Hello...ပြောရမယ်ဆိုရင် ဘာထွေထွေထူးထူးမှတော့မဟုတ်ပါဘူး။ အခုဆို FTF က ပြီးဖို့ အပိုင်း 60 ကျော်လောက်ပဲလိုတော့တာလေ၊ ဆိုတော့ ပြီးသွားရင် စာပြန်စစ်မှာမလို့ unpublish လုပ်မယ်ဆိုတဲ့အကြောင်းကို အသိပေးချင်တာပါ။ စာပြင်တာကလည်း အကုန်လုံးကိုပြင်မှာမဟုတ်ပါဘူး၊ စာလုံးပေါင်းတွေ၊ နာမ်စားတွေ၊ အသုံးနှုန်းတွေမှားနေတဲ့၊ အိုင် သိပ်စိတ်တိုင်းမကျတဲ့အရေးအသားတွေအများဆုံးဖြစ်နေတဲ့ ရှေ့က အပိုင်း 50,60 လောက်ကိုပဲ အဓိကပြင်ချင်တာပါ။ အဲ့နောက်ပိုင်းတွေကကျ ရှေ့ကထက် သေချာစစ်ပြီးမှ တင်ထားတာမလို့ မျက်စိရှမ်းတာကလွဲရင် သတ်ပုံအမှားက မပါလောက်တာမလို့ မပြင်တော့ပါဘူး။ ဒါပေမဲ့ မသေချာပါဘူး၊ ပြီးသွားရင်တော့ စိတ်က ပြောင်းနိုင်တာမလို့ နောက်ပိုင်းတွေလည်း ပြင်ရင်ပြင်ဖြစ်သွားမှာပါ။
အဲ့တာကြောင့် ဖတ်ဖို့ဥထားတဲ့လူတွေက တင်ပြီးတဲ့အထိမဖတ်ချင်ရင်တောင်မှ un မယ်ပြောထားတဲ့ရှေ့ကအပိုင်းတွေကို FTF မပြီးခင်မှာ ဖတ်ထားစေချင်ပါတယ်။ အသိတွေထဲမှာ ဖတ်ဖို့ဥထားတဲ့လူတွေရှိရင်လည်း လက်တို့ပြီး အသိပေးလိုက်ကြပါဦးနော်။
Unpublish လုပ်မယ်လို့ပြောလို့ အရမ်းအလောကြီးပြုံဖတ်စရာလည်း မလိုပါဘူးနော်။ အခုတလော အိုင်လည်း မအားတာမလို့ ဖြေးဖြေးချင်း အေးဆေးဖတ်လို့ရပါတယ်။ 3-4 လလောက် အချိန်ရပါတယ်။ FTF က ဖြေးဖြေးချင်း အချိန်ယူဖတ်ရတဲ့ဟာမလို့ အေးအေးဆေးဆေးဖတ်လို့ရအောင်လို့လည်း အိုင်က အစောကြီး ကြိုအသိပေးထားတာပါ။
************************************
************************************