[Unicode]
'ရထားတွဲလေး ဝူးဝူးဝူး'
နောက်တစ်နေ့ နေ့လည်ရောက်ချိန်မှာတောင် ဝမ်ချောင် အိပ်ကောင်းနေဆဲ။ ရှဲ့ကျူရှင်း သူ့ပစ္စည်းများ သိမ်းဆည်းလို့ အပြင်ထွက်သွားသံကြားတာနှင့် သူ တန်းမျက်လုံးဖွင့်ကြည့်လိုက်ပေမယ့် ရှဲ့ကျူရှင်းကတော့ ထွက်သွားခဲ့ပြီ။
သူ ထပ်မအိပ်နိုင်တော့ဘဲ စိတ်အခြေအနေပါ မကောင်းတော့။
နောက်ဆို သူ ထပ်ပြီးတစ်ယောက်တည်းဖြစ်ရတော့မည်။ ဘယ်သူကမှ သူ ဂိမ်းထဲ ၅ ယောက်လုံး သတ်လိုက်နိုင်တာကို ကြွားလျှင် နားထောင်မည့်သူ မရှိတော့။ ထို့အပြင် သူ့အတွင်းခံများကိုလည်း သူ့ဘာသာလျှော်ရတော့မည်။
ငယ်ငယ်လေးကတည်းက သူ့မှာ လူတွေအနား အရမ်းကပ်တတ်သည့်အကျင့်ရှိသည်။ သူ့မိဘနှင့် သူ့အစ်ကိုနှစ်ယောက်နားလည်း သူ အရမ်းကပ်လိမ့်ရှိပေမယ့် အခုနှစ်အတောအတွင်း သူ့မိဘများက အဝေးရောက်နေပြီး ဝမ်ချီနှင့် ဝမ်ကျင်းကလည်း အလုပ်ရှုပ်နေကာ သူ တစ်ခုခုဆိုးသွမ်းမိတာနှင့် တန်းရိုက်လာတာမို့ သူလည်း တဖြည်းဖြည်းနှင့် လူနား သိပ်မကပ်တတ်တော့။ သူ့နားရှိသမျှ လူတိုင်းကို လိုက်မကပ်တော့တာဖြစ်ပြီး သူ့အပေါ် ကောင်းပေးသူနားသာ သူ ကပ်တော့သည်။ သူအနားကပ်ခဲ့တဲ့နောက်ဆုံးတစ်ယောက်က သူ့ကို ATM လို သဘောထားခဲ့သည့်အတန်းဖော်ပင်။ ထိုသူကလည်း အစပိုင်းတုန်းကတော့ သူ့အပေါ် အရမ်းကောင်းပေးခဲ့သည်။
အခု သူ့အတွက် အကောင်းဆုံးလူက ရှောင်ရှဲ့ဖြစ်၏။
သူ ခေါင်းအနောက်ကို ပွတ်ထိလိုက်သည်။ တစ်ည အိပ်ပြီးနောက်မှာတော့ ကားခေါင်းဖြင့် ဝင်ဆောင့်ပြီးရလာတဲ့ ဘုက မရှိတော့လုနီးပါး။ တကယ်တော့ မနေ့ကတည်းက ထင်သလောက် နာလှတာ မဟုတ်။
ရှောင်ရှဲ့က သူ့အပေါ် အရမ်းကောင်းလွန်းသည်။ ကားက လှုပ်နေတာမို့ ပါပါရာဇီတွေ ဖမ်းမိသွားမှာ စိုးရိမ်ပြီးတောင် သူ့အပေါ် အရမ်းဒေါသထွက်သွားခဲ့သည်။ ဒါတောင်မှ သူ့ခေါင်းနောက်မှာ ဘုထနေတာကိုမြင်တာနှင့် စိတ်ပြန်ပျော့သွားလေသည်။ ဒါနဲ့တင် Prada အိတ် ပေးလိုက်ရတာ တန်သွားသလိုပင်။
ရှဲ့ကျူရှင်း သူ့အိမ်အသစ်ကို သွားရောက်ရှင်းလင်းပြီးတာနှင့် ယန်ကျားကျားထံ ဖုန်းခေါ်ဆိုလိုက်သည်။
"... ရှောင်ရှဲ့?" ယန်ကျားကျားအနေနှင့် သူ့ဘက်မှ ထပ်ဆက်သွယ်လာမည်ဟု မထင်ထားတာကြောင့် သူမအသံက မသေချာခြင်းများဖြင့် ပြည့်နှက်လို့နေသည်။
သူ ပြန်ဖြေလိုက်သည်။ "ငါပါ။ မင်း အခု အိမ်မှာလား။"
"ဟုတ်တယ်။ ကျွန်မ အိမ်မှာ။
"ဒါဆို ငါ ငါ့ပစ္စည်းတွေယူဖို့ အခုပြန်လာခဲ့မယ်။ တစ်လက်စတည်း မင်းကို အိမ်သော့ပေးခဲ့မလို့။"
သူ ထိုနေရာ၌ တစ်နှစ်ကျော်နေခဲ့တာမို့ ပစ္စည်းများ အများအပြားရှိနေပေမယ့် အကုန်ပြန်သယ်သွားဖို့ မလိုလှ။ သွမ့်ယိခွန်းပြောခဲ့သလိုပင်၊ ဒီအဝတ်အစားဟောင်းများနှင့် ဖိနပ်ဟောင်းများကို နောက်ကျရင် သူ့အနေနှင့် ထပ်ဝတ်ဖြစ်တော့မှာတောင် မဟုတ်။ အရေးကြီးတာက ထိုနေရာတွင် စာရွက်စာတမ်းများ ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။
ယန်ကျားကျားလည်း ထိုအကြောင်းကို နားလည်ပုံရသည်။
သူ အခန်းထဲဝင်သွားလိုက်တာနှင့် ကော်ဖီစားပွဲပေါ် စီစီရီရီ တင်ပေးထားသည့်စာရွက်စာတမ်းများကို တွေ့လိုက်ရတော့သည်။
သူ လျှောက်သွားကာ စာရွက်စာတမ်းများကို လှမ်းယူပြီး သူ့အိတ်ထဲ ထည့်လျက်ပြောလိုက်သည်။ "ကျေးဇူး"
"မလိုပါဘူး။"
သူ စာရွက်စာတမ်းများကို သိမ်းပြီးတာနှင့် အခန်းသော့ကို စားပွဲပေါ်ချ၍ပြောလိုက်သည်။ "ဒီအခန်းက သက်တမ်းကုန်ဖို့ နှစ်လလိုသေးတယ်။ မင်း ဆက်နေချင်သေးတယ်ဆို သက်တမ်းတိုးဖို့ တိုက်ခန်းပိုင်ရှင်နဲ့ ဆက်သွယ်ရလိမ့်မယ်။ လက်မှတ်သွားထိုးရင်တော့ သူငယ်ချင်းတစ်ယောက် ခေါ်သွား၊ ကောင်လေးဆို ပိုကောင်းမယ်။ အဲ့တိုက်ခန်းပိုင်ရှင်က ကွာရှင်းထားတဲ့လူဆိုတော့ မင်းတစ်ယောက်တည်းနေမှန်းသိရင် သိပ်မလုံခြုံဘူး။"
"... အင်း"
"ဒါဆို ငါ ပြန်တော့မယ်။"
သူ တံခါးနားသို့ လျှောက်သွားပြီး တံခါးဖွင့်ဖို့လုပ်နေတုန်းမှာပဲ ယန်ကျားကျားက သူ့ကို အနောက်မှ ပြေးဖက်လေသည်။
"..."
ယန်ကျားကျား ငိုရင်းပြောလာသည်။ "ကျွန်မ အမှားလုပ်ထားမှန်း သိပါတယ်။ လမ်းမခွဲရအောင်၊ ကျွန်မ ရှင့်ကို ချစ်နေသေးတယ်။"
ရှဲ့ကျူရှင်း မျက်မှောင်ကြုတ်လျက်ပြောလာသည်။ "ဒီလိုတွေမလုပ်နဲ့။"
ယန်ကျားကျား ငိုနေရင်း သူမအကြောင်း ဆက်ပြောပြလို့နေသည်။ "ရှင် ပွဲဦးထွက်တော့မယ်ဆိုတာရော ရှင့်အပေါ် ထိခိုက်လာမှာကို စိုးရိမ်နေတာရော ကျွန်မ သိတယ်။ ကျွန်မ ကျော်ကြားမှုကိုလည်း မလိုချင်ပါဘူး။ ရှင် အပြင်ကလူတွေကို တစ်ကိုယ်တည်းသမားလို့ ပေးသိထားလည်း ရတယ်။ ကျွန်မကိုသာ မထားခဲ့ပါနဲ့။ အခု ကျွန်မမှာ ဘာမှ မရှိတော့ဘူး။"
ရှဲ့ကျူရှင်း သူမလက်ကို ဖြုတ်ချရင်း တစ်ဖက်လှည့်ကာ ခြေတစ်လှမ်းဆုတ်ပြီး ခပ်ပြတ်ပြတ်သာပြောလေသည်။ "ဒါက ငါ ပွဲဦးထွက်ရတာနဲ့ မဆိုင်ဘူး။ မင်းလမ်းခွဲချင်တုန်းကလည်း မင်းကို အပြစ်မတင်ခဲ့ဘူး၊ ငါ မင်းကို ထပ်ပြီးဆွဲမထားချင်တော့တာ။ ကျားကျား၊ ငါ မင်းကို မချစ်တော့ဘူး။"
ယန်ကျားကျား သူ့ကို ငေးကြည့်ရင်း အငိုတိတ်သွားပြီး ပြောလာသည်။ "မချစ်တော့တာလား၊ မချစ်ခဲ့ဖူးတာလား။"
ရှဲ့ကျူရှင်း သူ့အောက်နှုတ်ခမ်းကိုသာ ဖိကိုက်ထားမိသည်။
သူ ဒီမေးခွန်းရဲ့အဖြေကို အသေအချာသိနေပေမယ့် တစ်ဖက်လူ ခံစားရသက်သာစေမည့်ဆင်ခြေကိုသာ အသုံးပြုချင်မိသည်။
သူ့အိတ်ကပ်ထဲရှိဖုန်းက အသံမြည်လာပြီး ဖုန်းသံကတော့ သူတို့အဖွဲ့ရဲ့ပွဲဦးထွက်သီချင်း 'Summer Ice' ဖြစ်၏ ... ဒါ ဝမ်ချောင်အတွက် လုပ်ပေးထားသည့်သီးသန့်ဖုန်းသံဖြစ်ပြီး ဝမ်ချောင်ကပဲ သူ့ဖုန်းကို ယူပြီးကလိသွားတာဖြစ်သည်။
"မင်း သန့်ရှင်းရေးလုပ်ပြီးပြီလား။" ဝမ်ချောင် ပြောလာသည်။ "ငါ ဘယ်မှာလဲ မှန်းကြည့်။"
သူ့အသံကို ကြားရုံနှင့် ပျော်မြူးနေမည့်သူ့မျက်နှာကို ရှဲ့ကျူရှင်း မြင်ယောင်ကြည့်လို့ရနေသည်။
ဝမ်ချောင် ရယ်လျက် ဆက်ပြောသည်။ "ငါ အခု မင်းရဲ့အိမ်အသစ်အောက်မှာ! ဟားဟားဟား!"
"... ငါ အိမ်မှာ မဟုတ်ဘူး။"
ဝမ်ချောင်မှာ ရေအေးဖြင့် လောင်းခံလိုက်ရသလို စိတ်ပျက်လက်ပျက်နှင့်ပြောလာသည်။ "ဒါဆို မင်းဘယ်မှာလဲ။"
"ငါ့အရင်နေရာမှာ၊ ယူစရာလေးတွေ သွားယူနေတာ။"
ထိုအကြောင်းကြားလိုက်တာနှင့် ဝမ်ချောင်က ချက်ချင်းပြောလေသည်။ "ဟိုလက်ဖက်စိမ်းမရော အဲ့မှာ ရှိနေတာမလား။ စိတ်ပျော့မနေနဲ့။ သူ မင်းကို ဖြားယောင်းလာဦးမယ်၊ သတိထား!"
အခန်းက တိတ်ဆိတ်လို့နေတာမို့ တစ်ဖက်ကအသံကို ရှင်းရှင်းလင်းလင်းကြားနေရတော့သည်။
ယန်ကျားကျား မေးလိုက်သည်။ "သူက ဘယ်သူ့ကို လက်ဖက်စိမ်းမလို့ခေါ်နေတာလဲ။"
ဝမ်ချောင်လည်း သူမအသံကို ကြားသွားပြီး ကျယ်ကျယ်လောင်လောင် ပြန်ပြော၏။ "ဘယ်သူ့ပြောရမှာလဲ၊ မင်းအကြောင်း ပြောနေတာပေါ့!"
ယန်ကျားကျား သူ့အသံကို နားထောင်ကြည့်ရုံနှင့် ဟိုနေ့က ရှဲ့ကျူရှင်းနှင့် အိပ်နေတဲ့ကောင်လေးမှန်း သိသွားတော့သည်။ သို့နှင့် သူမလည်း အသံမြှင့်၍ ပြောတော့သည်။ "ငါ နင့်ကို မှတ်မိပြီ! သောက်ဂေးကောင်လေး!"
ရှဲ့ကျူရှင်း : "..."
ဝမ်ချောင် : "...ဘာ? ဘာဖြစ်တယ်?"
ရှဲ့ကျူရှင်း စဉ်းတောင် မစဉ်းစားနေဘဲ ဖုန်းတန်းချလိုက်သည်။ "မင်း ဘာမဟုတ်တာတွေ ပြောနေတာလဲ။"
ယန်ကျားကျား အေးစက်စက်ရယ်သည်။ "ကျွန်မ အဲ့လိုဂေးလေးတွေကို အများကြီးမြင်ဖူးထားတယ်။"
"ဒါဆို မင်း ဒီတစ်ခေါက်တော့ မှား..."
သူ့စကား မဆုံးခင်မှာပဲ 'Summer Ice' သီချင်းသံက ထပ်မြည်လာပြန်သည်။
ရှဲ့ကျူရှင်း ဖြေတဲ့ခလုတ်ကိုနှိပ်ရင်း ယန်ကျားကျားအား ပြောလိုက်သည်။ "ငါ ပြန်နှင့်ပြီ။"
ထို့နောက် သူပြန်ဖို့ပြင်လိုက်သည်။
ဝမ်ချောင်က တစ်ဖက်မှ အော်ပြောလာ၏။ "မင်း ရပ်နေ! သူ ငါ့ကို အခုလေးတင် ဂေးလို့ခေါ်လိုက်တာလား။"
"မဟုတ် .."
သို့ပေမယ့် ယန်ကျားကျားက သူ့ကို နင်သွားစေသည်။ "ငါပြောလိုက်တယ်! အကျိုနည်းဂေး! ငါ့ကောင်လေးကို လာဖျားယောင်းနေတာ!"
ရှဲ့ကျူရှင်း : "..."
ဝမ်ချောင်လည်း ဒေါသထွက်လာပြီး တရစပ်ပြောတော့သည်။ "ဘယ်သူက မင်းကောင်လေးလဲ။ မင်းလိုကောင်မမျိုးကို ရှောင်ရှဲ့သဘောကျသွားတာ အရင်က သူ မျက်ကန်းနေလို့ပဲဖြစ်ရမယ်။ ပြီးတော့ မင်းတို့လမ်းခွဲပြီးတာကြာလှပြီ၊ ဘာကောင်လေးလဲ။ အရှက်မရှိဘူးလား!"
ယန်ကျားကျားကလည်း ငြိမ်မခံ၊ ပြန်ပြောသည်။ "ဘယ်သူက အရှက်မရှိနေတာလဲ!? ရှောင်ရှဲ့က အဖြောင့်စစ်စစ်။ နင့်လိုယုန်ပေါက်တွေအတွက် အကောင်းဆုံးသားကောင်ပေါ့။ ငါဖြင့် ဒီလိုကိစ္စမျိုး အများကြီးမြင်ဖူးနေပြီသား!"
"ဘယ်သူ့ကို မင်းက ယုန်ပေါက်လေးလို့ခေါ်နေတာလဲ! ငါ့ရဲ့ 18cm ညီလေးကို လာကြည့်လိုက်စမ်းပါ!"
ရှဲ့ကျူရှင်းဖုန်းထဲကနေပြီး နှစ်ယောက်သား အချင်းချင်း အော်ဟစ်နေကြသည်မှာ ဆက်ပြောလေလေ အဆဲစာလုံးများက ပိုညစ်ညမ်းလာလေလေဖြစ်နေတော့သည်။
ရှဲ့ကျူရှင်းမှာ ဆွံ့အသွားရသည်။ "ဘာတစ်ခွန်းမှ မပြောလာနဲ့!"
ယန်ကျားကျား နှုတ်ခမ်းတင်းတင်းစေ့ထားရင်း အသံတိတ်သွားသည်။
ဝမ်ချောင် ဒေါသတကြီးဖြင့်ပြောလာသည်။ "မပြောဘူး၊ မပြောတော့ဘူး! မင်း! အဲ့မှာဆက်နေမနေနဲ့။ မြန်မြန်ပြန်လာခဲ့တော့။ ငါ ကျိကျဲနဲ့အခြားလူတွေကိုလည်း ပြောပြီးသွားပြီ။ ညကျ လျန်-ကောအိမ်ကို ပါတီသွားလုပ်မယ်လို့ပြောထားတယ်လေ။"
"ဟုတ်ပြီ။ ဖုန်းချပြီ။"
သူ ဖုန်းချပြီးတာနှင့် ယန်ကျားကျားကို အတည်အတန့်ပြောလိုက်သည်။ "မင်း ဒီတစ်ခေါက်တော့ တကယ့်အကြည့်လွဲသွားပြီ။ သူက မိန်းကလေးတွေကို အရမ်းသဘောကျတာ၊ ငါ့ထက် ပိုကြိုက်တယ်။"
ယန်ကျားကျား ခါးသက်သက်နှင့်ပြန်ဖြေ၏။ "ဒါဆို နှစ်လမ်းသွားနေမှာပေါ့။ ကျွန်မဖြင့် အခြားအဖြောင့်ကောင်တစ်ယောက်နား အတွင်းခံပဲဝတ်ပြီး ကပ်နေတတ်တဲ့ အဖြောင့်ကောင်ဆိုတာမျိုး မမြင်ဖူးပါဘူး။"
"..."
သူကတော့ ဝမ်ချောင်ကို နှစ်လမ်းသွားဟု မထင်။ ဝမ်ချောင် သူ့အနားကပ်သည့်ပုံက သူငယ်တန်းလေးတွေ သူတို့အချစ်ဆုံးသူငယ်ချင်းနား ပူးကပ်နေသလိုဖြစ်သည်။ အထိအတွေ့များက သူတို့ရင်းနှီးကြောင်းကို ဖော်ပြနေပြီး ယောက်ျား၊ မိန်းမဆိုတာနှင့် မသက်ဆိုင်လှသလို အိပ်ရာပေါ်ကိစ္စများနှင့်လည်း မဆိုင်လှ။
ကားပေါ်တစ်ယောက်တည်းထိုင်နေရင်း ဝမ်ချောင် ယန်ကျားကျားအား အရှက်မရှိလေခြင်းဟု ဆဲဆိုနေလျက်ရှိသည်။ ရုတ်တရက် သူ သူမပြောသွားသည့်ရှောင်ရှဲ့လိုကောင်လေးများက ဂေးတွေအတွက် အကောင်းဆုံးသားကောင်လို့ပြောတာကို တွေးမိသွားတော့သည်။
... မကောင်းတော့။
ဒီည သူက ရှောင်ရှဲ့ကို တစ်ကိုယ်တည်းသမားဖြစ်နေတဲ့ဂေးတစ်ယောက်ရဲ့အိမ်ကို ပျော်ပါးဖို့ ခေါ်သွားမှာဖြစ်ပြီး အဲ့တစ်ကိုယ်တည်းသမားကလည်း ရှောင်ရှဲ့နှင့် လိုင်းပေါ်တွင် 'ရှီချားလျန်' ဟု CP တွဲခံနေရဆဲ။
ရှဲ့ကျူရှင်းကတော့ ယန်ကျားကျားကို ထပ်ရှင်းပြဖို့ အာရုံနောက်မခံနေတော့ဘဲ ပြောလိုက်သည်။ "ပြန်ပြီ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။"
ယန်ကျားကျားလည်း သူ့ကို ဆွဲထားလို့မရမှန်း သိတာမို့ ရိုးရိုးရှင်းရှင်းသာပြောလိုက်သည်။ "ဟုတ်ပြီ။ နင်ရောပဲ။ နင်တို့အဖွဲ့အောင်မြင်ဖို့ ငါ ဆုတောင်းပေးနေမယ်။"
'Summer Ice' သီချင်းသံက တတိယအကြိမ် မြည်လာပြန်သည်။
ရှဲ့ကျူရှင်း : "... မင်း ဘာဖြစ်ချင်နေတာလဲ။"
ဝမ်ချောင် : "မင်း အဲ့အိမ်က ထွက်လာပြီလား။"
"အခုသွားတော့မလို့။"
"ဒီည အဲ့ကောင်မလေးကိုပါ မင်းနဲ့ခေါ်ခဲ့။"
ရှဲ့ကျူရှင်း : "???"
ဝမ်ချောင် ဗလုံးဗထွေးပြောလာသည်။ "ဒီည ငါတို့ သူ့အိမ်မှာ ဟော့ပေါ့စားရင် အသီးအရွက်တွေ ဆေးဖို့ ကောင်မလေးတစ်ယောက်တော့ ခေါ်ခဲ့ရမယ်လေ။"
ရှဲ့ကျူရှင်း ခေါင်းရှုပ်သွားသည်။ "မလိုဘူး။ ငါဆေးမှာ။"
"သူ့ကိုဖုန်းပေးလိုက်။ ငါ သူနဲ့ပြောမို့။"
"ပြဿနာ မရှာနဲ့။"
ဝမ်ချောင် : "ဘာကို 'ပြဿနာ မရှာနဲ့' လဲ။"
"မင်း အခု ပြဿနာရှာချင်နေတာ မဟုတ်ဘူးလား။"
"သူ့ကိုသာ ဖုန်းပေးလိုက်စမ်းပါ!"
ယန်ကျားကျားမှာ သူတို့နှစ်ယောက်ရဲ့ အချင်းချင်းတီတီတာတာကလူနေတာကို နားမခံသာတော့ဘဲ ဒေါသတကြီးဝင်ပြောတော့သည်။ "သူက ငါ့ကို ဘာပြောချင်နေတာလဲ။ ဘယ်သွားရမှာလဲ။"
"ဘာမှမဟုတ်ဘူး။"
ဝမ်ချောင်က ခပ်ကျယ်ကျယ်ပြန်အော်ပြောသည်။ "လျန်ရှီအိမ်မှာ ပါတီသွားလုပ်မှာ! လိုက်မှာလား။"
ယန်ကျားကျား ကြောင်အသွားသည်။ "... လိုက်မယ်။"
ရှဲ့ကျူရှင်း : "..."
"ဒါဆို ငါ အခုမင်းတို့ကို လာခေါ်မယ်။ ခဏနေကျ ရောက်ပြီ။"
သူ စိတ်မချသေးတာမို့ ရှဲ့ကျူရှင်းကို ထပ်ပြောပြန်သည်။ "မင်း သူနဲ့ဝေးဝေးနေနော်!"
ထို့နောက် ဖုန်းချသွား၏။
"အဲ့လျန်ရှီလား။ နင့် post ကို share ပေးသွားတဲ့ နာမည်ကြီးလေ။" ယန်ကျားကျား မေးလာသည်။
ရှဲ့ကျူရှင်း စိတ်ရှုပ်သလိုပြန်မေးလိုက်သည်။ "မင်း တကယ်လိုက်မလို့လား။"
"ဒါပေါ့၊ ငါ တကယ်လိုက်မှာ။ ငါလည်း ဒီအသိုင်းအဝိုင်းထဲ အလုပ်လုပ်နေရသေးတာပဲ။"
ထို့နောက် သူမက ပျော်ပျော်ကြီး အဝတ်အစားလဲ၍ မိတ်ကပ်ခြယ်သတော့သည်။
ရှဲ့ကျူရှင်း : "..."
သူတို့နှစ်ယောက်သား အချေအတင်ရန်ဖြစ်နေတာ တစ်မိနစ်တောင် မပြည့်သေး။ အခုတော့ သူတို့က အတူတူ ဇာတ်ကဖို့လုပ်နေကြသည်။ ဒါ ဘယ်လိုအရူးတွေလဲ။
နာရီဝက်အကြာ ယန်ကျားကျား ပြင်ဆင်ပြီးချိန်မှာပဲ ဝမ်ချောင်က အခန်းတံခါးကို လာခေါက်သည်။
ရှဲ့ကျူရှင်း တံခါးဖွင့်ပေးလိုက်တာနှင့် ဝမ်ချောင်က သူ့အနားတိုးကပ်လျက် အနံခံလာတော့သည်။
ယန်ကျားကျား : "..."
ရှဲ့ကျူရှင်းမှာ မျက်နှာပူသွားပြီး ခပ်တိုးတိုးပြောရတော့သည်။ "အနံ့ခံမနေနဲ့။ ငါ ဘာမှမလုပ်ထားဘူး။"
ဝမ်ချောင့်နှာခေါင်းက အတော်လေးကို အနံ့ခံစွမ်းကောင်းလှသည်။ "မင်းတို့ဘာမှတော့ မလုပ်ထားဘူး။ ဖက်တော့ဖက်ထားကြတယ်မလား။"
သူ ရှဲ့ကျူရှင်းနောက်ကျောကို ရွံရှာသလိုခါပေးရင်း ဆက်ပြောသည်။ "အထူးသဖြင့် ဒီနား။ အနံ့က ရနေကြမဟုတ်ဘူး။"
ယန်ကျားကျားမှာ ခံပြင်းသလိုရယ်ရင်းပြောသည်။ "ရှောင်ရှဲ့၊ နင်ပြော၊ ဒါတောင် သူက ဂေးမဟုတ်ဘူးလား။"
ရှဲ့ကျူရှင်း : "..."
ဝမ်ချောင် သူမကို မျက်ဆန်လှန်ပြလိုက်သည်။ "သွား၊ သွား။ ငါ မင်းနဲ့ စကားပြိုင်ပြောဖို့တောင် ပျင်းတယ်။ ငါ မင်းကို လျန်-ကောအိမ်မှာ ဟော့ပေါ့စားဖို့ ခေါ်သွားမှာ။ ဟိုရောက်ရင် စကားသိပ်မပြောနဲ့။ ပြီးမှ ငါ့ကို ကြိုမပြောဘူးလို့ လာမပြောနဲ့။ သူက စကားတအားများတဲ့ကောင်မလေးတွေကို မုန်းတယ်။"
ယန်ကျားကျား ချက်ချင်းပင် ပါးစပ်တန်းပိတ်သွားသည်။
ထို့နောက် ဝမ်ချောင် ရှဲ့ကျူရှင်းဘက်လှည့်၍ ပြောပြန်သည်။ "ဟိုရောက်ရင် လျန်-ကောကို မင်းကောင်မလေးလို့ပြောလိုက်။ အလိမ်မပေါ်စေနဲ့။"
ရှဲ့ကျူရှင်း ဒီအခြေအနေကို ပို ပိုပြီးနားမလည်တော့သလိုဖြစ်လာသည်။
သူတို့သုံးယောက် အပြင်သို့အတူထွက်သွားလိုက်ကြသည်။ ဝမ်ချောင့် sport ကားက လူနှစ်ယောက်သာ စီးလို့ရတာမို့ သူ ယန်ကျားကျားကို ယွမ် ၁၀၀ လှမ်းပေးပြီး ပြောလေသည်။ "မင်းဘာသာမင်း တက္ကစီငှါးပြီးလိုက်ခဲ့။"
ယန်ကျားကျားက သူ့ကို ချမ်းသာတဲ့လူထဲက တစ်ယောက်ယောက်ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားပြီးသားပင်။ အခု သူ့ကားကို မြင်ချိန်မှာတော့ သူမက ပိုလို့နာခံသွားပြီး ပိုက်ဆံယူကာ ချက်ချင်းထွက်သွားတော့သည်။
ရှဲ့ကျူရှင်းကတော့ ဝမ်ချောင်နှင့်အတူ ကားထဲ ဝင်ထိုင်လိုက်သည်။
ဝမ်ချောင်က ခရီးသည်ထိုင်ခုံမှာ ထိုင်ရင်း ခါးပတ် ပတ်လျက် ရွံရှာသလိုပြောလာသည်။ "အဲ့ဒါ ဘယ်လိုကောင်မလေးမျိုးလဲ။"
"... ဒါဆိုလည်း မင်း ဘာလို့အတင်းဆွဲခေါ်လာချင်ရတာလဲ။"
ဝမ်ချောင် ပြန်ပြောသည်။ "မင်းကောင်းဖို့အတွက်ပဲ မဟုတ်ဘူးလား။"
ရှဲ့ကျူရှင်းအနေနှင့် သူ့ကို ဘယ်လိုကောင်းစေမှာလဲ မသိနေတာမို့ ပြောလိုက်သည်။ "မင်းဘာသာမင်းပဲ ဆက်ကစားနေလိုက်။"
ဝမ်ချောင် နည်းနည်းတော့ဒေါသထွက်နေပေမယ့် လျန်ရှီအတွင်းရေးကိစ္စများလည်း မပြောပြချင်တာမို့ ဝါးတားတားသာပြန်ဖြေလိုက်သည်။ "ငါသာ လျှောက်မလုပ်ရင် မင်းက တကယ်ကြီး လျန်-ကောရဲ့ရထားတွဲလေးဖြစ်သွားလိမ့်မယ်။"
ရှဲ့ကျူရှင်းက သူပြောတာကို သေချာမကြားမိတာမို့ ထပ်မေးလိုက်သည်။ "ဘာရထားလေးလဲ။"
ဝမ်ချောင် သူ့ကို အရိပ်အမြွက်ပြောလာသည်။ "နေ့တိုင်း ဝူးဝူးဝူးလို့ မြည်တဲ့ရထားတွဲလေးလေ။ ဟို ဝူးဝူးဝူး မဟုတ်ဘူး၊ ဒီ ဝူးဝူးဝူး!"
ရှဲ့ကျူရှင်း : "..." ဘာ 'ဝူးဝူးဝူး' လဲ။ ဘာလို့ သူက ချစ်ဖို့ကောင်းအောင်လုပ်ပြနေရတာလဲ။
KittyKitling
T/N : [污污污 — ညစ်ပတ်တယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ etran က fuck လို့ ပြန်ထားပါတယ်။ 呜呜呜 — ငိုတဲ့နေရာမှာတို့ ရထားမောင်းသံ 'ဝူးဝူးဝူး'ဆိုပြီး သုံးတဲ့အသံပါ။ နှစ်ခုက အသံတူနေတာပါ။]
_____///_____
[Zawgyi]
'ရထားတြဲေလး ဝူးဝူးဝူး'
ေနာက္တစ္ေန႔ ေန႔လည္ေရာက္ခ်ိန္မွာေတာင္ ဝမ္ေခ်ာင္ အိပ္ေကာင္းေနဆဲ။ ရွဲ႕က်ဴရွင္း သူ႔ပစၥည္းမ်ား သိမ္းဆည္းလို႔ အျပင္ထြက္သြားသံၾကားတာႏွင့္ သူ တန္းမ်က္လုံးဖြင့္ၾကည့္လိုက္ေပမယ့္ ရွဲ႕က်ဴရွင္းကေတာ့ ထြက္သြားခဲ့ၿပီ။
သူ ထပ္မအိပ္နိုင္ေတာ့ဘဲ စိတ္အေျခအေနပါ မေကာင္းေတာ့။
ေနာက္ဆို သူ ထပ္ၿပီးတစ္ေယာက္တည္းျဖစ္ရေတာ့မည္။ ဘယ္သူကမွ သူ ဂိမ္းထဲ ၅ ေယာက္လုံး သတ္လိုက္နိုင္တာကို ႂကြားလၽွင္ နားေထာင္မည့္သူ မရွိေတာ့။ ထို႔အျပင္ သူ႔အတြင္းခံမ်ားကိုလည္း သူ႔ဘာသာေလၽွာ္ရေတာ့မည္။
ငယ္ငယ္ေလးကတည္းက သူ႔မွာ လူေတြအနား အရမ္းကပ္တတ္သည့္အက်င့္ရွိသည္။ သူ႔မိဘႏွင့္ သူ႔အစ္ကိုႏွစ္ေယာက္နားလည္း သူ အရမ္းကပ္လိမ့္ရွိေပမယ့္ အခုႏွစ္အေတာအတြင္း သူ႔မိဘမ်ားက အေဝးေရာက္ေနၿပီး ဝမ္ခ်ီႏွင့္ ဝမ္က်င္းကလည္း အလုပ္ရွုပ္ေနကာ သူ တစ္ခုခုဆိုးသြမ္းမိတာႏွင့္ တန္းရိုက္လာတာမို႔ သူလည္း တျဖည္းျဖည္းႏွင့္ လူနား သိပ္မကပ္တတ္ေတာ့။ သူ႔နားရွိသမၽွ လူတိုင္းကို လိုက္မကပ္ေတာ့တာျဖစ္ၿပီး သူ႔အေပၚ ေကာင္းေပးသူနားသာ သူ ကပ္ေတာ့သည္။ သူအနားကပ္ခဲ့တဲ့ေနာက္ဆုံးတစ္ေယာက္က သူ႔ကို ATM လို သေဘာထားခဲ့သည့္အတန္းေဖာ္ပင္။ ထိုသူကလည္း အစပိုင္းတုန္းကေတာ့ သူ႔အေပၚ အရမ္းေကာင္းေပးခဲ့သည္။
အခု သူ႔အတြက္ အေကာင္းဆုံးလူက ေရွာင္ရွဲ႕ျဖစ္၏။
သူ ေခါင္းအေနာက္ကို ပြတ္ထိလိုက္သည္။ တစ္ည အိပ္ၿပီးေနာက္မွာေတာ့ ကားေခါင္းျဖင့္ ဝင္ေဆာင့္ၿပီးရလာတဲ့ ဘုက မရွိေတာ့လုနီးပါး။ တကယ္ေတာ့ မေန႔ကတည္းက ထင္သေလာက္ နာလွတာ မဟုတ္။
ေရွာင္ရွဲ႕က သူ႔အေပၚ အရမ္းေကာင္းလြန္းသည္။ ကားက လွုပ္ေနတာမို႔ ပါပါရာဇီေတြ ဖမ္းမိသြားမွာ စိုးရိမ္ၿပီးေတာင္ သူ႔အေပၚ အရမ္းေဒါသထြက္သြားခဲ့သည္။ ဒါေတာင္မွ သူ႔ေခါင္းေနာက္မွာ ဘုထေနတာကိုျမင္တာႏွင့္ စိတ္ျပန္ေပ်ာ့သြားေလသည္။ ဒါနဲ႔တင္ Prada အိတ္ ေပးလိုက္ရတာ တန္သြားသလိုပင္။
ရွဲ႕က်ဴရွင္း သူ႔အိမ္အသစ္ကို သြားေရာက္ရွင္းလင္းၿပီးတာႏွင့္ ယန္က်ားက်ားထံ ဖုန္းေခၚဆိုလိုက္သည္။
"... ေရွာင္ရွဲ႕?" ယန္က်ားက်ားအေနႏွင့္ သူ႔ဘက္မွ ထပ္ဆက္သြယ္လာမည္ဟု မထင္ထားတာေၾကာင့္ သူမအသံက မေသခ်ာျခင္းမ်ားျဖင့္ ျပည့္ႏွက္လို႔ေနသည္။
သူ ျပန္ေျဖလိုက္သည္။ "ငါပါ။ မင္း အခု အိမ္မွာလား။"
"ဟုတ္တယ္။ ကၽြန္မ အိမ္မွာ။
"ဒါဆို ငါ ငါ့ပစၥည္းေတြယူဖို႔ အခုျပန္လာခဲ့မယ္။ တစ္လက္စတည္း မင္းကို အိမ္ေသာ့ေပးခဲ့မလို႔။"
သူ ထိုေနရာ၌ တစ္ႏွစ္ေက်ာ္ေနခဲ့တာမို႔ ပစၥည္းမ်ား အမ်ားအျပားရွိေနေပမယ့္ အကုန္ျပန္သယ္သြားဖို႔ မလိုလွ။ သြမ့္ယိခြန္းေျပာခဲ့သလိုပင္၊ ဒီအဝတ္အစားေဟာင္းမ်ားႏွင့္ ဖိနပ္ေဟာင္းမ်ားကို ေနာက္က်ရင္ သူ႔အေနႏွင့္ ထပ္ဝတ္ျဖစ္ေတာ့မွာေတာင္ မဟုတ္။ အေရးႀကီးတာက ထိုေနရာတြင္ စာရြက္စာတမ္းမ်ား က်န္ရစ္ေနခဲ့ျခင္းျဖစ္သည္။
ယန္က်ားက်ားလည္း ထိုအေၾကာင္းကို နားလည္ပုံရသည္။
သူ အခန္းထဲဝင္သြားလိုက္တာႏွင့္ ေကာ္ဖီစားပြဲေပၚ စီစီရီရီ တင္ေပးထားသည့္စာရြက္စာတမ္းမ်ားကို ေတြ႕လိုက္ရေတာ့သည္။
သူ ေလၽွာက္သြားကာ စာရြက္စာတမ္းမ်ားကို လွမ္းယူၿပီး သူ႔အိတ္ထဲ ထည့္လ်က္ေျပာလိုက္သည္။ "ေက်းဇူး"
"မလိုပါဘူး။"
သူ စာရြက္စာတမ္းမ်ားကို သိမ္းၿပီးတာႏွင့္ အခန္းေသာ့ကို စားပြဲေပၚခ်၍ေျပာလိုက္သည္။ "ဒီအခန္းက သက္တမ္းကုန္ဖို႔ ႏွစ္လလိုေသးတယ္။ မင္း ဆက္ေနခ်င္ေသးတယ္ဆို သက္တမ္းတိုးဖို႔ တိုက္ခန္းပိုင္ရွင္နဲ႔ ဆက္သြယ္ရလိမ့္မယ္။ လက္မွတ္သြားထိုးရင္ေတာ့ သူငယ္ခ်င္းတစ္ေယာက္ ေခၚသြား၊ ေကာင္ေလးဆို ပိုေကာင္းမယ္။ အဲ့တိုက္ခန္းပိုင္ရွင္က ကြာရွင္းထားတဲ့လူဆိုေတာ့ မင္းတစ္ေယာက္တည္းေနမွန္းသိရင္ သိပ္မလုံျခဳံဘူး။"
"... အင္း"
"ဒါဆို ငါ ျပန္ေတာ့မယ္။"
သူ တံခါးနားသို႔ ေလၽွာက္သြားၿပီး တံခါးဖြင့္ဖို႔လုပ္ေနတုန္းမွာပဲ ယန္က်ားက်ားက သူ႔ကို အေနာက္မွ ေျပးဖက္ေလသည္။
"..."
ယန္က်ားက်ား ငိုရင္းေျပာလာသည္။ "ကၽြန္မ အမွားလုပ္ထားမွန္း သိပါတယ္။ လမ္းမခြဲရေအာင္၊ ကၽြန္မ ရွင့္ကို ခ်စ္ေနေသးတယ္။"
ရွဲ႕က်ဴရွင္း မ်က္ေမွာင္ၾကဳတ္လ်က္ေျပာလာသည္။ "ဒီလိုေတြမလုပ္နဲ႔။"
ယန္က်ားက်ား ငိုေနရင္း သူမအေၾကာင္း ဆက္ေျပာျပလို႔ေနသည္။ "ရွင္ ပြဲဦးထြက္ေတာ့မယ္ဆိုတာေရာ ရွင့္အေပၚ ထိခိုက္လာမွာကို စိုးရိမ္ေနတာေရာ ကၽြန္မ သိတယ္။ ကၽြန္မ ေက်ာ္ၾကားမွုကိုလည္း မလိုခ်င္ပါဘူး။ ရွင္ အျပင္ကလူေတြကို တစ္ကိုယ္တည္းသမားလို႔ ေပးသိထားလည္း ရတယ္။ ကၽြန္မကိုသာ မထားခဲ့ပါနဲ႔။ အခု ကၽြန္မမွာ ဘာမွ မရွိေတာ့ဘူး။"
ရွဲ႕က်ဴရွင္း သူမလက္ကို ျဖဳတ္ခ်ရင္း တစ္ဖက္လွည့္ကာ ေျခတစ္လွမ္းဆုတ္ၿပီး ခပ္ျပတ္ျပတ္သာေျပာေလသည္။ "ဒါက ငါ ပြဲဦးထြက္ရတာနဲ႔ မဆိုင္ဘူး။ မင္းလမ္းခြဲခ်င္တုန္းကလည္း မင္းကို အျပစ္မတင္ခဲ့ဘူး၊ ငါ မင္းကို ထပ္ၿပီးဆြဲမထားခ်င္ေတာ့တာ။ က်ားက်ား၊ ငါ မင္းကို မခ်စ္ေတာ့ဘူး။"
ယန္က်ားက်ား သူ႔ကို ေငးၾကည့္ရင္း အငိုတိတ္သြားၿပီး ေျပာလာသည္။ "မခ်စ္ေတာ့တာလား၊ မခ်စ္ခဲ့ဖူးတာလား။"
ရွဲ႕က်ဴရွင္း သူ႔ေအာက္ႏွုတ္ခမ္းကိုသာ ဖိကိုက္ထားမိသည္။
သူ ဒီေမးခြန္းရဲ့အေျဖကို အေသအခ်ာသိေနေပမယ့္ တစ္ဖက္လူ ခံစားရသက္သာေစမည့္ဆင္ေျခကိုသာ အသုံးျပဳခ်င္မိသည္။
သူ႔အိတ္ကပ္ထဲရွိဖုန္းက အသံျမည္လာၿပီး ဖုန္းသံကေတာ့ သူတို႔အဖြဲ႕ရဲ့ပြဲဦးထြက္သီခ်င္း 'Summer Ice' ျဖစ္၏ ... ဒါ ဝမ္ေခ်ာင္အတြက္ လုပ္ေပးထားသည့္သီးသန့္ဖုန္းသံျဖစ္ၿပီး ဝမ္ေခ်ာင္ကပဲ သူ႔ဖုန္းကို ယူၿပီးကလိသြားတာျဖစ္သည္။
"မင္း သန့္ရွင္းေရးလုပ္ၿပီးၿပီလား။" ဝမ္ေခ်ာင္ ေျပာလာသည္။ "ငါ ဘယ္မွာလဲ မွန္းၾကည့္။"
သူ႔အသံကို ၾကား႐ုံႏွင့္ ေပ်ာ္ျမဴးေနမည့္သူ႔မ်က္ႏွာကို ရွဲ႕က်ဴရွင္း ျမင္ေယာင္ၾကည့္လို႔ရေနသည္။
ဝမ္ေခ်ာင္ ရယ္လ်က္ ဆက္ေျပာသည္။ "ငါ အခု မင္းရဲ့အိမ္အသစ္ေအာက္မွာ! ဟားဟားဟား!"
"... ငါ အိမ္မွာ မဟုတ္ဘူး။"
ဝမ္ေခ်ာင္မွာ ေရေအးျဖင့္ ေလာင္းခံလိုက္ရသလို စိတ္ပ်က္လက္ပ်က္ႏွင့္ေျပာလာသည္။ "ဒါဆို မင္းဘယ္မွာလဲ။"
"ငါ့အရင္ေနရာမွာ၊ ယူစရာေလးေတြ သြားယူေနတာ။"
ထိုအေၾကာင္းၾကားလိုက္တာႏွင့္ ဝမ္ေခ်ာင္က ခ်က္ခ်င္းေျပာေလသည္။ "ဟိုလက္ဖက္စိမ္းမေရာ အဲ့မွာ ရွိေနတာမလား။ စိတ္ေပ်ာ့မေနနဲ႔။ သူ မင္းကို ျဖားေယာင္းလာဦးမယ္၊ သတိထား!"
အခန္းက တိတ္ဆိတ္လို႔ေနတာမို႔ တစ္ဖက္ကအသံကို ရွင္းရွင္းလင္းလင္းၾကားေနရေတာ့သည္။
ယန္က်ားက်ား ေမးလိုက္သည္။ "သူက ဘယ္သူ႔ကို လက္ဖက္စိမ္းမလို႔ေခၚေနတာလဲ။"
ဝမ္ေခ်ာင္လည္း သူမအသံကို ၾကားသြားၿပီး က်ယ္က်ယ္ေလာင္ေလာင္ ျပန္ေျပာ၏။ "ဘယ္သူ႔ေျပာရမွာလဲ၊ မင္းအေၾကာင္း ေျပာေနတာေပါ့!"
ယန္က်ားက်ား သူ႔အသံကို နားေထာင္ၾကည့္႐ုံႏွင့္ ဟိုေန႔က ရွဲ႕က်ဴရွင္းႏွင့္ အိပ္ေနတဲ့ေကာင္ေလးမွန္း သိသြားေတာ့သည္။ သို႔ႏွင့္ သူမလည္း အသံျမႇင့္၍ ေျပာေတာ့သည္။ "ငါ နင့္ကို မွတ္မိၿပီ! ေသာက္ေဂးေကာင္ေလး!"
ရွဲ႕က်ဴရွင္း : "..."
ဝမ္ေခ်ာင္ : "...ဘာ? ဘာျဖစ္တယ္?"
ရွဲ႕က်ဴရွင္း စဥ္းေတာင္ မစဥ္းစားေနဘဲ ဖုန္းတန္းခ်လိုက္သည္။ "မင္း ဘာမဟုတ္တာေတြ ေျပာေနတာလဲ။"
ယန္က်ားက်ား ေအးစက္စက္ရယ္သည္။ "ကၽြန္မ အဲ့လိုေဂးေလးေတြကို အမ်ားႀကီးျမင္ဖူးထားတယ္။"
"ဒါဆို မင္း ဒီတစ္ေခါက္ေတာ့ မွား..."
သူ႔စကား မဆုံးခင္မွာပဲ 'Summer Ice' သီခ်င္းသံက ထပ္ျမည္လာျပန္သည္။
ရွဲ႕က်ဴရွင္း ေျဖတဲ့ခလုတ္ကိုႏွိပ္ရင္း ယန္က်ားက်ားအား ေျပာလိုက္သည္။ "ငါ ျပန္ႏွင့္ၿပီ။"
ထို႔ေနာက္ သူျပန္ဖို႔ျပင္လိုက္သည္။
ဝမ္ေခ်ာင္က တစ္ဖက္မွ ေအာ္ေျပာလာ၏။ "မင္း ရပ္ေန! သူ ငါ့ကို အခုေလးတင္ ေဂးလို႔ေခၚလိုက္တာလား။"
"မဟုတ္ .."
သို႔ေပမယ့္ ယန္က်ားက်ားက သူ႔ကို နင္သြားေစသည္။ "ငါေျပာလိုက္တယ္! အက်ိဳနည္းေဂး! ငါ့ေကာင္ေလးကို လာဖ်ားေယာင္းေနတာ!"
ရွဲ႕က်ဴရွင္း : "..."
ဝမ္ေခ်ာင္လည္း ေဒါသထြက္လာၿပီး တရစပ္ေျပာေတာ့သည္။ "ဘယ္သူက မင္းေကာင္ေလးလဲ။ မင္းလိုေကာင္မမ်ိဳးကို ေရွာင္ရွဲ႕သေဘာက်သြားတာ အရင္က သူ မ်က္ကန္းေနလို႔ပဲျဖစ္ရမယ္။ ၿပီးေတာ့ မင္းတို႔လမ္းခြဲၿပီးတာၾကာလွၿပီ၊ ဘာေကာင္ေလးလဲ။ အရွက္မရွိဘူးလား!"
ယန္က်ားက်ားကလည္း ၿငိမ္မခံ၊ ျပန္ေျပာသည္။ "ဘယ္သူက အရွက္မရွိေနတာလဲ!? ေရွာင္ရွဲ႕က အေျဖာင့္စစ္စစ္။ နင့္လိုယုန္ေပါက္ေတြအတြက္ အေကာင္းဆုံးသားေကာင္ေပါ့။ ငါျဖင့္ ဒီလိုကိစၥမ်ိဳး အမ်ားႀကီးျမင္ဖူးေနၿပီသား!"
"ဘယ္သူ႔ကို မင္းက ယုန္ေပါက္ေလးလို႔ေခၚေနတာလဲ! ငါ့ရဲ့ 18cm ညီေလးကို လာၾကည့္လိုက္စမ္းပါ!"
ရွဲ႕က်ဴရွင္းဖုန္းထဲကေနၿပီး ႏွစ္ေယာက္သား အခ်င္းခ်င္း ေအာ္ဟစ္ေနၾကသည္မွာ ဆက္ေျပာေလေလ အဆဲစာလုံးမ်ားက ပိုညစ္ညမ္းလာေလေလျဖစ္ေနေတာ့သည္။
ရွဲ႕က်ဴရွင္းမွာ ဆြံ႕အသြားရသည္။ "ဘာတစ္ခြန္းမွ မေျပာလာနဲ႔!"
ယန္က်ားက်ား ႏွုတ္ခမ္းတင္းတင္းေစ့ထားရင္း အသံတိတ္သြားသည္။
ဝမ္ေခ်ာင္ ေဒါသတႀကီးျဖင့္ေျပာလာသည္။ "မေျပာဘူး၊ မေျပာေတာ့ဘူး! မင္း! အဲ့မွာဆက္ေနမေနနဲ႔။ ျမန္ျမန္ျပန္လာခဲ့ေတာ့။ ငါ က်ိက်ဲနဲ႔အျခားလူေတြကိုလည္း ေျပာၿပီးသြားၿပီ။ ညက် လ်န္-ေကာအိမ္ကို ပါတီသြားလုပ္မယ္လို႔ေျပာထားတယ္ေလ။"
"ဟုတ္ၿပီ။ ဖုန္းခ်ၿပီ။"
သူ ဖုန္းခ်ၿပီးတာႏွင့္ ယန္က်ားက်ားကို အတည္အတန့္ေျပာလိုက္သည္။ "မင္း ဒီတစ္ေခါက္ေတာ့ တကယ့္အၾကည့္လြဲသြားၿပီ။ သူက မိန္းကေလးေတြကို အရမ္းသေဘာက်တာ၊ ငါ့ထက္ ပိုႀကိဳက္တယ္။"
ယန္က်ားက်ား ခါးသက္သက္ႏွင့္ျပန္ေျဖ၏။ "ဒါဆို ႏွစ္လမ္းသြားေနမွာေပါ့။ ကၽြန္မျဖင့္ အျခားအေျဖာင့္ေကာင္တစ္ေယာက္နား အတြင္းခံပဲဝတ္ၿပီး ကပ္ေနတတ္တဲ့ အေျဖာင့္ေကာင္ဆိုတာမ်ိဳး မျမင္ဖူးပါဘူး။"
"..."
သူကေတာ့ ဝမ္ေခ်ာင္ကို ႏွစ္လမ္းသြားဟု မထင္။ ဝမ္ေခ်ာင္ သူ႔အနားကပ္သည့္ပုံက သူငယ္တန္းေလးေတြ သူတို႔အခ်စ္ဆုံးသူငယ္ခ်င္းနား ပူးကပ္ေနသလိုျဖစ္သည္။ အထိအေတြ႕မ်ားက သူတို႔ရင္းႏွီးေၾကာင္းကို ေဖာ္ျပေနၿပီး ေယာက္်ား၊ မိန္းမဆိုတာႏွင့္ မသက္ဆိုင္လွသလို အိပ္ရာေပၚကိစၥမ်ားႏွင့္လည္း မဆိုင္လွ။
ကားေပၚတစ္ေယာက္တည္းထိုင္ေနရင္း ဝမ္ေခ်ာင္ ယန္က်ားက်ားအား အရွက္မရွိေလျခင္းဟု ဆဲဆိုေနလ်က္ရွိသည္။ ႐ုတ္တရက္ သူ သူမေျပာသြားသည့္ေရွာင္ရွဲ႕လိုေကာင္ေလးမ်ားက ေဂးေတြအတြက္ အေကာင္းဆုံးသားေကာင္လို႔ေျပာတာကို ေတြးမိသြားေတာ့သည္။
... မေကာင္းေတာ့။
ဒီည သူက ေရွာင္ရွဲ႕ကို တစ္ကိုယ္တည္းသမားျဖစ္ေနတဲ့ေဂးတစ္ေယာက္ရဲ့အိမ္ကို ေပ်ာ္ပါးဖို႔ ေခၚသြားမွာျဖစ္ၿပီး အဲ့တစ္ကိုယ္တည္းသမားကလည္း ေရွာင္ရွဲ႕ႏွင့္ လိုင္းေပၚတြင္ 'ရွီခ်ားလ်န္' ဟု CP တြဲခံေနရဆဲ။
ရွဲ႕က်ဴရွင္းကေတာ့ ယန္က်ားက်ားကို ထပ္ရွင္းျပဖို႔ အာ႐ုံေနာက္မခံေနေတာ့ဘဲ ေျပာလိုက္သည္။ "ျပန္ၿပီ။ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္။"
ယန္က်ားက်ားလည္း သူ႔ကို ဆြဲထားလို႔မရမွန္း သိတာမို႔ ရိုးရိုးရွင္းရွင္းသာေျပာလိုက္သည္။ "ဟုတ္ၿပီ။ နင္ေရာပဲ။ နင္တို႔အဖြဲ႕ေအာင္ျမင္ဖို႔ ငါ ဆုေတာင္းေပးေနမယ္။"
'Summer Ice' သီခ်င္းသံက တတိယအႀကိမ္ ျမည္လာျပန္သည္။
ရွဲ႕က်ဴရွင္း : "... မင္း ဘာျဖစ္ခ်င္ေနတာလဲ။"
ဝမ္ေခ်ာင္ : "မင္း အဲ့အိမ္က ထြက္လာၿပီလား။"
"အခုသြားေတာ့မလို႔။"
"ဒီည အဲ့ေကာင္မေလးကိုပါ မင္းနဲ႔ေခၚခဲ့။"
ရွဲ႕က်ဴရွင္း : "???"
ဝမ္ေခ်ာင္ ဗလုံးဗေထြးေျပာလာသည္။ "ဒီည ငါတို႔ သူ႔အိမ္မွာ ေဟာ့ေပါ့စားရင္ အသီးအရြက္ေတြ ေဆးဖို႔ ေကာင္မေလးတစ္ေယာက္ေတာ့ ေခၚခဲ့ရမယ္ေလ။"
ရွဲ႕က်ဴရွင္း ေခါင္းရွုပ္သြားသည္။ "မလိုဘူး။ ငါေဆးမွာ။"
"သူ႔ကိုဖုန္းေပးလိုက္။ ငါ သူနဲ႔ေျပာမို႔။"
"ျပႆနာ မရွာနဲ႔။"
ဝမ္ေခ်ာင္ : "ဘာကို 'ျပႆနာ မရွာနဲ႔' လဲ။"
"မင္း အခု ျပႆနာရွာခ်င္ေနတာ မဟုတ္ဘူးလား။"
"သူ႔ကိုသာ ဖုန္းေပးလိုက္စမ္းပါ!"
ယန္က်ားက်ားမွာ သူတို႔ႏွစ္ေယာက္ရဲ့ အခ်င္းခ်င္းတီတီတာတာကလူေနတာကို နားမခံသာေတာ့ဘဲ ေဒါသတႀကီးဝင္ေျပာေတာ့သည္။ "သူက ငါ့ကို ဘာေျပာခ်င္ေနတာလဲ။ ဘယ္သြားရမွာလဲ။"
"ဘာမွမဟုတ္ဘူး။"
ဝမ္ေခ်ာင္က ခပ္က်ယ္က်ယ္ျပန္ေအာ္ေျပာသည္။ "လ်န္ရွီအိမ္မွာ ပါတီသြားလုပ္မွာ! လိုက္မွာလား။"
ယန္က်ားက်ား ေၾကာင္အသြားသည္။ "... လိုက္မယ္။"
ရွဲ႕က်ဴရွင္း : "..."
"ဒါဆို ငါ အခုမင္းတို႔ကို လာေခၚမယ္။ ခဏေနက် ေရာက္ၿပီ။"
သူ စိတ္မခ်ေသးတာမို႔ ရွဲ႕က်ဴရွင္းကို ထပ္ေျပာျပန္သည္။ "မင္း သူနဲ႔ေဝးေဝးေနေနာ္!"
ထို႔ေနာက္ ဖုန္းခ်သြား၏။
"အဲ့လ်န္ရွီလား။ နင့္ post ကို share ေပးသြားတဲ့ နာမည္ႀကီးေလ။" ယန္က်ားက်ား ေမးလာသည္။
ရွဲ႕က်ဴရွင္း စိတ္ရွုပ္သလိုျပန္ေမးလိုက္သည္။ "မင္း တကယ္လိုက္မလို႔လား။"
"ဒါေပါ့၊ ငါ တကယ္လိုက္မွာ။ ငါလည္း ဒီအသိုင္းအဝိုင္းထဲ အလုပ္လုပ္ေနရေသးတာပဲ။"
ထို႔ေနာက္ သူမက ေပ်ာ္ေပ်ာ္ႀကီး အဝတ္အစားလဲ၍ မိတ္ကပ္ျခယ္သေတာ့သည္။
ရွဲ႕က်ဴရွင္း : "..."
သူတို႔ႏွစ္ေယာက္သား အေခ်အတင္ရန္ျဖစ္ေနတာ တစ္မိနစ္ေတာင္ မျပည့္ေသး။ အခုေတာ့ သူတို႔က အတူတူ ဇာတ္ကဖို႔လုပ္ေနၾကသည္။ ဒါ ဘယ္လိုအ႐ူးေတြလဲ။
နာရီဝက္အၾကာ ယန္က်ားက်ား ျပင္ဆင္ၿပီးခ်ိန္မွာပဲ ဝမ္ေခ်ာင္က အခန္းတံခါးကို လာေခါက္သည္။
ရွဲ႕က်ဴရွင္း တံခါးဖြင့္ေပးလိုက္တာႏွင့္ ဝမ္ေခ်ာင္က သူ႔အနားတိုးကပ္လ်က္ အနံခံလာေတာ့သည္။
ယန္က်ားက်ား : "..."
ရွဲ႕က်ဴရွင္းမွာ မ်က္ႏွာပူသြားၿပီး ခပ္တိုးတိုးေျပာရေတာ့သည္။ "အနံ႔ခံမေနနဲ႔။ ငါ ဘာမွမလုပ္ထားဘူး။"
ဝမ္ေခ်ာင့္ႏွာေခါင္းက အေတာ္ေလးကို အနံ႔ခံစြမ္းေကာင္းလွသည္။ "မင္းတို႔ဘာမွေတာ့ မလုပ္ထားဘူး။ ဖက္ေတာ့ဖက္ထားၾကတယ္မလား။"
သူ ရွဲ႕က်ဴရွင္းေနာက္ေက်ာကို ရြံရွာသလိုခါေပးရင္း ဆက္ေျပာသည္။ "အထူးသျဖင့္ ဒီနား။ အနံ႔က ရေနၾကမဟုတ္ဘူး။"
ယန္က်ားက်ားမွာ ခံျပင္းသလိုရယ္ရင္းေျပာသည္။ "ေရွာင္ရွဲ႕၊ နင္ေျပာ၊ ဒါေတာင္ သူက ေဂးမဟုတ္ဘူးလား။"
ရွဲ႕က်ဴရွင္း : "..."
ဝမ္ေခ်ာင္ သူမကို မ်က္ဆန္လွန္ျပလိုက္သည္။ "သြား၊ သြား။ ငါ မင္းနဲ႔ စကားၿပိဳင္ေျပာဖို႔ေတာင္ ပ်င္းတယ္။ ငါ မင္းကို လ်န္-ေကာအိမ္မွာ ေဟာ့ေပါ့စားဖို႔ ေခၚသြားမွာ။ ဟိုေရာက္ရင္ စကားသိပ္မေျပာနဲ႔။ ၿပီးမွ ငါ့ကို ႀကိဳမေျပာဘူးလို႔ လာမေျပာနဲ႔။ သူက စကားတအားမ်ားတဲ့ေကာင္မေလးေတြကို မုန္းတယ္။"
ယန္က်ားက်ား ခ်က္ခ်င္းပင္ ပါးစပ္တန္းပိတ္သြားသည္။
ထို႔ေနာက္ ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းဘက္လွည့္၍ ေျပာျပန္သည္။ "ဟိုေရာက္ရင္ လ်န္-ေကာကို မင္းေကာင္မေလးလို႔ေျပာလိုက္။ အလိမ္မေပၚေစနဲ႔။"
ရွဲ႕က်ဴရွင္း ဒီအေျခအေနကို ပို ပိုၿပီးနားမလည္ေတာ့သလိုျဖစ္လာသည္။
သူတို႔သုံးေယာက္ အျပင္သို႔အတူထြက္သြားလိုက္ၾကသည္။ ဝမ္ေခ်ာင့္ sport ကားက လူႏွစ္ေယာက္သာ စီးလို႔ရတာမို႔ သူ ယန္က်ားက်ားကို ယြမ္ ၁၀၀ လွမ္းေပးၿပီး ေျပာေလသည္။ "မင္းဘာသာမင္း တကၠစီငွါးၿပီးလိုက္ခဲ့။"
ယန္က်ားက်ားက သူ႔ကို ခ်မ္းသာတဲ့လူထဲက တစ္ေယာက္ေယာက္ျဖစ္လိမ့္မည္ဟု ခန့္မွန္းထားၿပီးသားပင္။ အခု သူ႔ကားကို ျမင္ခ်ိန္မွာေတာ့ သူမက ပိုလို႔နာခံသြားၿပီး ပိုက္ဆံယူကာ ခ်က္ခ်င္းထြက္သြားေတာ့သည္။
ရွဲ႕က်ဴရွင္းကေတာ့ ဝမ္ေခ်ာင္ႏွင့္အတူ ကားထဲ ဝင္ထိုင္လိုက္သည္။
ဝမ္ေခ်ာင္က ခရီးသည္ထိုင္ခုံမွာ ထိုင္ရင္း ခါးပတ္ ပတ္လ်က္ ရြံရွာသလိုေျပာလာသည္။ "အဲ့ဒါ ဘယ္လိုေကာင္မေလးမ်ိဳးလဲ။"
"... ဒါဆိုလည္း မင္း ဘာလို႔အတင္းဆြဲေခၚလာခ်င္ရတာလဲ။"
ဝမ္ေခ်ာင္ ျပန္ေျပာသည္။ "မင္းေကာင္းဖို႔အတြက္ပဲ မဟုတ္ဘူးလား။"
ရွဲ႕က်ဴရွင္းအေနႏွင့္ သူ႔ကို ဘယ္လိုေကာင္းေစမွာလဲ မသိေနတာမို႔ ေျပာလိုက္သည္။ "မင္းဘာသာမင္းပဲ ဆက္ကစားေနလိုက္။"
ဝမ္ေခ်ာင္ နည္းနည္းေတာ့ေဒါသထြက္ေနေပမယ့္ လ်န္ရွီအတြင္းေရးကိစၥမ်ားလည္း မေျပာျပခ်င္တာမို႔ ဝါးတားတားသာျပန္ေျဖလိုက္သည္။ "ငါသာ ေလၽွာက္မလုပ္ရင္ မင္းက တကယ္ႀကီး လ်န္-ေကာရဲ့ရထားတြဲေလးျဖစ္သြားလိမ့္မယ္။"
ရွဲ႕က်ဴရွင္းက သူေျပာတာကို ေသခ်ာမၾကားမိတာမို႔ ထပ္ေမးလိုက္သည္။ "ဘာရထားေလးလဲ။"
ဝမ္ေခ်ာင္ သူ႔ကို အရိပ္အႁမြက္ေျပာလာသည္။ "ေန႔တိုင္း ဝူးဝူးဝူးလို႔ ျမည္တဲ့ရထားတြဲေလးေလ။ ဟို ဝူးဝူးဝူး မဟုတ္ဘူး၊ ဒီ ဝူးဝူးဝူး!"
ရွဲ႕က်ဴရွင္း : "..." ဘာ 'ဝူးဝူးဝူး' လဲ။ ဘာလို႔ သူက ခ်စ္ဖို႔ေကာင္းေအာင္လုပ္ျပေနရတာလဲ။
KittyKitling
T/N : [污污污 — ညစ္ပတ္တယ္ဆိုတဲ့အဓိပၸါယ္ပါ။ etran က fuck လို႔ ျပန္ထားပါတယ္။ 呜呜呜 — ငိုတဲ့ေနရာမွာတို႔ ရထားေမာင္းသံ 'ဝူးဝူးဝူး'ဆိုၿပီး သုံးတဲ့အသံပါ။ ႏွစ္ခုက အသံတူေနတာပါ။]