Unicode
ညသန်းခေါင်အချိန်လောက်မှာ အောက်ထပ်ကဆူညံပွက်လောရိုက်သံတွေ ထွက်လာတယ်။ တစ်ယောက်ယောက်က တတိယထပ်တံခါးကို လာထုနေတာကြောင့် အသံတွေက ပိုစိတ်ရှုပ်စရာကောင်းလာတယ်။
ကုနန်းကမျက်မှောင်ကြုတ်ပြီး ထထိုင်လိုက်တယ်။ ချန်လိကတော့ ပြတင်းပေါက်ထောင့်နားမှာ ကြက်ပေါက်လေးလို ကုတ်ကုတ်လေးဝပ်နေလေတယ်။ ကုနန်းဆီကလှုပ်သံကြားတာနဲ့ ကုနန်းအနားအပြေးလာပြီး သူမလက်ချောင်းတွေကိုစိုက်ကြည့်နေတော့တယ်။
' သေလိုက်တော့ သူအခုထိဆာနေတုန်းလား '
အနာဂတ်ဘုရင်ကြီးကို သူ့ရဲ့**နို့ **မတိုက်ခင် ကုနန်းစိတ်ပျက်လက်ပျက် ဆံပင်တွေဖွလိုက်တော့တယ်။ နောက်တော့ ချန်လိကိုလျစ်လျူရှုလိုက်ကာ တံခါးဆီဓါးနဲ့ချိန်ထားရင်း ကုတင်ပေါ်ကထလိုက်တော့တယ်။ ချန်လိသူမနောက်က သုံးလှမ်းလောက်ထိ လိုက်ခဲ့ပေမဲ့ ပြတင်းပေါက်နားကသူ့နေရာလေးကိုပဲ ပြန်သွားပြီးကွေးနေလိုက်တော့တယ်။
/ကလေးကနို့မတိုက်လို့ စိတ်ကောက်သွားပြီ/
ကုနန်းတံခါးနားမှာရပ်နေပြီး အပြင်ကအသံတွေကို နားစွင့်နေလိုက်တယ်။ လှုပ်လှုပ်ရှားရှားရှိနေသေးပေမဲ့ စောနကလောက် ပွက်လောရိုက်မနေတော့ဘူး။ ကြည့်ရတာ တစ်ယောက်မှzombieဖြစ်သွားတဲ့ပုံမရဘူး။ ကုနန်း အခြေနေကိုသုံးသပ်ကြည့်ပြီး တံခါးဖွင့်လိုက်တယ်။
တံခါးဖျက်ဖို့လုပ်နေတဲ့ အပြင်ကလူတွေသုံးတဲ့ပစ္စည်းက မယ်မယ်ရရထိရောက်သေးတာမဟုတ်ဘူး(တံခါးမပျက်သေးဘူး)။ တံခါးအပြင်ဘက် ရှေ့ဆုံးကမိန်းကလေးက အမှောင်ထဲကထွက်လာတဲ့ လူရိပ်ကြောင့် အလန့်တကြားအော်လိုက်ပြီး အနောက်ကို ပြေးဆုတ်လိုက်တယ်။
သူမရဲ့အော်သံကြောင့် လူတွေလှည့်ကြည့်လိုက်ကြတယ်။ လူတစ်ယောက်က မီးအိမ်တစ်လုံးနဲ့ ကုနန်းဆီ ပစ်ပေါက်လိုက်တယ်။ ထိုလူက ကုနန်းကိုထိခိုက်ဖို့အတွက်ထိ မရည်ရွယ်ထားတာကြောင့် မီးအိမ်က ကုနန်းရှေ့နားပဲကျသွားတယ်။ မီးအိမ်ကအလင်းကြောင့် ကုနန်းကိုလူတွေရှင်းရှင်းလင်းလင်း မြင်လိုက်ကြရတော့တယ်။
" လူပဲ။ လန့်လို့သေတော့မယ် zombieများလားလို့ ...."
"နင့်ကို ပြောပြီးသားလေ တတိယထပ်ကလူတွေကို သွားမနှောင့်ယှက်နဲ့လို့ အာ့ကိုဘာလို့ တံခါးကိုသွားဖျက်ဆီးနေတာလဲ။ "
" မဟုတ်ပါဘူး။ ငါတို့က စိုးရိမ်ပြီး..."
" ဘာစိုးရိမ်စရာရှိလို့လဲ ကောင်းရန် နင်ဘာကြံနေတာလည်း ငါသိတယ်နော် "
သူတို့အချင်းချင်း စပြီးစကားများကြတော့တယ်။ ကုနန်းလည်း ခေါင်းကိုက်လာတာကြောင့် စိတ်တိုတိုနဲ့ အော်လိုက်တော့တယ်။
" နင်တို့ဘာလိုချင်တာလဲ? "
'ညသန်းခေါင်မှာတောင် ရန်ဖြစ်ဖို့အားရှိကြသေးတယ်။ တော်တော်အားယားနေကြလားမသိဘူး '
" နင်တို့မှာ နေရာရှိသေးရင် ငါတို့ကိုပေးဝင်ပါလား"
စောနကမီးအိမ်ကိုပစ်လိုက်တဲ့ မိန်းကလေးက စိတ်ကြီးဝင်နေတဲ့အသံနဲ့ ပြောလိုက်တယ်။
ဒီနေရာမှာ အုပ်စုသုံးစုကွဲနေတာ သိသိသာသာပဲ။ ကောင်းရန်ဆိုတဲ့မိန်းကလေးဦးဆောင်တဲ့ စဆရမတစ်အုပ်ကတစ်ဖွဲ့ ၊ စဆရမကတွေကို ဆန့်ကျင်နေတဲ့ ဆက်ရက်မတို့ကတစ်ဖွဲ့ ၊ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး ဘေးထွက်ရပ်နေတဲ့ တစ်ဖွဲ့တို့ပဲ ဖြစ်တယ်။
ခုလိုဘေးဒုက္ခရောက်ပြီးဆူညံနေတာတောင် အထွန့်တက်ပြီး ပွစိပွစိပြောနေကြပေမဲ့ ကုနန်းကြောင့် ကျယ်ကျယ်တော့ထုတ်မပြောရဲကြဘူး။
..........
ကောင်းရန်။ သူကဝတ္ထုရဲ့ အရေးကြီးတဲ့ဗီလိန်တွေထဲက တစ်ယောက်ပဲ။ ကောင်းကျင်းဦးလေးရဲ့ သမီး။ ကောင်းကျင်းနဲ့ကောင်းနန်ကသွေးမတော်ပေမဲ့ ကောင်းရန်အဖေက ကောင်းကျင်းကိုမွေးစားထားကြောင့် သူတို့ကဝမ်းကွဲမောင်နှမတွေ ဖြစ်သွားကြတယ်။ ကောင်းရန်အဖေက ကုနန်းခိုးလာတဲ့ကားပိုင်ရှင်လည်းဖြစ်သေးတယ်။ သူသေသွားတော့ ကောင်းကျင်းကိုသူ့သမီးကိုစောင့်ရှောက်ပေးဖို့မှာခဲ့တယ်။ သူတို့မောင်နှမရဲ့နှောင်ကြိုးက ချီမင်ယွဲ့တို့အတွဲနဲ့တွေ့တဲ့အခါ ပြတ်သွားတော့တယ်။ ကောင်းကျင်းက ချီမင်ယွဲ့ရဲ့အရုပ်တွေထဲက တစ်ရုပ်။ ညီမဖြစ်သူကတော့ ဆောင်းရှီရဲ့လှည့်ကွက်ထဲမှာမိနေတဲ့သူ။ဒါကြောင့် ကောင်းရန်အမုန်းဆုံးသူကိုပြောရရင် အကိုဖြစ်သူကိုကြိုးကိုင်ထားတဲ့ချီမင်ယွဲ့ပဲ။
ဒါကြောင့်မောင်နှမနှစ်ယောက်က ရန်ဖြစ်ကြပြီး တဖြေးဖြေးဝေးကွာသွားတော့တယ်။နောက်ဆုံးမှာ zombieဖြစ်သွားတဲ့ညီမဖြစ်သူကို အကိုကိုယ်တိုင်ပစ်သတ်လိုက်ရတော့တယ်။ကောင်းကျင်းရဲ့ဇာတ်သိမ်းကလည်း အကောင်းကြီးမဟုတ်။ ချီမင်ယွဲ့ရဲ့နယ်ရုပ်တရုပ်အနေနဲ့ အဆုံးသတ်သွားရတာပဲ။
အခုကောင်းနန်းဒီရောက်နေပုံအရ သူ့အကိုနဲ့မတွေ့ရသေးဘူးဆိုတဲ့သဘောပဲ။ ဒီအချက်လက်တွေအားလုံးကိုတွေးဖို့ ကုနန်းစက္ကန့်ပိုင်းလောက်သာယူလိုက်ရတယ်။ ကုနန်းတံခါးကိုမှီထားရင်း ပြောလိုက်တယ်။
" ငါကဘာလို့ပေးဝင်ရမှာလဲ? "
' ဒီလူတွေက အထွန့်လာတက်နေတာလား။ တစ်ဖျာလောက်ရလိုက်တာနဲ့ တစ်ရုံလုံးလိုချင်နေတာလား '
" *ဘာလို့လဲ*ဆိုတာ ဘာကိုပြောတာလဲ။ ခုချိန်က အားလုံးမျှနေရမှာလေ လှေကားမှာလူတွေ ဘယ်လောက်ကြပ်နေတာလဲ မသိဘူးလား နင်တစ်ယောက်တည်း တစ်ထပ်လုံးကို မောင်ပိုင်စီးထားတာ မလွန်လွန်ဘူးလား "
ကောင်းရန်ဒေါသထွက်လာတယ်။ သူမက ကပ်မစခင်က အလိုလိုက်ခံထားရတဲ့ တတိယမျိုးဆက်တစ်ယောက်ပဲ။ အခုတော့ သူမကဒီညစ်ပတ်ပြီး ငိုယိုနေတဲ့လူအုပ်ကြီးကြားထဲမှာ ကျပ်ပိတ်သိပ်ပြီး နေနေရတယ်။ ဒီလိုဖြစ်မယ်မှန်းသိရင် သူ့အကိုနဲ့ ရန်ဖြစ်ပြီး ထွက်ပြေးလာမှာမဟုတ်ဘူး။
သူတို့သောင်တင်နေတဲ့ ဒီအဆောက်ဦးရဲ့ တာဝန်ခံက တတိယထပ်ကိုသွားမနှောင့်ယှက်ဖို့ ပြောထားတယ်။ ပြီးတော့ တတိယထပ်မှာ မိန်းကလေးငယ်လေးတစ်ယောက်တည်းရှိတာကိုပါ သူမသိထားလို့ တံခါးဖျက်ဝင်ဖို့ဆုံဖြတ်ခဲ့တာ ဖြစ်တယ်။
" ဒါ ငါနဲ့ ဘာဆိုင်လို့လဲ? "
'နင်တို့က ပေါင်မုန့်တစ်လုံးအတွက်နဲ့တောင် လူသတ်ရဲနေတာ ငါ့နေရာကိုဘာကိစ္စပေးလိုက်ရမှာလဲ? '
ကုနန်းရဲ့ပုံစံက ကောင်းရန်ကိုပိုဒေါသထွက်စေတယ်။
"နင်ကြိုက်ကြိုက် မကြိုက်ကြိုက် ငါကဝင်လာမှာပဲ။ "
ကောင်းရန်အပေါ်တက်ဖို့ ဟန်ပြင်လိုက်တယ်။ ကုနန်းရဲ့မျက်လုံးတွေက မှေးလာပြီးပိုပြီးအေးစက်လိုက်တယ်။ ကောင်းရန်ခြေတစ်လှမ်းထပ်တိုးလိုက်တာနဲ့ ကုနန်းလက်ထဲကဓားက သူမလည်ပင်းဆီတန်းတန်းရောက်သွားတော့တယ်။
ကောင်းရန်လည်း ကုနန်းလက်ထဲကဓားကို သတိမထားမိတာကြောင့် သူမရှေ့ဓားကြီးရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။ ရုတ်တရက်ဆိုတော့သူမကအကာကွယ်မဲ့နေပြီး ဓားကသူမပုခုံးထက်ကရောက်လာပြီး ဆံပင်တချို့ကိုတောင် ပြတ်သွားစေတယ်။
ကုနန်းခါးကိုလှည့်ပြီး ဓားနဲ့ချိန်လိုက်တာဖြစ်တယ်။ ကောင်းရန်သူမပုခုံးပေါ်က အေးစက်စက်ခံစားမှုကြောင့် အရိုးထဲကပါ ကြောက်လန့်လာတယ်။
"မလှုပ်နဲ့။ okay? ငါ့ဓားကထက်လွန်းတယ်။ နင်လှုပ်လိုက်ရင် နင့်ခေါင်းကလည်ပင်းနဲ့မြဲဦးပါ့မလား အာမမခံနိုင်ဘူး။ "
ပွက်လောရိုက်နေတဲ့ လူအုပ်ကြီးတစ်ခုလုံးက အေးစက်မှုကြောင့် ချက်ချင်းတိတ်ဆိတ်သွားတယ်။ဒါကြောင့် ကုနန်းရဲ့အေးစက်ပြီးတိုးညှင်းတဲ့ခြိမ်းခြောက်သံကို အားလုံးပြတ်ပြတ်သားသားကြားလိုက်ရတယ်။
* တောက် တောက် တောက် *
ခြေသံတစ်သံက လှေကားရင်းနားရောက်တာနဲ့ရပ်သွားတယ်။ လူတစ်ယောက်က ဓာတ်မီးကိုကိုင်လာပြီး ရောက်လာတယ်။ ကုနန်းရှိနေတဲ့ လှေကားထိပ်ကို ဓာတ်မီးတန်းမထိုးဘဲ လှေကားတစ်လျှောက်မှာ ဘယ်သူတွေရှိနေတာလည်းဆိုတာကိုသိရအောင် အရင်မီးထိုးကြည့်လိုက်တယ်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ"
စကားသံဆုံးဆုံးချင်း ကုနန်းလှည့်ကြည့်လိုက်တော့ ပထမဆုံးသူနဲ့နေရာကိစ္စလာညှိုနှိုင်းတဲ့ တပ်မှူးဖြစ်နေတယ်။တပ်မှူးလည်း ကုနန်းကိုမော့ကြည့်ရင်း သူမဓားနဲ့ရွယ်ခံထားရတဲ့ ကောင်းရန်ကိုပါ တွေ့လိုက်ရတယ်။
" ကောင်းရန် နင်ဒီမှာ ဘာလုပ်လုပ်တာလဲ။ ငါတတိယထပ်ကို မသွားနဲ့လို့ မှာထားတယ်လေ "
' ဒီမိန်းကလေးက တချက်ကြည့်ရုံနဲ့ ထူးဆန်းတဲ့သူမှန်းသိနိုင်တယ်။ငါသူတို့ကို ဒီမလာပါနဲ့လို့ သတိပေးထားရက်နဲ့။ ဒီပြသနာက မိန်းကလေးကစမဲ့ပုံမဟုတ်ဘူး ကောင်းရန်လုပ်တာပဲဖြစ်မယ် '
ကပ္ပတိန်ချန်း သူငါ့ကို ဓားတစ်ချောင်းနဲ့ရွယ်ထားတာ မမြင်ဘူးလား"
ကောင်းရန် ဒေါသတကြီးအော်ပြောလိုက်တယ်။ သူနမျက်လုံးတွေက ဒေါသကြောင့်ရဲနေပြီ။
" ရှောင်နန်? "
ကုနန်းရဲ့အကြည့်တွေက ချန်းရှင်း နောက်က လူဆီရောက်သွားတယ်။ ချီမင်ယွဲ့ ? လည်သာအကျီနဲ့ တော်တော်လေးကြည့်ကောင်းနေတယ်လို့ ပြောလို့ရတယ်။ အရမ်းကိုစိုးရိမ်နေတဲ့ ပုံစံနဲ့ ချန်းရှင်းရဲ့အနောက်ကနေ ထွက်လာတယ်။
" နင်ဘယ်လိုလုပ် ဒီရောက်နေတာလဲ. ရုတ်တရက်ကြီးပျောက်သွားတော့ ငါတို့မှာ စိတ်ပူနေရတာ။ ကောင်းရန်ကို လွှတ်လိုက်ဦးလေ အထင်လွဲတာတွေရှိရင်လည်း စကားနဲ့ပြောကြတာပေါ့ "
' ထွီ ငါမသေမှာစိုးရိမ်တယ်လို့ပြောစမ်းပါ နောက်ဆုံးတစ်ခေါက် ချောင်းတိုက်တာ ဘယ်သူမို့လို့လဲ။လူကြားထဲမှ ဟန်ဆောင်နေတယ်။ ကြာပန်းဖြူအတတ်တွေ ဘယ်ကရလာလဲမသိဘူး '
" မိန်းကလေးချီက ဒီကမိန်းမငယ်လေးနဲ့ အသိတွေလား "
Transalated by Anna💚
Zawgyi
Arc.4.8
ညသန္းေခါင္အခ်ိန္ေလာက္မွာ ေအာက္ထပ္ကဆူညံပြက္ေလာ႐ိုက္သံေတြ ထြက္လာတယ္။ တစ္ေယာက္ေယာက္က တတိယထပ္တံခါးကို လာထုေနတာေၾကာင့္ အသံေတြက ပိုစိတ္႐ႈပ္စရာေကာင္းလာတယ္။
ကုနန္းကမ်က္ေမွာင္ၾကဳတ္ၿပီး ထထိုင္လိုက္တယ္။ ခ်န္လိကေတာ့ ျပတင္းေပါက္ေထာင့္နားမွာ ၾကက္ေပါက္ေလးလို ကုတ္ကုတ္ေလးဝပ္ေနေလတယ္။ ကုနန္းဆီကလႈပ္သံၾကားတာနဲ႔ ကုနန္းအနားအေျပးလာၿပီး သူမလက္ေခ်ာင္းေတြကိုစိုက္ၾကည့္ေနေတာ့တယ္။
' ေသလိုက္ေတာ့ သူအခုထိဆာေနတုန္းလား '
အနာဂတ္ဘုရင္ႀကီးကို သူ႕ရဲ႕**ႏို႔ **မတိုက္ခင္ ကုနန္းစိတ္ပ်က္လက္ပ်က္ ဆံပင္ေတြဖြလိုက္ေတာ့တယ္။ ေနာက္ေတာ့ ခ်န္လိကိုလ်စ္လ်ဴ႐ႈလိုက္ကာ တံခါးဆီဓါးနဲ႔ခ်ိန္ထားရင္း ကုတင္ေပၚကထလိုက္ေတာ့တယ္။ ခ်န္လိသူမေနာက္က သုံးလွမ္းေလာက္ထိ လိုက္ခဲ့ေပမဲ့ ျပတင္းေပါက္နားကသူ႕ေနရာေလးကိုပဲ ျပန္သြားၿပီးေကြးေနလိုက္ေတာ့တယ္။
/ကေလးကႏို႔မတိုက္လို႔ စိတ္ေကာက္သြားၿပီ/
ကုနန္းတံခါးနားမွာရပ္ေနၿပီး အျပင္ကအသံေတြကို နားစြင့္ေနလိုက္တယ္။ လႈပ္လႈပ္႐ွား႐ွား႐ွိေနေသးေပမဲ့ ေစာနကေလာက္ ပြက္ေလာ႐ိုက္မေနေတာ့ဘူး။ ၾကည့္ရတာ တစ္ေယာက္မွzombieျဖစ္သြားတဲ့ပုံမရဘူး။ ကုနန္း အေျခေနကိုသုံးသပ္ၾကည့္ၿပီး တံခါးဖြင့္လိုက္တယ္။
တံခါးဖ်က္ဖို႔လုပ္ေနတဲ့ အျပင္ကလူေတြသုံးတဲ့ပစၥည္းက မယ္မယ္ရရထိေရာက္ေသးတာမဟုတ္ဘူး(တံခါးမပ်က္ေသးဘူး)။ တံခါးအျပင္ဘက္ ေ႐ွ႕ဆုံးကမိန္းကေလးက အေမွာင္ထဲကထြက္လာတဲ့ လူရိပ္ေၾကာင့္ အလန္႔တၾကားေအာ္လိုက္ၿပီး အေနာက္ကို ေျပးဆုတ္လိုက္တယ္။
သူမရဲ႕ေအာ္သံေၾကာင့္ လူေတြလွည့္ၾကည့္လိုက္ၾကတယ္။ လူတစ္ေယာက္က မီးအိမ္တစ္လုံးနဲ႔ ကုနန္းဆီ ပစ္ေပါက္လိုက္တယ္။ ထိုလူက ကုနန္းကိုထိခိုက္ဖို႔အတြက္ထိ မရည္႐ြယ္ထားတာေၾကာင့္ မီးအိမ္က ကုနန္းေ႐ွ႕နားပဲက်သြားတယ္။ မီးအိမ္ကအလင္းေၾကာင့္ ကုနန္းကိုလူေတြ႐ွင္း႐ွင္းလင္းလင္း ျမင္လိုက္ၾကရေတာ့တယ္။
" လူပဲ။ လန္႔လို႔ေသေတာ့မယ္ zombieမ်ားလားလို႔ ...."
"နင့္ကို ေျပာၿပီးသားေလ တတိယထပ္ကလူေတြကို သြားမေႏွာင့္ယွက္နဲ႔လို႔ အာ့ကိုဘာလို႔ တံခါးကိုသြားဖ်က္ဆီးေနတာလဲ။ "
" မဟုတ္ပါဘူး။ ငါတို႔က စိုးရိမ္ၿပီး..."
" ဘာစိုးရိမ္စရာ႐ွိလို႔လဲ ေကာင္းရန္ နင္ဘာၾကံေနတာလည္း ငါသိတယ္ေနာ္ "
သူတို႔အခ်င္းခ်င္း စၿပီးစကားမ်ားၾကေတာ့တယ္။ ကုနန္းလည္း ေခါင္းကိုက္လာတာေၾကာင့္ စိတ္တိုတိုနဲ႔ ေအာ္လိုက္ေတာ့တယ္။
" နင္တို႔ဘာလိုခ်င္တာလဲ? "
'ညသန္းေခါင္မွာေတာင္ ရန္ျဖစ္ဖို႔အား႐ွိၾကေသးတယ္။ ေတာ္ေတာ္အားယားေနၾကလားမသိဘူး '
" နင္တို႔မွာ ေနရာ႐ွိေသးရင္ ငါတို႔ကိုေပးဝင္ပါလား"
ေစာနကမီးအိမ္ကိုပစ္လိုက္တဲ့ မိန္းကေလးက စိတ္ႀကီးဝင္ေနတဲ့အသံနဲ႔ ေျပာလိုက္တယ္။
ဒီေနရာမွာ အုပ္စုသုံးစုကြဲေနတာ သိသိသာသာပဲ။ ေကာင္းရန္ဆိုတဲ့မိန္းကေလးဦးေဆာင္တဲ့ စဆရမတစ္အုပ္ကတစ္ဖြဲ႕ ၊ စဆရမကေတြကို ဆန္႔က်င္ေနတဲ့ ဆက္ရက္မတို႔ကတစ္ဖြဲ႕ ၊ ငါတို႔နဲ႔မဆိုင္ဘူးဆိုၿပီး ေဘးထြက္ရပ္ေနတဲ့ တစ္ဖြဲ႕တို႔ပဲ ျဖစ္တယ္။
ခုလိုေဘးဒုကၡေရာက္ၿပီးဆူညံေနတာေတာင္ အထြန္႔တက္ၿပီး ပြစိပြစိေျပာေနၾကေပမဲ့ ကုနန္းေၾကာင့္ က်ယ္က်ယ္ေတာ့ထုတ္မေျပာရဲၾကဘူး။
..........
ေကာင္းရန္။ သူကဝတၳဳရဲ႕ အေရးႀကီးတဲ့ဗီလိန္ေတြထဲက တစ္ေယာက္ပဲ။ ေကာင္းက်င္းဦးေလးရဲ႕ သမီး။ ေကာင္းက်င္းနဲ႔ေကာင္းနန္ကေသြးမေတာ္ေပမဲ့ ေကာင္းရန္အေဖက ေကာင္းက်င္းကိုေမြးစားထားေၾကာင့္ သူတို႔ကဝမ္းကြဲေမာင္ႏွမေတြ ျဖစ္သြားၾကတယ္။ ေကာင္းရန္အေဖက ကုနန္းခိုးလာတဲ့ကားပိုင္႐ွင္လည္းျဖစ္ေသးတယ္။ သူေသသြားေတာ့ ေကာင္းက်င္းကိုသူ႕သမီးကိုေစာင့္ေ႐ွာက္ေပးဖို႔မွာခဲ့တယ္။ သူတို႔ေမာင္ႏွမရဲ႕ေႏွာင္ႀကိဳးက ခ်ီမင္ယြဲ႕တို႔အတြဲနဲ႔ေတြ႕တဲ့အခါ ျပတ္သြားေတာ့တယ္။ ေကာင္းက်င္းက ခ်ီမင္ယြဲ႕ရဲ႕အ႐ုပ္ေတြထဲက တစ္႐ုပ္။ ညီမျဖစ္သူကေတာ့ ေဆာင္း႐ွီရဲ႕လွည့္ကြက္ထဲမွာမိေနတဲ့သူ။ဒါေၾကာင့္ ေကာင္းရန္အမုန္းဆုံးသူကိုေျပာရရင္ အကိုျဖစ္သူကိုႀကိဳးကိုင္ထားတဲ့ခ်ီမင္ယြဲ႕ပဲ။
ဒါေၾကာင့္ေမာင္ႏွမႏွစ္ေယာက္က ရန္ျဖစ္ၾကၿပီး တေျဖးေျဖးေဝးကြာသြားေတာ့တယ္။ေနာက္ဆုံးမွာ zombieျဖစ္သြားတဲ့ညီမျဖစ္သူကို အကိုကိုယ္တိုင္ပစ္သတ္လိုက္ရေတာ့တယ္။ေကာင္းက်င္းရဲ႕ဇာတ္သိမ္းကလည္း အေကာင္းႀကီးမဟုတ္။ ခ်ီမင္ယြဲ႕ရဲ႕နယ္႐ုပ္တ႐ုပ္အေနနဲ႔ အဆုံးသတ္သြားရတာပဲ။
အခုေကာင္းနန္းဒီေရာက္ေနပုံအရ သူ႕အကိုနဲ႔မေတြ႕ရေသးဘူးဆိုတဲ့သေဘာပဲ။ ဒီအခ်က္လက္ေတြအားလုံးကိုေတြးဖို႔ ကုနန္းစကၠန္႔ပိုင္းေလာက္သာယူလိုက္ရတယ္။ ကုနန္းတံခါးကိုမွီထားရင္း ေျပာလိုက္တယ္။
" ငါကဘာလို႔ေပးဝင္ရမွာလဲ? "
' ဒီလူေတြက အထြန္႔လာတက္ေနတာလား။ တစ္ဖ်ာေလာက္ရလိုက္တာနဲ႔ တစ္႐ုံလုံးလိုခ်င္ေနတာလား '
" *ဘာလို႔လဲ*ဆိုတာ ဘာကိုေျပာတာလဲ။ ခုခ်ိန္က အားလုံးမွ်ေနရမွာေလ ေလွကားမွာလူေတြ ဘယ္ေလာက္ၾကပ္ေနတာလဲ မသိဘူးလား နင္တစ္ေယာက္တည္း တစ္ထပ္လုံးကို ေမာင္ပိုင္စီးထားတာ မလြန္လြန္ဘူးလား "
ေကာင္းရန္ေဒါသထြက္လာတယ္။ သူမက ကပ္မစခင္က အလိုလိုက္ခံထားရတဲ့ တတိယမ်ိဳးဆက္တစ္ေယာက္ပဲ။ အခုေတာ့ သူမကဒီညစ္ပတ္ၿပီး ငိုယိုေနတဲ့လူအုပ္ႀကီးၾကားထဲမွာ က်ပ္ပိတ္သိပ္ၿပီး ေနေနရတယ္။ ဒီလိုျဖစ္မယ္မွန္းသိရင္ သူ႕အကိုနဲ႔ ရန္ျဖစ္ၿပီး ထြက္ေျပးလာမွာမဟုတ္ဘူး။
သူတို႔ေသာင္တင္ေနတဲ့ ဒီအေဆာက္ဦးရဲ႕ တာဝန္ခံက တတိယထပ္ကိုသြားမေႏွာင့္ယွက္ဖို႔ ေျပာထားတယ္။ ၿပီးေတာ့ တတိယထပ္မွာ မိန္းကေလးငယ္ေလးတစ္ေယာက္တည္း႐ွိတာကိုပါ သူမသိထားလို႔ တံခါးဖ်က္ဝင္ဖို႔ဆုံျဖတ္ခဲ့တာ ျဖစ္တယ္။
" ဒါ ငါနဲ႔ ဘာဆိုင္လို႔လဲ? "
'နင္တို႔က ေပါင္မုန္႔တစ္လုံးအတြက္နဲ႔ေတာင္ လူသတ္ရဲေနတာ ငါ့ေနရာကိုဘာကိစၥေပးလိုက္ရမွာလဲ? '
ကုနန္းရဲ႕ပုံစံက ေကာင္းရန္ကိုပိုေဒါသထြက္ေစတယ္။
"နင္ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ ငါကဝင္လာမွာပဲ။ "
ေကာင္းရန္အေပၚတက္ဖို႔ ဟန္ျပင္လိုက္တယ္။ ကုနန္းရဲ႕မ်က္လုံးေတြက ေမွးလာၿပီးပိုၿပီးေအးစက္လိုက္တယ္။ ေကာင္းရန္ေျခတစ္လွမ္းထပ္တိုးလိုက္တာနဲ႔ ကုနန္းလက္ထဲကဓားက သူမလည္ပင္းဆီတန္းတန္းေရာက္သြားေတာ့တယ္။
ေကာင္းရန္လည္း ကုနန္းလက္ထဲကဓားကို သတိမထားမိတာေၾကာင့္ သူမေ႐ွ႕ဓားႀကီးေရာက္လာမယ္လို႔ မေမွ်ာ္လင့္ထားဘူး။ ႐ုတ္တရက္ဆိုေတာ့သူမကအကာကြယ္မဲ့ေနၿပီး ဓားကသူမပုခုံးထက္ကေရာက္လာၿပီး ဆံပင္တခ်ိဳ႕ကိုေတာင္ ျပတ္သြားေစတယ္။
ကုနန္းခါးကိုလွည့္ၿပီး ဓားနဲ႔ခ်ိန္လိုက္တာျဖစ္တယ္။ ေကာင္းရန္သူမပုခုံးေပၚက ေအးစက္စက္ခံစားမႈေၾကာင့္ အ႐ိုးထဲကပါ ေၾကာက္လန္႔လာတယ္။
"မလႈပ္နဲ႔။ okay? ငါ့ဓားကထက္လြန္းတယ္။ နင္လႈပ္လိုက္ရင္ နင့္ေခါင္းကလည္ပင္းနဲ႔ၿမဲဦးပါ့မလား အာမမခံႏိုင္ဘူး။ "
ပြက္ေလာ႐ိုက္ေနတဲ့ လူအုပ္ႀကီးတစ္ခုလုံးက ေအးစက္မႈေၾကာင့္ ခ်က္ခ်င္းတိတ္ဆိတ္သြားတယ္။ဒါေၾကာင့္ ကုနန္းရဲ႕ေအးစက္ၿပီးတိုးညႇင္းတဲ့ၿခိမ္းေျခာက္သံကို အားလုံးျပတ္ျပတ္သားသားၾကားလိုက္ရတယ္။
* ေတာက္ ေတာက္ ေတာက္ *
ေျခသံတစ္သံက ေလွကားရင္းနားေရာက္တာနဲ႔ရပ္သြားတယ္။ လူတစ္ေယာက္က ဓာတ္မီးကိုကိုင္လာၿပီး ေရာက္လာတယ္။ ကုနန္း႐ွိေနတဲ့ ေလွကားထိပ္ကို ဓာတ္မီးတန္းမထိုးဘဲ ေလွကားတစ္ေလွ်ာက္မွာ ဘယ္သူေတြ႐ွိေနတာလည္းဆိုတာကိုသိရေအာင္ အရင္မီးထိုးၾကည့္လိုက္တယ္။
"ဒီမွာ ဘာေတြျဖစ္ေနတာလဲ"
စကားသံဆုံးဆုံးခ်င္း ကုနန္းလွည့္ၾကည့္လိုက္ေတာ့ ပထမဆုံးသူနဲ႔ေနရာကိစၥလာညိႇဳႏိႈင္းတဲ့ တပ္မႉးျဖစ္ေနတယ္။တပ္မႉးလည္း ကုနန္းကိုေမာ့ၾကည့္ရင္း သူမဓားနဲ႔႐ြယ္ခံထားရတဲ့ ေကာင္းရန္ကိုပါ ေတြ႕လိုက္ရတယ္။
" ေကာင္းရန္ နင္ဒီမွာ ဘာလုပ္လုပ္တာလဲ။ ငါတတိယထပ္ကို မသြားနဲ႔လို႔ မွာထားတယ္ေလ "
' ဒီမိန္းကေလးက တခ်က္ၾကည့္႐ုံနဲ႔ ထူးဆန္းတဲ့သူမွန္းသိႏိုင္တယ္။ငါသူတို႔ကို ဒီမလာပါနဲ႔လို႔ သတိေပးထားရက္နဲ႔။ ဒီျပသနာက မိန္းကေလးကစမဲ့ပုံမဟုတ္ဘူး ေကာင္းရန္လုပ္တာပဲျဖစ္မယ္ '
ကပၸတိန္ခ်န္း သူငါ့ကို ဓားတစ္ေခ်ာင္းနဲ႔႐ြယ္ထားတာ မျမင္ဘူးလား"
ေကာင္းရန္ ေဒါသတႀကီးေအာ္ေျပာလိုက္တယ္။ သူနမ်က္လုံးေတြက ေဒါသေၾကာင့္ရဲေနၿပီ။
" ေ႐ွာင္နန္? "
ကုနန္းရဲ႕အၾကည့္ေတြက ခ်န္း႐ွင္း ေနာက္က လူဆီေရာက္သြားတယ္။ ခ်ီမင္ယြဲ႕ ? လည္သာအက်ီနဲ႔ ေတာ္ေတာ္ေလးၾကည့္ေကာင္းေနတယ္လို႔ ေျပာလို႔ရတယ္။ အရမ္းကိုစိုးရိမ္ေနတဲ့ ပုံစံနဲ႔ ခ်န္း႐ွင္းရဲ႕အေနာက္ကေန ထြက္လာတယ္။
" နင္ဘယ္လိုလုပ္ ဒီေရာက္ေနတာလဲ. ႐ုတ္တရက္ႀကီးေပ်ာက္သြားေတာ့ ငါတို႔မွာ စိတ္ပူေနရတာ။ ေကာင္းရန္ကို လႊတ္လိုက္ဦးေလ အထင္လြဲတာေတြ႐ွိရင္လည္း စကားနဲ႔ေျပာၾကတာေပါ့ "
' ထြီ ငါမေသမွာစိုးရိမ္တယ္လို႔ေျပာစမ္းပါ ေနာက္ဆုံးတစ္ေခါက္ ေခ်ာင္းတိုက္တာ ဘယ္သူမို႔လို႔လဲ။လူၾကားထဲမွ ဟန္ေဆာင္ေနတယ္။ ၾကာပန္းျဖဴအတတ္ေတြ ဘယ္ကရလာလဲမသိဘူး '
" မိန္းကေလးခ်ီက ဒီကမိန္းမငယ္ေလးနဲ႔ အသိေတြလား "
Transalated by Anna💚