แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€ทแ€šแ€ฑแ€ฌแ€€แ€ปแ€ฌแ€บแ€ธ แ€›แ€ฑแ€ฌแ€‚แ€ซแ€žแ€Šแ€บ (...

By PoneyPeach

422K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 24

5K 894 20
By PoneyPeach

Unicode
အခန်း ( ၂၄ )

ကျယ်ယန် ကားထဲဝင်လာပြီးနောက် စကားထက်မဆိုတော့။ သူ့အမူအရာက လေးလံနေကာ ရှားရှားပါးပါး ကြောက်စရာအမူအရာမျိုး ရှိနေသည်။

ဝူရွှေ့က ကားနောက်ကြည့်မှန်ကနေ သူ့ကိုလှမ်းကြည့်လျက် မေးလာသည်။   “ သူဌေး အဆင်ပြေရဲ့လား။ ”

“ အဆင်ပြေတယ် ”   ကျယ်ယန်က သူ့အမူအရာကို ထိိန်းလိုက်၏။ ထို့နောက် သူတို့အားလုံး ပါပါရာဇီတွေဝိုင်းတာခံခဲ့ရကြောင်း ဖုန်းထုတ်ကာ ဟူပျောင်းဆီ ပြောလိုက်သည်။ 

ဟူပျောင်းက အလှဆင်ကုမ္ပဏီနှင့် ပြုပြင်ရေးအစီအစဥ်များကို ဆွေးနွေးနေသည်။ ကျယ်ယန့်ဖုန်းကောလ်ကို လက်ခံပြီးနောက် ပေါက်ကွဲသွားတော့သည်။     “ မော့ပင်းကတော့ ဟွမ်ထျန်းကနေ ပြဿနာရှာတဲ့ပုံစံကို အတည်ကြီးသင်နေတာပဲ။ လောင်ရှို့ယူကိုတောင် ဆွဲထည့်ဝံ့တယ်။ လောင်ရှို့ယူနဲ့ သူ့မိသားစုက လွယ်လွယ်သွားထိလို့မရမှန်း သူသိရဲ့သားနဲ့ကွာ။ ရန်သူတောင် သွားဖွဲ့နေသေးတယ် !”

“ သူက သူ့ဘာသာသူ ရန်သူဖွဲ့နေတာ။ VIP ထိုင်ခုံတန်း အလယ်နေရာက လက်မှတ်နှစ်စောင်ကို ကြိုမှာပြီး မော့ပင်းနဲ့ လောင်ရှို့ယူတို့စီ ပို့ပေးလိုက်ပါ။ လက်မှတ်တွေကလည်း တစ်ခုံနဲ့တစ်ခုံကပ်နေရမှာနော် ဒါကို သတိရ။ ”

ဟူပျောင်း အံ့အားသင့်သွား၏။  “ အမ် လောင်ရှို့ယူစီရော ပို့ရမှာလား။ ”

“ ပို့ရမှာပေါ့ မော့ပင်းကမှ လောင်ရှို့ယူရဲ့တည်ရှိမှုကို အသုံးချချင်နေတာ။ ဒီလိုဆိုမှတော့ ကျွန်တော်တို့ကလည်း လောင်ရှို့ယူကို ကိုယ်တိုင်ကိုယ်ကျဖိတ်ပြီး သူ့သီချင်းမဟုတ်မှန်း နားထောင်စေမယ်။ ကျွန်တော်တို့အသံသွင်းထားတဲ့ သီချင်းအသစ် ပထမဆုံးဗားရှင်းကိုပါ လောင်ရှို့ယူစီ လက်မှတ်နဲ့ တွဲပို့ပေးပါ။ သီချင်းကို နားထောင်ပြီးရင် လောင်ရှို့ယူက ပိုတောင်လာချင်သွားဦးမှာ။ လောင်ရှို့ယူနဲ့ပတ်သက်ပြီး ပါပါရာဇီတွေကို အသုံးချခဲ့တဲ့ မော့ပင်းတစ်ယောက် သူတို့အတူတူမျက်နှာချင်းဆိုင် ထိုင်မိတဲ့အခါ ဘယ်လိုများတုံ့ပြန်မလဲဆိုတာ ကျွန်တော် သိချင်မိပါရဲ့ !”

အေးစက်စက်အသံကို နားထောင်မိတော့ မော့ပင်းနှင့် တစ်ကိုယ်တော် ပါရမီရှင် လောင်ရှို့ယူတို့ အတူထိုင်တာကို မြင်ယောင်မိကာ ဟူပျောင်းစိတ်ထဲ ရိုးတိုးရွတဖြစ်သွားသည်။ သို့ရာတွင် နည်းနည်းတော့စိတ်ပူမိသား။    “ မော့ပင်းမလာရင်ရော။ ”

“ မလာတော့လည်း လူထုအမြင်ကိုသုံးပြီး သူ့ကိုလာအောင်လုပ်ကြတာပေါ့။ ဒါက IUD ရဲ့ ငါးနှစ်ပြည့်အထိမ်းအမှတ် ဖျော်ဖြေပွဲလေ။ ခေါင်းဆောင်ဟောင်းတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် မလာဘဲနေရဲမှာလဲ။ ဒါ့အပြင် အစ်ကို့လက်ထဲမှာလည်း သူ့ကိုခြိမ်းခြောက်ဖို့ ပစ္စည်းတွေရှိသေးတယ်မလား။ ”

ဟူပျောင်း  “……” ရက်စက်လွန်းတယ်ကွာ။

ဟူပျောင်းနှင့် ဖုန်းပြောပြီးနောက် ကျယ်ယန် group လေးကိုဖွင့်လိုက်ရာ အားလုံးက သူ့တို့ဘေးမှာ သူလျှိုများနေလားဆိုတာကို ဆွေးနွေးနေကြ၏။ ရုတ်တရက်ကြီး ပါပါရာဇီတွေအများကြီးက အသံသွင်းစတူဒီယို ကားပါကင်ကို ရောက်လာကြသည်လေ။ သူတို့အားလုံးဆင်းလာမယ့် ဓာတ်လှေကားကို အတိအကျသိနေတာက ပုံမှန်မဟုတ်။

ကျယ်ယန် စာရိုက်လိုက်သည်:  သံသယဖြစ်မနေကြနဲ့တော့။ တစ်ခုပဲရှိ​တော့တယ်။ ဖျော်ဖြေပွဲအတွက်က အချိန်သိပ်မကျန်တော့ဘူး။ စတူဒီယိုအသစ်ပြောင်းဖို့ကလည်း အရမ်းနောက်ကျသွားပြီ။ ဒီနေ့ပြန်ရောက်ရင် ငါ့ဘေးက ဝန်ထမ်းတွေကို စစ်ဆေးကြည့်လိုက်မယ်။ ပြဿနာတစ်ခုခုရှိခဲ့ရင်လည်း ပွဲပြီးအောင်စောင့်ပြီးမှ ဖြေရှင်း​​ကြမယ်။ ချန်ဟောင် စတူဒီယိုရဲ့ လုံခြုံရေးဌာနကိုသွားပြီး မြန်မြန်လှုပ်ရှားဖို့ ပြောလိုက်ပါ။ နောက်တစ်ခါ ဒီလိုထပ်မဖြစ်စေနဲ့။

Group ထဲက ဆွေးနွေးအ​​ဖြေရှာမှုများက ရပ်သွားပြီ။ ကျယ်ယန်စကားတွေထဲက ဒေါသတွေကိုမြင်တာကြောင့် အားလုံး မြန်မြန်သွက်သွက် လှုပ်ရှားကြတော့သည်။

ကျယ်ယန်က စာဆက်ရိုက်လာသည်: ဒီနေ့ကစပြီး မင်းတို့တွေ အင်တာနက်ပေါ်မှာ ဘာမှမတင်သင့်တော့ဘူး။ မင်းတို့အတွေးတွေအားလုံးကို ဖျော်ဖြေပွဲအတွက်ပဲ အာရုံစိုက်ထားကြပါ။ တခြားကိစ္စတွေအားလုံးကို ပျောင်းကောနဲ့ ငါပဲ ဖြေရှင်းလိုက်မယ်။

Group ထဲကို တာဝန်ကိုယ်စီချမှတ်ပေးပြီးနောက် ကျယ်ယန်သည် ချိုးရှင်း၏ WeChat ကို ဖွင့်လိုက်သည်။

ကျယ်ယန် : ခင်ဗျားကို ပြောပြချင်တဲ့ လုပ်ငန်းလေးတစ်ခုရှိတယ်။

ချိုးရှင်းက စက္ကန့်ပိုင်းအတွင်း စာပြန်လာသည် : ဘာလဲ။

ကျယ်ယန် : ရုန်တင်းမှာ တိုက်ရိုက်ထုတ်လွှင့်ရေး ပလပ်ဖောင်းရှိလား။

ချိုးရှင်း : ဘာလုပ်မလို့လဲ။

ကျယ်ယန် : ကျွန်တော့်ရဲ့ ပထမဆုံးစတိတ်ရှိုးပွဲကို black fan တွေအတွက် တိုက်ရိုက်ထုတ်လွှင့်ပြီး သူတို့ပါးသူတို့ပြန်ရိုက်စေမယ့် ဖျော်ဖြေမှုမျိုးပေးမလို့။

တစ်ဖက်က ဆေးရုံတွင်မူ။

ချိုးချင်းသည် ကျယ်ယန်၏ ယုံကြည်မှုရှိပြီး တစ်ကိုယ်ကောင်းဆန်သော စကားများကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူစာရိုက်လိုက်တာကြောင့် ဆေးကုသရာက မသက်မသာဖြစ်နေတာကလည်း အနည်းငယ်သက်သာသွားသလိုပင်။ : ဟယ်ကျွင်း မင်းကို ဆက်သွယ်လိမ့်မယ်။

ချိုးရှင်းက သူ့တောင်းဆိုချက်ကို သည်လောက်မြန်မြန်ကြီး လက်သင့်ခံလိုက်လိမ့်မည်ဟု ကျယ်ယန် မမျှော်လင့်ထားပေ။ ပါပါရာဇီတွေကြောင့် စိတ်ရှုပ်နေသည့် စိတ်က​လေးလည်း အတော်လေးကို ပေါ့ပါးလို့သွားကာ သူစာပြန်ရိုက်လိုက်သည် : ကျေးဇူးပဲ။

***

ထိုနေည၌ ကားပါကင်တွင် ကျယ်ယန်ပြောခဲ့သောစကားများသည် ပါပါရာဇီများကြောင့် Weibo ပေါ်မှာ ပလူပျံနေတော့၏။ ‘လူတစ်ယောက် ’ ကို ရှိုးပွဲလာဖို့ ဖိတ်ကြားသည့်စကားများက ‘အထက်စီးဆန်’ ပြီး ‘စီနီယာတွေအပေါ် လေးစားမှုမရှိ’ဟု မားကတ်တင်းအကောင့်များက ဝေဖန်ကြလေသည်။

လူအများကတော့ အင်တာနက်ပေါ်က လူထုအမြင်နှင့် စိတ်လှုပ်ရှားဖွယ်ရာများကို ဝရုန်းသုန်းကား စောင့်မျှော်ကြည့်နေကြပြီ။

ကျယ်ယန်၏ ကျောင်းနေဖက်များနှင့် အိိမ်နီးချင်းများကလည်း ကျယ်ယန်သည် ဘယ်သောအခါကမှ သီချင်းမရေးခဲ့ဖူးကြောင်းကို အမည်ဝှက်လျက် သက်သေခံလာကြသည်။ သို့သော်လည်း ကျယ်ယန်က ငယ်စဥ်ကတည်းက ဂီတကိုလေ့လာခဲ့ပြီး သူလေ့လာထားတာတွေက သိပ်ကိုဆိုးရွားလွန်းသည်။ 

Weibo ပေါ်မှာ ကျယ်ယန်ကို လှောင်ပြောင်သရော်နေကြသော တက္ကသိုလ်ကျောင်းနေဖက်များလည်းရှိပြီး အင်တာနက်ပေါ်တွင် ကျယ်ယန်ချပြထားသမျှက စိတ်ကူးယဥ်ပုံစံသာဖြစ်သည်ဟု ပြောကြသည်။ တကယ့်ကျယ်ယန်အစစ်က ငတုံး ငအ တစ်ကောင်သာဖြစ်သည်။ သူ့အနေဖြင့် ပရော်ဖက်ရှင်နယ် သင်ရိုးများကို နားမလည်နိုင်ပေ။ ထို့ကြောင့် ဂီတရေးစပ်သည့်မေဂျာကို အောင်ဖို့ဆိုတာ လုံဝမဖြစ်နိုင်။ ကျယ်ယန်ရေးသည်ဆိုသော သီချင်းကလည်း ဝယ်ထားတာပဲဖြစ်မည်တဲ့။ 

ကျယ်ယန်၏ ဆိုးရွားလှသော သရုပ်ဆောင်မှုကို အဖန်ဖန်တလဲလဲ ပြောဆိုနေကြသည်။ တစ်ချို့ကလည်း မော့ပင်းမရှိလျှင် IUD က အသက်ပါမှာမဟုတ်တော့တာကြောင့် အမှိုက်သုံးကောင်နှင့် ငတုံးတစ်ကောင်၏ ဖျော်ဖြေပွဲကို ကြည့်စရာမလိုပါဟု ဆို​ကြသည်။ တစ်ချို့ကတော့ ကျယ်ယန်၏ ငွေသုံးကြမ်းမှုက အာရှတိုက်တစ်တိုက်လုံးကိုတောင် လွှမ်းမိုးသွားစေနိုင်လျှင်တောင် သူ့ကိုယ်သူ ပြန်မြှောက်စားဖို့ မသုံးသင့်ကြောင်း လှောင်ပြောင်ထားကြ၏။
 
လက်မှတ်ရောင်းချမှု ဖွင့်လှစ်သည့်ည၌ ဟူပျောင်းသည် group ထဲသို့  ‘ဟားဟားဟားဟား’ ဆိုသော စာအတန်းလိုက်ကြီး ပို့လာ၏။

ထုံကျန်း လန့်ဖျန့်သွားရ၏ : ဘာဖြစ်တာလဲ။ အင်တာနက်ပေါ်ကဟာတွေကြောင့် အစ်ကိုရူးသွားပြီလား။

ဟူပျောင်းက group ထဲကို အသံမက်ဆေ့ပို့လာ၏။ “ မရူးပါဘူး မော့ပင်းက ငါတို့ဖျော်ဖြေပွဲကို ဝင်ရှုပ်ချင်နေတယ်လို့ အခုလေးတင် ငါ့စီ လူတစ်ယောက်က မက်ဆေ့ပို့လာတယ်ကွ။ မော့ပင်းက လက်မှတ်တွေ အလစ်သုတ်ဖို့ လက်မှတ်မှောင်ခိုရောင်းတဲ့သူတွေကို ဆက်သွယ်ထားတယ်တဲ့။ ငါတို့ကို ခုံအလွတ်တွေနဲ့ ​ဖျော်ဖြေရအောင်တဲ့လေ ! သူတော့ ပိုက်ဆံတွေဆုံးတော့မယ်။ ”

ခဏမျှတိတ်ဆိတ်သွားပြီးနောက် အကုန်လုံး အော်ရယ်ကြတော့၏။ သူတို့ထဲတွင် ထုံကျန်းက တစ်စိတ်ကိုတစ်အိတ်လုပ်ပြီး Emoji တွေ တစ်ခုပြီးတစ်ခု ပို့လာသည်။ 

ဟူပျောင်း၏သတင်းကိုကြားပြီး ကျယ်ယန်လည်း ပြုံးသွားသည်။ ထို့နောက် ဖုန်းချကာ ဆက်လေ့ကျင့်ဖို့ တယောကိုကောက်လိုက်သည်။ 

ထိုနေ့ည 00:00 (ည ၁၂ နာရီ) အချိန်၌ IUD ၏ ငါးနှစ်ပြည့် ဖျော်ဖြေပွဲ လက်မှတ်ဝယ်ယူမှုကို တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။ မရေမတွက်နိုင်သော ပရိသတ်များနှင့် လက်မှတ်မှောင်ခိုသမားများက သူတို့လိုချင်သော လက်မှတ်များကို ရွေးချယ်ကာ ဝယ်ဖို့ခလုတ်နှိပ်လိုက်ကြသည်။ ထို့နောက်မှာတော့ မှတ်ပုံတင်စနစ်တစ်ခုက ကျလာလေသည်။ ပရိသတ်များနှင့် လက်မှတ်မှောင်ခိုသမားများအားလုံး ကြက်သေသေသွားကြ၏။ ဒါက ဘာလဲ။ ဘာလို့ ငွေချေစနစ်မရှိရတာလဲ။

လူတိုင်းလူတိုင်း သံသယတွေဖြင့် ဖန်သားပြင်ကို  refresh လုပ်နေကြစဥ်တွင် ဟူပျောင်းက Weibo မှာပေါ်လာပြီး ရှင်းပြ၏ : ဒါနဲ့ မင်းတို့ကို ပြောဖို့မေ့သွားတယ်။  IUD ရဲ့ ငါးနှစ်ပြည့်ဖျော်ဖြေပွဲက လက်မှတ်ဝယ်စရာမလိုပါဘူး။ ကျေးဇူးပြုပြီး ဝယ်ယူရေးရည်ရွယ်ချက်​ဖောင်ကိုဖြည့်ပြီး လက်မှတ်ဝယ်မယ့် မင်းတို့ရဲ့ရည်ရွယ်ချက်ကို မှတ်ပုံတင်ပေးပါ။ ကျွန်တော့်ဘက်ကနေ IUD ပရိသတ်အစစ်အမှန်များကို ကျပန်းရွေးချယ်ပြီး လက်မှတ်တွေ ပို့ပေးမှာ ဖြစ်ပါတယ်။ အချက်အလက်တွေကိုတော့ သေချာဖြည့်ပေးရပါမယ်။ အယ်လ်ဘမ်ဝယ်ဖူးသူက ဝယ်ထားတဲ့မှတ်တမ်းကို ဖြည့်စွက်ပေးပါ။ concert သွားဖူးတဲ့လူကလည်း သူတို့တက်ရောက်ပါဝင်ခဲ့ဖူးတဲ့ concert ကို ဖြည့်ပေးပါ။ ဓာတ်ပုံတစ်ပုံဝယ်ဖူးတယ်ဆိုရင်တောင် ဝယ်ထားတဲ့ဓာတ်ပုံအထောက်အထားကို ပြရုံပါပဲ။ ဒါတွေအားလုံးကက စစ်ဆေးရေးအခြေအနေတွေပါ။

၎င်းကို Weibo ပေါ်တင်လိုက်သည်နှင့်  IUD ပရိသတ်အသိုင်းအဝိုင်းမှာ ရှော့ခ်ရသွားကြသည်။ ပရိသတ်များ စိတ်လှုပ်ရှားပျော်ရွှင်သွားကြစဥ်တွင် လက်မှတ်မှောင်ခိုသမားများမှာတော့ ဒေါသထွက်ကုန်ကြ၏။

#IUD ဖျော်ဖြေပွဲလက်မှတ်များ # ဆိုသော ခေါင်းစဥ်က hot list ထဲသို့ အမြန်ဝင်သွား၏။

ဂယက်တစ်ခုထပ်လာဖို့က သိပ်တော့မကြာလိုက်ပေ။ ပရိသတ်တွေကို လက်မှတ်လက်ဆောင်ပေးတာက ကောင်းပေမယ့် ၎င်းက လုံးဝမမျှတဟု ပြောလာကြသည်။ ပရိသတ်အသစ်တွေက ရှိုးပွဲကြည့်ဖို့ အရည်အချင်းမရှိဘူးဆိုပြီး ပြောလိုက်သလိုပဲ မဟုတ်လား။

ဟူပျောင်းက နောက်ထပ်ပို့စ်တစ်ခု ထပ်တင်လိုက်သည် : မပူပါနဲ့ဗျာ။ ငါးနှစ်ပြည့် ဖျော်ဖြေပွဲက ပရိသတ်တွေအတွက်ပါ။ ကျွန်တော်တို့က ဖျော်ဖြေပွဲကို ပရိသတ်တွေကို တတ်နိုင်သမျှ ကြည့်စေချင်တာပါ။ ဒါ့ကြောင့် ဇယ့်ရှင်းတိုက်ရိုက်ထုတ်လွှင့်ရေး ပလပ်ဖောင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းပြီးသွားပါပြီ။ ငါးနှစ်ပြည့်ဖျော်ဖြေပွဲကို ဇယ့်ရှင်း live မှာ သီးသန့်ထုတ်လွှင့်ပေးသွားပါ့မယ်။ အားလုံးကို စောင့်မျှော်ကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်ရေးအခန်း၏ လိပ်စာပါ တွဲပါလိုက်သေးသည်။

တိုက်ရိုက်ထုတ်လွှင့်မှု။ ယနေ့ည လက်မှတ်ဝယ်ယူမှုနှင့် ပတ်သက်၍ လူတွေအားလုံး အံ့အားသင့်သွားကြကာ လူထုအမြင်မှာလည်း ကွဲလွဲလို့ သွားကြလေပြီ။

***

အတင်းအကျပ် စောစောအိပ်၊ စောစောထဖို့ ဖိအားပေးခံထားသော ကျယ်ယန်မှာ ဟူပျောင်းတစ်ယောက် ညသန်းခေါင်ကြီး ပရိသတ်တွေ၊ လက်မှတ်မှောင်ခိုသမားတွေကို ဆော့ကစားနေတာအား မတွေ့မိသေး။ သူ အိပ်ရာနိုးလို့ ဖုန်းကောက်ကိုင်ကာ Weibo ကို စစ်ကြည့်ချိန်တွင် ပျော်ရွှင်စရာ နှစ်သစ်ကူးအခါသမယလို ဖြစ်နှင့်ပြီးနေပြီ။

ရှာဖွေမှုအများဆုံးစာရင်းပေါ်၌  #IUD တိုက်ရိုက်ထုတ်လွှင့်မှု # ခေါင်းစဥ်က တက်နေပြီး ‘ပေါက်ကွဲ’သည့် စကားလုံးက နောက်ကလိုက်နေ၏။

ကျယ်ယန် သူ့ Weibo ကို လျှောက်ကြည့်လိုက်တော့ သူ့ကိုဆဲဆိုသော ပရိသတ်များ နည်းပါးနေသည်ကို တွေ့ရ၏။ ပရိသတ်တွေအများကြီးက သူ့ကိုသီးသန့်စာပို့ပြီးပင် တောင်းပန်ထားကြပြီး IUD ငါးနှစ်ပြည့်ဖျော်ဖြေပွဲကို လက်မှတ်မပါဘဲ ကြည့်ခွင့်ပေးသည့်အတွက် ကျေးဇူးတင်စကား ဆိုထားကြသည်။

ကျယ်ယန် ပြုံးသွား၏။ ထို့နောက် အိတ်ကပ်ထဲဖုန်းထည့်ကာ စတူဒီယိုသို့ ထွက်ခဲ့၏။ အချိန်ကနည်းပြီး လေ့ကျင့်သင်ကြားစရာတွေက အများကြီးပင်။ လက်မှတ်ရောင်းချမှုပိတ်သွားပြီးနောက် IUD သည်လည်း လေ့ကျင့်ရေးမုဒ်သို့ လုံးဝဥဿုံ ကျရောက်သွားခဲ့ပြီ။ ကျယ်ယန်သည် အိမ်မှစောစောထွက်ကာ ညနေဆို နောက်ကျမှ ပြန်လာဖြစ်သည်။ ယေဘုယျအားဖြင့် ချိုးရှင်းနှင့် မနက်စာတစ်နပ်သာ လက်စုံစားဖြစ်သည်။  

ထိုသို့ဖြစ်ပျက်ပြီး သုံးရက်အကြာတွင် ချိုးရှင်းတစ်ယောက် သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွားတော့၏။    “ သိပ်ကို အလုပ်ရှုပ်နေတာပေါ့လေလ။ ”

“ အနုပညာရှင်ဆိုတာ ဒီလိုပဲ။ ” ကျယ်ယန်က သူ့အိတ်ထဲက မွှေးပျံ့ပျံ့စာအိတ်လေးကို လှည့်ထုတ်ကာ ချိုးရှင်းရှေ့သို့ တွန်းပို့လိုက်သည်။  “ ခင်ဗျားအတွက် ”

ချိုးရှင်းက မယူဘဲ အေးတိအေးစက် မေးသည်။  “ ဘာလဲ။ ”

“ VIP လက်မှတ်လေ။ အကောင်းဆုံးနေရာကနော်။ ပျောင်းကောက အရမ်းကပ်စေးကုတ်တာ။ တစ်ယောက်ကို သီးသန့်  VIP လက်မှတ် ဆယ်စောင်ပဲပေးတယ်။ ကျွန်တော့်လက်မှတ် ၁၀ စောင်လုံး ဒီထဲမှာ။ ”

“ ဟုတ်လား။ ” ချိုးရှင်းက အေးတိအေးစက်ဖြေ၏။ ထို့နောက် ဆန်ပြုတ်ကို ဖြည်းဖြည်းချင်းသောက်ကာ လက်မှတ်တွေကိုတောင် မယူဘဲ ထသွား၏။ 

ကျယ်ယန် မျက်ခုံးတွန့်သွားကာ လက်မှတ်တွေကိုလည်း ပြန်မယူပေ။ ထို့နောက် မနက်စာကို လက်စသတ်ပြီး အပြင်ထွက်ခဲ့တော့သည်။

အလုပ်ရှုပ်နေတဲ့အခါ အချိန်ကုန်မြန်၏။ ကျယ်ယန်သည် အင်တာနက်ပေါ်က ကိစ္စများကို အာရုံစိုက်မနေတော့ဘဲ ဟူပျောင်းနှင့်သာ လွှဲထား၏။ နေ့တိုင်း ခယ့်လန်နှင့် တခြားသူများနှင့်အတူ သီချင်းဆိုတာ၊ ကတာတွေကိုသာ လေ့ကျင့်ခဲ့၏။ ပိတ်လှောင်ထားသော ပတ်ဝန်းကျင်တွင် သူ့မျက်လုံးကို မှိတ်လိုက်ဖွင့်လိုက်နှင့်။ ပင်ပန်းပေမယ့်လည်း စိတ်ချမ်းသာပါသည်။ 

နောက်ဆုံးမှာတော့ ရှိုးပွဲမစခင် ၁၀ ရက်သာကျန်တော့ပြီး လေ့ကျင်မှုများအားလုံးကို ရပ်နားလိုက်ကြပြီ။ ၎င်းက ကျယ်ယန်နှင့် အခြားလူများ ခက်ခဲသော အကျဥ်းထောင်မှ အချိန်တိုလေး လွတ်မြောက်လာခဲ့တာဖြစ်သည်။ သူတို့ အကခန်းထဲမှ ထွက်လာကာ အရင်နေ့ကပို့လိုက်သော ဝတ်စုံများကို စမ်းဝတ်ကြဖို့  စတိုင်လစ်အခန်းသို့သွားရန် ကားပြင်​ကြသည်။

ကျယ်ယန် ကားထဲဝင်လိုက်တာနှင့် မျက်လုံးများကို မှိတ်ထားလိုက်မိ၏။ ပင်ပန်းနွမ်းနယ်နေသော သည်လိုခံစားချက်ကြီးကို သူမုန်းသည်။ သည်လတော့ အနားယူဖို့ အခွင့်အရေးမှန်သမျှကို အမိဖမ်းရမည်။

ကျယ်ယန်နားစွင့်နေမှန်းသိ၍ ဟူပျောင်းက တိုက်ရိုက်ပဲ စကားပြောလာသည်။ “ စုစုပေါင်း လက်မှတ် ၅၀,၀၀၀ ကို ပို့ပြီးသွားပြီ။ ဒီနေ့ကစလို့ အစမ်းလေ့ကျင့်မယ့်နှစ်ရက်ကလွဲရင် ကျန်တဲ့အချိန်တွေအားလုံးကို အနားယူပြီး ကိုယ့်အသံကို ဂရုစိုက်ကြ။ ရုပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းဖို့လည်း ငါချိန်းထားတယ်။ အကုန်လုံးလုပ် မပျင်းကြနဲ့နော်။ ဒီရက်တွေထဲမှာ မတည့်တာတွေ မစားရမှန်း နားလည်တယ်မလား။ ရှိုးက live လွှင့်မှာ။ မင်းတို့ကို မွှေဖို့ လူဘယ်လောက်ကများ မျှော်နေကြမလဲ။ HD camera တွေကလည်း မင်းတို့ကိုရိုက်မှာဆိုတော့ မင်းတို့ရဲ့ မျက်ကွင်းဟောင်းလောင်း ဝက်ခြံဗရပွနဲ့ မျက်နှာတွေကို မပြချင်ကြဘူးမလား။ ”

ထုံကျန်းက ဟူပျောင်းစကားကို ရယ်သည်။

“ တည်တည်တံ့တံ့နေစမ်း !”  ဟူပျောင်းက ထုံကျန်းကို စိုက်ကြည့်ကာ ဆုံးမစကားတွေအများကြီး ချွေပြီးနောက် နိဂုံးချုပ်လိုက်သည်ကား။     “ မော့ပင်းက တောင်းပန်လာတယ်။ ”

  ဟူပျောင်းကို ငေးစိုက်ကြည့်လျက် ထုံကျန်းနှင့် တခြားလူများ ငြိမ်ကျသွားစဥ်တွင် ကျယ်ယန်မျက်လုံးဖွင့်လိုက်၏။

  ဟူပျောင်းက မှုန်ကုတ်လျက်။ “ ဒါက စိတ်ရင်းနဲ့ တောင်းပန်တာမဟုတ်ဘူး။ နောက်ထပ်အကွက်ရွှေ့တာ။ သူက အမြင်မှန်ရသွားပြီး ရှိုးပွဲကို လာမယ်ပြောတယ်  …ငါ့ကို အဲ့လိုကြီးစိုက်ကြည့်မနေကြနဲ့ဟ။ ”

ထုံကျန်းနှင့် တခြားလူများက အကြည့်လွှဲလိုက်ကာ ကားထဲမှာ တိတ်ဆိတ်မှုတို့ ကြီးစိုးသွား၏။

“ ငါးနှစ် …” ခယ့်လန်က စကားစလာက ယူကြုံးမရသည့်အမူအရာဖြင့် စိတ်ပျက်လက်ပြုံးလိုက်သည်။    “ သူက  IUD ကို ထပ်ပြီး ဂရုမစိုက်တော့ဘူး။ ” သူသာဂရုစိုက်အလေးထားမယ်ဆိုရင် အားလုံးကို ဒီလိုဆက်ဆံမှာ မဟုတ်ဘူး။

ရွှီချန်ဟောင်ကလည်း ဝင်ပြောလာသည်။  “ သူက  IUD မှာ အနာဂတ်ကျန်သေးတယ်လို့တွေးရင်း နောက်ဆုံးမှာ သူတစ်ယောက်တည်း ဟာသလိုကျန်နေခဲ့မှာ စိုးနေတာ။ ဒါ့ကြောင့်ပဲ အသည်းအသန်ရုန်းကန်နေတာပေါ့။ ”

သို့သော်လည်း လက်တွေ့မှာတော့ IUD က ပြီးဆုံးသွားခဲ့ပြီ။ ၎င်းက IUD ၏ နောက်ဆုံးဖျော်ဖြေပွဲပင်။ ကားထဲကလေထုက ပိုလို့တောင်ဆိုးရွားလာ၏။

ကျယ်ယန် ထထိုင်ကာ သူ့လက်ကိုဆန့်ထုတ်လိုက်သည်။  “ ဇာတ်သိမ်းကောင်းလေး ယူကြစို့။ ”

အားလုံးက ကျယ်ယန်ကို လှည့်ကြည့်လာကြပြီး တစ်ယောက်ပြီးတစ်ယောက် ထထိုင်လာကြသည်။ ထို့နောက် သူတို့လက်များကို ကျယ်ယန့်လက်ပေါ်ထက်ကာ သံပြိုင်အော်လိုက်ကြသည်။   “ ကောင်းမွန်တဲ့ အဆုံးသတ် !”

***

အောက်တိုဘာလ ၂၀ ရက်နေ့၌ ကောင်းကင်ကြီးဟာ သာယာလှပနေပြီး နေသာသော နေ့တစ်နေ့ဖြစ်၏။

ကျယ်ယန်သည် သုံးလွှာကနေ သူ့တယောကိုသယ်ကာ ဆင်းလာ၏။ ဧည့်ခန်းထဲကဖြတ်တော့ ကုမ္ပဏီမသွားသေးသော ချိုးရှင်းကို တွေ့လိုက်ရသည်။ သူ ချိုးရှင်းရှေ့သို့သွားကာ ပြောလိုက်သည်။   “ ကျွန်တော် ညနေဖျော်ဖြေပွဲအတွက် သွားပြင်ဆင်တော့မယ်။ ”

“ အင်း ငါ မင်းကို အားပေးနေပါတယ်။ ”   ချိုးရှင်းက ခေါင်းပင်မော့ကြည့်မလာဘဲ ဖုန်းဆက်သုံးနေ၏။ သူ့ပုံစံက သိပ်ကို ဝတ်ကျေတမ်းကျေနိုင်ပြီး ပျင်းရိနေသည်။ 

ကျယ်ယန်က ရုတ်တရက် အောက်ကိုထိုင်ချလိုက်သည်။

  ချိုးရှင်းက သူ့လက်ချောင်းများကို မလှုပ်တော့ဘဲ ကျယ်ယန်ကို ခံစားချက်မဲ့စွာ စိုက်ကြည့်လာ၏။  “ ဘာလဲ။ ”

“ ရှိုးပွဲကို လာခဲ့ပါ။ ခယ့်လန်နဲ့ တခြားလူတွေမှာဆို သူတို့ကို အားပေးမယ့် မိသားစုနဲ့ သူငယ်ချင်းတွေရှိတယ်။ ဒါပေမယ့် ကျွန်တော့်မှာ မရှိဘူး။ B မြို့တော်မှာဆို ကျွန်တော့်အဖွဲ့သားတွေနဲ့ အေးဂျင့်ကလွဲရင် ခင်ဗျားတစ်ယောက်ပဲ ကျွန်တော်သိတာ။ ဒါ့ကြောင့် ကျွန်တော်ဖျော်ဖြေတာကို လာကြည့်ပါ။ ”

ချိုးရှင်းက လှုပ်လည်းမလှုပ်သလို စကားလည်း မပြန်။ အောက်ငုံ့ကြည့်နေပေမယ့် သူ့မျက်လုံးများကတော့ ပုံမှန်ထက် နက်ရှိုင်းနေသည်။ 

“ မလာဘူးဆိုရင်ရော ”

“ ဒါဆိုလည်း ခင်ဗျားကို တောင်းဆိုရမှာပေါ့။  ”  ကျယ်ယန်က ပြုံး၏။  “ ချိုးရှင်း ကျွန်တော့်ဖျော်ဖြေပွဲကို လာကြည့်ဖို့ ခင်ဗျားကို တောင်းဆိုပါတယ်။ ”

တံခါးကို ဖွင့်ကာ ပိတ်သွားပြီး ကျယ်ယန်လည်း ထွက်သွားသည်။

ချိုးရှင်း သူ့ဖုန်းကိုချပြီး ခဏကြာတော့ မျက်မှောင်ကုတ်သွား၏။     “ တောင်းဆိုတဲ့ အမူအရာလည်း မပါဘဲနဲ့။ ရုပ်ဆိုးလိုက်တဲ့ မျက်နှာပေး … လျှိုရှား !”

[ T/N: နောက်ထပ် ၃ ပိုင်းက Concert အကြောင်းပါ။ fan girl မဟုတ်တဲ့လူတွေ ဖတ်ရလွယ်အောင် အကောင်းဆုံး ဘာသာပြန်ထားပါတယ်။ နည်းနည်းပျင်းစရာကောင်းသွားရင်လည်း သည်းခံပြီး အဆုံးထိ ဖတ်ပေးကြပါကုန် … 🤒]

━━━━━━━━━━━━━━━━━━━━━━━




Zawgyi
အခန္း ( ၂၄ )

က်ယ္ယန္ ကားထဲဝင္လာၿပီးေနာက္ စကားထက္မဆိုေတာ့။ သူ႕အမူအရာက ေလးလံေနကာ ရွားရွားပါးပါး ေၾကာက္စရာအမူအရာမ်ိဳး ရွိေနသည္။

ဝူေ႐ႊ႕က ကားေနာက္ၾကည့္မွန္ကေန သူ႕ကိုလွမ္းၾကည့္လ်က္ ေမးလာသည္။   “ သူေဌး အဆင္ေျပရဲ႕လား။ ”

“ အဆင္ေျပတယ္ ”   က်ယ္ယန္က သူ႕အမူအရာကို ထိိန္းလိုက္၏။ ထို႔ေနာက္ သူတို႔အားလုံး ပါပါရာဇီေတြဝိုင္းတာခံခဲ့ရေၾကာင္း ဖုန္းထုတ္ကာ ဟူေပ်ာင္းဆီ ေျပာလိုက္သည္။ 

ဟူေပ်ာင္းက အလွဆင္ကုမၸဏီႏွင့္ ျပဳျပင္ေရးအစီအစဥ္မ်ားကို ေဆြးေႏြးေနသည္။ က်ယ္ယန့္ဖုန္းေကာလ္ကို လက္ခံၿပီးေနာက္ ေပါက္ကြဲသြားေတာ့သည္။     “ ေမာ့ပင္းကေတာ့ ဟြမ္ထ်န္းကေန ျပႆနာရွာတဲ့ပုံစံကို အတည္ႀကီးသင္ေနတာပဲ။ ေလာင္ရွို႔ယူကိုေတာင္ ဆြဲထည့္ဝံ့တယ္။ ေလာင္ရွို႔ယူနဲ႕ သူ႕မိသားစုက လြယ္လြယ္သြားထိလို႔မရမွန္း သူသိရဲ႕သားနဲ႕ကြာ။ ရန္သူေတာင္ သြားဖြဲ႕ေနေသးတယ္ !”

“ သူက သူ႕ဘာသာသူ ရန္သူဖြဲ႕ေနတာ။ VIP ထိုင္ခုံတန္း အလယ္ေနရာက လက္မွတ္ႏွစ္ေစာင္ကို ႀကိဳမွာၿပီး ေမာ့ပင္းနဲ႕ ေလာင္ရွို႔ယူတို႔စီ ပို႔ေပးလိုက္ပါ။ လက္မွတ္ေတြကလည္း တစ္ခုံနဲ႕တစ္ခုံကပ္ေနရမွာေနာ္ ဒါကို သတိရ။ ”

ဟူေပ်ာင္း အံ့အားသင့္သြား၏။  “ အမ္ ေလာင္ရွို႔ယူစီေရာ ပို႔ရမွာလား။ ”

“ ပို႔ရမွာေပါ့ ေမာ့ပင္းကမွ ေလာင္ရွို႔ယူရဲ႕တည္ရွိမႈကို အသုံးခ်ခ်င္ေနတာ။ ဒီလိုဆိုမွေတာ့ ကြၽန္ေတာ္တို႔ကလည္း ေလာင္ရွို႔ယူကို ကိုယ္တိုင္ကိုယ္က်ဖိတ္ၿပီး သူ႕သီခ်င္းမဟုတ္မွန္း နားေထာင္ေစမယ္။ ကြၽန္ေတာ္တို႔အသံသြင္းထားတဲ့ သီခ်င္းအသစ္ ပထမဆုံးဗားရွင္းကိုပါ ေလာင္ရွို႔ယူစီ လက္မွတ္နဲ႕ တြဲပို႔ေပးပါ။ သီခ်င္းကို နားေထာင္ၿပီးရင္ ေလာင္ရွို႔ယူက ပိုေတာင္လာခ်င္သြားဦးမွာ။ ေလာင္ရွို႔ယူနဲ႕ပတ္သက္ၿပီး ပါပါရာဇီေတြကို အသုံးခ်ခဲ့တဲ့ ေမာ့ပင္းတစ္ေယာက္ သူတို႔အတူတူမ်က္ႏွာခ်င္းဆိုင္ ထိုင္မိတဲ့အခါ ဘယ္လိုမ်ားတုံ႕ျပန္မလဲဆိုတာ ကြၽန္ေတာ္ သိခ်င္မိပါရဲ႕ !”

ေအးစက္စက္အသံကို နားေထာင္မိေတာ့ ေမာ့ပင္းႏွင့္ တစ္ကိုယ္ေတာ္ ပါရမီရွင္ ေလာင္ရွို႔ယူတို႔ အတူထိုင္တာကို ျမင္ေယာင္မိကာ ဟူေပ်ာင္းစိတ္ထဲ ရိုးတိုး႐ြတျဖစ္သြားသည္။ သို႔ရာတြင္ နည္းနည္းေတာ့စိတ္ပူမိသား။    “ ေမာ့ပင္းမလာရင္ေရာ။ ”

“ မလာေတာ့လည္း လူထုအျမင္ကိုသုံးၿပီး သူ႕ကိုလာေအာင္လုပ္ၾကတာေပါ့။ ဒါက IUD ရဲ႕ ငါးႏွစ္ျပည့္အထိမ္းအမွတ္ ေဖ်ာ္ေျဖပြဲေလ။ ေခါင္းေဆာင္ေဟာင္းတစ္ေယာက္အေနနဲ႕ ဘယ္လိုလုပ္ မလာဘဲေနရဲမွာလဲ။ ဒါ့အျပင္ အစ္ကို႔လက္ထဲမွာလည္း သူ႕ကိုၿခိမ္းေျခာက္ဖို႔ ပစၥည္းေတြရွိေသးတယ္မလား။ ”

ဟူေပ်ာင္း  “……” ရက္စက္လြန္းတယ္ကြာ။

ဟူေပ်ာင္းႏွင့္ ဖုန္းေျပာၿပီးေနာက္ က်ယ္ယန္ group ေလးကိုဖြင့္လိုက္ရာ အားလုံးက သူ႕တို႔ေဘးမွာ သူလွ်ိုမ်ားေနလားဆိုတာကို ေဆြးေႏြးေနၾက၏။ ႐ုတ္တရက္ႀကီး ပါပါရာဇီေတြအမ်ားႀကီးက အသံသြင္းစတူဒီယို ကားပါကင္ကို ေရာက္လာၾကသည္ေလ။ သူတို႔အားလုံးဆင္းလာမယ့္ ဓာတ္ေလွကားကို အတိအက်သိေနတာက ပုံမွန္မဟုတ္။

က်ယ္ယန္ စာရိုက္လိုက္သည္:  သံသယျဖစ္မေနၾကနဲ႕ေတာ့။ တစ္ခုပဲရွိ​ေတာ့တယ္။ ေဖ်ာ္ေျဖပြဲအတြက္က အခ်ိန္သိပ္မက်န္ေတာ့ဘူး။ စတူဒီယိုအသစ္ေျပာင္းဖို႔ကလည္း အရမ္းေနာက္က်သြားၿပီ။ ဒီေန႕ျပန္ေရာက္ရင္ ငါ့ေဘးက ဝန္ထမ္းေတြကို စစ္ေဆးၾကည့္လိုက္မယ္။ ျပႆနာတစ္ခုခုရွိခဲ့ရင္လည္း ပြဲၿပီးေအာင္ေစာင့္ၿပီးမွ ေျဖရွင္း​​ၾကမယ္။ ခ်န္ေဟာင္ စတူဒီယိုရဲ႕ လုံၿခဳံေရးဌာနကိုသြားၿပီး ျမန္ျမန္လႈပ္ရွားဖို႔ ေျပာလိုက္ပါ။ ေနာက္တစ္ခါ ဒီလိုထပ္မျဖစ္ေစနဲ႕။

Group ထဲက ေဆြးေႏြးအ​​ေျဖရွာမႈမ်ားက ရပ္သြားၿပီ။ က်ယ္ယန္စကားေတြထဲက ေဒါသေတြကိုျမင္တာေၾကာင့္ အားလုံး ျမန္ျမန္သြက္သြက္ လႈပ္ရွားၾကေတာ့သည္။

က်ယ္ယန္က စာဆက္ရိုက္လာသည္: ဒီေန႕ကစၿပီး မင္းတို႔ေတြ အင္တာနက္ေပၚမွာ ဘာမွမတင္သင့္ေတာ့ဘူး။ မင္းတို႔အေတြးေတြအားလုံးကို ေဖ်ာ္ေျဖပြဲအတြက္ပဲ အာ႐ုံစိုက္ထားၾကပါ။ တျခားကိစၥေတြအားလုံးကို ေပ်ာင္းေကာနဲ႕ ငါပဲ ေျဖရွင္းလိုက္မယ္။

Group ထဲကို တာဝန္ကိုယ္စီခ်မွတ္ေပးၿပီးေနာက္ က်ယ္ယန္သည္ ခ်ိဳးရွင္း၏ WeChat ကို ဖြင့္လိုက္သည္။

က်ယ္ယန္ : ခင္ဗ်ားကို ေျပာျပခ်င္တဲ့ လုပ္ငန္းေလးတစ္ခုရွိတယ္။

ခ်ိဳးရွင္းက စကၠန့္ပိုင္းအတြင္း စာျပန္လာသည္ : ဘာလဲ။

က်ယ္ယန္ : ႐ုန္တင္းမွာ တိုက္ရိုက္ထုတ္လႊင့္ေရး ပလပ္ေဖာင္းရွိလား။

ခ်ိဳးရွင္း : ဘာလုပ္မလို႔လဲ။

က်ယ္ယန္ : ကြၽန္ေတာ့္ရဲ႕ ပထမဆုံးစတိတ္ရွိုးပြဲကို black fan ေတြအတြက္ တိုက္ရိုက္ထုတ္လႊင့္ၿပီး သူတို႔ပါးသူတို႔ျပန္ရိုက္ေစမယ့္ ေဖ်ာ္ေျဖမႈမ်ိဳးေပးမလို႔။

တစ္ဖက္က ေဆး႐ုံတြင္မူ။

ခ်ိဳးခ်င္းသည္ က်ယ္ယန္၏ ယုံၾကည္မႈရွိၿပီး တစ္ကိုယ္ေကာင္းဆန္ေသာ စကားမ်ားကိုၾကည့္ကာ ႏွာေခါင္းရႈံ႕လိုက္သည္။ သူစာရိုက္လိုက္တာေၾကာင့္ ေဆးကုသရာက မသက္မသာျဖစ္ေနတာကလည္း အနည္းငယ္သက္သာသြားသလိုပင္။ : ဟယ္ကြၽင္း မင္းကို ဆက္သြယ္လိမ့္မယ္။

ခ်ိဳးရွင္းက သူ႕ေတာင္းဆိုခ်က္ကို သည္ေလာက္ျမန္ျမန္ႀကီး လက္သင့္ခံလိုက္လိမ့္မည္ဟု က်ယ္ယန္ မေမွ်ာ္လင့္ထားေပ။ ပါပါရာဇီေတြေၾကာင့္ စိတ္ရႈပ္ေနသည့္ စိတ္က​ေလးလည္း အေတာ္ေလးကို ေပါ့ပါးလို႔သြားကာ သူစာျပန္ရိုက္လိုက္သည္ : ေက်းဇူးပဲ။

***

ထိုေနည၌ ကားပါကင္တြင္ က်ယ္ယန္ေျပာခဲ့ေသာစကားမ်ားသည္ ပါပါရာဇီမ်ားေၾကာင့္ Weibo ေပၚမွာ ပလူပ်ံေနေတာ့၏။ ‘လူတစ္ေယာက္ ’ ကို ရွိုးပြဲလာဖို႔ ဖိတ္ၾကားသည့္စကားမ်ားက ‘အထက္စီးဆန္’ ၿပီး ‘စီနီယာေတြအေပၚ ေလးစားမႈမရွိ’ဟု မားကတ္တင္းအေကာင့္မ်ားက ေဝဖန္ၾကေလသည္။

လူအမ်ားကေတာ့ အင္တာနက္ေပၚက လူထုအျမင္ႏွင့္ စိတ္လႈပ္ရွားဖြယ္ရာမ်ားကို ဝ႐ုန္းသုန္းကား ေစာင့္ေမွ်ာ္ၾကည့္ေနၾကၿပီ။

က်ယ္ယန္၏ ေက်ာင္းေနဖက္မ်ားႏွင့္ အိိမ္နီးခ်င္းမ်ားကလည္း က်ယ္ယန္သည္ ဘယ္ေသာအခါကမွ သီခ်င္းမေရးခဲ့ဖူးေၾကာင္းကို အမည္ဝွက္လ်က္ သက္ေသခံလာၾကသည္။ သို႔ေသာ္လည္း က်ယ္ယန္က ငယ္စဥ္ကတည္းက ဂီတကိုေလ့လာခဲ့ၿပီး သူေလ့လာထားတာေတြက သိပ္ကိုဆိုး႐ြားလြန္းသည္။ 

Weibo ေပၚမွာ က်ယ္ယန္ကို ေလွာင္ေျပာင္သေရာ္ေနၾကေသာ တကၠသိုလ္ေက်ာင္းေနဖက္မ်ားလည္းရွိၿပီး အင္တာနက္ေပၚတြင္ က်ယ္ယန္ခ်ျပထားသမွ်က စိတ္ကူးယဥ္ပုံစံသာျဖစ္သည္ဟု ေျပာၾကသည္။ တကယ့္က်ယ္ယန္အစစ္က ငတုံး ငအ တစ္ေကာင္သာျဖစ္သည္။ သူ႕အေနျဖင့္ ပေရာ္ဖက္ရွင္နယ္ သင္ရိုးမ်ားကို နားမလည္နိုင္ေပ။ ထို႔ေၾကာင့္ ဂီတေရးစပ္သည့္ေမဂ်ာကို ေအာင္ဖို႔ဆိုတာ လုံဝမျဖစ္နိုင္။ က်ယ္ယန္ေရးသည္ဆိုေသာ သီခ်င္းကလည္း ဝယ္ထားတာပဲျဖစ္မည္တဲ့။ 

က်ယ္ယန္၏ ဆိုး႐ြားလွေသာ သ႐ုပ္ေဆာင္မႈကို အဖန္ဖန္တလဲလဲ ေျပာဆိုေနၾကသည္။ တစ္ခ်ိဳ႕ကလည္း ေမာ့ပင္းမရွိလွ်င္ IUD က အသက္ပါမွာမဟုတ္ေတာ့တာေၾကာင့္ အမွိုက္သုံးေကာင္ႏွင့္ ငတုံးတစ္ေကာင္၏ ေဖ်ာ္ေျဖပြဲကို ၾကည့္စရာမလိုပါဟု ဆို​ၾကသည္။ တစ္ခ်ိဳ႕ကေတာ့ က်ယ္ယန္၏ ေငြသုံးၾကမ္းမႈက အာရွတိုက္တစ္တိုက္လုံးကိုေတာင္ လႊမ္းမိုးသြားေစနိုင္လွ်င္ေတာင္ သူ႕ကိုယ္သူ ျပန္ျမႇောက္စားဖို႔ မသုံးသင့္ေၾကာင္း ေလွာင္ေျပာင္ထားၾက၏။
 
လက္မွတ္ေရာင္းခ်မႈ ဖြင့္လွစ္သည့္ည၌ ဟူေပ်ာင္းသည္ group ထဲသို႔  ‘ဟားဟားဟားဟား’ ဆိုေသာ စာအတန္းလိုက္ႀကီး ပို႔လာ၏။

ထုံက်န္း လန့္ဖ်န့္သြားရ၏ : ဘာျဖစ္တာလဲ။ အင္တာနက္ေပၚကဟာေတြေၾကာင့္ အစ္ကို႐ူးသြားၿပီလား။

ဟူေပ်ာင္းက group ထဲကို အသံမက္ေဆ့ပို႔လာ၏။ “ မ႐ူးပါဘူး ေမာ့ပင္းက ငါတို႔ေဖ်ာ္ေျဖပြဲကို ဝင္ရႈပ္ခ်င္ေနတယ္လို႔ အခုေလးတင္ ငါ့စီ လူတစ္ေယာက္က မက္ေဆ့ပို႔လာတယ္ကြ။ ေမာ့ပင္းက လက္မွတ္ေတြ အလစ္သုတ္ဖို႔ လက္မွတ္ေမွာင္ခိုေရာင္းတဲ့သူေတြကို ဆက္သြယ္ထားတယ္တဲ့။ ငါတို႔ကို ခုံအလြတ္ေတြနဲ႕ ​ေဖ်ာ္ေျဖရေအာင္တဲ့ေလ ! သူေတာ့ ပိုက္ဆံေတြဆုံးေတာ့မယ္။ ”

ခဏမွ်တိတ္ဆိတ္သြားၿပီးေနာက္ အကုန္လုံး ေအာ္ရယ္ၾကေတာ့၏။ သူတို႔ထဲတြင္ ထုံက်န္းက တစ္စိတ္ကိုတစ္အိတ္လုပ္ၿပီး Emoji ေတြ တစ္ခုၿပီးတစ္ခု ပို႔လာသည္။ 

ဟူေပ်ာင္း၏သတင္းကိုၾကားၿပီး က်ယ္ယန္လည္း ၿပဳံးသြားသည္။ ထို႔ေနာက္ ဖုန္းခ်ကာ ဆက္ေလ့က်င့္ဖို႔ တေယာကိုေကာက္လိုက္သည္။ 

ထိုေန႕ည 00:00 (ည ၁၂ နာရီ) အခ်ိန္၌ IUD ၏ ငါးႏွစ္ျပည့္ ေဖ်ာ္ေျဖပြဲ လက္မွတ္ဝယ္ယူမႈကို တရားဝင္ စတင္ဖြင့္လွစ္ခဲ့သည္။ မေရမတြက္နိုင္ေသာ ပရိသတ္မ်ားႏွင့္ လက္မွတ္ေမွာင္ခိုသမားမ်ားက သူတို႔လိုခ်င္ေသာ လက္မွတ္မ်ားကို ေ႐ြးခ်ယ္ကာ ဝယ္ဖို႔ခလုတ္ႏွိပ္လိုက္ၾကသည္။ ထို႔ေနာက္မွာေတာ့ မွတ္ပုံတင္စနစ္တစ္ခုက က်လာေလသည္။ ပရိသတ္မ်ားႏွင့္ လက္မွတ္ေမွာင္ခိုသမားမ်ားအားလုံး ၾကက္ေသေသသြားၾက၏။ ဒါက ဘာလဲ။ ဘာလို႔ ေငြေခ်စနစ္မရွိရတာလဲ။

လူတိုင္းလူတိုင္း သံသယေတြျဖင့္ ဖန္သားျပင္ကို  refresh လုပ္ေနၾကစဥ္တြင္ ဟူေပ်ာင္းက Weibo မွာေပၚလာၿပီး ရွင္းျပ၏ : ဒါနဲ႕ မင္းတို႔ကို ေျပာဖို႔ေမ့သြားတယ္။  IUD ရဲ႕ ငါးႏွစ္ျပည့္ေဖ်ာ္ေျဖပြဲက လက္မွတ္ဝယ္စရာမလိုပါဘူး။ ေက်းဇူးျပဳၿပီး ဝယ္ယူေရးရည္႐ြယ္ခ်က္​ေဖာင္ကိုျဖည့္ၿပီး လက္မွတ္ဝယ္မယ့္ မင္းတို႔ရဲ႕ရည္႐ြယ္ခ်က္ကို မွတ္ပုံတင္ေပးပါ။ ကြၽန္ေတာ့္ဘက္ကေန IUD ပရိသတ္အစစ္အမွန္မ်ားကို က်ပန္းေ႐ြးခ်ယ္ၿပီး လက္မွတ္ေတြ ပို႔ေပးမွာ ျဖစ္ပါတယ္။ အခ်က္အလက္ေတြကိုေတာ့ ေသခ်ာျဖည့္ေပးရပါမယ္။ အယ္လ္ဘမ္ဝယ္ဖူးသူက ဝယ္ထားတဲ့မွတ္တမ္းကို ျဖည့္စြက္ေပးပါ။ concert သြားဖူးတဲ့လူကလည္း သူတို႔တက္ေရာက္ပါဝင္ခဲ့ဖူးတဲ့ concert ကို ျဖည့္ေပးပါ။ ဓာတ္ပုံတစ္ပုံဝယ္ဖူးတယ္ဆိုရင္ေတာင္ ဝယ္ထားတဲ့ဓာတ္ပုံအေထာက္အထားကို ျပ႐ုံပါပဲ။ ဒါေတြအားလုံးကက စစ္ေဆးေရးအေျခအေနေတြပါ။

၎ကို Weibo ေပၚတင္လိုက္သည္ႏွင့္  IUD ပရိသတ္အသိုင္းအဝိုင္းမွာ ေရွာ့ခ္ရသြားၾကသည္။ ပရိသတ္မ်ား စိတ္လႈပ္ရွားေပ်ာ္႐ႊင္သြားၾကစဥ္တြင္ လက္မွတ္ေမွာင္ခိုသမားမ်ားမွာေတာ့ ေဒါသထြက္ကုန္ၾက၏။

#IUD ေဖ်ာ္ေျဖပြဲလက္မွတ္မ်ား # ဆိုေသာ ေခါင္းစဥ္က hot list ထဲသို႔ အျမန္ဝင္သြား၏။

ဂယက္တစ္ခုထပ္လာဖို႔က သိပ္ေတာ့မၾကာလိုက္ေပ။ ပရိသတ္ေတြကို လက္မွတ္လက္ေဆာင္ေပးတာက ေကာင္းေပမယ့္ ၎က လုံးဝမမွ်တဟု ေျပာလာၾကသည္။ ပရိသတ္အသစ္ေတြက ရွိုးပြဲၾကည့္ဖို႔ အရည္အခ်င္းမရွိဘူးဆိုၿပီး ေျပာလိုက္သလိုပဲ မဟုတ္လား။

ဟူေပ်ာင္းက ေနာက္ထပ္ပို႔စ္တစ္ခု ထပ္တင္လိုက္သည္ : မပူပါနဲ႕ဗ်ာ။ ငါးႏွစ္ျပည့္ ေဖ်ာ္ေျဖပြဲက ပရိသတ္ေတြအတြက္ပါ။ ကြၽန္ေတာ္တို႔က ေဖ်ာ္ေျဖပြဲကို ပရိသတ္ေတြကို တတ္နိုင္သမွ် ၾကည့္ေစခ်င္တာပါ။ ဒါ့ေၾကာင့္ ဇယ့္ရွင္းတိုက္ရိုက္ထုတ္လႊင့္ေရး ပလပ္ေဖာင္းနဲ႕ ပူးေပါင္းေဆာင္႐ြက္ဖို႔ ညွိႏွိုင္းၿပီးသြားပါၿပီ။ ငါးႏွစ္ျပည့္ေဖ်ာ္ေျဖပြဲကို ဇယ့္ရွင္း live မွာ သီးသန့္ထုတ္လႊင့္ေပးသြားပါ့မယ္။ အားလုံးကို ေစာင့္ေမွ်ာ္ၾကည့္ရႈေပးၾကဖို႔ ဖိတ္ေခၚအပ္ပါတယ္။

တိုက္ရိုက္ထုတ္လႊင့္ေရးအခန္း၏ လိပ္စာပါ တြဲပါလိုက္ေသးသည္။

တိုက္ရိုက္ထုတ္လႊင့္မႈ။ ယေန႕ည လက္မွတ္ဝယ္ယူမႈႏွင့္ ပတ္သက္၍ လူေတြအားလုံး အံ့အားသင့္သြားၾကကာ လူထုအျမင္မွာလည္း ကြဲလြဲလို႔ သြားၾကေလၿပီ။

***

အတင္းအက်ပ္ ေစာေစာအိပ္၊ ေစာေစာထဖို႔ ဖိအားေပးခံထားေသာ က်ယ္ယန္မွာ ဟူေပ်ာင္းတစ္ေယာက္ ညသန္းေခါင္ႀကီး ပရိသတ္ေတြ၊ လက္မွတ္ေမွာင္ခိုသမားေတြကို ေဆာ့ကစားေနတာအား မေတြ႕မိေသး။ သူ အိပ္ရာနိုးလို႔ ဖုန္းေကာက္ကိုင္ကာ Weibo ကို စစ္ၾကည့္ခ်ိန္တြင္ ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ကူးအခါသမယလို ျဖစ္ႏွင့္ၿပီးေနၿပီ။

ရွာေဖြမႈအမ်ားဆုံးစာရင္းေပၚ၌  #IUD တိုက္ရိုက္ထုတ္လႊင့္မႈ # ေခါင္းစဥ္က တက္ေနၿပီး ‘ေပါက္ကြဲ’သည့္ စကားလုံးက ေနာက္ကလိုက္ေန၏။

က်ယ္ယန္ သူ႕ Weibo ကို ေလွ်ာက္ၾကည့္လိုက္ေတာ့ သူ႕ကိုဆဲဆိုေသာ ပရိသတ္မ်ား နည္းပါးေနသည္ကို ေတြ႕ရ၏။ ပရိသတ္ေတြအမ်ားႀကီးက သူ႕ကိုသီးသန့္စာပို႔ၿပီးပင္ ေတာင္းပန္ထားၾကၿပီး IUD ငါးႏွစ္ျပည့္ေဖ်ာ္ေျဖပြဲကို လက္မွတ္မပါဘဲ ၾကည့္ခြင့္ေပးသည့္အတြက္ ေက်းဇူးတင္စကား ဆိုထားၾကသည္။

က်ယ္ယန္ ၿပဳံးသြား၏။ ထို႔ေနာက္ အိတ္ကပ္ထဲဖုန္းထည့္ကာ စတူဒီယိုသို႔ ထြက္ခဲ့၏။ အခ်ိန္ကနည္းၿပီး ေလ့က်င့္သင္ၾကားစရာေတြက အမ်ားႀကီးပင္။ လက္မွတ္ေရာင္းခ်မႈပိတ္သြားၿပီးေနာက္ IUD သည္လည္း ေလ့က်င့္ေရးမုဒ္သို႔ လုံးဝဥႆုံ က်ေရာက္သြားခဲ့ၿပီ။ က်ယ္ယန္သည္ အိမ္မွေစာေစာထြက္ကာ ညေနဆို ေနာက္က်မွ ျပန္လာျဖစ္သည္။ ေယဘုယ်အားျဖင့္ ခ်ိဳးရွင္းႏွင့္ မနက္စာတစ္နပ္သာ လက္စုံစားျဖစ္သည္။  

ထိုသို႔ျဖစ္ပ်က္ၿပီး သုံးရက္အၾကာတြင္ ခ်ိဳးရွင္းတစ္ေယာက္ သည္းခံနိုင္စြမ္းေတြ ကုန္ဆုံးသြားေတာ့၏။    “ သိပ္ကို အလုပ္ရႈပ္ေနတာေပါ့ေလလ။ ”

“ အႏုပညာရွင္ဆိုတာ ဒီလိုပဲ။ ” က်ယ္ယန္က သူ႕အိတ္ထဲက ေမႊးပ်ံ့ပ်ံ့စာအိတ္ေလးကို လွည့္ထုတ္ကာ ခ်ိဳးရွင္းေရွ႕သို႔ တြန္းပို႔လိုက္သည္။  “ ခင္ဗ်ားအတြက္ ”

ခ်ိဳးရွင္းက မယူဘဲ ေအးတိေအးစက္ ေမးသည္။  “ ဘာလဲ။ ”

“ VIP လက္မွတ္ေလ။ အေကာင္းဆုံးေနရာကေနာ္။ ေပ်ာင္းေကာက အရမ္းကပ္ေစးကုတ္တာ။ တစ္ေယာက္ကို သီးသန့္  VIP လက္မွတ္ ဆယ္ေစာင္ပဲေပးတယ္။ ကြၽန္ေတာ့္လက္မွတ္ ၁၀ ေစာင္လုံး ဒီထဲမွာ။ ”

“ ဟုတ္လား။ ” ခ်ိဳးရွင္းက ေအးတိေအးစက္ေျဖ၏။ ထို႔ေနာက္ ဆန္ျပဳတ္ကို ျဖည္းျဖည္းခ်င္းေသာက္ကာ လက္မွတ္ေတြကိုေတာင္ မယူဘဲ ထသြား၏။ 

က်ယ္ယန္ မ်က္ခုံးတြန့္သြားကာ လက္မွတ္ေတြကိုလည္း ျပန္မယူေပ။ ထို႔ေနာက္ မနက္စာကို လက္စသတ္ၿပီး အျပင္ထြက္ခဲ့ေတာ့သည္။

အလုပ္ရႈပ္ေနတဲ့အခါ အခ်ိန္ကုန္ျမန္၏။ က်ယ္ယန္သည္ အင္တာနက္ေပၚက ကိစၥမ်ားကို အာ႐ုံစိုက္မေနေတာ့ဘဲ ဟူေပ်ာင္းႏွင့္သာ လႊဲထား၏။ ေန႕တိုင္း ခယ့္လန္ႏွင့္ တျခားသူမ်ားႏွင့္အတူ သီခ်င္းဆိုတာ၊ ကတာေတြကိုသာ ေလ့က်င့္ခဲ့၏။ ပိတ္ေလွာင္ထားေသာ ပတ္ဝန္းက်င္တြင္ သူ႕မ်က္လုံးကို မွိတ္လိုက္ဖြင့္လိုက္ႏွင့္။ ပင္ပန္းေပမယ့္လည္း စိတ္ခ်မ္းသာပါသည္။ 

ေနာက္ဆုံးမွာေတာ့ ရွိုးပြဲမစခင္ ၁၀ ရက္သာက်န္ေတာ့ၿပီး ေလ့က်င္မႈမ်ားအားလုံးကို ရပ္နားလိုက္ၾကၿပီ။ ၎က က်ယ္ယန္ႏွင့္ အျခားလူမ်ား ခက္ခဲေသာ အက်ဥ္းေထာင္မွ အခ်ိန္တိုေလး လြတ္ေျမာက္လာခဲ့တာျဖစ္သည္။ သူတို႔ အကခန္းထဲမွ ထြက္လာကာ အရင္ေန႕ကပို႔လိုက္ေသာ ဝတ္စုံမ်ားကို စမ္းဝတ္ၾကဖို႔  စတိုင္လစ္အခန္းသို႔သြားရန္ ကားျပင္​ၾကသည္။

က်ယ္ယန္ ကားထဲဝင္လိုက္တာႏွင့္ မ်က္လုံးမ်ားကို မွိတ္ထားလိုက္မိ၏။ ပင္ပန္းႏြမ္းနယ္ေနေသာ သည္လိုခံစားခ်က္ႀကီးကို သူမုန္းသည္။ သည္လေတာ့ အနားယူဖို႔ အခြင့္အေရးမွန္သမွ်ကို အမိဖမ္းရမည္။

က်ယ္ယန္နားစြင့္ေနမွန္းသိ၍ ဟူေပ်ာင္းက တိုက္ရိုက္ပဲ စကားေျပာလာသည္။ “ စုစုေပါင္း လက္မွတ္ ၅၀,၀၀၀ ကို ပို႔ၿပီးသြားၿပီ။ ဒီေန႕ကစလို႔ အစမ္းေလ့က်င့္မယ့္ႏွစ္ရက္ကလြဲရင္ က်န္တဲ့အခ်ိန္ေတြအားလုံးကို အနားယူၿပီး ကိုယ့္အသံကို ဂ႐ုစိုက္ၾက။ ႐ုပ္ပိုင္းဆိုင္ရာ ထိန္းသိမ္းဖို႔လည္း ငါခ်ိန္းထားတယ္။ အကုန္လုံးလုပ္ မပ်င္းၾကနဲ႕ေနာ္။ ဒီရက္ေတြထဲမွာ မတည့္တာေတြ မစားရမွန္း နားလည္တယ္မလား။ ရွိုးက live လႊင့္မွာ။ မင္းတို႔ကို ေမႊဖို႔ လူဘယ္ေလာက္ကမ်ား ေမွ်ာ္ေနၾကမလဲ။ HD camera ေတြကလည္း မင္းတို႔ကိုရိုက္မွာဆိုေတာ့ မင္းတို႔ရဲ႕ မ်က္ကြင္းေဟာင္းေလာင္း ဝက္ၿခံဗရပြနဲ႕ မ်က္ႏွာေတြကို မျပခ်င္ၾကဘူးမလား။ ”

ထုံက်န္းက ဟူေပ်ာင္းစကားကို ရယ္သည္။

“ တည္တည္တံ့တံ့ေနစမ္း !”  ဟူေပ်ာင္းက ထုံက်န္းကို စိုက္ၾကည့္ကာ ဆုံးမစကားေတြအမ်ားႀကီး ေခြၽၿပီးေနာက္ နိဂုံးခ်ဳပ္လိုက္သည္ကား။     “ ေမာ့ပင္းက ေတာင္းပန္လာတယ္။ ”

  ဟူေပ်ာင္းကို ေငးစိုက္ၾကည့္လ်က္ ထုံက်န္းႏွင့္ တျခားလူမ်ား ၿငိမ္က်သြားစဥ္တြင္ က်ယ္ယန္မ်က္လုံးဖြင့္လိုက္၏။

  ဟူေပ်ာင္းက မႈန္ကုတ္လ်က္။ “ ဒါက စိတ္ရင္းနဲ႕ ေတာင္းပန္တာမဟုတ္ဘူး။ ေနာက္ထပ္အကြက္ေ႐ႊ႕တာ။ သူက အျမင္မွန္ရသြားၿပီး ရွိုးပြဲကို လာမယ္ေျပာတယ္  …ငါ့ကို အဲ့လိုႀကီးစိုက္ၾကည့္မေနၾကနဲ႕ဟ။ ”

ထုံက်န္းႏွင့္ တျခားလူမ်ားက အၾကည့္လႊဲလိုက္ကာ ကားထဲမွာ တိတ္ဆိတ္မႈတို႔ ႀကီးစိုးသြား၏။

“ ငါးႏွစ္ …” ခယ့္လန္က စကားစလာက ယူႀကဳံးမရသည့္အမူအရာျဖင့္ စိတ္ပ်က္လက္ၿပဳံးလိုက္သည္။    “ သူက  IUD ကို ထပ္ၿပီး ဂ႐ုမစိုက္ေတာ့ဘူး။ ” သူသာဂ႐ုစိုက္အေလးထားမယ္ဆိုရင္ အားလုံးကို ဒီလိုဆက္ဆံမွာ မဟုတ္ဘူး။

႐ႊီခ်န္ေဟာင္ကလည္း ဝင္ေျပာလာသည္။  “ သူက  IUD မွာ အနာဂတ္က်န္ေသးတယ္လို႔ေတြးရင္း ေနာက္ဆုံးမွာ သူတစ္ေယာက္တည္း ဟာသလိုက်န္ေနခဲ့မွာ စိုးေနတာ။ ဒါ့ေၾကာင့္ပဲ အသည္းအသန္႐ုန္းကန္ေနတာေပါ့။ ”

သို႔ေသာ္လည္း လက္ေတြ႕မွာေတာ့ IUD က ၿပီးဆုံးသြားခဲ့ၿပီ။ ၎က IUD ၏ ေနာက္ဆုံးေဖ်ာ္ေျဖပြဲပင္။ ကားထဲကေလထုက ပိုလို႔ေတာင္ဆိုး႐ြားလာ၏။

က်ယ္ယန္ ထထိုင္ကာ သူ႕လက္ကိုဆန့္ထုတ္လိုက္သည္။  “ ဇာတ္သိမ္းေကာင္းေလး ယူၾကစို႔။ ”

အားလုံးက က်ယ္ယန္ကို လွည့္ၾကည့္လာၾကၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ ထထိုင္လာၾကသည္။ ထို႔ေနာက္ သူတို႔လက္မ်ားကို က်ယ္ယန့္လက္ေပၚထက္ကာ သံၿပိဳင္ေအာ္လိုက္ၾကသည္။   “ ေကာင္းမြန္တဲ့ အဆုံးသတ္ !”

***

ေအာက္တိုဘာလ ၂၀ ရက္ေန႕၌ ေကာင္းကင္ႀကီးဟာ သာယာလွပေနၿပီး ေနသာေသာ ေန႕တစ္ေန႕ျဖစ္၏။

က်ယ္ယန္သည္ သုံးလႊာကေန သူ႕တေယာကိုသယ္ကာ ဆင္းလာ၏။ ဧည့္ခန္းထဲကျဖတ္ေတာ့ ကုမၸဏီမသြားေသးေသာ ခ်ိဳးရွင္းကို ေတြ႕လိုက္ရသည္။ သူ ခ်ိဳးရွင္းေရွ႕သို႔သြားကာ ေျပာလိုက္သည္။   “ ကြၽန္ေတာ္ ညေနေဖ်ာ္ေျဖပြဲအတြက္ သြားျပင္ဆင္ေတာ့မယ္။ ”

“ အင္း ငါ မင္းကို အားေပးေနပါတယ္။ ”   ခ်ိဳးရွင္းက ေခါင္းပင္ေမာ့ၾကည့္မလာဘဲ ဖုန္းဆက္သုံးေန၏။ သူ႕ပုံစံက သိပ္ကို ဝတ္ေက်တမ္းေက်နိဳင္ၿပီး ပ်င္းရိေနသည္။ 

က်ယ္ယန္က ႐ုတ္တရက္ ေအာက္ကိုထိုင္ခ်လိဳက္သည္။

  ခ်ိဳးရွင္းက သူ႕လက္ေခ်ာင္းမ်ားကို မလႈပ္ေတာ့ဘဲ က်ယ္ယန္ကို ခံစားခ်က္မဲ့စြာ စိုက္ၾကည့္လာ၏။  “ ဘာလဲ။ ”

“ ရွိုးပြဲကို လာခဲ့ပါ။ ခယ့္လန္နဲ႕ တျခားလူေတြမွာဆို သူတို႔ကို အားေပးမယ့္ မိသားစုနဲ႕ သူငယ္ခ်င္းေတြရွိတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ မရွိဘူး။ B ၿမိဳ႕ေတာ္မွာဆို ကြၽန္ေတာ့္အဖြဲ႕သားေတြနဲ႕ ေအးဂ်င့္ကလြဲရင္ ခင္ဗ်ားတစ္ေယာက္ပဲ ကြၽန္ေတာ္သိတာ။ ဒါ့ေၾကာင့္ ကြၽန္ေတာ္ေဖ်ာ္ေျဖတာကို လာၾကည့္ပါ။ ”

ခ်ိဳးရွင္းက လႈပ္လည္းမလႈပ္သလို စကားလည္း မျပန္။ ေအာက္ငုံ႕ၾကည့္ေနေပမယ့္ သူ႕မ်က္လုံးမ်ားကေတာ့ ပုံမွန္ထက္ နက္ရွိုင္းေနသည္။ 

“ မလာဘူးဆိုရင္ေရာ ”

“ ဒါဆိုလည္း ခင္ဗ်ားကို ေတာင္းဆိုရမွာေပါ့။  ”  က်ယ္ယန္က ၿပဳံး၏။  “ ခ်ိဳးရွင္း ကြၽန္ေတာ့္ေဖ်ာ္ေျဖပြဲကို လာၾကည့္ဖို႔ ခင္ဗ်ားကို ေတာင္းဆိုပါတယ္။ ”

တံခါးကို ဖြင့္ကာ ပိတ္သြားၿပီး က်ယ္ယန္လည္း ထြက္သြားသည္။

ခ်ိဳးရွင္း သူ႕ဖုန္းကိုခ်ၿပီး ခဏၾကာေတာ့ မ်က္ေမွာင္ကုတ္သြား၏။     “ ေတာင္းဆိုတဲ့ အမူအရာလည္း မပါဘဲနဲ႕။ ႐ုပ္ဆိုးလိုက္တဲ့ မ်က္ႏွာေပး … လွ်ိုရွား !”

[ T/N: ေနာက္ထပ္ ၃ ပိုင္းက Concert အေၾကာင္းပါ။ fan girl မဟုတ္တဲ့လူေတြ ဖတ္ရလြယ္ေအာင္ အေကာင္းဆုံး ဘာသာျပန္ထားပါတယ္။ နည္းနည္းပ်င္းစရာေကာင္းသြားရင္လည္း သည္းခံၿပီး အဆုံးထိ ဖတ္ေပးၾကပါကုန္ … 🤒]

━━━━━━━━━━━━━━━━━━━━━━━

Continue Reading

You'll Also Like

253K 40.7K 104
I am the father of villain Author Lin Ang Si แ€›แ€ฒแ€ท novel แ€œแ€ฑแ€ธแ€•แ€ซ ???? All credit to Original author and E-Translators .
342K 8.5K 79
แ€แ€ฑแ€ฌแ€„แ€บแ€•แ€ฑแ€ซแ€บแ€žแ€ฌแ€ธแ€”แ€ฒแ€ท แ€™แ€ผแ€ฑแ€•แ€ผแ€”แ€ทแ€บแ€žแ€ฐ แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธแ€•แ€ซแ€›แ€พแ€„แ€บแ€ท
209K 8.4K 42
แžŸแŸ’แž“แŸแž แžถแž‡แžถแžขแŸ’แžœแžธแžŠแŸ‚แž›แž˜แžทแž“แž’แŸ’แž›แžถแž”แŸ‹แž€แžพแžแž˜แžถแž“แž€แŸ’แž“แžปแž„แžœแž…แž“แžถแž“แžปแž€แŸ’แžšแž˜แžšแž”แžŸแŸ‹แž…แž“ แž‡แžปแž„แž แŸ’แž‚แžปแž€แž˜แŸ‰แžถแž แŸ’แžœแŸ€แžˆแžถแž˜แžแŸ’แžšแž‡แžถแž€แŸ‹แžŠแŸ‚แž›แž‚แŸ’แžšแž”แŸ‹แž‚แŸ’แž“แžถแžแŸ’แž›แžถแž…แžšแžขแžถ แž”แŸ‰แžปแž“แŸ’แžแŸ‚แžœแžแŸ’แžแž˜แžถแž“แžšแž”แžŸแŸ‹แž€แŸ’แž˜แŸแž„แž”แŸ’แžšแžปแžŸแž˜แŸ’แž“แžถแž€แŸ‹แžŠแŸ‚แž›แžŠแžถแž€แŸ‹แž“แžถแž˜แž‡แžถแž—แžšแžทแž™แžถ...
770K 46.5K 30
A love contest between a boy who likes to kick football and a little doctor.