ရှီရှန်း ႐ွီ႐ွန္း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 4.18

2.3K 341 1
By Hanpandora

Unicode

ရှီရှန်းကစတိုခန်းရှေ့မှာ ပိတ်ရပ်ထားလိုက်တယ်။ လူတိုင်းစတိုခန်းနားရောက်တော့ တံခါးရှေ့မှာရပ်နေတဲ့ ကုနန်းကိုတွေ့လိုက်ရတယ်။

"ကုနန်း! နင်ဘာလုပ်တာလဲ! "
ချန်းရှီ ကုနန်းကိုဘေးတွန်းလိုက်တာနဲ့တပြိုင်နက် ချင်းယုတို့သုံးယောက်လုံး ကုနန်းကိုအလယ်မှာထားပြီး သူမရှေ့မှာဝိုင်းရပ်ကာထားလိုက်တော့တယ်။

" ခွေးကောင် ငါတို့ကဒီမှာ လူကယ်ဖို့လုပ်နေတာမမြင်ဘူးလား။ ဘာပိတ်ရပ်ကြတာလဲ ဘေးဖယ်ကြစမ်း! "

ကုနန်းလည်း သူမကိုကာကွယ်ပေးထားတဲ့ လူသုံးယောက်ကို စောင်းကြည့်လိုက်တယ်။ သူမမျက်လုံးတွေက ကွေးတက်သွားပြီး စကားစပြောတော့တယ်။

" ငါကုသစွမ်းအားရှင်တွေကို တွေ့ဖူးတယ်။ သူတို့က zombie ဗိုင်းရပ်စ်ကို ကုဖို့အလင်းရောင်ခြည်တွေဖြာပေးလိုက်ရုံပဲ။ ဒါမဟုတ်လို့ ချီမင်ယွဲ့ နင်က တခြားနည်းလမ်းကိုသုံးရတာလား ဒါကြောင့်သီးသန့်နေရာတစ်ခုလိုအပ်တာလား "

ချီမင်ယွဲ့က ဝတ္ထုတစ်ခုလုံးကို သေချာဖတ်ခဲ့တာပဲလေ။ ဒါကြောင့် ကုသစွမ်းအားရှင်တွေက နောက်ကျမှပေါ်ထွန်းလာခဲ့တယ်ဆိုတာကိုသိထားတယ်။ သူတို့က ကုနန်းပြောသလို ကုသဖို့ရာ ရောင်ခြည်အနည်းငယ်သာ လိုအပ်တာ။ အရမ်းမြန်ပြီး အဆင်ပြေတယ်။

"မင်းက ဘယ်လိုလုပ်ပြီး ကုသစွမ်းအားရှင်တွေနဲ့ တွေ့ဖူးရတာလဲ။ အဲ့ဒါကအရမ်းရှားတယ်လေ "

" ဟုတ်တယ်။ ပြီးတော့ မင်းဘာသာFUခေါင်းဆောင်ပဲဖြစ်ဖြစ် မင်းရဲမနာလိုစိတ်တွေကို ဘေးခနဖယ်ထားလိုက်။ ငါတို့ကအသက်ကယ်ဖို့လုပ်နေတာ! ဂိမ်းဆော့နေတာမဟုတ်ဘူး "

"ဒီမှာစွမ်းအားရှင်တွေအများကြီးပဲ ရှိတာ။ ဘာလို့သူတစ်ယောက်တည်းကပဲ ကယ်နိုင်သလိုပြောနေကြတာလဲ။ ပြီးတော့... "

သူမကမျက်ခုံးပင့်လိုက်ပြီး အသံကပါလှောင်တဲ့ဘက်ပြောင်းသွားတယ်။

" သူမက ကုနိုင်လား မကုနိုင်ဘူးလားဆိုတာ အပြောခံနိုင်ရမှာပဲလေ "

ကုသစွမ်းအားရှင်တွေက ရှားပါးတယ်ဆိုပေမဲ့ ဒီမှာတော့ စွမ်းအားရှင်မျိုးစုံရှိနေကြတာပဲလေ။ ကုနန်းစကားတွေက မမှားတာကြောင့် သူတို့အချင်းချင်းလှည့်ကြည့်လိုက်ကြမိတယ်။

' အယူသီးတဲ့လူတွေရှိနေသရွေ့ အငြင်းပွားမှုတွေက ပြီးသွားမှာမဟုတ်ဘူး...'

" ဝမ်းကွဲညီမ ငါတောင်းပန်ပြီးသွားပြီလေဟာ ကပ်စကတည်းက ကမ္ဘာကြီးကရှုပ်ထွေးနေတာ ငါဘယ်လိုလုပ်နင့်ကိုလိုက်ရှာနိုင်မှာလဲ။ ဘာလို့ငါ့ကိုခုထိ ခွင့်မလွှတ်နိုင်သေးတာလဲ "

ချီမင်ယွဲ့ရဲ့ စကားသံတွေထဲမှာ ဒေါသအနည်းငယ်နဲ့မကျေနပ်‌ချက်တွေပါနေတယ်။ သတ်ဖြတ်လိုချင်စိတ်တွေကိုတော့ သူမပုံရိပ်လေးကိုပျက်စီးမသွား​စေအောင် ဟန်ဆောင်ထားလိုက်တယ်။

" အာ သူတို့ကဝမ်းကွဲတွေလား "

" ငါဇာတ်လမ်းတစ်ခုလုံးကိုနားလည်သွားပြီ။ ပြီးတော့ ဒီတစ်ယောက်က ပုံကြီးချဲ့ပြီး အပြစ်လိုက်တင်နေတာပဲဆိုတာ ငါလောင်းရဲတယ် "

"မိန်းကလေးချီမှာ ဒီလိုဆွေမျိုးမျိုး မရှိဘူး။ ဒီတစ်ယောက်က မိန်းကလေးချီရဲ့ဖိနပ်သုတ််ဖို့တောင် မတန်ဘူး "

ကုနန်းအကြည့်က သူတို့တွေပေါ်ကျသွားတာနဲ့ ပါးစပ်ပေါက်တွေ အကုန်ပိတ်သွားတော့တယ်။

" ····· "

" ငါက သူ့မကောင်းကြောင်းလျှောက်ပြောနေတာ မဟုတ်ဘူး။ ပြီးတော့ လုပ်စရာအကြောင်းလည်းမရှိဘူး။ငါကအရမ်းတော်ပြီး ထူးခြားတဲ့လူတစ်ယောက်လေ  "

သူမနှုတ်ခမ်းပါးလေးမှာ အပြုံးလေးတစ်ခုဆင်ထားတယ်။မီးမှိန်မှိန်အောက်မှာ ဒီအပြုံးလေးက တောက်ပလွန်းတယ်။ ယောကျ်ားတိုင်းက ဒီအပြုံးကိုမြင်ပြီးသွားတဲ့အခါ မကြွေဘဲနေနိုင်မှာ မဟုတ်ဘူး။သူတို့အားလုံး ရှက်သွေးဖြာသွားတာကို မနည်းပြန်ထိန်းလိုက်ကြတယ်။

ကုနန်းကထပ်ပြောလိုက်တယ်။
" ချီမင်ယွဲ့ နင်ကကုသစွမ်းအားရှင်ဆို ကောင်းပြီ ငါတို့ကိုပြ! ငါတို့ရှေ့မှာကုစမ်း!! "

" ဝမ်းကွဲညီမ မကျေနပ်တာရှိရင် ငါ့နဲ့ပဲပြောပါ။ အခုလို အပြစ်မဲ့လူတွေကို ထိခိုက်အောင်မလုပ်ပါနဲ့ "
ချီမင်ယွဲ့က ကုနန်းကပဲ သူမဆေးကုတာကို လိုက်ဖျက်ဆီးနေတဲ့ပုံနဲ့ ပြောလာတယ်။
ဒါအပြင့် သူမကတိုးတိုးလေး ပြောလိုက်သေးတယ်။ သေချာပေါက် လူတိုင်းမကြားနိုင်တဲ့ အနေထားလောက်ထိ မ‌တိုးဘူးပေါ့။

" ညီမဘက်က ငါ့ကဘယ်လိုထိ‌ခိုက်အောင်လုပ်လုပ် အမဖြစ်တဲ့ငါကညီမလေးကို ဘယ်လိုပြန်လုပ်နိုင်မှာလဲ။ ငါတို့က ဆွေမျိုးတွေပဲဟာ "

ကုနန်း မျက်ဖြူကိုအခါတစ်ရာလောက် လှန်နေ‌လိုက်တော့တယ်။

'စောက်ကောင်မ ချီမင်ယွဲ့ နင်ဘာလို့ရုပ်ရှင်မင်းသမီးမလုပ်ဘဲ တိုက်ခိုက်ရေးသမားလုပ်တာလဲ! အေးလေ အေးလေ နင်က MCအစစ်ရဲ့cheatတွေကိုတောင် ဗြောင်ယူရဲတဲ့သူ စောက်ရှက်မရှိတဲ့ ‌သူခိုးမပဲလေ ကြာပန်းဖြူမတွေထဲမှာ နင်ကငါ့ကို ဒေါသထွက်အောင် အလုပ်နိုင်ဆုံးပဲ!!! ငါ OOCလုပ်ပြီး နင့်ကိုနှိပ်စက်ပစ်ချင်လာပြီ.ဟင်း ဟင်း စိတ်လျော့ စိတ်လျော့ ငါဇာတ်လိုက်တွေကို သတ်မရဘူး။ အား ငါ့ခေါင်းကြီးပေါက်ကွဲတော့မယ်  '

ကုနန်းကိုထပ်မပြောရဲတော့တဲ့လူတွေက နှုတ်ဆိတ်နေပေမဲ့လည်း အကိုက်ခံရတဲ့သူရဲ့မိသားစုဝင်တွေကတော့ လမ်းပိတ်မထားဖို့ ဆက်ပြီးပြောနေကြတုန်းပဲ။

အဲ့အချိန်မှာ တစ်ယောက်က သတ္တုလက်နက်တချို့နဲ့ ကုနန်းဆီ ပေါက်လာခဲ့တယ်။ ဖက်တီးလေးက ဒါကိုမြင်မြင်ချင်း ကုနန်းရှေ့မှာ မြေနံရံတွေနဲ့ ကာထားလိုက်တယ်။ လက်နက်တွေက မြေနံရံကိုဖောက်ဝင်လာပေမဲ့ နံရံကထူလွန်းတာကြောင့် မြေနံရံထဲပဲ နှစ်သွားရတော့တယ်။

"ဘေးဖယ်ပေးလိုက်ကြ "

ကုနန်းပြောပြီးတာနဲ့ သုံးကောင်အဖွဲ့လည်း လေလိုအရှိန်နဲ့ ဘေးပြန်ရောက်သွားကြတယ်။ ကုနန်းကလှောင်သံနဲ့ ထပ်ပြောလိုက်သေးတယ်။

"နောက်မှ ငါသတိမပေးဘူးလို့ အပြစ်လာမပြောနဲ့နော် ရော့ နင်တို့ဒီအခန်းသုံးလို့ရပြီ "

ဘယ်သူကမှ ကုနန်းကိုကျေးဇူးလည်းမတင်နိုင်သလို အပြစ်လည်းမပြောနိုင်တော့ဘူး။ ခုချိန်က သေရေးရှင်ရေးဖြစ်နေတာကြောင့် အကိုက်ခံရတဲ့သူတွေကို အခန်းထဲမှာ အမြန်သယ်သွားကြတော့တယ်။

....................

ကုနန်းလည်း ကျားဖြူကိုပိုက်ထားပြီး ဘာမှမဖြစ်ခဲ့တဲ့အတိုင်း အစာကျွေးနေလိုက်တော့တယ်။ လူတိုင်းက  ကြောင်ဖြူလေးနဲ့ဆော့ပြီး ပျော်နေတဲ့ကောင်မလေးက စောနကပြသနာကိုမီးခွက်ထိုးရှာထားတဲ့ သူနဲ့တစ်ယောက်တည်းဆိုတာ မယုံနိုင်ဘူး။

" အဲ့တစ်ယောက်က စွမ်းအားကြီးတဲ့ပုံပဲ။ သူ့‌လက်အောက်က ဟိုဖတ်တီးရဲ့အစွမ်းကတောင် မသေးဘူးလေ "

" မင်းတို့ရော မြင်လိုက်လား သူ​နေရာ​ရွှေ့​ပြောင်းတာဘယ်လောက်မြန်လဲဆိုတာ...သူမက မျက်တောင်တစ်ခတ်အတွင်း ရွေ့သွားတာ။  ကြည့်ရတာ သူ့အစွမ်းကငါတို့ရဲ့ ကမ္ဘာ့စွမ်းအားရှင်တွေထက်မြှင့်ပုံရတယ်။  "

"ဒါဆို သူက....ငါထင်ထားတာက တတိယဆင့်တွေက အမြှင့်ဆုံးစွမ်းအားရှင်ပေါ့။ သူ သူက စတုတ္ထအဆင့်ဖြစ်လောက်တာလား "

လူတိုင်းက သူတို့ရဲ့စိတ်ထဲကနေ FUအဖွဲ့က ဘယ်လောက်အဆင့်ထိမြှင့်လောက်တဲ့စွမ်းအားရှင်တွေ ရှိနေတာလဲဆိုတာနဲ့ပတ်သတ်ပြီး ခန့်မှန်းနေကြတယ်။
' စတုတ္ထအဆင့်! အား အပြင်ကကောင်တွေကို ငါတို့အားလုံးပေါင်းရင်တောင် နိုင်မှာမဟုတ်ဘူးဟဒါပေမဲ့ သူတို့အဖွဲ့က စတုတ္ထအဆင့်ဆိုရင်... '

တစ်ယောက်ယောက်က စပြောလာတယ်။
"FUကဒုတိယအဆင့်မှာပဲ နေနေတဲ့လျှို့ဝှက်ချက်ရှိရမယ်။ ခေါင်းဆောင်မိန်းကလေးက အရမ်းထူးဆန်းတာပဲ။ သူမက ငါတို့သွားစလို့မဖြစ်တဲ့သူပဲ "

ဆောင်းရှီရဲ့ အဖွဲ့ကလည်း ဝင်ဆွေးနွေးကြတယ်။ ဆောင်ရှီက ဝင်မပါဘူးဆိုပေမဲ့လည်း နားထောင်နေပြီး သူ့ဟာသူတွေးနေလေတယ်။

' ကုနန်းစကားတွေ နောက်ကွယ်မှာ အဓိပ္ပါယ်တွေရှိနေမယ်လို့ စိတ်ထဲထင့်နေတယ်။ကုသစွမ်းအား..,ပြီးတော့ နောက်မှသတိမပေးလို့အပြစ်မတင်နဲ့ဆိုတာကရော..,  '

" သူမမှာ ဝှက်ဖဲရှိကိုရှိရမယ်။ မဟုတ်ရင်ဒီလောက် ဘဝင်မမြှင့်နေဘူး "
​ကျောင်ကျင်းက သူ့ထင်မြင်ချက်တစ်ခုကို ထုတ်ပြောလာတယ်။ ဒီကပ်ခေတ်ကြီးမှာ တိုက်ခိုက်ရည်မရှိဘဲ ဘဝင်မြှင့်တာ အရူးတွေပဲ။ FUခေါင်းဆောင်ကတော့ အရူးတစ်ယောက်မဟုတ်လောက်ပါဘူး။ ဒါကြောင့် ဝှက်ဖဲရှိကိုရှိရမယ်။

"သူမမှာ ဝှက်ဖဲရှိ‌ရင်တောင် ဒီလောက်ထိက ဘဝင်မြင့်လွန်းမနေဘူးလား။  "
လူညိုတစ်ယောက်က ထုတ်ပြောလာတယ်။

"ဘယ်သူသိမှာလဲ မင်းကသူများတွေထက် အင်အားကြီးသွားရင်? "

" သူမက ဘာမှမကြောက်လို့ "

" ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... ဟမ် ဘောစ့် စကားပြောလိုက်တာလား "

ဆုကျီယဲ့တစ်ယောက် လန့်တောင်လန့်သွားတယ်။
ဆောင်းရှီက သူတို့ဘက်လှည့်လာပြီး ဆက်ပြောတယ်။

"ဖြစ်နိုင်တယ်။ မင်းက သေခြင်းတရားကို မကြောက်တော့ရင်ပေါ့။  "

"လူတစ်ယောက်က သေ‌မယ် မသေဘူးဆိုတာကို ဂရုမစိုက်တော့ရင် သေခြင်းတရားကို ထပ်မကြောက်တော့ဘူး။ အဲ့လူက သူ့ခံယူချက်တွေနဲ့ပဲ ရှင်သန်သွားတော့မှာ "

ဒီစကားတွေက သူ့အဖေကသူ့ကိုပြောပြခဲ့တာ။ သူအဲ့တုန်းကနားမလည်ခဲ့ဘူး။ အခုတော့ သူမကိုသိလာရတော့ သူ့အဖေစကားတွေက သူမပုံစံနဲ့ကိုက်ညီနေတာကို သိလိုက်ရတယ်။ သူမက သေရမှာမကြောက်ဘူး ...ဒါကြောင့် သူမမှာကြောက်စရာဘာမှထပ်မရှိတော့ဘူး

Transalated by Anna💚

Zawgyi

႐ွီ႐ွန္းကစတိုခန္းေ႐ွ႕မွာ ပိတ္ရပ္ထားလိုက္တယ္။ လူတိုင္းစတိုခန္းနားေရာက္ေတာ့ တံခါးေ႐ွ႕မွာရပ္ေနတဲ့ ကုနန္းကိုေတြ႕လိုက္ရတယ္။

"ကုနန္း! နင္ဘာလုပ္တာလဲ! "
ခ်န္း႐ွီ ကုနန္းကိုေဘးတြန္းလိုက္တာနဲ႔တၿပိဳင္နက္ ခ်င္းယုတို႔သုံးေယာက္လုံး ကုနန္းကိုအလယ္မွာထားၿပီး သူမေ႐ွ႕မွာဝိုင္းရပ္ကာထားလိုက္ေတာ့တယ္။

" ေခြးေကာင္ ငါတို႔ကဒီမွာ လူကယ္ဖို႔လုပ္ေနတာမျမင္ဘူးလား။ ဘာပိတ္ရပ္ၾကတာလဲ ေဘးဖယ္ၾကစမ္း! "

ကုနန္းလည္း သူမကိုကာကြယ္ေပးထားတဲ့ လူသုံးေယာက္ကို ေစာင္းၾကည့္လိုက္တယ္။ သူမမ်က္လုံးေတြက ေကြးတက္သြားၿပီး စကားစေျပာေတာ့တယ္။

" ငါကုသစြမ္းအား႐ွင္ေတြကို ေတြ႕ဖူးတယ္။ သူတို႔က zombie ဗိုင္းရပ္စ္ကို ကုဖို႔အလင္းေရာင္ျခည္ေတြျဖာေပးလိုက္႐ုံပဲ။ ဒါမဟုတ္လို႔ ခ်ီမင္ယြဲ႕ နင္က တျခားနည္းလမ္းကိုသုံးရတာလား ဒါေၾကာင့္သီးသန္႔ေနရာတစ္ခုလိုအပ္တာလား "

ခ်ီမင္ယြဲ႕က ဝတၳဳတစ္ခုလုံးကို ေသခ်ာဖတ္ခဲ့တာပဲေလ။ ဒါေၾကာင့္ ကုသစြမ္းအား႐ွင္ေတြက ေနာက္က်မွေပၚထြန္းလာခဲ့တယ္ဆိုတာကိုသိထားတယ္။ သူတို႔က ကုနန္းေျပာသလို ကုသဖို႔ရာ ေရာင္ျခည္အနည္းငယ္သာ လိုအပ္တာ။ အရမ္းျမန္ၿပီး အဆင္ေျပတယ္။

"မင္းက ဘယ္လိုလုပ္ၿပီး ကုသစြမ္းအား႐ွင္ေတြနဲ႔ ေတြ႕ဖူးရတာလဲ။ အဲ့ဒါကအရမ္း႐ွားတယ္ေလ "

" ဟုတ္တယ္။ ၿပီးေတာ့ မင္းဘာသာFUေခါင္းေဆာင္ပဲျဖစ္ျဖစ္ မင္းရဲမနာလိုစိတ္ေတြကို ေဘးခနဖယ္ထားလိုက္။ ငါတို႔ကအသက္ကယ္ဖို႔လုပ္ေနတာ! ဂိမ္းေဆာ့ေနတာမဟုတ္ဘူး "

"ဒီမွာစြမ္းအား႐ွင္ေတြအမ်ားႀကီးပဲ ႐ွိတာ။ ဘာလို႔သူတစ္ေယာက္တည္းကပဲ ကယ္ႏိုင္သလိုေျပာေနၾကတာလဲ။ ၿပီးေတာ့... "

သူမကမ်က္ခုံးပင့္လိုက္ၿပီး အသံကပါေလွာင္တဲ့ဘက္ေျပာင္းသြားတယ္။

" သူမက ကုႏိုင္လား မကုႏိုင္ဘူးလားဆိုတာ အေျပာခံႏိုင္ရမွာပဲေလ "

ကုသစြမ္းအား႐ွင္ေတြက ႐ွားပါးတယ္ဆိုေပမဲ့ ဒီမွာေတာ့ စြမ္းအား႐ွင္မ်ိဳးစုံ႐ွိေနၾကတာပဲေလ။ ကုနန္းစကားေတြက မမွားတာေၾကာင့္ သူတို႔အခ်င္းခ်င္းလွည့္ၾကည့္လိုက္ၾကမိတယ္။

' အယူသီးတဲ့လူေတြ႐ွိေနသေ႐ြ႕ အျငင္းပြားမႈေတြက ၿပီးသြားမွာမဟုတ္ဘူး...'

" ဝမ္းကြဲညီမ ငါေတာင္းပန္ၿပီးသြားၿပီေလဟာ ကပ္စကတည္းက ကမ႓ာႀကီးက႐ႈပ္ေထြးေနတာ ငါဘယ္လိုလုပ္နင့္ကိုလိုက္႐ွာႏိုင္မွာလဲ။ ဘာလို႔ငါ့ကိုခုထိ ခြင့္မလႊတ္ႏိုင္ေသးတာလဲ "

ခ်ီမင္ယြဲ႕ရဲ႕ စကားသံေတြထဲမွာ ေဒါသအနည္းငယ္နဲ႔မေက်နပ္‌ခ်က္ေတြပါေနတယ္။ သတ္ျဖတ္လိုခ်င္စိတ္ေတြကိုေတာ့ သူမပုံရိပ္ေလးကိုပ်က္စီးမသြား​ေစေအာင္ ဟန္ေဆာင္ထားလိုက္တယ္။

" အာ သူတို႔ကဝမ္းကြဲေတြလား "

" ငါဇာတ္လမ္းတစ္ခုလုံးကိုနားလည္သြားၿပီ။ ၿပီးေတာ့ ဒီတစ္ေယာက္က ပုံႀကီးခ်ဲ႕ၿပီး အျပစ္လိုက္တင္ေနတာပဲဆိုတာ ငါေလာင္းရဲတယ္ "

"မိန္းကေလးခ်ီမွာ ဒီလိုေဆြမ်ိဳးမ်ိဳး မ႐ွိဘူး။ ဒီတစ္ေယာက္က မိန္းကေလးခ်ီရဲ႕ဖိနပ္သုတ္္ဖို႔ေတာင္ မတန္ဘူး "

ကုနန္းအၾကည့္က သူတို႔ေတြေပၚက်သြားတာနဲ႔ ပါးစပ္ေပါက္ေတြ အကုန္ပိတ္သြားေတာ့တယ္။

" ····· "

" ငါက သူ႕မေကာင္းေၾကာင္းေလွ်ာက္ေျပာေနတာ မဟုတ္ဘူး။ ၿပီးေတာ့ လုပ္စရာအေၾကာင္းလည္းမ႐ွိဘူး။ငါကအရမ္းေတာ္ၿပီး ထူးျခားတဲ့လူတစ္ေယာက္ေလ  "

သူမႏႈတ္ခမ္းပါးေလးမွာ အျပဳံးေလးတစ္ခုဆင္ထားတယ္။မီးမွိန္မွိန္ေအာက္မွာ ဒီအျပဳံးေလးက ေတာက္ပလြန္းတယ္။ ေယာက်္ားတိုင္းက ဒီအျပဳံးကိုျမင္ၿပီးသြားတဲ့အခါ မေႂကြဘဲေနႏိုင္မွာ မဟုတ္ဘူး။သူတို႔အားလုံး ႐ွက္ေသြးျဖာသြားတာကို မနည္းျပန္ထိန္းလိုက္ၾကတယ္။

ကုနန္းကထပ္ေျပာလိုက္တယ္။
" ခ်ီမင္ယြဲ႕ နင္ကကုသစြမ္းအား႐ွင္ဆို ေကာင္းၿပီ ငါတို႔ကိုျပ! ငါတို႔ေ႐ွ႕မွာကုစမ္း!! "

" ဝမ္းကြဲညီမ မေက်နပ္တာ႐ွိရင္ ငါ့နဲ႔ပဲေျပာပါ။ အခုလို အျပစ္မဲ့လူေတြကို ထိခိုက္ေအာင္မလုပ္ပါနဲ႔ "
ခ်ီမင္ယြဲ႕က ကုနန္းကပဲ သူမေဆးကုတာကို လိုက္ဖ်က္ဆီးေနတဲ့ပုံနဲ႔ ေျပာလာတယ္။
ဒါအျပင့္ သူမကတိုးတိုးေလး ေျပာလိုက္ေသးတယ္။ ေသခ်ာေပါက္ လူတိုင္းမၾကားႏိုင္တဲ့ အေနထားေလာက္ထိ မ‌တိုးဘူးေပါ့။

" ညီမဘက္က ငါ့ကဘယ္လိုထိ‌ခိုက္ေအာင္လုပ္လုပ္ အမျဖစ္တဲ့ငါကညီမေလးကို ဘယ္လိုျပန္လုပ္ႏိုင္မွာလဲ။ ငါတို႔က ေဆြမ်ိဳးေတြပဲဟာ "

ကုနန္း မ်က္ျဖဴကိုအခါတစ္ရာေလာက္ လွန္ေန‌လိုက္ေတာ့တယ္။

'ေစာက္ေကာင္မ ခ်ီမင္ယြဲ႕ နင္ဘာလို႔႐ုပ္႐ွင္မင္းသမီးမလုပ္ဘဲ တိုက္ခိုက္ေရးသမားလုပ္တာလဲ! ေအးေလ ေအးေလ နင္က MCအစစ္ရဲ႕cheatေတြကိုေတာင္ ေျဗာင္ယူရဲတဲ့သူ ေစာက္႐ွက္မ႐ွိတဲ့ ‌သူခိုးမပဲေလ ၾကာပန္းျဖဴမေတြထဲမွာ နင္ကငါ့ကို ေဒါသထြက္ေအာင္ အလုပ္ႏိုင္ဆုံးပဲ!!! ငါ OOCလုပ္ၿပီး နင့္ကိုႏွိပ္စက္ပစ္ခ်င္လာၿပီ.ဟင္း ဟင္း စိတ္ေလ်ာ့ စိတ္ေလ်ာ့ ငါဇာတ္လိုက္ေတြကို သတ္မရဘူး။ အား ငါ့ေခါင္းႀကီးေပါက္ကြဲေတာ့မယ္  '

ကုနန္းကိုထပ္မေျပာရဲေတာ့တဲ့လူေတြက ႏႈတ္ဆိတ္ေနေပမဲ့လည္း အကိုက္ခံရတဲ့သူရဲ႕မိသားစုဝင္ေတြကေတာ့ လမ္းပိတ္မထားဖို႔ ဆက္ၿပီးေျပာေနၾကတုန္းပဲ။

အဲ့အခ်ိန္မွာ တစ္ေယာက္က သတၱဳလက္နက္တခ်ိဳ႕နဲ႔ ကုနန္းဆီ ေပါက္လာခဲ့တယ္။ ဖက္တီးေလးက ဒါကိုျမင္ျမင္ခ်င္း ကုနန္းေ႐ွ႕မွာ ေျမနံရံေတြနဲ႔ ကာထားလိုက္တယ္။ လက္နက္ေတြက ေျမနံရံကိုေဖာက္ဝင္လာေပမဲ့ နံရံကထူလြန္းတာေၾကာင့္ ေျမနံရံထဲပဲ ႏွစ္သြားရေတာ့တယ္။

"ေဘးဖယ္ေပးလိုက္ၾက "

ကုနန္းေျပာၿပီးတာနဲ႔ သုံးေကာင္အဖြဲ႕လည္း ေလလိုအ႐ွိန္နဲ႔ ေဘးျပန္ေရာက္သြားၾကတယ္။ ကုနန္းကေလွာင္သံနဲ႔ ထပ္ေျပာလိုက္ေသးတယ္။

"ေနာက္မွ ငါသတိမေပးဘူးလို႔ အျပစ္လာမေျပာနဲ႔ေနာ္ ေရာ့ နင္တို႔ဒီအခန္းသုံးလို႔ရၿပီ "

ဘယ္သူကမွ ကုနန္းကိုေက်းဇူးလည္းမတင္ႏိုင္သလို အျပစ္လည္းမေျပာႏိုင္ေတာ့ဘူး။ ခုခ်ိန္က ေသေရး႐ွင္ေရးျဖစ္ေနတာေၾကာင့္ အကိုက္ခံရတဲ့သူေတြကို အခန္းထဲမွာ အျမန္သယ္သြားၾကေတာ့တယ္။

....................

ကုနန္းလည္း က်ားျဖဴကိုပိုက္ထားၿပီး ဘာမွမျဖစ္ခဲ့တဲ့အတိုင္း အစာေကြၽးေနလိုက္ေတာ့တယ္။ လူတိုင္းက  ေၾကာင္ျဖဴေလးနဲ႔ေဆာ့ၿပီး ေပ်ာ္ေနတဲ့ေကာင္မေလးက ေစာနကျပသနာကိုမီးခြက္ထိုး႐ွာထားတဲ့ သူနဲ႔တစ္ေယာက္တည္းဆိုတာ မယုံႏိုင္ဘူး။

" အဲ့တစ္ေယာက္က စြမ္းအားႀကီးတဲ့ပုံပဲ။ သူ႕‌လက္ေအာက္က ဟိုဖတ္တီးရဲ႕အစြမ္းကေတာင္ မေသးဘူးေလ "

" မင္းတို႔ေရာ ျမင္လိုက္လား သူ​ေနရာ​ေ႐ႊ႕​ေျပာင္းတာဘယ္ေလာက္ျမန္လဲဆိုတာ...သူမက မ်က္ေတာင္တစ္ခတ္အတြင္း ေ႐ြ႕သြားတာ။  ၾကည့္ရတာ သူ႕အစြမ္းကငါတို႔ရဲ႕ ကမ႓ာ့စြမ္းအား႐ွင္ေတြထက္ျမႇင့္ပုံရတယ္။  "

"ဒါဆို သူက....ငါထင္ထားတာက တတိယဆင့္ေတြက အျမႇင့္ဆုံးစြမ္းအား႐ွင္ေပါ့။ သူ သူက စတုတၳအဆင့္ျဖစ္ေလာက္တာလား "

လူတိုင္းက သူတို႔ရဲ႕စိတ္ထဲကေန FUအဖြဲ႕က ဘယ္ေလာက္အဆင့္ထိျမႇင့္ေလာက္တဲ့စြမ္းအား႐ွင္ေတြ ႐ွိေနတာလဲဆိုတာနဲ႔ပတ္သတ္ၿပီး ခန္႔မွန္းေနၾကတယ္။
' စတုတၳအဆင့္! အား အျပင္ကေကာင္ေတြကို ငါတို႔အားလုံးေပါင္းရင္ေတာင္ ႏိုင္မွာမဟုတ္ဘူးဟဒါေပမဲ့ သူတို႔အဖြဲ႕က စတုတၳအဆင့္ဆိုရင္... '

တစ္ေယာက္ေယာက္က စေျပာလာတယ္။
"FUကဒုတိယအဆင့္မွာပဲ ေနေနတဲ့လွ်ိဳ႕ဝွက္ခ်က္႐ွိရမယ္။ ေခါင္းေဆာင္မိန္းကေလးက အရမ္းထူးဆန္းတာပဲ။ သူမက ငါတို႔သြားစလို႔မျဖစ္တဲ့သူပဲ "

ေဆာင္း႐ွီရဲ႕ အဖြဲ႕ကလည္း ဝင္ေဆြးေႏြးၾကတယ္။ ေဆာင္႐ွီက ဝင္မပါဘူးဆိုေပမဲ့လည္း နားေထာင္ေနၿပီး သူ႕ဟာသူေတြးေနေလတယ္။

' ကုနန္းစကားေတြ ေနာက္ကြယ္မွာ အဓိပၸါယ္ေတြ႐ွိေနမယ္လို႔ စိတ္ထဲထင့္ေနတယ္။ကုသစြမ္းအား..,ၿပီးေတာ့ ေနာက္မွသတိမေပးလို႔အျပစ္မတင္နဲ႔ဆိုတာကေရာ..,  '

" သူမမွာ ဝွက္ဖဲ႐ွိကို႐ွိရမယ္။ မဟုတ္ရင္ဒီေလာက္ ဘဝင္မျမႇင့္ေနဘူး "
​ေက်ာင္က်င္းက သူ႕ထင္ျမင္ခ်က္တစ္ခုကို ထုတ္ေျပာလာတယ္။ ဒီကပ္ေခတ္ႀကီးမွာ တိုက္ခိုက္ရည္မ႐ွိဘဲ ဘဝင္ျမႇင့္တာ အ႐ူးေတြပဲ။ FUေခါင္းေဆာင္ကေတာ့ အ႐ူးတစ္ေယာက္မဟုတ္ေလာက္ပါဘူး။ ဒါေၾကာင့္ ဝွက္ဖဲ႐ွိကို႐ွိရမယ္။

"သူမမွာ ဝွက္ဖဲ႐ွိ‌ရင္ေတာင္ ဒီေလာက္ထိက ဘဝင္ျမင့္လြန္းမေနဘူးလား။  "
လူညိဳတစ္ေယာက္က ထုတ္ေျပာလာတယ္။

"ဘယ္သူသိမွာလဲ မင္းကသူမ်ားေတြထက္ အင္အားႀကီးသြားရင္? "

" သူမက ဘာမွမေၾကာက္လို႔ "

" ဒါက ဘယ္လိုျဖစ္ႏိုင္မွာလဲ... ဟမ္ ေဘာစ့္ စကားေျပာလိုက္တာလား "

ဆုက်ီယဲ့တစ္ေယာက္ လန္႔ေတာင္လန္႔သြားတယ္။
ေဆာင္း႐ွီက သူတို႔ဘက္လွည့္လာၿပီး ဆက္ေျပာတယ္။

"ျဖစ္ႏိုင္တယ္။ မင္းက ေသျခင္းတရားကို မေၾကာက္ေတာ့ရင္ေပါ့။  "

"လူတစ္ေယာက္က ေသ‌မယ္ မေသဘူးဆိုတာကို ဂ႐ုမစိုက္ေတာ့ရင္ ေသျခင္းတရားကို ထပ္မေၾကာက္ေတာ့ဘူး။ အဲ့လူက သူ႕ခံယူခ်က္ေတြနဲ႔ပဲ ႐ွင္သန္သြားေတာ့မွာ "

ဒီစကားေတြက သူ႕အေဖကသူ႕ကိုေျပာျပခဲ့တာ။ သူအဲ့တုန္းကနားမလည္ခဲ့ဘူး။ အခုေတာ့ သူမကိုသိလာရေတာ့ သူ႕အေဖစကားေတြက သူမပုံစံနဲ႔ကိုက္ညီေနတာကို သိလိုက္ရတယ္။ သူမက ေသရမွာမေၾကာက္ဘူး ...ဒါေၾကာင့္ သူမမွာေၾကာက္စရာဘာမွထပ္မ႐ွိေတာ့ဘူး

Transalated by Anna💚

Continue Reading

You'll Also Like

818K 125K 200
This is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
389K 22.3K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...
94.8K 8.2K 8
OUR SECOND MASTER - MYANMAR TRANSLATION [ unicode version is also added ✔️] Original Chinese Author - Twentine ENG translator - Onesecondspring I...