Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

8

2.2K 470 61
By callme__kitty

[Unicode]

'မင်းက သူတို့နဲ့ မတူဘူး။'

အပြန်လမ်းတွင် ရှဲ့ကျူရှင်းက ဝမ့်ချောင်အစား ကားမောင်းလိုက်သည်။ ဝမ်ချောင်ကတော့ ဘေးခုံတွင် ထိုင်လိုက်လျက် မြူးတူးပျော်ရွှင်လို့ ခေါင်းတယမ်းယမ်းဖြစ်နေလေသည်။

ရှဲ့ကျူရှင်း သူ့ကို မေးလိုက်သည်။ "မင်း ခုနက ဘယ်သွားနေတာလဲ။"

ဝမ်ချောင်း သူ့အား ကာမစိတ်ပြင်းပြနေသလို မျက်နှာအမူအရာဖြင့် ကြည့်ပြီး ပြောလိုက်သည်။ "ဒီတိုင်း —— လုပ်ကြတာပေါ့။"

ရှဲ့ကျူရှင်း : "..."

တစ်နေကုန် လေ့လာသင်ကြားရေးများ လုပ်ပြီးသည့်နောက် သူ အတော်လေးပင်ပန်းနေပြီးဖြစ်တာတောင်မှ ဘားသွားဖို့ကို ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။ အဆုံးသတ်မှာတော့ သူတစ်ယောက်တည်းကသာ ဆူဆူညံညံ ဘားအခန်းထဲ ဖျော်ရည်သောက်ရင်း တစ်နာရီမျှ ထိုင်နေခဲ့ရသည်။

သူ့မှာ စိတ်မပျော်မရွှင်ဖြစ်နေပြီးဖြစ်ကာ အခု ဒီတစ်နာရီအတွင်း ဝမ်ချောင်က အခြားသူတစ်ယောက်နှင့် အချိတ်အဆက်လုပ်ဖို့ ပျောက်သွားမှန်း သိလိုက်ရချိန် ထိုမပျော်မရွှင်ဖြစ်ရခြင်းက အဆတစ်ရာနီးပါး တိုးသွားတော့သည်။

သူ ဒေါသကို ချုပ်တည်း၍ပြောလိုက်သည်။ "မင်း အပြင်ထွက်ပြီး ဒီလိုတွေလုပ်မယ်ဆိုလည်း ဘာလို့ ငါ့ကို ဆွဲခေါ်လာသေးလဲ။"

ဝမ်ချောင်ကတော့ သူ စိတ်မပျော်မရွှင်ဖြစ်နေမှန်း လုံးဝ မသိ။ သူ ပြန်ပြောလိုက်သည်။ "မင်းကို အဆောင်မှာ တစ်ယောက်ထဲ ထားခဲ့လို့ သူတို့က မင်းကို ဝိုင်းအနိုင်ကျင့်နေရင် ဘယ်လိုလုပ်မလဲ။"

ရှဲ့ကျူရှင်း ပြောလိုက်သည်။ "အဓိပ္ပါယ်မရှိ မပြောနဲ့။ သူတို့က ဘာလို့ အကြောင်းအရင်းမရှိ ငါ့ကို အနိုင်ကျင့်ချင်မှာလဲ။"

"ပြောမရဘူးလေ၊ သူတို့က ငါ့ကို ကြည်တာမှ မဟုတ်တာ။ ဒါပေမယ့် ငါ့ကိုလည်း ဘာမှလုပ်မရဘူးဆိုတာ သိနေတယ်လေ။ ငါတို့နှစ်ယောက် ရင်းနှီးတာကိုလည်း သူတို့ သိတယ်။ ပြီးတော့ မင်းက သဘောလည်းကောင်းသေးတယ်။ သူတို့ မင်းကို အနိုင်ကျင့်ချင်ကြမှာ။"

တကယ်တမ်းတော့ ဝမ်ချောင်က ရှဲ့ကျူရှင်းနှင့်ကျိကျဲကို အတူတူအဆောင်မပြန်စေချင်ရုံသာ။

ရှဲ့ကျူရှင်း မဟုတ်တမ်းတရားများ ကြားချိန်တွင် ပိုလို့တောင် ဒေါသထွက်လာတော့သည်။ "လူတိုင်းက တစ်နေကုန် အတန်းမှာ အကောင်းဆုံးကြိုးစားလုပ်နေရတာ။ နောက်ကျမကျန်ချင်လို့၊ တစ်ဖက်လူအတွက် ဝန်ပို မဖြစ်ရအောင်လို့။ အဆောင်ပြန်ရောက်ရင် ငါတို့အကုန် သေမတတ် ပင်ပန်းနေကြပြီ။ ဒရမ်မာဆန်ဆန် ဇာတ်ကွက်တွေဖြစ်မယ်လို့ တွေးနေရအောင် လူတိုင်းကို မင်းလိုများ ထင်နေလား။ မင်းက အတန်းကိုလည်း သေသေချာချာ လိုက်မတက်ဘူး။ မင်းလုပ်တာဆိုလို့ ဘယ်လိုအပျင်းတစ်ရမလဲ တွေးနေတာချည်းပဲ။"

ဝမ်ချောင် : "..."

သူ မယုံနိုင်သေးသလို ပြောလိုက်သည်။ "မင်း ငါ့ကို စိတ်ဆိုးနေတာလား။"

ရှဲ့ကျုရှင်း : "..."

ဝမ်ချောင် ထပ်မေးသည်။ "ငါမေးနေတယ်လေ၊ မင်း ငါ့ကို စိတ်ဆိုးနေတာလားလို့?!"

ရှဲ့ကျူရှင်း အနည်းငယ်မျှ စိတ်ရှုပ်လာတော့သည်။ "မင်း ပြောသလိုပဲ။"

"ဘာကို 'ငါပြောသလိုပဲ'လဲ။ မင်း ရှင်းရှင်းပြောစမ်းပါ။"

ရှဲ့ကျူရှင်း သူသာ စကားဆက်ပြောနေပါက ပိုဆိုးလာတော့မည်ဟု တွေးမိပြီး ဘာစကားမှ ပြန်မပြောပဲ ဆိတ်ဆိတ်နေရင်းနှင့်သာ ကားဆက်မောင်းနေလိုက်သည်။

ဝမ်ချောင်မှာ ဒေါသထွက်နေသည်ထက် ခေါင်းရှုပ်ခြင်းက ပိုသွားတော့သည်။

သူ နားမလည်။ ဘာလို့ စိတ်သဘောကောင်းလွန်းတဲ့ ရှဲ့ကျူရှင်းက ရုတ်တရက် စိတ်ဆိုးသွားရတာလဲ။ ခုနကအထိ အဆင်ပြေနေသေးတာ မဟုတ်ဘူးလား။

ဘာလို့ သူ အတန်းထဲ ပျင်းရိနေတဲ့ကိစ္စကို ရုတ်တရက် အပြစ်တင်ဆုံးမရတာလဲ။ သူ အပျင်းတစ်နေသည်က ဒီနေ့မှ ဖြစ်တာလဲ မဟုတ်။

သူတို့ ပြန်လာရာလမ်းတစ်လျှောက် စကားတစ်ခွန်းမှ မပြောဖြစ်ခဲ့ကြ။

သူတို့ပြန်ရောက်သည့်အချိန်တွင် ၁၂နာရီ ထိုးပြီးနေပြီ။ ဧည့်ခန်းမီးက ထွန်းထားလျက် ရှိပေမယ့် ဘယ်သူမှ ရှိမနေတော့။ လူတိုင်း အိပ်ပျော်နေပုံပေါ်ကာ တိတ်ဆိတ်လို့နေလေသည်။

သူတို့နှစ်ယောက်သား အခန်းအတွင်းသို့ မျက်နှာခပ်တင်းတင်းဖြင့် ဝင်သွားလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် စကားပြောခြင်း မရှိသေး။

ဝမ်ချောင်က သူ့အိပ်ရာပေါ်တွင် ဒေါသတကြီးဖြင့် ထိုင်နေရင်း ရှဲ့ကျူရှင်းဘက်မှ အရင် စိတ်ပျော့သွားတာကို စောင့်နေသည်။ ရှဲ့ကျူရှင်းသာဆိုပါက သူ့ကို သေချာပေါက် ပြန်ချော့မည်ဟု ခံစားနေမိသည်။

သို့ပေမယ့် ရှဲ့ကျူရှင်းကတော့ သူ့ကိုတောင် တစ်ချက် လှည့်မကြည့်။ အင်္ကျီ လဲဝတ်ပြီးသည်နှင့် ရေချိုးဖို့ ထွက်သွားလေသည်။

သူ မဟားတရား ဒေါသထွက်နေပေမယ့် ဒေါသဖြေဖျောက်စရာ နေရာဟူသည် မရှိ။ သူ မတ်တပ်ထရပ်ကာ ရှဲ့ကျူရှင်း ကုတင်ပေါ် ဖိနပ်ဖြင့် တက်၍ အကြိမ်အနည်းငယ်မျှ ဒေါသတကြီး ခုန်ပေါက်နေလိုက်သည်။

အဆောင်တွင် ရေချိုးခန်းနှစ်ခန်းရှိသည်။ ရှဲ့ကျူရှင်းက ထိုအခန်းနှစ်ခန်းထဲမှ တစ်ခန်းအတွင်းသို့ ဝင်ကာ ရေအမြန်ချိုးချလိုက်သည်။ သူ ပြန်ထွက်လာချိန် တစ်ဖက်ရေချိုးခန်းမီးကလည်း လင်းနေကာ တံခါးကလည်း ပွင့်နေမှန်း သတိထားမိသွားသည်။ တစ်စုံတစ်ယောက် အိမ်သာသုံးရင်းနှင့် မီးပိတ်ဖို့မေ့သွားတာနေမည်ဟု တွေးကာ မီးပိတ်ဖို့ သွားလိုက်ပေမယ့် အခန်းအတွင်းတွင် အဝတ်လျှော်စက်ထဲမှ အင်္ကျီများကို ထုတ်ယူနေသည့် ကျိကျဲကို တွေ့လိုက်ရလေသည်။

"ကျိကျဲ" ရှဲ့ကျူရှင်း ပြောလိုက်သည်။ "မင်း ဘာလို့ ညမိုးချုပ်မှ အဝတ်လျှော်နေရတာလဲ။"

ကျိကျဲ အနောက်လှည့်ကြည့်ရင်း ရှဲ့ကျူရှင်း ရောက်နေမှန်း တွေ့လိုက်ရသည်။ "မဟုတ်ဘူး၊ ကျွန်တော် ပြန်ရောက်ကတည်းက လျှော်ထားတာ။ အိပ်ပျော်ခါနီးမှ အဝတ်တွေ အခြောက်ခံဖို့ မထုတ်ရသေးမှန်း သတိရလာလို့။"

ရှဲ့ကျူရှင်း သူ့လက်တစ်ဖက်တည်းနှင့် ခက်ခက်ခဲခဲ သယ်ထားရတာမြင်ချိန် မေးလိုက်မိသည်။ "မင်းညာလက်က ဘာဖြစ်တာလဲ။"

"ကျွန်တော် ဒီနေ့ အကလေ့ကျင့်ရင်း မတော်တဆ ချော်လဲကျသွားတာ။ ကျွန်တော့်အထင် အရွတ်ခေါက်သွားပုံပဲ။"

ရှဲ့ကျူရှင်း အနားလျှောက်သွားကာ သူ့အင်္ကျီများ ကူထုတ်ပေးလိုက်သည်။ သူတို့အကုန်လုံးက ဂျာကင်များဖြစ်ကာ တစ်ထည်ကမှ သူနှင့် ကိုယ်တိုင်းကျပုံမပေါ်။ သူတို့အကုန်လုံးက အဖြူဖျော့ရောင် သန်းလာသည့်အထိ လျှော်ဖွတ်ခြင်း ခံထားရပုံပေါ်သည်။

"ကျေးဇူးပါ၊ ကော။ ဘယ်အချိန်တုန်းက ပြန်ရောက်တာလဲ။"

"အခုတင်ပဲ။ ငါ ဝရံတာနားအထိ ကူသယ်သွားပေးမယ်။ မင်းအတွက်လည်း အခု သယ်ရအဆင်ပြေနေတာမှ မဟုတ်တာ။"

ကျိကျဲ အနည်းငယ်မျှ ရှက်ရွံ့သလို ခံစားလိုက်ရတာမို့ ပြောလာသည်။ "ကျွန်တော့်ဘာသာပဲ ဖြည်းဖြည်းချင်းလုပ်လိုက်ပါ့မယ်။"

"ငါလည်း ကူပေးမယ်။ အားမနာနဲ့။"

သူတို့နှစ်ယောက် ဧည့်ခန်းနှင့်ချိတ်ဆက်ထားသည့် ဝရံတာရှိရာဆီသို့ လျှောက်သွားလိုက်ကြသည်။ ကျိကျဲက အင်္ကျီများကို ကိုင်ထားပေးချိန် ရှဲ့ကျူရှင်းက တစ်ထည်ချင်းဆီ အင်္ကျီချိတ်နှင့် ချိတ်လှမ်းပေးလိုက်သည်။ ကျိကျဲ သူ့အား နောက်ထပ်တစ်ကြိမ် ထပ်ကျေးဇူးတင်ပြီးသည့်နောက် သူတို့ သက်ဆိုင်ရာအခန်းဆီ ပြန်သွားလိုက်ကြသည်။

ရှဲ့ကျူရှင်း တံခါးပိတ်ပြီး ဝင်လာသည်နှင့် ဝမ်ချောင်က ထူးထူးဆန်းဆန်း အသံအနေအထားဖြင့် ပြောလာသည်။ "အိုး? မင်းက ပြန်လာဖို့ စိတ်ကူးရှိသေးပေါ့?"

ရှဲ့ကျူရှင်း သူ့အိပ်ရာပေါ်မှ ခြေရာများကို မြင်သည်နှင့် အဆဲစကားလုံးများ ပြောမိတော့မလိုဖြစ်သွားသည်။ သို့ပေမယ့် သူ ချုပ်တည်းထားရင်း ပြောလိုက်သည်။ "လာရှင်း။"

ဝမ်ချောင် အပြင်းအထန် ငြင်းဆန်လိုက်သည်။ "ဘာလို့လဲ၊ မရှင်းပါဘူး။"

"ကောင်းပြီ။"

ဝမ်ချောင် ပေကလည် ပေကလည်ဖြစ်သွားသည်။ "ကောင်းပြီ? ဘာကို ကောင်းတာလဲ။"

ရှဲ့ကျူရှင်း သူ၏ညစ်ပေပေအိပ်ရာမှ စွန့်ခွါကာ အိမ်နေရင်းဖိနပ်ကို ချွတ်ပြီး ဝမ်ချောင်အိပ်ရာထက် လှဲချလိုက်သည်။

"... မင်း ဘာလုပ်တာလဲ။"

"မင်းနဲ့ အိပ်ရာချင်းလဲတာ။"

သေချာပေါက်၊ ဝမ်ချောင် သဘောမတူ။ "အတွေးကတော့ လှတယ်။ ထ၊ ထ။"

ရှဲ့ကျူရှင်း သူ့အား လျစ်လျူရှုထားလိုက်သည်။

သူ ဒေါသတကြီး လျှောက်လာပြီး ရှဲ့ကျူရှင်းကို သူ့အိပ်ရာပေါ်မှ ဆွဲချပစ်ချင်ပေမယ့် လက်မောင်းကို ဆွဲကိုင်လိုက်သည်နှင့် အနောက်သို့ ပစ်တွန်းခံလိုက်ရကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားတော့သည်။

တရုတ်လက်ဝှေ့သိုင်းလေ့ကျင့်ဖူးသည့် အစ်ကို ရှိထားတာမို့ သူ အခုဖြစ်သွားသည့်အရာနှင့်ပတ်သတ်၍ အနည်းငယ်မျှ အကျွမ်းတဝင်ရှိလှသည်။ သူ ကြောင်အသွားပြီး ပြောလိုက်သည်။ "အကျိုးနည်း၊ မင်း တရုတ်လက်ဝှေ့သိုင်း သင်ဖူးတာလား။"

ရှဲ့ကျူရှင်း သူ့မျက်လုံးများကို မှိတ်ထားသည်။ ကြည့်ရသည်မှာ ဒီနေရာတွင် အိပ်ဖို့ တကယ် အသင့်ပြင်နေပုံပင်။

အကြိမ်ပေါင်းများစွာ ခံခဲ့ရဖူးသည့် ဝမ်ချောင် ရန်သူဖြစ်သူကို အနိုင်မတိုက်နိုင်မှန်း သိတာနှင့် အရှက်မရှိခြင်းနည်းလမ်းကိုသာ ကျင့်သုံးရတော့သည်။

ရှဲ့ကျူရှင်း မျက်လုံးများကို မှိတ်ထားရင်း လှုပ်ရှားမှုများကို နားထောင်နေသည်။ ဝမ်ချောင် သူ့လက်ကို ဆန့်ထုတ်လိုက်တာကို ခံစားလို့ရလိုက်မို့ ကုတင်ပေါ်မှ ဆွဲချဖို့ လုပ်နေပြန်ပြီဟု တွေးလိုက်မိသည်။ သို့ပေမယ့် မကြာခင်မှာပဲ တစ်ခုခု မှားယွင်းနေတာကို ခံစားလိုက်ရသည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာပဲ ဝမ်ချောင်က စောင်ကို သူ့အပေါ် ခြုံပေးရင်း ကုတင်ပေါ် ခုန်တက်လာတာကို မြင်လိုက်ရသည်။ ရှဲ့ကျူရှင်း တုန့်ပြန်ဖို့ အချိန်မရသေးခင်မှာပဲ ဝမ်ချောင်က သူ့ကိုယ်သူ စောင်နှင့်ထွေးပတ်လို့ လှဲချပြီးဖြစ်နေသည်။

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင်၏ဂုဏ်ယူမှုအပြည့် မျက်နှာက နီးကပ်လို့။ "မင်း ငါ့ကို တွန်းချလေ။"

သူ မလုံခြုံသေးသလို ခံစားရ၍ဖြစ်နိုင်သည်။ အလျင်အမြန်ပဲ စောင်အောက်မှတဆင့် ရှဲ့ကျူရှင်းရဲ့ ခါးကို ဖက်ထားလိုက်သည်။

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင် တဟားဟားရယ်လာသည်။ "ဝေ့ဝေ့၊ မင်း ငါ့ကို ထပ်တွန်းချလေ။"

ရှဲ့ကျူရှင်း သူ့အား တကယ်ရိုက်နှက်ပစ်ချင်လာသည်။ သူ ဒေါသကို ချုပ်ထားရင်း ပြောလိုက်သည်။ "လွှတ်၊ မင်းကို အိပ်ရာပြန်ပေးမယ်။"

ဝမ်ချောင် သူ့ကို လွှတ်ပေးလိုက်ပြီး ရှဲ့ကျူရှင်း စောင်ကို လှပ်မ၍ ထလိုက်သည်။ သူ သူ၏ညစ်ပေနေသည့် အိပ်ရာခင်းကို လဲပြောင်းနေရင်း မျက်နှာက အေးစက်စက်ရှိနေ၏။

အပေါစားလှည့်ကွက်များကို အသုံးပြု၍ အနိုင်ရသွားသည့် ဝမ်ချောင်ကတော့ အိပ်ရာပေါ်တွင် တင်ပုလ္လင်ခွေ ထိုင်နေရင်း ရှဲ့ကျူရှင်း ရှင်းလင်းနေတာကို ကြည့်နေလိုက်သည်။ ထို့နောက် သူ ရုတ်တရက် ထပြော၏။ "မင်း ဘာလို့ အမှိုက်ကောင်ကျိ အင်္ကျီ လျှော်တာကို ကူပေးနေရတာလဲ။ မင်း ငါ့အင်္ကျီကျတော့ တစ်ခါမှ ကူမလျှော်ပေးဖူးဘူး။"

ရှဲ့ကျူရှင်း စိတ်ရှုပ်ရှုပ်နှင့် တွေးလိုက်သည်။ 'ငါ့ကို မင်းအစေခံကောင်မလေးလို့များ တွေးထားတာလား။'

ဝမ်ချောင် ချဉ်စူးစူးနှင့် မေးလာသည်။ "မင်းတို့နှစ်ယောက် ဘယ်တုန်းက အဲ့လောက်ရင်းနှီးသွားတာလဲ။"

ရှဲ့ကျူရှင်း အိပ်ရာခင်းအသစ် လဲပြီးသည်နှင့် ခပ်ပြတ်ပြတ်ပြောလိုက်သည်။ "သူ ဒဏ်ရာရနေတော့ အင်္ကျီလှမ်းရ အဆင်မပြေလို့ ကူပေးလိုက်တာ။ ဘယ်တုန်းက သူ့အင်္ကျီကို ကိုယ် လျှော်ပေးဖူးလို့လဲ။"

ဝမ်ချောင် စိတ်အေးသွားရပြီး ထပ်ပြောလာသည်။ "မင်း အပြန်လမ်းတုန်းက ဘာလို့ ရုတ်တရက် ထ စိတ်တိုတာလဲ။"

"မတိုပါဘူး။"

"သောက်ချီး၊ မင်း ပုံမှန် စကားပြောရင် အဲ့လိုမျိုး မဟုတ်ပါဘူး။"

သူ ရှဲ့ကျူရှင်းကို ထိခိုက်ဝမ်းနည်းနေသည့် အမူအရာဖြင့် ကြည့်လာသည်။ "ရှောင်းရှဲ့၊ မင်း ငါ့ကို မကြိုက်တော့ဘူးလား။"

ရှဲ့ကျူရှင်း တွေးလိုက်သည်။ 'ဘယ်တုန်းကကော ငါ မင်းကို ကြိုက်ဖူးလို့လဲ။'

ဝမ်ချောင် ခေါင်းငိုက်စိုက်ကျလျက် ပြောလာသည်။ "သူတို့အကုန်လုံး ငါ့ကို သဘောမကျတာ သိတယ်။ သူတို့ သည်းခံနေတယ်ဆိုတာလည်း ခွန်း-ကော ကြောင့်ပဲ။ ခွန်း-ကော ကိုယ်တိုင်ကလည်း ငါ့ကို သိပ်မကြိုက်မှန်း ငါ သိတယ်။ သူ ငါ့ကို ဒီလောက်ထိ သဘောကောင်းပေးနေတာကလည်း ငါ့အစ်ကိုကြီးကြောင့်။"

ရှဲ့ကျူရှင်း အနည်းငယ်မျှ အံ့ဩမိသွားသည်။ သူ ဝမ်ချောင်အား အရူးကောင်လေးလို့ တွေးထင်ထားမိပေမယ့် ဒီလောက်အထိ ကိုယ့်အကြောင်းကိုယ် သိနေလိမ့်မည်ဟု မထင်ထား။

ဝမ်ချောင် သူ့ကို မော့ကြည့်ရင်း ပြောလာသည်။ "မင်းတစ်ယောက်တည်းကပဲ မတူတာ။"

ရှဲ့ကျူရှင်း အိပ်ရာခင်းပြင်နေရင်း ရပ်တန့်သွားပြီး မေးလိုက်သည်။ "ဘာက .. ငါ့ကို မတူစေတာလဲ။"

ဝမ်ချောင် ခေါင်းကုတ်သွားပြီး ပြောလာသည်။

"ငါတို့ စတွေ့တုန်းက သိတာတောင် မကြာသေးပဲ ငါ့ရဲ့ကျောထောက်နောက်ခံအကြောင်းကိုလည်း မသိပဲ မိတ်ကပ်ဖျက်ဆေးရည်ငှါးပြီး တက်တူးကိုလည်း ကူဖျက်ပေးသွားတယ်။ မင်းက လူကောင်းဖြစ်ရမယ်လို့ ငါတွေးမိသွားတာပဲ။"

ရှဲ့ကျူရှင်း တွေးလိုက်သည်။ 'မင်း အခုချိန်ထိ ပြန်ပေးဆွဲမခံရသေးတာ အံ့ဖွယ်ဖြစ်ရပ်ပဲ။'

ဝမ်ချောင် ဆက်ပြောသည်။ "သာမန်ဆို လူတွေက ငါ စီးနေတဲ့ Ferrariကို မြင်ရင် ချက်ချင်း ဒူးထောက်ပြီးတောင် အဖေခေါ်လာချင်ကြတာ။ အနည်းဆုံးတော့ သူတို့ ငါနဲ့ ပိုရင်းနှီးအောင် လုပ်ချင်ကြတယ်။ ဒါပေမယ့် မင်းကျတော့ ပုံမှန်ပဲ။ မင်းက ငါ့အနားကနေ မြန်မြန်ခွါဖို့တောင် လောနေတယ်။ မင်းက စိတ်ရင်းမှန်ရှိတယ်လို့ ငါတွေးလိုက်မိတာပဲ။ ပြီးတော့ မင်းက အကကော အဆိုကော လုပ်နိုင်နေတာနဲ့ ငါလည်း မင်းကို ခွန်း-ကောရဲ့ လုပ်ငန်းကတ်ပေးခဲ့လိုက်တာ။"

ရှဲ့ကျူရှင်း ထိုအကြောင်းကို ပြန်တွေးမိသွားသည်။ သူ ထိုနေ့က ဝမ်ချောင်ကြောင့် သေမတတ် စိတ်ရှုပ်သွားတာမို့ ထိုကောင်လေးအနားမှ အလျင်အမြန်ခွါဖို့သာ စိတ်ထဲ ရောက်နေပြီး ကူညီပေးခဲ့ခြင်းကိစ္စများကိုတောင် သေချာတွေးမိခြင်း မရှိ။

"လူရွေးပွဲနေ့တုန်းကလည်း ကျိကျဲ ငါ့ကို နေရခက်အောင် လုပ်တုန်းက မင်းပဲ ကူပေးခဲ့တာ။ အဲ့တာပြီးတော့ မင်း ဘယ်လောက်ချောလဲဆိုတာနဲ့ အက ဘယ်လောက်တော်လဲဆိုတာ မြင်ပြီး မင်းကို အရမ်း သဘောကျသွားတယ်။ ငါ မင်းနဲ့အတူ ပွဲဦးထွက်ချင်ပြီး မင်းနဲ့လည်း အတူ ဟော့ပေါ့စားချင်ခဲ့တယ်။ ငါ မင်းကို ငါ့မိသားစုအကြောင်း ပြောပြချင်ပေမယ့် မင်းက နားမထောင်ချင်ဘူး။ အခုအချိန်ထိတောင် ငါနည်းနည်း နားမလည်ဖြစ်နေတုန်း။ ခွန်း-ကော ငါ့အပေါ် ဘာလို့အဲ့လောက်ကောင်းနေတာလဲ မင်း မသိချင်ဘူးလား။"

"... ငါနဲ့မှ မဆိုင်တာ။"

"အခြားသူတွေလည်း မဆိုင်တဲ့ကိစ္စဆိုပေမယ့် သူတို့ သိချင်ကြတာပဲ။ အထူးသဖြင့် ကောင်းစီယွမ်၊ သူဆို အဲ့အကြောင်းနဲ့ပတ်သတ်ပြီး အစဆွဲထုတ်ဖို့ ကြိုးစားနေတာ ခဏခဏပဲ။"

"ငါ အဲ့လောက်ထိ မသိချင်ဘူး။"

ဝမ်ချောင် ခြေဆန့်ရင်း ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်၊ မင်းက သူတို့နဲ့ မတူဘူး။ ငါ မင်းကို အများကြီး သဘောကျတယ်။ မင်းနဲ့ပဲ ပျော်ပျော်ပါးပါးရှိနေချင်တယ်။"

သူ ရှဲ့ကျူရှင်းကို မေးလိုက်သည်။ "မင်း ငါ့ကို မမုန်းဘူးမလား။"

ရှဲ့ကျူရှင်း ဘာများ ပြောနိုင်မှာတဲ့လဲ။ "... မမုန်းဘူး။"

ဝမ်ချောင် ပြုံးဖြီးဖြီးနှင့် ပြောလာသည်။ "ငါ သိသားပဲ။ မင်းသာ ငါ့ကို တကယ် မကြိုက်ရင် မင်း ငါနဲ့ အပြင်ထွက်လည်မှာတောင် မဟုတ်ဘူး။ မင်းမှာသာ ကောင်မလေး မရှိရင် မင်း ငါ့ကို ကြိုက်နေတယ်လို့တောင် ထင်မိမှာ။"

ရှဲ့ကျူရှင်း တွေးလိုက်သည်။ 'မင်း တကယ် အရှက်မရှိတာပဲ။ ကြိုက်တဲ့သူ မေးကြည့်စမ်းပါ။ ဘယ်သူက ဘယ်သူ့ကို ကြိုက်နေတဲ့ပုံပေါ်လဲလို့။"

KittyKitling

T/N : နှစ်ယောက်လုံးက အရမ်းဖြောင့်ကြပါတယ် :3 တအားးး တအားး ဖြောင့်တာ

_____///_____

[Zawgyi]

'မင္းက သူတို႔နဲ႔ မတူဘူး။'

အျပန္လမ္းတြင္ ရွဲ႕က်ဴရွင္းက ဝမ့္ေခ်ာင္အစား ကားေမာင္းလိုက္သည္။ ဝမ္ေခ်ာင္ကေတာ့ ေဘးခုံတြင္ ထိုင္လိုက္လ်က္ ျမဴးတူးေပ်ာ္ရႊင္လို႔ ေခါင္းတယမ္းယမ္းျဖစ္ေနေလသည္။

ရွဲ႕က်ဴရွင္း သူ႔ကို ေမးလိုက္သည္။ "မင္း ခုနက ဘယ္သြားေနတာလဲ။"

ဝမ္ေခ်ာင္း သူ႔အား ကာမစိတ္ျပင္းျပေနသလို မ်က္ႏွာအမူအရာျဖင့္ ၾကည့္ၿပီး ေျပာလိုက္သည္။ "ဒီတိုင္း —— လုပ္ၾကတာေပါ့။"

ရွဲ႕က်ဴရွင္း : "..."

တစ္ေနကုန္ ေလ့လာသင္ၾကားေရးမ်ား လုပ္ၿပီးသည့္ေနာက္ သူ အေတာ္ေလးပင္ပန္းေနၿပီးျဖစ္တာေတာင္မွ ဘားသြားဖို႔ကို ဆြဲေခၚသြားျခင္း ခံလိုက္ရသည္။ အဆုံးသတ္မွာေတာ့ သူတစ္ေယာက္တည္းကသာ ဆူဆူညံညံ ဘားအခန္းထဲ ေဖ်ာ္ရည္ေသာက္ရင္း တစ္နာရီမၽွ ထိုင္ေနခဲ့ရသည္။

သူ႔မွာ စိတ္မေပ်ာ္မရႊင္ျဖစ္ေနၿပီးျဖစ္ကာ အခု ဒီတစ္နာရီအတြင္း ဝမ္ေခ်ာင္က အျခားသူတစ္ေယာက္ႏွင့္ အခ်ိတ္အဆက္လုပ္ဖို႔ ေပ်ာက္သြားမွန္း သိလိုက္ရခ်ိန္ ထိုမေပ်ာ္မရႊင္ျဖစ္ရျခင္းက အဆတစ္ရာနီးပါး တိုးသြားေတာ့သည္။

သူ ေဒါသကို ခ်ဳပ္တည္း၍ေျပာလိုက္သည္။ "မင္း အျပင္ထြက္ၿပီး ဒီလိုေတြလုပ္မယ္ဆိုလည္း ဘာလို႔ ငါ့ကို ဆြဲေခၚလာေသးလဲ။"

ဝမ္ေခ်ာင္ကေတာ့ သူ စိတ္မေပ်ာ္မရႊင္ျဖစ္ေနမွန္း လုံးဝ မသိ။ သူ ျပန္ေျပာလိုက္သည္။ "မင္းကို အေဆာင္မွာ တစ္ေယာက္ထဲ ထားခဲ့လို႔ သူတို႔က မင္းကို ဝိုင္းအနိုင္က်င့္ေနရင္ ဘယ္လိုလုပ္မလဲ။"

ရွဲ႕က်ဴရွင္း ေျပာလိုက္သည္။ "အဓိပၸါယ္မရွိ မေျပာနဲ႔။ သူတို႔က ဘာလို႔ အေၾကာင္းအရင္းမရွိ ငါ့ကို အနိုင္က်င့္ခ်င္မွာလဲ။"

"ေျပာမရဘူးေလ၊ သူတို႔က ငါ့ကို ၾကည္တာမွ မဟုတ္တာ။ ဒါေပမယ့္ ငါ့ကိုလည္း ဘာမွလုပ္မရဘူးဆိုတာ သိေနတယ္ေလ။ ငါတို႔ႏွစ္ေယာက္ ရင္းႏွီးတာကိုလည္း သူတို႔ သိတယ္။ ၿပီးေတာ့ မင္းက သေဘာလည္းေကာင္းေသးတယ္။ သူတို႔ မင္းကို အနိုင္က်င့္ခ်င္ၾကမွာ။"

တကယ္တမ္းေတာ့ ဝမ္ေခ်ာင္က ရွဲ႕က်ဴရွင္းႏွင့္က်ိက်ဲကို အတူတူအေဆာင္မျပန္ေစခ်င္႐ုံသာ။

ရွဲ႕က်ဴရွင္း မဟုတ္တမ္းတရားမ်ား ၾကားခ်ိန္တြင္ ပိုလို႔ေတာင္ ေဒါသထြက္လာေတာ့သည္။ "လူတိုင္းက တစ္ေနကုန္ အတန္းမွာ အေကာင္းဆုံးႀကိဳးစားလုပ္ေနရတာ။ ေနာက္က်မက်န္ခ်င္လို႔၊ တစ္ဖက္လူအတြက္ ဝန္ပို မျဖစ္ရေအာင္လို႔။ အေဆာင္ျပန္ေရာက္ရင္ ငါတို႔အကုန္ ေသမတတ္ ပင္ပန္းေနၾကၿပီ။ ဒရမ္မာဆန္ဆန္ ဇာတ္ကြက္ေတြျဖစ္မယ္လို႔ ေတြးေနရေအာင္ လူတိုင္းကို မင္းလိုမ်ား ထင္ေနလား။ မင္းက အတန္းကိုလည္း ေသေသခ်ာခ်ာ လိုက္မတက္ဘူး။ မင္းလုပ္တာဆိုလို႔ ဘယ္လိုအပ်င္းတစ္ရမလဲ ေတြးေနတာခ်ည္းပဲ။"

ဝမ္ေခ်ာင္ : "..."

သူ မယုံနိုင္ေသးသလို ေျပာလိုက္သည္။ "မင္း ငါ့ကို စိတ္ဆိုးေနတာလား။"

ရွဲ႕က်ဳရွင္း : "..."

ဝမ္ေခ်ာင္ ထပ္ေမးသည္။ "ငါေမးေနတယ္ေလ၊ မင္း ငါ့ကို စိတ္ဆိုးေနတာလားလို႔?!"

ရွဲ႕က်ဴရွင္း အနည္းငယ္မၽွ စိတ္ရွုပ္လာေတာ့သည္။ "မင္း ေျပာသလိုပဲ။"

"ဘာကို 'ငါေျပာသလိုပဲ'လဲ။ မင္း ရွင္းရွင္းေျပာစမ္းပါ။"

ရွဲ႕က်ဴရွင္း သူသာ စကားဆက္ေျပာေနပါက ပိုဆိုးလာေတာ့မည္ဟု ေတြးမိၿပီး ဘာစကားမွ ျပန္မေျပာပဲ ဆိတ္ဆိတ္ေနရင္းႏွင့္သာ ကားဆက္ေမာင္းေနလိုက္သည္။

ဝမ္ေခ်ာင္မွာ ေဒါသထြက္ေနသည္ထက္ ေခါင္းရွုပ္ျခင္းက ပိုသြားေတာ့သည္။

သူ နားမလည္။ ဘာလို႔ စိတ္သေဘာေကာင္းလြန္းတဲ့ ရွဲ႕က်ဴရွင္းက ႐ုတ္တရက္ စိတ္ဆိုးသြားရတာလဲ။ ခုနကအထိ အဆင္ေျပေနေသးတာ မဟုတ္ဘူးလား။

ဘာလို႔ သူ အတန္းထဲ ပ်င္းရိေနတဲ့ကိစၥကို ႐ုတ္တရက္ အျပစ္တင္ဆုံးမရတာလဲ။ သူ အပ်င္းတစ္ေနသည္က ဒီေန႔မွ ျဖစ္တာလဲ မဟုတ္။

သူတို႔ ျပန္လာရာလမ္းတစ္ေလၽွာက္ စကားတစ္ခြန္းမွ မေျပာျဖစ္ခဲ့ၾက။

သူတို႔ျပန္ေရာက္သည့္အခ်ိန္တြင္ ၁၂နာရီ ထိုးၿပီးေနၿပီ။ ဧည့္ခန္းမီးက ထြန္းထားလ်က္ ရွိေပမယ့္ ဘယ္သူမွ ရွိမေနေတာ့။ လူတိုင္း အိပ္ေပ်ာ္ေနပုံေပၚကာ တိတ္ဆိတ္လို႔ေနေလသည္။

သူတို႔ႏွစ္ေယာက္သား အခန္းအတြင္းသို႔ မ်က္ႏွာခပ္တင္းတင္းျဖင့္ ဝင္သြားလိုက္ၾကၿပီး တစ္ေယာက္ကိုတစ္ေယာက္ စကားေျပာျခင္း မရွိေသး။

ဝမ္ေခ်ာင္က သူ႔အိပ္ရာေပၚတြင္ ေဒါသတႀကီးျဖင့္ ထိုင္ေနရင္း ရွဲ႕က်ဴရွင္းဘက္မွ အရင္ စိတ္ေပ်ာ့သြားတာကို ေစာင့္ေနသည္။ ရွဲ႕က်ဴရွင္းသာဆိုပါက သူ႔ကို ေသခ်ာေပါက္ ျပန္ေခ်ာ့မည္ဟု ခံစားေနမိသည္။

သို႔ေပမယ့္ ရွဲ႕က်ဴရွင္းကေတာ့ သူ႔ကိုေတာင္ တစ္ခ်က္ လွည့္မၾကည့္။ အကၤ်ီ လဲဝတ္ၿပီးသည္ႏွင့္ ေရခ်ိဳးဖို႔ ထြက္သြားေလသည္။

သူ မဟားတရား ေဒါသထြက္ေနေပမယ့္ ေဒါသေျဖေဖ်ာက္စရာ ေနရာဟူသည္ မရွိ။ သူ မတ္တပ္ထရပ္ကာ ရွဲ႕က်ဴရွင္း ကုတင္ေပၚ ဖိနပ္ျဖင့္ တက္၍ အႀကိမ္အနည္းငယ္မၽွ ေဒါသတႀကီး ခုန္ေပါက္ေနလိုက္သည္။

အေဆာင္တြင္ ေရခ်ိဳးခန္းႏွစ္ခန္းရွိသည္။ ရွဲ႕က်ဴရွင္းက ထိုအခန္းႏွစ္ခန္းထဲမွ တစ္ခန္းအတြင္းသို႔ ဝင္ကာ ေရအျမန္ခ်ိဳးခ်လိုက္သည္။ သူ ျပန္ထြက္လာခ်ိန္ တစ္ဖက္ေရခ်ိဳးခန္းမီးကလည္း လင္းေနကာ တံခါးကလည္း ပြင့္ေနမွန္း သတိထားမိသြားသည္။ တစ္စုံတစ္ေယာက္ အိမ္သာသုံးရင္းႏွင့္ မီးပိတ္ဖို႔ေမ့သြားတာေနမည္ဟု ေတြးကာ မီးပိတ္ဖို႔ သြားလိုက္ေပမယ့္ အခန္းအတြင္းတြင္ အဝတ္ေလၽွာ္စက္ထဲမွ အကၤ်ီမ်ားကို ထုတ္ယူေနသည့္ က်ိက်ဲကို ေတြ႕လိုက္ရေလသည္။

"က်ိက်ဲ" ရွဲ႕က်ဴရွင္း ေျပာလိုက္သည္။ "မင္း ဘာလို႔ ညမိုးခ်ဳပ္မွ အဝတ္ေလၽွာ္ေနရတာလဲ။"

က်ိက်ဲ အေနာက္လွည့္ၾကည့္ရင္း ရွဲ႕က်ဴရွင္း ေရာက္ေနမွန္း ေတြ႕လိုက္ရသည္။ "မဟုတ္ဘူး၊ ကၽြန္ေတာ္ ျပန္ေရာက္ကတည္းက ေလၽွာ္ထားတာ။ အိပ္ေပ်ာ္ခါနီးမွ အဝတ္ေတြ အေျခာက္ခံဖို႔ မထုတ္ရေသးမွန္း သတိရလာလို႔။"

ရွဲ႕က်ဴရွင္း သူ႔လက္တစ္ဖက္တည္းႏွင့္ ခက္ခက္ခဲခဲ သယ္ထားရတာျမင္ခ်ိန္ ေမးလိုက္မိသည္။ "မင္းညာလက္က ဘာျဖစ္တာလဲ။"

"ကၽြန္ေတာ္ ဒီေန႔ အကေလ့က်င့္ရင္း မေတာ္တဆ ေခ်ာ္လဲက်သြားတာ။ ကၽြန္ေတာ့္အထင္ အရြတ္ေခါက္သြားပုံပဲ။"

ရွဲ႕က်ဴရွင္း အနားေလၽွာက္သြားကာ သူ႔အကၤ်ီမ်ား ကူထုတ္ေပးလိုက္သည္။ သူတို႔အကုန္လုံးက ဂ်ာကင္မ်ားျဖစ္ကာ တစ္ထည္ကမွ သူႏွင့္ ကိုယ္တိုင္းက်ပုံမေပၚ။ သူတို႔အကုန္လုံးက အျဖဴေဖ်ာ့ေရာင္ သန္းလာသည့္အထိ ေလၽွာ္ဖြတ္ျခင္း ခံထားရပုံေပၚသည္။

"ေက်းဇူးပါ၊ ေကာ။ ဘယ္အခ်ိန္တုန္းက ျပန္ေရာက္တာလဲ။"

"အခုတင္ပဲ။ ငါ ဝရံတာနားအထိ ကူသယ္သြားေပးမယ္။ မင္းအတြက္လည္း အခု သယ္ရအဆင္ေျပေနတာမွ မဟုတ္တာ။"

က်ိက်ဲ အနည္းငယ္မၽွ ရွက္ရြံ႕သလို ခံစားလိုက္ရတာမို႔ ေျပာလာသည္။ "ကၽြန္ေတာ့္ဘာသာပဲ ျဖည္းျဖည္းခ်င္းလုပ္လိုက္ပါ့မယ္။"

"ငါလည္း ကူေပးမယ္။ အားမနာနဲ႔။"

သူတို႔ႏွစ္ေယာက္ ဧည့္ခန္းႏွင့္ခ်ိတ္ဆက္ထားသည့္ ဝရံတာရွိရာဆီသို႔ ေလၽွာက္သြားလိုက္ၾကသည္။ က်ိက်ဲက အကၤ်ီမ်ားကို ကိုင္ထားေပးခ်ိန္ ရွဲ႕က်ဴရွင္းက တစ္ထည္ခ်င္းဆီ အကၤ်ီခ်ိတ္ႏွင့္ ခ်ိတ္လွမ္းေပးလိုက္သည္။ က်ိက်ဲ သူ႔အား ေနာက္ထပ္တစ္ႀကိမ္ ထပ္ေက်းဇူးတင္ၿပီးသည့္ေနာက္ သူတို႔ သက္ဆိုင္ရာအခန္းဆီ ျပန္သြားလိုက္ၾကသည္။

ရွဲ႕က်ဴရွင္း တံခါးပိတ္ၿပီး ဝင္လာသည္ႏွင့္ ဝမ္ေခ်ာင္က ထူးထူးဆန္းဆန္း အသံအေနအထားျဖင့္ ေျပာလာသည္။ "အိုး? မင္းက ျပန္လာဖို႔ စိတ္ကူးရွိေသးေပါ့?"

ရွဲ႕က်ဴရွင္း သူ႔အိပ္ရာေပၚမွ ေျခရာမ်ားကို ျမင္သည္ႏွင့္ အဆဲစကားလုံးမ်ား ေျပာမိေတာ့မလိုျဖစ္သြားသည္။ သို႔ေပမယ့္ သူ ခ်ဳပ္တည္းထားရင္း ေျပာလိုက္သည္။ "လာရွင္း။"

ဝမ္ေခ်ာင္ အျပင္းအထန္ ျငင္းဆန္လိုက္သည္။ "ဘာလို႔လဲ၊ မရွင္းပါဘူး။"

"ေကာင္းၿပီ။"

ဝမ္ေခ်ာင္ ေပကလည္ ေပကလည္ျဖစ္သြားသည္။ "ေကာင္းၿပီ? ဘာကို ေကာင္းတာလဲ။"

ရွဲ႕က်ဴရွင္း သူ၏ညစ္ေပေပအိပ္ရာမွ စြန့္ခြါကာ အိမ္ေနရင္းဖိနပ္ကို ခၽြတ္ၿပီး ဝမ္ေခ်ာင္အိပ္ရာထက္ လွဲခ်လိုက္သည္။

"... မင္း ဘာလုပ္တာလဲ။"

"မင္းနဲ႔ အိပ္ရာခ်င္းလဲတာ။"

ေသခ်ာေပါက္၊ ဝမ္ေခ်ာင္ သေဘာမတူ။ "အေတြးကေတာ့ လွတယ္။ ထ၊ ထ။"

ရွဲ႕က်ဴရွင္း သူ႔အား လ်စ္လ်ဴရွုထားလိုက္သည္။

သူ ေဒါသတႀကီး ေလၽွာက္လာၿပီး ရွဲ႕က်ဴရွင္းကို သူ႔အိပ္ရာေပၚမွ ဆြဲခ်ပစ္ခ်င္ေပမယ့္ လက္ေမာင္းကို ဆြဲကိုင္လိုက္သည္ႏွင့္ အေနာက္သို႔ ပစ္တြန္းခံလိုက္ရကာ ၾကမ္းျပင္ေပၚသို႔ ဖင္ထိုင္လ်က္ က်သြားေတာ့သည္။

တ႐ုတ္လက္ေဝွ႕သိုင္းေလ့က်င့္ဖူးသည့္ အစ္ကို ရွိထားတာမို႔ သူ အခုျဖစ္သြားသည့္အရာႏွင့္ပတ္သတ္၍ အနည္းငယ္မၽွ အကၽြမ္းတဝင္ရွိလွသည္။ သူ ေၾကာင္အသြားၿပီး ေျပာလိုက္သည္။ "အက်ိဳးနည္း၊ မင္း တ႐ုတ္လက္ေဝွ႕သိုင္း သင္ဖူးတာလား။"

ရွဲ႕က်ဴရွင္း သူ႔မ်က္လုံးမ်ားကို မွိတ္ထားသည္။ ၾကည့္ရသည္မွာ ဒီေနရာတြင္ အိပ္ဖို႔ တကယ္ အသင့္ျပင္ေနပုံပင္။

အႀကိမ္ေပါင္းမ်ားစြာ ခံခဲ့ရဖူးသည့္ ဝမ္ေခ်ာင္ ရန္သူျဖစ္သူကို အနိုင္မတိုက္နိုင္မွန္း သိတာႏွင့္ အရွက္မရွိျခင္းနည္းလမ္းကိုသာ က်င့္သုံးရေတာ့သည္။

ရွဲ႕က်ဴရွင္း မ်က္လုံးမ်ားကို မွိတ္ထားရင္း လွုပ္ရွားမွုမ်ားကို နားေထာင္ေနသည္။ ဝမ္ေခ်ာင္ သူ႔လက္ကို ဆန့္ထုတ္လိုက္တာကို ခံစားလို႔ရလိုက္မို႔ ကုတင္ေပၚမွ ဆြဲခ်ဖို႔ လုပ္ေနျပန္ၿပီဟု ေတြးလိုက္မိသည္။ သို႔ေပမယ့္ မၾကာခင္မွာပဲ တစ္ခုခု မွားယြင္းေနတာကို ခံစားလိုက္ရသည္။ သူ မ်က္လုံးဖြင့္ၾကည့္လိုက္ခ်ိန္မွာပဲ ဝမ္ေခ်ာင္က ေစာင္ကို သူ႔အေပၚ ျခဳံေပးရင္း ကုတင္ေပၚ ခုန္တက္လာတာကို ျမင္လိုက္ရသည္။ ရွဲ႕က်ဴရွင္း တုန့္ျပန္ဖို႔ အခ်ိန္မရေသးခင္မွာပဲ ဝမ္ေခ်ာင္က သူ႔ကိုယ္သူ ေစာင္ႏွင့္ေထြးပတ္လို႔ လွဲခ်ၿပီးျဖစ္ေနသည္။

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္၏ဂုဏ္ယူမွုအျပည့္ မ်က္ႏွာက နီးကပ္လို႔။ "မင္း ငါ့ကို တြန္းခ်ေလ။"

သူ မလုံျခဳံေသးသလို ခံစားရ၍ျဖစ္နိုင္သည္။ အလ်င္အျမန္ပဲ ေစာင္ေအာက္မွတဆင့္ ရွဲ႕က်ဴရွင္းရဲ့ ခါးကို ဖက္ထားလိုက္သည္။

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္ တဟားဟားရယ္လာသည္။ "ေဝ့ေဝ့၊ မင္း ငါ့ကို ထပ္တြန္းခ်ေလ။"

ရွဲ႕က်ဴရွင္း သူ႔အား တကယ္ရိုက္ႏွက္ပစ္ခ်င္လာသည္။ သူ ေဒါသကို ခ်ဳပ္ထားရင္း ေျပာလိုက္သည္။ "လႊတ္၊ မင္းကို အိပ္ရာျပန္ေပးမယ္။"

ဝမ္ေခ်ာင္ သူ႔ကို လႊတ္ေပးလိုက္ၿပီး ရွဲ႕က်ဴရွင္း ေစာင္ကို လွပ္မ၍ ထလိုက္သည္။ သူ သူ၏ညစ္ေပေနသည့္ အိပ္ရာခင္းကို လဲေျပာင္းေနရင္း မ်က္ႏွာက ေအးစက္စက္ရွိေန၏။

အေပါစားလွည့္ကြက္မ်ားကို အသုံးျပဳ၍ အနိုင္ရသြားသည့္ ဝမ္ေခ်ာင္ကေတာ့ အိပ္ရာေပၚတြင္ တင္ပုလႅင္ေခြ ထိုင္ေနရင္း ရွဲ႕က်ဴရွင္း ရွင္းလင္းေနတာကို ၾကည့္ေနလိုက္သည္။ ထို႔ေနာက္ သူ ႐ုတ္တရက္ ထေျပာ၏။ "မင္း ဘာလို႔ အမွိုက္ေကာင္က်ိ အကၤ်ီ ေလၽွာ္တာကို ကူေပးေနရတာလဲ။ မင္း ငါ့အကၤ်ီက်ေတာ့ တစ္ခါမွ ကူမေလၽွာ္ေပးဖူးဘူး။"

ရွဲ႕က်ဴရွင္း စိတ္ရွုပ္ရွုပ္ႏွင့္ ေတြးလိုက္သည္။ 'ငါ့ကို မင္းအေစခံေကာင္မေလးလို႔မ်ား ေတြးထားတာလား။'

ဝမ္ေခ်ာင္ ခ်ဥ္စူးစူးႏွင့္ ေမးလာသည္။ "မင္းတို႔ႏွစ္ေယာက္ ဘယ္တုန္းက အဲ့ေလာက္ရင္းႏွီးသြားတာလဲ။"

ရွဲ႕က်ဴရွင္း အိပ္ရာခင္းအသစ္ လဲၿပီးသည္ႏွင့္ ခပ္ျပတ္ျပတ္ေျပာလိုက္သည္။ "သူ ဒဏ္ရာရေနေတာ့ အကၤ်ီလွမ္းရ အဆင္မေျပလို႔ ကူေပးလိုက္တာ။ ဘယ္တုန္းက သူ႔အကၤ်ီကို ကိုယ္ ေလၽွာ္ေပးဖူးလို႔လဲ။"

ဝမ္ေခ်ာင္ စိတ္ေအးသြားရၿပီး ထပ္ေျပာလာသည္။ "မင္း အျပန္လမ္းတုန္းက ဘာလို႔ ႐ုတ္တရက္ ထ စိတ္တိုတာလဲ။"

"မတိုပါဘူး။"

"ေသာက္ခ်ီး၊ မင္း ပုံမွန္ စကားေျပာရင္ အဲ့လိုမ်ိဳး မဟုတ္ပါဘူး။"

သူ ရွဲ႕က်ဴရွင္းကို ထိခိုက္ဝမ္းနည္းေနသည့္ အမူအရာျဖင့္ ၾကည့္လာသည္။ "ေရွာင္းရွဲ႕၊ မင္း ငါ့ကို မႀကိဳက္ေတာ့ဘူးလား။"

ရွဲ႕က်ဴရွင္း ေတြးလိုက္သည္။ 'ဘယ္တုန္းကေကာ ငါ မင္းကို ႀကိဳက္ဖူးလို႔လဲ။'

ဝမ္ေခ်ာင္ ေခါင္းငိုက္စိုက္က်လ်က္ ေျပာလာသည္။ "သူတို႔အကုန္လုံး ငါ့ကို သေဘာမက်တာ သိတယ္။ သူတို႔ သည္းခံေနတယ္ဆိုတာလည္း ခြန္း-ေကာ ေၾကာင့္ပဲ။ ခြန္း-ေကာ ကိုယ္တိုင္ကလည္း ငါ့ကို သိပ္မႀကိဳက္မွန္း ငါ သိတယ္။ သူ ငါ့ကို ဒီေလာက္ထိ သေဘာေကာင္းေပးေနတာကလည္း ငါ့အစ္ကိုႀကီးေၾကာင့္။"

ရွဲ႕က်ဴရွင္း အနည္းငယ္မၽွ အံ့ဩမိသြားသည္။ သူ ဝမ္ေခ်ာင္အား အ႐ူးေကာင္ေလးလို႔ ေတြးထင္ထားမိေပမယ့္ ဒီေလာက္အထိ ကိုယ့္အေၾကာင္းကိုယ္ သိေနလိမ့္မည္ဟု မထင္ထား။

ဝမ္ေခ်ာင္ သူ႔ကို ေမာ့ၾကည့္ရင္း ေျပာလာသည္။ "မင္းတစ္ေယာက္တည္းကပဲ မတူတာ။"

ရွဲ႕က်ဴရွင္း အိပ္ရာခင္းျပင္ေနရင္း ရပ္တန့္သြားၿပီး ေမးလိုက္သည္။ "ဘာက .. ငါ့ကို မတူေစတာလဲ။"

ဝမ္ေခ်ာင္ ေခါင္းကုတ္သြားၿပီး ေျပာလာသည္။

"ငါတို႔ စေတြ႕တုန္းက သိတာေတာင္ မၾကာေသးပဲ ငါ့ရဲ့ေက်ာေထာက္ေနာက္ခံအေၾကာင္းကိုလည္း မသိပဲ မိတ္ကပ္ဖ်က္ေဆးရည္ငွါးၿပီး တက္တူးကိုလည္း ကူဖ်က္ေပးသြားတယ္။ မင္းက လူေကာင္းျဖစ္ရမယ္လို႔ ငါေတြးမိသြားတာပဲ။"

ရွဲ႕က်ဴရွင္း ေတြးလိုက္သည္။ 'မင္း အခုခ်ိန္ထိ ျပန္ေပးဆြဲမခံရေသးတာ အံ့ဖြယ္ျဖစ္ရပ္ပဲ။'

ဝမ္ေခ်ာင္ ဆက္ေျပာသည္။ "သာမန္ဆို လူေတြက ငါ စီးေနတဲ့ Ferrariကို ျမင္ရင္ ခ်က္ခ်င္း ဒူးေထာက္ၿပီးေတာင္ အေဖေခၚလာခ်င္ၾကတာ။ အနည္းဆုံးေတာ့ သူတို႔ ငါနဲ႔ ပိုရင္းႏွီးေအာင္ လုပ္ခ်င္ၾကတယ္။ ဒါေပမယ့္ မင္းက်ေတာ့ ပုံမွန္ပဲ။ မင္းက ငါ့အနားကေန ျမန္ျမန္ခြါဖို႔ေတာင္ ေလာေနတယ္။ မင္းက စိတ္ရင္းမွန္ရွိတယ္လို႔ ငါေတြးလိုက္မိတာပဲ။ ၿပီးေတာ့ မင္းက အကေကာ အဆိုေကာ လုပ္နိုင္ေနတာနဲ႔ ငါလည္း မင္းကို ခြန္း-ေကာရဲ့ လုပ္ငန္းကတ္ေပးခဲ့လိုက္တာ။"

ရွဲ႕က်ဴရွင္း ထိုအေၾကာင္းကို ျပန္ေတြးမိသြားသည္။ သူ ထိုေန႔က ဝမ္ေခ်ာင္ေၾကာင့္ ေသမတတ္ စိတ္ရွုပ္သြားတာမို႔ ထိုေကာင္ေလးအနားမွ အလ်င္အျမန္ခြါဖို႔သာ စိတ္ထဲ ေရာက္ေနၿပီး ကူညီေပးခဲ့ျခင္းကိစၥမ်ားကိုေတာင္ ေသခ်ာေတြးမိျခင္း မရွိ။

"လူေရြးပြဲေန႔တုန္းကလည္း က်ိက်ဲ ငါ့ကို ေနရခက္ေအာင္ လုပ္တုန္းက မင္းပဲ ကူေပးခဲ့တာ။ အဲ့တာၿပီးေတာ့ မင္း ဘယ္ေလာက္ေခ်ာလဲဆိုတာနဲ႔ အက ဘယ္ေလာက္ေတာ္လဲဆိုတာ ျမင္ၿပီး မင္းကို အရမ္း သေဘာက်သြားတယ္။ ငါ မင္းနဲ႔အတူ ပြဲဦးထြက္ခ်င္ၿပီး မင္းနဲ႔လည္း အတူ ေဟာ့ေပါ့စားခ်င္ခဲ့တယ္။ ငါ မင္းကို ငါ့မိသားစုအေၾကာင္း ေျပာျပခ်င္ေပမယ့္ မင္းက နားမေထာင္ခ်င္ဘူး။ အခုအခ်ိန္ထိေတာင္ ငါနည္းနည္း နားမလည္ျဖစ္ေနတုန္း။ ခြန္း-ေကာ ငါ့အေပၚ ဘာလို႔အဲ့ေလာက္ေကာင္းေနတာလဲ မင္း မသိခ်င္ဘူးလား။"

"... ငါနဲ႔မွ မဆိုင္တာ။"

"အျခားသူေတြလည္း မဆိုင္တဲ့ကိစၥဆိုေပမယ့္ သူတို႔ သိခ်င္ၾကတာပဲ။ အထူးသျဖင့္ ေကာင္းစီယြမ္၊ သူဆို အဲ့အေၾကာင္းနဲ႔ပတ္သတ္ၿပီး အစဆြဲထုတ္ဖို႔ ႀကိဳးစားေနတာ ခဏခဏပဲ။"

"ငါ အဲ့ေလာက္ထိ မသိခ်င္ဘူး။"

ဝမ္ေခ်ာင္ ေျခဆန့္ရင္း ေျပာလိုက္သည္။ "ဘာပဲျဖစ္ျဖစ္၊ မင္းက သူတို႔နဲ႔ မတူဘူး။ ငါ မင္းကို အမ်ားႀကီး သေဘာက်တယ္။ မင္းနဲ႔ပဲ ေပ်ာ္ေပ်ာ္ပါးပါးရွိေနခ်င္တယ္။"

သူ ရွဲ႕က်ဴရွင္းကို ေမးလိုက္သည္။ "မင္း ငါ့ကို မမုန္းဘူးမလား။"

ရွဲ႕က်ဴရွင္း ဘာမ်ား ေျပာနိုင္မွာတဲ့လဲ။ "... မမုန္းဘူး။"

ဝမ္ေခ်ာင္ ျပဳံးၿဖီးၿဖီးႏွင့္ ေျပာလာသည္။ "ငါ သိသားပဲ။ မင္းသာ ငါ့ကို တကယ္ မႀကိဳက္ရင္ မင္း ငါနဲ႔ အျပင္ထြက္လည္မွာေတာင္ မဟုတ္ဘူး။ မင္းမွာသာ ေကာင္မေလး မရွိရင္ မင္း ငါ့ကို ႀကိဳက္ေနတယ္လို႔ေတာင္ ထင္မိမွာ။"

ရွဲ႕က်ဴရွင္း ေတြးလိုက္သည္။ 'မင္း တကယ္ အရွက္မရွိတာပဲ။ ႀကိဳက္တဲ့သူ ေမးၾကည့္စမ္းပါ။ ဘယ္သူက ဘယ္သူ႔ကို ႀကိဳက္ေနတဲ့ပုံေပၚလဲလို႔။"

KittyKitling

T/N : ႏွစ္ေယာက္လုံးက အရမ္းေျဖာင့္ၾကပါတယ္ :3 တအားးး တအားး ေျဖာင့္တာ

_____///_____

Continue Reading

You'll Also Like

2.8M 394K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...
215K 23.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
1M 122K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
168K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...