Unicode
အခန်း ( ၂၂ )
ကျယ်ယန်သည် နီးကပ်လာသော ချိုးရှင်းကို အပြုံးတစ်ပွင့်ဖြင့် ကြည့်နေခဲ့၏။
ချိုးရှင်းက ကျယ်ယန်နှင့် ခြေနှစ်လှမ်းအကွာတွင် ရပ်သွားကာ မျက်မှောက်ကြုတ်လျှက် မေး၏။
“ တံခါးဝမှာ ဘာလုပ်နေတာလဲ။ ”
“ ခင်ဗျားအတွက် တံခါးလာဖွင့်ပေးနေတာလေ။ ” ကျယ်ယန်က စိတ်ကောင်းဝင်နေသဖြင့် ချိုးရှင်းစရိုက်ကို အရေးလုပ်မနေတော့။ ချိုးရှင်း ဝင်လာလို့ရအောင် ဘေးဖယ်ပေးလိုက်ပြီးနောက် “ အိမ်ကနေ ကြိုဆိုပါတယ် ” ဟု နှုတ်ဆက်လိုက်သည်။
ချိုးရှင်းက ဘာမှပြန်မပြောဘဲ ကျယ်ယန်ကို ကျော်ကာ အိမ်ထဲဝင်သွား၏။
ကျယ်ယန်လည်း ခြေတစ်လှမ်းအကွာဖြင့် ချိုးရှင်းနောက်သို့ လိုက်လာခဲ့သည်။ “ ဒီနေ့လေ ကျွန်တော် ကျယ်ရှို့ကို ဒုက္ခပေးခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူ့ကိုကူညီရအောင် ပရောဂျက် လုပ်ငန်းဆောင်တာတွေကို အရှိန်မြှင့်ပေးဖို့ ခင်ဗျားကိုပြောပေးမယ်လို့ ကတိပေးခဲ့တယ်။ ”
ချိုးရှင်းက စကားမပြန်သေးပေ။
“ ကျွန်တော့်ရဲ့ ပထမဆုံး ဖျော်ဖြေပွဲကို ခင်ဗျား တကယ်ကြီး လာမကြည့်ဘူးလား။ ”
ချိုးရှင်းက ကျယ်ယန်ကို လှည့်ကြည့်လာ၏။ နှစ်စက္ကန့်မျှကြာသည်အထိတိုင် စကားတော့မပြောလာပေ။ သူ့ဂျာကင်ကို ကြယ်သီးဖြုတ်ချွတ်ပြီး ဆိုဖာပေါ်ပစ်တောမည့်ဆဲဆဲတွင် သူ့ဘေးနားကနေ လက်တစ်ဖက်ကမ်းလာ၏။
ချိုးရှင်းလက်မောင်းက တန့်သွား၏။
ကျယ်ယန်သည် ဂျာကင်ကိုယူကာ နောက်ကလိုက်လာသော လျှိုရှားထံသို့ လက်လွှဲပေးလိုက်သည်။ ထို့နောက် ထပ်မေးလိုက်၏။ “ ခင်ဗျား ရှိုးပွဲကြည့်ချင်လား။ ကျွန်တော် ခင်ဗျားကို ရှေ့ဆုံးတန်းက VIP လက်မှတ်ပေးမယ်လေဗျာ။ ”
နောက်ဆုံးမှာတော့ ချိုးရှင်း ပါးစပ်ဟလာပြီး လှော်သလိုလို ခနဲ့သလိုလို ပြုံးပြလာ၏။ “ မင်း ဘာတွေထပ်ကြံနေပြန်တာလဲ။ ”
ကျယ်ယန် တိတ်တဆိတ် နောင်တရသွားသည့်တိုင် ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလိုက်သည်။ “ ခင်ဗျားဆီက အကူအညီလေးနည်းနည်းလောက် တောင်းစရာရှိလို့။ ”
“ မင်းက အကူအညီလိုမှပဲ ငါ့ကို လာရှာတော့တယ်။ ” ကျယ်ယန် လက်ပြန်ရုတ်ကာ နက်ကတိုင်ကိုချွတ်လျက် ကျယ်ယန်ကိုရှောင်ပြီး ဆိုဖာပေါ်ပစ်လိုက်သည်။ ထို့နောက် အင်္ကျီလက်များကို ကြယ်သီးဖြုတ်ရင်း ထမင်းစားခန်းသို့ လျှောက်သွားလေသည်။ “ ထမင်းအရင်စားမယ်။ ”
အရင်းအနှီးရှိသူတွေက အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံးပဲ။ ကျယ်ယန် ထိုအချက်ကို နားလည်သလို ဆက်ထိန်းသိမ်းရမည်။ ခေါက်ဆွဲတစ်ပန်းကန်စားပြီးတာ သိပ်မကြာသေးတာကြောင့် ကျယ်ယန် ဗိုက်သိပ်မဆာသေးပေ။ ညနေစာအတွက် ထမင်းတစ်ပန်းကန်သာစားပြီး တူကိုချလိုက်တော့၏။ ထိုအစား ခက်ရင်းဖြင့် ဖရဲသီးတစ်စိတ်ကိုယူကာ တစ်တိတိ ကိုက်ဝါးနေ၏။
ချိုးရှင်းက စားပွဲပေါ်ရှိ ဟင်းပွဲများကို တစ်ချက်ကြည့်ပြီး အေးတိအေးစက် မေးလာ၏။ “ အီလို့လား ?”
ကျယ်ယန် ခေါင်းယမ်းပြလိုက်သည်။ “ ဘယ်လိုလုပ် အီမှာလဲ။ ဆရာလောင်ရဲ့ လက်ရာကို ဘယ်တော့မှရိုးမသွားမှန်း ကျွန်တော် အတတ်ပြောရဲတယ်။ ကျွန်တော်က နေ့လည်အထိ အိပ်ခဲ့မိလို့ပါ။ နိုးလာတော့လည်း ခေါက်ဆွဲပွဲကြီးတစ်ပွဲ စားထားသေးတယ်။ အခု အများကြီး မစားနိုင်တော့ဘူး။ ”
ချိုးရှင်းမျက်နှာက မည်းမှောင်သွား၏။ “ အရှုပ်ထုပ်အလုပ်တွေ”
ကျယ်ယန် စိတ်ကောင်းဝင်နေ၍ ခွန်းတုံ့ပြန်မနေတော့။
ချိုးရှင်းက သူ့တူကို လျှပ်တပြတ်ချကာ ရေသောက်ပြီး မေးမြန်းလာ၏။ “ ငါ့ကို ဘာကူညီပေးစေချင်တာလဲ။ ”
နောက်ဆုံးတော့ သူ့အလျှော့ပေးရပြီလေ။
ကျယ်ယန်က ဖရဲသီးကို နှစ်ကိုက်သုံးကိုက်စားရင်း ဆိုသည်။ “ ခင်ဗျားဝတ်စုံတွေက ကိုယ်တိုင်းနဲ့ချုပ်ထားမှန်း ကျွန်တော် သတိထားမိပါတယ်။ ခင်ဗျားရဲ့ ဒီဇိုင်နာအဖွဲ့ကို ကျွန်တော့်စီ ငှားပေးလို့ရနိုင်ရင် ငှားချင်လို့။ ဖျော်ဖြေပွဲအတွက် အဝတ်အစားတစ်ချို့ချုပ်ချင်လို့ပါ။ ”
ချိုးရှင်း မျက်ခုံးပင့်သွား၏။ “ ဒါပဲလား။ မင်းက ဝတ်စုံမဝယ်နိုင်လို့လား။ ”
“ ဒါက ဖျော်ဖြေပွဲဝတ်စုံဆိုတော့ နည်းနည်းထည်ဝါဖို့လိုတယ်လေ။ အပြင်မှာ လွယ်လွယ်ဝယ်လို့လည်း မရဘူး။ ပြီးတော့ ကျွန်တော့်တစ်ယောက်တည်းအတွက်တင်မကဘူး။ အဖွဲ့ဝင်တွေအတွက်လည်း ပါတယ်။ လှလည်းလှ ပုံစံကွဲသလိုလိုနဲ့ စတိုင်ဆင်တဲ့ အဝတ်အစားမျိုးက အပြင်မှာ များများစားစား မရှိဘူးလေ။ ရောင်းတဲ့ အထူးတန်း ဖက်ရှင်စတိုးတွေရှိပေမယ့်လည်း ကောင်းတဲ့ဆိုင်တွေအားလုံးက ရက်ချိန်းရှိရင်ရှိ မဟုတ်ရင် စောင့်ရမယ့်စာရင်းတွေနဲ့ချည်းပဲ။ ကျွန်တော်က ဝတ်စုံတွေရဖို့ အလျင်လိုနေတာဗျ။ ဒါ့ကြောင့် လူရင်းတစ်ယောက်ကိုပဲ ရှာရတော့တယ်။ .”
“ မင်းက သိပ်ကို စေတနာကောင်းတာပဲ။ ”
“ သိပ်မကောင်းပါဘူးဗျာ။ ကုမ္ပဏီကိုလည်း မဆောက်ရသေးသလို ကျွန်တော့်ရဲ့ cash cow တွေရဲ့ စာချုပ်ကိုလည်း မချုပ်ရသေးဘူး။ ဒါ့ကြောင့် သူတို့ကို ပံ့ပိုးပေးရမှာပေါ့။ ”
[ cash cows - လုပ်ငန်းခွင်မှာ ရေရှည် တည်ငြိမ်စွာ ငွေဝင်မြဲစေနိုင်သော ထုတ်ကုန် (ဝါ) စီးပွားရေး။ ]
ချိုးရှင်းက ပြန်မဖြေပေ။ သူ့တူကိုသာ ပြန်ကောက်လျက် ထမင်းဆက်စားနေ၏။ စားသောက်ပြီးစီးမှ သူ့ပါးစပ်ကိုသုတ်ကာ “ လျိုရှားက သူတို့ကိုဆက်သွယ်ဖို့ ကူညီပေးလိမ့်မယ်။ ” ဟု ဆိုလာသည်။
မဟားတရားကို လွယ်လိုက်တာ။
ကျယ်ယန် ချိုးရှင်းကို ငဲ့ကြည့်လိုက်မိသည်။ ချိုးရှင်းက သူကိုလေးနက်သော အမူအရာဖြင့် အပြုံးမပျက် စိုက်ကြည့်လာသည်။ “ ဘာဖြစ်လို့လဲ။ မလိုတော့ဘူးလား။ ”
“ မဟုတ်တာ။ ” ကျယ်ယန် ပြုံးပြုံးလေးဖြင့် ထရပ်ကာ စွပ်ပြုတ်ပန်းကန်ကို ရှေ့တိုးပေးလိုက်သည်။ “ ကျေးဇူးတင်ပါတယ်။ စွပ်ပြုတ်လေး သုံးဆောင်ပါဦးဗျ။ ”
ကျယ်ယန်က သူ့ကို ဖျတ်ခနဲကြည့်ကာ စွပ်ပြုတ်ကို ဘေးတွန်းဖက်ပြီး အပေါ်ထပ်သို့ တက်သွား၏။
နောက်ထပ်ကိစ္စတစ်ခု ပြီးစီးသွားတော့ ကျယ်ယန်စိတ်အခြေအနေ ပိုကောင်းလာ၏။ အသီးစားပြီးနောက် မွန်းကျပ်စရာသူ့အခန်းထဲသို့ ပြန်မသွားချင်တော့။ ထိုအစား အသီးဝါးရင်း ရေကန်ဘက်သို့ ပတ်ထွက်လာခဲ့သည်။ စားသောက်ပြီးတော့ ရေကန်ဘေးက ကုန်းပတ်ပေါ်ထိုင်ကာ ဖုန်းထုတ်လျှက် ဖရဲသီးဆက်စား(ပွဲဆက်ကြည့်)လေတော့သည်။
ကျယ်ရှို့အင်တာဗျူးတက်လာသည်နှင့် IUD ပရိသတ်များသည် သူရောင်းစားခံရသည့်ကိစ္စကို ကြာကြာအရေးစိုက်မနေကြတော့ဘဲ အသံဖိုင်ကျေးဇူးဖြင့် မော့ပင်း၏ IUD ကို စွန့်ပယ်မှုအား အထအနကောက်လာကြတော့သည်။
" မင်းကို စိတ်ရင်းစိတ်မှန်နဲ့ ချစ်တဲ့လူတစ်ယောက်ကို မစော်ကားမိစေနဲ့ " ဆိုသည့် ဆိုရိုးစကားဟောင်းတစ်ခုလိုပင်။ ပရိသတ်တွေက သူတို့အိုင်ဒေါလ်ကို ဖျက်စီးချင်လျှင် သူ့တို့သွေးသားများကိုပင် အတူတကွ ဆွဲဖြဲပစ်နိုင်၏။
ထို့နောက် ပရိသတ်များက IUD မှ မော့ပင်း၏ ကာလရှည်ကြာ ပျက်ကွက်မှုများကို ကြိုးစားဖော်ထုတ်လာကြသည်။ ဥပမာ မော့ပင်းသည် နှစ်စကတည်းက Weibo ပေါ်တွင် သူ့အဖွဲ့ဝင်များနှင့် ပြောဆိုဆက်ဆံဆက်သွယ်မှုများကို ရပ်တန့်ခဲ့၏။ ထိုအစား reality show က လုပ်ဖော်ကိုင်ဖက် ဧည့်သည်သရုပ်ဆောင်များကို ညီအစ်ကိုများသဖွယ် မကြာခဏ မန်းရှင်းခေါ်တတ်၏။ သာဓကအားဖြင့် ပြီးခဲ့သည့် ခြောက်လအတွင်း သီချင်းရေးသည့်အကြောင်းကို မပြောတော့ဘဲ သူ့ပုံပန်းသွင်ပြင် ထက်မြက်လာရေးကိုသာ ပူပန်တွေးတောအရေးစိုက်လာခဲ့သည်။
လူတစ်ချို့က နှစ်စပိုင်းက ပရိသတ်တွေရိုက်ခဲ့သော ဓာတ်ပုံတစ်ပုံကို ထုတ်ပြလာသည်။ ဓာတ်ပုံထဲက မော့ပင်းနှင့် အတူလမ်းလျှောက်လာသူမှာ ဟွမ်ထျန်းအင်တာတိန်းမန့်၏ အကြီးတန်းအလုပ်အမှုဆောင်တစ်ယောက်ဖြစ်သည်။ တစ်နည်းဆိုရသော် မော့ပင်းရှာထားသည့် ခိုလှုံရာကောင်းလေးက ဟွမ်ထျန်းအင်တာတိန့်မန့်ဖြစ်လိမ့်မည်။ ထို့အပြင် ကုမ္ပဏီအသစ်ကို မတ်လအစောပိုင်းထဲက ဆက်သွယ်ခဲ့တာပင်။
မတ်လထဲဆိုလျှင် ကျယ်ယန်တောင် IUD အဖွဲ့ထဲ မဝင်ရသေးပေ။
ယင်းကို ဖော်ထုတ်ခဲ့သော ပရိသတ်များမှာ ရပ်တည်ခြင်းငှာ မစွမ်းနိုင်တော့။ သူတို့ထဲက တစ်ချို့ကတော့ သူတို့အကြောင်းပြချက်နှင့်သူတို့ စိတ်ကိုထိန်းချုပ်ထားကြသော်လည်း တခြား IUD အဖွဲ့ဝင်များကို ဘာ့ကြောင့်ဒီလိုလုပ်ချင်ရတာလဲဆိုတာကို မော့ပင်း Weibo မှာ အုတ်အော်သောင်းနင်း သွားရောက်မေးမြန်းတာကိုတော့ မတားဆီးနိုင်ပေ။ အိုကေပါ ၊ သူက ကုမ္ပဏီအသစ်ပြောင်းချင်တယ်ဆိုရင် ကျယ်ယန်ကို ဘာလို့ IUD အဖွဲ့ထဲ ဝင်ခွင့်ပြုခဲ့သေးတာလဲ။
ပရိသတ်တွေ အုတ်အော်သောင်းနင်းဖြစ်နေစဥ်မှာပဲ ‘ တိတ်တိတ်လေးနေတဲ့အချိန် ငါ့မိသားစုက ချစ်စရာအကောင်းဆုံး ’ က နောက်ထပ်ပို့စ်တစ်ခုတင်ခဲ့ပြီး ပုံစံကတော့ လှောင်တောင်တောင် ရွဲ့တဲ့တဲ့ဖြစ်နေဆဲ။
တိတ်တိတ်လေးနေတဲ့အချိန် ငါ့မိသားစုကချစ်စရာအကောင်းဆုံး : ဘာလို့ရမှာပဲ။ လူသစ်လေးကို အပြစ်တွေခေါင်းခံခိုင်းဖို့ပဲပေါ့။ လူသစ်လေးအကြောင်း မကောင်းတဲ့ ကောလာဟလမှန်သမျှက ဒီအစ်ကိုကြီးက လုပ်ကြံထားတာတွေလေ။ ဒီအစ်ကိုကြီးက လူသစ်လေးနဲ့ တခြားအဖွဲ့ဝင်တွေကြားက ဆက်ဆံရေးကိုလည်း ခလောက်ဆန်သွေးခွဲဖို့ ကြိုးစားခဲ့သေးတယ်။ တစ်ကြိမ်လည်း အောင်မြင်သွားခဲ့တယ်။ လူသစ်လေးက ထက်မြက်ပြီး ပိုက်ဆံရှိတာ ကံကောင်းသွားတာပေါ့။ မဟုတ်ရင် အပြစ်တွေမှန်သမျှ ခါးဆီးခံပြီး အနုပညာအသိုင်းအဝိုင်းကနေ ထွက်သွားရမှာ။
၎င်းကိုမြင်တော့ ကျယ်ယန် မျက်ခုံးပင့်သွား၏။ ထို့ကြောင့် WeChat ကိုဖွင့်ကာ ဟူပျောင်းကို ရှာလိုက်သည်။
ကျယ်ယန် : အစ်ကို့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းကို ထပ်ကူခိုင်းထားသေးတာလား။
ဟူပျောင်း : ငါ ကြည့်မနေနိုင်တော့ဘူး။ ပရိသတ်တွေက မင်းကိုပဲ မနားတမ်းဆဲဆိုနေတာလေ။ မင်းကလည်း ဘယ့်သူ့ကိုမှ လူလုံးထွက်ပြပြီး ရှင်းပြခွင့်မှမပေးတာ။ ဒီလိုမျိုးပဲ လှည့်စယးလို့ရတော့တယ်။
ကျယ်ယန် ပြုံးကာ စာရိုက်လိုက်သည် : ကျေးဇူးပဲ
ဟူပျောင်းနှင့် စကားစဖြတ်ပြီးနောက် ကျယ်ယန် Weibo သို့ပြန်လာကာ မော့ပင်းကို တိုက်ခိုက်ခဲ့သော ပရိသတ်၏ဓာတ်ပုံကို ဖွင့်လိုက်၏။ အနီရောင်အဝိုင်းဖြင့် ဝိုင်းထားသော လူ၏ပုံကို ချဲ့ကြည့်မိသည်။
ဟွမ်ထျန်းအင်တာတိန့်မန့်။ သူ သည်နာမည်ကို မှတ်ထား၏။ တိုက်ဆိုင်လိုက်တာ။ မူရင်းဝတ္ထုထဲ၌ ဇာတ်လိုက်မ မူကျိုးယိ စာချုပ်ချုပ်ခဲ့သည့် ပထမဆုံးကုမ္ပဏီက ဟွမ်ထျန်းအင်တာတိန့်မန့်ပင်။ အချိန်ကာလကို တွက်ချက်ကြည့်တော့ ဇာတ်လိုက်မက အလုပ်မထွက်လောက်သေးပေ။
ဟွမ်ထျန်းအင်တာတိန့်မန့်က ခေတ်ဟောင်းဖျော်ဖြေရေးကုမ္ပဏီတစ်ခုပင်။ အနေအထားက အဆင်ပြေမယ့်လည်း ပြောမကောင်းသည့် အကျင့်စရိုက်များကို အမြဲတစေ သဘောကျလေ့ရှိသည့် ဟန်ဆောင်ဖုံးကွယ်ထားတတ်သော ရာထူးကြီးကြီး အမှိုက်သရိုက်များရှိ၏။ ဇာတ်လိုက်မ မူကျိုးယိသည် ပစ်မှတ်ဖြစ်ခဲ့သည်။ သေချာပေါက်ပေါ့ … ဇာတ်လိုက်မတစ်ယောက်အနေနှင့် မူကျိုးယိက အမြှောက်စာဇာတ်ကောင်များ အခွင့်အရေးယူတာကို လုံးဝမခံခဲ့ပေ။ ခဏတာမျှ သည်းညည်းခံကာ သူမ၏ မြင့်မားသော အရည်အသွေး၊ အရှုံးမပေး လက်မလျှော့တတ်သော့ စရိုက်ကို သဘောကျသည့် ရုပ်ရှင်မင်းသားတစ်ဦးက ပိုကောင်းသည့်ကုမ္ပဏီတစ်ခုသို့ ထောက်ခံပြောင်းရွေ့ပေးခဲ့သည်။
ထို့နောက် ဟွမ်ထျန်းအင်တာတိန့်မန့်သည် အမျိုးသားဇာတ်လိုက်၏ လက်စားချေရေး အရှုပ်တော်ပုံထဲသို့ ပါဝင်သွားတော့သည်။ သူတို့၏ မကောင်းမှုများ ပေါက်ကြားသွားကာ ရှယ်ယာများလည်း ထိုးကျသွားပြီး အခြေအနေကလည်း အရင်ကလောက် မကောင်းတော့။ ချိုးရှင်းကလည်း အမျိုးသားဇာတ်လိုက်ဘက်ကနေ တိတ်တိတ်လေး ကူညီပေးခဲ့၏။ ထိုအချိန်တွင် ချိုးရှင်းသည် ဇာတ်လိုက်မအပေါ်တွင် အထင်အမြင်ကောင်းများရှိသော်လည်း သူ့ခံစားချက်များကို အသိအမှတ်မပြုသေးချေ။ ထို့ကြောင့် ဇာတ်လိုက်မကို ကွယ်ရာကနေသာ တိတ်တဆိတ် ကာကွယ်ပေးခဲ့သည်။
အချိန်ကိုတွက်ကြည့်ပါလျှင် ဇာတ်လိုက်က ဇာတ်လိုက်မကိုလိုက်လံပိုးပန်းဖို့ အသင့်ဖြစ်နေသင့်ပြီ။ မူရင်းစာအုပ်၏ ဇာတ်ကြောင်းထဲ၌ မကြာမီ ချိုးရှင်းသည် ဇာတ်လိုက်မအပေါ် ခံစားချက်ကောင်းလေးများ တိုးတက်လာပေမည်။ သို့ရာတွင် ချိုးရှင်းနှင့် ဇာတ်လိုက်မကြားက ပထမဆုံးတွေ့ဆုံမှုသည် ဖျက်စီးခံလိုက်ရပြီ။ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် သိပင်မသိကြသေး။ ဤပြောင်းလဲမှုသေးသေးလေးက ချိုးရှင်းနှင့် ဇာတ်လိုက်မ၏ အနာဂတ်ရင်းနှီဆက်ဆံမှုများအပေါ် သက်ရောက်မှုရှိသွားမလားဆိုတာ ကျယ်ယန် မသိတော့ …
ရေကန်ကုန်းပတ်ပေါ်က မီးသီးများက ရုတ်တရက် မှိန်ကျသွား၏။
ကျယ်ယန် အသိပြန်ဝင်လာကာ ထိုင်ရင်းဖြင့် ဘေးဘီသို့လှည့်ပတ်ကြည့်မိသွားသည်။ မီးပျက်တာက ရေကန်ကုန်းပတ်တံတားပေါ်တင် မဟုတ်ပေ။ ကုန်းပတ်ပေါ်က မီးများသာမက ခြံစည်းရိုးပေါ်က ရှေ့မီးများလည်း ပိတ်သွားပြီ။ ဗီလာကလည်း မှောင်မည်းလို့။
မီးပျက်တာလား။ ဖုန်းမီးကိုဖွင့်ကာ ဗီလာဘက်သို့ လျှောက်လာခဲ့သည်။ ထို့နောက် ဗီလာထဲသို့ ဝင်သွားရာ ပင်မလေအေးပေးစက် ဖွင့်ထားဆဲကို တွေ့လိုက်ရ၍ သူ အံ့အားသင့်သွားရသည်။ မီးပျက်သွားတာ မဟုတ်ဘူးလား။ ဒါဆို ဘာလို့ မီးတွေမှိတ်သွားတာလဲ။
[ အဲ့ဒီထဲလူက ငါ့အဖေ။ သူ့က ကျွန်တော့်ကို အဘိုးကြီးတစ်ယောက်ဆီ ရောင်းစားချင်နေတာ။ ]
ရင်းနှီးနေသော အသံတစ်ခုကို ဒုတိယထပ်မှ ကြားလိုက်ရသည်။ ကျယ်ယန် အသံလာရာကို မော့ကြည့်လိုက်တော့ ဒုတိယထပ်က လှေကားပေါ်မှာ ဖုန်းကိုင်ပြီး ရပ်နေသည့် ချိုးရှင်းကို တွေ့လိုက်ရသည်။ ခုဏက အသံက သူ့ဖုန်းကနေ ထွက်လာတာဖြစ်၏။
ကျယ်ယန်မျက်လုံးများနှင့် အကြည့်ချင်းဆုံတော့ ချိုးရှင်းက ပြုံးပြလာ၏။ ဖုန်းမီးရောင်က လင်းထင်းနေရာ တစ္ဆေတစ်ကောင်ထက်ပင် ပိုကြောက်စရာကောင်းနေသေးသည်။ သူက တစ်လုံးချင်း ပြောလာ၏။ “ အဘိုးကြီးတဲ့လား။ ”
“…” ကျယ်ယန် ထိုအကြောင်းကို မေ့တော့မလို့။
ကျယ်ယန် ကပျာကယာ ရှင်းပြလိုက်သည်။ “ ဒါက မတော်တဆ လျှာခလုတ်တိုက်သွားလို့ပါ။ ကျွန်တော်ကတော့ ခင်ဗျားကို အသက်မကြီးသေးဘူးလို့ မြင်တာပေါ့။ ”
“ ဟုတ်လား။ ” ချိုးရှင်းက သူ့ဖုန်းကိုချကာ မလိုတမာ အငြိုးထားသည့် အပြုံးတုကြီး ပြုံးပြလာသည်။ “ သက်ကြီးရွယ်အို အဘိုးကြီးတွေက စောစောအိပ် စောစောထဖို့လိုတယ်။ ဒီနေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ မီးဖျက်ဖို့ စည်းကမ်းကို ငါချမှတ်လိုက်ပြီ။ ကောင်းကောင်းအနားယူပါ လူ ငယ် လေး။ ”
ပြောပြီးတာနှင့် သူ့နှုတ်ခမ်းထောင့်များက မဲ့ကျသွားကာ ချာခနဲ လှည့်ထွက်သွား၏။
ခဏမျှနေတော့ တံခါးပိတ်သံအကျယ်ကြီး ထွက်လာသည်။
( T/N: ချိုးချိုး ချစ်ဖို့ကောင်း … )
ကျယ်ယန်: “……”
လျိုရှားက အရေးပေါ်မီးသီးတစ်ဘူးနှင့် ရောက်လာပြီး အပြုံးမျက်နှာလေးဖြင့် ဆိုသည်။ “ လေအေးပေးစက်က တခြားဓာတ်အားပေးစနစ်ကို သုံးထားတာ။ မစိုးရိမ်ပါနဲ့။ ဒါက မပျက်ပါဘူး။ ဒီမီးလုံးလေးတွေကို သုံးဖို့ယူသွားလေ။ ဒါလေးတွေက ပျက်လည်းမပျက်သလို တစ်ညလုံးလည်း လင်းတယ်။ ရေချိုးခန်းထဲက ရေပူအတွက်လည်း တခြားဓာတ်အားပေးစနစ်ရှိတယ်။ အေးအေးဆေးဆေး ဆေးလို့ကြောလို့ရပါတယ်။ ”
ကျယ်ယန် မျက်နှာထားတည်သွား၏။ “ အစ်မက သိပ်တွေးပေးတတ်တာပဲ။ ”
“ တွေးပေးရမှာပေါ့။ ” လျိုရှားက ရယ်သည်။
ကျယ်ယန် အရေးပေါ်မီးသီးများပါသည့်ဘူးကို စိတ်သက်သာရာရစွာ ယူလိုက်သည်။
လျိုရှားက သူမအပြုံးကို ထိန်းလိုက်၏။ ထို့နောက် ဒုတိယထပ်ရှိရာသို့ တစ်ချက်လှမ်းကြည့်ကာ အသံကိုတိုးလိုက်၏။ “ အားရှင်းက ဒီနေ့ ဆေးရုံသွားခဲ့ရတာလေ။ ”
ကျယ်ယန် သူမကို ငဲ့ကြည့်လိုက်သည်။
“ သူက တစ်နေ့လုံး ဆေးရုံမှာနေခဲ့ရတော့ အင်တာနက်ပေါ်က ကိစ္စတွေကို အာရုံစိုက်ဖို့ အချိန်မရှိခဲ့ဘူး။ ဒါ့ကြောင့် မင်း သူ့ကို တကယ်ချီးကျူးထားတာကို သူမသိသေးတာ။ မနက်ဖြန်ဆိုရင်တော့ သူလည်း ဒီလိုဖြစ်နေမှာ မဟုတ်တော့ဘူးရယ်။ ကျယ်ယန် မင်းကို ကျေးဇူးတင်ပါတယ်။ အားရှင်းက ဒီရက်ပိုင်း အများကြီး ပိုပျော်လာတယ်။ ”
[ T/N: လျိုရှားပြောချင်တာက ကျယ်စွာစိလန် ဖန်တွေကို ရန်တွေ့ထားတဲ့ post ကို ချိုးရှင်းမမြင်သေးလို့ စိတ်ကောက်နေတာလို့ ပြောတာပါ။ ]
ကျယ်ယန် အကြည့်ပြန်ရုတ်ကာ ဘူးထဲက မီးသီးလေးကို မြှောက်ယူပြီး မေးလိုက်သည်။ “ သူ အဆင်ပြေရဲ့လား။ ”
လျှိုရှားက အဖြေကို ရှောင်၏။ “ မင်းလည်း စောစောအိပ်တော့လေ။ ကောင်းသောညပါ။ ”
သူ ခေါင်းညိတ်ပြကာ လှည့်ထွက်လာခဲ့၏။
အခြေအနေမကောင်းတဲ့ပုံပဲ။
ကျယ်ယန် လှေကားပေါ်တက်လာ၏။ ဒုတိယထပ်ကိုဖြတ်တော့ master bedroom ရှိရာသို့ ရပ်ကြည့်မိသည်။ စာအုပ်ထဲမှာ ဖော်ပြထားသည့် ချိုးရှင်း၏ ဆိုးရွားလှသော အခြေအနေကို အမှတ်ရသွားသည်။ ထို့နောက် အကြည့်လွှဲကာ တတိယထပ်သို့ တက်လာခဲ့သည်။
အသက်ရှင်သန်ဖို့ ကြိုးပမ်းရုန်းကန်နေရသူများက ဆင်းရဲပင်ပန်းဆုံးပဲ။
မီးပျက်နေသဖြင့် ကျယ်ယန် ဘာမှလုပ်လို့မရတာကြောင့် စောစောအိပ်လိုက်တော့သည်။
နောက်နေ့ စောစောစီးစီးနိုးလာပြီးနောက်တွင် ချိုးရှင်းသည် ထမင်းစားခန်းထဲမှာ ရှိရမည့်အစား ဧည့်ခန်းထဲရောက်နေတာကို ကျယ်ယန်တွေ့လိုက်ရသည်။ မျက်စိဗလာနှင့်ကြည့်တာတောင် သူ့ဘေးက ရောင်ဝါတွေက သိသိသာသာကို တောက်ပနေ၏။
“ နိုးပြီလား။ ” ချိုးရှင်းက ခြေကိုချိတ်လိုက်ပြီး ကျယ်ယန်ကို အထက်အောက် စုန်ဆန်ကြည့်ကာ ရုတ်တရက်ကြီး မေးလာ၏။ “ အခု မင်းအရပ် ဘယ်လောက်ရှည်လဲ။ ”
“ ၁၇၈ ”
“ သြော် အတော်ပုတာပဲ။ ” ချိုးရှင်းက မျက်နှာကိုရှုပ်တွလျှက် ဆတ်ခနဲ မတ်တပ်ထရပ်ကာ အနားတိုးလာ၏။
ကျယ်ယန်က မတ်တပ်ရပ်ထားဆဲပင်။ ချိုးရှင်းက ကျယ်ယန်နှင့် ခြေတစ်လှမ်းအကွာမှာရပ်ကာ ကျယ်ယန်ခေါင်းကိုငုံ့ကြည့်လာပြီး ကျယ်ယန့်ခေါင်းကို လက်ဖြင့်ဖိလိုက်၏။ ထို့နောက် ဖြည်းဖြည်းချင်း ခေါင်းငုံ့လာကာ ကျယ်ယန်၏ နှာဖျားနားတွင် ရပ်သွားသည်။
“ ဟက် ” သူက ဘဝင်ခိုက်စွာ ရယ်လိုက်သည်။ “ ဂျပုလေး ”
“……” ကျယ်ယန် ခံစားချက်မရှိသော မျက်နှာဖြင့်။
“ ကျွန်တော်က ဖွံ့ဖြိုးဆဲပဲရှိသေးတယ်နော် အဘိုးကြီး ”
“……”
ချိုးရှင်းက ခြေတစ်လှမ်းနောက်ဆုတ်ကို ကျယ်ယန်ကို ခဏမျှစိုက်ကြည့်နေပြီးမှ ရုတ်တရက် လှောင်ရယ်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်က ဂျာကင်ကိုကောက်ကာ တိုဖူးတုံးအရွယ် ပစ္စည်းတစ်ခုကိုထုတ်လျက် ကျယ်ယန်လက်ထဲကို ထိုးထည့်လိုက်သည်။ ပြီးနောက် လှည့်ထွက်သွားတော့၏။
ကျယ်ယန် သူ့ဆံပင်များကို ဆွဲဖိပြီး လက်ထဲက ပစ္စည်းကို ဖွင့်ကြည့်လိုက်သည်။ ၎င်းက ရုံးခန်းအငှားစာချုပ်စစ်စစ်ကြီး ဖြစ်နေတာကို တွေ့လိုက်ရကာ မျက်လုံးပြူးသွားရတော့သည်။
━━━━━━━━━━━━━━━━━━━━━━━
Zawgyi
အခန္း ( ၂၂ )
က်ယ္ယန္သည္ နီးကပ္လာေသာ ခ်ိဳးရွင္းကို အၿပဳံးတစ္ပြင့္ျဖင့္ ၾကည့္ေနခဲ့၏။
ခ်ိဳးရွင္းက က်ယ္ယန္ႏွင့္ ေျခႏွစ္လွမ္းအကြာတြင္ ရပ္သြားကာ မ်က္ေမွာက္ၾကဳတ္လွ်က္ ေမး၏။
“ တံခါးဝမွာ ဘာလုပ္ေနတာလဲ။ ”
“ ခင္ဗ်ားအတြက္ တံခါးလာဖြင့္ေပးေနတာေလ။ ” က်ယ္ယန္က စိတ္ေကာင္းဝင္ေနသျဖင့္ ခ်ိဳးရွင္းစရိုက္ကို အေရးလုပ္မေနေတာ့။ ခ်ိဳးရွင္း ဝင္လာလို႔ရေအာင္ ေဘးဖယ္ေပးလိုက္ၿပီးေနာက္ “ အိမ္ကေန ႀကိဳဆိုပါတယ္ ” ဟု ႏႈတ္ဆက္လိုက္သည္။
ခ်ိဳးရွင္းက ဘာမွျပန္မေျပာဘဲ က်ယ္ယန္ကို ေက်ာ္ကာ အိမ္ထဲဝင္သြား၏။
က်ယ္ယန္လည္း ေျခတစ္လွမ္းအကြာျဖင့္ ခ်ိဳးရွင္းေနာက္သို႔ လိုက္လာခဲ့သည္။ “ ဒီေန႕ေလ ကြၽန္ေတာ္ က်ယ္ရွို႔ကို ဒုကၡေပးခဲ့တယ္။ အျပန္အလွန္အေနနဲ႕ သူ႕ကိုကူညီရေအာင္ ပေရာဂ်က္ လုပ္ငန္းေဆာင္တာေတြကို အရွိန္ျမႇင့္ေပးဖို႔ ခင္ဗ်ားကိုေျပာေပးမယ္လို႔ ကတိေပးခဲ့တယ္။ ”
ခ်ိဳးရွင္းက စကားမျပန္ေသးေပ။
“ ကြၽန္ေတာ့္ရဲ႕ ပထမဆုံး ေဖ်ာ္ေျဖပြဲကို ခင္ဗ်ား တကယ္ႀကီး လာမၾကည့္ဘူးလား။ ”
ခ်ိဳးရွင္းက က်ယ္ယန္ကို လွည့္ၾကည့္လာ၏။ ႏွစ္စကၠန့္မွ်ၾကာသည္အထိတိုင္ စကားေတာ့မေျပာလာေပ။ သူ႕ဂ်ာကင္ကို ၾကယ္သီးျဖဳတ္ခြၽတ္ၿပီး ဆိုဖာေပၚပစ္ေတာမည့္ဆဲဆဲတြင္ သူ႕ေဘးနားကေန လက္တစ္ဖက္ကမ္းလာ၏။
ခ်ိဳးရွင္းလက္ေမာင္းက တန့္သြား၏။
က်ယ္ယန္သည္ ဂ်ာကင္ကိုယူကာ ေနာက္ကလိုက္လာေသာ လွ်ိုရွားထံသို႔ လက္လႊဲေပးလိုက္သည္။ ထို႔ေနာက္ ထပ္ေမးလိုက္၏။ “ ခင္ဗ်ား ရွိုးပြဲၾကည့္ခ်င္လား။ ကြၽန္ေတာ္ ခင္ဗ်ားကို ေရွ႕ဆုံးတန္းက VIP လက္မွတ္ေပးမယ္ေလဗ်ာ။ ”
ေနာက္ဆုံးမွာေတာ့ ခ်ိဳးရွင္း ပါးစပ္ဟလာၿပီး ေလွာ္သလိုလို ခနဲ႕သလိုလို ၿပဳံးျပလာ၏။ “ မင္း ဘာေတြထပ္ႀကံေနျပန္တာလဲ။ ”
က်ယ္ယန္ တိတ္တဆိတ္ ေနာင္တရသြားသည့္တိုင္ ပြင့္ပြင့္လင္းလင္းပဲ ျပန္ေျဖလိုက္သည္။ “ ခင္ဗ်ားဆီက အကူအညီေလးနည္းနည္းေလာက္ ေတာင္းစရာရွိလို႔။ ”
“ မင္းက အကူအညီလိုမွပဲ ငါ့ကို လာရွာေတာ့တယ္။ ” က်ယ္ယန္ လက္ျပန္႐ုတ္ကာ နက္ကတိုင္ကိုခြၽတ္လ်က္ က်ယ္ယန္ကိုေရွာင္ၿပီး ဆိုဖာေပၚပစ္လိုက္သည္။ ထို႔ေနာက္ အကၤ်ီလက္မ်ားကို ၾကယ္သီးျဖဳတ္ရင္း ထမင္းစားခန္းသို႔ ေလွ်ာက္သြားေလသည္။ “ ထမင္းအရင္စားမယ္။ ”
အရင္းအႏွီးရွိသူေတြက အႀကီးက်ယ္ဆုံး အျမင့္ျမတ္ဆုံးပဲ။ က်ယ္ယန္ ထိုအခ်က္ကို နားလည္သလို ဆက္ထိန္းသိမ္းရမည္။ ေခါက္ဆြဲတစ္ပန္းကန္စားၿပီးတာ သိပ္မၾကာေသးတာေၾကာင့္ က်ယ္ယန္ ဗိုက္သိပ္မဆာေသးေပ။ ညေနစာအတြက္ ထမင္းတစ္ပန္းကန္သာစားၿပီး တူကိုခ်လိဳက္ေတာ့၏။ ထိုအစား ခက္ရင္းျဖင့္ ဖရဲသီးတစ္စိတ္ကိုယူကာ တစ္တိတိ ကိုက္ဝါးေန၏။
ခ်ိဳးရွင္းက စားပြဲေပၚရွိ ဟင္းပြဲမ်ားကို တစ္ခ်က္ၾကည့္ၿပီး ေအးတိေအးစက္ ေမးလာ၏။ “ အီလို႔လား ?”
က်ယ္ယန္ ေခါင္းယမ္းျပလိုက္သည္။ “ ဘယ္လိုလုပ္ အီမွာလဲ။ ဆရာေလာင္ရဲ႕ လက္ရာကို ဘယ္ေတာ့မွရိုးမသြားမွန္း ကြၽန္ေတာ္ အတတ္ေျပာရဲတယ္။ ကြၽန္ေတာ္က ေန႕လည္အထိ အိပ္ခဲ့မိလို႔ပါ။ နိုးလာေတာ့လည္း ေခါက္ဆြဲပြဲႀကီးတစ္ပြဲ စားထားေသးတယ္။ အခု အမ်ားႀကီး မစားနိုင္ေတာ့ဘူး။ ”
ခ်ိဳးရွင္းမ်က္ႏွာက မည္းေမွာင္သြား၏။ “ အရႈပ္ထုပ္အလုပ္ေတြ”
က်ယ္ယန္ စိတ္ေကာင္းဝင္ေန၍ ခြန္းတုံ႕ျပန္မေနေတာ့။
ခ်ိဳးရွင္းက သူ႕တူကို လွ်ပ္တျပတ္ခ်ကာ ေရေသာက္ၿပီး ေမးျမန္းလာ၏။ “ ငါ့ကို ဘာကူညီေပးေစခ်င္တာလဲ။ ”
ေနာက္ဆုံးေတာ့ သူ႕အေလွ်ာ့ေပးရၿပီေလ။
က်ယ္ယန္က ဖရဲသီးကို ႏွစ္ကိုက္သုံးကိုက္စားရင္း ဆိုသည္။ “ ခင္ဗ်ားဝတ္စုံေတြက ကိုယ္တိုင္းနဲ႕ခ်ဳပ္ထားမွန္း ကြၽန္ေတာ္ သတိထားမိပါတယ္။ ခင္ဗ်ားရဲ႕ ဒီဇိုင္နာအဖြဲ႕ကို ကြၽန္ေတာ့္စီ ငွားေပးလို႔ရနိုင္ရင္ ငွားခ်င္လို႔။ ေဖ်ာ္ေျဖပြဲအတြက္ အဝတ္အစားတစ္ခ်ိဳ႕ခ်ဳပ္ခ်င္လို႔ပါ။ ”
ခ်ိဳးရွင္း မ်က္ခုံးပင့္သြား၏။ “ ဒါပဲလား။ မင္းက ဝတ္စုံမဝယ္နိုင္လို႔လား။ ”
“ ဒါက ေဖ်ာ္ေျဖပြဲဝတ္စုံဆိုေတာ့ နည္းနည္းထည္ဝါဖို႔လိုတယ္ေလ။ အျပင္မွာ လြယ္လြယ္ဝယ္လို႔လည္း မရဘူး။ ၿပီးေတာ့ ကြၽန္ေတာ့္တစ္ေယာက္တည္းအတြက္တင္မကဘူး။ အဖြဲ႕ဝင္ေတြအတြက္လည္း ပါတယ္။ လွလည္းလွ ပုံစံကြဲသလိုလိုနဲ႕ စတိုင္ဆင္တဲ့ အဝတ္အစားမ်ိဳးက အျပင္မွာ မ်ားမ်ားစားစား မရွိဘူးေလ။ ေရာင္းတဲ့ အထူးတန္း ဖက္ရွင္စတိုးေတြရွိေပမယ့္လည္း ေကာင္းတဲ့ဆိုင္ေတြအားလုံးက ရက္ခ်ိန္းရွိရင္ရွိ မဟုတ္ရင္ ေစာင့္ရမယ့္စာရင္းေတြနဲ႕ခ်ည္းပဲ။ ကြၽန္ေတာ္က ဝတ္စုံေတြရဖို႔ အလ်င္လိုေနတာဗ်။ ဒါ့ေၾကာင့္ လူရင္းတစ္ေယာက္ကိုပဲ ရွာရေတာ့တယ္။ .”
“ မင္းက သိပ္ကို ေစတနာေကာင္းတာပဲ။ ”
“ သိပ္မေကာင္းပါဘူးဗ်ာ။ ကုမၸဏီကိုလည္း မေဆာက္ရေသးသလို ကြၽန္ေတာ့္ရဲ႕ cash cow ေတြရဲ႕ စာခ်ဳပ္ကိုလည္း မခ်ဳပ္ရေသးဘူး။ ဒါ့ေၾကာင့္ သူတို႔ကို ပံ့ပိုးေပးရမွာေပါ့။ ”
[ cash cows - လုပ္ငန္းခြင္မွာ ေရရွည္ တည္ၿငိမ္စြာ ေငြဝင္ၿမဲေစနိုင္ေသာ ထုတ္ကုန္ (ဝါ) စီးပြားေရး။ ]
ခ်ိဳးရွင္းက ျပန္မေျဖေပ။ သူ႕တူကိုသာ ျပန္ေကာက္လ်က္ ထမင္းဆက္စားေန၏။ စားေသာက္ၿပီးစီးမွ သူ႕ပါးစပ္ကိုသုတ္ကာ “ လ်ိဳရွားက သူတို႔ကိုဆက္သြယ္ဖို႔ ကူညီေပးလိမ့္မယ္။ ” ဟု ဆိုလာသည္။
မဟားတရားကို လြယ္လိုက္တာ။
က်ယ္ယန္ ခ်ိဳးရွင္းကို ငဲ့ၾကည့္လိုက္မိသည္။ ခ်ိဳးရွင္းက သူကိုေလးနက္ေသာ အမူအရာျဖင့္ အၿပဳံးမပ်က္ စိုက္ၾကည့္လာသည္။ “ ဘာျဖစ္လို႔လဲ။ မလိုေတာ့ဘူးလား။ ”
“ မဟုတ္တာ။ ” က်ယ္ယန္ ၿပဳံးၿပဳံးေလးျဖင့္ ထရပ္ကာ စြပ္ျပဳတ္ပန္းကန္ကို ေရွ႕တိုးေပးလိုက္သည္။ “ ေက်းဇူးတင္ပါတယ္။ စြပ္ျပဳတ္ေလး သုံးေဆာင္ပါဦးဗ်။ ”
က်ယ္ယန္က သူ႕ကို ဖ်တ္ခနဲၾကည့္ကာ စြပ္ျပဳတ္ကို ေဘးတြန္းဖက္ၿပီး အေပၚထပ္သို႔ တက္သြား၏။
ေနာက္ထပ္ကိစၥတစ္ခု ၿပီးစီးသြားေတာ့ က်ယ္ယန္စိတ္အေျခအေန ပိုေကာင္းလာ၏။ အသီးစားၿပီးေနာက္ မြန္းက်ပ္စရာသူ႕အခန္းထဲသို႔ ျပန္မသြားခ်င္ေတာ့။ ထိုအစား အသီးဝါးရင္း ေရကန္ဘက္သို႔ ပတ္ထြက္လာခဲ့သည္။ စားေသာက္ၿပီးေတာ့ ေရကန္ေဘးက ကုန္းပတ္ေပၚထိုင္ကာ ဖုန္းထုတ္လွ်က္ ဖရဲသီးဆက္စား(ပြဲဆက္ၾကည့္)ေလေတာ့သည္။
က်ယ္ရွို႔အင္တာဗ်ဴးတက္လာသည္ႏွင့္ IUD ပရိသတ္မ်ားသည္ သူေရာင္းစားခံရသည့္ကိစၥကို ၾကာၾကာအေရးစိုက္မေနၾကေတာ့ဘဲ အသံဖိုင္ေက်းဇူးျဖင့္ ေမာ့ပင္း၏ IUD ကို စြန့္ပယ္မႈအား အထအနေကာက္လာၾကေတာ့သည္။
" မင္းကို စိတ္ရင္းစိတ္မွန္နဲ႕ ခ်စ္တဲ့လူတစ္ေယာက္ကို မေစာ္ကားမိေစနဲ႕ " ဆိုသည့္ ဆိုရိုးစကားေဟာင္းတစ္ခုလိုပင္။ ပရိသတ္ေတြက သူတို႔အိုင္ေဒါလ္ကို ဖ်က္စီးခ်င္လွ်င္ သူ႕တို႔ေသြးသားမ်ားကိုပင္ အတူတကြ ဆြဲၿဖဲပစ္နိုင္၏။
ထို႔ေနာက္ ပရိသတ္မ်ားက IUD မွ ေမာ့ပင္း၏ ကာလရွည္ၾကာ ပ်က္ကြက္မႈမ်ားကို ႀကိဳးစားေဖာ္ထုတ္လာၾကသည္။ ဥပမာ ေမာ့ပင္းသည္ ႏွစ္စကတည္းက Weibo ေပၚတြင္ သူ႕အဖြဲ႕ဝင္မ်ားႏွင့္ ေျပာဆိုဆက္ဆံဆက္သြယ္မႈမ်ားကို ရပ္တန့္ခဲ့၏။ ထိုအစား reality show က လုပ္ေဖာ္ကိုင္ဖက္ ဧည့္သည္သ႐ုပ္ေဆာင္မ်ားကို ညီအစ္ကိုမ်ားသဖြယ္ မၾကာခဏ မန္းရွင္းေခၚတတ္၏။ သာဓကအားျဖင့္ ၿပီးခဲ့သည့္ ေျခာက္လအတြင္း သီခ်င္းေရးသည့္အေၾကာင္းကို မေျပာေတာ့ဘဲ သူ႕ပုံပန္းသြင္ျပင္ ထက္ျမက္လာေရးကိုသာ ပူပန္ေတြးေတာအေရးစိုက္လာခဲ့သည္။
လူတစ္ခ်ိဳ႕က ႏွစ္စပိုင္းက ပရိသတ္ေတြရိုက္ခဲ့ေသာ ဓာတ္ပုံတစ္ပုံကို ထုတ္ျပလာသည္။ ဓာတ္ပုံထဲက ေမာ့ပင္းႏွင့္ အတူလမ္းေလွ်ာက္လာသူမွာ ဟြမ္ထ်န္းအင္တာတိန္းမန့္၏ အႀကီးတန္းအလုပ္အမႈေဆာင္တစ္ေယာက္ျဖစ္သည္။ တစ္နည္းဆိုရေသာ္ ေမာ့ပင္းရွာထားသည့္ ခိုလႈံရာေကာင္းေလးက ဟြမ္ထ်န္းအင္တာတိန့္မန့္ျဖစ္လိမ့္မည္။ ထို႔အျပင္ ကုမၸဏီအသစ္ကို မတ္လအေစာပိုင္းထဲက ဆက္သြယ္ခဲ့တာပင္။
မတ္လထဲဆိုလွ်င္ က်ယ္ယန္ေတာင္ IUD အဖြဲ႕ထဲ မဝင္ရေသးေပ။
ယင္းကို ေဖာ္ထုတ္ခဲ့ေသာ ပရိသတ္မ်ားမွာ ရပ္တည္ျခင္းငွာ မစြမ္းနိုင္ေတာ့။ သူတို႔ထဲက တစ္ခ်ိဳ႕ကေတာ့ သူတို႔အေၾကာင္းျပခ်က္ႏွင့္သူတို႔ စိတ္ကိုထိန္းခ်ဳပ္ထားၾကေသာ္လည္း တျခား IUD အဖြဲ႕ဝင္မ်ားကို ဘာ့ေၾကာင့္ဒီလိုလုပ္ခ်င္ရတာလဲဆိုတာကို ေမာ့ပင္း Weibo မွာ အုတ္ေအာ္ေသာင္းနင္း သြားေရာက္ေမးျမန္းတာကိုေတာ့ မတားဆီးနိုင္ေပ။ အိုေကပါ ၊ သူက ကုမၸဏီအသစ္ေျပာင္းခ်င္တယ္ဆိုရင္ က်ယ္ယန္ကို ဘာလို႔ IUD အဖြဲ႕ထဲ ဝင္ခြင့္ျပဳခဲ့ေသးတာလဲ။
ပရိသတ္ေတြ အုတ္ေအာ္ေသာင္းနင္းျဖစ္ေနစဥ္မွာပဲ ‘ တိတ္တိတ္ေလးေနတဲ့အခ်ိန္ ငါ့မိသားစုက ခ်စ္စရာအေကာင္းဆုံး ’ က ေနာက္ထပ္ပို႔စ္တစ္ခုတင္ခဲ့ၿပီး ပုံစံကေတာ့ ေလွာင္ေတာင္ေတာင္ ႐ြဲ႕တဲ့တဲ့ျဖစ္ေနဆဲ။
တိတ္တိတ္ေလးေနတဲ့အခ်ိန္ ငါ့မိသားစုကခ်စ္စရာအေကာင္းဆုံး : ဘာလို႔ရမွာပဲ။ လူသစ္ေလးကို အျပစ္ေတြေခါင္းခံခိုင္းဖို႔ပဲေပါ့။ လူသစ္ေလးအေၾကာင္း မေကာင္းတဲ့ ေကာလာဟလမွန္သမွ်က ဒီအစ္ကိုႀကီးက လုပ္ႀကံထားတာေတြေလ။ ဒီအစ္ကိုႀကီးက လူသစ္ေလးနဲ႕ တျခားအဖြဲ႕ဝင္ေတြၾကားက ဆက္ဆံေရးကိုလည္း ခေလာက္ဆန္ေသြးခြဲဖို႔ ႀကိဳးစားခဲ့ေသးတယ္။ တစ္ႀကိမ္လည္း ေအာင္ျမင္သြားခဲ့တယ္။ လူသစ္ေလးက ထက္ျမက္ၿပီး ပိုက္ဆံရွိတာ ကံေကာင္းသြားတာေပါ့။ မဟုတ္ရင္ အျပစ္ေတြမွန္သမွ် ခါးဆီးခံၿပီး အႏုပညာအသိုင္းအဝိုင္းကေန ထြက္သြားရမွာ။
၎ကိုျမင္ေတာ့ က်ယ္ယန္ မ်က္ခုံးပင့္သြား၏။ ထို႔ေၾကာင့္ WeChat ကိုဖြင့္ကာ ဟူေပ်ာင္းကို ရွာလိုက္သည္။
က်ယ္ယန္ : အစ္ကို႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းကို ထပ္ကူခိုင္းထားေသးတာလား။
ဟူေပ်ာင္း : ငါ ၾကည့္မေနနိုင္ေတာ့ဘူး။ ပရိသတ္ေတြက မင္းကိုပဲ မနားတမ္းဆဲဆိုေနတာေလ။ မင္းကလည္း ဘယ့္သူ႕ကိုမွ လူလုံးထြက္ျပၿပီး ရွင္းျပခြင့္မွမေပးတာ။ ဒီလိုမ်ိဳးပဲ လွည့္စယးလို႔ရေတာ့တယ္။
က်ယ္ယန္ ၿပဳံးကာ စာရိုက္လိုက္သည္ : ေက်းဇူးပဲ
ဟူေပ်ာင္းႏွင့္ စကားစျဖတ္ၿပီးေနာက္ က်ယ္ယန္ Weibo သို႔ျပန္လာကာ ေမာ့ပင္းကို တိုက္ခိုက္ခဲ့ေသာ ပရိသတ္၏ဓာတ္ပုံကို ဖြင့္လိုက္၏။ အနီေရာင္အဝိုင္းျဖင့္ ဝိုင္းထားေသာ လူ၏ပုံကို ခ်ဲ့ၾကည့္မိသည္။
ဟြမ္ထ်န္းအင္တာတိန့္မန့္။ သူ သည္နာမည္ကို မွတ္ထား၏။ တိုက္ဆိုင္လိုက္တာ။ မူရင္းဝတၳဳထဲ၌ ဇာတ္လိုက္မ မူက်ိဳးယိ စာခ်ဳပ္ခ်ဳပ္ခဲ့သည့္ ပထမဆုံးကုမၸဏီက ဟြမ္ထ်န္းအင္တာတိန့္မန့္ပင္။ အခ်ိန္ကာလကို တြက္ခ်က္ၾကည့္ေတာ့ ဇာတ္လိုက္မက အလုပ္မထြက္ေလာက္ေသးေပ။
ဟြမ္ထ်န္းအင္တာတိန့္မန့္က ေခတ္ေဟာင္းေဖ်ာ္ေျဖေရးကုမၸဏီတစ္ခုပင္။ အေနအထားက အဆင္ေျပမယ့္လည္း ေျပာမေကာင္းသည့္ အက်င့္စရိုက္မ်ားကို အၿမဲတေစ သေဘာက်ေလ့ရွိသည့္ ဟန္ေဆာင္ဖုံးကြယ္ထားတတ္ေသာ ရာထူးႀကီးႀကီး အမွိုက္သရိုက္မ်ားရွိ၏။ ဇာတ္လိုက္မ မူက်ိဳးယိသည္ ပစ္မွတ္ျဖစ္ခဲ့သည္။ ေသခ်ာေပါက္ေပါ့ … ဇာတ္လိုက္မတစ္ေယာက္အေနႏွင့္ မူက်ိဳးယိက အျမႇောက္စာဇာတ္ေကာင္မ်ား အခြင့္အေရးယူတာကို လုံးဝမခံခဲ့ေပ။ ခဏတာမွ် သည္းညည္းခံကာ သူမ၏ ျမင့္မားေသာ အရည္အေသြး၊ အရႈံးမေပး လက္မေလွ်ာ့တတ္ေသာ့ စရိုက္ကို သေဘာက်သည့္ ႐ုပ္ရွင္မင္းသားတစ္ဦးက ပိုေကာင္းသည့္ကုမၸဏီတစ္ခုသို႔ ေထာက္ခံေျပာင္းေ႐ြ႕ေပးခဲ့သည္။
ထို႔ေနာက္ ဟြမ္ထ်န္းအင္တာတိန့္မန့္သည္ အမ်ိဳးသားဇာတ္လိုက္၏ လက္စားေခ်ေရး အရႈပ္ေတာ္ပုံထဲသို႔ ပါဝင္သြားေတာ့သည္။ သူတို႔၏ မေကာင္းမႈမ်ား ေပါက္ၾကားသြားကာ ရွယ္ယာမ်ားလည္း ထိုးက်သြားၿပီး အေျခအေနကလည္း အရင္ကေလာက္ မေကာင္းေတာ့။ ခ်ိဳးရွင္းကလည္း အမ်ိဳးသားဇာတ္လိုက္ဘက္ကေန တိတ္တိတ္ေလး ကူညီေပးခဲ့၏။ ထိုအခ်ိန္တြင္ ခ်ိဳးရွင္းသည္ ဇာတ္လိုက္မအေပၚတြင္ အထင္အျမင္ေကာင္းမ်ားရွိေသာ္လည္း သူ႕ခံစားခ်က္မ်ားကို အသိအမွတ္မျပဳေသးေခ်။ ထို႔ေၾကာင့္ ဇာတ္လိုက္မကို ကြယ္ရာကေနသာ တိတ္တဆိတ္ ကာကြယ္ေပးခဲ့သည္။
အခ်ိန္ကိုတြက္ၾကည့္ပါလွ်င္ ဇာတ္လိုက္က ဇာတ္လိုက္မကိုလိုက္လံပိုးပန္းဖို႔ အသင့္ျဖစ္ေနသင့္ၿပီ။ မူရင္းစာအုပ္၏ ဇာတ္ေၾကာင္းထဲ၌ မၾကာမီ ခ်ိဳးရွင္းသည္ ဇာတ္လိုက္မအေပၚ ခံစားခ်က္ေကာင္းေလးမ်ား တိုးတက္လာေပမည္။ သို႔ရာတြင္ ခ်ိဳးရွင္းႏွင့္ ဇာတ္လိုက္မၾကားက ပထမဆုံးေတြ႕ဆုံမႈသည္ ဖ်က္စီးခံလိုက္ရၿပီ။ ႏွစ္ေယာက္သားက တစ္ေယာက္ကိုတစ္ေယာက္ သိပင္မသိၾကေသး။ ဤေျပာင္းလဲမႈေသးေသးေလးက ခ်ိဳးရွင္းႏွင့္ ဇာတ္လိုက္မ၏ အနာဂတ္ရင္းႏွီဆက္ဆံမႈမ်ားအေပၚ သက္ေရာက္မႈရွိသြားမလားဆိုတာ က်ယ္ယန္ မသိေတာ့ …
ေရကန္ကုန္းပတ္ေပၚက မီးသီးမ်ားက ႐ုတ္တရက္ မွိန္က်သြား၏။
က်ယ္ယန္ အသိျပန္ဝင္လာကာ ထိုင္ရင္းျဖင့္ ေဘးဘီသို႔လွည့္ပတ္ၾကည့္မိသြားသည္။ မီးပ်က္တာက ေရကန္ကုန္းပတ္တံတားေပၚတင္ မဟုတ္ေပ။ ကုန္းပတ္ေပၚက မီးမ်ားသာမက ၿခံစည္းရိုးေပၚက ေရွ႕မီးမ်ားလည္း ပိတ္သြားၿပီ။ ဗီလာကလည္း ေမွာင္မည္းလို႔။
မီးပ်က္တာလား။ ဖုန္းမီးကိုဖြင့္ကာ ဗီလာဘက္သို႔ ေလွ်ာက္လာခဲ့သည္။ ထို႔ေနာက္ ဗီလာထဲသို႔ ဝင္သြားရာ ပင္မေလေအးေပးစက္ ဖြင့္ထားဆဲကို ေတြ႕လိုက္ရ၍ သူ အံ့အားသင့္သြားရသည္။ မီးပ်က္သြားတာ မဟုတ္ဘူးလား။ ဒါဆို ဘာလို႔ မီးေတြမွိတ္သြားတာလဲ။
[ အဲ့ဒီထဲလူက ငါ့အေဖ။ သူ႕က ကြၽန္ေတာ့္ကို အဘိုးႀကီးတစ္ေယာက္ဆီ ေရာင္းစားခ်င္ေနတာ။ ]
ရင္းႏွီးေနေသာ အသံတစ္ခုကို ဒုတိယထပ္မွ ၾကားလိုက္ရသည္။ က်ယ္ယန္ အသံလာရာကို ေမာ့ၾကည့္လိုက္ေတာ့ ဒုတိယထပ္က ေလွကားေပၚမွာ ဖုန္းကိုင္ၿပီး ရပ္ေနသည့္ ခ်ိဳးရွင္းကို ေတြ႕လိုက္ရသည္။ ခုဏက အသံက သူ႕ဖုန္းကေန ထြက္လာတာျဖစ္၏။
က်ယ္ယန္မ်က္လုံးမ်ားႏွင့္ အၾကည့္ခ်င္းဆုံေတာ့ ခ်ိဳးရွင္းက ၿပဳံးျပလာ၏။ ဖုန္းမီးေရာင္က လင္းထင္းေနရာ တေစၦတစ္ေကာင္ထက္ပင္ ပိုေၾကာက္စရာေကာင္းေနေသးသည္။ သူက တစ္လုံးခ်င္း ေျပာလာ၏။ “ အဘိုးႀကီးတဲ့လား။ ”
“…” က်ယ္ယန္ ထိုအေၾကာင္းကို ေမ့ေတာ့မလို႔။
က်ယ္ယန္ ကပ်ာကယာ ရွင္းျပလိုက္သည္။ “ ဒါက မေတာ္တဆ လွ်ာခလုတ္တိုက္သြားလို႔ပါ။ ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားကို အသက္မႀကီးေသးဘူးလို႔ ျမင္တာေပါ့။ ”
“ ဟုတ္လား။ ” ခ်ိဳးရွင္းက သူ႕ဖုန္းကိုခ်ကာ မလိုတမာ အၿငိဳးထားသည့္ အၿပဳံးတုႀကီး ၿပဳံးျပလာသည္။ “ သက္ႀကီး႐ြယ္အို အဘိုးႀကီးေတြက ေစာေစာအိပ္ ေစာေစာထဖို႔လိုတယ္။ ဒီေန႕ကစၿပီး ည ၁၀ နာရီကေန မနက္ ၆ နာရီအထိ မီးဖ်က္ဖို႔ စည္းကမ္းကို ငါခ်မွတ္လိုက္ၿပီ။ ေကာင္းေကာင္းအနားယူပါ လူ ငယ္ ေလး။ ”
ေျပာၿပီးတာႏွင့္ သူ႕ႏႈတ္ခမ္းေထာင့္မ်ားက မဲ့က်သြားကာ ခ်ာခနဲ လွည့္ထြက္သြား၏။
ခဏမွ်ေနေတာ့ တံခါးပိတ္သံအက်ယ္ႀကီး ထြက္လာသည္။
( T/N: ခ်ိဳးခ်ိဳး ခ်စ္ဖို႔ေကာင္း … )
က်ယ္ယန္: “……”
လ်ိဳရွားက အေရးေပၚမီးသီးတစ္ဘူးႏွင့္ ေရာက္လာၿပီး အၿပဳံးမ်က္ႏွာေလးျဖင့္ ဆိုသည္။ “ ေလေအးေပးစက္က တျခားဓာတ္အားေပးစနစ္ကို သုံးထားတာ။ မစိုးရိမ္ပါနဲ႕။ ဒါက မပ်က္ပါဘူး။ ဒီမီးလုံးေလးေတြကို သုံးဖို႔ယူသြားေလ။ ဒါေလးေတြက ပ်က္လည္းမပ်က္သလို တစ္ညလုံးလည္း လင္းတယ္။ ေရခ်ိဳးခန္းထဲက ေရပူအတြက္လည္း တျခားဓာတ္အားေပးစနစ္ရွိတယ္။ ေအးေအးေဆးေဆး ေဆးလို႔ေၾကာလို႔ရပါတယ္။ ”
က်ယ္ယန္ မ်က္ႏွာထားတည္သြား၏။ “ အစ္မက သိပ္ေတြးေပးတတ္တာပဲ။ ”
“ ေတြးေပးရမွာေပါ့။ ” လ်ိဳရွားက ရယ္သည္။
က်ယ္ယန္ အေရးေပၚမီးသီးမ်ားပါသည့္ဘူးကို စိတ္သက္သာရာရစြာ ယူလိုက္သည္။
လ်ိဳရွားက သူမအၿပဳံးကို ထိန္းလိုက္၏။ ထို႔ေနာက္ ဒုတိယထပ္ရွိရာသို႔ တစ္ခ်က္လွမ္းၾကည့္ကာ အသံကိုတိုးလိုက္၏။ “ အားရွင္းက ဒီေန႕ ေဆး႐ုံသြားခဲ့ရတာေလ။ ”
က်ယ္ယန္ သူမကို ငဲ့ၾကည့္လိုက္သည္။
“ သူက တစ္ေန႕လုံး ေဆး႐ုံမွာေနခဲ့ရေတာ့ အင္တာနက္ေပၚက ကိစၥေတြကို အာ႐ုံစိုက္ဖို႔ အခ်ိန္မရွိခဲ့ဘူး။ ဒါ့ေၾကာင့္ မင္း သူ႕ကို တကယ္ခ်ီးက်ဴးထားတာကို သူမသိေသးတာ။ မနက္ျဖန္ဆိုရင္ေတာ့ သူလည္း ဒီလိုျဖစ္ေနမွာ မဟုတ္ေတာ့ဘူးရယ္။ က်ယ္ယန္ မင္းကို ေက်းဇူးတင္ပါတယ္။ အားရွင္းက ဒီရက္ပိုင္း အမ်ားႀကီး ပိုေပ်ာ္လာတယ္။ ”
[ T/N: လ်ိဳရွားေျပာခ်င္တာက က်ယ္စြာစိလန္ ဖန္ေတြကို ရန္ေတြ႕ထားတဲ့ post ကို ခ်ိဳးရွင္းမျမင္ေသးလို႔ စိတ္ေကာက္ေနတာလို႔ ေျပာတာပါ။ ]
က်ယ္ယန္ အၾကည့္ျပန္႐ုတ္ကာ ဘူးထဲက မီးသီးေလးကို ျမႇောက္ယူၿပီး ေမးလိုက္သည္။ “ သူ အဆင္ေျပရဲ႕လား။ ”
လွ်ိုရွားက အေျဖကို ေရွာင္၏။ “ မင္းလည္း ေစာေစာအိပ္ေတာ့ေလ။ ေကာင္းေသာညပါ။ ”
သူ ေခါင္းညိတ္ျပကာ လွည့္ထြက္လာခဲ့၏။
အေျခအေနမေကာင္းတဲ့ပုံပဲ။
က်ယ္ယန္ ေလွကားေပၚတက္လာ၏။ ဒုတိယထပ္ကိုျဖတ္ေတာ့ master bedroom ရွိရာသို႔ ရပ္ၾကည့္မိသည္။ စာအုပ္ထဲမွာ ေဖာ္ျပထားသည့္ ခ်ိဳးရွင္း၏ ဆိုး႐ြားလွေသာ အေျခအေနကို အမွတ္ရသြားသည္။ ထို႔ေနာက္ အၾကည့္လႊဲကာ တတိယထပ္သို႔ တက္လာခဲ့သည္။
အသက္ရွင္သန္ဖို႔ ႀကိဳးပမ္း႐ုန္းကန္ေနရသူမ်ားက ဆင္းရဲပင္ပန္းဆုံးပဲ။
မီးပ်က္ေနသျဖင့္ က်ယ္ယန္ ဘာမွလုပ္လို႔မရတာေၾကာင့္ ေစာေစာအိပ္လိုက္ေတာ့သည္။
ေနာက္ေန႕ ေစာေစာစီးစီးနိုးလာၿပီးေနာက္တြင္ ခ်ိဳးရွင္းသည္ ထမင္းစားခန္းထဲမွာ ရွိရမည့္အစား ဧည့္ခန္းထဲေရာက္ေနတာကို က်ယ္ယန္ေတြ႕လိုက္ရသည္။ မ်က္စိဗလာႏွင့္ၾကည့္တာေတာင္ သူ႕ေဘးက ေရာင္ဝါေတြက သိသိသာသာကို ေတာက္ပေန၏။
“ နိုးၿပီလား။ ” ခ်ိဳးရွင္းက ေျခကိုခ်ိတ္လိုက္ၿပီး က်ယ္ယန္ကို အထက္ေအာက္ စုန္ဆန္ၾကည့္ကာ ႐ုတ္တရက္ႀကီး ေမးလာ၏။ “ အခု မင္းအရပ္ ဘယ္ေလာက္ရွည္လဲ။ ”
“ ၁၇၈ ”
“ ေၾသာ္ အေတာ္ပုတာပဲ။ ” ခ်ိဳးရွင္းက မ်က္ႏွာကိုရႈပ္တြလွ်က္ ဆတ္ခနဲ မတ္တပ္ထရပ္ကာ အနားတိုးလာ၏။
က်ယ္ယန္က မတ္တပ္ရပ္ထားဆဲပင္။ ခ်ိဳးရွင္းက က်ယ္ယန္ႏွင့္ ေျခတစ္လွမ္းအကြာမွာရပ္ကာ က်ယ္ယန္ေခါင္းကိုငုံ႕ၾကည့္လာၿပီး က်ယ္ယန့္ေခါင္းကို လက္ျဖင့္ဖိလိုက္၏။ ထို႔ေနာက္ ျဖည္းျဖည္းခ်င္း ေခါင္းငုံ႕လာကာ က်ယ္ယန္၏ ႏွာဖ်ားနားတြင္ ရပ္သြားသည္။
“ ဟက္ ” သူက ဘဝင္ခိုက္စြာ ရယ္လိုက္သည္။ “ ဂ်ပဳေလး ”
“……” က်ယ္ယန္ ခံစားခ်က္မရွိေသာ မ်က္ႏွာျဖင့္။
“ ကြၽန္ေတာ္က ဖြံ႕ၿဖိဳးဆဲပဲရွိေသးတယ္ေနာ္ အဘိုးႀကီး ”
“……”
ခ်ိဳးရွင္းက ေျခတစ္လွမ္းေနာက္ဆုတ္ကို က်ယ္ယန္ကို ခဏမွ်စိုက္ၾကည့္ေနၿပီးမွ ႐ုတ္တရက္ ေလွာင္ရယ္လိုက္သည္။ ထို႔ေနာက္ ဆိုဖာေပၚက ဂ်ာကင္ကိုေကာက္ကာ တိုဖူးတုံးအ႐ြယ္ ပစၥည္းတစ္ခုကိုထုတ္လ်က္ က်ယ္ယန္လက္ထဲကို ထိုးထည့္လိုက္သည္။ ၿပီးေနာက္ လွည့္ထြက္သြားေတာ့၏။
က်ယ္ယန္ သူ႕ဆံပင္မ်ားကို ဆြဲဖိၿပီး လက္ထဲက ပစၥည္းကို ဖြင့္ၾကည့္လိုက္သည္။ ၎က ႐ုံးခန္းအငွားစာခ်ဳပ္စစ္စစ္ႀကီး ျဖစ္ေနတာကို ေတြ႕လိုက္ရကာ မ်က္လုံးျပဴးသြားရေတာ့သည္။
━━━━━━━━━━━━━━━━━━━━━━━