Unicode
မားမားကုက ပါးပါးကုဘေးနားမှာ ရပ်နေတာဖြစ်တယ်။ ပါးပါးကုရဲ့ခေါ်သံကိုကြားတဲ့အခါ မားမားကုဟာလည်း လှည့်ကြည့်လာသည်။ ကုနန်းရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါ စိုးရိမ်ပူပန်မှုတွေမပါဘဲ အံသြမှုတွေသာ ဖြစ်ပေါ်လာတယ်။
"ရီ? နင်ပါးပါးကုနဲ့မားမားကုကို သိနေတာလား"
ကလေးမျက်နှာနဲ့သူက ကုနန်းကို အံသြစွာမေးလိုက်တယ်။
'ငါကယ်လိုက်တဲ့သူက ဒီအုပ်စုထဲကသူတွေနဲ့ အသိတွေလား?? '
ကုနန်းကအေးစက်စွာ ရယ်လိုက်တယ်။
"ဒါပေါ့ ငါသေချာပေါက်သူတို့ကိုသိတာပေါ့။ ငါ့မိဘတွေပဲလေ။ "
"မိဘတွေ?"
' ဒါဆို ဘာလို့နင် ဒီလောက်အေးစက်ပြီး စိတ်ပျက်နေတဲ့လေသံကြီးနဲ့ ပြောနေတာလဲ?? '
"ရှောင်နန်း နင်ပြန်လာ__"
ပါးပါးကုစကားမဆုံးခင်မှာပဲ မားမားကုဖြတ်ပြောလိုက်တယ်။ သူမရဲ့မျက်နှာမှာ တစ်ခုခုကိုစိုးရိမ်နေပြီး ဒေါသထွက်နေတဲ့ပုံရိပ်လည်း ပေါ်နေတယ်။
"ကောင်မစုတ်လေး နင်ညလယ်ကြီး ပျောက်သွားတော့ ငါတို့ဘယ်လောက်လိုက်ရှာရ ခက်ခဲ့လည်းသိရဲ့လား ငါတို့ဘယ်လောက်စိတ်ပူနေမယ်ဆိုတာ မတွေးခဲ့မိဘူးလား? "
မားမားကုရဲ့မျက်နှာကချက်ချင်းပဲ မျက်ရည်တွေနဲ့ပြည့်လာပြီး ရှိုက်ကြီးတငင် ငိုတော့တယ်။
"ပြန်ဆုံပြီဆိုတော့ မားမားနဲ့ပါးပါးတို့ဘေးမှာဘဲ နေတော့ ငါတို့ကာကွယ်ပေးမယ်။ "
"တော်ပါ။ ကိုယ့်သမီးအရင်းကို စွန့်ပစ်ခဲ့ပြီး သူစိမ်းနောက် ကောက်ကောက်ပါအောင် လိုက်သွားတဲ့ မိဘမျိုးကို မလိုအပ်ပါဘူး "
'ငါ့ကိုများ နင်တို့ကဘေးနားမှာ အရုပ်အနေနဲ့ထားပြီး ကစားချင်သေးတယ်ပေါ့။ အိမ်မက်ထဲမှာပဲ ရမယ်။'
မားမားကု ထင်ထားတာက ခုချိန်မှာ တစ်ယောက်တည်းမို့ အသက်ရှင်ဖို့အတွက် သူတို့နားလာကပ်မယ်လို့လေ။ မူလဝတ္ထုအရလည်း ကုနန်းဟာတကယ်ကြီး သူတို့နောက်တကောက်ကောက် လိုက်ကပ်ခဲ့ပါတယ်။ ဒီချိန်မှာတော့ မဟုတ်ပေမဲ့လည်း မြို့တော်Cသို့ သွားရာလမ်းမှာဖြစ်တယ်။
အဲ့ဒီတုန်းကလည်း မားမားကုက တစ်ညမှာကုနန်းပျောက်သွားပြီး ဘယ်လောက်စိတ်ပူနေခဲ့ရကြောင်းကို လူတကာကို လုပ်ကြံဇာတ်တွေပြောပြခဲ့တယ်။ ကုနန်းကလည်း ရွံစရာအကောင်တွေဆီကနေ လွတ်မြောက်ဖို့ရာအတွက် လှည့်ကွက်ထဲကို ကျရောက်ခဲ့ရတယ်။ လူတကာကလည်း ကုနန်းကို အလိုက်ကန်းဆိုးမသိတဲ့ သမီးလို့ ပြောဆိုခဲ့ကြတယ်။
'နှမြောစရာပဲ ငါအရင်ကုနန်းမဟုတ်ဘူး '
"ဘာတွေဖြစ်နေကြတာလဲ.? "
ကလေးမျက်နှာနဲ့ လူက စိတ်ရှုပ်သွားဟန်ရှိပြီး တခြားသူများကလည်း သူမတို့ဘက်ကို လှည့်ကြည့်လာကြတယ်။
မားမားကု ဘာမှမပြောနိုင်ခင်မှာ ကုနန်းကဖြတ်ပြောလိုက်တယ်။
"ကပ်ကြီးစတဲ့နေ့မှာ ကျွန်မကဖျားနေတာ။ အာ့ကြောင့် ကျွန်မမိဘတွေက ကျွန်မကိုထားပစ်ခဲ့ပြီး ဝမ်းကွဲအမနဲ့လိုက်သွားကြတာ "
"ဘာ? ဘယ်လိုမိဘမျိုးကိုက ကိုယ့်သမီးကိုထားခဲ့လဲ? "
"သူတို့ ဘယ်လိုတောင် လုပ်ရက်ကြတာလဲ? "
"နင်!!! ကျေးဇူးကန်းတဲ့သမီး မွေးရကျိုးမနပ်တဲ့ကောင်မ နင်အရင်တုန်းက လျှောက်သွားပျော်ပါးသောက်စားနေတုန်းက ငါဘာတစ်ခွန်းပြောခဲ့လို့လဲ။ အခုတော့ နင်ကငါ့ကို စွပ်စွဲနေပြီပေါ့ ငါကများ ဘာတွေမှားလုပ်ခဲ့လို့တုန်း? "
သူကမှ အမှန်တိုင်းပြောနေသလိုမျိုး စတင်ငိုကြွေးတော့တယ်။ လူတွေကလည်း ဘယ်သူကအမှန်ပြောနေတယ်ဆိုတာ မခွဲခြားတတ်ကြတော့ဘူး။
"ကောင်းပြီ တော်ကြတော့ ခုချိန်မှာ အသက်ရှင်ဖို့တောင် မနည်းရုန်းကန်နေရတာ။ မင်းတို့က မိသားစုတွေပဲ မသင့်မမြတ်ဖြစ်နေလို့မရဘူးလေ အသက်ရှင်ကျန်ရစ်ဖို့က အရေးကြီးဆုံးပဲလေ။ "
"ကဲ ကဲ လူတိုင်းလူစုခွဲပြီး အနားယူကြတော့"
ကားမောင်းတဲ့သူက ကုနန်းကိုမကြည့်ခင် လူစုအရင်ခွဲလိုက်တယ်။
"မင်းအကြောင်းကိုတော့ စိတ်အေးအေးထားပြီးမှ ဆွေးနွေးကြတာပေါ့။ အခုအရင်ဆုံးနားလိုက်ဦး"
ကုနန်း နှုတ်ခမ်းကိုကွေးကာ မဲ့ပြုံးပြုံးလိုက်တယ်။
"ဘာမှ ဆွေးနွေးစရာမရှိဘူး။ ငါမှ သူတို့နဲ့မပတ်သက်ချင်တာ"
"ရှောင်နန်း မစဥ်းမစားဘဲ ဒေါသနဲ့လျှောက်မလုပ်နဲ့ အပြင်ကအခြေနေတွေကို သိရဲ့လား။ ငါတို့အတူတူရှိနေတာ အလုံခြုံဆုံးပဲ။"
ပါးပါးကုက ကုနန်းအပေါ် မားမားကုထက် ပိုပြီးနူးညံ့တယ်။ ဒါကြောင့်သူပြောလိုက်တာက ပိုချိုသာပြီး ဖြေးညင်းတယ်။
"အဲ့ဒါဆို ကျွန်မကို လူသေလိုပဲ သဘောထားလိုက်ကြ"
' ဒီလိုမိဘမျိုးနဲ့ ဆက်ပြီးပတ်သတ်စရာအကြောင်းမရှိဘူး '
"ရှင်တို့က ချီမင်ယွဲ့ကိုပဲ မျက်လုံးထဲထည့်တာလေ သူ့မိဘသာ သွားလုပ်ကြ ကျွန်မအချိန်တွေလာမဖြုန်းနဲ့ "
အရင်ကုနန်းလည်း သူတို့ကို မုန်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က သူမကိုကျွေးမွေးခဲ့ကြတဲ့သူတွေမလား။ သူတို့က သူမကိုကောင်းကောင်းမဆက်ဆံခဲ့ကြပေမဲ့ လက်စားချေဖို့ရာထိ မတွေးခဲ့ဘူး။
"ကောင်းပြီ ငါနင့်ကို မမွေးခဲ့ဘူးလို့ သဘောထားလိုက်မယ် အခုကစပြီး ငါတို့ကြားမှာ ပတ်သတ်စရာအကြောင်းမရှိတော့ဘူး လာခဲ့ ကုအဖိုးကြီး သွားကြမယ်။ "
"အာ ရှောင်နန်း "
"လာခဲ့ ခုထိသူ့ကိုစကားသွားပြောနေတုန်းလား။ သူ့က ရှင့်ကို အဖေအဖြစ် အသိမှတ်မပြုဘူး။ "
ကုမားမားက ကုပါးပါးကို ဆွဲခေါ်သွားတော့တယ်။
"ခွေးတောင်မှ ကျွေးမွေးထားရင် ခြံစောင့်ပေးရမှန်း သိတယ်။ သူ့ကိုမွေးထားတာ ဘာပြန်ရလိုက်တာရှိလဲ "
ကလေးမျက်နှာနဲ့သူရယ် ကားမောင်းတဲ့သူတို့က ကသိကအောက် ဖြစ်နေကြတယ်။ ဒါပေမဲ့ ဒါက ကုမိသားစုအတွင်းရေးပဲလေ သူတို့ဝင်ပါခွင့်မှ မရှိတာ။
' အရင်ကုနန်း,သူမက သမီးအရင်းဟုတ်မဟုတ် မစုံစမ်းခဲ့ဘူးလားမသိဘူး ဘယ်လိုမိဘက သူတို့သမီးကို ဒီလိုဆက်ဆံလို့လဲ? '
[ Side Quest: ကုနန်းရဲ့ ဇာတ်မြစ်အမှန်ကို စုံစမ်းပါ။မစ်ရှင်ကို အော်တိုလက်ခံလိုက်ပါပြီ ]
Systemရဲ့အေးစက်စက်အသံကြီး ရုတ်တရက်ပေါ်လာတော့ ရှီရှန်းလန့်သွားတယ်။
[ ဘာ! ကုနန်းကသမီးအရင်းမဟုတ်ဘူး။ ငါက ဒီတိုင်းပြောလိုက်တာလေ။ ပြီးတော့ စောက်ချီးsystemနင့်ငါ့ကို ဗရုတ်သုတ်ခ မစ်ရှင်တွေလာမပေးစမ်းနဲ့။ အော်တိုလက်ခံတယ်! ငါ့ကိုရွေးချယ်ခွင့်တောင်မပေးတော့ဘူး အရင်က နင်ဒီလိုမဟုတ်ပါဘူး နင်ပြောင်းလဲသွားပြီ။ ]
[Host ဒါကိုအဖြေရှာနိုင်ရင် ဆုတွေအများကြီး ရမှာနော် ]
Systemက သတိပေးလိုက်တယ်။
[ ဘယ်လောက်ပေးမှာလဲ ငါရဲ့ကိုယ်ကျင့်တရားရမှတ်ကို သုညအထိတိုးပေးမှာလား ]
(TN/ရှီရှန်းရဲ့ကိုယ်ကျင့်တရားရမှတ်တွေက -10000လောက်ရှိတယ်🤣 )
[ အိမ်မက်ထဲပဲ ရမယ်။ ]
[ နင်ပဲ အိမ်မက်မက်။ ငါ့ကိုအရူးလာလုပ်လို့ရမယ်ထင်နေလား ဒါတွေအားလုံးကdataတွေချည်းပဲနော် ]
[······] Systemလိုင်းဆင်းသွားပါပြီ။
' ကုနန်းက ကုမိသားစုက သမီးအရင်းမဟုတ်ရင် ဘယ်သူ့သမီးလဲ? အာ ပါးပါးကုက မားမားကုနောက်ကွယ်မှာ ဖောက်ပြန်ထားတာလား။အာ့ကြောင့် မားမားကုက ငါ့ကိုမုန်းနေတာများလား။ '
ရှီရှန်းကစဥ်းစားကြည့်လေလေ ဖြစ်နိုင်ချေပိုရှိလေလေလို့ပဲ တွေးမိတယ်။ ဒါကြောင့် ဒီကိစ္စကို နောက်မှ ပါးပါးကုကိုသွားမေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ဆောင်းရှီနဲ့ချီမင်ယွဲ့ တို့ နောက်နေ့မှာ ပြန်လာခဲ့ကြတယ်။ ချီမင်ယွဲ့ဝင်လာတာနဲ့ တပြိုင်နက် ပါးပါးကုနဲ့ မားမားကုဟာ မျက်နှာပေါ်မှာ စိုးရိမ်မှု အထင်းသားနဲ့ ပြေးလာကြတော့တယ်။ မသိရင် သူမကသာ သမီးအရင်းတိုင်းပဲ။
ချီမင်ယွဲ့ပါးပါးကုနဲ့ မားမားကုကိုပြောပြီးတာနဲ့ ထမင်းပန်းကန်ကိုယူပြီး ကုနန်းဆီကို လာတော့တယ်။
'" ဝမ်းကွဲအမ တစ်ခုခုစားပါဦး "
ကုနန်းသူ့ရှေ့ကမိန်းမကိုကြည့်ဖို့ ခေါင်းမော့လိုက်တယ်။ သူမရှေ့က ချီမင်ယွဲ့နဲ့ မှတ်ဉာဏ်ထဲကချီမင်ယွဲ့တို့က မတူကြဘူး။ သူမရှေ့ရပ်နေတဲ့သူကတော့ တောက်ပနေတယ်။ အသားရည်ကလည်း မြစ်ထဲကျောက်တုံးလိုမျိုး ချောမောနေတယ်။ မျက်နှာလေးကလည်း ဖြူစင်ကြည်လင်နေပြီး သူမအမူရာတစ်ခုစီတိုင်းက လူတိုင်းအာရုံကိုဖမ်းဆွဲထားဖို့ လုံလောက်နေပြီဲဖြစ်တယ်။
ရှီရှန်းသူမနှုတ်ခမ်းကိုပြုံးလိုက်တယ်။
"တောင်းပန်ပါတယ်။တို့က အတိတ်မေ့နေလို့ မင်းနဲ့တို့က သိကြလို့လား "
ချီမင်ယွဲ့ရဲ့အပြုံးကပျောက်တော့မလိုပဲ။ ဒါပေမဲ့ ချက်ချင်းပြန်ထိန်းလိုက်နိုင်တယ်။
"ဝမ်းကွဲအမ ကလေးဆန်မနေပါနဲ့တော့။ အခုဒေါ်လေးကိုအရင်တောင်းပန်လိုက်ဦး ညီမကဘာမှမဖြစ်ဘူး "
(ဒီအပိုင်းကိုဘာသာပြန်သွားတဲ့Annaကတော့ဘယ်လိုနေမယ်မသိဘူး Doraကတော့ ကုမေမေနဲ့ဟိုဇာတ်လိုက်မကို ပါးတွေနားတွေဆွဲရိုက်လိုက်ချင်တယ်☺)
Transalated by Anna💚
Zawgyi
မားမားကုက ပါးပါးကုေဘးနားမွာ ရပ္ေနတာျဖစ္တယ္။ ပါးပါးကုရဲ႕ေခၚသံကိုၾကားတဲ့အခါ မားမားကုဟာလည္း လွည့္ၾကည့္လာသည္။ ကုနန္းရဲ႕ မ်က္ႏွာကို ျမင္လိုက္ရတဲ့အခါ စိုးရိမ္ပူပန္မႈေတြမပါဘဲ အံၾသမႈေတြသာ ျဖစ္ေပၚလာတယ္။
"ရီ? နင္ပါးပါးကုနဲ႔မားမားကုကို သိေနတာလား"
ကေလးမ်က္ႏွာနဲ႔သူက ကုနန္းကို အံၾသစြာေမးလိုက္တယ္။
'ငါကယ္လိုက္တဲ့သူက ဒီအုပ္စုထဲကသူေတြနဲ႔ အသိေတြလား?? '
ကုနန္းကေအးစက္စြာ ရယ္လိုက္တယ္။
"ဒါေပါ့ ငါေသခ်ာေပါက္သူတို႔ကိုသိတာေပါ့။ ငါ့မိဘေတြပဲေလ။ "
"မိဘေတြ?"
' ဒါဆို ဘာလို႔နင္ ဒီေလာက္ေအးစက္ၿပီး စိတ္ပ်က္ေနတဲ့ေလသံႀကီးနဲ႔ ေျပာေနတာလဲ?? '
"ေ႐ွာင္နန္း နင္ျပန္လာ__"
ပါးပါးကုစကားမဆုံးခင္မွာပဲ မားမားကုျဖတ္ေျပာလိုက္တယ္။ သူမရဲ႕မ်က္ႏွာမွာ တစ္ခုခုကိုစိုးရိမ္ေနၿပီး ေဒါသထြက္ေနတဲ့ပုံရိပ္လည္း ေပၚေနတယ္။
"ေကာင္မစုတ္ေလး နင္ညလယ္ႀကီး ေပ်ာက္သြားေတာ့ ငါတို႔ဘယ္ေလာက္လိုက္႐ွာရ ခက္ခဲ့လည္းသိရဲ႕လား ငါတို႔ဘယ္ေလာက္စိတ္ပူေနမယ္ဆိုတာ မေတြးခဲ့မိဘူးလား? "
မားမားကုရဲ႕မ်က္ႏွာကခ်က္ခ်င္းပဲ မ်က္ရည္ေတြနဲ႔ျပည့္လာၿပီး ႐ိႈက္ႀကီးတငင္ ငိုေတာ့တယ္။
"ျပန္ဆုံၿပီဆိုေတာ့ မားမားနဲ႔ပါးပါးတို႔ေဘးမွာဘဲ ေနေတာ့ ငါတို႔ကာကြယ္ေပးမယ္။ "
"ေတာ္ပါ။ ကိုယ့္သမီးအရင္းကို စြန္႔ပစ္ခဲ့ၿပီး သူစိမ္းေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားတဲ့ မိဘမ်ိဳးကို မလိုအပ္ပါဘူး "
'ငါ့ကိုမ်ား နင္တို႔ကေဘးနားမွာ အ႐ုပ္အေနနဲ႔ထားၿပီး ကစားခ်င္ေသးတယ္ေပါ့။ အိမ္မက္ထဲမွာပဲ ရမယ္။'
မားမားကု ထင္ထားတာက ခုခ်ိန္မွာ တစ္ေယာက္တည္းမို႔ အသက္႐ွင္ဖို႔အတြက္ သူတို႔နားလာကပ္မယ္လို႔ေလ။ မူလဝတၳဳအရလည္း ကုနန္းဟာတကယ္ႀကီး သူတို႔ေနာက္တေကာက္ေကာက္ လိုက္ကပ္ခဲ့ပါတယ္။ ဒီခ်ိန္မွာေတာ့ မဟုတ္ေပမဲ့လည္း ၿမိဳ႕ေတာ္Cသို႔ သြားရာလမ္းမွာျဖစ္တယ္။
အဲ့ဒီတုန္းကလည္း မားမားကုက တစ္ညမွာကုနန္းေပ်ာက္သြားၿပီး ဘယ္ေလာက္စိတ္ပူေနခဲ့ရေၾကာင္းကို လူတကာကို လုပ္ၾကံဇာတ္ေတြေျပာျပခဲ့တယ္။ ကုနန္းကလည္း ႐ြံစရာအေကာင္ေတြဆီကေန လြတ္ေျမာက္ဖို႔ရာအတြက္ လွည့္ကြက္ထဲကို က်ေရာက္ခဲ့ရတယ္။ လူတကာကလည္း ကုနန္းကို အလိုက္ကန္းဆိုးမသိတဲ့ သမီးလို႔ ေျပာဆိုခဲ့ၾကတယ္။
'ႏွေျမာစရာပဲ ငါအရင္ကုနန္းမဟုတ္ဘူး '
"ဘာေတြျဖစ္ေနၾကတာလဲ.? "
ကေလးမ်က္ႏွာနဲ႔ လူက စိတ္႐ႈပ္သြားဟန္႐ွိၿပီး တျခားသူမ်ားကလည္း သူမတို႔ဘက္ကို လွည့္ၾကည့္လာၾကတယ္။
မားမားကု ဘာမွမေျပာႏိုင္ခင္မွာ ကုနန္းကျဖတ္ေျပာလိုက္တယ္။
"ကပ္ႀကီးစတဲ့ေန႔မွာ ကြၽန္မကဖ်ားေနတာ။ အာ့ေၾကာင့္ ကြၽန္မမိဘေတြက ကြၽန္မကိုထားပစ္ခဲ့ၿပီး ဝမ္းကြဲအမနဲ႔လိုက္သြားၾကတာ "
"ဘာ? ဘယ္လိုမိဘမ်ိဳးကိုက ကိုယ့္သမီးကိုထားခဲ့လဲ? "
"သူတို႔ ဘယ္လိုေတာင္ လုပ္ရက္ၾကတာလဲ? "
"နင္!!! ေက်းဇူးကန္းတဲ့သမီး ေမြးရက်ိဳးမနပ္တဲ့ေကာင္မ နင္အရင္တုန္းက ေလွ်ာက္သြားေပ်ာ္ပါးေသာက္စားေနတုန္းက ငါဘာတစ္ခြန္းေျပာခဲ့လို႔လဲ။ အခုေတာ့ နင္ကငါ့ကို စြပ္စြဲေနၿပီေပါ့ ငါကမ်ား ဘာေတြမွားလုပ္ခဲ့လို႔တုန္း? "
သူကမွ အမွန္တိုင္းေျပာေနသလိုမ်ိဳး စတင္ငိုေႂကြးေတာ့တယ္။ လူေတြကလည္း ဘယ္သူကအမွန္ေျပာေနတယ္ဆိုတာ မခြဲျခားတတ္ၾကေတာ့ဘူး။
"ေကာင္းၿပီ ေတာ္ၾကေတာ့ ခုခ်ိန္မွာ အသက္႐ွင္ဖို႔ေတာင္ မနည္း႐ုန္းကန္ေနရတာ။ မင္းတို႔က မိသားစုေတြပဲ မသင့္မျမတ္ျဖစ္ေနလို႔မရဘူးေလ အသက္႐ွင္က်န္ရစ္ဖို႔က အေရးႀကီးဆုံးပဲေလ။ "
"ကဲ ကဲ လူတိုင္းလူစုခြဲၿပီး အနားယူၾကေတာ့"
ကားေမာင္းတဲ့သူက ကုနန္းကိုမၾကည့္ခင္ လူစုအရင္ခြဲလိုက္တယ္။
"မင္းအေၾကာင္းကိုေတာ့ စိတ္ေအးေအးထားၿပီးမွ ေဆြးေႏြးၾကတာေပါ့။ အခုအရင္ဆုံးနားလိုက္ဦး"
ကုနန္း ႏႈတ္ခမ္းကိုေကြးကာ မဲ့ျပဳံးျပဳံးလိုက္တယ္။
"ဘာမွ ေဆြးေႏြးစရာမ႐ွိဘူး။ ငါမွ သူတို႔နဲ႔မပတ္သက္ခ်င္တာ"
"ေ႐ွာင္နန္း မစဥ္းမစားဘဲ ေဒါသနဲ႔ေလွ်ာက္မလုပ္နဲ႔ အျပင္ကအေျခေနေတြကို သိရဲ႕လား။ ငါတို႔အတူတူ႐ွိေနတာ အလုံျခဳံဆုံးပဲ။"
ပါးပါးကုက ကုနန္းအေပၚ မားမားကုထက္ ပိုၿပီးႏူးညံ့တယ္။ ဒါေၾကာင့္သူေျပာလိုက္တာက ပိုခ်ိဳသာၿပီး ေျဖးညင္းတယ္။
"အဲ့ဒါဆို ကြၽန္မကို လူေသလိုပဲ သေဘာထားလိုက္ၾက"
' ဒီလိုမိဘမ်ိဳးနဲ႔ ဆက္ၿပီးပတ္သတ္စရာအေၾကာင္းမ႐ွိဘူး '
"႐ွင္တို႔က ခ်ီမင္ယြဲ႕ကိုပဲ မ်က္လုံးထဲထည့္တာေလ သူ႕မိဘသာ သြားလုပ္ၾက ကြၽန္မအခ်ိန္ေတြလာမျဖဳန္းနဲ႔ "
အရင္ကုနန္းလည္း သူတို႔ကို မုန္းခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔က သူမကိုေကြၽးေမြးခဲ့ၾကတဲ့သူေတြမလား။ သူတို႔က သူမကိုေကာင္းေကာင္းမဆက္ဆံခဲ့ၾကေပမဲ့ လက္စားေခ်ဖို႔ရာထိ မေတြးခဲ့ဘူး။
"ေကာင္းၿပီ ငါနင့္ကို မေမြးခဲ့ဘူးလို႔ သေဘာထားလိုက္မယ္ အခုကစၿပီး ငါတို႔ၾကားမွာ ပတ္သတ္စရာအေၾကာင္းမ႐ွိေတာ့ဘူး လာခဲ့ ကုအဖိုးႀကီး သြားၾကမယ္။ "
"အာ ေ႐ွာင္နန္း "
"လာခဲ့ ခုထိသူ႕ကိုစကားသြားေျပာေနတုန္းလား။ သူ႕က ႐ွင့္ကို အေဖအျဖစ္ အသိမွတ္မျပဳဘူး။ "
ကုမားမားက ကုပါးပါးကို ဆြဲေခၚသြားေတာ့တယ္။
"ေခြးေတာင္မွ ေကြၽးေမြးထားရင္ ျခံေစာင့္ေပးရမွန္း သိတယ္။ သူ႕ကိုေမြးထားတာ ဘာျပန္ရလိုက္တာ႐ွိလဲ "
ကေလးမ်က္ႏွာနဲ႔သူရယ္ ကားေမာင္းတဲ့သူတို႔က ကသိကေအာက္ ျဖစ္ေနၾကတယ္။ ဒါေပမဲ့ ဒါက ကုမိသားစုအတြင္းေရးပဲေလ သူတို႔ဝင္ပါခြင့္မွ မ႐ွိတာ။
' အရင္ကုနန္း,သူမက သမီးအရင္းဟုတ္မဟုတ္ မစုံစမ္းခဲ့ဘူးလားမသိဘူး ဘယ္လိုမိဘက သူတို႔သမီးကို ဒီလိုဆက္ဆံလို႔လဲ? '
[ Side Quest: ကုနန္းရဲ႕ ဇာတ္ျမစ္အမွန္ကို စုံစမ္းပါ။မစ္႐ွင္ကို ေအာ္တိုလက္ခံလိုက္ပါၿပီ ]
Systemရဲ႕ေအးစက္စက္အသံႀကီး ႐ုတ္တရက္ေပၚလာေတာ့ ႐ွီ႐ွန္းလန္႔သြားတယ္။
[ ဘာ! ကုနန္းကသမီးအရင္းမဟုတ္ဘူး။ ငါက ဒီတိုင္းေျပာလိုက္တာေလ။ ၿပီးေတာ့ ေစာက္ခ်ီးsystemနင့္ငါ့ကို ဗ႐ုတ္သုတ္ခ မစ္႐ွင္ေတြလာမေပးစမ္းနဲ႔။ ေအာ္တိုလက္ခံတယ္! ငါ့ကိုေ႐ြးခ်ယ္ခြင့္ေတာင္မေပးေတာ့ဘူး အရင္က နင္ဒီလိုမဟုတ္ပါဘူး နင္ေျပာင္းလဲသြားၿပီ။ ]
[Host ဒါကိုအေျဖ႐ွာႏိုင္ရင္ ဆုေတြအမ်ားႀကီး ရမွာေနာ္ ]
Systemက သတိေပးလိုက္တယ္။
[ ဘယ္ေလာက္ေပးမွာလဲ ငါရဲ႕ကိုယ္က်င့္တရားရမွတ္ကို သုညအထိတိုးေပးမွာလား ]
(TN/႐ွီ႐ွန္းရဲ႕ကိုယ္က်င့္တရားရမွတ္ေတြက -10000ေလာက္႐ွိတယ္🤣 )
[ အိမ္မက္ထဲပဲ ရမယ္။ ]
[ နင္ပဲ အိမ္မက္မက္။ ငါ့ကိုအ႐ူးလာလုပ္လို႔ရမယ္ထင္ေနလား ဒါေတြအားလုံးကdataေတြခ်ည္းပဲေနာ္ ]
[······] Systemလိုင္းဆင္းသြားပါၿပီ။
' ကုနန္းက ကုမိသားစုက သမီးအရင္းမဟုတ္ရင္ ဘယ္သူ႕သမီးလဲ? အာ ပါးပါးကုက မားမားကုေနာက္ကြယ္မွာ ေဖာက္ျပန္ထားတာလား။အာ့ေၾကာင့္ မားမားကုက ငါ့ကိုမုန္းေနတာမ်ားလား။ '
႐ွီ႐ွန္းကစဥ္းစားၾကည့္ေလေလ ျဖစ္ႏိုင္ေခ်ပို႐ွိေလေလလို႔ပဲ ေတြးမိတယ္။ ဒါေၾကာင့္ ဒီကိစၥကို ေနာက္မွ ပါးပါးကုကိုသြားေမးေတာ့မယ္လို႔ ဆုံးျဖတ္လိုက္တယ္။
ေဆာင္း႐ွီနဲ႔ခ်ီမင္ယြဲ႕ တို႔ ေနာက္ေန႔မွာ ျပန္လာခဲ့ၾကတယ္။ ခ်ီမင္ယြဲ႕ဝင္လာတာနဲ႔ တၿပိဳင္နက္ ပါးပါးကုနဲ႔ မားမားကုဟာ မ်က္ႏွာေပၚမွာ စိုးရိမ္မႈ အထင္းသားနဲ႔ ေျပးလာၾကေတာ့တယ္။ မသိရင္ သူမကသာ သမီးအရင္းတိုင္းပဲ။
ခ်ီမင္ယြဲ႕ပါးပါးကုနဲ႔ မားမားကုကိုေျပာၿပီးတာနဲ႔ ထမင္းပန္းကန္ကိုယူၿပီး ကုနန္းဆီကို လာေတာ့တယ္။
'" ဝမ္းကြဲအမ တစ္ခုခုစားပါဦး "
ကုနန္းသူ႕ေ႐ွ႕ကမိန္းမကိုၾကည့္ဖို႔ ေခါင္းေမာ့လိုက္တယ္။ သူမေ႐ွ႕က ခ်ီမင္ယြဲ႕နဲ႔ မွတ္ဉာဏ္ထဲကခ်ီမင္ယြဲ႕တို႔က မတူၾကဘူး။ သူမေ႐ွ႕ရပ္ေနတဲ့သူကေတာ့ ေတာက္ပေနတယ္။ အသားရည္ကလည္း ျမစ္ထဲေက်ာက္တုံးလိုမ်ိဳး ေခ်ာေမာေနတယ္။ မ်က္ႏွာေလးကလည္း ျဖဴစင္ၾကည္လင္ေနၿပီး သူမအမူရာတစ္ခုစီတိုင္းက လူတိုင္းအာ႐ုံကိုဖမ္းဆြဲထားဖို႔ လုံေလာက္ေနၿပီဲျဖစ္တယ္။
႐ွီ႐ွန္းသူမႏႈတ္ခမ္းကိုျပဳံးလိုက္တယ္။
"ေတာင္းပန္ပါတယ္။တို႔က အတိတ္ေမ့ေနလို႔ မင္းနဲ႔တို႔က သိၾကလို႔လား "
ခ်ီမင္ယြဲ႕ရဲ႕အျပဳံးကေပ်ာက္ေတာ့မလိုပဲ။ ဒါေပမဲ့ ခ်က္ခ်င္းျပန္ထိန္းလိုက္ႏိုင္တယ္။
"ဝမ္းကြဲအမ ကေလးဆန္မေနပါနဲ႔ေတာ့။ အခုေဒၚေလးကိုအရင္ေတာင္းပန္လိုက္ဦး ညီမကဘာမွမျဖစ္ဘူး "
(ဒီအပိုင္းကိုဘာသာျပန္သြားတဲ့Annaကေတာ့ဘယ္လိုေနမယ္မသိဘူး Doraကေတာ့ ကုေမေမနဲ႔ဟိုဇာတ္လိုက္မကို ပါးေတြနားေတြဆြဲ႐ိုက္လိုက္ခ်င္တယ္☺)
Transalated by Anna💚