ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

422K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 26

4.9K 918 50
By PoneyPeach

Unicode
အခန်း ( ၂၆ )

ထုံကျန်းနှင့် ပရိသတ်များ စကားပြောပြီးတာနှင့် စတိတ်စင်က တစ်ဖန်ပြန်ပြီး အမှောင်ကျသွား၏။

ကျယ်ယန်က အမှောင်ထဲမှာသာ မတ်တပ်ရပ်နေသည်။

နောက်စတိတ်က ထုံကျန်းဖျော်ဖြေရမှာဖြစ်လို့ သူ ခဏမျှ အနားယူနိုင်သည်လေ။

စင်ပေါ်၌ IUD ၏ နာမည်ကြီးသီချင်းများထဲမှ တစ်ပုဒ်ဖြစ်သော Dreaming ပဏာမတီးလုံးသံသာက ထွက်ပေါ်လာသည်။ ကျယ်ယန် စင်အနောက်သို့ လျှောက်လာတာနှင့် ဟူပျောင်းက သူ့ကို တန်းနှုတ်ဆက်လာသည်။ သူ့ဖုန်းကို ကျယ်ယန်လက်ထဲထိုးပေးကာ စိတ်အေးသွားဟန်ဖြင့် ဆိုသည်။     “ ကြည့် ! ကြည့် ! Weibo ပေါ်က marketing အကောင့်တွေအားလုံး တိတ်ကုန်ကြပြီ ! မင်းသီချင်းမထုတ်ပြရသေးတာတောင်မှ မင်းကိုဆဲထားတဲ့ ပို့စ်တွေကို တိတ်တိတ်လေး ပြန်ဖျက်သွားကြပြီ ! ဗက်ဟက်ဟက် ! ငါ အနောက်သွားပြီး သူတို့အကောင့်တွေနဲ့ တစ်ယောက်ချင်းစီ စာရင်းသွားရှင်းလိုက်ဦးမယ် !”

ကျယ်ယန်သည် ဖုန်းမျက်နှာကို ကြည့်ရင်း နာမည်ကြီး ဂီတဝေဖန်ရေးသမားတစ်ယောက်၏  Weibo homepage ကို တွေ့လိုက်ရသည်။ ဂီတဝေဖန်ရေးသမားက အခုလေးတင် ပို့စ်တစ်ခုကို တင်လိုက်တာဖြစ်သည်။

နားပါးတဲ့ အဘိုးကြီး : မကြာခင်က လူထောင်ချီ ဆဲဆိုနေတဲ့ လူငယ်တက်သစ်စလေးတစ်ယောက်ရဲ့ ဖျော်ဖြေမှုကို ငါ ကြည့်ခဲ့ရတယ်။ ငါပြောချင်တာကတော့ ဒီလိုအဆင့်မျိုးကိုတောင် မကောင်းပြောနေကြရင် မင်းတို့တွေက ဘယ်လောက်တောင် လိုချင်နေကြတာတုန်း။ ဒီသီချင်းကို ဘုရားသခင်ရဲ့ တေးသံသာအဖြစ် မှတ်ယူမယ်။  IUD ရဲ့ အမှတ်သ​ေ​င်္ကတအဖြစ် သတ်မှတ်မယ်။ ဆုလာဒ်အနေနဲ့ ထိန်းသိမ်းထားမယ်။ ငါ ကျယ်ယန်ကို ချီးကျူးချင်နေတယ်လို့ ထုတ်မပြောတော့ဘူးနော်။ ဒီကလေးအသံက အရမ်းကောင်းတယ် !

“ တိုက်ရိုက်ထုတ်လွှင့်မှုကလည်း သူ့အသံကြောင့် လုံးဝဥဿုံ ပြောင်းလဲသွားတာ။ အစပိုင်းက တရစပ်တက်နေတဲ့ ဝေဖန်မှုတွေဆိုတာလည်း မမြင်တော့သလောက်ကို ဖြစ်သွားတာကွ !”

ဟူပျောင်းက ဖုန်းကိုထပ်နှိပ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြောင်းလိုက်သည်။

ကျယ်ယန် ၎င်းကို ကြည့်လိုက်၏။

ဝေဖန်ချက်များဟာ အလျင်အမြန်ပဲ ဘေးချိတ်ခံလိုက်ရကာ တိုက်ရိုက်ထုတ်လွှင့်ရေးခန်း၏ ကြည့်ရှုနှုန်းကလည်း တစ်ဟုန်ထိုး မြင့်တက်သွား၏။

- ငါ့စိတ်ထဲမှာ ကျယ်ယန်ရဲ့ အနိမ့်သံနဲ့ ပြည့်သွားပြီ။ အသံနဲ့ လူသတ်တာပဲ။ တကယ့်ကို အသံနဲ့ လူသတ်နိုင်တာပဲ။

- ပြောစရာကို မရှိတော့ဘူး။ တကယ့်ကောင်းတာဟ။

- ဒီမှာ ပါးပြန်ရိုက်ခံလိုက်ရတယ်လို့ ကြားမိလို့။ ငါ ဖျော်ဖြေပွဲ အဖွင့်ကို မမီလိုက်ဘူးဟ။ Weibo က လေထုက ထူးဆန်နေတယ်။ ဘာတွေလဲ။

- အလယ်မှာ ကျယ်ယန်သီချင်းဆိုတော့လေ ငါ့မှာ ကြက်သီးတွေထသွားတာပါဆိုနေ။

- ဒီသီချင်းက အရမ်းအသေးစိတ်ကျတယ်။ ကျယ်ယန်ရေးတယ်ဆိုတာ တကယ်လား။ 

- ငါ နောက်ကျသွားပြီ။ လူချမ်းသာ ဒုတိယမျိုးဆက်လေးက အားလုံးကို ဝုန်းပစ်လိုက်ပြီလား။  လူချမ်းသာ ဒုတိယမျိုးဆက်လေးက အားလုံးကို ဝုန်းပစ်လိုက်ပြီလား။

- NM ဖွင့်ပြီး ထွက်သွားတော့  !

- ငါ့အထင် ကျယ်ယန်က အပိုင်းနည်းနည်းပဲဆိုပြီး သူ့နေရာကလည်း အမြဲတမ်း ကင်မရာနဲ့ အဝေးမှာလားလို့။ ဒီဖျော်ဖြေပွဲမှာ သူ့ကိုယ်သူ ဘုံ​မြှောက်ဖို့ ငွေထုတ်ပေးခဲ့တာလို့ လူတွေပြောခဲ့ကြတာမဟုတ်လား။ အဲ့ဒါက ဒါ​​လေးအတွက်လား။

-ဘာလို့ လူသုံး​ယောက်ပဲ  Dreaming ကို ဆိုနေတာလဲ။ ကျယ်ယန်က ဘယ်မှာလဲ။

- သူက စင်ပေါ်တက်ရမှာ ​ကြောက်လို့လေ။

- ချိုချိုသာသာ ပြောကြစမ်းပါ။ ငါကတော့ ကျယ်ယန်က အရမ်းချောတာပဲလို့ မြင်တယ်။ ငါအဆဲခံရမှာစိုးလို့သာ ဒါကို ထုတ်မပြောဝံ့ခဲ့တာ။ 

- ဟား ဟား ဟား ငါက မော့ပင်းရဲ့ black fan ပဲ ငါတော့ မဟားတရားကို ပျော်နေပြီ ! ကျယ်ယန်က အရမ်းမိုက်တယ် ! မော့ပင်းရေ လူသစ်တစ်ယောက်ရဲ့ သီချင်းက ဒီ level အထိတောင် ရှိသွားပြီနော်။ လူသစ်လေးမှာ ဒီလိုအသံအနေအထားလည်း ရှိတယ်။ နင် နောက်တရပြီလား ။

- ဒါရိုက်တာက မမိုက်လိုက်တာ။ ကင်မရာကို မော့ပင်းဘက် လှည့်ရမယ့် အချိန်လေဟယ် !

- နောက်ဆုံးတော့ မော့ပင်းသွားတယ်လား။  ‘ ကျွန်တော့် ညီအစ်ကိုတွေက ကျွန်တော့်ကို သစ္စာဖောက်ခဲ့ပေမယ့် ကျွန်တော်ကတော့ IUD ရဲ့ အထိမ်းအမှတ်ဖျော်ဖြေပွဲကို အကျည်းတန်အောင် မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဝမ်းနည်းမှုကို ကြံ့ကြံ့ခံပြီး စတိတ်ကိုပဲ စောင့်ကြည့်သွားမှာပါ ’ လို့ မပြောခဲ့ဖူးလား။ သူက ဝမ်းနည်းနေတုန်းလား။ ဟ ဟ ဟ မြင်ရတာတော့ IUD က ပြန်ပြီး တိုးတက်လာတော့မှာ။ မော့ပင်း သူ့ညီအစ်ကိုတွေအတွက် ပျော်ရဲ့လား။ ဟားဟားဟား !

ဟူပျောင်းက ဗလုံးဗထွေးဖြင့် ရေရွတ်၏။  “ ငါ့ဒေါသတွေတော့ လျော့သွားပြီ။ ”

ကျယ်ယန် ခေါင်းတညိတ်ညိတ်ဖြင့် ရယ်လျက် ဟူပျောင်းထံ ဖုန်းပြန်ပေးလိုက်၏။ ထို့နောက် ဘေးသို့သွားထိုင်ကာ လတ်တလော သီချင်းဆိုခဲ့သည့် ခံစားချက်ကို တသသဖြင့် ပြန်ခံစားနေမိ၏။ ထို့နောက် ဖုန်းထုတ်ကာ ချိုးရှင်းထံသို့ WeChat တစ်စောင် ပို့လိုက်သည် : ရှိုးပွဲက ကောင်းလား။

ချိုးရှင်းက စက္ကန့်ပိုင်းအတွင်း စာပြန်၏: မင်းအလှည့်ကရော

ကျယ်ယန် : ကျွန်တော်က နောက်မှပြန်တက်လာမှာ

ချိုးရှင်း : ဘယ်တော့လဲ။

ကျယ်ယန် : တစ်နာရီလောက်နေရင်

ခဏတာမျှ ငြိမ်သက်သွား၏။

ချိုးရှင်း : စိတ်ပျက်စရာ ! သက်သက် အချိန်ဖြုန်းနေတာ !

VIP ထိုင်ခုံ၌။

ချိုးရှင်းသည် စူပုတ်ပုတ်မျက်နှာပေးဖြင့် အိတ်ကပ်ထဲ ဖုန်းထည့်လိုက်၏။ ထို့နောက် လျိုရှားထံမှ နားဆို့နှင့် အသံလုံနားကြပ်ကို တောင်းတပ်ပြီး သူ့ထိုင်ခုံကိုမှီကာ မျက်လုံးမှိတ်လျက် အနားယူ​ချေတော့သည်။ တိုက်ရိုက်ထုတ်လွှင့်ရုံက သူ့အပိုင်ဖြစ်သလို လျှိုရှားကလည်း ကြိုတက်အကြောင်းကြားထားပြီးသား။ ထို့ကြောင့် ကင်မရာထဲပါသွားမှာကို စိုးရိမ်စရာမလိုပေ။

***

စတိတ်ပေါ်၌မူ ဖျော်ဖြေပွဲက ဆက်လက်ကျင်းပလျက်ရှိသည်။

ပွဲကြည့်ပရိသတ်များသည် စင်ပေါ်၌ လူသုံးဦးသာရှိသည်ကို မြင်တာနှင့် နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သို့တိုင် Dreaming ရှေ့ပြေးတီးလုံးက စလာပေပြီ။ အားလုံးက သူတို့သံသယများကို ဝေးဝေးသို့ ဝဲပစ်လိုက်ကြပြီး အတိတ်နေ့ရက်များစီက IUD ၏ အမှတ်တရများကိုသာ စိတ်အားတက်ကြွစွာဖြင့် ပြန်ပြောင်းအောက်မေ့ကြကုန်၏။ သူ့တို့အတွက်တော့ အဖွဲ့ဝင်တစ်​ယောက် လစ်ဟာနေလျှင်တောင် IUD အဖွဲ့ဟောင်းတွေချည်းသာ သီချင်းဆိုသင့်သည်​လေ။

ငါးနှစ်အတွင်း အယ်လ်ဘမ်လေးချပ်နှင့် သီချင်း ၄၂ ပုဒ်ရှိခဲ့ရာ ရွှီချန်ဟောင်ရေးခဲ့တာက ၂၀ ပုဒ်ရှိ၏။

Dreaming ပြီးတော့ Imagination နောက်တော့ Unity… ဤသို့ဖြင့် လူသုံးယောက်သည် တစ်ပုဒ်ပြီးတစ်ပုဒ် မနားတမ်း သီဆိုခဲ့ကြသည်။ သူတို့သည် ပရိသတ်များကို စကားမပြောဘဲ ရံဖန်ရံခါမှသာ လက်ဝှေ့ယမ်းနှုတ်ဆက်ကြ၏။ သူတို့၏ အသိစိတ်နှင့် အာရုံစူးစိုက်မှုကို မျက်မှောက်က IUD ၏ နောက်ဆုံးစတိတ်ပေါ်ကိုသာ အရေးစိုက်ထား၏။

ရွှီချန်ဟောင်ရေးထားသော သီချင်း အပုဒ် ၂၀ လုံး ဆိုပြီးနောက်မှာတော့ သီချင်းသံက ရပ်တန့်သွား၏။ ဂီတသံကလည်း ပျက်တောက်သွားကာ လူသုံးယောက်၏ ဝင်သက်ထွက်သက်ကို မိုက်ကနေတစ်ဆင့် ကြားနေရသည်။ အားကစားရုံတစ်ခုလုံး ငြိမ်ကျသွားကာ ပရိသတ်များသည် စတိတ်ပေါ်က ချွေးတရွဲရွဲနှင့် IUD အဖွဲ့ဝင်များကို လှမ်းမျှော်ကြည့်နေကြသည်။

ထုံကျန်းက လက်ကိုမြှောက်ယမ်းကာ ပျော်ရွှင်စွာဖြင့် ​အော်ပြောသည်။ “IUD က ငါးနှစ်ပြည့်သွားပြီ !”

ပရိသတ်တွေကလည်း နောက်ကလိုက်အော်ကြသည်။

ခယ့်လန်နှင့် ရွှီချန်ဟောင်လည်း ပြုံးပန်းဝေသွားလျက်သား။ ထုံကျန်းက လက်ထပ်မြှောက်ပြန်သည်။   “ Happy birthday !”

ပရိသတ်တွေအားလုံးကလည်း happy birthday ဟု အော်ကာ အားပေးကြ၏။

ထုံကျန်းက မြှောက်ထားသော လက်ကို ပြန်ချလိုက်တာနှင့် အားလုံး၏ အော်ဟစ်အားပေးသံများက တိတ်သွား၏။

“ ဒီရှိုးပွဲကို မင်းတို့ဆီ ယူလာပေးခွင့်ရတဲ့အတွက် ကျေနပ်တယ်။ ” ထုံကျန်းက အသက်ပြင်းပြင်းရှိုက်သွင်းကာ ဘေးသို့လှည့်​ကြည့်လျက် စိတ်လှုပ်ရှားစွာဖြင့် ကြေညာလိုက်သည်။    “ အခု IUD ရဲ့ အဖွဲ့ဝင်အသစ် ကျယ်ယန်ကို တရားဝင်မိတ်ဆက်ပေးခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းကို ဝမ်းမြောက်မိပါတယ်။  ! အားလုံးပဲ သူ့ကို ကြိုဆိုလိုက်ကြရအောင် ! ”

ပရိသတ်များက လုံးလုံးတိတ်ဆိတ်သွားကြပြီး လက်ခုပ်သံကျိုးတိုးကျဲတဲက ဟိုမှသည်မှ ဝေဝေဝါးဝါးဖြင့် ထွက်ပေါ်လာ၏။ ကောလာဟလများဖြင့် နှစ်လတိုင်တိုင် ဦးနှောက်ဆေးခံရပြီးနောက်တွင် ပရိသတ်အများစု​သည် သီချင်းအသစ်လေးတစ်ပုဒ်ဖြင့် ကျယ်ယန် အဖွဲ့ထဲဝင်လာတာကို လက်မခံနိုင်ကြသေးပေ။ ထို့အပြင် ကျယ်ယန်က သီချင်းအသစ်ကို တစ်ခြားတစ်ယောက်ဆီက ဝယ်ခဲ့တာဟု ကြားခဲ့ကြသည်ကိုး  …

ချိုးရှင်း မျက်လုံးဖွင့်လာကာ သူ့နားကြပ်နှင့် နားဆို့များကို ချွတ်လိုက်၏။ ဤဝတ်ကျေတမ်းကျေ လက်ခုပ်တီးသံများကိုကြားတာနှင့် သူ့မျက်နှာက မဲမှောင်ကျသွားတော့သည်။ 

ထုံကျန်းသည်လည်း ထိုသို့ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ သူ ခေတ္တမျှ မှင်တက်ပြီးနောက် ထပ်ပြောလိုက်သည်။   “ အားလုံးပဲ ကျယ်ယန်ကို ကြိုဆိုလိုက်ကြရအောင် !”

လက်ခုပ်သံများက ထပ်မံပေါ်ထွက်လာသော်လည်း ခဏလေးဖြင့် ရပ်တန့်သွား၏။ ခယ့်လန်နှင့်် ရွှီချန်ဟောင် မျက်မှောင်ကြုတ်သွား၏။ 

ဤမနှစ်မြို့ဖွယ် အနေအထားဖြင့်ပင် ကျယ်ယန်သည် ဂီတာတစ်လက်ဖြင့် စင်ပေါ်တက်လာသည်။ သူက ရိုးရိုးရှင်းရှင်း ရှပ်အင်္ကျီအဖြူနှင့် ဂျင်းဘောင်းဘီကို လဲဝတ်ထား၏။ သားနားသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် ထုံကျန်းနှင့် အခြားလူများကြားတွင် နုပျိုရိုးရှင်းသော ဝတ်စုံပုံလေးက ထင်းနေ၏။

ကျယ်ယန်က တမင်တကာ ငယ်ရွယ်နုပျိုပြီး အပြစ်ကင်းစင်ဟန်ဆောင်နေသည်ဟူသော ပရိသတ်များ၏ တီးတိုးပြောသံကို ချိုးရှင်း ကြားလိုက်ရသည်။ ထိုစကားက ချိုးရှင်းကို ထိုင်ခုံလက်ရန်းအား ဒေါသတကြီးဖြင့် ဆွဲဆုပ်မိသွားစေ၏။

ကျယ်ယန်ကတော့ ပရိသတ်တွေ၏ သဘောထားကို အရေးစိုက်မနေပါ။ သူက ထုံကျန်းကမ်းပေးသော မိုက်ခရိုဖုန်းကို လှမ်းယူကာ  VIP ထိုင်ဘက်များရှိရာသို့ လှမ်းမျှော်ကြည့်ရင်း ချိုးရှင်းနေရာကို သေချာရှာလိုက်သည်။ ထို့နောက် ပြုံးကာပြောလိုက်၏။   “ ဒီ ' ပြန်လည်မွေးဖွားခြင်း ´ ဆိုတဲ့ သီချင်းက ကျွန်တော့်အတွက် လာရောက်ပေးတဲ့ ပရိသတ်အတွက် ရည်ရွယ်ပါတယ်။ ”

ချိုးရှင်း ခဏလောက်မှင်တက်သွားကာ သူ့လက်များကို ဖြည်းဖြည်းချင်း ဖြေလျော့လိုက်မိသည်။

အသိပေးပြီးတာနှင့် ကျယ်ယန်သည် မိုက်ကို ထုံကျန်းထံ ပြန်ပေးလိုက်သည်။ ပရိသတ်တွေ၏ သဘောထားကို ဂရုမထားဘဲ သူ့အတွက် ခယ့်လန်နှင့် ရွှီချန်ဟောင်ပြင်ပေးထားသော မိုက်နှင့် ထိုင်ခုံရှိရာသို့ လျှောက်သွား၏။ ထို့နောက် ဂီတာကို ဖက်လျက်ထိုင်ကာ မိုက်အမြင့်အနိမ့်ကို ချိန်ညှိသည်။

စတိတ်ပေါ်က မီးများက တဖြည်းဖြည်း မှိန်သွား၏။ အပေါ်ဘက်က အလင်းရောင်တန်း​လေးတစ်ခုသာ ကျယ်ယန်ကိုမိုးလျက် ထောင့်ဖြတ်လင်းလာချိန်တွင် ထုံကျန်းနှင့် အခြားသူများမှာ စိတ်လှုပ်ရှားတုန်ယင်သွားကြသည်။

ပရိသတ်များထဲတွင်လည်း နောက်ထပ်ရုတ်ရုတ်သဲသဲဖြစ်လာ၏။ ဘယ်နေရာက စလိုက်သည်မသိ၊ သက်တံ့ရောင်စုံ မီးရောင်များက တစ်ပွင့်ပြီးတစ်ပွင့် မှိတ်ကျသွား၏။ မီးတွေယူလာသော ပရိသတ်များကလည်း သူတို့မီးချောင်းများကို တစ်ယောက်ပြီးတစ်ယောက် ပိတ်သွားကြသည်။ မျက်စိတစ်မှတ်အတွင်းမှာပဲ မီးရောင်ကျိုးတိုးကျဲတဲသာ ကျန်ခဲ့ပြီး အားကစားရုံတစ်ခုလုံး အမှောင်ဖုံးတော့မတတ်​ဖြစ်သွား၏။  

အနက်ရောင် အလင်း။

ထုံကျန်းသည် စတိတ်စင်ပေါ်သို့ ပြန်ပြေးတက်သွားချင်သည့်တိုင် ခယ့်လန်နှင့် ရွှီချန်ဟောင် ပြန်ဆွဲချတာခံလိုက်ရ၏။

“XX.”  ဟူပျောင်းသည် ဆဲဆိုကြိမ်းမောင်းပြီး ထုံကျန်းကို ကူဆွဲပေးလာ၏။ “ သီချင်းအသစ် ဆိုပြီးသွားပြီလေ။ ဘာလို့ ဒီလိုဆက်ဖြစ်နေတာလဲ။ မသွားနဲ့ ! ကျယ်ယန် မှန်တယ်။ သူတို့ ငိုယိုပြီး တောင်းပန်လာတဲ့အထိ စောင့်လိုက်ကြရအောင် !”

VIP ထိုင်ခုံ၌။

ချိုးရှင်းသည် ဖျော်ဖြေပွဲများကို သိပ်မကြည့်ဖြစ်ပေမဲ့လည်း အားပေးသည့်မီးရောင်များ မည်းမှောင်လုမတတ်ဖြစ်သွားသည့် အခြေအနေမှာ အလွန်အမင်းကို ဆိုးရွားလှကြောင်းကိုတော့ သူသိသည်။ ချိုးရှင်း မျက်မှောင်ကြုတ်ကာ လျှိုရှားကို လှည့်မေးလိုက်၏။  “ ဘာဖြစ်တာလဲ။ ”

လျှိုရှားက အသံတိုးလျက် မီးအ​မှောင်ချတာ၏ အဓိပ္ပါယ်ကို ရှင်းပြ၏။ ချိုးရှင်း၏ မျက်နှာသည် မြောင်းပုတ်ရေကဲ့သို့ နောက်ကျိသွားပြီး သူ့အနောက်က အမည်းရောင် အားကစားရုံကြီးကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ဟယ်ကျွင်းကို ခိုင်းလိုက်လေသည်။   “  မီးလင်းတဲ့ပစ္စည်းတွေ ငါ့ဆီယူလာခဲ့။ အလင်းဆုံးနဲ့ စျေးအကြီးဆုံးဟာတွေ သယ်ခဲ့ !”

ဟယ်ကျွင်း:  “… သူဌေး အလင်းပြားတွေက ကျွန်တော်တို့ဘာသာ ကျွန်တော်တို့လုပ်ရမှာ။ အားပေးတဲ့ မီးချောင်းတွေကို ဝင်ခွင့်စစ်တုန်းက ဝန်ထမ်းတွေ ပေးတယ်လေဗျာ။ သူဌေးပဲ အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်ပြီးတော့။ ”

“……”  ချိုးရှင်းက စိတ်မရှည်စွာဖြင့် အလောသုံးဆယ် ခိုင်းပြန်၏။  “ ပြန်ကောက်ခဲ့ !”

ဟယ်ကျွင်းသည် သူ့ဘေးက ကျိုးမြောင်ကို လှည့်ပြောလိုက်သည်။   “ သူဌေးက မင်းကို မီးချောင်းတွေ သွားကောက်ခိုင်းနေတယ်။ ”

… အရူး ! မင်းကို သွားကောက်ခိုင်းဖို့ ပြောမှန်း ရှင်းနေတာကို !

ကျိုးမြောင်သည် ချိုးရှင်း၏ သနားစဖွယ် မျက်နှာထားကို လှမ်းကြည့်မိတော့ စောဒက မတက်ရဲတော့။ ထို့ကြောင့် မီးချောင်းတွေ ပစ်ထားခဲ့သော နေရာသို့သာ ပြန်သွားကောက်ရတော့သည်။ ထိုအချိန်တွင် လျှိုရှားက အကြံတစ်ခုရသွားပြီး ချိုးရှားနားနားသို့ တိုးတိုးလေးကပ်ပြော၏။ ချိုးရှင်းလည်း သူမပြောတာကိုနားထောင်ပြီး သူ့ဖုန်းကို ထုတ်လိုက်တော့သည်။

စင်ပေါ်၌။

မိုက်ညှိပြီးနောက် ကျယ်ယန်သည် မှောင်မဲနေသော ပရိသတ်ထိုင်ခုံများရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်၏။ သီချင်းဆိုရန် အကြည့်လွှဲဖို့ ပြင်လိုက်စဥ်မှာပဲ VIP ထိုင်ခုံဘက်က မသိမသာ ပိုလင်းနေတာကို ရုတ်ခြည်းသတိထားမိသွား၏။ Support stick မှ ရောင်စုံမီးရောင်များနှင့် မတူဘဲ ၎င်းက ကြယ်တစ်ပွင့်လို တစ်ထီးတည်း တောက်ပနေ၏။

သူမော့ကြည့်လိုက်သည်။ စင်က သိပ်ကိုမှောင်လွန်းနေတာကြောင့် မကျေမနပ်ဖြင့် ဖုန်းကိုင်ထားသော ချိုးရှင်းကို ကံကောင်းထောက်မစွာ မြင်သွား၏။ ကျယ်ယန် ခပ်ဖွဖွပြုံးကာ လက်ချလျက် ဂီတာကို အသာတီးခတ်လိုက်သည်။

ငြိမ့်ညောင်းကြည်နူးဖွယ် တေးသံသာက ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေညှင်းလို လွင့်ပျံစီးမျောလာ၏။ ထုံကျန်းနှင့် အခြားလူများကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့သော စင်မြင့်အနေအထားသည် ချက်ချင်းလက်ငင်းကို နုညံ့ပျော့ပျောင်းသွားချေ၏။ ကျယ်ယန်သည် မိုက်ရှေ့သို့ကိုင်းကာ ပထမဆုံး သီချင်းစာသားကို သီဆိုရန် သူ့နှုတ်ခမ်းပါးများကို ဖွဟလိုက်သည်။

ဂီတာသံက ရေကန်ထဲသို့ ပြုတ်ကျသွားသော ခဲတစ်လုံးလို ဖျော့တော့တုန်ခါသွားစဥ်တွင် သီချင်းသံက သူတို့နားအတွင်းသို့ ကုတ်ခြစ်ဝင်ရောက်လာသည်။ ၎င်းက နား၏ အထိမခံနိုင်ဆုံးသော အစိတ်အပိုင်းသို့ အတင်းဝင်ရောက်သွားကာ သူတို့စိတ်ထဲက တိတ်ဆိတ်အငြိမ်သက်ဆုံးသော နေရာကို ဖမ်းစားသွား၏။

ပရိသတ်တွေထဲမှာလည်း အုတ်အော်သောင်းနင်း ဖြစ်လို့နေသည်။ လောင်ရှို့ယူ၏မျက်လုံးများသည် အံ့စရာကောင်းလောက်အောင် ဝင်းလဲ့တောက်ပနေပြီး မသိစိတ်အရ ရှေ့သို့ကိုင်းလိုက်မိ၏။

မော့ပင်းကမူ သူနှင့်ဆန့်ကျင်ဘက်ပင်။ မော့ပင်းသည် ထိုင်ခုံနောက်ကိုမီကာ သူ့လက်ဖဝါးများက ချွေးအေးများ စို့နေ၏။ သူ ထွက်ပြေးချင်ပါသည်တိုင် သူ့ဘေးဘက်မှာ ဟွမ်မော့ ၊ ညာဘက်တွင် လောင်ရှို့ယွီ ရှိနေ၏။ ထို့ကြောင့် သူ ထွက်သွားလို့မရ။ သူသာထွက်သွားလိုက်လျှင် ပိုလို့တောင် အာရုံစိုက်စရာဖြစ်သွားဦးမည်။

ပြီးတော့ … စင်ပေါ်က ကျယ်ယန်ကို မနာလိုဝန်တိုစွာဖြင့် ကြည့်လိုက်သည်။ 

ကျယ်ယန်ကလည်း ဒီလိုမျိုး မဖြစ်​နေသင့်ဘူးလေ။

***

ကျယ်ယန် ပထမဆုံးစာသားကို သီဆိုလိုက်သည့်ခဏမှာပင် သူ့အာရုံများက စတိတ်ပေါ်မှာ ကြာကြာဆက်ရှိမနေတော့။ သူ့အတွေးများက သီချင်းထဲမှာ နစ်မျောသွားပြီး သူ့ရှေ့တွင် ပေါ်လာသမျှက ကမ္ဘာပျက်ကပ်၏ အပိုင်းအစ အစိတ်အပိုင်း အစအနများချည်းသာ။

တစ်ကိုယ်တော်တေးသွား ပြင်ဆင်စဥ်က သူပထမဆုံးတွေးမိသည်မှာ ဤ " ပြန်လည်မွေးဖွားခြင်း " ကိုပင်။

ပြန်လည်မွေးဖွားခြင်း၊ ပြန်လည်ဝင်စားခြင်း လေးဌာနီ၊ အဆုံးမဲ့ဘဝ။ ၎င်းက ဤသီချင်း၏ အကြောင်းခြင်းရာများပါပေ။

ကမ္ဘာပျက်ကပ် ပထမဆုံးနှစ်အတွင်းတွင် သူ့မှာ ခက်ခဲကြမ်းတမ်းသော အချိန်ကာလများ ရှိခဲ့သော်လည်း မျှော်လင့်ချက်တော့ ရှိခဲ့သေး၏။ ထိုအချိန်တွင် သူ့စိတ်ထဲမှာ သံစဥ်တစ်ခုက ရံဖန်ရံခါ ပေါ်လာတတ်၏။ ၎င်းက တည်ငြိမ်ကာ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော်ငြားလည်း နွေးထွေးသော နောက်ခံလေးနှင့်ဖြစ်၏။

ထိုတေးသွားက ပြန်လည်မွေးဖွားခြင်း၏ ရှေ့ပြေးပုံကြမ်းပါပေ။

" ပြန်လည်မွေးဖွားခြင်း " ကို ရေးပြီးနောက်တွင် ကမ္ဘာပျက်ကပ်၏ ရက်စက်ညှင်းပန်းမှုကို အမှန်တကယ် အသိအမှတ်ပြုလာခဲ့ကာ မျှော်လင့်ချက်လည်း ရေရှည်ဆက်မရှိခဲ့တော့။ နောက်ဆုံးကျန်ရစ်ခဲ့သည်က နာကျင်စွာရှင်သန်ခြင်းသာဖြစ်ပြီး ပြန်လည်မွေးဖွားခြင်း၏ တည်ရှိမှုကို တမင်တကာပဲ မေ့လျော့ထားခဲ့သည်။ 

အခုတော့ မဖြစ်နိုင်ဘူးဟု တွေးခဲ့သည့်မျှော်လင့်ချက်က သူ့ဆီရောက်ရှိလာခဲ့ပြီ။ သူ့၏ နက်နဲသောအသိစိတ်ထဲမှ သည်ဂီတအပိုင်းအစကို ဆွဲထုတ်ကာ သူ့၏ စိတ်ပျက်စရာနောက်ဆုံးဘဝကို အပြီးတိုင်နှုတ်ဆက်ရန် ဤသီချင်းကို အသုံးချချင်သည်။

ကျယ်ယန်သည် မျက်လွှာချကာ မိုက်ခရိုဖုန်းနှင့် သီချင်းဆို​နေ၏။ အနှီသီချင်းတွင် ခက်ခဲရှုပ်ထွေးသော စကေးများမရှိ၊ နက်နဲပွေလီသော အစီအစဥ်များမထင်၊ လှပခမ်းနားသော စာသားများမပါဝင်ပေ။ ၎င်းက ရိုးရှင်းသော သီချင်းလေးတစ်ပုဒ်သာဖြစ်ပေမဲ့လည်း သူကတော့ လူတိုင်း၏ နှလုံးသားကို ကိုင်လှုပ်နေ၏။ 

သူက ပြောတယ် : နာကျင်မှုနဲ့ စိတ်ပျက်စရာတွေက အဆုံးသတ်သွားပြီ။ သာယာကောင်းမွန်တဲ့ အနာဂတ်လေး မင်း ဘာလို့များ မလာသေးတာလဲ။

ရေအရင်းအမြစ်များက ညစ်ညမ်းကုန်ပြီ။ တိရစ္ဆာန်များက ဗီဇပြောင်းသွားသည်။ လူနေမှုအဆင့်အတန်းများကလည်း ဟန်ချက်မညီတော့။ အရာခပ်သိမ်းက ပျက်စီးယိုယွင်းလို့သွားပြီ … သစ်ရွက်များက ညစ်ညမ်းနေသော ရေများထဲသို့ ကြွေကျလို့။ ခြောက်သွေ့မရင့်ရော်သွားခင်မှာပဲ ရေက မြေလွှာသန့်သန့်ထဲသို့ သိမ်းကြုံးယူဆောင်ခံလိုက်ရသည်။ သစ်ရွက်များအပေါ်တွင် သယ်ဆောင်လာသော သစ်စေ့များက မြေပြင်ပေါ်သက်ဆင်းသွားပြီး အမြစ်တွယ်ကာ အညှောင့်ပေါက်လာကြ​ပြီ။

သူက ပြောတယ် : သာယာကောင်းမွန်တဲ့ အနာဂတ်ကောင်းလေးက သေချာပေါက် လာမှာပါတဲ့။

သီချင်းက တဖြည်းဖြည်း အဆုံးသတ်သွား၏။ ပရိသတ်များမှာလည်း သေလောက်အောင်ကို တိတ်ဆိတ်နေကြသည်။

ချိုးရှင်းက အရင်ဆုံး အသိဝင်ကာ ဦးဆုံးလက်ခုပ်တီး၏။ လျိုရှားနှင့် ကျန်လူများက သူ့နောက်မှ လက်ခုပ်လိုက်တီးကြသည်။ VIP ထိုင်ခုံမှာ လူအားလုံးသည် ဖြေးညှင်းစွာဖြင့် လက်များမြှောက်လာကြ၏။ ထို့နောက်မှာတော့ VIP ထိုင်ခုံအနောက်က ပရိတ်သတ်နေရာ၊ နောက် ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း၊ နောက်တော့ ဒုတိယထပ်က ပရိသတ်များ။ မကြာမီမှာပဲ လက်ခုပ်သံများက ပွဲကြည့်ပရိသတ်များ အားလုံးဆီမှ ပျံ့နှံ့လာတော့သည်။

ကျယ်ယန်သည် သူ့အတွေးများကို ပြန်စုစည်းလိုက်၏။ ထို့နောက် မတ်တပ်ရပ်ကာ သူ့ဂီတာကိုချလျက် မိုက်ကိုကောက်ပြီး VIP နေရာက ကြယ်ရောင်ဆီသို့ တန်းတန်းမတ်မတ် စိုက်ကြည့်လိုက်သည်။

ပရိသတ်များသည် ဒဏ္ဏာရီလာ သီချင်း၏ ညှို့ငင်မှုမှ လွတ်မြောက်သွားပုံပင်။ သူတို့က အသိပြန်ဝင်လာကာ ကိုးရိုးကားယားဖြင့် လက်ခုပ်တီးတာကို ရပ်လိုက်သည်။ ပရိသတ်များသည် အထူးတလည်ကို ငြိမ်ချက်သားကောင်းသွားကြပြန်၏။

ကျယ်ယန်သည် ပရိသတ်များကို ကြည့်ရင်း စကားစလိုက်သည်။ “ ဒါက ကျွန်တော်ရဲ့ ပထမဆုံး စင်ပေါ်တက်ဖျော်ဖြေရတာပါ။ ကျွန်တော် အရမ်းပျော်တာပဲ။ ”

တိတ်ဆိတ်နေ​ကြဆဲပင်။

“ ကျွန်တော့်ကို ဆဲခဲ့တဲ့သူတွေ ကျွန်တော့်ကို ငိုယိုပြီး ပြန်တောင်းပန်လာရစေမယ်လို့ တစ်ခါက ပြောခဲ့ဖူးတယ်။ ”

ပရိသတ်တွေထဲမှာ ‘အာ’ ဆ်ိုသော အသံတိုးတိုး ပျံ့နှံ့သွားပြီး လူတိုင်းက လှုပ်လှုပ်ရှားရှားဖြစ်လာ၏။ 

“ အခု ကျွန်တော့်စကားကို ပြန်ရုတ်သိမ်းချင်ပါတယ်။ ”

ပရိသတ်များ၏ အုံကြွမှုက ပိုမိုပြင်းထန်သွား၏။

“ အကယ်၍ အားလုံးကသာ အနာဂတ်မှာ  IUD အသစ်ကို ပိုပြီးအားပေးမယ် ထောက်ပံ့ကာကွယ်ပေးမယ်ဆိုရင် ကျွန်တော် အားလုံးတို့ကို တောင်းပန်ချင်ပါတယ်။ ”  ကျယ်ယန် ဦးညွှတ်လိုက်၏။   “ တောင်းပန်ပါတယ် ”

ပရိသတ်များသည် တစ်ဖန်ပြန်လည်ပြီး တိတ်ဆိတ်သွား၏။

တိုက်ရိုက်ထုတ်လွှင့်မှုမှ ဝေဖန်ချက်များသည်လည်း ရပ်တန့်သွားသည်။

ခဏကြာတော့ ကျယ်ယန် ကိုယ်ကိုပြန်မတ်လိုက်သည်။   “ အခု စတိတ်ကို ထုံကျန်းဆီ လွှဲပေးပါ့မယ်။ ”  ထို့နောက် အမှောင်ထဲသို့ဆုတ်သွားပြီး လုံး​လုံးပျောက်ကွယ်သွားတော့၏။

ဒရမ်သံများပေါ်လာပြီး တဖြည်းဖြည်း ဆူညံလာသည်။ သီချင်းတစ်ပုဒ်၏ ရှေးပြေးသံစဥ်ပေါ်လာပြီးနောက် မှောင်မည်းနေသော စတိတ်က ပြန်လင်းလာ၏။ ထုံကျန်းက မျက်လုံးများရဲနေကာ ဝတ်စုံအသစ်ဖြင့် ဓာတ်လှေကားမှ ပလပ်ဖောင်းအမြင့်ပေါ်တွင် ရပ်နေ၏။ ကင်မရာ သူ့မျက်နှာနား ရောက်လာစဥ်တွင် သူ မျိုသိပ်မထားနိုင်ပဲ ပြောလိုက်သည်။  “ ယန်ယန်စကားတွေက သိပ်ကောင်းတယ်။ မင်းတို့က black fan တွေရဲ့ စကားကို ယုံတယ်။  marketing အကောင့်တွေရဲ့ စကားတွေကို ယုံတယ်။ ကျွန်တော့်တို့ကို စွန့်ခွာသွားတဲ့လူရဲ့ စကားကိုတောင် ယုံကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စကားတွေကိုကျ ဘာလို့ မယုံကြည်ကြတာလဲ။ ”

သီချင်းပထမစာသား၏ အဝင်စီးချက်ကို ကျော်သွား၏။ စင်အနောက်က ဟူပျောင်း၊ ခယ့်လန်၊ ရွှီချန်ဟောင်တို့သည် ထိုအမှားအတွက် ထုံကျန်းကို အပြစ်မမြင်ကြပေ။

အာကစားရုံကြီးကတော့ တိတ်လို့။

ထုံကျန်းက သူ့မျက်နှာကို သုတ်ကာ ဆိုသည်။  “ သံစဥ်က ပြန်စပါလိမ့်မယ်။ အားလုံးပဲ သေချာနားထောင်ပေးကြပါ။ ခုဆိုမယ့် ဝူထုံက ယန်ယန် ကျွန်တော့်အတွက် အထူးရေးစပ်ပေးထားတဲ့ solo သီချင်းပါ။ ဒီသီချင်းက ကျွန်တော့် ဘဝအသစ်ရဲ့ အစပဲ။  သေချာနားစိုက်ထောင်ပေး​ကြပါ !”
(TL: Wutong က တရုတ်ကဗျာတွေထဲမှာ ကျော်ကြားတဲ့ သစ်ပင်မျိုးစိတ်တစ်ခုပါ။ အဲ့ဒီအပင်ကို အလှအပနဲ့ အသုံးဝင်မှု​ကြောင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပါတယ်။ ဖီးနစ်ငှက် ကျက်စားရာအပင်လို့လည်း ဆိုကြပါတယ်။ )

ဂီတသံက ရပ်သွားကာ ပြန်စလာ၏။ ထုံကျန်းသည် သူ့အသက်ရှူသံကို ထိန်းညှိကာ အကောင်းဆုံးအခြေအနေကို ဆောင်ယူလျက် မိုက်ကို သူ့နှုတ်ခမ်းရှိရာသို့ မြှောက်ယူလိုက်သည်။ 

နောက်စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် ပွဲကြည့်ပရိသတ်များအားလုံး ဆူညံပွက်လောရိုက်ကုန်ကြ၏။

Solo သီချင်? ဘဝအသစ်ရဲ့ အစ ? ဒါ ဘာအဓိပ္ပါယ်လဲ ? သူက အဖွဲ့ဝင်အသစ်ကို မိတ်ဆက်ပေးရုံပဲ မဟုတ်ဘူးလား ? ပြီးတော့ သူတို့လည်း အဖွဲ့ဝင်အသစ်ကို ထပ်ပြီး မဆန့်ကျင်ချင်တော့ပါဘူးလေ …

━━━━━━━━━━━━━━━━━━━━━━━

Zawgyi
အခန္း ( ၂၆ )

ထုံက်န္းႏွင့္ ပရိသတ္မ်ား စကားေျပာၿပီးတာႏွင့္ စတိတ္စင္က တစ္ဖန္ျပန္ၿပီး အေမွာင္က်သြား၏။

က်ယ္ယန္က အေမွာင္ထဲမွာသာ မတ္တပ္ရပ္ေနသည္။

ေနာက္စတိတ္က ထုံက်န္းေဖ်ာ္ေျဖရမွာျဖစ္လို႔ သူ ခဏမွ် အနားယူနိုင္သည္ေလ။

စင္ေပၚ၌ IUD ၏ နာမည္ႀကီးသီခ်င္းမ်ားထဲမွ တစ္ပုဒ္ျဖစ္ေသာ Dreaming ပဏာမတီးလုံးသံသာက ထြက္ေပၚလာသည္။ က်ယ္ယန္ စင္အေနာက္သို႔ ေလွ်ာက္လာတာႏွင့္ ဟူေပ်ာင္းက သူ႕ကို တန္းႏႈတ္ဆက္လာသည္။ သူ႕ဖုန္းကို က်ယ္ယန္လက္ထဲထိုးေပးကာ စိတ္ေအးသြားဟန္ျဖင့္ ဆိုသည္။     “ ၾကည့္ ! ၾကည့္ ! Weibo ေပၚက marketing အေကာင့္ေတြအားလုံး တိတ္ကုန္ၾကၿပီ ! မင္းသီခ်င္းမထုတ္ျပရေသးတာေတာင္မွ မင္းကိုဆဲထားတဲ့ ပို႔စ္ေတြကို တိတ္တိတ္ေလး ျပန္ဖ်က္သြားၾကၿပီ ! ဗက္ဟက္ဟက္ ! ငါ အေနာက္သြားၿပီး သူတို႔အေကာင့္ေတြနဲ႕ တစ္ေယာက္ခ်င္းစီ စာရင္းသြားရွင္းလိုက္ဦးမယ္ !”

က်ယ္ယန္သည္ ဖုန္းမ်က္ႏွာကို ၾကည့္ရင္း နာမည္ႀကီး ဂီတေဝဖန္ေရးသမားတစ္ေယာက္၏  Weibo homepage ကို ေတြ႕လိုက္ရသည္။ ဂီတေဝဖန္ေရးသမားက အခုေလးတင္ ပို႔စ္တစ္ခုကို တင္လိုက္တာျဖစ္သည္။

နားပါးတဲ့ အဘိုးႀကီး : မၾကာခင္က လူေထာင္ခ်ီ ဆဲဆိုေနတဲ့ လူငယ္တက္သစ္စေလးတစ္ေယာက္ရဲ႕ ေဖ်ာ္ေျဖမႈကို ငါ ၾကည့္ခဲ့ရတယ္။ ငါေျပာခ်င္တာကေတာ့ ဒီလိုအဆင့္မ်ိဳးကိုေတာင္ မေကာင္းေျပာေနၾကရင္ မင္းတို႔ေတြက ဘယ္ေလာက္ေတာင္ လိုခ်င္ေနၾကတာတုန္း။ ဒီသီခ်င္းကို ဘုရားသခင္ရဲ႕ ေတးသံသာအျဖစ္ မွတ္ယူမယ္။  IUD ရဲ႕ အမွတ္သ​ေ​ကၤတအျဖစ္ သတ္မွတ္မယ္။ ဆုလာဒ္အေနနဲ႕ ထိန္းသိမ္းထားမယ္။ ငါ က်ယ္ယန္ကို ခ်ီးက်ဴးခ်င္ေနတယ္လို႔ ထုတ္မေျပာေတာ့ဘူးေနာ္။ ဒီကေလးအသံက အရမ္းေကာင္းတယ္ !

“ တိုက္ရိုက္ထုတ္လႊင့္မႈကလည္း သူ႕အသံေၾကာင့္ လုံးဝဥႆုံ ေျပာင္းလဲသြားတာ။ အစပိုင္းက တရစပ္တက္ေနတဲ့ ေဝဖန္မႈေတြဆိုတာလည္း မျမင္ေတာ့သေလာက္ကို ျဖစ္သြားတာကြ !”

ဟူေပ်ာင္းက ဖုန္းကိုထပ္ႏွိပ္ကာ တိုက္ရိုက္ထုတ္လႊင့္မႈကို ေျပာင္းလိုက္သည္။

က်ယ္ယန္ ၎ကို ၾကည့္လိုက္၏။

ေဝဖန္ခ်က္မ်ားဟာ အလ်င္အျမန္ပဲ ေဘးခ်ိတ္ခံလိုက္ရကာ တိုက္ရိုက္ထုတ္လႊင့္ေရးခန္း၏ ၾကည့္ရႈႏႈန္းကလည္း တစ္ဟုန္ထိုး ျမင့္တက္သြား၏။

- ငါ့စိတ္ထဲမွာ က်ယ္ယန္ရဲ႕ အနိမ့္သံနဲ႕ ျပည့္သြားၿပီ။ အသံနဲ႕ လူသတ္တာပဲ။ တကယ့္ကို အသံနဲ႕ လူသတ္နိုင္တာပဲ။

- ေျပာစရာကို မရွိေတာ့ဘူး။ တကယ့္ေကာင္းတာဟ။

- ဒီမွာ ပါးျပန္ရိုက္ခံလိုက္ရတယ္လို႔ ၾကားမိလို႔။ ငါ ေဖ်ာ္ေျဖပြဲ အဖြင့္ကို မမီလိုက္ဘူးဟ။ Weibo က ေလထုက ထူးဆန္ေနတယ္။ ဘာေတြလဲ။

- အလယ္မွာ က်ယ္ယန္သီခ်င္းဆိုေတာ့ေလ ငါ့မွာ ၾကက္သီးေတြထသြားတာပါဆိုေန။

- ဒီသီခ်င္းက အရမ္းအေသးစိတ္က်တယ္။ က်ယ္ယန္ေရးတယ္ဆိုတာ တကယ္လား။ 

- ငါ ေနာက္က်သြားၿပီ။ လူခ်မ္းသာ ဒုတိယမ်ိဳးဆက္ေလးက အားလုံးကို ဝုန္းပစ္လိုက္ၿပီလား။  လူခ်မ္းသာ ဒုတိယမ်ိဳးဆက္ေလးက အားလုံးကို ဝုန္းပစ္လိုက္ၿပီလား။

- NM ဖြင့္ၿပီး ထြက္သြားေတာ့  !

- ငါ့အထင္ က်ယ္ယန္က အပိုင္းနည္းနည္းပဲဆိုၿပီး သူ႕ေနရာကလည္း အၿမဲတမ္း ကင္မရာနဲ႕ အေဝးမွာလားလို႔။ ဒီေဖ်ာ္ေျဖပြဲမွာ သူ႕ကိုယ္သူ ဘုံ​ျမႇောက္ဖို႔ ေငြထုတ္ေပးခဲ့တာလို႔ လူေတြေျပာခဲ့ၾကတာမဟုတ္လား။ အဲ့ဒါက ဒါ​​ေလးအတြက္လား။

-ဘာလို႔ လူသုံး​ေယာက္ပဲ  Dreaming ကို ဆိုေနတာလဲ။ က်ယ္ယန္က ဘယ္မွာလဲ။

- သူက စင္ေပၚတက္ရမွာ ​ေၾကာက္လို႔ေလ။

- ခ်ိဳခ်ိဳသာသာ ေျပာၾကစမ္းပါ။ ငါကေတာ့ က်ယ္ယန္က အရမ္းေခ်ာတာပဲလို႔ ျမင္တယ္။ ငါအဆဲခံရမွာစိုးလို႔သာ ဒါကို ထုတ္မေျပာဝံ့ခဲ့တာ။ 

- ဟား ဟား ဟား ငါက ေမာ့ပင္းရဲ႕ black fan ပဲ ငါေတာ့ မဟားတရားကို ေပ်ာ္ေနၿပီ ! က်ယ္ယန္က အရမ္းမိုက္တယ္ ! ေမာ့ပင္းေရ လူသစ္တစ္ေယာက္ရဲ႕ သီခ်င္းက ဒီ level အထိေတာင္ ရွိသြားၿပီေနာ္။ လူသစ္ေလးမွာ ဒီလိုအသံအေနအထားလည္း ရွိတယ္။ နင္ ေနာက္တရၿပီလား ။

- ဒါရိုက္တာက မမိုက္လိုက္တာ။ ကင္မရာကို ေမာ့ပင္းဘက္ လွည့္ရမယ့္ အခ်ိန္ေလဟယ္ !

- ေနာက္ဆုံးေတာ့ ေမာ့ပင္းသြားတယ္လား။  ‘ ကြၽန္ေတာ့္ ညီအစ္ကိုေတြက ကြၽန္ေတာ့္ကို သစၥာေဖာက္ခဲ့ေပမယ့္ ကြၽန္ေတာ္ကေတာ့ IUD ရဲ႕ အထိမ္းအမွတ္ေဖ်ာ္ေျဖပြဲကို အက်ည္းတန္ေအာင္ မလုပ္ဖို႔ ဆုံးျဖတ္ထားပါတယ္။ ဝမ္းနည္းမႈကို ႀကံ့ႀကံ့ခံၿပီး စတိတ္ကိုပဲ ေစာင့္ၾကည့္သြားမွာပါ ’ လို႔ မေျပာခဲ့ဖူးလား။ သူက ဝမ္းနည္းေနတုန္းလား။ ဟ ဟ ဟ ျမင္ရတာေတာ့ IUD က ျပန္ၿပီး တိုးတက္လာေတာ့မွာ။ ေမာ့ပင္း သူ႕ညီအစ္ကိုေတြအတြက္ ေပ်ာ္ရဲ႕လား။ ဟားဟားဟား !

ဟူေပ်ာင္းက ဗလုံးဗေထြးျဖင့္ ေရ႐ြတ္၏။  “ ငါ့ေဒါသေတြေတာ့ ေလ်ာ့သြားၿပီ။ ”

က်ယ္ယန္ ေခါင္းတညိတ္ညိတ္ျဖင့္ ရယ္လ်က္ ဟူေပ်ာင္းထံ ဖုန္းျပန္ေပးလိုက္၏။ ထို႔ေနာက္ ေဘးသို႔သြားထိုင္ကာ လတ္တေလာ သီခ်င္းဆိုခဲ့သည့္ ခံစားခ်က္ကို တသသျဖင့္ ျပန္ခံစားေနမိ၏။ ထို႔ေနာက္ ဖုန္းထုတ္ကာ ခ်ိဳးရွင္းထံသို႔ WeChat တစ္ေစာင္ ပို႔လိုက္သည္ : ရွိုးပြဲက ေကာင္းလား။

ခ်ိဳးရွင္းက စကၠန့္ပိုင္းအတြင္း စာျပန္၏: မင္းအလွည့္ကေရာ

က်ယ္ယန္ : ကြၽန္ေတာ္က ေနာက္မွျပန္တက္လာမွာ

ခ်ိဳးရွင္း : ဘယ္ေတာ့လဲ။

က်ယ္ယန္ : တစ္နာရီေလာက္ေနရင္

ခဏတာမွ် ၿငိမ္သက္သြား၏။

ခ်ိဳးရွင္း : စိတ္ပ်က္စရာ ! သက္သက္ အခ်ိန္ျဖဳန္းေနတာ !

VIP ထိုင္ခုံ၌။

ခ်ိဳးရွင္းသည္ စူပုတ္ပုတ္မ်က္ႏွာေပးျဖင့္ အိတ္ကပ္ထဲ ဖုန္းထည့္လိုက္၏။ ထို႔ေနာက္ လ်ိဳရွားထံမွ နားဆို႔ႏွင့္ အသံလုံနားၾကပ္ကို ေတာင္းတပ္ၿပီး သူ႕ထိုင္ခုံကိုမွီကာ မ်က္လုံးမွိတ္လ်က္ အနားယူ​ေခ်ေတာ့သည္။ တိုက္ရိုက္ထုတ္လႊင့္႐ုံက သူ႕အပိုင္ျဖစ္သလို လွ်ိုရွားကလည္း ႀကိဳတက္အေၾကာင္းၾကားထားၿပီးသား။ ထို႔ေၾကာင့္ ကင္မရာထဲပါသြားမွာကို စိုးရိမ္စရာမလိုေပ။

***

စတိတ္ေပၚ၌မူ ေဖ်ာ္ေျဖပြဲက ဆက္လက္က်င္းပလ်က္ရွိသည္။

ပြဲၾကည့္ပရိသတ္မ်ားသည္ စင္ေပၚ၌ လူသုံးဦးသာရွိသည္ကို ျမင္တာႏွင့္ နည္းနည္း လႈပ္လႈပ္ရွားရွား ျဖစ္သြားၾကသည္။ သို႔တိုင္ Dreaming ေရွ႕ေျပးတီးလုံးက စလာေပၿပီ။ အားလုံးက သူတို႔သံသယမ်ားကို ေဝးေဝးသို႔ ဝဲပစ္လိုက္ၾကၿပီး အတိတ္ေန႕ရက္မ်ားစီက IUD ၏ အမွတ္တရမ်ားကိုသာ စိတ္အားတက္ႂကြစြာျဖင့္ ျပန္ေျပာင္းေအာက္ေမ့ၾကကုန္၏။ သူ႕တို႔အတြက္ေတာ့ အဖြဲ႕ဝင္တစ္​ေယာက္ လစ္ဟာေနလွ်င္ေတာင္ IUD အဖြဲ႕ေဟာင္းေတြခ်ည္းသာ သီခ်င္းဆိုသင့္သည္​ေလ။

ငါးႏွစ္အတြင္း အယ္လ္ဘမ္ေလးခ်ပ္ႏွင့္ သီခ်င္း ၄၂ ပုဒ္ရွိခဲ့ရာ ႐ႊီခ်န္ေဟာင္ေရးခဲ့တာက ၂၀ ပုဒ္ရွိ၏။

Dreaming ၿပီးေတာ့ Imagination ေနာက္ေတာ့ Unity… ဤသို႔ျဖင့္ လူသုံးေယာက္သည္ တစ္ပုဒ္ၿပီးတစ္ပုဒ္ မနားတမ္း သီဆိုခဲ့ၾကသည္။ သူတို႔သည္ ပရိသတ္မ်ားကို စကားမေျပာဘဲ ရံဖန္ရံခါမွသာ လက္ေဝွ႕ယမ္းႏႈတ္ဆက္ၾက၏။ သူတို႔၏ အသိစိတ္ႏွင့္ အာ႐ုံစူးစိုက္မႈကို မ်က္ေမွာက္က IUD ၏ ေနာက္ဆုံးစတိတ္ေပၚကိုသာ အေရးစိုက္ထား၏။

႐ႊီခ်န္ေဟာင္ေရးထားေသာ သီခ်င္း အပုဒ္ ၂၀ လုံး ဆိုၿပီးေနာက္မွာေတာ့ သီခ်င္းသံက ရပ္တန့္သြား၏။ ဂီတသံကလည္း ပ်က္ေတာက္သြားကာ လူသုံးေယာက္၏ ဝင္သက္ထြက္သက္ကို မိုက္ကေနတစ္ဆင့္ ၾကားေနရသည္။ အားကစား႐ုံတစ္ခုလုံး ၿငိမ္က်သြားကာ ပရိသတ္မ်ားသည္ စတိတ္ေပၚက ေခြၽးတ႐ြဲ႐ြဲႏွင့္ IUD အဖြဲ႕ဝင္မ်ားကို လွမ္းေမွ်ာ္ၾကည့္ေနၾကသည္။

ထုံက်န္းက လက္ကိုျမႇောက္ယမ္းကာ ေပ်ာ္႐ႊင္စြာျဖင့္ ​ေအာ္ေျပာသည္။ “IUD က ငါးႏွစ္ျပည့္သြားၿပီ !”

ပရိသတ္ေတြကလည္း ေနာက္ကလိုက္ေအာ္ၾကသည္။

ခယ့္လန္ႏွင့္ ႐ႊီခ်န္ေဟာင္လည္း ၿပဳံးပန္းေဝသြားလ်က္သား။ ထုံက်န္းက လက္ထပ္ျမႇောက္ျပန္သည္။   “ Happy birthday !”

ပရိသတ္ေတြအားလုံးကလည္း happy birthday ဟု ေအာ္ကာ အားေပးၾက၏။

ထုံက်န္းက ျမႇောက္ထားေသာ လက္ကို ျပန္ခ်လိဳက္တာႏွင့္ အားလုံး၏ ေအာ္ဟစ္အားေပးသံမ်ားက တိတ္သြား၏။

“ ဒီရွိုးပြဲကို မင္းတို႔ဆီ ယူလာေပးခြင့္ရတဲ့အတြက္ ေက်နပ္တယ္။ ” ထုံက်န္းက အသက္ျပင္းျပင္းရွိုက္သြင္းကာ ေဘးသို႔လွည့္​ၾကည့္လ်က္ စိတ္လႈပ္ရွားစြာျဖင့္ ေၾကညာလိုက္သည္။    “ အခု IUD ရဲ႕ အဖြဲ႕ဝင္အသစ္ က်ယ္ယန္ကို တရားဝင္မိတ္ဆက္ေပးခြင့္ရတဲ့အတြက္ ကြၽန္ေတာ္ အရမ္းကို ဝမ္းေျမာက္မိပါတယ္။  ! အားလုံးပဲ သူ႕ကို ႀကိဳဆိုလိုက္ၾကရေအာင္ ! ”

ပရိသတ္မ်ားက လုံးလုံးတိတ္ဆိတ္သြားၾကၿပီး လက္ခုပ္သံက်ိဳးတိုးက်ဲတဲက ဟိုမွသည္မွ ေဝေဝဝါးဝါးျဖင့္ ထြက္ေပၚလာ၏။ ေကာလာဟလမ်ားျဖင့္ ႏွစ္လတိုင္တိုင္ ဦးေႏွာက္ေဆးခံရၿပီးေနာက္တြင္ ပရိသတ္အမ်ားစု​သည္ သီခ်င္းအသစ္ေလးတစ္ပုဒ္ျဖင့္ က်ယ္ယန္ အဖြဲ႕ထဲဝင္လာတာကို လက္မခံနိုင္ၾကေသးေပ။ ထို႔အျပင္ က်ယ္ယန္က သီခ်င္းအသစ္ကို တစ္ျခားတစ္ေယာက္ဆီက ဝယ္ခဲ့တာဟု ၾကားခဲ့ၾကသည္ကိုး  …

ခ်ိဳးရွင္း မ်က္လုံးဖြင့္လာကာ သူ႕နားၾကပ္ႏွင့္ နားဆို႔မ်ားကို ခြၽတ္လိုက္၏။ ဤဝတ္ေက်တမ္းေက် လက္ခုပ္တီးသံမ်ားကိုၾကားတာႏွင့္ သူ႕မ်က္ႏွာက မဲေမွာင္က်သြားေတာ့သည္။ 

ထုံက်န္းသည္လည္း ထိုသို႔ျဖစ္လိမ့္မည္ဟု မေမွ်ာ္လင့္ထားၾကေပ။ သူ ေခတၱမွ် မွင္တက္ၿပီးေနာက္ ထပ္ေျပာလိုက္သည္။   “ အားလုံးပဲ က်ယ္ယန္ကို ႀကိဳဆိုလိုက္ၾကရေအာင္ !”

လက္ခုပ္သံမ်ားက ထပ္မံေပၚထြက္လာေသာ္လည္း ခဏေလးျဖင့္ ရပ္တန့္သြား၏။ ခယ့္လန္ႏွင့္္ ႐ႊီခ်န္ေဟာင္ မ်က္ေမွာင္ၾကဳတ္သြား၏။ 

ဤမႏွစ္ၿမိဳ႕ဖြယ္ အေနအထားျဖင့္ပင္ က်ယ္ယန္သည္ ဂီတာတစ္လက္ျဖင့္ စင္ေပၚတက္လာသည္။ သူက ရိုးရိုးရွင္းရွင္း ရွပ္အကၤ်ီအျဖဴႏွင့္ ဂ်င္းေဘာင္းဘီကို လဲဝတ္ထား၏။ သားနားေသာ ဝတ္စုံမ်ားကို ဝတ္ဆင္ထားသည့္ ထုံက်န္းႏွင့္ အျခားလူမ်ားၾကားတြင္ ႏုပ်ိဳရိုးရွင္းေသာ ဝတ္စုံပုံေလးက ထင္းေန၏။

က်ယ္ယန္က တမင္တကာ ငယ္႐ြယ္ႏုပ်ိဳၿပီး အျပစ္ကင္းစင္ဟန္ေဆာင္ေနသည္ဟူေသာ ပရိသတ္မ်ား၏ တီးတိုးေျပာသံကို ခ်ိဳးရွင္း ၾကားလိုက္ရသည္။ ထိုစကားက ခ်ိဳးရွင္းကို ထိုင္ခုံလက္ရန္းအား ေဒါသတႀကီးျဖင့္ ဆြဲဆုပ္မိသြားေစ၏။

က်ယ္ယန္ကေတာ့ ပရိသတ္ေတြ၏ သေဘာထားကို အေရးစိုက္မေနပါ။ သူက ထုံက်န္းကမ္းေပးေသာ မိုက္ခရိုဖုန္းကို လွမ္းယူကာ  VIP ထိုင္ဘက္မ်ားရွိရာသို႔ လွမ္းေမွ်ာ္ၾကည့္ရင္း ခ်ိဳးရွင္းေနရာကို ေသခ်ာရွာလိုက္သည္။ ထို႔ေနာက္ ၿပဳံးကာေျပာလိုက္၏။   “ ဒီ ' ျပန္လည္ေမြးဖြားျခင္း ´ ဆိုတဲ့ သီခ်င္းက ကြၽန္ေတာ့္အတြက္ လာေရာက္ေပးတဲ့ ပရိသတ္အတြက္ ရည္႐ြယ္ပါတယ္။ ”

ခ်ိဳးရွင္း ခဏေလာက္မွင္တက္သြားကာ သူ႕လက္မ်ားကို ျဖည္းျဖည္းခ်င္း ေျဖေလ်ာ့လိုက္မိသည္။

အသိေပးၿပီးတာႏွင့္ က်ယ္ယန္သည္ မိုက္ကို ထုံက်န္းထံ ျပန္ေပးလိုက္သည္။ ပရိသတ္ေတြ၏ သေဘာထားကို ဂ႐ုမထားဘဲ သူ႕အတြက္ ခယ့္လန္ႏွင့္ ႐ႊီခ်န္ေဟာင္ျပင္ေပးထားေသာ မိုက္ႏွင့္ ထိုင္ခုံရွိရာသို႔ ေလွ်ာက္သြား၏။ ထို႔ေနာက္ ဂီတာကို ဖက္လ်က္ထိုင္ကာ မိုက္အျမင့္အနိမ့္ကို ခ်ိန္ညွိသည္။

စတိတ္ေပၚက မီးမ်ားက တျဖည္းျဖည္း မွိန္သြား၏။ အေပၚဘက္က အလင္းေရာင္တန္း​ေလးတစ္ခုသာ က်ယ္ယန္ကိုမိုးလ်က္ ေထာင့္ျဖတ္လင္းလာခ်ိန္တြင္ ထုံက်န္းႏွင့္ အျခားသူမ်ားမွာ စိတ္လႈပ္ရွားတုန္ယင္သြားၾကသည္။

ပရိသတ္မ်ားထဲတြင္လည္း ေနာက္ထပ္႐ုတ္႐ုတ္သဲသဲျဖစ္လာ၏။ ဘယ္ေနရာက စလိုက္သည္မသိ၊ သက္တံ့ေရာင္စုံ မီးေရာင္မ်ားက တစ္ပြင့္ၿပီးတစ္ပြင့္ မွိတ္က်သြား၏။ မီးေတြယူလာေသာ ပရိသတ္မ်ားကလည္း သူတို႔မီးေခ်ာင္းမ်ားကို တစ္ေယာက္ၿပီးတစ္ေယာက္ ပိတ္သြားၾကသည္။ မ်က္စိတစ္မွတ္အတြင္းမွာပဲ မီးေရာင္က်ိဳးတိုးက်ဲတဲသာ က်န္ခဲ့ၿပီး အားကစား႐ုံတစ္ခုလုံး အေမွာင္ဖုံးေတာ့မတတ္​ျဖစ္သြား၏။  

အနက္ေရာင္ အလင္း။

ထုံက်န္းသည္ စတိတ္စင္ေပၚသို႔ ျပန္ေျပးတက္သြားခ်င္သည့္တိုင္ ခယ့္လန္ႏွင့္ ႐ႊီခ်န္ေဟာင္ ျပန္ဆြဲခ်တာခံလိုက္ရ၏။

“XX.”  ဟူေပ်ာင္းသည္ ဆဲဆိုႀကိမ္းေမာင္းၿပီး ထုံက်န္းကို ကူဆြဲေပးလာ၏။ “ သီခ်င္းအသစ္ ဆိုၿပီးသြားၿပီေလ။ ဘာလို႔ ဒီလိုဆက္ျဖစ္ေနတာလဲ။ မသြားနဲ႕ ! က်ယ္ယန္ မွန္တယ္။ သူတို႔ ငိုယိုၿပီး ေတာင္းပန္လာတဲ့အထိ ေစာင့္လိုက္ၾကရေအာင္ !”

VIP ထိုင္ခုံ၌။

ခ်ိဳးရွင္းသည္ ေဖ်ာ္ေျဖပြဲမ်ားကို သိပ္မၾကည့္ျဖစ္ေပမဲ့လည္း အားေပးသည့္မီးေရာင္မ်ား မည္းေမွာင္လုမတတ္ျဖစ္သြားသည့္ အေျခအေနမွာ အလြန္အမင္းကို ဆိုး႐ြားလွေၾကာင္းကိုေတာ့ သူသိသည္။ ခ်ိဳးရွင္း မ်က္ေမွာင္ၾကဳတ္ကာ လွ်ိုရွားကို လွည့္ေမးလိုက္၏။  “ ဘာျဖစ္တာလဲ။ ”

လွ်ိုရွားက အသံတိုးလ်က္ မီးအ​ေမွာင္ခ်တာ၏ အဓိပၸါယ္ကို ရွင္းျပ၏။ ခ်ိဳးရွင္း၏ မ်က္ႏွာသည္ ေျမာင္းပုတ္ေရကဲ့သို႔ ေနာက္က်ိသြားၿပီး သူ႕အေနာက္က အမည္းေရာင္ အားကစား႐ုံႀကီးကို လွမ္းၾကည့္လိုက္သည္။ ထို႔ေနာက္ ဟယ္ကြၽင္းကို ခိုင္းလိုက္ေလသည္။   “  မီးလင္းတဲ့ပစၥည္းေတြ ငါ့ဆီယူလာခဲ့။ အလင္းဆုံးနဲ႕ ေစ်းအႀကီးဆုံးဟာေတြ သယ္ခဲ့ !”

ဟယ္ကြၽင္း:  “… သူေဌး အလင္းျပားေတြက ကြၽန္ေတာ္တို႔ဘာသာ ကြၽန္ေတာ္တို႔လုပ္ရမွာ။ အားေပးတဲ့ မီးေခ်ာင္းေတြကို ဝင္ခြင့္စစ္တုန္းက ဝန္ထမ္းေတြ ေပးတယ္ေလဗ်ာ။ သူေဌးပဲ အမွိုက္ပုံးထဲ လႊတ္ပစ္လိုက္ၿပီးေတာ့။ ”

“……”  ခ်ိဳးရွင္းက စိတ္မရွည္စြာျဖင့္ အေလာသုံးဆယ္ ခိုင္းျပန္၏။  “ ျပန္ေကာက္ခဲ့ !”

ဟယ္ကြၽင္းသည္ သူ႕ေဘးက က်ိဳးေျမာင္ကို လွည့္ေျပာလိုက္သည္။   “ သူေဌးက မင္းကို မီးေခ်ာင္းေတြ သြားေကာက္ခိုင္းေနတယ္။ ”

… အ႐ူး ! မင္းကို သြားေကာက္ခိုင္းဖို႔ ေျပာမွန္း ရွင္းေနတာကို !

က်ိဳးေျမာင္သည္ ခ်ိဳးရွင္း၏ သနားစဖြယ္ မ်က္ႏွာထားကို လွမ္းၾကည့္မိေတာ့ ေစာဒက မတက္ရဲေတာ့။ ထို႔ေၾကာင့္ မီးေခ်ာင္းေတြ ပစ္ထားခဲ့ေသာ ေနရာသို႔သာ ျပန္သြားေကာက္ရေတာ့သည္။ ထိုအခ်ိန္တြင္ လွ်ိုရွားက အႀကံတစ္ခုရသြားၿပီး ခ်ိဳးရွားနားနားသို႔ တိုးတိုးေလးကပ္ေျပာ၏။ ခ်ိဳးရွင္းလည္း သူမေျပာတာကိုနားေထာင္ၿပီး သူ႕ဖုန္းကို ထုတ္လိုက္ေတာ့သည္။

စင္ေပၚ၌။

မိုက္ညွိၿပီးေနာက္ က်ယ္ယန္သည္ ေမွာင္မဲေနေသာ ပရိသတ္ထိုင္ခုံမ်ားရွိရာသို႔ တစ္ခ်က္လွမ္းၾကည့္လိုက္၏။ သီခ်င္းဆိုရန္ အၾကည့္လႊဲဖို႔ ျပင္လိုက္စဥ္မွာပဲ VIP ထိုင္ခုံဘက္က မသိမသာ ပိုလင္းေနတာကို ႐ုတ္ျခည္းသတိထားမိသြား၏။ Support stick မွ ေရာင္စုံမီးေရာင္မ်ားႏွင့္ မတူဘဲ ၎က ၾကယ္တစ္ပြင့္လို တစ္ထီးတည္း ေတာက္ပေန၏။

သူေမာ့ၾကည့္လိုက္သည္။ စင္က သိပ္ကိုေမွာင္လြန္းေနတာေၾကာင့္ မေက်မနပ္ျဖင့္ ဖုန္းကိုင္ထားေသာ ခ်ိဳးရွင္းကို ကံေကာင္းေထာက္မစြာ ျမင္သြား၏။ က်ယ္ယန္ ခပ္ဖြဖြၿပဳံးကာ လက္ခ်လ်က္ ဂီတာကို အသာတီးခတ္လိုက္သည္။

ၿငိမ့္ေညာင္းၾကည္ႏူးဖြယ္ ေတးသံသာက ကန္ေရျပင္ကို ျဖတ္သန္းတိုက္ခတ္လာေသာ ေလညွင္းလို လြင့္ပ်ံစီးေမ်ာလာ၏။ ထုံက်န္းႏွင့္ အျခားလူမ်ားေၾကာင့္ စိတ္လႈပ္ရွားတက္ႂကြခဲ့ေသာ စင္ျမင့္အေနအထားသည္ ခ်က္ခ်င္းလက္ငင္းကို ႏုညံ့ေပ်ာ့ေပ်ာင္းသြားေခ်၏။ က်ယ္ယန္သည္ မိုက္ေရွ႕သို႔ကိုင္းကာ ပထမဆုံး သီခ်င္းစာသားကို သီဆိုရန္ သူ႕ႏႈတ္ခမ္းပါးမ်ားကို ဖြဟလိုက္သည္။

ဂီတာသံက ေရကန္ထဲသို႔ ျပဳတ္က်သြားေသာ ခဲတစ္လုံးလို ေဖ်ာ့ေတာ့တုန္ခါသြားစဥ္တြင္ သီခ်င္းသံက သူတို႔နားအတြင္းသို႔ ကုတ္ျခစ္ဝင္ေရာက္လာသည္။ ၎က နား၏ အထိမခံနိုင္ဆုံးေသာ အစိတ္အပိုင္းသို႔ အတင္းဝင္ေရာက္သြားကာ သူတို႔စိတ္ထဲက တိတ္ဆိတ္အၿငိမ္သက္ဆုံးေသာ ေနရာကို ဖမ္းစားသြား၏။

ပရိသတ္ေတြထဲမွာလည္း အုတ္ေအာ္ေသာင္းနင္း ျဖစ္လို႔ေနသည္။ ေလာင္ရွို႔ယူ၏မ်က္လုံးမ်ားသည္ အံ့စရာေကာင္းေလာက္ေအာင္ ဝင္းလဲ့ေတာက္ပေနၿပီး မသိစိတ္အရ ေရွ႕သို႔ကိုင္းလိုက္မိ၏။

ေမာ့ပင္းကမူ သူႏွင့္ဆန့္က်င္ဘက္ပင္။ ေမာ့ပင္းသည္ ထိုင္ခုံေနာက္ကိုမီကာ သူ႕လက္ဖဝါးမ်ားက ေခြၽးေအးမ်ား စို႔ေန၏။ သူ ထြက္ေျပးခ်င္ပါသည္တိုင္ သူ႕ေဘးဘက္မွာ ဟြမ္ေမာ့ ၊ ညာဘက္တြင္ ေလာင္ရွို႔ယြီ ရွိေန၏။ ထို႔ေၾကာင့္ သူ ထြက္သြားလို႔မရ။ သူသာထြက္သြားလိုက္လွ်င္ ပိုလို႔ေတာင္ အာ႐ုံစိုက္စရာျဖစ္သြားဦးမည္။

ၿပီးေတာ့ … စင္ေပၚက က်ယ္ယန္ကို မနာလိုဝန္တိုစြာျဖင့္ ၾကည့္လိုက္သည္။ 

က်ယ္ယန္ကလည္း ဒီလိုမ်ိဳး မျဖစ္​ေနသင့္ဘူးေလ။

***

က်ယ္ယန္ ပထမဆုံးစာသားကို သီဆိုလိုက္သည့္ခဏမွာပင္ သူ႕အာ႐ုံမ်ားက စတိတ္ေပၚမွာ ၾကာၾကာဆက္ရွိမေနေတာ့။ သူ႕အေတြးမ်ားက သီခ်င္းထဲမွာ နစ္ေမ်ာသြားၿပီး သူ႕ေရွ႕တြင္ ေပၚလာသမွ်က ကမာၻပ်က္ကပ္၏ အပိုင္းအစ အစိတ္အပိုင္း အစအနမ်ားခ်ည္းသာ။

တစ္ကိုယ္ေတာ္ေတးသြား ျပင္ဆင္စဥ္က သူပထမဆုံးေတြးမိသည္မွာ ဤ " ျပန္လည္ေမြးဖြားျခင္း " ကိုပင္။

ျပန္လည္ေမြးဖြားျခင္း၊ ျပန္လည္ဝင္စားျခင္း ေလးဌာနီ၊ အဆုံးမဲ့ဘဝ။ ၎က ဤသီခ်င္း၏ အေၾကာင္းျခင္းရာမ်ားပါေပ။

ကမာၻပ်က္ကပ္ ပထမဆုံးႏွစ္အတြင္းတြင္ သူ႕မွာ ခက္ခဲၾကမ္းတမ္းေသာ အခ်ိန္ကာလမ်ား ရွိခဲ့ေသာ္လည္း ေမွ်ာ္လင့္ခ်က္ေတာ့ ရွိခဲ့ေသး၏။ ထိုအခ်ိန္တြင္ သူ႕စိတ္ထဲမွာ သံစဥ္တစ္ခုက ရံဖန္ရံခါ ေပၚလာတတ္၏။ ၎က တည္ၿငိမ္ကာ ဝမ္းနည္းေၾကကြဲဖြယ္ေကာင္းေသာ္ျငားလည္း ေႏြးေထြးေသာ ေနာက္ခံေလးႏွင့္ျဖစ္၏။

ထိုေတးသြားက ျပန္လည္ေမြးဖြားျခင္း၏ ေရွ႕ေျပးပုံၾကမ္းပါေပ။

" ျပန္လည္ေမြးဖြားျခင္း " ကို ေရးၿပီးေနာက္တြင္ ကမာၻပ်က္ကပ္၏ ရက္စက္ညွင္းပန္းမႈကို အမွန္တကယ္ အသိအမွတ္ျပဳလာခဲ့ကာ ေမွ်ာ္လင့္ခ်က္လည္း ေရရွည္ဆက္မရွိခဲ့ေတာ့။ ေနာက္ဆုံးက်န္ရစ္ခဲ့သည္က နာက်င္စြာရွင္သန္ျခင္းသာျဖစ္ၿပီး ျပန္လည္ေမြးဖြားျခင္း၏ တည္ရွိမႈကို တမင္တကာပဲ ေမ့ေလ်ာ့ထားခဲ့သည္။ 

အခုေတာ့ မျဖစ္နိုင္ဘူးဟု ေတြးခဲ့သည့္ေမွ်ာ္လင့္ခ်က္က သူ႕ဆီေရာက္ရွိလာခဲ့ၿပီ။ သူ႕၏ နက္နဲေသာအသိစိတ္ထဲမွ သည္ဂီတအပိုင္းအစကို ဆြဲထုတ္ကာ သူ႕၏ စိတ္ပ်က္စရာေနာက္ဆုံးဘဝကို အၿပီးတိုင္ႏႈတ္ဆက္ရန္ ဤသီခ်င္းကို အသုံးခ်ခ်င္သည္။

က်ယ္ယန္သည္ မ်က္လႊာခ်ကာ မိုက္ခရိုဖုန္းႏွင့္ သီခ်င္းဆို​ေန၏။ အႏွီသီခ်င္းတြင္ ခက္ခဲရႈပ္ေထြးေသာ စေကးမ်ားမရွိ၊ နက္နဲေပြလီေသာ အစီအစဥ္မ်ားမထင္၊ လွပခမ္းနားေသာ စာသားမ်ားမပါဝင္ေပ။ ၎က ရိုးရွင္းေသာ သီခ်င္းေလးတစ္ပုဒ္သာျဖစ္ေပမဲ့လည္း သူကေတာ့ လူတိုင္း၏ ႏွလုံးသားကို ကိုင္လႈပ္ေန၏။ 

သူက ေျပာတယ္ : နာက်င္မႈနဲ႕ စိတ္ပ်က္စရာေတြက အဆုံးသတ္သြားၿပီ။ သာယာေကာင္းမြန္တဲ့ အနာဂတ္ေလး မင္း ဘာလို႔မ်ား မလာေသးတာလဲ။

ေရအရင္းအျမစ္မ်ားက ညစ္ညမ္းကုန္ၿပီ။ တိရစာၦန္မ်ားက ဗီဇေျပာင္းသြားသည္။ လူေနမႈအဆင့္အတန္းမ်ားကလည္း ဟန္ခ်က္မညီေတာ့။ အရာခပ္သိမ္းက ပ်က္စီးယိုယြင္းလို႔သြားၿပီ … သစ္႐ြက္မ်ားက ညစ္ညမ္းေနေသာ ေရမ်ားထဲသို႔ ေႂကြက်လိဳ႕။ ေျခာက္ေသြ႕မရင့္ေရာ္သြားခင္မွာပဲ ေရက ေျမလႊာသန့္သန့္ထဲသို႔ သိမ္းႀကဳံးယူေဆာင္ခံလိုက္ရသည္။ သစ္႐ြက္မ်ားအေပၚတြင္ သယ္ေဆာင္လာေသာ သစ္ေစ့မ်ားက ေျမျပင္ေပၚသက္ဆင္းသြားၿပီး အျမစ္တြယ္ကာ အေညွာင့္ေပါက္လာၾက​ၿပီ။

သူက ေျပာတယ္ : သာယာေကာင္းမြန္တဲ့ အနာဂတ္ေကာင္းေလးက ေသခ်ာေပါက္ လာမွာပါတဲ့။

သီခ်င္းက တျဖည္းျဖည္း အဆုံးသတ္သြား၏။ ပရိသတ္မ်ားမွာလည္း ေသေလာက္ေအာင္ကို တိတ္ဆိတ္ေနၾကသည္။

ခ်ိဳးရွင္းက အရင္ဆုံး အသိဝင္ကာ ဦးဆုံးလက္ခုပ္တီး၏။ လ်ိဳရွားႏွင့္ က်န္လူမ်ားက သူ႕ေနာက္မွ လက္ခုပ္လိုက္တီးၾကသည္။ VIP ထိုင္ခုံမွာ လူအားလုံးသည္ ေျဖးညွင္းစြာျဖင့္ လက္မ်ားျမႇောက္လာၾက၏။ ထို႔ေနာက္မွာေတာ့ VIP ထိုင္ခုံအေနာက္က ပရိတ္သတ္ေနရာ၊ ေနာက္ ဘယ္ဘက္ျခမ္းႏွင့္ ညာဘက္ျခမ္း၊ ေနာက္ေတာ့ ဒုတိယထပ္က ပရိသတ္မ်ား။ မၾကာမီမွာပဲ လက္ခုပ္သံမ်ားက ပြဲၾကည့္ပရိသတ္မ်ား အားလုံးဆီမွ ပ်ံ့ႏွံ႕လာေတာ့သည္။

က်ယ္ယန္သည္ သူ႕အေတြးမ်ားကို ျပန္စုစည္းလိုက္၏။ ထို႔ေနာက္ မတ္တပ္ရပ္ကာ သူ႕ဂီတာကိုခ်လ်က္ မိုက္ကိုေကာက္ၿပီး VIP ေနရာက ၾကယ္ေရာင္ဆီသို႔ တန္းတန္းမတ္မတ္ စိုက္ၾကည့္လိုက္သည္။

ပရိသတ္မ်ားသည္ ဒဏၰာရီလာ သီခ်င္း၏ ညွို႔ငင္မႈမွ လြတ္ေျမာက္သြားပုံပင္။ သူတို႔က အသိျပန္ဝင္လာကာ ကိုးရိုးကားယားျဖင့္ လက္ခုပ္တီးတာကို ရပ္လိုက္သည္။ ပရိသတ္မ်ားသည္ အထူးတလည္ကို ၿငိမ္ခ်က္သားေကာင္းသြားၾကျပန္၏။

က်ယ္ယန္သည္ ပရိသတ္မ်ားကို ၾကည့္ရင္း စကားစလိုက္သည္။ “ ဒါက ကြၽန္ေတာ္ရဲ႕ ပထမဆုံး စင္ေပၚတက္ေဖ်ာ္ေျဖရတာပါ။ ကြၽန္ေတာ္ အရမ္းေပ်ာ္တာပဲ။ ”

တိတ္ဆိတ္ေန​ၾကဆဲပင္။

“ ကြၽန္ေတာ့္ကို ဆဲခဲ့တဲ့သူေတြ ကြၽန္ေတာ့္ကို ငိုယိုၿပီး ျပန္ေတာင္းပန္လာရေစမယ္လို႔ တစ္ခါက ေျပာခဲ့ဖူးတယ္။ ”

ပရိသတ္ေတြထဲမွာ ‘အာ’ ဆ္ိုေသာ အသံတိုးတိုး ပ်ံ့ႏွံ႕သြားၿပီး လူတိုင္းက လႈပ္လႈပ္ရွားရွားျဖစ္လာ၏။ 

“ အခု ကြၽန္ေတာ့္စကားကို ျပန္႐ုတ္သိမ္းခ်င္ပါတယ္။ ”

ပရိသတ္မ်ား၏ အုံႂကြမႈက ပိုမိုျပင္းထန္သြား၏။

“ အကယ္၍ အားလုံးကသာ အနာဂတ္မွာ  IUD အသစ္ကို ပိုၿပီးအားေပးမယ္ ေထာက္ပံ့ကာကြယ္ေပးမယ္ဆိုရင္ ကြၽန္ေတာ္ အားလုံးတို႔ကို ေတာင္းပန္ခ်င္ပါတယ္။ ”  က်ယ္ယန္ ဦးၫႊတ္လိုက္၏။   “ ေတာင္းပန္ပါတယ္ ”

ပရိသတ္မ်ားသည္ တစ္ဖန္ျပန္လည္ၿပီး တိတ္ဆိတ္သြား၏။

တိုက္ရိုက္ထုတ္လႊင့္မႈမွ ေဝဖန္ခ်က္မ်ားသည္လည္း ရပ္တန့္သြားသည္။

ခဏၾကာေတာ့ က်ယ္ယန္ ကိုယ္ကိုျပန္မတ္လိုက္သည္။   “ အခု စတိတ္ကို ထုံက်န္းဆီ လႊဲေပးပါ့မယ္။ ”  ထို႔ေနာက္ အေမွာင္ထဲသို႔ဆုတ္သြားၿပီး လုံး​လုံးေပ်ာက္ကြယ္သြားေတာ့၏။

ဒရမ္သံမ်ားေပၚလာၿပီး တျဖည္းျဖည္း ဆူညံလာသည္။ သီခ်င္းတစ္ပုဒ္၏ ေရွးေျပးသံစဥ္ေပၚလာၿပီးေနာက္ ေမွာင္မည္းေနေသာ စတိတ္က ျပန္လင္းလာ၏။ ထုံက်န္းက မ်က္လုံးမ်ားရဲေနကာ ဝတ္စုံအသစ္ျဖင့္ ဓာတ္ေလွကားမွ ပလပ္ေဖာင္းအျမင့္ေပၚတြင္ ရပ္ေန၏။ ကင္မရာ သူ႕မ်က္ႏွာနား ေရာက္လာစဥ္တြင္ သူ မ်ိဳသိပ္မထားနိုင္ပဲ ေျပာလိုက္သည္။  “ ယန္ယန္စကားေတြက သိပ္ေကာင္းတယ္။ မင္းတို႔က black fan ေတြရဲ႕ စကားကို ယုံတယ္။  marketing အေကာင့္ေတြရဲ႕ စကားေတြကို ယုံတယ္။ ကြၽန္ေတာ့္တို႔ကို စြန့္ခြာသြားတဲ့လူရဲ႕ စကားကိုေတာင္ ယုံၾကတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ စကားေတြကိုက် ဘာလို႔ မယုံၾကည္ၾကတာလဲ။ ”

သီခ်င္းပထမစာသား၏ အဝင္စီးခ်က္ကို ေက်ာ္သြား၏။ စင္အေနာက္က ဟူေပ်ာင္း၊ ခယ့္လန္၊ ႐ႊီခ်န္ေဟာင္တို႔သည္ ထိုအမွားအတြက္ ထုံက်န္းကို အျပစ္မျမင္ၾကေပ။

အာကစား႐ုံႀကီးကေတာ့ တိတ္လို႔။

ထုံက်န္းက သူ႕မ်က္ႏွာကို သုတ္ကာ ဆိုသည္။  “ သံစဥ္က ျပန္စပါလိမ့္မယ္။ အားလုံးပဲ ေသခ်ာနားေထာင္ေပးၾကပါ။ ခုဆိုမယ့္ ဝူထုံက ယန္ယန္ ကြၽန္ေတာ့္အတြက္ အထူးေရးစပ္ေပးထားတဲ့ solo သီခ်င္းပါ။ ဒီသီခ်င္းက ကြၽန္ေတာ့္ ဘဝအသစ္ရဲ႕ အစပဲ။  ေသခ်ာနားစိုက္ေထာင္ေပး​ၾကပါ !”
(TL: Wutong က တ႐ုတ္ကဗ်ာေတြထဲမွာ ေက်ာ္ၾကားတဲ့ သစ္ပင္မ်ိဳးစိတ္တစ္ခုပါ။ အဲ့ဒီအပင္ကို အလွအပနဲ႕ အသုံးဝင္မႈ​ေၾကာင့္ က်ယ္က်ယ္ျပန့္ျပန့္ စိုက္ပ်ိဳးၾကပါတယ္။ ဖီးနစ္ငွက္ က်က္စားရာအပင္လို႔လည္း ဆိုၾကပါတယ္။ )

ဂီတသံက ရပ္သြားကာ ျပန္စလာ၏။ ထုံက်န္းသည္ သူ႕အသက္ရႉသံကို ထိန္းညွိကာ အေကာင္းဆုံးအေျခအေနကို ေဆာင္ယူလ်က္ မိုက္ကို သူ႕ႏႈတ္ခမ္းရွိရာသို႔ ျမႇောက္ယူလိုက္သည္။ 

ေနာက္စကၠန့္အနည္းငယ္ၾကာၿပီးေနာက္တြင္ ပြဲၾကည့္ပရိသတ္မ်ားအားလုံး ဆူညံပြက္ေလာရိုက္ကုန္ၾက၏။

Solo သီခ်င္? ဘဝအသစ္ရဲ႕ အစ ? ဒါ ဘာအဓိပၸါယ္လဲ ? သူက အဖြဲ႕ဝင္အသစ္ကို မိတ္ဆက္ေပး႐ုံပဲ မဟုတ္ဘူးလား ? ၿပီးေတာ့ သူတို႔လည္း အဖြဲ႕ဝင္အသစ္ကို ထပ္ၿပီး မဆန့္က်င္ခ်င္ေတာ့ပါဘူးေလ …

━━━━━━━━━━━━━━━━━━━━━━━

Continue Reading

You'll Also Like

249K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
1.2M 63.8K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
869K 58.8K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
444K 38.7K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ