ရှီရှန်း ႐ွီ႐ွန္း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 4.28

2.4K 317 3
By Hanpandora

Unicode

နောက်နေ့မနက်မှာ ဇုန်‌ခေါင်းဆောင်က အဖွဲ့တစ်ခုကိုခေါ်ပြီး ချီမင်ယွဲ့နဲ့ မြို့ပြင်ထွက်သွားတယ်အဖွဲ့ထဲမှာ စမ်းရေသောက်ထားတဲ့လူတစ်ဝက်ပါပြီး စမ်းရေမသောက်ထားတဲ့လူတစ်ဝက်ပါလေတယ်မြို့ပြင်ရောက်တော့ သိသိသာသာပဲ စမ်းရေသောက်ထားတဲ့သူတွေက ဇွန်ဘီတွေဆီကပိုတိုက်ခိုက်ခံရတယ်

" ချီမင်ယွဲ့ နင် ဘာဆင်ခြေပေးဦးမလဲ! "
ဇုန်ခေါင်းဆောင်ရဲ့စိုက်ကြည့်နေခြင်းက ချီမင်ယွဲ့ကို အရိုးထဲထိ ကြောက်စိတ်ဝင်စေတယ်ဒါပေမဲ့ ချီမင်ယွဲ့က ဘူးငြင်းနေတုန်းပဲ
" ဒါက ဘယ်လိုဖြစ်တာလဲဆိုတာ ကျွန်မလည်းမသိဘူး "

ဖြောင်း!

ဇုန်ခေါင်းဆောင်က ချီမင်ယွဲ့ကို ပါးချလိုက်တယ်
"ဒါက နင့်ပစ္စည်းတွေပဲ ဒါကိုနင်ကမသိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ နင်တစ်ခုခု လုပ်ထားတယ်မလား!!! "

စိတ်မရှည်တဲ့အဆုံးမှာ ဇုန်ခေါင်းဆောင်က ချီမင်ယွဲ့ကိုဆံပင်စောင့်ဆွဲလိုက်ပြီး ကားဘက်တွန်းလိုက်တယ် ချီမင်ယွဲ့ရဲ့ပါးက ကားမှန်ပေါ်နဲ့ကပ်နေပြီး နာကျင်မှုခံစားနေရတယ်ချီမင်ယွဲ့ ပါးစပ်ကိုမနဲဟပြီး ပြောလိုက်တယ်

" ကျွန်မတကယ် မသိဘူး "

ဇုန်ခေါင်းဆောင်က ချီမင်ယွဲ့ကို စောင့်ဆွဲလာပြီး Zombieတွေစုနေတဲ့နေရာထဲ တွန်းချလိုက်တော့တယ်ချီမင်ယွဲ့စွမ်းအားက မသေးတဲ့အတွက် သူသေမှာမဟုတ်ဘူးဆိုတာသိလို့ လုပ်ရဲတာဖြစ်တယ်ဒါပေမဲ့ ချီမင်ယွဲ့ကပြန်မတိုက်ဘဲ Zombieတွေဝိုင်းတာခံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး သူကသူ့လူတွေကို အမြန်Zombieတွေကိုတိုက်ခိုင်းပေမဲ့ ချီမင်ယွဲ့ကပျောက်သွားပြီပဲဖြစ်တယ်

ချီမင်ယွဲ့က ဒီအခွင့်ရေးကိုစောင့်နေတာကြာပြီ သူက သူ့spaceထဲ ပြန်ဝင်သွားတာပဲဖြစ်တယ် သူဇုန်ထဲမှာတုန်းက မဝင်ခဲ့တာက ဇုန်ကလုံခြုံရေးတွေကို ဖြတ်နိုင်မဖြတ်နိုင်‌ဆိုတာ မသေချာတာကြောင့်ပဲဖြစ်တယ်ဒါကြောင့် ဒါကသူspaceထဲဝင်သွားဖို့ အခွင့်ရေးကောင်းတစ်ခုဖြစ်သွားခဲ့တယ် spaceထဲမှာ ရိက္ခာတွေအများကြီးရှိတာကြောင့် သူတို့‌လက်လျော့သွားတဲ့အထိ စောင့်နေရုံပဲ ပြီးရင် သူလွတ်လပ်သွားပြီ....

နောက်ဆုံးတော့ လက်စားချေနိုင်ခဲ့ပြီ

................

ရှီရှန်းရဲ့ အခြေစိုက်စခန်းထူထောင်ရေးက တော်တော်လေးတိုးတက်လာပြီဖြစ်တယ်စခန်းက Zombieမဟုတ်ရင် လက်မခံတာ တော်တော်များများက မသိ‌သေးဘူးအရင်ကတည်းကရှိနေတဲ့ လူတွေက စတုတ္ထအဆင့်Zombieတွေကို ဦးစီးပေးရတယ် လူတစ်ယောက်နောက်မှာ Zombieတွေ တသီတန်းကြီးလိုက်လာပြီး ခိုင်းတဲ့အတိုင်းလုပ်နေကြတာ သူတို့အတွက်ထူးဆန်းနေသေးပေမဲ့ သူတို့ကိုယ်တိုင်ဦးစီးနေရရဲ့ Zombieတွေကိုကြည့်ရင်တော့ ရယ်ချင်စရာကြီးပေါ့

လူတွေက စတုတ္ထအဆင့်Zombieတွေကိုထိန်းချုပ်ပြီး စတုတ္ထအဆင့်Zombieတွေကမှ အဆင့်နိမ့်Zombieတွေကို ပြန်ထိန်းချုပ်ကြတယ် Zombieတွေက လူတွေထပ်ပိုထိန်းချုပ်ရတာလွယ်တယ် သူတို့အမိန့်တွေကိုမေးခွန်းပြန်မထုတ်သလို ဆန္ဒလည်းမပြကြဘူး

" ဘောစ့်ကို တွေ့သေးလား "
ချင်ယုက ပြေးလာနေတဲ့လင်းဖုန်းကိုတားပြီး မေးလိုက်တယ်သူတို့ဘောစ့်က အမိန့်တွေပေးထားခဲ့ပြီး ပျောက်သွားတာနေ့တဝက်ကျော်နေပြီ

လင်းဖုန်းက ချွေးတွေသပ်ချရင်း ဖြေလိုက်တယ်
"ဟင့်အင်း ယောက်ဖနဲ့ရှိနေမှာပေါ့ သူတို့ကစခန်းမြောက်ဘက်ကမျှော်စင်မှာနေရတာ‌သဘောကျကြတာပဲ.အဲ့ကိုသွားစစ်ကြည့်လိုက်လေ ငါတော့သွားပြီ အခုအလုပ်များနေလို့ "
[ Eမှာကsis-in-lawလို့ရေးထားတာအခုဘောစ့်ကမိန်းကလေးဖြစ်တော့ဘောစ့်ကောင်လေးကို မရီးကျတော့အဆင်မပြေဘူးလေနော့ အာ့ကြောင့်ယောက်ဖလို့ပြင်လိုက်တယ် ]

လင်းဖုန်းက သူ့လက်အောက်ကZombieနှစ်ကောင်ကိုခေါ်ပြီး အလောတကြီးသွားတော့တယ်ချင်ယုလည်း မျှော်စင်ဘက် ထွက်သွားတော့တယ်

မျှော်စင်က ဒီနားတဝိုက်မှာ အမြင့်ဆုံးအဆောက်ဦးဖြစ်ပြီး အခြေစိုက်စခန်းမတည်ခင်ကတည်းရှိနေခဲ့တာဖြစ်တယ်။ ချင်ယုမျှော်စင်ပေါ်တက်ကြည့်လိုက်တော့ လင်းဖုန်းပြောတဲ့အတိုင်း ချန်လိနဲ့ရှီရှန်းကိုတွေ့လိုက်ရတယ် ချန်လိကထိုင်နေပြီး << Three Character Classic >>ကိုအလွတ်ဆိုနေလေတယ်......

"ဘောစ့် "
ချင်ယုလည်း ရှေ့နားတိုးပြီး ခေါ်လိုက်တယ်ငုတ်တုပ်ကြီးထိုင်နေတဲ့ချန်လိက စာဆိုနေတာကနေ ရုတ်တရက်ကြီး သူ့ရှေ့ရောက်လာပြီး သေချာစိုက်ကြည့်လိုက်တယ်မျက်စိတစ်မှိတ်အတွင်း သူ့နေရာပြန်ရောက်သွားပြီး စာပြန်ဆိုနေလိုက်တော့တယ်

"ဘာကိစ္စရှိလို့လဲ "
ရှီရှန်းက ခေါင်းမော့ကြည့်လာပြီး ကြမ်းပြင်မှာပွနေတဲ့ ပစ္စည်းတွေကိုသိမ်းနေလိုက်တော့တယ်

"အာ အာ ဟုတ်သား Bမြို့ထဲမှာ Zombieတမြုံတမကြီးနဲ့ ရင်ဆိုင်နေရတယ် "
ချန်ယုက အလောတကြီးဆက်ပြောလာတယ်
" ကျွန်တော်တို့ကြည့်ရ‌သလောက် သူတို့အဲ့အခြေနေကိုထိန်းနိုင်မှာမဟုတ်ဘူး။ တချို့လူတွေဆို မြို့ကိုစွန့်ဖို့ စလုပ်နေကြပြီ "

" Zombieတမြုံတမကြီး "
' ဒါက အကောင်ရေ တော်တော်များတာပဲ '

" သူတို့က ဘယ်ဘက်ကလာကြတာလဲ "

ချန်ယုမျက်နှာက ရှုံတွသွားတော့တယ်
" နေရာတိုင်းက "

ရှီရှန်း "..."
' နင်ပြောတာက ဘက်ပေါင်းစုံက!!!ဒါဆို Bမြို့ထဲကလူတွေ ဘယ်လိုပြေးကြမှာလဲ Zombieတွေထဲမှာ ပျံနိုင်တဲ့စွမ်းအားတွေရလာပြီလေ ဟယ်ရီကော်ပတာတွေက အသုံးမဝင်တော့ဘူးလေ  '

ရှီရှန်းက ဖွတ်ဖွတ်ကြေအောင်လုပ်ပစ်ဖို့ ချန်လိနဲ့ထွက်သွားတော့တယ်သူ့စကားနားထောင်တဲ့ Zombieတချို့လည်း ခေါ်သွားလိုက်တယ်

" နန်း မြန်မြန်"
ချန်လိက ရှီရှန်းလက်ကို သူ့ပါးစပ်နားဆွဲလိုက်တယ်

" စားဖို့လောက်ပဲသိတဲ့ကောင် "
ရှီရှန်းက မျက်စောင်းထိုးပြီးကြည့်လိုက်တယ်
ချန်လိက လက်ချောင်းထိပ်လေးတွေကို လျက်ရင်းပြုံးပြလိုက်တယ်

ပဥ္စမအဆင့်Zombieက အခုဆို ဆဌမအဆင့်ထိရောက်သွားပြီဖြစ်တယ်အခုဆို သူ့အသားရည်က စိမ်းဖန့်ဖန့်လေးဖြစ်နေပြီရှီရှန်းက သူ့ကို "ငါးလေး" လို့နာမည်ပေးလိုက်တယ်

ငါးလေးက ရှီရှန်းနားကပ်လာတယ်ချန်လိက အဲ့ကောင်ကိုကန်ထုတ်ဖို့လုပ်ပေမဲ့ သူကရှီရှန်းဘေးရောက်သွားပြီဖြစ်တယ်ငါးလေးက ရှီရှန်းကျွေးတဲ့ အစာကိုစားပြီးတဲ့နေ့ကစပြီး တခြားအစာတွေကို မကြိုက်တော့ဘူးသူက နေ့တိုင်းရှီရှန်းအစာကျွေးဖို့အတွက် ဖားနေတယ်ရှီရှန်းက သူ့ကိုအရင်ကျွေးလိုက်တယ်

ငါးလေးက စားပြီးတာနဲ့ ကြွားဖို့အတွက်ထွက်သွားတော့တယ်Zombieတွေက တစ်ကောင်နဲ့‌တစ်ကောင်ဆက်သွယ်နိုင်တယ်သူတို့က ကြွားတတ်တယ်စိတ်ဆိုးတတ်တယ်ပျော်တတ်ကြတယ် အစားတစ်ခုတည်းပဲသိတဲ့ အရိုင်းစိုင်းကောင်တွေမဟုတ်ကြပါဘူးငါးလေးက တခြားZombieတွေအုပ်စုကြားထဲမှာ သူ့အကြောင်းသွားကြွားနေတာကိုတွေ့ရတော့ ရှီရှန်းစိတ်ပျော်သွားပြီး ချန်လိကိုပိုကျွေးလိုက်တယ်

"Rarr rarr raar "
ငါးလေးက ဖြူဖတ်လာပြီး သူ့နောက်ကိုလက်ညိုးနဲ့ထိုးကာ ရှီရှန်းတို့ဆီ ပြန်ပြေးလာတော့တယ်အနီးနားက Zombieတွေလည်း ဝရုန်းသုန်းကားပြေးကြတော့တယ်

ရှီရှန်းက တတိယအဆင့်Zombie၂၀ ၃၀လောက်ပဲခေါ်လာတာ သူတို့တွေ တိုက်မှဖြစ်မယ်ဆိုရင် အနားကZombieတွေကိုပါ ဆွယ်လိုက်လို့ရတယ်လေ

ရှီရှန်းက ချန်လိကိုကြည့်လိုက်တယ်သူက နှုတ်ခမ်းကိုသပ်ရင်း ပြောလိုက်တယ်
" ဟိုဘက်မှာ ထပ်ရှိသေးတယ် "

' ဘယ်လိုZombieတွေကကြောက်ဖို့ကောင်းမှာလဲ သွေးတွေပေနေတဲ့လူကမှ ပိုလန့်စရာကောင်းဦးမယ်ခန‌နေဦး တတိယအဆင့်‌အကောင်တွေကို လန့်စေတယ်ဆိုတော့ သာမာန်Zombieတော့ မဟုတ်လောက်ဘူး '

" သတ္တမအဆင့် " ချန်လိကပြောလိုက်တယ်

' သတ္တမအ‌ဆင့်! ငါးလေးက ဆဌမ‌အဆင့်မှာပဲရှိသေးတာ ဒီကောင်တွေက ဘယ်လိုတောင်စွမ်းရတာလဲ '

" Rarr rarr rarr "

Zombieတွေက စအော်တော့တယ်ရှီရှန်းကZombieတွေအနောက်မှာ ရှိနေတာကြောင့် ရှေ့ကိုသေချာ မမြင်ရဘူးဖြစ်နေတယ်သူလှမ်းကြည့်ရသလောက် Zombieတွေဦးတည်သွားနေတာက တစ်ခုခုဆီကိုမဟုတ်ဘဲ နေရာတစ်ခုပဲ
ရှီရှန်းမြင်ကွင်းကို သေချာမြင်ရတော့ ၇နှစ်၈နှစ်လောက်ပဲရှိသေးတဲ့ Zombieကိုတွေ့လိုက်ရတယ် သူ့အသားရေက စိမ်းဖန့်ဖန့်ကြီးမဟုတ်ပေမဲ့ အဖြူရောင်ကြီးဖြစ်နေတယ်ချန်လိကိုစတွေ့ရတုန်းကလိုပဲ။ ကလေးZombieလေးက ရေခဲအားရှိပြီး တော်တော်လေးမြန်တယ်ကလေးZombieလေးက သူမကိုမြင်တော့ စတိုက်တော့တယ် သူမလည်းဓားနဲ့အမြန်ကာလိုက်ရတယ်

ရှီရှန်းဘက်ကပြန်တိုက်လာတာ တွေ့ရတော့ ကလေးZombieလေးမျက်လုံးထဲ စိတ်လှုပ်ရှားမှုတွေ ပေါ်လာပြီး ရေခဲတုံးတွေကို ပိုပစ်တော့တယ်ရှီရှန်းဓားသွားနဲ့ ရေခဲတုံးတွေထိတော့ အသံတွေထွက်ပေါ်လာတယ်ရှီရှန်းလက်လည်း တော်တော်ညောင်းနေပြီ

' ဒါကသတ္တမမြောက်အဆင့်Zombieရဲ့စွမ်းအားလား နင့်မေပဲ ဆဌမအဆင့်ရဲ့နှစ်ဆလောက်ရှိတယ်!!!'

Transalated by Anna💚

Zawgyi

ေနာက္ေန႔မနက္မွာ ဇုန္‌ေခါင္းေဆာင္က အဖြဲ႕တစ္ခုကိုေခၚၿပီး ခ်ီမင္ယြဲ႕နဲ႔ ၿမိဳ႕ျပင္ထြက္သြားတယ္အဖြဲ႕ထဲမွာ စမ္းေရေသာက္ထားတဲ့လူတစ္ဝက္ပါၿပီး စမ္းေရမေသာက္ထားတဲ့လူတစ္ဝက္ပါေလတယ္ၿမိဳ႕ျပင္ေရာက္ေတာ့ သိသိသာသာပဲ စမ္းေရေသာက္ထားတဲ့သူေတြက ဇြန္ဘီေတြဆီကပိုတိုက္ခိုက္ခံရတယ္

" ခ်ီမင္ယြဲ႕ နင္ ဘာဆင္ေျခေပးဦးမလဲ! "
ဇုန္ေခါင္းေဆာင္ရဲ႕စိုက္ၾကည့္ေနျခင္းက ခ်ီမင္ယြဲ႕ကို အ႐ိုးထဲထိ ေၾကာက္စိတ္ဝင္ေစတယ္ဒါေပမဲ့ ခ်ီမင္ယြဲ႕က ဘူးျငင္းေနတုန္းပဲ
" ဒါက ဘယ္လိုျဖစ္တာလဲဆိုတာ ကြၽန္မလည္းမသိဘူး "

ေျဖာင္း!

ဇုန္ေခါင္းေဆာင္က ခ်ီမင္ယြဲ႕ကို ပါးခ်လိုက္တယ္
"ဒါက နင့္ပစၥည္းေတြပဲ ဒါကိုနင္ကမသိဘူးဆိုတာ ဘယ္လိုျဖစ္ႏိုင္မွာလဲ။ နင္တစ္ခုခု လုပ္ထားတယ္မလား!!! "

စိတ္မ႐ွည္တဲ့အဆုံးမွာ ဇုန္ေခါင္းေဆာင္က ခ်ီမင္ယြဲ႕ကိုဆံပင္ေစာင့္ဆြဲလိုက္ၿပီး ကားဘက္တြန္းလိုက္တယ္ ခ်ီမင္ယြဲ႕ရဲ႕ပါးက ကားမွန္ေပၚနဲ႔ကပ္ေနၿပီး နာက်င္မႈခံစားေနရတယ္ခ်ီမင္ယြဲ႕ ပါးစပ္ကိုမနဲဟၿပီး ေျပာလိုက္တယ္

" ကြၽန္မတကယ္ မသိဘူး "

ဇုန္ေခါင္းေဆာင္က ခ်ီမင္ယြဲ႕ကို ေစာင့္ဆြဲလာၿပီး Zombieေတြစုေနတဲ့ေနရာထဲ တြန္းခ်လိုက္ေတာ့တယ္ခ်ီမင္ယြဲ႕စြမ္းအားက မေသးတဲ့အတြက္ သူေသမွာမဟုတ္ဘူးဆိုတာသိလို႔ လုပ္ရဲတာျဖစ္တယ္ဒါေပမဲ့ ခ်ီမင္ယြဲ႕ကျပန္မတိုက္ဘဲ Zombieေတြဝိုင္းတာခံလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး သူကသူ႕လူေတြကို အျမန္Zombieေတြကိုတိုက္ခိုင္းေပမဲ့ ခ်ီမင္ယြဲ႕ကေပ်ာက္သြားၿပီပဲျဖစ္တယ္

ခ်ီမင္ယြဲ႕က ဒီအခြင့္ေရးကိုေစာင့္ေနတာၾကာၿပီ သူက သူ႕spaceထဲ ျပန္ဝင္သြားတာပဲျဖစ္တယ္ သူဇုန္ထဲမွာတုန္းက မဝင္ခဲ့တာက ဇုန္ကလုံျခဳံေရးေတြကို ျဖတ္ႏိုင္မျဖတ္ႏိုင္‌ဆိုတာ မေသခ်ာတာေၾကာင့္ပဲျဖစ္တယ္ဒါေၾကာင့္ ဒါကသူspaceထဲဝင္သြားဖို႔ အခြင့္ေရးေကာင္းတစ္ခုျဖစ္သြားခဲ့တယ္ spaceထဲမွာ ရိကၡာေတြအမ်ားႀကီး႐ွိတာေၾကာင့္ သူတို႔‌လက္ေလ်ာ့သြားတဲ့အထိ ေစာင့္ေန႐ုံပဲ ၿပီးရင္ သူလြတ္လပ္သြားၿပီ....

ေနာက္ဆုံးေတာ့ လက္စားေခ်ႏိုင္ခဲ့ၿပီ

................

႐ွီ႐ွန္းရဲ႕ အေျခစိုက္စခန္းထူေထာင္ေရးက ေတာ္ေတာ္ေလးတိုးတက္လာၿပီျဖစ္တယ္စခန္းက Zombieမဟုတ္ရင္ လက္မခံတာ ေတာ္ေတာ္မ်ားမ်ားက မသိ‌ေသးဘူးအရင္ကတည္းက႐ွိေနတဲ့ လူေတြက စတုတၳအဆင့္Zombieေတြကို ဦးစီးေပးရတယ္ လူတစ္ေယာက္ေနာက္မွာ Zombieေတြ တသီတန္းႀကီးလိုက္လာၿပီး ခိုင္းတဲ့အတိုင္းလုပ္ေနၾကတာ သူတို႔အတြက္ထူးဆန္းေနေသးေပမဲ့ သူတို႔ကိုယ္တိုင္ဦးစီးေနရရဲ႕ Zombieေတြကိုၾကည့္ရင္ေတာ့ ရယ္ခ်င္စရာႀကီးေပါ့

လူေတြက စတုတၳအဆင့္Zombieေတြကိုထိန္းခ်ဳပ္ၿပီး စတုတၳအဆင့္Zombieေတြကမွ အဆင့္နိမ့္Zombieေတြကို ျပန္ထိန္းခ်ဳပ္ၾကတယ္ Zombieေတြက လူေတြထပ္ပိုထိန္းခ်ဳပ္ရတာလြယ္တယ္ သူတို႔အမိန္႔ေတြကိုေမးခြန္းျပန္မထုတ္သလို ဆႏၵလည္းမျပၾကဘူး

" ေဘာစ့္ကို ေတြ႕ေသးလား "
ခ်င္ယုက ေျပးလာေနတဲ့လင္းဖုန္းကိုတားၿပီး ေမးလိုက္တယ္သူတို႔ေဘာစ့္က အမိန္႔ေတြေပးထားခဲ့ၿပီး ေပ်ာက္သြားတာေန႔တဝက္ေက်ာ္ေနၿပီ

လင္းဖုန္းက ေခြၽးေတြသပ္ခ်ရင္း ေျဖလိုက္တယ္
"ဟင့္အင္း ေယာက္ဖနဲ႔႐ွိေနမွာေပါ့ သူတို႔ကစခန္းေျမာက္ဘက္ကေမွ်ာ္စင္မွာေနရတာ‌သေဘာက်ၾကတာပဲ.အဲ့ကိုသြားစစ္ၾကည့္လိုက္ေလ ငါေတာ့သြားၿပီ အခုအလုပ္မ်ားေနလို႔ "
[ Eမွာကsis-in-lawလို႔ေရးထားတာအခုေဘာစ့္ကမိန္းကေလးျဖစ္ေတာ့ေဘာစ့္ေကာင္ေလးကို မရီးက်ေတာ့အဆင္မေျပဘူးေလေနာ့ အာ့ေၾကာင့္ေယာက္ဖလို႔ျပင္လိုက္တယ္ ]

လင္းဖုန္းက သူ႕လက္ေအာက္ကZombieႏွစ္ေကာင္ကိုေခၚၿပီး အေလာတႀကီးသြားေတာ့တယ္ခ်င္ယုလည္း ေမွ်ာ္စင္ဘက္ ထြက္သြားေတာ့တယ္

ေမွ်ာ္စင္က ဒီနားတဝိုက္မွာ အျမင့္ဆုံးအေဆာက္ဦးျဖစ္ၿပီး အေျခစိုက္စခန္းမတည္ခင္ကတည္း႐ွိေနခဲ့တာျဖစ္တယ္။ ခ်င္ယုေမွ်ာ္စင္ေပၚတက္ၾကည့္လိုက္ေတာ့ လင္းဖုန္းေျပာတဲ့အတိုင္း ခ်န္လိနဲ႔႐ွီ႐ွန္းကိုေတြ႕လိုက္ရတယ္ ခ်န္လိကထိုင္ေနၿပီး << Three Character Classic >>ကိုအလြတ္ဆိုေနေလတယ္......

"ေဘာစ့္ "
ခ်င္ယုလည္း ေ႐ွ႕နားတိုးၿပီး ေခၚလိုက္တယ္ငုတ္တုပ္ႀကီးထိုင္ေနတဲ့ခ်န္လိက စာဆိုေနတာကေန ႐ုတ္တရက္ႀကီး သူ႕ေ႐ွ႕ေရာက္လာၿပီး ေသခ်ာစိုက္ၾကည့္လိုက္တယ္မ်က္စိတစ္မွိတ္အတြင္း သူ႕ေနရာျပန္ေရာက္သြားၿပီး စာျပန္ဆိုေနလိုက္ေတာ့တယ္

"ဘာကိစၥ႐ွိလို႔လဲ "
႐ွီ႐ွန္းက ေခါင္းေမာ့ၾကည့္လာၿပီး ၾကမ္းျပင္မွာပြေနတဲ့ ပစၥည္းေတြကိုသိမ္းေနလိုက္ေတာ့တယ္

"အာ အာ ဟုတ္သား Bၿမိဳ႕ထဲမွာ Zombieတျမဳံတမႀကီးနဲ႔ ရင္ဆိုင္ေနရတယ္ "
ခ်န္ယုက အေလာတႀကီးဆက္ေျပာလာတယ္
" ကြၽန္ေတာ္တို႔ၾကည့္ရ‌သေလာက္ သူတို႔အဲ့အေျခေနကိုထိန္းႏိုင္မွာမဟုတ္ဘူး။ တခ်ိဳ႕လူေတြဆို ၿမိဳ႕ကိုစြန္႔ဖို႔ စလုပ္ေနၾကၿပီ "

" Zombieတျမဳံတမႀကီး "
' ဒါက အေကာင္ေရ ေတာ္ေတာ္မ်ားတာပဲ '

" သူတို႔က ဘယ္ဘက္ကလာၾကတာလဲ "

ခ်န္ယုမ်က္ႏွာက ႐ႈံတြသြားေတာ့တယ္
" ေနရာတိုင္းက "

႐ွီ႐ွန္း "..."
' နင္ေျပာတာက ဘက္ေပါင္းစုံက!!!ဒါဆို Bၿမိဳ႕ထဲကလူေတြ ဘယ္လိုေျပးၾကမွာလဲ Zombieေတြထဲမွာ ပ်ံႏိုင္တဲ့စြမ္းအားေတြရလာၿပီေလ ဟယ္ရီေကာ္ပတာေတြက အသုံးမဝင္ေတာ့ဘူးေလ  '

႐ွီ႐ွန္းက ဖြတ္ဖြတ္ေၾကေအာင္လုပ္ပစ္ဖို႔ ခ်န္လိနဲ႔ထြက္သြားေတာ့တယ္သူ႕စကားနားေထာင္တဲ့ Zombieတခ်ိဳ႕လည္း ေခၚသြားလိုက္တယ္

" နန္း ျမန္ျမန္"
ခ်န္လိက ႐ွီ႐ွန္းလက္ကို သူ႕ပါးစပ္နားဆြဲလိုက္တယ္

" စားဖို႔ေလာက္ပဲသိတဲ့ေကာင္ "
႐ွီ႐ွန္းက မ်က္ေစာင္းထိုးၿပီးၾကည့္လိုက္တယ္
ခ်န္လိက လက္ေခ်ာင္းထိပ္ေလးေတြကို လ်က္ရင္းျပဳံးျပလိုက္တယ္

ပၪၥမအဆင့္Zombieက အခုဆို ဆဌမအဆင့္ထိေရာက္သြားၿပီျဖစ္တယ္အခုဆို သူ႕အသားရည္က စိမ္းဖန္႔ဖန္႔ေလးျဖစ္ေနၿပီ႐ွီ႐ွန္းက သူ႕ကို "ငါးေလး" လို႔နာမည္ေပးလိုက္တယ္

ငါးေလးက ႐ွီ႐ွန္းနားကပ္လာတယ္ခ်န္လိက အဲ့ေကာင္ကိုကန္ထုတ္ဖို႔လုပ္ေပမဲ့ သူက႐ွီ႐ွန္းေဘးေရာက္သြားၿပီျဖစ္တယ္ငါးေလးက ႐ွီ႐ွန္းေကြၽးတဲ့ အစာကိုစားၿပီးတဲ့ေန႔ကစၿပီး တျခားအစာေတြကို မႀကိဳက္ေတာ့ဘူးသူက ေန႔တိုင္း႐ွီ႐ွန္းအစာေကြၽးဖို႔အတြက္ ဖားေနတယ္႐ွီ႐ွန္းက သူ႕ကိုအရင္ေကြၽးလိုက္တယ္

ငါးေလးက စားၿပီးတာနဲ႔ ႂကြားဖို႔အတြက္ထြက္သြားေတာ့တယ္Zombieေတြက တစ္ေကာင္နဲ႔‌တစ္ေကာင္ဆက္သြယ္ႏိုင္တယ္သူတို႔က ႂကြားတတ္တယ္စိတ္ဆိုးတတ္တယ္ေပ်ာ္တတ္ၾကတယ္ အစားတစ္ခုတည္းပဲသိတဲ့ အ႐ိုင္းစိုင္းေကာင္ေတြမဟုတ္ၾကပါဘူးငါးေလးက တျခားZombieေတြအုပ္စုၾကားထဲမွာ သူ႕အေၾကာင္းသြားႂကြားေနတာကိုေတြ႕ရေတာ့ ႐ွီ႐ွန္းစိတ္ေပ်ာ္သြားၿပီး ခ်န္လိကိုပိုေကြၽးလိုက္တယ္

"Rarr rarr raar "
ငါးေလးက ျဖဴဖတ္လာၿပီး သူ႕ေနာက္ကိုလက္ညိဳးနဲ႔ထိုးကာ ႐ွီ႐ွန္းတို႔ဆီ ျပန္ေျပးလာေတာ့တယ္အနီးနားက Zombieေတြလည္း ဝ႐ုန္းသုန္းကားေျပးၾကေတာ့တယ္

႐ွီ႐ွန္းက တတိယအဆင့္Zombie၂၀ ၃၀ေလာက္ပဲေခၚလာတာ သူတို႔ေတြ တိုက္မွျဖစ္မယ္ဆိုရင္ အနားကZombieေတြကိုပါ ဆြယ္လိုက္လို႔ရတယ္ေလ

႐ွီ႐ွန္းက ခ်န္လိကိုၾကည့္လိုက္တယ္သူက ႏႈတ္ခမ္းကိုသပ္ရင္း ေျပာလိုက္တယ္
" ဟိုဘက္မွာ ထပ္႐ွိေသးတယ္ "

' ဘယ္လိုZombieေတြကေၾကာက္ဖို႔ေကာင္းမွာလဲ ေသြးေတြေပေနတဲ့လူကမွ ပိုလန္႔စရာေကာင္းဦးမယ္ခန‌ေနဦး တတိယအဆင့္‌အေကာင္ေတြကို လန္႔ေစတယ္ဆိုေတာ့ သာမာန္Zombieေတာ့ မဟုတ္ေလာက္ဘူး '

" သတၱမအဆင့္ " ခ်န္လိကေျပာလိုက္တယ္

' သတၱမအ‌ဆင့္! ငါးေလးက ဆဌမ‌အဆင့္မွာပဲ႐ွိေသးတာ ဒီေကာင္ေတြက ဘယ္လိုေတာင္စြမ္းရတာလဲ '

" Rarr rarr rarr "

Zombieေတြက စေအာ္ေတာ့တယ္႐ွီ႐ွန္းကZombieေတြအေနာက္မွာ ႐ွိေနတာေၾကာင့္ ေ႐ွ႕ကိုေသခ်ာ မျမင္ရဘူးျဖစ္ေနတယ္သူလွမ္းၾကည့္ရသေလာက္ Zombieေတြဦးတည္သြားေနတာက တစ္ခုခုဆီကိုမဟုတ္ဘဲ ေနရာတစ္ခုပဲ
႐ွီ႐ွန္းျမင္ကြင္းကို ေသခ်ာျမင္ရေတာ့ ၇ႏွစ္၈ႏွစ္ေလာက္ပဲ႐ွိေသးတဲ့ Zombieကိုေတြ႕လိုက္ရတယ္ သူ႕အသားေရက စိမ္းဖန္႔ဖန္႔ႀကီးမဟုတ္ေပမဲ့ အျဖဴေရာင္ႀကီးျဖစ္ေနတယ္ခ်န္လိကိုစေတြ႕ရတုန္းကလိုပဲ။ ကေလးZombieေလးက ေရခဲအား႐ွိၿပီး ေတာ္ေတာ္ေလးျမန္တယ္ကေလးZombieေလးက သူမကိုျမင္ေတာ့ စတိုက္ေတာ့တယ္ သူမလည္းဓားနဲ႔အျမန္ကာလိုက္ရတယ္

႐ွီ႐ွန္းဘက္ကျပန္တိုက္လာတာ ေတြ႕ရေတာ့ ကေလးZombieေလးမ်က္လုံးထဲ စိတ္လႈပ္႐ွားမႈေတြ ေပၚလာၿပီး ေရခဲတုံးေတြကို ပိုပစ္ေတာ့တယ္႐ွီ႐ွန္းဓားသြားနဲ႔ ေရခဲတုံးေတြထိေတာ့ အသံေတြထြက္ေပၚလာတယ္႐ွီ႐ွန္းလက္လည္း ေတာ္ေတာ္ေညာင္းေနၿပီ

' ဒါကသတၱမေျမာက္အဆင့္Zombieရဲ႕စြမ္းအားလား နင့္ေမပဲ ဆဌမအဆင့္ရဲ႕ႏွစ္ဆေလာက္႐ွိတယ္!!!'

Transalated by Anna💚

Continue Reading

You'll Also Like

390K 22.3K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...
2.1M 147K 104
Doctor Handsome & Medical Student