ရှီရှန်း ႐ွီ႐ွန္း Book 1 Ar...

By Hanpandora

452K 52.6K 552

Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ်... More

Intro
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20 END
Arc 2.0
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23
Arc 2.24
Arc 2.25
Arc 2.26
Arc 2.27
Arc 2.28
Arc 2.29
Arc 2.30
Arc 2.31 END
Arc 3.0
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 3.22
Arc 3.23
Arc 3.24
Arc 3.25
Arc 3.26
Arc 3.27
Arc 3.28
Arc 3.29
Arc 3.30
Arc 3.31
Arc 3.32
Arc 3.33 END
ဆရာသခင်ယွီ​ရှောင်း (Special Episode)
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 4.19
Arc 4.20
Arc 4.21
Arc 4.22
Arc 4.23
Arc 4.24
Arc 4.25
Arc 4.26
Arc 4.27
Arc 4.28
Arc 4.29
Arc 4.30
Arc 4.31
Arc 4.32
Arc 4.33END
Warning

Arc 4.9

2.4K 332 7
By Hanpandora

Unicode

"မိန်းကလေးချီနဲ့ ဒီမိန်းမငယ်လေးတို့က အသိတွေလား။ "

ချန်းရှင်းက အံ့ဩသွားတယ်။
ပတ်၀န်းကျင်​လေထုကတိတ်ဆိတ်​နေလို့ဒီအေးစက်မှုဖြိုခွဲနိုင်မဲ့နည်းလမ်းလိုက်ရှာ​နေရတယ်။ ဒီမိန်းမငယ်လေးက အရမ်းငယ်သေးပေမဲ့ သူမျက်လုံးထဲမှာတော့ သာမန်အထက်တန်းကျောင်းသူလေးမဟုတ်ဘူး။

"အာ သူကကျွန်မရဲ့ ဝမ်းကွဲညီမလေးပါ။ "

ချီမင်ယွဲ့ရဲ့ အသံပိစိလေးက ထွက်လာတယ်။
"ကပ္ပတိန်ချန်း တောင်းပန်ပါတယ်။ ကျွန်မညီမလေးကအရမ်းငယ်သေးတော့ ဆက်ဆံရေးသိပ်မကောင်းဘူး။ သူကြောင့်ပြသနာဖြစ်တယ်ဆိုပေမဲ့ သူများကိုထိခိုက်စေလိုတဲ့ဆန္ဒမရှိပါဘူး။ ကျွန်မပြောလိုက်ပါ့မယ်။ သူမအစားလည်း ကျွန်မကပဲတောင်းပန်ပါတယ်။  "

/တကယ်တော့ ဒီနားAnnလည်းတော်တော်လည်နေတာပါ။ Eထဲမှာကို ep5တုန်းက elder sisterလို့သုံးထားပြီး အခုကျyounger sisterဖြစ်သွားတာ /

' ဖာ့ခ်ပဲ။ ငါ့ရှေ့မှာတင် ငါ့ကိုမကောင်းကြံရဲတယ်။ ပြသနာတစ်ခုလုံးငါကစသလိုမျိုး ပြောပစ်လိုက်တယ်။ ကောင်းတယ် သိပ်ကောင်းတယ်။ ချီမင်ယွဲ့ မျက်နှာကိုချောဆီသုတ်ထားတဲ့ကောင်မ...အား... '

ချန်း  မျက်မှောင်ကြုတ်လိုက်မိတယ်။
' ချီမင်ယွဲ့ပြောပုံအရဆိုရင် သူကပြသနာမွှေတတ်တဲ့သူပဲ။ နည်းနည်းလည်း စိတ်သဘောထားသေးမဲ့ပုံ။ ပထမဆုံးဆွေးနွေးကတည်းက အဲ့လိုခံစားရပေမဲ့ ........  '

ချန်း  ကုနန်းကိုကြည့်လိုက်တယ်။ ခုထိကောင်းရန်လည်ပင်းကို ဓားနဲ့ထောက်ထားဆဲ။

'သူ့မျက်နှာလေးက နည်းနည်း....ဟင်း ကြင်နာတတ်မယ့်ပုံပါ ငါပဲအကဲခတ်မှားတာလား'

" ချီမင်ယွဲ့ မြန်မြန်ငါ့ကိုလွှတ်ပေးဖို့ ‌ပြောလိုက်စမ်း!!! "

ကောင်းရန် ဒေါသထွက်ထွက်နဲ့ ချီမင်ယွဲ့ကို ပိတ်ဟောက်လိုက်သည်။ ကုနန်း နည်းနည်းတော့ အံအားသင့်သွားတယ်။

' ကောင်းရန်က ချီမင်ယွဲ့ကိုသိနေပြီလား.? သူတို့ကသိပြီးသားဆို ကောင်းရန်က ဘာကိစ္စဒီမှာရှိနေရတာလဲ။ '

" ဝမ်းကွဲညီမ ကောင်းရန်ကို အရင်လွှတ်ပေးလိုက်ပါဦး  "

ချီမင်ယွဲ့က သိမ်မွေ့ချိုသာစွာပြောလိုက်တယ်။ သူကအဲ့လိုပဲ အမြဲတမ်း ကြင်နာချင်ယောင်ဆောင်နေတာ။  ကောင်းရန်ကသူမကိုဘယ်လောက်ပဲ ရိုင်းရိုင်းသိုင်းစိုင်းအော်ပါ​စေ သူမဘက်ကဒေါသထွက်ပြမှာ မဟုတ်ပေ။

ကုနန်းလည်း ချီမင်ယွဲ့ကို အပြစ်ကင်းစင်တဲ့မျက်လုံးတွေနဲ့ ပြောလိုက်တယ်။

" ကျဲ...ကျဲ..ပဲ သူ့ကိုသင်ခန်းစာပေးဖို့ ဒီလိုလုပ်ခိုင်းတာလေ မဟုတ်ဘူးလား...."

(TN/ ကျဲ jie  က တရုတ်လိုဆို အမ​ ပေါ့ )
ချီမင်ယွဲ့ရဲ့ မျက်နှာက အမူအရာတွေပြောင်းကုန်တယ်။

" ဝမ်းကွဲညီမ နင်ဘာတွေပြော​နေတာလဲ နင်ဒီမှာရှိမှန်း ငါကသိတောင်မသိတာကို "

" ချီမင်ယွဲ့!!!!!!!! "

အသားကုန်အော်လိုက်တဲ့အသံက ချီမင်ယွဲ့ကိုတိတ်သွားစေတယ်။ ကောင်းရန်ရဲ့မျက်နှာက အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလိုပဲ။ သူမပါးစပ်ကလည်း အဆဲမျိုးစုံထွက်နေတယ်။

" ဘာတွေလဲဆိုတာ ရှင်းပြစမ်း။ ငါသိနေတယ် နင်လိုကောင်မက တချိန်လုံးယုတ်ဖို့ကြံနေတယ်ဆိုတာ ဒါတောင်..ဆောင်းရှီရှေ့မှာ နင်ကဟန်ဆောင်နေသေးတယ်။ အရှက်မရှိ အဆင့်မရှိတဲ့ ခွေးမ......"

ကောင်းရန်ရဲ့ ဆဲဆိုသံတွေက ကျယ်သထက်ကျယ်လာတယ်။ ချီမင်ယွဲ့မှာ ရှင်းပြချိန်ကိုမရဖြစ်နေတော့တယ်။ ကောင်းရန်ဒီမှာ ဒုက္ခလာခံနေရတာလည်း ချီမင်ယွဲ့နဲ့ပတ်သတ်ပြီး သူမအကိုနဲ့စကားများခဲ့ကြလို့ပဲဖြစ်တယ်။ သူမရဲ့ဒေါသက ငယ်ထိပ်ထိရောက်နေပြီ။ အစကတည်းက ချီမင်ယွဲ့ကို ရန်သူအဖြစ်သတ်မှတ်ထားတဲ့ ကောင်းရန်ဟာ ကုနန်းရဲ့ပေါက်တတ်ကရလေးဆယ်ကြောင့် ချီမင်ယွဲ့ကို ကမ္ဘာ့ရန်သူလိုမျိုး ပြသနာရှာနေတော့တယ်။

"ငတုံးမ... "ကုနန်းကသရော်လိုက်တယ်။

ဒါပေမဲ့ကောင်းရန်ဟာ သူ့ဒေါသနဲ့သူမို့ ကုနန်းစကားကို မကြားနိုင်တော့ဘူး။

" ပျင်းစရာကောင်းလိုက်တာ "

ကုနန်း သူမဓားကိုဖယ်လိုက်ပြီး တတိယထပ်ကိုပြန်တက်သွားတော့တယ်။ မသွားခင် ချန်းရှင်း   ကိုလည်း စကားပြောသွားသေးတယ်။

" ဒီမှာ လူတွေကကိုယ့်စကားကို တည်ရတယ်နော် သိတယ်မလား နောက်ထပ်လူတွေ တက်လာလို့ ကျွန်မဓားမှာသွေးပေသွားရင် အပြစ်လာမဆိုနဲ့ "

ချန်း    "....."
'ဓားမှာသွေးပေမယ်?သူမကChuuni*မဟုတ်ပါဘူးနော် ဟုတ်တယ်မလား။ '

[Chuuniဆိုတာက ဂျပန်စကားChuunibyouကနေ တရုတ်ဗန်းစကားအဖြစ်ပြောင်းလဲလာတဲ့စကားလုံးပါ။ သူ့အဓိပ္ပါယ်က စိတ်ကူးယဥ်လွန်ပြီး ကိုယ်ကိုကိုယ့်စွမ်းအားရှင်လိုလို စူပါမန်းလိုလိုထင်နေတဲ့ ဇီဇာကြောင်စာအုပ်သမားကြီးတွေပါ။ ဂျပန်နိုင်ငံအလယ်တန်းကျောင်းသားတွေမှာ အဖြစ်များလေ့ရှိတယ်။ Annaလည်း Animeကားထဲက ကူးလာတာ🤫 ]

ချီမင်ယွဲ့တစ်ယောက် ကုနန်းတံခါးပိတ်ပြီး ဝင်သွားတာကိုသာ ကြည့်နေနိုင်ခဲ့တယ်။

ကောင်းရန်ကတော့ ချီမင်ယွဲ့ကို လက်တွေနဲ့ပါချတော့တယ်။ ဘေးကလူတွေအကုန်ဝိုင်းဆွဲမှပါ ငြိမ်သွားတော့တယ်။ ကောင်းရန်က ချီမင်ယွဲ့ကို လည်ပင်းနဲ့မျက်နှာတစ်ဝိုက်ကို ကုတ်ဖဲ့နိုင်ခဲ့တယ်။ လူတွေကျဲသွားတော့မှသာ ချီမင်ယွဲ့လည်းcampကိုပြန်လာနိုင်ခဲ့တယ်။

သူမပြန်ရောက်တဲ့အချိန်မှာ မအိပ်သေးဘဲစောင့်နေတဲ့ဆောင်းရှီက ဆိုး၀ါးလှတဲ့သူမအခြေနေကို မြင်သွားခဲ့တယ်။

" ဘာတွေဖြစ်ခဲ့တာလဲ? "
ဆောင်းရှီက ချီမင်ယွဲ့နားအပြေးလာပြီး စိုးရိမ်တကြီးမေးလိုက်တယ်။
' သူမသွားတုန်းကအကောင်းကြီးပါ။  ခုတော့ဘယ်လိုဖြစ်လာတာတုန်း။ '

ချီမင်ယွဲ့ရဲ့မျက်လုံးကချက်ချင်းနီလာပြီး အသံကအစ ငိုသံကြီးဖြစ်သွားတယ်။

" ထွေထွေထူးထူးမဟုတ်ပါဘူး။ စောနက ဝမ်းကွဲညီမလေးနဲ့တွေ့လာလို့ပါ "

" သူကအသက်ရှင်နေသေးတာလား "

ဆောင်းရှီတော်တော်လေး အံ့သြသွားတယ်။ အရင်‌ရက်တွေတုန်းက သူမရုတ်တရက်ကြီးပျောက်သွားပြီး ကြားထဲမှာတခါတောင်ပြန်မတွေ့ရတော့ဘူး။ ဒါကြောင့် သူလည်းသေသွားပြီလို့ မှတ်ထားလိုက်တာ။ သူမကိုအသက်ရှင်လျက် ပြန်တွေ့ရမယ်လို့ မထင်ထားဘူး။ သူမအကြောင်းတွေးလိုက်တာနဲ့တင် သူ့ကိုမသက်မသာဖြစ်စေတယ်။

" ဟင့် ကျွန်မက သူ့ကိုကျွန်မတို့နဲ့လိုက်လာစေချင်တာ။ ဘယ်သူကထင်မှာလဲ သူမကကျွန်မမလုပ်တဲ့ကိစ္စနဲ့ စွပ်စွဲလာတယ်။ ဒါ ‌ဒါကြောင့် ကောင်းရန်က ကျွန်မကိုပိုမုန်းသွားပြီး အခုလို...."

ချီမင်ယွဲ့အသံက ချွဲပျစ်နေပြီး မကျေနပ်‌သံတွေလည်းပါနေတယ်။ သူမကဒီထက်ပိုပြောရင်လည်း ဆောင်းရှီက ကုနန်းအပေါ် အမြင်ကြည်မှာမဟုတ်တော့ဘူး။

ဆောင်းရှီမျက်လုံးထဲက မကျေနပ်မှုတွေကိုတွေ့လိုက်ရတော့ ချီမင်ယွဲ့ပျော်သွားတယ်။ ဝတ္ထုတစ်ခုလုံးကိုဖတ်ပြီးသွားတာကြောင့် ကုနန်းကဇာတ်လိုက်အနေနဲ့ ဘယ်လောက်ဆွဲဆောင်မှုရှိကြောင်း သိထားတယ်။ ဆောင်းရှီက ကုနန်းဘက်ကလူတစ်ယောက်အဖြစ် ဝတ္ထုထဲမှာမဖော်ပြထားပေမဲ့ သူပါကုနန်းကိုကြွေမယ် မကြွေဘူးဆိုတာ သူမအတွက်မသေချာလေဘူး။

ချီမင်ယွဲ့က ကုနန်းကိုဇာတ်လိုက်လို့ တချိန်လုံးထင်ထားပေမဲ့ ဒီဇာတ်ကြောင်းက သူမကိုဇာတ်လိုက်မအဖြစ် အစောထဲကပြောင်းလဲသွားပြီးပြီဆိုတာ မသိလေဘူး။

................

ကုနန်း တတိယထပ်ကို ပြန်လာတော့ တစ်ခုခုမှားနေမှန်း ရိပ်မိလိုက်ပြီး လန့်သွားတယ်။ သူမပြတင်းပေါက်နား လှမ်းကြည့်တော့ သူမရဲ့ကောင်စုတ်လေး အနာဂတ်ဘုရင်ကြီးပျောက်ဆုံးနေတယ်။ တကယ်ကြီး! ပျောက်သွားပြီ!!!

ကုနန်း တတိယထပ်ကို အမြန်ပတ်ကြည့်လိုက်တယ်။ ကောင်စုတ်လေးက တကယ်ကြီးပျောက်သွားပြီ။

' ချီး ဒီခွေးကောင် အိမ်ကနေ ထွက်ပြေးရဲတယ်။ ငါနင့်ကို ပြန်ဖမ်းမိတာနဲ့ ဘာမှမကျွေးဘူးမှတ်! ဘယ်သူက ဒီအချိန်ကြီး အပြင်ထွက်မှာတုန်း အပြင်မှာဒီလောက်မှောင်နေတာ ငါဘယ်လိုလိုက်ရှာရမှာတုန်း!!! '

ကုနန်း ကျားဖြူကိုပိုက်ကာ အိမ်ပြေးလေးကိုမျှော်နေလိုက်တော့တယ်။ နေထွက်လာ‌တာတောင်မှ အဲ့ဒီမျိုး အဟမ်း မစစ်ကောင်လေးက ပြန်မလာဘူး။ ကုနန်း တကယ်စိတ်ညစ်နေပြီ။

' ကောင်းရော ငါ့တာ၀န်ရဲ့ အဓိကပစ်မှတ်ကို ပျောက်သွားပြီ။ ကမ္ဘာပျက်နေတဲ့အချိန်မှာ ဒီကောင်စုတ်ကို ငါကဘယ်နားသွားရှာရမှာလဲ? သမုဒ္ဒရာထဲ အပ်လိုက်ရှာတာမှ ပိုလွယ်ဦးမယ်။  '

အပြင်ဘက်ကသူတွေက လှုပ်လှုပ်ရှားရှားနဲ့ အထုပ်ပိုးတွေပြင်ပြီး ပြန်ဖို့လုပ်နေကြတယ်။ သူတို့ပြန်ကြတော့မယ်ဆိုတာ ကုနန်းခန့်မှန်းထားပြီးသားပါ။ ကုနန်းပြတင်းပေါက်နားကနေ ချီမင်ယွဲ့နဲ့ဆောင်းရှီကို လှမ်းကြည့်နေလိုက်တယ်။ ကောင်းရန်လည်းသူတို့နဲ့ မနီးမဝေးမှာ တစ်ယောက်တည်း ပေါက်ပေါက်ဖောက်နေပြီးချီမင်ယွဲ့ကိုလည်း ခနခနမျက်စောင်းထိုးနေလေတယ်။

ဆောင်းရှီနဲ့သူ့အဖွဲ့သားတွေက Bမြို့ကိုရောက်ဖို့ အတော်‌ကြာ ခရီးဆက်ရဦးမှာ။ အခုတော့ သူတို့ကျန်ရှိနေတဲ့သူတွေကို ကယ်ဖို့ဆက်ရဦးမယ်။

'ဇာတ်ကြောင်းက ငါ့ကိုဇာတ်လိုက်နား အတင်းပို့နေတော့တာပဲ... '

"Meow... "ကုနန်းလက်ထဲမှာ တချိန်လုံးငြိမ်နေတဲ့ကျားဖြူလေးက ရုတ်တရက်ကြီးနိုးလာပြီး အသိပေးနေတော့တယ်။ ကုနန်းလည်းငုံကြည့်လိုက်တော့ ကျားဖြူရဲ့တောက်ပနေတဲ့မျက်လုံနဲ့ ဆုံတော့တယ်။

"နင်အိပ်ပျော်နေတာ ရက်၂၀လောက်ရှိပြီသိရဲ့လား နိုးလာပြီဆိုတော့ ဘာစွမ်းအားတွေ ရခဲ့ပြီလဲ။ "

" နင့်စွမ်းအားကဘာကြီးလဲ။ "
ကုနန်းကျားဖြူကို မြှောက်ချီရင်းမေးလိုက်တယ်။

" Meow.."

ကျားဖြူက ကုနန်းလက်ကို လျှာဖြင့်သပ်နေတယ်။ ကုနန်းဘယ်လောက်မေးမေး ကျားဖြူကသူ့စွမ်းအားကို ထုတ်သုံးမလာဘူး။ နောက်ဆုံးကုနန်းစိတ်လျော့ပြီး အဏုမြုကျောက်တုံ‌းတွေ ကျွေးကြည့်လိုက်တယ်။

' အဏုမြူကျောက်တုံးက စွမ်းအားကိုတော့ စုပ်ယူနိုင်တယ်ဆိုတော့ စွမ်းအားတော့ ရှိတဲ့သဘောပေါ့။ ဒါ​ပေမယ့် ဒီကောင်ကလည်း ငတုံး​လေးပဲ ငါမေးတာကို ဘာတွေဖြေနေမှန်း မသိဘူး '

ကျားဖြူက ကုနန်းခြေထောက်တွေကို လျက်ပြီးသန့်ရှင်းရေးလုပ်ပေးနေလိုက်အပြီးမှာ တမြောင်မြောင်​အော်ပြီးအပြင်ထွက်သွားတော့တယ်။

..............,

သူတို့မထွက်ခွာခင် ချန်းရှင်း   ကတပ်သားတစ်ဦးနဲ့ ကုနန်းသူတို့နဲ့လာပူးပေါင်းဖို့ မေးခိုင်းလိုက်တယ်။ ကုနန်းက ကမ်းလှမ်းချက်ကို ချက်ချင်းငြင်းလိုက်တယ်။

' အနာဂတ်ရဲ့ zombieဘုရင်အလောင်းလျာလေးက အိမ်ကထွက်ပြေးသွားပြီး ပြန်မလာသေးဘူး။ ငါသာထွက်သွားလိုက်ရင် အဲ့ကောင်စုတ်လေးကို ဘယ်သွားရှာရတော့မှာလဲ။ သူငါ့စွမ်းအားကိုဒီလောက်ကြိုက်တာ ပြန်လာလောက်မှာပါ '

ကုနန်း သုံးရက်ထိစောင့်နေခဲ့တယ်။ နောက်ဆုံးညမှာတော့ သူမအိပ်နေတဲ့အချိန် တစ်စုံတစ်ယောက်က သူမကိုစိုက်ကြည့်နေခဲ့တယ်။  ကုနန်းလည်း မျက်လုံဖွင့်ကြည့်လိုက်တော့ အသက်မဲ့နေတဲ့မျက်လုံးတစ်စုံကို တွေ့လိုက်ရတော့တယ်။ သူမနိုးလာမြင်တော့ အဲ့မျက်လုံးတစ်စုံက အရောင်လက်သွားပြီး ရုတ်တရက်ကြီး ဖက်တော့တယ်။  ကုနန်းမှာ မျက်နှာတောင်ကြည့်ချိန်မရဘဲ အတင်းဖက်ခံနေရတယ်။

" ဟမ့် ဟမ့်!!! "

zombirဘုရင်လောင်းကြီးက တဟမ့်ဟမ့်လုပ်ရင်း ကုနန်းကို လေပေါ်မြှောက်ကာလှည့်နေရတာ တော်တော်ပျော်နေပုံပဲ။

"‌Meow!"

ကျားဖြူလည်း ချက်ချင်းမတ်တပ် ထအော်ပြီး ကောင်စုတ်လေးကျောပေါ် ခုန်အုပ်တော့တယ်။ ကျားဖြူကတိုက်ခိုက်ဖို့ လက်သည်းတွေတောင်ထုတ်‌လိုက်သေးတယ်။

" Rrrrrrr."

ချန်လိကလည်း ကျားဖြူကိုကျောပေါ်က ခါချပြီးမျက်နှာချင်းဆိုင်ကာ ဟိန်းဟောက်လိုက်တယ်။ ကျားဖြူကလည်း ဆက်တိုက်အော်သံပေးပြီး ချန်လိကို လိုက်ကုတ်နေတယ်။ သူ့ခမျာ ကျောမွေးတွေ‌ပါ ထောင်နေပြီဖြစ်တယ်။

ထိုစဥ် သံချေးတက်နေတဲ့ဓားမြှောင်တစ်ချောင်းက လေထဲကလွင့်လာပြီး ချန်လိဆီဦးတည်နေတယ်။ ချန်လိလည်း ကုနန်းကိုဖက်ကာ ရှောင်လိုက်တယ်။

ကုနန်းလည်း ကျားဖြူဆီကနေ သူတို့ဆီရောက်လာတဲ့ ပစ္စည်းအစုတ်တွေကိုကြည့်ရင်း စိတ်ပျက်နေတော့တယ်။ ပစ္စည်းတွေကလည်း အမျိုးစုံဆိုဒ်စုံဖြစ်လေတယ်။ အမျိုးစုံတာမှ zombieအလောင်းတွေပါ ထွက်လာသေးတယ်!!!။

လွန်ခဲ့တဲ့သုံးရက်ကတည်းက ကျားဖြူအပြင်ထွက်လည်တတ်တဲ့အကျင့်ရနေတာဖြစ်တယ်။  ကုနန်းရဲ့စိတ်ကလည်းစွမ်းအားလေ့ကျင့်ရေးအပေါ်မဟုတ်ရင် ကောင်စုတ်လေးဆီရောက်နေတာကြောင့် ကျားဖြူကိုတစ်ကောင်တည်းပဲ လွှတ်ထားလိုက်တယ်။

' ဘယ်သူသိမှာလဲ။  ဒီကောင်လေးက spaceရှိလာပြီး ပေါက်တတ်ကရတွေ လိုက်ကောက်ပြီးသိမ်းထားမယ်ဆိုတာ...'

zombieအလောင်းတွေက များသထက်များလာပြီး ကုနန်းလည်း ကျားဖြူကိုရပ်ဖို့ပြောရတော့တယ်။

'သပ့ပဲ ဘာလို့သူ့spaceထဲမှာ ဇွန်ဘီအလောင်းတွေက ဒီလောက်များနေရတာလဲ? ပိုဆိုးတာက ငါကဒါတွေကို ဘယ်လိုပြန်ပို့ရမှာလဲ? နင်...အစာကျမရှာခဲ့တဲ့ သောက်ပိုတွေပဲ ရှာလာခဲ့တယ်။ ငါတို့က ဒါတွေစားရမှာလား?   '

ကုနန်းလက်မခံနိုင်ရင်တောင်မှ ဒီအခြေနေကြီးကို လက်ခံထားဖို့ပဲ ရှိတော့တယ်။ 

"ငါ့နှယ် ဒီနှစ်ကောင်စလုံးကို နားမလည်နိုင်တော့ဘူး ဂါးးးး "

"Rr.. "

ဟိန်းဟောက်သံပိစိလေး အခန်းထောင့်ကထွက်လာတယ်။ ကုနန်းလည်း ဘာထပ်ဖြစ်ပြန်တာလဲဆိုတဲ့အကြည့်နဲ့ လှည့်ကြည့်လိုက်တော့  zombieအလောင်းတွေက တဖြေးဖြေးထလာတာကို တွေ့လိုက်ရတယ်။

ချန်လိရဲ့အရှိန်ဝါကြောင့် အဲ့ကောင်တွေက ဒီဘက်ကိုတိုးမလာဘဲ အခန်းထောင့်မှာတင် သူတို့ကိုယ်ကိုကျုံနိုင်သမျှကျုံထားကြတယ်။

ကုနန်းဆွံအသွားတယ်။

"ဒီကောင်တွေ တော်တော်ချစ်ဖို့ကောင်းတာပဲ။ ခနလေး  သူတို့ကအသက်ရှိနေတာလား.... "

Transalated by Anna💚
18.5.21(Tuesday)

Zawgyi

"မိန္းကေလးခ်ီနဲ႔ ဒီမိန္းမငယ္ေလးတို႔က အသိေတြလား။ "

ခ်န္း႐ွင္းက အံ့ဩသြားတယ္။
ပတ္၀န္းက်င္​ေလထုကတိတ္ဆိတ္​ေနလို႔ဒီေအးစက္မႈၿဖိဳခြဲႏိုင္မဲ့နည္းလမ္းလိုက္႐ွာ​ေနရတယ္။ ဒီမိန္းမငယ္ေလးက အရမ္းငယ္ေသးေပမဲ့ သူမ်က္လုံးထဲမွာေတာ့ သာမန္အထက္တန္းေက်ာင္းသူေလးမဟုတ္ဘူး။

"အာ သူကကြၽန္မရဲ႕ ဝမ္းကြဲညီမေလးပါ။ "

ခ်ီမင္ယြဲ႕ရဲ႕ အသံပိစိေလးက ထြက္လာတယ္။
"ကပၸတိန္ခ်န္း ေတာင္းပန္ပါတယ္။ ကြၽန္မညီမေလးကအရမ္းငယ္ေသးေတာ့ ဆက္ဆံေရးသိပ္မေကာင္းဘူး။ သူေၾကာင့္ျပသနာျဖစ္တယ္ဆိုေပမဲ့ သူမ်ားကိုထိခိုက္ေစလိုတဲ့ဆႏၵမ႐ွိပါဘူး။ ကြၽန္မေျပာလိုက္ပါ့မယ္။ သူမအစားလည္း ကြၽန္မကပဲေတာင္းပန္ပါတယ္။  "

/တကယ္ေတာ့ ဒီနားAnnလည္းေတာ္ေတာ္လည္ေနတာပါ။ Eထဲမွာကို ep5တုန္းက elder sisterလို႔သုံးထားၿပီး အခုက်younger sisterျဖစ္သြားတာ /

' ဖာ့ခ္ပဲ။ ငါ့ေ႐ွ႕မွာတင္ ငါ့ကိုမေကာင္းၾကံရဲတယ္။ ျပသနာတစ္ခုလုံးငါကစသလိုမ်ိဳး ေျပာပစ္လိုက္တယ္။ ေကာင္းတယ္ သိပ္ေကာင္းတယ္။ ခ်ီမင္ယြဲ႕ မ်က္ႏွာကိုေခ်ာဆီသုတ္ထားတဲ့ေကာင္မ...အား... '

ခ်န္း  မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္။
' ခ်ီမင္ယြဲ႕ေျပာပုံအရဆိုရင္ သူကျပသနာေမႊတတ္တဲ့သူပဲ။ နည္းနည္းလည္း စိတ္သေဘာထားေသးမဲ့ပုံ။ ပထမဆုံးေဆြးေႏြးကတည္းက အဲ့လိုခံစားရေပမဲ့ ........  '

ခ်န္း  ကုနန္းကိုၾကည့္လိုက္တယ္။ ခုထိေကာင္းရန္လည္ပင္းကို ဓားနဲ႔ေထာက္ထားဆဲ။

'သူ႕မ်က္ႏွာေလးက နည္းနည္း....ဟင္း ၾကင္နာတတ္မယ့္ပုံပါ ငါပဲအကဲခတ္မွားတာလား'

" ခ်ီမင္ယြဲ႕ ျမန္ျမန္ငါ့ကိုလႊတ္ေပးဖို႔ ‌ေျပာလိုက္စမ္း!!! "

ေကာင္းရန္ ေဒါသထြက္ထြက္နဲ႔ ခ်ီမင္ယြဲ႕ကို ပိတ္ေဟာက္လိုက္သည္။ ကုနန္း နည္းနည္းေတာ့ အံအားသင့္သြားတယ္။

' ေကာင္းရန္က ခ်ီမင္ယြဲ႕ကိုသိေနၿပီလား.? သူတို႔ကသိၿပီးသားဆို ေကာင္းရန္က ဘာကိစၥဒီမွာ႐ွိေနရတာလဲ။ '

" ဝမ္းကြဲညီမ ေကာင္းရန္ကို အရင္လႊတ္ေပးလိုက္ပါဦး  "

ခ်ီမင္ယြဲ႕က သိမ္ေမြ႕ခ်ိဳသာစြာေျပာလိုက္တယ္။ သူကအဲ့လိုပဲ အၿမဲတမ္း ၾကင္နာခ်င္ေယာင္ေဆာင္ေနတာ။  ေကာင္းရန္ကသူမကိုဘယ္ေလာက္ပဲ ႐ိုင္း႐ိုင္းသိုင္းစိုင္းေအာ္ပါ​ေစ သူမဘက္ကေဒါသထြက္ျပမွာ မဟုတ္ေပ။

ကုနန္းလည္း ခ်ီမင္ယြဲ႕ကို အျပစ္ကင္းစင္တဲ့မ်က္လုံးေတြနဲ႔ ေျပာလိုက္တယ္။

" က်ဲ...က်ဲ..ပဲ သူ႕ကိုသင္ခန္းစာေပးဖို႔ ဒီလိုလုပ္ခိုင္းတာေလ မဟုတ္ဘူးလား...."

(TN/ က်ဲ jie  က တ႐ုတ္လိုဆို အမ​ ေပါ့ )
ခ်ီမင္ယြဲ႕ရဲ႕ မ်က္ႏွာက အမူအရာေတြေျပာင္းကုန္တယ္။

" ဝမ္းကြဲညီမ နင္ဘာေတြေျပာ​ေနတာလဲ နင္ဒီမွာ႐ွိမွန္း ငါကသိေတာင္မသိတာကို "

" ခ်ီမင္ယြဲ႕!!!!!!!! "

အသားကုန္ေအာ္လိုက္တဲ့အသံက ခ်ီမင္ယြဲ႕ကိုတိတ္သြားေစတယ္။ ေကာင္းရန္ရဲ႕မ်က္ႏွာက အခ်ိန္မေ႐ြးေပါက္ကြဲႏိုင္တဲ့ ဗုံးတစ္လုံးလိုပဲ။ သူမပါးစပ္ကလည္း အဆဲမ်ိဳးစုံထြက္ေနတယ္။

" ဘာေတြလဲဆိုတာ ႐ွင္းျပစမ္း။ ငါသိေနတယ္ နင္လိုေကာင္မက တခ်ိန္လုံးယုတ္ဖို႔ၾကံေနတယ္ဆိုတာ ဒါေတာင္..ေဆာင္း႐ွီေ႐ွ႕မွာ နင္ကဟန္ေဆာင္ေနေသးတယ္။ အ႐ွက္မ႐ွိ အဆင့္မ႐ွိတဲ့ ေခြးမ......"

ေကာင္းရန္ရဲ႕ ဆဲဆိုသံေတြက က်ယ္သထက္က်ယ္လာတယ္။ ခ်ီမင္ယြဲ႕မွာ ႐ွင္းျပခ်ိန္ကိုမရျဖစ္ေနေတာ့တယ္။ ေကာင္းရန္ဒီမွာ ဒုကၡလာခံေနရတာလည္း ခ်ီမင္ယြဲ႕နဲ႔ပတ္သတ္ၿပီး သူမအကိုနဲ႔စကားမ်ားခဲ့ၾကလို႔ပဲျဖစ္တယ္။ သူမရဲ႕ေဒါသက ငယ္ထိပ္ထိေရာက္ေနၿပီ။ အစကတည္းက ခ်ီမင္ယြဲ႕ကို ရန္သူအျဖစ္သတ္မွတ္ထားတဲ့ ေကာင္းရန္ဟာ ကုနန္းရဲ႕ေပါက္တတ္ကရေလးဆယ္ေၾကာင့္ ခ်ီမင္ယြဲ႕ကို ကမ႓ာ့ရန္သူလိုမ်ိဳး ျပသနာ႐ွာေနေတာ့တယ္။

"ငတုံးမ... "ကုနန္းကသေရာ္လိုက္တယ္။

ဒါေပမဲ့ေကာင္းရန္ဟာ သူ႕ေဒါသနဲ႔သူမို႔ ကုနန္းစကားကို မၾကားႏိုင္ေတာ့ဘူး။

" ပ်င္းစရာေကာင္းလိုက္တာ "

ကုနန္း သူမဓားကိုဖယ္လိုက္ၿပီး တတိယထပ္ကိုျပန္တက္သြားေတာ့တယ္။ မသြားခင္ ခ်န္း႐ွင္း   ကိုလည္း စကားေျပာသြားေသးတယ္။

" ဒီမွာ လူေတြကကိုယ့္စကားကို တည္ရတယ္ေနာ္ သိတယ္မလား ေနာက္ထပ္လူေတြ တက္လာလို႔ ကြၽန္မဓားမွာေသြးေပသြားရင္ အျပစ္လာမဆိုနဲ႔ "

ခ်န္း    "....."
'ဓားမွာေသြးေပမယ္?သူမကChuuni*မဟုတ္ပါဘူးေနာ္ ဟုတ္တယ္မလား။ '

[Chuuniဆိုတာက ဂ်ပန္စကားChuunibyouကေန တရုတ္ဗန္းစကားအျဖစ္ေျပာင္းလဲလာတဲ့စကားလံုးပါ။ သူ႔အဓိပၸါယ္က စိတ္ကူးယဥ္လြန္ၿပီး ကိုယ္ကိုကိုယ့္စြမ္းအားရွင္လိုလို စူပါမန္းလိုလိုထင္ေနတဲ့ ဇီဇာေၾကာင္စာအုပ္သမားႀကီးေတြပါ။ ဂ်ပန္ႏိုင္ငံအလယ္တန္းေက်ာင္းသားေတြမွာ အျဖစ္မ်ားေလ့ရိွတယ္။ Annaလည္း Animeကားထဲက ကူးလာတာ🤫 ]

ခ်ီမင္ယြဲ႕တစ္ေယာက္ ကုနန္းတံခါးပိတ္ၿပီး ဝင္သြားတာကိုသာ ၾကည့္ေနႏိုင္ခဲ့တယ္။

ေကာင္းရန္ကေတာ့ ခ်ီမင္ယြဲ႕ကို လက္ေတြနဲ႔ပါခ်ေတာ့တယ္။ ေဘးကလူေတြအကုန္ဝိုင္းဆြဲမွပါ ၿငိမ္သြားေတာ့တယ္။ ေကာင္းရန္က ခ်ီမင္ယြဲ႕ကို လည္ပင္းနဲ႔မ်က္ႏွာတစ္ဝိုက္ကို ကုတ္ဖဲ့ႏိုင္ခဲ့တယ္။ လူေတြက်ဲသြားေတာ့မွသာ ခ်ီမင္ယြဲ႕လည္းcampကိုျပန္လာႏိုင္ခဲ့တယ္။

သူမျပန္ေရာက္တဲ့အခ်ိန္မွာ မအိပ္ေသးဘဲေစာင့္ေနတဲ့ေဆာင္း႐ွီက ဆိုး၀ါးလွတဲ့သူမအေျခေနကို ျမင္သြားခဲ့တယ္။

" ဘာေတြျဖစ္ခဲ့တာလဲ? "
ေဆာင္း႐ွီက ခ်ီမင္ယြဲ႕နားအေျပးလာၿပီး စိုးရိမ္တႀကီးေမးလိုက္တယ္။
' သူမသြားတုန္းကအေကာင္းႀကီးပါ။  ခုေတာ့ဘယ္လိုျဖစ္လာတာတုန္း။ '

ခ်ီမင္ယြဲ႕ရဲ႕မ်က္လုံးကခ်က္ခ်င္းနီလာၿပီး အသံကအစ ငိုသံႀကီးျဖစ္သြားတယ္။

" ေထြေထြထူးထူးမဟုတ္ပါဘူး။ ေစာနက ဝမ္းကြဲညီမေလးနဲ႔ေတြ႕လာလို႔ပါ "

" သူကအသက္႐ွင္ေနေသးတာလား "

ေဆာင္း႐ွီေတာ္ေတာ္ေလး အံ့ၾသသြားတယ္။ အရင္‌ရက္ေတြတုန္းက သူမ႐ုတ္တရက္ႀကီးေပ်ာက္သြားၿပီး ၾကားထဲမွာတခါေတာင္ျပန္မေတြ႕ရေတာ့ဘူး။ ဒါေၾကာင့္ သူလည္းေသသြားၿပီလို႔ မွတ္ထားလိုက္တာ။ သူမကိုအသက္႐ွင္လ်က္ ျပန္ေတြ႕ရမယ္လို႔ မထင္ထားဘူး။ သူမအေၾကာင္းေတြးလိုက္တာနဲ႔တင္ သူ႕ကိုမသက္မသာျဖစ္ေစတယ္။

" ဟင့္ ကြၽန္မက သူ႕ကိုကြၽန္မတို႔နဲ႔လိုက္လာေစခ်င္တာ။ ဘယ္သူကထင္မွာလဲ သူမကကြၽန္မမလုပ္တဲ့ကိစၥနဲ႔ စြပ္စြဲလာတယ္။ ဒါ ‌ဒါေၾကာင့္ ေကာင္းရန္က ကြၽန္မကိုပိုမုန္းသြားၿပီး အခုလို...."

ခ်ီမင္ယြဲ႕အသံက ခြၽဲပ်စ္ေနၿပီး မေက်နပ္‌သံေတြလည္းပါေနတယ္။ သူမကဒီထက္ပိုေျပာရင္လည္း ေဆာင္း႐ွီက ကုနန္းအေပၚ အျမင္ၾကည္မွာမဟုတ္ေတာ့ဘူး။

ေဆာင္း႐ွီမ်က္လုံးထဲက မေက်နပ္မႈေတြကိုေတြ႕လိုက္ရေတာ့ ခ်ီမင္ယြဲ႕ေပ်ာ္သြားတယ္။ ဝတၳဳတစ္ခုလုံးကိုဖတ္ၿပီးသြားတာေၾကာင့္ ကုနန္းကဇာတ္လိုက္အေနနဲ႔ ဘယ္ေလာက္ဆြဲေဆာင္မႈ႐ွိေၾကာင္း သိထားတယ္။ ေဆာင္း႐ွီက ကုနန္းဘက္ကလူတစ္ေယာက္အျဖစ္ ဝတၳဳထဲမွာမေဖာ္ျပထားေပမဲ့ သူပါကုနန္းကိုေႂကြမယ္ မေႂကြဘူးဆိုတာ သူမအတြက္မေသခ်ာေလဘူး။

ခ်ီမင္ယြဲ႕က ကုနန္းကိုဇာတ္လိုက္လို႔ တခ်ိန္လုံးထင္ထားေပမဲ့ ဒီဇာတ္ေၾကာင္းက သူမကိုဇာတ္လိုက္မအျဖစ္ အေစာထဲကေျပာင္းလဲသြားၿပီးၿပီဆိုတာ မသိေလဘူး။

................

ကုနန္း တတိယထပ္ကို ျပန္လာေတာ့ တစ္ခုခုမွားေနမွန္း ရိပ္မိလိုက္ၿပီး လန္႔သြားတယ္။ သူမျပတင္းေပါက္နား လွမ္းၾကည့္ေတာ့ သူမရဲ႕ေကာင္စုတ္ေလး အနာဂတ္ဘုရင္ႀကီးေပ်ာက္ဆုံးေနတယ္။ တကယ္ႀကီး! ေပ်ာက္သြားၿပီ!!!

ကုနန္း တတိယထပ္ကို အျမန္ပတ္ၾကည့္လိုက္တယ္။ ေကာင္စုတ္ေလးက တကယ္ႀကီးေပ်ာက္သြားၿပီ။

' ခ်ီး ဒီေခြးေကာင္ အိမ္ကေန ထြက္ေျပးရဲတယ္။ ငါနင့္ကို ျပန္ဖမ္းမိတာနဲ႔ ဘာမွမေကြၽးဘူးမွတ္! ဘယ္သူက ဒီအခ်ိန္ႀကီး အျပင္ထြက္မွာတုန္း အျပင္မွာဒီေလာက္ေမွာင္ေနတာ ငါဘယ္လိုလိုက္႐ွာရမွာတုန္း!!! '

ကုနန္း က်ားျဖဴကိုပိုက္ကာ အိမ္ေျပးေလးကိုေမွ်ာ္ေနလိုက္ေတာ့တယ္။ ေနထြက္လာ‌တာေတာင္မွ အဲ့ဒီမ်ိဳး အဟမ္း မစစ္ေကာင္ေလးက ျပန္မလာဘူး။ ကုနန္း တကယ္စိတ္ညစ္ေနၿပီ။

' ေကာင္းေရာ ငါ့တာ၀န္ရဲ႕ အဓိကပစ္မွတ္ကို ေပ်ာက္သြားၿပီ။ ကမ႓ာပ်က္ေနတဲ့အခ်ိန္မွာ ဒီေကာင္စုတ္ကို ငါကဘယ္နားသြား႐ွာရမွာလဲ? သမုဒၵရာထဲ အပ္လိုက္႐ွာတာမွ ပိုလြယ္ဦးမယ္။  '

အျပင္ဘက္ကသူေတြက လႈပ္လႈပ္႐ွား႐ွားနဲ႔ အထုပ္ပိုးေတြျပင္ၿပီး ျပန္ဖို႔လုပ္ေနၾကတယ္။ သူတို႔ျပန္ၾကေတာ့မယ္ဆိုတာ ကုနန္းခန္႔မွန္းထားၿပီးသားပါ။ ကုနန္းျပတင္းေပါက္နားကေန ခ်ီမင္ယြဲ႕နဲ႔ေဆာင္း႐ွီကို လွမ္းၾကည့္ေနလိုက္တယ္။ ေကာင္းရန္လည္းသူတို႔နဲ႔ မနီးမေဝးမွာ တစ္ေယာက္တည္း ေပါက္ေပါက္ေဖာက္ေနၿပီးခ်ီမင္ယြဲ႕ကိုလည္း ခနခနမ်က္ေစာင္းထိုးေနေလတယ္။

ေဆာင္း႐ွီနဲ႔သူ႕အဖြဲ႕သားေတြက Bၿမိဳ႕ကိုေရာက္ဖို႔ အေတာ္‌ၾကာ ခရီးဆက္ရဦးမွာ။ အခုေတာ့ သူတို႔က်န္႐ွိေနတဲ့သူေတြကို ကယ္ဖို႔ဆက္ရဦးမယ္။

'ဇာတ္ေၾကာင္းက ငါ့ကိုဇာတ္လိုက္နား အတင္းပို႔ေနေတာ့တာပဲ... '

"Meow... "ကုနန္းလက္ထဲမွာ တခ်ိန္လုံးၿငိမ္ေနတဲ့က်ားျဖဴေလးက ႐ုတ္တရက္ႀကီးႏိုးလာၿပီး အသိေပးေနေတာ့တယ္။ ကုနန္းလည္းငုံၾကည့္လိုက္ေတာ့ က်ားျဖဴရဲ႕ေတာက္ပေနတဲ့မ်က္လုံနဲ႔ ဆုံေတာ့တယ္။

"နင္အိပ္ေပ်ာ္ေနတာ ရက္၂၀ေလာက္႐ွိၿပီသိရဲ႕လား ႏိုးလာၿပီဆိုေတာ့ ဘာစြမ္းအားေတြ ရခဲ့ၿပီလဲ။ "

" နင့္စြမ္းအားကဘာႀကီးလဲ။ "
ကုနန္းက်ားျဖဴကို ေျမႇာက္ခ်ီရင္းေမးလိုက္တယ္။

" Meow.."

က်ားျဖဴက ကုနန္းလက္ကို လွ်ာျဖင့္သပ္ေနတယ္။ ကုနန္းဘယ္ေလာက္ေမးေမး က်ားျဖဴကသူ႕စြမ္းအားကို ထုတ္သုံးမလာဘူး။ ေနာက္ဆုံးကုနန္းစိတ္ေလ်ာ့ၿပီး အဏုျမဳေက်ာက္တုံ‌းေတြ ေကြၽးၾကည့္လိုက္တယ္။

' အဏုျမဴေက်ာက္တုံးက စြမ္းအားကိုေတာ့ စုပ္ယူႏိုင္တယ္ဆိုေတာ့ စြမ္းအားေတာ့ ႐ွိတဲ့သေဘာေပါ့။ ဒါ​ေပမယ့္ ဒီေကာင္ကလည္း ငတုံး​ေလးပဲ ငါေမးတာကို ဘာေတြေျဖေနမွန္း မသိဘူး '

က်ားျဖဴက ကုနန္းေျခေထာက္ေတြကို လ်က္ၿပီးသန္႔႐ွင္းေရးလုပ္ေပးေနလိုက္အၿပီးမွာ တေျမာင္ေျမာင္​ေအာ္ၿပီးအျပင္ထြက္သြားေတာ့တယ္။

..............,

သူတို႔မထြက္ခြာခင္ ခ်န္း႐ွင္း   ကတပ္သားတစ္ဦးနဲ႔ ကုနန္းသူတို႔နဲ႔လာပူးေပါင္းဖို႔ ေမးခိုင္းလိုက္တယ္။ ကုနန္းက ကမ္းလွမ္းခ်က္ကို ခ်က္ခ်င္းျငင္းလိုက္တယ္။

' အနာဂတ္ရဲ႕ zombieဘုရင္အေလာင္းလ်ာေလးက အိမ္ကထြက္ေျပးသြားၿပီး ျပန္မလာေသးဘူး။ ငါသာထြက္သြားလိုက္ရင္ အဲ့ေကာင္စုတ္ေလးကို ဘယ္သြား႐ွာရေတာ့မွာလဲ။ သူငါ့စြမ္းအားကိုဒီေလာက္ႀကိဳက္တာ ျပန္လာေလာက္မွာပါ '

ကုနန္း သုံးရက္ထိေစာင့္ေနခဲ့တယ္။ ေနာက္ဆုံးညမွာေတာ့ သူမအိပ္ေနတဲ့အခ်ိန္ တစ္စုံတစ္ေယာက္က သူမကိုစိုက္ၾကည့္ေနခဲ့တယ္။  ကုနန္းလည္း မ်က္လုံဖြင့္ၾကည့္လိုက္ေတာ့ အသက္မဲ့ေနတဲ့မ်က္လုံးတစ္စုံကို ေတြ႕လိုက္ရေတာ့တယ္။ သူမႏိုးလာျမင္ေတာ့ အဲ့မ်က္လုံးတစ္စုံက အေရာင္လက္သြားၿပီး ႐ုတ္တရက္ႀကီး ဖက္ေတာ့တယ္။  ကုနန္းမွာ မ်က္ႏွာေတာင္ၾကည့္ခ်ိန္မရဘဲ အတင္းဖက္ခံေနရတယ္။

" ဟမ့္ ဟမ့္!!! "

zombirဘုရင္ေလာင္းႀကီးက တဟမ့္ဟမ့္လုပ္ရင္း ကုနန္းကို ေလေပၚေျမႇာက္ကာလွည့္ေနရတာ ေတာ္ေတာ္ေပ်ာ္ေနပုံပဲ။

"‌Meow!"

က်ားျဖဴလည္း ခ်က္ခ်င္းမတ္တပ္ ထေအာ္ၿပီး ေကာင္စုတ္ေလးေက်ာေပၚ ခုန္အုပ္ေတာ့တယ္။ က်ားျဖဴကတိုက္ခိုက္ဖို႔ လက္သည္းေတြေတာင္ထုတ္‌လိုက္ေသးတယ္။

" Rrrrrrr."

ခ်န္လိကလည္း က်ားျဖဴကိုေက်ာေပၚက ခါခ်ၿပီးမ်က္ႏွာခ်င္းဆိုင္ကာ ဟိန္းေဟာက္လိုက္တယ္။ က်ားျဖဴကလည္း ဆက္တိုက္ေအာ္သံေပးၿပီး ခ်န္လိကို လိုက္ကုတ္ေနတယ္။ သူ႕ခမ်ာ ေက်ာေမြးေတြ‌ပါ ေထာင္ေနၿပီျဖစ္တယ္။

ထိုစဥ္ သံေခ်းတက္ေနတဲ့ဓားေျမႇာင္တစ္ေခ်ာင္းက ေလထဲကလြင့္လာၿပီး ခ်န္လိဆီဦးတည္ေနတယ္။ ခ်န္လိလည္း ကုနန္းကိုဖက္ကာ ေ႐ွာင္လိုက္တယ္။

ကုနန္းလည္း က်ားျဖဴဆီကေန သူတို႔ဆီေရာက္လာတဲ့ ပစၥည္းအစုတ္ေတြကိုၾကည့္ရင္း စိတ္ပ်က္ေနေတာ့တယ္။ ပစၥည္းေတြကလည္း အမ်ိဳးစုံဆိုဒ္စုံျဖစ္ေလတယ္။ အမ်ိဳးစုံတာမွ zombieအေလာင္းေတြပါ ထြက္လာေသးတယ္!!!။

လြန္ခဲ့တဲ့သုံးရက္ကတည္းက က်ားျဖဴအျပင္ထြက္လည္တတ္တဲ့အက်င့္ရေနတာျဖစ္တယ္။  ကုနန္းရဲ႕စိတ္ကလည္းစြမ္းအားေလ့က်င့္ေရးအေပၚမဟုတ္ရင္ ေကာင္စုတ္ေလးဆီေရာက္ေနတာေၾကာင့္ က်ားျဖဴကိုတစ္ေကာင္တည္းပဲ လႊတ္ထားလိုက္တယ္။

' ဘယ္သူသိမွာလဲ။  ဒီေကာင္ေလးက space႐ွိလာၿပီး ေပါက္တတ္ကရေတြ လိုက္ေကာက္ၿပီးသိမ္းထားမယ္ဆိုတာ...'

zombieအေလာင္းေတြက မ်ားသထက္မ်ားလာၿပီး ကုနန္းလည္း က်ားျဖဴကိုရပ္ဖို႔ေျပာရေတာ့တယ္။

'သပ့ပဲ ဘာလို႔သူ႕spaceထဲမွာ ဇြန္ဘီအေလာင္းေတြက ဒီေလာက္မ်ားေနရတာလဲ? ပိုဆိုးတာက ငါကဒါေတြကို ဘယ္လိုျပန္ပို႔ရမွာလဲ? နင္...အစာက်မ႐ွာခဲ့တဲ့ ေသာက္ပိုေတြပဲ ႐ွာလာခဲ့တယ္။ ငါတို႔က ဒါေတြစားရမွာလား?   '

ကုနန္းလက္မခံႏိုင္ရင္ေတာင္မွ ဒီအေျခေနႀကီးကို လက္ခံထားဖို႔ပဲ ႐ွိေတာ့တယ္။ 

"ငါ့ႏွယ္ ဒီႏွစ္ေကာင္စလုံးကို နားမလည္ႏိုင္ေတာ့ဘူး ဂါးးးး "

"Rr.. "

ဟိန္းေဟာက္သံပိစိေလး အခန္းေထာင့္ကထြက္လာတယ္။ ကုနန္းလည္း ဘာထပ္ျဖစ္ျပန္တာလဲဆိုတဲ့အၾကည့္နဲ႔ လွည့္ၾကည့္လိုက္ေတာ့  zombieအေလာင္းေတြက တေျဖးေျဖးထလာတာကို ေတြ႕လိုက္ရတယ္။

ခ်န္လိရဲ႕အ႐ွိန္ဝါေၾကာင့္ အဲ့ေကာင္ေတြက ဒီဘက္ကိုတိုးမလာဘဲ အခန္းေထာင့္မွာတင္ သူတို႔ကိုယ္ကိုက်ံဳႏိုင္သမွ်က်ံဳထားၾကတယ္။

ကုနန္းဆြံအသြားတယ္။

"ဒီေကာင္ေတြ ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတာပဲ။ ခနေလး  သူတို႔ကအသက္႐ွိေနတာလား.... "

Transalated by Anna💚
18.5.21(Tuesday)

Continue Reading

You'll Also Like

98.3K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)
380K 51K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
865K 48.3K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
45.1K 1.4K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...