ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

423K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 17

5.2K 911 24
By PoneyPeach

Unicode
အခန်း ( ၁၇ )

မော့ပင်းက လက်သီးကျစ်ကျစ်ဆုပ်လျှက် ဟူပျောင်းနှင့် တခြားလူများ၏ အမူအရာများကို မကြည့်ဘဲ ရှင်းပြသည်။  “ ဟုတ်တယ် ! I ကျွန်တော့်မှာ တခြားအစီအစဥ်တွေ အကြံအစည်တွေရှိတယ်။ ဒါပေမယ့် ဝမ်ယီကြောင့် ဖြစ်လာရတဲ့အခြေအနေတွေ မဟုတ်ဘူးလား။ ဝမ်ယီက တခြားအနုပညာရှင်တွေဆိုရင် စာချုပ်သက်တမ်းမတိုးခင် အနည်းဆုံးသုံးလကြိုတင်အသိပေးတယ်။ IUD တစ်ဖွဲ့တည်းပဲ စာချုပ်သက်တမ်းတိုးဖို့ကို အခုချိန်ထိ ဆက်သွယ်မခံရတာ။ စာချုပ်သက်တမ်းကုန်ဖို့ နှစ်လတောင်မကျန်တော့ဘူး။ အစ်ကိုတို့တွေးထားတွေကို ကျွန်တော်မသိဘူးများ ထင်နေလား။ စာချုပ်အသစ်ထပ်ချုပ်သင့်လား မချုပ်သင့်လားဆိုတာအတွက်  IUD အဖွဲ့သစ်ရဲ့ ငါးနှစ်ပြည့်ဖျော်ဖြေမှုက တုံ့ပြန်မှုကို စောင့်ကြည့်နေတာလေ။ ”

“ သောက်ကောင် !” ဟွမ်မော့က စိတ်မထိန်းနိုင်တော့ဘဲ ကျိန်ဆဲလာ၏။ ထို့နောက် ထုံကျန်းနှင့် ကျန်လူများကို ရှင်းပြသည်။    “ ကုမ္ပဏီဘက်က ဒီလိုအတွေးမျိုးမရှိဘူး။ မဟုတ်ရင် လူသစ်တစ်ယောက်ကို စာချုပ်ချုပ်ခဲ့မှာမဟုတ်ဘူး။ ကုမ္ပဏီက စဥ်းစားချင့်ချိန်နေရုံသက်သက်ပဲ —”

“ စာချုပ်သက်တမ်းတိုးတဲ့အခါ IUD ရဲ့ရေပန်းစားမှုအရ စာချုပ်မှာပါတဲ့ အကျိုးခံစားခွင့်တွေကို လျော့ချဖို့စဥ်းစားနေတာ​လေ။  ” မော့ပင်းက ကြားဖြတ်ပြောလာသည်။ သူက ထုံကျန်းနှင့် ခယ့်လန်တို့ကို လှည့်ကြည့်လာ၏။   

“ ငါ ပြောခဲ့ဖူးပါတယ်။ ငါလုပ်သမျှက မင်းတို့ကောင်းဖို့အတွက်ပဲလို့။ ဝမ်ယီက ငါတို့ကို ဂရုမစိုက်တော့ဘူး။ မဟုတ်ရင် ငါတို့ရတဲ့အထောက်အပံ့တွေက ချန်ဟောင်ထွက်သွားပြီးနောက်ပိုင်း မတန်တဆတွေ ကွဲပြားသွားမှာမဟုတ်ဘူး။  ” သူက ဟွမ်မော့ကို ဖျတ်ခနဲထပ်ကြည့်လာသည်။

“ ကျွန်တော်တို့ကြားမှ ဘာမှပြောစရာမရှိတော့ဘူး။ တခြားတစ်ယောက်ရဲ့ သီချင်းတွေကိုလည်း မဆိုနိုင်ဘူး။ သဘာဝကျကျပဲ လက်တွဲဖြုတ်လိုက်ကြတာပေါ့။  ” ထို့နောက် ပြန်သွားတော့၏။

ပူပေါင်းဆောင်ရွက်ရေး သဘောတူညီချက်က ပျက်စီးသွားလေပြီ။ ဟွမ်မော့ စာရွက်စာတမ်းတွေကို ရိုက်ချလိုက်၏။

အခုအချိန်မှာဆိုလျှင်ဖြင့် IUD မှာ နောက်ပြန်လှည့်စရာ လွတ်လမ်းမရှိတော့။

ထုံးကျန်းက မော့ပင်းနှင့် ဟွမ်မော့ အခြေအတင်ဖြစ်နေကတည်းက ခေါင်းကိုငုံ့ထား၏။ မော့ပင်းထွက်သွားချိန်မှာ သူလည်းထပြီးလိုက်သွားချင်ခဲ့သည်။ သို့သော် အဆုံးသတ်မှာတော့ သူ့ကိုသူထိန်းချုပ်ရန် ဒူးခေါင်းကို ဖိကိုင်ထားမိ၏။

ခယ့်လန်က သူ့ကို နှစ်သိမ့်သည့်အနေဖြင့် ပုခုံးကိုပုတ်ပေးလာရင်း အသံတိတ်နေသော ဟူပျောင်းကို လှမ်းကြည့်လိုက်၏။  “ မန်နေဂျာဟွမ် ဒီလိုကိစ္စတွေဖြစ်လာပြီဆိုမှတော့ ထုံကျန်းနဲ့ ကျွန်တော်လည်း ထွက်ပါ့မယ်။  ”

ဟွမ်မော့ မျက်နှာပျက်သွားသည်။ “ မင်း ဘာပြောတာလဲ။ ”

“IUD က အလားအလာမရှိတော့ဘူး။ IUD မရှိတော့ဘူးဆိုမှတော့ ထုံကျန်းနဲ့ ကျွန်တော်လည်း စာချုပ်သက်တမ်းမတိုးတော့ဘူး။ ”

ဟွမ်မော့မျက်နှာက အေးစက်သွားသည်။  “ မင်းလည်း အရင်ကတည်းက ကုမ္ပဏီအသစ်နဲ့ စာချုပ်ပြီးလို့လား။ ဒါမှမဟုတ် ကုမ္ပဏီက မင်းတို့ကို တန်ဖို့မထားဘူးဆိုတဲ့ မော့ပင်းရဲ့ ပေါက်ကရစကားတွေကို ယုံလို့လား။ ”

သူတို့က စာချုပ်ချုပ်ပြီးပြီဆိုပေမယ့် ကုမ္ပဏီအသစ်နှင့်မဟုတ်။ ပေါက်ရတွေလို့ပြောရအောင်ကလည်း မော့ပင်းစကားတွေက အလိမ်အညာတွေ ဟုတ်မနေပြန်။

ခယ့်လန် ထုံကျန်းကိုငုံ​ကြည့်ရင်း ခေါင်းယမ်းပြလိုက်သည်။   “ ကုမ္ပဏီအသစ်မရှိပါဘူးဗျာ။ ဘယ်ကုမ္ပဏီကမှ ကျွန်တော်နဲ့ ထုံကျန်းကို လာမဆက်သွယ်ကြဘူး။ ”

အသက် ၂၀ အရွယ် လူသစ်လေးတစ်ယောက်ကပဲ သူတို့ကို ဆက်သွယ်ခဲ့တာ​လေ။

ဟွမ်မော့မျက်နှာက ပိုကြည်လင်လာပြီး သူ့အသံကလည်း ပျော့သွား၏။  “…  တကယ်တော့ ကုမ္ပဏီဘက်က မင်းတို့ကို တွေးပေးခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီကလည်း အစောပိုင်းမှာ အကျပ်အတည်းလေးရှိနေခဲ့လို့ပါ။ ငါ မော့ပင်းကို စည်းရုံးကြည့်ပါဦးမယ်။ မင်းတို့လည်း တအားမြန်မြန်ဆန်ဆန်ကြီး လက်မလျှော့ကြနဲ့။ ”

“ အစ်ကို သူ့ကိုစည်းရုံးနိုင်မှာ မဟုတ်ဘူး။ နာမည်ကြီးနိုင်မယ့် IUD ရဲ့ အခွင့်အလမ်းတွေကသာ ​မော့ပင်းကို ဆက်မဆွဲထားနိုင်ဘူးဆိုရင် သူက ထွက်သွားတော့မှာ။ ”

ဟွမ်မော့က သိပ်တော့မယုံ။ “ သူထွက်ချင်တယ်ဆိုရင်လည်း ထွက်ခိုင်းလိုက်ပေါ့။  IUD မရှိတော့ဘူးဆိုရင်တောင် ကုမ္ပဏီက မင်းတို့အတွက် တစ်ကိုယ်တော်(solo) စာချုပ်ချုပ်ပေးမှာပါ။ ထပ်စဥ်းစားကြပါဦး။ ပြီးခဲ့တဲ့နှစ်တွေမှာ ကုမ္ပဏီက မင်းတို့ကို ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ကြဘူးလေ။ ”

“ ကျေးဇူးတင်ပါတယ် မန်နေဂျာဟွမ် ဒါပေမယ့် စဥ်းစားစရာမလိုတော့ဘူး။ ကုမ္ပဏီဘက်ကလည်း တစ်ကိုယ်​တော်အဆိုတော်တွေ ရှားပါးနေတာမှမဟုတ်တာ။ ကျွန်တော်နဲ့ ထုံကျန်းကို Solo အနုပညာရှင်တွေအဖြစ် စာချုပ်ချုပ်လိုက်ရင်လည်း စာချုပ်ပါအကျိုးခံစားမှု​တွေက သေချာပေါက်လျော့သွားတော့မှာ။ ဒါ့ကြောင့်  …  မေ့လိုက်ပါတော့ဗျာ။ မန်နေဂျာဟွမ် ကုမ္ပဏီရဲ့ထရိန်နင်ဆင်းခဲ့ရတဲ့နှစ်တွေအတွက် အစ်ကို့ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။ နောင်များမှာ ထုံကျန်းနဲ့ ကျွန်တော် ကူညီပေးနိုင်တာများရှိခဲ့ရင် တတ်စွမ်းသမျှ ကြိုစားကူပေးပါ့မယ်ဗျာ။ ”

ခယ့်လန်စကားတွေက ဟွမ်မော့စေဒကမတက်နိုင်လောက်အောင်ကို ရိုးသားနေခဲ့၏။ သူ သက်ပြင်းချကာ နှစ်သိမ့်တာပဲ လုပ်ပေးနိုင်တော့သည်။    “ အရမ်းကြီးလည်း အဆိုးမမြင်ပါနဲ့ကွာ။ ငါလည်း တတ်နိုင်သမျှ ကူညီပေးဖို့ ကြိုးစားပေးပါ့မယ်။ တကယ်တော့ မင်းကလည်း ကုမ္ပဏီရဲ့ အကြီးတန်းစီနီယာတစ်ယောက်ပဲဟာ။ အသက်ကလည်း အရမ်းမကြီးသေးဘူး။ မင်းရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပြန်စီစဥ်လို့ရပါသေးတယ်။ ပြီးတော့ မင်းတို့အကုန်လုံးထွက်သွားမယ်ဆိုရင် ဟူပျောင်းက —”

“ အဆင်ပြေပါတယ်။ ကျွန်တော်လည်း အလုပ်ထွက်တော့မှာ။ ”

“ ဟမ် ?”
ဟွမ်မော့က ဟူပျောင်းကို မယုံသင်္ကာဖြင့် စူးစိုက်ကြည့်လာသည်။ ဟူပျောင်းက သူ့ကို တည့်တိုးပဲ ပြောလိုက်သည်။ 

“ ဟွမ်ကော ကျွန်တော်က အေးဂျင့်တစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူးဆိုတာ သိသွားပြီ။ အခုဆို ကျွန်တော်လက်အောက်က IUD လည်းပျက်သွားပြီဆိုတော့ ကုမ္ပဏီမှာ ဆက်နေရလောက်အောင် မျက်နှာမပြောင်ဘူး။ ကုမ္ပဏီကိုစိတ်ပျက်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။   ”

“ မဟုတ်တာ ဘာလို့ မင်းကိုယ်မင်းပါ ဒုက္ခအရောက်ခံမှာလဲ။ ”

ဟွမ်မော့က ဟူပျောင်းကို စည်းရုံသိမ်းသွင်းဖို့ကြိုးစားသော်လည်း ဟူပျောင်းကတော့ စကားတောင်ဆက်မပြောချင်တော့ဘဲ ထွက်သွား​လေ​တော့သည်။ ခယ့်လန်နှင့် ထုံကျန်းလည်း နှုတ်ဆက်စကားဆိုကာ သူ့နောက်သို့ လိုက်သွား၏။

နောက်ဆုံး၌ အစည်းအဝေးခန်းထဲတွင် ဟွမ်မော့နှင့် ကျယ်ယန်တို့သာ ကျန်ရစ်ခဲ့သည်။ နှစ်ယောက်သား တစ်ဦးနှင့်တစ်ဦးစိုက်ကြည့်ရင်း အဆုံးမှာတော့ ကျယ်ယန်ဘက်က စကားစလိုက်၏။   “  စာချုပ်ဖျက်မယ့်ကိစ္စကို အခုချက်ချင်းပဲ ပြောလိုက်ကြမလား။ ”

ဟွမ်မော့:  “……”

ပြဿဒါးပဲ။ ဒီနေ့ သူအပြင်ထွက်မလာခင် တရုတ်ရိုးရာပြက္ခဒိန်ကို ကြည့်ခဲ့သင့်တာ။

***

ကျယ်ယန်က ကုမ္ပဏီထဲမှထွက်လာသော နောက်ဆုံးတစ်ယောက်ပင်။ သူကားထဲဝင်လိုက်တာနှင့်တစ်ပြိုက်နက် ဟူပျောင်းက သူ့ဘက်ကို တန်းလှည့်လာ၏။   “ စကားပြောတာ ဘယ်လိုလဲ။ ”

" ဟွမ်မော့က ဘာတစ်ခွန်းမှမပြောဘဲ ထွက်သွားပေမယ့် ခန့်မှန်းရသလောက်တော့ ဝမ်ယီက ကျွန်တော့်ကိုဆွဲထားဖို့ ကြိုးစားမှာ မဟုတ်ဘူး။ အခု ကျွန်တော်က လူသိများလာပြီးတော့  IUD က ပျက်သွားပြီ။ ကျွန်တော့်ကို နာမည်ပြန်အဖက်ဆည်ဖို့ ငွေတွေသုံးမယ့်အစား စာချုပ်ဖျက်ခ လျော်ကြေးရတာကမှ ပိုကောင်းဦးမယ်။ စာချုပ်ဖောက်ဖျက်မှုနစ်နာကြေးငွေကို တခြား ထက်မြက်ပြီး နာမည်ပျက်မရှိတဲ့ လူသစ်တစ်ယောက်အတွက် ပြန်သုံးလိုက်လို့ရတယ်လေ။   ”

ဒါ အမှန်တရားပဲ။

ဟူပျောင်း ထိုင်ခုံပေါ်မှီကာ သက်ပြင်းချလိုက်၏။    “ မင်းရဲ့ Weibo…  အဲ့ဒါက ကောင်းကောင်းလုပ်လိုက်တာပဲ။ အသင့်တော်ဆုံးအချိန်မှာ ပို့စ်တင်လိုက်ပြီး IUD ရဲ့ ကတောက်ကဆကို ပိုအရှိန်ပြင်းစေတဲ့ အထိရောက်ဆုံးနည်းလို့ ပြောလို့ရတယ်။ အဲ့ဒီပို့စ်က ဝမ်ယီရဲ့စိတ်ကို လှုပ်ရှားသွားစေလို့ မော့ပင်းက သူနဲ့ကုမ္ပဏီကြားက ခင်မင်မှုကို အရင်ဆုံးစဖြတ်တောက်စေလိုက်တဲ့လူ ဖြစ်သွားစေတယ်။ ဒါက ငါထွက်ဖို့စီစဥ်ထားတဲ့နည်းလမ်းထက် ပိုကောင်းတယ်။ အဲ့ဒီအချိန်တုန်းက ငါ မင်းကို စိတ်မတိုခဲ့သင့်ဘူး။ ”

ကျယ်ယန် ခေါင်းခါလိုက်သည်။ “ ရပါတယ်။ အစ်ကိုက ကျွန်တော်ကောင်းဖို့လုပ်​ပေးခဲ့တာမှန်း သိပါတယ်။ ”

“ မင်းကမှ လူတိုင်းကောင်းဖို့ လုပ်ခဲ့မှန်း သိသာတာပါကွာ။ အခုဆို လူတိုင်းက သူတို့လိုချင်တာကို ရသွားပြီ။ ဒါပေမယ့် မင်းကပဲ ကွန်ရက်တစ်ခုလုံး မကောင်းပြောတာကို ခံနေရတာ။ နောက်ပိုင်းဆို မင်းကွယ်ရာမှာ အကြာကြီးကြာတဲ့အထိ မကောင်းပြောခံရတော့မှာ။  ”

“ ကျွန်တော့်ကိုယ် ကျွန်တော်အနာကျင်ခံပြီး လူရာထောင်ချီကို အကျိုးပြုနိုင်ပါတယ်ဗျာ။  ” ကျယ်ယန် ရယ်လိုက်၏။  “ ဒါ့အပြင် တက်လမ်းပိတ်ထားတဲ့လမ်းကြောင်းမျိုးကိုလည်း မယူပါဘူး။ သီချင်းဆိုနိုင်နေသရွေ့ အားပေးမယ့်ပရိသတ်မရှိလည်း အေးဆေးပဲ။  ”

ဟူပျောင်း သူ့ကိုမပြုံးလာခင် တခဏမျှ ကြောင်အသွား၏။  “ ငါ အစက မင်းကို ဘာလို့ရွေးခဲ့မိပါလိမ့်။ ငါ တော်တော် မျက်လုံးကောင်းတာပဲ။ ”

ကျယ်ယန်လည်း ပြုံးလိုက်မိ၏။  “ ဒါပေါ့ အစ်ကိုမှာ အမြင်ရှိတယ်။ ”

ကားမောင်းနေတဲ့ ဝူရွှေ့ , “……”

သူဌေးကတော့ သူ့ကိုယ်သူ ထပ်ပြီး အမွှန်းတင်နေပြန်ပြီ။

***

နောက်တော့ သူလိုချင်သော တယောက ဘာတံဆိပ်၊ ဘာမော်ဒယ်လ်လဲလို့ မေးသည့် ဟယ်ကျွင်းဖုန်းဝင်လာခဲ့၏။

သူ အံ့အားသင့်သွားပြီးမကြာလိုက် ရယ်ချင်သွားသည်။ တံဆိပ်နှင့် မော်ဒယ်လ်ကိုပြောပြီးတော့ ဟယ်ကျွင်းကို စပ်စပ်စုစု စကားနှိုက်လိုက်သည်။ “ ဒီရက်ပိုင်း ချိုးရှင်းဘယ်လိုနေ​သေးလဲ။ ”

ဟယ်ကျွင်း သူ့ဘေးက ချိုးရှင်းကို ဖျတ်ခနဲကြည့်ရင်း speaker mode ဖွင့်ကာ ဖုန်းဆက်ပြောလိုက်သည်။   “ သူဌေးရဲ့ အလုပ်အချိန်ဇယားတွေက အရမ်းများနေတာဗျာ။ အရင်ရက်ပိုင်းကဆို သူဌေးမှာ ကောင်းကောင်းမနားရသေးဘူး။ ”

ချိုးရှင်း ဟယ်ကျွင်းကို အေးတိ​အေးစက်ကြည့်လာ၏။

ကျယ်ယန် သိချင်သွားသည်။  “ ခင်ဗျားတို့အလုပ်ရှုပ်နေတာကို ကျွန်တော်က ပစ္စည်းဝယ်ခိုင်းလိုက်မိတာ မကောင်းဘူးလားလို့။ ကျွန်တော် တခြားတစ်ယောက် ရှာဝယ်ခိုင်းလိုက်  —”

“ မဟုတ်တာ ! မရှုပ်ပါဘူး အလုပ်က အရမ်း​ကြီးမရှုပ်ပါဘူးဗျာ။ ”  ဟယ်ကျွင်းခမျာ ချိုးရှင်း၏ လူသတ်ချင်သော အကြည့်ကြီးကိုရလိုက်တာကြောင့် သူ့စကားကို ပြင်လိုက်ရသည်။  “ သူဌေးက အလုပ်များနေပေမယ့် ကျွန်တော့က မများဘူးဗျ။ ကျွန်တော် ဝယ်ပေးလို့ရပါတယ်။ ”

“ ဟုတ်ပါပြီ ဒါဆိုလည်း ခင်ဗျားကိုပဲ ဒုက္ခပေးရတာပေါ့။ ကျေးဇူးဗျာ။ ”

ဟယ်ကျွင်း စိတ်သက်သာရာရစွာ သက်မချရင်း ပြန်ဖြေလိုက်၏။    “ ရပါတယ်။ ”

“ ဒါဆိုလည်း ကျွန်တော် အချိန်ဖြုန်းမနေတော့ဘူးနော်။ ဖုန်းချလိုက်တော့ —”

“ ခဏနေပါဦး !”

ဟယ်ကျွင်း ကျယ်ယန်ကို အသည်းအသန် အော်တားလိုက်ရင်း ဂရုတစိုက်ဖြင့် စကားစီလိုက်၏။   “ မကြာသေးခင်ကလေ ကျွန်တော် သတင်းကြည့်ရင်းနဲ့ အင်တာနက်ပေါ်မှာ သူဌေးလေးအကြောင်း မကောင်းတဲ့မန့်တစ်ချို့ကို တွေ့ခဲ့တယ်။ သူဌေးကတော့ လုံးလုံးမသိဘူးပေါ့ဗျာ။ သူဌေးလေး အကျပ်ရိုက်သလိုဖြစ်နေရင်လေ ကျွန်တော် သူဌေးကိုပြောပြဖို့ ကူညီနိုင်တယ်လို့ တွေးမိလို့ပါ။ ”

ကျယ်ယန် အသံထွက်ပြီး အော်ရယ်မိတော့မတတ်ပင်။   “ မလိုပါဘူးဗျာ။ ခင်ဗျားတို့သူဌေးက ကြိုးစားပမ်းစားအလုပ်လုပ်နေတာကို။ ဒီလို အသေးအမွှားလေးကြောင့်နဲ့တော့ သူ့ကို မနှောင့်ယှက်ချင်ပါဘူး။ သူ့ကိုသာ များများအိပ်ခိုင်းလိုက်။ ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်ပါတယ်။ ဒါနဲ့ ခင်ဗျားရဲ့ WeChat အကောင့်က ဘာလဲ။ ကျွန်တော် add လို့ရလား။ ”

ချိုးရှင်းသည် ဟယ်ကျွင်းဖုန်းကို မျက်လုံးရဲများဖြင့် စိုက်ကြည့်နေ၏။

ဟယ်ကျွင်းမှာ ဖုန်းကိုင်ထားသောသူ့လက်က နည်းနည်းအေးလာသလို ခံစားရပြီး ခက်ခက်ခဲခဲဖြင့် ပြန်ဖြေလိုက်ရသည်။   “ ကျွန်တော့် WeChat ကို ဘာလို့ add ချင်တာလဲဆိုတာ မေးလို့ရမလား။ တကယ်တော့လေ တယ်လီဖုန်းနဲ့ဆက်သွယ်တာက အရမ်းအဆင်ပြေပါတယ်။ ”

“ ဖုန်းနဲ့ဆက်သွယ်တာကလည်း အဆင်ပြေပါတယ်။ ” ကျယ်ယန်က ကောင်းကောင်းမွန်မွန် ပြန်ပြောလာသည်။      “  ဒါဆို ကျွန်တော် ချိုးရှင်းကိုဆက်သွယ်ချင်တဲ့အခါ ခင်ဗျားကို မက်ဆေ့ပို့လိုက်မယ်။ ခင်ဗျားက ကျွန်တော့်စာကိုမြင်လို့ ချိုးရှင်းမအိပ်နေဘူးဆိုရင် စာပြန်ပေးလေ။ အရင်တစ်ခါကလို သူအိပ်ပျော်နေတုန်း မနှောင့်ယှက်ချင်လို့လေ။ ကျွန်တော် လုပ်စရာလေးရှိလို့ ဖုန်းချလိုက်ပြီနော်။  ”

“ ဟုတ်ကဲ့ နှုတ်ဆက်ပါတယ်ဗျ ”
ဟယ်ကျွင်း ဖုန်းချပြီး သူ့ဘေးက ချိုးရှင်းကို မဝံ့မရဲ လှည့်ကြည့်လိုက်၏။   “ ဘော့စ် အဆင်ပြေတယ်မလား။ ”

“ အင်း ”

ဟယ်ကျွင်း သူ့လက်များကို တင်းတင်းဆုပ်လိုက်မိသည်။  

“ အဲ့ဒီတယောကို မြန်နိုင်သမျှ အမြန်ဆုံးဝယ်ထားလိုက်။ ” ချိုးရှင်း သူ့ခြေထောက်တွေကို မြှောက်တာချိတ်ထိုင်လိုက်ရင်း သူ့အသံက ​​အေးစက်​ပြီး ဆွဲဆောင်မှုအတိ။   “ ဘယ်လိုလိမ္မာပါးနပ်ရမလဲဆိုတာ သူသိသားပဲ။  ”

ဟယ်ကျွင်း: “……”
သူဌေးရာ ခင်ဗျား ပိုပြီးတော့ ပေါ်တင်ပျော်ပေးလို့ မရဘူးလားဗျာ။ ဘဝကြီးက ခက်ခဲပြီးရင်းကို ပိုခက်ခဲနေတော့တာပဲဗျို့။

***

ရက်ပိုင်းလောက်ကြာတော့  IUD အဖွဲ့ဝင်တွေထဲက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မသိမပေးဘဲ IUD ၏ ငါးနှစ်ပြည့်အထိမ်းအမှတ် ဖျော်ဖြေပွဲကို ဖျက်သိမ်းကြောင်းကို တရားဝင် Weibo ပေါ်ကနေ ကြေညာခဲ့၏။ ဖျော်ဖြေပွဲကို ဖျက်သိမ်းရခြင်းဟာ မော့ပင်းက စင်မြင်ပေါ်ပါဝင်ရမှာကို ငြင်းဆန်ခဲ့ပြီး ကုမ္ပဏီ၏ စီစဥ်ညွှန်ကြားချက်များကို ဆန့်ကျင်ခဲ့၍ဖြစ်ကြောင်း ပြောကြားထားသည်။

ကြေညာချက်ထွက်လာပြီးတစ်ခဏ ပရိသတ်များ ဒေါသထွက်သွားကြသည်။ မော့ပင်းဘက်ကလည်း ကြေညာချက် နောက်လိုက်က မော့ပင်းက မကြာသေးမီက မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရကာ ဖိအားများလွန်းပြီး သီချင်းမဆိုနိုင်တာ​ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထို့အကြောင်းကြောင့်ပဲ  IUD ၏ ငါးနှစ်ပြည့်ဖျော်ဖြေပွဲတွင် မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကာ ကုမ္ပဏီ၏ ဆုံးဖြတ်ချက်အတွက်လည်း အလွန်စိတ်မကောင်းဖြစ်ပြီး စိတ်ပျက်မိပါကြောင်း ရေးသားခဲ့သည်။ နှစ်ဖွဲ့လုံး၏ ဝေဖန်ချက်များကာ တစ်ဖက်နှင့်တစ်ဖက် ဦးတည်နေသည်မှာ အရှင်းသားပင်။ ပရိသတ်များကလည်း အံ့သြသွားကြပြီး ရုတ်တရက်ဆန်စွာ Weibo က အသက်ဝင်လာသည်။

ထိုကိစ္စကို အခွင့်​ကောင်းရယူကာ ကျယ်ယန်သည် ဟူပျောင်းနှင့်အတူ ဝမ်ယီသို့သွားခဲ့သည်။ စာချုပ်ဖျက်သိမ်းရေး လုပ်ရိုးလုပ်စဥ်များကို ဆောင်ရွက်ဖို့ ဝမ်ယီတွင် တစ်ရက်အချိန်ဖြုန်းခဲ့ရသည်။ သက်သေအဖြစ် ရှေ့နေတစ်ယောက်ခေါ်ကာ စာချုပ်ပေါ်ကအတိုင်း ဒဏ်ကြေးပေးဆောင်ခဲ့သည်။

ကုမ္ပဏီကထွက်လာတော့ နှစ်ကြိမ်သာရောက်ဖူးသည့် ကုမ္ပဏီကို ကျယ်ယန်ပြန်ကြည့်ရင်း ဟူပျောင်းကို မေးလိုက်၏။      “ အစ်ကို ဘယ်တော့အလုပ်ထွက်မှာလဲ။ ”

ဟူပျောင်းလည်း သူ့အကြည့်လားရာအတိုင်း ဝမ်ယီရုံးချုပ်ကိုကြည့်ရင်း လွမ်းမောစိတ်ကို ထိန်းချုပ်လိုက်ရသည်။      “ နှုတ်ထွက်စာကို အမြန်ဆုံးတင်တော့မှာပါ။ ရှိုးအတွက် ပြင်ဆင်စရာအဆင့်တွေ အများကြီးရှိသေးတယ်။ ကျင်းပမယ့်နေရာနဲ့ ခွင့်ပြုချက်ရဖို့ကလည်း ကြာဦးမှာ။ ဝေ့နေဖို့ အချိန်မရှိဘူး။ ”

ကျယ်ယန် ခေါင်းညိတ်ကာ သက်တောင့်သက်သာ ပြောလိုက်၏။     “ ကုမ္ပဏီကို အကောင်းဆုံး တည်ထောင်ကြမယ်။ အတူတူ ကြိုးစားကြတာပေါ့။ ”

Weibo ပေါ်၌ မော့ပင်းနှင့် ဝမ်ယီကြားက တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။ အတင်းအဖျင်းပေါင်းစုံကလည်း ဆက်တိုက်ကို ပေါ်ထွက်လာသည်။

ဝမ်ယီ၏ ပင်မစာတွင်  ‘ မော့ပင်းက  IUDမှထွက်ပြီး ကုမ္ပဏီအသစ်ရှာကာ ကုမ္ပဏီ (ဝမ်ယီ) ၏ စီစဥ်ညွှန်ကြားချက်များကို ဆန့်ကျင်ခဲ့သည်  ’ ဟု ဖော်ပြထားသည်။

မော့ပင်းဘက်ကမူ   ‘  ဝမ်ယီက IUD ၏ လက်ကျန်တန်ဖိုးများကို ဖျစ်ညှစ်ဝါးမျိုကာ အဖွဲ့ဝင်များ၏ ဆန္ဒကို ဂရုမစိုက်ဘဲ  IUD ၏ ကိစ္စရေးရာများကို အတင်းအကျပ် ဝင်ရောက်စွက်ဖက်ခဲ့သည် ’ ဟု ဖော်ပြလာသည်။

နှစ်ဖက်လုံးက တစ်ဦးကိုတစ်ဦး ပေါ်ပေါ်ထင်ထင် တိုက်ခိုက်နေတာမဟုတ်ပေမယ့်လည်း လူတိုင်း၏မျက်လုံးထဲတွင်တော့ မော့ပင်းနှင့် ဝမ်ယီ ကတောက်ကဆနေတာကို မြင်နိုင်သည်။

ပရိသတ်တွေလည်း စိတ်လှုပ်ရှားပြီး စိုးရိမ်လာကြသည်။ မော့ပင်း၏ဆိုလိုရင်းကိုနားထောင်​ပြီးတော့ သူတို့ နားလည်သွားကြပြီ။

ဝမ်ယီသည် IUD ၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေတာကြောင့် မော့ပင်းက ခုခံနေပုံပေါ်သည်။ ကျယ်ယန် အနောက်ပေါက်ကနေ IUD ကိုဝင်လာသည့် Weibo ပေါ်က ယခင်အဖြစ်အပျက်များကို စဥ်းစားမိတော့ ဝမ်ယီ၏ IUD အပေါ် ဝင်ရောက်စွက်ဖက်နေမှုများက လယ်ပြင်မှာ ဆင်သွားလို ရှင်းရှင်းကြီး ပေါ်လာတော့၏။

အခုလို နှစ်ဖက်လုံးက ကွဲပြဲသွားတော့ ကျယ်ယန်တစ်ယောက် IUD မှာ ကြာကြာ ဆက်မနေနိုင်တော့ !

ကုမ္ပဏီကို စော်ကားခဲ့ပြီးနောက် မော့ပင်း၏ ခုခံပုန်ကန်မှုက အဖွဲ့အပေါ် အနိုင်ကျင့်ခြင်းနှင့် ဖိနှိပ်ချုပ်ချယ်မှုများသို့ ဦးတည်နေပြီးဖြစ်တာကြောင့် ပရိသတ်များ စိတ်ပူလာရသည်။ IUD က ဘာဆက်ဖြစ်မှာလဲ။

စိုးရိမ်ပူပန်မှုများပြီးတော့ ပရိသတ်များက ကျယ်ယန်ကို ထပ်မံအမုန်းပွားလာကြသည်။ ထို့နောက် IUD ယခုလို အကျပ်အတည်းတွေဖြစ်နေရတာက ကျယ်ယန်ကြောင့်ဟု ကောက်ချက်ချလိုက်ကြတော့သည်။

ကျယ်ယန်ကတော့ ဖရဲသီးစားရင်း  ( ဘေးကနေပွဲကြည့်ရင်း ) အဓိကအချက်အလက်များကို ဝေဝါးစေကာ ပရိသတ်များ၏ ဦးနှောက်ကို ထိန်းချုပ်နိုင်သည့် မော့ပင်း၏စွမ်းရည်ကို သဘောကျနေတော့သည်။ မော့ပင်း၏ ကိုယ်ရေးကိုယ်တာ အပြောအဆို အပြုအမူများက IUD ၏ သဘောထားကို ကိုယ်စားပြုနေသည်ဟု ထင်နေကြသော ပရိသတ်များကို ‘ ညှာတာ ’ ပေးဖို့ရန် သူ ဆုံးဖြတ်လိုက်၏။

━━━━━━━━━━━━━━━━━━━━━━━


Zawgyi
အခန္း ( ၁၇ )

ေမာ့ပင္းက လက္သီးက်စ္က်စ္ဆုပ္လွ်က္ ဟူေပ်ာင္းႏွင့္ တျခားလူမ်ား၏ အမူအရာမ်ားကို မၾကည့္ဘဲ ရွင္းျပသည္။  “ ဟုတ္တယ္ ! I ကြၽန္ေတာ့္မွာ တျခားအစီအစဥ္ေတြ အႀကံအစည္ေတြရွိတယ္။ ဒါေပမယ့္ ဝမ္ယီေၾကာင့္ ျဖစ္လာရတဲ့အေျခအေနေတြ မဟုတ္ဘူးလား။ ဝမ္ယီက တျခားအႏုပညာရွင္ေတြဆိုရင္ စာခ်ဳပ္သက္တမ္းမတိုးခင္ အနည္းဆုံးသုံးလႀကိဳတင္အသိေပးတယ္။ IUD တစ္ဖြဲ႕တည္းပဲ စာခ်ဳပ္သက္တမ္းတိုးဖို႔ကို အခုခ်ိန္ထိ ဆက္သြယ္မခံရတာ။ စာခ်ဳပ္သက္တမ္းကုန္ဖို႔ ႏွစ္လေတာင္မက်န္ေတာ့ဘူး။ အစ္ကိုတို႔ေတြးထားေတြကို ကြၽန္ေတာ္မသိဘူးမ်ား ထင္ေနလား။ စာခ်ဳပ္အသစ္ထပ္ခ်ဳပ္သင့္လား မခ်ဳပ္သင့္လားဆိုတာအတြက္  IUD အဖြဲ႕သစ္ရဲ႕ ငါးႏွစ္ျပည့္ေဖ်ာ္ေျဖမႈက တုံ႕ျပန္မႈကို ေစာင့္ၾကည့္ေနတာေလ။ ”

“ ေသာက္ေကာင္ !” ဟြမ္ေမာ့က စိတ္မထိန္းနိုင္ေတာ့ဘဲ က်ိန္ဆဲလာ၏။ ထို႔ေနာက္ ထုံက်န္းႏွင့္ က်န္လူမ်ားကို ရွင္းျပသည္။    “ ကုမၸဏီဘက္က ဒီလိုအေတြးမ်ိဳးမရွိဘူး။ မဟုတ္ရင္ လူသစ္တစ္ေယာက္ကို စာခ်ဳပ္ခ်ဳပ္ခဲ့မွာမဟုတ္ဘူး။ ကုမၸဏီက စဥ္းစားခ်င့္ခ်ိန္ေန႐ုံသက္သက္ပဲ —”

“ စာခ်ဳပ္သက္တမ္းတိုးတဲ့အခါ IUD ရဲ႕ေရပန္းစားမႈအရ စာခ်ဳပ္မွာပါတဲ့ အက်ိဳးခံစားခြင့္ေတြကို ေလ်ာ့ခ်ဖိဳ႕စဥ္းစားေနတာ​ေလ။  ” ေမာ့ပင္းက ၾကားျဖတ္ေျပာလာသည္။ သူက ထုံက်န္းႏွင့္ ခယ့္လန္တို႔ကို လွည့္ၾကည့္လာ၏။   

“ ငါ ေျပာခဲ့ဖူးပါတယ္။ ငါလုပ္သမွ်က မင္းတို႔ေကာင္းဖို႔အတြက္ပဲလို႔။ ဝမ္ယီက ငါတို႔ကို ဂ႐ုမစိုက္ေတာ့ဘူး။ မဟုတ္ရင္ ငါတို႔ရတဲ့အေထာက္အပံ့ေတြက ခ်န္ေဟာင္ထြက္သြားၿပီးေနာက္ပိုင္း မတန္တဆေတြ ကြဲျပားသြားမွာမဟုတ္ဘူး။  ” သူက ဟြမ္ေမာ့ကို ဖ်တ္ခနဲထပ္ၾကည့္လာသည္။

“ ကြၽန္ေတာ္တို႔ၾကားမွ ဘာမွေျပာစရာမရွိေတာ့ဘူး။ တျခားတစ္ေယာက္ရဲ႕ သီခ်င္းေတြကိုလည္း မဆိုနိုင္ဘူး။ သဘာဝက်က်ပဲ လက္တြဲျဖဳတ္လိုက္ၾကတာေပါ့။  ” ထို႔ေနာက္ ျပန္သြားေတာ့၏။

ပူေပါင္းေဆာင္႐ြက္ေရး သေဘာတူညီခ်က္က ပ်က္စီးသြားေလၿပီ။ ဟြမ္ေမာ့ စာ႐ြက္စာတမ္းေတြကို ရိုက္ခ်လိဳက္၏။

အခုအခ်ိန္မွာဆိုလွ်င္ျဖင့္ IUD မွာ ေနာက္ျပန္လွည့္စရာ လြတ္လမ္းမရွိေတာ့။

ထုံးက်န္းက ေမာ့ပင္းႏွင့္ ဟြမ္ေမာ့ အေျခအတင္ျဖစ္ေနကတည္းက ေခါင္းကိုငုံ႕ထား၏။ ေမာ့ပင္းထြက္သြားခ်ိန္မွာ သူလည္းထၿပီးလိုက္သြားခ်င္ခဲ့သည္။ သို႔ေသာ္ အဆုံးသတ္မွာေတာ့ သူ႕ကိုသူထိန္းခ်ဳပ္ရန္ ဒူးေခါင္းကို ဖိကိုင္ထားမိ၏။

ခယ့္လန္က သူ႕ကို ႏွစ္သိမ့္သည့္အေနျဖင့္ ပုခုံးကိုပုတ္ေပးလာရင္း အသံတိတ္ေနေသာ ဟူေပ်ာင္းကို လွမ္းၾကည့္လိုက္၏။  “ မန္ေနဂ်ာဟြမ္ ဒီလိုကိစၥေတြျဖစ္လာၿပီဆိုမွေတာ့ ထုံက်န္းနဲ႕ ကြၽန္ေတာ္လည္း ထြက္ပါ့မယ္။  ”

ဟြမ္ေမာ့ မ်က္ႏွာပ်က္သြားသည္။ “ မင္း ဘာေျပာတာလဲ။ ”

“IUD က အလားအလာမရွိေတာ့ဘူး။ IUD မရွိေတာ့ဘူးဆိုမွေတာ့ ထုံက်န္းနဲ႕ ကြၽန္ေတာ္လည္း စာခ်ဳပ္သက္တမ္းမတိုးေတာ့ဘူး။ ”

ဟြမ္ေမာ့မ်က္ႏွာက ေအးစက္သြားသည္။  “ မင္းလည္း အရင္ကတည္းက ကုမၸဏီအသစ္နဲ႕ စာခ်ဳပ္ၿပီးလို႔လား။ ဒါမွမဟုတ္ ကုမၸဏီက မင္းတို႔ကို တန္ဖို႔မထားဘူးဆိုတဲ့ ေမာ့ပင္းရဲ႕ ေပါက္ကရစကားေတြကို ယုံလို႔လား။ ”

သူတို႔က စာခ်ဳပ္ခ်ဳပ္ၿပီးၿပီဆိုေပမယ့္ ကုမၸဏီအသစ္ႏွင့္မဟုတ္။ ေပါက္ရေတြလို႔ေျပာရေအာင္ကလည္း ေမာ့ပင္းစကားေတြက အလိမ္အညာေတြ ဟုတ္မေနျပန္။

ခယ့္လန္ ထုံက်န္းကိုငုံ​ၾကည့္ရင္း ေခါင္းယမ္းျပလိုက္သည္။   “ ကုမၸဏီအသစ္မရွိပါဘူးဗ်ာ။ ဘယ္ကုမၸဏီကမွ ကြၽန္ေတာ္နဲ႕ ထုံက်န္းကို လာမဆက္သြယ္ၾကဘူး။ ”

အသက္ ၂၀ အ႐ြယ္ လူသစ္ေလးတစ္ေယာက္ကပဲ သူတို႔ကို ဆက္သြယ္ခဲ့တာ​ေလ။

ဟြမ္ေမာ့မ်က္ႏွာက ပိုၾကည္လင္လာၿပီး သူ႕အသံကလည္း ေပ်ာ့သြား၏။  “…  တကယ္ေတာ့ ကုမၸဏီဘက္က မင္းတို႔ကို ေတြးေပးခဲ့ပါတယ္။ ဒါေပမယ့္ ကုမၸဏီကလည္း အေစာပိုင္းမွာ အက်ပ္အတည္းေလးရွိေနခဲ့လို႔ပါ။ ငါ ေမာ့ပင္းကို စည္း႐ုံးၾကည့္ပါဦးမယ္။ မင္းတို႔လည္း တအားျမန္ျမန္ဆန္ဆန္ႀကီး လက္မေလွ်ာ့ၾကနဲ႕။ ”

“ အစ္ကို သူ႕ကိုစည္း႐ုံးနိုင္မွာ မဟုတ္ဘူး။ နာမည္ႀကီးနိုင္မယ့္ IUD ရဲ႕ အခြင့္အလမ္းေတြကသာ ​ေမာ့ပင္းကို ဆက္မဆြဲထားနိုင္ဘူးဆိုရင္ သူက ထြက္သြားေတာ့မွာ။ ”

ဟြမ္ေမာ့က သိပ္ေတာ့မယုံ။ “ သူထြက္ခ်င္တယ္ဆိုရင္လည္း ထြက္ခိုင္းလိုက္ေပါ့။  IUD မရွိေတာ့ဘူးဆိုရင္ေတာင္ ကုမၸဏီက မင္းတို႔အတြက္ တစ္ကိုယ္ေတာ္(solo) စာခ်ဳပ္ခ်ဳပ္ေပးမွာပါ။ ထပ္စဥ္းစားၾကပါဦး။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ကုမၸဏီက မင္းတို႔ကို ဆိုးဆိုး႐ြား႐ြား မဆက္ဆံခဲ့ၾကဘူးေလ။ ”

“ ေက်းဇူးတင္ပါတယ္ မန္ေနဂ်ာဟြမ္ ဒါေပမယ့္ စဥ္းစားစရာမလိုေတာ့ဘူး။ ကုမၸဏီဘက္ကလည္း တစ္ကိုယ္​ေတာ္အဆိုေတာ္ေတြ ရွားပါးေနတာမွမဟုတ္တာ။ ကြၽန္ေတာ္နဲ႕ ထုံက်န္းကို Solo အႏုပညာရွင္ေတြအျဖစ္ စာခ်ဳပ္ခ်ဳပ္လိုက္ရင္လည္း စာခ်ဳပ္ပါအက်ိဳးခံစားမႈ​ေတြက ေသခ်ာေပါက္ေလ်ာ့သြားေတာ့မွာ။ ဒါ့ေၾကာင့္  …  ေမ့လိုက္ပါေတာ့ဗ်ာ။ မန္ေနဂ်ာဟြမ္ ကုမၸဏီရဲ႕ထရိန္နင္ဆင္းခဲ့ရတဲ့ႏွစ္ေတြအတြက္ အစ္ကို႔ကို စိတ္ရင္းနဲ႕ ေက်းဇူးတင္ပါတယ္။ ေနာင္မ်ားမွာ ထုံက်န္းနဲ႕ ကြၽန္ေတာ္ ကူညီေပးနိုင္တာမ်ားရွိခဲ့ရင္ တတ္စြမ္းသမွ် ႀကိဳစားကူေပးပါ့မယ္ဗ်ာ။ ”

ခယ့္လန္စကားေတြက ဟြမ္ေမာ့ေစဒကမတက္နိုင္ေလာက္ေအာင္ကို ရိုးသားေနခဲ့၏။ သူ သက္ျပင္းခ်ကာ ႏွစ္သိမ့္တာပဲ လုပ္ေပးနိုင္ေတာ့သည္။    “ အရမ္းႀကီးလည္း အဆိုးမျမင္ပါနဲ႕ကြာ။ ငါလည္း တတ္နိုင္သမွ် ကူညီေပးဖို႔ ႀကိဳးစားေပးပါ့မယ္။ တကယ္ေတာ့ မင္းကလည္း ကုမၸဏီရဲ႕ အႀကီးတန္းစီနီယာတစ္ေယာက္ပဲဟာ။ အသက္ကလည္း အရမ္းမႀကီးေသးဘူး။ မင္းရဲ႕ အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းကို ျပန္စီစဥ္လို႔ရပါေသးတယ္။ ၿပီးေတာ့ မင္းတို႔အကုန္လုံးထြက္သြားမယ္ဆိုရင္ ဟူေပ်ာင္းက —”

“ အဆင္ေျပပါတယ္။ ကြၽန္ေတာ္လည္း အလုပ္ထြက္ေတာ့မွာ။ ”

“ ဟမ္ ?”
ဟြမ္ေမာ့က ဟူေပ်ာင္းကို မယုံသကၤာျဖင့္ စူးစိုက္ၾကည့္လာသည္။ ဟူေပ်ာင္းက သူ႕ကို တည့္တိုးပဲ ေျပာလိုက္သည္။ 

“ ဟြမ္ေကာ ကြၽန္ေတာ္က ေအးဂ်င့္တစ္ေယာက္ျဖစ္ဖို႔ မသင့္ေတာ္ဘူးဆိုတာ သိသြားၿပီ။ အခုဆို ကြၽန္ေတာ္လက္ေအာက္က IUD လည္းပ်က္သြားၿပီဆိုေတာ့ ကုမၸဏီမွာ ဆက္ေနရေလာက္ေအာင္ မ်က္ႏွာမေျပာင္ဘူး။ ကုမၸဏီကိုစိတ္ပ်က္ေစခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္။   ”

“ မဟုတ္တာ ဘာလို႔ မင္းကိုယ္မင္းပါ ဒုကၡအေရာက္ခံမွာလဲ။ ”

ဟြမ္ေမာ့က ဟူေပ်ာင္းကို စည္း႐ုံသိမ္းသြင္းဖို႔ႀကိဳးစားေသာ္လည္း ဟူေပ်ာင္းကေတာ့ စကားေတာင္ဆက္မေျပာခ်င္ေတာ့ဘဲ ထြက္သြား​ေလ​ေတာ့သည္။ ခယ့္လန္ႏွင့္ ထုံက်န္းလည္း ႏႈတ္ဆက္စကားဆိုကာ သူ႕ေနာက္သို႔ လိုက္သြား၏။

ေနာက္ဆုံး၌ အစည္းအေဝးခန္းထဲတြင္ ဟြမ္ေမာ့ႏွင့္ က်ယ္ယန္တို႔သာ က်န္ရစ္ခဲ့သည္။ ႏွစ္ေယာက္သား တစ္ဦးႏွင့္တစ္ဦးစိုက္ၾကည့္ရင္း အဆုံးမွာေတာ့ က်ယ္ယန္ဘက္က စကားစလိုက္၏။   “  စာခ်ဳပ္ဖ်က္မယ့္ကိစၥကို အခုခ်က္ခ်င္းပဲ ေျပာလိုက္ၾကမလား။ ”

ဟြမ္ေမာ့:  “……”

ျပႆဒါးပဲ။ ဒီေန႕ သူအျပင္ထြက္မလာခင္ တ႐ုတ္ရိုးရာျပကၡဒိန္ကို ၾကည့္ခဲ့သင့္တာ။

***

က်ယ္ယန္က ကုမၸဏီထဲမွထြက္လာေသာ ေနာက္ဆုံးတစ္ေယာက္ပင္။ သူကားထဲဝင္လိုက္တာႏွင့္တစ္ၿပိဳက္နက္ ဟူေပ်ာင္းက သူ႕ဘက္ကို တန္းလွည့္လာ၏။   “ စကားေျပာတာ ဘယ္လိုလဲ။ ”

" ဟြမ္ေမာ့က ဘာတစ္ခြန္းမွမေျပာဘဲ ထြက္သြားေပမယ့္ ခန့္မွန္းရသေလာက္ေတာ့ ဝမ္ယီက ကြၽန္ေတာ့္ကိုဆြဲထားဖို႔ ႀကိဳးစားမွာ မဟုတ္ဘူး။ အခု ကြၽန္ေတာ္က လူသိမ်ားလာၿပီးေတာ့  IUD က ပ်က္သြားၿပီ။ ကြၽန္ေတာ့္ကို နာမည္ျပန္အဖက္ဆည္ဖို႔ ေငြေတြသုံးမယ့္အစား စာခ်ဳပ္ဖ်က္ခ ေလ်ာ္ေၾကးရတာကမွ ပိုေကာင္းဦးမယ္။ စာခ်ဳပ္ေဖာက္ဖ်က္မႈနစ္နာေၾကးေငြကို တျခား ထက္ျမက္ၿပီး နာမည္ပ်က္မရွိတဲ့ လူသစ္တစ္ေယာက္အတြက္ ျပန္သုံးလိုက္လို႔ရတယ္ေလ။   ”

ဒါ အမွန္တရားပဲ။

ဟူေပ်ာင္း ထိုင္ခုံေပၚမွီကာ သက္ျပင္းခ်လိဳက္၏။    “ မင္းရဲ႕ Weibo…  အဲ့ဒါက ေကာင္းေကာင္းလုပ္လိုက္တာပဲ။ အသင့္ေတာ္ဆုံးအခ်ိန္မွာ ပို႔စ္တင္လိုက္ၿပီး IUD ရဲ႕ ကေတာက္ကဆကို ပိုအရွိန္ျပင္းေစတဲ့ အထိေရာက္ဆုံးနည္းလို႔ ေျပာလို႔ရတယ္။ အဲ့ဒီပို႔စ္က ဝမ္ယီရဲ႕စိတ္ကို လႈပ္ရွားသြားေစလို႔ ေမာ့ပင္းက သူနဲ႕ကုမၸဏီၾကားက ခင္မင္မႈကို အရင္ဆုံးစျဖတ္ေတာက္ေစလိုက္တဲ့လူ ျဖစ္သြားေစတယ္။ ဒါက ငါထြက္ဖို႔စီစဥ္ထားတဲ့နည္းလမ္းထက္ ပိုေကာင္းတယ္။ အဲ့ဒီအခ်ိန္တုန္းက ငါ မင္းကို စိတ္မတိုခဲ့သင့္ဘူး။ ”

က်ယ္ယန္ ေခါင္းခါလိုက္သည္။ “ ရပါတယ္။ အစ္ကိုက ကြၽန္ေတာ္ေကာင္းဖို႔လုပ္​ေပးခဲ့တာမွန္း သိပါတယ္။ ”

“ မင္းကမွ လူတိုင္းေကာင္းဖို႔ လုပ္ခဲ့မွန္း သိသာတာပါကြာ။ အခုဆို လူတိုင္းက သူတို႔လိုခ်င္တာကို ရသြားၿပီ။ ဒါေပမယ့္ မင္းကပဲ ကြန္ရက္တစ္ခုလုံး မေကာင္းေျပာတာကို ခံေနရတာ။ ေနာက္ပိုင္းဆို မင္းကြယ္ရာမွာ အၾကာႀကီးၾကာတဲ့အထိ မေကာင္းေျပာခံရေတာ့မွာ။  ”

“ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္အနာက်င္ခံၿပီး လူရာေထာင္ခ်ီကို အက်ိဳးျပဳနိုင္ပါတယ္ဗ်ာ။  ” က်ယ္ယန္ ရယ္လိုက္၏။  “ ဒါ့အျပင္ တက္လမ္းပိတ္ထားတဲ့လမ္းေၾကာင္းမ်ိဳးကိုလည္း မယူပါဘူး။ သီခ်င္းဆိုနိုင္ေနသေ႐ြ႕ အားေပးမယ့္ပရိသတ္မရွိလည္း ေအးေဆးပဲ။  ”

ဟူေပ်ာင္း သူ႕ကိုမၿပဳံးလာခင္ တခဏမွ် ေၾကာင္အသြား၏။  “ ငါ အစက မင္းကို ဘာလို႔ေ႐ြးခဲ့မိပါလိမ့္။ ငါ ေတာ္ေတာ္ မ်က္လုံးေကာင္းတာပဲ။ ”

က်ယ္ယန္လည္း ၿပဳံးလိုက္မိ၏။  “ ဒါေပါ့ အစ္ကိုမွာ အျမင္ရွိတယ္။ ”

ကားေမာင္းေနတဲ့ ဝူေ႐ႊ႕ , “……”

သူေဌးကေတာ့ သူ႕ကိုယ္သူ ထပ္ၿပီး အမႊန္းတင္ေနျပန္ၿပီ။

***

ေနာက္ေတာ့ သူလိုခ်င္ေသာ တေယာက ဘာတံဆိပ္၊ ဘာေမာ္ဒယ္လ္လဲလို႔ ေမးသည့္ ဟယ္ကြၽင္းဖုန္းဝင္လာခဲ့၏။

သူ အံ့အားသင့္သြားၿပီးမၾကာလိုက္ ရယ္ခ်င္သြားသည္။ တံဆိပ္ႏွင့္ ေမာ္ဒယ္လ္ကိုေျပာၿပီးေတာ့ ဟယ္ကြၽင္းကို စပ္စပ္စုစု စကားႏွိုက္လိုက္သည္။ “ ဒီရက္ပိုင္း ခ်ိဳးရွင္းဘယ္လိုေန​ေသးလဲ။ ”

ဟယ္ကြၽင္း သူ႕ေဘးက ခ်ိဳးရွင္းကို ဖ်တ္ခနဲၾကည့္ရင္း speaker mode ဖြင့္ကာ ဖုန္းဆက္ေျပာလိုက္သည္။   “ သူေဌးရဲ႕ အလုပ္အခ်ိန္ဇယားေတြက အရမ္းမ်ားေနတာဗ်ာ။ အရင္ရက္ပိုင္းကဆို သူေဌးမွာ ေကာင္းေကာင္းမနားရေသးဘူး။ ”

ခ်ိဳးရွင္း ဟယ္ကြၽင္းကို ေအးတိ​ေအးစက္ၾကည့္လာ၏။

က်ယ္ယန္ သိခ်င္သြားသည္။  “ ခင္ဗ်ားတို႔အလုပ္ရႈပ္ေနတာကို ကြၽန္ေတာ္က ပစၥည္းဝယ္ခိုင္းလိုက္မိတာ မေကာင္းဘူးလားလို႔။ ကြၽန္ေတာ္ တျခားတစ္ေယာက္ ရွာဝယ္ခိုင္းလိုက္  —”

“ မဟုတ္တာ ! မရႈပ္ပါဘူး အလုပ္က အရမ္း​ႀကီးမရႈပ္ပါဘူးဗ်ာ။ ”  ဟယ္ကြၽင္းခမ်ာ ခ်ိဳးရွင္း၏ လူသတ္ခ်င္ေသာ အၾကည့္ႀကီးကိုရလိုက္တာေၾကာင့္ သူ႕စကားကို ျပင္လိုက္ရသည္။  “ သူေဌးက အလုပ္မ်ားေနေပမယ့္ ကြၽန္ေတာ့က မမ်ားဘူးဗ်။ ကြၽန္ေတာ္ ဝယ္ေပးလို႔ရပါတယ္။ ”

“ ဟုတ္ပါၿပီ ဒါဆိုလည္း ခင္ဗ်ားကိုပဲ ဒုကၡေပးရတာေပါ့။ ေက်းဇူးဗ်ာ။ ”

ဟယ္ကြၽင္း စိတ္သက္သာရာရစြာ သက္မခ်ရင္း ျပန္ေျဖလိုက္၏။    “ ရပါတယ္။ ”

“ ဒါဆိုလည္း ကြၽန္ေတာ္ အခ်ိန္ျဖဳန္းမေနေတာ့ဘူးေနာ္။ ဖုန္းခ်လိဳက္ေတာ့ —”

“ ခဏေနပါဦး !”

ဟယ္ကြၽင္း က်ယ္ယန္ကို အသည္းအသန္ ေအာ္တားလိုက္ရင္း ဂ႐ုတစိုက္ျဖင့္ စကားစီလိုက္၏။   “ မၾကာေသးခင္ကေလ ကြၽန္ေတာ္ သတင္းၾကည့္ရင္းနဲ႕ အင္တာနက္ေပၚမွာ သူေဌးေလးအေၾကာင္း မေကာင္းတဲ့မန့္တစ္ခ်ိဳ႕ကို ေတြ႕ခဲ့တယ္။ သူေဌးကေတာ့ လုံးလုံးမသိဘူးေပါ့ဗ်ာ။ သူေဌးေလး အက်ပ္ရိုက္သလိုျဖစ္ေနရင္ေလ ကြၽန္ေတာ္ သူေဌးကိုေျပာျပဖို႔ ကူညီနိုင္တယ္လို႔ ေတြးမိလို႔ပါ။ ”

က်ယ္ယန္ အသံထြက္ၿပီး ေအာ္ရယ္မိေတာ့မတတ္ပင္။   “ မလိုပါဘူးဗ်ာ။ ခင္ဗ်ားတို႔သူေဌးက ႀကိဳးစားပမ္းစားအလုပ္လုပ္ေနတာကို။ ဒီလို အေသးအမႊားေလးေၾကာင့္နဲ႕ေတာ့ သူ႕ကို မေႏွာင့္ယွက္ခ်င္ပါဘူး။ သူ႕ကိုသာ မ်ားမ်ားအိပ္ခိုင္းလိုက္။ ကြၽန္ေတာ့္ဘာသာ ေျဖရွင္းနိုင္ပါတယ္။ ဒါနဲ႕ ခင္ဗ်ားရဲ႕ WeChat အေကာင့္က ဘာလဲ။ ကြၽန္ေတာ္ add လို႔ရလား။ ”

ခ်ိဳးရွင္းသည္ ဟယ္ကြၽင္းဖုန္းကို မ်က္လုံးရဲမ်ားျဖင့္ စိုက္ၾကည့္ေန၏။

ဟယ္ကြၽင္းမွာ ဖုန္းကိုင္ထားေသာသူ႕လက္က နည္းနည္းေအးလာသလို ခံစားရၿပီး ခက္ခက္ခဲခဲျဖင့္ ျပန္ေျဖလိုက္ရသည္။   “ ကြၽန္ေတာ့္ WeChat ကို ဘာလို႔ add ခ်င္တာလဲဆိုတာ ေမးလို႔ရမလား။ တကယ္ေတာ့ေလ တယ္လီဖုန္းနဲ႕ဆက္သြယ္တာက အရမ္းအဆင္ေျပပါတယ္။ ”

“ ဖုန္းနဲ႕ဆက္သြယ္တာကလည္း အဆင္ေျပပါတယ္။ ” က်ယ္ယန္က ေကာင္းေကာင္းမြန္မြန္ ျပန္ေျပာလာသည္။      “  ဒါဆို ကြၽန္ေတာ္ ခ်ိဳးရွင္းကိုဆက္သြယ္ခ်င္တဲ့အခါ ခင္ဗ်ားကို မက္ေဆ့ပို႔လိုက္မယ္။ ခင္ဗ်ားက ကြၽန္ေတာ့္စာကိုျမင္လို႔ ခ်ိဳးရွင္းမအိပ္ေနဘူးဆိုရင္ စာျပန္ေပးေလ။ အရင္တစ္ခါကလို သူအိပ္ေပ်ာ္ေနတုန္း မေႏွာင့္ယွက္ခ်င္လို႔ေလ။ ကြၽန္ေတာ္ လုပ္စရာေလးရွိလို႔ ဖုန္းခ်လိဳက္ၿပီေနာ္။  ”

“ ဟုတ္ကဲ့ ႏႈတ္ဆက္ပါတယ္ဗ် ”
ဟယ္ကြၽင္း ဖုန္းခ်ၿပီး သူ႕ေဘးက ခ်ိဳးရွင္းကို မဝံ့မရဲ လွည့္ၾကည့္လိုက္၏။   “ ေဘာ့စ္ အဆင္ေျပတယ္မလား။ ”

“ အင္း ”

ဟယ္ကြၽင္း သူ႕လက္မ်ားကို တင္းတင္းဆုပ္လိုက္မိသည္။  

“ အဲ့ဒီတေယာကို ျမန္နိုင္သမွ် အျမန္ဆုံးဝယ္ထားလိုက္။ ” ခ်ိဳးရွင္း သူ႕ေျခေထာက္ေတြကို ျမႇောက္တာခ်ိတ္ထိုင္လိုက္ရင္း သူ႕အသံက ​​ေအးစက္​ၿပီး ဆြဲေဆာင္မႈအတိ။   “ ဘယ္လိုလိမၼာပါးနပ္ရမလဲဆိုတာ သူသိသားပဲ။  ”

ဟယ္ကြၽင္း: “……”
သူေဌးရာ ခင္ဗ်ား ပိုၿပီးေတာ့ ေပၚတင္ေပ်ာ္ေပးလို႔ မရဘူးလားဗ်ာ။ ဘဝႀကီးက ခက္ခဲၿပီးရင္းကို ပိုခက္ခဲေနေတာ့တာပဲဗ်ိဳ႕။

***

ရက္ပိုင္းေလာက္ၾကာေတာ့  IUD အဖြဲ႕ဝင္ေတြထဲက ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ မသိမေပးဘဲ IUD ၏ ငါးႏွစ္ျပည့္အထိမ္းအမွတ္ ေဖ်ာ္ေျဖပြဲကို ဖ်က္သိမ္းေၾကာင္းကို တရားဝင္ Weibo ေပၚကေန ေၾကညာခဲ့၏။ ေဖ်ာ္ေျဖပြဲကို ဖ်က္သိမ္းရျခင္းဟာ ေမာ့ပင္းက စင္ျမင္ေပၚပါဝင္ရမွာကို ျငင္းဆန္ခဲ့ၿပီး ကုမၸဏီ၏ စီစဥ္ၫႊန္ၾကားခ်က္မ်ားကို ဆန့္က်င္ခဲ့၍ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

ေၾကညာခ်က္ထြက္လာၿပီးတစ္ခဏ ပရိသတ္မ်ား ေဒါသထြက္သြားၾကသည္။ ေမာ့ပင္းဘက္ကလည္း ေၾကညာခ်က္ ေနာက္လိုက္က ေမာ့ပင္းက မၾကာေသးမီက မေတာ္တဆမႈတစ္ခုႏွင့္ ႀကဳံေတြ႕ခဲ့ရကာ ဖိအားမ်ားလြန္းၿပီး သီခ်င္းမဆိုနိုင္တာ​ျဖစ္ေၾကာင္း ရွင္းျပခဲ့သည္။ ထို႔အေၾကာင္းေၾကာင့္ပဲ  IUD ၏ ငါးႏွစ္ျပည့္ေဖ်ာ္ေျဖပြဲတြင္ မပါဝင္ဖို႔ ဆုံးျဖတ္ခဲ့ကာ ကုမၸဏီ၏ ဆုံးျဖတ္ခ်က္အတြက္လည္း အလြန္စိတ္မေကာင္းျဖစ္ၿပီး စိတ္ပ်က္မိပါေၾကာင္း ေရးသားခဲ့သည္။ ႏွစ္ဖြဲ႕လုံး၏ ေဝဖန္ခ်က္မ်ားကာ တစ္ဖက္ႏွင့္တစ္ဖက္ ဦးတည္ေနသည္မွာ အရွင္းသားပင္။ ပရိသတ္မ်ားကလည္း အံ့ၾသသြားၾကၿပီး ႐ုတ္တရက္ဆန္စြာ Weibo က အသက္ဝင္လာသည္။

ထိုကိစၥကို အခြင့္​ေကာင္းရယူကာ က်ယ္ယန္သည္ ဟူေပ်ာင္းႏွင့္အတူ ဝမ္ယီသို႔သြားခဲ့သည္။ စာခ်ဳပ္ဖ်က္သိမ္းေရး လုပ္ရိုးလုပ္စဥ္မ်ားကို ေဆာင္႐ြက္ဖို႔ ဝမ္ယီတြင္ တစ္ရက္အခ်ိန္ျဖဳန္းခဲ့ရသည္။ သက္ေသအျဖစ္ ေရွ႕ေနတစ္ေယာက္ေခၚကာ စာခ်ဳပ္ေပၚကအတိုင္း ဒဏ္ေၾကးေပးေဆာင္ခဲ့သည္။

ကုမၸဏီကထြက္လာေတာ့ ႏွစ္ႀကိမ္သာေရာက္ဖူးသည့္ ကုမၸဏီကို က်ယ္ယန္ျပန္ၾကည့္ရင္း ဟူေပ်ာင္းကို ေမးလိုက္၏။      “ အစ္ကို ဘယ္ေတာ့အလုပ္ထြက္မွာလဲ။ ”

ဟူေပ်ာင္းလည္း သူ႕အၾကည့္လားရာအတိုင္း ဝမ္ယီ႐ုံးခ်ဳပ္ကိုၾကည့္ရင္း လြမ္းေမာစိတ္ကို ထိန္းခ်ဳပ္လိုက္ရသည္။      “ ႏႈတ္ထြက္စာကို အျမန္ဆုံးတင္ေတာ့မွာပါ။ ရွိုးအတြက္ ျပင္ဆင္စရာအဆင့္ေတြ အမ်ားႀကီးရွိေသးတယ္။ က်င္းပမယ့္ေနရာနဲ႕ ခြင့္ျပဳခ်က္ရဖို႔ကလည္း ၾကာဦးမွာ။ ေဝ့ေနဖို႔ အခ်ိန္မရွိဘူး။ ”

က်ယ္ယန္ ေခါင္းညိတ္ကာ သက္ေတာင့္သက္သာ ေျပာလိုက္၏။     “ ကုမၸဏီကို အေကာင္းဆုံး တည္ေထာင္ၾကမယ္။ အတူတူ ႀကိဳးစားၾကတာေပါ့။ ”

Weibo ေပၚ၌ ေမာ့ပင္းႏွင့္ ဝမ္ယီၾကားက တိုက္ပြဲက ပိုမိုျပင္းထန္လာသည္။ အတင္းအဖ်င္းေပါင္းစုံကလည္း ဆက္တိုက္ကို ေပၚထြက္လာသည္။

ဝမ္ယီ၏ ပင္မစာတြင္  ‘ ေမာ့ပင္းက  IUDမွထြက္ၿပီး ကုမၸဏီအသစ္ရွာကာ ကုမၸဏီ (ဝမ္ယီ) ၏ စီစဥ္ၫႊန္ၾကားခ်က္မ်ားကို ဆန့္က်င္ခဲ့သည္  ’ ဟု ေဖာ္ျပထားသည္။

ေမာ့ပင္းဘက္ကမူ   ‘  ဝမ္ယီက IUD ၏ လက္က်န္တန္ဖိုးမ်ားကို ဖ်စ္ညွစ္ဝါးမ်ိဳကာ အဖြဲ႕ဝင္မ်ား၏ ဆႏၵကို ဂ႐ုမစိုက္ဘဲ  IUD ၏ ကိစၥေရးရာမ်ားကို အတင္းအက်ပ္ ဝင္ေရာက္စြက္ဖက္ခဲ့သည္ ’ ဟု ေဖာ္ျပလာသည္။

ႏွစ္ဖက္လုံးက တစ္ဦးကိုတစ္ဦး ေပၚေပၚထင္ထင္ တိုက္ခိုက္ေနတာမဟုတ္ေပမယ့္လည္း လူတိုင္း၏မ်က္လုံးထဲတြင္ေတာ့ ေမာ့ပင္းႏွင့္ ဝမ္ယီ ကေတာက္ကဆေနတာကို ျမင္နိုင္သည္။

ပရိသတ္ေတြလည္း စိတ္လႈပ္ရွားၿပီး စိုးရိမ္လာၾကသည္။ ေမာ့ပင္း၏ဆိုလိုရင္းကိုနားေထာင္​ၿပီးေတာ့ သူတို႔ နားလည္သြားၾကၿပီ။

ဝမ္ယီသည္ IUD ၏ကိစၥမ်ားတြင္ ဝင္ေရာက္စြက္ဖက္ေနတာေၾကာင့္ ေမာ့ပင္းက ခုခံေနပုံေပၚသည္။ က်ယ္ယန္ အေနာက္ေပါက္ကေန IUD ကိုဝင္လာသည့္ Weibo ေပၚက ယခင္အျဖစ္အပ်က္မ်ားကို စဥ္းစားမိေတာ့ ဝမ္ယီ၏ IUD အေပၚ ဝင္ေရာက္စြက္ဖက္ေနမႈမ်ားက လယ္ျပင္မွာ ဆင္သြားလို ရွင္းရွင္းႀကီး ေပၚလာေတာ့၏။

အခုလို ႏွစ္ဖက္လုံးက ကြဲၿပဲသြားေတာ့ က်ယ္ယန္တစ္ေယာက္ IUD မွာ ၾကာၾကာ ဆက္မေနနိုင္ေတာ့ !

ကုမၸဏီကို ေစာ္ကားခဲ့ၿပီးေနာက္ ေမာ့ပင္း၏ ခုခံပုန္ကန္မႈက အဖြဲ႕အေပၚ အနိုင္က်င့္ျခင္းႏွင့္ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈမ်ားသို႔ ဦးတည္ေနၿပီးျဖစ္တာေၾကာင့္ ပရိသတ္မ်ား စိတ္ပူလာရသည္။ IUD က ဘာဆက္ျဖစ္မွာလဲ။

စိုးရိမ္ပူပန္မႈမ်ားၿပီးေတာ့ ပရိသတ္မ်ားက က်ယ္ယန္ကို ထပ္မံအမုန္းပြားလာၾကသည္။ ထို႔ေနာက္ IUD ယခုလို အက်ပ္အတည္းေတြျဖစ္ေနရတာက က်ယ္ယန္ေၾကာင့္ဟု ေကာက္ခ်က္ခ်လိဳက္ၾကေတာ့သည္။

က်ယ္ယန္ကေတာ့ ဖရဲသီးစားရင္း  ( ေဘးကေနပြဲၾကည့္ရင္း ) အဓိကအခ်က္အလက္မ်ားကို ေဝဝါးေစကာ ပရိသတ္မ်ား၏ ဦးေႏွာက္ကို ထိန္းခ်ဳပ္နိုင္သည့္ ေမာ့ပင္း၏စြမ္းရည္ကို သေဘာက်ေနေတာ့သည္။ ေမာ့ပင္း၏ ကိုယ္ေရးကိုယ္တာ အေျပာအဆို အျပဳအမူမ်ားက IUD ၏ သေဘာထားကို ကိုယ္စားျပဳေနသည္ဟု ထင္ေနၾကေသာ ပရိသတ္မ်ားကို ‘ ညွာတာ ’ ေပးဖို႔ရန္ သူ ဆုံးျဖတ္လိုက္၏။

━━━━━━━━━━━━━━━━━━━━━━━



Continue Reading

You'll Also Like

180K 24.4K 118
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
322K 17.8K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
466K 39.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
2.5M 156K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...