Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

17

2K 447 100
By callme__kitty

[Unicode]

'ဒီလူကတော့လေ .. အင်းး'

ရှဲ့ကျူရှင်းတွင် သူနေထိုင်ရမည့်နေရာတစ်ခုအတွက် လိုအပ်တောင်းဆိုချက်များ သိပ်မရှိလှသူဖြစ်သည်။ သန့်ရှင်း၍ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ပါက ပရိဘောဂများ သစ်လွင်သလား၊ အိုဟောင်းသလားလဲ ဂရုမစိုက်သလို အပြင်အဆင်များ အဆင့်အတန်းမြင့်ခြင်း၊ မမြင့်ခြင်းအတွက်လည်း အရေးမစိုက်လှ။ ထို့ကြောင့် သူ အိမ်ပွဲစားနှင့်အတူ အခန်းလိုက်ကြည့်ရာတွင် တစ်ခုကိုသာ အလျင်အမြန်ရွေးလိုက်ပြီး စျေးနှုန်းလည်း သင့်တာနှင့် စရန်ကြိုပေးထားခဲ့တော့သည်။

အိမ်ပွဲစားဖြစ်သူနှင့် လမ်းခွဲနှုတ်ဆက်ပြီးချိန် သူက စျေးဝယ်စင်တာကြီးတစ်ခု အနီးအနားရောက်နေမှန်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူ ထိုအထဲကို ဝင်သွားပြီး နေ့လည်စာ စားဖို့ဆုံးဖြတ်လိုက်သည်။

သို့ပေမယ့် ဒီနေ့က ပိတ်ရက်ဖြစ်တာမို့ တော်တော်များများက စျေးဝယ်ထွက်နေကြပြီး အပေါ်ထပ်ရှိ စားသောက်ဆိုင်များတွင် စားပွဲနေရာလွတ်ရဖို့ စောင့်ဆိုင်းရမှာဖြစ်သည်။ သို့နှင့် သူ အကြာကြီး တန်းစီစောင့်စရာမလိုသည့် အမြန်စားဆိုင်ကိုသာ ရွေးချယ်လိုက်တော့သည်။ သူ့အရှေ့၌ ကောင်မလေး သုံးယောက်သာရှိပြီး သူတို့မှာပြီးတာနှင့် သူ့အလှည့်ရောက်လာမှာဖြစ်၏။

ထိုကောင်မလေးများက စကားတပြောပြောလုပ်ရင်း စောင့်ဆိုင်းနေကြသည်။ သူတို့က 'ဘယ်အိုင်ဒေါကောင်လေးကတော့ ချောပါရဲ့၊ နင် သူ့ရဲ့နောက်ဆုံးဇာတ်လမ်းတွဲကို ကြည့်ပြီးပြီလား။' စသည့်ဖြင့် ပြောနေသည်။

ရှဲ့ကျူရှင်းကတော့ ထိုင်စောင့်မနေ။ သူ့အလှည့်ကျနံပါတ်ကို ယူပြီးတာနှင့် ဘေးတွင်သာ မတ်တပ်ရပ်နေလိုက်သည်။ ထို့နောက် သူ့ဖုန်းက ဖုန်းအားကုန်တော့မှာကို မြင်လိုက်ရတာမို့ သူ အိတ်ထဲရှိ powerbank ကို မွှေနှောက်ရှာတော့သည်။

ကောင်မလေးသုံးယောက်ထဲမှတစ်ယောက်က သူ့ကို မြင်သွားပြီး သူမအဖော်ကို တံတောင်နှင့်တို့ကာ လှမ်းကြည့်ဖို့အချက်ပြလိုက်သည်။ ထို့နောက်မှာတော့ သူတို့ ခေါင်းချင်းပူးကပ်လျက် စိတ်လှုပ်ရှားတကြီး ခပ်တိုးတိုးအော်ဟစ်လေသည်။ "အရမ်းချောတာပဲ!"

သူ မကြားချင်ယောင်ဆောင်ပြီးသာ powerbank ကို တွေ့တာနှင့် ဖုန်းအားသွင်းလိုက်သည်။

မနက်ဖြန်က တနင်္လာနေ့ဖြစ်ပြီး IceDream အဖွဲ့ကို လူကြားထဲ ချပြမည့်အစီအစဉ်ကလည်း မနက်ဖြန် စတင်မှာဖြစ်၏။ ပထမဆုံးချပြခံရမည့်သူဖြစ်သည့်အလျောက် သူက မနက်ဖြန် ည ၈ နာရီတွင် လူထုအမြင်ရှေ့မှောက်သို့ ရောက်လာတော့မှာဖြစ်သည်။

သိပ်မကြာခင်မှာပဲ သူက ကောင်မလေးတွေ အတင်းအဖျင်းပြောစရာခေါင်းစဉ်ကောင်းတစ်ခုဖြစ်လာတော့မှာဖြစ်ပြီး လမ်းမှာမြင်တွေ့မိ၍ 'သူက အရမ်းချောတာပဲ' ဟု ပြောဖြစ်ခဲ့သည့်သူစိမ်းတစ်ယောက် မဟုတ်နေတော့။

ဝမ်ချောင်ကတော့ နေဖင်ထိုးတဲ့အထိ အိပ်နေပြီးမှ ပျင်းရိပျင်းရွဲနှင့် ထကာ အိမ်ပြန်လိုက်သည်။

သူ့ဒုတိယအစ်ကိုဖြစ်သူ ဝမ်ကျင်းက ပထမထပ်တွင် စာအုပ်ဖတ်လျက် ထိုင်နေပြီး သူ ခရီးဆောင်အိတ် ဆွဲဝင်လာတာကို မြင်တာနှင့် မျက်မှောင်ကြုတ်သွားတော့သည်။ "မင်း ပြန်လာနေမှာတော့ မဟုတ်ပါဘူးနော်။"

အစက စိတ်လှုပ်ရှားပျော်ရွှင်နေသည့်ဝမ်ချောင်မှာ ရုတ်ချည်းဆိုသလို မျက်နှာပျက်သွားလေသည်။ "ဘာသဘောလဲ။ ကျွန်တော့်မိသားစုက ကျွန်တော် ပြန်လာတာကိုတောင် မပျော်ဘူးပေါ့လေ။"

ဝမ်ကျင်း တစ်ဖက်ပြန်လှည့်သွားပြီး သူ့စာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်။ "နားအေးပါးအေး နေရတဲ့ရက်လေး နည်းနည်းပါးပါး ရကာမှ။"

ဝမ်ချောင်မှာ ထိုကဲ့သို့ ကြားလိုက်ရခြင်းအတွက် စိတ်မပျော်မရွှင်ဖြစ်လို့သွားသည်။ ထို့ကြောင့် သူ ပါးစပ်ဖွင့်ဟပြီး အားနည်းချက်ကို ထိုးနှက်လာတော့သည်။ "ခင်ဗျားရဲ့နားအေးပါးအေးနဲ့သာ ပျော်ပျော်ကြီးနေလိုက်တော့။ အဲ့တာကြောင့် အသက် ၃၀ ကျော်တာတောင် ရည်းစားမရသေးတာ အံ့ဖွယ် ဟုတ်မနေတော့ဘူး။"

ဝမ်ကျင်း : "..."

ဝမ်ချောင် ပြောပြီးတာနှင့် တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရတာမို့ ခရီးဆောင်အိတ်ကိုတောင် ယူမနေတော့ဘဲ အပေါ်သို့ အပြေးတက်သွားလိုက်သည်။ သို့ပေမယ့် ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးတာနှင့် သူ့ကို ဝမ်ကျင်းက ဖမ်းမိသွားပြီး လှေကားလက်ရန်းပေါ် ဖိထားရင်း အားဖြင့် ဆွဲစိတ်လာသည်။ သူ့မှာ အော်ဟစ်ရင်း ညှာတာပေးဖို့ ပြောနေရ၏။ "အား! ကျွန်တော် မှားတယ်၊ ကျွန်တော်မှားတယ်လို့! မဆွဲဆိတ်နဲ့တော့!  အာ့ အာ့ အာ့ ... နာတယ် နာတယ် နာတယ်လို့!!"

သူ့ကို ရိုက်နှက်ရန်နှင့်ပတ်သတ်ပြီး သူ့အစ်ကိုများထံတွင် မတူညီသည့်နည်းလမ်းများရှိသည်။ ဝမ်ချီက မျက်နှာထားတည်တည်နှင့် သူ စိတ်တိုသွားချိန်တိုင်း လက်ကိုဖြတ်ရိုက်တာတို့၊ သူ့တင်ပါးကို ပိတ်ကန်တာတို့ ပြုလုပ်တတ်သည်။ ဝမ်ချီကတော့ ညင်သာနူးညံ့သည့်မျက်နှာအမူအရာနှင့် ဘာကိုမှ ပြုလုပ်လေ့မရှိ။ သို့ပေမယ့် တကယ်လုပ်လာချိန်တွင်လည်း သူ့ခါးနှင့် ပေါင်များကို ထိုးဆိတ်လေ့ရှိသည်။ ဝမ်ချီရဲ့ရိုက်နှက်ခြင်းနှင့် ယှဉ်လိုက်လျှင် သူ့ထိုးဆိတ်မှုများက အချိန်အတော်ကြာတဲ့အထိ နာကျင်ပြီးကျန်ခဲ့စေသည်။

ဝမ်ကျင်း သူ့ကို လွှတ်ပေးလိုက်တာနှင့် ဝမ်ချောင်တစ်ယောက် အပေါ်ထပ်သို့ ငိုရင်းပြေးတက်သွားကာ ဗီရိုထဲမှ သူ့အကြိုက်ဆုံး အင်္ကျီ၊ ဖိနပ်များကို မွှေနှောက်ရှာထုတ်ပြီး ဒီကို နောက်ထပ်တစ်ခေါက် ထပ်မလာတော့ဟု တွေးထားလိုက်တော့သည် : သူ ထပ်ပြီး သူ့ဒုတိယအစ်ကိုနှင့် ရင်းရင်းနှီးနှီးနေတော့မှာ မဟုတ်။

ဝမ်ကျင်းက အပေါ်သို့တက်လာပြီး တံခါး တွန်းဖွင့်လိုက်သည်။ ဝမ်ချောင်မှာ ဝမ်ကျင်း သူ့ကို ဆွဲဆိတ်ရတာ မဝသေးဟု ထိတ်လန့်တကြီး တွေးလိုက်မိပြီး သနားကမားအော်ဟစ်လေသည်။

"ဝမ်မျိုးနွယ် နံပါတ်နှစ်! ကျွန်တ်ော အဲ့တစ်ခုလေးပဲ ပြောတာကို ဘာလုပ်ချင်နေတာလဲ! အရင်တုန်းကရော ကျွန်တော် အဲ့အကြောင်း မပြောဖူးလို့လား။ ပြီးတော့ အဲ့လူက ဒီလောက်နှစ်ကြာတဲ့အထိ တန်းတန်းစွဲဖြစ်နေဖို့ တန်ရဲ့လား။ အဲ့လောက်ကြီးထိ ရုပ်ချောနေတာလဲ မဟုတ်။ ခင်ဗျားနဲ့ အတူတူလည်း မအိပ်ဖူးသေးဘူးမလား။ ဘာတွေများ မပြီးမပြတ်နိုင်ဖြစ်နေတာလဲ။"

ဝမ်ကျင်း : "..."

ဝမ်ချောင်က ဝမ်ကျင်းရဲ့မမေ့မပျောက်နိုင်အချစ်ဦးဆိုသူကို တကယ်မကြိုက်လှတာမို့ ဆက်ပြောတော့သည်။ "ခင်ဗျားလည်း ရုပ်ချောပြီး အိပ်ရာပေါ်ကောင်းအောင် လုပ်ပေးမယ့်သူ မြန်မြန်ရှာလိုက်ပါတော့လား။ ခင်ဗျားရဲ့ဒေါသတွေ ကျွန်တော့်အပေါ်ပဲ နေ့တိုင်း ပုံချမနေနဲ့။ ငယ်ငယ်တုန်းကတော့ ကျွန်တော် ဝလို့ ဆွဲဆိတ်တာ ထားပါတော့။ အခု ကျွန်တော်က အသက် ၂၀ လူကြီးဖြစ်နေပြီဗျ! ပြီးတော့ ကျွန်တော် ဒီလောက် ပိန်နေတာကို — အကျိုးနည်း လာဆွဲဆိတ်နေတာလား၊ တော်တော်မှ ဆိတ်လို့ကောင်းရဲ့လား၊ ဟမ်? ခင်ဗျားလိုအစ်ကို ရှိနေရတာကိုက ကျွန်တော့်အတွက် ကံဆိုးမှုကြီးပဲ!" 

ဝမ်ကျင်း : "..."

သူက ဝမ်ချောင် အောက်ထပ်မှာချန်ထားခဲ့သည့်ခရီးဆောင်အိတ်ကို အပေါ်သယ်လာပေးရုံသာ။

ဝမ်ချောင် ကြောင်အသွားရသည်။ သူကတော့ သူ့အစ်ကိုရဲ့အနာပေါ်ဆားဖြင့် ပွတ်နေချိန် သူ့အစ်ကိုက သူ့ခရီးဆောင်အိတ်ကိုတောင် အပေါ်သယ်လာပေး၏။

"ငါ ခုနက အား အရမ်းကြီး မသုံးထားပါဘူး။ အဲ့လောက်တောင် နာလို့လား၊ မင်း အသည်းအသန်တွေ အော်နေတာ။" ဝမ်ကျင်း ပြောလာသည်။

ဝမ်ချောင် သူ့ခြေထောက်ကို ပွတ်ကြည့်ရင်း သိပ်မနာသလို ခံစားလိုက်ရသည်။

"ထိတောင် မထိကြည့်ဘဲ နာတယ်ဆို အော်ငိုတယ်ပေါ့။ မင်းရဲ့ ဘယ်နားကများ အသက် ၂၀ အရွယ်နဲ့ တူနေလဲ။"

တစ်ဖက်က ဝမ်ချောင်ကို ဆူငေါက်နေရင်း တစ်ဖက်ကလည်း ဝမ်ချောင် ဆွဲထုတ်လာသည့် အင်္ကျီနှင့် ဖိနပ်များကို ပြန်ထည့်ပေးပြီး ထို့နောက်မှာတော့ သူ ဝမ်ချောင်ကို အောက်ထပ်သို့ ပြန်ဆွဲခေါ်သွားလိုက်သည်။

ဝမ်ချောင်လည်း စိတ်မဆိုးတော့။ သူ့ဒုတိယအစ်ကိုက သူ့အပေါ် အရမ်းကောင်းသလို ခံစားနေရတော့သည်။

ဝမ်ကျင်း သူ့ကို ပြောလာသည်။ "မင်း မင်းရဲ့ပါးစပ်ကို ဂရုတစိုက် ပိတ်ထားစမ်း။ မင်းမှာ မကောင်းတဲ့စိတ် မရှိတာတောင် ပြောလိုက်ရင် စကားကောင်းတစ်ခွန်းမှ ထွက်မလာဘူး။ မင်း ပြဿနာတက်ရင် မင်းအစ်ကိုကြီးပဲ မျက်နှာပျက်ရလိမ့်မယ်။ မင်းအရှေ့မှာတော့ သူတို့က ဘာမှပြောမှာ မဟုတ်ဘူး၊ နောက်ကွယ်ကျ မင်းအစ်ကိုက သူ့ညီကိုတောင် မသင်ပြပေးနိုင်ဘူးလို့ ပြောကြလိမ့်မယ်။"

ဝမ်ချောင် ခေါင်းငုံ့ထားရင်းပြောလာသည်။ "ကျွန်တော့်မန်နေဂျာတစ်ယောက်ပဲ သိတာ။ ဝမ်ချီ ဘာအလုပ်လုပ်လဲဆိုတာ ကျွန်တော် အခြားဘယ်သူ့ကိုမှ မပြောပြထားဖူးဘူး။"

ဝမ်ကျင်း ခေါင်းတငြိမ့်ငြိမ့်နှင့် ဆက်ပြောသည်။ "အစ်ကိုကြီးကလည်း အလုပ်ရှုပ်နေတာ။ တစ်ခုခုကိစ္စရှိရင် လျန်ရှီကိုသာ သွားရှာလိုက်။ မနေ့တစ်နေ့ကတင် သူ ငါ့ကို ခွေးမွေးချင်တယ်လို့ ပြောလာတယ်။ ကြည့်ရတာ သူ့မှာ အချိန်ပိုတွေ တအားများနေပုံပဲ။"

ဝမ်ချောင် ထိုအကြောင်းကို တွေးကြည့်ရင်း မေးလိုက်သည်။ "အာ့ကော၊ ဒီည ဘာလုပ်ဖို့ရှိလဲ။ လျန်-ကောကို ဖုန်းခေါ်ပြီး ညစာ အတူသွားစားရင်ရော? ကျွန်တော် သူ့ကို အကူအညီတောင်းစရာတစ်ခုရှိတယ်။"

ဝမ်ကျင်းလည်း ဒီနေ့ ဘာမှ လုပ်စရာမရှိတာမို့ ပြောလိုက်သည်။ "ဒါဆိုလည်း ငါ သူ့ကို ခေါ်လိုက်မယ်။"

ဝမ်ချောင် ချက်ချင်းဆိုသလို ပြုံးရွှင်သွားသည်။ "ဟုတ်! သူ့ကို ကျွန်တော့်သူငယ်ချင်းတစ်ယောက် ခေါ်ခဲ့မယ်လို့ ပြောပေးဦး။ သူ အရင်က တွေ့ဖူးတယ်လို့။"

ဝမ်ကျင်း သိချင်သွားတော့သည်။ "ဘယ် သူငယ်ချင်းလဲ။"

ဝမ်ချောင် ဂုဏ်ယူဝင့်ကြွားစွာ ပြောလာသည်။ "ကော မသိဘူး၊ သူက ကျွန်တော့်အဖွဲ့သား။ အရမ်း သဘောကောင်းတယ်!"

နေ့လည်မှာတော့ သူ သူ့ရဲ့အရမ်းကောင်းလှပါတယ်ဆိုသည့်အဖွဲ့သားထံ ဖုန်းခေါ်ပြီး မေးလိုက်သည်။ "မင်း အိမ်ကိစ္စ အဆင်ပြေရဲ့လား။"

"ငါ စရံတောင် ချေခဲ့ပြီးပြီ။" ရှဲ့ကျူရှင်း ပြန်ဖြေသည်။

ဝမ်ချောင် အနည်းငယ်မျှစိတ်အားလျော့သွားသည်။ "မင်း အိမ်ရှာမတွေ့သေးဘဲ ငါနဲ့ တစ်ရက်နှစ်ရက်လောက် အတူအိပ်ပေးဖို့ ငါက မျှော်လင့်နေတာ။ ဒါနဲ့ မင်း အခု ဘယ်မှာလဲ။"

"ကုမ္ပဏီမှာ၊ ခဏလောက် အကလေ့ကျင့်နေတယ်။"

ဝမ်ချောင်ကိုယ်တိုင်က အပျင်းတစ်လွန်းသူဖြစ်တာမို့ အပတ်တကုပ်ကြိုးစားသူများကို အားကျတတ်သည်။ "အကလေ့ကျင့်လို့ ပြီးပြီလား။ ငါ လာခေါ်မယ်လေ။"

"မလိုဘူး၊ ခဏနေကျမှ ငါ့ဘာသာ ပြန်လိုက်မယ်။"

"ငါ လျန်-ကောကို ညစာအတူစားဖို့ ဖိတ်ထားတာ။ မင်းကိုပါ ငါနဲ့ခေါ်သွားမလို့။"

ရှဲ့ကျူရှင်း အနည်းငယ်မျှ အံ့ဩသွားသည်။ "လျန်ရှီကို ပြောတာလား။"

"အင်း၊ သူပေါ့။"

ရှဲ့ကျူရှင်း ပြောလိုက်သည်။ "ဒါဆို ငါ မလိုက်တော့ဘူး။ အရင်တစ်ခေါက်တွေ့တုန်းက တော်တော် ကသိကအောက်ဖြစ်သွားတာ၊ သူ ငါ့ကိုမြင်တာနဲ့ ရှက်သွားလိမ့်မယ်။"

ဝမ်ချောင် ပြုံးသွားသည်။ "သူ မရှက်သွားပါဘူး။ သူက အရှက်မရှိဆုံးလူတစ်ယောက်ကွ။ ပြီးတော့ ဒီည ငါ့ဒုတိယအစ်ကိုကြီးလည်း အတူလိုက်လာမှာ။"

သူ့အစ်ကိုပါ ပါလာမည်ဟု ကြားချိန် ရှဲ့ကျူရှင်း ပိုလို့တောင် မသွားချင်တော့။ "ငါ လာဖို့ မသင့်တော်ပါဘူး၊ ထားတော့။"

ဝမ်ချောင် မပျော်မရွှင်မဖြစ်သွား။ "ဘာက မသင့်တော်တာလဲ။ ငါ မင်းကို ခေါ်ခဲ့မယ်လို့ လျန်-ကောကိုတောင် ကြိုပြောပြီးသွားပြီ။ မင်းရဲ့ တစ်ကိုယ်တော်မိတ်ဆက်ပွဲက မနက်ဖြန် စမှာလေ။ ငါ သူ့ကို ကူပြီး ကြော်ညာခိုင်းစေချင်တာ။"

ရှဲ့ကျူရှင်း : "..." ဒီလူကတော့လေ ... အင်းး

"ဘယ်မှာ ဆုံမှာလဲ။ ငါ့ကို လာကြိုမနေနဲ့။ အချိန်ကျရင် ငါ့ဘာသာ အဲ့ကို လာခဲ့လိုက်မယ်။"

ဝမ်ချောင် သူ့အား လိပ်စာတစ်ခုကို ပျော်ပျော်ကြီး ပြောပြလာသည်။ "ခြောက်ခွဲနော်၊ အချိန်ကြည့်လာဦး။ မနောက်ကျစေနဲ့။ အဝတ်အစားကောင်းကောင်းလေးလည်း ဝတ်ခဲ့။" 

"ဟုတ်ပြီ။"

ဝမ်ချောင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံပင်၊ ထပ်တိုးပြောလာသည်။ "အရမ်းကြည့်ကောင်းအောင်လည်း ဝတ်မလာနဲ့ - မင်းက ဘယ်လိုနေနေ ကြည့်ကောင်းပြီးသား။ လျန်-ကော သူက ... ထားပါ၊ ဒီတိုင်းသာ လာခဲ့။ ငါလည်း အဲ့မှာရှိနေတာပဲ။"

သူ စကားကိုတစ်ဝက်မျှသာ ပြောပြီး ဖုန်းချလို့သွားသည်။

ရှဲ့ကျူရှင်းကတော့ ချက်ချင်းဆိုသလို 'လျန်ရှီက ယောက်ျားချင်းသဘောကျတယ်' ဆိုသည့် အတင်းအဖျင်းအကြောင်း သတိရသွား၏။

သူ ခြောက်နာရီခွဲအတိတွင် ချိန်းဆိုရာနေရာသို့ ရောက်သွားခဲ့ပြီး စားပွဲထိုးတစ်ယောက်ကို 'ဝမ်' ဆိုသည့်မျိုးရိုးနာမည်ဖြင့် အခန်းမှာထားကြောင်း ပြောပြလိုက်ရာ ထိုစားပွဲထိုးလေးက သူ့ကို ခေါ်သွားပေးလာသည်။

တံခါးဖွင့်ဝင်လိုက်တာနှင့် အခန်းထဲတွင် ဝမ်ချောင်ရဲ့ စက်သေနတ်ပစ်နေသံများကို ကြားလိုက်ရတော့သည်။

ဝမ်ချောင်က ပျော်ပျော်ကြီး သူ့ကို ဆွဲခေါ်၍ မိတ်ဆက်ပေးလာသည်။ "ကော၊ ဒါက ရှဲ့ကျူရှင်း။ ကျွန်တော်တို့အကုန် ရှောင်ရှဲ့လို့ ခေါ်ကြတယ်။ ဒါက ငါ့ရဲ့အာ့ကော"

ရှဲ့ကျူရှင်း နှုတ်ဆက်လိုက်သည်။ "အာ့ကော"

ဝမ်ကျင်းကလည်း သူ့ကို ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်ရင်း ချီးကျူးလာသည်။ "ဝမ်ချောင်ထက် အများကြီး ပိုလေးလေးနက်နက်ရှိတယ်။"

ဝမ်ချောင်က စိတ်မတိုသွားသည့်အပြင် သဘောတူပြလိုက်သေးသည်။ "ရှောင်ရှဲ့က တကယ်ကောင်းတာ၊ ကျွန်တော်တို့က အရမ်းရင်းနှီးတယ်။"

ရှဲ့ကျူရှင်းက ထမင်းစားဝိုင်းတွင် စကားပြောဆိုရတာ မကြိုက်တာမို့ ဘေးတွင်ထိုင်ရင်းသာ သူတို့ညီအစ်ကိုနှစ်ယောက် စကားပြောတာကို နားထောင်နေလိုက်သည်။

ဝမ်ချောင်ကတော့ ရှောင်ရှဲ့က ဒီမှာလည်း တော်တယ်၊ ဟိုမှာလည်း တော်တယ် စသည်ဖြင့် ဆက်လက်ချီးကျူးလို့နေပြီး သီချင်းဆို၊ လေ့ကျင့်ရတဲ့အချိန်ကာလက ဘယ်လောက်ထိ ပင်ပန်းခက်ခဲလှကြောင်းဆိုတာကိုလည်း ပြောပြနေလေသည်။

ဝမ်ကျင်းက သူ့ကို မျက်လုံးမှေးကျဉ်းကြည့်ပြီး ပြောလာသည်။ "ပင်ပန်းခက်ခဲတယ်? ဒါဆို လေ့ကျင့်ရေးကာလပိုင်းအတွင်း မင်း ဘားအခန်းငှါးသွားတယ်ဆိုတဲ့သတင်းကို အစ်ကိုကြီးဆီကနေ ဘာလို့ ပြန်ကြားလိုက်ရတာလဲ။ မင်းရဲ့ကျောက်ကပ်မှာ ကျောက်တည်တာ ပျောက်ပြီမလို့လား။"

ဝမ်ချောင် : "..."

ဝမ်ချောင်မှာ အပြစ်ရှိသလိုခံစားချက်နှင့် မကျေမနပ်လည်းဖြစ်သွားသည်။ "ခင်ဗျားတို့နှစ်ယောက် ကျွန်တော့်ရဲ့အတွင်းရေးကိစ္စကို နည်းနည်း လေးစားပေးလို့ မရဘူးလား။"

ဝမ်ကျင်း ပြောလာသည်။ "ငါတို့က မင်းကို ဘယ်နားများ မလေးစားနေလို့လဲ။ မင်းက သူ့ကတ်ကို သုံးသွားတာလေ။ အသေးစိတ်အချက်အလက်တွေက ဘေရှင်းဖို့ လာပေါ်လာပေါ့။"

ဝမ်ချောင်မှာ ရှဲ့ကျူရှင်းက ဘေးတွင်ထိုင်လျက်ရှိနေတာမို့ ပိုလို့ရှက်သွားပြီး ကျယ်ကျယ်လောင်လောင်ပြောတော့သည်။ "ကျွန်တော်နဲ့ စာရင်းရှင်းချင်နေပြီပေါ့၊ ဟုတ်လား။ ကျွန်တော် ပွဲဦးထွက်ပြီး ပိုက်ဆံရှာနိုင်တဲ့အထိပဲ စောင့်။ အဲ့ကတ်ထဲက ပိုက်ဆံ တစ်ပြားမှ မသုံးတော့ဘူး။"

ဝမ်ကျင်းက သူ့ဟိတ်ဟန်ထုတ်မှုကို ဖျက်ဆီးချလိုက်သည်။ "လေကြီးလေကျယ်တွေ မပြောစမ်းပါနဲ့။ ပွဲဦးထွက်ပြီးတာနဲ့ ပိုက်ဆံရမယ်? လူတွေ တစ်နေ့တစ်နေ့ ပိုက်ဆံရှာဖို့ ပြေးလွှားနေရတဲ့အချိန် မင်းက နေ့တိုင်း ကိုယ်ဟန်ပြမော်ဒယ်တွေပေါ် ပိုက်ဆံပုံပေးနေတာ၊ မရှက်တတ်ဘူးလား။"

ဝမ်ချောင် ပြန်ပက်၏။ "မော်ဒယ်တွေနဲ့ အိပ်တော့ဘာဖြစ်လဲ။ ကျွန်တော်ကဖြင့် အသက် ၂၀ ကျော်နေပြီ။ အဲ့လိုမှ မအိပ်ရင် မွန်းကြပ်နေမှာပေါ့။ ပြီးတော့ ကျွန်တော်က တကယ့် အားကောင်းမောင်းသန်မြင်းကြီးလေ။"

[T/N : stud - ကာမစွမ်းအားထက်သန်သော လူငယ်]

ဝမ်ကျင်း : "..."

ရှဲ့ကျူရှင်း : "..."

တကယ့်အားကောင်းမောင်းသန်မြင်းဆိုသူက ရှဲ့ကျူရှင်းကို လှမ်းတို့၍ သူ့တီရှပ်ကို လှန်ပြလာသည်။ "ငါ မင်းနဲ့အတူ တိုက်ခန်းလိုက်ကြည့်သင့်တာ။ အာ့ကော ငါ့ကို ဘယ်လိုဆွဲဆိတ်ထားလဲ မင်း ကြည့်။"

သူ့ခါးအထက်တွင် ခရမ်းရောင်သန်းနေတဲ့အမှတ်အသားနှစ်ခုရှိနေပြီး သေချာသလောက် ဆွဲဆိတ်ခံရခြင်းမှဖြစ်ပေသည်။

ရှဲ့ကျူရှင်း : "..." 'တာ့ကောရဲ့ဂုဏ်သတင်းတွေကိုတော့ ကြားဖူးတာ ကြာပြီဆိုပေမယ့် အာ့ကောကလည်း ထူးမခြားနားပါလား။'

"ငါ ပွဲဦးထွက်ရတာတော့မှာမို့ မျက်နှာလိုနေသေးတာ ကံကောင်းတယ်။ မဟုတ်ရင် တစ်ချိန်လုံး ငါ့ပါးကိုပဲ လာဆွဲဆိတ်နေတာ။"

ဝမ်ချောင် သူ့ညာဘက်ပါးကို ထိုးပြရင်း ဆက်ပြောသည်။ "တစ်နှစ်တုန်းကလည်း ငါတို့ နှစ်ကူးမကျင်းပခင်လေ၊ သူ ငါ့ပါးကို အရာထင်တဲ့အထိ ဆွဲညှစ်သွားတာ။ ငါ့မှာ အပြင်တောင် ထွက်မဆော့နိုင်ဘူး။ ငါပြောမယ်၊ သူကလေ လူတစ်ယောက်ကို မျက်တောင် တစ်ချက်မခတ်ဘဲတောင် ဆွဲဆိတ်နိုင်တယ်။ သူ ဘယ်နားဆွဲဆိတ်ဆိတ် နာနေတာ၊ ဘယ်လောက်ထိ အကြမ်းပတမ်းနိုင်လဲဆိုတာ ပြောမနေနဲ့တော့။"

ဝမ်ကျင်း ဝင်ပြောသည်။ "အဲ့နှစ်က ငါ မင်းကို ဘာလို့ဆွဲဆိတ်တာလဲဆိုတာကျ ရှောင်ရှဲ့ကို မပြောပြဘူးပေါ့? ငါ မီးအိမ်တွေချိတ်ပြီး လျှပ်စစ်ကြိုးသွယ်ပြီးတာနဲ့ မင်း မီးပန်းတွေ ထဖောက်တယ်လေ။ တစ်အိမ်လုံး မီးကြိုးတွေပျက်ပြီး နှစ်ကူးကြိုဆိုပွဲတောင် ငါတို့ မကြည့်လိုက်ရဘူး။"

"အခုခေတ်ကြီးမှာ ဘယ်သူကရော နှစ်ကူးကြိုဆိုပွဲအစီအစဉ်ကို ကြည့်ကြသေးလို့လဲ။ သူတို့ပြတာဆိုလို့ ရူးကြောင်ကြောင် ပြိုင်ပွဲတွေနဲ့ မိုက်မဖွင့်ဘဲ နှုတ်ခမ်းလှုပ်ရုံသီချင်းဆိုပြတာတွေပဲမလား။"

တံခါးဖွင့်ကာ ဝင်လာတဲ့လျန်ရှီမှာ ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားသည်။ "ဘယ်သူက နှုတ်ခမ်းလှုပ်ရုံသီချင်းဆိုတယ်လို့ ပြောလိုက်တာလဲ။"

ဝမ်ချောင် : "..."

ရှဲ့ကျူရှင်း ရုတ်တရက် အမှတ်ရသွားသည် — လွန်ခဲ့သောနှစ်၊ နှစ်ကူးကြိုဆိုပွဲအစီအစဉ်တွင် လျန်-လောင်ရှီးက သီချင်းတစ်ပုဒ်ကို နှုတ်ခမ်းလှုပ်ရုံမျှသာ ဆိုပြခဲ့သည်။

KittyKitling

_____///_____

[Zawgyi]

'ဒီလူကေတာ့ေလ .. အင္းး'

ရွဲ႕က်ဴရွင္းတြင္ သူေနထိုင္ရမည့္ေနရာတစ္ခုအတြက္ လိုအပ္ေတာင္းဆိုခ်က္မ်ား သိပ္မရွိလွသူျဖစ္သည္။ သန႔္ရွင္း၍ ပတ္ဝန္းက်င္ကလည္း တိတ္ဆိတ္ပါက ပရိေဘာဂမ်ား သစ္လြင္သလား၊ အိုေဟာင္းသလားလဲ ဂ႐ုမစိုက္သလို အျပင္အဆင္မ်ား အဆင့္အတန္းျမင့္ျခင္း၊ မျမင့္ျခင္းအတြက္လည္း အေရးမစိုက္လွ။ ထို႔ေၾကာင့္ သူ အိမ္ပြဲစားႏွင့္အတူ အခန္းလိုက္ၾကည့္ရာတြင္ တစ္ခုကိုသာ အလ်င္အျမန္ေရြးလိုက္ၿပီး ေစ်းႏွုန္းလည္း သင့္တာႏွင့္ စရန္ႀကိဳေပးထားခဲ့ေတာ့သည္။

အိမ္ပြဲစားျဖစ္သူႏွင့္ လမ္းခြဲႏွုတ္ဆက္ၿပီးခ်ိန္ သူက ေစ်းဝယ္စင္တာႀကီးတစ္ခု အနီးအနားေရာက္ေနမွန္း ေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္ သူ ထိုအထဲကို ဝင္သြားၿပီး ေန႔လည္စာ စားဖို႔ဆုံးျဖတ္လိုက္သည္။

သို႔ေပမယ့္ ဒီေန႔က ပိတ္ရက္ျဖစ္တာမို႔ ေတာ္ေတာ္မ်ားမ်ားက ေစ်းဝယ္ထြက္ေနၾကၿပီး အေပၚထပ္ရွိ စားေသာက္ဆိုင္မ်ားတြင္ စားပြဲေနရာလြတ္ရဖို႔ ေစာင့္ဆိုင္းရမွာျဖစ္သည္။ သို႔ႏွင့္ သူ အၾကာႀကီး တန္းစီေစာင့္စရာမလိုသည့္ အျမန္စားဆိုင္ကိုသာ ေရြးခ်ယ္လိုက္ေတာ့သည္။ သူ႔အေရွ႕၌ ေကာင္မေလး သုံးေယာက္သာရွိၿပီး သူတို႔မွာၿပီးတာႏွင့္ သူ႔အလွည့္ေရာက္လာမွာျဖစ္၏။

ထိုေကာင္မေလးမ်ားက စကားတေျပာေျပာလုပ္ရင္း ေစာင့္ဆိုင္းေနၾကသည္။ သူတို႔က 'ဘယ္အိုင္ေဒါေကာင္ေလးကေတာ့ ေခ်ာပါရဲ့၊ နင္ သူ႔ရဲ့ေနာက္ဆုံးဇာတ္လမ္းတြဲကို ၾကည့္ၿပီးၿပီလား။' စသည့္ျဖင့္ ေျပာေနသည္။

ရွဲ႕က်ဴရွင္းကေတာ့ ထိုင္ေစာင့္မေန။ သူ႔အလွည့္က်နံပါတ္ကို ယူၿပီးတာႏွင့္ ေဘးတြင္သာ မတ္တပ္ရပ္ေနလိုက္သည္။ ထို႔ေနာက္ သူ႔ဖုန္းက ဖုန္းအားကုန္ေတာ့မွာကို ျမင္လိုက္ရတာမို႔ သူ အိတ္ထဲရွိ powerbank ကို ေမႊေႏွာက္ရွာေတာ့သည္။

ေကာင္မေလးသုံးေယာက္ထဲမွတစ္ေယာက္က သူ႔ကို ျမင္သြားၿပီး သူမအေဖာ္ကို တံေတာင္ႏွင့္တို႔ကာ လွမ္းၾကည့္ဖို႔အခ်က္ျပလိုက္သည္။ ထို႔ေနာက္မွာေတာ့ သူတို႔ ေခါင္းခ်င္းပူးကပ္လ်က္ စိတ္လွုပ္ရွားတႀကီး ခပ္တိုးတိုးေအာ္ဟစ္ေလသည္။ "အရမ္းေခ်ာတာပဲ!"

သူ မၾကားခ်င္ေယာင္ေဆာင္ၿပီးသာ powerbank ကို ေတြ႕တာႏွင့္ ဖုန္းအားသြင္းလိုက္သည္။

မနက္ျဖန္က တနလၤာေန႔ျဖစ္ၿပီး IceDream အဖြဲ႕ကို လူၾကားထဲ ခ်ျပမည့္အစီအစဥ္ကလည္း မနက္ျဖန္ စတင္မွာျဖစ္၏။ ပထမဆုံးခ်ျပခံရမည့္သူျဖစ္သည့္အေလ်ာက္ သူက မနက္ျဖန္ ည ၈ နာရီတြင္ လူထုအျမင္ေရွ႕ေမွာက္သို႔ ေရာက္လာေတာ့မွာျဖစ္သည္။

သိပ္မၾကာခင္မွာပဲ သူက ေကာင္မေလးေတြ အတင္းအဖ်င္းေျပာစရာေခါင္းစဥ္ေကာင္းတစ္ခုျဖစ္လာေတာ့မွာျဖစ္ၿပီး လမ္းမွာျမင္ေတြ႕မိ၍ 'သူက အရမ္းေခ်ာတာပဲ' ဟု ေျပာျဖစ္ခဲ့သည့္သူစိမ္းတစ္ေယာက္ မဟုတ္ေနေတာ့။

ဝမ္ေခ်ာင္ကေတာ့ ေနဖင္ထိုးတဲ့အထိ အိပ္ေနၿပီးမွ ပ်င္းရိပ်င္းရြဲႏွင့္ ထကာ အိမ္ျပန္လိုက္သည္။

သူ႔ဒုတိယအစ္ကိုျဖစ္သူ ဝမ္က်င္းက ပထမထပ္တြင္ စာအုပ္ဖတ္လ်က္ ထိုင္ေနၿပီး သူ ခရီးေဆာင္အိတ္ ဆြဲဝင္လာတာကို ျမင္တာႏွင့္ မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္။ "မင္း ျပန္လာေနမွာေတာ့ မဟုတ္ပါဘူးေနာ္။"

အစက စိတ္လွုပ္ရွားေပ်ာ္ရႊင္ေနသည့္ဝမ္ေခ်ာင္မွာ ႐ုတ္ခ်ည္းဆိုသလို မ်က္ႏွာပ်က္သြားေလသည္။ "ဘာသေဘာလဲ။ ကၽြန္ေတာ့္မိသားစုက ကၽြန္ေတာ္ ျပန္လာတာကိုေတာင္ မေပ်ာ္ဘူးေပါ့ေလ။"

ဝမ္က်င္း တစ္ဖက္ျပန္လွည့္သြားၿပီး သူ႔စာအုပ္ကိုသာ ဆက္ဖတ္ေနလိုက္သည္။ "နားေအးပါးေအး ေနရတဲ့ရက္ေလး နည္းနည္းပါးပါး ရကာမွ။"

ဝမ္ေခ်ာင္မွာ ထိုကဲ့သို႔ ၾကားလိုက္ရျခင္းအတြက္ စိတ္မေပ်ာ္မရႊင္ျဖစ္လို႔သြားသည္။ ထို႔ေၾကာင့္ သူ ပါးစပ္ဖြင့္ဟၿပီး အားနည္းခ်က္ကို ထိုးႏွက္လာေတာ့သည္။ "ခင္ဗ်ားရဲ့နားေအးပါးေအးနဲ႔သာ ေပ်ာ္ေပ်ာ္ႀကီးေနလိုက္ေတာ့။ အဲ့တာေၾကာင့္ အသက္ ၃၀ ေက်ာ္တာေတာင္ ရည္းစားမရေသးတာ အံ့ဖြယ္ ဟုတ္မေနေတာ့ဘူး။"

ဝမ္က်င္း : "..."

ဝမ္ေခ်ာင္ ေျပာၿပီးတာႏွင့္ တစ္ခုခုမွားယြင္းေနသလို ခံစားလိုက္ရတာမို႔ ခရီးေဆာင္အိတ္ကိုေတာင္ ယူမေနေတာ့ဘဲ အေပၚသို႔ အေျပးတက္သြားလိုက္သည္။ သို႔ေပမယ့္ ေျခလွမ္းအနည္းငယ္မၽွ လွမ္းၿပီးတာႏွင့္ သူ႔ကို ဝမ္က်င္းက ဖမ္းမိသြားၿပီး ေလွကားလက္ရန္းေပၚ ဖိထားရင္း အားျဖင့္ ဆြဲစိတ္လာသည္။ သူ႔မွာ ေအာ္ဟစ္ရင္း ညႇာတာေပးဖို႔ ေျပာေနရ၏။ "အား! ကၽြန္ေတာ္ မွားတယ္၊ ကၽြန္ေတာ္မွားတယ္လို႔! မဆြဲဆိတ္နဲ႔ေတာ့!  အာ့ အာ့ အာ့ ... နာတယ္ နာတယ္ နာတယ္လို႔!!"

သူ႔ကို ရိုက္ႏွက္ရန္ႏွင့္ပတ္သတ္ၿပီး သူ႔အစ္ကိုမ်ားထံတြင္ မတူညီသည့္နည္းလမ္းမ်ားရွိသည္။ ဝမ္ခ်ီက မ်က္ႏွာထားတည္တည္ႏွင့္ သူ စိတ္တိုသြားခ်ိန္တိုင္း လက္ကိုျဖတ္ရိုက္တာတို႔၊ သူ႔တင္ပါးကို ပိတ္ကန္တာတို႔ ျပဳလုပ္တတ္သည္။ ဝမ္ခ်ီကေတာ့ ညင္သာႏူးညံ့သည့္မ်က္ႏွာအမူအရာႏွင့္ ဘာကိုမွ ျပဳလုပ္ေလ့မရွိ။ သို႔ေပမယ့္ တကယ္လုပ္လာခ်ိန္တြင္လည္း သူ႔ခါးႏွင့္ ေပါင္မ်ားကို ထိုးဆိတ္ေလ့ရွိသည္။ ဝမ္ခ်ီရဲ့ရိုက္ႏွက္ျခင္းႏွင့္ ယွဥ္လိုက္လၽွင္ သူ႔ထိုးဆိတ္မွုမ်ားက အခ်ိန္အေတာ္ၾကာတဲ့အထိ နာက်င္ၿပီးက်န္ခဲ့ေစသည္။

ဝမ္က်င္း သူ႔ကို လႊတ္ေပးလိုက္တာႏွင့္ ဝမ္ေခ်ာင္တစ္ေယာက္ အေပၚထပ္သို႔ ငိုရင္းေျပးတက္သြားကာ ဗီရိုထဲမွ သူ႔အႀကိဳက္ဆုံး အကၤ်ီ၊ ဖိနပ္မ်ားကို ေမႊေႏွာက္ရွာထုတ္ၿပီး ဒီကို ေနာက္ထပ္တစ္ေခါက္ ထပ္မလာေတာ့ဟု ေတြးထားလိုက္ေတာ့သည္ : သူ ထပ္ၿပီး သူ႔ဒုတိယအစ္ကိုႏွင့္ ရင္းရင္းႏွီးႏွီးေနေတာ့မွာ မဟုတ္။

ဝမ္က်င္းက အေပၚသို႔တက္လာၿပီး တံခါး တြန္းဖြင့္လိုက္သည္။ ဝမ္ေခ်ာင္မွာ ဝမ္က်င္း သူ႔ကို ဆြဲဆိတ္ရတာ မဝေသးဟု ထိတ္လန႔္တႀကီး ေတြးလိုက္မိၿပီး သနားကမားေအာ္ဟစ္ေလသည္။

"ဝမ္မ်ိဳးႏြယ္ နံပါတ္ႏွစ္! ကၽြန္တ္ော အဲ့တစ္ခုေလးပဲ ေျပာတာကို ဘာလုပ္ခ်င္ေနတာလဲ! အရင္တုန္းကေရာ ကၽြန္ေတာ္ အဲ့အေၾကာင္း မေျပာဖူးလို႔လား။ ၿပီးေတာ့ အဲ့လူက ဒီေလာက္ႏွစ္ၾကာတဲ့အထိ တန္းတန္းစြဲျဖစ္ေနဖို႔ တန္ရဲ့လား။ အဲ့ေလာက္ႀကီးထိ ႐ုပ္ေခ်ာေနတာလဲ မဟုတ္။ ခင္ဗ်ားနဲ႔ အတူတူလည္း မအိပ္ဖူးေသးဘူးမလား။ ဘာေတြမ်ား မၿပီးမျပတ္နိုင္ျဖစ္ေနတာလဲ။"

ဝမ္က်င္း : "..."

ဝမ္ေခ်ာင္က ဝမ္က်င္းရဲ့မေမ့မေပ်ာက္နိုင္အခ်စ္ဦးဆိုသူကို တကယ္မႀကိဳက္လွတာမို႔ ဆက္ေျပာေတာ့သည္။ "ခင္ဗ်ားလည္း ႐ုပ္ေခ်ာၿပီး အိပ္ရာေပၚေကာင္းေအာင္ လုပ္ေပးမယ့္သူ ျမန္ျမန္ရွာလိုက္ပါေတာ့လား။ ခင္ဗ်ားရဲ့ေဒါသေတြ ကၽြန္ေတာ့္အေပၚပဲ ေန႔တိုင္း ပုံခ်မေနနဲ႔။ ငယ္ငယ္တုန္းကေတာ့ ကၽြန္ေတာ္ ဝလို႔ ဆြဲဆိတ္တာ ထားပါေတာ့။ အခု ကၽြန္ေတာ္က အသက္ ၂၀ လူႀကီးျဖစ္ေနၿပီဗ်! ၿပီးေတာ့ ကၽြန္ေတာ္ ဒီေလာက္ ပိန္ေနတာကို — အက်ိဳးနည္း လာဆြဲဆိတ္ေနတာလား၊ ေတာ္ေတာ္မွ ဆိတ္လို႔ေကာင္းရဲ့လား၊ ဟမ္? ခင္ဗ်ားလိုအစ္ကို ရွိေနရတာကိုက ကၽြန္ေတာ့္အတြက္ ကံဆိုးမွုႀကီးပဲ!" 

ဝမ္က်င္း : "..."

သူက ဝမ္ေခ်ာင္ ေအာက္ထပ္မွာခ်န္ထားခဲ့သည့္ခရီးေဆာင္အိတ္ကို အေပၚသယ္လာေပး႐ုံသာ။

ဝမ္ေခ်ာင္ ေၾကာင္အသြားရသည္။ သူကေတာ့ သူ႔အစ္ကိုရဲ့အနာေပၚဆားျဖင့္ ပြတ္ေနခ်ိန္ သူ႔အစ္ကိုက သူ႔ခရီးေဆာင္အိတ္ကိုေတာင္ အေပၚသယ္လာေပး၏။

"ငါ ခုနက အား အရမ္းႀကီး မသုံးထားပါဘူး။ အဲ့ေလာက္ေတာင္ နာလို႔လား၊ မင္း အသည္းအသန္ေတြ ေအာ္ေနတာ။" ဝမ္က်င္း ေျပာလာသည္။

ဝမ္ေခ်ာင္ သူ႔ေျခေထာက္ကို ပြတ္ၾကည့္ရင္း သိပ္မနာသလို ခံစားလိုက္ရသည္။

"ထိေတာင္ မထိၾကည့္ဘဲ နာတယ္ဆို ေအာ္ငိုတယ္ေပါ့။ မင္းရဲ့ ဘယ္နားကမ်ား အသက္ ၂၀ အရြယ္နဲ႔ တူေနလဲ။"

တစ္ဖက္က ဝမ္ေခ်ာင္ကို ဆူေငါက္ေနရင္း တစ္ဖက္ကလည္း ဝမ္ေခ်ာင္ ဆြဲထုတ္လာသည့္ အကၤ်ီႏွင့္ ဖိနပ္မ်ားကို ျပန္ထည့္ေပးၿပီး ထို႔ေနာက္မွာေတာ့ သူ ဝမ္ေခ်ာင္ကို ေအာက္ထပ္သို႔ ျပန္ဆြဲေခၚသြားလိုက္သည္။

ဝမ္ေခ်ာင္လည္း စိတ္မဆိုးေတာ့။ သူ႔ဒုတိယအစ္ကိုက သူ႔အေပၚ အရမ္းေကာင္းသလို ခံစားေနရေတာ့သည္။

ဝမ္က်င္း သူ႔ကို ေျပာလာသည္။ "မင္း မင္းရဲ့ပါးစပ္ကို ဂ႐ုတစိုက္ ပိတ္ထားစမ္း။ မင္းမွာ မေကာင္းတဲ့စိတ္ မရွိတာေတာင္ ေျပာလိုက္ရင္ စကားေကာင္းတစ္ခြန္းမွ ထြက္မလာဘူး။ မင္း ျပႆနာတက္ရင္ မင္းအစ္ကိုႀကီးပဲ မ်က္ႏွာပ်က္ရလိမ့္မယ္။ မင္းအေရွ႕မွာေတာ့ သူတို႔က ဘာမွေျပာမွာ မဟုတ္ဘူး၊ ေနာက္ကြယ္က် မင္းအစ္ကိုက သူ႔ညီကိုေတာင္ မသင္ျပေပးနိုင္ဘူးလို႔ ေျပာၾကလိမ့္မယ္။"

ဝမ္ေခ်ာင္ ေခါင္းငုံ႔ထားရင္းေျပာလာသည္။ "ကၽြန္ေတာ့္မန္ေနဂ်ာတစ္ေယာက္ပဲ သိတာ။ ဝမ္ခ်ီ ဘာအလုပ္လုပ္လဲဆိုတာ ကၽြန္ေတာ္ အျခားဘယ္သူ႔ကိုမွ မေျပာျပထားဖူးဘူး။"

ဝမ္က်င္း ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ ဆက္ေျပာသည္။ "အစ္ကိုႀကီးကလည္း အလုပ္ရွုပ္ေနတာ။ တစ္ခုခုကိစၥရွိရင္ လ်န္ရွီကိုသာ သြားရွာလိုက္။ မေန႔တစ္ေန႔ကတင္ သူ ငါ့ကို ေခြးေမြးခ်င္တယ္လို႔ ေျပာလာတယ္။ ၾကည့္ရတာ သူ႔မွာ အခ်ိန္ပိုေတြ တအားမ်ားေနပုံပဲ။"

ဝမ္ေခ်ာင္ ထိုအေၾကာင္းကို ေတြးၾကည့္ရင္း ေမးလိုက္သည္။ "အာ့ေကာ၊ ဒီည ဘာလုပ္ဖို႔ရွိလဲ။ လ်န္-ေကာကို ဖုန္းေခၚၿပီး ညစာ အတူသြားစားရင္ေရာ? ကၽြန္ေတာ္ သူ႔ကို အကူအညီေတာင္းစရာတစ္ခုရွိတယ္။"

ဝမ္က်င္းလည္း ဒီေန႔ ဘာမွ လုပ္စရာမရွိတာမို႔ ေျပာလိုက္သည္။ "ဒါဆိုလည္း ငါ သူ႔ကို ေခၚလိုက္မယ္။"

ဝမ္ေခ်ာင္ ခ်က္ခ်င္းဆိုသလို ျပဳံးရႊင္သြားသည္။ "ဟုတ္! သူ႔ကို ကၽြန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ ေခၚခဲ့မယ္လို႔ ေျပာေပးဦး။ သူ အရင္က ေတြ႕ဖူးတယ္လို႔။"

ဝမ္က်င္း သိခ်င္သြားေတာ့သည္။ "ဘယ္ သူငယ္ခ်င္းလဲ။"

ဝမ္ေခ်ာင္ ဂုဏ္ယူဝင့္ႂကြားစြာ ေျပာလာသည္။ "ေကာ မသိဘူး၊ သူက ကၽြန္ေတာ့္အဖြဲ႕သား။ အရမ္း သေဘာေကာင္းတယ္!"

ေန႔လည္မွာေတာ့ သူ သူ႔ရဲ့အရမ္းေကာင္းလွပါတယ္ဆိုသည့္အဖြဲ႕သားထံ ဖုန္းေခၚၿပီး ေမးလိုက္သည္။ "မင္း အိမ္ကိစၥ အဆင္ေျပရဲ့လား။"

"ငါ စရံေတာင္ ေခ်ခဲ့ၿပီးၿပီ။" ရွဲ႕က်ဴရွင္း ျပန္ေျဖသည္။

ဝမ္ေခ်ာင္ အနည္းငယ္မၽွစိတ္အားေလ်ာ့သြားသည္။ "မင္း အိမ္ရွာမေတြ႕ေသးဘဲ ငါနဲ႔ တစ္ရက္ႏွစ္ရက္ေလာက္ အတူအိပ္ေပးဖို႔ ငါက ေမၽွာ္လင့္ေနတာ။ ဒါနဲ႔ မင္း အခု ဘယ္မွာလဲ။"

"ကုမၸဏီမွာ၊ ခဏေလာက္ အကေလ့က်င့္ေနတယ္။"

ဝမ္ေခ်ာင္ကိုယ္တိုင္က အပ်င္းတစ္လြန္းသူျဖစ္တာမို႔ အပတ္တကုပ္ႀကိဳးစားသူမ်ားကို အားက်တတ္သည္။ "အကေလ့က်င့္လို႔ ၿပီးၿပီလား။ ငါ လာေခၚမယ္ေလ။"

"မလိုဘူး၊ ခဏေနက်မွ ငါ့ဘာသာ ျပန္လိုက္မယ္။"

"ငါ လ်န္-ေကာကို ညစာအတူစားဖို႔ ဖိတ္ထားတာ။ မင္းကိုပါ ငါနဲ႔ေခၚသြားမလို႔။"

ရွဲ႕က်ဴရွင္း အနည္းငယ္မၽွ အံ့ဩသြားသည္။ "လ်န္ရွီကို ေျပာတာလား။"

"အင္း၊ သူေပါ့။"

ရွဲ႕က်ဴရွင္း ေျပာလိုက္သည္။ "ဒါဆို ငါ မလိုက္ေတာ့ဘူး။ အရင္တစ္ေခါက္ေတြ႕တုန္းက ေတာ္ေတာ္ ကသိကေအာက္ျဖစ္သြားတာ၊ သူ ငါ့ကိုျမင္တာနဲ႔ ရွက္သြားလိမ့္မယ္။"

ဝမ္ေခ်ာင္ ျပဳံးသြားသည္။ "သူ မရွက္သြားပါဘူး။ သူက အရွက္မရွိဆုံးလူတစ္ေယာက္ကြ။ ၿပီးေတာ့ ဒီည ငါ့ဒုတိယအစ္ကိုႀကီးလည္း အတူလိုက္လာမွာ။"

သူ႔အစ္ကိုပါ ပါလာမည္ဟု ၾကားခ်ိန္ ရွဲ႕က်ဴရွင္း ပိုလို႔ေတာင္ မသြားခ်င္ေတာ့။ "ငါ လာဖို႔ မသင့္ေတာ္ပါဘူး၊ ထားေတာ့။"

ဝမ္ေခ်ာင္ မေပ်ာ္မရႊင္မျဖစ္သြား။ "ဘာက မသင့္ေတာ္တာလဲ။ ငါ မင္းကို ေခၚခဲ့မယ္လို႔ လ်န္-ေကာကိုေတာင္ ႀကိဳေျပာၿပီးသြားၿပီ။ မင္းရဲ့ တစ္ကိုယ္ေတာ္မိတ္ဆက္ပြဲက မနက္ျဖန္ စမွာေလ။ ငါ သူ႔ကို ကူၿပီး ေၾကာ္ညာခိုင္းေစခ်င္တာ။"

ရွဲ႕က်ဴရွင္း : "..." ဒီလူကေတာ့ေလ ... အင္းး

"ဘယ္မွာ ဆုံမွာလဲ။ ငါ့ကို လာႀကိဳမေနနဲ႔။ အခ်ိန္က်ရင္ ငါ့ဘာသာ အဲ့ကို လာခဲ့လိုက္မယ္။"

ဝမ္ေခ်ာင္ သူ႔အား လိပ္စာတစ္ခုကို ေပ်ာ္ေပ်ာ္ႀကီး ေျပာျပလာသည္။ "ေျခာက္ခြဲေနာ္၊ အခ်ိန္ၾကည့္လာဦး။ မေနာက္က်ေစနဲ႔။ အဝတ္အစားေကာင္းေကာင္းေလးလည္း ဝတ္ခဲ့။" 

"ဟုတ္ၿပီ။"

ဝမ္ေခ်ာင္ ႐ုတ္တရက္ တစ္စုံတစ္ခုကို သတိရသြားပုံပင္၊ ထပ္တိုးေျပာလာသည္။ "အရမ္းၾကည့္ေကာင္းေအာင္လည္း ဝတ္မလာနဲ႔ - မင္းက ဘယ္လိုေနေန ၾကည့္ေကာင္းၿပီးသား။ လ်န္-ေကာ သူက ... ထားပါ၊ ဒီတိုင္းသာ လာခဲ့။ ငါလည္း အဲ့မွာရွိေနတာပဲ။"

သူ စကားကိုတစ္ဝက္မၽွသာ ေျပာၿပီး ဖုန္းခ်လို႔သြားသည္။

ရွဲ႕က်ဴရွင္းကေတာ့ ခ်က္ခ်င္းဆိုသလို 'လ်န္ရွီက ေယာက္်ားခ်င္းသေဘာက်တယ္' ဆိုသည့္ အတင္းအဖ်င္းအေၾကာင္း သတိရသြား၏။

သူ ေျခာက္နာရီခြဲအတိတြင္ ခ်ိန္းဆိုရာေနရာသို႔ ေရာက္သြားခဲ့ၿပီး စားပြဲထိုးတစ္ေယာက္ကို 'ဝမ္' ဆိုသည့္မ်ိဳးရိုးနာမည္ျဖင့္ အခန္းမွာထားေၾကာင္း ေျပာျပလိုက္ရာ ထိုစားပြဲထိုးေလးက သူ႔ကို ေခၚသြားေပးလာသည္။

တံခါးဖြင့္ဝင္လိုက္တာႏွင့္ အခန္းထဲတြင္ ဝမ္ေခ်ာင္ရဲ့ စက္ေသနတ္ပစ္ေနသံမ်ားကို ၾကားလိုက္ရေတာ့သည္။

ဝမ္ေခ်ာင္က ေပ်ာ္ေပ်ာ္ႀကီး သူ႔ကို ဆြဲေခၚ၍ မိတ္ဆက္ေပးလာသည္။ "ေကာ၊ ဒါက ရွဲ႕က်ဴရွင္း။ ကၽြန္ေတာ္တို႔အကုန္ ေရွာင္ရွဲ႕လို႔ ေခၚၾကတယ္။ ဒါက ငါ့ရဲ့အာ့ေကာ"

ရွဲ႕က်ဴရွင္း ႏွုတ္ဆက္လိုက္သည္။ "အာ့ေကာ"

ဝမ္က်င္းကလည္း သူ႔ကို ယဥ္ယဥ္ေက်းေက်း ျပန္ႏွုတ္ဆက္ရင္း ခ်ီးက်ဴးလာသည္။ "ဝမ္ေခ်ာင္ထက္ အမ်ားႀကီး ပိုေလးေလးနက္နက္ရွိတယ္။"

ဝမ္ေခ်ာင္က စိတ္မတိုသြားသည့္အျပင္ သေဘာတူျပလိုက္ေသးသည္။ "ေရွာင္ရွဲ႕က တကယ္ေကာင္းတာ၊ ကၽြန္ေတာ္တို႔က အရမ္းရင္းႏွီးတယ္။"

ရွဲ႕က်ဴရွင္းက ထမင္းစားဝိုင္းတြင္ စကားေျပာဆိုရတာ မႀကိဳက္တာမို႔ ေဘးတြင္ထိုင္ရင္းသာ သူတို႔ညီအစ္ကိုႏွစ္ေယာက္ စကားေျပာတာကို နားေထာင္ေနလိုက္သည္။

ဝမ္ေခ်ာင္ကေတာ့ ေရွာင္ရွဲ႕က ဒီမွာလည္း ေတာ္တယ္၊ ဟိုမွာလည္း ေတာ္တယ္ စသည္ျဖင့္ ဆက္လက္ခ်ီးက်ဴးလို႔ေနၿပီး သီခ်င္းဆို၊ ေလ့က်င့္ရတဲ့အခ်ိန္ကာလက ဘယ္ေလာက္ထိ ပင္ပန္းခက္ခဲလွေၾကာင္းဆိုတာကိုလည္း ေျပာျပေနေလသည္။

ဝမ္က်င္းက သူ႔ကို မ်က္လုံးေမွးက်ဥ္းၾကည့္ၿပီး ေျပာလာသည္။ "ပင္ပန္းခက္ခဲတယ္? ဒါဆို ေလ့က်င့္ေရးကာလပိုင္းအတြင္း မင္း ဘားအခန္းငွါးသြားတယ္ဆိုတဲ့သတင္းကို အစ္ကိုႀကီးဆီကေန ဘာလို႔ ျပန္ၾကားလိုက္ရတာလဲ။ မင္းရဲ့ေက်ာက္ကပ္မွာ ေက်ာက္တည္တာ ေပ်ာက္ၿပီမလို႔လား။"

ဝမ္ေခ်ာင္ : "..."

ဝမ္ေခ်ာင္မွာ အျပစ္ရွိသလိုခံစားခ်က္ႏွင့္ မေက်မနပ္လည္းျဖစ္သြားသည္။ "ခင္ဗ်ားတို႔ႏွစ္ေယာက္ ကၽြန္ေတာ့္ရဲ့အတြင္းေရးကိစၥကို နည္းနည္း ေလးစားေပးလို႔ မရဘူးလား။"

ဝမ္က်င္း ေျပာလာသည္။ "ငါတို႔က မင္းကို ဘယ္နားမ်ား မေလးစားေနလို႔လဲ။ မင္းက သူ႔ကတ္ကို သုံးသြားတာေလ။ အေသးစိတ္အခ်က္အလက္ေတြက ေဘရွင္းဖို႔ လာေပၚလာေပါ့။"

ဝမ္ေခ်ာင္မွာ ရွဲ႕က်ဴရွင္းက ေဘးတြင္ထိုင္လ်က္ရွိေနတာမို႔ ပိုလို႔ရွက္သြားၿပီး က်ယ္က်ယ္ေလာင္ေလာင္ေျပာေတာ့သည္။ "ကၽြန္ေတာ္နဲ႔ စာရင္းရွင္းခ်င္ေနၿပီေပါ့၊ ဟုတ္လား။ ကၽြန္ေတာ္ ပြဲဦးထြက္ၿပီး ပိုက္ဆံရွာနိုင္တဲ့အထိပဲ ေစာင့္။ အဲ့ကတ္ထဲက ပိုက္ဆံ တစ္ျပားမွ မသုံးေတာ့ဘူး။"

ဝမ္က်င္းက သူ႔ဟိတ္ဟန္ထုတ္မွုကို ဖ်က္ဆီးခ်လိုက္သည္။ "ေလႀကီးေလက်ယ္ေတြ မေျပာစမ္းပါနဲ႔။ ပြဲဦးထြက္ၿပီးတာနဲ႔ ပိုက္ဆံရမယ္? လူေတြ တစ္ေန႔တစ္ေန႔ ပိုက္ဆံရွာဖို႔ ေျပးလႊားေနရတဲ့အခ်ိန္ မင္းက ေန႔တိုင္း ကိုယ္ဟန္ျပေမာ္ဒယ္ေတြေပၚ ပိုက္ဆံပုံေပးေနတာ၊ မရွက္တတ္ဘူးလား။"

ဝမ္ေခ်ာင္ ျပန္ပက္၏။ "ေမာ္ဒယ္ေတြနဲ႔ အိပ္ေတာ့ဘာျဖစ္လဲ။ ကၽြန္ေတာ္ကျဖင့္ အသက္ ၂၀ ေက်ာ္ေနၿပီ။ အဲ့လိုမွ မအိပ္ရင္ မြန္းၾကပ္ေနမွာေပါ့။ ၿပီးေတာ့ ကၽြန္ေတာ္က တကယ့္ အားေကာင္းေမာင္းသန္ျမင္းႀကီးေလ။"

[T/N : stud - ကာမစြမ္းအားထက္သန္ေသာ လူငယ္]

ဝမ္က်င္း : "..."

ရွဲ႕က်ဴရွင္း : "..."

တကယ့္အားေကာင္းေမာင္းသန္ျမင္းဆိုသူက ရွဲ႕က်ဴရွင္းကို လွမ္းတို႔၍ သူ႔တီရွပ္ကို လွန္ျပလာသည္။ "ငါ မင္းနဲ႔အတူ တိုက္ခန္းလိုက္ၾကည့္သင့္တာ။ အာ့ေကာ ငါ့ကို ဘယ္လိုဆြဲဆိတ္ထားလဲ မင္း ၾကည့္။"

သူ႔ခါးအထက္တြင္ ခရမ္းေရာင္သန္းေနတဲ့အမွတ္အသားႏွစ္ခုရွိေနၿပီး ေသခ်ာသေလာက္ ဆြဲဆိတ္ခံရျခင္းမွျဖစ္ေပသည္။

ရွဲ႕က်ဴရွင္း : "..." 'တာ့ေကာရဲ့ဂုဏ္သတင္းေတြကိုေတာ့ ၾကားဖူးတာ ၾကာၿပီဆိုေပမယ့္ အာ့ေကာကလည္း ထူးမျခားနားပါလား။'

"ငါ ပြဲဦးထြက္ရတာေတာ့မွာမို႔ မ်က္ႏွာလိုေနေသးတာ ကံေကာင္းတယ္။ မဟုတ္ရင္ တစ္ခ်ိန္လုံး ငါ့ပါးကိုပဲ လာဆြဲဆိတ္ေနတာ။"

ဝမ္ေခ်ာင္ သူ႔ညာဘက္ပါးကို ထိုးျပရင္း ဆက္ေျပာသည္။ "တစ္ႏွစ္တုန္းကလည္း ငါတို႔ ႏွစ္ကူးမက်င္းပခင္ေလ၊ သူ ငါ့ပါးကို အရာထင္တဲ့အထိ ဆြဲညႇစ္သြားတာ။ ငါ့မွာ အျပင္ေတာင္ ထြက္မေဆာ့နိုင္ဘူး။ ငါေျပာမယ္၊ သူကေလ လူတစ္ေယာက္ကို မ်က္ေတာင္ တစ္ခ်က္မခတ္ဘဲေတာင္ ဆြဲဆိတ္နိုင္တယ္။ သူ ဘယ္နားဆြဲဆိတ္ဆိတ္ နာေနတာ၊ ဘယ္ေလာက္ထိ အၾကမ္းပတမ္းနိုင္လဲဆိုတာ ေျပာမေနနဲ႔ေတာ့။"

ဝမ္က်င္း ဝင္ေျပာသည္။ "အဲ့ႏွစ္က ငါ မင္းကို ဘာလို႔ဆြဲဆိတ္တာလဲဆိုတာက် ေရွာင္ရွဲ႕ကို မေျပာျပဘူးေပါ့? ငါ မီးအိမ္ေတြခ်ိတ္ၿပီး လၽွပ္စစ္ႀကိဳးသြယ္ၿပီးတာနဲ႔ မင္း မီးပန္းေတြ ထေဖာက္တယ္ေလ။ တစ္အိမ္လုံး မီးႀကိဳးေတြပ်က္ၿပီး ႏွစ္ကူးႀကိဳဆိုပြဲေတာင္ ငါတို႔ မၾကည့္လိုက္ရဘူး။"

"အခုေခတ္ႀကီးမွာ ဘယ္သူကေရာ ႏွစ္ကူးႀကိဳဆိုပြဲအစီအစဥ္ကို ၾကည့္ၾကေသးလို႔လဲ။ သူတို႔ျပတာဆိုလို႔ ႐ူးေၾကာင္ေၾကာင္ ၿပိဳင္ပြဲေတြနဲ႔ မိုက္မဖြင့္ဘဲ ႏွုတ္ခမ္းလွုပ္႐ုံသီခ်င္းဆိုျပတာေတြပဲမလား။"

တံခါးဖြင့္ကာ ဝင္လာတဲ့လ်န္ရွီမွာ ထိုစကားေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားသည္။ "ဘယ္သူက ႏွုတ္ခမ္းလွုပ္႐ုံသီခ်င္းဆိုတယ္လို႔ ေျပာလိုက္တာလဲ။"

ဝမ္ေခ်ာင္ : "..."

ရွဲ႕က်ဴရွင္း ႐ုတ္တရက္ အမွတ္ရသြားသည္ — လြန္ခဲ့ေသာႏွစ္၊ ႏွစ္ကူးႀကိဳဆိုပြဲအစီအစဥ္တြင္ လ်န္-ေလာင္ရွီးက သီခ်င္းတစ္ပုဒ္ကို ႏွုတ္ခမ္းလွုပ္႐ုံမၽွသာ ဆိုျပခဲ့သည္။

KittyKitling

Continue Reading

You'll Also Like

214K 23.8K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
3.5M 281K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
273K 19.6K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
2.7M 72.9K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...