Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

20

2.1K 476 94
By callme__kitty

[Unicode]

'နည်းနည်းတော့ ချစ်စရာကောင်းသား'

ည ၈ နာရီ၌ ကုမ္ပဏီရဲ့ Weibo နှင့် တရားဝင် Website များမှတစ်ဆင့် IceDream ရဲ့ ပထမဆုံးအဖွဲ့ဝင်ဖြစ်သည့် Tomas နှင့် ပတ်သတ်တဲ့အချက်အလက်များနှင့် ဓာတ်ပုံများကို တစ်ချိန်တည်း တင်ပေးလာသည်။

Tomas ဆိုတာ ရှဲ့ကျူရှင်းဖြစ်သည်။ အဖွဲ့ထဲ လူများစွာ ပါဝင်တာမို့ တရုတ်နာမည်များထက် အင်္ဂလိပ်နာမည်အတိုကောက်များကသာ ပရိတ်သတ်များ၏မှတ်မိခြင်းခံရဖို့ ပိုလွယ်ကူတာမို့ လူတိုင်းတွင် ရိုးရှင်းသည့် အင်္ဂလိပ် stage name များ ရှိနေကြရသည်။ 

သူတို့နာမည်များမှာ ဤအတိုင်းပင် ; Tomas သည် ရှဲ့ကျူရှင်း၊ Able က ကျိကျဲဖြစ်ကာ Beson ဆိုတာ ကောင်းစီယွမ်အတွက်ဖြစ်ပြီး Leo သည် ဝမ်ချောင်၊ Carl က ယန်ရှောင်းမူနှင့် Cute က ချန်းယောင့်တို့ဖြစ်ကြသည်။

သူတို့ခြောက်ယောက်သား သီချင်းအတွက် လေ့ကျင့်ပြီးတာနှင့် အိမ်ပြန်မသွားကြ။ သူတို့အကုန် ကုမ္ပဏီတွင် ကျန်ရစ်နေခဲ့ကြပြီး ဝိုင်းစုထိုင်ကာ Weibo အတူသုံးလျက်ရှိနေသည်။

ကုမ္ပဏီက Promotion အတွက် အစွမ်းကုန်ကြိုးစားပေးထားသည်။ မိနစ်ပိုင်းလေးအတွင်း ပြန် share သူမှာ ထောင်ကျော်သွားပြီး မှတ်ချက်များလည်း တစ်ရာကျော် ရှိနေလေသည်။

သွမ့်ယိခွန်းက သူတို့ကို ကြိုတင်သတိပေးထားပြီးသားပင်။ အိုင်ဒေါအဖွဲ့အသစ် ထွက်ပေါ်လာတာနှင့် လူထုက အလျင်အမြန် လက်ခံ၊ ဝိုင်းချီးကျူးပေးဖို့ လုံးဝ မဖြစ်နိုင်။ ထို့ကြောင့် မှတ်ချက်များထဲတွင် ပါလာမည့်မကောင်းပြောခြင်းများအတွက် သူတို့ကို စိတ်အခြေအနေ ပြင်ဆင်ထားစေသည်။

မည်သို့ပင်ကြိုပြောပြထားပါစေ မကောင်းသည့်မှတ်ချက်များကို မြင်ပြီးနောက် စိတ်ထိခိုက်ရဆဲ။

'ဒီရုပ်ရည်နဲ့ ဘယ်လိုများ အိုင်ဒေါဖြစ်လာရတာလဲ။'
'သူ့မေးစေ့က တစ်မျိုးကြီးပဲ။'

'ပွဲဦးမထွက်ခင် သွားပြင်ထားတာနေမှာပေါ့။'

ရှဲ့ကျူရှင်းရုပ်ရှည်က အတော်လေးကြည့်ကောင်းပြီး ၁၀၀% ပြုပြင်ထားခြင်း မရှိ။ သူ့အကစွမ်းရည်လည်း အလွန်ကောင်းမွန်လှသည်။ သူ့လိုလူကိုတောင် ဝေဖန်ကြတယ်ဟုသည့်အသိက နောက်ဆက်တွဲကြေငြာခံရဖို့စောင့်နေတဲ့လူတိုင်းကို စိုးရိမ်ကြောင့်ကြနေစေတော့သည်။

သို့သော် ဝမ်ချောင်ကတော့ ထိုမှတ်ချက်များကို ဖတ်ရင်း အလွန်အမင်းဒေါသထွက်လာတာမို့ အော်ငေါက်ဆဲဆိုလာလေသည်။

"ငါလူးပဲ! ရှောင်ရှဲ့ ကတာ ဘာလို့မကောင်းရမှာလဲ။ ချီးကိုပဲ သိ!"

"ခွဲစိတ်တာရှိတိုင်း လူတိုင်းက ခွဲဖို့လိုမယ်လို့ မင်းထင်နေတာလား။ မင်းအမေ့သားအိမ်ကရော မင်းကို မွေးဖို့ ခွဲထည့်ထားတာမလို့လား!"

"မင်းက ကျော်ကြားလာမှာ မဟုတ်ဘူးလို့ ကြိုဟောကိန်းထုတ်တယ်? လမ်းဘေး သွားဂျောင်းပြီး သူများကိုသာ သွားဟောနေစမ်းပါ၊ စောက်ရူးကောင်!"

ရှဲ့ကျူရှင်းမှာ ဆက်နားမထောင်နိုင်တော့။ "ရပြီ။ ငါတို့ကို လူထုကြားချပြရင် ဝေဖန်ခံရမယ်ဆိုတာ သိထားပြီးသားလေ။ ဒီလိုပြောလို့ ငါ့အသားနာသွားတာမှ မဟုတ်တာ။"

ဝမ်ချောင်ကတော့ ဒေါသထွက်လွန်းတာမို့ စိတ်မထိန်းနိုင်သေး။ "ဘာကို 'ငါ့အသားနာသွားတာမှ မဟုတ်တာ' လဲ။ လူတိုင်းက လိုင်းပေါ်မှာဆို အရမ်းတွေ သတ္တိရှိပြနေတာ။ မင်းကို အပြင်မှာ တွေ့ရင် သူတို့ တစ်ခွန်းမှ ပြောရဲတော့မှာ မဟုတ်ဘူး! ဒီလူတွေက ကောင်းတာ ဘာများရှိလဲ။ ယဉ်ကျေးမှုလေးတောင် မရှိဘူး။"

ကျိကျဲက ဒီတစ်ခေါက်တော့ ရှားရှားပါးပါး သူနှင့်သဘောတူလာသည်။ "ဒီတစ်ခေါက် ဝမ်ချောင်ရဲ့ပါးစပ်ပုပ်က သူတို့ကိုပြောသမျှ အကုန်မှန်တယ်။ ကျွန်တော်တောင် ဖတ်နေရင်း ဒေါသထွက်လာတာ။"

ဝမ်ချောင် : "မင်း စကားကိုကောင်းကောင်းပြောလို့ မရဘူးလား။ ဘယ်သူ့ပါးစပ်ကို ပါးစပ်ပုပ်လို့ ခေါ်နေတာလဲ။" 

ကျိကျဲ : "မင်းကို ပြောနေတာလေ။ ရှောင်ရှဲ့ post အောက်က မှတ်ချက်တွေကြည့်ရင်းတောင် ဒေါသထွက်နေတာ အဆုတ်ကွာကျတော့မယ့်အတိုင်း။ သောကြာနေ့ရောက်လို့ မင်းအလှည့်ကျရင် ငါးပူဖောင်းပြောင်းသွားမှာလား။"

ဝမ်ချောင်မှာ 'အနာကိုတုတ်နဲ့လာထိုး' ခံရသလိုဖြစ်သွားတော့သည်။ "မင်းမျက်နှာက ဘန်းမုန့်နဲ့တူနေတဲ့အချိန် သူများကိူ ငါးပူဖောင်းလို့ လာပြောရဲသေးတယ်ပေါ့!"

ကျိကျဲက တကယ်ကို ဘန်းမုန့်ကဲ့သို့ မျက်နှာဝိုင်းဝိုင်းလေးဖြစ်ပြီး အမြဲလိုလို သူ့မျက်နှာကျနှင့်ပတ်သတ်၍ မကျေမနပ်ဖြစ်နေကာ ခွဲစိတ်ချင်တယ်ဟု အကြိမ်ပေါင်းများစွာ ထုတ်ပြောခဲ့ဖူးသူဖြစ်သည်။ ထိုကဲ့သို့ကြားရချိန် သူကလည်း ပျော်ရွှင်မနေတော့။

"ငါ့မှာ ဘန်းမုန်လို့မျက်နှာရှိတယ်? မင်းဖင် ဘယ်လောက်ကြီးလဲဆိုတာကျ ဘာလို့ မင်း မပြောပြလဲ။"

ဝမ်ချောင် ဒေါသတကြီး ပြန်ဆဲရေးသည်။ "ဘယ်သူ့ဖင်က ကြီးနေလဲ?! ပန်းကန်ပြားလိုဖြစ်နေတဲ့ မင်းမျက်နှာကိုပဲ ပြန်ကြည့်စမ်းပါ!"

ရှဲ့ကျူရှင်းမှာ သူတို့နှစ်ယောက် ထပ်ရန်ဖြစ်တော့မည်ဆိုတာ မြင်လိုက်တာမို့ ဝမ်ချောင်ကို တစ်ဖက်သို့ အလျင်အမြန်ဆွဲထားရင်း ပြောလိုက်ရသည်။ "ပြဿနာ မရှာနဲ့တော့။ ငါ အခု စိတ်ရှုပ်နေရတာ မလုံလောက်သေးဘူးလို့ မင်းထင်နေတာလား။"

ဝမ်ချောင် ကျိကျဲကို ထပ်ဂရုစိုက်မနေတော့။ "စိတ်ရှုပ်ခံမနေနဲ့။ ဒီနေ့တစ်ရက်တည်းပဲ။ မနက်ဖြန်ကျ သူတို့ မင်းကို ဝေဖန်ဖို့ မေ့သွားလိမ့်မယ်။ ကောင်းစီ့ယွမ်ကို ဝေဖန်ရမယ့်အလှည့်ရောက်ပြီလေ။" 

မနက်ဖြန် လူထုအကြားချပြခံရမည့် ကောင်းစီ့ယွမ် : "..."

"ဟေး၊ ဟေး၊ မင်းတို့ ကြည့်ဦး!" ချန်းယောင့် စိတ်လှုပ်ရှားတကြီးအော်ပြောလာသည်။ "Mr.လျန် forward လုပ်သွားတယ်!"

လူတိုင်း သူတို့ဖုန်းများကို ကိုယ်စီငုံ့ကြည့်လိုက်ကြသည်။

လျန်ရှီက တကယ်ကို Weibo ကို retweet လုပ်ပြီး စာလည်းရေးထားသေးသည်။ "ရို့၊ ကြည့်ရတာ ရထားတွဲလေး ပွဲဦးထွက်တော့မယ့်ပုံပဲ။"

သူက အလွန်နာမည်ကျော်ပြီး fan လည်း အများအပြားရှိတာမို့ ပြန် share သည့်နှုန်းက မိုးထိထောင်တက်သွားတော့သည်။ အနုပညာလောကအသိုင်းအဝိုင်းအတွင်း သူနှင့် ခင်မင်ကြသူ၊ သူနှင့် အဆက်အဆံရှိလိုသူများကလည်း ပြန်လို့ share ပေးကြသည်။ သို့နှင့် ကုမ္ပဏီမှ ရှဲ့ကျူရှင်းအတွက် ထုတ်ပြန်ပေးထားသည့် Weibo post မှာ ရုတ်ချည်းဆိုသလို ပေါ်ပြူလာအများဆုံးအထိ ထိုးတက်သွားလေသည်။

"ရထားတွဲလေးဆိုတာ ဘာလဲ။" ဝမ်ချောင် နားမလည်သလိုမေးလိုက်ပြီးမှ ရုတ်တရက် ယန့်ကျားကျားရဲ့နောက်တစ်ယောက်တွဲသွားတဲ့ကိစ္စကို ပြန်အမှတ်ရကာ မေးလာတော့သည်။ "ရှောင်ရှဲ့၊ လျန်-ကောက ဘယ်လိုလုပ် မင်း ဦးထုပ်စိမ်းစောင်းခံရတာကို သိသွားတာလဲ။ ဟိုနေ့က မင်း သူ့ကို ပြောပြလိုက်တာလား။"

ရှဲ့ကျူရှင်း : "..."

ချန်းယောင့် ဝင်ရှင်းပြပေးလာသည်။ "ကာတွန်းကားထဲမှာ Thomas လို့ ခေါ်တဲ့ ရထားလေးရှိတယ်။"

သို့ပေမယ့် အဖွဲ့သားတိုင်းက အခြားတစ်စုံတစ်ခုကို ပိုအာရုံစိုက်သွားသလိုပင်။

ကောင်းစီ့ယွမ်က သိချင်စိတ်အပြည့်ဖြင့် မေးလာသည်။ "ဝမ်ချောင်၊ အဲ့နေ့ဆိုတာ ဘယ်နေ့လဲ။ ငါတို့ SPA အတူသွားတဲ့နေ့ မဟုတ်ဘူးလား။"

ဝမ်ချောင် သူ့အသံကို ကြားလိုက်တာနှင့် ချဉ်တူးတော့မည်ဆိုတာ သိနှင့်နေသည်။ "ရှောင်ရှဲ့နဲ့ ငါ အတူလုပ်သမျှကိစ္စတိုင်းကို မင်းဆီ အစီရင်ခံစာတင်နေရမှာလား။ မင်းက ဘာမို့ ခွန်း-ကောထက်တောင် စည်းကမ်းကြပ်နေရတာလဲ။"

ကောင်းစီ့ယွမ် ရယ်သွားပြီး ဘာမှ မပြောလာတော့။

ရှဲ့ကျူရှင်း အနည်းငယ်မျှ နေရခက်သွားတော့သည်။ ပုံမှန်အားဖြင့် သူ တစ်ဖက်လူ စိတ်ခုအောင် နေလိမ့်မရှိ။ သို့ပေမယ့် ဒီလို မထင်မှတ်ပဲ စိတ်ခုအောင် ပြုလုပ်မိတာမျိုးက ရှောင်လွှဲလို့လည်း မရနိုင်ပေ။

သူ့ဘေးမှာထိုင်နေတဲ့ဝမ်ချောင်က သူ့ပခုံးကို တို့ထိလာတာမို့ သူ ပြန်လှည့်ကြည့်လိုက်မိသည်။

ဝမ်ချောင်က သူ့မျက်နှာကို စေ့စေ့ကြည့်လာ၏။

ရှဲ့ကျူရှင်း : "???"

ဝမ်ချောင်က ပြောင်စပ်စပ်မျက်နှာလုပ်ပြပြီးတော့မှ တစ်ဖက်လှည့်ကာ လူတိုင်းကို ပြောလိုက်လေသည်။ "ဆိုတော့ နောက်နေ့ကျမှ လျန်-ကောရဲ့ အိမ်သစ်တက်ပွဲကို အတူသွားကြတာပေါ့။ သူ အိမ်ပြောင်းတာ မကြာသေးဘူး။ သွားပြီး သူ့အိမ်မှာ ပါတီသွားလုပ်ကြအောင်။"

လူတိုင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြချိန် ကျိကျဲက အရင်ပြောလာသည်။ "ငါတို့အချင်းချင်းလည်း ရင်းနှီးတာ မဟုတ်ဘူး။ သူများအိမ်ကို ဒီလိုတန်းသွားလို့ အဆင်ပြေရဲ့လား။"

မထင်မှတ်ထားစွာ ဝမ်ချောင်မှ ပြန်ဖြေသည်။ "ဘာမှမဖြစ်ဘူး။ သူက မင်းတို့လို လတ်လတ်ဆတ်ဆတ်အသားစိမ်းလေးတွေကို အကြိုက်ဆုံး"

လတ်လတ်ဆတ်ဆတ်အသားစိမ်းလေးဟု ခေါ်ခံလိုက်ရသူများ : "..."

ကိုးနာရီ ထိုးချိန်တွင် Weibo ၌ စိတ်လှုပ်ရှားတကြီး share ကြ၊ ပေါက်ကွဲကြခြင်းများ တဖြည်းဖြည်းငြိမ်ကျသွားတော့သည်။ သို့ဖြင့် လူတိုင်း ကိုယ့်အိမ်ကိုယ် ပြန်ဖို့လုပ်ကြပြီး မနက်ဖြန် အသံသွင်းဖို့ မနောက်ကျရန် အချင်းချင်း မှာနေကြလေသည်။

လမ်း၌ ရှဲ့ကျူရှင်း ကားမောင်းနေရင်း မေးလိုက်သည်။ "မင်း လျန်ရှီကိုလည်း ဘာမှ မပြောဘဲ သူ့အိမ်သွားလည်မလို့လား။ လျန်ရှီက မင်းတို့လာလည်တာ မကြိုက်ရင် ဘယ်လိုလုပ်မလဲ။"

ဝမ်ချောင်က ခေါင်းငုံ့ကာ ဖုန်းကစားလျက်ရှိနေပြီး ဂရုမထားသလိုပြန်ဖြေသည်။ "သူ တကယ် ဂရုမစိုက်ဘူး။ တစ်ခါတစ်လေဆို ကောင်ငယ်လေးတွေကိုတောင် သူ့အိမ်မှာ ပါတီ လာကျင်းပခိုင်းသေးတယ်။ အဲ့အဖွဲ့တွေထဲမှာ သူ မသိတဲ့လူတွေလည်း ပါတာပဲ။ သူက စည်စည်ကားကားရှိနေတာကို သဘောကျတာ။"

ရှဲ့ကျူရှင်းမှာ ထိုကဲ့သို့ ဘဝနေထိုင်မှုမျိုးကို နားမလည်နိုင်။ ထို့အပြင် လျန်ရှီရဲ့ဘဝက အနည်းငယ်မျှရှုပ်ထွေးလှတယ်ဟု သူခံစားမိနေသည်။ "သူတို့တွေကို ဘုမသိဘမသိ လျှောက်မခေါ်သွားနဲ့။ မင်းကြောင့် သူတို့အကျင့်ပျက်ကုန်လိမ့်မယ်။"

ဝမ်ချောင် သူ့ကိုမော့ကြည့်လိုက်သည်။ "ဘာကို 'ငါ့ကြောင့် သူတို့အကျင့်ပျက်မှာလဲ'။ လျန်-ကော ပါတီကျင်းပတာကို မင်း ဘယ်လိုတွေ တွေးလိုက်တာလဲ။ ငါ ဘားသွားတုန်းကပုံစံမျိုးလို့ ထင်လိုက်တာလား။ မဟုတ်ဘူးနော်၊ သူက မိန်းကလေးတွေနဲ့ မကစားဘူး။"

'မိန်းကလေးတွေနဲ့ မကစားတာ အဆိုးဆုံးပဲ မဟုတ်ဘူးလား။'

ရှဲ့ကျူရှင်း တစ်ဖက်လှည့်မေးလိုက်သည်။ "ဒါဆို မင်းတို့ ဘာလုပ်ကြတာလဲ။"

"အရက်သောက်တယ်။ ဖဲချပ်ကစားတယ်။ ကျားထိုးကြတယ်။"

"... ဒါပဲလား။"

ဝမ်ချောင် ဂိမ်းဆက်ကစားလို့နေသည်။ "ကျန်တာဘာမှမဆော့ဖြစ်ဘူး။ သူက ညနက်တဲ့အထိ နေရတာကို မကြိုက်ဘူး။ ၁၁၊ ၁၂ ထိုးတာနဲ့ ငါတို့ကို သူ ပင်ပန်းနေပြီဆိုပြီး နှင်လွှတ်တော့တာပဲ။ အဲ့ခါကျ ငါတို့က ဆက်ပျော်ဖို့ နေရာ ထပ်ရှာကြတယ်လေ။"

ရှဲ့ကျူရှင် မေးလိုက်သည်။ "ဒါဆို သူကရော?"

"အိမ်မှာ အိပ်နေခဲ့တာပေါ့။ ငါပြောတယ်လေ၊ သူက ညနက်တဲ့အထိနေရတာ မကြိုက်ဘူးလို့။"

.. သူက တကယ်ပဲ နံရံတစ်ဖက်ပဲခြားတာတောင် အေးဆေး တညည်းညည်းနဲ့ အာသာဖြေခဲ့တဲ့ Mr.လျန်ကို ပြောနေတာရော ဟုတ်ရဲ့လား။

ရှဲ့ကျူရှင်းလည်း ဘာမှ ထပ်မမေးတော့ဘဲ ဝမ်ချောင့်မှာလည်း ဘာမှ ထပ်ပြောစရာ မရှိတော့သလိုပင်။

ဝမ်ချောင်ရဲ့ထိုအကျင့်လေးကို ရှဲ့ကျူရှင်း အချိန်တစ်ခုကတည်းက သတိထားမိခဲ့တာဖြစ်သည်။ သူ့ပါးစပ်က ထွက်သမျှအကုန် အကောင်းမပါလှပေမယ့်လည်း တစ်ဖက်လူရဲ့နောက်ကွယ်တွင် သူတို့အတွင်းရေးကိစ္စများကို ဘယ်တော့မှ အတင်းပြန်ပြောလေ့ မရှိ။ သူ ကောင်းစီ့ယွမ်ကို မုန်းနေတာတောင်မှ ထိုလူနှင့်ပတ်သတ်ပြီး ညစ်ညစ်ညမ်းညမ်းစကားအချို့သာ သူပြောဖူးသည်။ အရင်က ကောင်းစီ့ယွမ်ရဲ့မကောင်းခဲ့သမျှသတင်းဆိုးတွေကို သူ ပြန်အတင်းတုပ်လာခြင်းမျိုး မရှိ။

သူတို့ခန္ဓာကိုယ်အချိုးအစားမှန်အောင် ရက်အနည်းငယ်မျှ လေ့ကျင့်ပေးခဲ့ဖူးသည့်ဖန်းကျဲတောင်မှ ကောင်းစီ့ယွမ် အရင်က တောင်ကိုရီးယားတွင် သုံးလမျှ လေ့ကျင့်ရေးသင်တန်းဆင်းဖူးပြီး ကန်ထုတ်ခံလိုက်ရကြောင်း သိထားသည်။ ကောင်းစီ့ယွမ်ကတော့ ကိုရီးယားတွေက တရုတ်ကို အထင်သေးတာကြောင့်ဟုဆိုထားပေမယ့် သူနှင့်အတူ ကိုရီးယားရောက်သွားတဲ့လူက ကောင်းစီ့ယွမ်သည် ကုမ္ပဏီ၌ ပွဲဦးထွက်ပြီးသား မိန်းကလေး ဒိုင်ဒေါအဖွဲ့ထဲက စီနီယာအစ်မကြီးတစ်ယောက်ကို လိုက်ပိုးခဲ့တာကြောင့်ဟုဆိုသည်။ သို့ပေမယ့် ကုမ္ပဏီထံသို့ ထိကပါးရိကပါးပြုလုပ်ခြင်း စသည့်တိုင်စာများ ရောက်လာခဲ့ပြီး ကုမ္ပဏီက သူ့ကို သင်တန်းသားဘဝမှ ထုတ်ပယ်လိုက်တာမို့ သူလည်း နိုင်ငံကိုသာ မျှော်လင့်ချက်မဲ့စွာပြန်ခဲ့ရတော့သည်ဟု ပြောထားလေသည်။

"ငါ သူတို့ကို ဒီတစ်ခေါက် လျန်-ကောအိမ် ခေါ်သွားတယ်ဆိုတာ မင်းအပေါ် သဝန်တိုပြီး မင်းနောက်ကွယ်မှာ မဟုတ်တာတွေ မလုပ်ရအောင်လို့။" ဝမ်ချောင်က သူ့ဂိမ်းအပေါ် အာရုံနစ်ထားရင်း ရေရွတ်လာသည်။ "ဒီနေ့ လျန်-ကော မင်း post ကို share သွားတော့ ကောင်းစီ့ယွမ် ဘယ်လောက်မနာလိုနေလဲ မင်း မမြင်လိုက်လို့။"

ရှဲ့ကျူရှင်း : "..." 'ဆိုတော့ အဲ့အတွက်လေးနဲ့ပဲလား။'

ဝမ်ချောင် သူ့ဖုန်းကို အောက်ချလျက် ပြောလာသည်။ "အကယ်လို့ လူတစ်ယောက်က အခြားလူတစ်ယောက်ကို တကယ်မနာလိုသွားရင် တွေးမထားနိုင်တဲ့ကိစ္စတွေကိုတောင် လုပ်လာနိုင်တယ်။ ငါ ပေ့ကျင်းကို စရောက်တုန်းက ပြည်မကြီးအသံအတိုင်း သိပ်မပြောတတ်သေးဘူး။ ယောက်ျားလေးအတန်းဖော်တွေက ငါ့ကို အဲ့တာနဲ့ပတ်သတ်ပြီး မနားတမ်း စကြတော့တာပဲ။ နောက်ကျ ငါ ပီယာနိုတီးနည်းတတ်သွားတော့ မိန်းကလေးအတန်းဖော်တွေက ငါ့ကို မိမိုက်တယ်လို့တွေးပြီး စကားလာပြောကြတယ်။ အဲ့တာနဲ့ ငါလည်း ပျော်တာမို့ အခန်းထဲက ကောင်မလေးတွေတိုင်းကို ချိုချဉ်ဝယ်ကျွေးလိုက်တယ်လေ။ အတန်းထဲက ကောင်လေးအချို့ကလည်း ချိုချဉ်စားချင်တာမို့ ငါ့ကို လာဖားကြရော။ ငါ့ကို အနိုင်ကျင့်ချင်တဲ့လူတွေကသာ မနာလိုဖြစ်ကျန်ခဲ့ပြီး အလယ်တန်းကျောင်းသားတွေရဲ့အကူအညီကိုပါ သွားခေါ်ကြတယ်လေ။ ကျောင်းဆင်းတော့ ငါ့ကို ပေးမပြန်ဘဲ သူတို့ကို ငါက ပိုက်ဆံပေးဖို့ကျန်နေတယ်၊ ပြန်ပေးရမယ်ဆို အတင်းဝိုင်းပြောပြရော။"

ရှဲ့ကျူရှင်း : "... အဲ့တော့ သူတို့ မင်းကို ထိုးခဲ့သေးလား။"

ဝမ်ချောင် ဂုဏ်ယူမှုအပြည့်နှင့်ပြောလာသည်။ "ထိုးချင်ကြတာပေါ့။ ဒါပေမယ့် သူတို့ ငါ့ကို မထိုးနိုင်ခင်လေးမှာပဲ ငါ့တာ့ကောရောက်လာပြီး သူတို့အကုန်လုံးကို ထိုးချပစ်ရော။ သူကလည်း ငါ့ကြိုဖို့ရောက်လာတာနဲ့ ကြုံသွားတာပါ။ အဲ့တုန်းက သူ့အရပ်က 1.8m ရှိနေပြီ၊ လက်ဝှေ့ထိုးနည်းကလည်း သင်ထားသေးတယ်။ အဲ့တော့ ငါလည်း ဘေးမှာရပ်ပြီး ချိုချဉ်စားရင်း အဲ့အရူးကောင်တွေကို သူ သဲအိတ်လိုသဘောထားပြီး ထိုးနေတာကို ထိုင်ကြည့်နေလိုက်တယ်လေ၊ ဟားဟား"

ရှဲ့ကျူရှင်းပါ မရယ်ဘဲမနေနိုင်တော့။ "ဒါဆို မင်းအစ်ကိုကလည်း မင်းအပေါ် ကောင်းကောင်းဂရုစိုက်ပေးခဲ့တာပဲ။"

ဝမ်ချောင် ဂုဏ်ယူဝင့်ကြွားစွာပြောလာသည်။ "ငါ ငယ်ငယ်တုန်းက အရမ်းချစ်ဖို့ကောင်းတယ်လေ။ ငါ့တာ့ကောဆို ငါသာ ငယ်ငယ်တုန်းက ရုပ်အတိုင်းရှိနေသေးရင် မရိုက်ရက်ဘူးလို့တောင် ပြောဖူးတယ်။ ငါ့ကို ငယ်ငယ်တုန်းကတွေ့ဖူးတဲ့လူတိုင်းလည်း ချစ်ဖို့ကောင်းတယ်ပြောကြတာပဲ။"

ရှဲ့ကျူရှင်း သူ့ကိုတစ်ချက်လှမ်းကြည့်ရင်း အခုလည်း သူက အရမ်းချစ်ဖို့ကောင်းနေဆဲဟု ခံစားမိနေသည်။ သူ့ရဲ့ပျော်ရွှင်မှုများနှင့်ပြုံးရယ်လာခြင်းလေးက တကယ်ကို အနည်းငယ်မျှချစ်ဖို့ကောင်းလှ၏။ 

KittyKitling

T/N : စောတယ်မလား ( ̄^ ̄)ゞ

_____///_____

[Zawgyi]

'နည္းနည္းေတာ့ ခ်စ္စရာေကာင္းသား'

ည ၈ နာရီ၌ ကုမၸဏီရဲ့ Weibo ႏွင့္ တရားဝင္ Website မ်ားမွတစ္ဆင့္ IceDream ရဲ့ ပထမဆုံးအဖြဲ႕ဝင္ျဖစ္သည့္ Tomas ႏွင့္ ပတ္သတ္တဲ့အခ်က္အလက္မ်ားႏွင့္ ဓာတ္ပုံမ်ားကို တစ္ခ်ိန္တည္း တင္ေပးလာသည္။

Tomas ဆိုတာ ရွဲ႕က်ဴရွင္းျဖစ္သည္။ အဖြဲ႕ထဲ လူမ်ားစြာ ပါဝင္တာမို႔ တ႐ုတ္နာမည္မ်ားထက္ အဂၤလိပ္နာမည္အတိုေကာက္မ်ားကသာ ပရိတ္သတ္မ်ား၏မွတ္မိျခင္းခံရဖို႔ ပိုလြယ္ကူတာမို႔ လူတိုင္းတြင္ ရိုးရွင္းသည့္ အဂၤလိပ္ stage name မ်ား ရွိေနၾကရသည္။ 

သူတို႔နာမည္မ်ားမွာ ဤအတိုင္းပင္ ; Tomas သည္ ရွဲ႕က်ဴရွင္း၊ Able က က်ိက်ဲျဖစ္ကာ Beson ဆိုတာ ေကာင္းစီယြမ္အတြက္ျဖစ္ၿပီး Leo သည္ ဝမ္ေခ်ာင္၊ Carl က ယန္ေရွာင္းမူႏွင့္ Cute က ခ်န္းေယာင့္တို႔ျဖစ္ၾကသည္။

သူတို႔ေျခာက္ေယာက္သား သီခ်င္းအတြက္ ေလ့က်င့္ၿပီးတာႏွင့္ အိမ္ျပန္မသြားၾက။ သူတို႔အကုန္ ကုမၸဏီတြင္ က်န္ရစ္ေနခဲ့ၾကၿပီး ဝိုင္းစုထိုင္ကာ Weibo အတူသုံးလ်က္ရွိေနသည္။

ကုမၸဏီက Promotion အတြက္ အစြမ္းကုန္ႀကိဳးစားေပးထားသည္။ မိနစ္ပိုင္းေလးအတြင္း ျပန္ share သူမွာ ေထာင္ေက်ာ္သြားၿပီး မွတ္ခ်က္မ်ားလည္း တစ္ရာေက်ာ္ ရွိေနေလသည္။

သြမ့္ယိခြန္းက သူတို႔ကို ႀကိဳတင္သတိေပးထားၿပီးသားပင္။ အိုင္ေဒါအဖြဲ႕အသစ္ ထြက္ေပၚလာတာႏွင့္ လူထုက အလ်င္အျမန္ လက္ခံ၊ ဝိုင္းခ်ီးက်ဴးေပးဖို႔ လုံးဝ မျဖစ္နိုင္။ ထို႔ေၾကာင့္ မွတ္ခ်က္မ်ားထဲတြင္ ပါလာမည့္မေကာင္းေျပာျခင္းမ်ားအတြက္ သူတို႔ကို စိတ္အေျခအေန ျပင္ဆင္ထားေစသည္။

မည္သို႔ပင္ႀကိဳေျပာျပထားပါေစ မေကာင္းသည့္မွတ္ခ်က္မ်ားကို ျမင္ၿပီးေနာက္ စိတ္ထိခိုက္ရဆဲ။

'ဒီ႐ုပ္ရည္နဲ႔ ဘယ္လိုမ်ား အိုင္ေဒါျဖစ္လာရတာလဲ။'
'သူ႔ေမးေစ့က တစ္မ်ိဳးႀကီးပဲ။'

'ပြဲဦးမထြက္ခင္ သြားျပင္ထားတာေနမွာေပါ့။'

ရွဲ႕က်ဴရွင္း႐ုပ္ရွည္က အေတာ္ေလးၾကည့္ေကာင္းၿပီး ၁၀၀% ျပဳျပင္ထားျခင္း မရွိ။ သူ႔အကစြမ္းရည္လည္း အလြန္ေကာင္းမြန္လွသည္။ သူ႔လိုလူကိုေတာင္ ေဝဖန္ၾကတယ္ဟုသည့္အသိက ေနာက္ဆက္တြဲေၾကျငာခံရဖို႔ေစာင့္ေနတဲ့လူတိုင္းကို စိုးရိမ္ေၾကာင့္ၾကေနေစေတာ့သည္။

သို႔ေသာ္ ဝမ္ေခ်ာင္ကေတာ့ ထိုမွတ္ခ်က္မ်ားကို ဖတ္ရင္း အလြန္အမင္းေဒါသထြက္လာတာမို႔ ေအာ္ေငါက္ဆဲဆိုလာေလသည္။

"ငါလူးပဲ! ေရွာင္ရွဲ႕ ကတာ ဘာလို႔မေကာင္းရမွာလဲ။ ခ်ီးကိုပဲ သိ!"

"ခြဲစိတ္တာရွိတိုင္း လူတိုင္းက ခြဲဖို႔လိုမယ္လို႔ မင္းထင္ေနတာလား။ မင္းအေမ့သားအိမ္ကေရာ မင္းကို ေမြးဖို႔ ခြဲထည့္ထားတာမလို႔လား!"

"မင္းက ေက်ာ္ၾကားလာမွာ မဟုတ္ဘူးလို႔ ႀကိဳေဟာကိန္းထုတ္တယ္? လမ္းေဘး သြားေဂ်ာင္းၿပီး သူမ်ားကိုသာ သြားေဟာေနစမ္းပါ၊ ေစာက္႐ူးေကာင္!"

ရွဲ႕က်ဴရွင္းမွာ ဆက္နားမေထာင္နိုင္ေတာ့။ "ရၿပီ။ ငါတို႔ကို လူထုၾကားခ်ျပရင္ ေဝဖန္ခံရမယ္ဆိုတာ သိထားၿပီးသားေလ။ ဒီလိုေျပာလို႔ ငါ့အသားနာသြားတာမွ မဟုတ္တာ။"

ဝမ္ေခ်ာင္ကေတာ့ ေဒါသထြက္လြန္းတာမို႔ စိတ္မထိန္းနိုင္ေသး။ "ဘာကို 'ငါ့အသားနာသြားတာမွ မဟုတ္တာ' လဲ။ လူတိုင္းက လိုင္းေပၚမွာဆို အရမ္းေတြ သတၱိရွိျပေနတာ။ မင္းကို အျပင္မွာ ေတြ႕ရင္ သူတို႔ တစ္ခြန္းမွ ေျပာရဲေတာ့မွာ မဟုတ္ဘူး! ဒီလူေတြက ေကာင္းတာ ဘာမ်ားရွိလဲ။ ယဥ္ေက်းမွုေလးေတာင္ မရွိဘူး။"

က်ိက်ဲက ဒီတစ္ေခါက္ေတာ့ ရွားရွားပါးပါး သူႏွင့္သေဘာတူလာသည္။ "ဒီတစ္ေခါက္ ဝမ္ေခ်ာင္ရဲ့ပါးစပ္ပုပ္က သူတို႔ကိုေျပာသမၽွ အကုန္မွန္တယ္။ ကၽြန္ေတာ္ေတာင္ ဖတ္ေနရင္း ေဒါသထြက္လာတာ။"

ဝမ္ေခ်ာင္ : "မင္း စကားကိုေကာင္းေကာင္းေျပာလို႔ မရဘူးလား။ ဘယ္သူ႔ပါးစပ္ကို ပါးစပ္ပုပ္လို႔ ေခၚေနတာလဲ။" 

က်ိက်ဲ : "မင္းကို ေျပာေနတာေလ။ ေရွာင္ရွဲ႕ post ေအာက္က မွတ္ခ်က္ေတြၾကည့္ရင္းေတာင္ ေဒါသထြက္ေနတာ အဆုတ္ကြာက်ေတာ့မယ့္အတိုင္း။ ေသာၾကာေန႔ေရာက္လို႔ မင္းအလွည့္က်ရင္ ငါးပူေဖာင္းေျပာင္းသြားမွာလား။"

ဝမ္ေခ်ာင္မွာ 'အနာကိုတုတ္နဲ႔လာထိုး' ခံရသလိုျဖစ္သြားေတာ့သည္။ "မင္းမ်က္ႏွာက ဘန္းမုန့္နဲ႔တူေနတဲ့အခ်ိန္ သူမ်ားကိူ ငါးပူေဖာင္းလို႔ လာေျပာရဲေသးတယ္ေပါ့!"

က်ိက်ဲက တကယ္ကို ဘန္းမုန့္ကဲ့သို႔ မ်က္ႏွာဝိုင္းဝိုင္းေလးျဖစ္ၿပီး အျမဲလိုလို သူ႔မ်က္ႏွာက်ႏွင့္ပတ္သတ္၍ မေက်မနပ္ျဖစ္ေနကာ ခြဲစိတ္ခ်င္တယ္ဟု အႀကိမ္ေပါင္းမ်ားစြာ ထုတ္ေျပာခဲ့ဖူးသူျဖစ္သည္။ ထိုကဲ့သို႔ၾကားရခ်ိန္ သူကလည္း ေပ်ာ္ရႊင္မေနေတာ့။

"ငါ့မွာ ဘန္းမုန္လို႔မ်က္ႏွာရွိတယ္? မင္းဖင္ ဘယ္ေလာက္ႀကီးလဲဆိုတာက် ဘာလို႔ မင္း မေျပာျပလဲ။"

ဝမ္ေခ်ာင္ ေဒါသတႀကီး ျပန္ဆဲေရးသည္။ "ဘယ္သူ႔ဖင္က ႀကီးေနလဲ?! ပန္းကန္ျပားလိုျဖစ္ေနတဲ့ မင္းမ်က္ႏွာကိုပဲ ျပန္ၾကည့္စမ္းပါ!"

ရွဲ႕က်ဴရွင္းမွာ သူတို႔ႏွစ္ေယာက္ ထပ္ရန္ျဖစ္ေတာ့မည္ဆိုတာ ျမင္လိုက္တာမို႔ ဝမ္ေခ်ာင္ကို တစ္ဖက္သို႔ အလ်င္အျမန္ဆြဲထားရင္း ေျပာလိုက္ရသည္။ "ျပႆနာ မရွာနဲ႔ေတာ့။ ငါ အခု စိတ္ရွုပ္ေနရတာ မလုံေလာက္ေသးဘူးလို႔ မင္းထင္ေနတာလား။"

ဝမ္ေခ်ာင္ က်ိက်ဲကို ထပ္ဂ႐ုစိုက္မေနေတာ့။ "စိတ္ရွုပ္ခံမေနနဲ႔။ ဒီေန႔တစ္ရက္တည္းပဲ။ မနက္ျဖန္က် သူတို႔ မင္းကို ေဝဖန္ဖို႔ ေမ့သြားလိမ့္မယ္။ ေကာင္းစီ့ယြမ္ကို ေဝဖန္ရမယ့္အလွည့္ေရာက္ၿပီေလ။" 

မနက္ျဖန္ လူထုအၾကားခ်ျပခံရမည့္ ေကာင္းစီ့ယြမ္ : "..."

"ေဟး၊ ေဟး၊ မင္းတို႔ ၾကည့္ဦး!" ခ်န္းေယာင့္ စိတ္လွုပ္ရွားတႀကီးေအာ္ေျပာလာသည္။ "Mr.လ်န္ forward လုပ္သြားတယ္!"

လူတိုင္း သူတို႔ဖုန္းမ်ားကို ကိုယ္စီငုံ႔ၾကည့္လိုက္ၾကသည္။

လ်န္ရွီက တကယ္ကို Weibo ကို retweet လုပ္ၿပီး စာလည္းေရးထားေသးသည္။ "ရို႔၊ ၾကည့္ရတာ ရထားတြဲေလး ပြဲဦးထြက္ေတာ့မယ့္ပုံပဲ။"

သူက အလြန္နာမည္ေက်ာ္ၿပီး fan လည္း အမ်ားအျပားရွိတာမို႔ ျပန္ share သည့္ႏွုန္းက မိုးထိေထာင္တက္သြားေတာ့သည္။ အႏုပညာေလာကအသိုင္းအဝိုင္းအတြင္း သူႏွင့္ ခင္မင္ၾကသူ၊ သူႏွင့္ အဆက္အဆံရွိလိုသူမ်ားကလည္း ျပန္လို႔ share ေပးၾကသည္။ သို႔ႏွင့္ ကုမၸဏီမွ ရွဲ႕က်ဴရွင္းအတြက္ ထုတ္ျပန္ေပးထားသည့္ Weibo post မွာ ႐ုတ္ခ်ည္းဆိုသလို ေပၚျပဴလာအမ်ားဆုံးအထိ ထိုးတက္သြားေလသည္။

"ရထားတြဲေလးဆိုတာ ဘာလဲ။" ဝမ္ေခ်ာင္ နားမလည္သလိုေမးလိုက္ၿပီးမွ ႐ုတ္တရက္ ယန့္က်ားက်ားရဲ့ေနာက္တစ္ေယာက္တြဲသြားတဲ့ကိစၥကို ျပန္အမွတ္ရကာ ေမးလာေတာ့သည္။ "ေရွာင္ရွဲ႕၊ လ်န္-ေကာက ဘယ္လိုလုပ္ မင္း ဦးထုပ္စိမ္းေစာင္းခံရတာကို သိသြားတာလဲ။ ဟိုေန႔က မင္း သူ႔ကို ေျပာျပလိုက္တာလား။"

ရွဲ႕က်ဴရွင္း : "..."

ခ်န္းေယာင့္ ဝင္ရွင္းျပေပးလာသည္။ "ကာတြန္းကားထဲမွာ Thomas လို႔ ေခၚတဲ့ ရထားေလးရွိတယ္။"

သို႔ေပမယ့္ အဖြဲ႕သားတိုင္းက အျခားတစ္စုံတစ္ခုကို ပိုအာ႐ုံစိုက္သြားသလိုပင္။

ေကာင္းစီ့ယြမ္က သိခ်င္စိတ္အျပည့္ျဖင့္ ေမးလာသည္။ "ဝမ္ေခ်ာင္၊ အဲ့ေန႔ဆိုတာ ဘယ္ေန႔လဲ။ ငါတို႔ SPA အတူသြားတဲ့ေန႔ မဟုတ္ဘူးလား။"

ဝမ္ေခ်ာင္ သူ႔အသံကို ၾကားလိုက္တာႏွင့္ ခ်ဥ္တူးေတာ့မည္ဆိုတာ သိႏွင့္ေနသည္။ "ေရွာင္ရွဲ႕နဲ႔ ငါ အတူလုပ္သမၽွကိစၥတိုင္းကို မင္းဆီ အစီရင္ခံစာတင္ေနရမွာလား။ မင္းက ဘာမို႔ ခြန္း-ေကာထက္ေတာင္ စည္းကမ္းၾကပ္ေနရတာလဲ။"

ေကာင္းစီ့ယြမ္ ရယ္သြားၿပီး ဘာမွ မေျပာလာေတာ့။

ရွဲ႕က်ဴရွင္း အနည္းငယ္မၽွ ေနရခက္သြားေတာ့သည္။ ပုံမွန္အားျဖင့္ သူ တစ္ဖက္လူ စိတ္ခုေအာင္ ေနလိမ့္မရွိ။ သို႔ေပမယ့္ ဒီလို မထင္မွတ္ပဲ စိတ္ခုေအာင္ ျပဳလုပ္မိတာမ်ိဳးက ေရွာင္လႊဲလို႔လည္း မရနိုင္ေပ။

သူ႔ေဘးမွာထိုင္ေနတဲ့ဝမ္ေခ်ာင္က သူ႔ပခုံးကို တို႔ထိလာတာမို႔ သူ ျပန္လွည့္ၾကည့္လိုက္မိသည္။

ဝမ္ေခ်ာင္က သူ႔မ်က္ႏွာကို ေစ့ေစ့ၾကည့္လာ၏။

ရွဲ႕က်ဴရွင္း : "???"

ဝမ္ေခ်ာင္က ေျပာင္စပ္စပ္မ်က္ႏွာလုပ္ျပၿပီးေတာ့မွ တစ္ဖက္လွည့္ကာ လူတိုင္းကို ေျပာလိုက္ေလသည္။ "ဆိုေတာ့ ေနာက္ေန႔က်မွ လ်န္-ေကာရဲ့ အိမ္သစ္တက္ပြဲကို အတူသြားၾကတာေပါ့။ သူ အိမ္ေျပာင္းတာ မၾကာေသးဘူး။ သြားၿပီး သူ႔အိမ္မွာ ပါတီသြားလုပ္ၾကေအာင္။"

လူတိုင္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ေနၾကခ်ိန္ က်ိက်ဲက အရင္ေျပာလာသည္။ "ငါတို႔အခ်င္းခ်င္းလည္း ရင္းႏွီးတာ မဟုတ္ဘူး။ သူမ်ားအိမ္ကို ဒီလိုတန္းသြားလို႔ အဆင္ေျပရဲ့လား။"

မထင္မွတ္ထားစြာ ဝမ္ေခ်ာင္မွ ျပန္ေျဖသည္။ "ဘာမွမျဖစ္ဘူး။ သူက မင္းတို႔လို လတ္လတ္ဆတ္ဆတ္အသားစိမ္းေလးေတြကို အႀကိဳက္ဆုံး"

လတ္လတ္ဆတ္ဆတ္အသားစိမ္းေလးဟု ေခၚခံလိုက္ရသူမ်ား : "..."

ကိုးနာရီ ထိုးခ်ိန္တြင္ Weibo ၌ စိတ္လွုပ္ရွားတႀကီး share ၾက၊ ေပါက္ကြဲၾကျခင္းမ်ား တျဖည္းျဖည္းၿငိမ္က်သြားေတာ့သည္။ သို႔ျဖင့္ လူတိုင္း ကိုယ့္အိမ္ကိုယ္ ျပန္ဖို႔လုပ္ၾကၿပီး မနက္ျဖန္ အသံသြင္းဖို႔ မေနာက္က်ရန္ အခ်င္းခ်င္း မွာေနၾကေလသည္။

လမ္း၌ ရွဲ႕က်ဴရွင္း ကားေမာင္းေနရင္း ေမးလိုက္သည္။ "မင္း လ်န္ရွီကိုလည္း ဘာမွ မေျပာဘဲ သူ႔အိမ္သြားလည္မလို႔လား။ လ်န္ရွီက မင္းတို႔လာလည္တာ မႀကိဳက္ရင္ ဘယ္လိုလုပ္မလဲ။"

ဝမ္ေခ်ာင္က ေခါင္းငုံ႔ကာ ဖုန္းကစားလ်က္ရွိေနၿပီး ဂ႐ုမထားသလိုျပန္ေျဖသည္။ "သူ တကယ္ ဂ႐ုမစိုက္ဘူး။ တစ္ခါတစ္ေလဆို ေကာင္ငယ္ေလးေတြကိုေတာင္ သူ႔အိမ္မွာ ပါတီ လာက်င္းပခိုင္းေသးတယ္။ အဲ့အဖြဲ႕ေတြထဲမွာ သူ မသိတဲ့လူေတြလည္း ပါတာပဲ။ သူက စည္စည္ကားကားရွိေနတာကို သေဘာက်တာ။"

ရွဲ႕က်ဴရွင္းမွာ ထိုကဲ့သို႔ ဘဝေနထိုင္မွုမ်ိဳးကို နားမလည္နိုင္။ ထို႔အျပင္ လ်န္ရွီရဲ့ဘဝက အနည္းငယ္မၽွရွုပ္ေထြးလွတယ္ဟု သူခံစားမိေနသည္။ "သူတို႔ေတြကို ဘုမသိဘမသိ ေလၽွာက္မေခၚသြားနဲ႔။ မင္းေၾကာင့္ သူတို႔အက်င့္ပ်က္ကုန္လိမ့္မယ္။"

ဝမ္ေခ်ာင္ သူ႔ကိုေမာ့ၾကည့္လိုက္သည္။ "ဘာကို 'ငါ့ေၾကာင့္ သူတို႔အက်င့္ပ်က္မွာလဲ'။ လ်န္-ေကာ ပါတီက်င္းပတာကို မင္း ဘယ္လိုေတြ ေတြးလိုက္တာလဲ။ ငါ ဘားသြားတုန္းကပုံစံမ်ိဳးလို႔ ထင္လိုက္တာလား။ မဟုတ္ဘူးေနာ္၊ သူက မိန္းကေလးေတြနဲ႔ မကစားဘူး။"

'မိန္းကေလးေတြနဲ႔ မကစားတာ အဆိုးဆုံးပဲ မဟုတ္ဘူးလား။'

ရွဲ႕က်ဴရွင္း တစ္ဖက္လွည့္ေမးလိုက္သည္။ "ဒါဆို မင္းတို႔ ဘာလုပ္ၾကတာလဲ။"

"အရက္ေသာက္တယ္။ ဖဲခ်ပ္ကစားတယ္။ က်ားထိုးၾကတယ္။"

"... ဒါပဲလား။"

ဝမ္ေခ်ာင္ ဂိမ္းဆက္ကစားလို႔ေနသည္။ "က်န္တာဘာမွမေဆာ့ျဖစ္ဘူး။ သူက ညနက္တဲ့အထိ ေနရတာကို မႀကိဳက္ဘူး။ ၁၁၊ ၁၂ ထိုးတာနဲ႔ ငါတို႔ကို သူ ပင္ပန္းေနၿပီဆိုၿပီး ႏွင္လႊတ္ေတာ့တာပဲ။ အဲ့ခါက် ငါတို႔က ဆက္ေပ်ာ္ဖို႔ ေနရာ ထပ္ရွာၾကတယ္ေလ။"

ရွဲ႕က်ဴရွင္ ေမးလိုက္သည္။ "ဒါဆို သူကေရာ?"

"အိမ္မွာ အိပ္ေနခဲ့တာေပါ့။ ငါေျပာတယ္ေလ၊ သူက ညနက္တဲ့အထိေနရတာ မႀကိဳက္ဘူးလို႔။"

.. သူက တကယ္ပဲ နံရံတစ္ဖက္ပဲျခားတာေတာင္ ေအးေဆး တညည္းညည္းနဲ႔ အာသာေျဖခဲ့တဲ့ Mr.လ်န္ကို ေျပာေနတာေရာ ဟုတ္ရဲ့လား။

ရွဲ႕က်ဴရွင္းလည္း ဘာမွ ထပ္မေမးေတာ့ဘဲ ဝမ္ေခ်ာင့္မွာလည္း ဘာမွ ထပ္ေျပာစရာ မရွိေတာ့သလိုပင္။

ဝမ္ေခ်ာင္ရဲ့ထိုအက်င့္ေလးကို ရွဲ႕က်ဴရွင္း အခ်ိန္တစ္ခုကတည္းက သတိထားမိခဲ့တာျဖစ္သည္။ သူ႔ပါးစပ္က ထြက္သမၽွအကုန္ အေကာင္းမပါလွေပမယ့္လည္း တစ္ဖက္လူရဲ့ေနာက္ကြယ္တြင္ သူတို႔အတြင္းေရးကိစၥမ်ားကို ဘယ္ေတာ့မွ အတင္းျပန္ေျပာေလ့ မရွိ။ သူ ေကာင္းစီ့ယြမ္ကို မုန္းေနတာေတာင္မွ ထိုလူႏွင့္ပတ္သတ္ၿပီး ညစ္ညစ္ညမ္းညမ္းစကားအခ်ိဳ႕သာ သူေျပာဖူးသည္။ အရင္က ေကာင္းစီ့ယြမ္ရဲ့မေကာင္းခဲ့သမၽွသတင္းဆိုးေတြကို သူ ျပန္အတင္းတုပ္လာျခင္းမ်ိဳး မရွိ။

သူတို႔ခႏၶာကိုယ္အခ်ိဳးအစားမွန္ေအာင္ ရက္အနည္းငယ္မၽွ ေလ့က်င့္ေပးခဲ့ဖူးသည့္ဖန္းက်ဲေတာင္မွ ေကာင္းစီ့ယြမ္ အရင္က ေတာင္ကိုရီးယားတြင္ သုံးလမၽွ ေလ့က်င့္ေရးသင္တန္းဆင္းဖူးၿပီး ကန္ထုတ္ခံလိုက္ရေၾကာင္း သိထားသည္။ ေကာင္းစီ့ယြမ္ကေတာ့ ကိုရီးယားေတြက တ႐ုတ္ကို အထင္ေသးတာေၾကာင့္ဟုဆိုထားေပမယ့္ သူႏွင့္အတူ ကိုရီးယားေရာက္သြားတဲ့လူက ေကာင္းစီ့ယြမ္သည္ ကုမၸဏီ၌ ပြဲဦးထြက္ၿပီးသား မိန္းကေလး ဒိုင္ေဒါအဖြဲ႕ထဲက စီနီယာအစ္မႀကီးတစ္ေယာက္ကို လိုက္ပိုးခဲ့တာေၾကာင့္ဟုဆိုသည္။ သို႔ေပမယ့္ ကုမၸဏီထံသို႔ ထိကပါးရိကပါးျပဳလုပ္ျခင္း စသည့္တိုင္စာမ်ား ေရာက္လာခဲ့ၿပီး ကုမၸဏီက သူ႔ကို သင္တန္းသားဘဝမွ ထုတ္ပယ္လိုက္တာမို႔ သူလည္း နိုင္ငံကိုသာ ေမၽွာ္လင့္ခ်က္မဲ့စြာျပန္ခဲ့ရေတာ့သည္ဟု ေျပာထားေလသည္။

"ငါ သူတို႔ကို ဒီတစ္ေခါက္ လ်န္-ေကာအိမ္ ေခၚသြားတယ္ဆိုတာ မင္းအေပၚ သဝန္တိုၿပီး မင္းေနာက္ကြယ္မွာ မဟုတ္တာေတြ မလုပ္ရေအာင္လို႔။" ဝမ္ေခ်ာင္က သူ႔ဂိမ္းအေပၚ အာ႐ုံနစ္ထားရင္း ေရရြတ္လာသည္။ "ဒီေန႔ လ်န္-ေကာ မင္း post ကို share သြားေတာ့ ေကာင္းစီ့ယြမ္ ဘယ္ေလာက္မနာလိုေနလဲ မင္း မျမင္လိုက္လို႔။"

ရွဲ႕က်ဴရွင္း : "..." 'ဆိုေတာ့ အဲ့အတြက္ေလးနဲ႔ပဲလား။'

ဝမ္ေခ်ာင္ သူ႔ဖုန္းကို ေအာက္ခ်လ်က္ ေျပာလာသည္။ "အကယ္လို႔ လူတစ္ေယာက္က အျခားလူတစ္ေယာက္ကို တကယ္မနာလိုသြားရင္ ေတြးမထားနိုင္တဲ့ကိစၥေတြကိုေတာင္ လုပ္လာနိုင္တယ္။ ငါ ေပ့က်င္းကို စေရာက္တုန္းက ျပည္မႀကီးအသံအတိုင္း သိပ္မေျပာတတ္ေသးဘူး။ ေယာက္်ားေလးအတန္းေဖာ္ေတြက ငါ့ကို အဲ့တာနဲ႔ပတ္သတ္ၿပီး မနားတမ္း စၾကေတာ့တာပဲ။ ေနာက္က် ငါ ပီယာနိုတီးနည္းတတ္သြားေတာ့ မိန္းကေလးအတန္းေဖာ္ေတြက ငါ့ကို မိမိုက္တယ္လို႔ေတြးၿပီး စကားလာေျပာၾကတယ္။ အဲ့တာနဲ႔ ငါလည္း ေပ်ာ္တာမို႔ အခန္းထဲက ေကာင္မေလးေတြတိုင္းကို ခ်ိဳခ်ဥ္ဝယ္ေကၽြးလိုက္တယ္ေလ။ အတန္းထဲက ေကာင္ေလးအခ်ိဳ႕ကလည္း ခ်ိဳခ်ဥ္စားခ်င္တာမို႔ ငါ့ကို လာဖားၾကေရာ။ ငါ့ကို အနိုင္က်င့္ခ်င္တဲ့လူေတြကသာ မနာလိုျဖစ္က်န္ခဲ့ၿပီး အလယ္တန္းေက်ာင္းသားေတြရဲ့အကူအညီကိုပါ သြားေခၚၾကတယ္ေလ။ ေက်ာင္းဆင္းေတာ့ ငါ့ကို ေပးမျပန္ဘဲ သူတို႔ကို ငါက ပိုက္ဆံေပးဖို႔က်န္ေနတယ္၊ ျပန္ေပးရမယ္ဆို အတင္းဝိုင္းေျပာျပေရာ။"

ရွဲ႕က်ဴရွင္း : "... အဲ့ေတာ့ သူတို႔ မင္းကို ထိုးခဲ့ေသးလား။"

ဝမ္ေခ်ာင္ ဂုဏ္ယူမွုအျပည့္ႏွင့္ေျပာလာသည္။ "ထိုးခ်င္ၾကတာေပါ့။ ဒါေပမယ့္ သူတို႔ ငါ့ကို မထိုးနိုင္ခင္ေလးမွာပဲ ငါ့တာ့ေကာေရာက္လာၿပီး သူတို႔အကုန္လုံးကို ထိုးခ်ပစ္ေရာ။ သူကလည္း ငါ့ႀကိဳဖို႔ေရာက္လာတာနဲ႔ ၾကဳံသြားတာပါ။ အဲ့တုန္းက သူ႔အရပ္က 1.8m ရွိေနၿပီ၊ လက္ေဝွ႕ထိုးနည္းကလည္း သင္ထားေသးတယ္။ အဲ့ေတာ့ ငါလည္း ေဘးမွာရပ္ၿပီး ခ်ိဳခ်ဥ္စားရင္း အဲ့အ႐ူးေကာင္ေတြကို သူ သဲအိတ္လိုသေဘာထားၿပီး ထိုးေနတာကို ထိုင္ၾကည့္ေနလိုက္တယ္ေလ၊ ဟားဟား"

ရွဲ႕က်ဴရွင္းပါ မရယ္ဘဲမေနနိုင္ေတာ့။ "ဒါဆို မင္းအစ္ကိုကလည္း မင္းအေပၚ ေကာင္းေကာင္းဂ႐ုစိုက္ေပးခဲ့တာပဲ။"

ဝမ္ေခ်ာင္ ဂုဏ္ယူဝင့္ႂကြားစြာေျပာလာသည္။ "ငါ ငယ္ငယ္တုန္းက အရမ္းခ်စ္ဖို႔ေကာင္းတယ္ေလ။ ငါ့တာ့ေကာဆို ငါသာ ငယ္ငယ္တုန္းက ႐ုပ္အတိုင္းရွိေနေသးရင္ မရိုက္ရက္ဘူးလို႔ေတာင္ ေျပာဖူးတယ္။ ငါ့ကို ငယ္ငယ္တုန္းကေတြ႕ဖူးတဲ့လူတိုင္းလည္း ခ်စ္ဖို႔ေကာင္းတယ္ေျပာၾကတာပဲ။"

ရွဲ႕က်ဴရွင္း သူ႔ကိုတစ္ခ်က္လွမ္းၾကည့္ရင္း အခုလည္း သူက အရမ္းခ်စ္ဖို႔ေကာင္းေနဆဲဟု ခံစားမိေနသည္။ သူ႔ရဲ့ေပ်ာ္ရႊင္မွုမ်ားႏွင့္ျပဳံးရယ္လာျခင္းေလးက တကယ္ကို အနည္းငယ္မၽွခ်စ္ဖို႔ေကာင္းလွ၏။ 

KittyKitling

T/N : ေစာတယ္မလား ( ̄^ ̄)ゞ

Continue Reading

You'll Also Like

168K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
3M 232K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
203K 5K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗
214K 23.8K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...