ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

421K 64.3K 2K

- More

Description
Chapter 1
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 2

8.6K 1.1K 61
By PoneyPeach

Unicode
အခန်း (၂)

အမဲသားခေါက်ဆွဲ၊ ဖက်ထုတ်ပြုတ်၊ အိုဒန်၊ ရေဘဝဲလုံး၊ ဆန်ခေါက်ဆွဲကြော် … ကျယ်ယန် လျှောက်သွားရင်း စားလိုက်သောက်လိုက်တာ နေဝင်လို့ မီးတွေလင်းသည်အထိပင်။

သူ့ဗိုက်က ပြည့်အင့်လို့နေသည့်တိုင် သူကတော့ ကျေနပ်နေမိ၏။

ကမ္ဘာပျက်ကပ်ပြီးနောက် သဘာဝပတ်ဝန်းကျင်က အတော်လေးကို ညစ်ညမ်းလာခဲ့ကာ ကမ္ဘာမပျက်ခင်မှာမြင်တွေ့နေကျ အစားအသောက်တိုင်းက ဇိမ်ခံပစ္စည်းများ ဖြစ်လာကြသည်။ ကျယ်ယန်အနေဖြင့် ဒီလိုဟင်းခတ်အမွှေးအကြိုင်များ၏ အနံ့အရသာများကိုမရခဲ့သည်မှာ ဘယ်လောက်တောင်ကြာ​နေပြီလဲဆိုတာ မှတ်​တောင်မမှတ်မိတော့။

ကျယ်ယန် ဝယ်ထားသော အသားကင်များကိုကိုင်လျှက် သက်ဝင်စည်ကားနေသော ညစျေးတစ်လျှောက် လမ်းလျှောက်လာခဲ့သည်။ ထို့နောက် ထိုင်ဖို့ရာပန်းခုံတစ်ခုကိုတွေ့လိုက်ပြီး ဘီယာတစ်ပုလင်းဖောက်လိုက်၏။

ဖုန်းက အချိန်အတော်ကြာကတည်းက အသံတိတ်သွားတာကြောင့် အားကုန်သွားလောက်ပြီ။ လမ်းမီးတိုင်တွေက အဝါရောင်ဖျော့ဖျော့လေးလင်းနေကာ အလင်းရောင်အောက်တွင် ခြင်များကဝဲလို့။ အနားရှိ ညစျေးက လူတွေကြိတ်ကြိတ်တိုးနေပြီး အသားကင်နှင့် ပုဇွန်အနံ့များက ​လေထဲမှာအပြည့်။ ကားတွေကလည်း လမ်းမထက်မှာ သွားလိုက်လာလိုက်ဖြင့်။ ညည့်နက်လာပေမယ့်လည်း မြို့ကြီးကတော့ အိပ်မောမကျသေးပေ။

ဘဝဆိုတာ ဒီလိုမျိုးဖြစ်သင့်တာ။

ကျယ်ယန်က ဘီယာဘူးကို နှုတ်ခမ်းထက်မှာ အတန်ကြာအောင်တေ့ထားပြီးမှ ပြန်ဖယ်လိုက်၏။

သူ့မျက်နှာကိုပွတ်လိုက်မိသည်။

ဘာတွေဖြစ်နေတာလဲ။ သူက ကမ္ဘာပျက်ကပ်ကနေ လွတ်လာခဲ့ပြီလေ။ ဘာတွေကို ဆုံးရှုံးမှာကြောက်နေတာလဲ။

သူ့မိုဘိုင်းဖုန်း၏ လျှပ်တပြတ်မြည်သံက အေးအေးလူလူနားနေနေသည့် သူ့စည်းစိမ်ကို နှောင့်ယှက်လို့လာသည်။ ဖုန်းမြည်သံက သူ့အနောက်ဘက် ကျောပိုးအိတ်ထဲမှာထွက်လာတာဖြစ်၏။ ဖုန်းမြည်သံအမျိုးမျိုးကိုဂရုတစိုက် တပ်ဆင်ထားသည့် မူလပိုင်ရှင်၏ ဖုန်းအဟောင်းထဲမှထွက်လာသော system တီးလုံးမဟုတ်တာတော့ အသေအချာပင်။ ကျယ်ယန် ဘီယာဘူးကိုချကာ ကျောပိုးအိတ်ကို ဆွဲယူလိုက်၏။ အနောက်ဘက်မှာ အကာအကွယ်ပြားလေးပင်မခွာရသေးသော ဖုန်းအသစ်ချက်ချွတ်တစ်လုံးကို တွေ့လိုက်ရ၏။

ဖုန်းမျက်နှာက ‘ဟိုလူကြီး’ဆီမှဆိုသော ဖုန်ခေါ်ဆိုမှုတစ်ခုနှင့်အတူ တုန်ခါနေသည်။

ဝတ္ထုထဲ၌ ကျယ်ယန်က ဖုန်းထဲမှာ ချိုးရှင်းကို မှတ်ထား​သောနာမည်က‘ဟိုလူကြီး’ပင်။ ဒီအကြောင်းကို ဇာတ်လိုက်မက သိသွားပြီးနောက် အမြှောက်စာဇာတ်ကောင်လေး ကျယ်ယန်အား ပိုသင့်တော်​သောနာမည်ကိုပြောင်းဖို့ရာ အကြံပေးခဲ့သည်။ အမြှောက်စာလေး ကျယ်ယန်ကတော့ လက်မခံဘဲ ဇာတ်လိုက်မကို ဗီလိန်နှင့် ဝေးဝေးနေဖိုရန်သာ ​ပြောခဲ့သည်။ သူတို့နှစ်ယောက်၏ စကားဝိုင်းကို ဗီလိန်ကြားသွားခဲ့ပြီး ရလဒ်အနေဖြင့် သဘာဝကျကျပင် ကံဆိုးမိုးမှောင်ကျသွား၏။ ဇာတ်လိုက်မကလည်း ဗီလိန်၏အာရုံကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်သွားတော့သည်။

ဝတ္ထုလောကထဲမှာ အမြှောက်စာနဲ့ နာမည်တူပြီး အမြှောက်စာလိုပဲ လူတစ်ယောက်ကို ‘ဟိုလူကြီး’လို့ နာမည်မှတ်ထားတတ်တဲ့ ဖြတ်လျှောက်တစ်ယောက်ပါသေးလား။

မရှိပါဘူး။

ကျယ်ယန် သူ့ကိုယ်သူပြန်မေးခွန်းထုတ်ရင်း ဖုန်းခေါ်ဆိုမှုကိုငြင်းပယ်ကာ ဘီယာတစ်ကျိုက်မော့လိုက်တော့၏။ နှစ်မိနစ်လောက်ကြာပြီးနောက်မှာတော့ သားရေဖိနပ်စီးထား​သော ခြေတစ်စုံက ကျယ်ယန်ရှေ့မှာ ပေါ်ထွက်လာသည်။

“ မစ္စတာကျယ် ”

ကျယ်ယန်က သူ့လက်ချောင်းများကိုအသာမြှောက်ကာလျှက် မော့ကြည့်လိုက်၏။ သက်တော်စောင့်အသွင်နှင့် တည်ကြည်သောအမျိုးသားတစ်ယောက်က ကိုယ်ကိုအသာကိုင်းညွှတ်လျှက် လမ်းဘေးမှာထိုးရပ်ထားသော အနက်ရောင်ကားကို လက်ဟန်ခြေဟန်ဖြင့် ညွှန်ပြနေသည်။ 

“ သူ​​ဌေးက မင်းကို အိမ်ပြန်ခေါ်ဖို့ရာ ဒီမှာရောက်နေပါတယ်။ ”

ကျယ်ယန် ကားရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်၏။ ကားတံခါးကိုပိတ်ထားတာကြောင့် အထဲမှာထိုင်နေသောလူကို မမြင်ရပေ။ သူ့စိတ်ထဲတွင်တော့ သူ့ကိုပြောလာသော ‘သူဌေး’ ဆိုသူ ဘယ်သူဘယ်ဝါဆိုနှင့်ပတ်သက်ပြီး ဘာအချက်အလက်မှ ရှိမနေပါ။ ဖြစ်နိုင်ခြေကို ယုတ္တိရှိရှိမှန်းဆမယ်ဆိုလျှင်၊ သူသာကျယ်ယန်ဆိုပါက သူ​ဌေးဟုဆိုရမည့်လူက နှစ်ယောက်သာရှိသည်။ တစ်ဦးက ကျယ်ယန်၏အဖေ ကျယ်ရှို့ဖြစ်ကာ၊ နောက်တစ်ဦးကတော့ သူ့၏အပေါစားယောကျာ်း ဗီလန်​​ကောင်ချိုးရှင်းပင်။ ပထမလူက သူ့သားကို ရောင်းစားခဲ့သူဖြစ်သလို နောက်တစ်ယောက်ကလည်း သူ့အိမ်ထောင်ဖက်ကို အဆုံးမရှိသော ဘေးဒုက္ခများကိုသာ ယူဆောင်လာ​ပေးမည့်သူ​ဖြစ်၏။ တစ်ယောက်မှ ​ရွေးလို့ကောင်းတဲ့လူတွေမဟုတ်။

ကျယ်ယန် ဘီယာဘူးကို ဖိညှစ်လိုက်မိ၏။ “ ခင်ဗျားလာတာ ​စောလွန်းတယ်။ ”
သတင်းဆိုးတွေမလာခင် ဒီညတာအသစ်လေးမှာ အနည်းဆုံးတော့ သူ့ကိုပျော်ရွှင်ခွင့်ပေးသင့်သည်လေ။

သက်တော်စောင့်က ယဥ်ကျေးသော်လည်း သူအသံမှာ သတိပေးမှုတို့ ပါဝင်နေသည်။
“ မစ္စတာကျယ် သူဌေးက မင်းကို အတော်လေးသည်းခံပြီးသွားပြီ။ ဆက်ပြီး အတိုင်အခံလုပ်မနေဘဲ ကားထဲဝင်လိုက်ပါ။ ”

“ ကားထဲမဝင်တော့ရော မင်းက ဘာလုပ်မှာမလို့လဲ။ ”

သက်တော်စောင့်က ခဏမျှ အသံတိတ်သွားပြီးနောက်  “ မနက်ဖြန်မှာ ဥက္ကဌကျယ်ရဲ့ ရာထူးနဲ့ပတ်သတ်ပြီးရှင်းလင်းဖို့ရာအတွက် နေ့လည်စာစားဖို့ရာ ချိန်းထားပါတယ်။ မင်းကိုလည်း အတူခေါ်လာမယ်လို့ ကတိပေးထားပါတယ်။ သေချာစဥ်းစားပါ။ ”

ကားထဲမှကလူက ချိုးရှင်းဖြစ်မယ့်ပုံပဲ။

ကျယ်ယန်က အကင်ချောင်းကိုကိုင်လျှက် မတ်တပ်ထရပ်လိုက်ပြီး ဘီယာဘူးကို သက်တော်စောင့်လက်ထဲထိုးပေးကာ ပုခုံးကိုပါပုတ်ပေးလိုက်သေး၏။ “ မင်းကိုဆုချတာ ” ထို့နောက် ကားတံခါးကိုဖွင့်ကာ ကားထဲဝင်လိုက်၏။

“ လွှင့်ပစ်လိုက် ”

ကျယ်ယန် သူ့ဘေးမှာထိုင်နေသောလူကို လှည့်ကြည့်မိသွားသည်။

“ မင်းလက်ထဲကဟာကို လွှင့်ပစ်လိုက် ”

ဝတ္ထုထဲက မဟာဗီလိန်ဆိုသည့်အတိုင်း ဥက္ကဌချိုးရှင်းဟာ အတော်လေးကိုကြည့်ကောင်းပြီး ကြီးမြတ်လှသော အရှိန်အဝါတွေရှိ၏။ အထူးသဖြင့် လူတွေကို သူ့၏မျက်လုံးအေးစက်စက်ကြီးတွေနှင့်စိုက်ကြည့်လိုက်တဲ့အခါမှာ တစ်ဖက်သားကို ကြောက်လန့်တုန်လှုပ်သွားစေသည်။ သူ့မျက်လုံးထောင့်က မသိမသာမြင့်တက်နေပြီး နှုတ်ခမ်းထောင့်များက ကော့တက်နေကာ မျက်နှာကောက်ကြောင်းက နက်နဲပိရိနေ၏။ နှုတ်ခမ်းမည်းမည်းတွေနှင့် ဖြူဖျော့နေသောမျက်နှာက သူ့မျက်နှာပေါ်ရှိ လေးလံသုန်မှုန်နေသော အကြည့်နှင့် ပနံသင့်​နေပြန်သည်။ အနက်ရောင် ရှပ်အင်္ကျီနှင့်ဘောင်းဘီကြောင့် သူ့ပုံစံက ကလေးတွေကိုတောင် အငိုရပ်သွားစေနိုင်သည့် ငရဲမှတက်လာသော မကောင်းဆိုးဝါး နတ်ဆိုးတစ်ကောင်လိုပင်။  

ကျယ်ယန်က ကလေးမှမဟုတ်တာ။

သူက ချိုးရှင်း၏မျက်လုံးများကိုစိုက်ကြည့်ပြီး ကားတံခါးကိုတွန်းဖွင့်ကာ ကားပေါ်မှဆင်းသွား၏။ ထို့နောက် ခရီးသည်ထိုင်ခုံရှေ့ကိုသွားကာ ထိုင်ကာစရှိသေးသော သက်တော်စောင့်ကိုဆွဲထုတ်ကာ သူ့လက်ထဲက အကင်ချောင်းကို ပေးလိုက်၏။
“ ဒါကလည်း မင်းကိုဆုချတာ။ ကောင်းကောင်းစား မဖြုန်းတီးနဲ့ ” ပြောပြီးတာနှင့် ခရီးသည်ထိုင်ခုံမှာဝင်ထိုင်ကာ တံခါးကိုဆောင့်ပိတ်လျှက် မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။

ကားအတွင်းကလေထုက မှောင်မိုက်ပြီးရင်း ပိုမိုမှောင်မိုက်လာ၏။ အရင်က ကြောက်တတ်ရှက်တတ်သော ကျယ်ယန်က ဘယ်လိုကြောင့် ရုတ်တရက် ရန်လိုလာသလဲဆိုတာကို ဒရိုက်ဘာကလည်း နားမလည်တော့။ အနောက်ကခုံမှာထိုင်နေသော ချိုးရှင်း၏ အမူအရာကိုပင် မကြည့်ရဲတော့ဘဲ ကျယ်ယန်ကို မရဲတရဲဖြင့် စကားစလိုက်၏။
“ မစ္စတာကျယ် ခင်ဗျား အနောက်ခုံကိုသွားလိုက်တာက ပိုကောင်းပါလိမ့်မယ်။ ခရီးသည်ထိုင်ခုံက အန္တရာယ်အများဆုံးနေရာပါ …”

ကျယ်ယန်က ထိုင်ခုံကိုနောက်သို့ နည်းနည်းလှန်ဆွဲပြီး လက်ကိုပိုက်ကာ ဘေးသို့​စောင်းကာ အိပ်လိုက်လေ​၏။

ဒရိုင်ဘာ:  “…”

ချိုးရှင်းက “မောင်း ”ဟု အမိန့်ပေးလာ၏။

ဒရိုင်ဘာက ချီတုံချတုံဖြစ်သွား၏။
“ ဒါဆို ဝူရွေ့ကရော …”

“ မောင်း ”

ဒရိုင်ဘာက ပါးစပ်ပိတ်ပြီး ကားကိုသာစထွက်လိုက်တော့၏။

“ လေအေးပေးစက်ကိုလျှော့လိုက် ”
ဒရိုက်ဘာက ချိုးရှင်းအမိန့်အတိုင်း လိုက်နာလိုက်သည်။

“ နည်းနည်းထပ်လျှော့ ”

ဒရိုက်ဘာက ခေတ္တမျှတုံ့ဆိုင်းသွားသော်လည်း ထပ်လျှော့လိုက်သည်။ 

ချိုးရှင်းက စိတ်မရှည်တော့ဘဲ
“ အနိမ့်ဆုံးကိုလျှော့လိုက် ”

ဒရိုက်ဘာက အလန့်တကြားဖြစ်သွား၏။
“ သူဌေး အနိမ့်ဆုံးက ၁၀ ဒီဂရီဆဲလ်စီယပ်ပါ။ ”

“ ​​လျှော့လိုက် ”
ဒရိုက်ဘာ ငိုချင်လာကာ မျက်လုံးပိတ်ထားဆဲဖြစ်သော ကျယ်ယန်ဘက်ကို လှည့်ကြည့်ရင်း သူ့လက်ကိုက်ပဝါကိုသာ ကိုက်ထားလိုက်ချင်တော့သည်။ သူဌေးက နောက်ထပ်တစ်ခါ စိတ်ဖောက်လာပြန်ပြီ။ ခုဏကမှ သေချာပေါက်အကောင်းကြီးကို …

ကားအတွင်းပိုင်းအပူချိန်က အလျှင်အမြန်ပဲ ထိုးကျသွား၏။ လက်ရှိရာသီဥတုက နွေရာသီနှောင်းပိုင်း ဆောင်းဦးအစသာရှိသေး၏။ ကျယ်ယန်က ကုတ်အင်္ကျီပါး​လေးကို ဝတ်ထား၏။ အင်္ကျီတစ်ထပ်တည်းသာဝတ်ထားသော ဒရိုင်ဘာနှင့် ကျယ်ယန်အတွက်တော့ ၁၀ ဒီဂရီဆိုသည့်အပူချိန်က သူတို့နှစ်ယောက်ကို အေးခဲသွားစေနိုင်သည်။

ကျယ်ယန်က ကမ္ဘာပျက်ကပ်မှလွတ်လာကာစမှာ သူ့ကိုယ်သူ နှိပ်စက်ဖို့ရန်အတွက် အဆင်သင့်မဖြစ်သေးပေ။ သူ့မျက်လုံးများကိုဖွင့်ကာ ပြောလိုက်ရ​တော့၏။

“ ပြန်တင်လိုက် ”

ဒရိုင်ဘာက တုပ်တုပ်မျှမလှုပ်ရဲ။ ကျယ်ယန်က ချိုးရှင်းကို နောက်ပြန်လှည့်ကြည့်လိုက်၏။ “ သူ့ကို ပြန်ပြောင်းခိုင်းလိုက်။ ”

ချိုးရှင်းက ထိတ်လန့်စဖွယ် ပြုံးပြလာ၏။ “ အိပ်လို့ရသေးလား။ ”

“……”

အရူး။

ကျယ်ယန် မျက်မှောင်ကြုတ်သွား၏။
“ ကျွန်တော် ကားပေါ်မတက်ခင်က အမဲသားခေါက်ဆွဲတစ်ပန်းကန်၊ ဖက်ထုတ်ပြုတ်တစ်ပွဲ​၊ အိုဒန်တစ်ပွဲ၊ ရေဘဝဲလုံးတစ်ဘူးနဲ့ ဆန်ခေါက်ဆွဲကြော်ရယ်စားလာတယ်။ ”

ချိုးရှင်းက မပြုံးမရယ်တော့ဘဲ “ ကြွားနေတာလား ”

“……”
ကျယ်ယန်က သူ့ဗိုက်လေးကိုလက်ညှိုးထိုးပြကာ ရှင်းပြလိုက်၏။
“ ကျွန်တော် အများကြီးစားထားလို့ ဒီပုံအတိုင်းဆို ကျွန်တောိအအေးမိပြီး အန်လိမ့်မယ်လို့။ ” နောက်ထပ်တစ်ခါ လက်ညှိုးထပ်ထိုးပြလိုက်ပြန်၏။ “ ကားထဲမှာတင် အန်မိလိမ့်မယ်။ ”

နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းပြိုင်နေကြပြီးမှ ချိုးရှင်းက အရင်အကြည့်လွှဲသွား၏။ “ အပူချိန်ကိုမြှင့်လိုက် ”

ဒရိုင်ဘာမှာ စိတ်သက်သာရာရစွာ သက်ပြင်းခိုးချ​ကာ အပူချိန်ကို ကပျာကယာ ပြန်တင်လိုက်တော့၏။

ကျယ်ယန်ကလည်း ပြန်အိပ်သွား၏။

ကားက နှစ်မိနစ်လောက်ဆက်မောင်းပြီးနောက် ချိုးရှင်းတစ်ယောက် စိတ်မပျော်မရွှင်ထပ်ဖြစ်လာ၏။

“ ပြတင်းပေါက်ဖွင့်လိုက်။ ဇီယာစေ့နံ့တွေနဲ့။ ”
[ T/N: ဇီယာစေ့- အကင်ထဲမှာထည့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး။ သူ့အရသာက ပူစပ်စပ် ရှတတလေး။ ]

ဒါရိုက်ဘာက ဘာမှမပြောဘဲ ဖွင့်ပေးလိုက်၏။ ညလေညှင်းက ကားထဲဝင်လာတာကြောင့် ကားထဲကလေအေးတွေကို အဝေးသို့လွင့်ပျယ်သွားစေသည်။ ကျယ်ယန်က သက်တောင့်သက်သာဖြင့် အနေအထား​တောင်ပြောင်းလိုက်သေး၏။ လေအေးပေးစက်ကလေနှင့်ယှဥ်လျှင် သဘာဝညလေညှင်းလေးကို သူ ပိုသဘောကျသည်။

ချိုးရှင်းက ပိုလို့တောင်စိတ်တိုလာ၏။   
“ ရပြီ ပိတ်လိုက်တော့ ”
ဒရိုင်ဘာမှ ဘာမှစောဒကတက်မနေဘဲ ပြတင်းပေါက်ကို ပြန်ပိတ်ပေးလိုက်၏။

ကျယ်ယန်က သူ့​ခေါင်း​ပေါ်က ခေါင်းစွပ်ကို ဆွဲချပြီး သူ့မျက်နှာကို အရိပ်ကျစေကာ ဖုံးကွယ်ထားလိုက်တော့၏။ 

ကားထဲတွင် လေဖိအားနည်းရပ်ဝန်းက ဆက်လက်ဖြစ်ပေါ်နေ၏။ အတော်လေးကြာတော့ ကားက မြို့တော်ဆေးရုံအရှေ့မှာ ရပ်တန့်သွားသည်။ ချိုးရှင်း ကားပေါ်ကဆင်းသွားပေမယ့် ကျယ်ယန်ကတော့ မလှုပ်။

ဒရိုက်ဘာက ကားတံခါးကို ဂရုတစိုက်ဖွင့်ပေးလိုက်၏။
“ မစ္စတာကျယ် ရောက်ပါပြီဗျ။ ”

ကျယ်ယန်က သူမျက်လုံးများကိုဖွင့်ကာ ကားပေါ်မှဆင်းလိုက်သော်လည်း သူ့ခေါင်းစွပ်ကိုတော့ မချွတ်ပေ။
“ အိမ်ပြန်မှာမဟုတ်ဘူးလား။ ဒီမှာ ဘာလုပ်မလို့လဲ။ ”

ချိုးရှင်းက ညစ်ကျယ်ကျယ်ပြုံးပြလာ၏။ “ မင်းဗိုက်ကို ​​ဖောက်ထုတ်မလို့။ ”

ကျယ်ယန်က သူ့ကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်စိုက်ကြည့်လိုက်၏။
“ ခင်ဗျားပိုက်ဆံရှင်းမယ်ဆို ကျွန်တော်​ဖောက်​ပေးမယ်။ ”

ဒါရိုင်ဘာက သူ့ခေါင်းကိုအမြန်ငုံ့လိုက်တာကြောင့် သူ့သူဌေး၏ လေလျော့သွားသော ဘောလုံးလို ရှုံ့တွသွားသည့်မျက်နှာအား ထပ်မမြင်လိုက်ရပေ။

ချိုးရှင်းက ကျယ်ယန်ကို ​အေးစက်စွာ​​ကြည့်ကာ ဘာစကားတစ်ခွန်းမှမဆို​​တော့ဘဲ ​ဆေးရုံထဲသို့ လှည့်ဝင်သွားလေသည်။

ကျယ်ယန်လည်း သူ့အနောက်ကနေ လိုက်သွားသည်။

ချိုးရှင်းက အရပ်ရှည်ပြီး ခြေတန််ရှက်ရှည်များရှိတာကြောင့် လမ်းလျှောက်တဲ့အခါ လွှားခနဲ လွှားခနဲပင်။ သူ့၏ မှိန်ဖျော့ဖျော့အသားအရေနှင့် ပိန်ပါးသော ခန္ဓာကိုယ်မှတစ်ပါး ဖျားနာနေသော လူမမာတစ်ယောက်တွင်ရှိသင့်သည့် အားနည်းမှုအင်္ဂါများ စိုးစိမှရှိမနေပေ။ ကျယ်ယန်မှာ ချိုးရှင်းအနောက်ကနေလိုက်ရင်း သေသေချာချာ အကဲခတ်နေမိ၏။

သူတို့နှစ်ယောက် အတွင်းလူနာဆောင်ဌာနသို့ ဦးတည်ခဲ့ကြသည်။ သီးသန့်လူနာဆောင်ထဲကိုရောက်တော့ ချိုးရှင်းက ရုတ်တရပ် ရပ်လိုက်၏။ ချိုးရှင်းက သူ့ကိုလှည့်ကြည့်လာတာကြောင့် ကျယ်ယန်ကလည်း ရပ်လိုက်ရသည်။
“ ကိုယ် ကြည့်ကောင်းလား။ ”

“ မဆိုးပါဘူး။ ”

ကမ္ဘာပျက်ကပ်မှာဆို ပိန်လှီပြီးသေနေသောလူတွေမှ ဒုနှင့်ဒေးပင်။ သူကိုယ်တိုင်လည်း အများကြီးမြင်ခဲ့ဖူးတာကြောင့် ကျင့်သားရနေပြီ။

ချိုးရှင်း၏ပါးစပ်ကာ တွန့်လိမ်မဲ့ရွဲ့သွား၏။ ထို့နောက် သူက ဆိုလာသည်။
“ မင်းသတ္တိတွေကိုသိမ်းထားဦး။ ဒီနေ့နေလည်က ငါ့တူလေး ကားတိုက်မှုဖြစ်လို့ လာကြည့်တာ။ ငြိမ်ငြိမ်​​လေးနေ ပေါက်ကရတွေလျှောက်မပြောနဲ့။ ”

ဗီလိန်ရဲ့တူဆိုတော့ အမျိုးသားဇာတ်လိုက်မဟုတ်လား။ ဇာတ်ကြောင်းအရဆို ဇာတ်လိုက်မင်းသား ဖုန်ချင်းလင်က ကားတိုက်မှုဖြစ်ပြီးနောက်မှာ မွေးဖွားလာရပေမည်။ ဇာတ်လိုက်မင်းသားပြန်မွေးဖွားမလာခင်မှာပဲ ချိုးရှင်းက ဖုန်မိသားစု၏ ဖုန်ဟွာအုပ်စုကို လက်ဝါးကြီးအုပ်ပြီး​​နေပြီ။

ထိုအချိန်က ဇာတ်လိုက်မင်းသားမှာ အမုန်းတရားတွေစုံပြုံတိုးပွားလာသော အချိန်လည်းဖြစ်သင့်သည်။

ကျယ်ယန်က သူ့အိတ်ကပ်ထဲသို့ လက်ကိုထည့်လိုက်သည်။

ပွဲကောင်းတစ်ပွဲ ရှိသည်လေ။

သူတို့နှစ်ယောက် လူနာခန်းထဲကိုဝင်သွားတော့ ဖုန်ချင်းလင်က အိပ်ဖို့ပြင်နေပြီ။ 

ချိုးရှင်းကိုမြင်တော့ ဖုန်ချင်းလင်၏ အမူအရာက စက္ကန့်ပိုင်းမျှ ပျက်ယွင်းသွားသည်။ သို့သော်လည်း ဘာပဲဖြစ်ဖြစ် သူက ဇာတ်လိုက်မင်းသားဖြစ်တာကြောင့် သူ့အမူအရာကို အမြန်ထိန်းချုပ်ကာ ပုံမှန်အတိုင်းပဲ ချိုးရှင်းအား ရင်နှီး​ဖော်ရွေစွာ နှုတ်ဆက်လာ၏။ ချိုးရှင်းကတော့ အေးတိအေးစက်ဖြင့်သာ ပြန်အသိအမှတ်ပြု​ပေးလိုက်ပြီး ဒဏ်ရာအကြောင်း စုံစမ်းမေးမြန်းရန်အတွက် ကုတင်ပေါ်သို့ ထိုင်လိုက်သည်။

ကျယ်ယန်ကိုတော့ ဘယ်သူမှနှုတ်မဆက်ကြပေ။ သူသာသာ ဆိုဖာတစ်လုံးရှာထိုင်လိုက်ပြီး ကိုယ်ပိုင်အကြံကိုယ်စီနှင့် တူဝရီးနှစ်ယောက်ကိုသာ အကဲခတ်နေလိုက်၏။

'တူလေးက ဦးလေးနဲ့တူတယ်ဟု ပြောရမှာပဲ​။ ဖုန်ချင်းလင်ရဲ့ မျက်ခုံးမျက်ဖန်တွေက ချိုးရှင်းနှင့် အတော်လေးကိုဆင်ကာ သူတို့နှစ်ယောက်လုံး တစ်ခုခုကိုအားရုံစိုက်နေတဲ့အခါမှာဆိုရင် စူးရှထက်မြက်တဲ့ မျက်လုံးတွေရှိကြတယ်။ တူဝရီးဆိုပေမယ့်လည်း အသက်က ငါးနှစ်ပဲကွာပြီး အခုလို အတူတူထိုင်နေကြတော့ ညီအစ်ကိုတွေနဲ့တောင် ပိုတူနေသေး။ ဖုန်ချင်းလင်က ၂၄ နှစ်ရှိပြီဖြစ်ကာ ဖုန်မိသားစုကုမ္ပဏီကို ဝင်ရောက်ခဲ့တာကလည်း တစ်နှစ်သာရှိသေးတယ်။ သူ့အမေက ရန်သူတော် ချိုးမိသားစုမှဖြစ်တာကြောင့် ဖုန်မိသားစုရဲ့ မျက်နှာသာပေးမှုကို မရခဲ့ဘူး။  ´

' ဖုန်မိသားစုနဲ့ ချိုးမိသားစုက ရန်ငြိုးရန်စဟောင်းတွေရှိပြီး စီးပွားရေးမှာလည်း ပြိုင်ဘက်တွေ။ သူတို့ရဲ့ ဆက်ဆံရေးက မီးနဲ့ရေလိုပဲ​။ ဒီလိုအခြေအနေမှာပဲ ချူးမိသားစုရဲ့ တစ်ဦးတည်းသောသမီးလေး ချိုးကျင်းက ဖုန်မိသားစုရဲ့အထွေးဆုံးသားလေး ဖုန်တန်နဲ့ ရည်ငံမိသွားကြတယ်။ ချိုးကျင်းက သူမမိဘများရဲ့ဖျောင်းဖျမှုတွေကို လျစ်လျူရှု၊ မိဘတွေကိုခြေစုံကန်ပြီး ဖုန်မိသားစုဝင်နဲ့ လက်ထပ်ခဲ့တယ်။ သူမမိဘများကလည်း စိတ်ဆိုးသွားပြီး အဆက်အသွယ်ပါဖြတ်ပစ်ခဲ့တယ်။ ရန်သူမိသားစုနဲ့ပတ်သက်သမျှလူတိုင်းက ရန်သူတွေပဲလေ။ နောက်ပိုင်းမှာတော့ မားမားချိုးက သူမရဲ့ကြီးရင့်နေပြီဖြစ်တဲ့ အသက်အရွယ်ကိုအံတုကာ သန္ဓေသားအတုဖန်တီးပြီး ချိုးရှင်းကို မွေးဖွားခဲ့တယ်။ နောက်တော့ ချိုးမိသားစုပိုင်သမျှဟာ ချိုးရှင်းအတွက်သာဖြစ်ပြီး ချိုးကျင်းနဲ့ ဘာတစ်ခုမှသက်ဆိုင်မှုမရှိတဲ့အကြောင်း သေတမ်းစာပါ ရေးခဲ့တယ်။ ´
[ သန္ဓေသားအတု- အငှားကိုယ်ဝန်ဆောင် or ဖန်ပြွန်သန္ဓေ။ ]

' ဒီကိစ္စကြောင့်ပဲ ချိုးကျင်းတစ်ယောက် အကြီးအကျယ်စိတ်ထိခိုက်ပြီး ခန္ဓာကိုယ်ကိုပါ ထိခိုက်စေခဲ့တယ်။ နောက်ထပ်နှစ်အနည်းငယ်ကြာမှသာ ဇာတ်လိုက်မင်းသားကိုရခဲ့တော့တယ်။ ဇာတ်လိုက်မင်းသားကို မွေးဖွားပြီးမကြာခင်မှာပဲ စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြန်တယ်။ သူမသေသွားတာနဲ့မကြာဘူး။ ဖုန်တန်က နောက်မိန်းမတစ်ယောက်ကို ခပ်မြန်မြန်ပဲ လက်ထပ်ယူလိုက်သလို ဖုန်ချင်းလင်လည်း ညီလေးနှစ်ယောက်နဲ့ ညီမလေးတစ်ယောက် ရခဲ့ပြန်တယ် … ´

“ ဦးလေး ကျွန်တော့်အမေက ဘယ်လိုသေသွားတာလဲ။ ”

ကျယ်ယန် အသိပြန်ဝင်လာပြီး ဆေးရုံကုတင်ပေါ်က လူကို တစ်ချက်လှမ်းကြည့်လိုက်၏။

ချိုးရှင်းက အ​တွေးနက်​​​နေ​၏။
“ ဘာလို့ ဒီမေးခွန်းကို ထပ်မေးနေတာလဲ။ မင်းအမေက မင်းအဖေကြောင့်သေသွားတာ။ ဒီအကြောင်းကို မစဥ်းစားနဲ့တော့။ အရာအားလုံးက မင်းအပိုင်ပဲ။ မင်းပြန်ရအောင် ငါကူညီပေးမယ်။ ထူထူထောင်ပြန်ဖြစ်အောင်သာနေ။ ”

ဖုန်ချင်းလင်က သူ့ခေါင်းကိုငုံ့က သူခံစားချက်များကိုဖုံးကွယ်လိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်၏။

“ ဦးလေးရဲ့ကိုယ်ကရော ဘယ်လိုနေ​သေးလဲ။ အခြေအနေက နောက်တစ်ခါ ထပ်ဆိုးလာတယ်ကြားမိလို့။ ”

ဒီမေးခွန်းက ချိုးရှင်းကို သတိပေးလိုက်သလိုဖြစ်သွားပြီး သူက ကျယ်ယန်ကို လက်ယပ်ခေါ်လိုက်၏။ 

ဇာတ်ကြောင်းအတွက် အချိန်တော့ကျလာပြီ။

ကျယ်ယန် နာနာခံခံဖြင့် မတ်တပ်ထရပ်ကာ ချိုးရှင်းဘေးသို့ သွားရပ်ပေးလိုက်၏။ ဖုန်ချင်းလင်က သရုပ်ဆောင် သိပ်ကောင်းသည်။ သူက ကျယ်ယန်ရှိ​နေတာကို ခုမှတွေ့သွားသလို ​မေးလာ၏။
“ ဦးလေး ဒါက …”

“ မင်းအဒေါ် ”
ချိုးရှင်းက ကျယ်ယန်ကို ဖုန်ချင်းလင်ရှေ့ကိုတွန်းပို့လိုက်ပြီး ဖုန်ချင်းလင်ကို မေးဆတ်ပြလိုက်၏။

“ မင်း သူ့ကို အဲ့ဒီလိုခေါ်လို့ရတယ်။ ”

ဖုန်ချင်းလင်: “……”

ကျယ်ယန်:  “……”

နေပါဦး… ဒါကြီးက စာအုပ်ထဲကနဲ့ မတူဘူးလားလို့။ ဖုန်ချင်းလင်ရဲ့အ​မေးကို ‘ ကြံရာကျပန်းအိမ်ဖော်သစ်’လို့ ပြန်ဖြေသင့်တာမဟုတ်ဘူးလား။

[ T/N: ကျယ်ယန်ရဲ့ တစ်ချို့အတွေးနေရာလေးတွေကို စကားပြေနဲ့ စကားပြော ရှုပ်နေမှာစိုးလို့ '…´ လေးနဲ့ရေးထားတယ်နော်။ ကျယ်ယန်စားတဲ့မုန့်တွေ ဘာသာပြန်ရင်း စားချင်လာလို့ ရှာကြည့်ထားတာ 🤤 👇 ]

Beef noodles

Soup dumplings

Oden

Octopus balls

Fried rice noodles

[ သူက ဆန်ခေါက်ဆွဲကြော်ဆိုပေမယ့် မြန်မာအခေါ် ကြာဇံကြော်ဖြစ်မယ်ထင်တယ်။ ]

━━━━━━━━━━━━━━━━━━━━━━━

Zawgyi
အခန္း (၂)

အမဲသားေခါက္ဆြဲ၊ ဖက္ထုတ္ျပဳတ္၊ အိုဒန္၊ ေရဘဝဲလုံး၊ ဆန္ေခါက္ဆြဲေၾကာ္ … က်ယ္ယန္ ေလွ်ာက္သြားရင္း စားလိုက္ေသာက္လိုက္တာ ေနဝင္လို႔ မီးေတြလင္းသည္အထိပင္။

သူ႕ဗိုက္က ျပည့္အင့္လို႔ေနသည့္တိုင္ သူကေတာ့ ေက်နပ္ေနမိ၏။

ကမာၻပ်က္ကပ္ၿပီးေနာက္ သဘာဝပတ္ဝန္းက်င္က အေတာ္ေလးကို ညစ္ညမ္းလာခဲ့ကာ ကမာၻမပ်က္ခင္မွာျမင္ေတြ႕ေနက် အစားအေသာက္တိုင္းက ဇိမ္ခံပစၥည္းမ်ား ျဖစ္လာၾကသည္။ က်ယ္ယန္အေနျဖင့္ ဒီလိုဟင္းခတ္အေမႊးအႀကိဳင္မ်ား၏ အနံ႕အရသာမ်ားကိုမရခဲ့သည္မွာ ဘယ္ေလာက္ေတာင္ၾကာ​ေနၿပီလဲဆိုတာ မွတ္​ေတာင္မမွတ္မိေတာ့။

က်ယ္ယန္ ဝယ္ထားေသာ အသားကင္မ်ားကိုကိုင္လွ်က္ သက္ဝင္စည္ကားေနေသာ ညေစ်းတစ္ေလွ်ာက္ လမ္းေလွ်ာက္လာခဲ့သည္။ ထို႔ေနာက္ ထိုင္ဖို႔ရာပန္းခုံတစ္ခုကိုေတြ႕လိုက္ၿပီး ဘီယာတစ္ပုလင္းေဖာက္လိုက္၏။

ဖုန္းက အခ်ိန္အေတာ္ၾကာကတည္းက အသံတိတ္သြားတာေၾကာင့္ အားကုန္သြားေလာက္ၿပီ။ လမ္းမီးတိုင္ေတြက အဝါေရာင္ေဖ်ာ့ေဖ်ာ့ေလးလင္းေနကာ အလင္းေရာင္ေအာက္တြင္ ျခင္မ်ားကဝဲလို႔။ အနားရွိ ညေစ်းက လူေတြႀကိတ္ႀကိတ္တိုးေနၿပီး အသားကင္ႏွင့္ ပုဇြန္အနံ႕မ်ားက ​ေလထဲမွာအျပည့္။ ကားေတြကလည္း လမ္းမထက္မွာ သြားလိုက္လာလိုက္ျဖင့္။ ညည့္နက္လာေပမယ့္လည္း ၿမိဳ႕ႀကီးကေတာ့ အိပ္ေမာမက်ေသးေပ။

ဘဝဆိုတာ ဒီလိုမ်ိဳးျဖစ္သင့္တာ။

က်ယ္ယန္က ဘီယာဘူးကို ႏႈတ္ခမ္းထက္မွာ အတန္ၾကာေအာင္ေတ့ထားၿပီးမွ ျပန္ဖယ္လိုက္၏။

သူ႕မ်က္ႏွာကိုပြတ္လိုက္မိသည္။

ဘာေတြျဖစ္ေနတာလဲ။ သူက ကမာၻပ်က္ကပ္ကေန လြတ္လာခဲ့ၿပီေလ။ ဘာေတြကို ဆုံးရႈံးမွာေၾကာက္ေနတာလဲ။

သူ႕မိုဘိုင္းဖုန္း၏ လွ်ပ္တျပတ္ျမည္သံက ေအးေအးလူလူနားေနေနသည့္ သူ႕စည္းစိမ္ကို ေႏွာင့္ယွက္လို႔လာသည္။ ဖုန္းျမည္သံက သူ႕အေနာက္ဘက္ ေက်ာပိုးအိတ္ထဲမွာထြက္လာတာျဖစ္၏။ ဖုန္းျမည္သံအမ်ိဳးမ်ိဳးကိုဂ႐ုတစိုက္ တပ္ဆင္ထားသည့္ မူလပိုင္ရွင္၏ ဖုန္းအေဟာင္းထဲမွထြက္လာေသာ system တီးလုံးမဟုတ္တာေတာ့ အေသအခ်ာပင္။ က်ယ္ယန္ ဘီယာဘူးကိုခ်ကာ ေက်ာပိုးအိတ္ကို ဆြဲယူလိုက္၏။ အေနာက္ဘက္မွာ အကာအကြယ္ျပားေလးပင္မခြာရေသးေသာ ဖုန္းအသစ္ခ်က္ခြၽတ္တစ္လုံးကို ေတြ႕လိုက္ရ၏။

ဖုန္းမ်က္ႏွာက ‘ဟိုလူႀကီး’ဆီမွဆိုေသာ ဖုန္ေခၚဆိုမႈတစ္ခုႏွင့္အတူ တုန္ခါေနသည္။

ဝတၳဳထဲ၌ က်ယ္ယန္က ဖုန္းထဲမွာ ခ်ိဳးရွင္းကို မွတ္ထား​ေသာနာမည္က‘ဟိုလူႀကီး’ပင္။ ဒီအေၾကာင္းကို ဇာတ္လိုက္မက သိသြားၿပီးေနာက္ အျမႇောက္စာဇာတ္ေကာင္ေလး က်ယ္ယန္အား ပိုသင့္ေတာ္​ေသာနာမည္ကိုေျပာင္းဖို႔ရာ အႀကံေပးခဲ့သည္။ အျမႇောက္စာေလး က်ယ္ယန္ကေတာ့ လက္မခံဘဲ ဇာတ္လိုက္မကို ဗီလိန္ႏွင့္ ေဝးေဝးေနဖိုရန္သာ ​ေျပာခဲ့သည္။ သူတို႔ႏွစ္ေယာက္၏ စကားဝိုင္းကို ဗီလိန္ၾကားသြားခဲ့ၿပီး ရလဒ္အေနျဖင့္ သဘာဝက်က်ပင္ ကံဆိုးမိုးေမွာင္က်သြား၏။ ဇာတ္လိုက္မကလည္း ဗီလိန္၏အာ႐ုံကို ေအာင္ေအာင္ျမင္ျမင္ ဆြဲေဆာင္နိုင္သြားေတာ့သည္။

ဝတၳဳေလာကထဲမွာ အျမႇောက္စာနဲ႕ နာမည္တူၿပီး အျမႇောက္စာလိုပဲ လူတစ္ေယာက္ကို ‘ဟိုလူႀကီး’လို႔ နာမည္မွတ္ထားတတ္တဲ့ ျဖတ္ေလွ်ာက္တစ္ေယာက္ပါေသးလား။

မရွိပါဘူး။

က်ယ္ယန္ သူ႕ကိုယ္သူျပန္ေမးခြန္းထုတ္ရင္း ဖုန္းေခၚဆိုမႈကိုျငင္းပယ္ကာ ဘီယာတစ္က်ိဳက္ေမာ့လိုက္ေတာ့၏။ ႏွစ္မိနစ္ေလာက္ၾကာၿပီးေနာက္မွာေတာ့ သားေရဖိနပ္စီးထား​ေသာ ေျခတစ္စုံက က်ယ္ယန္ေရွ႕မွာ ေပၚထြက္လာသည္။

“ မစၥတာက်ယ္ ”

က်ယ္ယန္က သူ႕လက္ေခ်ာင္းမ်ားကိုအသာျမႇောက္ကာလွ်က္ ေမာ့ၾကည့္လိုက္၏။ သက္ေတာ္ေစာင့္အသြင္ႏွင့္ တည္ၾကည္ေသာအမ်ိဳးသားတစ္ေယာက္က ကိုယ္ကိုအသာကိုင္းၫႊတ္လွ်က္ လမ္းေဘးမွာထိုးရပ္ထားေသာ အနက္ေရာင္ကားကို လက္ဟန္ေျခဟန္ျဖင့္ ၫႊန္ျပေနသည္။ 

“ သူ​​ေဌးက မင္းကို အိမ္ျပန္ေခၚဖို႔ရာ ဒီမွာေရာက္ေနပါတယ္။ ”

က်ယ္ယန္ ကားရွိရာသို႔ တစ္ခ်က္လွမ္းၾကည့္လိုက္၏။ ကားတံခါးကိုပိတ္ထားတာေၾကာင့္ အထဲမွာထိုင္ေနေသာလူကို မျမင္ရေပ။ သူ႕စိတ္ထဲတြင္ေတာ့ သူ႕ကိုေျပာလာေသာ ‘သူေဌး’ ဆိုသူ ဘယ္သူဘယ္ဝါဆိုႏွင့္ပတ္သက္ၿပီး ဘာအခ်က္အလက္မွ ရွိမေနပါ။ ျဖစ္နိုင္ေျခကို ယုတၱိရွိရွိမွန္းဆမယ္ဆိုလွ်င္၊ သူသာက်ယ္ယန္ဆိုပါက သူ​ေဌးဟုဆိုရမည့္လူက ႏွစ္ေယာက္သာရွိသည္။ တစ္ဦးက က်ယ္ယန္၏အေဖ က်ယ္ရွို႔ျဖစ္ကာ၊ ေနာက္တစ္ဦးကေတာ့ သူ႕၏အေပါစားေယာက်ာ္း ဗီလန္​​ေကာင္ခ်ိဳးရွင္းပင္။ ပထမလူက သူ႕သားကို ေရာင္းစားခဲ့သူျဖစ္သလို ေနာက္တစ္ေယာက္ကလည္း သူ႕အိမ္ေထာင္ဖက္ကို အဆုံးမရွိေသာ ေဘးဒုကၡမ်ားကိုသာ ယူေဆာင္လာ​ေပးမည့္သူ​ျဖစ္၏။ တစ္ေယာက္မွ ​ေ႐ြးလို႔ေကာင္းတဲ့လူေတြမဟုတ္။

က်ယ္ယန္ ဘီယာဘူးကို ဖိညွစ္လိုက္မိ၏။ “ ခင္ဗ်ားလာတာ ​ေစာလြန္းတယ္။ ”
သတင္းဆိုးေတြမလာခင္ ဒီညတာအသစ္ေလးမွာ အနည္းဆုံးေတာ့ သူ႕ကိုေပ်ာ္႐ႊင္ခြင့္ေပးသင့္သည္ေလ။

သက္ေတာ္ေစာင့္က ယဥ္ေက်းေသာ္လည္း သူအသံမွာ သတိေပးမႈတို႔ ပါဝင္ေနသည္။
“ မစၥတာက်ယ္ သူေဌးက မင္းကို အေတာ္ေလးသည္းခံၿပီးသြားၿပီ။ ဆက္ၿပီး အတိုင္အခံလုပ္မေနဘဲ ကားထဲဝင္လိုက္ပါ။ ”

“ ကားထဲမဝင္ေတာ့ေရာ မင္းက ဘာလုပ္မွာမလို႔လဲ။ ”

သက္ေတာ္ေစာင့္က ခဏမွ် အသံတိတ္သြားၿပီးေနာက္  “ မနက္ျဖန္မွာ ဥကၠဌက်ယ္ရဲ႕ ရာထူးနဲ႕ပတ္သတ္ၿပီးရွင္းလင္းဖို႔ရာအတြက္ ေန႕လည္စာစားဖို႔ရာ ခ်ိန္းထားပါတယ္။ မင္းကိုလည္း အတူေခၚလာမယ္လို႔ ကတိေပးထားပါတယ္။ ေသခ်ာစဥ္းစားပါ။ ”

ကားထဲမွကလူက ခ်ိဳးရွင္းျဖစ္မယ့္ပုံပဲ။

က်ယ္ယန္က အကင္ေခ်ာင္းကိုကိုင္လွ်က္ မတ္တပ္ထရပ္လိုက္ၿပီး ဘီယာဘူးကို သက္ေတာ္ေစာင့္လက္ထဲထိုးေပးကာ ပုခုံးကိုပါပုတ္ေပးလိုက္ေသး၏။ “ မင္းကိုဆုခ်တာ ” ထို႔ေနာက္ ကားတံခါးကိုဖြင့္ကာ ကားထဲဝင္လိုက္၏။

“ လႊင့္ပစ္လိုက္ ”

က်ယ္ယန္ သူ႕ေဘးမွာထိုင္ေနေသာလူကို လွည့္ၾကည့္မိသြားသည္။

“ မင္းလက္ထဲကဟာကို လႊင့္ပစ္လိုက္ ”

ဝတၳဳထဲက မဟာဗီလိန္ဆိုသည့္အတိုင္း ဥကၠဌခ်ိဳးရွင္းဟာ အေတာ္ေလးကိုၾကည့္ေကာင္းၿပီး ႀကီးျမတ္လွေသာ အရွိန္အဝါေတြရွိ၏။ အထူးသျဖင့္ လူေတြကို သူ႕၏မ်က္လုံးေအးစက္စက္ႀကီးေတြႏွင့္စိုက္ၾကည့္လိုက္တဲ့အခါမွာ တစ္ဖက္သားကို ေၾကာက္လန့္တုန္လႈပ္သြားေစသည္။ သူ႕မ်က္လုံးေထာင့္က မသိမသာျမင့္တက္ေနၿပီး ႏႈတ္ခမ္းေထာင့္မ်ားက ေကာ့တက္ေနကာ မ်က္ႏွာေကာက္ေၾကာင္းက နက္နဲပိရိေန၏။ ႏႈတ္ခမ္းမည္းမည္းေတြႏွင့္ ျဖဴေဖ်ာ့ေနေသာမ်က္ႏွာက သူ႕မ်က္ႏွာေပၚရွိ ေလးလံသုန္မႈန္ေနေသာ အၾကည့္ႏွင့္ ပနံသင့္​ေနျပန္သည္။ အနက္ေရာင္ ရွပ္အကၤ်ီႏွင့္ေဘာင္းဘီေၾကာင့္ သူ႕ပုံစံက ကေလးေတြကိုေတာင္ အငိုရပ္သြားေစနိုင္သည့္ ငရဲမွတက္လာေသာ မေကာင္းဆိုးဝါး နတ္ဆိုးတစ္ေကာင္လိုပင္။  

က်ယ္ယန္က ကေလးမွမဟုတ္တာ။

သူက ခ်ိဳးရွင္း၏မ်က္လုံးမ်ားကိုစိုက္ၾကည့္ၿပီး ကားတံခါးကိုတြန္းဖြင့္ကာ ကားေပၚမွဆင္းသြား၏။ ထို႔ေနာက္ ခရီးသည္ထိုင္ခုံေရွ႕ကိုသြားကာ ထိုင္ကာစရွိေသးေသာ သက္ေတာ္ေစာင့္ကိုဆြဲထုတ္ကာ သူ႕လက္ထဲက အကင္ေခ်ာင္းကို ေပးလိုက္၏။
“ ဒါကလည္း မင္းကိုဆုခ်တာ။ ေကာင္းေကာင္းစား မျဖဳန္းတီးနဲ႕ ” ေျပာၿပီးတာႏွင့္ ခရီးသည္ထိုင္ခုံမွာဝင္ထိုင္ကာ တံခါးကိုေဆာင့္ပိတ္လွ်က္ မ်က္လုံးမ်ားကို မွိတ္ထားလိုက္ေတာ့သည္။

ကားအတြင္းကေလထုက ေမွာင္မိုက္ၿပီးရင္း ပိုမိုေမွာင္မိုက္လာ၏။ အရင္က ေၾကာက္တတ္ရွက္တတ္ေသာ က်ယ္ယန္က ဘယ္လိုေၾကာင့္ ႐ုတ္တရက္ ရန္လိုလာသလဲဆိုတာကို ဒရိုက္ဘာကလည္း နားမလည္ေတာ့။ အေနာက္ကခုံမွာထိုင္ေနေသာ ခ်ိဳးရွင္း၏ အမူအရာကိုပင္ မၾကည့္ရဲေတာ့ဘဲ က်ယ္ယန္ကို မရဲတရဲျဖင့္ စကားစလိုက္၏။
“ မစၥတာက်ယ္ ခင္ဗ်ား အေနာက္ခုံကိုသြားလိုက္တာက ပိုေကာင္းပါလိမ့္မယ္။ ခရီးသည္ထိုင္ခုံက အႏၲရာယ္အမ်ားဆုံးေနရာပါ …”

က်ယ္ယန္က ထိုင္ခုံကိုေနာက္သို႔ နည္းနည္းလွန္ဆြဲၿပီး လက္ကိုပိုက္ကာ ေဘးသို႔​ေစာင္းကာ အိပ္လိုက္ေလ​၏။

ဒရိုင္ဘာ:  “…”

ခ်ိဳးရွင္းက “ေမာင္း ”ဟု အမိန့္ေပးလာ၏။

ဒရိုင္ဘာက ခ်ီတုံခ်တဳံျဖစ္သြား၏။
“ ဒါဆို ဝူေ႐ြ႕ကေရာ …”

“ ေမာင္း ”

ဒရိုင္ဘာက ပါးစပ္ပိတ္ၿပီး ကားကိုသာစထြက္လိုက္ေတာ့၏။

“ ေလေအးေပးစက္ကိုေလွ်ာ့လိုက္ ”
ဒရိုက္ဘာက ခ်ိဳးရွင္းအမိန့္အတိုင္း လိုက္နာလိုက္သည္။

“ နည္းနည္းထပ္ေလွ်ာ့ ”

ဒရိုက္ဘာက ေခတၱမွ်တုံ႕ဆိုင္းသြားေသာ္လည္း ထပ္ေလွ်ာ့လိုက္သည္။ 

ခ်ိဳးရွင္းက စိတ္မရွည္ေတာ့ဘဲ
“ အနိမ့္ဆုံးကိုေလွ်ာ့လိုက္ ”

ဒရိုက္ဘာက အလန့္တၾကားျဖစ္သြား၏။
“ သူေဌး အနိမ့္ဆုံးက ၁၀ ဒီဂရီဆဲလ္စီယပ္ပါ။ ”

“ ​​ေလွ်ာ့လိုက္ ”
ဒရိုက္ဘာ ငိုခ်င္လာကာ မ်က္လုံးပိတ္ထားဆဲျဖစ္ေသာ က်ယ္ယန္ဘက္ကို လွည့္ၾကည့္ရင္း သူ႕လက္ကိုက္ပဝါကိုသာ ကိုက္ထားလိုက္ခ်င္ေတာ့သည္။ သူေဌးက ေနာက္ထပ္တစ္ခါ စိတ္ေဖာက္လာျပန္ၿပီ။ ခုဏကမွ ေသခ်ာေပါက္အေကာင္းႀကီးကို …

ကားအတြင္းပိုင္းအပူခ်ိန္က အလွ်င္အျမန္ပဲ ထိုးက်သြား၏။ လက္ရွိရာသီဥတုက ေႏြရာသီေႏွာင္းပိုင္း ေဆာင္းဦးအစသာရွိေသး၏။ က်ယ္ယန္က ကုတ္အကၤ်ီပါး​ေလးကို ဝတ္ထား၏။ အကၤ်ီတစ္ထပ္တည္းသာဝတ္ထားေသာ ဒရိုင္ဘာႏွင့္ က်ယ္ယန္အတြက္ေတာ့ ၁၀ ဒီဂရီဆိုသည့္အပူခ်ိန္က သူတို႔ႏွစ္ေယာက္ကို ေအးခဲသြားေစနိုင္သည္။

က်ယ္ယန္က ကမာၻပ်က္ကပ္မွလြတ္လာကာစမွာ သူ႕ကိုယ္သူ ႏွိပ္စက္ဖို႔ရန္အတြက္ အဆင္သင့္မျဖစ္ေသးေပ။ သူ႕မ်က္လုံးမ်ားကိုဖြင့္ကာ ေျပာလိုက္ရ​ေတာ့၏။

“ ျပန္တင္လိုက္ ”

ဒရိုင္ဘာက တုပ္တုပ္မွ်မလႈပ္ရဲ။ က်ယ္ယန္က ခ်ိဳးရွင္းကို ေနာက္ျပန္လွည့္ၾကည့္လိုက္၏။ “ သူ႕ကို ျပန္ေျပာင္းခိုင္းလိုက္။ ”

ခ်ိဳးရွင္းက ထိတ္လန့္စဖြယ္ ၿပဳံးျပလာ၏။ “ အိပ္လို႔ရေသးလား။ ”

“……”

အ႐ူး။

က်ယ္ယန္ မ်က္ေမွာင္ၾကဳတ္သြား၏။
“ ကြၽန္ေတာ္ ကားေပၚမတက္ခင္က အမဲသားေခါက္ဆြဲတစ္ပန္းကန္၊ ဖက္ထုတ္ျပဳတ္တစ္ပြဲ​၊ အိုဒန္တစ္ပြဲ၊ ေရဘဝဲလုံးတစ္ဘူးနဲ႕ ဆန္ေခါက္ဆြဲေၾကာ္ရယ္စားလာတယ္။ ”

ခ်ိဳးရွင္းက မၿပဳံးမရယ္ေတာ့ဘဲ “ ႂကြားေနတာလား ”

“……”
က်ယ္ယန္က သူ႕ဗိုက္ေလးကိုလက္ညွိုးထိုးျပကာ ရွင္းျပလိုက္၏။
“ ကြၽန္ေတာ္ အမ်ားႀကီးစားထားလို႔ ဒီပုံအတိုင္းဆို ကြၽန္ေတာိအေအးမိၿပီး အန္လိမ့္မယ္လို႔။ ” ေနာက္ထပ္တစ္ခါ လက္ညွိုးထပ္ထိုးျပလိုက္ျပန္၏။ “ ကားထဲမွာတင္ အန္မိလိမ့္မယ္။ ”

ႏွစ္ေယာက္သား တစ္ေယာက္ႏွင့္တစ္ေယာက္ အၾကည့္ခ်င္းၿပိဳင္ေနၾကၿပီးမွ ခ်ိဳးရွင္းက အရင္အၾကည့္လႊဲသြား၏။ “ အပူခ်ိန္ကိုျမႇင့္လိုက္ ”

ဒရိုင္ဘာမွာ စိတ္သက္သာရာရစြာ သက္ျပင္းခိုးခ်​ကာ အပူခ်ိန္ကို ကပ်ာကယာ ျပန္တင္လိုက္ေတာ့၏။

က်ယ္ယန္ကလည္း ျပန္အိပ္သြား၏။

ကားက ႏွစ္မိနစ္ေလာက္ဆက္ေမာင္းၿပီးေနာက္ ခ်ိဳးရွင္းတစ္ေယာက္ စိတ္မေပ်ာ္မ႐ႊင္ထပ္ျဖစ္လာ၏။

“ ျပတင္းေပါက္ဖြင့္လိုက္။ ဇီယာေစ့နံ႕ေတြနဲ႕။ ”
[ T/N: ဇီယာေစ့- အကင္ထဲမွာထည့္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္တစ္မ်ိဳး။ သူ႕အရသာက ပူစပ္စပ္ ရွတတေလး။ ]

ဒါရိုက္ဘာက ဘာမွမေျပာဘဲ ဖြင့္ေပးလိုက္၏။ ညေလညွင္းက ကားထဲဝင္လာတာေၾကာင့္ ကားထဲကေလေအးေတြကို အေဝးသို႔လြင့္ပ်ယ္သြားေစသည္။ က်ယ္ယန္က သက္ေတာင့္သက္သာျဖင့္ အေနအထား​ေတာင္ေျပာင္းလိုက္ေသး၏။ ေလေအးေပးစက္ကေလႏွင့္ယွဥ္လွ်င္ သဘာဝညေလညွင္းေလးကို သူ ပိုသေဘာက်သည္။

ခ်ိဳးရွင္းက ပိုလို႔ေတာင္စိတ္တိုလာ၏။   
“ ရၿပီ ပိတ္လိုက္ေတာ့ ”
ဒရိုင္ဘာမွ ဘာမွေစာဒကတက္မေနဘဲ ျပတင္းေပါက္ကို ျပန္ပိတ္ေပးလိုက္၏။

က်ယ္ယန္က သူ႕​ေခါင္း​ေပၚက ေခါင္းစြပ္ကို ဆြဲခ်ၿပီး သူ႕မ်က္ႏွာကို အရိပ္က်ေစကာ ဖုံးကြယ္ထားလိုက္ေတာ့၏။ 

ကားထဲတြင္ ေလဖိအားနည္းရပ္ဝန္းက ဆက္လက္ျဖစ္ေပၚေန၏။ အေတာ္ေလးၾကာေတာ့ ကားက ၿမိဳ႕ေတာ္ေဆး႐ုံအေရွ႕မွာ ရပ္တန့္သြားသည္။ ခ်ိဳးရွင္း ကားေပၚကဆင္းသြားေပမယ့္ က်ယ္ယန္ကေတာ့ မလႈပ္။

ဒရိုက္ဘာက ကားတံခါးကို ဂ႐ုတစိုက္ဖြင့္ေပးလိုက္၏။
“ မစၥတာက်ယ္ ေရာက္ပါၿပီဗ်။ ”

က်ယ္ယန္က သူမ်က္လုံးမ်ားကိုဖြင့္ကာ ကားေပၚမွဆင္းလိုက္ေသာ္လည္း သူ႕ေခါင္းစြပ္ကိုေတာ့ မခြၽတ္ေပ။
“ အိမ္ျပန္မွာမဟုတ္ဘူးလား။ ဒီမွာ ဘာလုပ္မလို႔လဲ။ ”

ခ်ိဳးရွင္းက ညစ္က်ယ္က်ယ္ၿပဳံးျပလာ၏။ “ မင္းဗိုက္ကို ​​ေဖာက္ထုတ္မလို႔။ ”

က်ယ္ယန္က သူ႕ကို တည္တည္ၿငိမ္ၿငိမ္ပဲ ျပန္စိုက္ၾကည့္လိုက္၏။
“ ခင္ဗ်ားပိုက္ဆံရွင္းမယ္ဆို ကြၽန္ေတာ္​ေဖာက္​ေပးမယ္။ ”

ဒါရိုင္ဘာက သူ႕ေခါင္းကိုအျမန္ငုံ႕လိုက္တာေၾကာင့္ သူ႕သူေဌး၏ ေလေလ်ာ့သြားေသာ ေဘာလုံးလို ရႈံ႕တြသြားသည့္မ်က္ႏွာအား ထပ္မျမင္လိုက္ရေပ။

ခ်ိဳးရွင္းက က်ယ္ယန္ကို ​ေအးစက္စြာ​​ၾကည့္ကာ ဘာစကားတစ္ခြန္းမွမဆို​​ေတာ့ဘဲ ​ေဆး႐ုံထဲသို႔ လွည့္ဝင္သြားေလသည္။

က်ယ္ယန္လည္း သူ႕အေနာက္ကေန လိုက္သြားသည္။

ခ်ိဳးရွင္းက အရပ္ရွည္ၿပီး ေျခတန္္ရွက္ရွည္မ်ားရွိတာေၾကာင့္ လမ္းေလွ်ာက္တဲ့အခါ လႊားခနဲ လႊားခနဲပင္။ သူ႕၏ မွိန္ေဖ်ာ့ေဖ်ာ့အသားအေရႏွင့္ ပိန္ပါးေသာ ခႏၶာကိုယ္မွတစ္ပါး ဖ်ားနာေနေသာ လူမမာတစ္ေယာက္တြင္ရွိသင့္သည့္ အားနည္းမႈအဂၤါမ်ား စိုးစိမွရွိမေနေပ။ က်ယ္ယန္မွာ ခ်ိဳးရွင္းအေနာက္ကေနလိုက္ရင္း ေသေသခ်ာခ်ာ အကဲခတ္ေနမိ၏။

သူတို႔ႏွစ္ေယာက္ အတြင္းလူနာေဆာင္ဌာနသို႔ ဦးတည္ခဲ့ၾကသည္။ သီးသန့္လူနာေဆာင္ထဲကိုေရာက္ေတာ့ ခ်ိဳးရွင္းက ႐ုတ္တရပ္ ရပ္လိုက္၏။ ခ်ိဳးရွင္းက သူ႕ကိုလွည့္ၾကည့္လာတာေၾကာင့္ က်ယ္ယန္ကလည္း ရပ္လိုက္ရသည္။
“ ကိုယ္ ၾကည့္ေကာင္းလား။ ”

“ မဆိုးပါဘူး။ ”

ကမာၻပ်က္ကပ္မွာဆို ပိန္လွီၿပီးေသေနေသာလူေတြမွ ဒုႏွင့္ေဒးပင္။ သူကိုယ္တိုင္လည္း အမ်ားႀကီးျမင္ခဲ့ဖူးတာေၾကာင့္ က်င့္သားရေနၿပီ။

ခ်ိဳးရွင္း၏ပါးစပ္ကာ တြန့္လိမ္မဲ့႐ြဲ႕သြား၏။ ထို႔ေနာက္ သူက ဆိုလာသည္။
“ မင္းသတၱိေတြကိုသိမ္းထားဦး။ ဒီေန႕ေနလည္က ငါ့တူေလး ကားတိုက္မႈျဖစ္လို႔ လာၾကည့္တာ။ ၿငိမ္ၿငိမ္​​ေလးေန ေပါက္ကရေတြေလွ်ာက္မေျပာနဲ႕။ ”

ဗီလိန္ရဲ႕တူဆိုေတာ့ အမ်ိဳးသားဇာတ္လိုက္မဟုတ္လား။ ဇာတ္ေၾကာင္းအရဆို ဇာတ္လိုက္မင္းသား ဖုန္ခ်င္းလင္က ကားတိုက္မႈျဖစ္ၿပီးေနာက္မွာ ေမြးဖြားလာရေပမည္။ ဇာတ္လိုက္မင္းသားျပန္ေမြးဖြားမလာခင္မွာပဲ ခ်ိဳးရွင္းက ဖုန္မိသားစု၏ ဖုန္ဟြာအုပ္စုကို လက္ဝါးႀကီးအုပ္ၿပီး​​ေနၿပီ။

ထိုအခ်ိန္က ဇာတ္လိုက္မင္းသားမွာ အမုန္းတရားေတြစုံၿပဳံတိုးပြားလာေသာ အခ်ိန္လည္းျဖစ္သင့္သည္။

က်ယ္ယန္က သူ႕အိတ္ကပ္ထဲသို႔ လက္ကိုထည့္လိုက္သည္။

ပြဲေကာင္းတစ္ပြဲ ရွိသည္ေလ။

သူတို႔ႏွစ္ေယာက္ လူနာခန္းထဲကိုဝင္သြားေတာ့ ဖုန္ခ်င္းလင္က အိပ္ဖို႔ျပင္ေနၿပီ။ 

ခ်ိဳးရွင္းကိုျမင္ေတာ့ ဖုန္ခ်င္းလင္၏ အမူအရာက စကၠန့္ပိုင္းမွ် ပ်က္ယြင္းသြားသည္။ သို႔ေသာ္လည္း ဘာပဲျဖစ္ျဖစ္ သူက ဇာတ္လိုက္မင္းသားျဖစ္တာေၾကာင့္ သူ႕အမူအရာကို အျမန္ထိန္းခ်ဳပ္ကာ ပုံမွန္အတိုင္းပဲ ခ်ိဳးရွင္းအား ရင္ႏွီး​ေဖာ္ေ႐ြစြာ ႏႈတ္ဆက္လာ၏။ ခ်ိဳးရွင္းကေတာ့ ေအးတိေအးစက္ျဖင့္သာ ျပန္အသိအမွတ္ျပဳ​ေပးလိုက္ၿပီး ဒဏ္ရာအေၾကာင္း စုံစမ္းေမးျမန္းရန္အတြက္ ကုတင္ေပၚသို႔ ထိုင္လိုက္သည္။

က်ယ္ယန္ကိုေတာ့ ဘယ္သူမွႏႈတ္မဆက္ၾကေပ။ သူသာသာ ဆိုဖာတစ္လုံးရွာထိုင္လိုက္ၿပီး ကိုယ္ပိုင္အႀကံကိုယ္စီႏွင့္ တူဝရီးႏွစ္ေယာက္ကိုသာ အကဲခတ္ေနလိုက္၏။

'တူေလးက ဦးေလးနဲ႕တူတယ္ဟု ေျပာရမွာပဲ​။ ဖုန္ခ်င္းလင္ရဲ႕ မ်က္ခုံးမ်က္ဖန္ေတြက ခ်ိဳးရွင္းႏွင့္ အေတာ္ေလးကိုဆင္ကာ သူတို႔ႏွစ္ေယာက္လုံး တစ္ခုခုကိုအား႐ုံစိုက္ေနတဲ့အခါမွာဆိုရင္ စူးရွထက္ျမက္တဲ့ မ်က္လုံးေတြရွိၾကတယ္။ တူဝရီးဆိုေပမယ့္လည္း အသက္က ငါးႏွစ္ပဲကြာၿပီး အခုလို အတူတူထိုင္ေနၾကေတာ့ ညီအစ္ကိုေတြနဲ႕ေတာင္ ပိုတူေနေသး။ ဖုန္ခ်င္းလင္က ၂၄ ႏွစ္ရွိၿပီျဖစ္ကာ ဖုန္မိသားစုကုမၸဏီကို ဝင္ေရာက္ခဲ့တာကလည္း တစ္ႏွစ္သာရွိေသးတယ္။ သူ႕အေမက ရန္သူေတာ္ ခ်ိဳးမိသားစုမွျဖစ္တာေၾကာင့္ ဖုန္မိသားစုရဲ႕ မ်က္ႏွာသာေပးမႈကို မရခဲ့ဘူး။  ´

' ဖုန္မိသားစုနဲ႕ ခ်ိဳးမိသားစုက ရန္ၿငိဳးရန္စေဟာင္းေတြရွိၿပီး စီးပြားေရးမွာလည္း ၿပိဳင္ဘက္ေတြ။ သူတို႔ရဲ႕ ဆက္ဆံေရးက မီးနဲ႕ေရလိုပဲ​။ ဒီလိုအေျခအေနမွာပဲ ခ်ဴးမိသားစုရဲ႕ တစ္ဦးတည္းေသာသမီးေလး ခ်ိဳးက်င္းက ဖုန္မိသားစုရဲ႕အေထြးဆုံးသားေလး ဖုန္တန္နဲ႕ ရည္ငံမိသြားၾကတယ္။ ခ်ိဳးက်င္းက သူမမိဘမ်ားရဲ႕ေဖ်ာင္းဖ်မႈေတြကို လ်စ္လ်ဴရႈ၊ မိဘေတြကိုေျခစုံကန္ၿပီး ဖုန္မိသားစုဝင္နဲ႕ လက္ထပ္ခဲ့တယ္။ သူမမိဘမ်ားကလည္း စိတ္ဆိုးသြားၿပီး အဆက္အသြယ္ပါျဖတ္ပစ္ခဲ့တယ္။ ရန္သူမိသားစုနဲ႕ပတ္သက္သမွ်လူတိုင္းက ရန္သူေတြပဲေလ။ ေနာက္ပိုင္းမွာေတာ့ မားမားခ်ိဳးက သူမရဲ႕ႀကီးရင့္ေနၿပီျဖစ္တဲ့ အသက္အ႐ြယ္ကိုအံတုကာ သေႏၶသားအတုဖန္တီးၿပီး ခ်ိဳးရွင္းကို ေမြးဖြားခဲ့တယ္။ ေနာက္ေတာ့ ခ်ိဳးမိသားစုပိုင္သမွ်ဟာ ခ်ိဳးရွင္းအတြက္သာျဖစ္ၿပီး ခ်ိဳးက်င္းနဲ႕ ဘာတစ္ခုမွသက္ဆိုင္မႈမရွိတဲ့အေၾကာင္း ေသတမ္းစာပါ ေရးခဲ့တယ္။ ´
[ သေႏၶသားအတု- အငွားကိုယ္ဝန္ေဆာင္ or ဖန္ႁပြန္သေႏၶ။ ]

' ဒီကိစၥေၾကာင့္ပဲ ခ်ိဳးက်င္းတစ္ေယာက္ အႀကီးအက်ယ္စိတ္ထိခိုက္ၿပီး ခႏၶာကိုယ္ကိုပါ ထိခိုက္ေစခဲ့တယ္။ ေနာက္ထပ္ႏွစ္အနည္းငယ္ၾကာမွသာ ဇာတ္လိုက္မင္းသားကိုရခဲ့ေတာ့တယ္။ ဇာတ္လိုက္မင္းသားကို ေမြးဖြားၿပီးမၾကာခင္မွာပဲ စိတ္ဓာတ္က်ကာ ကိုယ့္ကိုယ္ကို သတ္ေသသြားခဲ့ျပန္တယ္။ သူမေသသြားတာနဲ႕မၾကာဘူး။ ဖုန္တန္က ေနာက္မိန္းမတစ္ေယာက္ကို ခပ္ျမန္ျမန္ပဲ လက္ထပ္ယူလိုက္သလို ဖုန္ခ်င္းလင္လည္း ညီေလးႏွစ္ေယာက္နဲ႕ ညီမေလးတစ္ေယာက္ ရခဲ့ျပန္တယ္ … ´

“ ဦးေလး ကြၽန္ေတာ့္အေမက ဘယ္လိုေသသြားတာလဲ။ ”

က်ယ္ယန္ အသိျပန္ဝင္လာၿပီး ေဆး႐ုံကုတင္ေပၚက လူကို တစ္ခ်က္လွမ္းၾကည့္လိုက္၏။

ခ်ိဳးရွင္းက အ​ေတြးနက္​​​ေန​၏။
“ ဘာလို႔ ဒီေမးခြန္းကို ထပ္ေမးေနတာလဲ။ မင္းအေမက မင္းအေဖေၾကာင့္ေသသြားတာ။ ဒီအေၾကာင္းကို မစဥ္းစားနဲ႕ေတာ့။ အရာအားလုံးက မင္းအပိုင္ပဲ။ မင္းျပန္ရေအာင္ ငါကူညီေပးမယ္။ ထူထူေထာင္ျပန္ျဖစ္ေအာင္သာေန။ ”

ဖုန္ခ်င္းလင္က သူ႕ေခါင္းကိုငုံ႕က သူခံစားခ်က္မ်ားကိုဖုံးကြယ္လိုက္ၿပီး စကားလမ္းေၾကာင္းေျပာင္းလိုက္၏။

“ ဦးေလးရဲ႕ကိုယ္ကေရာ ဘယ္လိုေန​ေသးလဲ။ အေျခအေနက ေနာက္တစ္ခါ ထပ္ဆိုးလာတယ္ၾကားမိလို႔။ ”

ဒီေမးခြန္းက ခ်ိဳးရွင္းကို သတိေပးလိုက္သလိုျဖစ္သြားၿပီး သူက က်ယ္ယန္ကို လက္ယပ္ေခၚလိုက္၏။ 

ဇာတ္ေၾကာင္းအတြက္ အခ်ိန္ေတာ့က်လာၿပီ။

က်ယ္ယန္ နာနာခံခံျဖင့္ မတ္တပ္ထရပ္ကာ ခ်ိဳးရွင္းေဘးသို႔ သြားရပ္ေပးလိုက္၏။ ဖုန္ခ်င္းလင္က သ႐ုပ္ေဆာင္ သိပ္ေကာင္းသည္။ သူက က်ယ္ယန္ရွိ​ေနတာကို ခုမွေတြ႕သြားသလို ​ေမးလာ၏။
“ ဦးေလး ဒါက …”

“ မင္းအေဒၚ ”
ခ်ိဳးရွင္းက က်ယ္ယန္ကို ဖုန္ခ်င္းလင္ေရွ႕ကိုတြန္းပို႔လိုက္ၿပီး ဖုန္ခ်င္းလင္ကို ေမးဆတ္ျပလိုက္၏။

“ မင္း သူ႕ကို အဲ့ဒီလိုေခၚလို႔ရတယ္။ ”

ဖုန္ခ်င္းလင္: “……”

က်ယ္ယန္:  “……”

ေနပါဦး… ဒါႀကီးက စာအုပ္ထဲကနဲ႕ မတူဘူးလားလို႔။ ဖုန္ခ်င္းလင္ရဲ႕အ​ေမးကို ‘ ႀကံရာက်ပန္းအိမ္ေဖာ္သစ္’လို႔ ျပန္ေျဖသင့္တာမဟုတ္ဘူးလား။

[ T/N: က်ယ္ယန္ရဲ႕ တစ္ခ်ိဳ႕အေတြးေနရာေလးေတြကို စကားေျပနဲ႕ စကားေျပာ ရႈပ္ေနမွာစိုးလို႔ '…´ ေလးနဲ႕ေရးထားတယ္ေနာ္။ က်ယ္ယန္စားတဲ့မုန့္ေတြ ဘာသာျပန္ရင္း စားခ်င္လာလို႔ ရွာၾကည့္ထားတာ 🤤 👇 ]

Beef noodles

Soup dumplings

Oden

Octopus balls

Fried rice noodles

[ သူက ဆန္ေခါက္ဆြဲေၾကာ္ဆိုေပမယ့္ ျမန္မာအေခၚ ၾကာဇံေၾကာ္ျဖစ္မယ္ထင္တယ္။ ]

━━━━━━━━━━━━━━━━━━━━━━━

   

Continue Reading

You'll Also Like

321K 7.9K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
207K 6.2K 73
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
111K 14.2K 83
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္