Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

19

2K 454 109
By callme__kitty

[Unicode]

'မွှန်ထူခြင်း'

နောက်နေ့တွင် အဖွဲ့ဝင် ခြောက်ယောက်လုံး ကုမ္ပဏီကို ပြန်ရောက်လာပြီး ပုံမှန်အတိုင်း ဆက်လက်လေ့ကျင့်ကာ မနက်ဖြန် Title Song ကို အသံသွင်းရန် ပြင်ဆင်နေကြသည်။

Chorus အပိုဒ်ကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက်မှာတော့ သင်ပြပေးနေသည့်ဆရာလည်း အတော်လေး စိတ်ကျေနပ်မှုရှိသွားကာ သက်ဆိုင်ရာအပိုင်းများကို သီးသန့်လေ့ကျင့်စေတော့သည်။

သီချင်းက လေးမိနစ်မျှကြာမြင့်ပြီး သီချင်းမပါဘဲ ကပြဖျော်ဖြေရုံနှင့် လူစုံတက်စုံဆိုရမည့်အပိုင်းများကို ဖယ်လိုက်ရင် တစ်ဦးချင်းဆိုရမည့်ကြာချိန်က စက္ကန့်သုံးဆယ်မျှတောင် မရှိ။ တစ်ဦးချင်းစီက သာမန်အားဖြင့် စာကြောင်း သုံးလေးကြောင်းသာ ဆိုပြရန်လိုသည်။

ခေတ်ရေစီးကြောင်းပေါ်ရှိလူအသိုင်းအဝိုင်းများက အိုင်ဒေါအဖွဲ့တွေနှင့် ပတ်သတ်လျှင် ဇီဇာကြောင်လိုကြသည် — အိုင်ဒေါအဖွဲ့တစ်ခုကသာ သူတို့ကို ဘာနေနေအားပေးနေမည့် ပရိတ်သတ်အုပ်စုလေးရသွားတာနှင့် ထိုပရိသတ်များရဲ့ သူတို့သီချင်းဆိုမှုအပေါ် သည်းခံနိုင်နှုန်းက သာမန်အဆိုတော်များကို ဝေဖန်တာထက် ပိုကောင်းလာတော့သည်။ ထိုကဲ့သို့ ပရိတ်သတ်တွေက သူတို့အပေါ် သည်းခံလေလေ ဘေးမှလူတွေအမြင်မှာ ပိုလို့ဝေဖန်ဇီဇာကြောင်ချင်စရာဖြစ်လာရသည်။ သို့ပေမယ့် ဘေးလူအပေါင်းရဲ့ဝေဖန်မှုတွေကြောင့် ပရိတ်သတ်တွေက သူတို့အားပေးနေသည့်အိုင်ဒေါအဖွဲ့ပေါ် ပိုလို့ခွင့်လွှတ်အားပေးချင်စိတ်များဖြစ်ပေါ်လာသည်။

ဒါကြောင့်လည်း အောင်မြင်မှုလမ်းကြောင်းထက် လျှောက်ဖို့ကြိုးစားနေသည့်အိုင်ဒေါအဖွဲ့များမှာ အားပေးမှုတစ်လှည့်၊ ဝေဖန်ခံရတစ်လှည့် ကြုံတွေ့နေရခြင်းသာ။ ထိုအဖြစ်က သွ့မ်ယိခွန်း တစ်ခါပြောခဲ့ဖူးသလိုပင် ; 'အိုင်ဒေါဂရုများတွင် သီချင်းဆိုစကေးက သိပ်အရေးမကြီးလှ။'

သို့ပေမယ့်လည်း လူတိုင်းက အလေးအနက်ထားပြီး အပြင်းအထန်လေ့ကျင့်နေဆဲ။ ဘယ်သူကမှ အဖွဲ့ကို မနှောင့်နှေးစေချင်တာလည်းပါသလို အဖွဲ့ထဲ သူတို့ကိုယ်သူတို့ ပိုထင်ပေါ်နေစေချင်တာကြောင့်လည်း ဖြစ်သည်။ ပြောရလျှင် အဖွဲ့တိုင်းတွင် နာမည်အကျော်ဆုံးလူဆိုတာ ရှိသကဲ့သို့ စက္ကူဖြူလေးလို ဘယ်သူကမှ သူတို့နာမည်ကိုတောင် သတိမထားမိတဲ့အဖွဲ့ဝင်ဆိုတာကလည်း ရှိစမြဲဖြစ်တာမို့ပင်။

ဝမ်ချောင်တစ်ယောက်တည်းကသာ သီချင်းစာသားအနည်းငယ်မျှ ဆိုညည်းနေသလိုနှင့် အသံထပ်ထွက်မလာတော့။ သူ ခဏကြာအောင် အိပ်ငိုက်ငိုက်နှင့်ထိုင်နေပြီးမှ ရုတ်တရက်ပြောလာသည်။ "မင်းတို့ လေ့ကျင့်နှင့်။ ငါ အပြင်ခဏသွားဦးမယ်။"

အခြားသူတွေကတော့ ဘာမှမပြောပေမယ့် ရှဲ့ကျူရှင်းမှ ပြောလိုက်လေသည်။ "အပျင်းတစ်ချင်ပြန်ပြီလား။ မင်း ဘာသွားလုပ်မလို့လဲ။"

ဝမ်ချောင် မျက်ဆန်လှန်ပြရင်း ပြောလာသည်။ "အရမ်းမွန်းကြပ်လာလို့ အပြင်သွား ခဏလေကောင်းလေသန့်ရှုမလို့။"

"... မြန်မြန် ပြန်လာခဲ့။ ငါတို့ ခဏနေ chorus ပိုဒ် လေ့ကျင့်ရဦးမယ်။"

ဒီကောင်လေးရဲ့ပါးစပ်က ပေါပေါပဲပဲနှင့် စိတ်ရှုပ်စရာကောင်းအောင် ပြောပေမယ့် အလိမ်အညာစကားကတော့ ပြောခဲသည်။ ထို့ကြောင့်လည်း သူ့စိတ်ထဲ မပါတဲ့စကားအချို့ကို ပြောလိုက်ပါက ချက်ချင်းကို တန်းသိမြင်နေရသည်။

ဝမ်ချောင် အပြင်ရောက်တာနှင့် သွမ့်ယိခွန်းဆီ တိုက်ရိုက်သွားပြီး မေးလိုက်တော့သည်။ "ခေါင်းဆောင် ရွေးပြီးသွားပြီလား။"

"ငါ မင်းတို့ သီချင်းဆို လေ့ကျင့်တာ အရင်စောင့်ကြည့်ဦးမလို့။ ပြီးမှ ခေါင်းဆောင် ဘယ်သူလဲ ကြေညာပေးမယ်။"

"ကြေညာဖို့ အလျင်လိုမနေပါနဲ့။ ရှောင်ရှဲ့မလား။"

သွမ့်ယိခွန်း မေးလိုက်သည်။ "ဘာလို့ မင်းက သူလို့ ထင်ရတာလဲ။"

ဝမ်ချောင်က သိသာနေတဲ့ကိစ္စတစ်ခုလို ပြောလာသည်။ "သူကလွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ။ ကျိကျဲက ဖြူကောင်လိုပဲ။ သူ့အနားကပ်လာသမျှလူတိုင်းကို ဆူးနဲ့လိုက်ထိုးတယ်။ ချန်းယောင့်က ခပ်တုံးတုံး အငယ်ကောင်လေး။ ယန်ရှောင်းမူက တစ်နေ့တစ်နေ့ ဘယ်လိုရယ်ရမလဲဆိုတာပဲ သိတယ်။ ကောင်းစီ့ယွမ်ကတော့ တော်တော်ကို စိတ်ရှုပ်ဖို့ကောင်းတာ။ သေချာပေါက် ရှောင်ရှဲ့ပဲ ကျန်တာလေ။"

သွမ့်ယိခွန်း ပြုံးသွားသည်။

"သူ ဟုတ်တယ်မလား။ အဲ့တာ ... သူ့ကို ခေါင်းဆောင် မလုပ်ခိုင်းနဲ့။ ဘယ်သူ့ကိုဖြစ်ဖြစ် ရွေးလိုက်။ အမည်မသိ မဲပေးထားကြတာပဲ။ ခင်ဗျား နာမည်တပ်လိုက်တဲ့လူကပဲ ခေါင်းဆောင်ဖြစ်လာမှာ။"

သွမ့်ယိခွန်း ထူးဆန်းသလို မေးလိုက်သည်။ "မင်း ရှောင်ရှဲ့နဲ့ ဆက်ဆံရေးကောင်းတယ် မဟုတ်လား။ ဘာလို့ သူ့ကို ခေါင်းဆောင် မဖြစ်စေချင်ရတာလဲ။"

"သူက ပြဿနာများရတာကို မကြိုက်ဘူး။ အရင် ကျိကျဲနဲ့ ချန်းယောင့် သူနဲ့ အခန်း အတူတူငှါးချင်တာတောင် သူ သဘောမတူဘူးလေ။ သူက တိုးတိုးတိတ်တိတ်နဲ့ အေးအေးဆေးဆေးနေရတာကို သဘောကျတာ။ အကယ်၍ သူသာ ခေါင်းဆောင်ဖြစ်သွားရင် လူတိုင်းက ပြဿနာတစ်ခုခုဖြစ်တိုင်း သူ့သွားရှာတော့မယ်။ သူကလည်း စိတ်ရင်းကကောင်းတော့ တစ်ယောက်ယောက် အကူအညီတောင်းလာရင် ငြင်းနိုင်မှာ မဟုတ်ဘူး။ ခွန်း-ကော၊ သူ့ကို ခေါင်းဆောင် မလုပ်ခိုင်းနဲ့။"

သွမ့်ယိခွန်း ပါးနပ်လှတဲ့မျက်ဝန်းများဖြင့် သူပြောသမျှကို နားထောင်နေလိုက်သည်။ "မင်း တွေးတာမှန်တယ်။ တကယ် သူ့ကိုပဲ လေးယောက်တောင် မဲပေးကြတာ။ မင်းတို့ခြောက်ယောက်ထဲမှာ နှစ်ယောက်ပဲ ရှောင်ရှဲ့ကို မဲမပေးတာ။ အဲ့တာကြောင့် ငါ ကြုံရာလူရွေးပြီး သူက မဲအများဆုံးလို့ပြောရင် ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး။"

ဝမ်ချောင် မကျေမနပ်ဖြစ်လို့သွားသည်။ "ရှောင်ရှဲ့ သူ့ဘာသာမရွေးထားဘူးဆိုတော့ သူ့ကို မရွေးတဲ့လူ နောက်တစ်ယောက်ရှိသေးတာပေါ့။ ဘယ်သူက အဲ့လောက် အမြင်မရှိရတာလဲ။ အော့်! ကျွန်တော်သိတယ်၊ သူက ကောင်းစီ့ယွမ်လား။"

"ကောင်းစီ့ယွမ် မဟုတ်ဘူး။ ဘယ်သူလဲတော့ ငါ မပြောပြနိုင်ဘူး။ အမည်မဖော်တဲ့ မဲပေးစနစ် မဟုတ်လား။"

ဝမ်ချောင် ထပ်မေးသည်။ "နောက်မဲက ဘယ်သူ့ဆီမှာ ရှိတာလဲ။ ကျွန်တော့်မှာ တစ်မဲရှိမှန်း သိတယ်။ ရှောင်ရှဲ့ပေးထားတာ။"

မထင်ထားစွာ သွမ့်ယိခွန်းမှ ပြောလာသည်။ "မင်းမှာ မဲနှစ်ခုရှိတာ။"

ဝမ်ချောင် : "... ဘယ်သူက အဲ့လောက်ထိ အမြင်မရှိရတာလဲ။"

သွမ့်ယိခွန်း မျက်မှန်ပင့်တင်ရင်း ပြုံးသည်။

ဝမ်ချောင် တွေးကြည့်ပြီးနောက် ပြောလိုက်လေသည်။ "ဒါဆို ... ကျွန်တော်ပဲ ခေါင်းဆောင်လုပ်လိုက်မယ်။"

မွန်းတည့်ချိန်နီးကပ်လာတာနှင့် သွမ့်ယိခွန်းက အဖွဲ့လေ့ကျင့်ရေးကို လာရောက်ကြည့်ရှုပြီး လူတိုင်းကို ချီးကျူးလာသည်။ "မနေ့က အကုန်လုံး သူတို့စိတ်ထဲ ရွေးချယ်ထားတဲ့ခေါင်းဆောင်နာမည်တွေ ငါ့ဆီ ပို့ပေးလာကြတယ်။ ငါ အစက မဲအများဆုံးလူက ခေါင်းဆောင်ဖြစ်လေ့မယ်လို့ ပြောထားပေမယ့် ငါ ပေါ့ဆမိသွားတယ်။ လူက ခြောက်ယောက်ဆိုတော့ မဲလိပ် ခြောက်ခုရှိတဲ့အချိန် မဲက သရေကျနေတယ်။"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေချိန် ဝမ်ချောင်တစ်ယောက်တည်းကသာ ခေါင်းငုံ့လျက် သူ့ဖိနပ်သူ ငေးကြည့်လို့နေသည်။

"သရေကျနေတာ ရှောင်ရှဲ့နဲ့ ဝမ်ချောင်" သွမ့်ယိခွန်း ပြောလာသည်။ "မင်းတို့ ဆုံးဖြတ်ကြ၊ ပြန်မဲပေးချင်လား။ ဒါမှမဟုတ် သူတို့ကိုပဲ ဆုံးဖြတ်ခိုင်းမလား။"

လူနှစ်ယောက်ရှိနေတာမို့ လူတိုင်းက တစ်ခုခုပြောရန် တွန့်ဆုတ်နေပြီး ဘယ်သူကမှ ဘာမှမပြောကြ။

ဝမ်ချောင် ခေါင်းမော့ကာ ပြောလိုက်သည်။ "ဒါဆို ကျွန်တော်ပဲ လုပ်လိုက်မယ်။ ရှောင်ရှဲ့ အဆင်ပြေတယ်မလား။"

ရှဲ့ကျူရှင်း : "..." 'သူက ဘယ်လိုများ ပြန်ဖြေပေးရမှာလဲ။'

"ဒီလိုဆိုရင်ရော : မင်းတို့ အရင်တစ်ခုခုသွားစားလိုက်ဦး။ မင်းတို့အချင်းချင်း စကားပြောကြည့်ပြီးမှ ဆုံးဖြတ်ချက်ချ။ ညနေ ၂ နာရီ မတိုင်ခင် ငါ့ကို ပြန်ပြောနိုင်ရင် ရပြီ။ ရှောင်ရှဲ့ကိုယ်ရေးရာဇဝင်က ဒီည ကြေညာမှာမို့ ဓာတ်ပုံထည့်၊ စာတန်းထိုးဖို့ အချိန်ယူရလိမ့်မယ်။"

သူတို့ ကုမ္ပဏီရှိကန်တင်းသို့ သွားကာ စားပွဲတစ်ခုတွင် ဝိုင်းထိုင်လိုက်ကြသည်။

"ဆွေးနွေးစရာမလိုဘူး။ ငါပဲ လုပ်မယ်။"

လူတိုင်း ပြောစရာစကားမဲ့သွားကြသည်။

ဝမ်ချောင်က ခေါင်းဆောင်ဖြစ်ဖို့အတွက် လုံးဝ စိတ်ပိုင်းဖြတ်ထားတဲ့လူလို ပြောလာသည်။ "တွေးကြည့်စမ်းပါ။ ရှောင်ရှဲ့သာ ခေါင်းဆောင်ဆို ဘာများလုပ်ပေးနိုင်မှာလဲ။ မနက်တိုင်း မင်းတို့ကို ကြက်ဥ ထပြုတ်ပေးမှာလား။ မင်းတို့တွေ ကြက်ဥပြုတ်စက် ဘယ်လိုဝယ်ရလဲ မသိဘူးလား။"

ရှဲ့ကျူရှင်း : "..." 'ဒီပါးစပ်ကတော့ တကယ် သွားဆွဲဖြဲချင်အောင် လုပ်နေတာပဲ။'

ဝမ်ချောင် ထပ်ဖြည့်ပြောသည်။ "ငါကတော့ အဲ့လိုမဟုတ်ဘူး။ နောက်တစ်ပတ်သောကြာနေ့ကျ ဆုပေးပွဲဖျော်ဖြေစင်ရှိတယ်။ မင်းတို့သာ ငါ့ကို ရွေးမယ်ဆို အဲ့စင်က ငါတို့တွေ ပွဲဦးထွက်ရတဲ့စင်ပဲ။"

အဖွဲ့သားများမှာ သံသယတစ်ဝက်နှင့် ရုတ်ချည်း စိတ်လှုပ်ရှားသွားကြသည်။ ဆုပေးပွဲဖျော်ဖြေစင်က တစ်နှစ်တွင် တစ်ကြိမ်သာ ကျင်းပသည့်ပွဲတစ်ခုဖြစ်သည်။ ဂီတအသိုင်းအဝိုင်းအတွင်းမှ လူတော်တော်များများ စုံရာလည်းဖြစ်သည့်အပြင် ဆုပေးရန်ဧည့်သည်အနေဖြင့် တက်ရောက်လာသူများကလည်း အနုပညာအသိုင်းအဝိုင်းအတွင်းမှ နာမည်ကျော်များ၊ စီနီယာကြီးများဖြစ်ကြသည်။ ဆုပေးပွဲကို ကြည့်ရူရန် ဖိတ်ကြားခံရသူများကလည်း အသိုင်းအဝိုင်းရဲ့ နေရာတစ်ခုခု၌ လူသိကျော်ကြားနေသူများသာ။

ကျိကျဲပြောလိုက်သည်။ "ငါတို့ကို ဒီနေ့မှ Promotion စဆင်းပေးမှာ။ သီချင်းကလည်း တနင်္ဂနွေနေ့မှ ထွက်မှာ။ ပြောရရင် နောက်တစ်ပတ်သောကြာနေ့အမှီ ငါတို့အကုန် ပွဲဦးထွက်လို့ ပြီးဦးမှာတောင် မဟုတ်ဘူး။ ဖျော်ဖြေဖို့ သူတို့ဘက်က ငါတို့ကို ခွင့်ပြုမယ် ထင်နေတာလား။"

ချန်းယောင့်လည်း ဝင်ပြောလာသည်။ "ပြီးတော့ ခွန်း-ကော ပြောထားတယ်လေ။ ငါတို့ ပွဲဦးထွက်ဖျော်ဖြေမှုက ရှီလျှို့စတိတ်စင်မှာဆို။"

ကောင်းစီ့ယွမ် : "အဲ့စင်က ဆုပေးပွဲစင်လောက် ကောင်းမလားကွ။ ဝမ်ချောင်၊ တကယ်ပဲ၊ မင်းအိမ်က ဘာအလုပ်လုပ်တာလဲ။"

ဝမ်ချောင်က သူ့ကိုဆို သိပ်မကြည်လှတာမို့ တဲ့တိုးသာပြန်ဖြေလိုက်သည်။ "ငါ့အိမ်က ဘာလုပ်လဲ မင်းကဘာလို့ဂရုစိုက်နေရတာလဲ။ ဘယ်လိုဖြစ်နေနေ ငါ့မှာ နည်းရှိတယ်။"

ကောင်းစီ့ယွမ်ကတော့ စိတ်မတိုသွားဘဲ ပြုံးရင်းပြောလာ၏။ "ဟုတ်တာပဲ။ ငါတို့သာ ဆုပေးပွဲစင်ပေါ် တက်ခွင့်ရရင် ဘာပဲဖြစ်နေနေ အဆင်ပြေတယ်။"

ရှဲ့ကျူရှင်း ဝမ်ချောင့်ဘက် တစ်ချက်လှမ်းကြည့်ပြီး တစ်ခါတစ်ရံကျလည်း သူက အတော်လေး ပါးနပ်သလို ခံစားလိုက်ရလေသည်။

ဝမ်ချောင် : "ဘယ်သူ ဘာပြောချင်သေးလဲ။"

ဘယ်သူမှ ဘာမှမပြောလာကြ။

သူက ဂုဏ်ယူနေသလို ဆက်ပြောသည်။ "ဟုတ်ပြီ။ ဒါဆို အဆင်ပြေပြီ။ နောက်ကျ မင်းတို့တွေ ငါ့ကို ခေါင်းဆောင်လို့ပဲ ခေါ်ကြ။"

ထို့နောက် သူ သွ့မ်ယိခွန်းကို ဖုန်းခေါ်ကာ ခေါင်းဆောင်ကိစ္စ ဖြေရှင်းပြီးပြီဖြစ်ကြောင်း ပြောပြလိုက်သည်။

သူတို့ ထမင်းစားပြီးနောက် ဝမ်ချောင် ရှဲ့ကျူရှင်းကို ဆွဲထားကာ တိုးတိုးမေးလေသည်။ "မင်း မပျော်ဘူးလား။"

"မဟုတ်ပါဘူး၊ ခေါင်းဆောင်"

ဝမ်ချောင် သူ့ပခုံးထက်ခေါင်းတင်နားလျက် ပြောလိုက်သည်။ "ငါ့ကို အဲ့လိုမခေါ်နဲ့။ ငါတို့အကုန် ငါတို့လုပ်စရာရှိတာကိုပဲ လုပ်ကြမှာ။ တစ်ယောက်ယောက်ကများ မင်းကို မဲအကြောင်းလာ​မေးရင် ငါ ငါ့ဘာသာ မဲပေးလိုက်တယ်လို့ ပြောလိုက်။"

ရှဲ့ကျူရှင်းအနေနှင့် သူ မဲလိမ်ထားမည်ဟု သံသယဝင်ထားပြီးသားပင်။ "မင်း ပြောတော့ ခေါင်းဆောင်မဖြစ်ချင်ဘူးဆို?"

"အင်း၊ မလုပ်ချင်ဘူးလေ။ ဒါပေမယ့် မင်း ခေါင်းဆောင်မဖြစ်ချင်ဘူးလို့ မပြောဘူးလား။ အဲ့တာကြောင့် ငါ မင်းအစား လုပ်ပေးတာလေ။"

ရှဲ့ကျူရှင်း ရုတ်တရက် စိတ်ရှုပ်သွားပြီး လွတ်ကနဲ ပြောလိုက်မိတော့သည်။ "ငါ မသေချင်သေးဘူးလို့ ပြောရင်ရော မင်း ငါ့အစား သေပေးမှာလား။"

ဝမ်ချောင် : "..."

ရှဲ့ကျူရှင်း သူ လွတ်ကနဲ ပြောထွက်သွားတာကို သတိထားမိသွားပြီး အလျင်စလို စကားပြန်ပြင်ရလေသည်။ "မင်း ဆုပေးပွဲကို ဘယ်လိုတက်လို့ရအောင် လုပ်မှာလဲ။ အကူအညီလိုက်တောင်းမှာလား။"

"မလိုဘူး။ ငါ ငါ့အစ်ကို ကို သွားပြောလိုက်ရုံပဲ။ သူ ဖြေရှင်းပေးလိမ့်မယ်။"

"ဘယ်အစ်ကိုလဲ။ လျန်ရှီပဲလား။"

"ငါ့တာ့ကော"

ဓာတ်လှေကားထဲမှ အဖွဲ့သားများက သူတို့ကို လှမ်းခေါ်လာသည်။ "မင်းတို့နှစ်ယောက်၊ မြန်မြန်လာ!"

သူတို့လည်း အမြန်လျှောက်ကာ ဓာတ်လှေကားထဲ ဝင်သွားလိုက်ကြသည်။

အပေါ်ရောက်တာနှင့် အဖွဲ့သားများက အသံလေ့ကျင့်ရန်အခန်းထဲ ဝင်သွားကြပြီး ရှဲ့ကျူရှင်းလည်း လိုက်ဝင်ဖို့ လုပ်ပေမယ့် ဝမ်ချောင်ရဲ့တားထားခြင်းကို ခံလိုက်ရလေသည်။

"???"

ဝမ်ချောင် ခေါင်းကုတ်လျက်ပြောလာသည်။ "မင်း ငါ့ကို လိမ်ခဲ့တာလား။"

"... ငါက မင်းကို ဘာအကြောင်းလိမ်ရမှာလဲ။"

"မင်း ခေါင်းဆောင်မဖြစ်ချင်ဘူးလို့ ပြောတာလေ။ တကယ်က မင်းဖြစ်တယ်မလား။"

"ဟင့်အင်း၊ ငါ တကယ် မဖြစ်ချင်ပါဘူး။"

"ဒါဆို မင်း ခုနက ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ။ သေတဲ့ကိစ္စတွေပါ ပြောလာတာ။"

ရှဲ့ကျူရှင်း အမှန်တစ်ဝက်နှင့် အလိမ်အညာတစ်ဝက်ရော၍ ပြောလိုက်သည်။ "အဲ့တာကြောင့် မဟုတ်ဘူး။ ငါ့လည်ချောင်းက နေရခက်သလိုဖြစ်နေလို့ — ဒီည လူထုကြား ချပြခံရတော့မှာမလို့လား မသိဘူး။ ငါ နည်းနည်း စိုးရိမ်စိတ်များနေတာ။ ငါ့ဒေါသက မင်းကို ဦးတည်နေတာလည်း မဟုတ်ဘူး။ ခေါင်းဆောင်ကိစ္စနဲ့လည်း ဘာမှမဆိုင်ဘူး။"

သူ့အကြောင်းပြချက်က ကျိုးကြောင်းဆီလျော်လှတာမို့ ဝမ်ချောင် သူ့ကို ထပ်မေးခွန်း မထုတ်လာတော့။ "ဒါဆိုလည်း ပြီးတာပဲ၊ ငါက မင်း စိတ်မပျော်ဘူးထင်နေတာ။"

"စိတ်မပူနဲ့တော့။ အထဲဝင်ရအောင်။"

ဝမ်ချောင် သူ့ကို ထပ်ဆွဲထားပြန်သည်။

"ဘာဖြစ်ပြန်ပြီလဲ။" ရှဲ့ကျူရှင်း မေးလိုက်သည်။

ဝမ်ချောင် ခေါင်းကုတ်လျက်ပြောလာသည်။ "အင်း .. လူတိုင်းက အနှေးနဲ့အမြန် သေကြမှာပဲ။ မင်းအစားတော့ ငါ မသေပေးနိုင်လောက်ပေမယ့် မင်းစိတ်ထဲ တစ်ခုခု မကျေနပ်တာရှိရင် ငါ့ကိုသာ ပြောလိုက်။ မင်းနဲ့ပတ်သတ်သမျှ အရာရာတိုင်းက ကောင်းပေမယ့် မင်းက တစ်ခုခုဆို တအား မြိုသိပ်ထားတတ်တယ်။"

"... မရှိပါဘူး။"

"ဘာကို 'မရှိပါဘူး' လဲ။ မင်းကောင်မလေး မင်းကို ထားခဲ့တာတောင် တစ်ခွန်းမပြောဘဲ တစ်ချိန်လုံး မြိုထားတာလေ။"

ရှဲ့ကျူရှင်းပြောလိုက်သည်။ "အဲ့တုန်းက ငါ ဘာမှမပြောချင်တာ မဟုတ်ဘူး။ ငါမှ မင်းနဲ့ သိပ်မရင်းနှီးသေးတာ။ နောက်ပိုင်းကျ ငါ မင်းကို ပြောပြတာပဲ မဟုတ်ဘူးလား။"

ထိုစကားကို ကြားတာနှင့် ဝမ်ချောင် မပျော်မရွှင်ဖြစ်သွားတော့သည်။ "မင်းက လေ့ကျင့်ရေးကာလပြီးတဲ့အထိ ငါနဲ့ ရင်းနှီးတယ်လို့ မခံစားရသေးဘူးပေါ့။ ဒါဆိုလည်း မင်း ဘာလို့ ငါ့ကို ကောင်းကောင်းဆက်ဆံပေးနေရတာလဲ။"

ရှဲ့ကျူရှင်း သူ့ကို မငြင်းနိုင်တော့။ "..."

ဝမ်ချောင်တွေးကြည့်ပြီးနောက် ဘယ်လိုအခြေအနေမျိုးမှာမဆို လူတစ်ယောက်ကို ကောင်းကောင်းဆက်ဆံပေးတတ်တဲ့သူတွေ ရှိတာလည်း မှန်နေတာမို့ စိတ်သဘောထားကြီးသလိုပြောလိုက်လေသည်။ "ထားတော့၊ထားတော့။ ခေါင်းဆောင်ဆိုတာ နားလည်နိုင်စွမ်း ရှိရတယ်။ ငါ မင်းနဲ့ ရန်မဖြစ်တော့ဘူး။ ဒီညပြန်ရောက်ရင်သာ မင်း ငါ့အတွင်းခံတွေ လျှော်ပေးဦး။ ပုံထားတာ တစ်ပတ်ကျော်နေပြီ။"

ရှဲ့ကျူရှင်း : "..." 'သူ စိတ်မထိန်းလိုက်လို့ မရဘူးလား။ မထိန်းဘဲ ရန်ဖြစ်မိရင်လည်း အဲ့ကောင်လေးကို ထိန်းစရာမလိုဘဲ ရိုက်လို့ရနေဦးမယ်။'

သူတို့အထဲဝင်ကာ သီချင်းဆိုလေ့ကျင့်ကြသည်။ အချိန်အတော်ကြာလေ့ကျင့်ပြီးသည့်နောက် ဝန်ထမ်းတစ်ယောက်က ကော်ဖီအေးများ ယူလာပေးကာ သွ့မ်ယိခွန်းက လူတိုင်းကို ဝယ်တိုက်တဲ့အကြောင်းပြောလာသည်။

လူတိုင်း တစ်ယောက်တစ်ခွက်ဆီ ယူကြတာမို့ ရှဲ့ကျူရှင်းလည်း လှမ်းယူလိုက်ချိန် ဝမ်ချောင်က ကြားမှဝင်တားပြီး ပြောလေသည်။ "မင်း လည်ချောင်းနာနေတာမလား။ အေးတာတွေ မသောက်နဲ့။ နွေးတာ တစ်ခုခုသောက်။"

ထို့နောက် သူ ခုနက ဝန်ထမ်းကို ပြန်ခေါ်ကာ သူ့ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံအနည်းငယ် ဆွဲထုတ်၍ပြောလိုက်သည်။ "ကော်ဖီပူပူလေးတစ်ခွက် သွားဝယ်ခဲ့။"

ပူလောင်လွန်းလှတဲ့နေ့မျိုးမှာ အပြင်တစ်ခါထွက်ပြီးသာဖြစ်တာမို့ ဝန်ထမ်းအနေနှင့် အပြင်ထပ်မထွက်ချင်တော့။ သို့ပေမယ့် သူ့လက်ထဲ ရောက်လာတဲ့ပိုက်ဆံက ၅၀၀ ကျော် ၆၀၀ နီးပါးဖြစ်နေတာမို့ သူ အလျင်စလိုပြောလာ၏။ "ကော်ဖီတစ်ခွက်တည်းပဲမလား။ ဒီလောက်စျေးမကြီးပါဘူး။"

ဝမ်ချောင် စိတ်မရှည်တော့သလို ပြောလေသည်။ "မင်း စကားအရမ်းများတာပဲ။ ငါ မင်းကို အလကားခိုင်းတယ်ထင်နေတာလား။ မြန်မြန်သွားဝယ်ခဲ့။ အပြန်ကျ လည်ချောင်းနာ သက်သာဆေးပါ ဝယ်ခဲ့ပေး။"

"ဘယ်အရသာလိုချင်လဲ။ ဆေးက အများကြီးပဲ ရှိတာ။"

ဝမ်ချောင်အနေနှင့် ဘယ်အမျိုးအစားက ပိုကောင်းလဲ မသိတာမို့ နောက်ထပ် ယွမ် ၂၀၀ ပိုပေးပြီး ပြောလိုက်တော့သည်။ "တစ်မျိုးတစ်ခုဆီသာ ဝယ်ခဲ့။"

ဝန်ထမ်းလေးလည်း ပျော်ပျော်ကြီး လျှောက်ထွက်သွားလေသည်။

ဝမ်ချောင် ထပ်အော်ခေါ်ပြန်သည်။ "ဝေ့! ကော်ဖီက အမေရိကန်စတိုင်နော်!"

ဝန်ထမ်းလေးက နားလည်ကြောင်း ဖြေကြားပြီးနောက် လေကဲ့သို့အလျင်နှင့် မြင်ကွင်းထဲမှ ပျောက်သွားတော့သည်။

ရှဲ့ကျူရှင်း : "..."

ဝမ်ချောက် သူ့ကို ပြောလာ၏။ "ချိုလွန်းတာတွေလည်း မင်း သောက်လို့ မဖြစ်သေးဘူး။"

"... အွန်း"

ဝမ်ချောင် သူ့ကော်ဖီအေးကိုတစ်ဖက်၊ ရှဲ့ကျူရှင်းရဲ့ကော်ဖီအေးကိုတစ်ဖက် ကိုင်ကာ ပိုက်နှစ်ခုလုံးကို ပါးစပ်ထဲ ထိုးထည့်၍ တစ်ပြိုင်တည်းသောက်နေလိုက်သည်။ ရှဲ့ကျူရှင်း သူ့ကို လှမ်းကြည့်ချိန် ဖောင်းနေတဲ့ပါးနှစ်ဖက်နှင့်အတူ ပြုံးပြလာတာက စိတ်လွတ်နေတဲ့ကလေးတစ်ယောက်နှင့် တူလှပြီး ရယ်ချင်ဖွယ်ဖြစ်နေသည်။

ရှဲ့ကျူရှင်း သံစဉ်စာရွက်ကို လှမ်းယူကာ ခဏကြာအောင် ဖတ်နေပြီးနောက် ပြန်ချထားပြီး သူ့ဘက်ကို ခေါင်းလှည့်ကာ ခပ်တိုးတိုးပြောလိုက်လေသည်။ "မလုပ်နဲ့ .."

ဖြစ်ချင်တော့ ထိုအချိန်တွင် ချန်းယောင့်က ဆရာကို မေးခွန်းများ မေးလျက်ရှိနေပြီး သူ့ကို နားလည်လွယ်အောင် ဆရာက ပီယာနိုတီးပြလျက် ပြန်ဖြေကြားနေတာမို့ ရုတ်တရက် ထွက်ပေါ်လာတဲ့သံစဉ်က ရှဲ့ကျူရှင်းစကားတစ်ဝက်ကို ဖုံးသွားစေတော့သည်။

ဝမ်ချောင် သေချာမကြားလိုက်ရတာမို့ ပိုက်နှစ်ခုလုံးကို ထွေးထုတ်ကာ မေးလာသည်။ "မင်း ဘာပြောလိုက်တာလဲ။"

"... ဘာမှ မဟုတ်ဘူး။"

ဝမ်ချောင် ပိုက်နှစ်ခုလုံးကို ပြန်ကိုက်ကာ ထပ်သောက်နေပြန်တော့သည်။

ရှဲ့ကျူရှင်း ခေါင်းပြန်ငုံ့ကာ သံစဉ်များကို ဖတ်နေလိုက်ပေမယ့် သူ့လက်ဖဝါးထက်မှာတော့ ချွေးများ စိမ့်ထွက်နေလေသည်။

သူ့ profile က ဒီညချပြတော့မှာမလို့ သူ အရမ်းစိုးရိမ်လွန်နေခြင်းဖြစ်ရမည်။ ဝမ်ချောင်ကို ဒီလိုရူးကြောင်ကြောင်စကားမျိုး သွားပြောမိစေခြင်းက ဒီအကြောင်းပြချက်တစ်ခုသာ ရှိသည်။ ကံကောင်းစွာ သူပြောတာကို ဘယ်သူမှ မကြားလိုက်။

"... ငါ့ကို မဆွဲဆောင်နေနဲ့။"

KittyKitling

T/N : ကြိုက်ရာနှစ်ရက် ရွေးပေးကြပါ! ><

_____///_____

[Zawgyi]

'မႊန္ထူျခင္း'

ေနာက္ေန႔တြင္ အဖြဲ႕ဝင္ ေျခာက္ေယာက္လုံး ကုမၸဏီကို ျပန္ေရာက္လာၿပီး ပုံမွန္အတိုင္း ဆက္လက္ေလ့က်င့္ကာ မနက္ျဖန္ Title Song ကို အသံသြင္းရန္ ျပင္ဆင္ေနၾကသည္။

Chorus အပိုဒ္ကို အႀကိမ္ေပါင္းမ်ားစြာ ေလ့က်င့္ၿပီးေနာက္မွာေတာ့ သင္ျပေပးေနသည့္ဆရာလည္း အေတာ္ေလး စိတ္ေက်နပ္မွုရွိသြားကာ သက္ဆိုင္ရာအပိုင္းမ်ားကို သီးသန့္ေလ့က်င့္ေစေတာ့သည္။

သီခ်င္းက ေလးမိနစ္မၽွၾကာျမင့္ၿပီး သီခ်င္းမပါဘဲ ကျပေဖ်ာ္ေျဖ႐ုံႏွင့္ လူစုံတက္စုံဆိုရမည့္အပိုင္းမ်ားကို ဖယ္လိုက္ရင္ တစ္ဦးခ်င္းဆိုရမည့္ၾကာခ်ိန္က စကၠန့္သုံးဆယ္မၽွေတာင္ မရွိ။ တစ္ဦးခ်င္းစီက သာမန္အားျဖင့္ စာေၾကာင္း သုံးေလးေၾကာင္းသာ ဆိုျပရန္လိုသည္။

ေခတ္ေရစီးေၾကာင္းေပၚရွိလူအသိုင္းအဝိုင္းမ်ားက အိုင္ေဒါအဖြဲ႕ေတြႏွင့္ ပတ္သတ္လၽွင္ ဇီဇာေၾကာင္လိုၾကသည္ — အိုင္ေဒါအဖြဲ႕တစ္ခုကသာ သူတို႔ကို ဘာေနေနအားေပးေနမည့္ ပရိတ္သတ္အုပ္စုေလးရသြားတာႏွင့္ ထိုပရိသတ္မ်ားရဲ့ သူတို႔သီခ်င္းဆိုမွုအေပၚ သည္းခံနိုင္ႏွုန္းက သာမန္အဆိုေတာ္မ်ားကို ေဝဖန္တာထက္ ပိုေကာင္းလာေတာ့သည္။ ထိုကဲ့သို႔ ပရိတ္သတ္ေတြက သူတို႔အေပၚ သည္းခံေလေလ ေဘးမွလူေတြအျမင္မွာ ပိုလို႔ေဝဖန္ဇီဇာေၾကာင္ခ်င္စရာျဖစ္လာရသည္။ သို႔ေပမယ့္ ေဘးလူအေပါင္းရဲ့ေဝဖန္မွုေတြေၾကာင့္ ပရိတ္သတ္ေတြက သူတို႔အားေပးေနသည့္အိုင္ေဒါအဖြဲ႕ေပၚ ပိုလို႔ခြင့္လႊတ္အားေပးခ်င္စိတ္မ်ားျဖစ္ေပၚလာသည္။

ဒါေၾကာင့္လည္း ေအာင္ျမင္မွုလမ္းေၾကာင္းထက္ ေလၽွာက္ဖို႔ႀကိဳးစားေနသည့္အိုင္ေဒါအဖြဲ႕မ်ားမွာ အားေပးမွုတစ္လွည့္၊ ေဝဖန္ခံရတစ္လွည့္ ၾကဳံေတြ႕ေနရျခင္းသာ။ ထိုအျဖစ္က သြ႕မ္ယိခြန္း တစ္ခါေျပာခဲ့ဖူးသလိုပင္ ; 'အိုင္ေဒါဂ႐ုမ်ားတြင္ သီခ်င္းဆိုစေကးက သိပ္အေရးမႀကီးလွ။'

သို႔ေပမယ့္လည္း လူတိုင္းက အေလးအနက္ထားၿပီး အျပင္းအထန္ေလ့က်င့္ေနဆဲ။ ဘယ္သူကမွ အဖြဲ႕ကို မေႏွာင့္ေႏွးေစခ်င္တာလည္းပါသလို အဖြဲ႕ထဲ သူတို႔ကိုယ္သူတို႔ ပိုထင္ေပၚေနေစခ်င္တာေၾကာင့္လည္း ျဖစ္သည္။ ေျပာရလၽွင္ အဖြဲ႕တိုင္းတြင္ နာမည္အေက်ာ္ဆုံးလူဆိုတာ ရွိသကဲ့သို႔ စကၠဴျဖဴေလးလို ဘယ္သူကမွ သူတို႔နာမည္ကိုေတာင္ သတိမထားမိတဲ့အဖြဲ႕ဝင္ဆိုတာကလည္း ရွိစျမဲျဖစ္တာမို႔ပင္။

ဝမ္ေခ်ာင္တစ္ေယာက္တည္းကသာ သီခ်င္းစာသားအနည္းငယ္မၽွ ဆိုညည္းေနသလိုႏွင့္ အသံထပ္ထြက္မလာေတာ့။ သူ ခဏၾကာေအာင္ အိပ္ငိုက္ငိုက္ႏွင့္ထိုင္ေနၿပီးမွ ႐ုတ္တရက္ေျပာလာသည္။ "မင္းတို႔ ေလ့က်င့္ႏွင့္။ ငါ အျပင္ခဏသြားဦးမယ္။"

အျခားသူေတြကေတာ့ ဘာမွမေျပာေပမယ့္ ရွဲ႕က်ဴရွင္းမွ ေျပာလိုက္ေလသည္။ "အပ်င္းတစ္ခ်င္ျပန္ၿပီလား။ မင္း ဘာသြားလုပ္မလို႔လဲ။"

ဝမ္ေခ်ာင္ မ်က္ဆန္လွန္ျပရင္း ေျပာလာသည္။ "အရမ္းမြန္းၾကပ္လာလို႔ အျပင္သြား ခဏေလေကာင္းေလသန့္ရွုမလို႔။"

"... ျမန္ျမန္ ျပန္လာခဲ့။ ငါတို႔ ခဏေန chorus ပိုဒ္ ေလ့က်င့္ရဦးမယ္။"

ဒီေကာင္ေလးရဲ့ပါးစပ္က ေပါေပါပဲပဲႏွင့္ စိတ္ရွုပ္စရာေကာင္းေအာင္ ေျပာေပမယ့္ အလိမ္အညာစကားကေတာ့ ေျပာခဲသည္။ ထို႔ေၾကာင့္လည္း သူ႔စိတ္ထဲ မပါတဲ့စကားအခ်ိဳ႕ကို ေျပာလိုက္ပါက ခ်က္ခ်င္းကို တန္းသိျမင္ေနရသည္။

ဝမ္ေခ်ာင္ အျပင္ေရာက္တာႏွင့္ သြမ့္ယိခြန္းဆီ တိုက္ရိုက္သြားၿပီး ေမးလိုက္ေတာ့သည္။ "ေခါင္းေဆာင္ ေရြးၿပီးသြားၿပီလား။"

"ငါ မင္းတို႔ သီခ်င္းဆို ေလ့က်င့္တာ အရင္ေစာင့္ၾကည့္ဦးမလို႔။ ၿပီးမွ ေခါင္းေဆာင္ ဘယ္သူလဲ ေၾကညာေပးမယ္။"

"ေၾကညာဖို႔ အလ်င္လိုမေနပါနဲ႔။ ေရွာင္ရွဲ႕မလား။"

သြမ့္ယိခြန္း ေမးလိုက္သည္။ "ဘာလို႔ မင္းက သူလို႔ ထင္ရတာလဲ။"

ဝမ္ေခ်ာင္က သိသာေနတဲ့ကိစၥတစ္ခုလို ေျပာလာသည္။ "သူကလြဲၿပီး ဘယ္သူျဖစ္နိုင္မွာလဲ။ က်ိက်ဲက ျဖဴေကာင္လိုပဲ။ သူ႔အနားကပ္လာသမၽွလူတိုင္းကို ဆူးနဲ႔လိုက္ထိုးတယ္။ ခ်န္းေယာင့္က ခပ္တုံးတုံး အငယ္ေကာင္ေလး။ ယန္ေရွာင္းမူက တစ္ေန႔တစ္ေန႔ ဘယ္လိုရယ္ရမလဲဆိုတာပဲ သိတယ္။ ေကာင္းစီ့ယြမ္ကေတာ့ ေတာ္ေတာ္ကို စိတ္ရွုပ္ဖို႔ေကာင္းတာ။ ေသခ်ာေပါက္ ေရွာင္ရွဲ႕ပဲ က်န္တာေလ။"

သြမ့္ယိခြန္း ျပဳံးသြားသည္။

"သူ ဟုတ္တယ္မလား။ အဲ့တာ ... သူ႔ကို ေခါင္းေဆာင္ မလုပ္ခိုင္းနဲ႔။ ဘယ္သူ႔ကိုျဖစ္ျဖစ္ ေရြးလိုက္။ အမည္မသိ မဲေပးထားၾကတာပဲ။ ခင္ဗ်ား နာမည္တပ္လိုက္တဲ့လူကပဲ ေခါင္းေဆာင္ျဖစ္လာမွာ။"

သြမ့္ယိခြန္း ထူးဆန္းသလို ေမးလိုက္သည္။ "မင္း ေရွာင္ရွဲ႕နဲ႔ ဆက္ဆံေရးေကာင္းတယ္ မဟုတ္လား။ ဘာလို႔ သူ႔ကို ေခါင္းေဆာင္ မျဖစ္ေစခ်င္ရတာလဲ။"

"သူက ျပႆနာမ်ားရတာကို မႀကိဳက္ဘူး။ အရင္ က်ိက်ဲနဲ႔ ခ်န္းေယာင့္ သူနဲ႔ အခန္း အတူတူငွါးခ်င္တာေတာင္ သူ သေဘာမတူဘူးေလ။ သူက တိုးတိုးတိတ္တိတ္နဲ႔ ေအးေအးေဆးေဆးေနရတာကို သေဘာက်တာ။ အကယ္၍ သူသာ ေခါင္းေဆာင္ျဖစ္သြားရင္ လူတိုင္းက ျပႆနာတစ္ခုခုျဖစ္တိုင္း သူ႔သြားရွာေတာ့မယ္။ သူကလည္း စိတ္ရင္းကေကာင္းေတာ့ တစ္ေယာက္ေယာက္ အကူအညီေတာင္းလာရင္ ျငင္းနိုင္မွာ မဟုတ္ဘူး။ ခြန္း-ေကာ၊ သူ႔ကို ေခါင္းေဆာင္ မလုပ္ခိုင္းနဲ႔။"

သြမ့္ယိခြန္း ပါးနပ္လွတဲ့မ်က္ဝန္းမ်ားျဖင့္ သူေျပာသမၽွကို နားေထာင္ေနလိုက္သည္။ "မင္း ေတြးတာမွန္တယ္။ တကယ္ သူ႔ကိုပဲ ေလးေယာက္ေတာင္ မဲေပးၾကတာ။ မင္းတို႔ေျခာက္ေယာက္ထဲမွာ ႏွစ္ေယာက္ပဲ ေရွာင္ရွဲ႕ကို မဲမေပးတာ။ အဲ့တာေၾကာင့္ ငါ ၾကဳံရာလူေရြးၿပီး သူက မဲအမ်ားဆုံးလို႔ေျပာရင္ ဘယ္သူကမွ ယုံမွာ မဟုတ္ဘူး။"

ဝမ္ေခ်ာင္ မေက်မနပ္ျဖစ္လို႔သြားသည္။ "ေရွာင္ရွဲ႕ သူ႔ဘာသာမေရြးထားဘူးဆိုေတာ့ သူ႔ကို မေရြးတဲ့လူ ေနာက္တစ္ေယာက္ရွိေသးတာေပါ့။ ဘယ္သူက အဲ့ေလာက္ အျမင္မရွိရတာလဲ။ ေအာ့္! ကၽြန္ေတာ္သိတယ္၊ သူက ေကာင္းစီ့ယြမ္လား။"

"ေကာင္းစီ့ယြမ္ မဟုတ္ဘူး။ ဘယ္သူလဲေတာ့ ငါ မေျပာျပနိုင္ဘူး။ အမည္မေဖာ္တဲ့ မဲေပးစနစ္ မဟုတ္လား။"

ဝမ္ေခ်ာင္ ထပ္ေမးသည္။ "ေနာက္မဲက ဘယ္သူ႔ဆီမွာ ရွိတာလဲ။ ကၽြန္ေတာ့္မွာ တစ္မဲရွိမွန္း သိတယ္။ ေရွာင္ရွဲ႕ေပးထားတာ။"

မထင္ထားစြာ သြမ့္ယိခြန္းမွ ေျပာလာသည္။ "မင္းမွာ မဲႏွစ္ခုရွိတာ။"

ဝမ္ေခ်ာင္ : "... ဘယ္သူက အဲ့ေလာက္ထိ အျမင္မရွိရတာလဲ။"

သြမ့္ယိခြန္း မ်က္မွန္ပင့္တင္ရင္း ျပဳံးသည္။

ဝမ္ေခ်ာင္ ေတြးၾကည့္ၿပီးေနာက္ ေျပာလိုက္ေလသည္။ "ဒါဆို ... ကၽြန္ေတာ္ပဲ ေခါင္းေဆာင္လုပ္လိုက္မယ္။"

မြန္းတည့္ခ်ိန္နီးကပ္လာတာႏွင့္ သြမ့္ယိခြန္းက အဖြဲ႕ေလ့က်င့္ေရးကို လာေရာက္ၾကည့္ရွုၿပီး လူတိုင္းကို ခ်ီးက်ဴးလာသည္။ "မေန႔က အကုန္လုံး သူတို႔စိတ္ထဲ ေရြးခ်ယ္ထားတဲ့ေခါင္းေဆာင္နာမည္ေတြ ငါ့ဆီ ပို႔ေပးလာၾကတယ္။ ငါ အစက မဲအမ်ားဆုံးလူက ေခါင္းေဆာင္ျဖစ္ေလ့မယ္လို႔ ေျပာထားေပမယ့္ ငါ ေပါ့ဆမိသြားတယ္။ လူက ေျခာက္ေယာက္ဆိုေတာ့ မဲလိပ္ ေျခာက္ခုရွိတဲ့အခ်ိန္ မဲက သေရက်ေနတယ္။"

လူတိုင္း တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ေနခ်ိန္ ဝမ္ေခ်ာင္တစ္ေယာက္တည္းကသာ ေခါင္းငုံ႔လ်က္ သူ႔ဖိနပ္သူ ေငးၾကည့္လို႔ေနသည္။

"သေရက်ေနတာ ေရွာင္ရွဲ႕နဲ႔ ဝမ္ေခ်ာင္" သြမ့္ယိခြန္း ေျပာလာသည္။ "မင္းတို႔ ဆုံးျဖတ္ၾက၊ ျပန္မဲေပးခ်င္လား။ ဒါမွမဟုတ္ သူတို႔ကိုပဲ ဆုံးျဖတ္ခိုင္းမလား။"

လူႏွစ္ေယာက္ရွိေနတာမို႔ လူတိုင္းက တစ္ခုခုေျပာရန္ တြန့္ဆုတ္ေနၿပီး ဘယ္သူကမွ ဘာမွမေျပာၾက။

ဝမ္ေခ်ာင္ ေခါင္းေမာ့ကာ ေျပာလိုက္သည္။ "ဒါဆို ကၽြန္ေတာ္ပဲ လုပ္လိုက္မယ္။ ေရွာင္ရွဲ႕ အဆင္ေျပတယ္မလား။"

ရွဲ႕က်ဴရွင္း : "..." 'သူက ဘယ္လိုမ်ား ျပန္ေျဖေပးရမွာလဲ။'

"ဒီလိုဆိုရင္ေရာ : မင္းတို႔ အရင္တစ္ခုခုသြားစားလိုက္ဦး။ မင္းတို႔အခ်င္းခ်င္း စကားေျပာၾကည့္ၿပီးမွ ဆုံးျဖတ္ခ်က္ခ်။ ညေန ၂ နာရီ မတိုင္ခင္ ငါ့ကို ျပန္ေျပာနိုင္ရင္ ရၿပီ။ ေရွာင္ရွဲ႕ကိုယ္ေရးရာဇဝင္က ဒီည ေၾကညာမွာမို႔ ဓာတ္ပုံထည့္၊ စာတန္းထိုးဖို႔ အခ်ိန္ယူရလိမ့္မယ္။"

သူတို႔ ကုမၸဏီရွိကန္တင္းသို႔ သြားကာ စားပြဲတစ္ခုတြင္ ဝိုင္းထိုင္လိုက္ၾကသည္။

"ေဆြးေႏြးစရာမလိုဘူး။ ငါပဲ လုပ္မယ္။"

လူတိုင္း ေျပာစရာစကားမဲ့သြားၾကသည္။

ဝမ္ေခ်ာင္က ေခါင္းေဆာင္ျဖစ္ဖို႔အတြက္ လုံးဝ စိတ္ပိုင္းျဖတ္ထားတဲ့လူလို ေျပာလာသည္။ "ေတြးၾကည့္စမ္းပါ။ ေရွာင္ရွဲ႕သာ ေခါင္းေဆာင္ဆို ဘာမ်ားလုပ္ေပးနိုင္မွာလဲ။ မနက္တိုင္း မင္းတို႔ကို ၾကက္ဥ ထျပဳတ္ေပးမွာလား။ မင္းတို႔ေတြ ၾကက္ဥျပဳတ္စက္ ဘယ္လိုဝယ္ရလဲ မသိဘူးလား။"

ရွဲ႕က်ဴရွင္း : "..." 'ဒီပါးစပ္ကေတာ့ တကယ္ သြားဆြဲျဖဲခ်င္ေအာင္ လုပ္ေနတာပဲ။'

ဝမ္ေခ်ာင္ ထပ္ျဖည့္ေျပာသည္။ "ငါကေတာ့ အဲ့လိုမဟုတ္ဘူး။ ေနာက္တစ္ပတ္ေသာၾကာေန႔က် ဆုေပးပြဲေဖ်ာ္ေျဖစင္ရွိတယ္။ မင္းတို႔သာ ငါ့ကို ေရြးမယ္ဆို အဲ့စင္က ငါတို႔ေတြ ပြဲဦးထြက္ရတဲ့စင္ပဲ။"

အဖြဲ႕သားမ်ားမွာ သံသယတစ္ဝက္ႏွင့္ ႐ုတ္ခ်ည္း စိတ္လွုပ္ရွားသြားၾကသည္။ ဆုေပးပြဲေဖ်ာ္ေျဖစင္က တစ္ႏွစ္တြင္ တစ္ႀကိမ္သာ က်င္းပသည့္ပြဲတစ္ခုျဖစ္သည္။ ဂီတအသိုင္းအဝိုင္းအတြင္းမွ လူေတာ္ေတာ္မ်ားမ်ား စုံရာလည္းျဖစ္သည့္အျပင္ ဆုေပးရန္ဧည့္သည္အေနျဖင့္ တက္ေရာက္လာသူမ်ားကလည္း အႏုပညာအသိုင္းအဝိုင္းအတြင္းမွ နာမည္ေက်ာ္မ်ား၊ စီနီယာႀကီးမ်ားျဖစ္ၾကသည္။ ဆုေပးပြဲကို ၾကည့္႐ူရန္ ဖိတ္ၾကားခံရသူမ်ားကလည္း အသိုင္းအဝိုင္းရဲ့ ေနရာတစ္ခုခု၌ လူသိေက်ာ္ၾကားေနသူမ်ားသာ။

က်ိက်ဲေျပာလိုက္သည္။ "ငါတို႔ကို ဒီေန႔မွ Promotion စဆင္းေပးမွာ။ သီခ်င္းကလည္း တနဂၤေႏြေန႔မွ ထြက္မွာ။ ေျပာရရင္ ေနာက္တစ္ပတ္ေသာၾကာေန႔အမွီ ငါတို႔အကုန္ ပြဲဦးထြက္လို႔ ၿပီးဦးမွာေတာင္ မဟုတ္ဘူး။ ေဖ်ာ္ေျဖဖို႔ သူတို႔ဘက္က ငါတို႔ကို ခြင့္ျပဳမယ္ ထင္ေနတာလား။"

ခ်န္းေယာင့္လည္း ဝင္ေျပာလာသည္။ "ၿပီးေတာ့ ခြန္း-ေကာ ေျပာထားတယ္ေလ။ ငါတို႔ ပြဲဦးထြက္ေဖ်ာ္ေျဖမွုက ရွီလၽွို႔စတိတ္စင္မွာဆို။"

ေကာင္းစီ့ယြမ္ : "အဲ့စင္က ဆုေပးပြဲစင္ေလာက္ ေကာင္းမလားကြ။ ဝမ္ေခ်ာင္၊ တကယ္ပဲ၊ မင္းအိမ္က ဘာအလုပ္လုပ္တာလဲ။"

ဝမ္ေခ်ာင္က သူ႔ကိုဆို သိပ္မၾကည္လွတာမို႔ တဲ့တိုးသာျပန္ေျဖလိုက္သည္။ "ငါ့အိမ္က ဘာလုပ္လဲ မင္းကဘာလို႔ဂ႐ုစိုက္ေနရတာလဲ။ ဘယ္လိုျဖစ္ေနေန ငါ့မွာ နည္းရွိတယ္။"

ေကာင္းစီ့ယြမ္ကေတာ့ စိတ္မတိုသြားဘဲ ျပဳံးရင္းေျပာလာ၏။ "ဟုတ္တာပဲ။ ငါတို႔သာ ဆုေပးပြဲစင္ေပၚ တက္ခြင့္ရရင္ ဘာပဲျဖစ္ေနေန အဆင္ေျပတယ္။"

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင့္ဘက္ တစ္ခ်က္လွမ္းၾကည့္ၿပီး တစ္ခါတစ္ရံက်လည္း သူက အေတာ္ေလး ပါးနပ္သလို ခံစားလိုက္ရေလသည္။

ဝမ္ေခ်ာင္ : "ဘယ္သူ ဘာေျပာခ်င္ေသးလဲ။"

ဘယ္သူမွ ဘာမွမေျပာလာၾက။

သူက ဂုဏ္ယူေနသလို ဆက္ေျပာသည္။ "ဟုတ္ၿပီ။ ဒါဆို အဆင္ေျပၿပီ။ ေနာက္က် မင္းတို႔ေတြ ငါ့ကို ေခါင္းေဆာင္လို႔ပဲ ေခၚၾက။"

ထို႔ေနာက္ သူ သြ႕မ္ယိခြန္းကို ဖုန္းေခၚကာ ေခါင္းေဆာင္ကိစၥ ေျဖရွင္းၿပီးၿပီျဖစ္ေၾကာင္း ေျပာျပလိုက္သည္။

သူတို႔ ထမင္းစားၿပီးေနာက္ ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းကို ဆြဲထားကာ တိုးတိုးေမးေလသည္။ "မင္း မေပ်ာ္ဘူးလား။"

"မဟုတ္ပါဘူး၊ ေခါင္းေဆာင္"

ဝမ္ေခ်ာင္ သူ႔ပခုံးထက္ေခါင္းတင္နားလ်က္ ေျပာလိုက္သည္။ "ငါ့ကို အဲ့လိုမေခၚနဲ႔။ ငါတို႔အကုန္ ငါတို႔လုပ္စရာရွိတာကိုပဲ လုပ္ၾကမွာ။ တစ္ေယာက္ေယာက္ကမ်ား မင္းကို မဲအေၾကာင္းလာ​ေမးရင္ ငါ ငါ့ဘာသာ မဲေပးလိုက္တယ္လို႔ ေျပာလိုက္။"

ရွဲ႕က်ဴရွင္းအေနႏွင့္ သူ မဲလိမ္ထားမည္ဟု သံသယဝင္ထားၿပီးသားပင္။ "မင္း ေျပာေတာ့ ေခါင္းေဆာင္မျဖစ္ခ်င္ဘူးဆို?"

"အင္း၊ မလုပ္ခ်င္ဘူးေလ။ ဒါေပမယ့္ မင္း ေခါင္းေဆာင္မျဖစ္ခ်င္ဘူးလို႔ မေျပာဘူးလား။ အဲ့တာေၾကာင့္ ငါ မင္းအစား လုပ္ေပးတာေလ။"

ရွဲ႕က်ဴရွင္း ႐ုတ္တရက္ စိတ္ရွုပ္သြားၿပီး လြတ္ကနဲ ေျပာလိုက္မိေတာ့သည္။ "ငါ မေသခ်င္ေသးဘူးလို႔ ေျပာရင္ေရာ မင္း ငါ့အစား ေသေပးမွာလား။"

ဝမ္ေခ်ာင္ : "..."

ရွဲ႕က်ဴရွင္း သူ လြတ္ကနဲ ေျပာထြက္သြားတာကို သတိထားမိသြားၿပီး အလ်င္စလို စကားျပန္ျပင္ရေလသည္။ "မင္း ဆုေပးပြဲကို ဘယ္လိုတက္လို႔ရေအာင္ လုပ္မွာလဲ။ အကူအညီလိုက္ေတာင္းမွာလား။"

"မလိုဘူး။ ငါ ငါ့အစ္ကို ကို သြားေျပာလိုက္႐ုံပဲ။ သူ ေျဖရွင္းေပးလိမ့္မယ္။"

"ဘယ္အစ္ကိုလဲ။ လ်န္ရွီပဲလား။"

"ငါ့တာ့ေကာ"

ဓာတ္ေလွကားထဲမွ အဖြဲ႕သားမ်ားက သူတို႔ကို လွမ္းေခၚလာသည္။ "မင္းတို႔ႏွစ္ေယာက္၊ ျမန္ျမန္လာ!"

သူတို႔လည္း အျမန္ေလၽွာက္ကာ ဓာတ္ေလွကားထဲ ဝင္သြားလိုက္ၾကသည္။

အေပၚေရာက္တာႏွင့္ အဖြဲ႕သားမ်ားက အသံေလ့က်င့္ရန္အခန္းထဲ ဝင္သြားၾကၿပီး ရွဲ႕က်ဴရွင္းလည္း လိုက္ဝင္ဖို႔ လုပ္ေပမယ့္ ဝမ္ေခ်ာင္ရဲ့တားထားျခင္းကို ခံလိုက္ရေလသည္။

"???"

ဝမ္ေခ်ာင္ ေခါင္းကုတ္လ်က္ေျပာလာသည္။ "မင္း ငါ့ကို လိမ္ခဲ့တာလား။"

"... ငါက မင္းကို ဘာအေၾကာင္းလိမ္ရမွာလဲ။"

"မင္း ေခါင္းေဆာင္မျဖစ္ခ်င္ဘူးလို႔ ေျပာတာေလ။ တကယ္က မင္းျဖစ္တယ္မလား။"

"ဟင့္အင္း၊ ငါ တကယ္ မျဖစ္ခ်င္ပါဘူး။"

"ဒါဆို မင္း ခုနက ဘာလို႔ မေပ်ာ္မရႊင္ျဖစ္ေနရတာလဲ။ ေသတဲ့ကိစၥေတြပါ ေျပာလာတာ။"

ရွဲ႕က်ဴရွင္း အမွန္တစ္ဝက္ႏွင့္ အလိမ္အညာတစ္ဝက္ေရာ၍ ေျပာလိုက္သည္။ "အဲ့တာေၾကာင့္ မဟုတ္ဘူး။ ငါ့လည္ေခ်ာင္းက ေနရခက္သလိုျဖစ္ေနလို႔ — ဒီည လူထုၾကား ခ်ျပခံရေတာ့မွာမလို႔လား မသိဘူး။ ငါ နည္းနည္း စိုးရိမ္စိတ္မ်ားေနတာ။ ငါ့ေဒါသက မင္းကို ဦးတည္ေနတာလည္း မဟုတ္ဘူး။ ေခါင္းေဆာင္ကိစၥနဲ႔လည္း ဘာမွမဆိုင္ဘူး။"

သူ႔အေၾကာင္းျပခ်က္က က်ိဳးေၾကာင္းဆီေလ်ာ္လွတာမို႔ ဝမ္ေခ်ာင္ သူ႔ကို ထပ္ေမးခြန္း မထုတ္လာေတာ့။ "ဒါဆိုလည္း ၿပီးတာပဲ၊ ငါက မင္း စိတ္မေပ်ာ္ဘူးထင္ေနတာ။"

"စိတ္မပူနဲ႔ေတာ့။ အထဲဝင္ရေအာင္။"

ဝမ္ေခ်ာင္ သူ႔ကို ထပ္ဆြဲထားျပန္သည္။

"ဘာျဖစ္ျပန္ၿပီလဲ။" ရွဲ႕က်ဴရွင္း ေမးလိုက္သည္။

ဝမ္ေခ်ာင္ ေခါင္းကုတ္လ်က္ေျပာလာသည္။ "အင္း .. လူတိုင္းက အေႏွးနဲ႔အျမန္ ေသၾကမွာပဲ။ မင္းအစားေတာ့ ငါ မေသေပးနိုင္ေလာက္ေပမယ့္ မင္းစိတ္ထဲ တစ္ခုခု မေက်နပ္တာရွိရင္ ငါ့ကိုသာ ေျပာလိုက္။ မင္းနဲ႔ပတ္သတ္သမၽွ အရာရာတိုင္းက ေကာင္းေပမယ့္ မင္းက တစ္ခုခုဆို တအား ၿမိဳသိပ္ထားတတ္တယ္။"

"... မရွိပါဘူး။"

"ဘာကို 'မရွိပါဘူး' လဲ။ မင္းေကာင္မေလး မင္းကို ထားခဲ့တာေတာင္ တစ္ခြန္းမေျပာဘဲ တစ္ခ်ိန္လုံး ၿမိဳထားတာေလ။"

ရွဲ႕က်ဴရွင္းေျပာလိုက္သည္။ "အဲ့တုန္းက ငါ ဘာမွမေျပာခ်င္တာ မဟုတ္ဘူး။ ငါမွ မင္းနဲ႔ သိပ္မရင္းႏွီးေသးတာ။ ေနာက္ပိုင္းက် ငါ မင္းကို ေျပာျပတာပဲ မဟုတ္ဘူးလား။"

ထိုစကားကို ၾကားတာႏွင့္ ဝမ္ေခ်ာင္ မေပ်ာ္မရႊင္ျဖစ္သြားေတာ့သည္။ "မင္းက ေလ့က်င့္ေရးကာလၿပီးတဲ့အထိ ငါနဲ႔ ရင္းႏွီးတယ္လို႔ မခံစားရေသးဘူးေပါ့။ ဒါဆိုလည္း မင္း ဘာလို႔ ငါ့ကို ေကာင္းေကာင္းဆက္ဆံေပးေနရတာလဲ။"

ရွဲ႕က်ဴရွင္း သူ႔ကို မျငင္းနိုင္ေတာ့။ "..."

ဝမ္ေခ်ာင္ေတြးၾကည့္ၿပီးေနာက္ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို လူတစ္ေယာက္ကို ေကာင္းေကာင္းဆက္ဆံေပးတတ္တဲ့သူေတြ ရွိတာလည္း မွန္ေနတာမို႔ စိတ္သေဘာထားႀကီးသလိုေျပာလိုက္ေလသည္။ "ထားေတာ့၊ထားေတာ့။ ေခါင္းေဆာင္ဆိုတာ နားလည္နိုင္စြမ္း ရွိရတယ္။ ငါ မင္းနဲ႔ ရန္မျဖစ္ေတာ့ဘူး။ ဒီညျပန္ေရာက္ရင္သာ မင္း ငါ့အတြင္းခံေတြ ေလၽွာ္ေပးဦး။ ပုံထားတာ တစ္ပတ္ေက်ာ္ေနၿပီ။"

ရွဲ႕က်ဴရွင္း : "..." 'သူ စိတ္မထိန္းလိုက္လို႔ မရဘူးလား။ မထိန္းဘဲ ရန္ျဖစ္မိရင္လည္း အဲ့ေကာင္ေလးကို ထိန္းစရာမလိုဘဲ ရိုက္လို႔ရေနဦးမယ္။'

သူတို႔အထဲဝင္ကာ သီခ်င္းဆိုေလ့က်င့္ၾကသည္။ အခ်ိန္အေတာ္ၾကာေလ့က်င့္ၿပီးသည့္ေနာက္ ဝန္ထမ္းတစ္ေယာက္က ေကာ္ဖီေအးမ်ား ယူလာေပးကာ သြ႕မ္ယိခြန္းက လူတိုင္းကို ဝယ္တိုက္တဲ့အေၾကာင္းေျပာလာသည္။

လူတိုင္း တစ္ေယာက္တစ္ခြက္ဆီ ယူၾကတာမို႔ ရွဲ႕က်ဴရွင္းလည္း လွမ္းယူလိုက္ခ်ိန္ ဝမ္ေခ်ာင္က ၾကားမွဝင္တားၿပီး ေျပာေလသည္။ "မင္း လည္ေခ်ာင္းနာေနတာမလား။ ေအးတာေတြ မေသာက္နဲ႔။ ေႏြးတာ တစ္ခုခုေသာက္။"

ထို႔ေနာက္ သူ ခုနက ဝန္ထမ္းကို ျပန္ေခၚကာ သူ႔ပိုက္ဆံအိတ္ထဲမွ ပိုက္ဆံအနည္းငယ္ ဆြဲထုတ္၍ေျပာလိုက္သည္။ "ေကာ္ဖီပူပူေလးတစ္ခြက္ သြားဝယ္ခဲ့။"

ပူေလာင္လြန္းလွတဲ့ေန႔မ်ိဳးမွာ အျပင္တစ္ခါထြက္ၿပီးသာျဖစ္တာမို႔ ဝန္ထမ္းအေနႏွင့္ အျပင္ထပ္မထြက္ခ်င္ေတာ့။ သို႔ေပမယ့္ သူ႔လက္ထဲ ေရာက္လာတဲ့ပိုက္ဆံက ၅၀၀ ေက်ာ္ ၆၀၀ နီးပါးျဖစ္ေနတာမို႔ သူ အလ်င္စလိုေျပာလာ၏။ "ေကာ္ဖီတစ္ခြက္တည္းပဲမလား။ ဒီေလာက္ေစ်းမႀကီးပါဘူး။"

ဝမ္ေခ်ာင္ စိတ္မရွည္ေတာ့သလို ေျပာေလသည္။ "မင္း စကားအရမ္းမ်ားတာပဲ။ ငါ မင္းကို အလကားခိုင္းတယ္ထင္ေနတာလား။ ျမန္ျမန္သြားဝယ္ခဲ့။ အျပန္က် လည္ေခ်ာင္းနာ သက္သာေဆးပါ ဝယ္ခဲ့ေပး။"

"ဘယ္အရသာလိုခ်င္လဲ။ ေဆးက အမ်ားႀကီးပဲ ရွိတာ။"

ဝမ္ေခ်ာင္အေနႏွင့္ ဘယ္အမ်ိဳးအစားက ပိုေကာင္းလဲ မသိတာမို႔ ေနာက္ထပ္ ယြမ္ ၂၀၀ ပိုေပးၿပီး ေျပာလိုက္ေတာ့သည္။ "တစ္မ်ိဳးတစ္ခုဆီသာ ဝယ္ခဲ့။"

ဝန္ထမ္းေလးလည္း ေပ်ာ္ေပ်ာ္ႀကီး ေလၽွာက္ထြက္သြားေလသည္။

ဝမ္ေခ်ာင္ ထပ္ေအာ္ေခၚျပန္သည္။ "ေဝ့! ေကာ္ဖီက အေမရိကန္စတိုင္ေနာ္!"

ဝန္ထမ္းေလးက နားလည္ေၾကာင္း ေျဖၾကားၿပီးေနာက္ ေလကဲ့သို႔အလ်င္ႏွင့္ ျမင္ကြင္းထဲမွ ေပ်ာက္သြားေတာ့သည္။

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာက္ သူ႔ကို ေျပာလာ၏။ "ခ်ိဳလြန္းတာေတြလည္း မင္း ေသာက္လို႔ မျဖစ္ေသးဘူး။"

"... အြန္း"

ဝမ္ေခ်ာင္ သူ႔ေကာ္ဖီေအးကိုတစ္ဖက္၊ ရွဲ႕က်ဴရွင္းရဲ့ေကာ္ဖီေအးကိုတစ္ဖက္ ကိုင္ကာ ပိုက္ႏွစ္ခုလုံးကို ပါးစပ္ထဲ ထိုးထည့္၍ တစ္ၿပိဳင္တည္းေသာက္ေနလိုက္သည္။ ရွဲ႕က်ဴရွင္း သူ႔ကို လွမ္းၾကည့္ခ်ိန္ ေဖာင္းေနတဲ့ပါးႏွစ္ဖက္ႏွင့္အတူ ျပဳံးျပလာတာက စိတ္လြတ္ေနတဲ့ကေလးတစ္ေယာက္ႏွင့္ တူလွၿပီး ရယ္ခ်င္ဖြယ္ျဖစ္ေနသည္။

ရွဲ႕က်ဴရွင္း သံစဥ္စာရြက္ကို လွမ္းယူကာ ခဏၾကာေအာင္ ဖတ္ေနၿပီးေနာက္ ျပန္ခ်ထားၿပီး သူ႔ဘက္ကို ေခါင္းလွည့္ကာ ခပ္တိုးတိုးေျပာလိုက္ေလသည္။ "မလုပ္နဲ႔ .."

ျဖစ္ခ်င္ေတာ့ ထိုအခ်ိန္တြင္ ခ်န္းေယာင့္က ဆရာကို ေမးခြန္းမ်ား ေမးလ်က္ရွိေနၿပီး သူ႔ကို နားလည္လြယ္ေအာင္ ဆရာက ပီယာနိုတီးျပလ်က္ ျပန္ေျဖၾကားေနတာမို႔ ႐ုတ္တရက္ ထြက္ေပၚလာတဲ့သံစဥ္က ရွဲ႕က်ဴရွင္းစကားတစ္ဝက္ကို ဖုံးသြားေစေတာ့သည္။

ဝမ္ေခ်ာင္ ေသခ်ာမၾကားလိုက္ရတာမို႔ ပိုက္ႏွစ္ခုလုံးကို ေထြးထုတ္ကာ ေမးလာသည္။ "မင္း ဘာေျပာလိုက္တာလဲ။"

"... ဘာမွ မဟုတ္ဘူး။"

ဝမ္ေခ်ာင္ ပိုက္ႏွစ္ခုလုံးကို ျပန္ကိုက္ကာ ထပ္ေသာက္ေနျပန္ေတာ့သည္။

ရွဲ႕က်ဴရွင္း ေခါင္းျပန္ငုံ႔ကာ သံစဥ္မ်ားကို ဖတ္ေနလိုက္ေပမယ့္ သူ႔လက္ဖဝါးထက္မွာေတာ့ ေခၽြးမ်ား စိမ့္ထြက္ေနေလသည္။

သူ႔ profile က ဒီညခ်ျပေတာ့မွာမလို႔ သူ အရမ္းစိုးရိမ္လြန္ေနျခင္းျဖစ္ရမည္။ ဝမ္ေခ်ာင္ကို ဒီလို႐ူးေၾကာင္ေၾကာင္စကားမ်ိဳး သြားေျပာမိေစျခင္းက ဒီအေၾကာင္းျပခ်က္တစ္ခုသာ ရွိသည္။ ကံေကာင္းစြာ သူေျပာတာကို ဘယ္သူမွ မၾကားလိုက္။

"... ငါ့ကို မဆြဲေဆာင္ေနနဲ႔။"

KittyKitling

T/N : ႀကိဳက္ရာႏွစ္ရက္ ေရြးေပးၾကပါ! ><

Continue Reading

You'll Also Like

1.4M 186K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
190K 22K 68
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
3.5M 281K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...