ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

437K 64.9K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 25

5.1K 954 22
By PoneyPeach

Unicode
အခန်း ( ၂၅ )

ပြင်ဆင်ပုံသွင်းနေကြစဥ်တွင် ဟူပျောင်း၏စိတ်အခြေအနေက နည်းနည်းဆိုရွားနေကြောင်း ကျယ်ယန်သတိထားမိသွားသည်။ ထို့ကြောင့် ရွှီချန်ဟောင်နှင့် တခြားလူများကို ရှောင်ကာ ဟူပျောင်းကို ရှာပြီးမေးလိုက်သည်။  “ ဘာဖြစ်လို့လဲ ”

ဟူပျောင်းက ကြိတ်မှိတ်မျိုသိပ်ထားပါသည့်တိုင် ဆက်သည်းမခံနိုင်တော့။   “ ပွဲမစမှာကတည်းက ပိုးကောင်တွေအများကြီး ရောပါနေလို့။ marketing အကောင့်တွေ ဦးနှောက်ဆေးခံထားရတဲ့ ပရိသတ်တွေနဲ့ ကံကောင်းပြီး လက်မှတ်ရထားကြတဲ့ မော့ပင်းပရိသတ်တွေက မင်းစတိတ်ပေါ်တက်တဲ့အချိန် မီးမှောင်ချ(black out)ထားမလို့တဲ့။ ”

မီးမှောင်ချတာက အနုပညာရှင်တစ်ယောက် ဖျော်ဖြေနေစဥ်တွင် အားပေးသည့်ပစ္စည်းများ၏ အလင်းရောင်များကို မီးပိတ်လိုက်တာအား ရည်ညွှန်းသည်။ မီးရောင်တွေထွန်းတာက အားပေးတာကို ကိုယ်စားပြုကာ မီးမှောင်ချတာကတော့ ဆန့်ကျင်ခုခံမှုနှင့် မနှစ်မြို့မှုကို ကိုယ်စားပြု၏။ မီးမှောင်ချခြင်းက အနုပညာရှင်တိုင်းအတွက် ရက်စက်မှုတစ်ခုပင်ဖြစ်သည်။

“ ဘာလို့ မင်းတစ်ယောက်တည်း စင်ပေါ်မတက်ရမှာလဲ။ ညနေ မင်း တစ်ကိုယ်တော်ဖျော်ဖြေတုန်း ထုံကျန်းကို ဘေးမှာ မိုက်ခရိုဖုန်းနဲ့ မတ်တပ်ရပ်ခိုင်းထားလိုက်မယ်။ သူက အဖွဲ့ထဲမှာ အရမ်းပေါ်ပြူလာဖြစ်တာ !”

ကျယ်ယန်ကတော့ ဂရုမစိုက်ပါ။  “ ရတယ်။ ကျွန်တော်က သီချင်းပဲဆိုချင်တာ။ စင်အောက်မှ မီးမလင်းရုံမကလို့ ပရိသတ်တွေက ကျွန်တော့်ကို ကြိုဆိုတာပဲဖြစ်ဖြစ်၊ မကြိုဆိုတာပဲဖြစ်ဖြစ် ဘာမှအရေးမကြီးဘူး။ ထုံကျန်းကို ဒုက္ခပေးမနေနဲ့။ ”

ဟူပျောင်းက စကားနည်းနည်းနှင့် စည်းရုံးဖို့ ကြိုစား​ကြည့်ပါသော်လည်း ကျယ်ယန်ကိုတော့ မစည်းနိုင်ခဲ့။ ဤသို့ဖြင့် ဟူပျောင်းသည် marketing အကောင့်များနှင့် မော့ပင်းကို ဆဲရေးနေခဲ့၏။ အတန်ကြာမှသာ အဆဲရပ်သွားတော့သည်။

ည ၇ နာရီ၊ တာ့ကျိုးအားကစားကွင်း၏ စတိတ်စင်အနောက်ဘက်၌။

ကျယ်ယန်က မျက်လုံးမှိတ်လျက် တစ်ယောက်ထိုင်ဆိုဖာကို မှီထိုင်နေစဥ်တွင် ထုံကျန်းက ဘေးကနေ တရပ်ဆက် ပေါက်ပေါက်ဖောက်နေ၏။

“ Weibo က ငါတို့ကို တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဥ်ပေးခဲ့ပြီးတာနဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းရဲ့ ကြည့်ရှုနှုန်းက ၉ သန်းရှိသွားပြီကွ  … ငါတို့ရဲ့ နာမည်ကြီးလွန်း​မနေဘူးလား။ အပြင်က ထိုင်ခုံတွေရော အပြည့်လား။ ထိုင်ခုံအလွတ်နေရာ ကြီးကြီးမားမားလည်း မရှိလောက်ဘူးမလား။  ”

ဟူပျောင်း သည်းမခံနိုင်တော့။ ထုံကျန်းလက်ထဲက မိုဘိုင်းဖုန်းကို ဆွဲလုကာသာ ဆူလိုက်တော့၏။    “ မင်းဖုန်းကို ဆက်မကြည့်နဲ့တော့။ ပရိသတ်တွေလည်း စုံနေပြီ။ မင်းသာ စိတ်လှုပ်ရှားလွန်းနေတာ။ ခယ့်လန်နဲ့ ကျယ်ယန်ကိုအတုယူပြီး မင်းပုံစံကို ထိန်းစမ်းပါ။ အဖွင့်က သီချင်းအသစ်နော်။ နောက်ကျကျန်မနေစေနဲ့။ ”

ထုံကျန်းက အသက်ပြင်းပြင်းရှူကာ စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်ဖို့ ကြိုးစားရှာ၏။ သို့သော်လည်း ၎င်းက အလုပ်မဖြစ်ဘဲ မနေနိုင်မထိုင်နိုင်ဖြင့် အရှေ့က ပရိသတ်များ၏ အရိပ်အခြည်ကို သွားကြည့်ပြန်သည်။  

အပြင်ဘက်တွင် လူအုပ်ကြီးရှိနေပြီး ရောင်စုံမီးပင်လယ်ကြီးက တောက်ပလင်းထိန်နေသည်။

“ သီချင်းအသစ်ကို ကောင်းကောင်းဆို။ ”

ထုံကျန်း လန့်သွားပြီး အနောက်ကို လှည့်ကြည့်လိုက်၏။

ခယ့်လန်က ပွဲကြည့်ပရိသတ်တွေထံမှ အကြည့်လွှဲကာ ထုံကျန်းပုခုံးပေါ်လက်တင်လျက် ဖွဖွလေး ပုတ်ပေးသည်။      “ ဒီအတောအတွင်း ငါတို့ဖျော်ဖြေပွဲအတွက် ပွဲကြည့်ပရိသတ်တွေ အများကြီး ရောက်နေကြတာ ကျယ်ယန်ရဲ့ ကောလာဟလတွေကြောင့်ပဲ ။ အပြင်ဘက်က လူတွေက ငါတို့ကို ဟားဖို့စောင့်နေကြတာ။ မကောင်းပြောတဲ့လူတွေရော၊ marketing အကောင့်တွေရော၊ ပရိသတ်တွေရောပဲ။ သူတို့က ကျယ်ယန်ကို နှစ်လလုံးလုံး ဆဲဆိုခဲ့ကြတာ။ သူဘာမှမမှားခဲ့တာ ရှင်းနေပေမယ့် အဆဲခံခဲ့ရတယ်။   ”

ထုံကျန်းသည် ချက်ချင်းလက်ငင်းကို စိတ်အေးသွား၏။

“ သေချာဆိုပါ့မယ်။ ”

“ အင်း !”

၇:၂၀ ရှိသွားချေပြီ။

ချိုးရှင်းသည် ပုံမှန်အတိုင်း အနက်ရောင်ဝတ်စုံကိုဝတ်ကာ လျိုရှား၊ ဝူရွှေ့၊ ဟယ်ကျွင်းနှင့် ကျိုးမြောင်တို့ ခြံရံလျက် VIP ဧရိယာထဲသို့ ဝင်ရောက်လာခဲ့သည်။ သူက ရှေ့ဆုံးတန်းရှိ အလယ်က ထိုင်ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်သည်။

ချိုးရှင်းသည့် ဦးထုပ်နှင့် maskတပ်ထားသော ခုံတန်းအလယ်​ခေါင်က အမည်မသိလူတစ်ယောက်နှင့် သူ့နေရာကို အပြန်​ပြန်အလှန်လှန် အကဲခတ်ကြည့်လိုက်မိ၏။ သူမျက်နှာက မည်းမှောင်သွားပြီး လှောင်ရယ်လိုက်၏။    “ အကောင်းဆုံးနေရာတဲ့လား။ ”  ဒီလူလိမ်ကောင် ကျယ်ယန်ကတော့။

၇:၂၅။

မော့ပင်းက သူ့လက်ထောက်များနှင့် ဝန်ထမ်းများခြံရံကာ အေးဆေးစွာဖြင့် ဝင်လာ၏။ ဝမ်ယီမှ ကိုယ်စားလှယ်အဖြစ် လွှတ်လိုက်သော ဟွမ်မော့ကို သူ့ဘေးမှာ ထိုင်နေလျက်သားဖြင့် တွေ့လိုက်ရသည်။  

ဟွမ်မော့က ငေါ့တော့တော့ ရွဲ့တဲ့တဲ့ဖြင့် နှုတ်ဆက်လာ၏။  “ ဝိုး အလုပ်တွေရှုပ်နေတဲ့လူကြီးမင်း ရောက်လာတာပဲ။ ဘာလို့ စတိတ်စင်အနောက်ကို မသွားတာလဲ။ ဒါက IUD ရဲ့ အထိမ်းအမှတ် ဖျော်ဖြေပွဲလေ။ ခေါင်းဆောင်ကြီးက ဘာလို့ဒီမှာ လာထိုင်နေတာလဲဗျာ။ ”

မော့ပင်းက စိတ်ထိန်းကာ ပြန်မဖြေတော့။ သူနေရာမှာဝင်ထိုင်ပြီးတာနှင့် စတိတ်ကို ချက်ချင်းလှမ်းကြည့်လိုက်သည်။ သူ့ညာဘက်ဘေးမှာထိုင်နေသော ဦးထုပ်၊ mask တပ်ထားသည့်လူကို တစ်ချက်မျှပင် လှည့်မကြည့်ပေ။ သူ့ဘေးကလူကတော့ အကြည့်မလွှဲခင် သူ့ကိုစိုက်ကြည့်သွားသေး၏။

၇:၂၅။

ပင်မစတိတ်စင်က မှောင်မည်းနေကာ စင်ထောင့်က ကြယ်များနှင့်ဆင်တူသော မီးသီးအနည်းငယ်သာ တောက်ပနေ၏။ ပရိသတ်တွေက အလိုအလျောက် တိတ်ဆိတ်ငြိမ်သက်နေကြပြီး စင်ပေါ်က ဖန်သား​​ပြင်အကြီးကြီးကိုသာ စိုက်ကြည့်နေကြ၏။  

အင်တာနက်ပေါ်၌ ဇယ့်ရှင်းသည် IUD နှစ်ပတ်လည်ဖျော်ဖြေပွဲကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေသည်။ ဖျော်ဖြေပွဲစတာနှင့် live room၏ ကြည့်ရှူနှုန်းက သန်း ၂၀ ကျော်သွားခဲ့ပြီ။ Weibo ပေါ်တွင်လည်း IUD ဖျော်​ဖြေပွဲ၏ အထူးခေါင်းစဥ်ကျော်ကြားမှုသည် ပို၍မြန်ဆန်စွာ မြင့်တက်သွားတော့၏။

လေထုက တင်းမာနေပုံရကာ လူအားလုံးသည် သူတို့ဝင်သက်ထွက်သက်များကိုပင် မသိစိတ်အလျောက် တိုးဖွနှေးကွေးစေမိသည်။  

နောက်ဆုံးမှာတော့ ပင်မစင်မြင်၏ ဖန်သားပြင်အကြီးကြီးက မီးလင်းလာပြီး ၁၀ စက္ကန့် countdown က ပေါ်လာသည်။

ပရိသတ်များထံမှာ အားပေးသံများက ပေါက်ကွဲထွက်လာ၏။ ပရိသတ်များက စိတ်လှုပ်ရှားစွာဖြင့် countdown ကို လိုက်ရေတွက်ကြကာ သူတို့အသံများက ညီညီညာညာဖြင့် ပိုမိုကျယ်လောင်လာသည်။

စတိတ်၏ အမှောင်ထုထဲ၌မူ ဓာတ်လှေကားပေါ်တွင် ရပ်နေသော ထုံကျန်းသည်  countdown အသံများကိုကြားပြီး အသက်ပြင်းပြင်း ရှူလိုက်၏။ ထို့နောက် သူ့အသံကိုတိုးကာ မပီမသဖြင့် ရေရွတ်လိုက်မိသည်။   “ မဖြစ်တော့ဘူး။ ငါ အရမ်းစိတ်လှုပ်ရှားနေပြီ။ လူ ၅၀,၀၀၀ ရှိတဲ့မြင်ကွင်းမျိုးကို ငါမြင်ခဲ့တာ အရမ်းကြာနေပြီ။ ”

မိုက်ခွက်ပါနားကြပ်ထဲမှ စီစဥ်သူက သူတို့ကို ပြင်ဆင်ထားဖို့ သတိပေးလာသည်။ 

ခယ့်လန်က သူ့ကို လှမ်းပြောလာ၏။  “ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုရှိတယ်။ အာရုံစိုက်ထားနော်။ ”

ထုံကျန်း အသံတွေတောင် တုန်သွား၏။  “ ငါ ပိုပြီးစိတ်လှုပ်ရှားသွားပြီ။ ”

ခယ့်လန် , “……”

ကျယ်ယန်က ပြောလာ၏။ “ ဒါက IUD ရဲ့ နောက်ဆုံးရှိုးပွဲပဲ။ ”

လူတိုင်း , “……”

  ထုံကျန်းက တစ်စက္ကန့်လောက် ငြိမ်သက်သွား၏။  “ လာ အကောင်းဆုံး အပြီးသတ်လိုက်ကြရအောင် !”

countdown က ဆက်လက်ရေတွက်နေ၏။

“ ငါး !”

စင်ပေါ်က ကြယ်ရောင်များက အလယ်သို့စုဆုံသွားပြီး ပိုတောက်ပလာသည်။

“ လေး !”

  ကျယ်ယန် စတိတ်ပေါ်က တခြားလူများ၏ ဖျော်ဖြေပွဲများကိုသာ ငေးမောကြည့်ခဲ့ရသော သူ့အရင်ဘဝကို ပြန်အမှတ်ရကာ ပြုံးလိုက်မိသည်။

“ သုံး !”

VIP ထိုင်ခုံ၌ ချိုးရှင်းသည့် သူ့နားများကို လက်ဖြင့်အုပ်ထားသည်။ သူသည် မျက်လုံးများကိုမှိတ်ကာ အမြင့်သံများကြောင့် နေမထိထိုင်မသာဖြစ်မှုများကို ထိန်းချုပ်ထားရသည်။

“ နှစ် !”

ရွှီချန်ဟောင်က အသံတိုးတိုးဖြင့်။  “ စမယ် ”

“ တစ် —!!!”

စတိတ်က လင်းထင်းသွားကာ တစ်ဖွဲ့လုံးက ရွှင်မြူးတက်ကြွစွာဖြင့် ထွက်ပေါ်လာသည်။

အသံချဲ့စက်မှ အော်သံအကျယ်ကြီးက ခန်းမတစ်ခုလုံးကို ဟိန်းထွက်သွား၏။ မီးရှူးမီးပန်းများက ပေါက်ကွဲထွက်လာပြီး အားပြင်းသော တေးဂီသံက ကျယ်လောင်စွာ ထွက်လာသည်။

အကျယ်လောင်ဆုံးနေရာကတော့ ဓာတ်လှေကားသုံးထားသော စင်မြင့်ထက်တွင် IUD အသစ်၏ လူလေးဦးပေါ်လာချိန်၌ ဖြစ်သည်။ ထုံကျန်းက C position တွင် မတ်တပ်ရပ်ကာ သူ့အရှေ့က ပရိသတ်များကို မျက်နှာမူထားသည်။ သူက မိုက်ကို ပါးစပ်နားစီသို့မြှောက်က ပါစပ်ဖွင့်လိုက်၏။

အားကောင်းသည့် အမြင့်သံတစ်သံက ညကောင်းကင်ယံကို ဖြတ်ကျော်သွားပြီး အထိန်းအမှတ် ဖျော်ဖြေပွဲ၏ ကန့်လန့်ကာကို တရားဝင် ဖွင့်လှစ်ပေးလိုက်တော့သည်။

စတိတ်က အရှိန်ပြင်းပြင်းနှင့် ပေါက်ကွဲထွက်သွားကာ ပရိသတ်များကလည်း စိတ်အားထက်သန်စွာဖြင့် အော်ဟစ်ကြကုန်သည်။ 

ချိုးရှင်းက သူ့နားကိုအုပ်ထားသော လက်များကိုချကာ စင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများက ထုံကျန်းအနောက်က ပုံရိပ်လေးပေါ်တွင် မခွဲမခွာ စွဲထင်လျက်။

မီးရှူးမီးပန်းတွေက တဖြည်းဖြည်း ရပ်တန့်သွားကာ အားတတ်သရော အော်ဟစ်သံများလည်း တိုးကျသွားသည်။ စတိတ်မီးရောင်များလည်း မှိန်ဖျော့သွားကာ တေးဂီတစည်းချက်အသံမှာလည်း နှေးကွေးလို့သွား၏။

ထုံကျန်းသည် ကင်မရာဘက်သို့ ပြုံးပြပြီး ဘေးသို့လှည့်ကြည့်လိုက်သည်။

ကင်မရာက အနောက်က ကျယ်ယန်ကို ပြသလာ၏။ သူက တမူထူးသည့် အနက်ရောင်ဝတ်စုံကို ဝတ်ထား၏။ သူ့ဆံပင်ကိုလည်း သေသေသပ်သပ် ပုံသွင်းထားကာ မျက်ခုံး​မွေးများကိုလည်း ရိတ်ထားသည်။ သူ့ခန္ဓာကိုယ်က သွယ်လျပြီး အရပ်ရှည်ကာ သူ့စရိုက်က အေးတိအေးစက်ဖြင့်။ သူ့၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာက ဓားအိမ်မဖွင့်ထားသော ဓားချွန်တစ်လက်လိုပင်။

ဂီတသံက လှောက်အိမ်ထဲမှာ ပိတ်လှောင်ထားသော သားရဲတစ်ကောင်လို တိုးလျသွား၏။

ကျယ်ယန်သည် မိုက်ကို သူ့နှုတ်ခမ်းနားသို့ မြှောက်ယူကာ မျက်လုံးများကို မှိတ်ချလိုက်တော့သည်။

အသံတိုးရှရှက အစောပိုင်းက ထုံကျန်းဆိုသွားသော မြူးကြွကြွသီချင်းသံနှင့် ကွဲပြား၏။ ကြီးစိုးချယ်လှယ်လွန်းလှသော သားရဲကောင်ကို ချုပ်နှောင်ပြီး အမှောင်ထုထဲသို့ ဆွဲခေါ်သွားသည့် ချိန်းကြိုးသံနှင့် တူသည်။ 

ပရိသတ်များမှာ ချက်ချင်းကို ငြိမ်ကျသွား၏။ တိုက်ရိုက်ထုတ်လွှင့်မှုမှ တရစပ်တက်နေသော ​ဝေဖန်စာများက ရပ်တန့်သွားသည်။ မော့ပင်းမျက်လုံးများမှာလည်း တဖြည်းဖြည်း ပြူးကျယ်ဝိုင်းစက်လာ၏။ ချိုးရှင်းသည် တခဏမျှ မှင်တက်သွားကာ ခပ်ဖွဖွရယ်မောလိုက်သည်။

“ ဘုရားရေ !” ဟွမ်မော့ကတော့ တုန်လှုပ်သွား၏။  “ ဒီအသံနဲ့ ခံစားချက်က … အတုမဟုတ်ဘူးမလား။ ”

ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုခန်း၏ ဝေဖန်​လေကန်​ရေးနေရာတွင် ဟွမ်မော့နှလုံးသားနည်းတူ မေးခွန်းများ၊ အာမေဋိတ်အမှတ်အသားများဖြင့် ပြည့်နှက်သွားတော့သည်။ Weibo ပေါ်၌ IUD ကို စောင်းပါးရိပ်ခြည် ပြောနေသော အတင်းစကားများက ရပ်တန့်သွားပြီး ရယ်ချင်စဖွယ် ကွက်လပ်အလွတ်ကြီးသာ ကျန်ရှိတော့သည်။

ကျယ်ယန်သည် စတိတ်ပေါ်၌ စာသားတစ်ကြောင်းသာ သီဆိုပြီး center နေရာကို ရွှီချန်ဟောင်ထံလက်လွှဲကာ လှည့်ထွက်သွား၏။

သီချင်းက တဖြည်းဖြည်း စည်းချက်ကျလာ၏။ ထုံကျန်း၏ အားမာန်အပြည့်နှင့် လွှမ်းမိုးသွားသော အဖွင့်သံအပြီးတွင် ကျယ်ယန်အသံက ​ဖြေးညှင်းစွာ ဝမ်းနည်းမွန်းကျပ်စရာ ကောင်းလာသည်။ စာသားများက တေးသွားနှင့် လိုက်ဖက်ညီကာ ခံစားချက်များ ပျံ့လွင့်နေ၏။ သဘောထားကွဲလွဲမှု၊ ငြင်းခုန်မှု၊ ပျက်စီးမှု၊ လဲပြိုမှု၊ စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းပူဆွေးမှုနှင့် ပြိုကွဲမှုများ  …

ပရိသတ်များမှာ ကျယ်ယန်၏ အံ့သြစရာအသံကို ပြန်ပြောင်းအောက်မေ့ချိန်မရှိဘဲ သီချင်းမှ ဖန်တီးပေးသော ခံစားချက်များအတွင်းသို့ ပြင်းပြင်းထန်ထန် ဆွဲသွင်းခံလိုက်ရလေပြီ။ သူတို့အားလုံး ကြားလိုက်ရချေပြီ။ IUD ဆိုတာ ဒါပဲ !

IUD ၏ အံ့ဖွယ်အောင်မြင်မှုများ၊ IUD ၏ ခါးသီးဖွယ် မြင်ကွင်းများ၊  IUD အပြီးသတ်၏ စိတ်ဓာတ်ပြိုလဲမှုများ …  စင်ပေါ်က လူလေးယောက်ကို စိုက်ကြည့်ရင်း သူတို့မျက်လုံးများက နီရဲလာ၏။ ၎င်းက သူတို့ရင်ဘတ်ကို ကျောက်တုံးကြီးတစ်တုံးနှင့် အဖိခံထားရတာကြောင့် ကိုက်ခဲနာကျင်နေတာနှင့်တူသည်။

  သီချင်းသီဆိုဖျော်ဖြေအဆုံးသတ်ပြီးနောက် ဂီတသံက အတိုးဆုံးနေရာသို့ ရောက်သွား၏။ စင်ပေါ်က မီးရောင်များအားလုံး မှိန်ဖျော့သွားကာ ပွဲကြည့်ပရိသတ်များထံမှ ရှိုက်ငင်ငိုကြွေးသံများကို ကြားလာရသည်။ 

သီချင်းသံ လုံးဝပျောက်ကွယ်သွားတာနှင့် အသံတိုးတိုးတစ်သံကို ထပ်မံကြားလိုက်ရသည်။ အသံက အမှောင်ယံထဲက နွေဦးလေပြေလို၊ မနက်စောစော တိုက်ခတ်သော ပထမဆုံး လေညှင်းလို၊ နွေဦး၏ ဝင်သက်ထွက်သက်ကို ညှို့ယူသယ်ဆောင်လာသည်။ စင်ပေါ်က ကြယ်ရောင်များက ပြန်လည်တောက်ပလာပြီး နက်ရှိုင်းလှသော စိတ်ပျက်အားငယ်မှုတွင် မျှော်လင့်ချက်အလင်းရောင်က ပြန်လည်ရှင်သန်လာ၏။ 

သီချင်းသံက တဖြည်းဖြည်း ကျယ်လာကာ ဂီတသံကလည်း ပြန်စလာပြီး အစပိုင်း chorus အတိုင်း ထုံကျန်းအသံကိုသာ ထည့်ထားသည်။

စာသားများက ထပ်မံပြန့်ကျဲလာပြီး ထုံကျန်းအသံက မြင့်မြင့်မျောလွင့်နေသည်။ ခံစားချက်များမှာလည်း ပေါက်ကွဲထွက်လာကြပြီး အမှောင်ထုက ပျောက်ကွယ်သွားကာ မျှော်လင့်ချက်များ ပျံ့နှံ့လာရင်း စတိတ်စင်ဟာလည်း တောက်ပလို့လာသည်။ ပြန်လည်မွေးဖွားလာခြင်း၊ အရာရာကို ပြန်လည်ရယူနိုင်ခြင်း၊ မူလရည်ရွယ်ချက်၊ ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များ !

စိတ်ခံစားချက်များအားလုံးကို ပေါက်ခွဲပစ်လိုက်ပြီး ထုံကျန်းက စိတ်လွတ်ကိုယ်လွတ် အော်ဟစ်သီဆိုနေသည်။ သားရဲ၏ ဟိန်းဟောက်ဟစ်ကြွေးသံက ကျယ်လောင်လာပြီး စည်းချက်ကျကျ ဒရမ်သံများက သီချင်းကို အထွတ်အထိပ်သို့ရောက်အောင် တွန်းပို့လျက်သား။ 

ပွဲကြည့်ပရိသတ်တွေ၏ခံစားချက်များမှာတော့ လှုံ့ဆော်ခံလိုက်ရပြီ။ သူတို့မှာ မျက်ရည်တွေကို အတင်းသုတ်ကာ ဖျစ်ညှစ်ပြုံးလျှက် အားပေးအော်ဟစ်ကြရှာသည်။ သည်နေရာကနေစ၍ သီချင်း၏အထွတ်အထိပ်က ပြန်ကျမလာတော့။ ဘဝသစ်၊ မျှော်လင့်ချက်နှင့် အနာဂတ်အကြောင်းကို သီဆိုကြသည်။ နောက်ဆုံးမှာတော့ မြူးကြွကြွ သံပြိုင်သီချင်းအပြီးတွင် အသံအားလုံး တိတ်ဆိတ်သွားကာ ပရိသတ်တွေအားလုံး ငြိမ်ကျသွား၏။ 

တစ်စုံတစ်ခုက လေထဲမှာ ပျံ့နှံ့လှုပ်ရှားလာပုံပင်။

ထုံကျန်းက နှုတ်ခမ်းပါးထက်သို့ မိုက်ကို ဆွဲယူ၏။ သူလက်များကိုလည်းမြှောက်ကာ ပရိသတ်များထံသို့ အော်ပြောလိုက်သည်။   “ ဒါက IUDရဲ့ သီချင်းအသစ်ပါ။ ကြိုက်ကြရဲ့လား!”

ပရိသတ်များမှာ ခဏမျှငြိမ်ကျသွားပြီးနောက် ဆူညံစွာ အော်ဟစ်အားပေးကြ၏။  ‘ကြိုက်တယ်!’ ဆိုသော စကားလုံးက ပွဲကြည့်ပရိသတ်တွေ အားလုံးဆီက ဟစ်ကြွေးထွက်လာကြကုန်သည်။

ကျယ်ယန်လည်း ပြုံးမိသွားကာ မိုက်ကိုလက်ဝါးဖြင့် ပွတ်သပ်လျက်  VIP ထိုင်ခုံများရှိသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ စတိတ်စင်၏ အလင်းရောင်များက အလွန်အမင်းကို တောက်ပလွန်းတာကြောင့်  VIP ထိုင်ခုံက လူများကို ကျယ်ယန်သေချာမမြင်ရပေ။ သို့ပေသည့် သူ့အကြည့်လားရာမှာ ချိုးရှင်းရှိနေမည်မှန်း အတတ်သိ​နေသည်။

ထိုဘက်သို့ ကျယ်ယန် လက်ကိုဝှေ့ယမ်းပြလိုက်သည်။ ချိုးရှင်းလည်း ပြုံးတုံးတုံးဖြစ်သွားကာ ထိုင်ခုံလက်ရန်းပေါ်က လက်များကို ပြန်ချရင်း အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်၏။ 

ချိုးရှင်းနှင့် မနီးမဝေးရှိ မော့ပင်းသည် စတိတ်စင်ဘက်သို့ မျက်နှာမကောင်းစွာ ငေးမျှော်ကြည့်ရင်း ချွေးဆို့လျက်သား။ သူ့အမူအရာကို ထိန်းမနိုင်လောက်အောင်အထိကို သူ့စိတ်အခြေအနေက ဖရိုဖရဲဖြစ်နေပြီ။ စင်စစ်ကမူ ထုံကျန်း အမြင့်သံကို စဆိုကတည်းက သူ့အမူအရာကို ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့။ 

IUD ၏ သီချင်းအသစ်ကို သည်လောက်အထိကောင်းလိမ့်မည်ဟု မထင်ထားခဲ့သလို ကျယ်ယန်မှာလည်း အသံကောင်းကောင်းရှိမည်ဟု မျှော်လင့်မထားခဲ့။ အကယ်၍များ သူသာ အဖွဲ့ထဲက မထွက်ခဲ့လျှင်၊ ရွှီချန်ဟောင်သာ ပြန်မလာခဲ့ပါလျှင်၊ သူသာ စင်ပေါ်ရပ်နေခဲ့ပါလျှင် ထိုသို့သော အတွေးများကို မတွေးဘဲမနေနိုင်တော့  …

“ နောင်တရလား။ ”

ရုတ်တရက် မော့ပင်း အသိပြန်ဝင်လာကာ အသံလာရာ သူ့ညာဘက်ကို လှည့်ကြည့်လိုက်၏။

ဦးထုပ်နှင့် mask ဝတ်ထားသော အမျိုးသား၏ မျက်လုံးများက ရတနာတစ်တုံးကို ရှာတွေ့သွားသည့်နှယ် စိတ်လှုပ်ရှားပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ သူက မော့ပင်းဘက်ကို ကပ်လာပြီး တိုးတိုးလေးဆိုလာသည်။     “ ငါ​သာ မင်းဆိုရင် သေချာပေါက် နောင်တရမိမှာ။ မော့ပင်း ငါ့ကို ဒီလိုရတနာမျိုး ရှာတွေ့ခွင့်ပေးတဲ့အတွက် ကျေးဇူးပဲ။ ”

မော့ပင်းသည် ဦးထုတ်လျှာအောက်မှ တစ်စွန်းတစ်စ ပေါ်ထွက်နေသော ထိုလူ၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်မှာပဲ ရုတ်တရက် တုန်လှုပ်ခြောက်ခြားသွားကာ သူ့စိတ်ထဲ ဗလာကျင်းသွား၏။  

ဒီအသံ၊ ဒီမျက်လုံးတွေက … လောင်ရှို့ယူ ?!

━━━━━━━━━━━━━━━━━━━━━━━


Zawgyi
အခန္း ( ၂၅ )

ျပင္ဆင္ပုံသြင္းေနၾကစဥ္တြင္ ဟူေပ်ာင္း၏စိတ္အေျခအေနက နည္းနည္းဆို႐ြားေနေၾကာင္း က်ယ္ယန္သတိထားမိသြားသည္။ ထို႔ေၾကာင့္ ႐ႊီခ်န္ေဟာင္ႏွင့္ တျခားလူမ်ားကို ေရွာင္ကာ ဟူေပ်ာင္းကို ရွာၿပီးေမးလိုက္သည္။  “  ဘာျဖစ္လို႔လဲ ”

ဟူေပ်ာင္းက ႀကိတ္မွိတ္မ်ိဳသိပ္ထားပါသည့္တိုင္ ဆက္သည္းမခံနိုင္ေတာ့။   “ ပြဲမစမွာကတည္းက ပိုးေကာင္ေတြအမ်ားႀကီး ေရာပါေနလို႔။ marketing အေကာင့္ေတြ ဦးေႏွာက္ေဆးခံထားရတဲ့ ပရိသတ္ေတြနဲ႕ ကံေကာင္းၿပီး လက္မွတ္ရထားၾကတဲ့ ေမာ့ပင္းပရိသတ္ေတြက မင္းစတိတ္ေပၚတက္တဲ့အခ်ိန္ မီးေမွာင္ခ်(black out)ထားမလို႔တဲ့။ ”

မီးေမွာင္ခ်တာက အႏုပညာရွင္တစ္ေယာက္ ေဖ်ာ္ေျဖေနစဥ္တြင္ အားေပးသည့္ပစၥည္းမ်ား၏ အလင္းေရာင္မ်ားကို မီးပိတ္လိုက္တာအား ရည္ၫႊန္းသည္။ မီးေရာင္ေတြထြန္းတာက အားေပးတာကို ကိုယ္စားျပဳကာ မီးေမွာင္ခ်တာကေတာ့ ဆန့္က်င္ခုခံမႈႏွင့္ မႏွစ္ၿမိဳ႕မႈကို ကိုယ္စားျပဳ၏။ မီးေမွာင္ခ်ျခင္းက အႏုပညာရွင္တိုင္းအတြက္ ရက္စက္မႈတစ္ခုပင္ျဖစ္သည္။

“ ဘာလို႔ မင္းတစ္ေယာက္တည္း စင္ေပၚမတက္ရမွာလဲ။ ညေန မင္း တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖတုန္း ထုံက်န္းကို ေဘးမွာ မိုက္ခရိုဖုန္းနဲ႕ မတ္တပ္ရပ္ခိုင္းထားလိုက္မယ္။ သူက အဖြဲ႕ထဲမွာ အရမ္းေပၚျပဴလာျဖစ္တာ !”

က်ယ္ယန္ကေတာ့ ဂ႐ုမစိုက္ပါ။  “ ရတယ္။ ကြၽန္ေတာ္က သီခ်င္းပဲဆိုခ်င္တာ။ စင္ေအာက္မွ မီးမလင္း႐ုံမကလို႔ ပရိသတ္ေတြက ကြၽန္ေတာ့္ကို ႀကိဳဆိုတာပဲျဖစ္ျဖစ္၊ မႀကိဳဆိုတာပဲျဖစ္ျဖစ္ ဘာမွအေရးမႀကီးဘူး။ ထုံက်န္းကို ဒုကၡေပးမေနနဲ႕။ ”

ဟူေပ်ာင္းက စကားနည္းနည္းႏွင့္ စည္း႐ုံးဖို႔ ႀကိဳစား​ၾကည့္ပါေသာ္လည္း က်ယ္ယန္ကိုေတာ့ မစည္းနိုင္ခဲ့။ ဤသို႔ျဖင့္ ဟူေပ်ာင္းသည္ marketing အေကာင့္မ်ားႏွင့္ ေမာ့ပင္းကို ဆဲေရးေနခဲ့၏။ အတန္ၾကာမွသာ အဆဲရပ္သြားေတာ့သည္။

ည ၇ နာရီ၊ တာ့က်ိဳးအားကစားကြင္း၏ စတိတ္စင္အေနာက္ဘက္၌။

က်ယ္ယန္က မ်က္လုံးမွိတ္လ်က္ တစ္ေယာက္ထိုင္ဆိုဖာကို မွီထိုင္ေနစဥ္တြင္ ထုံက်န္းက ေဘးကေန တရပ္ဆက္ ေပါက္ေပါက္ေဖာက္ေန၏။

“ Weibo က ငါတို႔ကို တိုက္ရိုက္ထုတ္လႊင့္မႈ အစီအစဥ္ေပးခဲ့ၿပီးတာနဲ႕ တိုက္ရိုက္ထုတ္လႊင့္ခန္းရဲ႕ ၾကည့္ရႈႏႈန္းက ၉ သန္းရွိသြားၿပီကြ  … ငါတို႔ရဲ႕ နာမည္ႀကီးလြန္း​မေနဘူးလား။ အျပင္က ထိုင္ခုံေတြေရာ အျပည့္လား။ ထိုင္ခုံအလြတ္ေနရာ ႀကီးႀကီးမားမားလည္း မရွိေလာက္ဘူးမလား။  ”

ဟူေပ်ာင္း သည္းမခံနိုင္ေတာ့။ ထုံက်န္းလက္ထဲက မိုဘိုင္းဖုန္းကို ဆြဲလုကာသာ ဆူလိုက္ေတာ့၏။    “ မင္းဖုန္းကို ဆက္မၾကည့္နဲ႕ေတာ့။ ပရိသတ္ေတြလည္း စုံေနၿပီ။ မင္းသာ စိတ္လႈပ္ရွားလြန္းေနတာ။ ခယ့္လန္နဲ႕ က်ယ္ယန္ကိုအတုယူၿပီး မင္းပုံစံကို ထိန္းစမ္းပါ။ အဖြင့္က သီခ်င္းအသစ္ေနာ္။ ေနာက္က်က်န္မေနေစနဲ႕။ ”

ထုံက်န္းက အသက္ျပင္းျပင္းရႉကာ စိုးရိမ္ပူပန္မႈမ်ားကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားရွာ၏။ သို႔ေသာ္လည္း ၎က အလုပ္မျဖစ္ဘဲ မေနနိုင္မထိုင္နိုင္ျဖင့္ အေရွ႕က ပရိသတ္မ်ား၏ အရိပ္အျခည္ကို သြားၾကည့္ျပန္သည္။  

အျပင္ဘက္တြင္ လူအုပ္ႀကီးရွိေနၿပီး ေရာင္စုံမီးပင္လယ္ႀကီးက ေတာက္ပလင္းထိန္ေနသည္။

“ သီခ်င္းအသစ္ကို ေကာင္းေကာင္းဆို။ ”

ထုံက်န္း လန့္သြားၿပီး အေနာက္ကို လွည့္ၾကည့္လိုက္၏။

ခယ့္လန္က ပြဲၾကည့္ပရိသတ္ေတြထံမွ အၾကည့္လႊဲကာ ထုံက်န္းပုခုံးေပၚလက္တင္လ်က္ ဖြဖြေလး ပုတ္ေပးသည္။      “ ဒီအေတာအတြင္း ငါတို႔ေဖ်ာ္ေျဖပြဲအတြက္ ပြဲၾကည့္ပရိသတ္ေတြ အမ်ားႀကီး ေရာက္ေနၾကတာ က်ယ္ယန္ရဲ႕ ေကာလာဟလေတြေၾကာင့္ပဲ ။ အျပင္ဘက္က လူေတြက ငါတို႔ကို ဟားဖို႔ေစာင့္ေနၾကတာ။ မေကာင္းေျပာတဲ့လူေတြေရာ၊ marketing အေကာင့္ေတြေရာ၊ ပရိသတ္ေတြေရာပဲ။ သူတို႔က က်ယ္ယန္ကို ႏွစ္လလုံးလုံး ဆဲဆိုခဲ့ၾကတာ။ သူဘာမွမမွားခဲ့တာ ရွင္းေနေပမယ့္ အဆဲခံခဲ့ရတယ္။   ”

ထုံက်န္းသည္ ခ်က္ခ်င္းလက္ငင္းကို စိတ္ေအးသြား၏။

“ ေသခ်ာဆိုပါ့မယ္။ ”

“ အင္း !”

၇:၂၀ ရွိသြားေခ်ၿပီ။

ခ်ိဳးရွင္းသည္ ပုံမွန္အတိုင္း အနက္ေရာင္ဝတ္စုံကိုဝတ္ကာ လ်ိဳရွား၊ ဝူေ႐ႊ႕၊ ဟယ္ကြၽင္းႏွင့္ က်ိဳးေျမာင္တို႔ ၿခံရံလ်က္ VIP ဧရိယာထဲသို႔ ဝင္ေရာက္လာခဲ့သည္။ သူက ေရွ႕ဆုံးတန္းရွိ အလယ္က ထိုင္ခုံတစ္လုံးမွာ ဝင္ထိုင္လိုက္သည္။

ခ်ိဳးရွင္းသည့္ ဦးထုပ္ႏွင့္ maskတပ္ထားေသာ ခုံတန္းအလယ္​ေခါင္က အမည္မသိလူတစ္ေယာက္ႏွင့္ သူ႕ေနရာကို အျပန္​ျပန္အလွန္လွန္ အကဲခတ္ၾကည့္လိုက္မိ၏။ သူမ်က္ႏွာက မည္းေမွာင္သြားၿပီး ေလွာင္ရယ္လိုက္၏။    “ အေကာင္းဆုံးေနရာတဲ့လား။ ”  ဒီလူလိမ္ေကာင္ က်ယ္ယန္ကေတာ့။

၇:၂၅။

ေမာ့ပင္းက သူ႕လက္ေထာက္မ်ားႏွင့္ ဝန္ထမ္းမ်ားၿခံရံကာ ေအးေဆးစြာျဖင့္ ဝင္လာ၏။ ဝမ္ယီမွ ကိုယ္စားလွယ္အျဖစ္ လႊတ္လိုက္ေသာ ဟြမ္ေမာ့ကို သူ႕ေဘးမွာ ထိုင္ေနလ်က္သားျဖင့္ ေတြ႕လိုက္ရသည္။  

ဟြမ္ေမာ့က ေငါ့ေတာ့ေတာ့ ႐ြဲ႕တဲ့တဲ့ျဖင့္ ႏႈတ္ဆက္လာ၏။  “ ဝိုး အလုပ္ေတြရႈပ္ေနတဲ့လူႀကီးမင္း ေရာက္လာတာပဲ။ ဘာလို႔ စတိတ္စင္အေနာက္ကို မသြားတာလဲ။ ဒါက IUD ရဲ႕ အထိမ္းအမွတ္ ေဖ်ာ္ေျဖပြဲေလ။ ေခါင္းေဆာင္ႀကီးက ဘာလို႔ဒီမွာ လာထိုင္ေနတာလဲဗ်ာ။ ”

ေမာ့ပင္းက စိတ္ထိန္းကာ ျပန္မေျဖေတာ့။ သူေနရာမွာဝင္ထိုင္ၿပီးတာႏွင့္ စတိတ္ကို ခ်က္ခ်င္းလွမ္းၾကည့္လိုက္သည္။ သူ႕ညာဘက္ေဘးမွာထိုင္ေနေသာ ဦးထုပ္၊ mask တပ္ထားသည့္လူကို တစ္ခ်က္မွ်ပင္ လွည့္မၾကည့္ေပ။ သူ႕ေဘးကလူကေတာ့ အၾကည့္မလႊဲခင္ သူ႕ကိုစိုက္ၾကည့္သြားေသး၏။

၇:၂၅။

ပင္မစတိတ္စင္က ေမွာင္မည္းေနကာ စင္ေထာင့္က ၾကယ္မ်ားႏွင့္ဆင္တူေသာ မီးသီးအနည္းငယ္သာ ေတာက္ပေန၏။ ပရိသတ္ေတြက အလိုအေလ်ာက္ တိတ္ဆိတ္ၿငိမ္သက္ေနၾကၿပီး စင္ေပၚက ဖန္သား​​ျပင္အႀကီးႀကီးကိုသာ စိုက္ၾကည့္ေနၾက၏။  

အင္တာနက္ေပၚ၌ ဇယ့္ရွင္းသည္ IUD ႏွစ္ပတ္လည္ေဖ်ာ္ေျဖပြဲကို တိုက္ရိုက္ထုတ္လႊင့္တင္ဆက္ေပးေနသည္။ ေဖ်ာ္ေျဖပြဲစတာႏွင့္ live room၏ ၾကည့္ရႉႏႈန္းက သန္း ၂၀ ေက်ာ္သြားခဲ့ၿပီ။ Weibo ေပၚတြင္လည္း IUD ေဖ်ာ္​ေျဖပြဲ၏ အထူးေခါင္းစဥ္ေက်ာ္ၾကားမႈသည္ ပို၍ျမန္ဆန္စြာ ျမင့္တက္သြားေတာ့၏။

ေလထုက တင္းမာေနပုံရကာ လူအားလုံးသည္ သူတို႔ဝင္သက္ထြက္သက္မ်ားကိုပင္ မသိစိတ္အေလ်ာက္ တိုးဖြေႏွးေကြးေစမိသည္။  

ေနာက္ဆုံးမွာေတာ့ ပင္မစင္ျမင္၏ ဖန္သားျပင္အႀကီးႀကီးက မီးလင္းလာၿပီး ၁၀ စကၠန့္ countdown က ေပၚလာသည္။

ပရိသတ္မ်ားထံမွာ အားေပးသံမ်ားက ေပါက္ကြဲထြက္လာ၏။ ပရိသတ္မ်ားက စိတ္လႈပ္ရွားစြာျဖင့္ countdown ကို လိုက္ေရတြက္ၾကကာ သူတို႔အသံမ်ားက ညီညီညာညာျဖင့္ ပိုမိုက်ယ္ေလာင္လာသည္။

စတိတ္၏ အေမွာင္ထုထဲ၌မူ ဓာတ္ေလွကားေပၚတြင္ ရပ္ေနေသာ ထုံက်န္းသည္  countdown အသံမ်ားကိုၾကားၿပီး အသက္ျပင္းျပင္း ရႉလိုက္၏။ ထို႔ေနာက္ သူ႕အသံကိုတိုးကာ မပီမသျဖင့္ ေရ႐ြတ္လိုက္မိသည္။   “ မျဖစ္ေတာ့ဘူး။ ငါ အရမ္းစိတ္လႈပ္ရွားေနၿပီ။ လူ ၅၀,၀၀၀ ရွိတဲ့ျမင္ကြင္းမ်ိဳးကို ငါျမင္ခဲ့တာ အရမ္းၾကာေနၿပီ။ ”

မိုက္ခြက္ပါနားၾကပ္ထဲမွ စီစဥ္သူက သူတို႔ကို ျပင္ဆင္ထားဖို႔ သတိေပးလာသည္။ 

ခယ့္လန္က သူ႕ကို လွမ္းေျပာလာ၏။  “ ဒီေန႕ တိုက္ရိုက္ထုတ္လႊင့္မႈရွိတယ္။ အာ႐ုံစိုက္ထားေနာ္။ ”

ထုံက်န္း အသံေတြေတာင္ တုန္သြား၏။  “ ငါ ပိုၿပီးစိတ္လႈပ္ရွားသြားၿပီ။ ”

ခယ့္လန္ , “……”

က်ယ္ယန္က ေျပာလာ၏။ “ ဒါက IUD ရဲ႕ ေနာက္ဆုံးရွိုးပြဲပဲ။ ”

လူတိုင္း , “……”

  ထုံက်န္းက တစ္စကၠန့္ေလာက္ ၿငိမ္သက္သြား၏။  “ လာ အေကာင္းဆုံး အၿပီးသတ္လိုက္ၾကရေအာင္ !”

countdown က ဆက္လက္ေရတြက္ေန၏။

“ ငါး !”

စင္ေပၚက ၾကယ္ေရာင္မ်ားက အလယ္သို႔စုဆုံသြားၿပီး ပိုေတာက္ပလာသည္။

“ ေလး !”

  က်ယ္ယန္ စတိတ္ေပၚက တျခားလူမ်ား၏ ေဖ်ာ္ေျဖပြဲမ်ားကိုသာ ေငးေမာၾကည့္ခဲ့ရေသာ သူ႕အရင္ဘဝကို ျပန္အမွတ္ရကာ ၿပဳံးလိုက္မိသည္။

“ သုံး !”

VIP ထိုင္ခုံ၌ ခ်ိဳးရွင္းသည့္ သူ႕နားမ်ားကို လက္ျဖင့္အုပ္ထားသည္။ သူသည္ မ်က္လုံးမ်ားကိုမွိတ္ကာ အျမင့္သံမ်ားေၾကာင့္ ေနမထိထိုင္မသာျဖစ္မႈမ်ားကို ထိန္းခ်ဳပ္ထားရသည္။

“ ႏွစ္ !”

႐ႊီခ်န္ေဟာင္က အသံတိုးတိုးျဖင့္။  “ စမယ္ ”

“ တစ္ —!!!”

စတိတ္က လင္းထင္းသြားကာ တစ္ဖြဲ႕လုံးက ႐ႊင္ျမဴးတက္ႂကြစြာျဖင့္ ထြက္ေပၚလာသည္။

အသံခ်ဲ့စက္မွ ေအာ္သံအက်ယ္ႀကီးက ခန္းမတစ္ခုလုံးကို ဟိန္းထြက္သြား၏။ မီးရႉးမီးပန္းမ်ားက ေပါက္ကြဲထြက္လာၿပီး အားျပင္းေသာ ေတးဂီသံက က်ယ္ေလာင္စြာ ထြက္လာသည္။

အက်ယ္ေလာင္ဆုံးေနရာကေတာ့ ဓာတ္ေလွကားသုံးထားေသာ စင္ျမင့္ထက္တြင္ IUD အသစ္၏ လူေလးဦးေပၚလာခ်ိန္၌ ျဖစ္သည္။ ထုံက်န္းက C position တြင္ မတ္တပ္ရပ္ကာ သူ႕အေရွ႕က ပရိသတ္မ်ားကို မ်က္ႏွာမူထားသည္။ သူက မိုက္ကို ပါးစပ္နားစီသို႔ျမႇောက္က ပါစပ္ဖြင့္လိုက္၏။

အားေကာင္းသည့္ အျမင့္သံတစ္သံက ညေကာင္းကင္ယံကို ျဖတ္ေက်ာ္သြားၿပီး အထိန္းအမွတ္ ေဖ်ာ္ေျဖပြဲ၏ ကန့္လန့္ကာကို တရားဝင္ ဖြင့္လွစ္ေပးလိုက္ေတာ့သည္။

စတိတ္က အရွိန္ျပင္းျပင္းႏွင့္ ေပါက္ကြဲထြက္သြားကာ ပရိသတ္မ်ားကလည္း စိတ္အားထက္သန္စြာျဖင့္ ေအာ္ဟစ္ၾကကုန္သည္။ 

ခ်ိဳးရွင္းက သူ႕နားကိုအုပ္ထားေသာ လက္မ်ားကိုခ်ကာ စင္ေပၚသို႔ လွမ္းၾကည့္လိုက္သည္။ သူ႕မ်က္လုံးမ်ားက ထုံက်န္းအေနာက္က ပုံရိပ္ေလးေပၚတြင္ မခြဲမခြာ စြဲထင္လ်က္။

မီးရႉးမီးပန္းေတြက တျဖည္းျဖည္း ရပ္တန့္သြားကာ အားတတ္သေရာ ေအာ္ဟစ္သံမ်ားလည္း တိုးက်သြားသည္။ စတိတ္မီးေရာင္မ်ားလည္း မွိန္ေဖ်ာ့သြားကာ ေတးဂီတစည္းခ်က္အသံမွာလည္း ေႏွးေကြးလို႔သြား၏။

ထုံက်န္းသည္ ကင္မရာဘက္သို႔ ၿပဳံးျပၿပီး ေဘးသို႔လွည့္ၾကည့္လိုက္သည္။

ကင္မရာက အေနာက္က က်ယ္ယန္ကို ျပသလာ၏။ သူက တမူထူးသည့္ အနက္ေရာင္ဝတ္စုံကို ဝတ္ထား၏။ သူ႕ဆံပင္ကိုလည္း ေသေသသပ္သပ္ ပုံသြင္းထားကာ မ်က္ခုံး​ေမြးမ်ားကိုလည္း ရိတ္ထားသည္။ သူ႕ခႏၶာကိုယ္က သြယ္လ်ၿပီး အရပ္ရွည္ကာ သူ႕စရိုက္က ေအးတိေအးစက္ျဖင့္။ သူ႕၏ ခံစားခ်က္ကင္းမဲ့ေနေသာ မ်က္ႏွာက ဓားအိမ္မဖြင့္ထားေသာ ဓားခြၽန္တစ္လက္လိုပင္။

ဂီတသံက ေလွာက္အိမ္ထဲမွာ ပိတ္ေလွာင္ထားေသာ သားရဲတစ္ေကာင္လို တိုးလ်သြား၏။

က်ယ္ယန္သည္ မိုက္ကို သူ႕ႏႈတ္ခမ္းနားသို႔ ျမႇောက္ယူကာ မ်က္လုံးမ်ားကို မွိတ္ခ်လိဳက္ေတာ့သည္။

အသံတိုးရွရွက အေစာပိုင္းက ထုံက်န္းဆိုသြားေသာ ျမဴးႂကြႂကြသီခ်င္းသံႏွင့္ ကြဲျပား၏။ ႀကီးစိုးခ်ယ္လွယ္လြန္းလွေသာ သားရဲေကာင္ကို ခ်ဳပ္ေႏွာင္ၿပီး အေမွာင္ထုထဲသို႔ ဆြဲေခၚသြားသည့္ ခ်ိန္းႀကိဳးသံႏွင့္ တူသည္။ 

ပရိသတ္မ်ားမွာ ခ်က္ခ်င္းကို ၿငိမ္က်သြား၏။ တိုက္ရိုက္ထုတ္လႊင့္မႈမွ တရစပ္တက္ေနေသာ ​ေဝဖန္စာမ်ားက ရပ္တန့္သြားသည္။ ေမာ့ပင္းမ်က္လုံးမ်ားမွာလည္း တျဖည္းျဖည္း ျပဴးက်ယ္ဝိုင္းစက္လာ၏။ ခ်ိဳးရွင္းသည္ တခဏမွ် မွင္တက္သြားကာ ခပ္ဖြဖြရယ္ေမာလိုက္သည္။

“ ဘုရားေရ !” ဟြမ္ေမာ့ကေတာ့ တုန္လႈပ္သြား၏။  “ ဒီအသံနဲ႕ ခံစားခ်က္က … အတုမဟုတ္ဘူးမလား။ ”

ခဏတာမွ် တိတ္ဆိတ္သြားၿပီးေနာက္ တိုက္ရိုက္ထုတ္လႊင့္မႈခန္း၏ ေဝဖန္​ေလကန္​ေရးေနရာတြင္ ဟြမ္ေမာ့ႏွလုံးသားနည္းတူ ေမးခြန္းမ်ား၊ အာေမဋိတ္အမွတ္အသားမ်ားျဖင့္ ျပည့္ႏွက္သြားေတာ့သည္။ Weibo ေပၚ၌ IUD ကို ေစာင္းပါးရိပ္ျခည္ ေျပာေနေသာ အတင္းစကားမ်ားက ရပ္တန့္သြားၿပီး ရယ္ခ်င္စဖြယ္ ကြက္လပ္အလြတ္ႀကီးသာ က်န္ရွိေတာ့သည္။

က်ယ္ယန္သည္ စတိတ္ေပၚ၌ စာသားတစ္ေၾကာင္းသာ သီဆိုၿပီး center ေနရာကို ႐ႊီခ်န္ေဟာင္ထံလက္လႊဲကာ လွည့္ထြက္သြား၏။

သီခ်င္းက တျဖည္းျဖည္း စည္းခ်က္က်လာ၏။ ထုံက်န္း၏ အားမာန္အျပည့္ႏွင့္ လႊမ္းမိုးသြားေသာ အဖြင့္သံအၿပီးတြင္ က်ယ္ယန္အသံက ​ေျဖးညွင္းစြာ ဝမ္းနည္းမြန္းက်ပ္စရာ ေကာင္းလာသည္။ စာသားမ်ားက ေတးသြားႏွင့္ လိုက္ဖက္ညီကာ ခံစားခ်က္မ်ား ပ်ံ့လြင့္ေန၏။ သေဘာထားကြဲလြဲမႈ၊ ျငင္းခုန္မႈ၊ ပ်က္စီးမႈ၊ လဲၿပိဳမႈ၊ စိတ္ပ်က္အားငယ္မႈ၊ ဝမ္းနည္းပူေဆြးမႈႏွင့္ ၿပိဳကြဲမႈမ်ား  …

ပရိသတ္မ်ားမွာ က်ယ္ယန္၏ အံ့ၾသစရာအသံကို ျပန္ေျပာင္းေအာက္ေမ့ခ်ိန္မရွိဘဲ သီခ်င္းမွ ဖန္တီးေပးေသာ ခံစားခ်က္မ်ားအတြင္းသို႔ ျပင္းျပင္းထန္ထန္ ဆြဲသြင္းခံလိုက္ရေလၿပီ။ သူတို႔အားလုံး ၾကားလိုက္ရေခ်ၿပီ။ IUD ဆိုတာ ဒါပဲ !

IUD ၏ အံ့ဖြယ္ေအာင္ျမင္မႈမ်ား၊ IUD ၏ ခါးသီးဖြယ္ ျမင္ကြင္းမ်ား၊  IUD အၿပီးသတ္၏ စိတ္ဓာတ္ၿပိဳလဲမႈမ်ား …  စင္ေပၚက လူေလးေယာက္ကို စိုက္ၾကည့္ရင္း သူတို႔မ်က္လုံးမ်ားက နီရဲလာ၏။ ၎က သူတို႔ရင္ဘတ္ကို ေက်ာက္တုံးႀကီးတစ္တုံးႏွင့္ အဖိခံထားရတာေၾကာင့္ ကိုက္ခဲနာက်င္ေနတာႏွင့္တူသည္။

  သီခ်င္းသီဆိုေဖ်ာ္ေျဖအဆုံးသတ္ၿပီးေနာက္ ဂီတသံက အတိုးဆုံးေနရာသို႔ ေရာက္သြား၏။ စင္ေပၚက မီးေရာင္မ်ားအားလုံး မွိန္ေဖ်ာ့သြားကာ ပြဲၾကည့္ပရိသတ္မ်ားထံမွ ရွိုက္ငင္ငိုေႂကြးသံမ်ားကို ၾကားလာရသည္။ 

သီခ်င္းသံ လုံးဝေပ်ာက္ကြယ္သြားတာႏွင့္ အသံတိုးတိုးတစ္သံကို ထပ္မံၾကားလိုက္ရသည္။ အသံက အေမွာင္ယံထဲက ေႏြဦးေလေျပလို၊ မနက္ေစာေစာ တိုက္ခတ္ေသာ ပထမဆုံး ေလညွင္းလို၊ ေႏြဦး၏ ဝင္သက္ထြက္သက္ကို ညွို႔ယူသယ္ေဆာင္လာသည္။ စင္ေပၚက ၾကယ္ေရာင္မ်ားက ျပန္လည္ေတာက္ပလာၿပီး နက္ရွိုင္းလွေသာ စိတ္ပ်က္အားငယ္မႈတြင္ ေမွ်ာ္လင့္ခ်က္အလင္းေရာင္က ျပန္လည္ရွင္သန္လာ၏။ 

သီခ်င္းသံက တျဖည္းျဖည္း က်ယ္လာကာ ဂီတသံကလည္း ျပန္စလာၿပီး အစပိုင္း chorus အတိုင္း ထုံက်န္းအသံကိုသာ ထည့္ထားသည္။

စာသားမ်ားက ထပ္မံျပန့္က်ဲလာၿပီး ထုံက်န္းအသံက ျမင့္ျမင့္ေမ်ာလြင့္ေနသည္။ ခံစားခ်က္မ်ားမွာလည္း ေပါက္ကြဲထြက္လာၾကၿပီး အေမွာင္ထုက ေပ်ာက္ကြယ္သြားကာ ေမွ်ာ္လင့္ခ်က္မ်ား ပ်ံ့ႏွံ႕လာရင္း စတိတ္စင္ဟာလည္း ေတာက္ပလို႔လာသည္။ ျပန္လည္ေမြးဖြားလာျခင္း၊ အရာရာကို ျပန္လည္ရယူနိုင္ျခင္း၊ မူလရည္႐ြယ္ခ်က္၊ ႀကိဳးစားအားထုတ္မႈ၊ ဇြဲလုံ႕လႏွင့္ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္မ်ား !

စိတ္ခံစားခ်က္မ်ားအားလုံးကို ေပါက္ခြဲပစ္လိုက္ၿပီး ထုံက်န္းက စိတ္လြတ္ကိုယ္လြတ္ ေအာ္ဟစ္သီဆိုေနသည္။ သားရဲ၏ ဟိန္းေဟာက္ဟစ္ေႂကြးသံက က်ယ္ေလာင္လာၿပီး စည္းခ်က္က်က် ဒရမ္သံမ်ားက သီခ်င္းကို အထြတ္အထိပ္သို႔ေရာက္ေအာင္ တြန္းပို႔လ်က္သား။ 

ပြဲၾကည့္ပရိသတ္ေတြ၏ခံစားခ်က္မ်ားမွာေတာ့ လႈံ႕ေဆာ္ခံလိုက္ရၿပီ။ သူတို႔မွာ မ်က္ရည္ေတြကို အတင္းသုတ္ကာ ဖ်စ္ညွစ္ၿပဳံးလွ်က္ အားေပးေအာ္ဟစ္ၾကရွာသည္။ သည္ေနရာကေနစ၍ သီခ်င္း၏အထြတ္အထိပ္က ျပန္က်မလာေတာ့။ ဘဝသစ္၊ ေမွ်ာ္လင့္ခ်က္ႏွင့္ အနာဂတ္အေၾကာင္းကို သီဆိုၾကသည္။ ေနာက္ဆုံးမွာေတာ့ ျမဴးႂကြႂကြ သံၿပိဳင္သီခ်င္းအၿပီးတြင္ အသံအားလုံး တိတ္ဆိတ္သြားကာ ပရိသတ္ေတြအားလုံး ၿငိမ္က်သြား၏။ 

တစ္စုံတစ္ခုက ေလထဲမွာ ပ်ံ့ႏွံ႕လႈပ္ရွားလာပုံပင္။

ထုံက်န္းက ႏႈတ္ခမ္းပါးထက္သို႔ မိုက္ကို ဆြဲယူ၏။ သူလက္မ်ားကိုလည္းျမႇောက္ကာ ပရိသတ္မ်ားထံသို႔ ေအာ္ေျပာလိုက္သည္။   “ ဒါက IUDရဲ႕ သီခ်င္းအသစ္ပါ။ ႀကိဳက္ၾကရဲ႕လား!”

ပရိသတ္မ်ားမွာ ခဏမွ်ၿငိမ္က်သြားၿပီးေနာက္ ဆူညံစြာ ေအာ္ဟစ္အားေပးၾက၏။  ‘ႀကိဳက္တယ္!’ ဆိုေသာ စကားလုံးက ပြဲၾကည့္ပရိသတ္ေတြ အားလုံးဆီက ဟစ္ေႂကြးထြက္လာၾကကုန္သည္။

က်ယ္ယန္လည္း ၿပဳံးမိသြားကာ မိုက္ကိုလက္ဝါးျဖင့္ ပြတ္သပ္လ်က္  VIP ထိုင္ခုံမ်ားရွိသို႔ တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ စတိတ္စင္၏ အလင္းေရာင္မ်ားက အလြန္အမင္းကို ေတာက္ပလြန္းတာေၾကာင့္  VIP ထိုင္ခုံက လူမ်ားကို က်ယ္ယန္ေသခ်ာမျမင္ရေပ။ သို႔ေပသည့္ သူ႕အၾကည့္လားရာမွာ ခ်ိဳးရွင္းရွိေနမည္မွန္း အတတ္သိ​ေနသည္။

ထိုဘက္သို႔ က်ယ္ယန္ လက္ကိုေဝွ႕ယမ္းျပလိုက္သည္။ ခ်ိဳးရွင္းလည္း ၿပဳံးတုံးတုံးျဖစ္သြားကာ ထိုင္ခုံလက္ရန္းေပၚက လက္မ်ားကို ျပန္ခ်ရင္း ေအးတိေအးစက္ျဖင့္ ႏွာမႈတ္လိုက္၏။ 

ခ်ိဳးရွင္းႏွင့္ မနီးမေဝးရွိ ေမာ့ပင္းသည္ စတိတ္စင္ဘက္သို႔ မ်က္ႏွာမေကာင္းစြာ ေငးေမွ်ာ္ၾကည့္ရင္း ေခြၽးဆို႔လ်က္သား။ သူ႕အမူအရာကို ထိန္းမနိုင္ေလာက္ေအာင္အထိကို သူ႕စိတ္အေျခအေနက ဖရိုဖရဲျဖစ္ေနၿပီ။ စင္စစ္ကမူ ထုံက်န္း အျမင့္သံကို စဆိုကတည္းက သူ႕အမူအရာကို ထိန္းခ်ဳပ္ျခင္းငွာ မစြမ္းသာေတာ့။ 

IUD ၏ သီခ်င္းအသစ္ကို သည္ေလာက္အထိေကာင္းလိမ့္မည္ဟု မထင္ထားခဲ့သလို က်ယ္ယန္မွာလည္း အသံေကာင္းေကာင္းရွိမည္ဟု ေမွ်ာ္လင့္မထားခဲ့။ အကယ္၍မ်ား သူသာ အဖြဲ႕ထဲက မထြက္ခဲ့လွ်င္၊ ႐ႊီခ်န္ေဟာင္သာ ျပန္မလာခဲ့ပါလွ်င္၊ သူသာ စင္ေပၚရပ္ေနခဲ့ပါလွ်င္ ထိုသို႔ေသာ အေတြးမ်ားကို မေတြးဘဲမေနနိုင္ေတာ့  …

“ ေနာင္တရလား။ ”

႐ုတ္တရက္ ေမာ့ပင္း အသိျပန္ဝင္လာကာ အသံလာရာ သူ႕ညာဘက္ကို လွည့္ၾကည့္လိုက္၏။

ဦးထုပ္ႏွင့္ mask ဝတ္ထားေသာ အမ်ိဳးသား၏ မ်က္လုံးမ်ားက ရတနာတစ္တုံးကို ရွာေတြ႕သြားသည့္ႏွယ္ စိတ္လႈပ္ရွားေပ်ာ္႐ႊင္မႈမ်ားျဖင့္ ျပည့္ႏွက္ေန၏။ သူက ေမာ့ပင္းဘက္ကို ကပ္လာၿပီး တိုးတိုးေလးဆိုလာသည္။     “ ငါ​သာ မင္းဆိုရင္ ေသခ်ာေပါက္ ေနာင္တရမိမွာ။ ေမာ့ပင္း ငါ့ကို ဒီလိုရတနာမ်ိဳး ရွာေတြ႕ခြင့္ေပးတဲ့အတြက္ ေက်းဇူးပဲ။ ”

ေမာ့ပင္းသည္ ဦးထုတ္လွ်ာေအာက္မွ တစ္စြန္းတစ္စ ေပၚထြက္ေနေသာ ထိုလူ၏ မ်က္လုံးမ်ားကို စူးစိုက္ၾကည့္လိုက္သည္။ ထိုအခိုက္အတန့္မွာပဲ ႐ုတ္တရက္ တုန္လႈပ္ေျခာက္ျခားသြားကာ သူ႕စိတ္ထဲ ဗလာက်င္းသြား၏။  

ဒီအသံ၊ ဒီမ်က္လုံးေတြက … ေလာင္ရွို႔ယူ ?!

━━━━━━━━━━━━━━━━━━━━━━━

Continue Reading

You'll Also Like

120K 2.5K 40
အဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)
799K 25.9K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
913K 38.6K 109
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...