Unicode
ချီမင်ယွဲ့ရဲ့ လေသံ အပြုမူတွေကတော့ နွေးထွေးတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းသူမစိတ်ထဲ တွေးနေတာက
' အဓိကဇာတ်လိုက်မဆိုတော့လည်း အသက်ပြင်းလိုက်တာ ဇွန်ဘီတွေရှိနေတဲ့နေရာမှာတံခါးပွင့်ရက်နဲ့ ပစ်ထားခဲ့တာတောင်မှ ဒီအထိလိုက်လာနိုင်ခဲ့သေးတယ် ကံကတော်တော်လေးကောင်းတာပဲဘယ်လိုပဲဖြစ်ဖြစ် သူ့စွမ်းအားရဲ့အဓိက cheatတွေက ငါ့လက်ထဲမှာပဲ cheatတွေမရှိဘဲနဲ့ ဝတ္ထုထဲကလို စွမ်းနိုင်ပါ့ဦးမလား ကြည့်ချင်သေးတယ် '
"မင်ယွဲ့ သမီးဘာလို့အဲ့ကောင်မနဲ့ စကားသွားပြောနေရတာလဲ ကျေးဇူးကန်းတဲ့ဟာမကို အဖက်မလုပ်နဲ့ မတန်ဘူး "
ကုအဘွားကြီးက ချီမင်ယွဲ့လက်ကို ဆွဲပြီး လှည့်ပြန်ဖို့ ဟန်ပြင်လိုက်တယ်။
"ဒေါ်လေး ခနနေပါဦး ဝမ်းကွဲအမက တစ်ယောက်တည်း ဖြစ်နေရှာတာလေ "
"သူ့လိုကောင်မနဲ့ သမီးစိတ်ကိုအနှောင့်ယှက်မဖြစ်စေနဲ့ မနေ့ကသမီးဒီမှာ မရှိလို့ ဒီဟာမပြောတာ မကြားလိုက်တာ ခုကစပြီး ဒေါ်လေးမှာ သူ့လိုသမီးမရှိဘူး "
"ဒါပေမယ့် ဒေါ်လေးရယ် သမီးတို့ကမိသားစုတွေပဲလေ ဝမ်းကွဲအမက ငယ်တုန်းမို့ သွေးဆူလွယ်လို့ပါ ဝမ်းကွဲအမပြောတာကို အတည်မှတ်ပြီး ပစ်ပစ်ခါခါမဆက်ဆံလိုက်ပါနဲ့ ဒေါ်လေးရယ် နော် "
/Annaတော့အန်ချင်လာပြီ💩/
သူတို့နှစ်ယောက်ရဲ့ ချီးလိုစကားတွေကတဖြေးဖြေးနဲ တိုးသွားပြီး ပျောက်သွားတော့တယ်။
ကုနန်းခေါင်းကို ငုံ့ထားပြီး လက်ထဲကဓားနဲ့ဆော့နေတုန်းမှာပဲ သူမရှေ့မှာ လာရပ်နေတဲ့အရိပ်တစ်ခုကို တွေ့လိုက်ရတယ်။ ကုနန်းခေါင်းကို ဖြေးဖြေးချင်းမော့ကြည့်လိုက်တဲ့အခါမှာ အေးစက်နေတဲ့မျက်ဝန်းတစ်စုံနဲ့ တွေ့လိုက်ရတယ်။
ဇာတ်လိုက်ဆိုပေမဲ့ ဆောင်းရှီက သာမန်လောက်ပဲကြည့်ကောင်းတယ်။ အရင်ကမ္ဘာတွေက ချူးထန်တို့ Luလုချင်းယွင်တို့ ဖုန်းစီတို့နဲ့ ယှဥ်ရင် ဖွဲနဲ့ဆန်ကွဲလိုပဲ။ ဆောင်းရှီက သာမန်လူတွေထက် နည်းနည်းလောက်လေး ပိုကြည့်ကောင်းရုံပဲ။
"မင်းကို ငါတို့အဖွဲ့ထဲကနေ မကြိုဆိုဘူး ခုချက်ချင်း ထွက်သွား"
ဆောင်းရှီရဲ့အသံက ဆောင်းတွင်းလိုပဲ မာကျောအေးစက်နေတယ်။
' လခွမ်းထဲမှာ ချီမင်ယွဲ့မ ဘာတွေသွားပြောလိုက်တာလဲ.? ငါ့ကိုဘလိုင်းကြီး လာကျောနေရတာလဲဟ။ '
" ဘော့စ် သူက မိန်းမငယ်လေးတစ်ယောက်ပဲ__ "
ဆောင်းရှီရဲ့ ထပ်ပြောရဲရင်ပြောလိုက်ဆိုတဲ့ ခြိမ်းခြောက်တဲ့အကြည့်ကြောင့် စုကျီယဲ့တခွန်းမှ မထွက်ရဲတော့ပါဘူး။
ကုနန်း ကျားဖြူကိုထည့်ထားတဲ့အိတ်လေးကို မလိုက်တယ်။ သူမမျက်နှာမှာ အပြုံးတစ်ပွင့်ပေါ်လာပြီး တိုးတိုးလေးရွတ်လိုက်မိတယ်။
"ဆောင်းရှီ ဆောင်း...ရှီ..."
"ကျွတ်"
ဆောင်းရှီ မျက်မှောင်ကြုတ်လိုက်တယ်။
' ဒီကောင်မလေးက ထူးဆန်းတာပဲ အခုကတည်းက နှင်ထုတ်ထားမှတော်ကာကျမယ် '
ကုနန်း ကုလင်မယားနားသွားရပ်လိုက်တယ်။
"မစ္စတာကု ကျွန်မရှင့်ကို သီးသန့် ပြောစရာရှိတယ်။"
ကုပါးပါးက ကုဘွားတော်ဘက်ကို ခွင့်ပြုချက်တောင်းဖို့ လှည့်ကြည့်လိုက်တယ်။ ကုဘွားတော်ကြီးက ဘာမှမပြောဘဲ နှာခေါင်းတချက်ရှုံကာ ဟိုဘက်လှည့်သွားတော့တယ်။ဒါကြောင့် ကုပါးပါးလည်း စူပါမားကတ်ထွက်ပေါက်နားထိ ကုနန်းနောက်က လိုက်သွားခဲ့တယ်။
...............
" မစ္စတာကု ကျွန်မမိဘအရင်းတွေက ဘယ်သူတွေလဲ? "
ကုနန်းအဖွင့်တွေမပြောတော့ဘဲ တည့်မေးလိုက်တယ်။
သူမစကားတွေကြားလိုက်ရတဲ့ ပါးပါးကုမျက်နှာဟာ တော်တော်အံ့သြသွားပုံရတယ်။
" ရှောင်နန် နင်__"
' သူမဘယ်လိုသိသွားရတာလဲ? '
ကုနန်းရဲ့အမေအရင်းကို 'ချန်းဆု´လို့ခေါ်တယ်။ ကုပါးပါးရဲ့အချစ်ဦးပေါ့။ ကုနန်းရဲ့အဖေကတော့ ကုပါးပါးမဟုတ်သလို သိလည်းမသိပါဘူး။
လွန်ခဲ့တဲ့နှစ်တွေတုန်းက ချန်းဆုက မွေးကင်းစကုနန်းလေးကို ပွေ့ချီကာ ကုလင်မယားကို မွေးစားပေးဖို့ အသနားခံခဲ့တယ်။
အစက မားမားကုဟာ မွေးစားမပေးနိုင်ကြောင်း ငြင်းခဲ့တယ်။ ချန်းဆုက သရည်ယိုလောက်တဲ့ ငွေပမဏထုတ်လာခဲ့တဲ့အခါမှာတော့ ကုနန်းကိုခေါ်ထားလိုက်တော့တယ်။ မကြာခင်မှာပဲ ချန်းဆုဟာ အငွေ့အလားပျောက်ကွယ်သွားတော့တယ်။ ဒီကမ္ဘာမှာ သူမကိုတွေ့တဲ့သူမရှိတော့ဘူး။ ချန်းဆုဟာ မြို့တော်ကနေ လာတဲ့သူဆိုတော့ ပြန်သွားတာလည်း ဖြစ်နိုင်တယ်။
မြို့တော်သွားတဲ့လမ်းဟာ Bမြို့ကိုဖြတ်သွားရတယ်။ ဒီချိန်မှာမြို့တော်သွားဖို့ လေယာဥ်ရော ကားရောမလွယ်တာကြောင့် နောက်မှအဖြေရှာဖို့လုပ်လိုက်တော့တယ်။ ဒါကSide questဆိုပေမဲ့ လွယ်လွယ်လေး ပြီးသွားမဲ့ပုံမပေါ်ဘူး။
ကုနန်း စူပါမားကတ်က ထွက်လာတဲ့နောက်တော့ zombieတစ်ကောင်ဝင်နေတဲ့ RVကားတစ်စီးတွေ့လိုက်ရတယ်။ ကုနန်း ချက်ချင်းပဲ နှင်ထုတ်ပြီး RVလေးကိုစက်နှိုးပြီး ချီမင်ယွဲ့တို့အုပ်စုသွားတဲ့နောက်ပဲ လိုက်လာခဲ့တယ်။
ချီမင်ယွဲ့နဲ့ဆောင်းရှီက ကုနန်းကိုသတိထားမိပေမဲ့ လမ်းကသူတို့အပိုင်မဟုတ်တာကြောင့် သွားတားလို့မှမရဘူး။ သူတို့အုပ်စုAမြို့ကထွက်လာပြီးတဲ့နောက်တော့ လူငါးယောက်ဆုံးရှုံးလိုက်ရပြီ ဖြစ်တယ်။ အစောင့်တွေကိုလည်း ထပ်ဆုံးရှုံးလိုက်ရသေးတယ်။ မူလကအယောက်သုံးဆယ်ပါပေမဲ့ အခုတော့နှစ်ဆယ်တောင် မပြည့်ချင်တော့ဘူး။SUVsကားလေးစီးဟာလည်း နှစ်စီးပဲရှိတော့တယ်။
သူတို့မြို့ပြင်ရောက်တော့ ယုလန်တို့အုပ်စုနဲ့ဆုံတယ်။ နှမြောစရာက ယုလန်နဲ့ဖက်တီးကလွဲရင် ယုကျင်းအပါဝင်မိန်းကလေးအားလုံး သေသွားကြပြီ။ ယုလန်နဲ့ဖက်တီးကတော့ ကိုယ်ပိုင်စွမ်းအားတွေရနေပြီ ဖြစ်တယ်။ ဆောင်းရှီလည်း သူတို့နှစ်ယောက်ကို အဖွဲ့ထဲထည့်လိုက်တယ်။
သူတို့နှစ်ယောက်လည်း ကုနန်းကိုတွေ့လိုက်ရတော့ အံ့သြသွားပြီး ဆောင်းရှီတို့နဲ့ လိုက်ခဲ့တော့တယ်။
....................
ကမ္ဘာပျက်ကိန်းစပြီး 13ရက်မြောက်
အဖွဲ့ဟာ 🅐မြို့ကနေ 🅑မြို့ကို ခရီးဆက်ခဲ့ကြတယ်။
.....................
ကမ္ဘာပျက်ကိန်းစပြီး 16ရက်မြောက်နေ့
အသက်ဆက်ရှင်ဖို့ရာ အဖွဲ့ကို စစ်တပ်အဖြစ်ပြောင်းခဲ့တယ်။
....................
ကမ္ဘာပျက်ကိန်းစပြီး 25ရက်မြောက်နေ့
အဲ့နေ့က မိုးတော်တော်သည်းတယ်။ သူတို့အားလုံး ရွာထဲမှာ အကြာကြီးပိတ်မိနေခဲ့ကြတယ်။
ကုနန်း ပြတင်းပေါက်ကတဆင့် မိုးရွာနေတဲ့မြင်ကွင်းကို ရပ်ကြည့်နေခဲ့တယ်။သေချာပေါက် မြင်ကွင်းတစ်ခုလုံးက မှုန်ဝါးနေတာပေါ့။
မိုးရွာပြီးတဲ့နောက်မှာzombieတွေက ပြောင်းလဲလာတယ်။ အရင်လို ပုံပျက်ပန်းပျက် တရွတ်တိုက်ကြီးတွေမဟုတ်တော့ဘဲ လမ်းလျှောက်လာနိုင်ကြတယ်။ လူတွေရဲ့ အမြန်နှုန်းကိုတောင် လိုက်မှီလို့နီးနီးပဲ။ တချို့ဆိုရင် ကိုယ်ပိုင်စွမ်းအားတွေတောင် ရသွားကြတယ်။ ဦးနှောက်ကလည်း လူတွေလိုမျိုး စဥ်းစားတွေးခေါ်လာနိုင်ကြတယ်။
ကုနန်းလက်ချောင်းထိပ်မှာ ပန်းပွင့်တွေပေါ်လာတယ်။ ဒါကသူမအတွက် အမဲလိုက်ဖို့အချိန်ကောင်းပဲ။ zombieတွေဆီက အမြုတေက သူမစွမ်းအားမြှင့်ဖို့ရာမှာ အထောက်ကူပြုတယ်။ အခုကုနန်းရဲ့စွမ်းအားက အကောင်၂၀ ၃၀လောက်ကိုပဲ သူမရဲ့တည်ရှိမှုကိုမသိစေတာဖြစ်တယ်။ zombie အုပ်စုလိုက်ဆို သူမဘက်ကနိုင်နိုင်ချေမရှိဘူး။
"အားး"
"သူzombieဖြစ်နေပြီ "
နားကွဲမတတ်အော်နေတဲ့ အသံတွေက သူမနေတဲ့အိမ်ရဲ့ ဘေးနားကပဲ။ ဝုန်းရုန်းသုန်းကားအသံတွေက ဆက်တိုက်ဆိုသလို ကပ်ပါလာတယ်။ ဒီလိုအဖြစ်မျိုးက ခနခနဖြစ်နေကြပဲ။ အကိုက်ခံရတဲ့သူတွေက အသတ်ခံရမှာကြောက်လို့ ကိုက်ခံရကြောင်း ပြောပြလေ့မရှိဘူး။
[ Host, မိုးရေက hostရဲ့စွမ်းအားကို အဆင့်မြှင့်စေပါတယ်။ ]
[အာ. နင်တခုခုဖြစ်နေလို့ ငါ့ကိုဒါတွေလာတွေပြောပြနေတာလား ]
[ ····· ]
'ကျွန်တော်အရင်ကလည်း ဒီလောက်တော့ ပြောပြပါတယ်။ hostကအရမ်းပဲ__ '
ဒါပေမဲ့ systemကတစ်ခုခုပဲဆိုတာ ရှီရှန်းသိနေတယ်။သူမအထုတ်ပိုးတွေ သိမ်းလိုက်ပြီး ကျားဖြူကို အိတ်ထဲထည့်လိုက်တယ်။ ဘယ်သူ့ဆီကမှ အဖတ်မလုပ်ခံရတော့ ဒီတိုင်းပြေးသွားလိုက်တယ်။ အနောက်က ချီမင်ယွဲ့ကပါ လိုက်လာနေတယ်ဆိုတာ သတိမထားဘူးဖြစ်သွားတယ်။
ဘယ်သူမှ ပါမလာမှန်း သေချာအောင် စစ်ဆေးပြီးတဲ့အခါ ကုနန်းက အရှိန်လျော့လိုက်ပြီး မိုးရေအောက် လွတ်လွတ်လပ်လပ်နေနေလိုက်တယ်။ မိုးရေတို့စစိုရွဲတာနဲ့ သူမကိုယ်နားမှာ အမဲရောင်အငွေ့တွေ ထွက်လာတော့တယ်။အငွေ့တွေက တဖြေးဖြေးကိုယ်ထဲစိမ့်ဝင်နေတဲ့အခါ စွမ်းအားတွေမြှင့်တက်လာတာကို သိသိသာသာခံစားလို့ရနိုင်တယ်။
"Rrrr..,"
ကုနန်းဘေးနားကzombieက ရုတ်တရက်ကြီးသူမကို လာခုန်အုပ်တော့တယ်။ ကုနန်းအမြန်ရှောင်လိုက်ပြီး ခေါင်းထဲကို ဓားမြှောင်ထိုးသွင်းလိုက်တယ်။ ကုနန်းလှည့်ကြည့်လိုက်တဲ့အခါ အမှောင်ထဲကနေ zombieတွေ အများကြီး ထွက်လာတော့တယ်။
ပြီးတော့ သူမစွမ်းအားကရုတ်တရက်ကြီး ထုတ်လို့မရတော့ဘူး။ စောနကထိအဆင်ပြေနေခဲ့တာပါ။ ဒါပေမဲ့ အခုကျမှ.....
"ဖာ့ခ်ပဲ စောက်system သောက်ရမ်းလည်တဲ့ငိုးကောင် "
ရှီရှန်း ဓားထုတ်ပြီး အပိုင်းပိုင်းခုတ်ပစ်ရုံပဲ တတ်နိုင်တော့တယ်။ ဒါပေမဲ့zombieတွေက ဒီရေလိုမျိုး တလိမ့်လိမ့်တက်လာနေတော့တယ်။ ကြည့်ရတာ တစ်ရွာလုံးကzombieတွေက သူမဆီလာနေသလိုမျိုးပဲ။
" ဘန်း "
ညဘက်ကြီး ပေါက်ကွဲသံတစ်ခုက သူမအနားက ထွက်ပေါ်လာတယ်။ ကုနန်းကိုယ်လေးကလွင့်ထွက်သွားပြီး ကြယ်တွေလတွေ ပေါ်လာတော့တယ်။ မိုးရေတွေက သူမရဲ့ပွင့်နေတဲ့ဒဏ်ရာတွေထဲစီးဝင်နေတာက အက်စစ်နဲ့အပက်ခံနေရသလိုမျိုးပဲ။
"ချီးပဲ နင့်မေ** .ဘယ်သောက်ကောင်က ဒီချိန်ကြီးငါ့ကို လုပ်ကြံရဲတာလဲ နင့်အမေ*** "
ကုနန်းသတိလစ်ထွက်မသွားခင် သိပ်မဝေးတဲ့အဆောက်ဦးပေါ်ကနေ လူရိပ်တစ်ခုကို တွေ့လိုက်တယ်။
.............
ကုနန်းကိုထိနေတဲ့ အေးစက်မှုကြောင့် နိုးလာခဲ့တယ်။ သူမ ပထဆုံးမြင်လိုက်ရတာက ကြောက်ဖို့ကောင်းအောင် ဖျော့တော့နေတဲ့ မျက်နှာပဲဖြစ်တယ်။ မျက်နှာပိုင်ရှင်ရဲ့ မျက်လုံးတွေကတော့ မဲနက်နေပြီး သူမကိုစိုက်ကြည့်နေတယ်။ ကုနန်းထပ်တွေ့လိုက်ရတာက မျက်လုံးထဲမှာ တခုခုပျောက်ဆုံးနေတဲ့ အရိပ်ယောင်တွေရှိနေတာပဲ ဖြစ်တယ်။
' ဖာ့ခ်ပဲ zombieကြီးလား!အယ် ခနလေး သူရဲ့ပေါင်ဒါလိုမျက်နှာကြီး ဖယ်လိုက်ရင် ပုံမှန်လူလိုပဲ အဝတ်စားတွေကလည်း ပုံမှန်ပဲ '
ခပ်မှိန်မှိန်အလင်းရောင်ရဲ့ အကူညီနဲ့ သူမရှေ့က ၁၇နှစ်အရွယ်ကောင်လေးကို သေချာကြည့်လိုက်တယ်။ သူ့ပုံစံကဘယ်လိုမျိူးလဲဆိုတော့ မှန်ကောင်တာတွေထဲမှာ အလှသိမ်းထားတဲ့ အရုပ်တွေလိုပဲ နူးညံသိမ်မွေ့ပြီး အသက်မဲ့နေတဲ့ပုံပဲ။ ကောင်လေးဆီကနေ ရန်လိုနေတဲ့ အမူရာမတွေ့ရတာကြောင့် ကုနန်းလည်း ငြိမ်နေလိုက်တော့တယ်။
" နင်_"
' နင်ကဘာလဲ? '
" ဟမ့် ဟမ့် "
ကုနန်း "...... "
" ဖာ့ခ်ပဲ တကယ့်zombieကြီးဟ"
အမှန်တော့ သူကကုနန်းအပေါ်မှာ လဲနေခဲ့တာပဲဖြစ်တယ်။ ကုနန်း သတိရလာတာ မြင်တဲ့အခါ ကုနန်းရှေ့ လက်တွေ ထုတ်ပေးလာခဲ့တယ်။
" ဟမ့် ဟမ့် "
ကုနန်းသူမလက်တွေ သူ့လက်ပေါ်မတင်ခင် ခနလောက်တွေးကြည့်ပြီး ဂရုတစိုက်ပေးလိုက်တော့တယ်။ အဲ့ဒီzombieကောင်းလေးက ကုနန်းလက်ကိုဆွဲကိုင်ပြီး ထူလိုက်တော့တယ်။
သူ့လက်တွေက ရေခဲတိုက်ထဲအထည့်ခံထားရသလို အေးစက်နေတာကလွဲပြီး သာမန်လူတွေထက်တောင် နူးညံနေသေးတယ်။ တောင့်တောင့်ကြီးလည်း ဖြစ်မနေဘူး။
Zombieကောင်လေးက ကုနန်းရဲ့လက်ကို သူ့ပါးစပ်နားဆွဲယူလိုက်တယ်။ ကုနန်း မသိစိတ်ကအချက်ပေးသံကြောင့် သူမလက်ကို ဖျတ်ခနဲပြန်သိမ်းလိုက်တယ်။ ဒါပေမဲ့သူက ကုနန်းခါးကို တင်းအောင်ဖက်ထားလိုက်ပြီး သူမလက်ကို သူ့ပါးစပ်ထဲအမြန်ထည့်လိုက်တော့တယ်။
Transalated by Anna💚
Zawgyi
ခ်ီမင္ယြဲ႕ရဲ႕ ေလသံ အျပဳမူေတြကေတာ့ ေႏြးေထြးတယ္လို႔ ထင္ရေပမဲ့ တကယ္တမ္းသူမစိတ္ထဲ ေတြးေနတာက
' အဓိကဇာတ္လိုက္မဆိုေတာ့လည္း အသက္ျပင္းလိုက္တာ ဇြန္ဘီေတြ႐ွိေနတဲ့ေနရာမွာတံခါးပြင့္ရက္နဲ႔ ပစ္ထားခဲ့တာေတာင္မွ ဒီအထိလိုက္လာႏိုင္ခဲ့ေသးတယ္ ကံကေတာ္ေတာ္ေလးေကာင္းတာပဲဘယ္လိုပဲျဖစ္ျဖစ္ သူ႕စြမ္းအားရဲ႕အဓိက cheatေတြက ငါ့လက္ထဲမွာပဲ cheatေတြမ႐ွိဘဲနဲ႔ ဝတၳဳထဲကလို စြမ္းႏိုင္ပါ့ဦးမလား ၾကည့္ခ်င္ေသးတယ္ '
"မင္ယြဲ႕ သမီးဘာလို႔အဲ့ေကာင္မနဲ႔ စကားသြားေျပာေနရတာလဲ ေက်းဇူးကန္းတဲ့ဟာမကို အဖက္မလုပ္နဲ႔ မတန္ဘူး "
ကုအဘြားႀကီးက ခ်ီမင္ယြဲ႕လက္ကို ဆြဲၿပီး လွည့္ျပန္ဖို႔ ဟန္ျပင္လိုက္တယ္။
"ေဒၚေလး ခနေနပါဦး ဝမ္းကြဲအမက တစ္ေယာက္တည္း ျဖစ္ေန႐ွာတာေလ "
"သူ႕လိုေကာင္မနဲ႔ သမီးစိတ္ကိုအေႏွာင့္ယွက္မျဖစ္ေစနဲ႔ မေန႔ကသမီးဒီမွာ မ႐ွိလို႔ ဒီဟာမေျပာတာ မၾကားလိုက္တာ ခုကစၿပီး ေဒၚေလးမွာ သူ႕လိုသမီးမ႐ွိဘူး "
"ဒါေပမယ့္ ေဒၚေလးရယ္ သမီးတို႔ကမိသားစုေတြပဲေလ ဝမ္းကြဲအမက ငယ္တုန္းမို႔ ေသြးဆူလြယ္လို႔ပါ ဝမ္းကြဲအမေျပာတာကို အတည္မွတ္ၿပီး ပစ္ပစ္ခါခါမဆက္ဆံလိုက္ပါနဲ႔ ေဒၚေလးရယ္ ေနာ္ "
/Annaေတာ့အန္ခ်င္လာၿပီ💩/
သူတို႔ႏွစ္ေယာက္ရဲ႕ ခ်ီးလိုစကားေတြကတေျဖးေျဖးနဲ တိုးသြားၿပီး ေပ်ာက္သြားေတာ့တယ္။
ကုနန္းေခါင္းကို ငုံ႔ထားၿပီး လက္ထဲကဓားနဲ႔ေဆာ့ေနတုန္းမွာပဲ သူမေ႐ွ႕မွာ လာရပ္ေနတဲ့အရိပ္တစ္ခုကို ေတြ႕လိုက္ရတယ္။ ကုနန္းေခါင္းကို ေျဖးေျဖးခ်င္းေမာ့ၾကည့္လိုက္တဲ့အခါမွာ ေအးစက္ေနတဲ့မ်က္ဝန္းတစ္စုံနဲ႔ ေတြ႕လိုက္ရတယ္။
ဇာတ္လိုက္ဆိုေပမဲ့ ေဆာင္း႐ွီက သာမန္ေလာက္ပဲၾကည့္ေကာင္းတယ္။ အရင္ကမ႓ာေတြက ခ်ဴးထန္တို႔ Luလုခ်င္းယြင္တို႔ ဖုန္းစီတို႔နဲ႔ ယွဥ္ရင္ ဖြဲနဲ႔ဆန္ကြဲလိုပဲ။ ေဆာင္း႐ွီက သာမန္လူေတြထက္ နည္းနည္းေလာက္ေလး ပိုၾကည့္ေကာင္း႐ုံပဲ။
"မင္းကို ငါတို႔အဖြဲ႕ထဲကေန မႀကိဳဆိုဘူး ခုခ်က္ခ်င္း ထြက္သြား"
ေဆာင္း႐ွီရဲ႕အသံက ေဆာင္းတြင္းလိုပဲ မာေက်ာေအးစက္ေနတယ္။
' လခြမ္းထဲမွာ ခ်ီမင္ယြဲ႕မ ဘာေတြသြားေျပာလိုက္တာလဲ.? ငါ့ကိုဘလိုင္းႀကီး လာေက်ာေနရတာလဲဟ။ '
" ေဘာ့စ္ သူက မိန္းမငယ္ေလးတစ္ေယာက္ပဲ__ "
ေဆာင္း႐ွီရဲ႕ ထပ္ေျပာရဲရင္ေျပာလိုက္ဆိုတဲ့ ၿခိမ္းေျခာက္တဲ့အၾကည့္ေၾကာင့္ စုက်ီယဲ့တခြန္းမွ မထြက္ရဲေတာ့ပါဘူး။
ကုနန္း က်ားျဖဴကိုထည့္ထားတဲ့အိတ္ေလးကို မလိုက္တယ္။ သူမမ်က္ႏွာမွာ အျပဳံးတစ္ပြင့္ေပၚလာၿပီး တိုးတိုးေလး႐ြတ္လိုက္မိတယ္။
"ေဆာင္း႐ွီ ေဆာင္း...႐ွီ..."
"ကြၽတ္"
ေဆာင္း႐ွီ မ်က္ေမွာင္ၾကဳတ္လိုက္တယ္။
' ဒီေကာင္မေလးက ထူးဆန္းတာပဲ အခုကတည္းက ႏွင္ထုတ္ထားမွေတာ္ကာက်မယ္ '
ကုနန္း ကုလင္မယားနားသြားရပ္လိုက္တယ္။
"မစၥတာကု ကြၽန္မ႐ွင့္ကို သီးသန္႔ ေျပာစရာ႐ွိတယ္။"
ကုပါးပါးက ကုဘြားေတာ္ဘက္ကို ခြင့္ျပဳခ်က္ေတာင္းဖို႔ လွည့္ၾကည့္လိုက္တယ္။ ကုဘြားေတာ္ႀကီးက ဘာမွမေျပာဘဲ ႏွာေခါင္းတခ်က္႐ႈံကာ ဟိုဘက္လွည့္သြားေတာ့တယ္။ဒါေၾကာင့္ ကုပါးပါးလည္း စူပါမားကတ္ထြက္ေပါက္နားထိ ကုနန္းေနာက္က လိုက္သြားခဲ့တယ္။
...............
" မစၥတာကု ကြၽန္မမိဘအရင္းေတြက ဘယ္သူေတြလဲ? "
ကုနန္းအဖြင့္ေတြမေျပာေတာ့ဘဲ တည့္ေမးလိုက္တယ္။
သူမစကားေတြၾကားလိုက္ရတဲ့ ပါးပါးကုမ်က္ႏွာဟာ ေတာ္ေတာ္အံ့ၾသသြားပုံရတယ္။
" ေ႐ွာင္နန္ နင္__"
' သူမဘယ္လိုသိသြားရတာလဲ? '
ကုနန္းရဲ႕အေမအရင္းကို 'ခ်န္းဆု´လို႔ေခၚတယ္။ ကုပါးပါးရဲ႕အခ်စ္ဦးေပါ့။ ကုနန္းရဲ႕အေဖကေတာ့ ကုပါးပါးမဟုတ္သလို သိလည္းမသိပါဘူး။
လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက ခ်န္းဆုက ေမြးကင္းစကုနန္းေလးကို ေပြ႕ခ်ီကာ ကုလင္မယားကို ေမြးစားေပးဖို႔ အသနားခံခဲ့တယ္။
အစက မားမားကုဟာ ေမြးစားမေပးႏိုင္ေၾကာင္း ျငင္းခဲ့တယ္။ ခ်န္းဆုက သရည္ယိုေလာက္တဲ့ ေငြပမဏထုတ္လာခဲ့တဲ့အခါမွာေတာ့ ကုနန္းကိုေခၚထားလိုက္ေတာ့တယ္။ မၾကာခင္မွာပဲ ခ်န္းဆုဟာ အေငြ႕အလားေပ်ာက္ကြယ္သြားေတာ့တယ္။ ဒီကမ႓ာမွာ သူမကိုေတြ႕တဲ့သူမ႐ွိေတာ့ဘူး။ ခ်န္းဆုဟာ ၿမိဳ႕ေတာ္ကေန လာတဲ့သူဆိုေတာ့ ျပန္သြားတာလည္း ျဖစ္ႏိုင္တယ္။
ၿမိဳ႕ေတာ္သြားတဲ့လမ္းဟာ Bၿမိဳ႕ကိုျဖတ္သြားရတယ္။ ဒီခ်ိန္မွာၿမိဳ႕ေတာ္သြားဖို႔ ေလယာဥ္ေရာ ကားေရာမလြယ္တာေၾကာင့္ ေနာက္မွအေျဖ႐ွာဖို႔လုပ္လိုက္ေတာ့တယ္။ ဒါကSide questဆိုေပမဲ့ လြယ္လြယ္ေလး ၿပီးသြားမဲ့ပုံမေပၚဘူး။
ကုနန္း စူပါမားကတ္က ထြက္လာတဲ့ေနာက္ေတာ့ zombieတစ္ေကာင္ဝင္ေနတဲ့ RVကားတစ္စီးေတြ႕လိုက္ရတယ္။ ကုနန္း ခ်က္ခ်င္းပဲ ႏွင္ထုတ္ၿပီး RVေလးကိုစက္ႏိႈးၿပီး ခ်ီမင္ယြဲ႕တို႔အုပ္စုသြားတဲ့ေနာက္ပဲ လိုက္လာခဲ့တယ္။
ခ်ီမင္ယြဲ႕နဲ႔ေဆာင္း႐ွီက ကုနန္းကိုသတိထားမိေပမဲ့ လမ္းကသူတို႔အပိုင္မဟုတ္တာေၾကာင့္ သြားတားလို႔မွမရဘူး။ သူတို႔အုပ္စုAၿမိဳ႕ကထြက္လာၿပီးတဲ့ေနာက္ေတာ့ လူငါးေယာက္ဆုံး႐ႈံးလိုက္ရၿပီ ျဖစ္တယ္။ အေစာင့္ေတြကိုလည္း ထပ္ဆုံး႐ႈံးလိုက္ရေသးတယ္။ မူလကအေယာက္သုံးဆယ္ပါေပမဲ့ အခုေတာ့ႏွစ္ဆယ္ေတာင္ မျပည့္ခ်င္ေတာ့ဘူး။SUVsကားေလးစီးဟာလည္း ႏွစ္စီးပဲ႐ွိေတာ့တယ္။
သူတို႔ၿမိဳ႕ျပင္ေရာက္ေတာ့ ယုလန္တို႔အုပ္စုနဲ႔ဆုံတယ္။ ႏွေျမာစရာက ယုလန္နဲ႔ဖက္တီးကလြဲရင္ ယုက်င္းအပါဝင္မိန္းကေလးအားလုံး ေသသြားၾကၿပီ။ ယုလန္နဲ႔ဖက္တီးကေတာ့ ကိုယ္ပိုင္စြမ္းအားေတြရေနၿပီ ျဖစ္တယ္။ ေဆာင္း႐ွီလည္း သူတို႔ႏွစ္ေယာက္ကို အဖြဲ႕ထဲထည့္လိုက္တယ္။
သူတို႔ႏွစ္ေယာက္လည္း ကုနန္းကိုေတြ႕လိုက္ရေတာ့ အံ့ၾသသြားၿပီး ေဆာင္း႐ွီတို႔နဲ႔ လိုက္ခဲ့ေတာ့တယ္။
....................
ကမ႓ာပ်က္ကိန္းစၿပီး 13ရက္ေျမာက္
အဖြဲ႕ဟာ 🅐ၿမိဳ႕ကေန 🅑ၿမိဳ႕ကို ခရီးဆက္ခဲ့ၾကတယ္။
.....................
ကမ႓ာပ်က္ကိန္းစၿပီး 16ရက္ေျမာက္ေန႔
အသက္ဆက္႐ွင္ဖို႔ရာ အဖြဲ႕ကို စစ္တပ္အျဖစ္ေျပာင္းခဲ့တယ္။
....................
ကမ႓ာပ်က္ကိန္းစၿပီး 25ရက္ေျမာက္ေန႔
အဲ့ေန႔က မိုးေတာ္ေတာ္သည္းတယ္။ သူတို႔အားလုံး ႐ြာထဲမွာ အၾကာႀကီးပိတ္မိေနခဲ့ၾကတယ္။
ကုနန္း ျပတင္းေပါက္ကတဆင့္ မိုး႐ြာေနတဲ့ျမင္ကြင္းကို ရပ္ၾကည့္ေနခဲ့တယ္။ေသခ်ာေပါက္ ျမင္ကြင္းတစ္ခုလုံးက မႈန္ဝါးေနတာေပါ့။
မိုး႐ြာၿပီးတဲ့ေနာက္မွာzombieေတြက ေျပာင္းလဲလာတယ္။ အရင္လို ပုံပ်က္ပန္းပ်က္ တ႐ြတ္တိုက္ႀကီးေတြမဟုတ္ေတာ့ဘဲ လမ္းေလွ်ာက္လာႏိုင္ၾကတယ္။ လူေတြရဲ႕ အျမန္ႏႈန္းကိုေတာင္ လိုက္မွီလို႔နီးနီးပဲ။ တခ်ိဳ႕ဆိုရင္ ကိုယ္ပိုင္စြမ္းအားေတြေတာင္ ရသြားၾကတယ္။ ဦးေႏွာက္ကလည္း လူေတြလိုမ်ိဳး စဥ္းစားေတြးေခၚလာႏိုင္ၾကတယ္။
ကုနန္းလက္ေခ်ာင္းထိပ္မွာ ပန္းပြင့္ေတြေပၚလာတယ္။ ဒါကသူမအတြက္ အမဲလိုက္ဖို႔အခ်ိန္ေကာင္းပဲ။ zombieေတြဆီက အျမဳေတက သူမစြမ္းအားျမႇင့္ဖို႔ရာမွာ အေထာက္ကူျပဳတယ္။ အခုကုနန္းရဲ႕စြမ္းအားက အေကာင္၂၀ ၃၀ေလာက္ကိုပဲ သူမရဲ႕တည္႐ွိမႈကိုမသိေစတာျဖစ္တယ္။ zombie အုပ္စုလိုက္ဆို သူမဘက္ကႏိုင္ႏိုင္ေခ်မ႐ွိဘူး။
"အားး"
"သူzombieျဖစ္ေနၿပီ "
နားကြဲမတတ္ေအာ္ေနတဲ့ အသံေတြက သူမေနတဲ့အိမ္ရဲ႕ ေဘးနားကပဲ။ ဝုန္း႐ုန္းသုန္းကားအသံေတြက ဆက္တိုက္ဆိုသလို ကပ္ပါလာတယ္။ ဒီလိုအျဖစ္မ်ိဳးက ခနခနျဖစ္ေနၾကပဲ။ အကိုက္ခံရတဲ့သူေတြက အသတ္ခံရမွာေၾကာက္လို႔ ကိုက္ခံရေၾကာင္း ေျပာျပေလ့မ႐ွိဘူး။
[ Host, မိုးေရက hostရဲ႕စြမ္းအားကို အဆင့္ျမႇင့္ေစပါတယ္။ ]
[အာ. နင္တခုခုျဖစ္ေနလို႔ ငါ့ကိုဒါေတြလာေတြေျပာျပေနတာလား ]
[ ····· ]
'ကြၽန္ေတာ္အရင္ကလည္း ဒီေလာက္ေတာ့ ေျပာျပပါတယ္။ hostကအရမ္းပဲ__ '
ဒါေပမဲ့ systemကတစ္ခုခုပဲဆိုတာ ႐ွီ႐ွန္းသိေနတယ္။သူမအထုတ္ပိုးေတြ သိမ္းလိုက္ၿပီး က်ားျဖဴကို အိတ္ထဲထည့္လိုက္တယ္။ ဘယ္သူ႕ဆီကမွ အဖတ္မလုပ္ခံရေတာ့ ဒီတိုင္းေျပးသြားလိုက္တယ္။ အေနာက္က ခ်ီမင္ယြဲ႕ကပါ လိုက္လာေနတယ္ဆိုတာ သတိမထားဘူးျဖစ္သြားတယ္။
ဘယ္သူမွ ပါမလာမွန္း ေသခ်ာေအာင္ စစ္ေဆးၿပီးတဲ့အခါ ကုနန္းက အ႐ွိန္ေလ်ာ့လိုက္ၿပီး မိုးေရေအာက္ လြတ္လြတ္လပ္လပ္ေနေနလိုက္တယ္။ မိုးေရတို႔စစို႐ြဲတာနဲ႔ သူမကိုယ္နားမွာ အမဲေရာင္အေငြ႕ေတြ ထြက္လာေတာ့တယ္။အေငြ႕ေတြက တေျဖးေျဖးကိုယ္ထဲစိမ့္ဝင္ေနတဲ့အခါ စြမ္းအားေတြျမႇင့္တက္လာတာကို သိသိသာသာခံစားလို႔ရႏိုင္တယ္။
"Rrrr..,"
ကုနန္းေဘးနားကzombieက ႐ုတ္တရက္ႀကီးသူမကို လာခုန္အုပ္ေတာ့တယ္။ ကုနန္းအျမန္ေ႐ွာင္လိုက္ၿပီး ေခါင္းထဲကို ဓားေျမႇာင္ထိုးသြင္းလိုက္တယ္။ ကုနန္းလွည့္ၾကည့္လိုက္တဲ့အခါ အေမွာင္ထဲကေန zombieေတြ အမ်ားႀကီး ထြက္လာေတာ့တယ္။
ၿပီးေတာ့ သူမစြမ္းအားက႐ုတ္တရက္ႀကီး ထုတ္လို႔မရေတာ့ဘူး။ ေစာနကထိအဆင္ေျပေနခဲ့တာပါ။ ဒါေပမဲ့ အခုက်မွ.....
"ဖာ့ခ္ပဲ ေစာက္system ေသာက္ရမ္းလည္တဲ့ငိုးေကာင္ "
႐ွီ႐ွန္း ဓားထုတ္ၿပီး အပိုင္းပိုင္းခုတ္ပစ္႐ုံပဲ တတ္ႏိုင္ေတာ့တယ္။ ဒါေပမဲ့zombieေတြက ဒီေရလိုမ်ိဳး တလိမ့္လိမ့္တက္လာေနေတာ့တယ္။ ၾကည့္ရတာ တစ္႐ြာလုံးကzombieေတြက သူမဆီလာေနသလိုမ်ိဳးပဲ။
" ဘန္း "
ညဘက္ႀကီး ေပါက္ကြဲသံတစ္ခုက သူမအနားက ထြက္ေပၚလာတယ္။ ကုနန္းကိုယ္ေလးကလြင့္ထြက္သြားၿပီး ၾကယ္ေတြလေတြ ေပၚလာေတာ့တယ္။ မိုးေရေတြက သူမရဲ႕ပြင့္ေနတဲ့ဒဏ္ရာေတြထဲစီးဝင္ေနတာက အက္စစ္နဲ႔အပက္ခံေနရသလိုမ်ိဳးပဲ။
"ခ်ီးပဲ နင့္ေမ** .ဘယ္ေသာက္ေကာင္က ဒီခ်ိန္ႀကီးငါ့ကို လုပ္ၾကံရဲတာလဲ နင့္အေမ*** "
ကုနန္းသတိလစ္ထြက္မသြားခင္ သိပ္မေဝးတဲ့အေဆာက္ဦးေပၚကေန လူရိပ္တစ္ခုကို ေတြ႕လိုက္တယ္။
.............
ကုနန္းကိုထိေနတဲ့ ေအးစက္မႈေၾကာင့္ ႏိုးလာခဲ့တယ္။ သူမ ပထဆုံးျမင္လိုက္ရတာက ေၾကာက္ဖို႔ေကာင္းေအာင္ ေဖ်ာ့ေတာ့ေနတဲ့ မ်က္ႏွာပဲျဖစ္တယ္။ မ်က္ႏွာပိုင္႐ွင္ရဲ႕ မ်က္လုံးေတြကေတာ့ မဲနက္ေနၿပီး သူမကိုစိုက္ၾကည့္ေနတယ္။ ကုနန္းထပ္ေတြ႕လိုက္ရတာက မ်က္လုံးထဲမွာ တခုခုေပ်ာက္ဆုံးေနတဲ့ အရိပ္ေယာင္ေတြ႐ွိေနတာပဲ ျဖစ္တယ္။
' ဖာ့ခ္ပဲ zombieႀကီးလား!အယ္ ခနေလး သူရဲ႕ေပါင္ဒါလိုမ်က္ႏွာႀကီး ဖယ္လိုက္ရင္ ပုံမွန္လူလိုပဲ အဝတ္စားေတြကလည္း ပုံမွန္ပဲ '
ခပ္မွိန္မွိန္အလင္းေရာင္ရဲ႕ အကူညီနဲ႔ သူမေ႐ွ႕က ၁၇ႏွစ္အ႐ြယ္ေကာင္ေလးကို ေသခ်ာၾကည့္လိုက္တယ္။ သူ႕ပုံစံကဘယ္လိုမ်ိဴးလဲဆိုေတာ့ မွန္ေကာင္တာေတြထဲမွာ အလွသိမ္းထားတဲ့ အ႐ုပ္ေတြလိုပဲ ႏူးညံသိမ္ေမြ႕ၿပီး အသက္မဲ့ေနတဲ့ပုံပဲ။ ေကာင္ေလးဆီကေန ရန္လိုေနတဲ့ အမူရာမေတြ႕ရတာေၾကာင့္ ကုနန္းလည္း ၿငိမ္ေနလိုက္ေတာ့တယ္။
" နင္_"
' နင္ကဘာလဲ? '
" ဟမ့္ ဟမ့္ "
ကုနန္း "...... "
" ဖာ့ခ္ပဲ တကယ့္zombieႀကီးဟ"
အမွန္ေတာ့ သူကကုနန္းအေပၚမွာ လဲေနခဲ့တာပဲျဖစ္တယ္။ ကုနန္း သတိရလာတာ ျမင္တဲ့အခါ ကုနန္းေ႐ွ႕ လက္ေတြ ထုတ္ေပးလာခဲ့တယ္။
" ဟမ့္ ဟမ့္ "
ကုနန္းသူမလက္ေတြ သူ႕လက္ေပၚမတင္ခင္ ခနေလာက္ေတြးၾကည့္ၿပီး ဂ႐ုတစိုက္ေပးလိုက္ေတာ့တယ္။ အဲ့ဒီzombieေကာင္းေလးက ကုနန္းလက္ကိုဆြဲကိုင္ၿပီး ထူလိုက္ေတာ့တယ္။
သူ႕လက္ေတြက ေရခဲတိုက္ထဲအထည့္ခံထားရသလို ေအးစက္ေနတာကလြဲၿပီး သာမန္လူေတြထက္ေတာင္ ႏူးညံေနေသးတယ္။ ေတာင့္ေတာင့္ႀကီးလည္း ျဖစ္မေနဘူး။
Zombieေကာင္ေလးက ကုနန္းရဲ႕လက္ကို သူ႕ပါးစပ္နားဆြဲယူလိုက္တယ္။ ကုနန္း မသိစိတ္ကအခ်က္ေပးသံေၾကာင့္ သူမလက္ကို ဖ်တ္ခနဲျပန္သိမ္းလိုက္တယ္။ ဒါေပမဲ့သူက ကုနန္းခါးကို တင္းေအာင္ဖက္ထားလိုက္ၿပီး သူမလက္ကို သူ႕ပါးစပ္ထဲအျမန္ထည့္လိုက္ေတာ့တယ္။
Transalated by Anna💚