Unicode
ကောင်လေးသုံးယောက်လည်း လမ်းတစ်လျှောက် ကုနန်းကြောင့် အံအားသင့်ရတာ များများလာတယ်။ ပေါက်ကွဲစေနိုင်တဲ့ ခရမ်းရောင်အလုံးတွေအပြင် သူမမှာသံမဏိဓားတစ်ချောင်းလည်း ရှိသေးတယ်။ သံမဏိဓားနဲ့ zombieတွေကို ခုတ်ပစ်နေတာကသူမအတွက်တော့ ဟင်းသီးဟင်းရွက်လှီးနေတဲ့အတိုင်းပဲ... ။ နောက်ဆုံးတော့ သူတို့လည်း ရှော့ခ့်ရစရာအခြေနေတွေနဲ့ နေသားကျသွားပြီဖြစ်တယ်။
သူတို့မသိသေးတဲ့အကြောင်းက လူချောလေးနဲ့သူမကြားက အပေးယူပဲဖြစ်တယ်။ သူတို့တွေ့ရသလောက် လူချောလေးကဘာမှလုပ်စရာမလိုဘူး။ သူစားသောက်တဲ့အချိန်တောင် သူ့မျက်နှာမှာ ရွံရှာမှုအပြည့်...သူတို့စားတဲ့အစားစာတွေက စားကောင်းသောက်ဖွယ်မဟုတ်ပေမဲ့လည်း ရွံစရာတွေတော့ မဟုတ်ပါဘူး။
ထိုလူချောဆီက စားစရာတွေကို ရွှံ့စရာတစ်ခုလိုမြင်နေတဲ့ မျက်နှာပေါ်လာတိုင်း သူတို့သုံးယောက်က ပြေးရိုက်ချင်စိတ်တွေ ပေါက်ပေါက်လာတယ်။
' ဒါခေတ်ပျက်ချိန်ကွ! ဒီချိန်မှာစားလို့ရတဲ့အရာဆိုတာ ဘယ်လောက်အဖိုးတန်လိုက်လဲ! အစာပြတ်လို့ လူဘယ်နှယောက်သေပြီးသွားပြီလဲဆိုတာ သိရဲ့လား စားစရာတစ်ခုအတွက်နဲ့ အသိစိတ်တွေပျောက်ပြီး အချင်းချင်းပြန်သတ်နေကြတာတွေရော သိရဲ့လား! '
သို့သော်လည်း ထိုလူချောလေးရဲ့ဦးနှောက်က ပုံမှန်မဟုတ်ဘူးဆိုတာ သိသွားခဲ့တဲ့အခါ သူတို့လည်း ဘေးမဲ့သာပေးထားလိုက်ကြတော့တယ်။ ကံကောင်းတာက သူတို့အတူတူခရီးထွက်ရတာ သိပ်မကြာလိုက်ရတာပဲ။Bမြို့က နီးလာပြီဖြစ်တယ်။ Bမြို့ရဲ့ အန္တရာယ်ကင်းဇုန်ဂိတ်ပေါက်ကိုမြင်ရဖို့အတွက် သုံးရက်သာကြာခဲ့တယ်။
သူတို့ရောက်သွားတဲ့အချိန်မှာ ကမ္ဘာပျက်ကိန်းစပြီး၅၆ရက်မြောက်နေ့ ဖြစ်တယ်။ ဒါကြောင့် ဇုန်ဂိတ်၀င်ပေါက်စနစ်မှာလည်း သေချာတင်းကျပ်လေပြီ ။
" နင်တို့ကိုယ့်ဟာကို ဆက်သွားကြတော့မလား ငါ့နောက်ဆက်လိုက်ကြမှာလား "
ကုနန်းကျားဖြူရဲ့spaceထဲ လိုအပ်တဲ့ပစ္စည်းတစ်ချို့ထည့်နေရင်း နောက်ခုံကသုံးယောက်ကို မေးလိုက်တယ်။ လွန်ခဲ့တဲ့သုံးရက်လုံး သူမသူတို့ကိုအကဲခတ်နေခဲ့တာပဲဖြစ်တယ်။ သုံးယောက်လုံးရဲ့ အကျင့်တွေကဖြောင့်မတ်ကြတယ်။ သူမဆီမှာ အစားများစွာရှိတာ သိသွားကြတဲ့အခါ မျက်လုံးအရောင်တွေလက်ရုံသာလက်ပြီး လောဘတက်တာမျိုးမရှိခဲ့ကြပေ။ ဒါကြောင့် သူမနဲ့ဆက်နေမလား ကိုယ့်ဘာသာခရီးဆက်ကြမလား ရွေးချယ်မှုအပြည့်ဝပေးလိုက်တာဖြစ်တယ်။
"မိန်းကလေးကု ဆိုလိုတာက...? "
ချင်းယု ကုနန်းရဲ့မေးခွန်းကိုကြားတာနဲ့ နှလုံးအခုန်မြန်လာတယ်။
" ငါ့ကို ဟိုဟာဒီဟာကူဖို့ လူတွေလိုအပ်တယ်။ တကယ်လို့ မင်းတို့ငါနဲ့ဆက်နေဖို့ရွေးရင် အခုကစပြီးငါ့လူတွေဖြစ်သွားပြီ။ အနာဂတ်မှာလည်း......"
ကုနန်းစကားကိုဆက်မပြောတော့ဘဲ ရပ်လိုက်ပြီး ချန်လိကို ကြည့်လိုက်တယ်ဟ
ချန်လိလည်း ကုနန်းကိုလှည့်ကြည့်လာပြီး ပြုံးပြလာတယ်။
" ဆာ..ဆာ "
ကုနန်းတကယ် ဆွံအသွားတယ်။
' ဆာ ဆာ သေအောင်ဆာနေလိုက်! အစားစားတာကလွဲပြီး နင်ဘာလုပ်တတ်သေးလဲ? '
ချင်းယုနဲ့ကောင်လေးနှစ်ယောက်လည်း အတော်ကြာတိုင်ပင်လိုက်ကြတယ်။ဒီရက်တွေထဲမှာ သူတို့ရဲ့နှလုံးသားထဲကကို သူမအပေါ် လေးစားပြီးကြောက်ရွံနေကြပြီဖြစ်တယ်။သူမက ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့လည်း ပြသနာတွေနဲ့ကြုံချိန်မှာ သူတို့ထက်တောင် တည်ငြိမ်သေးတယ်။ ပြီးတော့ သူမကပဲ သူတို့အသက်ကိုကယ်တင်ပေးထားတာဖြစ်လေတယ်။ဒါက အသက်ကြွေးဆပ်ဖို့ အခွင့်ရေးလည်းဖြစ်တယ်။ ဒါကြောင့် သူမနောက်ကိုလိုက်လို့ရတဲ့အခွင့်ရေးကို အဆုံးရှုံးမခံတော့ဘူး။
" ဘော့စ် အခုကျွန်တော်တို့က တစ်လှေတည်းသမားတွေ ဖြစ်ပြီဆိုတော့ ဘော့စ်ရဲ့ဓားက ဘာဓားအမျိုးစားလည်းဆိုတာ ပြောပြပါလား "
လင်းဖုန်းက သူအမြဲသိချင်နေကို အရှက်မရှိဘဲ ချက်ချင်း ထုတ်မေးလာတော့တယ်။
' ဒီဓားက သံတွေကိုတောင် ရွှတ်ခနဲနဲ့ ဖြတ်ပစ်နိုင်တယ်လို့ ပြောရင် ကျွန်တော်သံသယဝင်မှာ မဟုတ်ဘူး '
" အမှန်တရားဘက်တော်သားဓား "
ကုနန်းက လေးလေးနက်နက် ပြောလာတယ်။
" ကမ္ဘာကြီးရဲ့ အနာဂတ်က ဒီဓားအောက်မှာပဲ ဝပ်တွားလာရမယ် "
လင်းဖုန်းကြောင်အသွားတယ်။
' ဒီလိုကြီးပြောလာတော့ ငါတောင် ကြောင်သွားတယ်။ ဒီလိုChuuniဖြစ်နေရတာ မပင်ပန်းဘူးလားမသိဘူး '
ကုနန်း သူတို့အတွက် အခြေခံစည်းကမ်းတစ်ချို့ ချမှတ်ပေးလိုက်တယ်။ သူ့လူတွေဖြစ်လာပြီဆိုမှတော့ သူမစည်းကမ်းတွေ လိုက်နာရမှာပဲ။ သူမရဲ့စည်းကမ်းကတော့ ရိုးရှင်းပါတယ်။ စကားလုံးငါးလုံးတည်း : အမိန့်နာခံကြ!
" ဆင်းကြ "
ကုနန်း ကျားဖြူကိုပိုက်ပြီး ကားပေါ်ကနေ အရင်ဆုံးဆင်းလာတယ်။ ချန်လိက သူမနောက်ကနေကပ်လိုက်လာတယ်။ သူမတို့ ဇုန်ထဲဝင်ခွင့်ရဖို့ အလှည့်စောင့်နေကြတယ်။ သူမတို့လို ရပ်စောင့်နေရတဲ့ သူတွေမှအများကြီး။ သူမတို့အုပ်စုကတော့ တကယ်ကိုနောက်ဆုံးမှာ...ဘယ်လောက်ထိနောက်ရောက်လဲဆိုရင် သူမတို့လည်တိုင်ကို ရှေ့တော်တော်ကြီးထုတ်ကြည့်မှ ဂိတ်ပေါက်ကို ဝါးဝါးလေးမြင်ရတာ ဖြစ်တယ်။
.............
" ဒါကြီးက ဘယ်လောက်ကြာအောင် စောင့်ရဦးမှာလဲ "
ဖက်တီးလေးက သူ့ရှေ့က လူတန်းကြီးဆီသွားပြီး သတင်းသွားနာပြီး ပြန်ပြောပြလာတယ်။
"တော်တော်ကြဦးမှာ တစ်ချို့ဆို တန်းစီနေတာ လေးငါးရက်လောက်ရှိပြီတဲ့ ဒါတောင်ခုထိ ဝင်ခွင့်မရသေးဘူး "
" စွမ်းအားပိုင်ရှင်တွေအတွက် သီးသန့်ဝင်ခွင့်ရှိလား မရှိဘူးလား "
ကုနန်းမျက်မှောင်ကြုတ်လိုက်တယ်။ အန္တရာယ်ကင်းဇုန်တိုင်းမှာ စွမ်းအားရှင်တွေအတွက် သီးသန့်ဝင်ပေါက်ထားထားပေးတယ်မလား။
" အာ ကျွန်တော စုံစမ်းဖို့မေ့သွားတယ်။ ခုသွားမေးကြည့်လိုက်မယ် "
ဖက်တီးလေးက ဂိတ်ပေါက်ဆီ ပြန်ပြေးသွားလိုက်တယ်။
"......"
' ငါဒီသုံးကောင်ကို ခေါ်လာတာ ကောင်းတာလားမကောင်းတာလား ပြန်စဥ်းစားရမယ်ထင်တယ် '
Bမြို့က အန္တရာယ်ကင်းဇုန်က အကြီးဆုံးဖြစ်တဲ့အလျောက် သီးသန့်ဝင်ပေါက်လည်းရှိလေတယ်။ ကုနန်းခေါ်လာတဲ့ ကောင်လေးသုံးယောက်က စွမ်းအားပိုင်ရှင်တွေမို့ သူမရဲ့အစုတ်ပလုတ် စွမ်းအားကိုထုတ်ပြမနေတော့ဘူး။ ဒါကြောင့် သူတို့ကိုတော့ အကိုက်ခံရထားတဲ့ နေရာရှိမရှိစစ်ဆေးပြီး ၂၄နာရီအကြာမှာသာ ဝင်ခွင့်ပေးလေတယ်။
ကောင်လေးသုံးယောက်ကတော့ သူတို့ဘောစ့်မှာဘာစွမ်းအားမရှိမှန်း သိသွားကြတယ်။ ဒါပေမဲ့လည်း သူမရဲ့မိုးကြိုးလုံးတွေရယ် သူမရဲ့ဓားကျွမ်းကျင်မှုရယ်ကြောင့် စွမ်းအားရှိမရှိဆိုတာ အရေးမပါတော့ချေ။ ဒါကြောင့် သူတို့ သူမနောက်လိုက်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကယိုင်လို့တောင်မသွားဘူး။
ကုနန်းကိုစစ်ဆေးနေတဲ့အချိန်အတွင်းမှာ ကောင်လေးသုံးယောက် နေစရာနေရာကိုတောင် ရှာထားပြီးကြပြီး ဇုန်တစ်ခုလုံးကို လေ့လာပြီးသွားကြပြီ။
ဇုန်က အဏုမြူတွေကို အလဲထပ်အနေနဲ့လက်ခံလေတယ်။ သူမတို့အုပ်စုကလည်း လာတဲ့လမ်းမှာ zombieတွေအများကြီးကို သတ်နိုင်ခဲ့ကြကြောင့် အနုမြူများစွာ ပိုနေသေးတာကြောင့် ချင်းယုလည်း အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခုပါတဲ့ အိမ်တစ်လုံးကို လဲလာခဲ့တယ်။
ကုနန်း ဒီသတင်းကိုကြားရတဲ့အချိန်မှာတော့ အစားပဲသိတဲ့ ဖက်တီးကလွဲပြီး လင်းဖုန်းနဲ့ချင်းယုကတော်တော်အသုံးဝင်တယ်လို့ သတ်မှတ်လိုက်တယ်။
..........
" ဘောစ့် ကျွန်တော်တို့အဖွဲ့ ကြေးစားစာရင်းထဲဘာလို့ နာမည်မသွင်းတာလဲ "
လင်းဖုန်းက စိတ်အားထက်သန်စွာ ပြောလာတယ်။
" စွမ်းအားရှိတဲ့ကြေးစားတွေက သာမန်ကြေးစားတွေထက် ပိုအဆင့်မြှင့်တယ်။ ဘောစ့် ဘောစ့်စွမ်းအားနဲ့ဆို Sအဆင့်missionလောက်ကတော့ အသာလေးပဲလေ "
"စုံစမ်းခိုင်းထားတဲ့ သတင်းရပြီလား "
ကုနန်းက လင်းဖုန်းကို လျစ်လျူရှုကာ ချင်းယုကိုမေးလိုက်တယ်။
ချင်းယုက ခေါင်းညိတ်လိုက်တယ်။
" ဟုတ်ကဲ့ ချီမင်ယွဲ့က စွမ်းအားနှစ်မျိုးပိုင်ရှင်ဖြစ်ပြီးတော့ ဟာရီကိန်းကြေးစားအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်တစ်ယောက်လည်းဖြစ်တယ်။ သူမသတင်းတွေကတော့ ဒီနယ်ပယ်မှာ တော်တော်လေးကောင်းတယ် "
" စွမ်းအားနှစ်မျိုး... ? "
ရှီရှန်းတကယ် အံ့သြသွားတယ်။ ' ချီမင်ယွဲ့က ရေခဲစွမ်းအားရှင်မဟုတ်ဘူးလား '
" သူမက အစက ရေခဲစွမ်းအားရှင်ပဲ။ နောက်တော့ကုသခြင်းစွမ်းအားပါ တိုးလာတာ။ ကုသစွမ်းအားကspaceစွမ်းအားထက် ပိုအဆင့်မြှင့်တယ်။ တကယ်လို့zombieအကိုက်ခံရရင်တောင် အချိန်တိုအတွင်းကုသနိုင်ရင် zombieပြောင်းမသွားအောင် လုပ်ပေးနိုင်တယ်။ "
ချင်းယုပြောပြီးနောက် သူ့ဘာသာဆက်တွေးနေလေတယ်။
' ကုသစွမ်းအားရှင်တွေသာ များလာရင်zombieပြောင်းသွားမဲ့လူတွေ လျော့သွားမှာပဲ '
ချင်းယုရဲ့အတွေးကိုရိပ်မိနေတဲ့ ကုနန်းကသက်ပြင်းသာချလိုက်တယ်။
' ငါbrainwashများများလုပ်ရမယ်။ ဒါမှ နောက်ငါခိုင်းမဲ့အလုပ်တွေကို သူ့ရဲ့နူးညံ့တဲ့စိတ်ထားကြောင့် မကြန့်ကြာမှာ။ '
ကုနန်း ချီမင်ယွဲ့ ကုသစွမ်းအားရလာတဲ့ အကြောင်းကို သိသွားတော့တယ်။ ချီမင်ယွဲ့ရဲ့spaceထဲမှာ ဝိဉာဥ်ရင်းမြစ်တစ်ခုရှိတယ်။ အဲ့ကလေတစ်ဆင့် သူကုသပေးနိုင်တာ။
' မူရင်းဝတ္ထုထဲမှာ ဒီအကြောင်းမရေးထားပါဘူး...ဒါကိုဘာလို့ '
" ဘော့စ် ဘာလို့သူ့အကြောင်းကို စုံစမ်းခိုင်းထားတာ "
လင်းဖုန်းနားမလည်တဲ့အဆုံး ထုတ်မေးလိုက်တယ်။
" သူမကဒီနယ်ပယ်မှာ တော်တော်လေးကျော်ကြားတယ်။ ကျွန်တော်လည်းကြားထားတယ် သူမကစွမ်းအားအဆင့်သုံးထိတောင် ရောက်နေပြီတဲ့ "
"အို ထွေထွေထူးထူးမဟုတ်ပါဘူး ပျော်စရာလေးလုပ်မလို့ပါ "
ကုနန်းပြုံးလိုက်ရင်းပြောလိုက်တယ်။ သူမအကြည့်တွေကလည်း ကြမ်းကြုတ်နေတယ်။ သူတို့သုံးယောက်လည်း ကုနန်းဆီကထွက်လာတဲ့ အေးစက်မှုကြောင့် ကျက်သီးပါထသွားရတော့တယ်။
'ချီမင်ယွဲ့ကဘော့စ်ကို ရန်တွေဘယ်လောက်တောင် ရှာထားလို့လဲ '
" ဆာ ဆာ "
ထိုအချိန်မှာ ချန်လိကကုနန်းအနားရောက်လာပြီး သူမလက်ကို သူ့ပါးစပ်ထဲထည့်လိုက်တော့တယ်။ သုံးယောက်သား ဒီမြင်ကွင်းကိုမြင်လိုက်ရချိန်မှာ ပါးစပ်ဟောင်းလောင်းတွေ ဖြစ်ကုန်ကြတယ်။
' ဒီကောင်လေးက ရုပ်လေးချောပေမဲ အရူးလေးဖြစ်နေတာသနားစရာပဲ '
ကုနန်းလည်း ထိုကောင်စုတ်လေးကို အခန်းထဲထိ ဆွဲခေါ်သွားတော့တယ်။ ကုနန်းသူ့စွမ်းအားတွေကုန်လုနီးနီးထိ ကျွေးခဲ့ပေမဲ့ ချန်လိကဗိုက်မဝသေးဘူး။ ချန်လိကသူမကို ဖက်ထားပြီး သူမျက်နှာနဲ့ သူမလည်ပင်းကိုပွတ်သတ်နေတယ်။
ကုနန်းသက်ပြင်းတစ်ချက်ချလိုက်ပြီး ချန်လိကိုအတင်းခွာပြီး ကုတင်ပေါ်မှာ ဖိထားလိုက်တယ်။
" ဖက်...."
" ······ "
Transalated by Anna💚
Zawgyi
ေကာင္ေလးသုံးေယာက္လည္း လမ္းတစ္ေလွ်ာက္ ကုနန္းေၾကာင့္ အံအားသင့္ရတာ မ်ားမ်ားလာတယ္။ ေပါက္ကြဲေစႏိုင္တဲ့ ခရမ္းေရာင္အလုံးေတြအျပင္ သူမမွာသံမဏိဓားတစ္ေခ်ာင္းလည္း ႐ွိေသးတယ္။ သံမဏိဓားနဲ႔ zombieေတြကို ခုတ္ပစ္ေနတာကသူမအတြက္ေတာ့ ဟင္းသီးဟင္း႐ြက္လွီးေနတဲ့အတိုင္းပဲ... ။ ေနာက္ဆုံးေတာ့ သူတို႔လည္း ေ႐ွာ့ခ့္ရစရာအေျခေနေတြနဲ႔ ေနသားက်သြားၿပီျဖစ္တယ္။
သူတို႔မသိေသးတဲ့အေၾကာင္းက လူေခ်ာေလးနဲ႔သူမၾကားက အေပးယူပဲျဖစ္တယ္။ သူတို႔ေတြ႕ရသေလာက္ လူေခ်ာေလးကဘာမွလုပ္စရာမလိုဘူး။ သူစားေသာက္တဲ့အခ်ိန္ေတာင္ သူ႕မ်က္ႏွာမွာ ႐ြံ႐ွာမႈအျပည့္...သူတို႔စားတဲ့အစားစာေတြက စားေကာင္းေသာက္ဖြယ္မဟုတ္ေပမဲ့လည္း ႐ြံစရာေတြေတာ့ မဟုတ္ပါဘူး။
ထိုလူေခ်ာဆီက စားစရာေတြကို ႐ႊံ႕စရာတစ္ခုလိုျမင္ေနတဲ့ မ်က္ႏွာေပၚလာတိုင္း သူတို႔သုံးေယာက္က ေျပး႐ိုက္ခ်င္စိတ္ေတြ ေပါက္ေပါက္လာတယ္။
' ဒါေခတ္ပ်က္ခ်ိန္ကြ! ဒီခ်ိန္မွာစားလို႔ရတဲ့အရာဆိုတာ ဘယ္ေလာက္အဖိုးတန္လိုက္လဲ! အစာျပတ္လို႔ လူဘယ္ႏွေယာက္ေသၿပီးသြားၿပီလဲဆိုတာ သိရဲ႕လား စားစရာတစ္ခုအတြက္နဲ႔ အသိစိတ္ေတြေပ်ာက္ၿပီး အခ်င္းခ်င္းျပန္သတ္ေနၾကတာေတြေရာ သိရဲ႕လား! '
သို႔ေသာ္လည္း ထိုလူေခ်ာေလးရဲ႕ဦးေႏွာက္က ပုံမွန္မဟုတ္ဘူးဆိုတာ သိသြားခဲ့တဲ့အခါ သူတို႔လည္း ေဘးမဲ့သာေပးထားလိုက္ၾကေတာ့တယ္။ ကံေကာင္းတာက သူတို႔အတူတူခရီးထြက္ရတာ သိပ္မၾကာလိုက္ရတာပဲ။Bၿမိဳ႕က နီးလာၿပီျဖစ္တယ္။ Bၿမိဳ႕ရဲ႕ အႏၲရာယ္ကင္းဇုန္ဂိတ္ေပါက္ကိုျမင္ရဖို႔အတြက္ သုံးရက္သာၾကာခဲ့တယ္။
သူတို႔ေရာက္သြားတဲ့အခ်ိန္မွာ ကမ႓ာပ်က္ကိန္းစၿပီး၅၆ရက္ေျမာက္ေန႔ ျဖစ္တယ္။ ဒါေၾကာင့္ ဇုန္ဂိတ္၀င္ေပါက္စနစ္မွာလည္း ေသခ်ာတင္းက်ပ္ေလၿပီ ။
" နင္တို႔ကိုယ့္ဟာကို ဆက္သြားၾကေတာ့မလား ငါ့ေနာက္ဆက္လိုက္ၾကမွာလား "
ကုနန္းက်ားျဖဴရဲ႕spaceထဲ လိုအပ္တဲ့ပစၥည္းတစ္ခ်ိဳ႕ထည့္ေနရင္း ေနာက္ခုံကသုံးေယာက္ကို ေမးလိုက္တယ္။ လြန္ခဲ့တဲ့သုံးရက္လုံး သူမသူတို႔ကိုအကဲခတ္ေနခဲ့တာပဲျဖစ္တယ္။ သုံးေယာက္လုံးရဲ႕ အက်င့္ေတြကေျဖာင့္မတ္ၾကတယ္။ သူမဆီမွာ အစားမ်ားစြာ႐ွိတာ သိသြားၾကတဲ့အခါ မ်က္လုံးအေရာင္ေတြလက္႐ုံသာလက္ၿပီး ေလာဘတက္တာမ်ိဳးမ႐ွိခဲ့ၾကေပ။ ဒါေၾကာင့္ သူမနဲ႔ဆက္ေနမလား ကိုယ့္ဘာသာခရီးဆက္ၾကမလား ေ႐ြးခ်ယ္မႈအျပည့္ဝေပးလိုက္တာျဖစ္တယ္။
"မိန္းကေလးကု ဆိုလိုတာက...? "
ခ်င္းယု ကုနန္းရဲ႕ေမးခြန္းကိုၾကားတာနဲ႔ ႏွလုံးအခုန္ျမန္လာတယ္။
" ငါ့ကို ဟိုဟာဒီဟာကူဖို႔ လူေတြလိုအပ္တယ္။ တကယ္လို႔ မင္းတို႔ငါနဲ႔ဆက္ေနဖို႔ေ႐ြးရင္ အခုကစၿပီးငါ့လူေတြျဖစ္သြားၿပီ။ အနာဂတ္မွာလည္း......"
ကုနန္းစကားကိုဆက္မေျပာေတာ့ဘဲ ရပ္လိုက္ၿပီး ခ်န္လိကို ၾကည့္လိုက္တယ္ဟ
ခ်န္လိလည္း ကုနန္းကိုလွည့္ၾကည့္လာၿပီး ျပဳံးျပလာတယ္။
" ဆာ..ဆာ "
ကုနန္းတကယ္ ဆြံအသြားတယ္။
' ဆာ ဆာ ေသေအာင္ဆာေနလိုက္! အစားစားတာကလြဲၿပီး နင္ဘာလုပ္တတ္ေသးလဲ? '
ခ်င္းယုနဲ႔ေကာင္ေလးႏွစ္ေယာက္လည္း အေတာ္ၾကာတိုင္ပင္လိုက္ၾကတယ္။ဒီရက္ေတြထဲမွာ သူတို႔ရဲ႕ႏွလုံးသားထဲကကို သူမအေပၚ ေလးစားၿပီးေၾကာက္႐ြံေနၾကၿပီျဖစ္တယ္။သူမက ငယ္႐ြယ္တဲ့မိန္းကေလးတစ္ေယာက္ျဖစ္ေပမဲ့လည္း ျပသနာေတြနဲ႔ၾကဳံခ်ိန္မွာ သူတို႔ထက္ေတာင္ တည္ၿငိမ္ေသးတယ္။ ၿပီးေတာ့ သူမကပဲ သူတို႔အသက္ကိုကယ္တင္ေပးထားတာျဖစ္ေလတယ္။ဒါက အသက္ေႂကြးဆပ္ဖို႔ အခြင့္ေရးလည္းျဖစ္တယ္။ ဒါေၾကာင့္ သူမေနာက္ကိုလိုက္လို႔ရတဲ့အခြင့္ေရးကို အဆုံး႐ႈံးမခံေတာ့ဘူး။
" ေဘာ့စ္ အခုကြၽန္ေတာ္တို႔က တစ္ေလွတည္းသမားေတြ ျဖစ္ၿပီဆိုေတာ့ ေဘာ့စ္ရဲ႕ဓားက ဘာဓားအမ်ိဳးစားလည္းဆိုတာ ေျပာျပပါလား "
လင္းဖုန္းက သူအၿမဲသိခ်င္ေနကို အ႐ွက္မ႐ွိဘဲ ခ်က္ခ်င္း ထုတ္ေမးလာေတာ့တယ္။
' ဒီဓားက သံေတြကိုေတာင္ ႐ႊတ္ခနဲနဲ႔ ျဖတ္ပစ္ႏိုင္တယ္လို႔ ေျပာရင္ ကြၽန္ေတာ္သံသယဝင္မွာ မဟုတ္ဘူး '
" အမွန္တရားဘက္ေတာ္သားဓား "
ကုနန္းက ေလးေလးနက္နက္ ေျပာလာတယ္။
" ကမ႓ာႀကီးရဲ႕ အနာဂတ္က ဒီဓားေအာက္မွာပဲ ဝပ္တြားလာရမယ္ "
လင္းဖုန္းေၾကာင္အသြားတယ္။
' ဒီလိုႀကီးေျပာလာေတာ့ ငါေတာင္ ေၾကာင္သြားတယ္။ ဒီလိုChuuniျဖစ္ေနရတာ မပင္ပန္းဘူးလားမသိဘူး '
ကုနန္း သူတို႔အတြက္ အေျခခံစည္းကမ္းတစ္ခ်ိဳ႕ ခ်မွတ္ေပးလိုက္တယ္။ သူ႕လူေတြျဖစ္လာၿပီဆိုမွေတာ့ သူမစည္းကမ္းေတြ လိုက္နာရမွာပဲ။ သူမရဲ႕စည္းကမ္းကေတာ့ ႐ိုး႐ွင္းပါတယ္။ စကားလုံးငါးလုံးတည္း : အမိန္႔နာခံၾက!
" ဆင္းၾက "
ကုနန္း က်ားျဖဴကိုပိုက္ၿပီး ကားေပၚကေန အရင္ဆုံးဆင္းလာတယ္။ ခ်န္လိက သူမေနာက္ကေနကပ္လိုက္လာတယ္။ သူမတို႔ ဇုန္ထဲဝင္ခြင့္ရဖို႔ အလွည့္ေစာင့္ေနၾကတယ္။ သူမတို႔လို ရပ္ေစာင့္ေနရတဲ့ သူေတြမွအမ်ားႀကီး။ သူမတို႔အုပ္စုကေတာ့ တကယ္ကိုေနာက္ဆုံးမွာ...ဘယ္ေလာက္ထိေနာက္ေရာက္လဲဆိုရင္ သူမတို႔လည္တိုင္ကို ေ႐ွ႕ေတာ္ေတာ္ႀကီးထုတ္ၾကည့္မွ ဂိတ္ေပါက္ကို ဝါးဝါးေလးျမင္ရတာ ျဖစ္တယ္။
.............
" ဒါႀကီးက ဘယ္ေလာက္ၾကာေအာင္ ေစာင့္ရဦးမွာလဲ "
ဖက္တီးေလးက သူ႕ေ႐ွ႕က လူတန္းႀကီးဆီသြားၿပီး သတင္းသြားနာၿပီး ျပန္ေျပာျပလာတယ္။
"ေတာ္ေတာ္ၾကဦးမွာ တစ္ခ်ိဳ႕ဆို တန္းစီေနတာ ေလးငါးရက္ေလာက္႐ွိၿပီတဲ့ ဒါေတာင္ခုထိ ဝင္ခြင့္မရေသးဘူး "
" စြမ္းအားပိုင္႐ွင္ေတြအတြက္ သီးသန္႔ဝင္ခြင့္႐ွိလား မ႐ွိဘူးလား "
ကုနန္းမ်က္ေမွာင္ၾကဳတ္လိုက္တယ္။ အႏၲရာယ္ကင္းဇုန္တိုင္းမွာ စြမ္းအား႐ွင္ေတြအတြက္ သီးသန္႔ဝင္ေပါက္ထားထားေပးတယ္မလား။
" အာ ကြၽန္ေတာ စုံစမ္းဖို႔ေမ့သြားတယ္။ ခုသြားေမးၾကည့္လိုက္မယ္ "
ဖက္တီးေလးက ဂိတ္ေပါက္ဆီ ျပန္ေျပးသြားလိုက္တယ္။
"......"
' ငါဒီသုံးေကာင္ကို ေခၚလာတာ ေကာင္းတာလားမေကာင္းတာလား ျပန္စဥ္းစားရမယ္ထင္တယ္ '
Bၿမိဳ႕က အႏၲရာယ္ကင္းဇုန္က အႀကီးဆုံးျဖစ္တဲ့အေလ်ာက္ သီးသန္႔ဝင္ေပါက္လည္း႐ွိေလတယ္။ ကုနန္းေခၚလာတဲ့ ေကာင္ေလးသုံးေယာက္က စြမ္းအားပိုင္႐ွင္ေတြမို႔ သူမရဲ႕အစုတ္ပလုတ္ စြမ္းအားကိုထုတ္ျပမေနေတာ့ဘူး။ ဒါေၾကာင့္ သူတို႔ကိုေတာ့ အကိုက္ခံရထားတဲ့ ေနရာ႐ွိမ႐ွိစစ္ေဆးၿပီး ၂၄နာရီအၾကာမွာသာ ဝင္ခြင့္ေပးေလတယ္။
ေကာင္ေလးသုံးေယာက္ကေတာ့ သူတို႔ေဘာစ့္မွာဘာစြမ္းအားမ႐ွိမွန္း သိသြားၾကတယ္။ ဒါေပမဲ့လည္း သူမရဲ႕မိုးႀကိဳးလုံးေတြရယ္ သူမရဲ႕ဓားကြၽမ္းက်င္မႈရယ္ေၾကာင့္ စြမ္းအား႐ွိမ႐ွိဆိုတာ အေရးမပါေတာ့ေခ်။ ဒါေၾကာင့္ သူတို႔ သူမေနာက္လိုက္ၾကမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ကယိုင္လို႔ေတာင္မသြားဘူး။
ကုနန္းကိုစစ္ေဆးေနတဲ့အခ်ိန္အတြင္းမွာ ေကာင္ေလးသုံးေယာက္ ေနစရာေနရာကိုေတာင္ ႐ွာထားၿပီးၾကၿပီး ဇုန္တစ္ခုလုံးကို ေလ့လာၿပီးသြားၾကၿပီ။
ဇုန္က အဏုျမဴေတြကို အလဲထပ္အေနနဲ႔လက္ခံေလတယ္။ သူမတို႔အုပ္စုကလည္း လာတဲ့လမ္းမွာ zombieေတြအမ်ားႀကီးကို သတ္ႏိုင္ခဲ့ၾကေၾကာင့္ အႏုျမဴမ်ားစြာ ပိုေနေသးတာေၾကာင့္ ခ်င္းယုလည္း အိပ္ခန္းသုံးခန္းနဲ႔ ဧည့္ခန္းတစ္ခုပါတဲ့ အိမ္တစ္လုံးကို လဲလာခဲ့တယ္။
ကုနန္း ဒီသတင္းကိုၾကားရတဲ့အခ်ိန္မွာေတာ့ အစားပဲသိတဲ့ ဖက္တီးကလြဲၿပီး လင္းဖုန္းနဲ႔ခ်င္းယုကေတာ္ေတာ္အသုံးဝင္တယ္လို႔ သတ္မွတ္လိုက္တယ္။
..........
" ေဘာစ့္ ကြၽန္ေတာ္တို႔အဖြဲ႕ ေၾကးစားစာရင္းထဲဘာလို႔ နာမည္မသြင္းတာလဲ "
လင္းဖုန္းက စိတ္အားထက္သန္စြာ ေျပာလာတယ္။
" စြမ္းအား႐ွိတဲ့ေၾကးစားေတြက သာမန္ေၾကးစားေတြထက္ ပိုအဆင့္ျမႇင့္တယ္။ ေဘာစ့္ ေဘာစ့္စြမ္းအားနဲ႔ဆို Sအဆင့္missionေလာက္ကေတာ့ အသာေလးပဲေလ "
"စုံစမ္းခိုင္းထားတဲ့ သတင္းရၿပီလား "
ကုနန္းက လင္းဖုန္းကို လ်စ္လ်ဴ႐ႈကာ ခ်င္းယုကိုေမးလိုက္တယ္။
ခ်င္းယုက ေခါင္းညိတ္လိုက္တယ္။
" ဟုတ္ကဲ့ ခ်ီမင္ယြဲ႕က စြမ္းအားႏွစ္မ်ိဳးပိုင္႐ွင္ျဖစ္ၿပီးေတာ့ ဟာရီကိန္းေၾကးစားအဖြဲ႕ရဲ႕ ဒုတိယေခါင္းေဆာင္တစ္ေယာက္လည္းျဖစ္တယ္။ သူမသတင္းေတြကေတာ့ ဒီနယ္ပယ္မွာ ေတာ္ေတာ္ေလးေကာင္းတယ္ "
" စြမ္းအားႏွစ္မ်ိဳး... ? "
႐ွီ႐ွန္းတကယ္ အံ့ၾသသြားတယ္။ ' ခ်ီမင္ယြဲ႕က ေရခဲစြမ္းအား႐ွင္မဟုတ္ဘူးလား '
" သူမက အစက ေရခဲစြမ္းအား႐ွင္ပဲ။ ေနာက္ေတာ့ကုသျခင္းစြမ္းအားပါ တိုးလာတာ။ ကုသစြမ္းအားကspaceစြမ္းအားထက္ ပိုအဆင့္ျမႇင့္တယ္။ တကယ္လို႔zombieအကိုက္ခံရရင္ေတာင္ အခ်ိန္တိုအတြင္းကုသႏိုင္ရင္ zombieေျပာင္းမသြားေအာင္ လုပ္ေပးႏိုင္တယ္။ "
ခ်င္းယုေျပာၿပီးေနာက္ သူ႕ဘာသာဆက္ေတြးေနေလတယ္။
' ကုသစြမ္းအား႐ွင္ေတြသာ မ်ားလာရင္zombieေျပာင္းသြားမဲ့လူေတြ ေလ်ာ့သြားမွာပဲ '
ခ်င္းယုရဲ႕အေတြးကိုရိပ္မိေနတဲ့ ကုနန္းကသက္ျပင္းသာခ်လိုက္တယ္။
' ငါbrainwashမ်ားမ်ားလုပ္ရမယ္။ ဒါမွ ေနာက္ငါခိုင္းမဲ့အလုပ္ေတြကို သူ႕ရဲ႕ႏူးညံ့တဲ့စိတ္ထားေၾကာင့္ မၾကန္႔ၾကာမွာ။ '
ကုနန္း ခ်ီမင္ယြဲ႕ ကုသစြမ္းအားရလာတဲ့ အေၾကာင္းကို သိသြားေတာ့တယ္။ ခ်ီမင္ယြဲ႕ရဲ႕spaceထဲမွာ ဝိဉာဥ္ရင္းျမစ္တစ္ခု႐ွိတယ္။ အဲ့ကေလတစ္ဆင့္ သူကုသေပးႏိုင္တာ။
' မူရင္းဝတၳဳထဲမွာ ဒီအေၾကာင္းမေရးထားပါဘူး...ဒါကိုဘာလို႔ '
" ေဘာ့စ္ ဘာလို႔သူ႕အေၾကာင္းကို စုံစမ္းခိုင္းထားတာ "
လင္းဖုန္းနားမလည္တဲ့အဆုံး ထုတ္ေမးလိုက္တယ္။
" သူမကဒီနယ္ပယ္မွာ ေတာ္ေတာ္ေလးေက်ာ္ၾကားတယ္။ ကြၽန္ေတာ္လည္းၾကားထားတယ္ သူမကစြမ္းအားအဆင့္သုံးထိေတာင္ ေရာက္ေနၿပီတဲ့ "
"အို ေထြေထြထူးထူးမဟုတ္ပါဘူး ေပ်ာ္စရာေလးလုပ္မလို႔ပါ "
ကုနန္းျပဳံးလိုက္ရင္းေျပာလိုက္တယ္။ သူမအၾကည့္ေတြကလည္း ၾကမ္းၾကဳတ္ေနတယ္။ သူတို႔သုံးေယာက္လည္း ကုနန္းဆီကထြက္လာတဲ့ ေအးစက္မႈေၾကာင့္ က်က္သီးပါထသြားရေတာ့တယ္။
'ခ်ီမင္ယြဲ႕ကေဘာ့စ္ကို ရန္ေတြဘယ္ေလာက္ေတာင္ ႐ွာထားလို႔လဲ '
" ဆာ ဆာ "
ထိုအခ်ိန္မွာ ခ်န္လိကကုနန္းအနားေရာက္လာၿပီး သူမလက္ကို သူ႕ပါးစပ္ထဲထည့္လိုက္ေတာ့တယ္။ သုံးေယာက္သား ဒီျမင္ကြင္းကိုျမင္လိုက္ရခ်ိန္မွာ ပါးစပ္ေဟာင္းေလာင္းေတြ ျဖစ္ကုန္ၾကတယ္။
' ဒီေကာင္ေလးက ႐ုပ္ေလးေခ်ာေပမဲ အ႐ူးေလးျဖစ္ေနတာသနားစရာပဲ '
ကုနန္းလည္း ထိုေကာင္စုတ္ေလးကို အခန္းထဲထိ ဆြဲေခၚသြားေတာ့တယ္။ ကုနန္းသူ႕စြမ္းအားေတြကုန္လုနီးနီးထိ ေကြၽးခဲ့ေပမဲ့ ခ်န္လိကဗိုက္မဝေသးဘူး။ ခ်န္လိကသူမကို ဖက္ထားၿပီး သူမ်က္ႏွာနဲ႔ သူမလည္ပင္းကိုပြတ္သတ္ေနတယ္။
ကုနန္းသက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး ခ်န္လိကိုအတင္းခြာၿပီး ကုတင္ေပၚမွာ ဖိထားလိုက္တယ္။
" ဖက္...."
" ······ "
Transalated by Anna💚