဟာမိုနီထပ်လိုက်ကာ ကျီဇယ်ဟွေ့က သီချင်း၏ စိတ်ခံစားချက်များကို ပို၍ သာ၍ ကူညီသရုပ်ဖော်ပေး၏။
နောက်ဆုံးတွင် အဆုံးသတ် ပြည့်စုံသော ပုလွေသံတစ်သံပေါ်လာပြီးနောက် သီချင်းလည်း အဆုံးသတ်သွားတော့၏။
ကျယ်ယန် ကျီဇယ့်ဟွေ့ကို လှမ်းကြည့်ရင်း တရိုတသေဖြင့် မေးလိုက်၏။ “ ဆရာကျီ ဒီတေးသွားဆို အဆင်ပြေလောက်တယ် ထင်လား။ ”
ကျီဇယ့်ဟွေ့သည် ကျယ်ယန့်ကို အဝေးသို့ တွန်းထုတ်ပစ်လိုက်ချင်သည့် ပြင်းပြလှစွာသော ဆန္ဒကိို ထိန်းချုပ်ရန် သူ့ဆင်ခြင်တုံတရားများကို အသုံးချလိုက်ရသည်။ အသက်ကို ပြင်းပြင်းရှူသွင်းလျက် မနည်းထိန်းက ပြောလိုက်ရ၏။
“ အရမ်းကောင်းတယ်။ ဒါက အရမ်း …. ငါ့တေးသွားထက် ပိုအားကောင်းတယ်။ ”
အားကောင်းလွန်းလို့ သူရဲ့တေးသွားဗားရှင်းက လုံးဝကို ရှက်ဖွယ်အတိဖြစ်သွားရ၏။ ကျယ်ယန့်တေးသွားကို ဖယ်ရှားဖို့ သူ့ကိုယ်ပိုင်တေးသွားကို သုံးကိုသုံးရမည်။ ဒါပေမဲ့ ကျယ်ယန်က မကောင်းဆိုးဝါးလား။ ဘယ်လိုလုပ် ရက်ပ်ပါ ဆိုနိုင်ရတာလဲ ?!
━━━━━━━━━━━━━━━━━━━━━━━
Zawgyi
အခန္း ( ၃၅ )
၄၅ မိနစ္ေလာက္ေနေတာ့ က်ီဇယ့္ေဟြ႕ ေလ့က်င့္ေရးအခန္းသို႔ ေရာက္လာ၏။ ကံမေကာင္းအေၾကာင္းမလွစြာပဲ ဝန္ထမ္းေတြအတြက္ ေကာ္ဖီေတြဝယ္လာပါသည့္တိုင္ သူဝယ္လာတာေတြက ဝယ္ထားတာၾကာသြားၿပီျဖစ္၍ မပူေတာ့ေပ။ ဝန္ထမ္းေတြလက္ထဲမွာ ကိုင္ထားႏွင့္ၿပီးေသာ ေကာ္ဖီႏွင့္ နို႔လက္ဖက္ရည္မ်ားကို က်ီဇယ့္ေဟြ႕ျမင္သြား၏။ သူ စိတ္ထဲကမပါဘဲ ရယ္ေမာလိုက္ေခ်၏။ “ ေရွာင္က်ယ္က သိပ္အကင္းပါးတာပဲ။ ”
က်ယ္ယန္ အၿပဳံးေလးျဖင့္ စကားျပန္လိုက္၏။ “ စီနီယာ ကြၽန္ေတာ့္ကို သင္ျပေပးထားလို႔ပါ။ ”
ရိုက္ကူးေရးအခ်ိန္မက်ေသး၍ ကင္မရာမန္းက သူတို႔ေနာက္ကို လိုက္မလာေပ။ ထိုအခ်ိန္တြင္ အခန္းေထာင့္အသီးသီးက ကင္မရာအေသမ်ားကိုမူ ဖြင့္ထားၿပီးၿပီ။ က်ီဇယ့္ေဟြ႕သည္ သူ႕မ်က္ႏွာမေပၚေလာက္ေသာ ရႈေထာင့္ကိုရွာကာ ခပ္ဖြဖြ ၿပဳံးလိုက္၏။ “ မင္းက တကယ္ကို ေတာ္ပါေပတယ္။ ”
“ စီနီယာက ကြၽန္ေတာ့္အတြက္ ႀကိဳးႀကိဳးစားစား လမ္းခင္းေပးထားတာကိုး။ ကြၽန္ေတာ္လည္း အၿမဲတမ္း ပိုႀကိဳးစားရေတာ့တာေပါ့။ ”
“……”
က်ီဇယ့္ေဟြ႕ ေဘးသို႔ျပန္လွည့္သြားသည္ႏွင့္ စီနီယာတစ္ေယာက္၏ အသြင္အျပင္ေကာင္းကို ျပန္တပ္ဆင္လိုက္သည္။ “ ေရွာင္က်ယ္ ကိုယ္ မေန႕က ျပန္သြားေတာ့ အဲ့ဒီအေၾကာင္းကို ေတြးခဲ့ေသးတယ္။ သီခ်င္းေျပာင္းတာက ပိုေကာင္းမယ္လို႔ ထင္တယ္။ ‘ ေႏြေဆာင္းဦးညီဓား (One Sword is Equal to Spring and Autumn)’ဆိုရင္ေရာ ဘယ္လိုထင္လဲ။ ”
ေႏြေဆာင္းဦးညီဓားက က်ီဇယ့္ေဟြ႕၏ ပြဲဦးထြက္သီခ်င္းျဖစ္ကာ ဂႏၲဝင္သိုင္းဇာတ္လမ္းတစ္ခုခု၏ ဇာတ္ဝင္သီခ်င္းျဖစ္သည္။ ပုံစံက အထိန္းအကြပ္မဲ့ကာ သူရဲေကာင္းဆန္၏။ သီခ်င္းဆိုဖို႔ လိုအပ္ခ်က္ေတြက ေဒါသလွိုင္းမ်ားေလာက္ အရမ္းမျမင့္သည့္တိုင္ အသံအရမ္းေ႐ြး၏။ အသံတိုင္း ဆိုလို႔မရနိုင္ေခ်။
အေရးႀကီးဆုံးအခ်က္သည္ကား တီဗြီစီးရီးေၾကာင့္လည္း ပါသည္။ " ေႏြေဆာင္းဦးညီဓား " ကို တီဗြီဒရာမာပရိသတ္မ်ားက ျမတ္နိုးသေဘာက်ၾကကာ ဂႏၲဝင္ေတးတစ္ပုဒ္အျဖစ္ မွတ္ယူထားၾကသည္။ စိတ္ခံစားခ်က္မ်ားႏွင့္ သီခ်င္းဆိုပုံက တီဗြီစီးရီးႏွင့္ တြဲဆက္ထားၿပီးျဖစ္ရာ ေနာက္ထပ္ေတးသြားအသစ္ေျပာင္းဖို႔ရန္ ခက္ခဲေပလိမ့္မည္။ ယခင္ႏွစ္မ်ားအတြင္း သိုင္းကားဇာတ္လမ္းကို အႀကိမ္ႀကိမ္အထပ္ထပ္ ထပ္မံထုတ္လႊင့္ျပသခဲ့သည့္ ေက်းဇူးျဖင့္ တီဗြီဒရာမာပရိသတ္မ်ားသည္ ေႏြေဆာင္းဦးညီဓားကို အႀကိမ္မ်ားစြာ နားရည္ဝလ်က္ရွိၿပီး ေႏြေဆာင္းဦးညီဓားသီခ်င္း၏ လူထုအျမင္မ်ားသည္လည္း အထင္ႀကီးေလးစားမႈမ်ားသာ စြဲၿမဲေနေတာ့၏။
ထိုအေၾကာင္းအရင္းမ်ားေၾကာင့္ ထိုသို႔ေသာ ဂႏၲဝင္သီခ်င္းမ်ိဳးကို မူရင္းအဆိုေတာ္ႏွင့္အတူ ၿပီးျပည့္စုံေအာင္ျပန္ျပင္ဖို႔ရန္က သိပ္ကိုခက္ခဲလြန္းလွေပသည္။ ဤသီခ်င္း၏ ပရိသတ္မ်ား မေဝဖန္ အျပစ္မတင္နိုင္ေစဖို႔ ေကာင္းမြန္စြာ ေခ်ာေခ်ာေမြ႕ေမြ႕ေဖ်ာ္ေျဖရန္မွာ က်ယ္ယန္အတြက္ အလြန္တရာကို ခက္ခဲလြန္းေခ်၏။
က်ယ္ယန္သည္ က်ီဇယ့္ေဟြ႕အေမးကို ခ်က္ခ်င္းတန္းမေျဖဘဲ အႀကံေပးလိုက္၏။ “ ဆရာက်ီ မေန႕ကေတာ့ ေဒါသလွိုင္းမ်ားသီခ်င္းကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ႀကိဳးစားၾကည့္ထားဖို႔ ကြၽန္ေတာ့္ကို ေျပာခဲ့တယ္ေနာ္။ ကြၽန္ေတာ္ အႀကံတစ္ခ်ိဳ႕ေပၚလာတာနဲ႕ သီခ်င္းကို ေျပာင္းထားေသးတယ္။ အရင္နားေထာင္ၾကည့္ၿပီး ေျပာင္းထားတာေတြကို ၾကည့္ခ်င္လား။ ”
သီခ်င္းေျပာင္းတာက က်ီဇယ့္ေဟြ႕၏ ႐ုတ္တရက္ အႀကံျပဳခ်က္ပင္။ မေန႕က က်ီဇယ့္ေဟြ႕၏ အႀကံျပဳခ်က္ျဖင့္ က်ယ္ယန္သည္ ေဒါသလွိုင္းမ်ားသီခ်င္းကို ျပဳျပင္ခဲ့၏။
က်ီဇယ့္ေဟြ႕က ေခါင္းညိတ္၏။ “ ဒါဆိုလည္း ထပ္ဆိုျပပါဦး။ အမွန္ေတာ့ ကိုယ္လည္း ေဒါသလွိုင္းမ်ားသီခ်င္းကို လက္ေလ်ာ့ဖို႔ ဝန္ေလးေနတာ။ သီခ်င္းေျပာင္းဖို႔ကိုလည္း အတိအလင္း မသတ္မွတ္ရေသးပါဘူးေလ။ မင္းရဲ႕ ေဒါသလွိုင္းမ်ား သီခ်င္းျပင္တာက ပိုေကာင္းေနရင္လည္း အရင္အတိုင္းပဲ ဒီသီခ်င္းကို ဆိုၾကတာေပါ့။ ”
“ ေက်းဇူးတင္ပါတယ္ ဆရာက်ီ ”
က်ယ္ယန္က ေပ်ာ္႐ႊင္သြားသည့္ အမူအရာျဖင့္ ေလ့က်င့္ေရးအခန္းထဲက စႏၵယားရွိရာသို႔ ေလွ်ာက္သြား၏။ သူ ခုံရွည္ေပၚမွာထိုင္ၿပီး အဖုံးကိုမကာ စႏၵယားခလုတ္မ်ားေပၚ လက္တင္လိုက္၏။ သူ တီးမလို႔ျပင္ေနရင္းမွ ႐ုတ္တရက္လက္႐ုတ္ကာ က်ီဇယ့္ေဟြ႕ကို လွည့္ၾကည့္သည္။ “ ဆရာက်ီ ကြၽန္ေတာ္စၿပီေနာ္။ ”
က်ီဇယ့္ေဟြ႕က ‘ က်ယ္ယန္က တကယ္ႀကီး စႏၵယားတီးတတ္တယ္ဟ ’ ဆိုေသာ အံ့ၾသမႈကို ထိန္းခ်ဳပ္ရင္း ေခါင္းညိတ္ျပလာသည္။
အခန္းထဲက ဝန္ထမ္းမ်ားသည္ သူတို႔ႏွစ္ေယာက္ၾကားက အျပန္အလွန္ စကားေျပာသံမ်ားကိုၾကားကာ အဓိကအခ်က္ကို သိရွိသြားၾက၏။ လက္ေထာက္က ႀကိဳတင္ရိုက္ကူးထားဖို႔ ကင္မရာမန္းကို ေခၚလိုက္သည္။
ကင္မရာမန္းတစ္ေယာက္လုံး ေဘးသို႔ေရာက္လာေသာ္လည္း က်ယ္ယန္က အေရးစိုက္မေနပါ။ ေခါင္းငုံ႕ကာ မ်က္လုံးမွိတ္ၿပီးတာႏွင့္ သူက ပင္လယ္အလည္တြင္ မတ္တပ္ရပ္ေနကာ သူ႕ေျခေထာက္ကို ပင္လယ္ေရနက္ထဲသို႔ ဆြဲခ်ခံေနရသလို စိတ္ကူးလိုက္၏။ လြင့္ေမ်ာေနေသာ ခံစားခ်က္က သူ႕ကိုယ္ကို လႊမ္းၿခဳံသြားၿပီ … သူ႕လက္ေခ်ာင္းမ်ားကို ျမႇောက္ကာ ႏွိပ္လိုက္စဥ္တြင္ …
အနိမ့္သံေလးေလးတစ္ခုက အခန္းအတြင္း ျမည္ဟီးသြား၏။ ထိုအသံက်ယ္က်ယ္က အဆက္မျပတ္ပ်ံ့လြင့္ေန၍ ပင္လယ္နက္ထဲသို႔ လူတစ္ေယာက္ကို ဆြဲခ်ဖိဳ႕ႀကိဳးစားေနသည့္ လွိုင္းလုံးမ်ားႏွင့္ တူသည္။ အခန္းတြင္းရွိ ေလထုသည္ တမင္ဟုတ္ျခင္း ေလးလံဖိစီးသြားရ၏။
က်ီဇယ့္ေဟြ႕ မ်က္ႏွာအမူအရာက ေျပာင္းလဲမသြားေသာ္လည္း ဒူးေပၚတင္ထားေသာ လက္မ်ားမွာမူ တုန္ယင္လို႔ေနေလၿပီ။
တင္းမာခက္ထန္ေသာ ပဏာမတီးလုံးအၿပီးတြင္ က်ယ္ယန္သည္ အခ်ိန္ကိုက္ သီခ်င္းစဆိုလာ၏။ သူ႕အသံက မေန႕ကႏွင့္ ကြဲျပားျခာနားလ်က္ရွိသည္။ အသံကတိုးဖြေသာ္လည္း မာန္ပါ၏။ သီခ်င္းတစ္ပုဒ္လုံးသည္ကား ပင္လယ္ေရနက္ထဲသို႔ ဆြဲခ်ေနပါေသာ လွိုင္းတံပိုးမ်ား ခ်ဳပ္ေႏွာင္ခံထားရသည့္ လူတစ္ေယာက္သည္ ေသေရးရွင္ေရးအေျခအေနမွ လြတ္ေျမာက္ရန္ ေနာက္ဆုံးေရကုန္ေရခန္းႀကိဳးစားေနသည့္ ခံစားခ်က္မ်ိဳးကို ေပးစြမ္းေနသည္။
လွိုင္းလုံးမ်ားက ထိုလူ႕ကို ပင္လယ္နက္ထဲဆြဲသြင္းေနရာမွ လွိုင္းတစ္လုံးႏွင့္ တစ္လုံး အဆက္မျပတ္ ရိုက္ခတ္မိေနၾကသည္။ စႏၵယားအသံက ထိုးတက္ကာ ျမန္ဆန္လာၿပီးေနာက္ ပင္လယ္ထဲတြင္ ေမ်ာပါသြားေသာ လူတစ္ေယာက္ကဲ့သို႔ ႐ုတ္တရက္တန့္သြား၏။
အဆုံးသတ္တြင္ မာန္ပါေသာ ေနာက္ဆုံးသီခ်င္းအပိုင္းအၿပီးတြင္ အမ်ိဳးသားသည္ ေသေရးရွင္ေရး အေျခအေနမွ လြတ္ေျမာက္လာၿပီး လတ္ဆတ္ေသာေလေအးကို ေနာက္တစ္ဖန္ ရႉရွိုက္နိုင္ခဲ့ေခ်ၿပီ။ စႏၵယားေတးသံက ႐ုတ္ျခည္းႏုညံ့သြားကာ သီခ်င္းသည္လည္း သာယာနာေပ်ာ္ဖြယ္ ေတးညည္းသံျဖင့္ အဆုံးသတ္သြား၏။
အခန္းကလည္း တိတ္ဆိတ္လို႔သြားသည္။
က်ယ္ယန္ က်ီဇယ့္ေဟြ႕ရွိရာ လွမ္းၾကည့္ၿပီး ေမးလိုက္၏။ “ ဆရာက်ီ ကြၽန္ေတာ္ဆိုသြားတဲ့ ေတးသြားကို ဘယ္လိုထင္လဲ။ ကြၽန္ေတာ့္ကေတာ့ ဒီေတးသြားက ကြၽန္ေတာ့္အသံေရာ ဆရာ့ဟန္နဲ႕ပါ ပိုကိုက္ညီတယ္လို႔ ထင္တယ္။ ”
က်ီဇယ့္ေဟြ႕သည္ ဆုပ္ထားေသာ သူ႕လက္သီးမ်ားကို အသာေျဖေလ်ာ့ရင္း သူ႕ရင္ထဲမွာေတာ့ မီးေတာက္ေနသည္။ ေျပာင္းထားတဲ့ ေတးသြားေက်းဇူးနဲ႕ က်ယ္ယန္ရဲ႕ အျမင့္သံက ေဒါသလွိုင္းမ်ားနဲ႕ လုံးဝဥႆုံ လိိုက္ဖက္လို႔သြားၿပီ ! ဒါ့အျပင္ က်ယ္ယန္က တကယ့္ကို မာန္ပါပါ သီခ်င္းဆိုနိုင္ေသးတယ္ !
က်ီဇယ့္ေဟြ႕ သူ႕ခံစားခ်က္မ်ားကို ထိန္းခ်ဳပ္ကာ တစ္ဖက္လူကို ေျပာလိုက္၏။ “ ေကာင္းေပမဲ့ သီခ်င္းက ကိုယ္နဲ႕လိုက္လြန္းအားႀကီးေနတယ္။ မင္းဘက္ကိုလည္း ကိုယ္ထည့္စဥ္းစားရဦးမယ္ေလ။ ေႏြေဆာင္းဦးညီဓားကို ျပန္ႀကိဳးစားၾကဦးစို႔။ ”
ခိုးနားေထာင္ေနေသာ ဝန္ထမ္းမ်ားသည္ က်ီဇယ့္ေဟြ႕ကို မယုံၾကည္နိုင္ဟန္ျဖင့္ ေငးစိုက္ၾကည့္လာၾကသည္။ ဒီလိုျဖစ္သြားတာေတာင္ သူက သီခ်င္းေျပာင္းခ်င္ေသးတာလား။
က်ီဇယ့္ေဟြ႕ ထိုသို႔ပဲေျပာမည္ကို က်ယ္ယန္သိၿပီးသားျဖစ္ကာ အခ်ိန္ကိုက္ပဲ မႈန္ကုတ္ကုတ္ အၾကည့္တစ္ခ်က္ေပးလိုက္၏။ စႏၵယားခလုတ္ကို ထိရင္း နာခံစြာျဖင့္ ေျဖလိုက္သည္။ “ ဒါဆို ေႏြေဆာင္းဦးညီဓားနဲ႕ ရင္းႏွီးေအာင္ လုပ္လိုက္ပါ့မယ္။ ဒီသီခ်င္းကို ကြၽန္ေတာ္ ခဏခဏၾကားဖူးေပမဲ့ ေသခ်ာေတာ့ မေလ့က်င့္ဖူးဘူး။ ဆရာက်ီ ေႏြေဆာင္းဦးညီဓား ေတးသြားနဲ႕ ပတ္သက္ၿပီး ဆရာ့မွာ အႀကံရွိလား။ ”
“ နည္းနည္းေပါ့။ ” အဓိကအခ်က္ကို ေရာက္လာတာႏွင့္ က်ီဇယ့္ေဟြ႕အၿပဳံးက ေနာက္ဆုံးေတာ့ အလိုအေလ်ာက္ ေပၚထြက္လာခဲ့ေခ်ၿပီ။ “ သီခ်င္းထဲမွာ ရက္ပ္(rap) တစ္ပုဒ္ေလာက္ ထည့္ခ်င္တယ္။ ”
ေပ်ာ္႐ႊင္အားရဖြယ္ ရဲရင့္ေသာ သူရဲေကာင္းမ်ားသီခ်င္းတြင္ ရက္ပ္ထည့္လို႔ရေပမဲ့လည္း ရက္ပ္အပိုင္းကို က်က်နန မထည့္နိုင္ပါက သီခ်င္းတစ္ခုလုံး၏ အေငြ႕အသက္ကို ပ်က္စီးသြားေစကာ မလိုလားအပ္ေသာ ေတးသြားေနရာသက္သက္သာ ျဖစ္သြားေပလိမ့္မည္။
က်ီဇယ့္ေဟြ႕က သူ႕ကို ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေစခ်င္လို႔မွန္း က်ယ္ယန္ နားလည္သြားၿပီး စမ္းသပ္ေမးၾကည့္လိုက္၏။ “ ဆရာက်ီ ဆရာက ကြၽန္ေတာ့္ကို ရက္ပ္အပိုဒ္ကို တာဝန္ယူေစခ်င္တာလား။ ”
“ ဒါေပါ့ ေရွာင္က်ယ္က ေတာ္ပါတယ္။ မင္းလုပ္နိုင္မယ္လို႔လည္း ကိုယ္ယုံၾကည္တယ္။ ”
က်ယ္ယန္ ျပန္မေျဖေတာ့။ ‘ ကြၽန္ေတာ္လုပ္နိုင္တာေတာ့ အမွန္ပဲ။ ခင္ဗ်ား ေနာင္တမရဖို႔ပဲ ေမွ်ာ္လင့္ပါတယ္။ ’
***
ေနာက္ပိုင္းတြင္ ေႏြေဆာင္းဦးညီဓားေတးသြားျပင္သည့္ လုပ္ငန္းတစ္ေလွ်ာက္လုံး က်ီဇယ့္ေဟြ႕သည္ က်ယ္ယန္ကို ဝင္ေရာက္စြက္ဖက္ခြင့္ မေပးေတာ့ေခ်။ က်ယ္ယန္မွာ ဘယ္လိုအႀကံျပဳခ်က္ပဲရွိပါေစ က်ီဇယ့္ေဟြ႕က ဆင္ေျခေပးၿပီး ျငင္းပယ္ေနမည္သာ။ ေနာက္ဆုံးမွာေတာ့ က်ယ္ယန္ ဘာမွဝင္မေျပာေတာ့ဘဲ က်ီဇယ္ေဟြ႕ေျပာသမွ်ကိုသာ ေခါင္းညိတ္နာခံရေတာ့၏။
ပရိုဂရမ္က ဧည့္သည္မ်ားကို သီခ်င္းႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ျပင္ဆင္ဖို႔ အခ်ိန္သုံးရက္ေပးထား၏။ စင္စစ္၌မူ ႏွစ္ရက္ႏွင့္ ေန႕တစ္ဝက္သာျဖစ္၏။ တီးဝိုင္းကို ျပင္လိုက္ေသာ ေတးသြားႏွင့္ ရင္းႏွီးေစရန္ ေန႕တစ္ဝက္ သုံးလိုက္ရသည္။
သည္ေန႕ ရိုက္ကူးေရးအၿပီးတြင္ က်ီဇယ့္ေဟြ႕၏ ေႏြေဆာင္းဦးညီဓားေတးသြားသည္ကား အိုင္ဒီယာတစ္ခုအျဖစ္သာ ရွိေနဆဲျဖစ္ၿပီး က်ယ္ယန့္အတြက္မူ လက္ဆုပ္လက္ကိုင္ျပစရာ ဂီတေတးသြားစာ႐ြက္ေတာင္ ရွိမေနခဲ့ပါ။
အခ်ိန္ေတြသာ ကုန္သြားရသည္။ က်ီဇယ့္ေဟြ႕ မျပန္ခင္ က်ယ္ယန္ သူ႕ကိုေမးလိုက္၏။ “ ဆရာက်ီ ကြၽန္ေတာ္ ေႏြေဆာင္းဦးညီဓားကို ကိုယ့္ဘာသာ ေတးသြားျပင္ၾကည့္လို႔ ရမလား။ ဒီအတိုင္း ရက္ပ္အပိုင္းနဲ႕လိုက္ေအာင္ ျပင္႐ုံပါပဲ။ ”
က်ီဇယ့္ေဟြ႕ ျငင္းပစ္လိုက္ခ်င္ေသာ္လည္း သည္တစ္ေန႕လည္လုံး က်ယ္ယန္၏ အႀကံျပဳခ်က္မွန္သမွ်ကို သူ ဘယ္ေလာက္ျငင္းခဲ့ၿပီးၿပီလဲဆိုတာႏွင့္ အစမ္းေလ့က်င့္ဖို႔ အခ်ိန္အမ်ားႀကီး မက်န္ေတာ့တာကို ေတြးမိသြား၏။ သူ ကင္မရာကိုေၾကာက္တာေၾကာင့္ ေခါင္းညိတ္ဖို႔သာ ရွိေတာ့၏။ “ ေကာင္းၿပီေလ ကိုယ္လည္း ဒီအပိုင္းက်ေတာ့ ဘာမွနားလည္တာမွ မဟုတ္တာ။ ”
“ ေက်းဇူးတင္ပါတယ္ ဆရာက်ီ ”
ထိုေန႕ည၌ က်ယ္ယန့္အခန္းထဲက အေရးေပၚမီးလုံးေလးမ်ားသည္ အလြန္ေနာက္က်သည္အထိ လင္းေနခဲ့ကာ ဂီတာသံကိုလည္း ရံဖန္ရံခါ ၾကားရတတ္၏။
ေအာက္ထပ္၌ ခ်ိဳးရွင္းသည္ စူပုပ္ေနေသာ မ်က္ႏွာေပးျဖင့္ အိပ္ရာကို ေက်ာမွီလွဲေနေလသည္။ ည ၁၂ ထိုးေတာ့ သူ ဆက္သည္းမခံနိုင္ေတာ့ဘဲ က်ယ္ယန္ထံ WeChat မက္ေဆ့ပို႔ဖို႔ ဖုန္းထုတ္လိုက္သည္ : အိပ္ေတာ့ !
ဂီတာသံ ရပ္သြား၏။ ခဏၾကာေတာ့ က်ယ္ယန္က မက္ေဆ့ျပန္ပို႔လာ၍ ဖုန္းက တုန္ခါသြား၏။
က်ယ္ယန္ : ခင္ဗ်ား နားၿငီးလို႔လား။ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ ဆက္မတီးေတာ့ဘူးေနာ္။ ေကာင္းေကာင္းအိပ္ပါ။
ခ်ိဳးရွင္းသည္ မႈန္ကုပ္ေနေသာ မ်က္ႏွာျဖင့္ ဖုန္းကို လႊတ္ပစ္လိုကိ၏။ ထို႔ေနာက္ ေဒါသအျပည့္ျဖင့္ ေစာင္ကိုမကာ ဝင္လွဲလိုက္ေတာ့သည္။
ေနာက္တစ္ေန႕ က်ယ္ယန္ အျပင္မထြက္ခင္ အကၤ်ီအသစ္တစ္စုံ ရျပန္၏။ ၎က ခ်ိဳးရွင္းဆီမွေတာ့ မဟုတ္။ ဝူေ႐ႊ႕ေပးတာပင္။
“ သူေဌးခ်ိဳးက တက္စရာ အစည္းအေဝးတစ္ခုရွိလို႔ ေစာေစာထသြားပါတယ္။ ”
က်ယ္ယန္ နားလည္သမႈျဖင့္ ေခါင္းညိတ္ကာ အကၤ်ီေတြ ယူလဲလိုက္၏။
သည္ေန႕တြင္ က်ယ္ယန္သည္ ေလ့က်င့္ေရးအခန္းသို႔ ေစာေစာေရာက္မလာခဲ့ေသာ္လည္း သေဘာတူထားသည့္အခ်ိန္အတိုင္း ေရာက္လာခဲ့၏။ သူ ေလ့က်င့္ခန္းထဲ ဝင္သြားၿပီးတာႏွင့္ က်ီဇယ့္ေဟြ႕ကို အားတုံ႕အားနာျဖင့္ ခ်က္ခ်င္းေတာင္းပန္လိုက္သည္။ “ ေတာင္းပန္ပါတယ္ မေန႕ညက သီခ်င္းျပင္ဖို႔အေၾကာင္းေတြးရင္း ညည့္နက္သြားတာနဲ႕ ဒီေန႕ ေစာေစာမနိုးလို႔ပါ။ ဆရာက်ီကို အၾကာႀကီး ေစာင့္မိသြားေစၿပီ။ ”
က်ယ္ယန္ အမွန္တကယ္ ပင္ပန္းေနတာကို က်ီဇယ့္ေဟြ႕ ျမင္ေတာ့ သီခ်င္းေျပာင္းလိုက္သည့္ ေတးသြားေၾကာင့္ က်ယ္ယန္တစ္ေယာက္ အခက္ေတြ႕သြားတာျဖစ္မည္ဆိုေသာ အေတြးျဖင့္ ေက်နပ္႐ႊင္ျမဴးသြား၏။ သူက စိတ္ရွည္ေသာ အမူအရာျဖင့္ ျပန္ေျဖလာသည္။ “ အဆင္ေျပပါတယ္။ ကိုယ္လည္း အၾကာႀကီး မေစာင့္လိုက္ရပါဘူး။ သီခ်င္းျပင္တာေရာ ဘယ္လိုျဖစ္သြားၿပီလဲ။ ”
“ ၿပီးခါနီးပါၿပီ။” က်ယ္ယန္ သူ႕ဖုန္းကို ထုတ္လိုက္၏။ “ ကြၽန္ေတာ္ မူရင္းအသံကို အေျခခံၿပီး အတြဲဗားရွင္းလုပ္ထားတယ္။ မူရင္းသီခ်င္းမွာ ကြၽန္ေတာ့္အသံေပါင္းဆိုထားတာ။ ရလာဒ္ကို နားေထာင္ၾကည့္ခ်င္လား။ ”
သူက စုံတြဲဗားရွင္းကို တကယ္ႀကီး ေျပာင္းနိုင္တာေပါ့။
က်ီဇယ့္ေဟြ႕ ေမာ့ပင္းကို စိတ္ထဲမွာ ေနာက္တစ္ခါ ထပ္က်ိန္ဆဲရင္း က်ယ္ယန့္ ေတာင္းဆိုခ်က္ကို သေဘာတူလိုက္ရသည္။
က်ယ္ယန္သည္ သူ႕ဖုန္းကို ေလ့က်င့္ေရးအခန္းထဲက ကိရိယာတန္ဆာပလာမ်ားျဖင့္ ခ်ိတ္ဆက္ကာ play ကို ႏွိပ္လိုက္၏။
ေႏြေဆာင္းဦးညီဓား၏ ပဏာမတီးလုံး ေပၚထြက္လာသည္။ ၎က မူရင္းဗားရွင္းျဖင့္ တစ္ထပ္တည္းျဖစ္ေသာ္လည္း ကြဲျပားမႈတစ္ခ်ိဳ႕ေတာ့ ရွိေနဆဲပါေပ။ တီးလုံးအၿပီးတြင္ က်ီဇယ့္ေဟြ႕၏ မူလသီခ်င္းသံအပိုင္း ထြက္ေပၚလာကာ အရမ္းကို ရိုးရွင္းလွပါသည္။ ထို႔ေနာက္ ပထမ chorus ၿပီးသြားၿပီး ဂီတတူရိယာသံမ်ား ေျပာင္းလဲသြားကာ ပိုၿပီးၿမိဳင္ဆိုင္လာ၏။ ဒရမ္အသံမ်ားကိုလည္း ထပ္ထည့္ထားေသးသည္။ ထိုစဥ္ က်ယ္ယန္၏ ၾကည္လင္ရွင္းသန့္ေသာ အသံထြက္ေပၚလာၿပီး မင္းမ်ိဳးမင္းႏြယ္မိသားစုက ေက်ာက္စိမ္းသားေတာ္တစ္ပါးသည္ ေတာအုပ္တြင္းက ေလညွင္းလို သိုင္းေလာကထဲက သူ႕ပရိသတ္မ်ားကို လက္ျပႏႈတ္ဆက္လိုက္သည့္အလား။
က်ီဇယ့္ေဟြ႕သည္ သိုင္းေလာကထဲသို႔ က်င္လည္က်က္သားၿပီးျဖစ္ေသာ ရင့္က်က္သည့္ သူရဲေကာင္းတစ္ေယာက္ျဖစ္ပါလွ်င္ က်ယ္ယန္သည္ကား ပထမဆုံးအႀကိမ္ သိုင္းေလာကအတြင္း ေျခခ်ဖဴးေသာ လူငယ္ေလးတစ္ေယာက္လို ေတးဆိုေန၏။ လူေဟာင္းႏွင့္ လူသစ္ၾကားတြင္ ပဋိပကၡတစ္ခုေတာ့ ရွိ၏။ တစ္ေယာက္က သူရဲေကာင္းစိတ္ထားကို မဆုတ္မနစ္ ႀကိဳးစားစြဲၿမဲဖို႔ ႀကိဳးစားေနကာ တစ္ေယာက္ကေတာ့ စစ္မွန္ေသာ ရိုးသားမႈမ်ား အျပည့္ျဖင့္။ မူရင္းသီခ်င္းတြင္ သိုင္းေလာကႀကီးက အာဃတတရားမ်ားျဖင့္ ပူေလာင္လ်က္ရွိသည္။ အခုေတာ့ လူငယ္ေလးတစ္ေယာက္၏ ေဟာ့ေဟာ့ဒိုင္းဒိုင္း ရိုးသားပြင့္လင္းမႈေၾကာင့္ ႐ုတ္တရက္ ၿပိဳပ်က္လြင့္စင္သြားရၿပီး ေတာအုပ္ထဲက ေလႏုေအးအလား တက္ႂကြမႈမ်ား အသစ္တဖန္ နိုးႂကြားလာေခ်၏။
အခန္းတြင္းရွိ ဝန္ထမ္းမ်ား မွင္တက္သြားၾကကာ သူတို႔မ်က္လုံးမ်ားမွာ ေတာက္ပလ်က္ရွိသည္။
က်ီဇယ့္ေဟြ႕၏ အမူအရာမွာမူ ေနာက္ထပ္တစ္ဖန္ ေတာင့္တင္းလို႔သြား၏။
ယင္းက အဆုံးသတ္ မဟုတ္ေသး။ ပထမရက္ပ္အပိုင္းအၿပီးတြင္ ပုေလြသံတစ္သံက ႐ုတ္တရက္ေပၚလာၿပီး တစ္ခ်ိန္တည္းမွာပဲ က်ီဇယ့္ေဟြ႕အသံႏွင့္ ေပါင္းစည္းသြား၏။ က်ယ္ယန္က က်ီဇယ့္ေဟြ႕၏ မူရင္းအသံႏွင့္ ထပ္ေပါင္းသြားျပန္သည္။ သူ႕အသံက သိသိသာသာ ေဖ်ာ့ေတာ့တိုးလ်လ်က္ရွိကာ က်ီဇယ့္ေဟြ႕၏ မူရင္းအသံႏွင့္ သဟဇာတျဖစ္သြားသည္။ စီနီယာတစ္ေယာက္က သူ႕ဆက္ခံသူကို သိုင္းေလာအေၾကာင္းနားလည္ရန္ ေခၚေဆာင္လမ္းျပသြားသည့္ႏွယ္။
က်ီဇယ့္ေဟြ႕ လက္သီးဆုပ္မိလိုက္ျပန္သည္။
ထိုသဟဇာတျဖစ္မႈက ဒုတိယ chorus အပုဒ္ထိ ျဖစ္၏။ က်ီဇယ့္ေဟြ႕၏ ေလးနက္ေသာ သီခ်င္းသံထြက္လာတာႏွင့္ က်ယ္ယန္က ဂုဏ္ယူဝံ့ႂကြားမႈအျပည့္ျဖင့္ ရက္ပ္ဒုတိယအပိုင္းကို စေျပာင္းသြား၏။
အသံက ႏွစ္သံျဖစ္ေနသည္မွာ အသိသာပင္။ တစ္ေယာက္က ရက္ပ္ဆိုေနၿပီး က်န္တစ္ေယာက္က အျမင့္သံဆိုေနေသာ္လည္း ႏွစ္ေယာက္က တစ္သီးတစ္သန့္စီျဖစ္မေန။ ဆန့္က်င္ဘက္အေနျဖင့္ အလြန္တရာကိုမွ သဟဇာတျဖစ္လို႔ေနသည္။ သူတို႔အခ်င္းခ်င္း လိုက္ဖက္ညီေနရင္းမွ ႐ုတ္တရက္ဆိုသလို သီခ်င္း၏ သူရဲေကာင္းစိတ္ဝိညာဥ္က နိုးထလာကာ လူအေပါင္းကို အခ်ဳပ္အေႏွာင္မ်ားမွ လႊတ္ေျမာက္ကယ္တင္ေပးလိုက္သည့္ ခံစားခ်က္မ်ိဳးကို ေဆာင္ယူလာ၏။
ထို chorus အေနာက္တြင္ ပုေလြသံၿငိမ့္ၿငိမ့္ေလးပါလာၿပီးေနာက္ ေနာက္ဆုံး chorus ပိုဒ္ကို ၾကားရ၏။ က်ယ္ယန္က အရင္ဆုံး ဟာမိုနီထပ္လိုက္ကာ က်ီဇယ္ေဟြ႕က သီခ်င္း၏ စိတ္ခံစားခ်က္မ်ားကို ပို၍ သာ၍ ကူညီသ႐ုပ္ေဖာ္ေပး၏။
ေနာက္ဆုံးတြင္ အဆုံးသတ္ ျပည့္စုံေသာ ပုေလြသံတစ္သံေပၚလာၿပီးေနာက္ သီခ်င္းလည္း အဆုံးသတ္သြားေတာ့၏။
က်ယ္ယန္ က်ီဇယ့္ေဟြ႕ကို လွမ္းၾကည့္ရင္း တရိုတေသျဖင့္ ေမးလိုက္၏။ “ ဆရာက်ီ ဒီေတးသြားဆို အဆင္ေျပေလာက္တယ္ ထင္လား။ ”
က်ီဇယ့္ေဟြ႕သည္ က်ယ္ယန့္ကို အေဝးသို႔ တြန္းထုတ္ပစ္လိုက္ခ်င္သည့္ ျပင္းျပလွစြာေသာ ဆႏၵကိို ထိန္းခ်ဳပ္ရန္ သူ႕ဆင္ျခင္တုံတရားမ်ားကို အသုံးခ်လိဳက္ရသည္။ အသက္ကို ျပင္းျပင္းရႉသြင္းလ်က္ မနည္းထိန္းက ေျပာလိုက္ရ၏။
“ အရမ္းေကာင္းတယ္။ ဒါက အရမ္း …. ငါ့ေတးသြားထက္ ပိုအားေကာင္းတယ္။ ”
အားေကာင္းလြန္းလို႔ သူရဲ႕ေတးသြားဗားရွင္းက လုံးဝကို ရွက္ဖြယ္အတိျဖစ္သြားရ၏။ က်ယ္ယန့္ေတးသြားကို ဖယ္ရွားဖို႔ သူ႕ကိုယ္ပိုင္ေတးသြားကို သုံးကိုသုံးရမည္။ ဒါေပမဲ့ က်ယ္ယန္က မေကာင္းဆိုးဝါးလား။ ဘယ္လိုလုပ္ ရက္ပ္ပါ ဆိုနိုင္ရတာလဲ ?!
━━━━━━━━━━━━━━━━━━━━━━━