Unicode
အခန်း ( ၃၁ )
ကျယ်ယန်သည် ကားထဲမှာ အကြာကြီးထိုင်နေခဲ့ကာ ကျိုးမြောင် ကားမီးပိတ်သည်အထိ မဆင်းခဲ့ချေ။ ပြီးမှသာ ကျိုးမြောင် ညတိုင်းတည်းခိုလေ့ရှိသော အခန်းငယ်လေးဆီသို့ ကျိုးမြောင်အနောက်မှ ကပ်လိုက်ခဲ့သည်။ သည်နေ့ညကို ကျိုးမြောင်နှင့်နေဖို့ရန် သူစီစဥ်ထားသည်လေ။
ကျိုးမြောင်မှာမူ ကြောက်လွန်းလို့ ချွေးတွေတောင် စီးကျလာပြီ။ ကျယ်ယန်ကို တခြားအခန်းသို့သွားအိပ်ရန် ဖျောင်းဖျပါသော်လည်း မိုးချုပ်နေပြီဖြစ်လို့ ပြုစုစောင့်ရှောက်သည့် စေတနာဝန်ထမ်းများကို ဒုက္ခမပေးချင်ဟုဆိုကာ ကျယ်ယန်က ငြင်းဆန်လာ၏။ ကျိုးမြောင်သည် အမုန်းတရားများဖြင့် ဂြိုလ်မွှေခံရမှာ စိုးရွံ့မိပါသည်။ ချိုးရှင်းက သူအား အပိုင်းပိုင်းစုတ်ဖြဲပစ်သည့်မြင်ကွင်းကို ကျိုးမြောင် မြင်ယောင်လာသည်။ ထို့ကြောင့် အသက်ဆက်လက်ရှင်သန်ရေးအတွက် ကြမ်းပြင်ပေါ်တွင်သာ ကြိတ်မှိတ်ပြီး အိပ်စက်လိုက်ရတော့သည်။
တစ်ညတာကုန်လွန်ပြီးသော် ချိုးရှင်းကိုစောင့်ကြိုရန်အတွက် ကျယ်ယန် ကားထဲပြန်ဝင်ခဲ့သည်။
မနက် ၉ နာရီတွင် ချိုးရှင်းသည် အဆောက်အဦးလေးထဲမှာ ထွက်လာ၏။ သူ့မျက်နှာက မနေ့ကထက် ပိုမိုဆိုးရွားလျက်ရှိကာ အမူအရာကလည်း သိပ်မကောင်း။ သူက ကားဘေးသို့ ရောက်လာပြီး ကျိုးမြောင်ကို အနှောင့်အယှက်မဖြစ်စေရန် လက်ယမ်းပြလျက် ကားအနောက်ခန်းတံခါးကို သူ့ဘာသာဖွင့်လိုက်၏။
“ ဂွတ်ဒ် မောနင်း ” ကျယ်ယန်သည် ချိုးရှင်းကို လက်ပြနှုတ်ဆက်လိုက်ပါသည်။
“……” ချိုးရှင်းသည် တံခါးကို ဂျိုင်းခနဲမြည်အောင် ဆောင့်ပိတ်လိုက်မိကာ နှစ်စက္ကန့်လောက် မှင်တက်သွားပြီးမှ တံခါးပြန်ဖွင့်လာ၏။
ကျယ်ယန်သည်လည်း သူ့ဂုတ်ပိုးကို ပွတ်လိုက်မိသည်။ “ ကားထဲဝင်လေ။ ကျွန်တော်လည်း အစည်းအဝေးရှိလို့ ယန်ရှင်းကို သွားမလို့။ ”
ချိုးရှင်းအမူအရာက ပြောင်းလဲသွား၏။ ချိုးရှင်းသည် တံခါးကို နောက်ထပ်တစ်ခါ ဆောင့်ပိတ်လိုက်ပြီး ကျိုးမြောင်ထံ လူသတ်လိုသည့် အကြည့်တစ်ချက်ကို ပစ်လွှတ်လိုက်ချေသည်။ “ သူက ဘာလို့ ဒီရောက်နေတာလဲ !”
ကျိုးမြောင်သည် အထိတ်တလန့်ဖြင့် အနောက်သို့ကိုယ်ကျုံ့သွားရင်းမှ ရှင်းပြလာသည်။ “ ဟုတ်ပါတယ် သူဌေးလေးက သူ့ဘာသာ အတင်းလာပြီး သူဌေးကို အတင်းစောင့်နေတာပါ။ ကျွန်တော်က —”
“ တော်တန်တိတ်! ” ချိုးရှင်းက ကျိုးမြောင်စကားကို ကြားဖြတ်အော်ကာ တံခါးကို ပြန်ဖွင့်လိုက်ပြန်သည်။ သူက ကားထဲရှိကျယ်ယန်ကို အတန်ကြာ စိုက်ကြည့်နေပြီးကာမှ ကားထဲသို့ ဝင်သည်။ ထို့နောက် အီးမေးလ်တွေစစ်ရန် သူ့ဖုန်းကို ထုတ်ယူလိုက်ပြီး ကျယ်ယန်ကိုမူ လေလိုသာ ဆက်ဆံလေသည်။
ကားက ဘိုးဘွားရိပ်သာမှ ထွက်ခွာလာခဲ့ပြီ။
ကျယ်ယန်သည် သူတို့နှစ်ယောက်က ဟက်ဟက်ပက်ပက် သိပ်စကားမပြောဖြစ်တာကို ခံစားမိတော့ သူ့ဘက်ကနေ အရင်ဆုံးလက်ကမ်းပေးလိုက်သည်။ “ လျိုရှားကို ငှားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”
ချိုးရှင်းကမူ ကျယ်ယန့်စကားကို မကြားသည့်နှယ် မသိချင်ယောင်ဆောင်လျက်။ ကျယ်ယန်လည်း ဘေးသို့စောင်းကာ ချိုးရှင်းကို တည့်တည့်စိုက်ကြည့်လို့လာသည်။ ချိုးရှင်းသည် သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ဝတ်စားထားကာ ပြတင်းပေါက်ကို စောင်းမှီလျက် သူ့အီးမေးလ်များကို ဆက်စစ်နေသည်။
“ ဖုန်ချင်းလင်ကို ကျွန်တော့် business card ပေးခဲ့တယ်။ သူ အားလုံးကို သေချာရှင်းရှင်းလင်းလင်း တွေးတောပြီးသွားရင် ကျွန်တော့်ကို သေချာပေါက် ဆက်သွယ်လာလိမ့်မယ်။ ”
ချိုးရှင်းလှုပ်ဆောင်ချက်များ ရပ်တန့်သွား၏။ သူအနေဖြင့် ကျယ်ယန်၏ အပြုအမူများကို လုံးလုံးနားမလည်နိုင်တော့ပါ။
“ ကျွန်တော်က ခင်ဗျားတူလေးကို သင်ပေးတဲ့နည်းလမ်းကို ပိတ်ပင်ဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ခင်ဗျားကို အရမ်းကြီးမျိုသိပ်မနေသင့်ဘူးလို့ တွေးမိရုံပါ။ သူ ဘာတွေမှားနေမှန်း သူ့သိအောင် ပြောပြပေးရမယ်လေ။ သူက ဖုန်မိသားစုမှာ ကြီးပြင်းလာခဲ့ရတာ။ သူ ကလေးဘဝကတည်းက ဖုန်မိသားရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတာ။ ခင်ဗျားက သူ့အပေါ်မှာ ကောင်းပေးတယ်လို့ တွေးတယ်။ သူကလည်း အပြင်ပန်းမှာ သဘောကျရှာပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ခင်ဗျားကို ဆန့်ကျင်ချင် ဆန့်ကျင်နေနိုင်တာပဲလေ။ ”
နောက်ဆုံးတော့ ချိုးရှင်း ပါးစပ်ပွင့်လာချေပြီ။ “ ငါတို့ချိုးမိသားစုက ကလေးတစ်ယောက်က အကောင်းနဲ့ အဆိုးကို မခွဲခြားနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ”
“ ဖုန်မိသားစုက ကလေးတွေကရော။ ”
ချိုးရှင်းက မကဲ့ရဲ့ဘဲ မနေနိုင်တာကြောင့် နှာခေါင်းရှုံ့လိုက်မိသည်။ “ အရူးနဲ့ အမှိုက်တွေ ”
“ ဖုန်ချင်းလင်ရဲ့ မျိုးရိုးနာမည်က ' ဖုန် ´ဆိုတော့ သူ့မှာလည်း အဲ့ဒီလို အရူးနဲ့ အမှိုက်ဗီဇတွေ ရှိတာပေါ့။ ”
ချိုးရှင်းသည် ကျယ်ယန်ကို စူးစူးရဲရဲ လှည့်ကြည့်လာ၏။
“ ခင်ဗျားမှာ ဖုန်ချင်လင်အဖေကို ပြောင်းလဲနိုင်စွမ်းမရှိဘူးဆိုရင် ဒါက အမှန်တရားပဲ။ ”
ဒေါသကြောင့် ချိုးရှင်းမျက်နှာပျက်သွားကာ သူ့ဖုန်းကို ချလိုက်၏။ “ မင်း ဘာပြောချင်တာလဲ။ ”
“ ခင်ဗျား ကြာကြာအသက်မရှင်တော့ဘူးလို့ တွေးထားရင်တောင် ဖုန်ချင်းလင်ကို ပျိုးပင်ပျိုးတဲ့နည်းလမ်းသုံးပြီး အတင်းရင့်ကျက်လာအောင် အလျင်စလို မလုပ်နဲ့။ ” ကျယ်ယန် ချိုးရှင်းကို မျက်ခုံးတစ်ဖက်ပင့်လျက် ပြုံးပြလိုက်သည်။ “ ကျွန်တော် ကျန်သေးတယ် မဟုတ်လား။ ခင်ဗျား အသက်ရှည်ရှည်မနေရရင်တောင် ဖုန်ချင်းလင်ကို ကျွန်တော် ဆက်သင်ပေးလို့ရတယ်လေ။ ”
ချိုးရှင်းမျက်နှာပေါ်က ဒေါသအရိပ်အခြည်များသည် ပျောက်ကွယ်လွင့်ပျံလို့သွားပြီ။ သူ ကျယ်ယန်ကို မျက်မှောင်ဖွဖွကုတ်ပြလိုက်၏။ အတန်ကြာမှ ထိုင်ခုံအနောက်ကိုမှီကာ လှောင်ပြုံးပြုံးလေသည်။ “ မင်းကလား။ မင်းက ချန်လင်ထက် လေးနှစ်တောင်ငယ်တယ်လေ။ ”
“ ကျွန်တော်က နှစ် ၂၀ ပဲ နေရသေးတာတောင် အကောင်းအဆိုး ခွဲခြားသိနေပြီ။ ”
“ ဒါဆို အိမ်မှာ ပြောစကားနားထောင်ပြီး ကုတ်ကုတ်လေးနေတာက ဟန်ဆောင်နေခဲ့တာလား။ ”
ကျယ်ယန်သည် သူ့ကိုယ်ကျိုးအတွက် အခြေအနေကို အခွင့်ကောင်းဝင်ယူလိုက်သည်။ “ ဒါက ရှင်သန်ဖို့ နည်းလမ်းသက်သက်ပါ။ ”
ချိုးရှင်း နောက်တစ်ဖန် လှောင်ရယ်လိုက်ပြီးနောက် အသံတိတ်သွားတော့၏။ သူဘက်က စကားစရပ်သွားတာနှင့် ကျယ်ယန်လည်း ငြိမ်သွားသည်။ သူတို့ကား ရုန်တင်းရုံးသို့ ဦးတည်သွားတာနှင့် ချိုးရှင်းက ရုတ်တရက် ပြောလာသည်။ “ ယန်ရှင်းကို မောင်း ”
ကျိုးမြောင် စတီယာရင်ဘီးကို လှည့်လိုက်၏။
ချိုးရှင်းက ကျယ်ယန်သို့ ငဲ့ကြည့်လာ၏။ “ ကျယ်ယန် ချိုးမိသားစုနဲ့ ဖုန်မိသားစုအကြောင်းတွေကို မင်းဘယ်နေရာက သိလာမှန်း ငါမသိဘူး။ ငါ လိုက်လည်း မစုံစမ်းချင်ဘူး။ ငါ ဒီအတိုင်း မေးကြည့်ချင်ရုံပဲ။ အခုလေးတင် မင်းပြောလိုက်တဲ့စကားတွေနဲ့ အဲ့ဒီစကားတွေက ဘာအဓိပ္ပါယ်လဲဆိုတာကိုရော သေချာနားလည်ရဲ့လား။ ”
ကျယ်ယန် ချိုးရှင်းကို တည့်တည့်ပြန်စိုက်ကြည့်ကာ ဖြေလိုက်သည်။ “ အဓိပ္ပါယ်က ကျွန်တော်က ခင်ဗျားဘက်က ရပ်တည်ပေးပြီး ခင်ဗျားကို ချွင်းချက်မရှိ ထောက်ခံပေးမှာ။ ခင်ဗျားရန်သူက ကျွန်တော့်ရန်သူ။ ခင်ဗျားဖြစ်ချင်တာက ကျွန်တော်ဖြစ်ချင်တာပဲ။ ချိုးရှင်း ရှင်သန်နေထိုင်ရဖို့အတွက် ကျွန်တော် ဘယ်လောက်ထိ ကြိုးစားပမ်းစား တိုက်ခိုက်နိုင်သလဲဆိုတာ ခင်ဗျား မသိသေးပါဘူး။ ”
ချိုးရှင်းက ရယ်သည်။ အစက မလှုပ်တလှုပ် အသံထွက်ရုံလေးဆိုပေမဲ့ နောက်တော့ ရယ်သံက ကျယ်သထက် ပိုကျယ်လာ၏။ သူ ပိုရယ်လေ သူ့မျက်နှာက သွေးရောင်လွှမ်းလာလေပင်။ အချိန်အတော်ကြာမှ ရယ်တာကိုရပ်ပြီး ကျယ်ယန်ကို ပြန်ကြည့်လာသည်။ ထို့နောက် အကြည့်ပြန်ရုတ်ကာ ပြောလိုက်၏။ “ ကျယ်ယန် မင်း ဒီနေ့ပြောခဲ့တဲ့စကားကို မှတ်ထားနော်။ ”
ကားက ယန်ရှင်းရုံးတွင်ရပ်သွားကာ ကျယ်ယန်လည်း ကားပေါ်မှ ဆင်းသွားသည်။
“ မင်း ရိပ်သာကို ဘယ်တုန်းက ရောက်တာလဲ။ ”
ကျယ်ယန် ခြေလှမ်းတန့်သွားကာ ကားထဲရှိ ချိုးရှင်းကို လှည့်ကြည့်လိုက်၏။ “ ဒီမနက်က ” ကျယ်ယန် ဒရိုင်ဘာပြတင်းပေါက်သို့ အမှတ်တမဲ့ဟန်ဖြင့် လှမ်းကြည့်လိုက်ရာ ကျိုးမြောင်လက်က ထိတ်လန့်မှုကြောင့် တောင့်တင်းသွား၏။ ချိုးရှင်းက သူ့ကိုနားလည်သည့်သဘောဖြင့် ခေါင်းညိတ်ပြလာသည်။ ထို့နောက် ကားမှန်ကိုတင်ကာ ကျိုးမြောင်ကို ကားထွက်ဖို့ အချက်ပြလိုက်သည်။ ကျိုးမြောင်မှာမူ တိုးတိုးတိတ်တိတ် စိတ်အေးသွားရချေ၏။
ကားက ရုန်တင်းကားပါကင်တွင် ရပ်တန့်သွားသည်။
“ သူ ဘယ်တုန်းကတည်းက လာတာလဲ။ ”
ကျိုးမြောင် ရှော့ခ်ရသွားရပြန်ပြီ။ သူသည် ကားနောက်ကြည့်မှန်ထဲမှ ချိုးရှင်း၏ ပုံမှန်နှင့်မတူအောင် အေးဆေးတည်ငြိမ်နေပါသော အမူအရာကို သေချာလှမ်းအကဲခတ်ရင်း ရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။ ထို့နောက် သူ ဂရုတစိုက်ဖြင့် ပြန်ဖြေလိုက်သည်။ “ ဒီ -ဒီနေ့မှပါ …”
“ သေချာ ပြန်တွေးကြည့်ပါဦး။ ”
ကျိုးမြောင်သည် နတ်ဆိုးကြီးနှင့် နတ်ဆိုးလေးကြားမှာ ရွေးချယ်ဖို့ဗျာများရင်း ရင်ထဲ တထိတ်ထိတ်ဖြစ်လို့နေပြီ။ နောက်ဆုံးမှာတော့ နတ်ဆိုးကြီးကိုသာ ရွေးချယ်လိုက်ရသည်။ “ မနေ့ကပါ။ သူဌေးလေးက သူဌေးကို ည ၁၁ နာရီအထိ ကားထဲမှာ စောင့်နေခဲ့တာပါ။ ပြီးမှာ ကျွန်တော့်အခန်းကို လိုက်အိပ် —”
ချိုးရှင်းက အေးတိအေးစက်ဖြင့် လှမ်းကြည့်လာ၏။
ကျိုးမြောင် ကမန်းကတန်း ဆက်ပြောလိုက်ရ၏။ “ ကျွန်တော်က ကြမ်းပြင်ပေါ်မှာ အိပ်တာပါ ! ကျွန်တော် စောစောအိပ်ပြီး နောက်ကျမှ အိပ်ရာထခဲ့ပါတယ်။ ဘာမှ မမြင်ခဲ့ပါဘူးဗျာ။ ကျွန်တော် ကျိန်ပြောရဲပါတယ် !”
“ တကယ်လား။ ” ချိုးရှင်းက ထိုင်ခုံပေါ်ကို သက်တောင့်သက်သာ မှီချကာ မျက်လုံးမှိတ်လျက် အနားယူလိုက်၏။ “ မင်းက လူသာငယ်တာ လေကတော့ မသေးပါလား … ဟွန့် ”
***
လျိုရှားက အရင်ရောက်နှင့်နေပြီး ယန်ရှင်းဧည့်ကြိုခန်းမတွင် မဂ္ဂဇင်းတစ်စောင်ကို ကြည့်ရင်းထိုင်နေ၏။ အရှေ့စားပွဲက ဝန်ထမ်းသစ်လေးသည် သူမကို မကြာခဏ ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။ ထိုဝန်ထမ်းမလေးက ကျယ်ယန်ကိုမြင်တာနှင့် မျက်ဝန်းတွေ ဘလင်းဘလင်းထသွားကာ အခြေအနေကို အမြန်တင်ပြလာသည်။
ကျယ်ယန် နားထောင်ပြီးနောက် ရှင်းပြလိုက်ပါသည်။ “ သူက ဧည့်သည်မဟုတ်ဘူး။ ဒုဥက္ကဌအသစ်ပါ။ အလုပ်သွားလုပ်ချည်တော့။ ” ထို့နောက် လျိုရှားရှိရာဘက်သို့ သွားကာ ပြုံးပြလိုက်သည်။ “ အစည်းအဝေးစဖို့ အချိန်ကျပါပြီ အကြီးအကဲလျိုခင်ဗျ။ ”
“ အစည်းအဝေးစဖို့ မလောပါနဲ့ဦး။ ဒါကို အရင်ဖြေရှင်းကြရအောင်။ ” လျိုရှားက သူမဖုန်းကို မြှောက်ပြလာ၏။ “ ဥက္ကဋ္ဌကျယ် မင်းမှာ အခက်အခဲနည်းနည်း ရှိနေပုံရတယ်။”
အစည်းအဝေးခန်းထဲတွင် လူစုံနေပြီ။ ကျယ်ယန်သည် လျိုရှားကို ဟူပျောင်း၊ အသစ်ခန့်ထားသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် မိတ်ဆက်ပေးပြီးနောက် အစည်းအဝေးကို ကျင်းပခဲ့သည်။
အစည်းအဝေးပြီးနောက် လျိုရှားနှင့် ဟူပျောင်းသည် ကျယ်ယန်ကို ဥက္ကဋ္ဌရုံးခန်းမှာ လာရောက်တွေ့ဆုံကြသည်။
ဟူပျောင်းသည် Weibo ပေါ်က နာမည်ကြီး ဂီတပညာရှင်တစ်ယောက်ရေးသားသော ‘ရည်ရွယ်ချက်ကို ပြန်လည်သုံးသပ်ခြင်း’ အား ဖွင့်ကြည့်ရင်း သူ့မျက်နှာက မဲမှောင်လို့သွားသည်။
“ ဒါက ဟွမ်ထျန်းဘက်က လူရှာပြီးရေးခိုင်းထားတဲ့ ဆောင်းပါးပဲဖြစ်ရမယ်။ ကျီဇယ့်ဟွေ့က အဆိုတော်ကောင်းတစ်ယောက်လို့ ဖော်ပြထားပြီး ကျီဇယ့်ဟွေ့က အသံအောင်ပြီး အမြင့်သံတွေဆိုနိုင်တယ်ဆိုပြီး ပုံကြီးချဲ့ပြောထားတယ်။ မင်းကိုတော့ နောက်ခံအဆိုတော်။ မင်းက အသံတော့ကောင်းပေမဲ့ သီချင်းဆိုတဲ့ အရည်အချင်းကကျ မကောင်းဘူးတဲ့။ ယေဘုယျအားဖြင့် မင်းအသံက ဘယ်သံဖျော်ဖြေရေးတွေမှာ ကောင်းတယ်ဆိုတဲ့အကြောင်း တခြားလူတွေနဲ့တောင် ဥပမာပြထားသေးတယ်။ မင်းရဲ့အမြင့်သံက စူးရှပြီး အားနည်းသလို မင်းအသံတုံးကလည်း ကျဥ်းတယ်တဲ့။ ”
လျိုရှားကမူ ဟူပျောင်းထက် အများကြီးကို ပိုတည်ငြိမ်ကာ သူမကပဲ ခွဲခြားစိတ်ဖြာပြလာသည်။ “ ကျယ်ယန်က ဟိုက်နုတ်အမြင့်ကြီးတွေမဆိုဖူးတော့ ဒီအကဲဖြတ်ချက်တွေကို ပရိသတ်တွေလည်း မငြင်းနိုင်ကြဘူး။ ဟိုက်နုတ်ရယ်လို့ ယူဆလို့ရတာကလည်း ထုံကျန်းနဲ့ ဟာမိုနီလိုက်ပေးတဲ့ တစ်နေရာပဲရှိတယ်လေ။ ”
ဟူပျောင်း ဒေါပွလာပြီး သူ့ဖုန်းကို ပစ်ချကာ ကျယ်ယန်ကို ပြောလာသည်။ “ ဒီဂီတပညာရှင်မှာ တရားမျှတတတ်တဲ့ ပုံရိပ်မျိုးရှိသလို သူ့ရဲ့ လွှမ်းမိုးနိုင်မှုကလည်း မနိမ့်ဘူး။ လူထုကို လမ်းကြောင်းပြင်ပေးဖို့က သူ့အတွက်ဆို လွယ်လွယ်လေးပဲ။ သူက အရမ်းကို ပညာသားပါပါ ရေးထားတာကွ။ ကျီဇယ့်ဟွေ့ကို ချီးကျူးတဲ့အခါ ပညာတော်ပေမဲ့ လူကြိုက်မများတဲ့ ဂီတပညာရှင်တွေနဲ့ ခိုင်းနှိုင်းတယ်။ ကျီဇယ့်ဟွေ့ကို အထောက်အကူပြုဖို့ အဲ့ဒီအဆိုတော်ဟောင်းကြီးတွေကိုတောင် အသုံးချလိုက်သေးတယ်။ တစ်ချိန်တည်းမှာပဲ အပေါ်ယံအဆိုတော်တစ်ယောက်ရဲ့ပုံရိပ်နဲ့ မင်းကိုချည်နှောင်ဖို့အတွက် နာမည်ပျက်အဆိုတော်တွေနဲ့ ဥပမာပေးခိုင်းနှိုင်းထားတယ်။ ”
ကျယ်ယန် နားမလည်ပါ။ “ ဒီဂယက်က ပျောက်သွားဖို့ လွယ်တယ်လေ။ ဟွမ်ထျန်းရဲ့ထောင်ချောက်က မိုက်ရူးရဲမဆန်လွန်းဘူးလား။ ”
“ မိုက်ရူးရဲဆန်တာမဟုတ်ဘူး။ ” ဟူပျောင်း၏အမူအရာက အလွန်အမင်းကို ဆိုးရွားပြင်းထန်လို့သွားပြီ။ “ မော့ပင်းက ဟွမ်ထျန်းနဲ့ စာချုပ်ချုပ်လိုက်ပြီလို့ သတင်းကြားတယ်။ ”
အကုန် သတင်းဆိုးတွေချည်းပဲ။
ကျယ်ယန်က အတည်ပေါက်ဖြင့် ပြောကြားလိုက်သည်။ “ ကောင်းကင်ဘုံမသွားနိုင်မှတော့ ငရဲဆင်းရမှာ အမှန်ပဲလေ။ သူ့အတွက် မစိုးရိမ်ပါနဲ့။ ဒီတော့ ဟွမ်ထျန်းဘက်က ဒီလိုဆောင်းပါးမျိုးပို့လာတာ မော့ပင်းကြောင့်မလို့လို အစ်ကိုပြောချင်တာလား။ ”
ဟူပျောင်းက ခေါင်းညိတ်၏။ “ မမှတ်မိဘူးလား။ မင်း အဖွဲ့ထဲဝင်လာတော့ ငါက မင်းကို မော့ပင်းအတွက် သီချင်းတစ်ပုဒ်ဆိုခိုင်းတယ်လေ။ မင်းက အရမ်းလန့်သွားပြီး အသံက ခြောက်ကပ်ကပ်ဖြစ်သွားတာ။ အဲ့ဒါကြောင့်ပဲ မင်းရဲ့အမြင့်သံက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့တယ်။ မော့ပင်းက မင်းကို ချော့ပေးပြီး မလန့်ဖို့ အားပေးခဲ့သေးတယ်လေ။ နောက်ရက်ပိုင်းလောက်ကြာရင် မင်းကို သီချင်းထပ်ဆိုဖို့ လေ့ကျင့်ခိုင်းဦးမယ်လို့ ပြောခဲ့တယ်။ အဲ့ဒီနောက်တော့ မင်းဆိုသမျှ သီချင်းအမျိိုးအစားအားလုံးကို ငါတို့က ပယ်ချပစ်ခဲ့ရတယ်။ ”
ကျယ်ယန် မျက်ခုံးပင့်သွား၏။ “ ဒါဆို မော့ပင်းရဲ့ အမြင်မှာ ကျွန်တော့်အမြင့်သံက အမြဲတမ်းဆိုးရွားနေခဲ့တာပေါ့။ ”
“ အင်း ”
ကျယ်ယန် ပြုံးလိုက်သည်။ “ ဒါ ကောင်းတဲ့ကိစ္စပဲ။ ဒါက မျက်နှာဝင်ယူဖို့ အကောင်းဆုံးအခွင့်အရေးပဲလေ။ ဘာတွေ တွေးပူနေတာလဲ။ ”
ဟူပျောင်းကတော့ သိပ်ကြည်ပုံမရတော့ပေ။ “ မော့ပင်းသာ ဟွမ်ထျန်းနဲ့ စာချုပ်ချုပ်ဖြစ်သွားရင် မင်းကို သေချာပေါက် ချနင်းသွားကြမှာလို့ ပြောခဲ့တာ မင်းပဲမဟုတ်ဘူးလား။ သေချာပေါက် ငါစိုးရိမ်ရတာပေါ့ ! အခုလေးတင် သူက ဟွမ်ထျန်းထဲဝင်လိုက်တယ်။ အခုပဲ ဒီလိုဆောင်းပါးမျိုးတက်လာတယ်။ နောက်ပိုင်း IUD ရဲ့သူ့ပညာတွေကိုပါ ဖော်ကောင်လုပ်လာမလားဆိုတာ ဘုရားပဲ သိတော့မယ် !”
“ ကျွန်တော်တော့ မကြောက်ပေါင်။ သူက IUD ကိုသိတယ် အစ်ကိုက သူ့ကိုသိတယ်။ လူတိုင်းက တစ်ယောက်အားနည်းချက်ကို တစ်ယောက် ကိုင်ထားကြတာပဲလေ။ ဒီကိစ္စက မြေကြီးလက်ခတ်မလွဲ ကြုံလာရမယ့်ကိစ္စကြီး။ လက်တွေ့ကျတဲ့ အစီအစဥ်တွေပဲ ချမှတ်ရတော့မှာ။ အလုပ်နဲ့ပဲ သက်သေပြလိုက်ကြစို့။ ”
မကြာခင်မှာပဲ ကျယ်ယန်အတွက် အလုပ်ဖြင့် သက်သေပြဖို့ အခွင့်အရေးတစ်ခု ပေါ်လာသည်။
တနင်္ဂနွေနေ့ ညနေခင်းတစ်ခု၌ ကျီဇယ့်ဟွေ့သည် " တေးသီချင်းဧကရာဇ်က ဘယ်သူလဲ ( Who is the King of Songs ) " ဆိုသော သီချင်းပြိုင်ပွဲ ရသစုံရှိုးတစ်ခုတွင် ပါဝင်ခဲ့၏။ ရှိုးပွဲအပြီး အင်တာဗျူး၌ သတင်းထောက်တစ်ယောက်သည် နောက်လာမယ့် အပိုင်းအတွက် သူဖိတ်ကြားချင်သော ဧည့်သည်ကို မေးမြန်းခဲ့၏။ ကျီဇယ့်ဟွေ့က အလွန်နှစ်ခြိုက်ဖွယ်ကောင်းစွာပြုံးလျက် ဖြေကြားလာသည်။ “ အခုတလော Weibo ပေါ်မှာ တက်သစ်စလေးတစ်ယောက်ရဲ့ ဖျော်ဖြေပွဲကို မကြာခဏတွေ့နေရတယ်။ အဲ့ဒီဖျော်ဖြေမှုကလည်း အံ့သြစရာကောင်းတယ်ဗျ။ ဒီလိုထူးချွန်တဲ့ လူသစ်လေးတွေကို ဂီတနယ်ပယ်ထဲမှာ မတွေ့ရတာ အတော်ကြာပြီ။ ဖြစ်နိုင်ရင် သူ့ကို ဧည့်သည်အဖြစ် ဖိတ်ချင်ပါတယ်။ ”
အစီအစဥ်ထုတ်လွှင့်သည့် တစ်ခဏမှာပဲ လူထုသဘောထားက ပြင်းထန်သွားကာ တုံ့ပြန်မှုတွေကလည်း မျိုးစုံရောထွေးလို့သွားကြသည်။
ရူးကြောင်ကြောင်နှင့် တုံးအသော ကျယ်ယန်ပရိသတ်ဖြစ်လာသူများသည် စိတ်လှုပ်ရှားစွာဖြင့် ကျီဇယ့်ဟွေ့ Weibo သို့သွားကာ သူ့သုံးသပ်ချက်နှင့် သဘောထားအတွက် ကျေးဇူးတင်စကားသွားပြောကြသည်။ ကျယ်ယန်ကို သည်လိုအခွင့်အရေးမျိုးပေးသည့်အတွက်လည်း ကျေးဇူးတင်နေကြပြန်၏။
ထက်မြက်သော ပရိသတ်အချို့ကမူ IUD ၏ နင်းချေခြင်း ခံလိုက်ရသော " ပြိုပျက်သွားသော ပိုးအိမ် " ကို အမှတ်ရသွားကာ တစ်ခုခုမှားနေပြီမှန်း သဘောပေါက်သွားကြသည်။
ဘေးလူများကတော့ ကျယ်ယန်၏ နောက်ထပ်ပုံရိပ်များကို စောင့်ကြည့်ရင်း တက်သစ်စလူသစ်လေးကို ပိုမိုပြည့်စုံစွာ သိရှိခွင့်ရဖို့ မျှော်လင့်နေကြသည်။
ကျီဇယ့်ဟွေ့ပရိသတ်များကတော့ နည်းနည်းမကျေမနပ်ဖြစ်နေကြ၏။ ကျီဇယ့်ဟွေ့အဆင့်အရဆိုလျှင် တက်သစ်စလေးတစ်ယောက်ကို ဧည့်သည်အဆိုတော်အဖြစ် ပါဝင်ခွင့်ပြုတာက ထိုတက်သစ်စလေးကို ပရိုမိုးရှင်းဆင်းပေးဖို့မှန်း မလွဲဧကန် ခံစားမိနေကြသည်ကိုး။ လူသစ်လေးက သူ့ထံမှ ဂုတ်သွေးဆုပ်ဖို့ကို သူ့ဘက်ကနေတောင် သွေးပြန်ပေးနေသည့် လုပ်ရပ်အပေါ် ကျီဇယ့်ဟွေ့က သဘောကောင်းလွန်းလိုက်တာဟု ဝမ်ပန်းတနည်း အော်ဟစ်ငိုကြွေးကြလေသည်။
[ TN: ပြောချင်တာကကွာ ကျီဇယ့်ဟွေ့ရဲ့ အယ်လ်ဘမ်ကို ယန်ယန်တို့ အယ်လ်ဘမ်က ကျော်သွားတာတောင် ကျီဇယ့်ဟွေ့က စိတ်မဆိုးဘဲ ယန်ယန်ကို အစီအစဥ်ခေါ်ပြီး ပရိုမိုးရှင်း ကူးဆင်းပေးလိုက်တယ်လို့ ဖန်တွေက ပန်းနုသွေးကြတာ။ ]
━━━━━━━━━━━━━━━━━━━━━━━
Zawgyi
အခန္း ( ၃၁ )
က်ယ္ယန္သည္ ကားထဲမွာ အၾကာႀကီးထိုင္ေနခဲ့ကာ က်ိဳးေျမာင္ ကားမီးပိတ္သည္အထိ မဆင္းခဲ့ေခ်။ ၿပီးမွသာ က်ိဳးေျမာင္ ညတိုင္းတည္းခိုေလ့ရွိေသာ အခန္းငယ္ေလးဆီသို႔ က်ိဳးေျမာင္အေနာက္မွ ကပ္လိုက္ခဲ့သည္။ သည္ေန႕ညကို က်ိဳးေျမာင္ႏွင့္ေနဖို႔ရန္ သူစီစဥ္ထားသည္ေလ။
က်ိဳးေျမာင္မွာမူ ေၾကာက္လြန္းလို႔ ေခြၽးေတြေတာင္ စီးက်လာၿပီ။ က်ယ္ယန္ကို တျခားအခန္းသို႔သြားအိပ္ရန္ ေဖ်ာင္းဖ်ပါေသာ္လည္း မိုးခ်ဳပ္ေနၿပီျဖစ္လို႔ ျပဳစုေစာင့္ေရွာက္သည့္ ေစတနာဝန္ထမ္းမ်ားကို ဒုကၡမေပးခ်င္ဟုဆိုကာ က်ယ္ယန္က ျငင္းဆန္လာ၏။ က်ိဳးေျမာင္သည္ အမုန္းတရားမ်ားျဖင့္ ၿဂိဳလ္ေမႊခံရမွာ စိုး႐ြံ႕မိပါသည္။ ခ်ိဳးရွင္းက သူအား အပိုင္းပိုင္းစုတ္ၿဖဲပစ္သည့္ျမင္ကြင္းကို က်ိဳးေျမာင္ ျမင္ေယာင္လာသည္။ ထို႔ေၾကာင့္ အသက္ဆက္လက္ရွင္သန္ေရးအတြက္ ၾကမ္းျပင္ေပၚတြင္သာ ႀကိတ္မွိတ္ၿပီး အိပ္စက္လိုက္ရေတာ့သည္။
တစ္ညတာကုန္လြန္ၿပီးေသာ္ ခ်ိဳးရွင္းကိုေစာင့္ႀကိဳရန္အတြက္ က်ယ္ယန္ ကားထဲျပန္ဝင္ခဲ့သည္။
မနက္ ၉ နာရီတြင္ ခ်ိဳးရွင္းသည္ အေဆာက္အဦးေလးထဲမွာ ထြက္လာ၏။ သူ႕မ်က္ႏွာက မေန႕ကထက္ ပိုမိုဆိုး႐ြားလ်က္ရွိကာ အမူအရာကလည္း သိပ္မေကာင္း။ သူက ကားေဘးသို႔ ေရာက္လာၿပီး က်ိဳးေျမာင္ကို အေႏွာင့္အယွက္မျဖစ္ေစရန္ လက္ယမ္းျပလ်က္ ကားအေနာက္ခန္းတံခါးကို သူ႕ဘာသာဖြင့္လိုက္၏။
“ ဂြတ္ဒ္ ေမာနင္း ” က်ယ္ယန္သည္ ခ်ိဳးရွင္းကို လက္ျပႏႈတ္ဆက္လိုက္ပါသည္။
“……” ခ်ိဳးရွင္းသည္ တံခါးကို ဂ်ိဳင္းခနဲျမည္ေအာင္ ေဆာင့္ပိတ္လိုက္မိကာ ႏွစ္စကၠန့္ေလာက္ မွင္တက္သြားၿပီးမွ တံခါးျပန္ဖြင့္လာ၏။
က်ယ္ယန္သည္လည္း သူ႕ဂုတ္ပိုးကို ပြတ္လိုက္မိသည္။ “ ကားထဲဝင္ေလ။ ကြၽန္ေတာ္လည္း အစည္းအေဝးရွိလို႔ ယန္ရွင္းကို သြားမလို႔။ ”
ခ်ိဳးရွင္းအမူအရာက ေျပာင္းလဲသြား၏။ ခ်ိဳးရွင္းသည္ တံခါးကို ေနာက္ထပ္တစ္ခါ ေဆာင့္ပိတ္လိုက္ၿပီး က်ိဳးေျမာင္ထံ လူသတ္လိုသည့္ အၾကည့္တစ္ခ်က္ကို ပစ္လႊတ္လိုက္ေခ်သည္။ “ သူက ဘာလို႔ ဒီေရာက္ေနတာလဲ !”
က်ိဳးေျမာင္သည္ အထိတ္တလန့္ျဖင့္ အေနာက္သို႔ကိုယ္က်ဳံ႕သြားရင္းမွ ရွင္းျပလာသည္။ “ ဟုတ္ပါတယ္ သူေဌးေလးက သူ႕ဘာသာ အတင္းလာၿပီး သူေဌးကို အတင္းေစာင့္ေနတာပါ။ ကြၽန္ေတာ္က —”
“ ေတာ္တန္တိတ္! ” ခ်ိဳးရွင္းက က်ိဳးေျမာင္စကားကို ၾကားျဖတ္ေအာ္ကာ တံခါးကို ျပန္ဖြင့္လိုက္ျပန္သည္။ သူက ကားထဲရွိက်ယ္ယန္ကို အတန္ၾကာ စိုက္ၾကည့္ေနၿပီးကာမွ ကားထဲသို႔ ဝင္သည္။ ထို႔ေနာက္ အီးေမးလ္ေတြစစ္ရန္ သူ႕ဖုန္းကို ထုတ္ယူလိုက္ၿပီး က်ယ္ယန္ကိုမူ ေလလိုသာ ဆက္ဆံေလသည္။
ကားက ဘိုးဘြားရိပ္သာမွ ထြက္ခြာလာခဲ့ၿပီ။
က်ယ္ယန္သည္ သူတို႔ႏွစ္ေယာက္က ဟက္ဟက္ပက္ပက္ သိပ္စကားမေျပာျဖစ္တာကို ခံစားမိေတာ့ သူ႕ဘက္ကေန အရင္ဆုံးလက္ကမ္းေပးလိုက္သည္။ “ လ်ိဳရွားကို ငွားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ”
ခ်ိဳးရွင္းကမူ က်ယ္ယန႔္စကားကို မၾကားသည့္ႏွယ္ မသိခ်င္ေယာင္ေဆာင္လ်က္။ က်ယ္ယန္လည္း ေဘးသို႔ေစာင္းကာ ခ်ိဳးရွင္းကို တည့္တည့္စိုက္ၾကည့္လို႔လာသည္။ ခ်ိဳးရွင္းသည္ သူ႕အဝတ္အစားမ်ားကို သပ္သပ္ရပ္ရပ္ ျပင္ဆင္ဝတ္စားထားကာ ျပတင္းေပါက္ကို ေစာင္းမွီလ်က္ သူ႕အီးေမးလ္မ်ားကို ဆက္စစ္ေနသည္။
“ ဖုန္ခ်င္းလင္ကို ကြၽန္ေတာ့္ business card ေပးခဲ့တယ္။ သူ အားလုံးကို ေသခ်ာရွင္းရွင္းလင္းလင္း ေတြးေတာၿပီးသြားရင္ ကြၽန္ေတာ့္ကို ေသခ်ာေပါက္ ဆက္သြယ္လာလိမ့္မယ္။ ”
ခ်ိဳးရွင္းလႈပ္ေဆာင္ခ်က္မ်ား ရပ္တန့္သြား၏။ သူအေနျဖင့္ က်ယ္ယန္၏ အျပဳအမူမ်ားကို လုံးလုံးနားမလည္နိုင္ေတာ့ပါ။
“ ကြၽန္ေတာ္က ခင္ဗ်ားတူေလးကို သင္ေပးတဲ့နည္းလမ္းကို ပိတ္ပင္ဖို႔ ႀကိဳးစားေနတာမဟုတ္ဘူး။ ခင္ဗ်ားကို အရမ္းႀကီးမ်ိဳသိပ္မေနသင့္ဘူးလို႔ ေတြးမိ႐ုံပါ။ သူ ဘာေတြမွားေနမွန္း သူ႕သိေအာင္ ေျပာျပေပးရမယ္ေလ။ သူက ဖုန္မိသားစုမွာ ႀကီးျပင္းလာခဲ့ရတာ။ သူ ကေလးဘဝကတည္းက ဖုန္မိသားရဲ႕ လႊမ္းမိုးမႈကို ခံခဲ့ရတာ။ ခင္ဗ်ားက သူ႕အေပၚမွာ ေကာင္းေပးတယ္လို႔ ေတြးတယ္။ သူကလည္း အျပင္ပန္းမွာ သေဘာက်ရွာပါတယ္။ ဒါေပမဲ့ သူ႕စိတ္ထဲမွာေတာ့ ခင္ဗ်ားကို ဆန့္က်င္ခ်င္ ဆန့္က်င္ေနနိုင္တာပဲေလ။ ”
ေနာက္ဆုံးေတာ့ ခ်ိဳးရွင္း ပါးစပ္ပြင့္လာေခ်ၿပီ။ “ ငါတို႔ခ်ိဳးမိသားစုက ကေလးတစ္ေယာက္က အေကာင္းနဲ႕ အဆိုးကို မခြဲျခားနိုင္ဘူးဆိုတာ မျဖစ္နိုင္ဘူး။ ”
“ ဖုန္မိသားစုက ကေလးေတြကေရာ။ ”
ခ်ိဳးရွင္းက မကဲ့ရဲ႕ဘဲ မေနနိုင္တာေၾကာင့္ ႏွာေခါင္းရႈံ႕လိုက္မိသည္။ “ အ႐ူးနဲ႕ အမွိုက္ေတြ ”
“ ဖုန္ခ်င္းလင္ရဲ႕ မ်ိဳးရိုးနာမည္က ' ဖုန္ ´ဆိုေတာ့ သူ႕မွာလည္း အဲ့ဒီလို အ႐ူးနဲ႕ အမွိုက္ဗီဇေတြ ရွိတာေပါ့။ ”
ခ်ိဳးရွင္းသည္ က်ယ္ယန္ကို စူးစူးရဲရဲ လွည့္ၾကည့္လာ၏။
“ ခင္ဗ်ားမွာ ဖုန္ခ်င္လင္အေဖကို ေျပာင္းလဲနိုင္စြမ္းမရွိဘူးဆိုရင္ ဒါက အမွန္တရားပဲ။ ”
ေဒါသေၾကာင့္ ခ်ိဳးရွင္းမ်က္ႏွာပ်က္သြားကာ သူ႕ဖုန္းကို ခ်လိဳက္၏။ “ မင္း ဘာေျပာခ်င္တာလဲ။ ”
“ ခင္ဗ်ား ၾကာၾကာအသက္မရွင္ေတာ့ဘူးလို႔ ေတြးထားရင္ေတာင္ ဖုန္ခ်င္းလင္ကို ပ်ိဳးပင္ပ်ိဳးတဲ့နည္းလမ္းသုံးၿပီး အတင္းရင့္က်က္လာေအာင္ အလ်င္စလို မလုပ္နဲ႕။ ” က်ယ္ယန္ ခ်ိဳးရွင္းကို မ်က္ခုံးတစ္ဖက္ပင့္လ်က္ ၿပဳံးျပလိုက္သည္။ “ ကြၽန္ေတာ္ က်န္ေသးတယ္ မဟုတ္လား။ ခင္ဗ်ား အသက္ရွည္ရွည္မေနရရင္ေတာင္ ဖုန္ခ်င္းလင္ကို ကြၽန္ေတာ္ ဆက္သင္ေပးလို႔ရတယ္ေလ။ ”
ခ်ိဳးရွင္းမ်က္ႏွာေပၚက ေဒါသအရိပ္အျခည္မ်ားသည္ ေပ်ာက္ကြယ္လြင့္ပ်ံလို႔သြားၿပီ။ သူ က်ယ္ယန္ကို မ်က္ေမွာင္ဖြဖြကုတ္ျပလိုက္၏။ အတန္ၾကာမွ ထိုင္ခုံအေနာက္ကိုမွီကာ ေလွာင္ၿပဳံးၿပဳံးေလသည္။ “ မင္းကလား။ မင္းက ခ်န္လင္ထက္ ေလးႏွစ္ေတာင္ငယ္တယ္ေလ။ ”
“ ကြၽန္ေတာ္က ႏွစ္ ၂၀ ပဲ ေနရေသးတာေတာင္ အေကာင္းအဆိုး ခြဲျခားသိေနၿပီ။ ”
“ ဒါဆို အိမ္မွာ ေျပာစကားနားေထာင္ၿပီး ကုတ္ကုတ္ေလးေနတာက ဟန္ေဆာင္ေနခဲ့တာလား။ ”
က်ယ္ယန္သည္ သူ႕ကိုယ္က်ိဳးအတြက္ အေျခအေနကို အခြင့္ေကာင္းဝင္ယူလိုက္သည္။ “ ဒါက ရွင္သန္ဖို႔ နည္းလမ္းသက္သက္ပါ။ ”
ခ်ိဳးရွင္း ေနာက္တစ္ဖန္ ေလွာင္ရယ္လိုက္ၿပီးေနာက္ အသံတိတ္သြားေတာ့၏။ သူဘက္က စကားစရပ္သြားတာႏွင့္ က်ယ္ယန္လည္း ၿငိမ္သြားသည္။ သူတို႔ကား ႐ုန္တင္း႐ုံးသို႔ ဦးတည္သြားတာႏွင့္ ခ်ိဳးရွင္းက ႐ုတ္တရက္ ေျပာလာသည္။ “ ယန္ရွင္းကို ေမာင္း ”
က်ိဳးေျမာင္ စတီယာရင္ဘီးကို လွည့္လိုက္၏။
ခ်ိဳးရွင္းက က်ယ္ယန္သို႔ ငဲ့ၾကည့္လာ၏။ “ က်ယ္ယန္ ခ်ိဳးမိသားစုနဲ႕ ဖုန္မိသားစုအေၾကာင္းေတြကို မင္းဘယ္ေနရာက သိလာမွန္း ငါမသိဘူး။ ငါ လိုက္လည္း မစုံစမ္းခ်င္ဘူး။ ငါ ဒီအတိုင္း ေမးၾကည့္ခ်င္႐ုံပဲ။ အခုေလးတင္ မင္းေျပာလိုက္တဲ့စကားေတြနဲ႕ အဲ့ဒီစကားေတြက ဘာအဓိပၸါယ္လဲဆိုတာကိုေရာ ေသခ်ာနားလည္ရဲ႕လား။ ”
က်ယ္ယန္ ခ်ိဳးရွင္းကို တည့္တည့္ျပန္စိုက္ၾကည့္ကာ ေျဖလိုက္သည္။ “ အဓိပၸါယ္က ကြၽန္ေတာ္က ခင္ဗ်ားဘက္က ရပ္တည္ေပးၿပီး ခင္ဗ်ားကို ခြၽင္းခ်က္မရွိ ေထာက္ခံေပးမွာ။ ခင္ဗ်ားရန္သူက ကြၽန္ေတာ့္ရန္သူ။ ခင္ဗ်ားျဖစ္ခ်င္တာက ကြၽန္ေတာ္ျဖစ္ခ်င္တာပဲ။ ခ်ိဳးရွင္း ရွင္သန္ေနထိုင္ရဖို႔အတြက္ ကြၽန္ေတာ္ ဘယ္ေလာက္ထိ ႀကိဳးစားပမ္းစား တိုက္ခိုက္နိုင္သလဲဆိုတာ ခင္ဗ်ား မသိေသးပါဘူး။ ”
ခ်ိဳးရွင္းက ရယ္သည္။ အစက မလႈပ္တလႈပ္ အသံထြက္႐ုံေလးဆိုေပမဲ့ ေနာက္ေတာ့ ရယ္သံက က်ယ္သထက္ ပိုက်ယ္လာ၏။ သူ ပိုရယ္ေလ သူ႕မ်က္ႏွာက ေသြးေရာင္လႊမ္းလာေလပင္။ အခ်ိန္အေတာ္ၾကာမွ ရယ္တာကိုရပ္ၿပီး က်ယ္ယန္ကို ျပန္ၾကည့္လာသည္။ ထို႔ေနာက္ အၾကည့္ျပန္႐ုတ္ကာ ေျပာလိုက္၏။ “ က်ယ္ယန္ မင္း ဒီေန႕ေျပာခဲ့တဲ့စကားကို မွတ္ထားေနာ္။ ”
ကားက ယန္ရွင္း႐ုံးတြင္ရပ္သြားကာ က်ယ္ယန္လည္း ကားေပၚမွ ဆင္းသြားသည္။
“ မင္း ရိပ္သာကို ဘယ္တုန္းက ေရာက္တာလဲ။ ”
က်ယ္ယန္ ေျခလွမ္းတန့္သြားကာ ကားထဲရွိ ခ်ိဳးရွင္းကို လွည့္ၾကည့္လိုက္၏။ “ ဒီမနက္က ” က်ယ္ယန္ ဒရိုင္ဘာျပတင္းေပါက္သို႔ အမွတ္တမဲ့ဟန္ျဖင့္ လွမ္းၾကည့္လိုက္ရာ က်ိဳးေျမာင္လက္က ထိတ္လန့္မႈေၾကာင့္ ေတာင့္တင္းသြား၏။ ခ်ိဳးရွင္းက သူ႕ကိုနားလည္သည့္သေဘာျဖင့္ ေခါင္းညိတ္ျပလာသည္။ ထို႔ေနာက္ ကားမွန္ကိုတင္ကာ က်ိဳးေျမာင္ကို ကားထြက္ဖို႔ အခ်က္ျပလိုက္သည္။ က်ိဳးေျမာင္မွာမူ တိုးတိုးတိတ္တိတ္ စိတ္ေအးသြားရေခ်၏။
ကားက ႐ုန္တင္းကားပါကင္တြင္ ရပ္တန့္သြားသည္။
“ သူ ဘယ္တုန္းကတည္းက လာတာလဲ။ ”
က်ိဳးေျမာင္ ေရွာ့ခ္ရသြားရျပန္ၿပီ။ သူသည္ ကားေနာက္ၾကည့္မွန္ထဲမွ ခ်ိဳးရွင္း၏ ပုံမွန္ႏွင့္မတူေအာင္ ေအးေဆးတည္ၿငိမ္ေနပါေသာ အမူအရာကို ေသခ်ာလွမ္းအကဲခတ္ရင္း ရင္ထဲ ထိတ္ခနဲျဖစ္သြားရသည္။ ထို႔ေနာက္ သူ ဂ႐ုတစိုက္ျဖင့္ ျပန္ေျဖလိုက္သည္။ “ ဒီ -ဒီေန႕မွပါ …”
“ ေသခ်ာ ျပန္ေတြးၾကည့္ပါဦး။ ”
က်ိဳးေျမာင္သည္ နတ္ဆိုးႀကီးႏွင့္ နတ္ဆိုးေလးၾကားမွာ ေ႐ြးခ်ယ္ဖို႔ဗ်ာမ်ားရင္း ရင္ထဲ တထိတ္ထိတ္ျဖစ္လို႔ေနၿပီ။ ေနာက္ဆုံးမွာေတာ့ နတ္ဆိုးႀကီးကိုသာ ေ႐ြးခ်ယ္လိုက္ရသည္။ “ မေန႕ကပါ။ သူေဌးေလးက သူေဌးကို ည ၁၁ နာရီအထိ ကားထဲမွာ ေစာင့္ေနခဲ့တာပါ။ ၿပီးမွာ ကြၽန္ေတာ့္အခန္းကို လိုက္အိပ္ —”
ခ်ိဳးရွင္းက ေအးတိေအးစက္ျဖင့္ လွမ္းၾကည့္လာ၏။
က်ိဳးေျမာင္ ကမန္းကတန္း ဆက္ေျပာလိုက္ရ၏။ “ ကြၽန္ေတာ္က ၾကမ္းျပင္ေပၚမွာ အိပ္တာပါ ! ကြၽန္ေတာ္ ေစာေစာအိပ္ၿပီး ေနာက္က်မွ အိပ္ရာထခဲ့ပါတယ္။ ဘာမွ မျမင္ခဲ့ပါဘူးဗ်ာ။ ကြၽန္ေတာ္ က်ိန္ေျပာရဲပါတယ္ !”
“ တကယ္လား။ ” ခ်ိဳးရွင္းက ထိုင္ခုံေပၚကို သက္ေတာင့္သက္သာ မွီခ်ကာ မ်က္လုံးမွိတ္လ်က္ အနားယူလိုက္၏။ “ မင္းက လူသာငယ္တာ ေလကေတာ့ မေသးပါလား … ဟြန့္ ”
***
လ်ိဳရွားက အရင္ေရာက္ႏွင့္ေနၿပီး ယန္ရွင္းဧည့္ႀကိဳခန္းမတြင္ မဂၢဇင္းတစ္ေစာင္ကို ၾကည့္ရင္းထိုင္ေန၏။ အေရွ႕စားပြဲက ဝန္ထမ္းသစ္ေလးသည္ သူမကို မၾကာခဏ ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနသည္။ ထိုဝန္ထမ္းမေလးက က်ယ္ယန္ကိုျမင္တာႏွင့္ မ်က္ဝန္းေတြ ဘလင္းဘလင္းထသြားကာ အေျခအေနကို အျမန္တင္ျပလာသည္။
က်ယ္ယန္ နားေထာင္ၿပီးေနာက္ ရွင္းျပလိုက္ပါသည္။ “ သူက ဧည့္သည္မဟုတ္ဘူး။ ဒုဥကၠဌအသစ္ပါ။ အလုပ္သြားလုပ္ခ်ည္ေတာ့။ ” ထို႔ေနာက္ လ်ိဳရွားရွိရာဘက္သို႔ သြားကာ ၿပဳံးျပလိုက္သည္။ “ အစည္းအေဝးစဖို႔ အခ်ိန္က်ပါၿပီ အႀကီးအကဲလ်ိဳခင္ဗ်။ ”
“ အစည္းအေဝးစဖို႔ မေလာပါနဲ႕ဦး။ ဒါကို အရင္ေျဖရွင္းၾကရေအာင္။ ” လ်ိဳရွားက သူမဖုန္းကို ျမႇောက္ျပလာ၏။ “ ဥကၠ႒က်ယ္ မင္းမွာ အခက္အခဲနည္းနည္း ရွိေနပုံရတယ္။”
အစည္းအေဝးခန္းထဲတြင္ လူစုံေနၿပီ။ က်ယ္ယန္သည္ လ်ိဳရွားကို ဟူေပ်ာင္း၊ အသစ္ခန့္ထားေသာ ဌာနဆိုင္ရာ အႀကီးအကဲမ်ားႏွင့္ မိတ္ဆက္ေပးၿပီးေနာက္ အစည္းအေဝးကို က်င္းပခဲ့သည္။
အစည္းအေဝးၿပီးေနာက္ လ်ိဳရွားႏွင့္ ဟူေပ်ာင္းသည္ က်ယ္ယန္ကို ဥကၠ႒႐ုံးခန္းမွာ လာေရာက္ေတြ႕ဆုံၾကသည္။
ဟူေပ်ာင္းသည္ Weibo ေပၚက နာမည္ႀကီး ဂီတပညာရွင္တစ္ေယာက္ေရးသားေသာ ‘ရည္႐ြယ္ခ်က္ကို ျပန္လည္သုံးသပ္ျခင္း’ အား ဖြင့္ၾကည့္ရင္း သူ႕မ်က္ႏွာက မဲေမွာင္လို႔သြားသည္။
“ ဒါက ဟြမ္ထ်န္းဘက္က လူရွာၿပီးေရးခိုင္းထားတဲ့ ေဆာင္းပါးပဲျဖစ္ရမယ္။ က်ီဇယ့္ေဟြ႕က အဆိုေတာ္ေကာင္းတစ္ေယာက္လို႔ ေဖာ္ျပထားၿပီး က်ီဇယ့္ေဟြ႕က အသံေအာင္ၿပီး အျမင့္သံေတြဆိုနိုင္တယ္ဆိုၿပီး ပုံႀကီးခ်ဲ့ေျပာထားတယ္။ မင္းကိုေတာ့ ေနာက္ခံအဆိုေတာ္။ မင္းက အသံေတာ့ေကာင္းေပမဲ့ သီခ်င္းဆိုတဲ့ အရည္အခ်င္းကက် မေကာင္းဘူးတဲ့။ ေယဘုယ်အားျဖင့္ မင္းအသံက ဘယ္သံေဖ်ာ္ေျဖေရးေတြမွာ ေကာင္းတယ္ဆိုတဲ့အေၾကာင္း တျခားလူေတြနဲ႕ေတာင္ ဥပမာျပထားေသးတယ္။ မင္းရဲ႕အျမင့္သံက စူးရွၿပီး အားနည္းသလို မင္းအသံတုံးကလည္း က်ဥ္းတယ္တဲ့။ ”
လ်ိဳရွားကမူ ဟူေပ်ာင္းထက္ အမ်ားႀကီးကို ပိုတည္ၿငိမ္ကာ သူမကပဲ ခြဲျခားစိတ္ျဖာျပလာသည္။ “ က်ယ္ယန္က ဟိုက္ႏုတ္အျမင့္ႀကီးေတြမဆိုဖူးေတာ့ ဒီအကဲျဖတ္ခ်က္ေတြကို ပရိသတ္ေတြလည္း မျငင္းနိုင္ၾကဘူး။ ဟိုက္ႏုတ္ရယ္လို႔ ယူဆလို႔ရတာကလည္း ထုံက်န္းနဲ႕ ဟာမိုနီလိုက္ေပးတဲ့ တစ္ေနရာပဲရွိတယ္ေလ။ ”
ဟူေပ်ာင္း ေဒါပြလာၿပီး သူ႕ဖုန္းကို ပစ္ခ်ကာ က်ယ္ယန္ကို ေျပာလာသည္။ “ ဒီဂီတပညာရွင္မွာ တရားမွ်တတတ္တဲ့ ပုံရိပ္မ်ိဳးရွိသလို သူ႕ရဲ႕ လႊမ္းမိုးနိုင္မႈကလည္း မနိမ့္ဘူး။ လူထုကို လမ္းေၾကာင္းျပင္ေပးဖို႔က သူ႕အတြက္ဆို လြယ္လြယ္ေလးပဲ။ သူက အရမ္းကို ပညာသားပါပါ ေရးထားတာကြ။ က်ီဇယ့္ေဟြ႕ကို ခ်ီးက်ဴးတဲ့အခါ ပညာေတာ္ေပမဲ့ လူႀကိဳက္မမ်ားတဲ့ ဂီတပညာရွင္ေတြနဲ႕ ခိုင္းႏွိုင္းတယ္။ က်ီဇယ့္ေဟြ႕ကို အေထာက္အကူျပဳဖို႔ အဲ့ဒီအဆိုေတာ္ေဟာင္းႀကီးေတြကိုေတာင္ အသုံးခ်လိဳက္ေသးတယ္။ တစ္ခ်ိန္တည္းမွာပဲ အေပၚယံအဆိုေတာ္တစ္ေယာက္ရဲ႕ပုံရိပ္နဲ႕ မင္းကိုခ်ည္ေႏွာင္ဖို႔အတြက္ နာမည္ပ်က္အဆိုေတာ္ေတြနဲ႕ ဥပမာေပးခိုင္းႏွိုင္းထားတယ္။ ”
က်ယ္ယန္ နားမလည္ပါ။ “ ဒီဂယက္က ေပ်ာက္သြားဖို႔ လြယ္တယ္ေလ။ ဟြမ္ထ်န္းရဲ႕ေထာင္ေခ်ာက္က မိုက္႐ူးရဲမဆန္လြန္းဘူးလား။ ”
“ မိုက္႐ူးရဲဆန္တာမဟုတ္ဘူး။ ” ဟူေပ်ာင္း၏အမူအရာက အလြန္အမင္းကို ဆိုး႐ြားျပင္းထန္လို႔သြားၿပီ။ “ ေမာ့ပင္းက ဟြမ္ထ်န္းနဲ႕ စာခ်ဳပ္ခ်ဳပ္လိုက္ၿပီလို႔ သတင္းၾကားတယ္။ ”
အကုန္ သတင္းဆိုးေတြခ်ည္းပဲ။
က်ယ္ယန္က အတည္ေပါက္ျဖင့္ ေျပာၾကားလိုက္သည္။ “ ေကာင္းကင္ဘုံမသြားနိုင္မွေတာ့ ငရဲဆင္းရမွာ အမွန္ပဲေလ။ သူ႕အတြက္ မစိုးရိမ္ပါနဲ႕။ ဒီေတာ့ ဟြမ္ထ်န္းဘက္က ဒီလိုေဆာင္းပါးမ်ိဳးပို႔လာတာ ေမာ့ပင္းေၾကာင့္မလို႔လို အစ္ကိုေျပာခ်င္တာလား။ ”
ဟူေပ်ာင္းက ေခါင္းညိတ္၏။ “ မမွတ္မိဘူးလား။ မင္း အဖြဲ႕ထဲဝင္လာေတာ့ ငါက မင္းကို ေမာ့ပင္းအတြက္ သီခ်င္းတစ္ပုဒ္ဆိုခိုင္းတယ္ေလ။ မင္းက အရမ္းလန့္သြားၿပီး အသံက ေျခာက္ကပ္ကပ္ျဖစ္သြားတာ။ အဲ့ဒါေၾကာင့္ပဲ မင္းရဲ႕အျမင့္သံက ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားခဲ့တယ္။ ေမာ့ပင္းက မင္းကို ေခ်ာ့ေပးၿပီး မလန့္ဖို႔ အားေပးခဲ့ေသးတယ္ေလ။ ေနာက္ရက္ပိုင္းေလာက္ၾကာရင္ မင္းကို သီခ်င္းထပ္ဆိုဖို႔ ေလ့က်င့္ခိုင္းဦးမယ္လို႔ ေျပာခဲ့တယ္။ အဲ့ဒီေနာက္ေတာ့ မင္းဆိုသမွ် သီခ်င္းအမ်ိိုးအစားအားလုံးကို ငါတို႔က ပယ္ခ်ပစ္ခဲ့ရတယ္။ ”
က်ယ္ယန္ မ်က္ခုံးပင့္သြား၏။ “ ဒါဆို ေမာ့ပင္းရဲ႕ အျမင္မွာ ကြၽန္ေတာ့္အျမင့္သံက အၿမဲတမ္းဆိုး႐ြားေနခဲ့တာေပါ့။ ”
“ အင္း ”
က်ယ္ယန္ ၿပဳံးလိုက္သည္။ “ ဒါ ေကာင္းတဲ့ကိစၥပဲ။ ဒါက မ်က္ႏွာဝင္ယူဖို႔ အေကာင္းဆုံးအခြင့္အေရးပဲေလ။ ဘာေတြ ေတြးပူေနတာလဲ။ ”
ဟူေပ်ာင္းကေတာ့ သိပ္ၾကည္ပုံမရေတာ့ေပ။ “ ေမာ့ပင္းသာ ဟြမ္ထ်န္းနဲ႕ စာခ်ဳပ္ခ်ဳပ္ျဖစ္သြားရင္ မင္းကို ေသခ်ာေပါက္ ခ်နင္းသြားၾကမွာလို႔ ေျပာခဲ့တာ မင္းပဲမဟုတ္ဘူးလား။ ေသခ်ာေပါက္ ငါစိုးရိမ္ရတာေပါ့ ! အခုေလးတင္ သူက ဟြမ္ထ်န္းထဲဝင္လိုက္တယ္။ အခုပဲ ဒီလိုေဆာင္းပါးမ်ိဳးတက္လာတယ္။ ေနာက္ပိုင္း IUD ရဲ႕သူ႕ပညာေတြကိုပါ ေဖာ္ေကာင္လုပ္လာမလားဆိုတာ ဘုရားပဲ သိေတာ့မယ္ !”
“ ကြၽန္ေတာ္ေတာ့ မေၾကာက္ေပါင္။ သူက IUD ကိုသိတယ္ အစ္ကိုက သူ႕ကိုသိတယ္။ လူတိုင္းက တစ္ေယာက္အားနည္းခ်က္ကို တစ္ေယာက္ ကိုင္ထားၾကတာပဲေလ။ ဒီကိစၥက ေျမႀကီးလက္ခတ္မလြဲ ႀကဳံလာရမယ့္ကိစၥႀကီး။ လက္ေတြ႕က်တဲ့ အစီအစဥ္ေတြပဲ ခ်မွတ္ရေတာ့မွာ။ အလုပ္နဲ႕ပဲ သက္ေသျပလိုက္ၾကစို႔။ ”
မၾကာခင္မွာပဲ က်ယ္ယန္အတြက္ အလုပ္ျဖင့္ သက္ေသျပဖို႔ အခြင့္အေရးတစ္ခု ေပၚလာသည္။
တနဂၤေႏြေန႕ ညေနခင္းတစ္ခု၌ က်ီဇယ့္ေဟြ႕သည္ " ေတးသီခ်င္းဧကရာဇ္က ဘယ္သူလဲ ( Who is the King of Songs ) " ဆိုေသာ သီခ်င္းၿပိဳင္ပြဲ ရသစုံရွိုးတစ္ခုတြင္ ပါဝင္ခဲ့၏။ ရွိုးပြဲအၿပီး အင္တာဗ်ဴး၌ သတင္းေထာက္တစ္ေယာက္သည္ ေနာက္လာမယ့္ အပိုင္းအတြက္ သူဖိတ္ၾကားခ်င္ေသာ ဧည့္သည္ကို ေမးျမန္းခဲ့၏။ က်ီဇယ့္ေဟြ႕က အလြန္ႏွစ္ၿခိဳက္ဖြယ္ေကာင္းစြာၿပဳံးလ်က္ ေျဖၾကားလာသည္။ “ အခုတေလာ Weibo ေပၚမွာ တက္သစ္စေလးတစ္ေယာက္ရဲ႕ ေဖ်ာ္ေျဖပြဲကို မၾကာခဏေတြ႕ေနရတယ္။ အဲ့ဒီေဖ်ာ္ေျဖမႈကလည္း အံ့ၾသစရာေကာင္းတယ္ဗ်။ ဒီလိုထူးခြၽန္တဲ့ လူသစ္ေလးေတြကို ဂီတနယ္ပယ္ထဲမွာ မေတြ႕ရတာ အေတာ္ၾကာၿပီ။ ျဖစ္နိုင္ရင္ သူ႕ကို ဧည့္သည္အျဖစ္ ဖိတ္ခ်င္ပါတယ္။ ”
အစီအစဥ္ထုတ္လႊင့္သည့္ တစ္ခဏမွာပဲ လူထုသေဘာထားက ျပင္းထန္သြားကာ တုံ႕ျပန္မႈေတြကလည္း မ်ိဳးစုံေရာေထြးလို႔သြားၾကသည္။
႐ူးေၾကာင္ေၾကာင္ႏွင့္ တုံးအေသာ က်ယ္ယန္ပရိသတ္ျဖစ္လာသူမ်ားသည္ စိတ္လႈပ္ရွားစြာျဖင့္ က်ီဇယ့္ေဟြ႕ Weibo သို႔သြားကာ သူ႕သုံးသပ္ခ်က္ႏွင့္ သေဘာထားအတြက္ ေက်းဇူးတင္စကားသြားေျပာၾကသည္။ က်ယ္ယန္ကို သည္လိုအခြင့္အေရးမ်ိဳးေပးသည့္အတြက္လည္း ေက်းဇူးတင္ေနၾကျပန္၏။
ထက္ျမက္ေသာ ပရိသတ္အခ်ိဳ႕ကမူ IUD ၏ နင္းေခ်ျခင္း ခံလိုက္ရေသာ " ၿပိဳပ်က္သြားေသာ ပိုးအိမ္ " ကို အမွတ္ရသြားကာ တစ္ခုခုမွားေနၿပီမွန္း သေဘာေပါက္သြားၾကသည္။
ေဘးလူမ်ားကေတာ့ က်ယ္ယန္၏ ေနာက္ထပ္ပုံရိပ္မ်ားကို ေစာင့္ၾကည့္ရင္း တက္သစ္စလူသစ္ေလးကို ပိုမိုျပည့္စုံစြာ သိရွိခြင့္ရဖို႔ ေမွ်ာ္လင့္ေနၾကသည္။
က်ီဇယ့္ေဟြ႕ပရိသတ္မ်ားကေတာ့ နည္းနည္းမေက်မနပ္ျဖစ္ေနၾက၏။ က်ီဇယ့္ေဟြ႕အဆင့္အရဆိုလွ်င္ တက္သစ္စေလးတစ္ေယာက္ကို ဧည့္သည္အဆိုေတာ္အျဖစ္ ပါဝင္ခြင့္ျပဳတာက ထိုတက္သစ္စေလးကို ပရိုမိုးရွင္းဆင္းေပးဖို႔မွန္း မလြဲဧကန္ ခံစားမိေနၾကသည္ကိုး။ လူသစ္ေလးက သူ႕ထံမွ ဂုတ္ေသြးဆုပ္ဖို႔ကို သူ႕ဘက္ကေနေတာင္ ေသြးျပန္ေပးေနသည့္ လုပ္ရပ္အေပၚ က်ီဇယ့္ေဟြ႕က သေဘာေကာင္းလြန္းလိုက္တာဟု ဝမ္ပန္းတနည္း ေအာ္ဟစ္ငိုေႂကြးၾကေလသည္။
[ TN: ေျပာခ်င္တာကကြာ က်ီဇယ့္ေဟြ႕ရဲ႕ အယ္လ္ဘမ္ကို ယန္ယန္တို႔ အယ္လ္ဘမ္က ေက်ာ္သြားတာေတာင္ က်ီဇယ့္ေဟြ႕က စိတ္မဆိုးဘဲ ယန္ယန္ကို အစီအစဥ္ေခၚၿပီး ပရိုမိုးရွင္း ကူးဆင္းေပးလိုက္တယ္လို႔ ဖန္ေတြက ပန္းႏုေသြးၾကတာ။ ]
━━━━━━━━━━━━━━━━━━━━━━━