ရှီရှန်း ရှီရှန်း Book 1 Ar...
By Hanpandora
452K 52.6K 552
Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More
Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning
Arc 4.13
2.3K 346 10
By Hanpandora
Unicode
Arc.4.13
လင်းဖုန်းပြောသလို ရှီရှန်းလည်းကြေးစားအဖွဲ့အဖြစ် နာမည်စာရင်းသွင်းခဲ့တယ်။  ပြီးတော့ သူမက အဖွဲ့နာမည်ကို ကြောင်တောင်တောင်ကြီးနဲ့ ဘဝင်မြင့်နေသလိုကြီး ပေးပစ်လိုက်သေးတယ်။
<< Fighyt Us!!! >> (အတိုကောက်အနေနဲ့ FUလို့သုံးသွားပါ့မယ်)
သုံးယောက်လုံးက Chuuniဆန်ဆန်နာမည်ကြီးကို ငြင်းဆန်လာကြတယ်။ သူတို့ရဲ့ငြင်းငယ်မှုပယ်ချခံရတာတော့ သနားစရာပဲ။
ပြီးခဲ့တဲ့လတစ်ယောက်လုံး ကုနန်းအလုပ်ရှုပ်နေခဲ့တယ်။ (ရှီရှန်းအဖြစ် Quesတွေ အဟမ်း missionရော လုပ်နေခဲ့ရတာ)။ သူမက FUကို ဟာရီကိန်းထက်တစ်ဆင့်ပဲ နိမ့်တဲ့အထိ ရောက်အောင်လုပ်ခဲ့တယ်။ သေချာပေါက် သူမရည်မှန်းချက်က ဒီထက်ကြီးတာပေါ့။
စီမံခန့်ခွဲ့ရေးက‌လူတွေကလွဲပြီး ကျန်တဲ့သူတွေကFUအဖွဲ့ဝင်တွေအကြောင်း ကောင်းကောင်းမသိကြဘူး။ FUအဖွဲ့ယူတဲ့ missionတွေကို ဘုတ်ပြားပေါ်မှာသာ ကပ်ထားလေ့ရှိတယ်။ ဒါပေမဲ့သူတို့လုပ်ရတဲ့Missionတွေက ညသန်း​ခေါင်ကြီးမဟုတ်ရင် မနက်အစောကြီးဖြစ်နေတာမို့ FUအဖွဲ့ဝင်တွေကို ‌မတွေ့ဖူးကြဘူး။
ဟုတ်ပါတယ်။  အမှန်တရားကတော့......
ချင်းယုတို့သုံးယောက်က ဒီChuuniနာမည်ကြီးရဲ့အဖွဲ့ဝင်တွေလို့ အသိမခံချင်ကြလို့ပါ။ ဒါကြောင့် သူတို့က missionတွေကို လူမရှိတဲ့အချိန်​တွေမှာသာ ထွက်လုပ်ကြပြီး ရှောင်ရှားနေကြတာ။
' ဒီလိုနေရတဲ့ ငါတို့ဘဝကြီးကို လွယ်ကူတယ်များ ထင်နေလား '
" SSအဆင့် missionတစ်ခု ရှိတယ်။ ကျွန်တော်တို့ လက်ခံလိုက်ကြမလား "
သူတို့ရောက်ပြီးကတည်းက အမြှင့်ဆုံးmissionအဆင့်က Sအဆင့်ထိပဲ။ SSအဆင့်ကိုထုတ်ပြန်တယ်ဆိုတာ ဒါပထမဆုံးပဲ။
" missionက ဘာလဲ "
" သေချာမပြောတတ်သေးဘူး။ ကျွန်တော်တို့လက်ခံပြီးမှ အသေးစိတ်ပြောပြမယ်တဲ့။ ဒီmissionကို အဆင့်မြှင့်အဖွဲ့တွေအားလုံဆီ ပို့ပေးထားတယ်။  အရေးကြီးတာမို့ လူအများကြားထဲ ကြေငြာမထားဘူး  "
" လက်မခံနဲ့ "
ကုနန်းခေါင်းခါလိုက်တယ်။
' ဒီလိုအဆင့်တွေက ပုံမှန်မဟုတ်ဘူး။ ‌လှည့်ကွက်တစ်ခုခုရှိနေမှာပဲ '
" ဒါမဲ့ ဆုကြေးတွေက အများကြီး.,,,"
လင်းဖုန်းကဝမ်းနည်းကြီး ပြောလာတယ်။
"..... "
'နင်ပြောနေတဲ့ ပုံက မသိရင် ငါကပဲ နင်တို့ကို ခိုင်းစားနေတဲ့ပုံ '
" နင်အစားသောက် ပြတ်နေတာလား အဏုမြူကျေက်တုံးတွေရော ကုန်သွားပြီလား "
လင်းဖုန်းခေါင်းခါလိုက်တယ်။
ဟုတ်ပါတယ်။ သူတို့မှာ အရေးကြီးပစ္စည်းနှစ်မျိုးလုံး မပြတ်တဲ့အပြင် အများကြီးရှိနေပါတယ်။
'ငါတို့အရင်တုန်းက missionတွေကနေ အများကြီးရပြီးလာခဲ့ပြီးပြီ။ ကျားဖြူရဲ့spaceက ဘယ်လောက်ထိကြီးလဲ မသိပေမဲ့ ငါတို့ရှာလို့ရသမျှ ထည့်လို့ဆန့်နေတာပဲ။ တစ်ခုလေးပဲ...,ကျားဖြူက zombieအရှင်တွေကို စုရတာတော်တော်သဘောကျနေတာပဲ ဘော့စ်ကတားရင်တောင်မှ အဲ့ကောင်လေးက သောက်ဖတ်မလုပ်ဘဲ ဆက်ထည့်နေတာ။ တော်သေးတာက ငါတို့ပစ္စည်းတွေတစ်ခုမှ အဖျက်ဆီးမခံထားရတာပဲ။ '
" သွားပြီးတော့ စုံစမ်းခဲ့။ ဘယ်ကိုသွားရမှာလဲလို့ ပြီးတော့ လုပ်ရမဲ့missionကိုလည်း အကြမ်းဖျင်းလောက်သိအောင်လုပ်ခဲ့ "
" အမ်?ကျွန်တော်တို့ လက်မခံတော့ဘူးဆို..."
"သတင်းလေးဘာလေး နည်းနည်းပါးပါးသိရတော့ ဘာဖြစ်သွားမှာမို့လဲ "
လင်းဖုန်း "..."
'မကောင်းတာ တစ်ခုခုဖြစ်တော့မယ်လို့ အနံ့ရနေပြီ... '
သူတို့သုံးယောက်လည်း သူမ သင်ပေးတာတွေ တော်တော်တတ်နေကြပြီဲဖြစ်တယ်။ ဥပမာအနေနဲ့
1.မသနားနဲ့ မစာနာနဲ့။
2.ကိုယ့်သောက်လုပ်မဟုတ်ရင် ဝင်မပါနဲ့။
3.လူတွေပါးစပ်ကထွက်တဲ့ အရည်မရအဖတ်မရ အတင်းတွေကို သောက်ဂရုမပြုနဲ့။
နောက်ဆုံးတစ်ချက်က မူလရှီရှန်းဘဝဆက်တိုင်း ကျင့်သုံးတဲ့နည်းပဲ။ အခုတော့ လင်းဖုန်းက သူမရဲ့နည်းတွေကို လက်ဆင့်ကမ်းသင်ယူနေပြီ ဖြစ်တယ်။
.........
SSအဆင့်ရှိတဲ့ ဒီတစ်ခေါက်missionက တော်တော်လေးသိုသိပ်ထားတာမို့လို့ သတင်းအချက်လက်လေးရဖို့ကို  လင်းဖုန်းမှာ မနဲအားစိုက်လိုက်ရတယ်။ ဒါပေမဲ့ ဒါကအရင်missionတွေလိုပါပဲ။ Missionလုပ်ရမဲ့ နေရာက Dမြို့မှာရှိပြီး Dမြို့အထိ စစ်တပ်ကဦးဆောင်လိုက်ပို့ပေးမှာဖြစ်တယ်။ missionမှာပါဝင်ဖို့ လက်မှတ်ထိုးပြီးတဲ့လူတိုင်းက သဘောတူညီချက်အတိုင်း လုပ်ကြရမှာပဲဖြစ်တယ်။
ဟာရီကိန်းကလည်း ဒီmissiomမှာ ပါဝင်လေတယ်။ သူတို့တစ်ဖွဲ့လုံးတော့ ပါမလာပေမဲ့ ဆောင်းရှီ ချီမင်ယွဲ့ ကောင်းကျင်း ဆုကျီယဲ့(ကုနန်းကိုကယ်ခဲ့တဲ့ ကလေးမျက်နှာနဲ့လူ)နဲ့ တောင့်တောင့်ဖြောင့်ဖြောင့် လူညိုတစ်ယောက်တို့ပဲ ပါလာခဲ့တယ်။ ကျန်တဲ့အဆင့်မြှင့်အဖွဲ့တွေကလည်း သူတို့ရဲ့လက်ရွေးစင်တွေကို လွှတ်လိုက်ကြတယ်။
ကုနန်းတို့အဖွဲ့လည်း SUVထဲကနေတစ်ဆင့် ဇုန်ကနေခွာနေကြပြီဖြစ်တဲ့ စစ်ကားများကို စောင့်ကြည့်နေလေကြတယ်။
'ဇုန်ကနေပြီး Dမြို့ထိ ကြေးစားတွေကို အင်တိုက်အားတိုက် ထွက်ခိုင်းနေတာ ဘာ‌သဘောလဲ... '
သူမတို့အဖွဲ့လည်း Dမြို့ကို ထွက်ခွာခဲ့ကြတယ်။ ကံကောင်းတာက သူမတို့ဆီမှာ လင်းဖုန်းဆွဲပေးထားတဲ့ မြေပုံ‌ရှိနေတာကြောင့် ဟိုအဖွဲ့တွေထက် စော‌ပြီးရောက်သွားခဲ့တယ်။
Dမြို့က အချက်ချာတဲ့မြို့ဟောင်းတစ်ခုပဲ။ကပ်ကြီးမစခင်တုန်းက နိုင်ငံခြားသားတော်တော်များများကို ဆွဲဆောင်တဲ့ 5Aအဆင့်သတ်မှတ်ခံထားရတဲ့ မြို့ဖြစ်တယ်။ ကပ်ကြီးစတဲ့အချိန်က Dမြို့ရဲ့ ခရီးသွားရာသီကာလကြီးမှာ ဖြစ်တာကြောင့် Dမြို့မှာရှိတဲ့zombieအ​ရေအတွက်က ‌ရေလို့တောင်မရနိုင်ဘူး။
Dမြို့နား တော်တော်နီးလာတဲ့အခါမှာ ချန်လိကမူရင်းzombieပုံစံကို ပြောင်းလဲသွားတယ်။ သူရဲ့လက်သည်းတွေက အမဲရောင်ဖြစ်သွားပြီးရှည်ထွက်လာတယ်။
" meow"ကျားဖြူရဲ့ အသံပိစိလေးပါ ထွက်လာတယ်။
"သူပြောင်းသွားတာလား "
ချင်းယုက ပထမဆုံးသတိထားမိသူဖြစ်တယ်။ သူ့စကားဆုံးတာနဲ့ စတိုက်ဖို့ပြင်လိုက်တယ်။ ကုနန်းလည်း ချန်လိရဲ့ရုတ်တရက်ပြောင်းသွားတာကြီးကို ကြောင်အနေရာ ချင်းယုအသံကြားမှ သတိကပ်ပြီး ချင်းယုကိုတားလိုက်တယ်။
" သူ့ကိုမတိုက်ကြနဲ့ "
၀ုန်း! ဘုန်း!
ကုနန်း ဒီဘက်မှာ သုံးယောက်ကိုတားနေတုန်း ချန်လိကကားတံခါးဆောင့်ဖွင့်ပြီး Dမြို့ထဲ ပြေးဝင်သွားတော့တယ်။ သူ့ရဲ့teleportအစွမ်းကိုပါ ထုတ်သုံးလိုက်သေးတယ်။ ကုနန်းကားပေါ်ကဆင်းပြီးတဲ့အချိန်မှာတော့ ချန်လိကမြင်ကွင်းထဲကလုံးဝပျောက်သွားလေပြီ။
' ချီးပဲ ထွက်ပြေးပြန်ပြီ။ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်ကိုမွေးတာကမှ zombieဘုရင်လောင်းကြီးထက် သာဦးမယ်။ ဆယ်ကျော်သက်တွေအိမ်ပြေးတာက အနည်းဆုံးတော့ ပြောခဲ့သေးတယ်။ ဒီကောင်စုတ်ကတော့...  '
" ဘောစ့် "
သုံးယောက်သား ကုနန်းကိုကြောင်ကြည့်နေမိကြတယ်။
' ဘာလဲ ဒီအရူးကောင်ချောလေးက zombieကြီးလား။ ငါတို့တစ်ချိန်လုံးzombieနဲ့တူတူနေခဲ့ကြတာပေါ့။ ဒါတကယ်ကို မယုံနိုင်စရာပဲ... '
"အွန်း နင်တို့တွေ့တဲ့အတိုင်းပဲ ချန်လိကzombie. "
ကုနန်းကDမြို့အဝင်ပေါက်ကို စိုက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြောလာခဲ့တယ်။ zombieတစ်ကောင်မွေးထားတာ မိသွားလို့ စိတ်လှုပ်ရှားတာတွေ ဒေါသထွက်တာတွေ မရှိဘူး။
' သူတို့ဒီ‌အကြောင်းကို မဟုတ်လည်းသိကြမှာပဲ။ မနေနိုင်ရင် ထွက်သွားပေါ့ '
ချင်းယုက ပြီးခဲ့တဲ့လကတည်းက သီးသန့်လေ့ကျင့်ပေးခံရထားတာ။ ဒါကြောင့် သူကချန်လိကzombieဆိုတာကို အရင်ဆုံးလက်ခံပေးနိုင်ခဲ့တာဖြစ်တယ်။
" အိုကေ...ချန်လိကzombieဆိုလည်းzombieပေါ့။ ဒါနဲ့သူက ဘာလို့တခြားzombieတွေနဲ့ မတူရတာလဲ။ "
'omg ငါ့ဘောစ့်က အရမ်းတော်တာပဲ။ zombieတစ်ကောင်ကိုတောင် ယဥ်ပါးအောင်လုပ်နိုင်တယ်။ ဘောစ့်ခြေသလုံးကို ဒီထပ်ပိုပြီးမြဲမြဲဖက်ထားရမယ် '
ချင်းယုရဲ့အတွေးတွေအရ လုံးဝကြီးကိုbrianwashခံလိုက်ရပြီဖြစ်တယ်။
အခုဆို တတိယအဆင့်zombieတွေ စပေါ်လာပြီဖြစ်တယ်။သူတို့က စွမ်းအားတွေကို အပြည့်ဝထုတ်သုံးလာနိုင်ပြီ ဆိုပေမဲ့ ပုံပန်းသဏ္ဍန်ကတော့ zombieတစ်ကောင်လိုမျိုးပဲ။ ဒါပေမဲ့ ချန်လိကတော့ မတူဘူး သူကသာမန်လူနဲ့ လုံးဝမကွာဘူး။ zombieနဲတူတဲ့အရာတွေ တစ်ခုမှ သူ့ဆီမှာ မတွေ့ရဘူး။
"သူကဘယ်လိုပဲ ထူးခြားပါစေ zombieတစ်ကောင်ကzombieပဲ "
ချန်လိ " ..."
'ဘောစ့်ရဲ့အဖြေကိုက လူကိုအမြဲတမ်း ဆွံအစေတယ်။ '
"ဘောစ့် တကယ်ကြီး ကျွန်တော်တို့ကို zombieတစ်ကောင်နဲ့ တူတူစား တူတူနေခိုင်းခဲ့ရက်တာပေါ့!! "
လင်းဖုန်းရဲ့ပထမဆုံးတုံ့ပြန်ချက်ကတော့ အော်ဟစ်ပြီးပြောလိုက်တာပဲ ဖြစ်တယ်။
ပြီးတော့ ချင်းယုကိုကြည့်ပြီးလည်း အော်ပြောလိုက်သေးတယ်။
" Zombieတစ်ကောင်ကွ!!!!! အားး zombieကြီးဟ ငါ ငါနဲ့တူတူနေလာခဲ့တာက Zombieကြီး!!! ငါ..တွေးကြည့်ရုံနဲ့တင်..."      ' သေသွားနိုင်တယ် '
လင်းဖုန်းရဲ့အမူရာတွေက ကုနန်းထင်ထားခဲ့တာနဲ့ တခြားစီပဲ။ ဖက်တီးလေး အင်း သူကတော့ အစားပဲဂရုစိုက်တဲ့သူမို့ ကိစ္စမရှိပါဘူး။ ပြီးတော့ကုနန်းနောက်ဆက်လိုက်ရင် အစားကောင်းတွေအများကြီး စားရတယ်လေ။ ဒါ့အပြင် သူ့‌ရဲ့အရင်ဘောစ့်(ချင်းယု)ကတောင် လက်ခံနေပြီပဲ သူကဘာလို့ထွက်သွားရမှာလဲ။
လင်းဖုန်းလည်း အော်ဟစ်နေတာရပ်လိုက်ပြီး တဖြေးဖြေးတည်ငြိမ်လာတော့တယ်။
.........
" စိတ်မပူပါနဲ့ ဘောစ့်။ ဘောစ့်ရဲ့ကောင်လေးက zombieဆိုတာ ကျွန်တော်တို့ ဘယ်သူကိုမှ မပြောပြပါဘူး "
ချင်းယုလည်း ခေါင်းငြိမ့်လိုက်တယ်။
"အမ် ပြီးတော့ ချန်လိကလည်း တော်တော်လိမ်မာပါတယ်။ ကျွန်တော်တို့ကို ဘယ်တုန်းကမှ ရန်မစဖူးဘူး။ ကျားဖြူနဲ့ပဲ... ကြည့်ရတာ zombieတွေက အဲ့လောက်ထိ ဆိုးပုံမရပါဘူး "
ဖက်တီးလေးကလည်း ပြုံးရင်းခေါင်းငြိမ့်လာလေတယ်။
" ဟုတ်တယ် ဟုတ်တယ် ပြီးတော့ သူကသိပ်လည်းမစားဘူး "
"ပြီးတော့လေ ကျွန်တော်ကျောင်းတုန်းက**ငါ့ရည်းစားက ဇွန်ဘီတစ်ကောင်ကြီး **ဆိုတာတွေကို မဖြစ်နိုင်ဘူးဆိုပြီး လက်မခံခဲ့ဘူး။ ဘောစ့်ကတကယ်ကိုပဲ ကျွန်တော့အမြင်တွေကိုပြောင်းနိုင်ခဲ့တာပဲ။ ဘောစ့်အရမ်းမိုက်တာပဲ "
" ···· "
' နင်မေပဲ အဲ့ကောင်စုတ်ကငါ့ရည်းစားလို့ ဘယ်သူပြောလဲ နင်တို့ဘာသာစိတ်ကူးယဥ်နေလိုက်ကြ '
" အော် ဒါနဲ့ ဘောစ့် ဘောစ့်ကောင်လေးစိတ်ဆိုးပြီး ထွက်သွားတာနဲ့တူတယ်။ လိုက်မခေါ်ဘူးလား "
"ဟုတ်သားပဲ ဘောစ့် တော်ကြာ သူတခြား ဇွန်ဘီမလေးနဲ့ ကြိုက်သွားရင် ဘယ်လိုလုပ်မလဲ "
' ခွေးမသားလေးတွေ သူကငါ့ရည်းစားမဟုတ်ပါဘူးဆို!!! ပြီးတော့ *ဇွန်ဘီမလေးနဲ့ ကြိုက်သွားရင် *ဆိုတာ ဘာကိုပြောချင်နေတာလဲ! '
Transalated by Anna💚
Zawgyi
Arc.4.13
ဟုတ်ပါတယ်။  အမှန်တရားကတော့......
" missionက ဘာလဲ "
" လက်မခံနဲ့ "
"..... "
လင်းဖုန်း "..."
1.မသနားနဲ့ မစာနာနဲ့။
.........
"သူပြောင်းသွားတာလား "
" သူ့ကိုမတိုက်ကြနဲ့ "
ဝုန်း! ဘုန်း!
" ဘောစ့် "
ချန်လိ " ..."
.........
" ···· "
Transalated by Anna💚
Continue Reading
You'll Also Like
389K 22.3K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပို...
101K 4.3K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...
818K 125K 200
This is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.