Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

25

2.4K 468 141
By callme__kitty

[Unicode]

'ယွမ်လေးရာ'

အဖွဲ့သားများက နောက်ကျတဲ့အထိ မနေခဲ့ကြ။ ဟော့ပေါ့စားလို့ သိမ်းဆည်းပေးပြီးတာနှင့် လျန်ရှီကို နှုတ်ဆက်စကားပြော၍ ပြန်ဖို့လုပ်ကြတော့သည်။

လျန်ရှီက ခွေးဝယ်ဖို့အကြောင်း ဖုန်းခေါ်ခြင်းနှင့်သာ အလုပ်ရှုပ်နေတာမို့ သူတို့လှုပ်ရှားမှုများကို သတိ မထားမိ။ သူ့စိတ်ထဲ သူတို့အကုန် စကားသိပ်မပြောကြသလိုသာ ခံစားမိနေပြီး သက်တောင့်သက်သာ မရှိတာမို့ ထိန်းထိန်းသိမ်းသိမ်းနေ နေကြတယ်ဟု တွေးမိသွားကာ ပြောလိုက်လေသည်။ "ဒီနေ့ ငါ့မှာ ကိစ္စလေးတစ်ခုရှိနေလို့။ ငါ မင်းတို့ကို စိတ်ရှုပ်ဖို့ကောင်းတယ်လို့ မတွေးဘူး။ ပုံမှန်ဆို ငါလည်း စည်စည်ကားကားနေရတာကို သဘောကျတယ်။ နောက်တစ်ခေါက်ကျမှ မင်းတို့ကို ဒီထပ်လာဖို့ ငါ ဝမ်ချောင်ကနေတစ်ဆင့် ပြောလိုက်မယ်။"

သူတို့ လျန်ရှီအိမ်ထဲမှ ထွက်လာတာနှင့် ယန်ကျားကျားက တက္ကစီ လှမ်းငှါးပြီး စကားတစ်ခွန်းတောင် မဆိုဘဲ ထွက်သွားတော့သည်။

ကျန်ရစ်နေခဲ့သည့်ကောင်လေးများမှာ သူတို့အချင်းချင်း ထိတ်လန့်ရှက်ရွံ့စွာကြည့်လိုက်မိကြသည်။ ဝမ်ချောင်မှ သူတို့နှစ်ယောက် လမ်းခွဲပြီးကြောင်း ကြေညာပြောလာကတည်းက သူတို့မှာ အခုထိ နေရခက်နေဆဲ။ လျန်ရှီအိမ်မှာ သူတို့အကုန် စကားသိပ်မပြောကြတာကလည်း ဘာပြောရမလဲ မသိတော့တာမို့ပင်။

ရှဲ့ကျူရှင်းကလည်း ဒီကြားထဲ တစ်ချိန်လုံး မျက်နှာထားတည်နေပြီး ဘယ်သူမဆို သူ စိတ်မပျော်မှန်း သိနိုင်နေသည်။

ဝမ်ချောင် သူတစ်ခုခု အမှားလုပ်မိသွားတယ်ဟု ရေးရေးမျှခံစားမိနေပေမယ့် သူ ပြန်တွေးကြည့်ရင်းနှင့် ရှောင်ရှဲ့က ထိုမျှအထိ ကပ်တွက်လေ့မည် မဟုတ်ဟုတွေးထားလိုက်တော့သည်။ ဤသို့တွေးနေရင်းနှင့် လူတိုင်း ပျော်ပါးလို့ရအောင် တစ်နေရာရာ ခေါ်သွားမည်ဟု သူ တွေးလိုက်မိသည်။ သူတို့အကြားလေထု ပေါ့ပေါ့ပါးပါးဖြစ်သွားမှ ထိုအချိန်ကို အခွင့်ကောင်းယူ၍ ရှောင်ရှဲ့ကို ဟာသများ ပြောဆိုလိုက်မည်။ ရှောင်ရှဲ့က သဘောကောင်းလှတာမို့ သေချာပေါက် စိတ်ထဲထားမှာ မဟုတ်။

သို့နှင့် သူ ရှောင်ရှဲ့ကို တိတ်တခိုးလှမ်းကြည့်ရင်း အကြံပြုလိုက်သည်။ "၉ နာရီပဲရှိသေးတာ။ ထပ်သွားကစားရအောင်။ မင်းတို့တွေ ကာရာအိုကေ သွားချင်လား၊ ကလပ်သွားချင်လား။"

ဒီလိုအချိန်မျိုးမှာ ဘယ်အသင်းသားကများ ကစားဖို့ သွားချင်နေဦးမှာလဲ။ သူတို့အကုန် မလိုက်ဖို့ အကြောင်းပြချက်များ တန်းစီရွေးထုတ်လာကြတော့သည်။

"ဒါဆိုလည်း တစ်ခွက်၊ နှစ်ခွက်သွားသောက်တာပေါ့။ ငါ မင်းတို့ကို ဝယ်တိုက်မယ်။" ရှဲ့ကျူရှင်း ပြောလိုက်သည်။

သူက သာမန်ဆို လူတိုင်းအား ကောင်းကောင်းမွန်မွန် ဆက်ဆံလေ့ရှိတာမို့ ဘယ်သူကမှ သူ့ကို ငြင်းပယ်လိုစိတ် မရှိ။ သို့နှင့် အဆုံး၌ သူ့တို့အကုန် သွားမယ်ဟုသာ ပြောဖြစ်ကြတော့သည်။

ကောင်းစီ့ယွမ်က ဒီကို သူ့ကားဖြင့် လာခဲ့တာဖြစ်၏။ အရင်ကဆို ရှဲ့ကျူရှင်းနှင့် ဝမ်ချောင်က တစ်ကား အတူတူစီး၍ ကျန်အဖွဲ့သားများက ကောင်းစီ့ယွမ်ရဲ့ကားနှင့် လိုက်ကြရသည်။ 

ဒီနေ့မှာတော့ ရှဲ့ကျူရှင်းက စကားတစ်ခွန်းမဆိုဘဲ ကောင်းစီ့ယွမ်ကားပေါ် ဝင်ထိုင်သွားလေသည်။

ကျိကျဲနှင့်ယန်ရှောင်းမူလည်း အခြေအနေ မဟန်မှန်း သိလိုက်တာမို့ ချက်ချင်း ကားထဲ အပြေးနေရာဝင်ယူတော့သည်။

အချိန်မှီ နေရာ မယူလိုက်နိုင်တဲ့ ချန်းယောင့်ကတော့ ဝမ်ချောင်ကိုသာ ငိုမဲ့မဲ့ကြည့်နေရ၏။

ဝမ်ချောင်လည်း ရှောင်ရှဲ့ တကယ်စိတ်တိုသွားမှန်း သိလိုက်တာမို့ မှုန်သုန်သုန်နှင့်ပြောလိုက်သည်။ "ဟုတ်ပြီ။ ငါ့ကားပေါ် လူတိုင်းတက်စီးနိုင်တယ်များ ထင်နေလား။ ငါ့မျက်နှာပျက်အောင်လုပ်ရင် မင်းကို ရိုက်ပစ်မယ်။"

ချန်းယောင့်မှာ အလွန်အမင်း မတရားခံလိုက်ရသလို တစ်လမ်းလုံး ခါးမတ်မတ်ထား၍ သက်ပြင်းတောင် ကျယ်ကျယ် မချရဲ။

ပန်းခြံအပေါ်ဘက်တွင် ဘားတစ်ခုရှိနေ၏။

ကောင်းစီ့ယွမ်တို့လေးယောက်က အရင်ရောက်သွားတာမို့ ဝမ်ချောင်နှင့် ချန်းယောင့် ဝင်လာချိန် သူတို့က မှာစရာများတောင် မှာထားပြီးဖြစ်သည်။

ကျိကျဲက ရှဲ့ကျူရှင်းဘေးတွင် အကျအနထိုင်ပြီးနေပေမယ့် ဝမ်ချောင်က ကျိုးကြောင်းဆီလျော်မှုမရှိ အနားလာ၍ ပြောလေသည်။ "ပေါက်စီမျက်နှာ၊ ငါ့အတွက် နေရာဖယ်ပေးစမ်း။"

ကျိကျဲက မပျော်မရွှင်နှင့်ပြန်ပြောသည်။ "ဖင်ကြီးကောင်၊ မင်းက ဘယ်သူ့ကို စကားလာပြောနေတာလဲ။"

ဝမ်ချောင့်မှာ ရှောင်ရှဲ့နှင့် အဆင်ပြေအောင် ဘယ်လိုပြန်လုပ်ရမလဲတွေးရင်း စကားပြန်ခံပြောချင်စိတ်ကို ချုပ်တည်းထားရတော့သည်။

ကျိကျဲလည်း နောက်ဆုံးတော့ သူ့ကို နေရာရွေ့ပေးလိုက်ရလေသည်။

ဝမ်ချောင်လည်း ရှဲ့ကျူရှင်းဘေး တိုးဝင်ထိုင်ရင်း ရှဲ့ကျူရှင်းလက်ထဲက မီနူးစာအုပ်ကို ကြည့်ကာ စိတ်ပြေအောင် စကားများပြောဖို့ကြိုးစားပေမယ့် ထွက်လာသမျှက အကောင်းတစ်ခုမှ ပါမနေခဲ့။ "မင်းတို့ ကြိုက်တာသာမှာ။ စျေးဘယ်လောက်လဲ ကြည့်မနေနဲ့။ ရှောင်ရှဲ့မကျွေးနိုင်ရင် ငါကျွေးမယ်။"

ရှဲ့ကျူရှင်း : "..."

သူ မီနူးစာအုပ်ကို ဆတ်ကနဲပိတ်ပြီး ဝမ်ချောင်ဆီသာ ပစ်ပေးလိုက်တော့သည်။

ဝမ်ချောင် : "... မင်း မှာလေ။ ဘာလို့ငါ့ဆီလာပစ်ပေးနေတာလဲ။"

ကျိကျဲ မနေနိုင်စွာဝင်ပြောသည်။ "မင်းက ငါတို့ကို ကျွေးမယ်လို့ ပြောရဲသေးတယ်ပေါ့။ မနေ့ကလည်း ဘာဘီကျူးစားတာ ငါကျွေးမယ် ပြောပြီး နောက်ကျ ရှောင်ရှဲ့ပဲ ရှင်းပေးလိုက်ရတယ်။"

ဝမ်ချောင်က ထိုကိစ္စအကြောင်းကို မေ့လို့နေပြီး ရှက်ရှက်နှင့် ပြောရတော့သည်။ "ကိစ္စတစ်ခုပေါ်လာတာနဲ့ ငါမေ့သွားတယ်။"

"ဘယ်လောက်ကြီးတဲ့ကိစ္စမို့လို့ ငါတို့ခေါင်းဆောင် ဘေရှင်းဖို့တောင် မေ့ခဲ့ရတာလဲ။"

ကျိကျဲက မနေ့တုန်းက ဘာဖြစ်ခဲ့သလဲ မသိတာမို့ ဝမ်ချောင့်ကို အနိုင်ပိုင်းရေးအတွက်သာ ပြီးစလွယ် ပြောလိုက်တာဖြစ်သည်။

ဝမ်ချောင်ကတော့ ရှဲ့ကျူရှင်းကို ရှက်ရှက်နှင့် လှမ်းကြည့်လိုက်ရာ ရှဲ့ကျူရှင်းကလည်း သူ့ကို မျက်ဝန်းထောင့်မှ ကြည့်နေလျက် တစ်ဖက်သို့ အကြည့်လွှဲသွားတာကို မြင်လိုက်ရတော့သည်။

ဦးနှောက်မရှိလှသည့်ဝမ်ချောင်ဆိုသူက ဒါကို ရှဲ့ကျူရှင်းရဲ့ပြန်ပြေလည်ချင်တဲ့အချက်ပြမှုကို သတ်မှတ်ယူကာ ကျိကျဲကို လျစ်လျူရှုလျက် ရှဲ့ကျူရှင်းအနား တိုးကပ်ပြီးမေးလာသည်။ "မနေ့က မင်းဘယ်လောက်ပေးလိုက်ရလဲ။"

"သိပ်မများပါဘူး။" ရှဲ့ကျူရှင်း ပြန်ဖြေ၏။

"လာစမ်းပါ။ လူအယောက် ၃၀ တောင် ကျွေးရတာ။ မင်းမှာလည်း အဲ့လောက်ပိုက်ဆံအများကြီးရှိတာမှ မဟုတ်တာ။ ဘယ်လောက်လဲ။ ငါ မင်းဆီပြန်လွှဲပေးလိုက်မယ်။"

ရှဲ့ကျူရှင်း လည်ပင်းရှိသွေးကြောများမှာ ပေါက်ကွဲထွက်လာတော့မလိုတောင် ဖြစ်နေသည်။ သူက မတ်တပ်ထရပ်၍ ပြောလိုက်သည်။ "ငါ သန့်စင်ခန်းသွားဦးမယ်။ မင်းတို့ အရင်မှာထားနှင့်။"

သူထွက်သွားတာနှင့် ကျိကျဲက ဝမ်ချောင်ကို ပြောလေသည်။ "ရှောင်ရှဲ့ကို ဒီ့ထက်ပိုစိတ်ရှုပ်ရအောင် မလုပ်စမ်းနဲ့။"

ဝမ်ချောင်က မကျေမနပ်နှင့် ပြန်ပြော၏။ "ငါက ဘာလုပ်နေလို့လဲ။"

"သူက သူ့ကောင်မလေးနဲ့ အေးအေးဆေးဆေးလေး လမ်းခွဲခဲ့တာကို မင်းက ဘာလို့လိုက်နှောင့်နေတာလဲ။"

ဝမ်ချောင် သူတို့အကုန်လုံးကို ကြည့်၍မေးလေသည်။ "သူက မင်းတို့အားလုံးကို ပြောပြလိုက်တယ်?"

ချန်းယောင့်ကလွဲပြီး လူတိုင်းခေါင်းငြိမ့်ပြလာကာ ချန်းယောင့်ကတော့ ဒီအခြေအနေကြားထဲ အပြင်လူတစ်ယောက်လိုဖြစ်နေသည်။

ယန်ရှောင်းမူ ပြောလာသည်။ "ငါ့အထင် ရှဲ့ကောက ငါတို့ကို ပြောပြချင်တာ မဟုတ်ဘူး။ ပြောရရင် ငါတို့လည်း သူက ဘယ်လိုလူမျိုးလဲ သိထားတာပဲ။ သူက ငါတို့တွေ ဒီအကြောင်းကို ကြားတော့ ပွဲဦးထွက်ခါနီးမို့ ကောင်မလေးကို ပစ်ထားခဲ့ပြီး ချန်ရှီမေးလိုလူမျိုးဖြစ်သွားတယ်လို့ ထင်သွားမှာစိုးရိမ်တဲ့ပုံပေါ်တယ်။"

ဝမ်ချောင်မှာ ထိုအကြောင်းကိုကြားတာနှင့် ဒေါသထွက်သွားတော့သည်။ "ဘယ်ကောင်က အဲ့လိုမျိုးပြောချင်ရတာလဲ။ ရှောင်ရှဲ့ကသာ ချန်ရှီမေးလိုလူဆို ဒီကမ္ဘာပေါ်မှာ ယောက်ျားကောင်းရောရှိပါတော့မလား။"

[T/N : ချန်ရှီမေး - အော်ပရာပြဇာတ်ထဲက နှလုံးသား မရှိ၊ ကတိမတည်သောဇာတ်ကောင်တစ်ယောက်။]

ကျိကျဲ ပြောသည်။ "ငါတော့ ရှဲ့-ကော မပျော်နေဘူးလို့ ထင်တယ်။ တစ်အချက် ငါတို့ခေါင်းဆောင်က သူနဲ့မဆိုင်တဲ့ကိစ္စတွေမှာ အရမ်းဝင်ပါလွန်းတယ်။ နောက်တစ်ချက် အခု ငါတို့ခေါင်းဆောင်က သူ့ရည်းစားဟောင်းကို အရမ်းအာရုံစိုက်ခံရအောင် လုပ်ပေးလိုက်တယ်လေ။"

ဝမ်ချောင် မပျော်မရွှင်ဖြစ်သွားသည်။ "မဖြစ်နိုင်တာ။ ရှောင်ရှဲ့ အဲ့ကောင်မလေးကို မကြိုက်တော့တာဖြင့် ကြာလှပြီ။ ငါက သူနဲ့ ဒီလောက်ရင်းနှီးတာ၊ သူက ငါ့ကို အဲ့ကောင်မလေးအတွက်နဲ့ အပြစ်တင်ဦးမယ်? မင်း ကန်းနေပြီပဲ။"

"ဖွီ! သူတို့က အချိန်အကြာကြီး ခံစားချက် တည်ဆောက်လာတဲ့လူတွေ။ လမ်းခွဲပြီးရင်တောင် သူတို့က မင်းထက် အများကြီးပိုရင်းနှီးနေသေးတယ်။"

ဝမ်ချောင် ထိုအကြောင်း ကြားလိုက်ရချိန် ထူးထူးခြားခြား စိတ်ရှုပ်သွားပြီး ဒေါသတကြီးပြောလာတော့သည်။ "ငါ့လာရန်မစနဲ့။ ငါ သူနဲ့ နေ့တိုင်း အတူအိပ်နေတာ။ ဘာလို့မရင်းနှီးရမှာလဲ။"

ကျိကျဲ 'ကျစ်' သပ်လိုက်သည်။ "မင်း အသံတိုးတိုးပြောစမ်းပါ။ အဲ့အိပ်တာနဲ့ ဟိုအိပ်တာနဲ့က တူမလား။"

ဝမ်ချောင်မှာ အလွန်အမင်းဒေါသထွက်လာပြီး အလျော့မပေးပြောလေသည်။ "ငါ ဒီနေ့ အဲ့နှစ်ခုကို အတူတူပဲဖြစ်အောင် လုပ်ပြမယ်!"

ကျိကျဲ : "... မင်းက ဘယ်လိုမျိုး အတူတူဖြစ်အောင် လုပ်မှာလဲ။"

ရှဲ့ကျူရှင်း သန့်စင်ခန်းမှ ပြန်လာချိန် သူ့အဖွဲ့သားများက ဘာမှ မမှာသေးဘဲ ချထားပေးသည့် ဖရဲသီးစေ့များကိုသာ ငြိမ်ငြိမ်လေး ထိုင်စားနေကြတာကို မြင်လိုက်ရလေသည်။

ဝမ်ချောင်ကတော့ နေရာတွင် လက်နှစ်ဖက် ပိုက်ကာထိုင်နေလျက် အလေးအနက်ထားပြောလာသည်။ "ရှောင်ရှဲ့၊ ဒီလာ"

'သူ ဘာဖြစ်ချင်ပြန်ပြီလဲ' ရှောင်ရှဲ့ သူ့ကို အာရုံထားဖို့တောင် ပျင်းလှတာမို့ စားပွဲထိုးကိုသာ လှမ်းခေါ်လိုက်တော့သည်။ "ဒီစားပွဲက မှာတော့မယ်။"

စားပွဲထိုးလေးက အလျင်အမြန်ပင် ဝင်လာ၏။ ရှဲ့ကျူရှင်းလည်း ဘီယာ နှစ်ပုလင်း မှာလိုက်ပြီး စားပွဲထိုးလေး ပြန်ထွက်သွားမှ သူ့နေရာသူ ပြန်၍ ထိုင်ချလိုက်သည်။

သူ့ဒေါသတော်တော်များများက အနည်ထိုင်သွားခဲ့ပြီဖြစ်သည်။ အစကတည်းက ဝမ်ချောင်ဆိုတာ အရူးတစ်ယောက်လို့ တွေးထားဖို့ ဖြစ်တာမို့ သူ့အပေါ် ဒေါသထွက်နေလို့လည်း အကျိုးမရှိလှ။ သူနှင့်အတူ အပြိုင်ရန်ဖြစ်ခြင်းကလည်း မကောင်းလှတာမို့ ထိုအကြောင်း မေ့ပစ်လိုက်တာကသာ ကောင်းလိမ့်မည်။

သူ ဖရဲစေ့ကို လက်လှမ်းယူဖို့လုပ်လိုက်ပေမယ့် ဝမ်ချောင်ရဲ့တားထားခြင်းကို ခံလိုက်ရလေသည်။

အဖွဲ့သားအကုန်လုံး ဖရဲသီးစားတာကို ရပ်လျက် သူတို့နှစ်ယောက်ကို စူးစူးစိုက်စိုက် ငေးကြည့်လာတော့သည်။

ရှဲ့ကျူရှင်း : "... ဘာဖြစ်လို့လဲ။"

ဝမ်ချောင် အသက်ပြင်းပြင်း နှစ်ကြိမ်ရှူချလိုက်သည်။

ကျိကျဲ ဆက်မကြည့်နိုင်တော့ဘဲ ဝင်ပြောလာသည်။ "ထားလိုက်တော့ ..."

ဝမ်ချောင်က သူကောင်းစေချင်လို့ပြောခြင်းကို သဘောမပေါက်ဘဲ ရန်စခြင်းဟုတွေးကာ ပြန်အော်တော့သည်။ "ဘာကို 'ထားပါတော့' လဲ။ ကြည့်ထား။"

ရှဲ့ကျူရှင်း : "???"

ဝမ်ချောင် ခေါင်းလှည့်လာပြီး အလျင်အမြန် ရှဲကျူရှင်း အနားကပ်လာကာ သူ့နှုတ်ခမ်းပေါ် ဖိကပ်နမ်းချလိုက်လေသည်။

ရှဲ့ကျူရှင်း : "!!!"

နမ်းပြီးနောက်မှာတော့ ဝမ်ချောင် ချက်ချင်းဆိုသလို နောင်တရလာတော့သည်။ သူ ရှဲ့ကျူရှင်းမျက်နှာကို လှမ်းမကြည့်ရဲဘဲ ဘာမှမဖြစ်သွားခဲ့သလို ကြိုးစားဟန်ဆောင်၍ အဖွဲ့သားများထံ လက်ဖြန့်လျက် ပြောလေသည်။ "ငါ နမ်းပြီးပြီ။ လာ၊ လာ၊ လာ။ ပိုက်ဆံ လာပေးကြ။ တစ်ယောက် ယွမ်တစ်ရာ။"

ချန်းယောင့်တစ်ယောက်တည်းကသာ နာနာခံခံနှင့် သူ့ပိုက်ဆံအိတ်သူ ထုတ်လိုက်ပေမယ့် အခြားဘယ်သူမှ မလှုပ်တာကို မြင်လိုက်ရတာမို့ အလျင်အမြန်ပင် စားပွဲအောက်ထဲ ပိုက်ဆံအိတ်ကို ပြန်ထည့်ထားလိုက်တော့သည်။

ဝမ်ချောင်က ဆက်၍သတ္တိကောင်းဟန်ဆောင်နေဆဲ။ "ဘာလဲ။ လောင်းရဲရင် အရှုံးကိုလည်း လက်ခံရဲရမယ်လေ။ ရှုံးသွားမှ မပေးချင်ဘူး မလုပ်နဲ့။"

ရှဲ့ကျူရှင်းမျက်နှာကတော့ တောင့်တင်းအေးခဲနေလျက်။

"ဘယ်သူက မင်းနဲ့ လောင်းကြေးထပ်ချင်လို့လဲ။ ဒါတွေအကုန်လုံး မင်းအကြံတွေချည်းပဲလေ။ မင်းပဲ ဘယ်လိုပဲဖြစ်နေနေ သူ့ကို ရအောင် နမ်းမယ်ဆို ..."

ကျိကျဲ ရှောင်ရှဲ့ကို တစ်ချက်လှမ်းကြည့်၍ အသံအနေအထားပြောင်းလိုက်ရသည်။ "မင်းပဲလုပ်ချင်တာလေ၊ ဘယ်သူကမှ လုပ်ဖို့မပြောဘူး။"

ဝမ်ချောင် ပြန်ပြောဖို့လုပ်ပေမယ့် စားပွဲထိုးက ဘီယာ လာချတာနဲ့တိုးသွားတာမို့ သူ ပါးစပ်ပိတ်ပြီး ရှဲ့ကျူရှင်းကိုသာ သေသေချာချာစိုက်ကြည့်နေမိသည်။ သို့ပေမယ့် သူ တကယ် စိတ်ဆိုးသွားသလား မပြောနိုင်။

ယန်ရှောင်းမူက အရမ်းကသိကအောက်ဖြစ်နေသလို ခံစားရတာမို့ ဘီယာတစ်ပုလင်း လှမ်းယူပြီး စကား စပြောလေသည်။ "ငါတို့ ဒီကိုသောက်ဖို့လာတာဆိုတော့ အပျော်အပါးလေးလည်း လုပ်တာပေါ့။ ဖဲချပ် ကစားမလား၊ အန်စာတုံးပစ်တာ ကစားမလား။"

သို့နှင့် သူတို့လူစု၍ အန်စာတုံးသွားကစားဖို့ ထွက်သွားကြတော့သည်။

"မင်း တကယ်စိတ်ဆိုးသွားတာလား။" ဝမ်ချောင် ရှဲ့ကျူရှင်းအနားကပ်ပြီး တိုးတိုးပြောလိုက်သည်။ "မင်းက ငါ့ကို ဒီတစ်ညလုံး လျစ်လျူရှုထားတယ်။ ငါ အရမ်းစိတ်တိုတာပဲ။ သူတို့ကလည်း အကြံဆိုးတွေနဲ့ ငါ့ကို ဆက်တိုက်လာစနေတာ .."

ရှဲ့ကျူရှင်း : "..." 'မင်းက သူများကို အကြံဆိုးတွေနဲ့လို့ ပြောနိုင်သေးတယ်ပေါ့။ အရှက်မရှိဘူးလား။'

ဝမ်ချောင် သူ စကားပြန်မပြောတာကို မြင်သည်နှင့် အသေးစိတ် ရှင်းပြတော့သည်။ "ကျိကျဲက မင်း ယန်ကျားကျားကို အခုထိ ဂရုစိုက်နေသေးတာမို့ စိတ်တိုသွားတာလို့ ငါ့ပြောတယ်။ ပြီးတော့ သူကပြောသေးတယ်။ မင်းတို့နှစ်ယောက်က အချိန်အကြာကြီး တွဲလာတာမို့ ခံစားချက်တွေဆိုတာ မနည်းဘူးတဲ့။ မင်းနဲ့သူ ဆက်ဆံရေးက ငါနဲ့မင်း ရင်းနှီးတာထက် ပိုတယ်ဆိုလို့ ငါက ငါတို့နှစ်ယောက် ဘယ်လောက်ရင်းနှီးလဲ ပြချင်သွားတာ။"

ရှဲ့ကျူရှင်း ဒေါသထွက်လွန်းတာမို့ ရယ်သာရယ်မိတော့သည်။ "အဲ့တာနဲ့ပဲ မင်းက ငါ့ကို လောင်းကြေးထပ်လိုက်တယ်ပေါ့? ငါက ယွမ် ၄၀၀ ပဲ တန်တာလား။"

ဝမ်ချောင် အံ့အားသင့်သွားသလိုပြောလာသည်။ "ငါ လောင်းကြေးနည်းနည်းပဲထားလို့ မင်း စိတ်ဆိုးသွားတာလား။"

ရှဲ့ကျူရှင်း : "..." 'ဘာမှမပြောချင်တော့ဘူး၊ ရိုက်ချင်တာပဲသိတယ်။'

ဝမ်ချောင် အလွန်အမင်း မတရားခံနေရသလို ရှင်းပြလာသည်။ "ငါ တကယ် မင်းကို လောင်းကြေးထပ်ဖို့ မရည်ရွယ်ပါဘူး။ ငါက ငါတို့နှစ်ယောက် ဆက်ဆံရေးကို ထုတ်ကြွားချင်ရုံတင်။ ငါတို့ ရင်းနှီးတယ်ဆို နမ်းတာက ဘာမှမဟုတ်ဘူးလေ။"

ရှဲ့ကျူရှင်း : "..." 'အရှုံးပေးတယ်၊ ငါပဲ လက်လျော့လိုက်ပြီ!'

ဝမ်ချောင် သူ့ကို ကောင်းကောင်း မချော့နိုင်တာမို့ အရှက်မရှိသလိုပြန်နေတော့သည်။ "ဒါဆိုလည်း မင်း ဘယ်လိုလုပ်ချင်လဲပြော။ ငါ မင်းကို နမ်းပြီးပြီပဲ။ ဒေါသထွက်နေလို့ အကျုံးမဝင်တော့ဘူး။ မင်း ငါ့ကို ပြန်နမ်းရင်ရော?"

ရှဲ့ကျူရှင်း : "..."

သူ အခုခံစားနေရတာကို မဖော်ပြနိုင်၊ အနည်းငယ် ဒေါသထွက်နေသလို နည်းနည်းလည်း ရယ်ချင်နေပြီး ရင်ထဲမှာလည်း နာမည်တပ်မရတဲ့ခံစားချက်အချို့ဖြစ်ထွန်းလို့နေသည်။ 

ဝမ်ချောင် သူ့မျက်နှာအမူအရာပျော့ပြောင်းသွားတာကို မြင်တာနှင့် ဆက်ဗလုံးဗထွေးပြောလေသည်။ "ငါက မင်းလို ကပ်စေးမနှဲဘူး။ တစ်ခါနမ်းရုံနဲ့ ဒေါသတွေ ထွက်သွားတာ။ လာ၊ လာ၊ မင်းကြိုက်သလောက် လာနမ်း။"

ရှဲ့ကျူရှင်း သူ့မျက်နှာကို လှမ်းဖျစ်ညှစ်ကာ ၃၆၀ ဒီဂရီ ဆွဲလှည့်တော့သည်။

အတော်လေး နာတယ်ဟု ပြောရနိုင်သည်။ ဝမ့်ချောင့်အော်သံက အရမ်းလူအာရုံစိုက်ဖွယ်ဖြစ်နေ၏။

အဖွဲ့သားများလည်း အန်စာတုံးလိမ့်တာရပ်ပြီး အတူလက်ခုပ်တီးပေးလာကြသည်။

ရှဲ့ကျူရှင်း သူ့ကို ပြန်လွှတ်ပေးပြီး ပြောလိုက်သည်။ "တစ်ယောက်ကို ယွမ်တစ်ရာ။ ဒီယူလာခဲ့။"

အဖွဲ့သားများ : "..."

KittyKitling

T/N : မီးကောင်းကျိုးမပေးလို့ Kit ဖုန်းအား ၁၀ ပဲကျန်တော့တယ် TT

အပြေးလာတင်ရ။ မီးလာမှ ပြန်လာခဲ့မယ်နော်!!

_____///_____

[Zawgyi]

'ယြမ္ေလးရာ'

အဖြဲ႕သားမ်ားက ေနာက္က်တဲ့အထိ မေနခဲ့ၾက။ ေဟာ့ေပါ့စားလို႔ သိမ္းဆည္းေပးၿပီးတာႏွင့္ လ်န္ရွီကို ႏွုတ္ဆက္စကားေျပာ၍ ျပန္ဖို႔လုပ္ၾကေတာ့သည္။

လ်န္ရွီက ေခြးဝယ္ဖို႔အေၾကာင္း ဖုန္းေခၚျခင္းႏွင့္သာ အလုပ္ရွုပ္ေနတာမို႔ သူတို႔လွုပ္ရွားမွုမ်ားကို သတိ မထားမိ။ သူ႔စိတ္ထဲ သူတို႔အကုန္ စကားသိပ္မေျပာၾကသလိုသာ ခံစားမိေနၿပီး သက္ေတာင့္သက္သာ မရွိတာမို႔ ထိန္းထိန္းသိမ္းသိမ္းေန ေနၾကတယ္ဟု ေတြးမိသြားကာ ေျပာလိုက္ေလသည္။ "ဒီေန႔ ငါ့မွာ ကိစၥေလးတစ္ခုရွိေနလို႔။ ငါ မင္းတို႔ကို စိတ္ရွုပ္ဖို႔ေကာင္းတယ္လို႔ မေတြးဘူး။ ပုံမွန္ဆို ငါလည္း စည္စည္ကားကားေနရတာကို သေဘာက်တယ္။ ေနာက္တစ္ေခါက္က်မွ မင္းတို႔ကို ဒီထပ္လာဖို႔ ငါ ဝမ္ေခ်ာင္ကေနတစ္ဆင့္ ေျပာလိုက္မယ္။"

သူတို႔ လ်န္ရွီအိမ္ထဲမွ ထြက္လာတာႏွင့္ ယန္က်ားက်ားက တကၠစီ လွမ္းငွါးၿပီး စကားတစ္ခြန္းေတာင္ မဆိုဘဲ ထြက္သြားေတာ့သည္။

က်န္ရစ္ေနခဲ့သည့္ေကာင္ေလးမ်ားမွာ သူတို႔အခ်င္းခ်င္း ထိတ္လန့္ရွက္ရြံ႕စြာၾကည့္လိုက္မိၾကသည္။ ဝမ္ေခ်ာင္မွ သူတို႔ႏွစ္ေယာက္ လမ္းခြဲၿပီးေၾကာင္း ေၾကညာေျပာလာကတည္းက သူတို႔မွာ အခုထိ ေနရခက္ေနဆဲ။ လ်န္ရွီအိမ္မွာ သူတို႔အကုန္ စကားသိပ္မေျပာၾကတာကလည္း ဘာေျပာရမလဲ မသိေတာ့တာမို႔ပင္။

ရွဲ႕က်ဴရွင္းကလည္း ဒီၾကားထဲ တစ္ခ်ိန္လုံး မ်က္ႏွာထားတည္ေနၿပီး ဘယ္သူမဆို သူ စိတ္မေပ်ာ္မွန္း သိနိုင္ေနသည္။

ဝမ္ေခ်ာင္ သူတစ္ခုခု အမွားလုပ္မိသြားတယ္ဟု ေရးေရးမၽွခံစားမိေနေပမယ့္ သူ ျပန္ေတြးၾကည့္ရင္းႏွင့္ ေရွာင္ရွဲ႕က ထိုမၽွအထိ ကပ္တြက္ေလ့မည္ မဟုတ္ဟုေတြးထားလိုက္ေတာ့သည္။ ဤသို႔ေတြးေနရင္းႏွင့္ လူတိုင္း ေပ်ာ္ပါးလို႔ရေအာင္ တစ္ေနရာရာ ေခၚသြားမည္ဟု သူ ေတြးလိုက္မိသည္။ သူတို႔အၾကားေလထု ေပါ့ေပါ့ပါးပါးျဖစ္သြားမွ ထိုအခ်ိန္ကို အခြင့္ေကာင္းယူ၍ ေရွာင္ရွဲ႕ကို ဟာသမ်ား ေျပာဆိုလိုက္မည္။ ေရွာင္ရွဲ႕က သေဘာေကာင္းလွတာမို႔ ေသခ်ာေပါက္ စိတ္ထဲထားမွာ မဟုတ္။

သို႔ႏွင့္ သူ ေရွာင္ရွဲ႕ကို တိတ္တခိုးလွမ္းၾကည့္ရင္း အႀကံျပဳလိုက္သည္။ "၉ နာရီပဲရွိေသးတာ။ ထပ္သြားကစားရေအာင္။ မင္းတို႔ေတြ ကာရာအိုေက သြားခ်င္လား၊ ကလပ္သြားခ်င္လား။"

ဒီလိုအခ်ိန္မ်ိဳးမွာ ဘယ္အသင္းသားကမ်ား ကစားဖို႔ သြားခ်င္ေနဦးမွာလဲ။ သူတို႔အကုန္ မလိုက္ဖို႔ အေၾကာင္းျပခ်က္မ်ား တန္းစီေရြးထုတ္လာၾကေတာ့သည္။

"ဒါဆိုလည္း တစ္ခြက္၊ ႏွစ္ခြက္သြားေသာက္တာေပါ့။ ငါ မင္းတို႔ကို ဝယ္တိုက္မယ္။" ရွဲ႕က်ဴရွင္း ေျပာလိုက္သည္။

သူက သာမန္ဆို လူတိုင္းအား ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေလ့ရွိတာမို႔ ဘယ္သူကမွ သူ႔ကို ျငင္းပယ္လိုစိတ္ မရွိ။ သို႔ႏွင့္ အဆုံး၌ သူ႔တို႔အကုန္ သြားမယ္ဟုသာ ေျပာျဖစ္ၾကေတာ့သည္။

ေကာင္းစီ့ယြမ္က ဒီကို သူ႔ကားျဖင့္ လာခဲ့တာျဖစ္၏။ အရင္ကဆို ရွဲ႕က်ဴရွင္းႏွင့္ ဝမ္ေခ်ာင္က တစ္ကား အတူတူစီး၍ က်န္အဖြဲ႕သားမ်ားက ေကာင္းစီ့ယြမ္ရဲ့ကားႏွင့္ လိုက္ၾကရသည္။ 

ဒီေန႔မွာေတာ့ ရွဲ႕က်ဴရွင္းက စကားတစ္ခြန္းမဆိုဘဲ ေကာင္းစီ့ယြမ္ကားေပၚ ဝင္ထိုင္သြားေလသည္။

က်ိက်ဲႏွင့္ယန္ေရွာင္းမူလည္း အေျခအေန မဟန္မွန္း သိလိုက္တာမို႔ ခ်က္ခ်င္း ကားထဲ အေျပးေနရာဝင္ယူေတာ့သည္။

အခ်ိန္မွီ ေနရာ မယူလိုက္နိုင္တဲ့ ခ်န္းေယာင့္ကေတာ့ ဝမ္ေခ်ာင္ကိုသာ ငိုမဲ့မဲ့ၾကည့္ေနရ၏။

ဝမ္ေခ်ာင္လည္း ေရွာင္ရွဲ႕ တကယ္စိတ္တိုသြားမွန္း သိလိုက္တာမို႔ မွုန္သုန္သုန္ႏွင့္ေျပာလိုက္သည္။ "ဟုတ္ၿပီ။ ငါ့ကားေပၚ လူတိုင္းတက္စီးနိုင္တယ္မ်ား ထင္ေနလား။ ငါ့မ်က္ႏွာပ်က္ေအာင္လုပ္ရင္ မင္းကို ရိုက္ပစ္မယ္။"

ခ်န္းေယာင့္မွာ အလြန္အမင္း မတရားခံလိုက္ရသလို တစ္လမ္းလုံး ခါးမတ္မတ္ထား၍ သက္ျပင္းေတာင္ က်ယ္က်ယ္ မခ်ရဲ။

ပန္းၿခံအေပၚဘက္တြင္ ဘားတစ္ခုရွိေန၏။

ေကာင္းစီ့ယြမ္တို႔ေလးေယာက္က အရင္ေရာက္သြားတာမို႔ ဝမ္ေခ်ာင္ႏွင့္ ခ်န္းေယာင့္ ဝင္လာခ်ိန္ သူတို႔က မွာစရာမ်ားေတာင္ မွာထားၿပီးျဖစ္သည္။

က်ိက်ဲက ရွဲ႕က်ဴရွင္းေဘးတြင္ အက်အနထိုင္ၿပီးေနေပမယ့္ ဝမ္ေခ်ာင္က က်ိဳးေၾကာင္းဆီေလ်ာ္မွုမရွိ အနားလာ၍ ေျပာေလသည္။ "ေပါက္စီမ်က္ႏွာ၊ ငါ့အတြက္ ေနရာဖယ္ေပးစမ္း။"

က်ိက်ဲက မေပ်ာ္မရႊင္ႏွင့္ျပန္ေျပာသည္။ "ဖင္ႀကီးေကာင္၊ မင္းက ဘယ္သူ႔ကို စကားလာေျပာေနတာလဲ။"

ဝမ္ေခ်ာင့္မွာ ေရွာင္ရွဲ႕ႏွင့္ အဆင္ေျပေအာင္ ဘယ္လိုျပန္လုပ္ရမလဲေတြးရင္း စကားျပန္ခံေျပာခ်င္စိတ္ကို ခ်ဳပ္တည္းထားရေတာ့သည္။

က်ိက်ဲလည္း ေနာက္ဆုံးေတာ့ သူ႔ကို ေနရာေရြ႕ေပးလိုက္ရေလသည္။

ဝမ္ေခ်ာင္လည္း ရွဲ႕က်ဴရွင္းေဘး တိုးဝင္ထိုင္ရင္း ရွဲ႕က်ဴရွင္းလက္ထဲက မီႏူးစာအုပ္ကို ၾကည့္ကာ စိတ္ေျပေအာင္ စကားမ်ားေျပာဖို႔ႀကိဳးစားေပမယ့္ ထြက္လာသမၽွက အေကာင္းတစ္ခုမွ ပါမေနခဲ့။ "မင္းတို႔ ႀကိဳက္တာသာမွာ။ ေစ်းဘယ္ေလာက္လဲ ၾကည့္မေနနဲ႔။ ေရွာင္ရွဲ႕မေကၽြးနိုင္ရင္ ငါေကၽြးမယ္။"

ရွဲ႕က်ဴရွင္း : "..."

သူ မီႏူးစာအုပ္ကို ဆတ္ကနဲပိတ္ၿပီး ဝမ္ေခ်ာင္ဆီသာ ပစ္ေပးလိုက္ေတာ့သည္။

ဝမ္ေခ်ာင္ : "... မင္း မွာေလ။ ဘာလို႔ငါ့ဆီလာပစ္ေပးေနတာလဲ။"

က်ိက်ဲ မေနနိုင္စြာဝင္ေျပာသည္။ "မင္းက ငါတို႔ကို ေကၽြးမယ္လို႔ ေျပာရဲေသးတယ္ေပါ့။ မေန႔ကလည္း ဘာဘီက်ဴးစားတာ ငါေကၽြးမယ္ ေျပာၿပီး ေနာက္က် ေရွာင္ရွဲ႕ပဲ ရွင္းေပးလိုက္ရတယ္။"

ဝမ္ေခ်ာင္က ထိုကိစၥအေၾကာင္းကို ေမ့လို႔ေနၿပီး ရွက္ရွက္ႏွင့္ ေျပာရေတာ့သည္။ "ကိစၥတစ္ခုေပၚလာတာနဲ႔ ငါေမ့သြားတယ္။"

"ဘယ္ေလာက္ႀကီးတဲ့ကိစၥမို႔လို႔ ငါတို႔ေခါင္းေဆာင္ ေဘရွင္းဖို႔ေတာင္ ေမ့ခဲ့ရတာလဲ။"

က်ိက်ဲက မေန႔တုန္းက ဘာျဖစ္ခဲ့သလဲ မသိတာမို႔ ဝမ္ေခ်ာင့္ကို အနိုင္ပိုင္းေရးအတြက္သာ ၿပီးစလြယ္ ေျပာလိုက္တာျဖစ္သည္။

ဝမ္ေခ်ာင္ကေတာ့ ရွဲ႕က်ဴရွင္းကို ရွက္ရွက္ႏွင့္ လွမ္းၾကည့္လိုက္ရာ ရွဲ႕က်ဴရွင္းကလည္း သူ႔ကို မ်က္ဝန္းေထာင့္မွ ၾကည့္ေနလ်က္ တစ္ဖက္သို႔ အၾကည့္လႊဲသြားတာကို ျမင္လိုက္ရေတာ့သည္။

ဦးေႏွာက္မရွိလွသည့္ဝမ္ေခ်ာင္ဆိုသူက ဒါကို ရွဲ႕က်ဴရွင္းရဲ့ျပန္ေျပလည္ခ်င္တဲ့အခ်က္ျပမွုကို သတ္မွတ္ယူကာ က်ိက်ဲကို လ်စ္လ်ဴရွုလ်က္ ရွဲ႕က်ဴရွင္းအနား တိုးကပ္ၿပီးေမးလာသည္။ "မေန႔က မင္းဘယ္ေလာက္ေပးလိုက္ရလဲ။"

"သိပ္မမ်ားပါဘူး။" ရွဲ႕က်ဴရွင္း ျပန္ေျဖ၏။

"လာစမ္းပါ။ လူအေယာက္ ၃၀ ေတာင္ ေကၽြးရတာ။ မင္းမွာလည္း အဲ့ေလာက္ပိုက္ဆံအမ်ားႀကီးရွိတာမွ မဟုတ္တာ။ ဘယ္ေလာက္လဲ။ ငါ မင္းဆီျပန္လႊဲေပးလိုက္မယ္။"

ရွဲ႕က်ဴရွင္း လည္ပင္းရွိေသြးေၾကာမ်ားမွာ ေပါက္ကြဲထြက္လာေတာ့မလိုေတာင္ ျဖစ္ေနသည္။ သူက မတ္တပ္ထရပ္၍ ေျပာလိုက္သည္။ "ငါ သန့္စင္ခန္းသြားဦးမယ္။ မင္းတို႔ အရင္မွာထားႏွင့္။"

သူထြက္သြားတာႏွင့္ က်ိက်ဲက ဝမ္ေခ်ာင္ကို ေျပာေလသည္။ "ေရွာင္ရွဲ႕ကို ဒီ့ထက္ပိုစိတ္ရွုပ္ရေအာင္ မလုပ္စမ္းနဲ႔။"

ဝမ္ေခ်ာင္က မေက်မနပ္ႏွင့္ ျပန္ေျပာ၏။ "ငါက ဘာလုပ္ေနလို႔လဲ။"

"သူက သူ႔ေကာင္မေလးနဲ႔ ေအးေအးေဆးေဆးေလး လမ္းခြဲခဲ့တာကို မင္းက ဘာလို႔လိုက္ေႏွာင့္ေနတာလဲ။"

ဝမ္ေခ်ာင္ သူတို႔အကုန္လုံးကို ၾကည့္၍ေမးေလသည္။ "သူက မင္းတို႔အားလုံးကို ေျပာျပလိုက္တယ္?"

ခ်န္းေယာင့္ကလြဲၿပီး လူတိုင္းေခါင္းၿငိမ့္ျပလာကာ ခ်န္းေယာင့္ကေတာ့ ဒီအေျခအေနၾကားထဲ အျပင္လူတစ္ေယာက္လိုျဖစ္ေနသည္။

ယန္ေရွာင္းမူ ေျပာလာသည္။ "ငါ့အထင္ ရွဲ႕ေကာက ငါတို႔ကို ေျပာျပခ်င္တာ မဟုတ္ဘူး။ ေျပာရရင္ ငါတို႔လည္း သူက ဘယ္လိုလူမ်ိဳးလဲ သိထားတာပဲ။ သူက ငါတို႔ေတြ ဒီအေၾကာင္းကို ၾကားေတာ့ ပြဲဦးထြက္ခါနီးမို႔ ေကာင္မေလးကို ပစ္ထားခဲ့ၿပီး ခ်န္ရွီေမးလိုလူမ်ိဳးျဖစ္သြားတယ္လို႔ ထင္သြားမွာစိုးရိမ္တဲ့ပုံေပၚတယ္။"

ဝမ္ေခ်ာင္မွာ ထိုအေၾကာင္းကိုၾကားတာႏွင့္ ေဒါသထြက္သြားေတာ့သည္။ "ဘယ္ေကာင္က အဲ့လိုမ်ိဳးေျပာခ်င္ရတာလဲ။ ေရွာင္ရွဲ႕ကသာ ခ်န္ရွီေမးလိုလူဆို ဒီကမၻာေပၚမွာ ေယာက္်ားေကာင္းေရာရွိပါေတာ့မလား။"

[T/N : ခ်န္ရွီေမး - ေအာ္ပရာျပဇာတ္ထဲက ႏွလုံးသား မရွိ၊ ကတိမတည္ေသာဇာတ္ေကာင္တစ္ေယာက္။]

က်ိက်ဲ ေျပာသည္။ "ငါေတာ့ ရွဲ႕-ေကာ မေပ်ာ္ေနဘူးလို႔ ထင္တယ္။ တစ္အခ်က္ ငါတို႔ေခါင္းေဆာင္က သူနဲ႔မဆိုင္တဲ့ကိစၥေတြမွာ အရမ္းဝင္ပါလြန္းတယ္။ ေနာက္တစ္ခ်က္ အခု ငါတို႔ေခါင္းေဆာင္က သူ႔ရည္းစားေဟာင္းကို အရမ္းအာ႐ုံစိုက္ခံရေအာင္ လုပ္ေပးလိုက္တယ္ေလ။"

ဝမ္ေခ်ာင္ မေပ်ာ္မရႊင္ျဖစ္သြားသည္။ "မျဖစ္နိုင္တာ။ ေရွာင္ရွဲ႕ အဲ့ေကာင္မေလးကို မႀကိဳက္ေတာ့တာျဖင့္ ၾကာလွၿပီ။ ငါက သူနဲ႔ ဒီေလာက္ရင္းႏွီးတာ၊ သူက ငါ့ကို အဲ့ေကာင္မေလးအတြက္နဲ႔ အျပစ္တင္ဦးမယ္? မင္း ကန္းေနၿပီပဲ။"

"ဖြီ! သူတို႔က အခ်ိန္အၾကာႀကီး ခံစားခ်က္ တည္ေဆာက္လာတဲ့လူေတြ။ လမ္းခြဲၿပီးရင္ေတာင္ သူတို႔က မင္းထက္ အမ်ားႀကီးပိုရင္းႏွီးေနေသးတယ္။"

ဝမ္ေခ်ာင္ ထိုအေၾကာင္း ၾကားလိုက္ရခ်ိန္ ထူးထူးျခားျခား စိတ္ရွုပ္သြားၿပီး ေဒါသတႀကီးေျပာလာေတာ့သည္။ "ငါ့လာရန္မစနဲ႔။ ငါ သူနဲ႔ ေန႔တိုင္း အတူအိပ္ေနတာ။ ဘာလို႔မရင္းႏွီးရမွာလဲ။"

က်ိက်ဲ 'က်စ္' သပ္လိုက္သည္။ "မင္း အသံတိုးတိုးေျပာစမ္းပါ။ အဲ့အိပ္တာနဲ႔ ဟိုအိပ္တာနဲ႔က တူမလား။"

ဝမ္ေခ်ာင္မွာ အလြန္အမင္းေဒါသထြက္လာၿပီး အေလ်ာ့မေပးေျပာေလသည္။ "ငါ ဒီေန႔ အဲ့ႏွစ္ခုကို အတူတူပဲျဖစ္ေအာင္ လုပ္ျပမယ္!"

က်ိက်ဲ : "... မင္းက ဘယ္လိုမ်ိဳး အတူတူျဖစ္ေအာင္ လုပ္မွာလဲ။"

ရွဲ႕က်ဴရွင္း သန့္စင္ခန္းမွ ျပန္လာခ်ိန္ သူ႔အဖြဲ႕သားမ်ားက ဘာမွ မမွာေသးဘဲ ခ်ထားေပးသည့္ ဖရဲသီးေစ့မ်ားကိုသာ ၿငိမ္ၿငိမ္ေလး ထိုင္စားေနၾကတာကို ျမင္လိုက္ရေလသည္။

ဝမ္ေခ်ာင္ကေတာ့ ေနရာတြင္ လက္ႏွစ္ဖက္ ပိုက္ကာထိုင္ေနလ်က္ အေလးအနက္ထားေျပာလာသည္။ "ေရွာင္ရွဲ႕၊ ဒီလာ"

'သူ ဘာျဖစ္ခ်င္ျပန္ၿပီလဲ' ေရွာင္ရွဲ႕ သူ႔ကို အာ႐ုံထားဖို႔ေတာင္ ပ်င္းလွတာမို႔ စားပြဲထိုးကိုသာ လွမ္းေခၚလိုက္ေတာ့သည္။ "ဒီစားပြဲက မွာေတာ့မယ္။"

စားပြဲထိုးေလးက အလ်င္အျမန္ပင္ ဝင္လာ၏။ ရွဲ႕က်ဴရွင္းလည္း ဘီယာ ႏွစ္ပုလင္း မွာလိုက္ၿပီး စားပြဲထိုးေလး ျပန္ထြက္သြားမွ သူ႔ေနရာသူ ျပန္၍ ထိုင္ခ်လိုက္သည္။

သူ႔ေဒါသေတာ္ေတာ္မ်ားမ်ားက အနည္ထိုင္သြားခဲ့ၿပီျဖစ္သည္။ အစကတည္းက ဝမ္ေခ်ာင္ဆိုတာ အ႐ူးတစ္ေယာက္လို႔ ေတြးထားဖို႔ ျဖစ္တာမို႔ သူ႔အေပၚ ေဒါသထြက္ေနလို႔လည္း အက်ိဳးမရွိလွ။ သူႏွင့္အတူ အၿပိဳင္ရန္ျဖစ္ျခင္းကလည္း မေကာင္းလွတာမို႔ ထိုအေၾကာင္း ေမ့ပစ္လိုက္တာကသာ ေကာင္းလိမ့္မည္။

သူ ဖရဲေစ့ကို လက္လွမ္းယူဖို႔လုပ္လိုက္ေပမယ့္ ဝမ္ေခ်ာင္ရဲ့တားထားျခင္းကို ခံလိုက္ရေလသည္။

အဖြဲ႕သားအကုန္လုံး ဖရဲသီးစားတာကို ရပ္လ်က္ သူတို႔ႏွစ္ေယာက္ကို စူးစူးစိုက္စိုက္ ေငးၾကည့္လာေတာ့သည္။

ရွဲ႕က်ဴရွင္း : "... ဘာျဖစ္လို႔လဲ။"

ဝမ္ေခ်ာင္ အသက္ျပင္းျပင္း ႏွစ္ႀကိမ္ရွူခ်လိုက္သည္။

က်ိက်ဲ ဆက္မၾကည့္နိုင္ေတာ့ဘဲ ဝင္ေျပာလာသည္။ "ထားလိုက္ေတာ့ ..."

ဝမ္ေခ်ာင္က သူေကာင္းေစခ်င္လို႔ေျပာျခင္းကို သေဘာမေပါက္ဘဲ ရန္စျခင္းဟုေတြးကာ ျပန္ေအာ္ေတာ့သည္။ "ဘာကို 'ထားပါေတာ့' လဲ။ ၾကည့္ထား။"

ရွဲ႕က်ဴရွင္း : "???"

ဝမ္ေခ်ာင္ ေခါင္းလွည့္လာၿပီး အလ်င္အျမန္ ရွဲက်ဴရွင္း အနားကပ္လာကာ သူ႔ႏွုတ္ခမ္းေပၚ ဖိကပ္နမ္းခ်လိုက္ေလသည္။

ရွဲ႕က်ဴရွင္း : "!!!"

နမ္းၿပီးေနာက္မွာေတာ့ ဝမ္ေခ်ာင္ ခ်က္ခ်င္းဆိုသလို ေနာင္တရလာေတာ့သည္။ သူ ရွဲ႕က်ဴရွင္းမ်က္ႏွာကို လွမ္းမၾကည့္ရဲဘဲ ဘာမွမျဖစ္သြားခဲ့သလို ႀကိဳးစားဟန္ေဆာင္၍ အဖြဲ႕သားမ်ားထံ လက္ျဖန့္လ်က္ ေျပာေလသည္။ "ငါ နမ္းၿပီးၿပီ။ လာ၊ လာ၊ လာ။ ပိုက္ဆံ လာေပးၾက။ တစ္ေယာက္ ယြမ္တစ္ရာ။"

ခ်န္းေယာင့္တစ္ေယာက္တည္းကသာ နာနာခံခံႏွင့္ သူ႔ပိုက္ဆံအိတ္သူ ထုတ္လိုက္ေပမယ့္ အျခားဘယ္သူမွ မလွုပ္တာကို ျမင္လိုက္ရတာမို႔ အလ်င္အျမန္ပင္ စားပြဲေအာက္ထဲ ပိုက္ဆံအိတ္ကို ျပန္ထည့္ထားလိုက္ေတာ့သည္။

ဝမ္ေခ်ာင္က ဆက္၍သတၱိေကာင္းဟန္ေဆာင္ေနဆဲ။ "ဘာလဲ။ ေလာင္းရဲရင္ အရွုံးကိုလည္း လက္ခံရဲရမယ္ေလ။ ရွုံးသြားမွ မေပးခ်င္ဘူး မလုပ္နဲ႔။"

ရွဲ႕က်ဴရွင္းမ်က္ႏွာကေတာ့ ေတာင့္တင္းေအးခဲေနလ်က္။

"ဘယ္သူက မင္းနဲ႔ ေလာင္းေၾကးထပ္ခ်င္လို႔လဲ။ ဒါေတြအကုန္လုံး မင္းအႀကံေတြခ်ည္းပဲေလ။ မင္းပဲ ဘယ္လိုပဲျဖစ္ေနေန သူ႔ကို ရေအာင္ နမ္းမယ္ဆို ..."

က်ိက်ဲ ေရွာင္ရွဲ႕ကို တစ္ခ်က္လွမ္းၾကည့္၍ အသံအေနအထားေျပာင္းလိုက္ရသည္။ "မင္းပဲလုပ္ခ်င္တာေလ၊ ဘယ္သူကမွ လုပ္ဖို႔မေျပာဘူး။"

ဝမ္ေခ်ာင္ ျပန္ေျပာဖို႔လုပ္ေပမယ့္ စားပြဲထိုးက ဘီယာ လာခ်တာနဲ႔တိုးသြားတာမို႔ သူ ပါးစပ္ပိတ္ၿပီး ရွဲ႕က်ဴရွင္းကိုသာ ေသေသခ်ာခ်ာစိုက္ၾကည့္ေနမိသည္။ သို႔ေပမယ့္ သူ တကယ္ စိတ္ဆိုးသြားသလား မေျပာနိုင္။

ယန္ေရွာင္းမူက အရမ္းကသိကေအာက္ျဖစ္ေနသလို ခံစားရတာမို႔ ဘီယာတစ္ပုလင္း လွမ္းယူၿပီး စကား စေျပာေလသည္။ "ငါတို႔ ဒီကိုေသာက္ဖို႔လာတာဆိုေတာ့ အေပ်ာ္အပါးေလးလည္း လုပ္တာေပါ့။ ဖဲခ်ပ္ ကစားမလား၊ အန္စာတုံးပစ္တာ ကစားမလား။"

သို႔ႏွင့္ သူတို႔လူစု၍ အန္စာတုံးသြားကစားဖို႔ ထြက္သြားၾကေတာ့သည္။

"မင္း တကယ္စိတ္ဆိုးသြားတာလား။" ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းအနားကပ္ၿပီး တိုးတိုးေျပာလိုက္သည္။ "မင္းက ငါ့ကို ဒီတစ္ညလုံး လ်စ္လ်ဴရွုထားတယ္။ ငါ အရမ္းစိတ္တိုတာပဲ။ သူတို႔ကလည္း အႀကံဆိုးေတြနဲ႔ ငါ့ကို ဆက္တိုက္လာစေနတာ .."

ရွဲ႕က်ဴရွင္း : "..." 'မင္းက သူမ်ားကို အႀကံဆိုးေတြနဲ႔လို႔ ေျပာနိုင္ေသးတယ္ေပါ့။ အရွက္မရွိဘူးလား။'

ဝမ္ေခ်ာင္ သူ စကားျပန္မေျပာတာကို ျမင္သည္ႏွင့္ အေသးစိတ္ ရွင္းျပေတာ့သည္။ "က်ိက်ဲက မင္း ယန္က်ားက်ားကို အခုထိ ဂ႐ုစိုက္ေနေသးတာမို႔ စိတ္တိုသြားတာလို႔ ငါ့ေျပာတယ္။ ၿပီးေတာ့ သူကေျပာေသးတယ္။ မင္းတို႔ႏွစ္ေယာက္က အခ်ိန္အၾကာႀကီး တြဲလာတာမို႔ ခံစားခ်က္ေတြဆိုတာ မနည္းဘူးတဲ့။ မင္းနဲ႔သူ ဆက္ဆံေရးက ငါနဲ႔မင္း ရင္းႏွီးတာထက္ ပိုတယ္ဆိုလို႔ ငါက ငါတို႔ႏွစ္ေယာက္ ဘယ္ေလာက္ရင္းႏွီးလဲ ျပခ်င္သြားတာ။"

ရွဲ႕က်ဴရွင္း ေဒါသထြက္လြန္းတာမို႔ ရယ္သာရယ္မိေတာ့သည္။ "အဲ့တာနဲ႔ပဲ မင္းက ငါ့ကို ေလာင္းေၾကးထပ္လိုက္တယ္ေပါ့? ငါက ယြမ္ ၄၀၀ ပဲ တန္တာလား။"

ဝမ္ေခ်ာင္ အံ့အားသင့္သြားသလိုေျပာလာသည္။ "ငါ ေလာင္းေၾကးနည္းနည္းပဲထားလို႔ မင္း စိတ္ဆိုးသြားတာလား။"

ရွဲ႕က်ဴရွင္း : "..." 'ဘာမွမေျပာခ်င္ေတာ့ဘူး၊ ရိုက္ခ်င္တာပဲသိတယ္။'

ဝမ္ေခ်ာင္ အလြန္အမင္း မတရားခံေနရသလို ရွင္းျပလာသည္။ "ငါ တကယ္ မင္းကို ေလာင္းေၾကးထပ္ဖို႔ မရည္ရြယ္ပါဘူး။ ငါက ငါတို႔ႏွစ္ေယာက္ ဆက္ဆံေရးကို ထုတ္ႂကြားခ်င္႐ုံတင္။ ငါတို႔ ရင္းႏွီးတယ္ဆို နမ္းတာက ဘာမွမဟုတ္ဘူးေလ။"

ရွဲ႕က်ဴရွင္း : "..." 'အရွုံးေပးတယ္၊ ငါပဲ လက္ေလ်ာ့လိုက္ၿပီ!'

ဝမ္ေခ်ာင္ သူ႔ကို ေကာင္းေကာင္း မေခ်ာ့နိုင္တာမို႔ အရွက္မရွိသလိုျပန္ေနေတာ့သည္။ "ဒါဆိုလည္း မင္း ဘယ္လိုလုပ္ခ်င္လဲေျပာ။ ငါ မင္းကို နမ္းၿပီးၿပီပဲ။ ေဒါသထြက္ေနလို႔ အက်ဳံးမဝင္ေတာ့ဘူး။ မင္း ငါ့ကို ျပန္နမ္းရင္ေရာ?"

ရွဲ႕က်ဴရွင္း : "..."

သူ အခုခံစားေနရတာကို မေဖာ္ျပနိုင္၊ အနည္းငယ္ ေဒါသထြက္ေနသလို နည္းနည္းလည္း ရယ္ခ်င္ေနၿပီး ရင္ထဲမွာလည္း နာမည္တပ္မရတဲ့ခံစားခ်က္အခ်ိဳ႕ျဖစ္ထြန္းလို႔ေနသည္။ 

ဝမ္ေခ်ာင္ သူ႔မ်က္ႏွာအမူအရာေပ်ာ့ေျပာင္းသြားတာကို ျမင္တာႏွင့္ ဆက္ဗလုံးဗေထြးေျပာေလသည္။ "ငါက မင္းလို ကပ္ေစးမႏွဲဘူး။ တစ္ခါနမ္း႐ုံနဲ႔ ေဒါသေတြ ထြက္သြားတာ။ လာ၊ လာ၊ မင္းႀကိဳက္သေလာက္ လာနမ္း။"

ရွဲ႕က်ဴရွင္း သူ႔မ်က္ႏွာကို လွမ္းဖ်စ္ညႇစ္ကာ ၃၆၀ ဒီဂရီ ဆြဲလွည့္ေတာ့သည္။

အေတာ္ေလး နာတယ္ဟု ေျပာရနိုင္သည္။ ဝမ့္ေခ်ာင့္ေအာ္သံက အရမ္းလူအာ႐ုံစိုက္ဖြယ္ျဖစ္ေန၏။

အဖြဲ႕သားမ်ားလည္း အန္စာတုံးလိမ့္တာရပ္ၿပီး အတူလက္ခုပ္တီးေပးလာၾကသည္။

ရွဲ႕က်ဴရွင္း သူ႔ကို ျပန္လႊတ္ေပးၿပီး ေျပာလိုက္သည္။ "တစ္ေယာက္ကို ယြမ္တစ္ရာ။ ဒီယူလာခဲ့။"

အဖြဲ႕သားမ်ား : "..."

KittyKitling

T/N : မီးေကာင္းက်ိဳးမေပးလို႔ Kit ဖုန္းအား ၁၀ ပဲက်န္ေတာ့တယ္ TT

အေျပးလာတင္ရ။ မီးလာမွ ျပန္လာခဲ့မယ္ေနာ္!!

Continue Reading

You'll Also Like

1.6M 290K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
190K 22K 68
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...