Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

10

2.2K 474 73
By callme__kitty

[Unicode]

'မင်းကတော့ ငါ့ကို စိတ်ရှုပ်လို့မရဘူးလေ'

ကြည့်ရတာ ပြဿနာ မတက်ချင်၍ဖြစ်နိုင်သည်၊ ထိုအချိန်မှစပြီး ဖန်းကျဲမှ ထပ်ပြီး အကွက်ရွေ့တာမျိုး လုပ်မလာတော့။

သူတို့ခြောက်ယောက်လည်း နေ့တိုင်း အလုပ်ရှုပ်နေရင်း အချိန်များက စီးဆင်းနေတဲ့ရေလို ကုန်ဆုံးသွားရပြီး မသိလိုက်ခင်မှာပဲ လေ့ကျင့်ရေးသင်တန်း ဆုံးခန်းတိုင်ချိန်သို့ ရောက်လို့လာခဲ့ပြီ။

ဩဂုတ်လ ၁၆ရက်နေ့က အတန်းချိန်တွေအကုန်လုံး ည ၁၀ နာရီတွင် ပြီးဆုံးလို့သွားခဲ့ပြီး သူတို့လည်း ပင်ပင်ပန်းပန်းနှင့် အဆောင်သို့ ပြန်လိုက်ကြသည်။

ဝမ်ချောင်နှင့်ရှဲ့ကျူးရှင်းရဲ့အခန်းက ဧည့်ခန်းနှင့်အနီးဆုံးတွင် ရှိနေတာဖြစ်ပြီး ဝမ်ချောင်က အရင်ဝင်သွားကာ ရှဲ့ကျူရှင်းက အနောက်မှ လိုက်ဝင်ဖို့ လုပ်လိုက်သည်။ သို့ပေမယ့် ကျိကျဲနှင့် ချန်းယောင့်က သူ့ကို အနောက်မှ လှမ်းခေါ်လို့လာသည်။ "ကော၊ ကျွန်တော်တို့အခန်းထဲ ခဏလာခဲ့လို့ရမလား။ ကောကို ပြောပြချင်တဲ့ကိစ္စလေးရှိလို့။"

ရှဲ့ကျူရှင်း ပြန်ပြောလိုက်သည်။ "ရတယ်လေ၊ ဖုန်းအားသွင်းပြီးတာနဲ့ လာခဲ့မယ်။"

သူ အခန်းထဲ ဝင်သွားကာ ဖုန်းအားသွင်းဖို့ လုပ်လိုက်သည်။ ဝမ်ချောင်က အပြင်မှ စကားသံတွေကို မကြားလိုက်တာမို့ မေးလာသည်။ "အခုဘယ်သွားမလို့လဲ။"

ရှဲ့ကျူရှင်း အကြောင်းအရင်းတစ်ဝက်မျှသာ ပြောပြလိုက်သည်။ "ချန်းယောင့်က ငါ့ကို မေးစရာလေး ရှိလို့တဲ့။ မင်းဘာသာ နံရံကပ်ပြီး ခဏလောက် ရပ်ထားနှင့်။"

ဝမ်ချောင်တွင် ချန်းယောင့်နှင့်ပတ်သတ်ပြီး မကျေမနပ်ဖြစ်ရတာမျိုး မရှိတာမို့ ပြန်ပြောလာသည်။ "ဒါဆိုလည်း မင်း မြန်မြန်သွားလေ၊ ငါ တစ်ယောက်တည်း ရပ်နေရတာ ပျင်းဖို့ကောင်းတယ်။"

ရှဲ့ကျူရှင်း ကျိကျဲနှင့် ချန်းယောင့်တို့အခန်းထဲ သွားလိုက်သည်။ သူတို့နှစ်ယောက်က သူ့ကို သင်တန်းကာလပြီးသွားလျှင် ဘယ်မှာနေမလဲဟု မေးချင်နေခဲ့တာဖြစ်သည်။

"ကျွန်တော် ဒီကို မလာခင် ငှါးဖူးတဲ့အခန်းကလည်း သက်တမ်းကုန်တော့မယ်။" ကျိကျဲပြောလာသည်။ "ကျွန်တော်က နေ့ချင်းညချင်း ပြောင်းလာရတာဆိုတော့ မနက်ဖြန် သင်တန်းကာလပြီးတာနဲ့ နေဖို့နေရာအသစ်ရှာရတော့မှာ။ အဲ့တာက အလုပ်ရှုပ်ရမယ်လို့ ကျွန်တော် တွေးမိတာနဲ့ ဒီမှာပဲ ဆက်နေဖြစ်ရင် မကောင်းဘူးလားပေါ့။ ကျွန်တော်လည်း ဟိုရွေ့ဒီရွေ့ လုပ်စရာ မလိုတော့ဘူးလေ။ မနက်ဖြန်ကျရင် ကျွန်တော် ခွန်း-ကောကို သွားမေးပြီး အခန်းငှါးခက ဘယ်လိုရှိလဲ မေးမလို့။ ချန်းယောင့်ကလည်း နေဖို့နေရာ မရှိသေးဘူးဆိုတော့ ကျွန်တော်နဲ့အတူ နေလို့ရတယ်လေ။ ဒါပေမယ့် ပြဿနာက အခန်းတစ်ခန်းက လွတ်နေမှာ။ အဲ့ဒါ ကျွန်တော်တို့ ဒီတိုင်း ထားရင် ဖြုန်းရာကျမယ်ဆိုပြီး ကျွန်တော် တွေးမိနေတာ။"

သူပြောချင်သည်က ရှဲ့ကျူရှင်းကိုပါ သူတို့နှင့်အတူ အခန်းငှါးနေစေလိုခြင်းဖြစ်သည်။

ရှဲ့ကျူရှင်းက သူတို့နှင့်အတူ နေချင်စိတ် မရှိ။ "ငါ ငှါးထားတဲ့တိုက်ခန်းက ၆ လ သက်တမ်းမှာ သုံးလကျော်တောင် ကျန်နေသေးတယ်။ စီ့ယွမ်က တျန်းတုန်းယွမ်ကမလား။ ငါ့အထင်တော့ သူက အိမ်ပြန်ပြီးနေလောက်မယ်။ မင်းတို့ ရှောင်မူကို မေးပြီးပြီလား။"

"ယန်ရှောင်းမူက သူ့အစ်ကိုဝမ်းကွဲနဲ့ အတူနေမှာမို့ မပြောင်းလာချင်ဘူးတဲ့။" ကျိကျဲ ပြန်ဖြေသည်။

"မနက်ဖြန် ခွန်းကောကို အခြေအနေတစ်ချက် မေးကြည့်လေ။ မဟုတ်ရင်လည်း မင်းနဲ့ ချန်းယောင့်ပဲ အတူနေလိုက်လေ။ ငှါးခက အဲ့လောက် စျေးမကြီးပါဘူး၊ နှစ်ယောက်နေတာနဲ့ သုံးယောက်နေရတာ ကွာခြားချက် သိပ်မကြီးလောက်ဘူး။ အဲ့အခန်းကို ဒီတိုင်းပဲ အလွတ်ထားလိုက်ပါလား။"

ကျိကျဲက ထိုအခန်းကို အလွတ် မထားချင်တာ သိသာလှပေမယ့် ဘာမှ ထပ်မပြောလာတော့။

ထိုအစား ဘေးတွင် ဖုန်းသုံးလျက်ရှိနေသည့်ချန်းယောင့်က ဖြတ်ပြောသည်။ "ကျွန်တော်လည်း အခန်းလွတ်အတိုင်းထားတာ ပိုကောင်းမယ်လို့ တွေးထားတာ။ နှစ်ယောက်ခန်းနဲ့ သုံးယောက်ခန်းအကြား ကွာခြားချက်က ယွမ်တစ်ရာ၊ နှစ်ရာလောက်ပဲလေ။ ကျွန်တော်တို့ နှစ်ယောက်သာ ခွဲပေးလိုက်ရင် ကွာခြားချက် သိပ်ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ပြဿနာက ရှောင်ကျိ-ကောရဲ့အိမ်အခြေအနေက .."

"ထပ်မပြောနဲ့တော့။" ကျိကျဲပြောလာသည်။

ထို့နောက်မှာတော့ ချန်းယောင့်လည်း အသံတိတ်လို့သွားသည်။

"ကျိကျဲ၊ အိမ်မှာ ဘာဖြစ်ထားလို့လဲ။ ငါ ကူညီနိုင်တာ ရှိမယ်ဆို ပြောသာပြော၊ မရှက်နေနဲ့။" ရှဲ့ကျူရှင်း ပြောလိုက်သည်။

ဝမ်ချောင်က အခန်းထဲ ဖုန်းသုံးရင်း ရှဲ့ကျူရှင်းကို စောင့်နေသည်။ ရှဲ့ကျူရှင်း စောင့်ကြည့်မနေဘဲနှင့်တော့ သူ အလုပ်ရှုပ်ခံပြီး နံရံမှီကာ ဆယ်ငါးမိနစ် ရပ်နေမှာ မဟုတ်။

လဝက်ကျော်မျှ မတ်တပ်ရပ်လေ့ကျင့်ပြီးနောက် ရလဒ်များက မြင်သာနေခဲ့ပြီးဖြစ်သည်။ ဖန်းကျဲနှင့် မစ္စ လီ မှ သူ့ကို အရင်ကထက် ပိုတော်လာတယ်ဟု ချီးကျူလာသည့်အပြင် သွမ့်ယိခွန်းကပါ သူ့ကို တိုးတက်လာတယ်ဟု ပြောလာသည်။

အချိန်အတော်ကြာ စောင့်နေပေမယ့် ရှဲ့ကျူရှင်း ပြန်လာတာကို မမြင်ရမှ ချန်းယောင့်က ရှဲ့ကျူရှင်းကို သူ့အခန်းထဲ စကားပြောဖို့ခေါ်တာဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။ 'ချန်းယောင့်က ကျိကျဲနဲ့ တစ်ခန်းတည်းအတူနေတာမလား။'

ဝမ်ချောင် ချက်ချင်းဆိုသလို စိတ်အခြေအနေဆိုးရွားသွားရသည်။ သူ ဂရုတစိုက်မရှိနေသည့်အချိန် ရှဲ့ကျူရှင်းနှင့် ကျိကျဲ သူ့နောက်ကွယ်မှာ စကားတပြောပြော လုပ်နေတာလည်း အကြိမ်ရေမနည်းလှ။ သူက ကျိကျဲကို သူ့ရန်သူတော်အဖြစ်သတ်မှတ်ထားပြီး ရှောင်ရှဲ့ကိုတော့ ဘက်တော်သားဟု သဘောထားတာဖြစ်သည်။ သူငယ်ချင်းရဲ့ရန်သူဆိုမှတော့ သူ့ကိုယ်ပိုင်ရန်သူဖြစ်သင့်နေတာ မဟုတ်ဘူးလား။ ဘာလို့ ရှောင်ရှဲ့က ဒီအခြေခံသဘောတရားတောင် နားမလည်ရတာလဲ။ ဘာလို့ ကျိကျဲဆီပဲ ခဏခဏသွားနေရတာလဲ။ သူ့ကို စိတ်တိုသေအောင်လို့လား။

သူဆိုတာ ဒေါသကို ချုပ်တည်းတတ်သူ မဟုတ်တာမို့ ချက်ချင်း သူတို့အခန်းရှိရာသို့ အပြေးသွားတော့သည်။

အခန်းတံခါးက ပိတ်ထားတာမို့ သူ မေးမြန်းခြင်းတောင် မရှိ၊ တွန်းဖွင့်ဝင်သွားပြီး အကြမ်းပတမ်း အော်ဟစ်လိုက်လေသည်။ "ရှဲ့ကျူရှင်း!"

ထို့နောက်မှာတော့ သူ ကြောင်အသွားရသည်။ "မင်း အခု ဘာလုပ်နေတာလဲ။"

အခန်းထဲတွင် လူသုံးယောက် ရှိနေပြီး ချန်းယော့က ဖုန်းဆော့လျက် အဝေးတစ်နေရာတွင် ထိုင်နေကာ ပွဲကြည့်ပရိသတ်တစ်ယောက်လိုတောင် ဖြစ်နေသည်။ ကျန်နှစ်ယောက်ကတော့ ကုတင်ပေါ်တွင် ထိုင်လျက် ကျိကျဲက ခေါင်းငုံ့ရင်း အလွန်အမင်း ဝမ်းနည်းနေပုံပေါ်ကာ ရှဲ့ကျူရှင်းက သူ့ပခုံပေါ် လက်တင်ထားပြီး အမူအရာကလည်း ညင်သာမှုအပြည့်ဖြစ်နေသည်။

ဝမ်ချောင်မှာ အရမ်းဒေါသထွက်သွားရပြီး ပါးစပ်ဖွင့်ဟကာ စက်သေနတ် စပစ်တော့သည်။ "နေ့တစ်ဝက်ကျော်တာတောင် ဘာလို့ပြန်မလာသေးတာပါလဲလို့ ငါကတွေးနေတာ မင်းကတော့ ဒီမှာ လူပျိုလှည့်နေတာပေါ့လေ။"

ရှဲ့ကျူရှင်း သူ့လက်ကို ပြန်ချရင်း မျက်မှောင်ကြုတ်သွားသည်။ "မင်း ဘာတွေလာပြောနေတာလဲ။ ဆယ့်ငါးမိနစ်ရော ရပ်ပြီးပြီလား။"

ဝမ်ချောင်မှာ ပိုလို့ဒေါသထွက်သွားရသည်။ 'ကောင်းလိုက်တာ၊ ရှောင်းရှဲ့။ အခြားလူတွေ အရှေ့မှာမှ သူ့ကို လာငေါက်တယ်ပေါ့။ ပိုစိတ်ဆိုးသွားတာနှင့် သူ မဟုတ်တရုတ်တွေ စပြောလာတော့သည်။ "ဘာကို ရပ်ရမှာလဲ။ ငါက အဲ့မှာရပ်ပြီး မင်းတို့ အီစီကလီတာကို ကြည့်နေရမှာလား။"

ရှဲ့ကျူရှင်း ပြောလိုက်သည်။ "ပြဿနာ မရှာနဲ့တော့။ မြန်မြန်ပြန်သွား။ ငါ ကျိကျဲနဲ့ စကားနည်းနည်းပြောပြီး ပြန်လာခဲ့မယ်။"

ဝမ်ချောင် ကျိကျဲကို လှမ်းကြည့်လိုက်ချိန် ကျိကျဲကလည်း သူ့ကို ကြည့်လို့နေ၏။

အကြည့်ချင်းဆုံသွားတာနှင့် နှစ်ယောက်သား မီးတောက်မီးလျှံများ ပစ်လွှတ်ကြတော့သည်။ "ဘာကြည့်တာလဲ။"

ကျိကျဲ : "..."

ပုံမှန်ဆို ဒီလိုအချိန်မျိုးတွင် တစ်မျိုးတစ်ဖုံ ပြန်ပြောလေ့ရှိပေမယ့် ဒီနေ့တော့ သူ အဲ့လိုစိတ်အခြေအနေတွင် ရှိမနေတာကြောင့် ဘာမှပြန်မပြောဖြစ်ခဲ့။

ဝမ်ချောင်ကတော့ ဆက်လက်သောင်းကျန်းပြောဆိုနေသည်။  "ရှောင်ရှဲ့ဆီ ဘာလို့ သွားငိုနေတာလဲ။ လာ၊ လာ၊ ပါ့ပါးဆီ လာငို။ ပါ့ပါးက မင်းကို ချော့ပေးမယ်။"

ကျိကျဲရဲ့မျက်နှာက ထိုစကားကို ကြားလိုက်တာနှင့် အရောင်ဖျော့တော့သွားတော့သည်။

ရှဲ့ကျူရှင်း လှမ်းငေါက်လိုက်သည်။ "ဝမ်ချောင်! မပြောနဲ့တော့! မြန်မြန် အခန်းထဲပြန်!"

ဝမ်ချောင် ဒေါသတကြီးပြန်ပြောလေသည်။ "မင်း အခု ငါ့ကို ဘယ်လိုပြောနေတာလဲ။"

ကျိကျဲ ဝုန်းကနဲ ထရပ်လာသည်။ "မင်း ခုနက ဘာပြောလိုက်တယ်?"

ဝမ်ချောင်က ရှဲ့ကျူရှင်းကြောင့်နှင့် အလွန်အမင်းဒေါသထွက်နေတာမို့ စိတ်မရှည်သလို ပြန်ဖြေလိုက်သည်။ "ဘယ်သူက မင်းကို စကားပြောနေလဲ။"

ကျိကျဲက သူ့အနားသို့ လျှောက်သွား၏။ "မင်းက ဘယ်သူ့ရဲ့အဖေ ဖြစ်ပေးမှာ?"

ရှဲ့ကျူရှင်း ကျိကျဲကို အလျင်အမြန် ဆွဲထိန်းရင်း ပြောလိုက်သည်။ "ကျိကျဲ၊ မင်း သူနဲ့ ဖက်ပြောမနေနဲ့။"

"ရှဲ့ကျူရှင်း! ငါနဲ့ ဖက်မပြောနဲ့ဆိုတာ ဘာသဘောလဲ!" ဝမ်ချောင် အော်ပြောလာသည်။

ရှဲ့ကျူရှင်း ပြန်ပြောလိုက်သည်။ "မင်း စကား ဆက်ပြောနေတုန်းလား!"

ကျိကျဲမှ ထပ်ဝင်ပြောသည်။ "မင်း ငါ့ကို သေချာပြောစမ်းပါ၊ ဘယ်သူ့ရဲ့အဖေဖြစ်ပေးမယ် ပြောနေတာလဲ!"

ဝမ်ချောင် ရှဲ့ကျူရှင်းကို ပြောလိုက်သည်။ "မင်းက ဘယ်သူ့ဘက်ကလဲ။"

"မင်း သူ့စကားကို အလေးအနက်ထားမနေနဲ့။ သူ ပါးစပ်ဟလိုက်တာနဲ့ ထွက်သမျှက မဟုတ်တမ်းတရားတွေချည်းပဲ။"

"မင်းက ဘယ်သူ့ဘက်ပါနေတာလဲလို့!!"

ကျိကျဲ ရှဲ့ကျူရှင်း ချုပ်ထားတဲ့ကြားမှ ရုန်းမထွက်နိုင်တာမို့ ပြောလိုက်လေသည်။ "မင်း ဒီလာခဲ့!"

"မင်း ငါ့ကို လာဖို့ခေါ်တာနဲ့ ငါက လာမယ်ထင်နေတာလား။ မင်းကိုယ်မင်း ဘယ်သူထင်နေလဲ!"

"ဆက်မပြောနဲ့တော့!"

"မင်းက သောက်ကျိုးနည်း ဘယ်သူ့ဘက်က ပါနေတာလဲ!"

ကျိကျဲ ပြောလာတယ်။ "မင်း သတ္တိရှိရင် လာခဲ့စမ်းပါ။"

"လာဆိုတော့လည်း လာတာပေါ့!"

ရှဲ့ကျူရှင်း ဝင်ပြောရတော့သည်။ "ဘာကို လာမှာလဲ! အခန်းထဲ ပြန်လစ်စမ်း!"

ဝမ်ချောင် : "..."

ရှဲ့ကျူရှင်း : "..."

ဖရဲသီးစေ့ စား ပွဲကြည့်နေတဲ့ ချန်းယောင့် : "..."

ကျိကျဲ ထပ်ပြောပြန်သည်။ "ဒီလာခဲ့စမ်းပါ!"

ဝမ်ချောင် ဒေါသတကြီး လျှောက်လာပေမယ့် ရှဲ့ကျူရှင်းကတော့ ကျိကျဲကို ဘေးဖယ်ထုတ်ကာ သူ့ကို တားထားရင်း ပြောလိုက်သည်။ "သွား၊ မင်း ငါနဲ့ ပြန်လိုက်ခဲ့။"

ဝမ်ချောင် သူ့ဘက် လှည့်ကြည့်ပြီး ပြောလေသည်။ "မင်းက ဘာကောင်မို့လို့လဲ။ ဖယ်စမ်း!"

ရှဲ့ကျူရှင်း ဘာမှပြန်မပြောနိုင်သေးခင်မှာပဲ ကျိကျဲက အနောက်မှ တဟုန်ထိုးရောက်လို့လာသည်။ သူ အလျင်အမြန် ကျိကျဲကို ပြန်တားဖို့ လုပ်လိုက်ပေမယ့် ဒီတစ်ကြိမ်မှာတော့ နှစ်ယောက်လုံးက မွှန်ထွန်နေတာမို့ သူ တတ်နိုင်တာ ဘာမှမရှိတော့။

ဝမ်ချောင်နှင့် ကျိကျဲက တစ်ယောက်ကိုတစ်ယောက် အကြိမ်ရေ အနည်းငယ်မျှ ထိုးကြိတ်လိုက်ကြသည်။

ရှဲ့ကျူရှင်းက ဝမ်ချောင်ကို ခါးမှ ဆွဲဖက်ထားရင်း အနောက်သို့ တရွတ်တိုက်ခေါ်သွားပြီး ချန်းယောင့်ကို အော်ပြောလိုက်လေသည်။ "ဘာကြောင်ကြည့်နေတာလဲ!"

ချန်းယောင့် ခဏမျှ ကြောင်အနေပြီး အသိဝင်လာတော့သည်။ သူ ကျိကျဲကို အပြေးသွားဆွဲပေမယ့် အားချင်းက မမျှလှ။ သူ့မှာ ထိန်းမထားနိုင်သည့်အပြင် တစ်ဖက်ကိုတောင် လှဲကျသွားမတတ် တွန်းထိုးခြင်း ခံလိုက်ရလေသည်။ ကျိကျဲက ထိုအဖြစ်ကိုလည်း ဂရုစိုက်မနေပဲ ဝမ်ချောင့်ထံကိုသာ အပြေးသွားပြီး ပိတ်ကန်တော့သည်။

ဝမ်ချောင့်မှာ ရှဲ့ကျူရှင်း ထိန်းထားတာမို့ သူ့ကို ဘာမှ ပြန်မလုပ်လိုက်နိုင်။ သူ အကန်ခံရပြီးနောက် ရှဲ့ကျူရှင်းကို ဒေါသတကြီး အော်ပြောတော့သည်။ "ငါလူး! မင်းပါ့ပါးကို အပြင်လူလာကန်တာ မင်းက ကူညီပေးရဲတယ်ပေါ့!"

ရှဲ့ကျူရှင်းမှာ သူ့ကို ရှင်းပြဖို့အချိန် မရှိ။ ကျိကျဲ စိတ်မလျော့သေးတာကို မြင်လိုက်ရတာမို့ သူ ဝမ်ချောင့်ကိုသာ အနောက်ပို့ပြီး ကာထားလိုက်ရတော့သည်။

ကန်ကျောက်ပြီးနောက် ကျိကျဲရဲ့မျက်ဝန်းများက နီရဲလာချိန် ဝမ်ချောင်ကတော့ ထိုကန်ချက်အတွက် ဆဲဆိုနေဆဲဖြစ်သည်။

ရှဲ့ကျူရှင်းအနေနှင့် သူ စိတ်ငြိမ်သွားအောင် ပြောပေးလို့ရတာ ဘာမှ မရှိနေ။ သူ အခု ပြောသမျှအရာရာတိုင်းက မီးထဲ ဓာတ်ဆီလောင်းသလိုဖြစ်နေမှာမို့ အလယ်ထဲတွင် မားမားမတ်မတ်သာ ရပ်နေရတော့သည်။

ကောင်းစီ့ယွမ်နှင့် ယန်ရှောင်းမူက ဝရုန်းသုန်းကားအသံများကို ကြားပြီး နှစ်ယောက်ကို ဆွဲခွါရာတွင် လာကူလို့တော်ရော့သည်။

ရှဲ့ကျူရှင်းလည်း ဝမ်ချောင်ကို အပြင်ဆွဲထုတ်သွားလိုက်သည်။

ဝမ်ချောင် မထွက်သွားချင်တာမို့ အကြမ်းပတမ်းရုန်းကန်နေပေမယ့် အားချင်းမမျှလှတာမို့ သူ့ပါးစပ်ထဲ အဆဲများနှင့်သာ ပြည့်နှက်လာတော့သည်။ ကျိကျဲကို ဆဲလို့ဝသွားတာနှင့် သူ ရှဲ့ကျူရှင်းကို ဆဲရေးပြီး ထို့နောက်မှာတော့ သူတို့ကြားကိစ္စကို ဝင်စွက်ဖက်လာသည့် အခြားအဖွဲ့သားများကိုလည်း အော်ဟစ်လေသည်။

ရှဲ့ကျူရှင်း ဝမ်ချောင့်ကို အခန်းထဲဆွဲခေါ်သွားရင်း တံခါးကို ဘန်းကနဲ ကန်ပိတ်ပြီးနောက် သူ့နဖူးတွင် ချွေးများ ရွှဲစိုနေခဲ့ပြီဖြစ်၏။

ဝမ်ချောင်လည်း ပင်ပန်းမောဟိုက်နေသည်။ ရှဲ့ကျူရှင်း သူ့ကို လွှတ်ပေးလိုက်တာနှင့် သူ့မှာ ပြန်တိုက်ဖို့တောင် အင်အား မရှိတော့။ နေရာတွင် ရပ်လျက် အကန်ခံလိုက်ရသည့်ခါးနေရာကိုသာ ဖိထားရင်း ရှဲ့ကျူရှင်းကို စူးစူးရဲရဲစိုက်ကြည့်နေလေသည်။ အကယ်၍ အကြည့်များဖြင့်သာ ဓားပစ်လွှတ်လို့ရပါက ရှဲ့ကျူရှင်း အကြိမ်တစ်ထောင်လောက် အထိုးခံရပြီးဖြစ်လောက်သည်။

".. သူ မင်းကို ကန်လိုက်တုန်းက နာသွားတာလား။"

ဝမ်ချောင် ချက်ချင်းဆိုသလို သူ မတရားခံရသကဲ့သို့ ခံစားသွားရပြီး စူးစိုက်မကြည့်နေတော့ဘဲ မျက်နှာကို တစ်ဖက်လွှဲထားလိုက်သည်။ "မနာဘူး!"

"မနာရင်လည်း ဘာလို့ဖိကိုင်ထားသေးလဲ။"

ဝမ်ချောင် အေးစက်စက်ပြောလိုက်သည်။ "မင်းအပူပါလား။ မင်းပဲ ခုနတုန်းက ငါ့ကို လစ်တော့လို့ ပြောတာမလား။"

သူ့မှာ အရှုံးခံလိုက်ရတာ ပိုများသလိုလည်း ခံစားသွားရသည်။ သူ ကျိကျဲကို တစ်ချက်လောက်တော့ ပြန်ကန်ချင်တာမို့ တံခါးကို ဒေါသတကြီး ဆောင့်ဖွင့်ဖို့ လုပ်လိုက်ပေမယ့် ရှဲ့ကျူရှင်းက အလျင်စလို ရောက်လာပြီး သူ့ကို တားထားသည်။ "သွားပြီး ပြဿနာ ထပ်မရှာနဲ့တော့။ အခုလုပ်ထားတာတောင် များလှပြီ။"

ဝမ်ချောင် ပိုလို့ဒေါသထွက်သွားရသည်။ "ငါက ဘယ်နားမှာ ဘာများလုပ်မိလို့လဲ။ အရင်စလုပ်တာ ငါလား။ အသက်ငယ်ငယ်လေးနဲ့ မင်း ကန်းသွားပြီလား!"

"မင်းသာ သူများရဲ့အဖေဖြစ်ပေးမယ်လို့ သွားမပြောရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူး။"

ဝမ်ချောင်အနေနှင့် ထိုအရာက ဆဲရေးဖို့အတွက် အသုံးပြုတဲ့စကားဟုသာ သတ်မှတ်ထားတာမို့ စဉ်းစားနေခြင်း မရှိဘဲ ကျယ်ကျယ်လောင်လောင် ထပ်ဆဲရေးတော့သည်။ "သူ့ကိုလား! ဒီပါ့ပါးရဲ့သားဖြစ်ချင်တယ်လို့ လာပြောရင်တောင် ဒီပါ့ပါးက လက်မခံဘူးကွ!"

ရှဲ့ကျူရှင်း မျက်နှာတည်ဖြင့်ပြောလာသည်။ "မင်း ဆက်ပြောနေလိုက်။ ကျိကျဲမှာ အဖေ မရှိဘူး။"

"..."

ကျိကျဲအဖေက သူ ငယ်ငယ်လေးကတည်းက ဆုံးသွားတာဖြစ်ပြီး ထို့နောက်တွင် သူ့အမေကလည်း နောက်ယောက်ျားယူသွားကာ သူ့ကို ဂရုမစိုက်တော့။ သူက အဘိုးအဘွားများလက်ထဲ ကြီးပြင်းခဲ့ရတာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဘိုးကလည်း ဆုံးပါးသွားကာ အဘွားတစ်ယောက်သာ ကျန်ခဲ့တော့သည်။

"သူ့မိသားစုအခြေအနေက သိပ်မကောင်းဘူး။ သူ့အဘိုး ဆုံးသွားကတည်းက သူတစ်ယောက်တည်း ဖျော်ဖြေပွဲတွေ လုပ်ပြီး သူ့အဘွားနဲ့သူ့တစ်ကိုယ်စာအတွက် ထောက်ပံ့ရှာဖွေနေရတာ။" ရှဲ့ကျူရှင်း ပြောလာသည်။ "သူ့အဘွားမှာက သတိမေ့ရောဂါရှိနေတယ်။ သူကလည်း နံဘေးမနေပေးနိုင်တာမို့ သူ့အဘွားနဲ့ တစ်နေကုန် နေပေးနိုင်တဲ့ စောင့်ရှောက်ပေးမယ့်သူကို ငှါးထားရသေးတယ်။ အဲ့တာက တော်တော်လေး စျေးကြီးတယ်ကြားတယ်။ သူ ငါ့ကို ခေါ်တဲ့အကြောင်းအရင်းက ဒီနေရာကို သူနဲ့အတူငှါးချင်လား မေးမလို့။ ဖြစ်နိုင်လို့ရှိရင် ပိုက်ဆံကို သူတတ်နိုင်သမျှ စုထားချင်လို့တဲ့။"

ဝမ်ချောင်မှာ နားထောင်ရင်း ကြောင်အသွားရသည်။ ဒေါသထွက်ဖို့နေနေသာသာ သူ့စကားပြောသံကအစ တိုးတိတ်လို့သွားလေသည်။ "ဒါဆို .. ဒါဆို အခု ဘယ်လိုလုပ်ရမလဲ။"

ရှဲ့ကျူရှင်းမှာ သူ ဒီလိုဖြစ်လာလိမ့်မယ်ဟု မျှော်လင့်ထားပြီးသားပင်။ "ငြိမ်ငြိမ်လေးနေပြီး အော်ဟစ်မနေနဲ့။ မင်းစိတ်ရင်း မဆိုးမှန်း သိတယ်၊ ဒါပေမယ့် မင်းရဲ့ပါးစပ်က လူတိုင်း မင်းကို စိတ်ရှုပ်သွားအောင် တကယ် လုပ်နိုင်တယ်။"

ဝမ်ချောင် ဘာမှ ထပ်မပြောလာ။ သူ သူ့ကုတင်ရှိရာဘက်ကို ငြိမ်ငြိမ်သက်သက်လျှောက်သွားပြီး ထိုင်ချလိုက်သည်။

ရှဲ့ကျူရှင်းလည်း အပြင်ဘက်တွင် ဘာအသံမှ မကြားရတော့တာမို့ ဒီညအတွက် ဤမျှနှင့်သာ ပြီးပြီဟု တွေးလိုက်မိတော့သည်။ ကျန်သေးတဲ့ကိစ္စကိုတော့ မနက်ဖြန် ကျိကျဲ ဒေါသပြေသွား​လောက်မှ သူတို့ ဝိုင်းရှင်းတာကောင်းလိမ့်မည်။

ဝမ်ချောင် ရုတ်တရက်ပြောလာသည်။ "အခြားလူတွေ ငါ့ကို စိတ်ရှုပ်လို့ ရပေမယ့် မင်းကတော့ မရဘူးလေ။"

ရှဲ့ကျူရှင်း သူ့ဆီ တစ်ချက်လှမ်းကြည့်လိုက်သည်။

ဝမ်ချောင်ကတော့ ခေါင်းမော့လာခြင်း မရှိ၊ အသံတိုးတိုးနှင့် ဆက်ရေရွတ်နေဆဲ။ "ငါကလည်း ကျိကျဲကိုပဲ ရွေးပြီးပြဿနာရှာနေတာ မဟုတ်ဘူး။ မင်းသာ ဘေးကနေ မဆွဲပဲ သူ့ကို ပေးမကန်ခိုင်းရင် ငါလည်း အဲ့လောက် ဆိုးသွားမှာ မဟုတ်ဘူး။ ငါ ရန်မဖြစ်တာတောင် နှစ်ချီနေပြီ။ ငါ့ဒေါသထိန်းနိုင်စွမ်းက အရင်ကထက်လည်း အများကြီး ပိုကောင်းနေပါပြီ။"

ပြောလာတဲ့စကားများထဲတွင် အပြစ်ပြန်ဖို့သည်က များလွန်းနေတာမို့ ရှဲ့ကျူရှင်း ဘယ်က စပြောရမလဲတောင် မသိတော့။

ဝမ်ချောင်ကတော့ ဆက်ရေရွတ်နေသည်။ "မင်းက ငါ့ကို 'လစ်' လို့တောင် ပြောသေးတယ်။ ငါ့မှာ ဒေါသထွက်ရလွန်းလို့ အဆုတ်တွေပါ ပေါက်ကွဲသွားတော့မလိုပဲ။"

"ငါက သွေးပူနေတုန်း ဒီတိုင်း ပြောလိုက်မိတာပါ။" ရှဲ့ကျူရှင်း ပြောလာသည်။

"ငါက မင်းကို သူငယ်ချင်းကောင်းလို့ မြင်ထားတာ။ ဒါပေမယ့် မင်းကတော့ အပြင်လူဘက်လိုက်ပြီး ငါ့ကိုတောင် ကန်ခွင့်ရအောင် ကူပေးလိုက်သေးတယ်။ မင်းရဲ့အသိစိတ်ကို တကယ် ခွေးစားသွားတာလား။ ငါ မင်းကို ကောင်းခဲ့သမျှက အလကားပဲ။"

"..."

'ဘယ်တုန်းကများ မင်း ငါ့အပေါ် ကောင်းခဲ့ဖူးလို့လဲ။ မျက်လုံးကြီးဖွင့်ပြီး ညာနေလိုက်တာ!' ရှဲ့ကျူရှင်း တွေးလိုက်မိသည်။

ဝမ်ချောင် ခေါင်းမော့လာပြီး အလေးအနက်ပြော၏။ "ရှောင်ရှဲ့၊ ဒီတစ်ခေါက် အခြေအနေက ထူးခြားနေလို့ ထားတော့။ ဒါပေမယ့် နောက်ကျလို့ မင်း ငါ့ကို ဒီလိုမျိုးတွေ ထပ်ပြောပြီး လက်ပါလာရင် မင်းနဲ့ သူငယ်ချင်း ဆက်မဖြစ်တော့ဘူး။ အတည်။"

ရှဲ့ကျူရှင်း တွေးလိုက်မိသည်။ 'ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ငါနဲ့ ထပ်ပြီး သူငယ်ချင်း မလုပ်ပါနဲ့တော့။'

သို့ပေမယ့် သူပြောလိုက်မိတာကတော့ — "ဘာလို့ အကြောင်းအရင်းမရှိဘဲ ငါက မင်းအပေါ် လက်ပါရမှာလဲ။"

"နောက်တစ်ခေါက်ဆိုတာ ရှိခဲ့ရင် ငါ တကယ် စိတ်ဆိုးတော့မှာ!"

ဝရုန်းသုန်းကားဖြစ်ပြီးနောက်မှာတော့ ထိုနေ့က သူတို့အကုန် အိပ်ရာစောစော ဝင်ဖြစ်သွားကြသည်။

ဝမ်ချောင် လှဲဖို့လုပ်နေချိန်မှာပဲ ရှဲ့ကျူရှင်းက မေးလိုက်သည်။ "မင်းခါးက နာနေတုန်းလား။"

"မနာတော့ဘူး။ တကယ်ဆို သူ့ကန်ချက်ကလည်း အဲ့လောက် မပြင်းပါဘူး။ ငါက မင်းကြောင့်သာ ဒေါသထွက်သွားတာ။ အခု အဆင်ပြေသွားပြီ။"

"... အိပ်တော့။"

ရှဲ့ကျူရှင်း မီးပိတ်တော့မည့်အချိန် ဝမ်ချောင်က ရုတ်တရက် ထမေးလာသည်။ "ဒါမှမဟုတ် .. ငါ ကျိကျဲကို ပိုက်ဆံနည်းနည်း ပေးလိုက်ရင်ရော?"

ရှဲ့ကျူရှင်း သူ နားကြားမှားတယ်ဟုတောင် ထင်သွားမိသည်။ "ဘာကို?"

ဝမ်ချောင်ကတော့ သူ့အကြံ သိပ်မဆိုးလှဟု ထင်နေသည်။ သူက တစ်ဖက်လှည့်လာပြီး ဆက်ပြော၏။ "မင်း ကြည့်၊ သူက အခု ပိုက်ဆံလိုနေတာလေ။ ငါ့မှာကလည်း ဘာမှမရှိနေရင်တောင် ပိုက်ဆံတော့ ရှိတယ်လေ။ အဲ့တော့ ငါ သူ့ကို နည်းနည်းလောက် ပေးလိုက်သင့်လားပေါ့။"

ရှဲ့ကျူရှင်း : "... သူ မင်းကို နောက်ထပ် နှစ်ချက်လောက် ပိတ်ကန်လိမ့်မယ်။"

KittyKitling

T/N : ကလေးကြီးပါကွာ။

_____///_____

[Zawgyi]

'မင္းကေတာ့ ငါ့ကို စိတ္ရွုပ္လို႔မရဘူးေလ'

ၾကည့္ရတာ ျပႆနာ မတက္ခ်င္၍ျဖစ္နိုင္သည္၊ ထိုအခ်ိန္မွစၿပီး ဖန္းက်ဲမွ ထပ္ၿပီး အကြက္ေရြ႕တာမ်ိဳး လုပ္မလာေတာ့။

သူတို႔ေျခာက္ေယာက္လည္း ေန႔တိုင္း အလုပ္ရွုပ္ေနရင္း အခ်ိန္မ်ားက စီးဆင္းေနတဲ့ေရလို ကုန္ဆုံးသြားရၿပီး မသိလိုက္ခင္မွာပဲ ေလ့က်င့္ေရးသင္တန္း ဆုံးခန္းတိုင္ခ်ိန္သို႔ ေရာက္လို႔လာခဲ့ၿပီ။

ဩဂုတ္လ ၁၆ရက္ေန႔က အတန္းခ်ိန္ေတြအကုန္လုံး ည ၁၀ နာရီတြင္ ၿပီးဆုံးလို႔သြားခဲ့ၿပီး သူတို႔လည္း ပင္ပင္ပန္းပန္းႏွင့္ အေဆာင္သို႔ ျပန္လိုက္ၾကသည္။

ဝမ္ေခ်ာင္ႏွင့္ရွဲ႕က်ဴးရွင္းရဲ့အခန္းက ဧည့္ခန္းႏွင့္အနီးဆုံးတြင္ ရွိေနတာျဖစ္ၿပီး ဝမ္ေခ်ာင္က အရင္ဝင္သြားကာ ရွဲ႕က်ဴရွင္းက အေနာက္မွ လိုက္ဝင္ဖို႔ လုပ္လိုက္သည္။ သို႔ေပမယ့္ က်ိက်ဲႏွင့္ ခ်န္းေယာင့္က သူ႔ကို အေနာက္မွ လွမ္းေခၚလို႔လာသည္။ "ေကာ၊ ကၽြန္ေတာ္တို႔အခန္းထဲ ခဏလာခဲ့လို႔ရမလား။ ေကာကို ေျပာျပခ်င္တဲ့ကိစၥေလးရွိလို႔။"

ရွဲ႕က်ဴရွင္း ျပန္ေျပာလိုက္သည္။ "ရတယ္ေလ၊ ဖုန္းအားသြင္းၿပီးတာနဲ႔ လာခဲ့မယ္။"

သူ အခန္းထဲ ဝင္သြားကာ ဖုန္းအားသြင္းဖို႔ လုပ္လိုက္သည္။ ဝမ္ေခ်ာင္က အျပင္မွ စကားသံေတြကို မၾကားလိုက္တာမို႔ ေမးလာသည္။ "အခုဘယ္သြားမလို႔လဲ။"

ရွဲ႕က်ဴရွင္း အေၾကာင္းအရင္းတစ္ဝက္မၽွသာ ေျပာျပလိုက္သည္။ "ခ်န္းေယာင့္က ငါ့ကို ေမးစရာေလး ရွိလို႔တဲ့။ မင္းဘာသာ နံရံကပ္ၿပီး ခဏေလာက္ ရပ္ထားႏွင့္။"

ဝမ္ေခ်ာင္တြင္ ခ်န္းေယာင့္ႏွင့္ပတ္သတ္ၿပီး မေက်မနပ္ျဖစ္ရတာမ်ိဳး မရွိတာမို႔ ျပန္ေျပာလာသည္။ "ဒါဆိုလည္း မင္း ျမန္ျမန္သြားေလ၊ ငါ တစ္ေယာက္တည္း ရပ္ေနရတာ ပ်င္းဖို႔ေကာင္းတယ္။"

ရွဲ႕က်ဴရွင္း က်ိက်ဲႏွင့္ ခ်န္းေယာင့္တို႔အခန္းထဲ သြားလိုက္သည္။ သူတို႔ႏွစ္ေယာက္က သူ႔ကို သင္တန္းကာလၿပီးသြားလၽွင္ ဘယ္မွာေနမလဲဟု ေမးခ်င္ေနခဲ့တာျဖစ္သည္။

"ကၽြန္ေတာ္ ဒီကို မလာခင္ ငွါးဖူးတဲ့အခန္းကလည္း သက္တမ္းကုန္ေတာ့မယ္။" က်ိက်ဲေျပာလာသည္။ "ကၽြန္ေတာ္က ေန႔ခ်င္းညခ်င္း ေျပာင္းလာရတာဆိုေတာ့ မနက္ျဖန္ သင္တန္းကာလၿပီးတာနဲ႔ ေနဖို႔ေနရာအသစ္ရွာရေတာ့မွာ။ အဲ့တာက အလုပ္ရွုပ္ရမယ္လို႔ ကၽြန္ေတာ္ ေတြးမိတာနဲ႔ ဒီမွာပဲ ဆက္ေနျဖစ္ရင္ မေကာင္းဘူးလားေပါ့။ ကၽြန္ေတာ္လည္း ဟိုေရြ႕ဒီေရြ႕ လုပ္စရာ မလိုေတာ့ဘူးေလ။ မနက္ျဖန္က်ရင္ ကၽြန္ေတာ္ ခြန္း-ေကာကို သြားေမးၿပီး အခန္းငွါးခက ဘယ္လိုရွိလဲ ေမးမလို႔။ ခ်န္းေယာင့္ကလည္း ေနဖို႔ေနရာ မရွိေသးဘူးဆိုေတာ့ ကၽြန္ေတာ္နဲ႔အတူ ေနလို႔ရတယ္ေလ။ ဒါေပမယ့္ ျပႆနာက အခန္းတစ္ခန္းက လြတ္ေနမွာ။ အဲ့ဒါ ကၽြန္ေတာ္တို႔ ဒီတိုင္း ထားရင္ ျဖဳန္းရာက်မယ္ဆိုၿပီး ကၽြန္ေတာ္ ေတြးမိေနတာ။"

သူေျပာခ်င္သည္က ရွဲ႕က်ဴရွင္းကိုပါ သူတို႔ႏွင့္အတူ အခန္းငွါးေနေစလိုျခင္းျဖစ္သည္။

ရွဲ႕က်ဴရွင္းက သူတို႔ႏွင့္အတူ ေနခ်င္စိတ္ မရွိ။ "ငါ ငွါးထားတဲ့တိုက္ခန္းက ၆ လ သက္တမ္းမွာ သုံးလေက်ာ္ေတာင္ က်န္ေနေသးတယ္။ စီ့ယြမ္က တ်န္းတုန္းယြမ္ကမလား။ ငါ့အထင္ေတာ့ သူက အိမ္ျပန္ၿပီးေနေလာက္မယ္။ မင္းတို႔ ေရွာင္မူကို ေမးၿပီးၿပီလား။"

"ယန္ေရွာင္းမူက သူ႔အစ္ကိုဝမ္းကြဲနဲ႔ အတူေနမွာမို႔ မေျပာင္းလာခ်င္ဘူးတဲ့။" က်ိက်ဲ ျပန္ေျဖသည္။

"မနက္ျဖန္ ခြန္းေကာကို အေျခအေနတစ္ခ်က္ ေမးၾကည့္ေလ။ မဟုတ္ရင္လည္း မင္းနဲ႔ ခ်န္းေယာင့္ပဲ အတူေနလိုက္ေလ။ ငွါးခက အဲ့ေလာက္ ေစ်းမႀကီးပါဘူး၊ ႏွစ္ေယာက္ေနတာနဲ႔ သုံးေယာက္ေနရတာ ကြာျခားခ်က္ သိပ္မႀကီးေလာက္ဘူး။ အဲ့အခန္းကို ဒီတိုင္းပဲ အလြတ္ထားလိုက္ပါလား။"

က်ိက်ဲက ထိုအခန္းကို အလြတ္ မထားခ်င္တာ သိသာလွေပမယ့္ ဘာမွ ထပ္မေျပာလာေတာ့။

ထိုအစား ေဘးတြင္ ဖုန္းသုံးလ်က္ရွိေနသည့္ခ်န္းေယာင့္က ျဖတ္ေျပာသည္။ "ကၽြန္ေတာ္လည္း အခန္းလြတ္အတိုင္းထားတာ ပိုေကာင္းမယ္လို႔ ေတြးထားတာ။ ႏွစ္ေယာက္ခန္းနဲ႔ သုံးေယာက္ခန္းအၾကား ကြာျခားခ်က္က ယြမ္တစ္ရာ၊ ႏွစ္ရာေလာက္ပဲေလ။ ကၽြန္ေတာ္တို႔ ႏွစ္ေယာက္သာ ခြဲေပးလိုက္ရင္ ကြာျခားခ်က္ သိပ္ရွိေတာ့မွာ မဟုတ္ဘူး။ ဒါေပမယ့္ ျပႆနာက ေရွာင္က်ိ-ေကာရဲ့အိမ္အေျခအေနက .."

"ထပ္မေျပာနဲ႔ေတာ့။" က်ိက်ဲေျပာလာသည္။

ထို႔ေနာက္မွာေတာ့ ခ်န္းေယာင့္လည္း အသံတိတ္လို႔သြားသည္။

"က်ိက်ဲ၊ အိမ္မွာ ဘာျဖစ္ထားလို႔လဲ။ ငါ ကူညီနိုင္တာ ရွိမယ္ဆို ေျပာသာေျပာ၊ မရွက္ေနနဲ႔။" ရွဲ႕က်ဴရွင္း ေျပာလိုက္သည္။

ဝမ္ေခ်ာင္က အခန္းထဲ ဖုန္းသုံးရင္း ရွဲ႕က်ဴရွင္းကို ေစာင့္ေနသည္။ ရွဲ႕က်ဴရွင္း ေစာင့္ၾကည့္မေနဘဲႏွင့္ေတာ့ သူ အလုပ္ရွုပ္ခံၿပီး နံရံမွီကာ ဆယ္ငါးမိနစ္ ရပ္ေနမွာ မဟုတ္။

လဝက္ေက်ာ္မၽွ မတ္တပ္ရပ္ေလ့က်င့္ၿပီးေနာက္ ရလဒ္မ်ားက ျမင္သာေနခဲ့ၿပီးျဖစ္သည္။ ဖန္းက်ဲႏွင့္ မစၥ လီ မွ သူ႔ကို အရင္ကထက္ ပိုေတာ္လာတယ္ဟု ခ်ီးက်ဴလာသည့္အျပင္ သြမ့္ယိခြန္းကပါ သူ႔ကို တိုးတက္လာတယ္ဟု ေျပာလာသည္။

အခ်ိန္အေတာ္ၾကာ ေစာင့္ေနေပမယ့္ ရွဲ႕က်ဴရွင္း ျပန္လာတာကို မျမင္ရမွ ခ်န္းေယာင့္က ရွဲ႕က်ဴရွင္းကို သူ႔အခန္းထဲ စကားေျပာဖို႔ေခၚတာျဖစ္ေၾကာင္း ႐ုတ္တရက္ သတိရသြားသည္။ 'ခ်န္းေယာင့္က က်ိက်ဲနဲ႔ တစ္ခန္းတည္းအတူေနတာမလား။'

ဝမ္ေခ်ာင္ ခ်က္ခ်င္းဆိုသလို စိတ္အေျခအေနဆိုးရြားသြားရသည္။ သူ ဂ႐ုတစိုက္မရွိေနသည့္အခ်ိန္ ရွဲ႕က်ဴရွင္းႏွင့္ က်ိက်ဲ သူ႔ေနာက္ကြယ္မွာ စကားတေျပာေျပာ လုပ္ေနတာလည္း အႀကိမ္ေရမနည္းလွ။ သူက က်ိက်ဲကို သူ႔ရန္သူေတာ္အျဖစ္သတ္မွတ္ထားၿပီး ေရွာင္ရွဲ႕ကိုေတာ့ ဘက္ေတာ္သားဟု သေဘာထားတာျဖစ္သည္။ သူငယ္ခ်င္းရဲ့ရန္သူဆိုမွေတာ့ သူ႔ကိုယ္ပိုင္ရန္သူျဖစ္သင့္ေနတာ မဟုတ္ဘူးလား။ ဘာလို႔ ေရွာင္ရွဲ႕က ဒီအေျခခံသေဘာတရားေတာင္ နားမလည္ရတာလဲ။ ဘာလို႔ က်ိက်ဲဆီပဲ ခဏခဏသြားေနရတာလဲ။ သူ႔ကို စိတ္တိုေသေအာင္လို႔လား။

သူဆိုတာ ေဒါသကို ခ်ဳပ္တည္းတတ္သူ မဟုတ္တာမို႔ ခ်က္ခ်င္း သူတို႔အခန္းရွိရာသို႔ အေျပးသြားေတာ့သည္။

အခန္းတံခါးက ပိတ္ထားတာမို႔ သူ ေမးျမန္းျခင္းေတာင္ မရွိ၊ တြန္းဖြင့္ဝင္သြားၿပီး အၾကမ္းပတမ္း ေအာ္ဟစ္လိုက္ေလသည္။ "ရွဲ႕က်ဴရွင္း!"

ထို႔ေနာက္မွာေတာ့ သူ ေၾကာင္အသြားရသည္။ "မင္း အခု ဘာလုပ္ေနတာလဲ။"

အခန္းထဲတြင္ လူသုံးေယာက္ ရွိေနၿပီး ခ်န္းေယာ့က ဖုန္းေဆာ့လ်က္ အေဝးတစ္ေနရာတြင္ ထိုင္ေနကာ ပြဲၾကည့္ပရိသတ္တစ္ေယာက္လိုေတာင္ ျဖစ္ေနသည္။ က်န္ႏွစ္ေယာက္ကေတာ့ ကုတင္ေပၚတြင္ ထိုင္လ်က္ က်ိက်ဲက ေခါင္းငုံ႔ရင္း အလြန္အမင္း ဝမ္းနည္းေနပုံေပၚကာ ရွဲ႕က်ဴရွင္းက သူ႔ပခုံေပၚ လက္တင္ထားၿပီး အမူအရာကလည္း ညင္သာမွုအျပည့္ျဖစ္ေနသည္။

ဝမ္ေခ်ာင္မွာ အရမ္းေဒါသထြက္သြားရၿပီး ပါးစပ္ဖြင့္ဟကာ စက္ေသနတ္ စပစ္ေတာ့သည္။ "ေန႔တစ္ဝက္ေက်ာ္တာေတာင္ ဘာလို႔ျပန္မလာေသးတာပါလဲလို႔ ငါကေတြးေနတာ မင္းကေတာ့ ဒီမွာ လူပ်ိဳလွည့္ေနတာေပါ့ေလ။"

ရွဲ႕က်ဴရွင္း သူ႔လက္ကို ျပန္ခ်ရင္း မ်က္ေမွာင္ၾကဳတ္သြားသည္။ "မင္း ဘာေတြလာေျပာေနတာလဲ။ ဆယ့္ငါးမိနစ္ေရာ ရပ္ၿပီးၿပီလား။"

ဝမ္ေခ်ာင္မွာ ပိုလို႔ေဒါသထြက္သြားရသည္။ 'ေကာင္းလိုက္တာ၊ ေရွာင္းရွဲ႕။ အျခားလူေတြ အေရွ႕မွာမွ သူ႔ကို လာေငါက္တယ္ေပါ့။ ပိုစိတ္ဆိုးသြားတာႏွင့္ သူ မဟုတ္တ႐ုတ္ေတြ စေျပာလာေတာ့သည္။ "ဘာကို ရပ္ရမွာလဲ။ ငါက အဲ့မွာရပ္ၿပီး မင္းတို႔ အီစီကလီတာကို ၾကည့္ေနရမွာလား။"

ရွဲ႕က်ဴရွင္း ေျပာလိုက္သည္။ "ျပႆနာ မရွာနဲ႔ေတာ့။ ျမန္ျမန္ျပန္သြား။ ငါ က်ိက်ဲနဲ႔ စကားနည္းနည္းေျပာၿပီး ျပန္လာခဲ့မယ္။"

ဝမ္ေခ်ာင္ က်ိက်ဲကို လွမ္းၾကည့္လိုက္ခ်ိန္ က်ိက်ဲကလည္း သူ႔ကို ၾကည့္လို႔ေန၏။

အၾကည့္ခ်င္းဆုံသြားတာႏွင့္ ႏွစ္ေယာက္သား မီးေတာက္မီးလၽွံမ်ား ပစ္လႊတ္ၾကေတာ့သည္။ "ဘာၾကည့္တာလဲ။"

က်ိက်ဲ : "..."

ပုံမွန္ဆို ဒီလိုအခ်ိန္မ်ိဳးတြင္ တစ္မ်ိဳးတစ္ဖုံ ျပန္ေျပာေလ့ရွိေပမယ့္ ဒီေန႔ေတာ့ သူ အဲ့လိုစိတ္အေျခအေနတြင္ ရွိမေနတာေၾကာင့္ ဘာမွျပန္မေျပာျဖစ္ခဲ့။

ဝမ္ေခ်ာင္ကေတာ့ ဆက္လက္ေသာင္းက်န္းေျပာဆိုေနသည္။  "ေရွာင္ရွဲ႕ဆီ ဘာလို႔ သြားငိုေနတာလဲ။ လာ၊ လာ၊ ပါ့ပါးဆီ လာငို။ ပါ့ပါးက မင္းကို ေခ်ာ့ေပးမယ္။"

က်ိက်ဲရဲ့မ်က္ႏွာက ထိုစကားကို ၾကားလိုက္တာႏွင့္ အေရာင္ေဖ်ာ့ေတာ့သြားေတာ့သည္။

ရွဲ႕က်ဴရွင္း လွမ္းေငါက္လိုက္သည္။ "ဝမ္ေခ်ာင္! မေျပာနဲ႔ေတာ့! ျမန္ျမန္ အခန္းထဲျပန္!"

ဝမ္ေခ်ာင္ ေဒါသတႀကီးျပန္ေျပာေလသည္။ "မင္း အခု ငါ့ကို ဘယ္လိုေျပာေနတာလဲ။"

က်ိက်ဲ ဝုန္းကနဲ ထရပ္လာသည္။ "မင္း ခုနက ဘာေျပာလိုက္တယ္?"

ဝမ္ေခ်ာင္က ရွဲ႕က်ဴရွင္းေၾကာင့္ႏွင့္ အလြန္အမင္းေဒါသထြက္ေနတာမို႔ စိတ္မရွည္သလို ျပန္ေျဖလိုက္သည္။ "ဘယ္သူက မင္းကို စကားေျပာေနလဲ။"

က်ိက်ဲက သူ႔အနားသို႔ ေလၽွာက္သြား၏။ "မင္းက ဘယ္သူ႔ရဲ့အေဖ ျဖစ္ေပးမွာ?"

ရွဲ႕က်ဴရွင္း က်ိက်ဲကို အလ်င္အျမန္ ဆြဲထိန္းရင္း ေျပာလိုက္သည္။ "က်ိက်ဲ၊ မင္း သူနဲ႔ ဖက္ေျပာမေနနဲ႔။"

"ရွဲ႕က်ဴရွင္း! ငါနဲ႔ ဖက္မေျပာနဲ႔ဆိုတာ ဘာသေဘာလဲ!" ဝမ္ေခ်ာင္ ေအာ္ေျပာလာသည္။

ရွဲ႕က်ဴရွင္း ျပန္ေျပာလိုက္သည္။ "မင္း စကား ဆက္ေျပာေနတုန္းလား!"

က်ိက်ဲမွ ထပ္ဝင္ေျပာသည္။ "မင္း ငါ့ကို ေသခ်ာေျပာစမ္းပါ၊ ဘယ္သူ႔ရဲ့အေဖျဖစ္ေပးမယ္ ေျပာေနတာလဲ!"

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းကို ေျပာလိုက္သည္။ "မင္းက ဘယ္သူ႔ဘက္ကလဲ။"

"မင္း သူ႔စကားကို အေလးအနက္ထားမေနနဲ႔။ သူ ပါးစပ္ဟလိုက္တာနဲ႔ ထြက္သမၽွက မဟုတ္တမ္းတရားေတြခ်ည္းပဲ။"

"မင္းက ဘယ္သူ႔ဘက္ပါေနတာလဲလို႔!!"

က်ိက်ဲ ရွဲ႕က်ဴရွင္း ခ်ဳပ္ထားတဲ့ၾကားမွ ႐ုန္းမထြက္နိုင္တာမို႔ ေျပာလိုက္ေလသည္။ "မင္း ဒီလာခဲ့!"

"မင္း ငါ့ကို လာဖို႔ေခၚတာနဲ႔ ငါက လာမယ္ထင္ေနတာလား။ မင္းကိုယ္မင္း ဘယ္သူထင္ေနလဲ!"

"ဆက္မေျပာနဲ႔ေတာ့!"

"မင္းက ေသာက္က်ိဳးနည္း ဘယ္သူ႔ဘက္က ပါေနတာလဲ!"

က်ိက်ဲ ေျပာလာတယ္။ "မင္း သတၱိရွိရင္ လာခဲ့စမ္းပါ။"

"လာဆိုေတာ့လည္း လာတာေပါ့!"

ရွဲ႕က်ဴရွင္း ဝင္ေျပာရေတာ့သည္။ "ဘာကို လာမွာလဲ! အခန္းထဲ ျပန္လစ္စမ္း!"

ဝမ္ေခ်ာင္ : "..."

ရွဲ႕က်ဴရွင္း : "..."

ဖရဲသီးေစ့ စား ပြဲၾကည့္ေနတဲ့ ခ်န္းေယာင့္ : "..."

က်ိက်ဲ ထပ္ေျပာျပန္သည္။ "ဒီလာခဲ့စမ္းပါ!"

ဝမ္ေခ်ာင္ ေဒါသတႀကီး ေလၽွာက္လာေပမယ့္ ရွဲ႕က်ဴရွင္းကေတာ့ က်ိက်ဲကို ေဘးဖယ္ထုတ္ကာ သူ႔ကို တားထားရင္း ေျပာလိုက္သည္။ "သြား၊ မင္း ငါနဲ႔ ျပန္လိုက္ခဲ့။"

ဝမ္ေခ်ာင္ သူ႔ဘက္ လွည့္ၾကည့္ၿပီး ေျပာေလသည္။ "မင္းက ဘာေကာင္မို႔လို႔လဲ။ ဖယ္စမ္း!"

ရွဲ႕က်ဴရွင္း ဘာမွျပန္မေျပာနိုင္ေသးခင္မွာပဲ က်ိက်ဲက အေနာက္မွ တဟုန္ထိုးေရာက္လို႔လာသည္။ သူ အလ်င္အျမန္ က်ိက်ဲကို ျပန္တားဖို႔ လုပ္လိုက္ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ႏွစ္ေယာက္လုံးက မႊန္ထြန္ေနတာမို႔ သူ တတ္နိုင္တာ ဘာမွမရွိေတာ့။

ဝမ္ေခ်ာင္ႏွင့္ က်ိက်ဲက တစ္ေယာက္ကိုတစ္ေယာက္ အႀကိမ္ေရ အနည္းငယ္မၽွ ထိုးႀကိတ္လိုက္ၾကသည္။

ရွဲ႕က်ဴရွင္းက ဝမ္ေခ်ာင္ကို ခါးမွ ဆြဲဖက္ထားရင္း အေနာက္သို႔ တရြတ္တိုက္ေခၚသြားၿပီး ခ်န္းေယာင့္ကို ေအာ္ေျပာလိုက္ေလသည္။ "ဘာေၾကာင္ၾကည့္ေနတာလဲ!"

ခ်န္းေယာင့္ ခဏမၽွ ေၾကာင္အေနၿပီး အသိဝင္လာေတာ့သည္။ သူ က်ိက်ဲကို အေျပးသြားဆြဲေပမယ့္ အားခ်င္းက မမၽွလွ။ သူ႔မွာ ထိန္းမထားနိုင္သည့္အျပင္ တစ္ဖက္ကိုေတာင္ လွဲက်သြားမတတ္ တြန္းထိုးျခင္း ခံလိုက္ရေလသည္။ က်ိက်ဲက ထိုအျဖစ္ကိုလည္း ဂ႐ုစိုက္မေနပဲ ဝမ္ေခ်ာင့္ထံကိုသာ အေျပးသြားၿပီး ပိတ္ကန္ေတာ့သည္။

ဝမ္ေခ်ာင့္မွာ ရွဲ႕က်ဴရွင္း ထိန္းထားတာမို႔ သူ႔ကို ဘာမွ ျပန္မလုပ္လိုက္နိုင္။ သူ အကန္ခံရၿပီးေနာက္ ရွဲ႕က်ဴရွင္းကို ေဒါသတႀကီး ေအာ္ေျပာေတာ့သည္။ "ငါလူး! မင္းပါ့ပါးကို အျပင္လူလာကန္တာ မင္းက ကူညီေပးရဲတယ္ေပါ့!"

ရွဲ႕က်ဴရွင္းမွာ သူ႔ကို ရွင္းျပဖို႔အခ်ိန္ မရွိ။ က်ိက်ဲ စိတ္မေလ်ာ့ေသးတာကို ျမင္လိုက္ရတာမို႔ သူ ဝမ္ေခ်ာင့္ကိုသာ အေနာက္ပို႔ၿပီး ကာထားလိုက္ရေတာ့သည္။

ကန္ေက်ာက္ၿပီးေနာက္ က်ိက်ဲရဲ့မ်က္ဝန္းမ်ားက နီရဲလာခ်ိန္ ဝမ္ေခ်ာင္ကေတာ့ ထိုကန္ခ်က္အတြက္ ဆဲဆိုေနဆဲျဖစ္သည္။

ရွဲ႕က်ဴရွင္းအေနႏွင့္ သူ စိတ္ၿငိမ္သြားေအာင္ ေျပာေပးလို႔ရတာ ဘာမွ မရွိေန။ သူ အခု ေျပာသမၽွအရာရာတိုင္းက မီးထဲ ဓာတ္ဆီေလာင္းသလိုျဖစ္ေနမွာမို႔ အလယ္ထဲတြင္ မားမားမတ္မတ္သာ ရပ္ေနရေတာ့သည္။

ေကာင္းစီ့ယြမ္ႏွင့္ ယန္ေရွာင္းမူက ဝ႐ုန္းသုန္းကားအသံမ်ားကို ၾကားၿပီး ႏွစ္ေယာက္ကို ဆြဲခြါရာတြင္ လာကူလို႔ေတာ္ေရာ့သည္။

ရွဲ႕က်ဴရွင္းလည္း ဝမ္ေခ်ာင္ကို အျပင္ဆြဲထုတ္သြားလိုက္သည္။

ဝမ္ေခ်ာင္ မထြက္သြားခ်င္တာမို႔ အၾကမ္းပတမ္း႐ုန္းကန္ေနေပမယ့္ အားခ်င္းမမၽွလွတာမို႔ သူ႔ပါးစပ္ထဲ အဆဲမ်ားႏွင့္သာ ျပည့္ႏွက္လာေတာ့သည္။ က်ိက်ဲကို ဆဲလို႔ဝသြားတာႏွင့္ သူ ရွဲ႕က်ဴရွင္းကို ဆဲေရးၿပီး ထို႔ေနာက္မွာေတာ့ သူတို႔ၾကားကိစၥကို ဝင္စြက္ဖက္လာသည့္ အျခားအဖြဲ႕သားမ်ားကိုလည္း ေအာ္ဟစ္ေလသည္။

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင့္ကို အခန္းထဲဆြဲေခၚသြားရင္း တံခါးကို ဘန္းကနဲ ကန္ပိတ္ၿပီးေနာက္ သူ႔နဖူးတြင္ ေခၽြးမ်ား ရႊဲစိုေနခဲ့ၿပီျဖစ္၏။

ဝမ္ေခ်ာင္လည္း ပင္ပန္းေမာဟိုက္ေနသည္။ ရွဲ႕က်ဴရွင္း သူ႔ကို လႊတ္ေပးလိုက္တာႏွင့္ သူ႔မွာ ျပန္တိုက္ဖို႔ေတာင္ အင္အား မရွိေတာ့။ ေနရာတြင္ ရပ္လ်က္ အကန္ခံလိုက္ရသည့္ခါးေနရာကိုသာ ဖိထားရင္း ရွဲ႕က်ဴရွင္းကို စူးစူးရဲရဲစိုက္ၾကည့္ေနေလသည္။ အကယ္၍ အၾကည့္မ်ားျဖင့္သာ ဓားပစ္လႊတ္လို႔ရပါက ရွဲ႕က်ဴရွင္း အႀကိမ္တစ္ေထာင္ေလာက္ အထိုးခံရၿပီးျဖစ္ေလာက္သည္။

".. သူ မင္းကို ကန္လိုက္တုန္းက နာသြားတာလား။"

ဝမ္ေခ်ာင္ ခ်က္ခ်င္းဆိုသလို သူ မတရားခံရသကဲ့သို႔ ခံစားသြားရၿပီး စူးစိုက္မၾကည့္ေနေတာ့ဘဲ မ်က္ႏွာကို တစ္ဖက္လႊဲထားလိုက္သည္။ "မနာဘူး!"

"မနာရင္လည္း ဘာလို႔ဖိကိုင္ထားေသးလဲ။"

ဝမ္ေခ်ာင္ ေအးစက္စက္ေျပာလိုက္သည္။ "မင္းအပူပါလား။ မင္းပဲ ခုနတုန္းက ငါ့ကို လစ္ေတာ့လို႔ ေျပာတာမလား။"

သူ႔မွာ အရွုံးခံလိုက္ရတာ ပိုမ်ားသလိုလည္း ခံစားသြားရသည္။ သူ က်ိက်ဲကို တစ္ခ်က္ေလာက္ေတာ့ ျပန္ကန္ခ်င္တာမို႔ တံခါးကို ေဒါသတႀကီး ေဆာင့္ဖြင့္ဖို႔ လုပ္လိုက္ေပမယ့္ ရွဲ႕က်ဴရွင္းက အလ်င္စလို ေရာက္လာၿပီး သူ႔ကို တားထားသည္။ "သြားၿပီး ျပႆနာ ထပ္မရွာနဲ႔ေတာ့။ အခုလုပ္ထားတာေတာင္ မ်ားလွၿပီ။"

ဝမ္ေခ်ာင္ ပိုလို႔ေဒါသထြက္သြားရသည္။ "ငါက ဘယ္နားမွာ ဘာမ်ားလုပ္မိလို႔လဲ။ အရင္စလုပ္တာ ငါလား။ အသက္ငယ္ငယ္ေလးနဲ႔ မင္း ကန္းသြားၿပီလား!"

"မင္းသာ သူမ်ားရဲ့အေဖျဖစ္ေပးမယ္လို႔ သြားမေျပာရင္ ဒီလိုေတြျဖစ္လာမွာ မဟုတ္ဘူး။"

ဝမ္ေခ်ာင္အေနႏွင့္ ထိုအရာက ဆဲေရးဖို႔အတြက္ အသုံးျပဳတဲ့စကားဟုသာ သတ္မွတ္ထားတာမို႔ စဥ္းစားေနျခင္း မရွိဘဲ က်ယ္က်ယ္ေလာင္ေလာင္ ထပ္ဆဲေရးေတာ့သည္။ "သူ႔ကိုလား! ဒီပါ့ပါးရဲ့သားျဖစ္ခ်င္တယ္လို႔ လာေျပာရင္ေတာင္ ဒီပါ့ပါးက လက္မခံဘူးကြ!"

ရွဲ႕က်ဴရွင္း မ်က္ႏွာတည္ျဖင့္ေျပာလာသည္။ "မင္း ဆက္ေျပာေနလိုက္။ က်ိက်ဲမွာ အေဖ မရွိဘူး။"

"..."

က်ိက်ဲအေဖက သူ ငယ္ငယ္ေလးကတည္းက ဆုံးသြားတာျဖစ္ၿပီး ထို႔ေနာက္တြင္ သူ႔အေမကလည္း ေနာက္ေယာက္်ားယူသြားကာ သူ႔ကို ဂ႐ုမစိုက္ေတာ့။ သူက အဘိုးအဘြားမ်ားလက္ထဲ ႀကီးျပင္းခဲ့ရတာျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က အဘိုးကလည္း ဆုံးပါးသြားကာ အဘြားတစ္ေယာက္သာ က်န္ခဲ့ေတာ့သည္။

"သူ႔မိသားစုအေျခအေနက သိပ္မေကာင္းဘူး။ သူ႔အဘိုး ဆုံးသြားကတည္းက သူတစ္ေယာက္တည္း ေဖ်ာ္ေျဖပြဲေတြ လုပ္ၿပီး သူ႔အဘြားနဲ႔သူ႔တစ္ကိုယ္စာအတြက္ ေထာက္ပံ့ရွာေဖြေနရတာ။" ရွဲ႕က်ဴရွင္း ေျပာလာသည္။ "သူ႔အဘြားမွာက သတိေမ့ေရာဂါရွိေနတယ္။ သူကလည္း နံေဘးမေနေပးနိုင္တာမို႔ သူ႔အဘြားနဲ႔ တစ္ေနကုန္ ေနေပးနိုင္တဲ့ ေစာင့္ေရွာက္ေပးမယ့္သူကို ငွါးထားရေသးတယ္။ အဲ့တာက ေတာ္ေတာ္ေလး ေစ်းႀကီးတယ္ၾကားတယ္။ သူ ငါ့ကို ေခၚတဲ့အေၾကာင္းအရင္းက ဒီေနရာကို သူနဲ႔အတူငွါးခ်င္လား ေမးမလို႔။ ျဖစ္နိုင္လို႔ရွိရင္ ပိုက္ဆံကို သူတတ္နိုင္သမၽွ စုထားခ်င္လို႔တဲ့။"

ဝမ္ေခ်ာင္မွာ နားေထာင္ရင္း ေၾကာင္အသြားရသည္။ ေဒါသထြက္ဖို႔ေနေနသာသာ သူ႔စကားေျပာသံကအစ တိုးတိတ္လို႔သြားေလသည္။ "ဒါဆို .. ဒါဆို အခု ဘယ္လိုလုပ္ရမလဲ။"

ရွဲ႕က်ဴရွင္းမွာ သူ ဒီလိုျဖစ္လာလိမ့္မယ္ဟု ေမၽွာ္လင့္ထားၿပီးသားပင္။ "ၿငိမ္ၿငိမ္ေလးေနၿပီး ေအာ္ဟစ္မေနနဲ႔။ မင္းစိတ္ရင္း မဆိုးမွန္း သိတယ္၊ ဒါေပမယ့္ မင္းရဲ့ပါးစပ္က လူတိုင္း မင္းကို စိတ္ရွုပ္သြားေအာင္ တကယ္ လုပ္နိုင္တယ္။"

ဝမ္ေခ်ာင္ ဘာမွ ထပ္မေျပာလာ။ သူ သူ႔ကုတင္ရွိရာဘက္ကို ၿငိမ္ၿငိမ္သက္သက္ေလၽွာက္သြားၿပီး ထိုင္ခ်လိုက္သည္။

ရွဲ႕က်ဴရွင္းလည္း အျပင္ဘက္တြင္ ဘာအသံမွ မၾကားရေတာ့တာမို႔ ဒီညအတြက္ ဤမၽွႏွင့္သာ ၿပီးၿပီဟု ေတြးလိုက္မိေတာ့သည္။ က်န္ေသးတဲ့ကိစၥကိုေတာ့ မနက္ျဖန္ က်ိက်ဲ ေဒါသေျပသြား​ေလာက္မွ သူတို႔ ဝိုင္းရွင္းတာေကာင္းလိမ့္မည္။

ဝမ္ေခ်ာင္ ႐ုတ္တရက္ေျပာလာသည္။ "အျခားလူေတြ ငါ့ကို စိတ္ရွုပ္လို႔ ရေပမယ့္ မင္းကေတာ့ မရဘူးေလ။"

ရွဲ႕က်ဴရွင္း သူ႔ဆီ တစ္ခ်က္လွမ္းၾကည့္လိုက္သည္။

ဝမ္ေခ်ာင္ကေတာ့ ေခါင္းေမာ့လာျခင္း မရွိ၊ အသံတိုးတိုးႏွင့္ ဆက္ေရရြတ္ေနဆဲ။ "ငါကလည္း က်ိက်ဲကိုပဲ ေရြးၿပီးျပႆနာရွာေနတာ မဟုတ္ဘူး။ မင္းသာ ေဘးကေန မဆြဲပဲ သူ႔ကို ေပးမကန္ခိုင္းရင္ ငါလည္း အဲ့ေလာက္ ဆိုးသြားမွာ မဟုတ္ဘူး။ ငါ ရန္မျဖစ္တာေတာင္ ႏွစ္ခ်ီေနၿပီ။ ငါ့ေဒါသထိန္းနိုင္စြမ္းက အရင္ကထက္လည္း အမ်ားႀကီး ပိုေကာင္းေနပါၿပီ။"

ေျပာလာတဲ့စကားမ်ားထဲတြင္ အျပစ္ျပန္ဖို႔သည္က မ်ားလြန္းေနတာမို႔ ရွဲ႕က်ဴရွင္း ဘယ္က စေျပာရမလဲေတာင္ မသိေတာ့။

ဝမ္ေခ်ာင္ကေတာ့ ဆက္ေရရြတ္ေနသည္။ "မင္းက ငါ့ကို 'လစ္' လို႔ေတာင္ ေျပာေသးတယ္။ ငါ့မွာ ေဒါသထြက္ရလြန္းလို႔ အဆုတ္ေတြပါ ေပါက္ကြဲသြားေတာ့မလိုပဲ။"

"ငါက ေသြးပူေနတုန္း ဒီတိုင္း ေျပာလိုက္မိတာပါ။" ရွဲ႕က်ဴရွင္း ေျပာလာသည္။

"ငါက မင္းကို သူငယ္ခ်င္းေကာင္းလို႔ ျမင္ထားတာ။ ဒါေပမယ့္ မင္းကေတာ့ အျပင္လူဘက္လိုက္ၿပီး ငါ့ကိုေတာင္ ကန္ခြင့္ရေအာင္ ကူေပးလိုက္ေသးတယ္။ မင္းရဲ့အသိစိတ္ကို တကယ္ ေခြးစားသြားတာလား။ ငါ မင္းကို ေကာင္းခဲ့သမၽွက အလကားပဲ။"

"..."

'ဘယ္တုန္းကမ်ား မင္း ငါ့အေပၚ ေကာင္းခဲ့ဖူးလို႔လဲ။ မ်က္လုံးႀကီးဖြင့္ၿပီး ညာေနလိုက္တာ!' ရွဲ႕က်ဴရွင္း ေတြးလိုက္မိသည္။

ဝမ္ေခ်ာင္ ေခါင္းေမာ့လာၿပီး အေလးအနက္ေျပာ၏။ "ေရွာင္ရွဲ႕၊ ဒီတစ္ေခါက္ အေျခအေနက ထူးျခားေနလို႔ ထားေတာ့။ ဒါေပမယ့္ ေနာက္က်လို႔ မင္း ငါ့ကို ဒီလိုမ်ိဳးေတြ ထပ္ေျပာၿပီး လက္ပါလာရင္ မင္းနဲ႔ သူငယ္ခ်င္း ဆက္မျဖစ္ေတာ့ဘူး။ အတည္။"

ရွဲ႕က်ဴရွင္း ေတြးလိုက္မိသည္။ 'ေက်းဇူးျပဳၿပီး၊ ေက်းဇူးျပဳၿပီး ငါနဲ႔ ထပ္ၿပီး သူငယ္ခ်င္း မလုပ္ပါနဲ႔ေတာ့။'

သို႔ေပမယ့္ သူေျပာလိုက္မိတာကေတာ့ — "ဘာလို႔ အေၾကာင္းအရင္းမရွိဘဲ ငါက မင္းအေပၚ လက္ပါရမွာလဲ။"

"ေနာက္တစ္ေခါက္ဆိုတာ ရွိခဲ့ရင္ ငါ တကယ္ စိတ္ဆိုးေတာ့မွာ!"

ဝ႐ုန္းသုန္းကားျဖစ္ၿပီးေနာက္မွာေတာ့ ထိုေန႔က သူတို႔အကုန္ အိပ္ရာေစာေစာ ဝင္ျဖစ္သြားၾကသည္။

ဝမ္ေခ်ာင္ လွဲဖို႔လုပ္ေနခ်ိန္မွာပဲ ရွဲ႕က်ဴရွင္းက ေမးလိုက္သည္။ "မင္းခါးက နာေနတုန္းလား။"

"မနာေတာ့ဘူး။ တကယ္ဆို သူ႔ကန္ခ်က္ကလည္း အဲ့ေလာက္ မျပင္းပါဘူး။ ငါက မင္းေၾကာင့္သာ ေဒါသထြက္သြားတာ။ အခု အဆင္ေျပသြားၿပီ။"

"... အိပ္ေတာ့။"

ရွဲ႕က်ဴရွင္း မီးပိတ္ေတာ့မည့္အခ်ိန္ ဝမ္ေခ်ာင္က ႐ုတ္တရက္ ထေမးလာသည္။ "ဒါမွမဟုတ္ .. ငါ က်ိက်ဲကို ပိုက္ဆံနည္းနည္း ေပးလိုက္ရင္ေရာ?"

ရွဲ႕က်ဴရွင္း သူ နားၾကားမွားတယ္ဟုေတာင္ ထင္သြားမိသည္။ "ဘာကို?"

ဝမ္ေခ်ာင္ကေတာ့ သူ႔အႀကံ သိပ္မဆိုးလွဟု ထင္ေနသည္။ သူက တစ္ဖက္လွည့္လာၿပီး ဆက္ေျပာ၏။ "မင္း ၾကည့္၊ သူက အခု ပိုက္ဆံလိုေနတာေလ။ ငါ့မွာကလည္း ဘာမွမရွိေနရင္ေတာင္ ပိုက္ဆံေတာ့ ရွိတယ္ေလ။ အဲ့ေတာ့ ငါ သူ႔ကို နည္းနည္းေလာက္ ေပးလိုက္သင့္လားေပါ့။"

ရွဲ႕က်ဴရွင္း : "... သူ မင္းကို ေနာက္ထပ္ ႏွစ္ခ်က္ေလာက္ ပိတ္ကန္လိမ့္မယ္။"

KittyKitling

T/N : ကေလးႀကီးပါကြာ။

Continue Reading

You'll Also Like

92.8K 13.1K 103
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
3M 232K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
663K 39.2K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...