ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

423K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 34

5K 948 32
By PoneyPeach

Unicode
အခန်း ( ၃၄ )

ဒေါသလှိုင်းများသီချင်းသည် အသံတည်ငြိမ်မှု၊ အသက်ရှူနှုန်းနှင့် သီချင်းဆိုစွမ်းရည်လိုအပ်ချက်များ မြင့်မားလှသည်။ ၎င်းတို့ထဲက တစ်ခုခုသာ အနေအထားလွဲသွားပါက တီးလုံးခံစားချက်များနှင့် မကိုက်ညီနိုင်တော့သလို ပေါ့ပျက်ပျက်ဖြင့် သီချင်းပင် ပျက်စီးသွားနိုင်သည်။

ကျီဇယ့်ဟွေ့မှာ ခပ်ဩဩ ဘယ်သံထူထူရှိသော်လည်း လွန်ခဲ့သည့်နှစ်ရက်က ကျီဇယ့်ဟွေ့၏ တိုက်ရိုက်သီဆိုဖျော်ဖြေမှုကို ကြည့်ပြီးနောက် ကျီဇယ့်ဟွေ့အတွက် ဒေါသလှိုင်းများသီချင်းကို ထိန်းချုပ်ရန် အနည်းငယ်ခက်ခဲမှုရှိနိုင်ကြောင်း ကျယ်ယန် သဘောပေါက်သွားသည်။

ကျီဇယ့်ဟွေ့သည် ထိုသို့သော အဖြေမျိုးကို ကြားရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူသည် ကျယ်ယန်ကို သင်္ကာမကင်း စိုက်ကြည့်ရင်း သတိအနေအထားဖြစ်သွား၏။ သူ မေးလိုက်မိသည်။ " တကယ်ပဲ အဲ့လိုထင်သလား။ "

ကျယ်ယန် ခေါင်းညိတ်လျက် အကောင်းဘက်ကနေ ဆိုသည်။ " ဆရာကျီ သီချင်းကို ပြောင်းချင်သေးလား။ အညွှန်းရော ရှိလား။ "

" ကိုယ် ဒီရက်ပိုင်း လုပ်စရာမရှိဘူး။ " ကျီဇယ့်ဟွေ့က အကြံပေးလာသည်။ " ဖုန်းပေါ်တက်လာတဲ့ မင်းရဲ့ ဖျော်ဖြေပွဲဗီဒီယိုကို ကိုယ်ကြည့်ဖူးတယ်။ အဲ့ဒီတုန်းက ဗီဒီယိုကို ဖြတ်ထားတော့ မင်းအသံက တစ်ခုခုမူမမှန်သလိုပဲ။ ကိုယ်ကို ဖျော်ဖြေပွဲတုန်းက မင်း IUD သီချင်းဆိုတာကို နားဆင်ခွင့်ရမယ့် ဂုဏ်ယူစရာ အခွင့်အရေးများပေးနိုင်မလား။ "

IUD သီချင်းမှာ ဘယ်သံက အရမ်းနိမ့်ကာ တစ်ချိန်တည်းမှာပဲ အမြင့်သံနှင့် အနိမ့်သံတွေ အများကြီးပါပြန်သည်။ လူတစ်ယောက်တည်းက တစ်ကိုယ်တည်းသီဆိုမည်ဆိုပါက အသံကို ကောင်းကောင်းထိန်းချုပ်နိုင်ရမည်ဖြစ်ကာ မထိန်းနိုင်ပါက လွယ်လွယ်သီချင်းပျက်သွားလိမ့်မည်။ ထို့အပြင် အဖွဲ့လိုက်သီချင်းဆိုတာနှင့် တစ်ကိုယ်တော်သီချင်းဆိုရာမှာ ​ခြားနားချက်အ​ကြီး​ကြီးရှိ​သေး၏။ အဖွဲ့လိုက်ဆိုလျှင် လျှပ်တပြတ် အသံပြောင်းဖို့လွယ်စေကာ အသံလည်းပိုကျယ်သည်။ ထို့အပြင် ကျီဇယ့်ဟွေ့က သူ့ကို acapella သီချင်းဆိုခိုင်းနေ၏။ အဆိုတော်တစ်ယောက်၏ စည်းချက်နှင့် ခံစားချက်မှန်သမျှကို acapella က စမ်းသပ်နိုင်၏။ အကျဥ်းချုပ်ဆိုရသော် ကျီဇယ့်ဟွေ့က ကျယ်ယန်အတွက် ကျင်းတူးပေးလိုက်တာပင်။ ကျယ်ယန်သာ IUD ၏ သီချင်းကို မသီဆိုနိုင်ပါက IUD အတွက် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားပေလိမ့်မည်။
[ T/N: acapella - ဂီတအတီးအခတ်ကရိယာ၏ အကူအညီမပါသော သီဆိုမှု။ (ဝါ) MR removed ]

ကျယ်ယန် ခဏမျှ စဥ်းစားပြီး ပြောလိုက်၏။ " ဆရာကျီကို သီချင်းဆိုပြခွင့်ရတာကသာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ ဆရာကျီက IUD မူရင်းသီချင်းကို နားထောင်ချင်တာလား ဒါမှမဟုတ် စာသားဗားရှင်းလား။ "

ကျီဇယ့်ဟွေ့က တွေးတောပြီးမှ ပြန်ဖြေလာ၏။ " မူရင်းဗားရှင်း။ အဲ့ဒီသီချင်းဆိုနည်းက ဒေါသလှိုင်းများနဲ့ ပိုနီးစပ်တယ်။ "

ကျီဇယ့်ဟွေ့က လုံးဝဦးနှောက်မရှိတာမဟုတ်ဘဲ ဘာလုပ်ရမလဲတော့ သိသေးသားပင်။

ကျယ်ယန် နားလည်သမှုဖြင့် ခေါင်းညိတ်ကာ သူ့ကို ခဏစောင့်ခိုင်းလိုက်သည်။ ထို့နောက် ဘေးသို့သွားကာ လည်ချောင်းစိုအောင် ရေသောက်လျက် သွေးပူအောင်လုပ်ပြီး ကျီဇယ့်ဟွေ့ဆီ ပြန်လာ၏။ " ဒါဆို ဆရာကျီရေ ကျွန်တော် စဆိုလို့ရပြီလား။ "

ကျီဇယ့်ဟွေ့က အားပေးသမှုဖြင့် လက်ခုပ်တီးကာ IUD သီချင်းနှစ်ပုဒ်ကိုပါ ချီးကျူးလာသေး၏။

ကျီဇယ့်ဟွေ့က သူ့ကိုစိတ်လှုပ်ရှားစေရန်အလို့ငြာ အခန်းထဲတွင် ကင်မရာတစ်လုံးရှိသေးကြောင်း တမင်တကာ သတိပေးလာသည်။ ကျယ်ယန်သည် ကင်မရာကို နုညံ့စွာပြုံးပြလျက် မျက်လုံးမှိတ်ကာ ပင့်သက်ရှူသွင်းလိုက်သည်။ မျက်လုံးပြန်ဖွင့်လာသည်နှင့် အသင့်အနေအထားသို့ ရောက်ရှိသွားချေပြီ။ ပါးစပ်ဟကာ အမြင့်သံကို စဆိုလိုက်သည်။

ဧည့်သည်များအတွက် လေ့ကျင့်ရေးအခန်းသည်ကား အလွန်တရာ ကျယ်ဝန်းလှကာ ဗလာကျင်းနေ၏။ ကျယ်ယန့်အသံက နေရာတစ်ခွင် ချဲ့ထွင်ပျံ့နှံ့သွားပြီး လူအများ၏စိတ်တွင် ပဲ့တင်ထပ်သွား၏။

ကျီဇယ့်ဟွေ့၏ အမူအရာသည်ကား ချက်ချင်းလက်ငင်းကို အေးခဲတောင့်တင်းသွားရသည်။

ကျယ်ယန်ကို ချိန်ထားသည့် ကင်မရာသမားမှာ အလွန်အမင်း စိတ်လှုပ်ရှားအံ့သြသွားရာ မှန်ဘီလူးပါ တုန်ခါသွား၏။

ကျယ်ယန့်အမြင့်သံက ထုံကျန်းအသံနှင့် မတူပေ။ ထုံကျန်းလောက် မပြင်းထန် မတင်းမာပေ။ ပိုငြိမ်ပြီး ပိုပြတ်သား၏။ ၎င်းက နှစ်ပေါင်းများစွာ သွေးမသောက်အောင် ဖိနှိပ်ချုပ်ချယ်ထားသော ရှေးဟောင်းဓားတစ်လက်နှင့်တူသည်။ ၎င်းက ခမ်းနားတင့်တယ်​ပြီး သဘာဝကျကျ လေးနက်လွန်းလှသည်။ ရှင်းလင်းပြီး သာယာငြိမ့်ညောင်းသော သူ့အသံနိမ့်နိမ့်နှင့် ကွဲပြားသွားပါသည့်တိုင် အရမ်းနှစ်လိုဖွယ်ကောင်းနေပြန်၏။

ချောမွေ့သော တေးညည်းသံရှည်ကြီး အဆုံးသတ်သွားပြီးနောက် ကျယ်ယန့်အသံက ရုတ်ခြည်း ပြန်တိုးလျသွား၏။ သီချင်းစာသားများက မျှော်လင့်ချက်ပြတ်သုန်းမှုများသို့ နစ်မြုပ်သွားပါသည့်တိုင် အသံက ဘာအကွဲအအက် အပြတ်အတောက်မှမရှိဘဲ အပြည့်အဝ ကျော်ဖြတ်သွားနိုင်၏။ စိတ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုများသည်ကား အလွန်အမင်းကို ပြင်းထန်နေချေ၏။

အခန်းထဲတွင် ကျယ်ယန်သီချင်းသံသာ ကြားနေရပြီး စိတ်ပျက်အားငယ်မှုနှင့် တိတ်ဆိတ်ခြင်း၏ မမြင်ရသော အငွေ့အသက်တွေကလည်း လေထုထဲမှာ ပျံ့နှံ့နေသည်။

ကျီဇယ့်ဟွေ့တစ်ယောက် သူ၏အမူအရာပျက်ယွင်းနေမှုကို ဖုံးကွယ်လိုက်ရသည်။ ထို့နောက် ကင်မရာကို ရှောင်ရှားကာ သဘောကျနှစ်ခြိုက်နေသည့် အပြုံးတစ်ပွင့်ကို ဖျစ်ညှစ်ပြုံးလျက် စိတ်ထဲမှာတော့ မော့ပင်းကို အကြိမ်ထောင်ပေါင်းများစွာ ကျိန်ဆဲနေမိတော့၏။

ဒါကို အသံမကောင်းဘူးလို့ ခေါ်တာလား။ အမိုက်စား သီချင်းဆိုစွမ်းရည်ကွ။

မျက်လုံးမှိတ်ကာ သီချင်းဆက်ဆိုနေသော ကျယ်ယန်ကိုကြည့်ရင်း အံကြိတ်ထားရလွန်းလို့ သူ့သွားတွေတောင် ကျိုးကြေတော့မတတ်ပဲ။

ကျယ်ယန် သူ့ဖိတ်ကြားချက်ကို ဘာကြောင့်လက်ခံဝံ့လဲဆိုတာ သူမအံ့​သြတော့။ အစောပိုင်းက ကျယ်ယန်ဘာလို့ မောက်မာနေလဲဆိုတာလည်း သူမအံ့သြတော့။ ဒီလူသစ်လေးက တကယ်တော်တာပဲ ! အမှန်အတိုင်း ပြောရရင် IUD သီချင်းရဲ့ ဒီတစ်ကိုယ်တော်ဗားရှင်းက တခြားဗားရှင်းနှစ်ခုထက် ပိုကောင်းနေတယ် ! ဒီ IUD ဗားရှင်းရဲ့ ပထမပိုင်းတစ်ဝက်က ပိုမိုအေးစက်ပြင်းထန်ကာ ဘဝအသစ်ကို လိုက်လံရှာဖွေသော နောက်အပိုင်းတွေက ပိုနုညံ့ပြီး ပိုအသက်ဝင်တယ်။ ဒါကို မွေးရာပါ ပါရမီလို့ ပြောရမှာပဲ !

သည်သီချင်းကို ထုတ်လွှင့်ပြီးပါက ကျယ်ယန်တစ်ယောက် မည်သို့သောချီးမွမ်းမှုများ၊ ရှာဖွေမှုများ ရရှိသွားမလဲဆိုတာ သူခန့်မှန်းနိုင်ပါ၏။ IUD မီနီအယ်လ်ဘမ်ကလည်း ကြောက်စရာ ရောင်းအားအသစ်များဖြင့် ထိုးတက်သွားပေဦးမည်။

ကျယ်ယန်သည် IUD သီချင်းတစ်ပုဒ်လုံးကို အံ့သြချီးကျူးဖွယ်အကောင်းဆုံး သာယာအကြည်နူးရဆုံး အမြင့်သံအပိုင်းကို သီဆိုလျက်ရှိသည်။ ကျီဇယ့်ဟွေ့ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲထွက်သွားကာ သူ သည်းမခံနိုင်တော့ဘဲ တားလိုက်တော့၏။ " အဆင်ပြေတယ် ရပြီ။ "

ဆူညံသံတစ်ခုက သီချင်းသံကို ရုတ်ခြည်းဖြတ်တောက်သွားကာ သီချင်းသံက တိခနဲ တိတ်ကျသွား၏။ အခန်းတွင်းရှိ ဝန်ထမ်းတွေမှာလည်း နတ်သမီး၏ ပွေ့ဖက်မှုများကြားမှ သူတို့စိတ်ဝိညာဥ်များကို လက်ကြမ်းကြီးတစ်ဖက်က လာဆွဲလုခံလိုက်ရနှယ် ခံစားလိုက်ရချေ၏။ သူတို့တစ်ကိုယ်လုံး အဆိပ်တွေကြောင့် ညစ်ညမ်းလာသလို နေမထိထိုင်မသာဖြစ်လာ၏။ ကျီဇယ့်ဟွေ့ကို မနှစ်မြို့သော အကြည့်များဖြင့် မကြည့်ဘဲမနေနိုင်တော့ပေ။

ကျယ်ယန်သည် သီချင်းကို ကြားဖြတ်ခံလိုက်ရပါသည့်တိုင် ယဥ်ကျေးမြဲယဥ်ကျေးနေဆဲပါ။ သူက မေးလိုက်၏။ " ဆရာကျီ ကျွန်တော့်အသံကို ဘယ်လိုထင်လဲ။ ဒေါသလှိုင်းများကို ဆရာနဲ့ အတူတူဆိုဖို့ သင့်တော်ရဲ့လား။ "

ကျီဇယ့်ဟွေ့သည် ဝန်ထမ်းများ၏ အကြည့်ကို သတိပြုမိကာ မပျော်မရွှင်ဖြစ်လာ၏။ သို့တိုင် ပရော်ဖက်ရှင်နယ်ကျကျ သရုပ်ဆောင်လိုက်ပါသည်။ " မင်းရဲ့ အမြင့်သံက အရမ်းတိုးလွန်းပြီး ဒေါသလှိုင်းများနဲ့ နည်းနည်းကွဲနေတယ်။ ကိုယ် ဒီအကြောင်းကို စဥ်းစားကြည့်ပါဦးမယ်။ ဒါဆို ကိုယ်တို့အသံတွေ ဘယ်လိုပေါင်းစပ်မလဲဆိုတာ ကိုယ် စဥ်းစားနေတုန်း မင်းက သီချင်းနဲ့ရင်းနှီးသွားအောင် လုပ်နေလိုက်ပါ။ "

" ကောင်းပါပြီ ဆရာ့ကို အလုပ်များစေမိပြီ။ "

ထို့နောက် ကျီဇယ့်ဟွေ့က အဝေးထွက်သွား၏။

ကျယ်ယန် ဝန်ထမ်းများကို ပြုံးပြကာ ထောင့်နားသို့ ပြန်သွားလိုက်သည်။ ထို့နောက် နားကြပ်ထုတ်ကာ တေးသွားများကိုဖြတ်ရင်း ဒေါသလှိုင်းများသီချင်းကို ဆက်နားထောင်သည်။ ထိုစဥ် သူ့ဖုန်းက တုန်ခါသွားကာ WeChat အကြောင်းကြားစာတစ်စောင် ဝင်လာသည်။ ကျယ်ယန် ကင်မရာကိုကွယ်လျက် ဖုန်းဖွင့်ကြည့်လိုက်၏။

လောင်ရှို့ယူ : ညှိနှိုင်းပြီးပြီ။ ကိုယ်က တေးဂီတဧကရာဇ်နောက်လာမယ့်အပိုင်းရဲ့ ဧည့်သည်အကဲဖြတ်တစ်ယောက် ဖြစ်လာတော့မှာ။ ကျီဇယ့်ဟွေ့က ဘယ်သီချင်းကို ရွေးလိုက်တာလဲ။

ကျယ်ယန် : ဒေါသလှိုင်းများ

လောင်ရှို့ယူ : ဒါဆို သူ သီချင်းပြောင်းလိမ့်မယ်။

ကျယ်ယန် မျက်ခုံးပင့်သွားကာ စာပြန်လိုက်သည် : ဘာလို့ အဲ့လိုပြောတာလဲ။

လောင်ရှို့ယူ : ဒီလိုသီချင်းမျိုးက ပညာစုံပေမဲ့ မင်းရဲ့ သီချင်းဆိုစွမ်းရည်နဲ့ ခံစားချက်ပေါ်လွင်မှုက သူ့ထက်သာတယ်။ သူက လွှမ်းမိုးခံရနိုင်တော့ ဒီလိုဖြစ်ခွင့်မပေးလောက်ဘူး။

ကျယ်ယန် ပြုံးကာ စာရိုက်လိုက်၏: သူကို ပြောင်းခိုင်းလိုက်ပါ။ ကျွန်​တော် သူနဲ့ အတူဆိုပေးရမှာပေါ့။

***

နေ့လည်စာမစားခင်တွင် ကျီဇယ့်ဟွေ့ ပြန်ရောက်လာပြီး ကျယ်ယန်ကို နေ့လည့်စာ အတူစားဖို့ ဖိတ်ကြားလာ၏။

နေ့လည်စာစားနေစဥ်တွင် ကျီဇယ့်ဟွေ့က ပရော်ဖက်ရှင်နယ်ဆန်စွာ စကားပုလ္လင်တစ်သီတစ်တန်းကြီး ခံပြီးနောက် " ကိုယ်က ဒေါသလှိုင်းများကို ကြိုက်ပေမဲ့ သီချင်းက မင်းအသံနဲ့ မလိုက်ဘူးဖြစ်နေတယ်။ ဒါ့ကြောင့် မင်းကို ထည့်တွက်ပြီး သီချင်းပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ " ဟု ဆိုလာသည်။

ကျယ်ယန် သက်ပြင်းချလိုက်၏။ " အဲ့လိုလား။ ကောင်းပါပြီဗျာ ကျွန်တော့် အမြင့်သံက ဒေါသလှိုင်းများသီချင်းနဲ့ လိုက်တယ်ဆိုပြီး ဝန်ထမ်းတွေပြော​လို့တောင် ကျွန်တော့်မှာ ကြိတ်ပျော်နေတာ။ ကြည့်ရတာ သူတို့မှာ ဆရာကျီလို ပရော်ဖက်ရှင်နယ် နားတွေမရှိတဲ့ပုံပဲ။ ဘယ်လိုသီချင်းမျိုးကို ဆရာပြောင်းချင်လဲ။ "

"......"

ကျီဇယ့်ဟွေ့ သူ့ဒေါသကို ထိန်းရင်း ရုပ်ဆိုးအကျည်းတန်စွာ ပြုံးလိုက်သည်။ " တွေးနေတုန်းပဲ ရှိပါသေးတယ်။ ပြောင်းဖြစ်ချင်မှလည်း ပြောင်းဖြစ်မှာပါ။ ​ရှောင်ကျယ် မင်းကိုယ်မင်း ဒေါသလှိုင်းများနဲ့ ရင်းနှီးအောင်တော့ ဆက်လုပ်ထားသင့်တယ်။ အစားထိုးပြောင်းလဲဖို့ အိုင်ဒီယာတွေပေါ်လာရင်လည်း အရင်စမ်းကြည့်ထားလို့ရတယ်။ ကိုယ်က သီချင်းအသစ် ထပ်ရှာကြည့်ထားလိုက်မယ်။ အချိန်က ကပ်နေတော့ တာဝန်ခွဲပြီးမှ ပြန်ပူးပေါင်းကြတာပေါ့။ "

ကျယ်ယန် နောက်တစ်ခါ သက်ပြင်းထပ်ချလိုက်မိ၏။ " ကိစ္စမရှိပါဘူးဗျာ။ ဆရာကျီက အရမ်းတွေးပေးတတ်တာပဲ။ "

နေလည်ပိုင်း ရိုက်ကူးရေးအပြီးတွင် ကျီဇယ့်ဟွေ့ ပြန်သွား၏။ ကျယ်ယန်ကတော့ လေ့ကျင့်ရေးအခန်းထဲက ပစ္စည်းများကို ကူသိမ်းရန် တမင်နောက်ချန်နေခဲ့၏။ ထို့နောက် ဝန်ထမ်များကို နှုတ်ဆက်ကာ ပရိုဂရမ်အဖွဲ့က စီစဥ်ပေးထားသော နေရာမှ ထွက်လာခဲ့သည်။

ဝူရွှေ့က အောက်ထပ်မှာ ကားပါကင်ထိုးလျက် ကားထဲကနေ စောင့်နေ၏။

ကျယ်ယန် ကားရှိရာ လမ်းလျှောက်သွား​နေတုန်း လေ့ကျင့်ရေးအခန်းရှိရာ အဆောက်အဦးအတွင်းမှ ထွက်လာသော လူနှစ်ယောက်ကို သတိပြုမိသွား၏။ နှစ်ယောက်လုံးက အမျိုးသမီးတွေချည်းဖြစ်သည်။ တစ်ယောက်က အနီမှိုင်းမှိုင်း ဆံပင်အဖြောင့်ရှည်ရှည်များနှင့်ဖြစ်ကာ ကျန်တစ်ယောက်က ဆံပင်အညိုကောက်ကောက်များဖြင့် ဖြစ်သည်။ နှစ်ယောက်လုံးက ဦးထုပ်စောင်း mask တပ်ထားကာ လေသံတိုးတိုးဖြင့် စကားပြောလာကြ၏။

ကျယ်ယန် ခြေလှမ်းများ တန့်သွား၏။

" သူဌေး ?" ဝူရွှေ့ ကျယ်ယန်အကြည့်အတိုင်း လိုက်ကြည့်ရင်း သတိအနေအထားဖြင့် မေးလိုက်သည်။ " အဲ့ဒီနှစ်ယောက်နဲ့ ပြဿနာရှိလို့လား။ "

ပြဿနာက အရမ်းကြီးသည်။ ကူးပြောင်းလာပြီးနောက်ပိုင်း၌ ဇာတ်လိုက်မ မူကျိုးယိပါသော ဗီဒီယိုပေါင်းများစွာကို ကျယ်ယန် ကြည့်ခဲ့ပြီးဖြစ်ကာ ဆံပင်အကောက်နှင့် ထိုအမျိုးသမီးက ဇာတ်လိုက်မဖြစ်မှန်း ချက်ချင်း အတည်ပြုနိုင်သွားသည်။

ဇာတ်လိုက်မက ဘာလို့ ဒီမှာရှိနေတာလဲ။ မူရင်းဝတ္ထုအရဆိုလျှင် ဇာတ်လိုက်မက သီးသန့်ရိုက်ကူးရေးအဖွဲ့မှာ ရှိနေရမှာဖြစ်ကာ အရေးပါအရာရောက်သော ရုပ်ရှင်ဧကရာဇ်နှင့် 'ဖြူစင်သန့်ရှင်းသော' ဆက်ဆံရေးကို တည်ဆောက်နေသင့်တာ မဟုတ်ပါလား။

ကျယ်ယန်၏ အကြည့်ကြောင့်ဖြစ်မည်။ ဇာတ်လိုက်မက သည်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လာ၏။ ဆောင်းဦးရေစင်လို လှပသည့် မျက်ဝန်းတစ်စုံကို ဦးထုပ်အနားကွပ်အောက်မှ လှစ်ဟထုတ်ဖော်ထား၏။ မိတ်ကပ်မပါတာတောင် ထိုမျက်ဝန်းများက စွဲဆောင်မှုများ ရှိနေဆဲပါပေ။

ဇာတ်လိုက်မက ရွှေလက်ချောင်းကိုသုံး၍ သူမအသွင်အပြင်ကို ပိုအလှတိုးစေထားတာ ဖြစ်မည်။

ကျယ်ယန် အကြည့်လွှဲကာ ဝူရွှေ့ပုခုံးကို ပုတ်လိုက်သည်။ " ကားထဲဝင် အိမ်ပြန်ကြမယ်။ "

ဝူရွှေ့သည်လည်း သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ကျယ်ယန်ကို ကားတံခါး ကူဖွင့်ပေး၏။ ကျယ်ယန် ကားထဲထိုင်ပြီးသည်အထိ စောင့်ပြီးကာမှ ယာဥ်မောင်းထိုင်ခုံရှိရာသို့ ပတ်သွားကာ ကားစထွက်ခဲ့သည်။

ကျယ်ယန် ကားထဲဝင်သွားသည်နှင့် ဇာတ်လိုက်မက သူ့ကားကို ခဏခဏ စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ကျယ်ယန် သူ့အောက်က အဖိုးတန်ကားအသစ်လေးကို ထိကြည့်ရင်း သူ့နှုတ်ခမ်းများ တွန့်ကွေးသွားရ၏။

စိတ်ဓာတ်ခိုင်မာ၊ ဉာဏ်ပညာရှိပြီး ကြင်နာသနားတတ်ကာ ငွေကြောင့် မယိမ်းယိုင်တတ်ပါဆိုသော စိတ်ဝင်စားစရာ အမျိုးသမီးဇာတ်လိုက်ပါတကား။

အနုပညာအသိုင်းအဝိုင်တွင် ရုန်းကန်ကြိုးစားနေပါသည့်တိုင် ငွေအင်အားကို ဂရုမစိုက်သော မြင့်မြတ်တော်ဝင်သူ ရှိပါလိမ့်မည်ဟု ကျယ်ယယ်တော့ မထင်ပါ။ မူရင်းစာအုပ်၏ စာရေးသူကား အဓိက ဇာတ်ကောင်များကို အမွှန်းတင်ထားသည်။ ဥပမာအားဖြင့် ဇာတ်လိုက်မ၏ မျက်လုံးထဲတွင် အမျိုးသားဇာတ်လိုက်သည်ကား တိကျပြတ်သားပြီး ကြံရည်ဖန်ရည်ရှိသူ၊ သစ္စာရှိသော အနန္တတန်းခိုးရှင်တစ်ယောက်ဖြစ်၏။ ကျယ်ယန့်မျက်လုံးထဲ၌မူ ရည်မှန်းချက်မရှိ၊ အခြေအနေအချိန်အခါကို နားမလည် သဘောမပေါက်ပါသော အရူးတစ်ယောက်သာသာပင်။

***

နောက်တစ်နေ့တွင် ကျယ်ယန် အိပ်ရာစောစောထကာ တံခါးကို ဖွင့်လိုက်သည်နှင့် အိတ်တစ်အိတ်ဖြင့် ပစ်ပေါက်ခံလိုက်ရသည်။

" လဲဝတ်ပြီး အောက်ထပ်ဆင်းခဲ့။ "

ကျယ်ယန်သည် လျှောကျသွားသော အင်္ကျီအိတ်နုနုလေးကို ကောက်ကာ လှေကားအောက်ဆင်းသွားသော ချိုးရှင်းကို လှမ်းကြည့်လိုက်သည်။ သူ အိတ်ကိုဖွင့်ကြည့်လိုက်တော့ အိတ်အပေါ်ယံမှာ မီးခိုးရောင် ဆွယ်တာပါးပါးတစ်ထည်ကို တွေ့လိုက်ရလေသည်။

"......"

သူ ပြုံးကာ လိမ်လိမ်မာမာဖြင့် လဲဝတ်ပေးလိုက်သည်။

ငါးမိနစ်ကြာပြီးနောက် ခေါင်းအစ ခြေအစုံး အလန်းစားဖြစ်သွားသော ကျယ်ယန်သည် အောက်ထပ်သို့ဆင်းကာ ထမင်းစားခန်းသို့ ရောက်လာပြီး နေရာမှာ ဝင်ထိုင်လိုက်သည်။

ချိုးရှင်းက ထမင်းစားပွဲမှာထိုင်ကာ သူ့ဖုန်းထဲက အီးမေးလ်များကို ဖတ်နေ၏။ သူက မျက်ခုံးပင့်ကာ ကျယ်ယန်ကို အထက်အောက် စုန်ချည်ဆန်ချည် စစ်ဆေးပြီး အပြုံတစ်ပွင့်နှင့် ဆိုလာသည်။ " ဒါပဲလေ။ မင်းက ကုမ္ပဏီထောင်ပြီး ပွဲဦးထွက်ပြီးတာတောင် မင်းပုံရိပ်ကို ဂရုစိုက်ဖို့ ဖက်ရှင်ကျတဲ့ အမြင်မရှိဘူး။ "

ကျယ်ယန် စိတ်ကောင်းဝင်နေ၍ သေချာ အရေးတယူဖြင့် စကားပြန်လိုက်သည်။ " ကုမ္ပဏီမှာ စတိုင်လစ်တစ်ယောက်ရှိပေမဲ့ ကျွန်တော်က ထုံကျန်းနဲ့ ခယ့်လန်ကိုပဲ ပြင်ခိုင်းထားတာ။ ကျွန်တော့်ကို အဝတ်အစားတွေ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ "

" မင်းကို ပေးတယ်။ အကောင်းဘက်က တွေးလွန်းအားကြီးသွားပြီ။ " ချိုးရှင်း ဖုန်းကို ချလိုက်၏။ " မင်းရတဲ့ ငွေထဲက ပြန်ဖြတ်မှာ။ "

"... ဒါဆို ကျွန်တော့်အတွက် အဝတ်အစားဝယ်ပေးဖို့ ကျွန်တော့်ပိုက်ဆံထဲက သုံးလိုက်တာလား။ "

" အေးလေ ငါ့ပိုက်ဆံတွေ သုံးစေချင်လို့လား။ "

ကျယ်ယန် သေချာတွေးကြည့်ပြီးနောက် မေးလိုက်သည်။ " သုံးလို့ရတယ်လေ။ "

ကျယ်ယန်ကို သည်လို လူပါးဝလိမ့်မည်ဟု ချိုးရှင်း လုံးဝမထင်ထားပေ။ သူ ကျယ်ယန်ကို မယုံနိုင်ဖွယ် စိုက်ကြည့်ရင်း ကယိပြတ် ပြောလိုက်၏။ " မင်းရဲ့ မျိုးရိုးနာမည်ကို ပြောင်းရင် ငါ့ပိုက်ဆံတွေ မင်းကိုပေးမယ်။ "

ကျယ်ယန် နောင်တရစွာ သက်ပြင်းမောချလိုက်၏။ " ကျွန်တော် ကုမ္ပဏီမထောင်ခင်က ပြောရင် သေချာပေါက် ချက်ချင်းပြောင်းပေးမှာပေါ့။ အခုတော့ ကုမ္ပဏီက ပြီးသွားပြီ။ နာမည်ပြောင်းတာ အရမ်းဒုက္ခများတော့မှာ။ ခင်ဗျားရဲ့ ခမ်းနားတင့်တယ် မြင့်မြတ်လှပါတဲ့ မျိုးရိုးနာမည်လေးကို ဘိုင်ဘိုင့်လို့ပဲ နောင်တအပြည့်နဲ့ နှုတ်ဆက်ရတော့မယ်။ "

"......"

ချိုးရှင်းသည် စားပွဲကို လက်ချောင်းများဖြင့် တတောက်တောက်ခေါက်နေ၏။ " စောစောစီးစီး ဘာလို့ စကားပေါနေတာလဲ။ လာထိုင်စားလှည့် !"

[ T/N: ချိုးချိုးတစ်ယောက် ဝမ်းသာပီတိ ဂွမ်းဆီထိသွားပြန်ပါပြီ။ 😊 ]

***

ကျယ်ယန်သည် သဘောတူထားသည့်အချိန်ထက် မိနစ် ၄၀ စောရောက်လာ၏။ ဝန်ထမ်းများမှာ ပြင်ဆင်နေရာချထားဆဲဖြစ်ပြီး သူအစောကြီးရောက်လာတာကိုမြင်တော့ အံ့သြသွားကြသည်။ သူတို့က အမြန်လူစုပြီး သူကို လာနှုတ်ဆက်ကြ၏။

ကျယ်ယန် သူတို့ကို လုပ်စရာရှိတာ ဆက်လုပ်ဖို့ပြောကာ သူဝယ်လာသော ကော်ဖီပူပူနွေးနွေးများကို ဝူရွှေ့အား လိုက်ဝေခိုင်းလိုက်သည်။ သူက ဘယ်နေရာမဆို ထိုင်နိုင်၍ သူ့ကို အထူးတလည် နေရာပေးစရာမလိုကြောင်းလည်း ပြော၏။

အားလုံးက သူစကားပြောကောင်းတာကိုမြင်တော့ စိတ်အေးလက်အေးဖြစ်သွားကြကာ သောက်စရာများအတွက် ကျေးဇူးတင်စကားဆိုသည်။

ကျယ်ယန် ထိုင်ဖို့ ထောင့်တစ်နေရာ ရှာလိုက်သည်။ ကျယ်ယန် သီချင်းနားထောင်ဖို့ နားကြပ်မတပ်မီတွင် ဒီနေ့ သည်အဝတ်အစားများနှင့် သူဘယ်လောက်ခန့်ညားကြည့်​ကောင်းနေကြောင်း ချီးကျူးနေသော ကောင်မလေးတစ်ယောက်၏ အသံကို ကြားလိုက်ရ၏။ သူ့အဝတ်အစားများကို တစ်ဖန်ပြန်ငုံ့ကြည့်မိသွားကာ နားကြပ်တပ်လျက် ချိုးရှင်းထံ WeChat မက်ဆေ့တစ်စောင် ပို့လိုက်သည်။

ကျယ်ယန် : ကျွန်တော်ကို ဒီနေ့ကြည့်ကောင်းနေတယ်လို့ လူတစ်ယောက်က ချီးကျူးနေတယ်။

ခဏလောက်နေတော့ ချိုးရှင်းက စာပြန်လာ၏ : မယုံနဲ့။ သူ မင်းကို လိမ်ပြောနေတာ။

"......" အိုကေပါ။

━━━━━━━━━━━━━━━━━━━━━━━




Zawgyi
အခန္း ( ၃၄ )

ေဒါသလွိုင္းမ်ားသီခ်င္းသည္ အသံတည္ၿငိမ္မႈ၊ အသက္ရႉႏႈန္းႏွင့္ သီခ်င္းဆိုစြမ္းရည္လိုအပ္ခ်က္မ်ား ျမင့္မားလွသည္။ ၎တို႔ထဲက တစ္ခုခုသာ အေနအထားလြဲသြားပါက တီးလုံးခံစားခ်က္မ်ားႏွင့္ မကိုက္ညီနိုင္ေတာ့သလို ေပါ့ပ်က္ပ်က္ျဖင့္ သီခ်င္းပင္ ပ်က္စီးသြားနိုင္သည္။

က်ီဇယ့္ေဟြ႕မွာ ခပ္ဩဩ ဘယ္သံထူထူရွိေသာ္လည္း လြန္ခဲ့သည့္ႏွစ္ရက္က က်ီဇယ့္ေဟြ႕၏ တိုက္ရိုက္သီဆိုေဖ်ာ္ေျဖမႈကို ၾကည့္ၿပီးေနာက္ က်ီဇယ့္ေဟြ႕အတြက္ ေဒါသလွိုင္းမ်ားသီခ်င္းကို ထိန္းခ်ဳပ္ရန္ အနည္းငယ္ခက္ခဲမႈရွိနိုင္ေၾကာင္း က်ယ္ယန္ သေဘာေပါက္သြားသည္။

က်ီဇယ့္ေဟြ႕သည္ ထိုသို႔ေသာ အေျဖမ်ိဳးကို ၾကားရလိမ့္မည္ဟု ေမွ်ာ္လင့္မထားခဲ့ေပ။ သူသည္ က်ယ္ယန္ကို သကၤာမကင္း စိုက္ၾကည့္ရင္း သတိအေနအထားျဖစ္သြား၏။ သူ ေမးလိုက္မိသည္။ " တကယ္ပဲ အဲ့လိုထင္သလား။ "

က်ယ္ယန္ ေခါင္းညိတ္လ်က္ အေကာင္းဘက္ကေန ဆိုသည္။ " ဆရာက်ီ သီခ်င္းကို ေျပာင္းခ်င္ေသးလား။ အၫႊန္းေရာ ရွိလား။ "

" ကိုယ္ ဒီရက္ပိုင္း လုပ္စရာမရွိဘူး။ " က်ီဇယ့္ေဟြ႕က အႀကံေပးလာသည္။ " ဖုန္းေပၚတက္လာတဲ့ မင္းရဲ႕ ေဖ်ာ္ေျဖပြဲဗီဒီယိုကို ကိုယ္ၾကည့္ဖူးတယ္။ အဲ့ဒီတုန္းက ဗီဒီယိုကို ျဖတ္ထားေတာ့ မင္းအသံက တစ္ခုခုမူမမွန္သလိုပဲ။ ကိုယ္ကို ေဖ်ာ္ေျဖပြဲတုန္းက မင္း IUD သီခ်င္းဆိုတာကို နားဆင္ခြင့္ရမယ့္ ဂုဏ္ယူစရာ အခြင့္အေရးမ်ားေပးနိုင္မလား။ "

IUD သီခ်င္းမွာ ဘယ္သံက အရမ္းနိမ့္ကာ တစ္ခ်ိန္တည္းမွာပဲ အျမင့္သံႏွင့္ အနိမ့္သံေတြ အမ်ားႀကီးပါျပန္သည္။ လူတစ္ေယာက္တည္းက တစ္ကိုယ္တည္းသီဆိုမည္ဆိုပါက အသံကို ေကာင္းေကာင္းထိန္းခ်ဳပ္နိုင္ရမည္ျဖစ္ကာ မထိန္းနိုင္ပါက လြယ္လြယ္သီခ်င္းပ်က္သြားလိမ့္မည္။ ထို႔အျပင္ အဖြဲ႕လိုက္သီခ်င္းဆိုတာႏွင့္ တစ္ကိုယ္ေတာ္သီခ်င္းဆိုရာမွာ ​ျခားနားခ်က္အ​ႀကီး​ႀကီးရွိ​ေသး၏။ အဖြဲ႕လိုက္ဆိုလွ်င္ လွ်ပ္တျပတ္ အသံေျပာင္းဖို႔လြယ္ေစကာ အသံလည္းပိုက်ယ္သည္။ ထို႔အျပင္ က်ီဇယ့္ေဟြ႕က သူ႕ကို acapella သီခ်င္းဆိုခိုင္းေန၏။ အဆိုေတာ္တစ္ေယာက္၏ စည္းခ်က္ႏွင့္ ခံစားခ်က္မွန္သမွ်ကို acapella က စမ္းသပ္နိုင္၏။ အက်ဥ္းခ်ဳပ္ဆိုရေသာ္ က်ီဇယ့္ေဟြ႕က က်ယ္ယန္အတြက္ က်င္းတူးေပးလိုက္တာပင္။ က်ယ္ယန္သာ IUD ၏ သီခ်င္းကို မသီဆိုနိုင္ပါက IUD အတြက္ ႀကီးစြာေသာ ထိုးႏွက္ခ်က္တစ္ခု ျဖစ္သြားေပလိမ့္မည္။
[ T/N: acapella - ဂီတအတီးအခတ္ကရိယာ၏ အကူအညီမပါေသာ သီဆိုမႈ။ (ဝါ) MR removed ]

က်ယ္ယန္ ခဏမွ် စဥ္းစားၿပီး ေျပာလိုက္၏။ " ဆရာက်ီကို သီခ်င္းဆိုျပခြင့္ရတာကသာ ကြၽန္ေတာ့္အတြက္ ဂုဏ္ယူစရာပါ။ ဆရာက်ီက IUD မူရင္းသီခ်င္းကို နားေထာင္ခ်င္တာလား ဒါမွမဟုတ္ စာသားဗားရွင္းလား။ "

က်ီဇယ့္ေဟြ႕က ေတြးေတာၿပီးမွ ျပန္ေျဖလာ၏။ " မူရင္းဗားရွင္း။ အဲ့ဒီသီခ်င္းဆိုနည္းက ေဒါသလွိုင္းမ်ားနဲ႕ ပိုနီးစပ္တယ္။ "

က်ီဇယ့္ေဟြ႕က လုံးဝဦးေႏွာက္မရွိတာမဟုတ္ဘဲ ဘာလုပ္ရမလဲေတာ့ သိေသးသားပင္။

က်ယ္ယန္ နားလည္သမႈျဖင့္ ေခါင္းညိတ္ကာ သူ႕ကို ခဏေစာင့္ခိုင္းလိုက္သည္။ ထို႔ေနာက္ ေဘးသို႔သြားကာ လည္ေခ်ာင္းစိုေအာင္ ေရေသာက္လ်က္ ေသြးပူေအာင္လုပ္ၿပီး က်ီဇယ့္ေဟြ႕ဆီ ျပန္လာ၏။ " ဒါဆို ဆရာက်ီေရ ကြၽန္ေတာ္ စဆိုလို႔ရၿပီလား။ "

က်ီဇယ့္ေဟြ႕က အားေပးသမႈျဖင့္ လက္ခုပ္တီးကာ IUD သီခ်င္းႏွစ္ပုဒ္ကိုပါ ခ်ီးက်ဴးလာေသး၏။

က်ီဇယ့္ေဟြ႕က သူ႕ကိုစိတ္လႈပ္ရွားေစရန္အလို႔ျငာ အခန္းထဲတြင္ ကင္မရာတစ္လုံးရွိေသးေၾကာင္း တမင္တကာ သတိေပးလာသည္။ က်ယ္ယန္သည္ ကင္မရာကို ႏုညံ့စြာၿပဳံးျပလ်က္ မ်က္လုံးမွိတ္ကာ ပင့္သက္ရႉသြင္းလိုက္သည္။ မ်က္လုံးျပန္ဖြင့္လာသည္ႏွင့္ အသင့္အေနအထားသို႔ ေရာက္ရွိသြားေခ်ၿပီ။ ပါးစပ္ဟကာ အျမင့္သံကို စဆိုလိုက္သည္။

ဧည့္သည္မ်ားအတြက္ ေလ့က်င့္ေရးအခန္းသည္ကား အလြန္တရာ က်ယ္ဝန္းလွကာ ဗလာက်င္းေန၏။ က်ယ္ယန့္အသံက ေနရာတစ္ခြင္ ခ်ဲ့ထြင္ပ်ံ့ႏွံ႕သြားၿပီး လူအမ်ား၏စိတ္တြင္ ပဲ့တင္ထပ္သြား၏။

က်ီဇယ့္ေဟြ႕၏ အမူအရာသည္ကား ခ်က္ခ်င္းလက္ငင္းကို ေအးခဲေတာင့္တင္းသြားရသည္။

က်ယ္ယန္ကို ခ်ိန္ထားသည့္ ကင္မရာသမားမွာ အလြန္အမင္း စိတ္လႈပ္ရွားအံ့ၾသသြားရာ မွန္ဘီလူးပါ တုန္ခါသြား၏။

က်ယ္ယန့္အျမင့္သံက ထုံက်န္းအသံႏွင့္ မတူေပ။ ထုံက်န္းေလာက္ မျပင္းထန္ မတင္းမာေပ။ ပိုၿငိမ္ၿပီး ပိုျပတ္သား၏။ ၎က ႏွစ္ေပါင္းမ်ားစြာ ေသြးမေသာက္ေအာင္ ဖိႏွိပ္ခ်ဳပ္ခ်ယ္ထားေသာ ေရွးေဟာင္းဓားတစ္လက္ႏွင့္တူသည္။ ၎က ခမ္းနားတင့္တယ္​ၿပီး သဘာဝက်က် ေလးနက္လြန္းလွသည္။ ရွင္းလင္းၿပီး သာယာၿငိမ့္ေညာင္းေသာ သူ႕အသံနိမ့္နိမ့္ႏွင့္ ကြဲျပားသြားပါသည့္တိုင္ အရမ္းႏွစ္လိုဖြယ္ေကာင္းေနျပန္၏။

ေခ်ာေမြ႕ေသာ ေတးညည္းသံရွည္ႀကီး အဆုံးသတ္သြားၿပီးေနာက္ က်ယ္ယန့္အသံက ႐ုတ္ျခည္း ျပန္တိုးလ်သြား၏။ သီခ်င္းစာသားမ်ားက ေမွ်ာ္လင့္ခ်က္ျပတ္သုန္းမႈမ်ားသို႔ နစ္ျမဳပ္သြားပါသည့္တိုင္ အသံက ဘာအကြဲအအက္ အျပတ္အေတာက္မွမရွိဘဲ အျပည့္အဝ ေက်ာ္ျဖတ္သြားနိုင္၏။ စိတ္ပိုင္းဆိုင္ရာ ဆြဲေဆာင္မႈမ်ားသည္ကား အလြန္အမင္းကို ျပင္းထန္ေနေခ်၏။

အခန္းထဲတြင္ က်ယ္ယန္သီခ်င္းသံသာ ၾကားေနရၿပီး စိတ္ပ်က္အားငယ္မႈႏွင့္ တိတ္ဆိတ္ျခင္း၏ မျမင္ရေသာ အေငြ႕အသက္ေတြကလည္း ေလထုထဲမွာ ပ်ံ့ႏွံ႕ေနသည္။

က်ီဇယ့္ေဟြ႕တစ္ေယာက္ သူ၏အမူအရာပ်က္ယြင္းေနမႈကို ဖုံးကြယ္လိုက္ရသည္။ ထို႔ေနာက္ ကင္မရာကို ေရွာင္ရွားကာ သေဘာက်ႏွစ္ၿခိဳက္ေနသည့္ အၿပဳံးတစ္ပြင့္ကို ဖ်စ္ညွစ္ၿပဳံးလ်က္ စိတ္ထဲမွာေတာ့ ေမာ့ပင္းကို အႀကိမ္ေထာင္ေပါင္းမ်ားစြာ က်ိန္ဆဲေနမိေတာ့၏။

ဒါကို အသံမေကာင္းဘူးလို႔ ေခၚတာလား။ အမိုက္စား သီခ်င္းဆိုစြမ္းရည္ကြ။

မ်က္လုံးမွိတ္ကာ သီခ်င္းဆက္ဆိုေနေသာ က်ယ္ယန္ကိုၾကည့္ရင္း အံႀကိတ္ထားရလြန္းလို႔ သူ႕သြားေတြေတာင္ က်ိဳးေၾကေတာ့မတတ္ပဲ။

က်ယ္ယန္ သူ႕ဖိတ္ၾကားခ်က္ကို ဘာေၾကာင့္လက္ခံဝံ့လဲဆိုတာ သူမအံ့​ၾသေတာ့။ အေစာပိုင္းက က်ယ္ယန္ဘာလို႔ ေမာက္မာေနလဲဆိုတာလည္း သူမအံ့ၾသေတာ့။ ဒီလူသစ္ေလးက တကယ္ေတာ္တာပဲ ! အမွန္အတိုင္း ေျပာရရင္ IUD သီခ်င္းရဲ႕ ဒီတစ္ကိုယ္ေတာ္ဗားရွင္းက တျခားဗားရွင္းႏွစ္ခုထက္ ပိုေကာင္းေနတယ္ ! ဒီ IUD ဗားရွင္းရဲ႕ ပထမပိုင္းတစ္ဝက္က ပိုမိုေအးစက္ျပင္းထန္ကာ ဘဝအသစ္ကို လိုက္လံရွာေဖြေသာ ေနာက္အပိုင္းေတြက ပိုႏုညံ့ၿပီး ပိုအသက္ဝင္တယ္။ ဒါကို ေမြးရာပါ ပါရမီလို႔ ေျပာရမွာပဲ !

သည္သီခ်င္းကို ထုတ္လႊင့္ၿပီးပါက က်ယ္ယန္တစ္ေယာက္ မည္သို႔ေသာခ်ီးမြမ္းမႈမ်ား၊ ရွာေဖြမႈမ်ား ရရွိသြားမလဲဆိုတာ သူခန့္မွန္းနိုင္ပါ၏။ IUD မီနီအယ္လ္ဘမ္ကလည္း ေၾကာက္စရာ ေရာင္းအားအသစ္မ်ားျဖင့္ ထိုးတက္သြားေပဦးမည္။

က်ယ္ယန္သည္ IUD သီခ်င္းတစ္ပုဒ္လုံးကို အံ့ၾသခ်ီးက်ဴးဖြယ္အေကာင္းဆုံး သာယာအၾကည္ႏူးရဆုံး အျမင့္သံအပိုင္းကို သီဆိုလ်က္ရွိသည္။ က်ီဇယ့္ေဟြ႕ ဦးေႏွာက္တစ္ခုလုံး ေပါက္ကြဲထြက္သြားကာ သူ သည္းမခံနိုင္ေတာ့ဘဲ တားလိုက္ေတာ့၏။ " အဆင္ေျပတယ္ ရၿပီ။ "

ဆူညံသံတစ္ခုက သီခ်င္းသံကို ႐ုတ္ျခည္းျဖတ္ေတာက္သြားကာ သီခ်င္းသံက တိခနဲ တိတ္က်သြား၏။ အခန္းတြင္းရွိ ဝန္ထမ္းေတြမွာလည္း နတ္သမီး၏ ေပြ႕ဖက္မႈမ်ားၾကားမွ သူတို႔စိတ္ဝိညာဥ္မ်ားကို လက္ၾကမ္းႀကီးတစ္ဖက္က လာဆြဲလုခံလိုက္ရႏွယ္ ခံစားလိုက္ရေခ်၏။ သူတို႔တစ္ကိုယ္လုံး အဆိပ္ေတြေၾကာင့္ ညစ္ညမ္းလာသလို ေနမထိထိုင္မသာျဖစ္လာ၏။ က်ီဇယ့္ေဟြ႕ကို မႏွစ္ၿမိဳ႕ေသာ အၾကည့္မ်ားျဖင့္ မၾကည့္ဘဲမေနနိုင္ေတာ့ေပ။

က်ယ္ယန္သည္ သီခ်င္းကို ၾကားျဖတ္ခံလိုက္ရပါသည့္တိုင္ ယဥ္ေက်းၿမဲယဥ္ေက်းေနဆဲပါ။ သူက ေမးလိုက္၏။ " ဆရာက်ီ ကြၽန္ေတာ့္အသံကို ဘယ္လိုထင္လဲ။ ေဒါသလွိုင္းမ်ားကို ဆရာနဲ႕ အတူတူဆိုဖို႔ သင့္ေတာ္ရဲ႕လား။ "

က်ီဇယ့္ေဟြ႕သည္ ဝန္ထမ္းမ်ား၏ အၾကည့္ကို သတိျပဳမိကာ မေပ်ာ္မ႐ႊင္ျဖစ္လာ၏။ သို႔တိုင္ ပေရာ္ဖက္ရွင္နယ္က်က် သ႐ုပ္ေဆာင္လိုက္ပါသည္။ " မင္းရဲ႕ အျမင့္သံက အရမ္းတိုးလြန္းၿပီး ေဒါသလွိုင္းမ်ားနဲ႕ နည္းနည္းကြဲေနတယ္။ ကိုယ္ ဒီအေၾကာင္းကို စဥ္းစားၾကည့္ပါဦးမယ္။ ဒါဆို ကိုယ္တို႔အသံေတြ ဘယ္လိုေပါင္းစပ္မလဲဆိုတာ ကိုယ္ စဥ္းစားေနတုန္း မင္းက သီခ်င္းနဲ႕ရင္းႏွီးသြားေအာင္ လုပ္ေနလိုက္ပါ။ "

" ေကာင္းပါၿပီ ဆရာ့ကို အလုပ္မ်ားေစမိၿပီ။ "

ထို႔ေနာက္ က်ီဇယ့္ေဟြ႕က အေဝးထြက္သြား၏။

က်ယ္ယန္ ဝန္ထမ္းမ်ားကို ၿပဳံးျပကာ ေထာင့္နားသို႔ ျပန္သြားလိုက္သည္။ ထို႔ေနာက္ နားၾကပ္ထုတ္ကာ ေတးသြားမ်ားကိုျဖတ္ရင္း ေဒါသလွိုင္းမ်ားသီခ်င္းကို ဆက္နားေထာင္သည္။ ထိုစဥ္ သူ႕ဖုန္းက တုန္ခါသြားကာ WeChat အေၾကာင္းၾကားစာတစ္ေစာင္ ဝင္လာသည္။ က်ယ္ယန္ ကင္မရာကိုကြယ္လ်က္ ဖုန္းဖြင့္ၾကည့္လိုက္၏။

ေလာင္ရွို႔ယူ : ညွိႏွိုင္းၿပီးၿပီ။ ကိုယ္က ေတးဂီတဧကရာဇ္ေနာက္လာမယ့္အပိုင္းရဲ႕ ဧည့္သည္အကဲျဖတ္တစ္ေယာက္ ျဖစ္လာေတာ့မွာ။ က်ီဇယ့္ေဟြ႕က ဘယ္သီခ်င္းကို ေ႐ြးလိုက္တာလဲ။

က်ယ္ယန္ : ေဒါသလွိုင္းမ်ား

ေလာင္ရွို႔ယူ : ဒါဆို သူ သီခ်င္းေျပာင္းလိမ့္မယ္။

က်ယ္ယန္ မ်က္ခုံးပင့္သြားကာ စာျပန္လိုက္သည္ : ဘာလို႔ အဲ့လိုေျပာတာလဲ။

ေလာင္ရွို႔ယူ : ဒီလိုသီခ်င္းမ်ိဳးက ပညာစုံေပမဲ့ မင္းရဲ႕ သီခ်င္းဆိုစြမ္းရည္နဲ႕ ခံစားခ်က္ေပၚလြင္မႈက သူ႕ထက္သာတယ္။ သူက လႊမ္းမိုးခံရနိုင္ေတာ့ ဒီလိုျဖစ္ခြင့္မေပးေလာက္ဘူး။

က်ယ္ယန္ ၿပဳံးကာ စာရိုက္လိုက္၏: သူကို ေျပာင္းခိုင္းလိုက္ပါ။ ကြၽန္​ေတာ္ သူနဲ႕ အတူဆိုေပးရမွာေပါ့။

***

ေန႕လည္စာမစားခင္တြင္ က်ီဇယ့္ေဟြ႕ ျပန္ေရာက္လာၿပီး က်ယ္ယန္ကို ေန႕လည့္စာ အတူစားဖို႔ ဖိတ္ၾကားလာ၏။

ေန႕လည္စာစားေနစဥ္တြင္ က်ီဇယ့္ေဟြ႕က ပေရာ္ဖက္ရွင္နယ္ဆန္စြာ စကားပုလႅင္တစ္သီတစ္တန္းႀကီး ခံၿပီးေနာက္ " ကိုယ္က ေဒါသလွိုင္းမ်ားကို ႀကိဳက္ေပမဲ့ သီခ်င္းက မင္းအသံနဲ႕ မလိုက္ဘူးျဖစ္ေနတယ္။ ဒါ့ေၾကာင့္ မင္းကို ထည့္တြက္ၿပီး သီခ်င္းေျပာင္းဖို႔ ဆုံးျဖတ္လိုက္တယ္။ " ဟု ဆိုလာသည္။

က်ယ္ယန္ သက္ျပင္းခ်လိဳက္၏။ " အဲ့လိုလား။ ေကာင္းပါၿပီဗ်ာ ကြၽန္ေတာ့္ အျမင့္သံက ေဒါသလွိုင္းမ်ားသီခ်င္းနဲ႕ လိုက္တယ္ဆိုၿပီး ဝန္ထမ္းေတြေျပာ​လို႔ေတာင္ ကြၽန္ေတာ့္မွာ ႀကိတ္ေပ်ာ္ေနတာ။ ၾကည့္ရတာ သူတို႔မွာ ဆရာက်ီလို ပေရာ္ဖက္ရွင္နယ္ နားေတြမရွိတဲ့ပုံပဲ။ ဘယ္လိုသီခ်င္းမ်ိဳးကို ဆရာေျပာင္းခ်င္လဲ။ "

"......"

က်ီဇယ့္ေဟြ႕ သူ႕ေဒါသကို ထိန္းရင္း ႐ုပ္ဆိုးအက်ည္းတန္စြာ ၿပဳံးလိုက္သည္။ " ေတြးေနတုန္းပဲ ရွိပါေသးတယ္။ ေျပာင္းျဖစ္ခ်င္မွလည္း ေျပာင္းျဖစ္မွာပါ။ ​ေရွာင္က်ယ္ မင္းကိုယ္မင္း ေဒါသလွိုင္းမ်ားနဲ႕ ရင္းႏွီးေအာင္ေတာ့ ဆက္လုပ္ထားသင့္တယ္။ အစားထိုးေျပာင္းလဲဖို႔ အိုင္ဒီယာေတြေပၚလာရင္လည္း အရင္စမ္းၾကည့္ထားလို႔ရတယ္။ ကိုယ္က သီခ်င္းအသစ္ ထပ္ရွာၾကည့္ထားလိုက္မယ္။ အခ်ိန္က ကပ္ေနေတာ့ တာဝန္ခြဲၿပီးမွ ျပန္ပူးေပါင္းၾကတာေပါ့။ "

က်ယ္ယန္ ေနာက္တစ္ခါ သက္ျပင္းထပ္ခ်လိဳက္မိ၏။ " ကိစၥမရွိပါဘူးဗ်ာ။ ဆရာက်ီက အရမ္းေတြးေပးတတ္တာပဲ။ "

ေနလည္ပိုင္း ရိုက္ကူးေရးအၿပီးတြင္ က်ီဇယ့္ေဟြ႕ ျပန္သြား၏။ က်ယ္ယန္ကေတာ့ ေလ့က်င့္ေရးအခန္းထဲက ပစၥည္းမ်ားကို ကူသိမ္းရန္ တမင္ေနာက္ခ်န္ေနခဲ့၏။ ထို႔ေနာက္ ဝန္ထမ္မ်ားကို ႏႈတ္ဆက္ကာ ပရိုဂရမ္အဖြဲ႕က စီစဥ္ေပးထားေသာ ေနရာမွ ထြက္လာခဲ့သည္။

ဝူေ႐ႊ႕က ေအာက္ထပ္မွာ ကားပါကင္ထိုးလ်က္ ကားထဲကေန ေစာင့္ေန၏။

က်ယ္ယန္ ကားရွိရာ လမ္းေလွ်ာက္သြား​ေနတုန္း ေလ့က်င့္ေရးအခန္းရွိရာ အေဆာက္အဦးအတြင္းမွ ထြက္လာေသာ လူႏွစ္ေယာက္ကို သတိျပဳမိသြား၏။ ႏွစ္ေယာက္လုံးက အမ်ိဳးသမီးေတြခ်ည္းျဖစ္သည္။ တစ္ေယာက္က အနီမွိုင္းမွိုင္း ဆံပင္အေျဖာင့္ရွည္ရွည္မ်ားႏွင့္ျဖစ္ကာ က်န္တစ္ေယာက္က ဆံပင္အညိုေကာက္ေကာက္မ်ားျဖင့္ ျဖစ္သည္။ ႏွစ္ေယာက္လုံးက ဦးထုပ္ေစာင္း mask တပ္ထားကာ ေလသံတိုးတိုးျဖင့္ စကားေျပာလာၾက၏။

က်ယ္ယန္ ေျခလွမ္းမ်ား တန့္သြား၏။

" သူေဌး ?" ဝူေ႐ႊ႕ က်ယ္ယန္အၾကည့္အတိုင္း လိုက္ၾကည့္ရင္း သတိအေနအထားျဖင့္ ေမးလိုက္သည္။ " အဲ့ဒီႏွစ္ေယာက္နဲ႕ ျပႆနာရွိလို႔လား။ "

ျပႆနာက အရမ္းႀကီးသည္။ ကူးေျပာင္းလာၿပီးေနာက္ပိုင္း၌ ဇာတ္လိုက္မ မူက်ိဳးယိပါေသာ ဗီဒီယိုေပါင္းမ်ားစြာကို က်ယ္ယန္ ၾကည့္ခဲ့ၿပီးျဖစ္ကာ ဆံပင္အေကာက္ႏွင့္ ထိုအမ်ိဳးသမီးက ဇာတ္လိုက္မျဖစ္မွန္း ခ်က္ခ်င္း အတည္ျပဳနိုင္သြားသည္။

ဇာတ္လိုက္မက ဘာလို႔ ဒီမွာရွိေနတာလဲ။ မူရင္းဝတၳဳအရဆိုလွ်င္ ဇာတ္လိုက္မက သီးသန့္ရိုက္ကူးေရးအဖြဲ႕မွာ ရွိေနရမွာျဖစ္ကာ အေရးပါအရာေရာက္ေသာ ႐ုပ္ရွင္ဧကရာဇ္ႏွင့္ 'ျဖဴစင္သန့္ရွင္းေသာ' ဆက္ဆံေရးကို တည္ေဆာက္ေနသင့္တာ မဟုတ္ပါလား။

က်ယ္ယန္၏ အၾကည့္ေၾကာင့္ျဖစ္မည္။ ဇာတ္လိုက္မက သည္ဘက္သို႔ ႐ုတ္တရက္ လွည့္ၾကည့္လာ၏။ ေဆာင္းဦးေရစင္လို လွပသည့္ မ်က္ဝန္းတစ္စုံကို ဦးထုပ္အနားကြပ္ေအာက္မွ လွစ္ဟထုတ္ေဖာ္ထား၏။ မိတ္ကပ္မပါတာေတာင္ ထိုမ်က္ဝန္းမ်ားက စြဲေဆာင္မႈမ်ား ရွိေနဆဲပါေပ။

ဇာတ္လိုက္မက ေ႐ႊလက္ေခ်ာင္းကိုသုံး၍ သူမအသြင္အျပင္ကို ပိုအလွတိုးေစထားတာ ျဖစ္မည္။

က်ယ္ယန္ အၾကည့္လႊဲကာ ဝူေ႐ႊ႕ပုခုံးကို ပုတ္လိုက္သည္။ " ကားထဲဝင္ အိမ္ျပန္ၾကမယ္။ "

ဝူေ႐ႊ႕သည္လည္း သူ႕အၾကည့္ကို ျပန္႐ုတ္သိမ္းကာ က်ယ္ယန္ကို ကားတံခါး ကူဖြင့္ေပး၏။ က်ယ္ယန္ ကားထဲထိုင္ၿပီးသည္အထိ ေစာင့္ၿပီးကာမွ ယာဥ္ေမာင္းထိုင္ခုံရွိရာသို႔ ပတ္သြားကာ ကားစထြက္ခဲ့သည္။

က်ယ္ယန္ ကားထဲဝင္သြားသည္ႏွင့္ ဇာတ္လိုက္မက သူ႕ကားကို ခဏခဏ စိုက္ၾကည့္ေနတာကို ေတြ႕လိုက္ရသည္။ က်ယ္ယန္ သူ႕ေအာက္က အဖိုးတန္ကားအသစ္ေလးကို ထိၾကည့္ရင္း သူ႕ႏႈတ္ခမ္းမ်ား တြန့္ေကြးသြားရ၏။

စိတ္ဓာတ္ခိုင္မာ၊ ဉာဏ္ပညာရွိၿပီး ၾကင္နာသနားတတ္ကာ ေငြေၾကာင့္ မယိမ္းယိုင္တတ္ပါဆိုေသာ စိတ္ဝင္စားစရာ အမ်ိဳးသမီးဇာတ္လိုက္ပါတကား။

အႏုပညာအသိုင္းအဝိုင္တြင္ ႐ုန္းကန္ႀကိဳးစားေနပါသည့္တိုင္ ေငြအင္အားကို ဂ႐ုမစိုက္ေသာ ျမင့္ျမတ္ေတာ္ဝင္သူ ရွိပါလိမ့္မည္ဟု က်ယ္ယယ္ေတာ့ မထင္ပါ။ မူရင္းစာအုပ္၏ စာေရးသူကား အဓိက ဇာတ္ေကာင္မ်ားကို အမႊန္းတင္ထားသည္။ ဥပမာအားျဖင့္ ဇာတ္လိုက္မ၏ မ်က္လုံးထဲတြင္ အမ်ိဳးသားဇာတ္လိုက္သည္ကား တိက်ျပတ္သားၿပီး ႀကံရည္ဖန္ရည္ရွိသူ၊ သစၥာရွိေသာ အနႏၲတန္းခိုးရွင္တစ္ေယာက္ျဖစ္၏။ က်ယ္ယန့္မ်က္လုံးထဲ၌မူ ရည္မွန္းခ်က္မရွိ၊ အေျခအေနအခ်ိန္အခါကို နားမလည္ သေဘာမေပါက္ပါေသာ အ႐ူးတစ္ေယာက္သာသာပင္။

***

ေနာက္တစ္ေန႕တြင္ က်ယ္ယန္ အိပ္ရာေစာေစာထကာ တံခါးကို ဖြင့္လိုက္သည္ႏွင့္ အိတ္တစ္အိတ္ျဖင့္ ပစ္ေပါက္ခံလိုက္ရသည္။

" လဲဝတ္ၿပီး ေအာက္ထပ္ဆင္းခဲ့။ "

က်ယ္ယန္သည္ ေလွ်ာက်သြားေသာ အကၤ်ီအိတ္ႏုႏုေလးကို ေကာက္ကာ ေလွကားေအာက္ဆင္းသြားေသာ ခ်ိဳးရွင္းကို လွမ္းၾကည့္လိုက္သည္။ သူ အိတ္ကိုဖြင့္ၾကည့္လိုက္ေတာ့ အိတ္အေပၚယံမွာ မီးခိုးေရာင္ ဆြယ္တာပါးပါးတစ္ထည္ကို ေတြ႕လိုက္ရေလသည္။

"......"

သူ ၿပဳံးကာ လိမ္လိမ္မာမာျဖင့္ လဲဝတ္ေပးလိုက္သည္။

ငါးမိနစ္ၾကာၿပီးေနာက္ ေခါင္းအစ ေျခအစုံး အလန္းစားျဖစ္သြားေသာ က်ယ္ယန္သည္ ေအာက္ထပ္သို႔ဆင္းကာ ထမင္းစားခန္းသို႔ ေရာက္လာၿပီး ေနရာမွာ ဝင္ထိုင္လိုက္သည္။

ခ်ိဳးရွင္းက ထမင္းစားပြဲမွာထိုင္ကာ သူ႕ဖုန္းထဲက အီးေမးလ္မ်ားကို ဖတ္ေန၏။ သူက မ်က္ခုံးပင့္ကာ က်ယ္ယန္ကို အထက္ေအာက္ စုန္ခ်ည္ဆန္ခ်ည္ စစ္ေဆးၿပီး အၿပဳံတစ္ပြင့္ႏွင့္ ဆိုလာသည္။ " ဒါပဲေလ။ မင္းက ကုမၸဏီေထာင္ၿပီး ပြဲဦးထြက္ၿပီးတာေတာင္ မင္းပုံရိပ္ကို ဂ႐ုစိုက္ဖို႔ ဖက္ရွင္က်တဲ့ အျမင္မရွိဘူး။ "

က်ယ္ယန္ စိတ္ေကာင္းဝင္ေန၍ ေသခ်ာ အေရးတယူျဖင့္ စကားျပန္လိုက္သည္။ " ကုမၸဏီမွာ စတိုင္လစ္တစ္ေယာက္ရွိေပမဲ့ ကြၽန္ေတာ္က ထုံက်န္းနဲ႕ ခယ့္လန္ကိုပဲ ျပင္ခိုင္းထားတာ။ ကြၽန္ေတာ့္ကို အဝတ္အစားေတြ ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ "

" မင္းကို ေပးတယ္။ အေကာင္းဘက္က ေတြးလြန္းအားႀကီးသြားၿပီ။ " ခ်ိဳးရွင္း ဖုန္းကို ခ်လိဳက္၏။ " မင္းရတဲ့ ေငြထဲက ျပန္ျဖတ္မွာ။ "

"... ဒါဆို ကြၽန္ေတာ့္အတြက္ အဝတ္အစားဝယ္ေပးဖို႔ ကြၽန္ေတာ့္ပိုက္ဆံထဲက သုံးလိုက္တာလား။ "

" ေအးေလ ငါ့ပိုက္ဆံေတြ သုံးေစခ်င္လို႔လား။ "

က်ယ္ယန္ ေသခ်ာေတြးၾကည့္ၿပီးေနာက္ ေမးလိုက္သည္။ " သုံးလို႔ရတယ္ေလ။ "

က်ယ္ယန္ကို သည္လို လူပါးဝလိမ့္မည္ဟု ခ်ိဳးရွင္း လုံးဝမထင္ထားေပ။ သူ က်ယ္ယန္ကို မယုံနိုင္ဖြယ္ စိုက္ၾကည့္ရင္း ကယိျပတ္ ေျပာလိုက္၏။ " မင္းရဲ႕ မ်ိဳးရိုးနာမည္ကို ေျပာင္းရင္ ငါ့ပိုက္ဆံေတြ မင္းကိုေပးမယ္။ "

က်ယ္ယန္ ေနာင္တရစြာ သက္ျပင္းေမာခ်လိဳက္၏။ " ကြၽန္ေတာ္ ကုမၸဏီမေထာင္ခင္က ေျပာရင္ ေသခ်ာေပါက္ ခ်က္ခ်င္းေျပာင္းေပးမွာေပါ့။ အခုေတာ့ ကုမၸဏီက ၿပီးသြားၿပီ။ နာမည္ေျပာင္းတာ အရမ္းဒုကၡမ်ားေတာ့မွာ။ ခင္ဗ်ားရဲ႕ ခမ္းနားတင့္တယ္ ျမင့္ျမတ္လွပါတဲ့ မ်ိဳးရိုးနာမည္ေလးကို ဘိုင္ဘိုင့္လို႔ပဲ ေနာင္တအျပည့္နဲ႕ ႏႈတ္ဆက္ရေတာ့မယ္။ "

"......"

ခ်ိဳးရွင္းသည္ စားပြဲကို လက္ေခ်ာင္းမ်ားျဖင့္ တေတာက္ေတာက္ေခါက္ေန၏။ " ေစာေစာစီးစီး ဘာလို႔ စကားေပါေနတာလဲ။ လာထိုင္စားလွည့္ !"

[ T/N: ခ်ိဳးခ်ိဳးတစ္ေယာက္ ဝမ္းသာပီတိ ဂြမ္းဆီထိသြားျပန္ပါၿပီ။ 😊 ]

***

က်ယ္ယန္သည္ သေဘာတူထားသည့္အခ်ိန္ထက္ မိနစ္ ၄၀ ေစာေရာက္လာ၏။ ဝန္ထမ္းမ်ားမွာ ျပင္ဆင္ေနရာခ်ထားဆဲျဖစ္ၿပီး သူအေစာႀကီးေရာက္လာတာကိုျမင္ေတာ့ အံ့ၾသသြားၾကသည္။ သူတို႔က အျမန္လူစုၿပီး သူကို လာႏႈတ္ဆက္ၾက၏။

က်ယ္ယန္ သူတို႔ကို လုပ္စရာရွိတာ ဆက္လုပ္ဖို႔ေျပာကာ သူဝယ္လာေသာ ေကာ္ဖီပူပူေႏြးေႏြးမ်ားကို ဝူေ႐ႊ႕အား လိုက္ေဝခိုင္းလိုက္သည္။ သူက ဘယ္ေနရာမဆို ထိုင္နိုင္၍ သူ႕ကို အထူးတလည္ ေနရာေပးစရာမလိုေၾကာင္းလည္း ေျပာ၏။

အားလုံးက သူစကားေျပာေကာင္းတာကိုျမင္ေတာ့ စိတ္ေအးလက္ေအးျဖစ္သြားၾကကာ ေသာက္စရာမ်ားအတြက္ ေက်းဇူးတင္စကားဆိုသည္။

က်ယ္ယန္ ထိုင္ဖို႔ ေထာင့္တစ္ေနရာ ရွာလိုက္သည္။ က်ယ္ယန္ သီခ်င္းနားေထာင္ဖို႔ နားၾကပ္မတပ္မီတြင္ ဒီေန႕ သည္အဝတ္အစားမ်ားႏွင့္ သူဘယ္ေလာက္ခန့္ညားၾကည့္​ေကာင္းေနေၾကာင္း ခ်ီးက်ဴးေနေသာ ေကာင္မေလးတစ္ေယာက္၏ အသံကို ၾကားလိုက္ရ၏။ သူ႕အဝတ္အစားမ်ားကို တစ္ဖန္ျပန္ငုံ႕ၾကည့္မိသြားကာ နားၾကပ္တပ္လ်က္ ခ်ိဳးရွင္းထံ WeChat မက္ေဆ့တစ္ေစာင္ ပို႔လိုက္သည္။

က်ယ္ယန္ : ကြၽန္ေတာ္ကို ဒီေန႕ၾကည့္ေကာင္းေနတယ္လို႔ လူတစ္ေယာက္က ခ်ီးက်ဴးေနတယ္။

ခဏေလာက္ေနေတာ့ ခ်ိဳးရွင္းက စာျပန္လာ၏ : မယုံနဲ႕။ သူ မင္းကို လိမ္ေျပာေနတာ။

"......" အိုေကပါ။

━━━━━━━━━━━━━━━━━━━━━━━

Continue Reading

You'll Also Like

471K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
256K 40.9K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
257K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...