Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

28

1.9K 428 108
By callme__kitty

[Unicode]

Warning : This chapter contains drugs, kidnapping and rape.

'ဖြတ်သွားဖြတ်လာတစ်ယောက်'

ဖိနပ်အသစ် ဝတ်ပြီးနောက် ဝမ်ချောင်က ရှဲ့ကျူရှင်းထက်တောင် ပွဲထုတ်ပြဖို့ စိတ်အားထက်သန်နေလေသည်။ သူတို့အတူ စျေးဝယ်ထွက်ကြဖို့ အတင်းအကျပ်တောင်းဆိုပြီး ဖိနပ်အသစ်ဝတ်ထားတာမို့ အပြင်ထွက်ကာ နည်းနည်းကြွားလုံးထုတ်ရမည်ဟု ပြော၍ ရှဲ့ကျူရှင်းကို မရမက အပြင်ခေါ်ထုတ်သွားတော့သည်။ သူတို့အောင်မြင်မှုက လူသွားလမ်းလာများ ဝိုင်းတားဆီးကြသည်အထိ မရောက်သေးတာမို့ မှတ်မိခံရမည်ကို မကြောက်ဘဲ လူကြားထဲ သွားလာလို့ရနေသေးသည်။

သူတို့ စျေးဝယ်စင်တာထဲ ဝင်သွားပြီးတာနှင့် ဝမ်ချောင်က အပြာရောင်တီရှပ်လေး စမ်းဝတ်ကြည့်ပြီး ရှဲ့ကျူရှင်းကို မေးလာသည်။ "ကြည့်ကောင်းလား။"

"ကြည့်ကောင်းတယ်။" ရှဲ့ကျူရှင်း ပြန်ဖြေသည်။

ဝမ်ချောင် ဆိုင်ရှိအရောင်းသမားလေးကို လှမ်းခေါ်လိုက်သည်။ "ဒါ နှစ်ထည်ထုတ်ပေးပါ။"

"ပုံစံတူနှစ်ထည် ဘာလို့ဝယ်မှာလဲ။ မင်း ပိုက်ဆံဖြုန်းချင်နေတာလား။"

ဝမ်ချောင် ရယ်လျက်ပြောလာသည်။ "တစ်ထည်က မင်းအတွက်လေ။"

ရှဲ့ကျူရှင်း ငြင်းဆို၏။ "ငါမလိုချင်ဘူး။ ငါ့အတွက် မဝယ်နဲ့။"

ဝမ်ချောင် ဘာမှမကြားလိုက်သလို ငွေသွားရှင်းပြီး ဒီဇိုင်းတူပြီးအရောင်ကွဲသည့်တီရှပ်နှစ်ထည်နှင့် ပုံစံတူဘောင်းဘီနှစ်ထည်ကိုပါ ထပ်ယူလိုက်သေးသည်။

ရှဲ့ကျူရှင်းလည်း သူ့ကို ထိန်းမနိုင်မှန်းသိတာမို့ ထပ်ပြောမနေတော့။ ဝမ်ချောင် အခြားအဝတ်အစားတွေ သွားစမ်းမဝတ်နိုင်ခင်မှာပဲ ရှပ်အင်္ကျီနှင့်ဂျင်းဘောင်းဘီအတွက် ကျသင့်ငွေကို စုရှင်းလိုက်တော့သည်။ 

စျေးဝယ်စင်တာအနှံ့ လျှောက်ပတ်ပြီးချိန်မှာတော့ ဝမ်ချောင်က နေ့လည်နေ့ခင်းလက်ဖက်ရည်သွားသောက်ချင်ပေမယ့် ရှဲ့ကျူရှင်းက မသွားချင်တာမို့ ပြောလိုက်သည်။ "ငါ မသွားတော့ဘူး။ ငါ နည်းနည်းအိပ်ချင်နေတာ၊ အိမ်ပြန်ပြီး အိပ်ရေးဝအောင်နားဦးမယ်။"

ဝမ်ချောင်လည်း သူ တက်တက်ကြွကြွမရှိနေမှန်း တွေ့တာမို့ အရှက်မရှိပြောလာသည်။ "ငါလည်း အိပ်ချင်နေတာ။ မင်းအိမ်မှာလိုက်ပြီး ခဏလောက် အိပ်ဦးမယ်။"

အိမ်ပြန်လို့ အိပ်ရာပေါ်လှဲလျောင်းပြီးချိန် ဝမ်ချောင် မအိပ်သွား။ ထိုအစား ရှဲ့ကျူရှင်းဘက်လှည့်ရင်းသာ အဆက်မပြတ် စကားများပြောနေတော့သည်။ "မင်းအိပ်ရာက သိပ်ပြီးသက်တောင့်သက်သာမရှိဘူး။ ငါ မင်းကို အသစ်တစ်ခုဝယ်ပေးမယ်။ ငါအခုအိပ်နေတဲ့ Latex အိပ်ရာက မဆိုးဘူး။ သူက ခေါင်းအုံး နှစ်လုံးပါတယ်။ ပြီးတော့ မင်းရဲ့လိုက်ကာကလည်း အရမ်းနက်လွန်းတယ်။ ငါ နောက်မှ အသစ်ဝယ်ပေးမယ်။ ငါက အပြာရောင်ကြိုက်တယ်။"

ရှဲ့ကျူရှင်း ပက်လက်လှဲရင်း သူ့ဘက်လှည့်မကြည့်။ "မင်းက ငါ့အိမ်ကလိုက်ကာအရောင်လည်း လိုက်ဂရုစိုက်နေတာပဲလား။"

ဝမ်ချောင် ရယ်ရင်းရုတ်တရက်ပြောလာသည်။ "အခုဆို ငါတို့ မြန်မြန် အောင်မြင်လာဖို့ မျှော်လင့်နေမိပြီ။"

ဝမ်ချောင် ထိုကဲ့သို့ပြောလာချိန် ရှဲ့ကျူရှင်းမှာ နည်းနည်းတော့ အံ့ဩသွားရသည်။ ကျန်အဖွဲ့သားများအကုန် မြန်မြန်အောင်မြင်ဖို့မျှော်လင့်ကြပေမယ့် ဝမ်ချောင်တော့ မပါနေခဲ့။ သူတစ်ယောက်တည်းကသာ အောင်မြင်မှုအပေါ် ဂရုသိပ်မစိုက်ပုံပေါ်လှသည်။ သူ့မှာ ပိုက်ဆံလည်း လိုအပ်နေခြင်း မရှိတာမို့ အောင်မြင်မှုအတွက် ဘာသိဘာသာဖြစ်နေသည်။ သူ ဒီအနုပညာလောကထဲ ဝင်ခဲ့တာလည်း အိုင်ဒေါဖြစ်ချင်တာကြောင့် မဟုတ်။ လုပ်စရာမရှိ၊ ပျင်းနေခြင်းကြောင့် လာပျော်ပါးခြင်းသာ။

သူက ရှဲ့ကျူရှင်းကို လှမ်းပုတ်ပြီး ပျော်ပျော်ကြီး ဆက်ပြောသည်။ "ငါတို့ အောင်မြင်လာတဲ့အခါကျ မင်းလည်း ပိုက်ဆံတွေ အများကြီးရှိလာလိမ့်မယ်။ မင်းက အိမ်အကြီးကြီးတစ်လုံးဝယ်၊ ပြီးရင် ငါတို့ အတူနေကြမယ်။ ငါ မင်းကို အိမ်လခတော့ ပေးမှာပေါ့။ ပြီးရင် လိုက်ကာ၊ အိပ်ရာခင်း၊ စောင်တွေကအစ အကုန် အပြာရောင်ပြောင်းထားမယ်။ ငါတို့မှာ အလုပ်ရှိလာရင် အတူလုပ်မယ်။ အလုပ်မရှိဘူးဆို အိမ်မှာပဲ ဂိမ်းတွေဆော့ကြမယ်! ညဘက်ဆို သရဲကား တူတူကြည့်မယ်၊ ပြီးရင် မင်းက ငါ အိမ်သာသွားမှာကို လိုက်ခဲ့ပေး။ အာ ဟုတ်သား၊ အိမ်သာခုံကလည်း အပြာရောင်ပဲ ဖြစ်သင့်တယ်!"

ဝမ်ချောင် ပြောလေလေ ပိုပျော်ရွှင်လေဖြစ်လာပြီး သူတစ်ယောက်တည်း အတွေးကမ္ဘာထဲကြည်နူးနေပုံပေါ်လှသည်။

သို့ပေမယ့် ရှဲ့ကျူရှင်းကတော့ နားထောင်လေလေ ပိုစိတ်ရှုပ်လေလေဖြစ်လာရသည်။ သူ ခဏမျှတိတ်နေပြီးနောက် သူပြောလိုက်သည်။ "ငါ ပေ့ကျင်းမှာ အိမ်ဝယ်ဖို့အထိ တတ်နိုင်သွားရင် ငါ့ကောင်မလေးနဲ့ အတူနေမှာပေါ့။ မင်းနဲ့ မနေပါဘူး။"

ဝမ်ချောင်မှာ သူ့ခေါင်းပေါ် ရေခဲရေပုံးဖြင့် လောင်းချခံလိုက်ရသလိုဖြစ်သွားသည်။ သူ ဝုန်းကနဲထထိုင်ပြီး အလျင်စလိုပြောတော့သည်။ "ဘာကောင်မလေးလဲ။ မင်း ယန်ကျားကျားကို ပြန်သွားရှာချင်နေသေးတာလား။ မြင်းကောင်းတွေတောင် မြက်မစားဘူး။ မင်းကျမှ ဘာလို့ဒီလော့ဂျစ်ကို နားမလည်နိုင်ဖြစ်နေရတာလဲ။"

ရှဲ့ကျူရှင်း လှုပ်ရှားခြင်းမရှိ ငြိမ်ငြိမ်လှဲနေလျက် အတက်အကျမရှိလှသည့်အသံဖြင့်ပြောလာသည်။ "ဒီကမ္ဘာပေါ်မှာ မိန်းကလေးဆိုလို့ သူတစ်ယောက်ပဲရှိတာမှ မဟုတ်တာ။ မင်းက ရည်းစား မထားချင်ဘူး၊ လက်မထပ်ချင်ဘူးဆိုပေမယ့် ငါကတော့ အဲ့လိုမလုပ်နိုင်ဘူး။ ငါက မိန်းကလေးတွေကို သဘောကျပြီး တွဲလည်းတွဲချင်တယ်။ ငါ ကလေးတွေကိုလည်း သဘောကျတယ်။ အနာဂတ်ကျ ငါ လက်ထပ်ပြီး ကလေးအဖေတစ်ယောက်ဖြစ်လာမှာ။ မင်းနဲ့ပဲ တစ်သက်လုံးပျော်ပါးမနေနိုင်ဘူး။"

ဝမ်ချောင် အနည်းငယ်မျှကြောင်အသွားပြီး ခေါင်းအုံးပေါ်ရှိနေတဲ့လက်ချောင်းများက ထိုခေါင်းအုံးကို ဆွဲဆုပ်ထားလျက် အလွန်အမင်းမပျော်မရွှင်ဖြစ်နေလေသည်။

"အဲ့လိုအသုံးမဝင်တဲ့ကိစ္စတွေ ပြောမနေနဲ့တော့။ ငါ ဒီကြားထဲ ကောင်းကောင်းမအိပ်ရတာကြာပြီ။ ငါ တကယ်ပင်ပန်းနေတာ။ မင်း မအိပ်ချင်ဘူးဆိုရင် အိမ်ပြန်သွားလိုက်။ ငါ့ကို လာမရှုပ်နေနဲ့။"

ရှဲ့ကျူရှင်း မျက်လုံးမှိတ်ထားရင်း သူပြောလိုက်သမျှကို စိတ်ထဲ ထပ်တလဲလဲပြန်ရွတ်နေမိသည်။

သူ ကောင်မလေးတွေကို သဘောကျသည်၊ ကလေးတွေကိုလည်းသဘောကျ၏။ သူ လက်ထပ်ချင်သေးသလို ကလေးအဖေလည်းဖြစ်ချင်လှသေးသည်။

သူ ဝမ်ချောင်ကို သဘောမကျ။ ဝမ်ချောင်နှင့်လည်း အတူမနေချင်။ အပြာရောင် လိုက်ကာ၊ အပြာရောင် အိပ်ရာခင်း၊ အပြာရောင် စောင်၊ အပြာရောင် အိမ်သာဖုံးများကို သူ မလိုချင်။ အိမ်မှာပဲ သူနှင့် ဂိမ်းမကစားချင်နေ။ သူ့ကိုအဖော်ပြုပြီးလည်း သရဲကား မကြည့်ချင်။

ထိုအရာများကို တစ်ခုမှ မလိုချင်။

ဝမ်ချောင် မပျော်မရွှင်ဖြစ်သွားပေမယ့် နားလည်လှသည်။ သူ့မှာ ရှောင်ရှဲ့ လက်ထပ်ပြီးကလေးယူမယ့်အဖြစ်ကို တားဆီးရန် အကြောင်းအရင်းဆိုတာ မရှိလှ။

... အကယ်၍ ရှောင်ရှဲ့သာ မိန်းကလေးတစ်ယောက် ဆိုပါက သူ ရှောင်ရှဲ့နှင့်လက်ထပ်ပြီး အတူနေ၍ အပြာရောင် အိမ်သာထိုင်ခုံကိုလည်း အတူသုံးလို့ရနေမှာပင်။

ထိုအတွေးမျိုး သူ့စိတ်ထဲပေါ်လာတာနှင့် သူ ရှောင်ရှဲ့မျက်နှာကို ငေးကြည့်ရင်း ရှောင်ရှဲ့သာ မိန်းကလေးဆိုလျှင် ဘယ်လိုဖြစ်နေမလဲဆိုသည့်အကြောင်း အရိုင်းဆန်ဆန်တွေးကြည့်မိလေသည်။ ခဏအကြာမှာတော့ သူ ထိုအတွေးတွေကို မြန်မြန်ပြန်ရုတ်သိမ်းလိုက်ရသည်။ ရှောင်ရှဲ့က လုံးဝ မိန်းကလေးဆန်နေခြင်း မရှိ။ သူက ယောက်ျားတစ်ယောက်အနေနှင့်သာ ပိုကောင်းလှသည်။

သူ စိတ်ဆိုးတကြီးထွက်သွားချင်ပေမယ့် ပြန်တွေးကြည့်ရာ သူ့တွင် ထိုသို့လုပ်ရန်အကြောင်းအရင်း မရှိနေ။ သူ စက္ကန့်အနည်းငယ်မျှ တုန့်ဆိုင်းပြီးနောက် ငြိမ်ငြိမ်သက်သက်လေးသာ လဲနေပြီး ခေါင်းစောင်းကာ ရှောင်ရှဲ့ကို ကြည့်နေလျက် သူ့ရင်ထဲတွင် အရင်က တစ်ခါမှ မခံစားခဲ့ဖူးတဲ့ စိတ်ဓာတ်ကျလွမ်းဆွေးခြင်းမျိုးဖြစ်ပေါ်လာ၏။

ရှောင်ရှဲ့နဲ့ လက်ထပ်ခွင့်ရမယ့်ကောင်မလေးက ဘယ်လိုကောင်းမှုကုသိုလ်တွေများလုပ်ထားခဲ့လည်း မသိ။ သူ့အပြုအမူများလည်း ကောင်းသလို အမူအကျင့်များကလည်း ပြေပြစ်လှပြီး ရုပ်ရည်လည်း ချောမောလှသေးသည်။

သူ့စိတ်ထဲ အတွေးဆိုးများကြီးစိုးနေတော့သည်။ ရှောင်ရှဲ့ နောင်တစ်ချိန်ကျ တွေ့လာမယ့်မိန်းကလေးတိုင်း ယန်ကျားကျားလိုဖြစ်နေဖို့ သူမျှော်လင့်သည်။ သူတို့အကုန် ရက်အနည်းငယ်တွဲပြီး လမ်းခွဲသွားတာ ဒါမှမဟုတ်လည်း လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ကွာရှင်းသွားတာမျိုးဖြစ်ဖို့ မျှော်လင့်၏။ နောက်ပြီး မွေးလာတဲ့ကလေးလည်း ... ထားပါ၊ ကလေးတော့ ရှောင်ရှဲ့ဆီ ချန်ထားပေးလိုက်ပါမယ်။ ရှောင်ရှဲ့က ကလေးချစ်တယ်လို့ ပြောထားတာပဲ။

ဘယ်သူကများ လက်ထပ်ပွဲဆိုတာကို တီထွင်ခဲ့တာလဲ။ ဘယ်ကောင်ကများ အဲ့လောက်အားယားနေခဲ့တာလဲ။

သူ အိပ်မရတာမို့ ဂိမ်းဆော့ရန် ဖုန်းထုတ်လိုက်သည်။ ဂိမ်းသံမဖွင့်ဘဲ ကစားရခြင်းက အသံဖွင့်ထားချိန် ကစားရတဲ့ခံစားချက်နှင့် လုံးဝ မတူညီ။ သို့သော် သူ ဂိမ်းသံဖွင့်လိုက်ရင် ရှောင်ရှဲ့ အိပ်နေတာကို နှောင့်ယှက်မိမှာမို့ ဂိမ်းထဲကနေသာ ပြန်ထွက်ပြီး Weibo ကိုသာ သွားလိုက်ရသည်။ ထို့နောက် သူ လျန်ရှီး Weibo အထက် ရှာဖွေမှုအများဆုံးထဲ ဝင်နေတာကို မြင်လိုက်ရ၏။ လျန်ရှီးက သူ့လက်ညှိုးတွင် ပလာစတာကပ်ထားတာကို တင်လျက် ဟင်းရွက်လှီးရင်း ဓားရှမိသည်ဟု ပြောထားသည်။ comment များကတော့ သူ့ fan များရဲ့စိုးရိမ်ပူပန်ပေးမှုများဖြင့်ပြည့်နေလေသည်။

ထူးဆန်းလိုက်တာ၊ လျန်ရှီးကလည်း သူ့လိုပင်။ သူတို့နှစ်ယောက်လုံး မီးဖိုချောင်ထဲဝင်ဖူးခြင်းဆိုတာ တစ်ခါတောင် မရှိ။ ဘယ်လိုလုပ် အရွက်လှီးရင်း ဓားရှမိရတာလဲ။ 

သူ ညင်ညင်သာသာ ထကာ အပြင်ထွက်ပြီး အိပ်ခန်းတံခါးကိုပိတ်၍ လျန်ရှီးထံ ဖုန်းခေါ်လိုက်သည်။ "ကော၊ လက်က ဘာဖြစ်တာလဲ။ ကော ဟင်းချက်ရမယ်တောင် မသိတာကို ဘာလို့ဟင်းရွက်တွေ လှီးနေတာလဲ။"

ဒဏ်ရာရထားတဲ့လျန်ရှီးကတော့ ပျော်ရွှင်နေပုံပေါ်ပြီး မြူးမြူးကြွကြွပြန်ပြောလာသည်။ "မင်းဖုန်းခေါ်လာတာ အချိန်ကိုက်ပဲ။ မဟုတ်လည်း ငါ မင်းကို လာရှာတော့မလို့။ ဒီကြားထဲ မင်းရဲ့ ကားတစ်စီးလောက် ငါ့ကို ပေးငှါးထားဦး။ ငါ့ကား ဝင်တိုက်ခံထားရပြီး ပြင်ဆိုင်ရောက်နေတယ်။"

ဝမ်ချောင် ပြန်ပြောသည်။ "ရတာပေါ့။ ကော ဘယ်အချိန် ယူမလဲ။"

"မင်း အခုအလုပ်ရှုပ်နေလား။ အဆင်ပြေရင် ငါ့ကို အခုလာပို့ပေးလိုက်။ ငါ အိမ်မှာပဲရှိတယ်။ ညကျ ကားသုံးစရာကိစ္စလေးရှိလို့။"

ရှောင်ရှဲ့လည်း အိပ်နေကာ သူနှင့် ကစားပေးမယ့်သူ ဘယ်သူမှမရှိတာကို ဝမ်ချောင်တွေးမိပြီး ပြောလိုက်သည်။ "ဟုတ်ပြီ။ အခုလာခဲ့မယ်။"

သူ အိပ်ခန်းတံခါးကို တွန်းဖွင့်ပြီးကြည့်လိုက်ချိန် ရှောင်ရှဲ့မျက်လုံးများက မှိတ်ထားဆဲဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပုံပေါ်လှသည်။ သို့နှင့် သူလည်း အသံတစ်သံမှ မထွက်ဘဲ တိတ်တဆိတ်သာ ထွက်သွားလိုက်လေသည်။

အပြင်က တံခါးပိတ်သံကိုကြားမှ ရှဲ့ကျူရှင်း မျက်လုံးဖွင့်ကြည့်ပြီး လူသူမရှိတဲ့အခန်းထဲ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်မိတော့သည်။

ဝမ်ချောင် လျန်ရှီးအိမ်ကိုရောက်တာနှင့် လျန်ရှီးက သူနှင့်ပိုင်ထူ ဆက်ဆံရေးကောင်းလာတဲ့အကြောင်း ဂုဏ်ယူဝင့်ကြွားစွာပြောလာသည်။ "ငါ့မိန်းမလေးက ငါ့လက်ကို မတော်တဆ ဒဏ်ရာရအောင်လုပ်မိသွားတော့ အရမ်းစိုးရိမ်စိတ်ပူနေတာ။ ငါ ခဏနေကျ သူနဲ့အတူ ဆေးရုံမှာ ဆေးချိတ်ဖို့သွားရဦးမယ်။ ငါ့ကို ကားသော့ပေးခဲ့။ မင်းပြီးရင် သွားလို့ရပြီ။"

ဝမ်ချောင် : "...."

သူ အစကတည်းက မပျော်မရွှင်ဖြစ်နေတာမို့ ကားသော့ လာပေးရင်း လျန်ရှီးနှင့် ခဏတဖြုတ်ပျော်ပါးဖို့တွေးထားပေမယ့် အခုတော့ စကားတစ်ခွန်းမှ မပြောနိုင်သေးခင်မှာပဲ ခွေးစာများဖြင့် ဖြတ်ရိုက်ခံလိုက်ရပြီး ကားသော့ပေးပြီးတာနှင့် ကန်ထုတ်ခံရလေသည်။

သူ လျန်ရှီးကို စိတ်မတိုပေမယ့် ပျော်လည်းမပျော်နေ။

ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ပါက သူ ရှောင်ရှဲ့နှင့်သာ ခဏအိပ်နေလိုက်ပါတယ်။ 

လျန်ရှီးအိမ်က ထွက်လို့ ဓာတ်လှေကားထဲ ဝင်ပြီးနောက် အောက်သို့မဆင်းသေးခင် လူတစ်ယောက် အထဲဝင်လာသည်။

ဝမ်ချောင် သူ့ကို တစ်ချက်လှမ်းကြည့်ပြီး နည်းနည်းရင်းနှီးနေသလို ခံစားလိုက်ရသည်။

"မင်းက Leo လား။" ထိုလူက အရင်နှုတ်ဆက်လာသည်။ "ကိုယ်က ကျုံးနျန်းစန်း၊ မင်းကို D.K မွေးနေ့ပွဲတုန်းက တွေ့ဖူးတယ်။"

ထိုသူက ဘယ်သူလဲ ဝမ်ချောင် မမှတ်မိ။ ထိုနေ့က သူ လူများစွာနှင့် တွေ့ခဲ့တာမို့ ထိုထဲမှတစ်ယောက်ကို အထူးတလှယ် မှတ်မိမနေချင်။

"ကိုယ်က ပိုင်ထူရဲ့မန်နေဂျာ" ကျုံးလျန်းစန်း ဆက်ပြောသည်။

ဝမ်ချောင် သူ့ကို လုံးဝ မမှတ်မိပေမယ့် ပိုင်ထူနာမည် ကြားလိုက်ချိန်မှာတော့ ခပ်ရေးရေးပြုံး၍ ပြန်ပြောလိုက်သည်။ "ပိုင်ထူ့ဆီ အလုပ်အကြောင်း လာပြောတာလားဗျ။"

ကျုံးနျန်းစန်းလည်း ယဉ်ကျေးသမှုပြန်ပြုံးသည်။ "အလုပ်ကိစ္စတင် မဟုတ်ပါဘူး။ ကိုယ်နဲ့ ပိုင်ထူက အပြင်မှာလည်း သူငယ်ချင်းကောင်းတွေလေ။"

ဝမ်ချောင်အနေနှင့် ယဉ်ယဉ်ကျေးကျေးစကားဝိုင်းတစ်ခုထဲ အသားမကျတာမို့ ဤမျှသာပြန်ပြောတော့သည်။ "အို့၊ ကောင်းတာပေါ့။"

ကျုံးနျန်းစန်း ထပ်ပြောပြန်သည်။ "မင်း လျန်ရှီးကို လာရှာတာလား။ ငါကြားတာ မင်းနဲ့သူ ဆက်ဆံရေးကောင်းတယ်ဆို။"

ဝမ်ချောင် သူနှင့် စကားဆက်မပြောချင်တာမို့ ဝတ်ကျေတန်းကျေသာ ပြန်ဖြေလိုက်သည်။ "အင်း"

ကျုံးနျန်းစန်း သူ့ကိုကြည့်လို့ ပြုံးသွားသည်။

သူ အောက်ထပ်ရောက်လို့ ကားသော့လှမ်းစမ်းချိန်မှ သူ့ကားသော့ကို လျန်ရှီးထံ ပေးခဲ့မှန်း ဝမ်ချောင် သတိရလာတော့သည်။

ကျုံးနျန်းစန်း မေးလာသည်။ "ဘာဖြစ်လို့လဲ။ ကားသော့ပျောက်သွားလို့လား။"

"မဟုတ်ဘူး။ ကျွန်တော် လျန်-ကောကို ပေးခဲ့ ..." ဝမ်ချောင် ပြောပြီးတော့မှ ဒီလူကို ရှင်းပြစရာအကြောင်းမရှိဟု ခံစားလိုက်ရတာမို့ ထိုအကြောင်း မဆက်တော့ဘဲ ပြောလိုက်လေသည်။ "ကျွန်တော် တက္ကစီသွားငှါးလိုက်ဦးမယ်။ နောက်မှတွေ့ကြတာပေါ့။"

"မင်း ဘယ်သွားမလို့လဲ။ ငါ မင်းကို လိုက်ပို့မယ်လေ။"

"မလိုဘူး။"

ကျုံးနျန်းစန်းက သူ့အတွက် အရှေ့ကားတံခါးကိုပါ ဖွင့်ထားပေးပြီဖြစ်ပြီး ပြုံးလျက်ပြောလာသည်။ "လာပါကွ။ ယဉ်ကျေးမနေနဲ့။ ငါ လျန်ရှီးနဲ့လည်း ရင်းနှီးပါတယ်။"

ဝမ်ချောင် သူနှင့် ဆက်မပတ်သတ်ချင်တာမို့ ငြင်းဆိုဆဲ။ "ခင်ဗျားကို ဒုက္ခမပေးတော့ပါဘူး။"

ကျုံးနျန်းစန်း အပြုံးတစ်ဝက်နှင့်ပြောလာသည်။ "မင်း ဘာလို့ကလေးလိုလုပ်နေတာလဲ။ ငါ မင်းကို ပြန်ပေးဆွဲသွားမှာ ကြောက်နေတာလား။"

ဝမ်ချောင်ရဲ့စိတ်အခြေအနေက သိပ်ကောင်းလှတာ မဟုတ်။ ဒီလို ရန်စခံလိုက်ရချိန် မလိုက်သွားချင်တာတောင်မှ မာနအတွက် ကားထဲဝင်သွားရတော့သည်။

"မင်း ဘယ်သွားမှာလဲ။" ကျုံးနျန်းစန်း မေးလာသည်။

သူ ခဏတွေးကြည့်ပြီးမှ ရှဲ့ကျူရှင်းအိမ်လိပ်စာကိုသာ ပြောလိုက်တော့သည်။ ရှောင်ရှဲ့နိုးပြီးလား သူ မသိပေမယ့် နိုးလာရင် အတူညစာစားလို့တော့ ရသေးသည်။ 

ကျုံးနျန်းစန်း ဖြည်းဖြည်းချင်းမောင်းနေရင်း IceDream အဖွဲ့နှင့် ပတ်သတ်တဲ့မေးခွန်းများ မေးလာသည်။ ဥပမာ ; ထုတ်လုပ်သူက ဘယ်သူလဲ၊ MV ရိုက်ကူးတဲ့နေရာက ဘယ်မှာလဲ၊ D.K. အခုတလော အလုပ်ရှုပ်နေလားတို့ ဖြစ်ကြသည်။

ဝမ်ချောင် စိတ်မပါတပါ့ပြန်ဖြေရင်း ဖုန်းဆွဲထုတ်ပြီး ရှဲ့ကျူရှင်းကို WeChat မှတစ်ဆင့် နိုးပြီလားနှင့် သူ မာလာပုစွန်ချက် စားချင်ကြောင်း စာပို့ထားလိုက်သည်။

ကျုံးနျန်းစန် ဝမ်ချောင်နှင့်လျန်ရှီးဆက်ဆံရေးအကြောင်း မေးမြန်းလို့လာသည်။

ရှဲ့ကျူရှင်း စာမပြန်သေးတာမို့ ဝမ်ချောင့်စိတ်က နေရာမှာ မရှိနေ။ သူ ကျုံးနျန်းစန်းရဲ့မေးခွန်းကို ပြန်မဖြေဘဲ ပြောလိုက်သည်။ "ဒီကားက ဘယ်လောက်တောင် စုတ်ပြတ်နေရတာလဲ။ မွန်းကျပ်ပြီးပူနေတာပဲ။"

ကျုံးနျန်းစန်း သူ့ဘက်တစ်ချက်လှမ်းကြည့်ပြီး ပြောလာသည်။ "ကားရဲ့အဲကွန်းပျက်နေပြီး မပြင်ရသေးလို့ပါကွာ။ ရေနည်းနည်းသောက်လိုက်။"

သူ သူ့ဘေးရှိပစ္စည်းထည့်ဘူးထဲမှ ရေတစ်ဘူးလှမ်းယူပြီး ဝမ်ချောင်ကို ပေးလိုက်သည်။

ဝမ်ချောင် ရေဘူးကို လှည့်ဖွင့်ပြီး တစ်ဝက်မျှ သောက်ချလိုက်သည်။ ထိုအချိန် သူ့ပေါင်ပေါ်ရှိဖုန်းက တုန်မြည်လို့လာ၏။ သူ အလျင်စလို ရေဘူးအဖုံးကို ပြန်ပိတ်ပြီး ဘေးပစ်ချလိုက်သည်။ ရှဲ့ကျူရှင်းက သူ့ကို စာပြန်လို့ထားသည်။

[အခုတင်နိုးတာ။ လာခဲ့လေ။]

သူလည်း ချက်ချင်းပြုံးလျက်ပြန်ပြောလိုက်သည်။ [စောင့်နေ။ ငါ အခုလာနေပြီ။]

ကျုံးနျန်းစျန်း မေးလာသည်။ "မင်း ဘာတွေများပျော်နေတာလဲ။"

ဝမ်ချောင် စိတ်အခြေအနေ တိုးတက်လို့လာတာမို့ ပြန်ဖြေပေးလိုက်သည်။ "ကျွန်တော် သူငယ်ချင်းနဲ့ ဒီညတွေ့ဖို့ ချိန်းနေတာ။"

ကျုံးနျန်းစန်း : "မင်းတို့ဘာတွေလုပ်ကြမှာလဲ။ ငါရော အတူလိုက်လို့ရလား။"

သေချာပေါက် ဝမ်ချောင်အနေနှင့် သူ့ကို အတူခေါ်သွားစရာအကြောင်းမရှိ။ "အကယ်၍ နောက်ကျအခွင့်ကြုံခဲ့ရင် ကျွန်တော့်ကို ဒီနေ့ လိုက်ပို့ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ညစာဝယ်ကျွေးပါ့မယ်။"

ကျုံးနျန်းစန်း ဘာမှပြန်မပြောဘဲ ပြုံးလို့သာနေသည်။

ဝမ်ချောင် ရုတ်တရက် သူတို့သွားနေတဲ့လမ်း မှားနေမှန်း သတိပြုမိသွားသည်။ "အဲ့နေရာကို ဘယ်လိုသွားရမလဲ ခင်ဗျား မသိဘူးလား။"

ကျုံးနျန်းစန်း ဆိတ်ဆိတ်နေမြဲ။

ဝမ်ချောင် : "ခင်ဗျား ဘာလို့ မြေပုံကြည့်ပြီးမမောင်းတာလဲ။ ဒါမှမဟုတ် ကျွန်တော် မောင်းရင်ရော။"

ကျုံးနျန်းစန်း : "မင်း ကားမမောင်းနိုင်ဘူး။"

"ဘာကို ကားမမောင်းနိုင်ရမှာလဲ။ ကျွန်တော်က အတွေ့အကြုံရင့်နေတဲ့ကားမောင်းသူဗျ။"

ကျုံးနျန်းစန်းက ထူးထူးဆန်းဆန်းအပြုံးတစ်ခုနှင့်ပြောလာသည်။ "ငါ့ကားက မွန်းကျပ်ပြီးပူနေတာဆိုတော့ မင်း အပူရှပ်နေပါဦးမယ်။ ခေါင်းမူးတယ်လို့ မခံစားရဘူးလား။"

ဝမ်ချောင် : "... ခင်ဗျားက ဘာကောင်လဲ။ ဒီပါ့ပါးကို လာပြီးအကွက်ဆင်ရဲတယ်ပေါ့! ကားရပ်စမ်း!"

သူ အခုနကတည်းက နည်းနည်းခေါင်းမူးသလိုခံစားနေရပေမယ့် ကျုံးနျန်းစန်းရဲ့ကားမောင်းစကေး မကောင်းတာလို့သာ တွေးထားလိုက်မိသည်။ အချို့ကားမောင်းသူတွေက ငြိမ်အောင် မမောင်းတတ်တာမို့ ကားသွားနေချိန် ဖုန်းသုံးမိရင် ခေါင်းမူးလွယ်၏။ သို့ပေမယ့် ကျုံးနျန်းစန်းကိုယ်တိုင်ပြောလာချိန် တစ်ခုခုမှားနေပြီမှန်း သူသိလိုက်ရသည်။ ဒါကသာ အခြားတစ်ခုဆိုလျှင် သူ တန်းသိမှာ မဟုတ်။ သို့ပေမယ့် သူက ဒီလိုကိစ္စမျိုးတွင် အတွေ့အကြုံရင့်ပြီးသူဖြစ်တာမို့ ချက်ချင်းဆိုသလို အခုနက ရေဘူးမှာ တစ်ခုခုမှားနေမှန်း သိလိုက်တော့သည်။

သူ့ကို ဆေးခတ်ရဲတဲ့သတ္တိတောင်ရှိတယ်ဆိုတော့ ကားရပ်ပေးဖို့ဆိုတာ မဖြစ်နိုင်လှ။

သူ့အမြင်များက နည်းနည်းဝေဝါးနေပြီဖြစ်ပြီး အရှေ့ကလမ်းကို သေသေချာချာမမြင်ရတော့။ သူ ခါးပတ်ကို လှမ်းထိလိုက်ပေမယ့် အကြိမ်များစွာ ကြိုးစားတာတောင်မှ ဆွဲဖြုတ်လို့ မရနိုင်။ သူ ခေါင်းမူးရုံတင် မဟုတ်၊ အန်ချင်သလိုပါဖြစ်နေသည်။ သူ့အောက်ပိုင်းတစ်နေရာကလည်း ပူလောင်လို့လာပြီး သူ့မျက်ဝန်းများ မည်းနက်လို့လာပြီး ခဏတာမျှ အသိစိတ်လွတ်သွားလေသည်။

ရှဲ့ကျူရှင်း ဝမ်ချောင်အလာကို အိမ်၌ တစ်နာရီကျော် ထိုင်စောင့်နေပေမယ့် ဝမ်ချောင်က အခုထိ ပေါ်မလာသေး။ သူ စာတွေ ပို့ထားပေမယ့် တစ်ခုမှ ပြန်စာမရလာ။ ဖုန်းခေါ်တော့လည်း စက်ပိတ်လို့ထားလေသည်။

သူ နေ့လည်က အိပ်မနေတာမို့ ဝမ်ချောင် လျန်ရှီးနှင့်ဖုန်းပြောပြီးနောက် လျန်ရှီးအိမ်သွားမည့်အကြောင်းကို သိထားသည်။ သူ့အထင်တော့ ဝမ်ချောင် လျန်ရှီးအိမ်တွင် အပျော်လွန်နေပြီး သူ့အိမ်ကို ညစာပြန်လာစားဖို့ မေ့သွားတာဖြစ်တန်သည်။ ဝမ်ချောင်အတွက် အရေးအကြီးဆုံးက ပျော်ပါးရဖို့ဖြစ်ပြီး ပျော်ပါးရတာလောက် ဘယ်အရာကမှ အရေးမပါလှ။

အဲ့ဒါလည်း အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သူလည်း မာလာပုစွန်ချက် စားရတာမှ သဘောမကျပဲ။

သူ ထမင်းပေါင်းအိုးဖြင့် ဆန်ပြုတ်နည်းနည်း ချက်ပြီးနောက် ကြက်ဥနို့အနစ်ပေါက်ဆီအချို့ကိုပါ ညစာစားရန်အတွက် အပူပေးလိုက်တော့သည်။

စားပြီးတဲ့နောက် သူ နေ့လည်ကဝယ်ခဲ့သည့် အင်္ကျီသစ်တံဆိပ်များကို ဖြုတ်ကာ အဝတ်လျှော်စက်ထဲ ထည့်လျှော်ပြီး ဝရံတာပေါ်တွင် ချိတ်လှမ်းထားလိုက်၏။

တီရှပ်၊ ရှပ်အင်္ကျီ၊ ဘောင်းဘီ၊ အကုန်လုံးက လေထဲ အစုံလိုက်လွင့်နေလျက်။

ဒီအဝတ်အစားများမှာ နှလုံးသားမရှိတာမို့ သူတို့က ဆင်တူဝယ်ထားခံရမှန်း သိမှာ မဟုတ်။ ပြီးတော့ သူတို့ကို ဝယ်ခဲ့တဲ့လူကလည်း နှလုံးသား မရှိလှ။

ဘာမှလုပ်စရာလည်း မကျန်တော့တာမို့ သူ စောစောအိပ်ဖို့သာ လုပ်တော့မည်။ သို့မှ မနက်ဖြန်ကျ အင်အားအပြည့်နှင့် သူအလုပ်လုပ်နိုင်မှာဖြစ်၏။

သူ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ၊ တံခါးခေါက်သံနှင့်အတူ သူ လန့်နိုးလာတော့သည်။

သူ စိတ်လှုပ်ရှားတကြီး ထထိုင်မိသွားသည်၊ သူ့မသိစိတ်ထဲတွင်တော့ ဝမ်ချောင် ရောက်လာပြီဟု ပြောလျက်ရှိနေသည်။

သေချာသလောက်ပင်၊ တံခါးဖွင့်လိုက်တာနှင့် ထိုလူက တံခါးရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေ၏။

ရှဲ့ကျူရှင်း : "... ဘာဖြစ်လာတာလဲ။"

ဝမ်ချောင်ဆံပင်များက ရှုပ်ပွနေပြီး သူ့ပါးနှစ်ဖက်ကလည်း နီရဲနေလျက် မျက်ဝန်းများကပါ နည်းနည်းနီရဲလို့နေသည်။ သူ ဘာစကားတစ်ခွန်းမှ မပြောဘဲ အခန်းထဲ တိုးဝင်ကာ သူ့အနောက်က တံခါးကို လက်ဖြင့် ပြန်ပိတ်လိုက်သည်။ သူက နေရာတွင်သာရပ်လျက် အသက်လုရှူနေကာ သူ့မျက်ဝန်းတွေက ဟိုဟိုဒီဒီပြေးလွှားနေပြီး သူ့ပုံစံက မလုပ်သင့်တာ တစ်ခုခုလုပ်ထားမိသူနှင့် တူနေသည်။

အခန်းတွင်းမီးရောင်က ထိန်လင်းနေတာမို့ သူ့နဖူးပေါ်ရှိ နီရဲတွတ်နေတဲ့ဒဏ်ရာတစ်ခုကို သတိထားမိသွားတော့သည်။ ကြည့်ရတာ သူ့နဖူးကို တစ်ခုခုနှင့်တိုက်မိထားပုံပေါ်လှသည်။ ရှဲ့ကျူရှင်းလည်း သူ ကားမတော်တဆဖြစ်လာတယ်ဟုထင်သွားပြီး အလျင်စလိုမေးလိုက်တော့သည်။

"မင်း တစ်ယောက်ယောက်ကို ဝင်တိုက်မိလာတာလား။"

သို့ပေမယ့် ဝမ်ချောင်ပြန်ဖြေသည်က : "မဟုတ်ဘူး၊ ငါ ကားမမောင်းခဲ့ဘူး။"

"ဒါဆို မင်းနဖူးပေါ်က ဒဏ်ရာက ဘယ်လိုရလာတာလဲ။"

ဝမ်ချောင် ငူငူငေါင်ငေါင်နှင့် သူ့နဖူးကိုပွတ်ကြည့်ပြီးမှ နာကျင်မှုဖြင့် ညည်းတွားမိသွားသည်။

ရှဲ့ကျူရှင်း အခုတော့ နည်းနည်းစိတ်ပူလို့လာခဲ့ပြီ၊ သူ ဝမ်ချောင့်လက်မောင်းကို ဆွဲပြီးမေးလိုက်သည်။ "မင်း ဘာဖြစ်လာတာလဲ။ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ခဲ့တာလား။"

ဝမ်ချောင် သူ့မေးခွန်းများဖြင့် ငူငူငိုင်ငိုင်ဖြစ်နေဆဲ။ ခဏကြာမှ သူပြောလာသည်။ "ရန်မဖြစ်ဘူး၊ မတော်တဆမှုလည်း မဖြစ်ဘူး ... ငါ ရေအရင်သွားချိုးချင်တယ်။"

ရှဲ့ကျူရှင်း ဒေါသတကြီးပြောတော့သည်။ "မင်း ဘာလို့ရေချိုးချင်တာလဲ။ မင်းငါ့ကို မြန်မြန်ပြောစမ်းပါ။ မင်း ဘာလုပ်လာတာလဲ!"

ဝမ်ချောင် သူ့မျက်နှာသူ ထိကြည့်ရင်း ရှဲ့ကျူရှင်းကို မျက်နှာချင်းဆိုင် မကြည့်ရဲဘဲ ခပ်တိုးတိုးပြောလာသည်။ "ငါဘာမှမလုပ်ခဲ့ဘူး။ ဒီတိုင်းမြန်မြန်ကိစ္စရှင်းလာခဲ့တာ။"

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင်လက်မောင်းကို ကိုင်ထားလျက်ရှိနေသည့်သူ့လက်ကို လွတ်ပေးပြီးပြောလိုက်သည်။ "ထွက်သွား"

ဝမ်ချောင် : "..."

ရှဲ့ကျူရှင်း အေးစက်စက်မျက်နှာထားနှင့် တံခါးဖွင့်ကာ သူ့ကို ဆွဲထုတ်တော့မည့်ပုံပေါ်နေသည်။

သူ ထွက်သွားချင်ဖို့ဆိုတာ မဖြစ်နိုင်။ သို့ပေမယ့် သူ ရှဲ့ကျူရှင်းလောက်လည်း အားမသန်။ ထို့ကြောင့် သူ ရှဲ့ကျူရှင်းကိုသာ အရှက်မရှိ ဖက်ထားရတော့သည်။

ရှဲ့ကျူရှင်းမှာ ဒေါသထွက်လွန်းတာမို့ အသံများပင် တုန်ယင်နေသည်။ "ငါ့ကိုလွှတ်"

ဝမ်ချောင် : "မလွှတ်ဘူး!"

ရှဲ့ကျူရှင်း : "ငါ မင်းကို ထရိုက်တော့မှာ!"

ဝမ်ချောင် အလွန်အမင်း မတရားခံနေရသလို ခံစားလိုက်ရပြီး စတင်ငိုကြွေးမိတော့သည်။

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင် ရေချိုးခန်းထဲဝင်သွားကာ ရေသွားချိုးတော့သည်။

ရှဲ့ကျူရှင်း ဧည့်ခန်းထဲတွင် မတ်တပ်ရပ်နေရင်း ဝမ်ချောင့်မျက်ရည်များဖြင့် စိုစွတ်နေတဲ့ပခုံးကို ထိကြည့်ပြီး အတော်ကြာတဲ့အထိ နှလုံးသားထဲ နာကျင်နေရသည်။

ဝမ်ချောင် ငိုကြွေးရင်း သူ့ကိုယ်သူသန့်ရှင်းနေမိသည်။

သူကိုက တော်တော်ကံဆိုးလွန်းလှသည်။ သူ့ဘာသာနေရင်းတောင် ပိုင်ထူရဲ့နှာဘူးမန်နေဂျာနှင့် သွားတွေ့မိသည်။ ကျုံးနျန်းစန်းက လျန်ရှီးအပေါ် ဘယ်လို မကျေနပ်ချက်တွေရှိနေသလဲ မသိပေမယ့် ထိူသူက ဝမ်ချောင့်ကို လျန်ရှီးရဲ့ရည်းစားငယ်လေးဟု ထင်ပြီး ဆေးခတ်တော့သည်။ ကျုံးနျန်းစန်းက သူ့ကို ဟော်တယ်တစ်ခုခေါ်သွားပြီး အတင်းမတရားလုပ်ဖို့ကြံရွယ်ထားပေမယ့် ကံကောင်းချင်တော့ သူ ဟော်တယ်ဧည့်ကြိုကောင်တာဖြင့် ခေါင်းစောင့်မိပြီး နာကျင်မှုဖြင့် နည်းနည်းအသိစိတ်ပြန်ဝင်လာရသည်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ ရှောင်ရှဲ့ထံမှ လှည့်ကွက်အနည်းငယ်သင်ထားခဲ့တာမို့ ဒီအရူးမန်နေဂျာကို ပြန်ချလို့ရခဲ့ပေမယ့် ဆေးရှိန်က သူ့အသိစိတ်ကို ဝေဝါးနေစေသေးပြီး သူ ရီဝေဝေနှင့် ထိုအရူးမန်နေဂျာကို တက်လုပ်ခဲ့ပြီး အကုန်ပြီးသွားချိန်မှာတောင် သူ ရီဝေဝေဖြစ်နေဆဲ။ ဒါက လုပ်ကြဖို့ချိန်းဆိုထားတာနှင့်တောင် တူလှသည်။ ထို့​နောက်မှ ရုတ်တရက် သူ ရှောင်ရှဲ့နှင့် မာလာပုစွန်ချက်စားဖို့ ကတိပေးထားတာကို သတိရသွားပြီး ဟော်တယ်မှ အလျင်စလို ထွက်ကာ တက္ကစီငှါးပြီး ရှောင်ရှဲ့ထံ သွားလိုက်တော့သည်။

လမ်းပေါ်မှာမှ သူ ရုတ်တရက်ပြန်အသိဝင်လာပြီး ခေါင်းထဲ 'ဖာ့ခ်' ဆိုသည့်အသံများဖြင့်သာ ပြည့်နေတော့သည်။ သူ ယောက်ျားတစ်ယောက်နဲ့ လုပ်မိသွားခဲ့ပြီ!

သူ ရှောင်ရှဲ့အိမ်အောက်သို့ရောက်ချိန် လက်သည်းကိုက်ရင်း နာရီဝက်ကျော် လေအေးတိုက်ခံပြီးတာတောင် အပေါ်တက်မသွားရဲသေး။

သူ ရှောင်ရှဲ့နှင့် မာလာပုစွန်ချက်စားဖို့ကတိပေးထားပေမယ့် အရမ်းနောက်ကျနေပြီဖြစ်သည်။ သူ အပေါ်တက်သွားလျှင် ရှင်းပြရတော့မည်။ သူ ဘယ်လိုရှင်းပြရပါ့မလဲ — ယောက်ျားတစ်ယောက် သူ့ကို ကုတင်ပေါ်ဆွဲခေါ်သွားတာခံရလို့ နောက်ကျနေပါတယ်လို့လား။

အရင်ကတည်းက သူ မိန်းကလေးတွေနှင့် အိပ်တာတောင် ရှောင်ရှဲ့မကြိုက်မှန်း ဝိုးတိုးဝါးတားခံစားမိနေရသည်။ ရှောင်ရှဲ့စိတ်သဘောထားက အရမ်းကောင်းပေမယ့် ထိုကိစ္စနှင့်ပတ်သတ်ရင်တော့ အမြဲဒေါသထွက်သွားစမြဲပင်။

အကယ်၍ ရှောင်ရှဲ့သာ သူ ယောက်ျားတစ်ယောက်နှင့် အိပ်ခဲ့မှန်းသိပါက ပိုလို့တောင် ဒေါသထွက်နေလိမ့်မည်။

သူကိုယ်တိုင်လည်း မပျော်နေ။ သူက ယောက်ျားတွေကို သဘောကျတာ မဟုတ်။ သူသာ ယောက်ျားများနှင့် အိပ်ချင်ပါက ဟိုးအရင်ကတည်းက ရှောင်ရှဲ့နှင့် အိပ်ပြီးသွားလောက်ပြီဖြစ်သည်။ ဘာလို့များ ဖြတ်သွားဖြတ်လာတစ်ယောက်နှင့် အိပ်မိဖို့ ဒီနေ့အထိ စောင့်နေမှာတဲ့လဲ။

သေချာသလောက် သူက တစ်ဖက်လူကို လုပ်ခဲ့တာဆိုပေမယ့် ဘာလို့များ သူ့ဘဝကြီးဆုံးရှုံးသွားသလို မချင့်မရဲခံစားနေရတာပါလိမ့်။

KittyKitling

_____///_____

[Zawgyi]

Warning : This chapter contains drugs, kidnapping and rape.

'ျဖတ္သြားျဖတ္လာတစ္ေယာက္'

ဖိနပ္အသစ္ ဝတ္ၿပီးေနာက္ ဝမ္ေခ်ာင္က ရွဲ႕က်ဴရွင္းထက္ေတာင္ ပြဲထုတ္ျပဖို႔ စိတ္အားထက္သန္ေနေလသည္။ သူတို႔အတူ ေစ်းဝယ္ထြက္ၾကဖို႔ အတင္းအက်ပ္ေတာင္းဆိုၿပီး ဖိနပ္အသစ္ဝတ္ထားတာမို႔ အျပင္ထြက္ကာ နည္းနည္းႂကြားလုံးထုတ္ရမည္ဟု ေျပာ၍ ရွဲ႕က်ဴရွင္းကို မရမက အျပင္ေခၚထုတ္သြားေတာ့သည္။ သူတို႔ေအာင္ျမင္မွုက လူသြားလမ္းလာမ်ား ဝိုင္းတားဆီးၾကသည္အထိ မေရာက္ေသးတာမို႔ မွတ္မိခံရမည္ကို မေၾကာက္ဘဲ လူၾကားထဲ သြားလာလို႔ရေနေသးသည္။

သူတို႔ ေစ်းဝယ္စင္တာထဲ ဝင္သြားၿပီးတာႏွင့္ ဝမ္ေခ်ာင္က အျပာေရာင္တီရွပ္ေလး စမ္းဝတ္ၾကည့္ၿပီး ရွဲ႕က်ဴရွင္းကို ေမးလာသည္။ "ၾကည့္ေကာင္းလား။"

"ၾကည့္ေကာင္းတယ္။" ရွဲ႕က်ဴရွင္း ျပန္ေျဖသည္။

ဝမ္ေခ်ာင္ ဆိုင္ရွိအေရာင္းသမားေလးကို လွမ္းေခၚလိုက္သည္။ "ဒါ ႏွစ္ထည္ထုတ္ေပးပါ။"

"ပုံစံတူႏွစ္ထည္ ဘာလို႔ဝယ္မွာလဲ။ မင္း ပိုက္ဆံျဖဳန္းခ်င္ေနတာလား။"

ဝမ္ေခ်ာင္ ရယ္လ်က္ေျပာလာသည္။ "တစ္ထည္က မင္းအတြက္ေလ။"

ရွဲ႕က်ဴရွင္း ျငင္းဆို၏။ "ငါမလိုခ်င္ဘူး။ ငါ့အတြက္ မဝယ္နဲ႔။"

ဝမ္ေခ်ာင္ ဘာမွမၾကားလိုက္သလို ေငြသြားရွင္းၿပီး ဒီဇိုင္းတူၿပီးအေရာင္ကြဲသည့္တီရွပ္ႏွစ္ထည္ႏွင့္ ပုံစံတူေဘာင္းဘီႏွစ္ထည္ကိုပါ ထပ္ယူလိုက္ေသးသည္။

ရွဲ႕က်ဴရွင္းလည္း သူ႔ကို ထိန္းမနိုင္မွန္းသိတာမို႔ ထပ္ေျပာမေနေတာ့။ ဝမ္ေခ်ာင္ အျခားအဝတ္အစားေတြ သြားစမ္းမဝတ္နိုင္ခင္မွာပဲ ရွပ္အကၤ်ီႏွင့္ဂ်င္းေဘာင္းဘီအတြက္ က်သင့္ေငြကို စုရွင္းလိုက္ေတာ့သည္။ 

ေစ်းဝယ္စင္တာအႏွံ့ ေလၽွာက္ပတ္ၿပီးခ်ိန္မွာေတာ့ ဝမ္ေခ်ာင္က ေန႔လည္ေန႔ခင္းလက္ဖက္ရည္သြားေသာက္ခ်င္ေပမယ့္ ရွဲ႕က်ဴရွင္းက မသြားခ်င္တာမို႔ ေျပာလိုက္သည္။ "ငါ မသြားေတာ့ဘူး။ ငါ နည္းနည္းအိပ္ခ်င္ေနတာ၊ အိမ္ျပန္ၿပီး အိပ္ေရးဝေအာင္နားဦးမယ္။"

ဝမ္ေခ်ာင္လည္း သူ တက္တက္ႂကြႂကြမရွိေနမွန္း ေတြ႕တာမို႔ အရွက္မရွိေျပာလာသည္။ "ငါလည္း အိပ္ခ်င္ေနတာ။ မင္းအိမ္မွာလိုက္ၿပီး ခဏေလာက္ အိပ္ဦးမယ္။"

အိမ္ျပန္လို႔ အိပ္ရာေပၚလွဲေလ်ာင္းၿပီးခ်ိန္ ဝမ္ေခ်ာင္ မအိပ္သြား။ ထိုအစား ရွဲ႕က်ဴရွင္းဘက္လွည့္ရင္းသာ အဆက္မျပတ္ စကားမ်ားေျပာေနေတာ့သည္။ "မင္းအိပ္ရာက သိပ္ၿပီးသက္ေတာင့္သက္သာမရွိဘူး။ ငါ မင္းကို အသစ္တစ္ခုဝယ္ေပးမယ္။ ငါအခုအိပ္ေနတဲ့ Latex အိပ္ရာက မဆိုးဘူး။ သူက ေခါင္းအုံး ႏွစ္လုံးပါတယ္။ ၿပီးေတာ့ မင္းရဲ့လိုက္ကာကလည္း အရမ္းနက္လြန္းတယ္။ ငါ ေနာက္မွ အသစ္ဝယ္ေပးမယ္။ ငါက အျပာေရာင္ႀကိဳက္တယ္။"

ရွဲ႕က်ဴရွင္း ပက္လက္လွဲရင္း သူ႔ဘက္လွည့္မၾကည့္။ "မင္းက ငါ့အိမ္ကလိုက္ကာအေရာင္လည္း လိုက္ဂ႐ုစိုက္ေနတာပဲလား။"

ဝမ္ေခ်ာင္ ရယ္ရင္း႐ုတ္တရက္ေျပာလာသည္။ "အခုဆို ငါတို႔ ျမန္ျမန္ ေအာင္ျမင္လာဖို႔ ေမၽွာ္လင့္ေနမိၿပီ။"

ဝမ္ေခ်ာင္ ထိုကဲ့သို႔ေျပာလာခ်ိန္ ရွဲ႕က်ဴရွင္းမွာ နည္းနည္းေတာ့ အံ့ဩသြားရသည္။ က်န္အဖြဲ႕သားမ်ားအကုန္ ျမန္ျမန္ေအာင္ျမင္ဖို႔ေမၽွာ္လင့္ၾကေပမယ့္ ဝမ္ေခ်ာင္ေတာ့ မပါေနခဲ့။ သူတစ္ေယာက္တည္းကသာ ေအာင္ျမင္မွုအေပၚ ဂ႐ုသိပ္မစိုက္ပုံေပၚလွသည္။ သူ႔မွာ ပိုက္ဆံလည္း လိုအပ္ေနျခင္း မရွိတာမို႔ ေအာင္ျမင္မွုအတြက္ ဘာသိဘာသာျဖစ္ေနသည္။ သူ ဒီအႏုပညာေလာကထဲ ဝင္ခဲ့တာလည္း အိုင္ေဒါျဖစ္ခ်င္တာေၾကာင့္ မဟုတ္။ လုပ္စရာမရွိ၊ ပ်င္းေနျခင္းေၾကာင့္ လာေပ်ာ္ပါးျခင္းသာ။

သူက ရွဲ႕က်ဴရွင္းကို လွမ္းပုတ္ၿပီး ေပ်ာ္ေပ်ာ္ႀကီး ဆက္ေျပာသည္။ "ငါတို႔ ေအာင္ျမင္လာတဲ့အခါက် မင္းလည္း ပိုက္ဆံေတြ အမ်ားႀကီးရွိလာလိမ့္မယ္။ မင္းက အိမ္အႀကီးႀကီးတစ္လုံးဝယ္၊ ၿပီးရင္ ငါတို႔ အတူေနၾကမယ္။ ငါ မင္းကို အိမ္လခေတာ့ ေပးမွာေပါ့။ ၿပီးရင္ လိုက္ကာ၊ အိပ္ရာခင္း၊ ေစာင္ေတြကအစ အကုန္ အျပာေရာင္ေျပာင္းထားမယ္။ ငါတို႔မွာ အလုပ္ရွိလာရင္ အတူလုပ္မယ္။ အလုပ္မရွိဘူးဆို အိမ္မွာပဲ ဂိမ္းေတြေဆာ့ၾကမယ္! ညဘက္ဆို သရဲကား တူတူၾကည့္မယ္၊ ၿပီးရင္ မင္းက ငါ အိမ္သာသြားမွာကို လိုက္ခဲ့ေပး။ အာ ဟုတ္သား၊ အိမ္သာခုံကလည္း အျပာေရာင္ပဲ ျဖစ္သင့္တယ္!"

ဝမ္ေခ်ာင္ ေျပာေလေလ ပိုေပ်ာ္ရႊင္ေလျဖစ္လာၿပီး သူတစ္ေယာက္တည္း အေတြးကမၻာထဲၾကည္ႏူးေနပုံေပၚလွသည္။

သို႔ေပမယ့္ ရွဲ႕က်ဴရွင္းကေတာ့ နားေထာင္ေလေလ ပိုစိတ္ရွုပ္ေလေလျဖစ္လာရသည္။ သူ ခဏမၽွတိတ္ေနၿပီးေနာက္ သူေျပာလိုက္သည္။ "ငါ ေပ့က်င္းမွာ အိမ္ဝယ္ဖို႔အထိ တတ္နိုင္သြားရင္ ငါ့ေကာင္မေလးနဲ႔ အတူေနမွာေပါ့။ မင္းနဲ႔ မေနပါဘူး။"

ဝမ္ေခ်ာင္မွာ သူ႔ေခါင္းေပၚ ေရခဲေရပုံးျဖင့္ ေလာင္းခ်ခံလိုက္ရသလိုျဖစ္သြားသည္။ သူ ဝုန္းကနဲထထိုင္ၿပီး အလ်င္စလိုေျပာေတာ့သည္။ "ဘာေကာင္မေလးလဲ။ မင္း ယန္က်ားက်ားကို ျပန္သြားရွာခ်င္ေနေသးတာလား။ ျမင္းေကာင္းေတြေတာင္ ျမက္မစားဘူး။ မင္းက်မွ ဘာလို႔ဒီေလာ့ဂ်စ္ကို နားမလည္နိုင္ျဖစ္ေနရတာလဲ။"

ရွဲ႕က်ဴရွင္း လွုပ္ရွားျခင္းမရွိ ၿငိမ္ၿငိမ္လွဲေနလ်က္ အတက္အက်မရွိလွသည့္အသံျဖင့္ေျပာလာသည္။ "ဒီကမၻာေပၚမွာ မိန္းကေလးဆိုလို႔ သူတစ္ေယာက္ပဲရွိတာမွ မဟုတ္တာ။ မင္းက ရည္းစား မထားခ်င္ဘူး၊ လက္မထပ္ခ်င္ဘူးဆိုေပမယ့္ ငါကေတာ့ အဲ့လိုမလုပ္နိုင္ဘူး။ ငါက မိန္းကေလးေတြကို သေဘာက်ၿပီး တြဲလည္းတြဲခ်င္တယ္။ ငါ ကေလးေတြကိုလည္း သေဘာက်တယ္။ အနာဂတ္က် ငါ လက္ထပ္ၿပီး ကေလးအေဖတစ္ေယာက္ျဖစ္လာမွာ။ မင္းနဲ႔ပဲ တစ္သက္လုံးေပ်ာ္ပါးမေနနိုင္ဘူး။"

ဝမ္ေခ်ာင္ အနည္းငယ္မၽွေၾကာင္အသြားၿပီး ေခါင္းအုံးေပၚရွိေနတဲ့လက္ေခ်ာင္းမ်ားက ထိုေခါင္းအုံးကို ဆြဲဆုပ္ထားလ်က္ အလြန္အမင္းမေပ်ာ္မရႊင္ျဖစ္ေနေလသည္။

"အဲ့လိုအသုံးမဝင္တဲ့ကိစၥေတြ ေျပာမေနနဲ႔ေတာ့။ ငါ ဒီၾကားထဲ ေကာင္းေကာင္းမအိပ္ရတာၾကာၿပီ။ ငါ တကယ္ပင္ပန္းေနတာ။ မင္း မအိပ္ခ်င္ဘူးဆိုရင္ အိမ္ျပန္သြားလိုက္။ ငါ့ကို လာမရွုပ္ေနနဲ႔။"

ရွဲ႕က်ဴရွင္း မ်က္လုံးမွိတ္ထားရင္း သူေျပာလိုက္သမၽွကို စိတ္ထဲ ထပ္တလဲလဲျပန္ရြတ္ေနမိသည္။

သူ ေကာင္မေလးေတြကို သေဘာက်သည္၊ ကေလးေတြကိုလည္းသေဘာက်၏။ သူ လက္ထပ္ခ်င္ေသးသလို ကေလးအေဖလည္းျဖစ္ခ်င္လွေသးသည္။

သူ ဝမ္ေခ်ာင္ကို သေဘာမက်။ ဝမ္ေခ်ာင္ႏွင့္လည္း အတူမေနခ်င္။ အျပာေရာင္ လိုက္ကာ၊ အျပာေရာင္ အိပ္ရာခင္း၊ အျပာေရာင္ ေစာင္၊ အျပာေရာင္ အိမ္သာဖုံးမ်ားကို သူ မလိုခ်င္။ အိမ္မွာပဲ သူႏွင့္ ဂိမ္းမကစားခ်င္ေန။ သူ႔ကိုအေဖာ္ျပဳၿပီးလည္း သရဲကား မၾကည့္ခ်င္။

ထိုအရာမ်ားကို တစ္ခုမွ မလိုခ်င္။

ဝမ္ေခ်ာင္ မေပ်ာ္မရႊင္ျဖစ္သြားေပမယ့္ နားလည္လွသည္။ သူ႔မွာ ေရွာင္ရွဲ႕ လက္ထပ္ၿပီးကေလးယူမယ့္အျဖစ္ကို တားဆီးရန္ အေၾကာင္းအရင္းဆိုတာ မရွိလွ။

... အကယ္၍ ေရွာင္ရွဲ႕သာ မိန္းကေလးတစ္ေယာက္ ဆိုပါက သူ ေရွာင္ရွဲ႕ႏွင့္လက္ထပ္ၿပီး အတူေန၍ အျပာေရာင္ အိမ္သာထိုင္ခုံကိုလည္း အတူသုံးလို႔ရေနမွာပင္။

ထိုအေတြးမ်ိဳး သူ႔စိတ္ထဲေပၚလာတာႏွင့္ သူ ေရွာင္ရွဲ႕မ်က္ႏွာကို ေငးၾကည့္ရင္း ေရွာင္ရွဲ႕သာ မိန္းကေလးဆိုလၽွင္ ဘယ္လိုျဖစ္ေနမလဲဆိုသည့္အေၾကာင္း အရိုင္းဆန္ဆန္ေတြးၾကည့္မိေလသည္။ ခဏအၾကာမွာေတာ့ သူ ထိုအေတြးေတြကို ျမန္ျမန္ျပန္႐ုတ္သိမ္းလိုက္ရသည္။ ေရွာင္ရွဲ႕က လုံးဝ မိန္းကေလးဆန္ေနျခင္း မရွိ။ သူက ေယာက္်ားတစ္ေယာက္အေနႏွင့္သာ ပိုေကာင္းလွသည္။

သူ စိတ္ဆိုးတႀကီးထြက္သြားခ်င္ေပမယ့္ ျပန္ေတြးၾကည့္ရာ သူ႔တြင္ ထိုသို႔လုပ္ရန္အေၾကာင္းအရင္း မရွိေန။ သူ စကၠန့္အနည္းငယ္မၽွ တုန့္ဆိုင္းၿပီးေနာက္ ၿငိမ္ၿငိမ္သက္သက္ေလးသာ လဲေနၿပီး ေခါင္းေစာင္းကာ ေရွာင္ရွဲ႕ကို ၾကည့္ေနလ်က္ သူ႔ရင္ထဲတြင္ အရင္က တစ္ခါမွ မခံစားခဲ့ဖူးတဲ့ စိတ္ဓာတ္က်လြမ္းေဆြးျခင္းမ်ိဳးျဖစ္ေပၚလာ၏။

ေရွာင္ရွဲ႕နဲ႔ လက္ထပ္ခြင့္ရမယ့္ေကာင္မေလးက ဘယ္လိုေကာင္းမွုကုသိုလ္ေတြမ်ားလုပ္ထားခဲ့လည္း မသိ။ သူ႔အျပဳအမူမ်ားလည္း ေကာင္းသလို အမူအက်င့္မ်ားကလည္း ေျပျပစ္လွၿပီး ႐ုပ္ရည္လည္း ေခ်ာေမာလွေသးသည္။

သူ႔စိတ္ထဲ အေတြးဆိုးမ်ားႀကီးစိုးေနေတာ့သည္။ ေရွာင္ရွဲ႕ ေနာင္တစ္ခ်ိန္က် ေတြ႕လာမယ့္မိန္းကေလးတိုင္း ယန္က်ားက်ားလိုျဖစ္ေနဖို႔ သူေမၽွာ္လင့္သည္။ သူတို႔အကုန္ ရက္အနည္းငယ္တြဲၿပီး လမ္းခြဲသြားတာ ဒါမွမဟုတ္လည္း လက္ထပ္ၿပီး သိပ္မၾကာခင္မွာပဲ ကြာရွင္းသြားတာမ်ိဳးျဖစ္ဖို႔ ေမၽွာ္လင့္၏။ ေနာက္ၿပီး ေမြးလာတဲ့ကေလးလည္း ... ထားပါ၊ ကေလးေတာ့ ေရွာင္ရွဲ႕ဆီ ခ်န္ထားေပးလိုက္ပါမယ္။ ေရွာင္ရွဲ႕က ကေလးခ်စ္တယ္လို႔ ေျပာထားတာပဲ။

ဘယ္သူကမ်ား လက္ထပ္ပြဲဆိုတာကို တီထြင္ခဲ့တာလဲ။ ဘယ္ေကာင္ကမ်ား အဲ့ေလာက္အားယားေနခဲ့တာလဲ။

သူ အိပ္မရတာမို႔ ဂိမ္းေဆာ့ရန္ ဖုန္းထုတ္လိုက္သည္။ ဂိမ္းသံမဖြင့္ဘဲ ကစားရျခင္းက အသံဖြင့္ထားခ်ိန္ ကစားရတဲ့ခံစားခ်က္ႏွင့္ လုံးဝ မတူညီ။ သို႔ေသာ္ သူ ဂိမ္းသံဖြင့္လိုက္ရင္ ေရွာင္ရွဲ႕ အိပ္ေနတာကို ေႏွာင့္ယွက္မိမွာမို႔ ဂိမ္းထဲကေနသာ ျပန္ထြက္ၿပီး Weibo ကိုသာ သြားလိုက္ရသည္။ ထို႔ေနာက္ သူ လ်န္ရွီး Weibo အထက္ ရွာေဖြမွုအမ်ားဆုံးထဲ ဝင္ေနတာကို ျမင္လိုက္ရ၏။ လ်န္ရွီးက သူ႔လက္ညႇိုးတြင္ ပလာစတာကပ္ထားတာကို တင္လ်က္ ဟင္းရြက္လွီးရင္း ဓားရွမိသည္ဟု ေျပာထားသည္။ comment မ်ားကေတာ့ သူ႔ fan မ်ားရဲ့စိုးရိမ္ပူပန္ေပးမွုမ်ားျဖင့္ျပည့္ေနေလသည္။

ထူးဆန္းလိုက္တာ၊ လ်န္ရွီးကလည္း သူ႔လိုပင္။ သူတို႔ႏွစ္ေယာက္လုံး မီးဖိုေခ်ာင္ထဲဝင္ဖူးျခင္းဆိုတာ တစ္ခါေတာင္ မရွိ။ ဘယ္လိုလုပ္ အရြက္လွီးရင္း ဓားရွမိရတာလဲ။ 

သူ ညင္ညင္သာသာ ထကာ အျပင္ထြက္ၿပီး အိပ္ခန္းတံခါးကိုပိတ္၍ လ်န္ရွီးထံ ဖုန္းေခၚလိုက္သည္။ "ေကာ၊ လက္က ဘာျဖစ္တာလဲ။ ေကာ ဟင္းခ်က္ရမယ္ေတာင္ မသိတာကို ဘာလို႔ဟင္းရြက္ေတြ လွီးေနတာလဲ။"

ဒဏ္ရာရထားတဲ့လ်န္ရွီးကေတာ့ ေပ်ာ္ရႊင္ေနပုံေပၚၿပီး ျမဴးျမဴးႂကြႂကြျပန္ေျပာလာသည္။ "မင္းဖုန္းေခၚလာတာ အခ်ိန္ကိုက္ပဲ။ မဟုတ္လည္း ငါ မင္းကို လာရွာေတာ့မလို႔။ ဒီၾကားထဲ မင္းရဲ့ ကားတစ္စီးေလာက္ ငါ့ကို ေပးငွါးထားဦး။ ငါ့ကား ဝင္တိုက္ခံထားရၿပီး ျပင္ဆိုင္ေရာက္ေနတယ္။"

ဝမ္ေခ်ာင္ ျပန္ေျပာသည္။ "ရတာေပါ့။ ေကာ ဘယ္အခ်ိန္ ယူမလဲ။"

"မင္း အခုအလုပ္ရွုပ္ေနလား။ အဆင္ေျပရင္ ငါ့ကို အခုလာပို႔ေပးလိုက္။ ငါ အိမ္မွာပဲရွိတယ္။ ညက် ကားသုံးစရာကိစၥေလးရွိလို႔။"

ေရွာင္ရွဲ႕လည္း အိပ္ေနကာ သူႏွင့္ ကစားေပးမယ့္သူ ဘယ္သူမွမရွိတာကို ဝမ္ေခ်ာင္ေတြးမိၿပီး ေျပာလိုက္သည္။ "ဟုတ္ၿပီ။ အခုလာခဲ့မယ္။"

သူ အိပ္ခန္းတံခါးကို တြန္းဖြင့္ၿပီးၾကည့္လိုက္ခ်ိန္ ေရွာင္ရွဲ႕မ်က္လုံးမ်ားက မွိတ္ထားဆဲျဖစ္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနပုံေပၚလွသည္။ သို႔ႏွင့္ သူလည္း အသံတစ္သံမွ မထြက္ဘဲ တိတ္တဆိတ္သာ ထြက္သြားလိုက္ေလသည္။

အျပင္က တံခါးပိတ္သံကိုၾကားမွ ရွဲ႕က်ဴရွင္း မ်က္လုံးဖြင့္ၾကည့္ၿပီး လူသူမရွိတဲ့အခန္းထဲ အသက္ျပင္းျပင္းတစ္ခ်က္ရွုလိုက္မိေတာ့သည္။

ဝမ္ေခ်ာင္ လ်န္ရွီးအိမ္ကိုေရာက္တာႏွင့္ လ်န္ရွီးက သူႏွင့္ပိုင္ထူ ဆက္ဆံေရးေကာင္းလာတဲ့အေၾကာင္း ဂုဏ္ယူဝင့္ႂကြားစြာေျပာလာသည္။ "ငါ့မိန္းမေလးက ငါ့လက္ကို မေတာ္တဆ ဒဏ္ရာရေအာင္လုပ္မိသြားေတာ့ အရမ္းစိုးရိမ္စိတ္ပူေနတာ။ ငါ ခဏေနက် သူနဲ႔အတူ ေဆး႐ုံမွာ ေဆးခ်ိတ္ဖို႔သြားရဦးမယ္။ ငါ့ကို ကားေသာ့ေပးခဲ့။ မင္းၿပီးရင္ သြားလို႔ရၿပီ။"

ဝမ္ေခ်ာင္ : "...."

သူ အစကတည္းက မေပ်ာ္မရႊင္ျဖစ္ေနတာမို႔ ကားေသာ့ လာေပးရင္း လ်န္ရွီးႏွင့္ ခဏတျဖဳတ္ေပ်ာ္ပါးဖို႔ေတြးထားေပမယ့္ အခုေတာ့ စကားတစ္ခြန္းမွ မေျပာနိုင္ေသးခင္မွာပဲ ေခြးစာမ်ားျဖင့္ ျဖတ္ရိုက္ခံလိုက္ရၿပီး ကားေသာ့ေပးၿပီးတာႏွင့္ ကန္ထုတ္ခံရေလသည္။

သူ လ်န္ရွီးကို စိတ္မတိုေပမယ့္ ေပ်ာ္လည္းမေပ်ာ္ေန။

ဒီလိုျဖစ္မယ္မွန္းသာ သိခဲ့ပါက သူ ေရွာင္ရွဲ႕ႏွင့္သာ ခဏအိပ္ေနလိုက္ပါတယ္။ 

လ်န္ရွီးအိမ္က ထြက္လို႔ ဓာတ္ေလွကားထဲ ဝင္ၿပီးေနာက္ ေအာက္သို႔မဆင္းေသးခင္ လူတစ္ေယာက္ အထဲဝင္လာသည္။

ဝမ္ေခ်ာင္ သူ႔ကို တစ္ခ်က္လွမ္းၾကည့္ၿပီး နည္းနည္းရင္းႏွီးေနသလို ခံစားလိုက္ရသည္။

"မင္းက Leo လား။" ထိုလူက အရင္ႏွုတ္ဆက္လာသည္။ "ကိုယ္က က်ဳံးန်န္းစန္း၊ မင္းကို D.K ေမြးေန႔ပြဲတုန္းက ေတြ႕ဖူးတယ္။"

ထိုသူက ဘယ္သူလဲ ဝမ္ေခ်ာင္ မမွတ္မိ။ ထိုေန႔က သူ လူမ်ားစြာႏွင့္ ေတြ႕ခဲ့တာမို႔ ထိုထဲမွတစ္ေယာက္ကို အထူးတလွယ္ မွတ္မိမေနခ်င္။

"ကိုယ္က ပိုင္ထူရဲ့မန္ေနဂ်ာ" က်ဳံးလ်န္းစန္း ဆက္ေျပာသည္။

ဝမ္ေခ်ာင္ သူ႔ကို လုံးဝ မမွတ္မိေပမယ့္ ပိုင္ထူနာမည္ ၾကားလိုက္ခ်ိန္မွာေတာ့ ခပ္ေရးေရးျပဳံး၍ ျပန္ေျပာလိုက္သည္။ "ပိုင္ထူ႔ဆီ အလုပ္အေၾကာင္း လာေျပာတာလားဗ်။"

က်ဳံးန်န္းစန္းလည္း ယဥ္ေက်းသမွုျပန္ျပဳံးသည္။ "အလုပ္ကိစၥတင္ မဟုတ္ပါဘူး။ ကိုယ္နဲ႔ ပိုင္ထူက အျပင္မွာလည္း သူငယ္ခ်င္းေကာင္းေတြေလ။"

ဝမ္ေခ်ာင္အေနႏွင့္ ယဥ္ယဥ္ေက်းေက်းစကားဝိုင္းတစ္ခုထဲ အသားမက်တာမို႔ ဤမၽွသာျပန္ေျပာေတာ့သည္။ "အို႔၊ ေကာင္းတာေပါ့။"

က်ဳံးန်န္းစန္း ထပ္ေျပာျပန္သည္။ "မင္း လ်န္ရွီးကို လာရွာတာလား။ ငါၾကားတာ မင္းနဲ႔သူ ဆက္ဆံေရးေကာင္းတယ္ဆို။"

ဝမ္ေခ်ာင္ သူႏွင့္ စကားဆက္မေျပာခ်င္တာမို႔ ဝတ္ေက်တန္းေက်သာ ျပန္ေျဖလိုက္သည္။ "အင္း"

က်ဳံးန်န္းစန္း သူ႔ကိုၾကည့္လို႔ ျပဳံးသြားသည္။

သူ ေအာက္ထပ္ေရာက္လို႔ ကားေသာ့လွမ္းစမ္းခ်ိန္မွ သူ႔ကားေသာ့ကို လ်န္ရွီးထံ ေပးခဲ့မွန္း ဝမ္ေခ်ာင္ သတိရလာေတာ့သည္။

က်ဳံးန်န္းစန္း ေမးလာသည္။ "ဘာျဖစ္လို႔လဲ။ ကားေသာ့ေပ်ာက္သြားလို႔လား။"

"မဟုတ္ဘူး။ ကၽြန္ေတာ္ လ်န္-ေကာကို ေပးခဲ့ ..." ဝမ္ေခ်ာင္ ေျပာၿပီးေတာ့မွ ဒီလူကို ရွင္းျပစရာအေၾကာင္းမရွိဟု ခံစားလိုက္ရတာမို႔ ထိုအေၾကာင္း မဆက္ေတာ့ဘဲ ေျပာလိုက္ေလသည္။ "ကၽြန္ေတာ္ တကၠစီသြားငွါးလိုက္ဦးမယ္။ ေနာက္မွေတြ႕ၾကတာေပါ့။"

"မင္း ဘယ္သြားမလို႔လဲ။ ငါ မင္းကို လိုက္ပို႔မယ္ေလ။"

"မလိုဘူး။"

က်ဳံးန်န္းစန္းက သူ႔အတြက္ အေရွ႕ကားတံခါးကိုပါ ဖြင့္ထားေပးၿပီျဖစ္ၿပီး ျပဳံးလ်က္ေျပာလာသည္။ "လာပါကြ။ ယဥ္ေက်းမေနနဲ႔။ ငါ လ်န္ရွီးနဲ႔လည္း ရင္းႏွီးပါတယ္။"

ဝမ္ေခ်ာင္ သူႏွင့္ ဆက္မပတ္သတ္ခ်င္တာမို႔ ျငင္းဆိုဆဲ။ "ခင္ဗ်ားကို ဒုကၡမေပးေတာ့ပါဘူး။"

က်ဳံးန်န္းစန္း အျပဳံးတစ္ဝက္ႏွင့္ေျပာလာသည္။ "မင္း ဘာလို႔ကေလးလိုလုပ္ေနတာလဲ။ ငါ မင္းကို ျပန္ေပးဆြဲသြားမွာ ေၾကာက္ေနတာလား။"

ဝမ္ေခ်ာင္ရဲ့စိတ္အေျခအေနက သိပ္ေကာင္းလွတာ မဟုတ္။ ဒီလို ရန္စခံလိုက္ရခ်ိန္ မလိုက္သြားခ်င္တာေတာင္မွ မာနအတြက္ ကားထဲဝင္သြားရေတာ့သည္။

"မင္း ဘယ္သြားမွာလဲ။" က်ဳံးန်န္းစန္း ေမးလာသည္။

သူ ခဏေတြးၾကည့္ၿပီးမွ ရွဲ႕က်ဴရွင္းအိမ္လိပ္စာကိုသာ ေျပာလိုက္ေတာ့သည္။ ေရွာင္ရွဲ႕နိုးၿပီးလား သူ မသိေပမယ့္ နိုးလာရင္ အတူညစာစားလို႔ေတာ့ ရေသးသည္။ 

က်ဳံးန်န္းစန္း ျဖည္းျဖည္းခ်င္းေမာင္းေနရင္း IceDream အဖြဲ႕ႏွင့္ ပတ္သတ္တဲ့ေမးခြန္းမ်ား ေမးလာသည္။ ဥပမာ ; ထုတ္လုပ္သူက ဘယ္သူလဲ၊ MV ရိုက္ကူးတဲ့ေနရာက ဘယ္မွာလဲ၊ D.K. အခုတေလာ အလုပ္ရွုပ္ေနလားတို႔ ျဖစ္ၾကသည္။

ဝမ္ေခ်ာင္ စိတ္မပါတပါ့ျပန္ေျဖရင္း ဖုန္းဆြဲထုတ္ၿပီး ရွဲ႕က်ဴရွင္းကို WeChat မွတစ္ဆင့္ နိုးၿပီလားႏွင့္ သူ မာလာပုစြန္ခ်က္ စားခ်င္ေၾကာင္း စာပို႔ထားလိုက္သည္။

က်ဳံးန်န္းစန္ ဝမ္ေခ်ာင္ႏွင့္လ်န္ရွီးဆက္ဆံေရးအေၾကာင္း ေမးျမန္းလို႔လာသည္။

ရွဲ႕က်ဴရွင္း စာမျပန္ေသးတာမို႔ ဝမ္ေခ်ာင့္စိတ္က ေနရာမွာ မရွိေန။ သူ က်ဳံးန်န္းစန္းရဲ့ေမးခြန္းကို ျပန္မေျဖဘဲ ေျပာလိုက္သည္။ "ဒီကားက ဘယ္ေလာက္ေတာင္ စုတ္ျပတ္ေနရတာလဲ။ မြန္းက်ပ္ၿပီးပူေနတာပဲ။"

က်ဳံးန်န္းစန္း သူ႔ဘက္တစ္ခ်က္လွမ္းၾကည့္ၿပီး ေျပာလာသည္။ "ကားရဲ့အဲကြန္းပ်က္ေနၿပီး မျပင္ရေသးလို႔ပါကြာ။ ေရနည္းနည္းေသာက္လိုက္။"

သူ သူ႔ေဘးရွိပစၥည္းထည့္ဘူးထဲမွ ေရတစ္ဘူးလွမ္းယူၿပီး ဝမ္ေခ်ာင္ကို ေပးလိုက္သည္။

ဝမ္ေခ်ာင္ ေရဘူးကို လွည့္ဖြင့္ၿပီး တစ္ဝက္မၽွ ေသာက္ခ်လိုက္သည္။ ထိုအခ်ိန္ သူ႔ေပါင္ေပၚရွိဖုန္းက တုန္ျမည္လို႔လာ၏။ သူ အလ်င္စလို ေရဘူးအဖုံးကို ျပန္ပိတ္ၿပီး ေဘးပစ္ခ်လိုက္သည္။ ရွဲ႕က်ဴရွင္းက သူ႔ကို စာျပန္လို႔ထားသည္။

[အခုတင္နိုးတာ။ လာခဲ့ေလ။]

သူလည္း ခ်က္ခ်င္းျပဳံးလ်က္ျပန္ေျပာလိုက္သည္။ [ေစာင့္ေန။ ငါ အခုလာေနၿပီ။]

က်ဳံးန်န္းစ်န္း ေမးလာသည္။ "မင္း ဘာေတြမ်ားေပ်ာ္ေနတာလဲ။"

ဝမ္ေခ်ာင္ စိတ္အေျခအေန တိုးတက္လို႔လာတာမို႔ ျပန္ေျဖေပးလိုက္သည္။ "ကၽြန္ေတာ္ သူငယ္ခ်င္းနဲ႔ ဒီညေတြ႕ဖို႔ ခ်ိန္းေနတာ။"

က်ဳံးန်န္းစန္း : "မင္းတို႔ဘာေတြလုပ္ၾကမွာလဲ။ ငါေရာ အတူလိုက္လို႔ရလား။"

ေသခ်ာေပါက္ ဝမ္ေခ်ာင္အေနႏွင့္ သူ႔ကို အတူေခၚသြားစရာအေၾကာင္းမရွိ။ "အကယ္၍ ေနာက္က်အခြင့္ၾကဳံခဲ့ရင္ ကၽြန္ေတာ့္ကို ဒီေန႔ လိုက္ပို႔ေပးလို႔ ေက်းဇူးတင္တဲ့အေနနဲ႔ ညစာဝယ္ေကၽြးပါ့မယ္။"

က်ဳံးန်န္းစန္း ဘာမွျပန္မေျပာဘဲ ျပဳံးလို႔သာေနသည္။

ဝမ္ေခ်ာင္ ႐ုတ္တရက္ သူတို႔သြားေနတဲ့လမ္း မွားေနမွန္း သတိျပဳမိသြားသည္။ "အဲ့ေနရာကို ဘယ္လိုသြားရမလဲ ခင္ဗ်ား မသိဘူးလား။"

က်ဳံးန်န္းစန္း ဆိတ္ဆိတ္ေနျမဲ။

ဝမ္ေခ်ာင္ : "ခင္ဗ်ား ဘာလို႔ ေျမပုံၾကည့္ၿပီးမေမာင္းတာလဲ။ ဒါမွမဟုတ္ ကၽြန္ေတာ္ ေမာင္းရင္ေရာ။"

က်ဳံးန်န္းစန္း : "မင္း ကားမေမာင္းနိုင္ဘူး။"

"ဘာကို ကားမေမာင္းနိုင္ရမွာလဲ။ ကၽြန္ေတာ္က အေတြ႕အၾကဳံရင့္ေနတဲ့ကားေမာင္းသူဗ်။"

က်ဳံးန်န္းစန္းက ထူးထူးဆန္းဆန္းအျပဳံးတစ္ခုႏွင့္ေျပာလာသည္။ "ငါ့ကားက မြန္းက်ပ္ၿပီးပူေနတာဆိုေတာ့ မင္း အပူရွပ္ေနပါဦးမယ္။ ေခါင္းမူးတယ္လို႔ မခံစားရဘူးလား။"

ဝမ္ေခ်ာင္ : "... ခင္ဗ်ားက ဘာေကာင္လဲ။ ဒီပါ့ပါးကို လာၿပီးအကြက္ဆင္ရဲတယ္ေပါ့! ကားရပ္စမ္း!"

သူ အခုနကတည္းက နည္းနည္းေခါင္းမူးသလိုခံစားေနရေပမယ့္ က်ဳံးန်န္းစန္းရဲ့ကားေမာင္းစေကး မေကာင္းတာလို႔သာ ေတြးထားလိုက္မိသည္။ အခ်ိဳ႕ကားေမာင္းသူေတြက ၿငိမ္ေအာင္ မေမာင္းတတ္တာမို႔ ကားသြားေနခ်ိန္ ဖုန္းသုံးမိရင္ ေခါင္းမူးလြယ္၏။ သို႔ေပမယ့္ က်ဳံးန်န္းစန္းကိုယ္တိုင္ေျပာလာခ်ိန္ တစ္ခုခုမွားေနၿပီမွန္း သူသိလိုက္ရသည္။ ဒါကသာ အျခားတစ္ခုဆိုလၽွင္ သူ တန္းသိမွာ မဟုတ္။ သို႔ေပမယ့္ သူက ဒီလိုကိစၥမ်ိဳးတြင္ အေတြ႕အၾကဳံရင့္ၿပီးသူျဖစ္တာမို႔ ခ်က္ခ်င္းဆိုသလို အခုနက ေရဘူးမွာ တစ္ခုခုမွားေနမွန္း သိလိုက္ေတာ့သည္။

သူ႔ကို ေဆးခတ္ရဲတဲ့သတၱိေတာင္ရွိတယ္ဆိုေတာ့ ကားရပ္ေပးဖို႔ဆိုတာ မျဖစ္နိုင္လွ။

သူ႔အျမင္မ်ားက နည္းနည္းေဝဝါးေနၿပီျဖစ္ၿပီး အေရွ႕ကလမ္းကို ေသေသခ်ာခ်ာမျမင္ရေတာ့။ သူ ခါးပတ္ကို လွမ္းထိလိုက္ေပမယ့္ အႀကိမ္မ်ားစြာ ႀကိဳးစားတာေတာင္မွ ဆြဲျဖဳတ္လို႔ မရနိုင္။ သူ ေခါင္းမူး႐ုံတင္ မဟုတ္၊ အန္ခ်င္သလိုပါျဖစ္ေနသည္။ သူ႔ေအာက္ပိုင္းတစ္ေနရာကလည္း ပူေလာင္လို႔လာၿပီး သူ႔မ်က္ဝန္းမ်ား မည္းနက္လို႔လာၿပီး ခဏတာမၽွ အသိစိတ္လြတ္သြားေလသည္။

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင္အလာကို အိမ္၌ တစ္နာရီေက်ာ္ ထိုင္ေစာင့္ေနေပမယ့္ ဝမ္ေခ်ာင္က အခုထိ ေပၚမလာေသး။ သူ စာေတြ ပို႔ထားေပမယ့္ တစ္ခုမွ ျပန္စာမရလာ။ ဖုန္းေခၚေတာ့လည္း စက္ပိတ္လို႔ထားေလသည္။

သူ ေန႔လည္က အိပ္မေနတာမို႔ ဝမ္ေခ်ာင္ လ်န္ရွီးႏွင့္ဖုန္းေျပာၿပီးေနာက္ လ်န္ရွီးအိမ္သြားမည့္အေၾကာင္းကို သိထားသည္။ သူ႔အထင္ေတာ့ ဝမ္ေခ်ာင္ လ်န္ရွီးအိမ္တြင္ အေပ်ာ္လြန္ေနၿပီး သူ႔အိမ္ကို ညစာျပန္လာစားဖို႔ ေမ့သြားတာျဖစ္တန္သည္။ ဝမ္ေခ်ာင္အတြက္ အေရးအႀကီးဆုံးက ေပ်ာ္ပါးရဖို႔ျဖစ္ၿပီး ေပ်ာ္ပါးရတာေလာက္ ဘယ္အရာကမွ အေရးမပါလွ။

အဲ့ဒါလည္း အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။ သူလည္း မာလာပုစြန္ခ်က္ စားရတာမွ သေဘာမက်ပဲ။

သူ ထမင္းေပါင္းအိုးျဖင့္ ဆန္ျပဳတ္နည္းနည္း ခ်က္ၿပီးေနာက္ ၾကက္ဥနို႔အနစ္ေပါက္ဆီအခ်ိဳ႕ကိုပါ ညစာစားရန္အတြက္ အပူေပးလိုက္ေတာ့သည္။

စားၿပီးတဲ့ေနာက္ သူ ေန႔လည္ကဝယ္ခဲ့သည့္ အကၤ်ီသစ္တံဆိပ္မ်ားကို ျဖဳတ္ကာ အဝတ္ေလၽွာ္စက္ထဲ ထည့္ေလၽွာ္ၿပီး ဝရံတာေပၚတြင္ ခ်ိတ္လွမ္းထားလိုက္၏။

တီရွပ္၊ ရွပ္အကၤ်ီ၊ ေဘာင္းဘီ၊ အကုန္လုံးက ေလထဲ အစုံလိုက္လြင့္ေနလ်က္။

ဒီအဝတ္အစားမ်ားမွာ ႏွလုံးသားမရွိတာမို႔ သူတို႔က ဆင္တူဝယ္ထားခံရမွန္း သိမွာ မဟုတ္။ ၿပီးေတာ့ သူတို႔ကို ဝယ္ခဲ့တဲ့လူကလည္း ႏွလုံးသား မရွိလွ။

ဘာမွလုပ္စရာလည္း မက်န္ေတာ့တာမို႔ သူ ေစာေစာအိပ္ဖို႔သာ လုပ္ေတာ့မည္။ သို႔မွ မနက္ျဖန္က် အင္အားအျပည့္ႏွင့္ သူအလုပ္လုပ္နိုင္မွာျဖစ္၏။

သူ ဘယ္ေလာက္ၾကာၾကာ အိပ္ေပ်ာ္သြားသည္ မသိ၊ တံခါးေခါက္သံႏွင့္အတူ သူ လန့္နိုးလာေတာ့သည္။

သူ စိတ္လွုပ္ရွားတႀကီး ထထိုင္မိသြားသည္၊ သူ႔မသိစိတ္ထဲတြင္ေတာ့ ဝမ္ေခ်ာင္ ေရာက္လာၿပီဟု ေျပာလ်က္ရွိေနသည္။

ေသခ်ာသေလာက္ပင္၊ တံခါးဖြင့္လိုက္တာႏွင့္ ထိုလူက တံခါးေရွ႕တြင္ မတ္တပ္ရပ္လ်က္ရွိေန၏။

ရွဲ႕က်ဴရွင္း : "... ဘာျဖစ္လာတာလဲ။"

ဝမ္ေခ်ာင္ဆံပင္မ်ားက ရွုပ္ပြေနၿပီး သူ႔ပါးႏွစ္ဖက္ကလည္း နီရဲေနလ်က္ မ်က္ဝန္းမ်ားကပါ နည္းနည္းနီရဲလို႔ေနသည္။ သူ ဘာစကားတစ္ခြန္းမွ မေျပာဘဲ အခန္းထဲ တိုးဝင္ကာ သူ႔အေနာက္က တံခါးကို လက္ျဖင့္ ျပန္ပိတ္လိုက္သည္။ သူက ေနရာတြင္သာရပ္လ်က္ အသက္လုရွူေနကာ သူ႔မ်က္ဝန္းေတြက ဟိုဟိုဒီဒီေျပးလႊားေနၿပီး သူ႔ပုံစံက မလုပ္သင့္တာ တစ္ခုခုလုပ္ထားမိသူႏွင့္ တူေနသည္။

အခန္းတြင္းမီးေရာင္က ထိန္လင္းေနတာမို႔ သူ႔နဖူးေပၚရွိ နီရဲတြတ္ေနတဲ့ဒဏ္ရာတစ္ခုကို သတိထားမိသြားေတာ့သည္။ ၾကည့္ရတာ သူ႔နဖူးကို တစ္ခုခုႏွင့္တိုက္မိထားပုံေပၚလွသည္။ ရွဲ႕က်ဴရွင္းလည္း သူ ကားမေတာ္တဆျဖစ္လာတယ္ဟုထင္သြားၿပီး အလ်င္စလိုေမးလိုက္ေတာ့သည္။

"မင္း တစ္ေယာက္ေယာက္ကို ဝင္တိုက္မိလာတာလား။"

သို႔ေပမယ့္ ဝမ္ေခ်ာင္ျပန္ေျဖသည္က : "မဟုတ္ဘူး၊ ငါ ကားမေမာင္းခဲ့ဘူး။"

"ဒါဆို မင္းနဖူးေပၚက ဒဏ္ရာက ဘယ္လိုရလာတာလဲ။"

ဝမ္ေခ်ာင္ ငူငူေငါင္ေငါင္ႏွင့္ သူ႔နဖူးကိုပြတ္ၾကည့္ၿပီးမွ နာက်င္မွုျဖင့္ ညည္းတြားမိသြားသည္။

ရွဲ႕က်ဴရွင္း အခုေတာ့ နည္းနည္းစိတ္ပူလို႔လာခဲ့ၿပီ၊ သူ ဝမ္ေခ်ာင့္လက္ေမာင္းကို ဆြဲၿပီးေမးလိုက္သည္။ "မင္း ဘာျဖစ္လာတာလဲ။ တစ္ေယာက္ေယာက္နဲ႔ ရန္ျဖစ္ခဲ့တာလား။"

ဝမ္ေခ်ာင္ သူ႔ေမးခြန္းမ်ားျဖင့္ ငူငူငိုင္ငိုင္ျဖစ္ေနဆဲ။ ခဏၾကာမွ သူေျပာလာသည္။ "ရန္မျဖစ္ဘူး၊ မေတာ္တဆမွုလည္း မျဖစ္ဘူး ... ငါ ေရအရင္သြားခ်ိဳးခ်င္တယ္။"

ရွဲ႕က်ဴရွင္း ေဒါသတႀကီးေျပာေတာ့သည္။ "မင္း ဘာလို႔ေရခ်ိဳးခ်င္တာလဲ။ မင္းငါ့ကို ျမန္ျမန္ေျပာစမ္းပါ။ မင္း ဘာလုပ္လာတာလဲ!"

ဝမ္ေခ်ာင္ သူ႔မ်က္ႏွာသူ ထိၾကည့္ရင္း ရွဲ႕က်ဴရွင္းကို မ်က္ႏွာခ်င္းဆိုင္ မၾကည့္ရဲဘဲ ခပ္တိုးတိုးေျပာလာသည္။ "ငါဘာမွမလုပ္ခဲ့ဘူး။ ဒီတိုင္းျမန္ျမန္ကိစၥရွင္းလာခဲ့တာ။"

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္လက္ေမာင္းကို ကိုင္ထားလ်က္ရွိေနသည့္သူ႔လက္ကို လြတ္ေပးၿပီးေျပာလိုက္သည္။ "ထြက္သြား"

ဝမ္ေခ်ာင္ : "..."

ရွဲ႕က်ဴရွင္း ေအးစက္စက္မ်က္ႏွာထားႏွင့္ တံခါးဖြင့္ကာ သူ႔ကို ဆြဲထုတ္ေတာ့မည့္ပုံေပၚေနသည္။

သူ ထြက္သြားခ်င္ဖို႔ဆိုတာ မျဖစ္နိုင္။ သို႔ေပမယ့္ သူ ရွဲ႕က်ဴရွင္းေလာက္လည္း အားမသန္။ ထို႔ေၾကာင့္ သူ ရွဲ႕က်ဴရွင္းကိုသာ အရွက္မရွိ ဖက္ထားရေတာ့သည္။

ရွဲ႕က်ဴရွင္းမွာ ေဒါသထြက္လြန္းတာမို႔ အသံမ်ားပင္ တုန္ယင္ေနသည္။ "ငါ့ကိုလႊတ္"

ဝမ္ေခ်ာင္ : "မလႊတ္ဘူး!"

ရွဲ႕က်ဴရွင္း : "ငါ မင္းကို ထရိုက္ေတာ့မွာ!"

ဝမ္ေခ်ာင္ အလြန္အမင္း မတရားခံေနရသလို ခံစားလိုက္ရၿပီး စတင္ငိုေႂကြးမိေတာ့သည္။

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္ ေရခ်ိဳးခန္းထဲဝင္သြားကာ ေရသြားခ်ိဳးေတာ့သည္။

ရွဲ႕က်ဴရွင္း ဧည့္ခန္းထဲတြင္ မတ္တပ္ရပ္ေနရင္း ဝမ္ေခ်ာင့္မ်က္ရည္မ်ားျဖင့္ စိုစြတ္ေနတဲ့ပခုံးကို ထိၾကည့္ၿပီး အေတာ္ၾကာတဲ့အထိ ႏွလုံးသားထဲ နာက်င္ေနရသည္။

ဝမ္ေခ်ာင္ ငိုေႂကြးရင္း သူ႔ကိုယ္သူသန့္ရွင္းေနမိသည္။

သူကိုက ေတာ္ေတာ္ကံဆိုးလြန္းလွသည္။ သူ႔ဘာသာေနရင္းေတာင္ ပိုင္ထူရဲ့ႏွာဘူးမန္ေနဂ်ာႏွင့္ သြားေတြ႕မိသည္။ က်ဳံးန်န္းစန္းက လ်န္ရွီးအေပၚ ဘယ္လို မေက်နပ္ခ်က္ေတြရွိေနသလဲ မသိေပမယ့္ ထိူသူက ဝမ္ေခ်ာင့္ကို လ်န္ရွီးရဲ့ရည္းစားငယ္ေလးဟု ထင္ၿပီး ေဆးခတ္ေတာ့သည္။ က်ဳံးန်န္းစန္းက သူ႔ကို ေဟာ္တယ္တစ္ခုေခၚသြားၿပီး အတင္းမတရားလုပ္ဖို႔ႀကံရြယ္ထားေပမယ့္ ကံေကာင္းခ်င္ေတာ့ သူ ေဟာ္တယ္ဧည့္ႀကိဳေကာင္တာျဖင့္ ေခါင္းေစာင့္မိၿပီး နာက်င္မွုျဖင့္ နည္းနည္းအသိစိတ္ျပန္ဝင္လာရသည္။

လြန္ခဲ့တဲ့ရက္အနည္းငယ္က သူ ေရွာင္ရွဲ႕ထံမွ လွည့္ကြက္အနည္းငယ္သင္ထားခဲ့တာမို႔ ဒီအ႐ူးမန္ေနဂ်ာကို ျပန္ခ်လို႔ရခဲ့ေပမယ့္ ေဆးရွိန္က သူ႔အသိစိတ္ကို ေဝဝါးေနေစေသးၿပီး သူ ရီေဝေဝႏွင့္ ထိုအ႐ူးမန္ေနဂ်ာကို တက္လုပ္ခဲ့ၿပီး အကုန္ၿပီးသြားခ်ိန္မွာေတာင္ သူ ရီေဝေဝျဖစ္ေနဆဲ။ ဒါက လုပ္ၾကဖို႔ခ်ိန္းဆိုထားတာႏွင့္ေတာင္ တူလွသည္။ ထို႔​ေနာက္မွ ႐ုတ္တရက္ သူ ေရွာင္ရွဲ႕ႏွင့္ မာလာပုစြန္ခ်က္စားဖို႔ ကတိေပးထားတာကို သတိရသြားၿပီး ေဟာ္တယ္မွ အလ်င္စလို ထြက္ကာ တကၠစီငွါးၿပီး ေရွာင္ရွဲ႕ထံ သြားလိုက္ေတာ့သည္။

လမ္းေပၚမွာမွ သူ ႐ုတ္တရက္ျပန္အသိဝင္လာၿပီး ေခါင္းထဲ 'ဖာ့ခ္' ဆိုသည့္အသံမ်ားျဖင့္သာ ျပည့္ေနေတာ့သည္။ သူ ေယာက္်ားတစ္ေယာက္နဲ႔ လုပ္မိသြားခဲ့ၿပီ!

သူ ေရွာင္ရွဲ႕အိမ္ေအာက္သို႔ေရာက္ခ်ိန္ လက္သည္းကိုက္ရင္း နာရီဝက္ေက်ာ္ ေလေအးတိုက္ခံၿပီးတာေတာင္ အေပၚတက္မသြားရဲေသး။

သူ ေရွာင္ရွဲ႕ႏွင့္ မာလာပုစြန္ခ်က္စားဖို႔ကတိေပးထားေပမယ့္ အရမ္းေနာက္က်ေနၿပီျဖစ္သည္။ သူ အေပၚတက္သြားလၽွင္ ရွင္းျပရေတာ့မည္။ သူ ဘယ္လိုရွင္းျပရပါ့မလဲ — ေယာက္်ားတစ္ေယာက္ သူ႔ကို ကုတင္ေပၚဆြဲေခၚသြားတာခံရလို႔ ေနာက္က်ေနပါတယ္လို႔လား။

အရင္ကတည္းက သူ မိန္းကေလးေတြႏွင့္ အိပ္တာေတာင္ ေရွာင္ရွဲ႕မႀကိဳက္မွန္း ဝိုးတိုးဝါးတားခံစားမိေနရသည္။ ေရွာင္ရွဲ႕စိတ္သေဘာထားက အရမ္းေကာင္းေပမယ့္ ထိုကိစၥႏွင့္ပတ္သတ္ရင္ေတာ့ အျမဲေဒါသထြက္သြားစျမဲပင္။

အကယ္၍ ေရွာင္ရွဲ႕သာ သူ ေယာက္်ားတစ္ေယာက္ႏွင့္ အိပ္ခဲ့မွန္းသိပါက ပိုလို႔ေတာင္ ေဒါသထြက္ေနလိမ့္မည္။

သူကိုယ္တိုင္လည္း မေပ်ာ္ေန။ သူက ေယာက္်ားေတြကို သေဘာက်တာ မဟုတ္။ သူသာ ေယာက္်ားမ်ားႏွင့္ အိပ္ခ်င္ပါက ဟိုးအရင္ကတည္းက ေရွာင္ရွဲ႕ႏွင့္ အိပ္ၿပီးသြားေလာက္ၿပီျဖစ္သည္။ ဘာလို႔မ်ား ျဖတ္သြားျဖတ္လာတစ္ေယာက္ႏွင့္ အိပ္မိဖို႔ ဒီေန႔အထိ ေစာင့္ေနမွာတဲ့လဲ။

ေသခ်ာသေလာက္ သူက တစ္ဖက္လူကို လုပ္ခဲ့တာဆိုေပမယ့္ ဘာလို႔မ်ား သူ႔ဘဝႀကီးဆုံးရွုံးသြားသလို မခ်င့္မရဲခံစားေနရတာပါလိမ့္။

KittyKitling

Continue Reading

You'll Also Like

1.6M 290K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
168K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
214K 23.8K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
2.7M 72.9K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...