Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

18

2.2K 447 59
By callme__kitty

[Unicode]

'အရူးတစ်ယောက်လိုပဲ။'

ညစာ စားပြီးနောက် သူတို့ လူစုခွဲလိုက်ကြသည်။ ဝမ်ကျင်းကလွဲ၍ အကုန် အရက်သောက်ထားတာမို့ ဝမ်ကျင်းက လျန်ရှီကို အိမ်ပြန်ပို့ရမယ့် တာဝန်ကျသွားခဲ့ပြီး ဝမ်ချောင်ကတော့ ကားမောင်းသူကိုသာ လှမ်းခေါ်လိုက်သည်။

"လျန်-ကော၊ မနက်ဖြန်ည ၈ နာရီ ကျွန်တော်တို့ကုမ္ပဏီက ရှောင်ရှဲ့အကြောင်း တရားဝင်ချပြတော့မှာ။" ဝမ်ချောင် လျန်ရှီကို ပြောလိုက်သည်။ "Forward လုပ်ပြီး ရှောင်ရှဲ့ကို ချီးကျူးပေးဖို့ မမေ့နဲ့နော်။"

လျန်ရှီ စိတ်မရှည်တော့သလိုပြောလာသည်။ "မင်း ငါ့ကို ပြောနေတာ ဒီတစ်ညတည်းနဲ့ ခုနှစ်ကြိမ်၊ ရှစ်ကြိမ်လောက် ရှိနေပြီ။ ထပ်ပြောနေရင် ငါ ဘာမှ မလုပ်ပေးတော့ဘူး။"

ထို့နောက် သူနှင့် ဝမ်ကျင်း ထွက်ခွါသွားတော့သည်။

ဝမ်ချောင် ရှဲ့ကျူရှင်းပခုံးပေါ် မှီထားရင်း မသေချာသလိုပြန်တွေးနေမိသည်။ "ငါ တကယ်ကြီး ခုနှစ်ကြိမ်၊ ရှစ်ကြိမ်လောက် ပြောလိုက်တာလား။"

ရှဲ့ကျူရှင်း : "... လေးကြိမ်"

"ငါ အဲ့လောက် အများကြီး ပြောမိတယ်လို့ မထင်ပါဘူး။ မနက်ဖြန်ညရောက်လို့မှ မင်းအကြောင်း သူ မတင်ပေးရင် ငါ သူ့ကို ထပ်ပြီး ဖုန်းခေါ်ဦးမယ်။"

ရှဲ့ကျူရှင်း သတိပေးလိုက်သည်။ "မလုပ်နဲ့။ ငါတို့က ကုမ္ပဏီချင်းတူတာလည်း မဟုတ်ဘူး။ အဲ့လိုကူကြော်ညာပေးလို့ အဆင်မပြေတာလည်း ဖြစ်နိုင်တယ်။ သူ ကူပေးရင် ကူပေးတယ်ပေါ့။ မကူပေးရင်လည်း မင်း သွားပြီး မနှောင့်ယှက်နေနဲ့။"

ဝမ်ချောင် သူ့နောက်ကျောကို ပုတ်ရင်းပြောလာသည်။ "သူ့ weibo ကို follow ထားတဲ့လူက 20M ရှိတယ်။ သူ ဘာရယ်မဟုတ်ဆိုပြီး share လိုက်တာက ကုမ္ပဏီရဲ့ ကြော်ညာအားထက် ပိုကောင်းတယ်ကွ။ မင်းရူးနေလား။"

ရှဲ့ကျူရှင်း : "..." 'မင်းကသာ အရူး၊ ဘယ်သူ့ကို အရူးလို့ လာခေါ်နေတာလဲ။'

သူလည်း လျန်ရှီရဲ့ကူညီပေးမှုနှင့် ကျော်ကြားသွားရမည်ဆိုတာက အခွင့်အရေးကောင်းဖြစ်မည်မှန်း သိထားပြီးသားပင်။

အခုနက ညစာ စားချိန်တစ်လျှောက်လုံး သူတို့ စတွေ့ပြီး အချင်းချင်းမိတ်ဆက်ချိန်ကလွဲရင် လျန်ရှီရဲ့အာရုံက သူ့အပေါ် မရှိနေ။ ဝမ်ချောင်က သူ့နာမည် အပြည့်အစုံနှင့် မိတ်ဆက်ပေးတာတောင်မှ လျန်ရှီ မှတ်မိနေခြင်း မရှိဘဲ ပြန်ခါနီး နှုတ်ဆက်ရာတွင်တောင် 'ရှဲ့ .." ဟူ၍ တစ်သွားခဲ့သည်။ ထို့နောက်တွင်မှ ဝမ်ကျင်း သူ့ကိုခေါ်သကဲ့သို့ ခေါ်ဆိုရင်းသာ လောကွတ်စကားပြောလာခဲ့သည်။ "ရှောင်ရှဲ့၊ နောက်ပိုင်း အချိန်ရရင် ငါတို့ ထပ်ဆုံကြတာပေါ့။"

လျန်ရှီမျက်လုံးထဲတွင် သူက ဝမ်ချောင်နှင့်အတူ လိုက်လာပြီး ဝမ်ချောင်နှင့် တရင်းတနှီးရှိတဲ့လူတစ်ယောက်သာ — သူ့နာမည်ကို သတိရပေးနေရတာကိုက အလုပ်ရှုပ်စေမည့်ကိစ္စတစ်ခုလို။ လူကြီးတွေကတော့ ဝမ်ချောင်ရဲ့ 'သူက အရမ်းကောင်းတာ' ဟူသည့် ကလေးဆန်ဆန် ချီးကျူးမှုမျိုးကို စိတ်ထဲထည့်နားထောင်မှာ မဟုတ်။ လျန်ရှီနှင့် ဝမ်ကျင်းကလည်း ဝမ်ချောင်ပြောရဲ့ 'အရမ်းကောင်းတယ်' ဆိုတဲ့ စကားလေးနှင့် သူ့ကို ကောင်းတယ်ဟု ထင်မှာ မဟုတ်ချေ။

20M Follower ရှိနေသည့် လျန်ရှီအတွက် ဘာသိဘာသာ တင်လိုက်တဲ့ post တစ်ခုကတောင် ခေါင်းစဉ်ကြီးဖြစ်သွားနိုင်သည်။ သူ့ရဲ့စီးပွါးတွက်ချေကိုက်မှုက အနည်းဆုံး ဂဏန်း ခြောက်လုံးမျှရှိနေသည်သာ။ ဒီလိုလူက သူ့အတွက် post share ပေးမည်တဲ့လား၊ ဝမ်ချောင့်အတွက်နှင့်လေ?

ဝမ်ချောင်နှင့်လျန်ရှီက ငယ်ငယ်ကတည်းက ခင်မင်ခဲ့ကြလို့ အချင်းချင်း ဒီလိုအကူအညီတောင်းတာက ပုံမှန်ဖြစ်နေခဲ့ရင်တောင် သူကရော ဝမ်ချောင်ကို ဘယ်လိုမျိုး ပြန်ပေးဆပ်နိုင်မှာလဲ။

အရေးအကြီးဆုံးက ဝမ်ချောင် သူ့ကို ဘာလို့ ကူညီပေးချင်တာလဲ သူ အသေအချာသိနေခြင်းဖြစ်သည်။ သူက အကျိုးအမြတ်မျှော်ကိုး၍ ကူညီပေးတာမျိုး မဟုတ် — ဒီကောင်လေးတွင် ထိုသို့အတွေးမျိုး မရှိနေ — ဝမ်ချောင်က သူ့အပေါ် ကောင်းပေးချင်ရုံသာ။

အရူးတစ်ယောက်လိုပင်။

ကားမောင်းဆရာ ရောက်လာချိန် သူတို့နှစ်ယောက် ကားနောက်ခုံတွင်ထိုင်ရင်း အိမ်အတူပြန်လိုက်ကြသည်။

ရှဲ့ကျူရှင်းက ဝိုင်အနည်းငယ်မျှသာ သောက်ခဲ့တာမို့ အကျိုးသက်ရောက်မှု မရှိလှ။ ဝမ်ချောင်က အများကြီးတော့ သောက်ထားပေမယ့် အရက်မမူးလဲ ပင်ပန်းနေရုံသာ။ ထို့ကြောင့် ကားမောင်းထွက်သွားတာနှင့် သူ ရှဲ့ကျူရှင်းကိုယ်ပေါ်မှီလျက် လမ်းတစ်လျှောက် တစ်ရေးအိပ်ခဲ့တော့သည်။

အိမ်ပြန်ရောက်လို့ တံခါးဖွင့်ဝင်လာပြီးသည့်နောက် ဝမ်ချောင် သူ့ဖိနပ်ကို ချွတ်ကာ အိမ်နေရင်းဖိနပ်ကိုတောင် မဝတ်တော့ဘဲ ခြေဗလာနှင့် လျှောက်ဝင်သွားပြီး ရာသီဥတု ပူလှကြောင်း ညီးတွားနေပြီး သူ့တီရှပ်ကို ဆွဲချွတ်၍ ဆိုဖာပေါ် ပျော့ခွေလှဲနေရင်းပြောလာသည်။

"ရှောင်ရှဲ့၊ ငါ့ကို ဘီယာတစ်ဘူးလောက်။"

ရှဲ့ကျူရှင်း ရေခဲသေတ္တာရှိရာသို့ သွားပြီး ဘီယာအအေးတစ်ဘူး ဆွဲထုတ်ကာ ဖောက်၍လှမ်းပေးလိုက်သည်။

ဝမ်ချောင် ဆိုဖာပေါ် ပျော့ခွေခွေ ထိုင်လျက် ဘီယာကို ပါးစပ်အပြည့် ငုံသောက်ကာ အကြိမ်ရေအနည်းငယ်မျှ လေချဉ်တက်ပြီးနောက် ရယ်သွားသည်။ "အိမ်မှာသာ ငါ အဲ့လိုလေချဉ်တက်ရဲရင် ငါ့အာ့ကော ငါ့ကို ထပ်ပြီး ဆွဲဆိတ်ဦးမှာ။"

သူ့ကိုယ်အပေါ်ပိုင်းက ဘာမှဝတ်မထားတာမို့ ရှရှင်းချန်အကြည့်များ သူ့ခါးထက်သို့ ရောက်လာချိန် ဖြူဖွေးနေသည့်အသားထက် ဆွဲဆိတ်ခံထားရသည့်အနီရာများက အတော်လေး မျက်စိဖမ်းစားဖွယ်ဖြစ်နေ၏။

"မင်းအစ်ကို ကြည့်ရတာ ပျူပျူငှါငှါနဲ့ သူ ဒီလောက်ထိ ရက်စက်မယ်လို့တောင် ငါ မထင်ထားဘူး။"

"သူက တာ့ကောနဲ့ လုံးဝမတူဘူး။ တာ့ကောက စိတ်တိုလာတာနဲ့ ငါ့ကို တန်းရိုက်တာဆိုပေမယ့် သူက အဲ့လိုမဟုတ်ဘူး။ သူ ငါ့အပေါ် ကောင်းပေးချင်တဲ့အခါကျ အရမ်းကောင်းပေးတယ်။ လွန်ခဲ့တဲ့နှစ်တုန်းက ငါ ကျောက်ကပ်မှာ ကျောက်တည်လို့ ဆေးရုံရောက်သွားတယ်လေ။ အစပိုင်းတုန်းက သူ ငါ့ကို စားစရာတွေပါ ယူလာပေးပြီး သူ့အသိဆရာဝန်တွေကိုလည်း ငါ့ကိုဂရုစိုက်ပေးဖို့ လိုက်ပြောပေးသေးတယ်။ နောက် သူတို့နဲ့ စကားလည်းပြောပြီးရော ငါ့ကို ထရိုက်တော့တာပဲ။ လူတွေ အများကြီးရှေ့မှာလေ၊ ငါ့ကို မျက်နှာသာတောင် မပေးဘူး။"

ရှဲ့ကျူရှင်း သိချင်သွားရသည်။ "သူ မင်းကို ဘာလို့ ရုတ်တရက်ကြီးထရိုက်တာလဲ။"

ဝမ်ချောင် သူ့ဘီယာဘူးခွံကို ဖိချရင်းပြောလိုက်သည်။ "ဘာလို့ဆို ကျောက်ကပ်မှာ ကျောက်တည်တာ ခန္ဓာကိုယ်လှုပ်ရှားမှုများလို့တဲ့။ သူ့လုပ်ဖော်ကိုင်ဖက်က ငါ့ခါးအောက်ပိုင်းက လှုပ်ရှားရတာများလို့ ပင်ပန်းသွားပြီး ကျောက်ကပ်မှာ ကျောက်တည်တယ်လို့ ပြောလိုက်တာလေ။"

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင်ကတော့ ရှက်ရွံ့ခြင်း မရှိ၊ ကြွားဝါလို့တောင် ဆက်ပြောသည်။ "အဲ့တုန်းက ငါ ဘွဲ့ရပြီးကာစဆိုတော့ တော်တော်လေး ပျင်းနေတာ။ ငါ့သူငယ်ချင်းက ငါ့ကို အမွှာညီအစ်မနဲ့ မိတ်ဆက်ပေးလာတယ်လေ။ သူက သူတို့နဲ့ စမ်းဖူးတယ်၊ အတော်လေးကောင်းတယ်ဆိုလို့ ငါလည်း သူတို့ကို စပိန်ဘက် ခရီးထွက်ဖို့ခေါ်သွားရင်း အပျော်လွန်သွားတာ။ သူတို့နှစ်ယောက်ရဲ့ရုပ်ရည်က အချောကြီးထဲ မပါပေမယ့်ကွာ ရင်ဘတ်တွေက တကယ် အကြီးကြီးတွေ။ အငယ်လေးဆို သူ့အော်သံက —"

ရှဲ့ကျူရှင်း ထပ်နားမထောင်နိုင်တော့။ သူ မတ်တပ်ထရပ်ရင်း ပြောလိုက်သည်။ "ငါ ရေသွားချိုးတော့မယ်။ မနက်ကျလည်း ငါတို့ ကုမ္ပဏီကို စောစောသွားရမှာ။"

ဝမ်ချောင်က သူ့အနောက်မှ လှမ်းပြောလာသည်။ "မင်း ဘာလို့အရှက်သည်းနေတာလဲ။ ငါတို့က အရွယ်ရောက်ပြီးသားကောင်လေးတွေပဲမလား။ အိပ်ရာပေါ်ကိစ္စပြောကြရုံပဲမလား။

ဝမ်ချောင် တစ်ယောက်တည်း ချန်ထားခံလိုက်ရသည်။ သူ ဘီယာသောက်နေရင်း အမွှာညီအစ်မများအကြောင်း ပြန်တွေးကြည့်လျက် စိတ်ထဲ ဂယက်ထလာတော့သည်။

ရှဲ့ကျူရှင်း ရေချိုးပြီး ပြန်ထွက်လာသည့်နောက် အိပ်ခန်းတံခါးဖွင့်ကာ အထဲဝင်သွားချိန် ဝမ်ချောင်ကလည်း အနောက်မှ လိုက်ဝင်လာ၏။

ရှဲ့ကျူရှင်း အိပ်ရာပေါ်ထိုင်နေစဉ် ဝမ်ချောင်ကလည်း ဘေးတွင် ထိုင်ချလာပြီး သူ့အနားတိုးကပ်ချင်ပုံပေါ်နေတာမို့ တစ်ဖက်သို့ တိမ်းရှောင်သွားလိုက်သည်။

ဝမ်ချောင် မကျေမနပ်ပြောလာ၏။ "မင်း ဘာလုပ်တာလဲ။ မင်းမျက်နှာက ဘာလို့ စာရွက်တစ်ရွက်လို ပါးနေရတာလဲ။"

ရှဲ့ကျူရှင်း သူ့ကို ဂရုမထားနေတော့ဘဲ ဆံပင်သာ ခြောက်အောင် သုတ်နေလိုက်သည်။

ဝမ်ချောင်ပြောလာသည်။ "ရှောင်ရှဲ့၊ ငါတို့ အဲ့တာ စမ်းလုပ်ကြည့်မလား။"

"အဲ့တာ?"

ဝမ်ချောင် ရုတ်တရက်ဆန်ဆန်ပြောလာ၏။ "ယောက်ျားလေးဆောင်က ကောင်လေးတွေ အချင်းချင်းကူညီပေးကြတယ်ဆို? ငါတို့လည်း လုပ်ကြည့်ရအောင်။"

ရှဲ့ကျူရှင်း : "... မင်းကို ဘယ်ကောင်က ပေါက်ကရတွေ ပြောလိုက်တာလဲ။"

ဝမ်ချောင်က အတော်လေး အံ့ဩသွားပုံပေါ်နေသည်။ "မကူညီပေးကြဘူးလား။"

"..."

ရှဲ့ကျူရှင်း အတော်လေး နေရခက်သွားသည်။ သူတို့နှစ်ယောက်က ဒီတစ်ညလုံး တစ်ကုတင်တည်းမှာ အတူတူလည်း အိပ်ရလိမ့်ဦးမည်။

"မင်း အခြားသူတွေနဲ့ စမ်းလုပ်ဖူးတာလား။"

ဝမ်ချောင် : "ဟင့်အင်း"

သူ့မျက်နှာက ဗလာနတ္တိနှင့် လိမ်ညာနေပုံမပေါ်လှ။

ရှဲ့ကျူရှင်း သံသယများနှင့်မေးလိုက်သည်။ "ဒါဖြင့် ယောက်ျားလေးဆောင်က ကောင်လေးတွေ အချင်းချင်းကူညီပေးတယ်ဆိုတာ ဘာသဘောလဲ။"

"ငါ တစ်ခါမှ အဆောင်မနေဖူးဘူးလေ။ ဒါပေမယ့် ငါကြားဖူးတာ အဆောင်က ကောင်လေးတွေဆို တစ်ယောက်ကိုတစ်ယောက် ကူပေးကြတယ်တဲ့။"

ရှဲ့ကျူရှင်း ဘာပြောရမယ်တောင် မသိတော့။ "ဆိုတော့ မင်းကို ဒီလိုပေါက်ကရတွေ ဘယ်သူက ပြောသွားတာလဲ။"

"ငါ့အတန်းဖော်တစ်ယောက်ပြောပြတာလေ။ အဆောင်မှာ ဒီလိုကိစ္စတွေက ပုံမှန်ပဲတဲ့။ သူက ငါ့ကိုတောင် အတူလုပ်ပေးဖို့ ဆွဲခေါ်သေးတယ်။"

ရှဲ့ကျူရှင်း : "... အဲ့တော့?"

"ငါ အဲ့နေ့က စိတ်မပါလို့ မစမ်းခဲ့ဘူး။"

ရှဲ့ကျူရှင်း သူ့မျက်နှာနှင့် အဝတ်မကပ်နေသည့် ခန္ဓာကိုယ်အပေါ်ပိုင်းကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာက ကြည့်ကောင်းပြီး နူးနူးညံ့ညံ့နှင့် အသားကလည်း ဖြူဖွေးစွတ်နေသည်။ သူက တစ်ခါတစ်လေဆို ကလေးလိုညီးတွားရတာလည်း သဘောကျပြီး သူ ကြိုက်နှစ်သက်သည့်လူအနားဆို အမြဲလိုလို ကပ်တွယ်နေတတ်သည်။

ဝမ်ချောင်လည်း သူကိုယ်သူ ငုံ့ကြည့်လိုက်သည်။ "မင်း ဘာကြည့်နေတာလဲ။"

"မင်းအတန်းဖော်က ဂေးလား။"

ဝမ်ချောင် : "... ဟမ်?"

ရှဲ့ကျူရှင်း သူ့ရဲ့တုံးအမှုကို အော်ငေါက်တော့သည်။ "မင်း အရူးလား။ ဂေးတွေကလွဲပြီး ဘယ်ကောင်က အခြားယောက်ျားလေးရဲ့ပစ္စည်းကို လိုက်ကိုင်ချင်နေမှာလဲ။"

ဝမ်ချောင် ကြောင်အသွားရသည်။ "... မဖြစ်နိုင်တာ။ သူ့မှာ သူ့ထက်အများကြီး အသက်ကြီးတဲ့ကောင်မလေးတစ်ယောက်ရှိတာကို။ ငါတောင် သူ့ကို မြင်ဖူးသေးတယ်။ အတော်လေး ဆွဲဆောင်မှုရှိတယ်ကွ။"

"မင်း သူနဲ့ အဆက်အသွယ်ရှိသေးလား။"

ဝမ်ချောင် အတိတ်ကအဖြစ်အပျက်များကို အမှတ်ရလာပြီး ဒေါသတကြီးပြောတော့သည်။ "ငါ သူနဲ့ အဆက်အသွယ် မလုပ်ချင်တော့ဘူး! သူ့ရည်းစားဟောင်းက မင်းရည်းစားဟောင်းလိုပဲ၊ သူများပိုက်ဆံ ဖြုန်းတဲ့နေရာမှာ အရမ်း အရမ်းတော်တာ! သူ မပေးနိုင်တော့ ငါ့ဆီကနေ ပိုက်ဆံ လာလိမ်သွားတယ်လေ။ ဒီနေ့ကျ သူ့အဖေ ကားတိုက်လို့၊ နောက်နေ့ကျ သူ့အမေ ထပ်ဖျားလို့။ ငါက သူနဲ့ အရမ်းခင်တယ်လို့ တွေးထားပြီး ငါလည်း အဲ့လောက် အသုံးမလိုနေတော့ ပေးလိုက်တာပေါ့။ နောက်မှ အဲ့တာအကုန်ညာထားမှန်း ငါသိလိုက်ရတယ်။ အဲ့ဒါနဲ့ ငါလည်း သူ့ကို အားရပါးရထိုးနှက်ပြီး မခေါ်မပြောတော့ဘူး။"

ရှဲ့ကျူရှင်း : "..."

"အဲ့လူအကြောင်းတွေးရုံနဲ့ ငါ ဒေါသထွက်လာပြီ။ အဲ့တုန်းက ငါ့မှာ သူ့ကို စိတ်နစ်ပြီးပေါင်းလိုက်ရတာ၊ အခု ငါ မင်းနဲ့ ပေါင်းသလိုပဲ။ ဒါပေမယ့် သူကတော့ ငါ့ကို ပိုက်ဆံထွက်တဲ့သစ်ပင်လိုပဲ သဘောထားသွားတယ်။ အဲ့တာကြောင့်လည်း ငါ ကောင်းစီယွမ်ကို မကြိုက်တာ။ စကားသံကြားရုံနဲ့ သူက လူကောင်း မဟုတ်မှန်း ငါသိနေတယ်။"

ထို့နောက် သူ ရှဲ့ကျူရှင်းကို လှမ်းဖက်ပြီး ဆက်ပြောသည်။ "ငါ မင်းနဲ့စောစောတွေ့ခဲ့သင့်တယ်။ မင်းက သူတို့နဲ့ မတူဘူး။"

ရှောင်ရှဲ့က အခြားလူတိုင်းနှင့် မတူမှန်း သူ တကယ် ခံစားနေမိသည်။ သူ့မိသားစုကလွဲလျှင် ရှောင်ရှဲ့ကသာ သူ့အပေါ် အကောင်းပေးဆုံးဖြစ်ပြီး သူ့ပိုက်ဆံလည်း မလိုချင်သလို သူ့မိသားစုနောက်ခံအကြောင်းကိုလည်း စိတ်မဝင်စား။

ရှဲ့ကျူရှင်း ဘာပြောရမှန်း မသိတော့။ ထို့နောက်မှ သူ အခုနက ဘာလုပ်နေမှန်း သတိရသွားပြီး သူ့ပခုံးပေါ်ရှိလက်ကို ကြည့်လျက်မေးလိုက်သည်။ "လက်ဆေးပြီးပြီလား။"

"ဆေးပြီးပြီ။ မယုံရင် မင်းရှူကြည့်။"

ဝမ်ချောင် သူ့လက်ကို ရှဲ့ကျူရှင်းနှာခေါင်းအောက် ထားလိုက်သည်။ ရှဲ့ကျူရှင်း အလျင်အမြန်ပင် သူ့လက်ကို ဆွဲယူကာ အဝေးပစ်ထုတ်၍ ပြောလေသည်။ "ဝေးဝေးသွား၊ ဘယ်သူက အဲ့အနံ့ရှူချင်နေလဲ။"

ဝမ်ချောင် သူ့ဘာသာ အနံ့ရှူကြည့်လိုက်သည်။ "ငါ တကယ် လက်ဆေးပြီးပြီ။ ဘာအနံ့မှ မရှိတော့ဘူး။"

ရှဲ့ကျူရှင်း သူ့ကို ကြည့်လေလေ ပိုလို့ ပိုလို့ အရူးနှင့်တူလာလေ ဖြစ်နေသည်။

"ယောက်ျားလေးအဆောင်မှာ ကောင်လေးတွေက အချင်းချင်း မကူပေးကြဘူး။ နောက်ကျ အခြားကောင်လေးတွေနား ပူးပူးကပ်ကပ် သွားမနေနဲ့။ ရွံစရာကောင်းတယ်လို့ မင်း မထင်ဘူးလား။ ငါကတော့ မင်း မိန်းကလေးတွေကိုပဲ ကြိုက်မှန်း သိပေမယ့် အခြားလူတွေက မသိဘူးလေ။ သူတို့က မင်းကို ကွေးနေတယ်လို့ ထင်ပြီး အထူးသဖြင့် မင်းရဲ့အတန်းဖော်လိုလူမျိုးသာဆို မင်းကို အခွင့်ကောင်းယူသွားလိမ့်မယ်။ မင်းကတော့ အဲ့တာကို သူတို့က မင်းအပေါ်ကောင်းပေးနေတာပဲလို့ ထင်နေချိန်မှာပေါ့!"

ဝမ်ချောင့်စိတ်ထဲ ရှဲ့ကျူရှင်းက သူ့ကို အထင်သေးသလို ပြောဆိုနေတယ်ဟု ခံစားလိုက်ရပြီး မကျေမနပ်ပြန်ပြောတော့သည်။ "မင်းက ငါ့ကို လာပြောနေတယ်? မင်း နေ့တိုင်း ငါ့ကို နိုးပေးတယ်၊ မနက်စာ ဝယ်ပေးတယ်။ အင်္ကျီတွေလည်း လျှော်ပေးတယ်။ ငါသာ မင်း မိန်းကလေးတွေကြိုက်မှန်း မသိထားရင် အခြားသူတွေလည်း မသိထားရင် ငါလည်း မင်းကို ငါနဲ့အတူအိပ်ချင်နေတဲ့ ဂေးလို့ပဲထင်မှာ!"

ရှဲ့ကျူရှင်း : "..."

သူ တကယ် ကွေးနေရင်တောင် ဒီလိုအရူးကောင်နှင့် မတွဲချင်ပေ။

KittyKitling

T/N : ပြောဖို့ကို ပြောမယ် ပြောမယ်နဲ့ မေ့နေတာ၊ အကစ် C text နဲ့ သွားစစ်ကြည့်တော့ ဝမ်ချောင်က သူ့အစ်ကို အကြီးဆုံးကို တာ့ကော [大哥] လို့ ခေါ်ပြီး ဒုတိယအစ်ကိုကျ အာ့ကော [二哥] လို့ ခေါ်တာပါ။

E tran မှာကျ သူတို့နာမည်အရင်းတိုင်း ပြန်ရေးထားပေမယ့် တာ့ကော၊ အာ့ကော ကို ပိုသဘောကျမိလို့ ><

_____///_____

[Zawgyi]

'အ႐ူးတစ္ေယာက္လိုပဲ။'

ညစာ စားၿပီးေနာက္ သူတို႔ လူစုခြဲလိုက္ၾကသည္။ ဝမ္က်င္းကလြဲ၍ အကုန္ အရက္ေသာက္ထားတာမို႔ ဝမ္က်င္းက လ်န္ရွီကို အိမ္ျပန္ပို႔ရမယ့္ တာဝန္က်သြားခဲ့ၿပီး ဝမ္ေခ်ာင္ကေတာ့ ကားေမာင္းသူကိုသာ လွမ္းေခၚလိုက္သည္။

"လ်န္-ေကာ၊ မနက္ျဖန္ည ၈ နာရီ ကၽြန္ေတာ္တို႔ကုမၸဏီက ေရွာင္ရွဲ႕အေၾကာင္း တရားဝင္ခ်ျပေတာ့မွာ။" ဝမ္ေခ်ာင္ လ်န္ရွီကို ေျပာလိုက္သည္။ "Forward လုပ္ၿပီး ေရွာင္ရွဲ႕ကို ခ်ီးက်ဴးေပးဖို႔ မေမ့နဲ႔ေနာ္။"

လ်န္ရွီ စိတ္မရွည္ေတာ့သလိုေျပာလာသည္။ "မင္း ငါ့ကို ေျပာေနတာ ဒီတစ္ညတည္းနဲ႔ ခုႏွစ္ႀကိမ္၊ ရွစ္ႀကိမ္ေလာက္ ရွိေနၿပီ။ ထပ္ေျပာေနရင္ ငါ ဘာမွ မလုပ္ေပးေတာ့ဘူး။"

ထို႔ေနာက္ သူႏွင့္ ဝမ္က်င္း ထြက္ခြါသြားေတာ့သည္။

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းပခုံးေပၚ မွီထားရင္း မေသခ်ာသလိုျပန္ေတြးေနမိသည္။ "ငါ တကယ္ႀကီး ခုႏွစ္ႀကိမ္၊ ရွစ္ႀကိမ္ေလာက္ ေျပာလိုက္တာလား။"

ရွဲ႕က်ဴရွင္း : "... ေလးႀကိမ္"

"ငါ အဲ့ေလာက္ အမ်ားႀကီး ေျပာမိတယ္လို႔ မထင္ပါဘူး။ မနက္ျဖန္ညေရာက္လို႔မွ မင္းအေၾကာင္း သူ မတင္ေပးရင္ ငါ သူ႔ကို ထပ္ၿပီး ဖုန္းေခၚဦးမယ္။"

ရွဲ႕က်ဴရွင္း သတိေပးလိုက္သည္။ "မလုပ္နဲ႔။ ငါတို႔က ကုမၸဏီခ်င္းတူတာလည္း မဟုတ္ဘူး။ အဲ့လိုကူေၾကာ္ညာေပးလို႔ အဆင္မေျပတာလည္း ျဖစ္နိုင္တယ္။ သူ ကူေပးရင္ ကူေပးတယ္ေပါ့။ မကူေပးရင္လည္း မင္း သြားၿပီး မေႏွာင့္ယွက္ေနနဲ႔။"

ဝမ္ေခ်ာင္ သူ႔ေနာက္ေက်ာကို ပုတ္ရင္းေျပာလာသည္။ "သူ႔ weibo ကို follow ထားတဲ့လူက 20M ရွိတယ္။ သူ ဘာရယ္မဟုတ္ဆိုၿပီး share လိုက္တာက ကုမၸဏီရဲ့ ေၾကာ္ညာအားထက္ ပိုေကာင္းတယ္ကြ။ မင္း႐ူးေနလား။"

ရွဲ႕က်ဴရွင္း : "..." 'မင္းကသာ အ႐ူး၊ ဘယ္သူ႔ကို အ႐ူးလို႔ လာေခၚေနတာလဲ။'

သူလည္း လ်န္ရွီရဲ့ကူညီေပးမွုႏွင့္ ေက်ာ္ၾကားသြားရမည္ဆိုတာက အခြင့္အေရးေကာင္းျဖစ္မည္မွန္း သိထားၿပီးသားပင္။

အခုနက ညစာ စားခ်ိန္တစ္ေလၽွာက္လုံး သူတို႔ စေတြ႕ၿပီး အခ်င္းခ်င္းမိတ္ဆက္ခ်ိန္ကလြဲရင္ လ်န္ရွီရဲ့အာ႐ုံက သူ႔အေပၚ မရွိေန။ ဝမ္ေခ်ာင္က သူ႔နာမည္ အျပည့္အစုံႏွင့္ မိတ္ဆက္ေပးတာေတာင္မွ လ်န္ရွီ မွတ္မိေနျခင္း မရွိဘဲ ျပန္ခါနီး ႏွုတ္ဆက္ရာတြင္ေတာင္ 'ရွဲ႕ .." ဟူ၍ တစ္သြားခဲ့သည္။ ထို႔ေနာက္တြင္မွ ဝမ္က်င္း သူ႔ကိုေခၚသကဲ့သို႔ ေခၚဆိုရင္းသာ ေလာကြတ္စကားေျပာလာခဲ့သည္။ "ေရွာင္ရွဲ႕၊ ေနာက္ပိုင္း အခ်ိန္ရရင္ ငါတို႔ ထပ္ဆုံၾကတာေပါ့။"

လ်န္ရွီမ်က္လုံးထဲတြင္ သူက ဝမ္ေခ်ာင္ႏွင့္အတူ လိုက္လာၿပီး ဝမ္ေခ်ာင္ႏွင့္ တရင္းတႏွီးရွိတဲ့လူတစ္ေယာက္သာ — သူ႔နာမည္ကို သတိရေပးေနရတာကိုက အလုပ္ရွုပ္ေစမည့္ကိစၥတစ္ခုလို။ လူႀကီးေတြကေတာ့ ဝမ္ေခ်ာင္ရဲ့ 'သူက အရမ္းေကာင္းတာ' ဟူသည့္ ကေလးဆန္ဆန္ ခ်ီးက်ဴးမွုမ်ိဳးကို စိတ္ထဲထည့္နားေထာင္မွာ မဟုတ္။ လ်န္ရွီႏွင့္ ဝမ္က်င္းကလည္း ဝမ္ေခ်ာင္ေျပာရဲ့ 'အရမ္းေကာင္းတယ္' ဆိုတဲ့ စကားေလးႏွင့္ သူ႔ကို ေကာင္းတယ္ဟု ထင္မွာ မဟုတ္ေခ်။

20M Follower ရွိေနသည့္ လ်န္ရွီအတြက္ ဘာသိဘာသာ တင္လိုက္တဲ့ post တစ္ခုကေတာင္ ေခါင္းစဥ္ႀကီးျဖစ္သြားနိုင္သည္။ သူ႔ရဲ့စီးပြါးတြက္ေခ်ကိုက္မွုက အနည္းဆုံး ဂဏန္း ေျခာက္လုံးမၽွရွိေနသည္သာ။ ဒီလိုလူက သူ႔အတြက္ post share ေပးမည္တဲ့လား၊ ဝမ္ေခ်ာင့္အတြက္ႏွင့္ေလ?

ဝမ္ေခ်ာင္ႏွင့္လ်န္ရွီက ငယ္ငယ္ကတည္းက ခင္မင္ခဲ့ၾကလို႔ အခ်င္းခ်င္း ဒီလိုအကူအညီေတာင္းတာက ပုံမွန္ျဖစ္ေနခဲ့ရင္ေတာင္ သူကေရာ ဝမ္ေခ်ာင္ကို ဘယ္လိုမ်ိဳး ျပန္ေပးဆပ္နိုင္မွာလဲ။

အေရးအႀကီးဆုံးက ဝမ္ေခ်ာင္ သူ႔ကို ဘာလို႔ ကူညီေပးခ်င္တာလဲ သူ အေသအခ်ာသိေနျခင္းျဖစ္သည္။ သူက အက်ိဳးအျမတ္ေမၽွာ္ကိုး၍ ကူညီေပးတာမ်ိဳး မဟုတ္ — ဒီေကာင္ေလးတြင္ ထိုသို႔အေတြးမ်ိဳး မရွိေန — ဝမ္ေခ်ာင္က သူ႔အေပၚ ေကာင္းေပးခ်င္႐ုံသာ။

အ႐ူးတစ္ေယာက္လိုပင္။

ကားေမာင္းဆရာ ေရာက္လာခ်ိန္ သူတို႔ႏွစ္ေယာက္ ကားေနာက္ခုံတြင္ထိုင္ရင္း အိမ္အတူျပန္လိုက္ၾကသည္။

ရွဲ႕က်ဴရွင္းက ဝိုင္အနည္းငယ္မၽွသာ ေသာက္ခဲ့တာမို႔ အက်ိဳးသက္ေရာက္မွု မရွိလွ။ ဝမ္ေခ်ာင္က အမ်ားႀကီးေတာ့ ေသာက္ထားေပမယ့္ အရက္မမူးလဲ ပင္ပန္းေန႐ုံသာ။ ထို႔ေၾကာင့္ ကားေမာင္းထြက္သြားတာႏွင့္ သူ ရွဲ႕က်ဴရွင္းကိုယ္ေပၚမွီလ်က္ လမ္းတစ္ေလၽွာက္ တစ္ေရးအိပ္ခဲ့ေတာ့သည္။

အိမ္ျပန္ေရာက္လို႔ တံခါးဖြင့္ဝင္လာၿပီးသည့္ေနာက္ ဝမ္ေခ်ာင္ သူ႔ဖိနပ္ကို ခၽြတ္ကာ အိမ္ေနရင္းဖိနပ္ကိုေတာင္ မဝတ္ေတာ့ဘဲ ေျခဗလာႏွင့္ ေလၽွာက္ဝင္သြားၿပီး ရာသီဥတု ပူလွေၾကာင္း ညီးတြားေနၿပီး သူ႔တီရွပ္ကို ဆြဲခၽြတ္၍ ဆိုဖာေပၚ ေပ်ာ့ေခြလွဲေနရင္းေျပာလာသည္။

"ေရွာင္ရွဲ႕၊ ငါ့ကို ဘီယာတစ္ဘူးေလာက္။"

ရွဲ႕က်ဴရွင္း ေရခဲေသတၱာရွိရာသို႔ သြားၿပီး ဘီယာအေအးတစ္ဘူး ဆြဲထုတ္ကာ ေဖာက္၍လွမ္းေပးလိုက္သည္။

ဝမ္ေခ်ာင္ ဆိုဖာေပၚ ေပ်ာ့ေခြေခြ ထိုင္လ်က္ ဘီယာကို ပါးစပ္အျပည့္ ငုံေသာက္ကာ အႀကိမ္ေရအနည္းငယ္မၽွ ေလခ်ဥ္တက္ၿပီးေနာက္ ရယ္သြားသည္။ "အိမ္မွာသာ ငါ အဲ့လိုေလခ်ဥ္တက္ရဲရင္ ငါ့အာ့ေကာ ငါ့ကို ထပ္ၿပီး ဆြဲဆိတ္ဦးမွာ။"

သူ႔ကိုယ္အေပၚပိုင္းက ဘာမွဝတ္မထားတာမို႔ ရွရွင္းခ်န္အၾကည့္မ်ား သူ႔ခါးထက္သို႔ ေရာက္လာခ်ိန္ ျဖဴေဖြးေနသည့္အသားထက္ ဆြဲဆိတ္ခံထားရသည့္အနီရာမ်ားက အေတာ္ေလး မ်က္စိဖမ္းစားဖြယ္ျဖစ္ေန၏။

"မင္းအစ္ကို ၾကည့္ရတာ ပ်ဴပ်ဴငွါငွါနဲ႔ သူ ဒီေလာက္ထိ ရက္စက္မယ္လို႔ေတာင္ ငါ မထင္ထားဘူး။"

"သူက တာ့ေကာနဲ႔ လုံးဝမတူဘူး။ တာ့ေကာက စိတ္တိုလာတာနဲ႔ ငါ့ကို တန္းရိုက္တာဆိုေပမယ့္ သူက အဲ့လိုမဟုတ္ဘူး။ သူ ငါ့အေပၚ ေကာင္းေပးခ်င္တဲ့အခါက် အရမ္းေကာင္းေပးတယ္။ လြန္ခဲ့တဲ့ႏွစ္တုန္းက ငါ ေက်ာက္ကပ္မွာ ေက်ာက္တည္လို႔ ေဆး႐ုံေရာက္သြားတယ္ေလ။ အစပိုင္းတုန္းက သူ ငါ့ကို စားစရာေတြပါ ယူလာေပးၿပီး သူ႔အသိဆရာဝန္ေတြကိုလည္း ငါ့ကိုဂ႐ုစိုက္ေပးဖို႔ လိုက္ေျပာေပးေသးတယ္။ ေနာက္ သူတို႔နဲ႔ စကားလည္းေျပာၿပီးေရာ ငါ့ကို ထရိုက္ေတာ့တာပဲ။ လူေတြ အမ်ားႀကီးေရွ႕မွာေလ၊ ငါ့ကို မ်က္ႏွာသာေတာင္ မေပးဘူး။"

ရွဲ႕က်ဴရွင္း သိခ်င္သြားရသည္။ "သူ မင္းကို ဘာလို႔ ႐ုတ္တရက္ႀကီးထရိုက္တာလဲ။"

ဝမ္ေခ်ာင္ သူ႔ဘီယာဘူးခြံကို ဖိခ်ရင္းေျပာလိုက္သည္။ "ဘာလို႔ဆို ေက်ာက္ကပ္မွာ ေက်ာက္တည္တာ ခႏၶာကိုယ္လွုပ္ရွားမွုမ်ားလို႔တဲ့။ သူ႔လုပ္ေဖာ္ကိုင္ဖက္က ငါ့ခါးေအာက္ပိုင္းက လွုပ္ရွားရတာမ်ားလို႔ ပင္ပန္းသြားၿပီး ေက်ာက္ကပ္မွာ ေက်ာက္တည္တယ္လို႔ ေျပာလိုက္တာေလ။"

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္ကေတာ့ ရွက္ရြံ႕ျခင္း မရွိ၊ ႂကြားဝါလို႔ေတာင္ ဆက္ေျပာသည္။ "အဲ့တုန္းက ငါ ဘြဲ႕ရၿပီးကာစဆိုေတာ့ ေတာ္ေတာ္ေလး ပ်င္းေနတာ။ ငါ့သူငယ္ခ်င္းက ငါ့ကို အမႊာညီအစ္မနဲ႔ မိတ္ဆက္ေပးလာတယ္ေလ။ သူက သူတို႔နဲ႔ စမ္းဖူးတယ္၊ အေတာ္ေလးေကာင္းတယ္ဆိုလို႔ ငါလည္း သူတို႔ကို စပိန္ဘက္ ခရီးထြက္ဖို႔ေခၚသြားရင္း အေပ်ာ္လြန္သြားတာ။ သူတို႔ႏွစ္ေယာက္ရဲ့႐ုပ္ရည္က အေခ်ာႀကီးထဲ မပါေပမယ့္ကြာ ရင္ဘတ္ေတြက တကယ္ အႀကီးႀကီးေတြ။ အငယ္ေလးဆို သူ႔ေအာ္သံက —"

ရွဲ႕က်ဴရွင္း ထပ္နားမေထာင္နိုင္ေတာ့။ သူ မတ္တပ္ထရပ္ရင္း ေျပာလိုက္သည္။ "ငါ ေရသြားခ်ိဳးေတာ့မယ္။ မနက္က်လည္း ငါတို႔ ကုမၸဏီကို ေစာေစာသြားရမွာ။"

ဝမ္ေခ်ာင္က သူ႔အေနာက္မွ လွမ္းေျပာလာသည္။ "မင္း ဘာလို႔အရွက္သည္းေနတာလဲ။ ငါတို႔က အရြယ္ေရာက္ၿပီးသားေကာင္ေလးေတြပဲမလား။ အိပ္ရာေပၚကိစၥေျပာၾက႐ုံပဲမလား။

ဝမ္ေခ်ာင္ တစ္ေယာက္တည္း ခ်န္ထားခံလိုက္ရသည္။ သူ ဘီယာေသာက္ေနရင္း အမႊာညီအစ္မမ်ားအေၾကာင္း ျပန္ေတြးၾကည့္လ်က္ စိတ္ထဲ ဂယက္ထလာေတာ့သည္။

ရွဲ႕က်ဴရွင္း ေရခ်ိဳးၿပီး ျပန္ထြက္လာသည့္ေနာက္ အိပ္ခန္းတံခါးဖြင့္ကာ အထဲဝင္သြားခ်ိန္ ဝမ္ေခ်ာင္ကလည္း အေနာက္မွ လိုက္ဝင္လာ၏။

ရွဲ႕က်ဴရွင္း အိပ္ရာေပၚထိုင္ေနစဥ္ ဝမ္ေခ်ာင္ကလည္း ေဘးတြင္ ထိုင္ခ်လာၿပီး သူ႔အနားတိုးကပ္ခ်င္ပုံေပၚေနတာမို႔ တစ္ဖက္သို႔ တိမ္းေရွာင္သြားလိုက္သည္။

ဝမ္ေခ်ာင္ မေက်မနပ္ေျပာလာ၏။ "မင္း ဘာလုပ္တာလဲ။ မင္းမ်က္ႏွာက ဘာလို႔ စာရြက္တစ္ရြက္လို ပါးေနရတာလဲ။"

ရွဲ႕က်ဴရွင္း သူ႔ကို ဂ႐ုမထားေနေတာ့ဘဲ ဆံပင္သာ ေျခာက္ေအာင္ သုတ္ေနလိုက္သည္။

ဝမ္ေခ်ာင္ေျပာလာသည္။ "ေရွာင္ရွဲ႕၊ ငါတို႔ အဲ့တာ စမ္းလုပ္ၾကည့္မလား။"

"အဲ့တာ?"

ဝမ္ေခ်ာင္ ႐ုတ္တရက္ဆန္ဆန္ေျပာလာ၏။ "ေယာက္်ားေလးေဆာင္က ေကာင္ေလးေတြ အခ်င္းခ်င္းကူညီေပးၾကတယ္ဆို? ငါတို႔လည္း လုပ္ၾကည့္ရေအာင္။"

ရွဲ႕က်ဴရွင္း : "... မင္းကို ဘယ္ေကာင္က ေပါက္ကရေတြ ေျပာလိုက္တာလဲ။"

ဝမ္ေခ်ာင္က အေတာ္ေလး အံ့ဩသြားပုံေပၚေနသည္။ "မကူညီေပးၾကဘူးလား။"

"..."

ရွဲ႕က်ဴရွင္း အေတာ္ေလး ေနရခက္သြားသည္။ သူတို႔ႏွစ္ေယာက္က ဒီတစ္ညလုံး တစ္ကုတင္တည္းမွာ အတူတူလည္း အိပ္ရလိမ့္ဦးမည္။

"မင္း အျခားသူေတြနဲ႔ စမ္းလုပ္ဖူးတာလား။"

ဝမ္ေခ်ာင္ : "ဟင့္အင္း"

သူ႔မ်က္ႏွာက ဗလာနတၱိႏွင့္ လိမ္ညာေနပုံမေပၚလွ။

ရွဲ႕က်ဴရွင္း သံသယမ်ားႏွင့္ေမးလိုက္သည္။ "ဒါျဖင့္ ေယာက္်ားေလးေဆာင္က ေကာင္ေလးေတြ အခ်င္းခ်င္းကူညီေပးတယ္ဆိုတာ ဘာသေဘာလဲ။"

"ငါ တစ္ခါမွ အေဆာင္မေနဖူးဘူးေလ။ ဒါေပမယ့္ ငါၾကားဖူးတာ အေဆာင္က ေကာင္ေလးေတြဆို တစ္ေယာက္ကိုတစ္ေယာက္ ကူေပးၾကတယ္တဲ့။"

ရွဲ႕က်ဴရွင္း ဘာေျပာရမယ္ေတာင္ မသိေတာ့။ "ဆိုေတာ့ မင္းကို ဒီလိုေပါက္ကရေတြ ဘယ္သူက ေျပာသြားတာလဲ။"

"ငါ့အတန္းေဖာ္တစ္ေယာက္ေျပာျပတာေလ။ အေဆာင္မွာ ဒီလိုကိစၥေတြက ပုံမွန္ပဲတဲ့။ သူက ငါ့ကိုေတာင္ အတူလုပ္ေပးဖို႔ ဆြဲေခၚေသးတယ္။"

ရွဲ႕က်ဴရွင္း : "... အဲ့ေတာ့?"

"ငါ အဲ့ေန႔က စိတ္မပါလို႔ မစမ္းခဲ့ဘူး။"

ရွဲ႕က်ဴရွင္း သူ႔မ်က္ႏွာႏွင့္ အဝတ္မကပ္ေနသည့္ ခႏၶာကိုယ္အေပၚပိုင္းကို တစ္ခ်က္ၾကည့္လိုက္သည္။ သူ႔မ်က္ႏွာက ၾကည့္ေကာင္းၿပီး ႏူးႏူးညံ့ညံ့ႏွင့္ အသားကလည္း ျဖဴေဖြးစြတ္ေနသည္။ သူက တစ္ခါတစ္ေလဆို ကေလးလိုညီးတြားရတာလည္း သေဘာက်ၿပီး သူ ႀကိဳက္ႏွစ္သက္သည့္လူအနားဆို အျမဲလိုလို ကပ္တြယ္ေနတတ္သည္။

ဝမ္ေခ်ာင္လည္း သူကိုယ္သူ ငုံ႔ၾကည့္လိုက္သည္။ "မင္း ဘာၾကည့္ေနတာလဲ။"

"မင္းအတန္းေဖာ္က ေဂးလား။"

ဝမ္ေခ်ာင္ : "... ဟမ္?"

ရွဲ႕က်ဴရွင္း သူ႔ရဲ့တုံးအမွုကို ေအာ္ေငါက္ေတာ့သည္။ "မင္း အ႐ူးလား။ ေဂးေတြကလြဲၿပီး ဘယ္ေကာင္က အျခားေယာက္်ားေလးရဲ့ပစၥည္းကို လိုက္ကိုင္ခ်င္ေနမွာလဲ။"

ဝမ္ေခ်ာင္ ေၾကာင္အသြားရသည္။ "... မျဖစ္နိုင္တာ။ သူ႔မွာ သူ႔ထက္အမ်ားႀကီး အသက္ႀကီးတဲ့ေကာင္မေလးတစ္ေယာက္ရွိတာကို။ ငါေတာင္ သူ႔ကို ျမင္ဖူးေသးတယ္။ အေတာ္ေလး ဆြဲေဆာင္မွုရွိတယ္ကြ။"

"မင္း သူနဲ႔ အဆက္အသြယ္ရွိေသးလား။"

ဝမ္ေခ်ာင္ အတိတ္ကအျဖစ္အပ်က္မ်ားကို အမွတ္ရလာၿပီး ေဒါသတႀကီးေျပာေတာ့သည္။ "ငါ သူနဲ႔ အဆက္အသြယ္ မလုပ္ခ်င္ေတာ့ဘူး! သူ႔ရည္းစားေဟာင္းက မင္းရည္းစားေဟာင္းလိုပဲ၊ သူမ်ားပိုက္ဆံ ျဖဳန္းတဲ့ေနရာမွာ အရမ္း အရမ္းေတာ္တာ! သူ မေပးနိုင္ေတာ့ ငါ့ဆီကေန ပိုက္ဆံ လာလိမ္သြားတယ္ေလ။ ဒီေန႔က် သူ႔အေဖ ကားတိုက္လို႔၊ ေနာက္ေန႔က် သူ႔အေမ ထပ္ဖ်ားလို႔။ ငါက သူနဲ႔ အရမ္းခင္တယ္လို႔ ေတြးထားၿပီး ငါလည္း အဲ့ေလာက္ အသုံးမလိုေနေတာ့ ေပးလိုက္တာေပါ့။ ေနာက္မွ အဲ့တာအကုန္ညာထားမွန္း ငါသိလိုက္ရတယ္။ အဲ့ဒါနဲ႔ ငါလည္း သူ႔ကို အားရပါးရထိုးႏွက္ၿပီး မေခၚမေျပာေတာ့ဘူး။"

ရွဲ႕က်ဴရွင္း : "..."

"အဲ့လူအေၾကာင္းေတြး႐ုံနဲ႔ ငါ ေဒါသထြက္လာၿပီ။ အဲ့တုန္းက ငါ့မွာ သူ႔ကို စိတ္နစ္ၿပီးေပါင္းလိုက္ရတာ၊ အခု ငါ မင္းနဲ႔ ေပါင္းသလိုပဲ။ ဒါေပမယ့္ သူကေတာ့ ငါ့ကို ပိုက္ဆံထြက္တဲ့သစ္ပင္လိုပဲ သေဘာထားသြားတယ္။ အဲ့တာေၾကာင့္လည္း ငါ ေကာင္းစီယြမ္ကို မႀကိဳက္တာ။ စကားသံၾကား႐ုံနဲ႔ သူက လူေကာင္း မဟုတ္မွန္း ငါသိေနတယ္။"

ထို႔ေနာက္ သူ ရွဲ႕က်ဴရွင္းကို လွမ္းဖက္ၿပီး ဆက္ေျပာသည္။ "ငါ မင္းနဲ႔ေစာေစာေတြ႕ခဲ့သင့္တယ္။ မင္းက သူတို႔နဲ႔ မတူဘူး။"

ေရွာင္ရွဲ႕က အျခားလူတိုင္းႏွင့္ မတူမွန္း သူ တကယ္ ခံစားေနမိသည္။ သူ႔မိသားစုကလြဲလၽွင္ ေရွာင္ရွဲ႕ကသာ သူ႔အေပၚ အေကာင္းေပးဆုံးျဖစ္ၿပီး သူ႔ပိုက္ဆံလည္း မလိုခ်င္သလို သူ႔မိသားစုေနာက္ခံအေၾကာင္းကိုလည္း စိတ္မဝင္စား။

ရွဲ႕က်ဴရွင္း ဘာေျပာရမွန္း မသိေတာ့။ ထို႔ေနာက္မွ သူ အခုနက ဘာလုပ္ေနမွန္း သတိရသြားၿပီး သူ႔ပခုံးေပၚရွိလက္ကို ၾကည့္လ်က္ေမးလိုက္သည္။ "လက္ေဆးၿပီးၿပီလား။"

"ေဆးၿပီးၿပီ။ မယုံရင္ မင္းရွူၾကည့္။"

ဝမ္ေခ်ာင္ သူ႔လက္ကို ရွဲ႕က်ဴရွင္းႏွာေခါင္းေအာက္ ထားလိုက္သည္။ ရွဲ႕က်ဴရွင္း အလ်င္အျမန္ပင္ သူ႔လက္ကို ဆြဲယူကာ အေဝးပစ္ထုတ္၍ ေျပာေလသည္။ "ေဝးေဝးသြား၊ ဘယ္သူက အဲ့အနံ႔ရွူခ်င္ေနလဲ။"

ဝမ္ေခ်ာင္ သူ႔ဘာသာ အနံ႔ရွူၾကည့္လိုက္သည္။ "ငါ တကယ္ လက္ေဆးၿပီးၿပီ။ ဘာအနံ႔မွ မရွိေတာ့ဘူး။"

ရွဲ႕က်ဴရွင္း သူ႔ကို ၾကည့္ေလေလ ပိုလို႔ ပိုလို႔ အ႐ူးႏွင့္တူလာေလ ျဖစ္ေနသည္။

"ေယာက္်ားေလးအေဆာင္မွာ ေကာင္ေလးေတြက အခ်င္းခ်င္း မကူေပးၾကဘူး။ ေနာက္က် အျခားေကာင္ေလးေတြနား ပူးပူးကပ္ကပ္ သြားမေနနဲ႔။ ရြံစရာေကာင္းတယ္လို႔ မင္း မထင္ဘူးလား။ ငါကေတာ့ မင္း မိန္းကေလးေတြကိုပဲ ႀကိဳက္မွန္း သိေပမယ့္ အျခားလူေတြက မသိဘူးေလ။ သူတို႔က မင္းကို ေကြးေနတယ္လို႔ ထင္ၿပီး အထူးသျဖင့္ မင္းရဲ့အတန္းေဖာ္လိုလူမ်ိဳးသာဆို မင္းကို အခြင့္ေကာင္းယူသြားလိမ့္မယ္။ မင္းကေတာ့ အဲ့တာကို သူတို႔က မင္းအေပၚေကာင္းေပးေနတာပဲလို႔ ထင္ေနခ်ိန္မွာေပါ့!"

ဝမ္ေခ်ာင့္စိတ္ထဲ ရွဲ႕က်ဴရွင္းက သူ႔ကို အထင္ေသးသလို ေျပာဆိုေနတယ္ဟု ခံစားလိုက္ရၿပီး မေက်မနပ္ျပန္ေျပာေတာ့သည္။ "မင္းက ငါ့ကို လာေျပာေနတယ္? မင္း ေန႔တိုင္း ငါ့ကို နိုးေပးတယ္၊ မနက္စာ ဝယ္ေပးတယ္။ အကၤ်ီေတြလည္း ေလၽွာ္ေပးတယ္။ ငါသာ မင္း မိန္းကေလးေတြႀကိဳက္မွန္း မသိထားရင္ အျခားသူေတြလည္း မသိထားရင္ ငါလည္း မင္းကို ငါနဲ႔အတူအိပ္ခ်င္ေနတဲ့ ေဂးလို႔ပဲထင္မွာ!"

ရွဲ႕က်ဴရွင္း : "..."

သူ တကယ္ ေကြးေနရင္ေတာင္ ဒီလိုအ႐ူးေကာင္ႏွင့္ မတြဲခ်င္ေပ။

KittyKitling

T/N : ေျပာဖို႔ကို ေျပာမယ္ ေျပာမယ္နဲ႔ ေမ့ေနတာ၊ အကစ္ C text နဲ႔ သြားစစ္ၾကည့္ေတာ့ ဝမ္ေခ်ာင္က သူ႔အစ္ကို အႀကီးဆုံးကို တာ့ေကာ [大哥] လို႔ ေခၚၿပီး ဒုတိယအစ္ကိုက် အာ့ေကာ [二哥] လို႔ ေခၚတာပါ။

E tran မွာက် သူတို႔နာမည္အရင္းတိုင္း ျပန္ေရးထားေပမယ့္ တာ့ေကာ၊ အာ့ေကာ ကို ပိုသေဘာက်မိလို႔ ><

Continue Reading

You'll Also Like

1.6M 290K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
662K 39.1K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
3.5M 281K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
99.5K 7.2K 100
(Second Album)តពីអាល់ប៊ុបមួយទៀតព្រោះតែអាទី1ពេញហើយ😅